Just To Be With You [ Complet...

By call_me_Tylor

72.5K 6.6K 180

မင္းနဲ႔ အတူသာဆိုရင္ ... More

01
02
03
05
06
07
08
09
10
11
12
13
14
15
16
Final

04

4.6K 516 3
By call_me_Tylor

[Zawgyi]

ဆယ္ရက္နီးပါးေလာက္ထိ ေကာ္ဖီဆိုင္ေရွ႕က မလွမ္းမကမ္းမွာေစာင့္လိုက္ အိမ္ကိုစံုစမ္းထားတာမလို႔ အိမ္ေရွ႕ေလးမွာသြားေစာင့္ေနလိုက္လုပ္ေပမယ့္ ရိေပၚရဲ႕ ယုန္ကေလးက ပတ္ေျပးလို႔ ေကာင္းေနတုန္းပဲ။

ရိေပၚ တစ္ခါတေလ စဥ္းစားမိေသးတယ္။ ကိုကိုက ယုန္အမ်ိဳးအႏြယ္ဝင္ေလးမလို႔ ယုန္တြင္းေလးေတြထဲကေနမ်ား ရိေပၚကို ပတ္ေျပးေနသလားလို႔ေလ။

ဟုတ္တယ္။ ေရွာင္းယုန္ကေလးကို ရိေပၚက အထူးတလည္ ေခၚတဲ့နာမ္စားေလးက ကိုကို ျဖစ္ပါသတဲ့။

စိတ္အေနွာက္အယွက္ ျဖစ္မွာစိုးတာေၾကာင့္ ေကာ္ဖီဆိုင္ေလးရဲ႕ အျပင္ဘက္ကေန ေစာင့္ၾကည့္ေနလဲ အလုပ္ခ်ိန္မွာ ေတြ႕ရတတ္ေပမယ့္ အလုပ္ဆင္းခ်ိန္ဆို ရိေပၚရဲ႕ ကိုကိုက ေပ်ာက္သြားေတာ့တာပဲ။

အိမ္ေရွ႕သြားေစာင့္ေတာ့လဲ ဒီအတိုင္းပဲ။ ဆိုင္မွာပဲ ေတြ႕ရတတ္ၿပီး အိမ္ျပန္တာကို လံုးဝမေတြ႕ရေတာ့တာ။

ဒီေန႔က နည္းနည္းထူးျခားတယ္။ အရင္ေန႔ေတြက ရိေပၚကို အေယာင္သာျပေနၿပီး လွစ္လွစ္ပါေအာင္ ပုန္းကြယ္ေနတဲ့ ယုန္ကေလးကို ရေအာင္ဖမ္းၿပီး စကားေျပာရမွျဖစ္ေတာ့မယ္။

" ႀကိဳဆို ... "

အရင္ေန႔ေတြက ဆိုင္ေရွ႕မွာပဲ ရပ္ေစာင့္ေနတတ္တဲ့ ရိေပၚက ဒီေန႔ ဆိုင္ထဲကို ဝင္လာေတာ့ အံ့ၾသသြားပံုရတယ္။

တံခါးဖြင့္လို႔ အသံျမည္လာတဲ့ တံခါးေပၚက ေခါင္းေလာင္းသံေလးေၾကာင့္ ေကာင္တာက ယုန္ကေလးက ေခါင္းေထာင္လို႔နႈက္ဆက္ၿပီးကာမွ ရပ္သြားတာေၾကာင့္ ရိေပၚမ်က္ခံုးပင့္လိုက္တယ္။

" ႀကိဳဆိုပါတယ္ ဧည့္သည္ ... ဘာအလိုရွိပါသလဲဗ် "

" အပုန္းေကာင္းေနတဲ့ ယုန္ကေလးကို လိုခ်င္လို႔ "

" ....... "

ဆက္ေျပာမလို ပါးစပ္ဟလိုက္ၿပီးမွ ဆက္မေျပာေတာ့တဲ့ ကိုကိုေၾကာင့္ နႈတ္ခမ္းသားေနာက္က ေပၚလာတဲ့ ယုန္သြားေလး နွစ္ေခ်ာင္းကိုပဲ စိုက္ၾကည့္ေနလိုက္ေတာ့တယ္။

" မမွာဘူးဆို ဖယ္ေပးပါဗ် ... အေနာက္မွာ မွာမယ့္သူေတြ တန္းစီေနလို႔ပါ "

" အို႔အို . အိုေက ... ဖိုင္း "

ရိေပၚက လက္နွစ္ဖက္ကို ေျမာက္ျပလိုက္ၿပီး ေကာင္တာေရွ႕ကေနဖယ္လို႔ ေဘးကပ္ရပ္ေနလိုက္တယ္။ ရိေပၚေနာက္က ေအာ္ဒါတင္ဖို႔ေစာင့္ေနတဲ့ လူတစ္ေယာက္ကေတာ့ ရိေပၚကို မ်က္ေစာင္းတဝင့္ဝင့္နဲ႔။

ရိေပၚတို႔ကေတာ့ ဂရုစိုက္မေနဘူး။ ကိုိကိုကလြဲရင္ ရိေပၚက ဘယ္သူ႔ကိုမွ ဂရုစိုက္ေနဖို႔ မလိုဘူး။

အျပင္မွာဖမ္းလို႔မမိရင္ ရရင္ရတဲ့ေနရာမွာ ရေအာင္ဖမ္းရေတာ့မွာပဲ။

ေန႔လည္စာစားခ်ိန္ ေရာက္လာတဲ့အထိကို ကိုကိုက ေကာင္တာနဲ႔ အနီးဆံုးကစားပြဲမွာ ထိုင္ေနတဲ့ရိေပၚကို လွည့္ၾကည့္မလာဘူးရယ္။ မ်က္မွန္ပါပါးေလးတပ္လို႔ လက္ထဲကစာအုပ္ကိုပဲ သည္းႀကီးမည္းႀကီးဖတ္ေနတယ္။

" ကိုကို "

ရိေပၚရဲ႕ ၾကားရံုေလာက္ ခပ္တိုးတိုးေခၚသံေၾကာင့္ ကိုကိုက မ်က္ေမွာင္က်ံဳ႕သြားတယ္။ ဒါက တစ္ရာရာခိုင္နႈန္းျပည့္ စာအုပ္ထဲ စိတ္မေရာက္ပဲ ရိေပၚဘက္ကို စိတ္ေရာက္ေနတယ္ဆိုတဲ့သေဘာ။

" ကိုကို "

" ....... "

ဒီတစ္ခါေတာ့ ကိုကိုက ဘာမွမေျပာေပမယ့္ ရိေပၚကို ေခါင္းေထာင္ၿပီး လွမ္းၾကည့္လာတယ္။

" အရင္ေန႔ေတြက ဘာလို႔ပုန္းေနတာလဲ ... အိမ္မျပန္ဘူးလား ... ဒီမွာပဲ ေနေနတာလား ... ကိုယ္မနက္တိုင္း ကိုကိုအိမ္ေရွ႕မွာ သြားေစာင့္ေနခဲ့တာ "

ေရွာင္းက်န္႔ကို ကိုကိုလို႔ေခၚၿပီး သူ႔ကိုယ္သူ ကိုယ္လို႔သံုးနႈန္းတတ္တဲ့ ရိေပၚဆိုတဲ့ေကာင္ေလးကို သေဘာမက်တာ အမွန္ပဲ။ အရင္က ေၾကာက္ေပမယ့္ အခုေတာ့ အဲ့လိုမခံစားရေတာ့ဘူး။

" ကိုယ္ေမးတာ ေျဖဦးေလကြာ " 

" ငါက ဘာကိုျပန္ေျဖရမွာလဲ "

" ကိုကိုဗ်ာ ... "

ေခါင္းငံု႔လို႔ ဆံပင္ေတြကို လက္ေခ်ာင္းေတြနဲ႔ ဆြဲဆြဲဖြေနတဲ့ ရိေပၚက စိတ္ရႈပ္သြားပံုရတယ္။ စားပြဲေပၚမွာရွိတဲ့ ေလးခြက္ေျမာက္ေသာ ေကာ္ဖီကိုလဲ ဆတ္ခနဲေမာ့ခ်လိုက္ေသးတာ။

