"ကိုကို မြန်မြန်ပြန်လာမယ်မလားဟင်"
အသက်ငါးနှစ်အရွယ်ကလေးမလေးက သူ့အကိုဖြစ်သူလက်မောင်းကိုဆွဲလို့ ။
အကိုက အရာရာနားလည်တဲ့အရွယ်ရောက်နေပြီမဟုတ်လား။
သူ့မျက်ဝန်းမှာ ဟန်တောင်မဆောင်နိုင်အောင် မျက်ရည်တွေချွဲလို့။
"အင်း ကိုကို ပြန်လာပါ့မယ်။ ငယ်ပု ကိုကို ပြောထားတာတွေမမေ့နဲ့နော်။
ကိုကိုမရှိလည်း ငယ်ပုက သတ္တိရှိရမယ် ဟုတ်ပြီလား"
လေကြမ်းကြမ်းတစ်ချက်တိုက်လိုက်တာနဲ့ပြိုကျသွားနိုင်သည့် အိမ်အိုလေးကို ထို ကောင်က မော့ကြည့်လိုက်သည်။
အိမ်ပေါ်ထိုင်နေသော အမေနှင့်အဖေအားလည်း နာနာကျင်ကျင် မုန်းမိသည်။
မိသားစု စုံလင်နေလျင် မည်သည့် ခက်ခဲမှုကိုမဆို ကျော်လွှားနိုင်ပါလျက်နှင့်၊
ပျော်ရွှင်မှုဟာ ငွေစက္ကူ တွေနှင့် လားလားမျှ မဆိုင်ကြောင်း အမေတို့အဖေတို့ မသိပါချေ။
" ရောင်းစားသည် " တဲ့။
ကိုယ်ဝမ်းနဲ့လွယ်မွေးခဲ့သော သားဖြစ်သူအား တခြားသူစိမ်းထံ ပိုက်ဆံအများကြီးနှင့် ရောင်းစားသည်တဲ့။
ကျွန်နော်အဆင်မပြေရင်တောင် မေမေတို့နှင့် ညီမလေးအဆင်ပြေမယ်ဆို
အသက်ပါပေးဝံ့ပါသည်။
ကြီးကျယ်ခန်းနားသော နန်းတော်သမျှ ကြီးမားသည့် အိမ်ကြီးရဲ့ အခန်းတစ်ခုထဲ ကောင်ကလေး နိုးလာခဲ့သည်။
သူ့တစ်ကိုယ်လုံး နာကျင်မှု အပြည့်နှင့်။
အဝတ်စလစ်ဖြစ်နေသလိုမျိုး ခံစားမှု နဲ့အတူ ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်မိတော့
တကယ်ကို ဘာအဝတ်အစားမှ ရှိမနေခဲ့တာပဲ။
"ကောင်လေးနိုးပြီလား"
ခပ်ကြီးကြီးနဲ့ဝဲတဲတဲဖြစ်နေသော အမျိုးသားတစ်ယောက်၏အသံ။
ဘေးကိုကြည့်တော့ ထိုင်ခုံပေါ်ကနေ ဝိုင်တစ်ခွက်နဲ့ သူ့တစ်ကိုယ်လုံးကို သားရေတမြမြနဲ့ ကြည့်လို့။
ရွံစရာမျက်နှာထားနဲ့ အဆီတဝင်းဝင်းဖြစ်နေသော ရုပ်ပိုင်းဆိုရင်ရာက
ဖြူစွပ်နေသော အသားအရေရှိပေမယ့် အဝလွန်ပြီး အဆီတွေတွဲကျနေသလိုဖြစ်နေသည်။
အောက်ခံဘောင်းဘီသာရှိပြီး ကျန်တာဘာမှဝတ်မထား။
"ခင် ခင်များဘယ်သူလဲ"
"မင်းရဲ့ ပိုင်ရှင်လေ ၊ မင်းကိုငွေတွေအများကြီးနဲ့ ပေးဝယ်ခဲ့တာ တို့ပေါ့။ မှတ်ထားအုံး တို့နာမည်က လီရှန့်ဝေ တဲ့ "
သောက်လက်စဝိုင်ခွင်ကို စားပွဲပေါ်ပြန်ချလျက် ကောင်လေးအနားရောက်လာခဲ့သည့်ထိုလူကြီးမျက်နှာသည် ဆာလောင်နေသော တောရိုင်းသတ္တဝါတစ်ကောင်လို
အရိုင်းဆန်နေသည်။
