စေလိုရာစေ..
(Unicode)
"သားက လူချောလေးပဲ..ညီမနန်းရည်နဲ့ သားအမိလို့တောင် မပြောရဘူး"
"ဟင်း..ဟင်း..အမကတော့ မြောက်နေပြန်ပါပြီ..ဒါနဲ့ သမီးလေး ဝတ်လွှာချိုရော"
"ရှိပ..ရှိပ..ပိတ်ရက်လေးမှာ အဘွားကို ကိုယ်တိုင်ချက်ကျွေးချင်လို့ ဆိုပြီး ကိုယ်တိုင် မီးဖိုချောင် ဝင်နေလေရဲ့..သမီးရယ် ပိတ်ရက်လေး နားပါဆိုလည်း ပြောမရဘူးလေ"
လေညှင်းတို့သားအမိ အိမ်ထဲဝင်ဝင်ချင်း အသက်အရွယ်အားဖြင့် ခြောက်ဆယ်ရှိသော်ငြား
ရင်ဖုံးလက်တို ပါတိတ်အပွင့်ကြီး ထမိန်ကို နန်းဆန်ဆန် ဝတ်ဆင်ထားတဲ့ အဖွားတစ်ယောက် ချိုအီသော အပြုံးဖြင့် နူတ်ဆက်လာသည်။
ထို့နောက် ထိုအဖွားကပင် ဧည့်ခန်းထဲ ဦးဆောင်ဝင်သွားပြီးနောက် အမေက အဖွားနဲ့ ဆိုဖာမျက်နှာ ချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး လေညှင်းက နှစ်ခုံတွဲ ဆိုဖာလေးမှာ နေရာဝင်ယူလိုက်သည်။
အိမ်အပြင်ဆင်ကတော့ နည်းနည်းလေး ရှေးကျသည်ဟု ပြောရမည်။ကျွန်းရောင်တလက်လက် ထနေတဲ့ ဧည့်ခန်းနံရံမှာ ရုပ်သေးရုပ် အရွယ်အစားအမျိုးမျိုးကို သေသပ်စွာ ချိတ်ဆွဲထားသည့်အပြင် ထိုင်မသိမ်း ဆင်မြန်းထားသည့် အမျိုးသမီးတစ်ယောက် စောင်းကောက်တီးနေဟန် သစ်သား ပန်းပုရုပ်ကလည်း အခန်းရဲ့ ဘေးတစ်ဖက် မှာ အသက်ဝင်စွာတည်ရှိနေသည်။
ထို့နောက် ကြည့်လိုက်တာနဲ့ တန်ဖိုးကြီး ဆေးရေးပန်းချီကား ဖြစ်ဟန်တူတဲ့ ရှေးခေတ် ပုဂံပြည်၏
အလှကို သစ်ပင်တို့ အုံ့ဆိုင်းမှိုင်းညို့စွာ ရေးဆွဲထားသည့် ပန်းချီကားချပ်ကြီးကလည်း ဧည့်ခန်းထဲ ဝင်လိုက်တာနဲ့ မြန်မာမှု အငွေ့အသက်လေး ခံစားရမိစေ၏။
အလုံးစုံ ခြုံငုံပြီး ပြောရရင်တော့ အဖွား ဒေါ်သင်းယုက မြန်မာမှု မြန်မာ့ဟန်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ ရှေးလူကြီး တစ်ယောက် ဖြစ်ပြီး ဝတ်ပုံစားပုံကအစ သိမ်မွေ့နူးညံ့သော အမျိုးသမီးကြီး တစ်ယောက်ပင်။
"မနွယ်ရေ..ညည်းမမလေးကို ခေါ်ခဲ့ပါဦး..ဒီမှာ ဧည့်သည်တွေ ရောက်နေပြီ..လုပ်လက်စကို မနွယ်ပြောင်းယူပြီး ဒီကိုလွှတ်လိုက်"
"ဟုတ်ကဲ့..မေမေကြီး"
ထူးဆန်းတာ တစ်ခုရှိသည်။မေမေ သူ့ကို ခေါ်လာတုန်းက အိမ်သစ်တက်ပွဲ လုပ်တယ်ဟု ပြောခဲ့ပြီး အခုတော့ လေညှင်းတို့စရောက်ကတည်းက ဧည့်သည် တစ်ယောက် မှ ရှိမနေခဲ့ခြင်း။တစ်ခုခုတော့ လွဲနေပြီ။