" ကိုယ္ေန႔တိုင္း ဆိုင္ေရွ႕မွာ ေစာင့္ေနတာဗ်ာ ... အိမ္ျပန္ခ်ိန္ဆို ေပ်ာက္ေပ်ာက္သြားတယ္ ... မနက္က်ေတာ့ ဆိုင္လာတာလဲ မေတြ႕ဘူး ... ၿပီးရင္ ဆိုင္မွာက်ေတာ့ ျပန္ေပၚလာတယ္ ... ကိုကို ကိုယ့္ကို ပုန္းလွ်ိဳးကြယ္လွ်ိဳးနဲ႔ ဘယ္ကျပန္ေနတာလဲ "

" ငါ . ငါမျပန္ပါဘူး "

" ဟမ္ "

ရိေပၚကို ျပဴးေၾကာင္ေၾကာင္ေလး ျပန္ၾကည့္ေနၿပီး အိမ္မျပန္ပါဘူးဆိုတဲ့ ကိုကို႔ကို ရိေပၚလဲ မ်က္လံုးေတြေမွးစင္းလို႔ ျပန္စိုက္ၾကည့္လိုက္တယ္။ မျပန္ဘူးဆိုတာက ဘာစကားလဲ။

" ဒီရက္ပိုင္း က်ဲလုယြမ္က ကိစၥတစ္ခုရွိလို႔ ဆိုင္မထိုင္နိုင္ဘူး ... အဲ့တာေၾကာင့္ ငါက ညဘက္လဲဆိုင္မွာပဲ ေစာင့္ေပးေနတာ "

" ကိုကိုတစ္ေယာက္တည္းလား "

" အင္း "

ရိေပၚေမးသမွ်ကို ကိုကိုက အလိုက္အထိုက္ေလးေတာ့ ျပန္ေျဖတာေၾကာင့္ အေျခအေနက မဆိုးဘူး။ ကိုကိုေျပာကာမွ ရိေပၚေစာင့္ၾကည့္ေနခဲ့တဲ့ ဆယ္ရက္လံုး ေကာနဲ႔အခ်ိန္ပိုင္းအလုပ္သမားေလးေတြကလြဲရင္ ေတြ႕ေနက် က်ဲက်ဲတစ္ေယာက္ကို မေတြ႕ရမွန္း သတိထားမိေတာ့တယ္။

" ကိုယ္ညေနက်ရင္ လာကူေစာင့္ေပးမယ္ေလ ... ကိုကိုနဲ႔ တူတူေနေပးမယ္ "

" မင္း ...! "

မ်က္နွာႏုႏုေလး နီရဲတက္လာတဲ့ ကိုကို႔ကို ရိေပၚၾကည့္ၿပီး နႈတ္ခမ္းသားေတြကို တျခမ္းေစာင္းလို႔ ၿပံဳးလိုက္မိေတာ့တယ္။ ရွက္သြားတဲ့ ယုန္ကေလးက ခ်စ္စရာေလးရယ္။

" ညေနက်ရင္ ျပန္လာခဲ့မယ္ေနာ္ ကိုကို "

ေကာ္ဖီခြက္ကေလးေအာက္မွာ ေကာ္ဖီေလးခြက္စာထက္ ပိုတဲ့တန္ဖိုးေငြကို ထားခဲ့လိုက္ရင္း ရိေပၚက ကိုကိုဘာမွျပန္မေျပာနိုင္ခင္ ဆိုင္ထဲက ေျပးထြက္လာေတာ့တယ္။

ကိုကို႔ဆိုင္မွာ တစ္မနက္ခင္းလံုး ထိုင္ေနတာေၾကာင့္ ကုမၸဏီကို ေရာက္မလာတဲ့ ရိေပၚကို ဟိုေကာင္ေတြက ဆြမ္းႀကီးဝိုင္းေလာင္းၾကေတာ့မွာ။ ရိေပၚက အခ်ိန္ခဏေလာက္ေတာ့ အေယာင္သြားျပမွ ျဖစ္ဦးမယ္။

ဆိုင္ေရွ႕ကေန ဆိုင္ကယ္အစိမ္းေလးနဲ႔ ထြက္သြားတဲ့ ေကာင္ေလးကိုၾကည့္ရင္း ေရွာင္းက်န္႔ သက္ျပင္းသာခ်မိေတာ့တယ္။ ေန႔စဥ္ရက္ဆက္လဲ ဆိုင္ေရွ႕မွာေစာင့္ေနၿပီး ဒီေန႔ေတာ့ ဆိုင္ထဲကို က်ဴးေက်ာ္လာတယ္။

ေကာင္ငယ္ေလးက ေရွာင္းက်န္႔အေပၚ စိတ္ကစားလို႔ မဝေသးဘူးထင္ပါရဲ႕။ လူငယ္တစ္ေယာက္ရဲ႕ စိတ္ကစားခ်ိန္မွာ ေရွာင္းက်န္႔ကပါ ပါဝင္ပတ္သတ္လိုက္ရမွာကို မလိုလားဘူးရယ္။

" ေရွာင္းက်န္႔ေကာ ... ခုနက ဒီဝိုင္းမွာထိုင္ေနတဲ့ေကာက ပိုက္ဆံေတြ ပိုထားခဲ့တယ္ "

" အင္း အင္း ... သူျပန္လာမွ ေကာျပန္အမ္းေပးလိုက္မယ္ ... ေန႔လည္စာစားေတာ့ေလ လ်န္ေဖး ... ေကာတစ္ေယာက္ထဲလဲ နိုင္ပါတယ္ "

" ဟုတ္ ေရွာင္းက်န္႔ေကာ "

လ်န္ေဖးက ဆိုင္ေနာက္ထဲဝင္သြားေတာ့ ေရွာင္းက်န္႔ သက္ျပင္းခ်လိုက္ၿပီး ဆိုင္ေကာင္တာေပၚ ေမးတင္ထားလိုက္တယ္။ ရိေပၚဆိုတဲ့ ေကာင္ဆိုးေလးကို ေရွာင္းက်န္႔အေနနဲ႔ မပတ္သတ္မိေအာင္ ေရွာင္ဖို႔သာ ဆႏၵရွိတယ္။

ေရွာင္းက်န္႔က သူ႔ဘဝသူ တစ္ေယာက္တည္းပဲ ေအးေအးေဆးေဆးေနခ်င္တာ။ က်င္းေကာ္ေလးကလြဲရင္ ဘာမွ္ရွိတဲ့ဘဝမွာ ေရွာင္းက်န္႔က အသားက်ေနခဲ့ၿပီးၿပီ။

*****

ေျပာရင္ေျပာတဲ့အတိုင္း လုပ္တတ္ပံုရတဲ့ ရိေပၚက ညေနေစာင္းတာနဲ႔ ေကာ္ဖီဆိုင္ေလးေရွ႕က မလွမ္းမကမ္း မီးတိုင္ေအာက္မွာ ေရာက္နွင့္ေနတယ္။ က်ဲလုယြမ္ကလဲ မရွိေသးတာမလို႔ ဒီေန႔လဲ ေရွာင္းက်န္႔က ဆိုင္မွာပဲ အိပ္ရမွာျဖစ္တယ္။

လ်န္ေဖးကေတာ့ ဆိုင္သန္႔ရွင္းေရး ေသခ်ာလုပ္ေပးၿပီးတာနဲ႔ ျပန္သြားခဲ့ၿပီမလို႔ ေရွာင္းက်န္႔တစ္ေယာက္တည္း မနက္ျဖန္ဆိုင္ဖြင့္ဖို႔အတြက္ မုန္႔ေတြျပင္ဆင္ဖို႔ က်န္ေနခဲ့တယ္။

က်င္းေကာ္ေလးကို အိမ္မွာတစ္ေကာင္တည္း ထားခဲ့လို႔မျဖစ္တာမလို႔ က်င္းေကာ္ေလးကလဲ ေရွာင္းက်န္႔နည္းတူ ေကာ္ဖီဆိုင္ေလးထဲမွာ ရွိေနတယ္။ ဆိုင္ပိတ္ခ်ိန္က်မွသာ အနားေခၚထားလိုက္တာမလို႔ က်င္းေကာ္ေလးက သာမန္အခ်ိန္ေတြထက္ ေရွာင္းက်န္႔ကို ပိုလို႔ေတာင္ကပ္ခြၽဲေနေသးတယ္။

ခြၽင္ ခြၽင္ ...!

