If dreams can tell the future...

By Violar11

41.9K 3.8K 258

အိပ်မက်ကနေ အနာဂတ်ကို ကြိုမြင်ရတယ်ဆိုတဲ့ သဘာဝလွန်ဖြစ်ရပ်လေးနဲ့ တွေ့ဆုံခဲ့ကြတဲ့𝓧𝓲𝓪𝓸 𝓩𝓱𝓪𝓷 နဲ့𝓦𝓪𝓷𝓰 𝓨... More

Introduction
Ep 1 (U+Z)
Ep 2 (U+Z)
Ep 3 (U+Z)
Ep 4 (U+Z)
Ep 5 (U+Z)
Ep 6 (U+Z)
Ep 7 (U+Z)
Ep 8 (U+Z)
Ep 9 (U+Z)
Ep 10 (U+Z)
Ep 11 (U+Z)
Ep 12 (U+Z)
Ep 13 (U+Z)
Ep 14 (U+Z)
Ep 15 (U+Z)
Ep 16 (U+Z)
Ep 17 (U+Z)
Ep 18 (U+Z)
Ep 19 (U+Z)
Ep 21 (U+Z)
Ep 22 (U+Z)
Ep 23 (U+Z)
Ep 24 (U+Z)
Ep 25 (U+Z)
Ep 26 (U+Z)
Ep 27 (U+Z)
Ep 28 (U+Z)
Ep 29 (U+Z)
Ep 30 (U+Z)
Ep 31 (U+Z)
Ep 32 (U+Z)
Ep 33 (U+Z)
Ep 34 (U+Z)
Ep 35 (U+Z) End
Notice Pls

Ep 20 (U+Z)

859 101 6
By Violar11

𝓘𝓯 𝓭𝓻𝓮𝓪𝓶𝓼 𝓬𝓪𝓷 𝓽𝓮𝓵𝓵 𝓽𝓱𝓮 𝓯𝓾𝓽𝓾𝓻𝓮...

𝓔𝓹𝓲𝓼𝓸𝓭𝓮 20 🍁🍁🍁















တီ တီ တီ...



"အတော်လေးကို သောက်ချင်နေရှာတာပဲ ဘေးလူတွေကများမြင်ရင် ငါတို့ကပဲ မကျွေးပဲ အငတ်ထားနေတယ် ထင်နေဉီးမယ် စားရသလောက် အမြဲစားချင်နေတာ"






"အင်း တော်လိုက်တာ"

"ကော ဘာတွေစားနေတာလဲ"


"ဘယ်သူလဲကောရဲ့..."








"ကျွန်တော်လည်း မွ..."

ချသွားတဲ့ ဖုန်းလေးကိုကြည့်ပြီး နှစ်ယောက်လုံးကတော့ အပြုံးပန်းတွေ ဝေဆာလို့...ကြည့်ရတာ ဒီနေ့လည်း ရှောင်းကျန့်အိပ်လို့ ကောင်းဉီးမယ်ထင်ပါရဲ့ မနေ့ကလို မနွေးပေမဲ့ တီတီတာတာ စကားလေးတွေကတော့ ရင်ထဲကို နွေးထွေးစေတယ် မဟုတ်လား...


"ကျန့်ကော..."






"ကော...ကျန့်ကော!..."





"ပါးကလည်း..."






ရေမိုးချိုးပြီးတဲ့နောက်တော့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့နှစ်ယောက် အိမ်အောက်ထပ်ကို အတူတူဆင်းလာကြသည်... ကြည့်ရတာက ကြင်စဉီး မောင်နှံနှစ်ယောက်လို...

"သားတို့ လာထိုင်ကြလေ"

"ဟုတ်မား..."






"ဟုတ်ကဲ့မား!"






"ရိပေါ် ဘာတြွေဖစ်ကုန်တာလဲ..."









1.5.2021
𝓥𝓲𝓸𝓵𝓪𝓻💞💞💞

𝓘𝓯 𝓭𝓻𝓮𝓪𝓶𝓼 𝓬𝓪𝓷 𝓽𝓮𝓵𝓵 𝓽𝓱𝓮 𝓯𝓾𝓽𝓾𝓻𝓮...

𝓔𝓹𝓲𝓼𝓸𝓭𝓮 20 🍁🍁🍁

ရှောင်းကျန့် အတော်အတန်နေပြီးနောက်မှာတော့ အိမ်ကိုပြန်လာခဲ့လေသည်...အိမ်ဝတွင်စောင့်ကြိုနေသော ပါးနဲ့မားကို တွေ့လိုက်ရတာမို့ နည်းနည်းတော့ စိတ်ထင့်နေမိသည်...