"ဟော..လာပါပြီ..လာ..မြေးလာ..သားလေး ဘေးမှာ ဝင်ထိုင်လိုက်"
အဘွားရဲ့ မြေးမဆိုသူကို လေညှင်းမော့ကြည့်လိုက်သည်။ခါးသွယ်သွယ်ထက် ဆံပင်အရှည်ကို တစ်လွှာစုစည်း၍ ဆံညှပ်လေးနဲ့သိမ်းဖွဲ့ထားပြီး ခါးတို ရင်ဖုံး ပန်းရောင်လေးကို အချိုးအစားကျသော ခန္ဓာကိုယ်ထက် ချပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ မိန်းကလေး။အဖွားက မြန်မာဆန်တော့ မြေးကပါ နန်းဆန်ဆန် ချောမောနေတာ သိပ်တော့ မထူးဆန်းပေ။
လေညှင်းတို့သားအမိကိုတွေ့တော့ မခို့တရို့ အပြုံးနုနုကို ပန်ဆင်ပြီး ဘေးလွတ်နေတဲ့ ဆိုဖာဝယ် ညင်ညင်သာသာလေး ဝင်ထိုင်လေသည်။
"အမလေး..အမသင်းယုရယ်..သမီးလေးက အရင်တခါ တွေ့တုန်းကထက်တောင် ပိုပြီး လှလာသလိုပဲ..ငါ့သမီး ဝတ်လွှာလေး အန်တီနန်းကို မှန်မှန်ပြောစမ်း..ဘာဆေးတွေစားပြီး ဒီလောက်တောင် လှနေသလဲ..ဟင်"
"ဟင်း..ဟင်း...အန်တီနန်းကတော့ ဝတ်လွှာကို
မြှောက်နေပြန်ပါပြီ..သမီးက အန်တီနန်းလောက် မလှပါဘူးနော်"
"မမြှောက်ပါဘူးတော်..အန်တီနန်းက အရှိကိုအရှိတိုင်းပဲ ပြောတာပါ..မယုံရင် သားကိုမေးကြည့်..သား..ဟုတ်တယ်မလား..မင်းညီမ ဝတ်လွှာလေး သိပ်လှတယ် ဟုတ်"
"အမ်...လှ..လှပါတယ်ဗျ"
မေမေပြောတာ ခေါင်းထဲမရောက်၊လက်ထဲက ကိုင်ထားတဲ့ဖုန်းကိုသာ အာရုံရောက်နေတော့ ရုတ်တရတ်မေးလာတဲ့ မေးခွန်းကို ခဏကြာမှ ဖြေမိတော့ မေမေ့ရဲ့ သတိထားနေဆိုတဲ့ အကြည့်စူးစူးတစ်ချက်ကို ရလိုက်သည်။
"ညီမနန်းရည်..တို့တွေ လာရင်းကိစ္စကို ဆွေးနွေးကြရင်မကောင်းဘူးလား..အမလည်း နေ့ကောင်းရက်သာလေး တွေ့ထားလို့"
"အင်း..ကောင်းတာပေါ့..အမရဲ့..ညီမလည်း အဲ့ဒါပြောမလို့..ကျွန်မတို့ဘက်ကတော့ ဘယ်နေ့ဖြစ်ဖြစ် အဆင်ပြေတယ်..သမီးလေးဝတ်လွှာကိုပဲ မေးကြည့်ရမှာ"
ဘာတွေလဲ။ မေမေတို့ပြောနေတာတွေ လေညှင်း တစ်ခုမှ နားမလည်။ဘေးနားက ဝတ်လွှာချိုကပါ ဘာမှ ဝင်မပြောပုံထောက်ရင်?
"အမသဘောအရတော့..စေ့စပ်ပွဲကို နှစ်ဖက်မိဘ ဆွေမျိုးတွေနဲ့ အကျဥ်းရုံး သဘောမျိုးလုပ်ပြီး မဂ်လာပွဲကျမှ ခမ်းခမ်းနားမား စီစဥ်ပေးရင်ကောင်းမလားလို့..ညှီမရော ဘယ်လိုသဘောရလဲ"
"ဟင်!!စေ့စပ်ပွဲ ဟုတ်လား..မေမေ"
"ဟုတ်တယ်လေ..သားရဲ့..သားနဲ့ဝတ်လွှာချိုလေးရဲ့ စေ့စပ်ပွဲအတွက် မေမေတို့ စီစဥ်စရာ ရှိတာလေးတွေ ကြိုတိုင်ပင်ကြမလို့"
"မေမေ!!သားမှ.."