တိတ္ဆိတ္ေနတဲ့ ေကာ္ဖီဆိုင္ေလးထဲမွာ ခပ္က်ယ္က်ယ္ေခါင္းေလာင္းသံေလးထြက္လာတာမလို႔ မုန္႔လုပ္ဖို႔ဂ်ံဳေတြ နယ္ေနတဲ့ ေရွာင္းက်န္႔က ဆိုင္တံခါးဝကို လွည့္ၾကည့္လိုက္တယ္။ က်င္းေကာ္ေလးကေတာ့ လူစိမ္းကိုေတြ႕လိုက္တာေၾကာင့္ ေရွာင္းက်န္႔မုန္႔လုပ္ေနတဲ့ ခံုေလးရဲ႕ေအာက္မွာ ခပ္ၿငိမ္ၿငိမ္ေလး သြားဝပ္ေနတယ္။

ဝင္လာတဲ့သူက တျခားလူမဟုတ္ပဲ ရိေပၚဆိုတဲ့ ေကာင္ငယ္ေလးပဲ။ ေခါင္းကိုေဘးဘယ္ညာ လွည့္ေနတဲ့ေကာင္ငယ္ေလးက ေရွာင္းက်န္႔ကို လိုက္ရွာေနပံုရတယ္။

" ဘာလာလုပ္တာလဲ ... ဆိုင္ပိတ္ၿပီေလ "

" ဟင္ ကိုကို ... "

ဆိုင္ေနာက္ေဖးကေနထြက္ၿပီး စကားေျပာလိုက္တဲ့ ေရွာင္းက်န္႔ေၾကာင့္ ဆိုင္ထဲကို လွည့္ရွာေနတဲ့ ေကာင္ငယ္ေလးက ေရွာင္းက်န္႔ဘက္ကို ခ်က္ခ်င္းလွည့္လာတယ္။

" ဆိုင္ပိတ္ၿပီလို႔ ... ဘာလာလုပ္တာလဲ "

" အာ ... ကိုယ္ေျပာခဲ့တယ္ေလ ... ကိုယ္ညေနက်ရင္ ျပန္လာမယ္လို႔ "

" မင္းကို ဘယ္သူက ခြင့္ျပဳလို႔လဲ ... မင္းျပန္ေတာ့ "

" ဟမ့္ "

ဝတ္ထားတဲ့ ေအပ႐ြန္မဲမဲေလးနဲ႔ လက္ေတြမွာ ဂ်ံဳမႈန္႔ေတြ ေပတလူးေနၿပီး ရန္စြာေနတဲ့ ယုန္ကေလးကို ရိေပၚက မ်က္ခံုးပင့္ၾကည့္လိုက္တယ္။ ဂရုမစိုက္တဲ့ပံုနဲ႔ ပခံုးတြန္႔ျပလိုက္ေတာ့ ကိုကိုက ရိေပၚေရွ႕ကို ေရာက္လာတယ္။

" မင္းနဲ႔ ဘာဆိုင္လို႔လဲ ရိေပၚ ... မင္းကစားခ်င္တယ္ဆို ငါနဲ႔ လာမကစားနဲ႔ ... ငါနဲ႔ ေဝးေဝးေန ... မင္းအတြက္ ကစားဖို႔လူေတြ အမ်ားႀကီးမလား ... မင္းနဲ႔ မပတ္သတ္ခ်င္ဘူး "

" ကစားေနတာမဟုတ္ပါဘူး ကိုကိုရာ "

ေရွာင္းက်န္႔ရဲ႕အေျပာေတြေၾကာင့္ ညႇိဳးငယ္သြားတဲ့မ်က္နွာနဲ႔ ေကာင္ငယ္ေလးဆီက ခပ္တိုးတိုးေလသံေလး ထြက္လာခဲ့တယ္။ ၿပီးေတာ့ ေရွာင္းက်န္႔ဆီကို တစ္လွမ္းတိုးလာတာေၾကာင့္ ေရွာင္းက်န္႔လဲ ေနာက္ကိုခပ္ျမန္ျမန္ ဆုတ္လိုက္တယ္။

" ဘာေၾကာင့္ ကစားေနတယ္ ထင္ရတာလဲ "

" ..... "

" ေန႔တိုင္းေန႔တိုင္း ကိုယ္ဆိုင္ေရွ႕မွာေရာ . အိမ္ကိုေရာ သြားေစာင့္ေနရတာ လြယ္လြယ္ကူကူ ကစားဖို႔အတြက္ပဲဆိုၿပီး ဘာလို႔ထင္ရတာလဲ "

" ..... "

" ကိုကိုရာ ... မင္းကဆိုးလိုက္တာ ~ "

ရိေပၚက ကိုကိုရဲ႕ မ်က္ဝန္းညိဳညိဳေလးကို စိုက္ၾကည့္ေနလိုက္တယ္။ ဒါဟာ ရိေပၚအတြက္ နစ္ျမဳပ္ရာေလးပဲ။

မ်က္ဝန္းတစ္စံုကစလို႔ နစ္ျမဳပ္ေစနိုင္တဲ့ ေရွာင္းက်န္႔က ရိေပၚအတြက္ ဝိဉာဥ္ခ်ဳပ္အိတ္ေလးလိုပဲ။ အခ်ဳပ္အေနွာင္ ခံလိုက္ရၿပီးရင္ လြတ္ေျမာက္ဖို႔ဆိုတာ မလြယ္ကူေတာ့ဘူး။

" ကိုယ္က မင္းကို ခ်စ္လို႔ပါ ကိုကိုရာ ... စေတြ႕ကတည္းက သေဘာက်ခဲ့ရတာ ... အရင္ေန႔ေတြက ဒီမွာ မင္းတစ္ေယာက္တည္းဆိုတာ ကိုယ္မသိခဲ့လို႔ပါ ... ခုေတာ့ ကိုယ္မင္းကို အေဖာ္လုပ္ေပးခ်င္လို႔ပါ "

" မျဖစ္မေန မင္းကို လိုအပ္ေနတာမွ မဟုတ္တာ ... အရင္ကတည္းက ငါဒီလိုပဲေနတာ ... မင္းရွိမွျဖစ္မွာမဟုတ္ဘူး "

" မရွိမျဖစ္မဟုတ္ရင္ေတာင္ ကိုယ့္ကို လက္ခံေပးထားလို႔ မရဘူးလား ... ေရွာင္မေျပးပဲ ကိုယ့္ကိုလက္ခံေပးေလ "

ေရွာင္းက်န္႔ ပင့္သက္ရႈိက္လိုက္မိတယ္ ထင္တာပဲ။ ေရွာင္းက်န္႔သာ အေလ်ာ့ေပးလိုက္ရင္ ဒီေကာင္ငယ္ေလးက ေရွာင္းက်န္႔ဘဝထဲကို လံုးလံုးလ်ားလ်ားဝင္လာေတာ့မွာ။

" ဘယ္သူမွမရွိလဲ ငါက ေနသားက်ၿပီးသားမလို႔ ဒီတိုင္းေလး ငါ့ဘာသာပဲ ေနပါရေစ "

ရိေပၚဘက္က ခခယယေတာင္းဆိုလဲ ျငင္းဆန္ေနတဲ့ ယုန္ငယ္ေလးကို ဆြဲေဆာင့္ယမ္းပစ္လိုက္ခ်င္ေတာ့တာပဲ။ မိသားစုေတြရဲ႕ အခ်စ္ကိုပဲ တစ္သက္လံုးခံလာရတဲ့ ရိေပၚက ဒီယုန္ကေလးသိျမင္ေအာင္ အခ်စ္ေတြဘယ္လိုျပရမလဲ တကယ္နားမလည္ေတာ့ဘူး။

" ကိုယ္ရွိေနရင္လဲ ေနသားတက်ျဖစ္ေအာင္ ကိုယ္ကမင္းဆီ လာခ်င္တယ္ေလ "

" ..... "

" မင္းက အတင္းမနွင္ပါနဲ႔ ကိုကိုရာ "