"ပါးနဲ့မား သားနောက်ကျမယ်ပြောထားတယ်နော် ဘာလို့ထွက်စောင့်နေကြတာလဲ"

"သားကျန့် မင်းဘာတွေရှုပ်ထားပြန်ပြီလဲ..."

"ရှုပ်တယ် ဘာကိုလဲမားရဲ့..."

"မင်းမားကို ဘာမှမေးမနေနဲ့ အိမ်ထဲကိုသာလာဝင်ကြည့်တော့..."

ပါးရဲ့စကားအတိုင်း အိမ်ထဲဝင်လိုက်ပေမဲ့ ထူးခြားတာမရှိနေတာကြောင့် ဘာမှမသိဟန် မျက်လုံးလေးကိုလုပ်ပြလိုက်သည်...

"မင်းကိုရေခဲသေတ္တာထဲကို ကြည့်ခိုင်းတာ"

ရှောင်းကျန့်လည်း ပါးပြောတဲ့အတိုင်း ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့သည်...မြင်ရတဲ့မြင်ကွင်းကိုပင် မယုံနိုင်... ရေခဲသေတ္တာတစ်ခုလုံး ကျွန်တော်သောက်ချင်နေခဲ့တဲ့ Milk teaတွေ ဘယ်လောက်များလဲဆို ရေခဲသေတ္တာတစ်ခုလုံး နေရာချစရာမရှိအောင်ကို အပြည့်ဖြစ်နေသည်...

"တွေ့ပြီလား မင်းဘာဇယားတွေ မွှေလာပြန်တာလဲ အစောနလေးတင် Deliက မင်းနာမည်နဲ့လာပို့သွားတာ ဘယ့်နှယ် တစ်ဗူးနှစ်ဗူးမဟုတ် ရေခဲသေတ္တာတစ်ခုလုံးအပြည့်ဝယ်ပြီး သောက်ရတယ်လို့ အံ့ပါ့"

"သားမှာထားတာမဟုတ်ဘူးပါးရဲ့ ..."

"သားကျန့်မမှာရင် ဘယ်လိုလုပ်လာပို့ပေးမှာလဲ ပြီးတော့ ဒီလောက်အများကြီးကို"

"မား!ပါး! သားနောက်ထပ်စွမ်းရည်များရနေတာလားမသိဘူး သားဟိုမှာ Milk tea သောက်ချင်တယ်လို့ တွေးလိုက်တာ အိမ်ပြန်ရောက်တော့ အခုလိုဖြစ်နေတာ..."

"ရှောင်းကျန့်ရာ မဟုတ်တာတွေ အပိုတွေမပြောနဲ့ ဒီကိစ္စက မင်းနာမည်နဲ့မို့ ဒါတွေကုန်အောင်သောက်ဖို့ပြင်ထား"

"ဟင့် ပါးကလည်း စိတ်သာချ ပါးကို လုံးဝမတိုက်ဘူး ဟီး သားအကြိုက်လေးတွေချည်းပဲ ကုန်အောင်သောက်ပစ်မယ်"

တီ တီ တီ...

"အာ ရိပေါ်ပဲ ဟယ်လို ရိပေါ်..."

တစ်ဖက်ကဖုန်းပြောရင်း လက်တစ်ဖက်က Milk tea ၂ဘူးအသာလေးပါသွားသေးသည်...

"အတော်လေးကို သောက်ချင်နေရှာတာပဲ ဘေးလူတွေကများမြင်ရင် ငါတို့ကပဲ မကျွေးပဲ အငတ်ထားနေတယ် ထင်နေဦးမယ် စားရသလောက် အမြဲစားချင်နေတာ"

"ဖေကြီးရယ် ကျွန်မတို့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာကို ရှာသမျှကလည်း သားအတွက်ပဲမဟုတ်လား သားစိတ်တိုင်းကျပဲ ဖြစ်ပါစေ"

"အေးအေး ဒီအမေနဲ့ ဒီသားလိုက်လှပါတယ် ငါအိပ်တော့မယ်"

ဒီလိုနဲ့ပဲ ရှောင်ပါးနဲ့ ရှောင်မားအခန်းထဲမှာ အသံလေးတွေ ထွက်လာခဲ့ပါတော့တယ်... (ခြင်ရိုက်သံ)

"ရိပေါ် နေကောင်းတယ်မဟုတ်လား"

"ကောင်းတာပေါ့ကောရဲ့ ကောပြောသလိုဆေးလည်းသောက် အစားလည်းစားတယ်လေ"

"အင်း တော်လိုက်တာ"

"ကော ဘာတွေစားနေတာလဲ"

"အာ ကော Milk Tea သောက်နေတာ အိမ်မှာ Milk Tea တွေအများကြီးလာပို့သွားလို့"

"ဘယ်သူလဲကောရဲ့..."