"ေဩာ်..အမဆက်ပြောပါဦး..ညီမကတော့ အဆင်ပြေတယ်..သားတို့ မဂ်လာပွဲကို နှစ်ပွဲ သုံးပွဲလောက် လုပ်လည်း ရတယ်..စေ့စပ်ပွဲကလည်း အမသင်းယု သဘောကျသာ စီစဥ်..အဓိကက သမီးလေး နိုင်ငံခြား မသွားခင် သားနဲ့စေ့စပ်သွားဖို့ပဲ"
မေမေနဲ့ အဖွားသင်းယုကတော့ လေညှင်း သဘောမပါတဲ့ စေ့စပ်ပွဲဆိုတာကြီးကို အကောင်ထည်ဖော်ဖို့ ပြောဆိုရင်း ပြုံးရွင်ရယ်မောနေကြသည်။လေညှင်း ရင်ထဲမှာတော့ မုန်တိုင်းထန်နေပြီ။
ဘာလို့ မေမေက သူဆန္ဒကိုတောင် တစ်ခွန်းမမေးဘဲ စေ့စပ်ပွဲကို စီစဥ်ရတာလဲ။မေမေ့ကို သူက ဂေးတစ်ယောက်ပါလို့လည်း ဝန်ခံခဲ့ပြီးပြီ။ဒါတောင် မေမေက သူ့ကို မိန်းကလေးတစ်ယောက်နဲ့ လပ်ထပ်စေချင်နေတုန်းလား။
မေမေမတရားဘူး။မိဘက သားသမီးကို အိမ်ထောင်မကျခင်ထိ ပိုင်ပေမယ့် ဒီလို သားသမီးရဲ့ ဆန္ဒမပါဘဲ အတင်းအကြပ်စီစဥ်တာမျိုးက လေညှင်းအတွက် လက်သင့်မခံနိုင်တဲ့အရာပဲ။ဘယ်ကိစ္စမဆို အရာရာကို မေမေ့သဘောအတိုင်း လိုက်လျောခဲ့တယ်။အခုတော့ သားဖြစ်တည်မှုကိုပါ တသက်လုံး ဖုံးကွယ်ပြီး မိန်းကလေး တစ်ယောက်ကိုပါ လိမ်ညာလှည့်ဖြားဖို့ ခိုင်းစေနေပြီတဲ့လား။
မေမေက မေမေ့အတိတ်က စိတ်ဒဏ်ရာပဲ မေမေ မြင်တယ်။သားစိတ်ဒဏ်ရာရမှာကိုတော့ တစ်ချက်လေးတောင် ငဲ့မကြည့်ခဲ့ဘူး။မေမေ သိပ်ရက်စက်တယ်။
နောက်ဆုံးမှာတော့ လေညှင်းသိလိုက်ရတာက မေမေက သူ့ကို အိမ်သစ်တက်ပွဲဆိုပြီး စေ့စပ်ပွဲ ညှိနိူင်းဖို့ ညာခေါ်ခဲ့တယ်ဆိုတာပဲ။
"ဂျိမ်း"
ကားပေါ်မှာကတည်းက မေမေနဲ့ စကားများလာတာကြောင့် ဒေါသစိတ်နဲ့ ကားတံခါးကို ပြင်းပြင်းထန်ထန် ဆွဲပိတ်ပြီး မေမေ့ထက်အရင် အိမ်ထဲကို ဝင်လိုက်သည်။
"သား!!မင်း ဒီအရွယ်ရောက်နေပြီ..မအေကို ကလန်ကဆန် မလုပ်စမ်းနဲ့..ခုနက အပြုမူတွေကိုလည်း ပြင်..မေမေမကြိုက်ဘူး.."
"သား..သား..ဟင်း..သားတစ်ခါတည်း ပြောထားမယ်..မေမေ..အဲ့ဒီစေ့စပ်ပွဲကို သားလက် မခံနိုင်ဘူး..သဘက်ခါလုပ်မယ့် အဲ့ဒီစေ့စပ်ပွဲကို အခုချက်ချင်း ဖျက်ပေးပါ.. ပြီးတော့
ဝတ်လွှာချိုက ရိုးသားအေးဆေးတဲ့
မိန်းကလေးမို့ ပိုပြီးတော့တောင် သားသူ့ကို လပ်မထပ်နိုင်ဘူး..မဟုတ်ဘူး..နောက်တခါ..
သားမသိပဲ ဘယ်မိန်းကလေးကိုမှ အမေ့ချွေးမတော်ဖို့ မစဥ်းစားပါနဲ့တော့..သားတောင်းပန်ပါတယ်"
"အို့..မေမေ သားကို ပြောပြီးပြီးပဲ..အခု မေမေစီစဥ်တာတွေ အကုန်လုံးက မေမေ့အတွက် ကိုယ်ကျိုးတစ်ခုမှ မပါဘူး..သားကောင်းဖို့အတွက်ချည်းပဲ..အခုချိန်မှာ မေမေ အတင်းအကြပ် လုပ်လိုက်လို့..သား မေမေ့ကို မုန်းရင်လည်း ရတယ်..မေမေ လက်ခံတယ်..နောက် မှ ဒီအမေရဲ့ စေတနာကို
သားမြင်ပြီး ကျေးဇူးတင်မှာ..အဲ့ဒီတော့ ဒီကိစ္စမှာ မေမေ လုံးဝအလျော့မပေးနိုင်ဘူး!"
"သား ဒူးထောက်ပြီး တောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်..မေမေ..စေ့စပ်ပွဲကိုတော့ သားလက်မခံပါရစေနဲ့..မေမေ ကိုယ်တိုင်မဖျက်ပေးရင် သားအဲ့ဒီအိမ်ကိုပြန်သွားပြီး အကြောင်းစုံသွား ရှင်းပြမယ်..အဲ့ဒါဆို..အဲ့ဒါဆို..သူတို့လည်း လက်ခံမှာပါ..နော်..မေမေ.."
"ဟင်း..ဟင်း..သားက စိတ်ခံစားချက် တစ်ခုကိုပဲကြည့်ပြီး ဒီအမေကို မျက်နှာပျက်အောင် လုပ်တော့မယ်ပေါ့..ဟုတ်လား..သားက အမေ စိတ်ဆင်းရဲပြီး အိပ်ယာထဲလဲသွားတာ သိပ်ကြည့်ရက်တယ်ဆို..လုပ်ပါ..အကုန် သားသဘောအတိုင်းသာ လုပ်လိုက်..အမေအရှက်ရမှာ
ဂုဏ်သိက္ခာကျဆင်းမှာကို သားထည့်မတွက်နဲ့..သားစိတ်စေရာအတိုင်းသာ သဘောရှိလုပ်..အမေ ဘာမှမပြောတော့ဘူး"
"အဲ့..အဲ့လိုမဟုတ်ဘူးလေ..မေမေ.."