"ဘာ ဘာလုပ်တာလဲ ကျွန်တော့်ကိုမထိနဲ့ ကျွန်တော်က ယောက်ျားလေး"
"Hak!ယောက်ျားလေးမို့ဆို့က တောင်းဝယ်ခဲ့တာပေါ့။
မင်းသိလာ ငါကယောက်ျားလေးနုနုလေးတွေသိပ်ကြိုက်တာ"
ဝဖိုင့်ဖိုင့် ထိုလူကြီးအား အဝေးရောက်အောင် တွန်းထုတ်ပစ်လိုက်ဖို့ထိ ကောင်လေး မသန်မာပါ။
သန်မာခဲ့လျှင်တောင် ထိုလူကြီးက ကောင်လေးထက် အဆတစ်ရာမက ကြီးထွားနေသည်။
ထူးဆန်းတဲ့အထိအတွေ့တွေ၊ ကြမ်းတမ်းမှုတွေ၊
ရိုက်နှက်မှုနဲ့အတူ
ကောင်လေး၏ အထိမခံသော အောက်ပိုင်းတစ်နေရာ သို့ ထိုလူကြီးသည် ပွတ်သတ်ကျီစယ်နေပြန်သည်။
"သွားမလာနဲ့ ... ကျွန်တော့်ကိုမထိနဲ့ ကယ်ကြပါအုံး
ကျွန်တော့်ကို လာကယ်ကြပါအုံး.."
ရှိတဲ့အားနဲ့ အရာရာကို ကန်ကျောက်၊ ခေါင်းအုံးတွေနဲ့ပစ်ပေါက်နေပေမယ့်
ထိုလူကြီးဟာ ဖြုံတောင်မဖြုံ။
"မထိနဲ့ ကျွန်တော့်အသားကိုမထိနဲ့
ကယ်ကြပါအုံးးးးး"
"ကိုကို ကိုကို သတိထားလေ ကိုကို ဘာဖြစ်တာလဲ"
အာကာမင်းထက် အိပ်ယာကနိုးလာတော့ ညီဖြစ်သူလင်းလတ်ထက်သာ ၏ စိုးရိမ်မှုထင်းနေသောမျက်နှာကို အရင်မြင်ရသည်။
"အိမ်မက်ဆိုးတွေထက်မက်နေပြန်ပြီလား ကိုကို၊
အဲ့အကြောင်းမမက်တော့တာ ကြာနေပြီကို"
ဘာတွေလဲဆိုတာ မင်းထက်ကောင်းကောင်းမသိပေမယ့်
ထိုအိမ်မက် မက်တိုင်း ရင်ထဲက နင့်နေအောင်နာကျင်ရသည်။
အမှန်တိုင်းဝန်ခံရလျှင် မင်းထက် သည် လင်းလတ်တို့နေအိမ်ကို ဘယ်အရွယ်တုန်းကရောက်လာခဲ့လဲ ဆိုတာ ကောင်းကောင်း မမှတ်မိပါချေ။
ဖေဖေတို့လည်းပြောမပြ။
"အိမ်မက်ပါပဲ ကိုကိုရယ် အရမ်းမတွေးနဲ့နော်"
အငယ်ဖြစ်သော်လည်း မင်းထက်ကို သူ့ရင်ခွင်ထဲထည့်လို့ နှစ်သိမ့်ပေးလာသော လင်းလတ်သည် အားကိုးချင်စရာ ကောင်းသော ၊လေးစားစရာကောင်းသော ၊ သူမျက်စိစုံမှိတ်ပြီး လင်းလတ်ဘဝထဲပြေးဝင်ပစ်လိုက်နိုင်အောင် ယုံကြည်သည်။
သူလင်းလတ်ကို သိပ်ချစ်ပါသည်။
သူ့၏ ချစ်ခြင်းမှာ ရမတ်တွေထက် လင်းလတ်အား ညီလေးအရင်းလိုရော ၊
အဖေလိုရော၊ သူငယ်ချင်းလိုရော ချစ်သူလိုပါ အားလုံးလိုချစ်ခဲ့ခြင်းဖြစ်သည်။
ဘာမျှမရှိသော မင်းထက်တွင် လင်းလတ်နှင့် ဖေဖေတို့မိသားစုသာရှိသည်။
ဖေဖေတို့သာ သဘောမတူခဲ့လျှင် ရင်အကွဲခံ၍ မင်းထက် ဝေးရာကို ထွက်သွားပေးပါမည်။
"ကျွန်တော့်ကိုကိုက သတ္တိရှိရမယ်နော်"
သူ့အတွေးတွေကို ကြားသည့်အလား လင်းလတ်က
သတိပေးသည်။