မီးလံုးေလးေတြ အနည္းငယ္သာထြန္းထားတဲ့ ေကာ္ဖီဆိုင္ေလးက တိတ္ဆိတ္ေနတယ္။ ၾကားနိုင္တဲ့အသံဆိုလို႔ လူနွစ္ေယာက္ရဲ႕ အသက္ရွဴသံပါပါးေလးေတြပဲရွိတယ္။

ရိေပၚေရွ႕က လွည့္ထြက္သြားၿပီး ဆိုင္ေနာက္ထဲဝင္သြားတဲ့ ယုန္ကေလးေၾကာင့္ ရိေပၚၿပံဳးလိုက္မိတယ္။ ဒီကိုကိုက ရိေပၚကို ခြင့္ျပဳလိုက္တယ္ဆိုတဲ့ သေဘာပဲ။

ဆိုင္ေနာက္ကို ရိေပၚလိုက္ဝင္သြားေတာ့ လက္ေဆးေနတဲ့ ကိုကိုက ရိေပၚကို မ်က္လံုးလွန္ၾကည့္လာတယ္။ ရိေပၚရယ္ျပလိုက္ေတာ့ မ်က္ေစာင္းထိုးတဲ့ ကိုကိုက နယ္လက္စဂ်ံဳေတြကို ဆက္နယ္ဖို႔ျပင္တယ္။

ရိေပၚက ကိုကို႔ေဘးနား သြားရပ္လိုက္ေတာ့လည္း ကိုကိုက ဂရုမစိုက္ျပန္ဘူး။ ေဘးတိုက္ျမင္ေနရတဲ့ ကိုကို႔ရဲ႕ ေထာင့္ဆန္ဆန္ေမးရိုးေလးက သိပ္ၾကည့္ေကာင္းတယ္။

ဒီလိုက်ေတာ့လဲ ကိုကိုက တစ္မ်ိဳးေယာက္်ားဆန္ျပန္တာပါပဲ။ ဒါေပါ့ ကိုကိုကလည္း ေယာက္်ားေလးတစ္ေယာက္ပဲ။ ရိေပၚထက္ထူးၿပီး ဘာမ်ားကြဲျပားေနမွာမလို႔လဲ။

" ဘာမုန္႔လုပ္မွာလဲဟင္ ကိုကို ... ကိုယ္ကူလုပ္ေပးမယ္ေလ "

" ..... "

" ဂ်ံဳေတြ ကူနယ္ေပးရမလားဟင္ "

" ..... "

ပံုမွန္ဆို စကားနည္းတတ္တဲ့ ရိေပၚက ကိုကို႔ေရွ႕မွာေတာ့ ေလေပါကေလးဝမ္ရိေပၚ ျဖစ္ေနေတာ့တာပဲ။ စကားေတြ တတြတ္တြတ္ေျပာေနလဲ ျပန္မေျဖတဲ့ ကိုကို႔ကို ရိေပၚက စိတ္မရွည္ေတာ့ဘူး။ ေဘးနားမွာရွိေနတဲ့ ဂ်ံဳ႕မႈန္႔ေတြကို လက္ဖဝါးမွာ ေပေအာင္လုပ္လိုက္ရင္း ျမင္ေနရတဲ့ ကိုကို႔ပါးတစ္ဖက္ကို ပြတ္သုတ္ပစ္လိုက္တယ္။

" ရားးး ... ဝမ္ရိေပၚ ! "

" ခ်စ္စရာေလး ကိုကို "

" မင္းဘာလုပ္တာလဲ ဝမ္ရိေပၚ ... ဒီမွာ အကုန္ေပကုန္ၿပီ "

" ကိုကိုမေက်နပ္ရင္ ျပန္သုတ္ေလ "

ရိေပၚက လွ်ာထုတ္ၿပီးေျပာင္ျပလိုက္ေတာ့ ကိုကိုက ဂ်ံဳမႈန္႔ေတြ ေပတလူးေနတဲ့လက္ေလးနွစ္ဖက္ကို ေထာင္ျပလာတယ္။ ကိုကို႔ပံုစံေလးက ခ်စ္စရာေလးမလို႔ ရိေပၚၿပံဳးလိုက္မိတယ္။

" ဒီေန႔မွ မင္းကို လက္စားျပန္မေခ်ရရင္ ငါေရွာင္းက်န္႔မဟုတ္ေတာ့ဘူး "

" ဟား ဟား ... ကိုကို ~ "

ရိေပၚဆီကို ဒိုင္ပင္ထိုးဝင္လာတဲ့ ယုန္ကေလးကို ရိေပၚမတားမိပဲ ၿငိမ္ေနလိုက္တယ္။ ရိေပၚရဲ႕ပါးကို ဂ်ံဳမႈန္႔ျဖဴျဖဴေတြ အားပါးတရသုတ္ရင္း ၿပံဳးေနတဲ့ကိုကိုက ယုန္သြားေလးကို ထင္းလို႔ရယ္။ ၿပံဳးရယ္လိုက္ေတာ့ နႈတ္ခမ္းေအာက္က ရိေပၚမနာလိုရတဲ့ မွည့္စက္ကေလးက ပိုလို႔ေတာင္ ထင္းလာေသးတယ္။

ေညာင္ ~

နွစ္ေယာက္တည္းနဲ႔ ဆူညံေနတဲ့ ပတ္ဝန္းက်င္နားကို ပုန္းေနတဲ့ က်င္းေကာ္ေလးက ေရာက္လာတယ္။ ဂ်ံဳေတြနတဲ့ စားပြဲေပၚကို က်င္းေကာ္ေလးက ေျခတိုတိုေလးေတြနဲ႔ ခုန္တက္ဖို႔ လုပ္ေနတာေၾကာင့္ ရိေပၚကို ဂ်ံဳမႈန္႔တြနဲ႔သုတ္ဖို႔သာ အာရံုေရာက္ေနတဲ့ ကိုကိုက ရပ္သြားတယ္။

" က်င္းေကာ္ ... သမီးေလးေရ ... ပါပါး ဘာေျပာထားလဲ ... မုန္႔လုပ္တဲ့ခံုေပၚ မတက္ေသးေလေနာ္ "

လက္ေတြေပေနတာေၾကာင့္ က်င္းေကာ္ေလးကို ခ်ီပိုးလို႔ မရတဲ့ကိုကို႔အစား ရိေပၚက က်င္းေကာ္ေလးကို ဆတ္ခနဲေကာက္ေပြ႕လိုက္တယ္။ ရိေပၚလက္ထဲက ေၾကာင္မေလးက ေျခတိုတိုေလးေတြနဲ႔ ရုန္းေပမယ့္ ခဏၾကာေတာ့ ၿငိမ္သြားတယ္။

" ညေနစာစားၿပီးၿပီလား ရိေပၚ "

" ဟင္ "

" ညေနစာ ~ "

" ဟင့္အင္း ... ဟင့္အင္း ကိုကို ... မစားရေသးဘူး "

" အင္း ... ဟင္းမေကာင္းေပမယ့္ မင္းအဆင္ေျပမွာပါ "

ကိုကိုေခၚလိုက္တဲ့ ရိေပၚဆိုတဲ့ နာမ္စားက ရိေပၚနားထဲကို ခပ္ေႏြးေႏြးေလး စီးဝင္သြားတယ္။ ၾကားနက်ဆိုေပမယ့္လဲ ကိုကိုေခၚတာမလို႔ ပိုလို႔ေတာင္နားေထာင္လို႔ေကာင္းတယ္။

" ကိုယ္အဆင္ေျပတယ္ ကိုကို ... ဘာပဲျဖစ္ျဖစ္ "

သြားဖံုးေလးေတြ ေပၚလာတဲ့အထိ ၿပံဳးရယ္ျပတဲ့ ေကာင္ေလးကို ေရွာင္းက်န္႔ေငးၾကည့္ေနလိုက္တယ္။

ဒီေကာင္ေလးရဲ႕အၿပံဳးေၾကာင့္ မို႔တက္သြားတဲ့ ပါးေလးေတြနဲ႔ ျဖဴျဖဴစင္စင္ရုပ္သဏၭာန္ေလးေၾကာင့္ တစ္ခါေလာက္ စြန္႔စားၿပီး လက္ခံၾကည့္လိုက္ရင္ မမွားေလာက္ဘူးလို႔ ထင္ရတာပါပဲ။

" ဘာဟင္းေတြလဲ ကိုကို ... ဒါေလးက စားလို႔ေကာင္းမယ့္ပံုပဲ "