သားက ဂေးတစ်ယောက် ဖြစ်နေတာ အဲ့လောက်တောင်ပဲ မေမေ့ကို အရှက်ရစေသလား မေမေရယ်။တကယ်ပဲ သူ့ရဲ့ ဖြစ်တည်မှုက ပတ်ဝန်းကျင်ကိုသာမက မေမေ့ကိုပါ ဂုဏ်သိက္ခာကျဆင်းစေခဲ့ပြီလား။
"သွား..သား စေ့စပ်ပွဲကို သွားပြန်ဖျက် မှာမလား..သား သွားပြောလိုက်တော့..မေမေ့ဘက်ကို မငဲ့နဲ့..အဓိကက ငါ့သားလေး ပျော်ရွင်ဖို့ အရေးကြီးတယ်"
လေညှင်းကို မျက်နှာသေနဲ့ ကြည့်ပြီးပြောနေတဲ့ မေမေ။ပြောရင်းနဲ့ လေညှင်း အကြောက်ရဆုံး မျက်ရည်စတွေက မေမေ့ပါးပြင်ပေါ်မှာ တဖြည်းဖြည်း နေရာယူလာသည်။
လေညှင်း ဘဝမှာ အကြောက်ဆုံးက သူ့ကြောင့် မေမေ စိတ်ဆင်းရဲပြီး မျက်ရည်ကျမှာကိုပဲ။အဲ့ဒါကြောင့် ဖေဖေဆုံးသွားပြီးကတည်းက တစ်ယောက်တည်း အဖော်မဲ့သွားတဲ့ မေမေ့ကို ဘယ်သူ့ကြောင့်နဲ့မှ စိတ်မဆင်းစေရဘူးလို့
သန္နိဋ္ဌာန် ချထားခဲ့သည်။အခုတော့ လေညှင်းကြောင့် မေမေ ငိုနေရပြီ။
"ဟင်း..သား တောင်းပန်ပါတယ်..မေမေ..မေမေ့ကို စိတ်ဆင်းရဲအောင် လုပ်မိသလို ဖြစ်သွားရင် သားတောင်းပန်ပါတယ်..မငိုပါနဲ့တော့..ပြီးတော့ စေ့စပ်ပွဲကိုလည်း မေမေ့စိတ်တိုင်းကျသာ စီစဥ်လိုက်ပါ..သားလက်ခံပါ့မယ်..အင့်..ကျေးဇူးပြုပြီး
မငိုပါနဲ့တော့..သား..သားရင်တွေ နာလွန်းလို့ပါ..ဟင့်"
မခံနိုင်တဲ့အဆုံး တင်းထားသမျှ အကုန်လွှတ်ချပြီးနောက် ဝမ်းနည်းမှုကို မျက်ရည်အဖြစ် စွန့်ထုတ်လိုက်တော့သည်။
သားနှလုံးသားကို ချနင်းမှ မေမေပျော်ရွင်ရမယ်ဆို သားပဲ ရင်အကွဲခံလိုက်ပါ့မယ်။လေညှင်း ချစ်တဲ့ မေမေ အငိုတိတ်ပါစေဟု ရည်ရွယ်ရင်း..။
ထို့နောက် အခန်းထဲ အိပ်ယာပေါ်မှာ အချိန်အတော်ကြာ ငိုပြီးနောက် ကိုမျိုး ဖုန်းက ဝင်လာလေသည်။
"ဟယ်လို..ကလေး..မလာသေးဘူးလား..ကိုယ် ဒီမှာရောက်နေတာ တစ်နာရီလောက်ရှိပြီ..ကလေး တစ်ခုခုများ ဖြစ်နေလို့လား..ဟင်"
"အင့်..အ..အကို..လေညှင်းမလာတော့ဘူး..အင့်"
"ဟင်..ကလေးငိုနေတာလား..ဘာဖြစ်လို့လဲ..ကလေးရယ်..ကိုယ့်ကိုပြောပါ..ရင်တွေပူလှပြီ.."
"လေညှင်း..တို့..လမ်းခွဲရ..အောင်..ကိုမျိုး..ဟင့်"
"ဘာ..ကလေး ဘယ်လိုပြောလိုက်တယ်..ကိုယ်နားကြားများမှားတာလား ကလေးရယ်"
"လေညှင်း..အတည်ပြောတာ အကို..လမ်းခွဲရအောင်"
"......"
#Thanks for reading😍😘
Syringa
**************************************
ေစလိုရာေစ..
