စေလိုရာစေ...
(Unicode)
"ကလေး..ကိုယ် ကလေးဆီလာလို့ရမလား..ကလေးခုန..လမ်းခွဲမယ် ပြောတာ တကယ်မဟုတ်ဘူးမလား..ဟုတ်ပါတယ်..ကလေး ကိုယ့်ကို စိတ်ဆိုးနေတာ..ကိုယ်ဘာအမှားလုပ်မိလို့လဲ
ကလေးရယ်..ပြောပါ..ကိုယ်ပြင်ပါ့မယ် ..နော်..ဒါပေမယ့်..လမ်းခွဲမယ့်အကြောင်းတော့.."
"တီ"
ပြောနေရင်းနဲ့ ရှိုက်သံ တစ်ချက် ဆို့နင့်စွာ ထွက်ပေါ်လာတဲ့ ကိုမျိုး။ဒီထပ်ပိုပြီး နားမထောင်ရက်တော့တာကြောင့် ဖုန်းကိုချပြီး မျက်နှာ လက်နှစ်ဖက်နဲ့အုပ်မိုး၍ ကလေးတစ်ယောက်လို ငိုချမိသည်။
"အင့်..ဟင့်"
ဒီလိုအခြေနေထိ ရောက်လာအောင် ဘယ်နေရာကစမှားခဲ့လဲ လေညှင်းမသိဘူး။သေချာတာကတော့ မေမေ့နောက်တခါ စိတ်ဒဏ်ရာမရဖို့အရေး သူ့နှလုံးသားကို စတေးရတော့မယ်။
နောက်တနေ့မနက် ဆေးရုံသွားဖို့ အောက်ထပ်ဆင်းလာတော့ ဘုရားဝတ်ပြုပြီး ထွက်လာတဲ့ မေမေနဲ့တန်းတိုးသည်။
"သား..ဖြစ်နိုင်ရင် ဒီနေ့ခွင့်ယူလိုက်ပါလား..မေမေ သားဦးလေးကို ဖုန်းဆက်ပြောပေးမယ်..မနက်ဖြန် စေ့စပ်ပွဲအတွက် ပြင်ဆင်စရာရှိတာလေးတွေ လုပ်ရအောင်လို့"
"အင်း..မေ့မေ့ ကောင်းသလိုသာ လုပ်ပါ..အဲ့ဒါဆို သားအပေါ်ပြန်တက်တော့မယ်...ညက ညဥ့်နက်ထားလို့ ပြန်အိပ်ချင်လို့"
ခေါင်းကိုငံုံ ့ခါးကိုကိုင်းပြီး အပေါ်ထပ်ပြန်တက်သွားတဲ့သား။ဒေါ်နည်းရည်သွဲ့ သက်ပြင်းချမိတာ ဒါနဲ့ဆို ဘယ်နှကြိမ်မှန်းသူမသိတော့။
သား သူ့ကိုမုန်းရင်မုန်းသွားပါစေ သားဘဝလေးလှဖို့အတွက်ဆိုရင် သူ ဗီလိန်ဇာတ်ဆောင်နေရာကနေ
ပါဝင်ကပြဖို့အဆင်သင့်မို့ ဒီအမေကို စိတ်နာရင်လည်း နာပါစေတော့။
နေ့လည်ရောက်တော့ ဦးစံက ဆေးရုံကနေ ရောက်ချလာသည်။လေညှင်း ခွင့်မယူစဖူးယူတာကြောင့်ရော စေ့စပ်ပွဲ ကိစ္စ မေမေ့ဆီက ကြားပြီးတာနဲ့ အိမ်ကိုရောက်လာေလသည်။
"ဒါကတော့ မတရားဘူးလို့ ကျွန်တော်ထင်တယ် အစ်မ..တူလေးက သူက ဂေးတစ်ယောက်လို့ ဝန်ခံခဲ့တာပဲ..ဒါကို အစ်မက လက် မခံတဲ့အပြင်
အခု မိန်းမပါပေးစါးဦးမယ်ဆိုတော့ အစ်မ တစ်ကိုယ်ကောင်းဆန်လွန်းတယ်ဗျာ"
လေညှင်း ဦးစံကို တွေ့ဖို့ အောက်ထပ်ဆင်းလာတော့ မေမေနဲ့ဦးစံ အခြေတင် ဖြစ်နေတဲ့ စကားသံတွေ ဧည့်ခန်းဆီက လွင့်ပျံလာသည်။
"ဒီမှာ မတ်လေး..မင်းတို့ အစ်မကို အခုချိန်မှာ
ကြိုက်သလောက် အပြစ်တင်လို့ရတယ် ပြော..ဒီထက်ဆိုးတဲ့ စကားကြားရလည်း အစ်မခံနိုင်ရည်ရှိတယ်..နောက်တချိန်ရောက် မှ ဒီအစ်မရဲ့ စေတနာကို ကောင်းကောင်းနားလည်လိမ့်မှာ"
"ဟား..ခက်တယ်ဗျာ..အစ်ကိုသာ ရှိသေးရင် ကျွန်တော့်ဆန္ဒနဲ့ ထပ်တူပဲ ဖြစ်မှာ..ကျိန်းသေပဲ.."