ညေနစာျပင္ေနတုန္း ေဘးနားကေန လိုက္ရႈပ္ေနတဲ့ ေကာင္ငယ္ေလးကို ေရွာင္းက်န္႔ဘာမွျပန္မေျပာမိေတာ့ဘူး။ ဒီလိုေလး ေဘးနားက တတြတ္တြတ္လိုက္ေျပာေနတဲ့ သူတစ္ေယာက္ရွိတာ အနည္းဆံုးေတာ့ အပ်င္းေျပတာပါပဲ။

ေကာ္ဖီဆိုင္ေလးရဲ႕ အျပင္လမ္းမီးတိုင္ေလးကေန မီးလံုးဝါဝါေလးက လင္းလာခဲ့တယ္။ ေကာ္ဖီဆိုင္ေလးထဲက တစ္ခ်က္တစ္ခ်က္ ထြက္လာတဲ့ ရယ္သံသဲ့သဲ့ေလးလဲ ၾကားရေသးတယ္။

ေအးခ်မ္းလွတဲ့ ေလာကႀကီးက သိပ္ကိုနွစ္လိုဖြယ္ပါပဲ။

___________

8th May,2021(Sat)
call_me_Tylor

[Unicode]

ဆယ်ရက်နီးပါးလောက်ထိ ကော်ဖီဆိုင်ရှေ့က မလှမ်းမကမ်းမှာစောင့်လိုက် အိမ်ကိုစုံစမ်းထားတာမလို့ အိမ်ရှေ့လေးမှာသွားစောင့်နေလိုက်လုပ်ပေမယ့် ရိပေါ်ရဲ့ ယုန်ကလေးက ပတ်ပြေးလို့ ကောင်းနေတုန်းပဲ။

ရိပေါ် တစ်ခါတလေ စဉ်းစားမိသေးတယ်။ ကိုကိုက ယုန်အမျိုးအနွယ်ဝင်လေးမလို့ ယုန်တွင်းလေးတွေထဲကနေများ ရိပေါ်ကို ပတ်ပြေးနေသလားလို့လေ။

ဟုတ်တယ်။ ရှောင်းယုန်ကလေးကို ရိပေါ်က အထူးတလည် ခေါ်တဲ့နာမ်စားလေးက ကိုကို ဖြစ်ပါသတဲ့။

စိတ်အနှောက်အယှက် ဖြစ်မှာစိုးတာကြောင့် ကော်ဖီဆိုင်လေးရဲ့ အပြင်ဘက်ကနေ စောင့်ကြည့်နေလဲ အလုပ်ချိန်မှာ တွေ့ရတတ်ပေမယ့် အလုပ်ဆင်းချိန်ဆို ရိပေါ်ရဲ့ ကိုကိုက ပျောက်သွားတော့တာပဲ။

အိမ်ရှေ့သွားစောင့်တော့လဲ ဒီအတိုင်းပဲ။ ဆိုင်မှာပဲ တွေ့ရတတ်ပြီး အိမ်ပြန်တာကို လုံးဝမတွေ့ရတော့တာ။

ဒီနေ့က နည်းနည်းထူးခြားတယ်။ အရင်နေ့တွေက ရိပေါ်ကို အယောင်သာပြနေပြီး လှစ်လှစ်ပါအောင် ပုန်းကွယ်နေတဲ့ ယုန်ကလေးကို ရအောင်ဖမ်းပြီး စကားပြောရမှဖြစ်တော့မယ်။

" ကြိုဆို ... "

အရင်နေ့တွေက ဆိုင်ရှေ့မှာပဲ ရပ်စောင့်နေတတ်တဲ့ ရိပေါ်က ဒီနေ့ ဆိုင်ထဲကို ဝင်လာတော့ အံ့သြသွားပုံရတယ်။

တံခါးဖွင့်လို့ အသံမြည်လာတဲ့ တံခါးပေါ်က ခေါင်းလောင်းသံလေးကြောင့် ကောင်တာက ယုန်ကလေးက ခေါင်းထောင်လို့နှုက်ဆက်ပြီးကာမှ ရပ်သွားတာကြောင့် ရိပေါ်မျက်ခုံးပင့်လိုက်တယ်။

" ကြိုဆိုပါတယ် ဧည့်သည် ... ဘာအလိုရှိပါသလဲဗျ "

" အပုန်းကောင်းနေတဲ့ ယုန်ကလေးကို လိုချင်လို့ "

" ....... "

ဆက်ပြောမလို ပါးစပ်ဟလိုက်ပြီးမှ ဆက်မပြောတော့တဲ့ ကိုကိုကြောင့် နှုတ်ခမ်းသားနောက်က ပေါ်လာတဲ့ ယုန်သွားလေး နှစ်ချောင်းကိုပဲ စိုက်ကြည့်နေလိုက်တော့တယ်။

" မမှာဘူးဆို ဖယ်ပေးပါဗျ ... အနောက်မှာ မှာမယ့်သူတွေ တန်းစီနေလို့ပါ "

" အို့အို . အိုကေ ... ဖိုင်း "

ရိပေါ်က လက်နှစ်ဖက်ကို မြောက်ပြလိုက်ပြီး ကောင်တာရှေ့ကနေဖယ်လို့ ဘေးကပ်ရပ်နေလိုက်တယ်။ ရိပေါ်နောက်က အော်ဒါတင်ဖို့စောင့်နေတဲ့ လူတစ်ယောက်ကတော့ ရိပေါ်ကို မျက်စောင်းတဝင့်ဝင့်နဲ့။

ရိပေါ်တို့ကတော့ ဂရုစိုက်မနေဘူး။ ကိုကိုကလွဲရင် ရိပေါ်က ဘယ်သူ့ကိုမှ ဂရုစိုက်နေဖို့ မလိုဘူး။

အပြင်မှာဖမ်းလို့မမိရင် ရရင်ရတဲ့နေရာမှာ ရအောင်ဖမ်းရတော့မှာပဲ။

နေ့လည်စာစားချိန် ရောက်လာတဲ့အထိကို ကိုကိုက ကောင်တာနဲ့ အနီးဆုံးကစားပွဲမှာ ထိုင်နေတဲ့ရိပေါ်ကို လှည့်ကြည့်မလာဘူးရယ်။ မျက်မှန်ပါပါးလေးတပ်လို့ လက်ထဲကစာအုပ်ကိုပဲ သည်းကြီးမည်းကြီးဖတ်နေတယ်။

" ကိုကို "

ရိပေါ်ရဲ့ ကြားရုံလောက် ခပ်တိုးတိုးခေါ်သံကြောင့် ကိုကိုက မျက်မှောင်ကျုံ့သွားတယ်။ ဒါက တစ်ရာရာခိုင်နှုန်းပြည့် စာအုပ်ထဲ စိတ်မရောက်ပဲ ရိပေါ်ဘက်ကို စိတ်ရောက်နေတယ်ဆိုတဲ့သဘော။

" ကိုကို "

" ....... "

ဒီတစ်ခါတော့ ကိုကိုက ဘာမှမပြောပေမယ့် ရိပေါ်ကို ခေါင်းထောင်ပြီး လှမ်းကြည့်လာတယ်။

" အရင်နေ့တွေက ဘာလို့ပုန်းနေတာလဲ ... အိမ်မပြန်ဘူးလား ... ဒီမှာပဲ နေနေတာလား ... ကိုယ်မနက်တိုင်း ကိုကိုအိမ်ရှေ့မှာ သွားစောင့်နေခဲ့တာ "

ရှောင်းကျန့်ကို ကိုကိုလို့ခေါ်ပြီး သူ့ကိုယ်သူ ကိုယ်လို့သုံးနှုန်းတတ်တဲ့ ရိပေါ်ဆိုတဲ့ကောင်လေးကို သဘောမကျတာ အမှန်ပဲ။ အရင်က ကြောက်ပေမယ့် အခုတော့ အဲ့လိုမခံစားရတော့ဘူး။

" ကိုယ်မေးတာ ဖြေဦးလေကွာ " 

" ငါက ဘာကိုပြန်ဖြေရမှာလဲ "

" ကိုကိုဗျာ ... "