(Zawgyi)
"သားက လူေခ်ာေလးပဲ..ညီမနန္းရည္နဲ႔ သားအမိလို႔ေတာင္ မေျပာရဘူး"
"ဟင္း..ဟင္း..အမကေတာ့ ေျမာက္ေနျပန္ပါၿပီ..ဒါနဲ႔ သမီးေလး ဝတ္လႊာခ်ိဳေရာ"
"ရွိပ..ရွိပ..ပိတ္ရက္ေလးမွာ အဘြားကို ကိုယ္တိုင္ခ်က္ေကြၽးခ်င္လို႔ ဆိုၿပီး ကိုယ္တိုင္ မီးဖိုေခ်ာင္ ဝင္ေနေလရဲ႕..သမီးရယ္ ပိတ္ရက္ေလး နားပါဆိုလည္း ေျပာမရဘူးေလ"
ေလညႇင္းတို႔သားအမိ အိမ္ထဲဝင္ဝင္ခ်င္း အသက္အရြယ္အားျဖင့္ ေျခာက္ဆယ္ရွိေသာ္ျငား
ရင္ဖုံးလက္တို ပါတိတ္အပြင့္ႀကီး ထမိန္ကို နန္းဆန္ဆန္ ဝတ္ဆင္ထားတဲ့ အဖြားတစ္ေယာက္ ခ်ိဳအီေသာ အၿပဳံးျဖင့္ ႏူတ္ဆက္လာသည္။
ထို႔ေနာက္ ထိုအဖြားကပင္ ဧည့္ခန္းထဲ ဦးေဆာင္ဝင္သြားၿပီးေနာက္ အေမက အဖြားနဲ႔ ဆိုဖာမ်က္ႏွာ ခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္ၿပီး ေလညႇင္းက ႏွစ္ခုံတြဲ ဆိုဖာေလးမွာ ေနရာဝင္ယူလိုက္သည္။
အိမ္အျပင္ဆင္ကေတာ့ နည္းနည္းေလး ေရွးက်သည္ဟု ေျပာရမည္။ကြၽန္းေရာင္တလက္လက္ ထေနတဲ့ ဧည့္ခန္းနံရံမွာ ႐ုပ္ေသး႐ုပ္ အရြယ္အစားအမ်ိဳးမ်ိဳးကို ေသသပ္စြာ ခ်ိတ္ဆြဲထားသည့္အျပင္ ထိုင္မသိမ္း ဆင္ျမန္းထားသည့္ အမ်ိဳးသမီးတစ္ေယာက္ ေစာင္းေကာက္တီးေနဟန္ သစ္သား ပန္းပု႐ုပ္ကလည္း အခန္းရဲ႕ ေဘးတစ္ဖက္ မွာ အသက္ဝင္စြာတည္ရွိေနသည္။
ထို႔ေနာက္ ၾကည့္လိုက္တာနဲ႔ တန္ဖိုးႀကီး ေဆးေရးပန္းခ်ီကား ျဖစ္ဟန္တူတဲ့ ေရွးေခတ္ ပုဂံျပည္၏
အလွကို သစ္ပင္တို႔ အုံ႔ဆိုင္းမႈိင္းညိဳ႕စြာ ေရးဆြဲထားသည့္ ပန္းခ်ီကားခ်ပ္ႀကီးကလည္း ဧည့္ခန္းထဲ ဝင္လိုက္တာနဲ႔ ျမန္မာမႈ အေငြ႕အသက္ေလး ခံစားရမိေစ၏။
အလုံးစုံ ၿခဳံငုံၿပီး ေျပာရရင္ေတာ့ အဖြား ေဒၚသင္းယုက ျမန္မာမႈ ျမန္မာ့ဟန္ကို တန္ဖိုးထား ခ်စ္ျမတ္ႏိုးတဲ့ ေရွးလူႀကီး တစ္ေယာက္ ျဖစ္ၿပီး ဝတ္ပုံစားပုံကအစ သိမ္ေမြ႕ႏူးညံ့ေသာ အမ်ိဳးသမီးႀကီး တစ္ေယာက္ပင္။
"မႏြယ္ေရ..ညည္းမမေလးကို ေခၚခဲ့ပါဦး..ဒီမွာ ဧည့္သည္ေတြ ေရာက္ေနၿပီ..လုပ္လက္စကို မႏြယ္ေျပာင္းယူၿပီး ဒီကိုလႊတ္လိုက္"
"ဟုတ္ကဲ့..ေမေမႀကီး"
ထူးဆန္းတာ တစ္ခုရွိသည္။ေမေမ သူ့ကို ေခၚလာတုန္းက အိမ္သစ္တက္ပြဲ လုပ္တယ္ဟု ေျပာခဲ့ၿပီး အခုေတာ့ ေလညႇင္းတို႔စေရာက္ကတည္းက ဧည့္သည္ တစ္ေယာက္ မွ ရွိမေနခဲ့ျခင္း။တစ္ခုခုေတာ့ လြဲေနၿပီ။