"အစ်မမှာ ဒီသားလေး တစ်ယောက်ပဲ ရှိတော့တာ..အစ်ကို ဆုံးသွားတဲ့နောက်ပိုင်း ဘယ်လို အခက်ခဲပဲရှိရှိ..သား မျက်နှာလေးကို ကြည့်ပြီး
အားတင်းခဲ့ရတာ မတ်လေးအသိဆုံး..
အခုချိန်ရောက် မှ ကိုယ့်သားသမီးက လမ်းဆုံးမှာ ချောက်ရှိမှန်းသိသိရက်နဲ့ ဆက်သွားနေမှာကို..အစ်မ ဘယ်လိုမှ လက်ပိုက်ကြည့်မနေနိုင်ဘူး..အစ်မရဲ့မောင်ငယ်လေးလိုမျိုး သားလေးကို
ထပ်ဆုံးရှုံးရရင် အစ်မ ခံနိုင်ရည်ရှိမယ်မထင်ဘူး..မတ်လေး..ဒီအစ်မကို နားလည်ပေးပါ"
ပြောရင်း အသံတိမ်ဝင်သွားတဲ့ မရီးဖြစ်သူကြောင့် ဦးစံ သက်ပြင်းမော တစ်ချက် ပင့်ရှိုက်မိသည်။
"ေဩာ်...သား လာထိုင်လေ..ဦးစံက သားကို မတွေ့တာနဲ့ အခုပဲမေးတော့မလို့"
လေညှင်း လှေကားနားမှာ ရပ်နားထောင်နေတာ မြင်တော့ ဦးစံက သူ့ဘေးက ဆိုဖာမှာ ဝင်ထိုင်ဖို့ ခေါ်သည်။
"သား..လေညှင်း..စေ့စပ်ပဲွဲပြီးရင်တော့ အလုပ်ပြန်ဆင်းမယ်မလား..ဒီနေ့တောင် သား လူနာတွေက သားကို မတွေ့လို့ တမေးထဲမေးနေကြတာ..ဟ..ဟား..ဆေးရုံအုပ်ဖြစ်တဲ့ ဦးစံတောင် မင်းလောက် အရေးမလုပ်ခံရဘူး..အစ်မ သားကတော့ တကယ့်ကို လူချစ်လူခင် ပေါတယ်ဗျာ"
"ဟုတ်..လေညှင်း သဘက်ခါ အလုပ်ပြန်ဆင်းမှာ..ဦးစံ.."
"အင်းပါ..ဟုတ်ပါပြီ.."
"တူဝရီးနှစ်ယောက် စကားပြောနှင့်ကြဦး..အစ်မ ထမင်းပွဲသွားပြင်လိုက်ဦးမယ်.."
"ဟာ..ငါ့ အစ်မ လက်ရာလွမ်းနေတာနဲ့ အတော်ပဲဟေ့..ဒီနေ့တော့ ငစံတို့ဗိုက်ကားပြီ"
စကားဝိုင်းကနေ ရှောင်ထွက်သွားတဲ့ အစ်မကို တစ်လှည့် ဧည့်ခန်းထဲရောက်ကတည်းက မအေနဲ့ အကြည့်ချင်းမဆုံပဲ ခေါင်းငုံ့ထားတဲ့ တူဖြစ်သူကို တလှည့်ကြည့်ပြီး
သက်ပြင်းထပ်ချမိပြန်ပါပေါ့။မလွယ်ဘူး။ကြာရင် ဒီသားအမိနှစ်ယောက်နဲ့ သူပါ အသက်တိုလိမ့်မည်။
"ငါ့တူရာ..စေ့စပ်ပွဲ လုပ်တာပဲ..မဂ်လာဆောင်တာမှမဟုတ်သေးတာ..အဲ့လောက်ကြီး စိတ်ဓာတ်ကျမနေစမ်းပါနဲ့..အရင်လို တက်တက်ကြွကြွလေး ပြန်နေ..ဟုတ်ပြီလား.."
"သား သူ့ကို လပ်မထပ်ချင်ဘူး..ဦးစံ..မဟုတ်ဘူး..ဘယ်မိန်းကလေးကိုမှ သား ကာဗာမလုပ်ချင်တာ..ပြီးတော့ အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခု တည်မြဲဖို့ဆိုတာ..ဘယ်လိုမှ မဖြစ်နိုင်ဘူး..ဒါပေမယ့် ကျွန်တော် မေမေ့ကိုလည်း မလွန်ဆန်နိုင်ဘူး..ဦးစံ..လေညှင်း ဘယ်လိုလုပ်သင့်လဲ"
"အများကြီးတွေးမနေနဲ့ ငါ့တူ..ဦးစံယုံကြည်တယ်..ဒီမဂ်လာပွဲက ငါ့တူဆန္ဒမပါဘဲ ဖြစ်တည်လာတာမို့..တနည်းမဟုတ်တနည်းနဲ့ ပြတ်မှာပဲ..
့အခုလောလောဆယ်တော့ မင်းအမေက သွေးပူနေလို့ သူ့စိတ်တိုင်းကျ လိုက်စီစဥ်နေတာ..
တချိန် အစ်မ စိတ်ငြိမ်သွားတဲ့ အချိန်ကျရင် သားက သေချာလေး ထပ်ဖြောင်းဖျလိုက်..အဲ့ဒါမှ အစ်မက လက် မခံသေးရင် ဦးစံကိုယ်တိုင် သားရှေ့က
မားမားမတ်မတ် ရပ်တည်ပေးမယ်..ဒီမဂ်လာပွဲ ဘယ်နည်းနဲ့မှ ဖြစ်မလာစေရဘူး..