ခေါင်းငုံ့လို့ ဆံပင်တွေကို လက်ချောင်းတွေနဲ့ ဆွဲဆွဲဖွနေတဲ့ ရိပေါ်က စိတ်ရှုပ်သွားပုံရတယ်။ စားပွဲပေါ်မှာရှိတဲ့ လေးခွက်မြောက်သော ကော်ဖီကိုလဲ ဆတ်ခနဲမော့ချလိုက်သေးတာ။

" ကိုယ်နေ့တိုင်း ဆိုင်ရှေ့မှာ စောင့်နေတာဗျာ ... အိမ်ပြန်ချိန်ဆို ပျောက်ပျောက်သွားတယ် ... မနက်ကျတော့ ဆိုင်လာတာလဲ မတွေ့ဘူး ... ပြီးရင် ဆိုင်မှာကျတော့ ပြန်ပေါ်လာတယ် ... ကိုကို ကိုယ့်ကို ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘယ်ကပြန်နေတာလဲ "

" ငါ . ငါမပြန်ပါဘူး "

" ဟမ် "

ရိပေါ်ကို ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေပြီး အိမ်မပြန်ပါဘူးဆိုတဲ့ ကိုကို့ကို ရိပေါ်လဲ မျက်လုံးတွေမှေးစင်းလို့ ပြန်စိုက်ကြည့်လိုက်တယ်။ မပြန်ဘူးဆိုတာက ဘာစကားလဲ။

" ဒီရက်ပိုင်း ကျဲလုယွမ်က ကိစ္စတစ်ခုရှိလို့ ဆိုင်မထိုင်နိုင်ဘူး ... အဲ့တာကြောင့် ငါက ညဘက်လဲဆိုင်မှာပဲ စောင့်ပေးနေတာ "

" ကိုကိုတစ်ယောက်တည်းလား "

" အင်း "

ရိပေါ်မေးသမျှကို ကိုကိုက အလိုက်အထိုက်လေးတော့ ပြန်ဖြေတာကြောင့် အခြေအနေက မဆိုးဘူး။ ကိုကိုပြောကာမှ ရိပေါ်စောင့်ကြည့်နေခဲ့တဲ့ ဆယ်ရက်လုံး ကောနဲ့အချိန်ပိုင်းအလုပ်သမားလေးတွေကလွဲရင် တွေ့နေကျ ကျဲကျဲတစ်ယောက်ကို မတွေ့ရမှန်း သတိထားမိတော့တယ်။

" ကိုယ်ညနေကျရင် လာကူစောင့်ပေးမယ်လေ ... ကိုကိုနဲ့ တူတူနေပေးမယ် "

" မင်း ...! "

မျက်နှာနုနုလေး နီရဲတက်လာတဲ့ ကိုကို့ကို ရိပေါ်ကြည့်ပြီး နှုတ်ခမ်းသားတွေကို တခြမ်းစောင်းလို့ ပြုံးလိုက်မိတော့တယ်။ ရှက်သွားတဲ့ ယုန်ကလေးက ချစ်စရာလေးရယ်။

" ညနေကျရင် ပြန်လာခဲ့မယ်နော် ကိုကို "

ကော်ဖီခွက်ကလေးအောက်မှာ ကော်ဖီလေးခွက်စာထက် ပိုတဲ့တန်ဖိုးငွေကို ထားခဲ့လိုက်ရင်း ရိပေါ်က ကိုကိုဘာမှပြန်မပြောနိုင်ခင် ဆိုင်ထဲက ပြေးထွက်လာတော့တယ်။

ကိုကို့ဆိုင်မှာ တစ်မနက်ခင်းလုံး ထိုင်နေတာကြောင့် ကုမ္ပဏီကို ရောက်မလာတဲ့ ရိပေါ်ကို ဟိုကောင်တွေက ဆွမ်းကြီးဝိုင်းလောင်းကြတော့မှာ။ ရိပေါ်က အချိန်ခဏလောက်တော့ အယောင်သွားပြမှ ဖြစ်ဦးမယ်။

ဆိုင်ရှေ့ကနေ ဆိုင်ကယ်အစိမ်းလေးနဲ့ ထွက်သွားတဲ့ ကောင်လေးကိုကြည့်ရင်း ရှောင်းကျန့် သက်ပြင်းသာချမိတော့တယ်။ နေ့စဉ်ရက်ဆက်လဲ ဆိုင်ရှေ့မှာစောင့်နေပြီး ဒီနေ့တော့ ဆိုင်ထဲကို ကျူးကျော်လာတယ်။

ကောင်ငယ်လေးက ရှောင်းကျန့်အပေါ် စိတ်ကစားလို့ မဝသေးဘူးထင်ပါရဲ့။ လူငယ်တစ်ယောက်ရဲ့ စိတ်ကစားချိန်မှာ ရှောင်းကျန့်ကပါ ပါဝင်ပတ်သတ်လိုက်ရမှာကို မလိုလားဘူးရယ်။

" ရှောင်းကျန့်ကော ... ခုနက ဒီဝိုင်းမှာထိုင်နေတဲ့ကောက ပိုက်ဆံတွေ ပိုထားခဲ့တယ် "

" အင်း အင်း ... သူပြန်လာမှ ကောပြန်အမ်းပေးလိုက်မယ် ... နေ့လည်စာစားတော့လေ လျန်ဖေး ... ကောတစ်ယောက်ထဲလဲ နိုင်ပါတယ် "

" ဟုတ် ရှောင်းကျန့်ကော "

လျန်ဖေးက ဆိုင်နောက်ထဲဝင်သွားတော့ ရှောင်းကျန့် သက်ပြင်းချလိုက်ပြီး ဆိုင်ကောင်တာပေါ် မေးတင်ထားလိုက်တယ်။ ရိပေါ်ဆိုတဲ့ ကောင်ဆိုးလေးကို ရှောင်းကျန့်အနေနဲ့ မပတ်သတ်မိအောင် ရှောင်ဖို့သာ ဆန္ဒရှိတယ်။

ရှောင်းကျန့်က သူ့ဘဝသူ တစ်ယောက်တည်းပဲ အေးအေးဆေးဆေးနေချင်တာ။ ကျင်းကော်လေးကလွဲရင် ဘာမ်ှရှိတဲ့ဘဝမှာ ရှောင်းကျန့်က အသားကျနေခဲ့ပြီးပြီ။

*****

ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်ပုံရတဲ့ ရိပေါ်က ညနေစောင်းတာနဲ့ ကော်ဖီဆိုင်လေးရှေ့က မလှမ်းမကမ်း မီးတိုင်အောက်မှာ ရောက်နှင့်နေတယ်။ ကျဲလုယွမ်ကလဲ မရှိသေးတာမလို့ ဒီနေ့လဲ ရှောင်းကျန့်က ဆိုင်မှာပဲ အိပ်ရမှာဖြစ်တယ်။

လျန်ဖေးကတော့ ဆိုင်သန့်ရှင်းရေး သေချာလုပ်ပေးပြီးတာနဲ့ ပြန်သွားခဲ့ပြီမလို့ ရှောင်းကျန့်တစ်ယောက်တည်း မနက်ဖြန်ဆိုင်ဖွင့်ဖို့အတွက် မုန့်တွေပြင်ဆင်ဖို့ ကျန်နေခဲ့တယ်။

ကျင်းကော်လေးကို အိမ်မှာတစ်ကောင်တည်း ထားခဲ့လို့မဖြစ်တာမလို့ ကျင်းကော်လေးကလဲ ရှောင်းကျန့်နည်းတူ ကော်ဖီဆိုင်လေးထဲမှာ ရှိနေတယ်။ ဆိုင်ပိတ်ချိန်ကျမှသာ အနားခေါ်ထားလိုက်တာမလို့ ကျင်းကော်လေးက သာမန်အချိန်တွေထက် ရှောင်းကျန့်ကို ပိုလို့တောင်ကပ်ချွဲနေသေးတယ်။

ချွင် ချွင် ...!