"ေဟာ..လာပါၿပီ..လာ..ေျမးလာ..သားေလး ေဘးမွာ ဝင္ထိုင္လိုက္"
အဘြားရဲ႕ ေျမးမဆိုသူကို ေလညႇင္းေမာ့ၾကည့္လိုက္သည္။ခါးသြယ္သြယ္ထက္ ဆံပင္အရွည္ကို တစ္လႊာစုစည္း၍ ဆံညႇပ္ေလးနဲ႔သိမ္းဖြဲ႕ထားၿပီး ခါးတို ရင္ဖုံး ပန္းေရာင္ေလးကို အခ်ိဳးအစားက်ေသာ ခႏၶာကိုယ္ထက္ ခ်ပ္ရပ္စြာ ဝတ္ဆင္ထားတဲ့ မိန္းကေလး။အဖြားက ျမန္မာဆန္ေတာ့ ေျမးကပါ နန္းဆန္ဆန္ ေခ်ာေမာေနတာ သိပ္ေတာ့ မထူးဆန္းေပ။
ေလညႇင္းတို႔သားအမိကိုေတြ႕ေတာ့ မခို႔တ႐ို႕ အၿပဳံးႏုႏုကို ပန္ဆင္ၿပီး ေဘးလြတ္ေနတဲ့ ဆိုဖာဝယ္ ညင္ညင္သာသာေလး ဝင္ထိုင္ေလသည္။
"အမေလး..အမသင္းယုရယ္..သမီးေလးက အရင္တခါ ေတြ႕တုန္းကထက္ေတာင္ ပိုၿပီး လွလာသလိုပဲ..ငါ႔သမီး ဝတ္လႊာေလး အန္တီနန္းကို မွန္မွန္ေျပာစမ္း..ဘာေဆးေတြစားၿပီး ဒီေလာက္ေတာင္ လွေနသလဲ..ဟင္"
"ဟင္း..ဟင္း...အန္တီနန္းကေတာ့ ဝတ္လႊာကို
ေျမႇာက္ေနျပန္ပါၿပီ..သမီးက အန္တီနန္းေလာက္ မလွပါဘူးေနာ္"
"မေျမႇာက္ပါဘူးေတာ္..အန္တီနန္းက အရွိကိုအရွိတိုင္းပဲ ေျပာတာပါ..မယုံရင္ သားကိုေမးၾကည့္..သား..ဟုတ္တယ္မလား..မင္းညီမ ဝတ္လႊာေလး သိပ္လွတယ္ ဟုတ္"
"အမ္...လွ..လွပါတယ္ဗ်"
ေမေမေျပာတာ ေခါင္းထဲမေရာက္၊လက္ထဲက ကိုင္ထားတဲ့ဖုန္းကိုသာ အာ႐ုံေရာက္ေနေတာ့ ႐ုတ္တရတ္ေမးလာတဲ့ ေမးခြန္းကို ခဏၾကာမွ ေျဖမိေတာ့ ေမေမ့ရဲ႕ သတိထားေနဆိုတဲ့ အၾကည့္စူးစူးတစ္ခ်က္ကို ရလိုက္သည္။
"ညီမနန္းရည္..တို႔ေတြ လာရင္းကိစၥကို ေဆြးေႏြးၾကရင္မေကာင္းဘူးလား..အမလည္း ေန႔ေကာင္းရက္သာေလး ေတြ႕ထားလို႔"
"အင္း..ေကာင္းတာေပါ႔..အမရဲ႕..ညီမလည္း အဲ့ဒါေျပာမလို႔..ကြၽန္မတို႔ဘက္ကေတာ့ ဘယ္ေန႔ျဖစ္ျဖစ္ အဆင္ေျပတယ္..သမီးေလးဝတ္လႊာကိုပဲ ေမးၾကည့္ရမွာ"
ဘာေတြလဲ။ ေမေမတို႔ေျပာေနတာေတြ ေလညႇင္း တစ္ခုမွ နားမလည္။ေဘးနားက ဝတ္လႊာခ်ိဳကပါ ဘာမွ ဝင္မေျပာပုံေထာက္ရင္?
"အမသေဘာအရေတာ့..ေစ့စပ္ပြဲကို ႏွစ္ဖက္မိဘ ေဆြမ်ိဳးေတြနဲ႔ အက်ဥ္း႐ုံး သေဘာမ်ိဳးလုပ္ၿပီး မဂ္လာပြဲက်မွ ခမ္းခမ္းနားမား စီစဥ္ေပးရင္ေကာင္းမလားလို႔..ညႇီမေရာ ဘယ္လိုသေဘာရလဲ"
"ဟင္!!ေစ့စပ္ပြဲ ဟုတ္လား..ေမေမ"
"ဟုတ္တယ္ေလ..သားရဲ႕..သားနဲ႔ဝတ္လႊာခ်ိဳေလးရဲ႕ ေစ့စပ္ပြဲအတြက္ ေမေမတို႔ စီစဥ္စရာ ရွိတာေလးေတြ ႀကိဳတိုင္ပင္ၾကမလို႔"
"ေမေမ!!သားမွ.."