"ကောလည်းမသိဘူး ထားလိုက်ပါ ဘယ်သူပဲဖြစ်ဖြစ် ကောသောက်ရတာပေါ့ ဟီး"

"ဟုတ်ပါပြီ ကောပဲသောက်ပါ အော် ဒါနဲ့ ကော... ဟိုတစ်ခါက ကောပြောဖူးတယ်လေ အဖြူရောင်ကီးချိန်းလေးဆိုတာ"

"အင်း ဘာဖြစ်လို့လဲရိပေါ်..."

"ကျွန်တော် ကောပေးတဲ့ Vd ကိုကြည့်ရင်း အမှတ်တမဲ့တွေ့လိုက်တာလေးက အဖြူရောင်ပေမဲ့ ကောပြောတဲ့ ကီးချိန်းလေးများ ဖြစ်နေမလားလို့ အဲ့တာ ကောကို ပြချင်လို့ မနက်ဖြန် ကောဆီကျွန်တော်လာခဲ့မယ်နော်..."

"အင်းပါ ကောမနက်ဖြန် ဆိုင်မှာပဲရှိနေမှာ ဆိုင်ကိုလာခဲ့ပေါ့..."

"ဟုတ်ကဲ့ကော အစစအရာရာ ဂရုစိုက်နော် ကောလည်းပင်ပန်းနေမှာပေါ့ ဒါဆို ကျွန်တော့်ချစ်သူလေး Good night ပါနော် ချစ်တယ်..."

"အင်း ကောလည်းချစ်တယ် မွ"

"ကျွန်တော်လည်း မွ..."

ချသွားတဲ့ ဖုန်းလေးကိုကြည့်ပြီး နှစ်ယောက်လုံးကတော့ အပြုံးပန်းတွေ ဝေဆာလို့...ကြည့်ရတာ ဒီနေ့လည်း ရှောင်းကျန့်အိပ်လို့ ကောင်းဦးမယ်ထင်ပါရဲ့ မနေ့ကလို မနွေးပေမဲ့ တီတီတာတာ စကားလေးတွေကတော့ ရင်ထဲကို နွေးထွေးစေတယ် မဟုတ်လား...

မနက်ခင်းအလင်းရောင်တွေ ဘယ်လိုပဲလင်းထိန်နေပါစေ ရှောင်းကျန့်ဆိုတဲ့ လူသားကတော့ မမှုပါဘူး...နာရီအချက်ပေးသံကတော့ သူ့အတွက် တေးဆိုပေးနေသယောင်လောက်ပဲ ရှိတယ်လေ...ဖင်နေထိုးမှာဆိုးလို့လည်း ညကတည်းက စောင်နဲ့အိပ်လိုက်တာမို့ စောင်ကြီးခေါင်းမူးခြုံပြီး စောင်ပုံထဲက ထွက်သေးဖို့ အစီအစဥ်မရှိ...

"ကျန့်ကော..."

ရှောင်းကျန့်တစ်ယောက် စောင်ပုံထဲကနေ မျက်လုံးတစ်ဖက်ဖွင့်ကြည့်လိုက်မိသည်... သူတကယ်ကြားလိုက်တာလားပေါ့ ဆက်မကြားရတဲ့ အသံကြောင့် အိပ်မက်လိုလို တကယ့်အဖြစ်အပျက်လိုလို...တွေးရင်ခေါင်းရှုပ်နေမှာမို့ မျက်လုံးမှိတ်ပြီး ပြန်အိပ်ဖို့အလုပ်...

"ကျန့်ကော မထသေးဘူးလား စောင်ပုံကြီးထဲမှာ မမွန်းဘူးလား"

ရှောင်းကျန့်သိလိုက်ပါပြီ အိပ်မက်မဟုတ်ဘူးဆိုတာကိုပေါ့...ရုတ်တရက် ငုတ်တုတ်ထထိုက်လိုက်ပေမဲ့ စောင်ခြုံထားတာကြောင့် မျက်နှာတော့ မပေါ်သေး...