တကယ်ဆို သူတို့နှစ်ယောက်လုံးက ထိုကိစ္စကို မတိုင်ဖူးကြပါ။
တမင်မပြောကြတာဆိုလျင် ပိုမှန်မည်။
ပျော်ရွှင်နေသောမိသားစုလေး ပြိုကွဲသွားမည်ကို မလိုလားပါ။
လင်းလတ်ကတော့ မည်သို့ တွေးနေမည်လဲ မသိနိုင်ပေမယ့် မင်းထက်ယုံကြည်သည်။ လင်းလတ် အကောင်းဆုံးကိုသာ ရွေးချယ်လိမ့်မည်။
လင်းလတ်၏ ရွေးချည်မှုကို သူလိုက်လျောနိုင်ရမည်။
ချစ်ခြင်းမေတ္တာမှာ အနိုင်ရသွားတာ ပေးဆပ်လိုက်ရတာတွေကို မကြည့်ပဲ
ချစ်နေကြတာကိုပဲ ကြည့်မယ်ဆိုရင် အေးချမ်း နိုင်ပါရဲ့။
"ကိုကိုက ညီ့ကို ချစ်တယ်နော်"
*****
"ငယ်ပု ကိုကိုကလေ ကြီးလာရင် စာရေးဆရာကြီးလုပ်မှာသိလား ငယ်ပုကရောဟင် ဘာလုပ်မှာလဲ"
"ကိုကိုကလည်း ကိုကိုက စာရေးဆရာ ကြီးလုပ်ရင် ငယ်ပုက ကိုကို့လုပ်စာထိုင်စားမှာပေါ့ အဟီး"
ကျိုးနေသောသွားလေးတွေက အချိုအစားများကြောင်းဖော်ပြနေသည်။
ယိုင်နဲ့နေသော အိမ်ကလေးက လေယူရာယိမ်းနွဲ့နေသယောင်။
ကိုကိုသည် ကျောင်းတွင်စာတော်သည်။
ကိုကိုသည် ရုပ်ချောသော သူတစ်ယောက်ဖြစ်သည်။
ကိုကိုသည် ကျောင်းတွင် ဖော်ရွေသော ၊ ဆရာများက ချစ်သော သူတစ်ယောက်ဖြစ်သည်။
ကိုကိုသည် တစ်ကျောင်းလုံး၏ စံပြလည်းဖြစ်ပြန်သည်။
"တို့သားလေးကို သူဌေးကြီး ဦးလီက တောင်းဝယ်နေတယ် တော်ရေ"
"ဟေ ၊ တို့မွေးထားတဲ့ တို့သွေးသားလေကွာ ရောင်းရအောင် ဟင်းရွက်ကန်စွန်း မှမဟုတ်ပဲ ခင်ရာ"
ဖေဖေနှင့်မေမေသည် ကိုကို့အား ဈေးထဲတွင် တစ်ခုခုသွားဝယ်ခိုင်းသည်။
ရှောင်ထွက်သွားခိုင်းတာဖြစ်ကြောင်း အသက်ငါးနှစ်အရွယ် ကလေးမလေးဖြစ်သည့် သူမ မစဉ်းစားနိုင်သေးပါ။
အိပ်ယာထဲတွင် သူမ အိပ်နေပြီဟု မိဘနှစ်ပါးလုံးထင်နေပုံရသည်။
"အဲ့တာတော့ကျုပ်သိတာပေါ့။ ဒါပေမဲ့ တို့သားလေးက အရွယ်လည်းရောက်နေပြီ။ သူ့ကိုသူလည်း ရပ်တည်နေနိုင်ပါပြီ။ သားလေးကိုရောင်းလိုက်ရင် ရလာမယ့် ငွေတွေနဲ့ သမီးလေးကို ဆေးကုပေးလို့ရသလို သားလေးလည်း လူလိုသူလိုနေနိုင်မှာပါတော်။
သားလေးက သူ့ညီမကိုတော့ပစ်ထားမှာမဟုတ်ပါဘူး"
ကိုကိုနဲ့ အတူ တစ်ခါတုန်းက မုန့်လိုက်ဝယ်စားဖူးသည်။
ဝယ်လာခဲ့သော မုန့်များအား ဆိုင်ရှင်ကို ဘယ်တော့မှ ပြန်မပေးဖူးပါချေ။
ဝယ်လာတဲ့သူ ကငန်အောင်စားပစ်လိုက်ပြီးလျှင် အိတ်အခွံအား လမ်းဘေးပစ်ချလိုက်မြဲဖြစ်၏။
ထိုသို့ဆိုလျှင် ကိုကိုရော?