တိတ်ဆိတ်နေတဲ့ ကော်ဖီဆိုင်လေးထဲမှာ ခပ်ကျယ်ကျယ်ခေါင်းလောင်းသံလေးထွက်လာတာမလို့ မုန့်လုပ်ဖို့ဂျုံတွေ နယ်နေတဲ့ ရှောင်းကျန့်က ဆိုင်တံခါးဝကို လှည့်ကြည့်လိုက်တယ်။ ကျင်းကော်လေးကတော့ လူစိမ်းကိုတွေ့လိုက်တာကြောင့် ရှောင်းကျန့်မုန့်လုပ်နေတဲ့ ခုံလေးရဲ့အောက်မှာ ခပ်ငြိမ်ငြိမ်လေး သွားဝပ်နေတယ်။

ဝင်လာတဲ့သူက တခြားလူမဟုတ်ပဲ ရိပေါ်ဆိုတဲ့ ကောင်ငယ်လေးပဲ။ ခေါင်းကိုဘေးဘယ်ညာ လှည့်နေတဲ့ကောင်ငယ်လေးက ရှောင်းကျန့်ကို လိုက်ရှာနေပုံရတယ်။

" ဘာလာလုပ်တာလဲ ... ဆိုင်ပိတ်ပြီလေ "

" ဟင် ကိုကို ... "

ဆိုင်နောက်ဖေးကနေထွက်ပြီး စကားပြောလိုက်တဲ့ ရှောင်းကျန့်ကြောင့် ဆိုင်ထဲကို လှည့်ရှာနေတဲ့ ကောင်ငယ်လေးက ရှောင်းကျန့်ဘက်ကို ချက်ချင်းလှည့်လာတယ်။

" ဆိုင်ပိတ်ပြီလို့ ... ဘာလာလုပ်တာလဲ "

" အာ ... ကိုယ်ပြောခဲ့တယ်လေ ... ကိုယ်ညနေကျရင် ပြန်လာမယ်လို့ "

" မင်းကို ဘယ်သူက ခွင့်ပြုလို့လဲ ... မင်းပြန်တော့ "

" ဟမ့် "

ဝတ်ထားတဲ့ အေပရွန်မဲမဲလေးနဲ့ လက်တွေမှာ ဂျုံမှုန့်တွေ ပေတလူးနေပြီး ရန်စွာနေတဲ့ ယုန်ကလေးကို ရိပေါ်က မျက်ခုံးပင့်ကြည့်လိုက်တယ်။ ဂရုမစိုက်တဲ့ပုံနဲ့ ပခုံးတွန့်ပြလိုက်တော့ ကိုကိုက ရိပေါ်ရှေ့ကို ရောက်လာတယ်။

" မင်းနဲ့ ဘာဆိုင်လို့လဲ ရိပေါ် ... မင်းကစားချင်တယ်ဆို ငါနဲ့ လာမကစားနဲ့ ... ငါနဲ့ ဝေးဝေးနေ ... မင်းအတွက် ကစားဖို့လူတွေ အများကြီးမလား ... မင်းနဲ့ မပတ်သတ်ချင်ဘူး "

" ကစားနေတာမဟုတ်ပါဘူး ကိုကိုရာ "

ရှောင်းကျန့်ရဲ့အပြောတွေကြောင့် ညှိုးငယ်သွားတဲ့မျက်နှာနဲ့ ကောင်ငယ်လေးဆီက ခပ်တိုးတိုးလေသံလေး ထွက်လာခဲ့တယ်။ ပြီးတော့ ရှောင်းကျန့်ဆီကို တစ်လှမ်းတိုးလာတာကြောင့် ရှောင်းကျန့်လဲ နောက်ကိုခပ်မြန်မြန် ဆုတ်လိုက်တယ်။

" ဘာကြောင့် ကစားနေတယ် ထင်ရတာလဲ "

" ..... "

" နေ့တိုင်းနေ့တိုင်း ကိုယ်ဆိုင်ရှေ့မှာရော . အိမ်ကိုရော သွားစောင့်နေရတာ လွယ်လွယ်ကူကူ ကစားဖို့အတွက်ပဲဆိုပြီး ဘာလို့ထင်ရတာလဲ "

" ..... "

" ကိုကိုရာ ... မင်းကဆိုးလိုက်တာ ~ "

ရိပေါ်က ကိုကိုရဲ့ မျက်ဝန်းညိုညိုလေးကို စိုက်ကြည့်နေလိုက်တယ်။ ဒါဟာ ရိပေါ်အတွက် နစ်မြုပ်ရာလေးပဲ။

မျက်ဝန်းတစ်စုံကစလို့ နစ်မြုပ်စေနိုင်တဲ့ ရှောင်းကျန့်က ရိပေါ်အတွက် ဝိဉာဉ်ချုပ်အိတ်လေးလိုပဲ။ အချုပ်အနှောင် ခံလိုက်ရပြီးရင် လွတ်မြောက်ဖို့ဆိုတာ မလွယ်ကူတော့ဘူး။

" ကိုယ်က မင်းကို ချစ်လို့ပါ ကိုကိုရာ ... စတွေ့ကတည်းက သဘောကျခဲ့ရတာ ... အရင်နေ့တွေက ဒီမှာ မင်းတစ်ယောက်တည်းဆိုတာ ကိုယ်မသိခဲ့လို့ပါ ... ခုတော့ ကိုယ်မင်းကို အဖော်လုပ်ပေးချင်လို့ပါ "

" မဖြစ်မနေ မင်းကို လိုအပ်နေတာမှ မဟုတ်တာ ... အရင်ကတည်းက ငါဒီလိုပဲနေတာ ... မင်းရှိမှဖြစ်မှာမဟုတ်ဘူး "

" မရှိမဖြစ်မဟုတ်ရင်တောင် ကိုယ့်ကို လက်ခံပေးထားလို့ မရဘူးလား ... ရှောင်မပြေးပဲ ကိုယ့်ကိုလက်ခံပေးလေ "

ရှောင်းကျန့် ပင့်သက်ရှိုက်လိုက်မိတယ် ထင်တာပဲ။ ရှောင်းကျန့်သာ အလျော့ပေးလိုက်ရင် ဒီကောင်ငယ်လေးက ရှောင်းကျန့်ဘဝထဲကို လုံးလုံးလျားလျားဝင်လာတော့မှာ။

" ဘယ်သူမှမရှိလဲ ငါက နေသားကျပြီးသားမလို့ ဒီတိုင်းလေး ငါ့ဘာသာပဲ နေပါရစေ "

ရိပေါ်ဘက်က ခခယယတောင်းဆိုလဲ ငြင်းဆန်နေတဲ့ ယုန်ငယ်လေးကို ဆွဲဆောင့်ယမ်းပစ်လိုက်ချင်တော့တာပဲ။ မိသားစုတွေရဲ့ အချစ်ကိုပဲ တစ်သက်လုံးခံလာရတဲ့ ရိပေါ်က ဒီယုန်ကလေးသိမြင်အောင် အချစ်တွေဘယ်လိုပြရမလဲ တကယ်နားမလည်တော့ဘူး။

" ကိုယ်ရှိနေရင်လဲ နေသားတကျဖြစ်အောင် ကိုယ်ကမင်းဆီ လာချင်တယ်လေ "

" ..... "

" မင်းက အတင်းမနှင်ပါနဲ့ ကိုကိုရာ "

မီးလုံးလေးတွေ အနည်းငယ်သာထွန်းထားတဲ့ ကော်ဖီဆိုင်လေးက တိတ်ဆိတ်နေတယ်။ ကြားနိုင်တဲ့အသံဆိုလို့ လူနှစ်ယောက်ရဲ့ အသက်ရှူသံပါပါးလေးတွေပဲရှိတယ်။

ရိပေါ်ရှေ့က လှည့်ထွက်သွားပြီး ဆိုင်နောက်ထဲဝင်သွားတဲ့ ယုန်ကလေးကြောင့် ရိပေါ်ပြုံးလိုက်မိတယ်။ ဒီကိုကိုက ရိပေါ်ကို ခွင့်ပြုလိုက်တယ်ဆိုတဲ့ သဘောပဲ။

ဆိုင်နောက်ကို ရိပေါ်လိုက်ဝင်သွားတော့ လက်ဆေးနေတဲ့ ကိုကိုက ရိပေါ်ကို မျက်လုံးလှန်ကြည့်လာတယ်။ ရိပေါ်ရယ်ပြလိုက်တော့ မျက်စောင်းထိုးတဲ့ ကိုကိုက နယ်လက်စဂျုံတွေကို ဆက်နယ်ဖို့ပြင်တယ်။