အခုတော့ သားက သားအမေစိတ်တိုင်းကျ စေ့စပ်ပွဲကို လက်ခံပေးလိုက်..ဟုတ်ပြီလား...တဖက် မိန်းကလေးကို အားနာပေမယ့်
ငါ့တူပျော်ရွင်ဖို့ နောက် မှ မီးစဥ်ကြည့်ကရင်ကရမှာပဲ မတတ်နိုင်ဘူး"
ဦးစံက လေညှင်းအတွက် အဖေလိုတစ်မျိုး သူငယ်ချင်းလိုတမျိုး သူ့အပေါ် နားလည်ပေးတဲ့သူပင်။တခါတလေ အရမ်းစိတ်ဓာတ်ကျနေရင် ဦးစံဆီက စကားလုံးလေးတွေက လေညှင်းအတွက် ခွန်အားဖြစ်စေခဲ့သည်။အခုလို အကြပ်တည်းထဲ ရောက်နေတဲ့အချိန်မျိုးလိုပေါ့။
"ကျေးဇူးပါ ဦးစံ..လေညှင်းကို နားလည်ပေးနိုင်တာ ဦးစံတစ်ယောက်ပဲ ရှိတယ်.."
"တို့တူဝရီးကြား ကျေးဇူးစကား မလိုပါဘူး ငါ့တူရာ..လာ..ဦးစံတို့ ထမင်းသွားစားရအောင် အစ်မလည်း စောင့်နေလောက်ပြီ"
-
-
-
"Ting!"
လေညှင်း ေခါင်းသုတ်နေတုန်း စားပွဲပေါ်က ဖုန်းသံကြောင့် ယူကြည့်လိုက်တော့ ကိုမျိုးဆီက။မနေ့က တနေ့လုံး ထပ်ခါထပ်ခါ ဖုန်းခေါ်ခဲ့ပေမယ့် လေညှင်းမကိုင်ခဲ့။အခုလည်း စာတွေပို့ထားတာ အစောင်ရေ တစ်ရာလောက်ရှိလောက် မည်။
"Ring..Ring"
"ဟယ်လို"
"က..ကလေး နောက်ဆုံးတော့ ကိုယ့်ဖုန်းကိုင်ပြီပေါ့..ပျော်လိုက်တာ ကလေးရယ်..ဟို..ကလေး ဦးလေးဆီက စေ့စပ်ပွဲကိစ္စဆိုတာ တကယ်မဟုတ်ဘူးမလား..ကလေး..ဟင်..ကိုယ့်ကိုပြောပါဦး.."
"ဦးစံမလိမ်ဘူး..ကိုမျိုး..လေညှင်း စေ့စပ်တော့မယ်ဆိုတာ အမှန်ပဲ..ပြီးတော့ စေ့စပ်ပွဲကလည်း ဒီနေ့ပဲ"
"မဖြစ်နိုင်တာ..ကိုယ်မယုံဘူး..ကလေး..ကိုယ်အခုပဲ ကလေးဆီလာခဲ့မယ်.."
"ဟယ်လို...ဟယ်လို ကိုမျိုး..ကျစ်"
ကိုမျိုးလာလည်း အမေက အိမ်ထဲဝင်ခံမှာမဟုတ်ဘူးဆိုတဲ့အကြောင်း ပြောမလို့ရှိသေး ဖုန်းချသွားလေသည်။မတတ်နိုင်ဘူး လာမှ သေချာရှင်းပြပြီး ပြန်လွှတ်ရမှာပဲ။
ချက်ချင်းကြီး လမ်းခွဲခံလိုက်ရပြီး ချစ်ရသူက မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်တော့မယ်ဆိုတော့ ကိုမျိုး အခုချက်ချင်း လက်မခံနိုင်သေးတာ ကိုမျိုးအလွန်တော့မဟုတ်။
လေညှင်း ကိုမျိုးကို လမ်းခွဲလိုက်ပေမယ့် ကိုမျိုးအပေါ် ထားရှိတဲ့ မေတ္တာတရားကတော့ အခုထိ မပျက်ယွင်းခဲ့။ကိုမျိုးက လေညှင်းရဲ့ အချစ်ဦး။ရင်ခုန်သံတွေ ဦးဦးဖျားဖျား ဆွတ်ယူသွားခဲ့သူ။
လေညှင်းအပေါ် ကြင်နာယုယတယ် အစ်ကိုတစ်ယောက်လို ကာကွယ်ပေးတဲ့သူမို့ ဖြစ်နိုင်ရင် ကိုမျိုးနဲ့ ထာဝရလက်တွဲသွားချင်တယ်။ဒါပေမယ့် အခုအခြေနေနဲ့တော့ ဆုပ်လည်းစူး စားလည်းရှုးမို့ ကိုမျိုး သူ့ကို နားလည်ပေးဖို့သာ မျှော်လင့်သည်။
"သား..အဆင့်သင့်လုပ်ထားနော်..ပွဲက ဆယ်နာရီဆိုပေမယ့် ကိုးနာရီလောက် ရောက် မှ အဆင်ပြေမှာ..သားဦးလေးလည်း ခဏနေရင် ရောက်လိမ့်မယ်"
"ဟုတ်ကဲ့..မေမေ..သားက ဘာမှသိပ်ပြင်စရာမလိုဘူး..အက်ျီပုဆိုးလေး ကောက်ဝတ်လိုက်ရင်ပြီးပြီ"
"Ting"
မေမေထွက်သွားတော့ ဖုန်းကို စာတစောင်ဝင်လာသည်။ယူကြည့်လိုက်တော့..