"ေဩာ္..အမဆက္ေျပာပါဦး..ညီမကေတာ့ အဆင္ေျပတယ္..သားတို႔ မဂ္လာပြဲကို ႏွစ္ပြဲ သုံးပြဲေလာက္ လုပ္လည္း ရတယ္..ေစ့စပ္ပြဲကလည္း အမသင္းယု သေဘာက်သာ စီစဥ္..အဓိကက သမီးေလး ႏိုင္ငံျခား မသြားခင္ သားနဲ႔ေစ့စပ္သြားဖို႔ပဲ"
ေမေမနဲ႔ အဖြားသင္းယုကေတာ့ ေလညႇင္း သေဘာမပါတဲ့ ေစ့စပ္ပြဲဆိုတာႀကီးကို အေကာင္ထည္ေဖာ္ဖို႔ ေျပာဆိုရင္း ၿပဳံးရြင္ရယ္ေမာေနၾကသည္။ေလညႇင္း ရင္ထဲမွာေတာ့ မုန္တိုင္းထန္ေနၿပီ။
ဘာလို႔ ေမေမက သူဆႏၵကိုေတာင္ တစ္ခြန္းမေမးဘဲ ေစ့စပ္ပြဲကို စီစဥ္ရတာလဲ။ေမေမ့ကို သူက ေဂးတစ္ေယာက္ပါလို႔လည္း ဝန္ခံခဲ့ၿပီးၿပီ။ဒါေတာင္ ေမေမက သူ့ကို မိန္းကေလးတစ္ေယာက္နဲ႔ လပ္ထပ္ေစခ်င္ေနတုန္းလား။
ေမေမမတရားဘူး။မိဘက သားသမီးကို အိမ္ေထာင္မက်ခင္ထိ ပိုင္ေပမယ့္ ဒီလို သားသမီးရဲ႕ ဆႏၵမပါဘဲ အတင္းအၾကပ္စီစဥ္တာမ်ိဳးက ေလညႇင္းအတြက္ လက္သင့္မခံႏိုင္တဲ့အရာပဲ။ဘယ္ကိစၥမဆို အရာရာကို ေမေမ့သေဘာအတိုင္း လိုက္ေလ်ာခဲ့တယ္။အခုေတာ့ သားျဖစ္တည္မႈကိုပါ တသက္လုံး ဖုံးကြယ္ၿပီး မိန္းကေလး တစ္ေယာက္ကိုပါ လိမ္ညာလွည့္ျဖားဖို႔ ခိုင္းေစေနၿပီတဲ့လား။
ေမေမက ေမေမ့အတိတ္က စိတ္ဒဏ္ရာပဲ ေမေမ ျမင္တယ္။သားစိတ္ဒဏ္ရာရမွာကိုေတာ့ တစ္ခ်က္ေလးေတာင္ ငဲ့မၾကည့္ခဲ့ဘူး။ေမေမ သိပ္ရက္စက္တယ္။
ေနာက္ဆုံးမွာေတာ့ ေလညႇင္းသိလိုက္ရတာက ေမေမက သူ့ကို အိမ္သစ္တက္ပြဲဆိုၿပီး ေစ့စပ္ပြဲ ညႇိနိူင္းဖို႔ ညာေခၚခဲ့တယ္ဆိုတာပဲ။
"ဂ်ိမ္း"
ကားေပၚမွာကတည္းက ေမေမနဲ႔ စကားမ်ားလာတာေၾကာင့္ ေဒါသစိတ္နဲ႔ ကားတံခါးကို ျပင္းျပင္းထန္ထန္ ဆြဲပိတ္ၿပီး ေမေမ့ထက္အရင္ အိမ္ထဲကို ဝင္လိုက္သည္။
"သား!!မင္း ဒီအရြယ္ေရာက္ေနၿပီ..မေအကို ကလန္ကဆန္ မလုပ္စမ္းနဲ႔..ခုနက အျပဳမူေတြကိုလည္း ျပင္..ေမေမမႀကိဳက္ဘူး.."
"သား..သား..ဟင္း..သားတစ္ခါတည္း ေျပာထားမယ္..ေမေမ..အဲ့ဒီေစ့စပ္ပြဲကို သားလက္ မခံႏိုင္ဘူး..သဘက္ခါလုပ္မယ့္ အဲ့ဒီေစ့စပ္ပြဲကို အခုခ်က္ခ်င္း ဖ်က္ေပးပါ.. ၿပီးေတာ့
ဝတ္လႊာခ်ိဳက ႐ိုးသားေအးေဆးတဲ့
မိန္းကေလးမို႔ ပိုၿပီးေတာ့ေတာင္ သားသူ့ကို လပ္မထပ္ႏိုင္ဘူး..မဟုတ္ဘူး..ေနာက္တခါ..
သားမသိပဲ ဘယ္မိန္းကေလးကိုမွ အေမ့ေခြၽးမေတာ္ဖို႔ မစဥ္းစားပါနဲ႔ေတာ့..သားေတာင္းပန္ပါတယ္"
"အို႔..ေမေမ သားကို ေျပာၿပီးၿပီးပဲ..အခု ေမေမစီစဥ္တာေတြ အကုန္လုံးက ေမေမ့အတြက္ ကိုယ္က်ိဳးတစ္ခုမွ မပါဘူး..သားေကာင္းဖို႔အတြက္ခ်ည္းပဲ..အခုခ်ိန္မွာ ေမေမ အတင္းအၾကပ္ လုပ္လိုက္လို႔..သား ေမေမ့ကို မုန္းရင္လည္း ရတယ္..ေမေမ လက္ခံတယ္..ေနာက္ မွ ဒီအေမရဲ႕ ေစတနာကို
သားျမင္ၿပီး ေက်းဇူးတင္မွာ..အဲ့ဒီေတာ့ ဒီကိစၥမွာ ေမေမ လုံးဝအေလ်ာ့မေပးႏိုင္ဘူး!"