"ကျန့်ကောကလေ ဒီစောင်ကြီးဖယ်ပစ်လိုက်..."

​စကားမဆုံးသေးမီ ဖယ်ချလိုက်တဲ့စောင်ပုံကြားမှာ ကြောင်တောင်တောင်လေး ငုတ်တုတ်ထိုင်နေတဲ့ ရှောင်းကျန့်...ကြည့်ရတာ အိပ်ချင်မပြေသေးတဲ့ပုံပင် ဒါမှမဟုတ် ငုတ်တုတ်များ အိပ်ပျော်နေတာလားပေါ့...

"ကော...ကျန့်ကော!..."

"အမလေး ရိ... ရိပေါ် မင်းဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ"

"ကောကလည်း အလန့်တကြားနဲ့ ကျွန်တော်က ပါးနဲ့မားကို လာပြီးမျက်နှာပြတာလေ ကောရဲ့ချစ်သူပါလို့ တရားဝင်လာနှုတ်ဆက်တာ"

"ရိပေါ်နော် မင်းမကောင်းဘူး လာရင်လည်း အခုလို အစောကြီးလာရသလား နောက်ကျမှလာပေါ့လို့ အခုတော့ ကောကအိပ်ရာထတာ ရုပ်ဆိုးပန်းဆိုးကြီးနဲ့..."

"အော် မင်းကတော့ ဘယ်ဘဝက ကာလနဂါးဝင်စားမှန်းမသိဘူး အချိန်ကြီးလဲ မျက်လုံးကြီးသေချာဖွင့်ပြီး ပြူးပြဲကြည့် ၈နာရီတောင်ထိုးတော့မှာ ဘယ်နားကိုစောနေတာလဲဟမ်..."

"ပါးကလည်း..."

"ကဲပါ သားဝမ်လေးရော သားကျန့်ရော မြန်မြန်အောက်ဆင်းလာခဲ့ကြတော့ မားမနက်စာပြင်ပေးထားတယ် မားတို့အောက်ကစောင့်မယ်နော် ဖေကြီး ရှင်က ဘာလုပ်နေတာလဲ အလိုက်ကန်းဆိုးကို မသိတတ်ဘူး လာ အောက်မှာစောင့်မယ်"

ရှောင်ပါးကတော့ မလိုက်ချင်ပဲ မားမပြောကို မလွန်ဆန်နိုင်စွာပဲ လိုက်သွားခဲ့ရသည်...

"ကော ထတော့နော် ကျွန်တော်စောင့်နေမယ်..."

"အင်း ခနစောင့်နော် အော် ကောအခန်းက နည်းနည်းလေးတော့ ရှုပ်နေတာ အခန်းမရှင်းဖြစ်သေးတော့လေ အဲ့တာကြောင့် နည်းနည်းရှင်းတဲ့နေရာမှာထိုင်နော် ကောကိုယ်လက်သန့်စင်ခဲ့မယ်..."

ကျန့်ကောပြောတာတော့ အခန်းက မဆိုသလောက်လေး ရှုပ်နေတာပါတဲ့ တကယ့်မျက်မြင်ကတော့ အခန်းအခြေအနေဟာ မြွေတောင်ဝင်အောင်းနေနိုင်လောက်သည်...ဟိုတစ်ခါရောက်တုန်းက သေချာသတိမထားမိလိုက်ပေမဲ့ ကောရဲ့အခန်းနံရံတွေမှာ မှတ်စုလေးတွေ အများကြီးရှိနေပေသည်...လက်ရေးလှလှလေးတွေနဲ့ အိပ်မက်တွေကို အချက်နဲ့မှတ်ထားတဲ့ ကောကိုရိပေါ်တကယ်ကို လေးစားမိသည်...ရိပေါ်စုံထောက်တစ်ယောက်သာဖြစ်လာခဲ့တာ ရေးလိုက်တဲ့စာက ပဲပင်ပေါက် ဓာတ်လိုက်နေတဲ့ လက်ရေးမျိုးမို့ ကိုယ်ရေးထားတာကို ကိုယ်ပဲဖတ်နိုင်သည်... ဒါတောင် ရေးထားတာကြာသွားရင် ကိုယ်တိုင်တောင်မဖတ်တတ်တော့ ...ရိပေါ်အကြံရလိုက်သည်က ကောဆီက လက်ထပ်သင်ရမယ်ဆိုတာပါပဲ လက်ရေးကိုပြောပါတယ်...