"ကလေး..ကိုယ် အိမ်ရှေ့ရောက်နေပြီ..ဝင်ခဲ့မယ်နော်"
ပြသနာပဲ အမေနဲ့တွေ့ရင်တော့ မျက်နှာပျက်စရာတွေ ဖြစ်ကုန်တော့မယ်။
"ဟယ်လို..ကလေး"
"ကိုမျိုး..လေညှင်း အခု ထွက်တွေ့မယ်..ခြံရှေ့မှာ စောင့်နေပေးပါ..ကျေးဇူးပြုပြီး"
"ဟုတ်ပြီ..ကလေး ကိုယ်စောင့်နေမယ်"
ကလေးဆီမှာ ပြသနာတစ်ခုရှိနေပုံရတယ်။သေချာတာကတော့ သူနဲ့ ပက်သက်တာပဲ ဖြစ်လိမ့်မည်။ထို့ကြောင့် ကလေး အိမ်ရှေ့ကို မသွားတော့ပဲ ကားထဲက ထိုင်စောင့်နေလိုက်သည်။
ကလေး ရောက်လာရင်တော့ အကြောင်းရာ အလုံးစုံ သိရပေလိမ့်မည်။
"သား..ပွဲချိန်နီးနေပြီလေ..ဘယ်သွားမလို့လဲ"
နာရီ ကြည့်လိုက်တော့ လက်တံအတိုက ရှစ်ကို ညွန်ပြနေသည်။
"ဟို..မေမေ..သား"
မေမေ အလှပြင်နေတုန်း ကိုမျိုးကို ထွက်တွေ့ဖို့ တိတ်တိတ်လေး အောက်ဆင်းလာကာမှ အခန်းထဲက ထွက်လာတဲ့ မေမေနဲ့ တန်းတိုးတဲ့အဖြစ်။ဘယ်လို ဆင်ခြေပေးရမလဲ စဥ်းစားနေရင်း သူ ခေါင်းကုတ် ခြေကုတ်ဖြစ်နေတုန်း..
"ဟာ..ငါ့တူ ဦးစံခုနက ဖုန်းဆက်တယ်လေ..ဆေးရုံမသွားသေးဘူးလား အဖွားအေရီအကြောင်းမသိတာလည်းမဟုတ်ပဲနဲ့..ဟိုမှာ လူနာအဖွားက.. သူ့သား ဒေါက်တာ လေညှင်းသွဲ့ကို တွေ့ချင်လို့ပါဆိုပြီး..ဆေးလည်းမသောက်ဘူး.. တငိုငို တရီရီ နဲ့.ခဏပါပဲကွာ..မျက်နှာလေးပြပြီးတာနဲ့ ပြန်ခဲ့ ဟုတ်ပြီလား..အစ်မ ရတယ်မလား..တူလေး ကို စေ့စပ်ပွဲဆီပဲ တန်းလာခိုင်းလိုက် မယ်..ကျွန်တော်တို့ အရင်သွားလိုက်တာပေါ့"
မေမေ့ ရဲ့မသ ကာ်တဲ့ အကြည့်တွေအောက် သူအခက်တွေ့နေတုန်း ဦးစံ ဝင်ပြီး ပြောပေးလိုက်တာကြောင့် အဆင်ပြေသွားသည်။မဟုတ်ရင် လေညှင်း လိမ်မပြောတတ်တာနဲ့ အကုန်ပေါ်မှာ။
"ဒါဆိုလည်း သွားလေ..ကိုးနာရီအရောက်တော့ ပြန်လာခဲ့ပေါ့..မေမေ အမသင်းယုတို့ကို အကျိုးအကြောင်း ရှင်းပြထားလိုက် မယ်"
"ဟုတ်..မေမေ..ဒါဆို သားကားယူသွားလိုက်မယ်.."
ဦးစံကို မသိမသာ မျက်ရိပ်ပြပြီး ကားသော့ယူ၍ ထွက်လာခဲ့လိုက်တော့သည်။
#Thanks for reading😍😘
Syringa
*************************************
ေစလိုရာေစ...
(Zawgyi)
"ကေလး..ကိုယ္ ကေလးဆီလာလို႔ရမလား..ကေလးခုန..လမ္းခြဲမယ္ ေျပာတာ တကယ္မဟုတ္ဘူးမလား..ဟုတ္ပါတယ္..ကေလး ကိုယ့္ကို စိတ္ဆိုးေနတာ..ကိုယ္ဘာအမွားလုပ္မိလို႔လဲ
ကေလးရယ္..ေျပာပါ..ကိုယ္ျပင္ပါ႔မယ္ ..ေနာ္..ဒါေပမယ့္..လမ္းခြဲမယ့္အေၾကာင္းေတာ့.."