ကိုကို့ကို သူဌေးကြီးဝယ်သွားပြီးလျှင် သူတို့ ကိုကို့အား ချက်စားပြီး ကိုကို့အရိုးများအား လမ်းဘေး ပစ်ချခဲ့မည်လော။
သာသူမ မသိပါ။ ကိုကို့အား သူများဆီ မရောင်းပစ်ချင်ပါ။
သူမ နေလည်းမကောင်းချင်ပါ။
ငယ်ပုသေသွားလျှင် ကိုကိုလည်း လိုက်သေမည်ဟု ပြောဖူးတာ သတိရသည်။
ကိုကို အသတ်ခံရပြီး သူများစားတာခံရမည့်အတူတူ ညီမလေးနဲ့အတူသေတာက ပိုကောင်းမည်။
သူမ ကိုကို့အား ပြောပြလိုက်သည်။
သို့သော်...
"ငယ်ပု..."
"ကိုကို "
"ငယ်ပုက ကိုကို့ကိုယုံတယ်မလားဟင်"
ကလေးပီပီ ခေါင်းတဆက်ဆက်ညိတ်တော့ ကိုကိုက ငိုရင်းပြုံးပြသည်။
ကိုကို့အပြုံးတွေကလှသည်။
ထို့ကြောင့်လည်း ကျောင်းက သူမ သူငယ်ချင်းတွေက ကြီးလာလျှင်ကိုကို့ ကို ယူမည်ဟု ပြောကြဖူးသည်။
"ကိုကို က လူလေ ။ မစားကောင်းဘူး။ သူတို့က ကိုကို့ကို သားအရင်းအဖြစ် မွေးစားမှာ။ ပြီးရင် ကိုကို လူကြီးဖြစ်လာရင် ငယ်ပုကို ပြန်လာခေါ်လို့ရတယ်လေ"
"ဟင်အင်း မရဘူး ကိုကို လိုက်မသွားရဘူး"
ကိုကိုသည် သူမအား ရက်ရက်စက်စက် ထားပစ်ခဲ့ပါသည်။
"ကိုကိုမရှိလည်း ငယ်ပုက သတ္တိရှိရမယ် ဟုတ်ပြီလား"
ဟင့်အင်းဟုပြန်ပြောသည်ကိုတောင် ကိုကိုလှည့်မကြည့်ခဲ့ပါလေ။
ကိုကိုသည် အရင်က သူသိပ်ချစ်ခဲ့သော ကိုကိုနဲ့မတူတော့ပါ။
ကိုကို ကားအမည်းရောင်ကြီးဆီတက်သွားခဲ့သည်။
အိမ်ထရံပေါက်ကြားမှ ချောင်းကြည့်ခဲ့သော်လည်း ကိုကိုသည် သူမအား လက်ကလေးတောင်ပြမသွားခဲ့ပါ။
ထိုနေ့ကစ သူမဆီ ကိုကို ဘယ်တော့မှပြန်မလာတော့ပါလေ။
************
အနှစ်၂၀ကျော်သွားပြီ ကိုကို။
ကိုကိုထွက်သွားခဲ့တာအနှစ်၂၀ကျော်ခဲ့ပြီ။
ကိုကို အဆင်ပြေတယ်မလား?
