Ep 21 (U+Z)

832 87 8
                                    

𝓘𝓯 𝓭𝓻𝓮𝓪𝓶𝓼 𝓬𝓪𝓷 𝓽𝓮𝓵𝓵 𝓽𝓱𝓮 𝓯𝓾𝓽𝓾𝓻𝓮...

𝓔𝓹𝓲𝓼𝓸𝓭𝓮 21 🍁🍁🍁

"ဆရာ ဒီနေ့ ရှောင်းကျန့်အိမ်ကနေပြီး ရိပေါ်ထွက်သွားတာကို မြင်လိုက်ပါတယ်"

"ရာရာစစ မင်းပါးစပ်ကနေ ငါ့ကောင်လေးရဲ့ နာမည်ကို ခေါ်ရဲတာလား"

"ဟို ဟို တောင်းပန်ပါတယ် ဆရာ"

"နောက်ဆို ရှောင်းသခင်လေးလို့ခေါ်... နောက်တစ်ခါ မင်းပါးစပ်ကနေ သူ့နာမ်စားထွက်လာခဲ့ရင် Jack ဗိုက်ဝမဲ့နေ့လို့ မင်းမှတ်ထားလိုက်တော့"

"ဟုတ် ဟုတ်ကဲ့ပါ ဆရာ"

"သွားတော့!"

"ဟာကွာ ကောင်လေးရေ မင်းကငါ့စိတ်ကို လာဆွနေသလိုဖြစ်နေပြီ..."

အခန်းငယ်လေးထဲမှာတော့ ရှိသမျှပစ္စည်းတွေ ရစရာမရှိအောင် ဖျက်စီးနေသော တစ်ယောက်သောသူ...အခန်းဝက အစောင့်တွေကတော့ ​စကားမမှားအောင် သတိထားနေရတော့သည်...မဟုတ်ရင် သူတို့ဆရာရဲ့အ​ကျင့်နဲ့ဆို Jack ရဲ့အစာဖြစ်သွားနိုင်တယ် မဟုတ်လား...

🍀🍀🍀

"သားကျန့် ရိပေါ်လေးပြန်သွားပြီလား"

"ဟုတ်မား ပြန်သွားပြီလေ သူ့အလုပ်ကို ခနဝင်ဖို့ရှိသေးတယ်ပြောလို့ စောစောပြန်လိုက်တော့တာ မားကိုနှုတ်ဆက်မသွားလိုက်ရလို့လည်း တောင်းပန်ပါတယ်တဲ့"

"အေးပါ သားကျန့်က ဘယ်ကိုသွားဉီးမလို့လဲ"

"အာ ကျန်းချန်တို့အိမ်ပါ ပြောစရာလေးရှိလို့ ခနနေပြန်လာမယ်နော် မား Bye bye"

"အမလေးနော် ဖအေတစ်ယောက်လုံးရှိနေတာတောင် သူ့အမေကိုပဲ နှုတ်ဆက်သွားတယ် နေပါစေဉီး ရေခဲသေတ္တာထဲက ဖျော်ရည်တွေ အကုန်သောက်ပစ်မယ်"

"အမလေး ရှင်သောက်ချင် သောက်ချင်တယ်ပေါ့ အလကားဟိုလွှဲချ ဒီလွှဲချနဲ့ သောက်ချင်ယူသောက်ပေါ့ တကယ်ပါပဲ"

ဒီလိုနဲ့ပဲ ရှောင်ပါးဟာ ရှောင်းကျန့်မသိအောင် Milk teaတွေ ယူသောက်လိုက်ပါသတဲ့...

"ပြောတော့သာ သားကျန့်ကို ငါနဲ့တူတယ် ဘာတယ်နဲ့ အကျင့်က ရှင်နဲ့တစ်ထပ်တည်း မိတ္တူကူးရင်တောင် ဒီလောက်တူမှာမဟုတ်ဘူး"

If dreams can tell the future...(Complete)Where stories live. Discover now