"တီ"
ေျပာေနရင္းနဲ႔ ရႈိက္သံ တစ္ခ်က္ ဆို႔နင့္စြာ ထြက္ေပၚလာတဲ့ ကိုမ်ိဳး။ဒီထပ္ပိုၿပီး နားမေထာင္ရက္ေတာ့တာေၾကာင့္ ဖုန္းကိုခ်ၿပီး မ်က္ႏွာ လက္ႏွစ္ဖက္နဲ႔အုပ္မိုး၍ ကေလးတစ္ေယာက္လို ငိုခ်မိသည္။
"အင့္..ဟင့္"
ဒီလိုအေျခေနထိ ေရာက္လာေအာင္ ဘယ္ေနရာကစမွားခဲ့လဲ ေလညႇင္းမသိဘူး။ေသခ်ာတာကေတာ့ ေမေမ့ေနာက္တခါ စိတ္ဒဏ္ရာမရဖို႔အေရး သူ့ႏွလုံးသားကို စေတးရေတာ့မယ္။
ေနာက္တေန႔မနက္ ေဆး႐ုံသြားဖို႔ ေအာက္ထပ္ဆင္းလာေတာ့ ဘုရားဝတ္ျပဳၿပီး ထြက္လာတဲ့ ေမေမနဲ႔တန္းတိုးသည္။
"သား..ျဖစ္ႏိုင္ရင္ ဒီေန႔ခြင့္ယူလိုက္ပါလား..ေမေမ သားဦးေလးကို ဖုန္းဆက္ေျပာေပးမယ္..မနက္ျဖန္ ေစ့စပ္ပြဲအတြက္ ျပင္ဆင္စရာရွိတာေလးေတြ လုပ္ရေအာင္လို႔"
"အင္း..ေမ့ေမ့ ေကာင္းသလိုသာ လုပ္ပါ..အဲ့ဒါဆို သားအေပၚျပန္တက္ေတာ့မယ္...ညက ညဥ့္နက္ထားလို႔ ျပန္အိပ္ခ်င္လို႔"
ေခါင္းကိုငံုံ ့ခါးကိုကိုင္းၿပီး အေပၚထပ္ျပန္တက္သြားတဲ့သား။ေဒၚနည္းရည္သြဲ႕ သက္ျပင္းခ်မိတာ ဒါနဲ႔ဆို ဘယ္ႏွႀကိမ္မွန္းသူမသိေတာ့။
သား သူ့ကိုမုန္းရင္မုန္းသြားပါေစ သားဘဝေလးလွဖို႔အတြက္ဆိုရင္ သူ ဗီလိန္ဇာတ္ေဆာင္ေနရာကေန
ပါဝင္ကျပဖို႔အဆင္သင့္မို႔ ဒီအေမကို စိတ္နာရင္လည္း နာပါေစေတာ့။
ေန႔လည္ေရာက္ေတာ့ ဦးစံက ေဆး႐ုံကေန ေရာက္ခ်လာသည္။ေလညႇင္း ခြင့္မယူစဖူးယူတာေၾကာင့္ေရာ ေစ့စပ္ပြဲ ကိစၥ ေမေမ့ဆီက ၾကားၿပီးတာနဲ႔ အိမ္ကိုေရာက္ေလာလသည္။
"ဒါကေတာ့ မတရားဘူးလို႔ ကြၽန္ေတာ္ထင္တယ္ အစ္မ..တူေလးက သူက ေဂးတစ္ေယာက္လို႔ ဝန္ခံခဲ့တာပဲ..ဒါကို အစ္မက လက္ မခံတဲ့အျပင္
အခု မိန္းမပါေပးစါးဦးမယ္ဆိုေတာ့ အစ္မ တစ္ကိုယ္ေကာင္းဆန္လြန္းတယ္ဗ်ာ"
ေလညႇင္း ဦးစံကို ေတြ႕ဖို႔ ေအာက္ထပ္ဆင္းလာေတာ့ ေမေမနဲ႔ဦးစံ အေျခတင္ ျဖစ္ေနတဲ့ စကားသံေတြ ဧည့္ခန္းဆီက လြင့္ပ်ံလာသည္။
"ဒီမွာ မတ္ေလး..မင္းတို႔ အစ္မကို အခုခ်ိန္မွာ
ႀကိဳက္သေလာက္ အျပစ္တင္လို႔ရတယ္ ေျပာ..ဒီထက္ဆိုးတဲ့ စကားၾကားရလည္း အစ္မခံႏိုင္ရည္ရွိတယ္..ေနာက္တခ်ိန္ေရာက္ မွ ဒီအစ္မရဲ႕ ေစတနာကို ေကာင္းေကာင္းနားလည္လိမ့္မွာ"
"ဟား..ခက္တယ္ဗ်ာ..အစ္ကိုသာ ရွိေသးရင္ ကြၽန္ေတာ့္ဆႏၵနဲ႔ ထပ္တူပဲ ျဖစ္မွာ..က်ိန္းေသပဲ.."
"အစ္မမွာ ဒီသားေလး တစ္ေယာက္ပဲ ရွိေတာ့တာ..အစ္ကို ဆုံးသြားတဲ့ေနာက္ပိုင္း ဘယ္လို အခက္ခဲပဲရွိရွိ..သား မ်က္ႏွာေလးကို ၾကည့္ၿပီး
အားတင္းခဲ့ရတာ မတ္ေလးအသိဆုံး..