ကိုကိုအဆင်ပြေမှာပါ။ ကိုကိုက တော်တယ်လေ။
ဘယ်လောက်အထိတော်လဲဆို ညီမလေးနဲ့အတူ လိုက်သေရဲပါတယ်လို့ပြောပြီး ညီမလေးကို ထားပစ်ခဲ့နိုင်လောက်တဲ့အထိ တော်တယ်ဆိုတာ ငယ်ပုသိပ်သိတာပေါ့။
ဒါကြောင့် ကိုကိုရောက်တဲ့နေရာမှာ သေချာပေါက် အဆင်ပြေနေမှာ။
"ကိုကို့ ကို မုန်းတယ်"
ဒီလောက်နှစ်တွေအများကြီးမှာ အတင်းမေ့ထားပြီးမှ
အတွေးထဲပြန်ပေါ်လာတာဘာကြောင့်ပါလိမ့်။
ကိုကိုဟာ မကောင်းတဲ့လူပဲ။
ထားရက်ခဲ့နိုင်တဲ့ ကိုကို့ကို သူမကရော ဘာလို့ တမ်းတလွမ်းဆွတ်နေဖို့လိုမှာလဲ။
ဖြစ်နိုင်မယ်ဆိုရင်တောင် ကိုကိုနဲ့ ပြန်မဆုံချင်တော့ဘူး။
I love you, I need you
ငါပိုင်တာ အားလုံးမင်းယူ
မင်းတစ်ယောက်အတွက်ဆို အသက်ပါပေးမယ် ယုံပါနော်ချစ်သူ....
အခန်းငယ်လေးထဲ ဆောင့်ကြောင့်ထိုင်ရင်း
ဖုန်းမည်သံကြောင့် သတိပြန်ဝင်လာသည်။
"ဟဲလို"
"..."
"သြော်...အမအွန်မ် "
"..."
"ယုယက အဆင်ပြေပါတယ် ဟို..."
"......."
"အင်းပါ။ အဲ့လိုဆို သင်္ကြန်အကြိုနောကျရင်တွေ့မယ်"
ဖုန်းချသွားပြီးတော့ ကောင်ကလေးရဲ့ ကောင်မလေး ထင်ရသော ထိုင်းမလေးက
ယုယအား သင်္ကြန်မှာ လျှောက်လည်ဖို့အဖော်ခေါ်သည်။
လမ်းစတွေ မြင်နေပါလျက်နဲ့ လျှောက်မကြည့်လျှင် လိုရာခရီး ဘယ်ရောက်နိုင်ပါ့မလဲ။
အမှိုက်တွေ ရှိလာခဲ့ရင်တော့ ရှင်းသင့်ရင် ရှင်းပစ်ခဲ့မည်ပေါ့။
မြတ်နိုးရပါသော ကောင်ကလေးမဟုတ်တဲ့ ကောင်ကလေးရေ..
ကမ္ဘာ ပေါ်မှာ မင်းဟာ တို့အတွက် သိပ်ကိုဆွဲအားပြင်းတဲ့ သံလိုက်စက်ကွင်း လေးတစ်ခုပဲ။
မင်းရှိရာ တို့ပြေးလာမယ်။
မင်းရင်ခွင်မှာ ပြေးဝင်တွယ်ကပ်မယ်။
မင်းကခွါထုတ်ခဲ့ရင်တောင် မင်းနောက်ကို ကပ်လိုက်နေအုံးမှာ။
တစ်စုံတစ်ခုအတွက် လိုချင်တပ်မက်ခဲ့သည်ဆိုပါက
ရအောင်ယူနိုင်ခြင်းဟာလည်း
အောင်မြင်မှုပဲ။
မင်းကတော့ တို့ရဲ့ အောင်မြင်မှု လေးဖြစ်သလို
လွယ်လွယ်နဲ့ မရနိုင်မယ့် အဖိုးတန်လေးလည်းဖြစ်မယ် ထင်တယ်။
ချစ်တယ်လို့တော့မဆိုချင်ပါဘူး
မြတ်နိုးရတယ်ဆိုတာက ပိုလေးနက်ကြောင်း
တို့တွေ ချစ်သူတွေဖြစ်သွားကြတဲ့အခါ မင်းနားလည်အောင် တဖွဖွလေးတို့ပြောပြမယ်။
ကြင်နာယုယခွင့်ဟာ မင်းဆီကနေမလာရင်တောင်
မင်းရဲ့အပြုံးပန်းတစ်ပွင့် က တို့ကြောင့်ဖြစ်လာစေဖို့ ရည်စူးမိပါရဲ့။
မြတ်နိုးမိပါသည်
တို့ရဲ့ ကောင်ကလေးမဟုတ်သော ကောင်ကလေး ရယ်။
********
(ဟိုနေ့က တင်ထားတယ်ထင်နေတာ saveမလုပ်လိုက်မိဘူးဖြစ်သွားတာ။
ခုမှ သူများလာပြောလို့သိရတာ။
ဆောရီး။)