ရေမိုးချိုးပြီးတဲ့နောက်တော့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့နှစ်ယောက် အိမ်အောက်ထပ်ကို အတူတူဆင်းလာကြသည်... ကြည့်ရတာက ကြင်စဦး မောင်နှံနှစ်ယောက်လို...

"သားတို့ လာထိုင်ကြလေ"

"ဟုတ်မား..."

"ဒီက သားဝမ်လေးအကြောင်းတော့ ဟိုတစ်ခါက သိပြီးသားမို့ အထူးတော့ မမေးတော့ပါဘူး သားကျန့်လေးပြောတော့မှပဲ သူချစ်နေတာက သားဝမ်လေးမှန်းသိတာ...ပါးနဲ့မါးကတော့ သားတို့ချစ်ခြင်းကို လက်ခံပြီးသဘောတူပါတယ် မားမေးချင်တာကတော့ သားဝမ်ရဲ့မိဘတွေ လက်ခံမယ်  လက်မခံဘူးဆိုတာကိုပါ"

"ပါးက Company ကိစ္စတွေနဲ့ အလုပ်ရှုပ်နေသေးလို့ ကျွန်တော်မပြောပြရသေးပါဘူး...ဟိုရက်က ဖြစ်သွားတဲ့ အက်စီဒန့်ကြောင့် ခရီးသွားဖို့ cancel လုပ်လိုက်ရတော့ အဲ့ကိစ္စတွေကို Company မှာပဲ လုပ်နေရတာမို့ အိမ်ကိုတောင်ပြန်မလာနိုင်သေးလို့ပါ စိတ်ချပါ ကျွန်တော်သေချာပေါက် ရအောင်ပြောမှာပါ ပြီးတော့ ပါးသဘောမတူခဲ့ရင်တောင် ကျွန်တော်ကောကို စွန့်လွှတ်မှာ မဟုတ်ပါဘူး ပါးနဲ့မားရဲ့ရှေ့မှာ ကတိပြုပါတယ်..."

"ယုံပါတယ်သားရယ် သားဝမ်လေးက သားကျန့်လေးကို ချစ်တယ်ဆိုတာလည်း မားတို့သိပါတယ် သားကျန့်လေးက ပျော်ပျော်နေတတ်တဲ့သူမို့ အဲ့တာတော့ သည်းခံပေးပါကွယ် အခုလို အိပ်ရာထကလည်း ပျင်းသေးတာလေ"

"မားနော် ဘာတွေပြောမှန်းလည်းမသိဘူး..."

"ကဲပါ ထားလိုက်ပါတော့ သားဝမ်လည်းရောက်နေတာဆိုတော့ ဆိုင်မသွားနဲ့တော့ မားပဲသွားလိုက်မယ် ဟုတ်ပြီလား..."

"ဟုတ်ကဲ့မား!"

အလုပ်မခိုင်းတော့ဘူးဆိုတာနဲ့ တက်ကြွတဲ့ကြက်ဖကြီးဖြစ်သွားတဲ့ ရှောင်းကျန့်ရယ်ပါ... ရှောင်ပါးနဲ့ရှောင်မားကတော့ မနိုင်ဘူးဆိုတဲ့ ပုံနဲ့ လျစ်လျူရှုထားဖို့သာ ဆုံးဖြတ်လိုက်တော့သည်...

"ရိပေါ် မင်းပြောတဲ့ Vd ကိစ္စ ကောကိုပြလေ"

"အင်း ရော့ ဒါက ကျွန်တော်သေချာ အခေါက်ခေါက်အခါခါ ပြန်ကြည့်ပြီးမှတွေ့ထားတာလေး... ဒါလေးက ကောတွေ့ဖူးသလို ကီးချိန်းလေးလား..."

"ဟုတ်တယ်ရိပေါ်  ဒီကီးချိန်းလေးပဲ ကောသေချာပေါက်မှတ်မိတယ်...ဒါဆို ဝမ်ပါးကိုလုပ်ကြံတဲ့ကိစ္စက?"

"သေချာပေါက် ဟိုအရင်အမှုနဲ့ ဆက်စပ်နေတာပေါ့..."

"ရိပေါ် ဘာတွေဖြစ်ကုန်တာလဲ..."