ရိပေါ်က ကိုကို့ဘေးနား သွားရပ်လိုက်တော့လည်း ကိုကိုက ဂရုမစိုက်ပြန်ဘူး။ ဘေးတိုက်မြင်နေရတဲ့ ကိုကို့ရဲ့ ထောင့်ဆန်ဆန်မေးရိုးလေးက သိပ်ကြည့်ကောင်းတယ်။

ဒီလိုကျတော့လဲ ကိုကိုက တစ်မျိုးယောက်ျားဆန်ပြန်တာပါပဲ။ ဒါပေါ့ ကိုကိုကလည်း ယောက်ျားလေးတစ်ယောက်ပဲ။ ရိပေါ်ထက်ထူးပြီး ဘာများကွဲပြားနေမှာမလို့လဲ။

" ဘာမုန့်လုပ်မှာလဲဟင် ကိုကို ... ကိုယ်ကူလုပ်ပေးမယ်လေ "

" ..... "

" ဂျုံတွေ ကူနယ်ပေးရမလားဟင် "

" ..... "

ပုံမှန်ဆို စကားနည်းတတ်တဲ့ ရိပေါ်က ကိုကို့ရှေ့မှာတော့ လေပေါကလေးဝမ်ရိပေါ် ဖြစ်နေတော့တာပဲ။ စကားတွေ တတွတ်တွတ်ပြောနေလဲ ပြန်မဖြေတဲ့ ကိုကို့ကို ရိပေါ်က စိတ်မရှည်တော့ဘူး။ ဘေးနားမှာရှိနေတဲ့ ဂျုံ့မှုန့်တွေကို လက်ဖဝါးမှာ ပေအောင်လုပ်လိုက်ရင်း မြင်နေရတဲ့ ကိုကို့ပါးတစ်ဖက်ကို ပွတ်သုတ်ပစ်လိုက်တယ်။

" ရားးး ... ဝမ်ရိပေါ် ! "

" ချစ်စရာလေး ကိုကို "

" မင်းဘာလုပ်တာလဲ ဝမ်ရိပေါ် ... ဒီမှာ အကုန်ပေကုန်ပြီ "

" ကိုကိုမကျေနပ်ရင် ပြန်သုတ်လေ "

ရိပေါ်က လျှာထုတ်ပြီးပြောင်ပြလိုက်တော့ ကိုကိုက ဂျုံမှုန့်တွေ ပေတလူးနေတဲ့လက်လေးနှစ်ဖက်ကို ထောင်ပြလာတယ်။ ကိုကို့ပုံစံလေးက ချစ်စရာလေးမလို့ ရိပေါ်ပြုံးလိုက်မိတယ်။

" ဒီနေ့မှ မင်းကို လက်စားပြန်မချေရရင် ငါရှောင်းကျန့်မဟုတ်တော့ဘူး "

" ဟား ဟား ... ကိုကို ~ "

ရိပေါ်ဆီကို ဒိုင်ပင်ထိုးဝင်လာတဲ့ ယုန်ကလေးကို ရိပေါ်မတားမိပဲ ငြိမ်နေလိုက်တယ်။ ရိပေါ်ရဲ့ပါးကို ဂျုံမှုန့်ဖြူဖြူတွေ အားပါးတရသုတ်ရင်း ပြုံးနေတဲ့ကိုကိုက ယုန်သွားလေးကို ထင်းလို့ရယ်။ ပြုံးရယ်လိုက်တော့ နှုတ်ခမ်းအောက်က ရိပေါ်မနာလိုရတဲ့ မှည့်စက်ကလေးက ပိုလို့တောင် ထင်းလာသေးတယ်။

ညောင် ~

နှစ်ယောက်တည်းနဲ့ ဆူညံနေတဲ့ ပတ်ဝန်းကျင်နားကို ပုန်းနေတဲ့ ကျင်းကော်လေးက ရောက်လာတယ်။ ဂျုံတွေနတဲ့ စားပွဲပေါ်ကို ကျင်းကော်လေးက ခြေတိုတိုလေးတွေနဲ့ ခုန်တက်ဖို့ လုပ်နေတာကြောင့် ရိပေါ်ကို ဂျုံမှုန့်တွနဲ့သုတ်ဖို့သာ အာရုံရောက်နေတဲ့ ကိုကိုက ရပ်သွားတယ်။

" ကျင်းကော် ... သမီးလေးရေ ... ပါပါး ဘာပြောထားလဲ ... မုန့်လုပ်တဲ့ခုံပေါ် မတက်သေးလေနော် "

လက်တွေပေနေတာကြောင့် ကျင်းကော်လေးကို ချီပိုးလို့ မရတဲ့ကိုကို့အစား ရိပေါ်က ကျင်းကော်လေးကို ဆတ်ခနဲကောက်ပွေ့လိုက်တယ်။ ရိပေါ်လက်ထဲက ကြောင်မလေးက ခြေတိုတိုလေးတွေနဲ့ ရုန်းပေမယ့် ခဏကြာတော့ ငြိမ်သွားတယ်။

" ညနေစာစားပြီးပြီလား ရိပေါ် "

" ဟင် "

" ညနေစာ ~ "

" ဟင့်အင်း ... ဟင့်အင်း ကိုကို ... မစားရသေးဘူး "

" အင်း ... ဟင်းမကောင်းပေမယ့် မင်းအဆင်ပြေမှာပါ "

ကိုကိုခေါ်လိုက်တဲ့ ရိပေါ်ဆိုတဲ့ နာမ်စားက ရိပေါ်နားထဲကို ခပ်နွေးနွေးလေး စီးဝင်သွားတယ်။ ကြားနကျဆိုပေမယ့်လဲ ကိုကိုခေါ်တာမလို့ ပိုလို့တောင်နားထောင်လို့ကောင်းတယ်။

" ကိုယ်အဆင်ပြေတယ် ကိုကို ... ဘာပဲဖြစ်ဖြစ် "

သွားဖုံးလေးတွေ ပေါ်လာတဲ့အထိ ပြုံးရယ်ပြတဲ့ ကောင်လေးကို ရှောင်းကျန့်ငေးကြည့်နေလိုက်တယ်။

ဒီကောင်လေးရဲ့အပြုံးကြောင့် မို့တက်သွားတဲ့ ပါးလေးတွေနဲ့ ဖြူဖြူစင်စင်ရုပ်သဏ္ဌာန်လေးကြောင့် တစ်ခါလောက် စွန့်စားပြီး လက်ခံကြည့်လိုက်ရင် မမှားလောက်ဘူးလို့ ထင်ရတာပါပဲ။

" ဘာဟင်းတွေလဲ ကိုကို ... ဒါလေးက စားလို့ကောင်းမယ့်ပုံပဲ "

ညနေစာပြင်နေတုန်း ဘေးနားကနေ လိုက်ရှုပ်နေတဲ့ ကောင်ငယ်လေးကို ရှောင်းကျန့်ဘာမှပြန်မပြောမိတော့ဘူး။ ဒီလိုလေး ဘေးနားက တတွတ်တွတ်လိုက်ပြောနေတဲ့ သူတစ်ယောက်ရှိတာ အနည်းဆုံးတော့ အပျင်းပြေတာပါပဲ။

ကော်ဖီဆိုင်လေးရဲ့ အပြင်လမ်းမီးတိုင်လေးကနေ မီးလုံးဝါဝါလေးက လင်းလာခဲ့တယ်။ ကော်ဖီဆိုင်လေးထဲက တစ်ချက်တစ်ချက် ထွက်လာတဲ့ ရယ်သံသဲ့သဲ့လေးလဲ ကြားရသေးတယ်။

အေးချမ်းလှတဲ့ လောကကြီးက သိပ်ကိုနှစ်လိုဖွယ်ပါပဲ။

___________

8th May,2021(Sat)
call_me_Tylor

Continue Reading

You'll Also Like

192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
627K 23K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
2.5K 105 8
စေသူ ... လည်ပတ်နေတဲ့ ချားရဟတ်ထဲမှာ မင်းနဲ့အတူတူပိတ်မိဖို့ ငါ ဆုတောင်းခဲ့တယ် ။ ~ ေစသူ ... လည္ပတ္ေနတဲ့ ခ်ားရဟတ္ထဲမွာ မင္းနဲ႔အတူတူပိတ္မိဖို႔ ငါ ဆုေတာင္း...