အခုခ်ိန္ေရာက္ မွ ကိုယ့္သားသမီးက လမ္းဆုံးမွာ ေခ်ာက္ရွိမွန္းသိသိရက္နဲ႔ ဆက္သြားေနမွာကို..အစ္မ ဘယ္လိုမွ လက္ပိုက္ၾကည့္မေနႏိုင္ဘူး..အစ္မရဲ႕ေမာင္ငယ္ေလးလိုမ်ိဳး သားေလးကို
ထပ္ဆုံးရႈံးရရင္ အစ္မ ခံႏိုင္ရည္ရွိမယ္မထင္ဘူး..မတ္ေလး..ဒီအစ္မကို နားလည္ေပးပါ"
ေျပာရင္း အသံတိမ္ဝင္သြားတဲ့ မရီးျဖစ္သူေၾကာင့္ ဦးစံ သက္ျပင္းေမာ တစ္ခ်က္ ပင့္ရႈိက္မိသည္။
"ေဩာ္...သား လာထိုင္ေလ..ဦးစံက သားကို မေတြ႕တာနဲ႔ အခုပဲေမးေတာ့မလို႔"
ေလညႇင္း ေလွကားနားမွာ ရပ္နားေထာင္ေနတာ ျမင္ေတာ့ ဦးစံက သူ့ေဘးက ဆိုဖာမွာ ဝင္ထိုင္ဖို႔ ေခၚသည္။
"သား..ေလညႇင္း..ေစ့စပ္ပဲွဲၿပီးရင္ေတာ့ အလုပ္ျပန္ဆင္းမယ္မလား..ဒီေန႔ေတာင္ သား လူနာေတြက သားကို မေတြ႕လို႔ တေမးထဲေမးေနၾကတာ..ဟ..ဟား..ေဆး႐ုံအုပ္ျဖစ္တဲ့ ဦးစံေတာင္ မင္းေလာက္ အေရးမလုပ္ခံရဘူး..အစ္မ သားကေတာ့ တကယ့္ကို လူခ်စ္လူခင္ ေပါတယ္ဗ်ာ"
"ဟုတ္..ေလညႇင္း သဘက္ခါ အလုပ္ျပန္ဆင္းမွာ..ဦးစံ.."
"အင္းပါ..ဟုတ္ပါၿပီ.."
"တူဝရီးႏွစ္ေယာက္ စကားေျပာႏွင့္ၾကဦး..အစ္မ ထမင္းပြဲသြားျပင္လိုက္ဦးမယ္.."
"ဟာ..ငါ႔ အစ္မ လက္ရာလြမ္းေနတာနဲ႔ အေတာ္ပဲေဟ့..ဒီေန႔ေတာ့ ငစံတို႔ဗိုက္ကားၿပီ"
စကားဝိုင္းကေန ေရွာင္ထြက္သြားတဲ့ အစ္မကို တစ္လွည့္ ဧည့္ခန္းထဲေရာက္ကတည္းက မေအနဲ႔ အၾကည့္ခ်င္းမဆုံပဲ ေခါင္းငုံ႔ထားတဲ့ တူျဖစ္သူကို တလွည့္ၾကည့္ၿပီး
သက္ျပင္းထပ္ခ်မိျပန္ပါေပါ႔။မလြယ္ဘူး။ၾကာရင္ ဒီသားအမိႏွစ္ေယာက္နဲ႔ သူပါ အသက္တိုလိမ့္မည္။
"ငါ႔တူရာ..ေစ့စပ္ပြဲ လုပ္တာပဲ..မဂ္လာေဆာင္တာမွမဟုတ္ေသးတာ..အဲ့ေလာက္ႀကီး စိတ္ဓာတ္က်မေနစမ္းပါနဲ႔..အရင္လို တက္တက္ႂကြႂကြေလး ျပန္ေန..ဟုတ္ၿပီလား.."
"သား သူ့ကို လပ္မထပ္ခ်င္ဘူး..ဦးစံ..မဟုတ္ဘူး..ဘယ္မိန္းကေလးကိုမွ သား ကာဗာမလုပ္ခ်င္တာ..ၿပီးေတာ့ အခ်စ္မပါတဲ့ အိမ္ေထာင္ေရးတစ္ခု တည္ၿမဲဖို႔ဆိုတာ..ဘယ္လိုမွ မျဖစ္ႏိုင္ဘူး..ဒါေပမယ့္ ကြၽန္ေတာ္ ေမေမ့ကိုလည္း မလြန္ဆန္ႏိုင္ဘူး..ဦးစံ..ေလညႇင္း ဘယ္လိုလုပ္သင့္လဲ"
"အမ်ားႀကီးေတြးမေနနဲ႔ ငါ႔တူ..ဦးစံယုံၾကည္တယ္..ဒီမဂ္လာပြဲက ငါ႔တူဆႏၵမပါဘဲ ျဖစ္တည္လာတာမို႔..တနည္းမဟုတ္တနည္းနဲ႔ ျပတ္မွာပဲ..
့အခုေလာေလာဆယ္ေတာ့ မင္းအေမက ေသြးပူေနလို႔ သူ့စိတ္တိုင္းက် လိုက္စီစဥ္ေနတာ..
တခ်ိန္ အစ္မ စိတ္ၿငိမ္သြားတဲ့ အခ်ိန္က်ရင္ သားက ေသခ်ာေလး ထပ္ေျဖာင္းဖ်လိုက္..အဲ့ဒါမွ အစ္မက လက္ မခံေသးရင္ ဦးစံကိုယ္တိုင္ သားေရွ႕က
မားမားမတ္မတ္ ရပ္တည္ေပးမယ္..ဒီမဂ္လာပြဲ ဘယ္နည္းနဲ႔မွ ျဖစ္မလာေစရဘူး..