"ကျွန်တော်ပြောပြမယ်ကော ကျွန်တော်တို့စခန်းက အဓိကတာဝန်ယူရတဲ့ အမှုအခင်းတွေက ကွင်းဆက်တွေပိုများတယ်...အခုကျွန်တော်လက်ခံထားတဲ့အမှုမှာ သေဆုံးတဲ့သူတွေက အကုန်လုံး မကောင်းတဲ့သူတွေချည်းပဲ ပြောရရင် သူခိုးဓားပြလို ရာဇဝတ်မှုတစ်ခုခုနဲ့ ငြိစွန်းဖူးကြတဲ့သူတွေချည်းပဲ သေမှုသေခင်းတူနေပေမဲ့  သေဆုံးသူတွေကြားမှာရှိတဲ့ ဆက်စပ်မှုကို ရှာမရဘူးဖြစ်နေတာကြောင့် ဒီအမှုတွေက တစ်ခုနဲ့တစ်ခု ကွဲနေကြတာပဲ ကော​တွေ့ဖူးတဲ့ အဖြူရောင်ကီးချိန်းလေးက သူတို့ရဲ့ကြားက သင်္ကေတဖြစ်နေနိုင်တယ်..."

"ဒါဆို လုပ်ကြံတဲ့သူက ဘာလို့ဝမ်ပါးကို လုပ်ကြံရတာလဲ..."

"အဲ့ကိစ္စကို ကျွန်တော်လည်း ဆက်စပ်လို့မရဘူးကော...ကျွန်တော့်ရဲ့ပါးမို့ ဘက်လိုက်ပြောတာမဟုတ်ပေမဲ့ ပါးနဲ့ရန်ငြိုးရန်စရှိတဲ့သူ မရှိဘူး..."

"ရိပေါ်... မင်းလည်းဂရုစိုက်ပါ ဒီလိုကွင်းဆက်အမှုတွေဆိုတာ လိုက်ရတာ အရမ်းကို ခက်ခဲလွန်းတယ်... အန္တရာယ်လည်းများတယ် ကိုယ့်ဘက်က တစ်ခုခုမှန်နေရင်တောင် သူတို့ဘက်က အငြှိုးထားကြမှာ"

"ကျွန်တော့်ကို စိတ်မပူပါနဲ့ကောရဲ့ ကျွန်တော်ကသာ ကောကိုစိုးရိမ်နေတာ ပြောရရင် ဟိုတစ်ခါကသေဆုံးမှုမှာလည်း ကီးချိန်းကိုကောပဲမြင်ခဲ့တာ ဒီတစ်ခါ အက်စီးဒန့်မှာလည်း ကောကပဲ တားဆီးပေးလိုက်တာ အဲ့တာကြောင့် ကောဂရုစိုက်ဖို့လိုတယ်... ကျွန်တော်ပြောတာကို သေချာမှတ်ထားပါနော်"

"စိတ်ချပါ ရိပေါ်ရဲ့... ကောကဘာဖြစ်ရမှာလဲ ကောကိုကာကွယ်ပေးမဲ့ စုံထောက်ကြီးတစ်ယောက်လုံး ရှိနေတာကို..."

အခန်းကျဥ်းလေးထဲမှာ စကားတစ်ပြောပြောနဲ့ ပြုံးပျော်နေတဲ့သူရှိသလို ကောင်လေးတစ်ယောက်ကို လာမယ်အထင်နဲ့ မျှော်နေခဲ့တဲ့ လူတစ်ယောက်လည်းရှိခဲ့ပါသတဲ့...

Double Upနော် အပ်ပေးပြီးရင် ဖတ်ပေးဖို့က ဒါဒါတို့တာဝန် မိုးတွေတဂျိမ်းဂျိမ်းကြားကနေ အပ်ပေးရတဲ့ သာသာ့ကိုချစ်ရင် feedback လေးချန်ပေးခဲ့ပါလို့😭😭😭

1.5.2021
𝓥𝓲𝓸𝓵𝓪𝓻💞💞💞

Continue Reading

You'll Also Like

43K 2.8K 50
ရည်းစားများခြင်းအတွက် အကောင်းဆုံး cover "ငါ တကယ် မချစ်တတ်သေးလို့ပါ" ရည်းစားများခြင်းအတွက် အကောင်းဆုံး cover "ငါ တကယ် မချစ်တတ်သေးလို့ပါ" No.1
25.4K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
98.4K 15.9K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...