အခုေတာ့ သားက သားအေမစိတ္တိုင္းက် ေစ့စပ္ပြဲကို လက္ခံေပးလိုက္..ဟုတ္ၿပီလား...တဖက္ မိန္းကေလးကို အားနာေပမယ့္
ငါ႔တူေပ်ာ္ရြင္ဖို႔ ေနာက္ မွ မီးစဥ္ၾကည့္ကရင္ကရမွာပဲ မတတ္ႏိုင္ဘူး"
ဦးစံက ေလညႇင္းအတြက္ အေဖလိုတစ္မ်ိဳး သူငယ္ခ်င္းလိုတမ်ိဳး သူ့အေပၚ နားလည္ေပးတဲ့သူပင္။တခါတေလ အရမ္းစိတ္ဓာတ္က်ေနရင္ ဦးစံဆီက စကားလုံးေလးေတြက ေလညႇင္းအတြက္ ခြန္အားျဖစ္ေစခဲ့သည္။အခုလို အၾကပ္တည္းထဲ ေရာက္ေနတဲ့အခ်ိန္မ်ိဳးလိုေပါ႔။
"ေက်းဇူးပါ ဦးစံ..ေလညႇင္းကို နားလည္ေပးႏိုင္တာ ဦးစံတစ္ေယာက္ပဲ ရွိတယ္.."
"တို႔တူဝရီးၾကား ေက်းဇူးစကား မလိုပါဘူး ငါ႔တူရာ..လာ..ဦးစံတို႔ ထမင္းသြားစားရေအာင္ အစ္မလည္း ေစာင့္ေနေလာက္ၿပီ"
-
-
-
"Ting!"
ေလညႇင္း ေခါင္းသုတ္ေနတုန္း စားပြဲေပၚက ဖုန္းသံေၾကာင့္ ယူၾကည့္လိုက္ေတာ့ ကိုမ်ိဳးဆီက။မေန႔က တေန႔လုံး ထပ္ခါထပ္ခါ ဖုန္းေခၚခဲ့ေပမယ့္ ေလညႇင္းမကိုင္ခဲ့။အခုလည္း စာေတြပို႔ထားတာ အေစာင္ေရ တစ္ရာေလာက္ရွိေလာက္ မည္။
"Ring..Ring"
"ဟယ္လို"
"က..ကေလး ေနာက္ဆုံးေတာ့ ကိုယ့္ဖုန္းကိုင္ၿပီေပါ႔..ေပ်ာ္လိုက္တာ ကေလးရယ္..ဟို..ကေလး ဦးေလးဆီက ေစ့စပ္ပြဲကိစၥဆိုတာ တကယ္မဟုတ္ဘူးမလား..ကေလး..ဟင္..ကိုယ့္ကိုေျပာပါဦး.."
"ဦးစံမလိမ္ဘူး..ကိုမ်ိဳး..ေလညႇင္း ေစ့စပ္ေတာ့မယ္ဆိုတာ အမွန္ပဲ..ၿပီးေတာ့ ေစ့စပ္ပြဲကလည္း ဒီေန႔ပဲ"
"မျဖစ္ႏိုင္တာ..ကိုယ္မယုံဘူး..ကေလး..ကိုယ္အခုပဲ ကေလးဆီလာခဲ့မယ္.."
"ဟယ္လို...ဟယ္လို ကိုမ်ိဳး..က်စ္"
ကိုမ်ိဳးလာလည္း အေမက အိမ္ထဲဝင္ခံမွာမဟုတ္ဘူးဆိုတဲ့အေၾကာင္း ေျပာမလို႔ရွိေသး ဖုန္းခ်သြားေလသည္။မတတ္ႏိုင္ဘူး လာမွ ေသခ်ာရွင္းျပၿပီး ျပန္လႊတ္ရမွာပဲ။
ခ်က္ခ်င္းႀကီး လမ္းခြဲခံလိုက္ရၿပီး ခ်စ္ရသူက မိန္းကေလးတစ္ေယာက္နဲ႔ ေစ့စပ္ေတာ့မယ္ဆိုေတာ့ ကိုမ်ိဳး အခုခ်က္ခ်င္း လက္မခံႏိုင္ေသးတာ ကိုမ်ိဳးအလြန္ေတာ့မဟုတ္။
ေလညႇင္း ကိုမ်ိဳးကို လမ္းခြဲလိုက္ေပမယ့္ ကိုမ်ိဳးအေပၚ ထားရွိတဲ့ ေမတၱာတရားကေတာ့ အခုထိ မပ်က္ယြင္းခဲ့။ကိုမ်ိဳးက ေလညႇင္းရဲ႕ အခ်စ္ဦး။ရင္ခုန္သံေတြ ဦးဦးဖ်ားဖ်ား ဆြတ္ယူသြားခဲ့သူ။
ေလညႇင္းအေပၚ ၾကင္နာယုယတယ္ အစ္ကိုတစ္ေယာက္လို ကာကြယ္ေပးတဲ့သူမို႔ ျဖစ္ႏိုင္ရင္ ကိုမ်ိဳးနဲ႔ ထာဝရလက္တြဲသြားခ်င္တယ္။ဒါေပမယ့္ အခုအေျခေနနဲ႔ေတာ့ ဆုပ္လည္းစူး စားလည္းရႈးမို႔ ကိုမ်ိဳး သူ့ကို နားလည္ေပးဖို႔သာ ေမွ်ာ္လင့္သည္။
"သား..အဆင့္သင့္လုပ္ထားေနာ္..ပြဲက ဆယ္နာရီဆိုေပမယ့္ ကိုးနာရီေလာက္ ေရာက္ မွ အဆင္ေျပမွာ..သားဦးေလးလည္း ခဏေနရင္ ေရာက္လိမ့္မယ္"
"ဟုတ္ကဲ့..ေမေမ..သားက ဘာမွသိပ္ျပင္စရာမလိုဘူး..အက္က်ီပုဆိုးေလး ေကာက္ဝတ္လိုက္ရင္ၿပီးၿပီ"
"Ting"
ေမေမထြက္သြားေတာ့ ဖုန္းကို စာတေစာင္ဝင္လာသည္။ယူၾကည့္လိုက္ေတာ့..
"ကေလး..ကိုယ္ အိမ္ေရွ႕ေရာက္ေနၿပီ..ဝင္ခဲ့မယ္ေနာ္"
ျပသနာပဲ အေမနဲ႔ေတြ႕ရင္ေတာ့ မ်က္ႏွာပ်က္စရာေတြ ျဖစ္ကုန္ေတာ့မယ္။
"ဟယ္လို..ကေလး"
"ကိုမ်ိဳး..ေလညႇင္း အခု ထြက္ေတြ႕မယ္..ၿခံေရွ႕မွာ ေစာင့္ေနေပးပါ..ေက်းဇူးျပဳၿပီး"
"ဟုတ္ၿပီ..ကေလး ကိုယ္ေစာင့္ေနမယ္"
ကေလးဆီမွာ ျပသနာတစ္ခုရွိေနပုံရတယ္။ေသခ်ာတာကေတာ့ သူနဲ႔ ပက္သက္တာပဲ ျဖစ္လိမ့္မည္။ထို႔ေၾကာင့္ ကေလး အိမ္ေရွ႕ကို မသြားေတာ့ပဲ ကားထဲက ထိုင္ေစာင့္ေနလိုက္သည္။
ကေလး ေရာက္လာရင္ေတာ့ အေၾကာင္းရာ အလုံးစုံ သိရေပလိမ့္မည္။
"သား..ပြဲခ်ိန္နီးေနၿပီေလ..ဘယ္သြားမလို႔လဲ"
နာရီ ၾကည့္လိုက္ေတာ့ လက္တံအတိုက ရွစ္ကို ၫြန္ျပေနသည္။
"ဟို..ေမေမ..သား"
ေမေမ အလွျပင္ေနတုန္း ကိုမ်ိဳးကို ထြက္ေတြ႕ဖို႔ တိတ္တိတ္ေလး ေအာက္ဆင္းလာကာမွ အခန္းထဲက ထြက္လာတဲ့ ေမေမနဲ႔ တန္းတိုးတဲ့အျဖစ္။ဘယ္လို ဆင္ေျခေပးရမလဲ စဥ္းစားေနရင္း သူ ေခါင္းကုတ္ ေျခကုတ္ျဖစ္ေနတုန္း..
"ဟာ..ငါ႔တူ ဦးစံခုနက ဖုန္းဆက္တယ္ေလ..ေဆး႐ုံမသြားေသးဘူးလား အဖြားေအရီအေၾကာင္းမသိတာလည္းမဟုတ္ပဲနဲ႔..ဟိုမွာ လူနာအဖြားက.. သူ့သား ေဒါက္တာ ေလညႇင္းသြဲ႕ကို ေတြ႕ခ်င္လို႔ပါဆိုၿပီး..ေဆးလည္းမေသာက္ဘူး.. တငိုငို တရီရီ နဲ႔.ခဏပါပဲကြာ..မ်က္ႏွာေလးျပၿပီးတာနဲ႔ ျပန္ခဲ့ ဟုတ္ၿပီလား..အစ္မ ရတယ္မလား..တူေလး ကို ေစ့စပ္ပြဲဆီပဲ တန္းလာခိုင္းလိုက္ မယ္..ကြၽန္ေတာ္တို႔ အရင္သြားလိုက္တာေပါ႔"
ေမေမ့ ရဲ႕မသ ကာ္တဲ့ အၾကည့္ေတြေအာက္ သူအခက္ေတြ႕ေနတုန္း ဦးစံ ဝင္ၿပီး ေျပာေပးလိုက္တာေၾကာင့္ အဆင္ေျပသြားသည္။မဟုတ္ရင္ ေလညႇင္း လိမ္မေျပာတတ္တာနဲ႔ အကုန္ေပၚမွာ။
"ဒါဆိုလည္း သြားေလ..ကိုးနာရီအေရာက္ေတာ့ ျပန္လာခဲ့ေပါ႔..ေမေမ အမသင္းယုတို႔ကို အက်ိဳးအေၾကာင္း ရွင္းျပထားလိုက္ မယ္"
"ဟုတ္..ေမေမ..ဒါဆို သားကားယူသြားလိုက္မယ္.."
ဦးစံကို မသိမသာ မ်က္ရိပ္ျပၿပီး ကားေသာ့ယူ၍ ထြက္လာခဲ့လိုက္ေတာ့သည္။
#Thanks for reading😍😘
Syringa
*************************************