"သား ဒူးေထာက္ၿပီး ေတာင္းပန္ဆိုလည္း ေတာင္းပန္ပါ႔မယ္..ေမေမ..ေစ့စပ္ပြဲကိုေတာ့ သားလက္မခံပါရေစနဲ႔..ေမေမ ကိုယ္တိုင္မဖ်က္ေပးရင္ သားအဲ့ဒီအိမ္ကိုျပန္သြားၿပီး အေၾကာင္းစုံသြား ရွင္းျပမယ္..အဲ့ဒါဆို..အဲ့ဒါဆို..သူတို႔လည္း လက္ခံမွာပါ..ေနာ္..ေမေမ.."
"ဟင္း..ဟင္း..သားက စိတ္ခံစားခ်က္ တစ္ခုကိုပဲၾကည့္ၿပီး ဒီအေမကို မ်က္ႏွာပ်က္ေအာင္ လုပ္ေတာ့မယ္ေပါ႔..ဟုတ္လား..သားက အေမ စိတ္ဆင္းရဲၿပီး အိပ္ယာထဲလဲသြားတာ သိပ္ၾကည့္ရက္တယ္ဆို..လုပ္ပါ..အကုန္ သားသေဘာအတိုင္းသာ လုပ္လိုက္..အေမအရွက္ရမွာ
ဂုဏ္သိကၡာက်ဆင္းမွာကို သားထည့္မတြက္နဲ႔..သားစိတ္ေစရာအတိုင္းသာ သေဘာရွိလုပ္..အေမ ဘာမွမေျပာေတာ့ဘူး"
"အဲ့..အဲ့လိုမဟုတ္ဘူးေလ..ေမေမ.."
သားက ေဂးတစ္ေယာက္ ျဖစ္ေနတာ အဲ့ေလာက္ေတာင္ပဲ ေမေမ့ကို အရွက္ရေစသလား ေမေမရယ္။တကယ္ပဲ သူ့ရဲ႕ ျဖစ္တည္မႈက ပတ္ဝန္းက်င္ကိုသာမက ေမေမ့ကိုပါ ဂုဏ္သိကၡာက်ဆင္းေစခဲ့ၿပီလား။
"သြား..သား ေစ့စပ္ပြဲကို သြားျပန္ဖ်က္ မွာမလား..သား သြားေျပာလိုက္ေတာ့..ေမေမ့ဘက္ကို မငဲ့နဲ႔..အဓိကက ငါ႔သားေလး ေပ်ာ္ရြင္ဖို႔ အေရးႀကီးတယ္"
ေလညႇင္းကို မ်က္ႏွာေသနဲ႔ ၾကည့္ၿပီးေျပာေနတဲ့ ေမေမ။ေျပာရင္းနဲ႔ ေလညႇင္း အေၾကာက္ရဆုံး မ်က္ရည္စေတြက ေမေမ့ပါးျပင္ေပၚမွာ တျဖည္းျဖည္း ေနရာယူလာသည္။
ေလညႇင္း ဘဝမွာ အေၾကာက္ဆုံးက သူ့ေၾကာင့္ ေမေမ စိတ္ဆင္းရဲၿပီး မ်က္ရည္က်မွာကိုပဲ။အဲ့ဒါေၾကာင့္ ေဖေဖဆုံးသြားၿပီးကတည္းက တစ္ေယာက္တည္း အေဖာ္မဲ့သြားတဲ့ ေမေမ့ကို ဘယ္သူ့ေၾကာင့္နဲ႔မွ စိတ္မဆင္းေစရဘူးလို႔
သႏၷိ႒ာန္ ခ်ထားခဲ့သည္။အခုေတာ့ ေလညႇင္းေၾကာင့္ ေမေမ ငိုေနရၿပီ။
"ဟင္း..သား ေတာင္းပန္ပါတယ္..ေမေမ..ေမေမ့ကို စိတ္ဆင္းရဲေအာင္ လုပ္မိသလို ျဖစ္သြားရင္ သားေတာင္းပန္ပါတယ္..မငိုပါနဲ႔ေတာ့..ၿပီးေတာ့ ေစ့စပ္ပြဲကိုလည္း ေမေမ့စိတ္တိုင္းက်သာ စီစဥ္လိုက္ပါ..သားလက္ခံပါ႔မယ္..အင့္..ေက်းဇူးျပဳၿပီး
မငိုပါနဲ႔ေတာ့..သား..သားရင္ေတြ နာလြန္းလို႔ပါ..ဟင့္"
မခံႏိုင္တဲ့အဆုံး တင္းထားသမွ် အကုန္လႊတ္ခ်ၿပီးေနာက္ ဝမ္းနည္းမႈကို မ်က္ရည္အျဖစ္ စြန္႔ထုတ္လိုက္ေတာ့သည္။
သားႏွလုံးသားကို ခ်နင္းမွ ေမေမေပ်ာ္ရြင္ရမယ္ဆို သားပဲ ရင္အကြဲခံလိုက္ပါ႔မယ္။ေလညႇင္း ခ်စ္တဲ့ ေမေမ အငိုတိတ္ပါေစဟု ရည္ရြယ္ရင္း..။
ထို႔ေနာက္ အခန္းထဲ အိပ္ယာေပၚမွာ အခ်ိန္အေတာ္ၾကာ ငိုၿပီးေနာက္ ကိုမ်ိဳး ဖုန္းက ဝင္လာေလသည္။
"ဟယ္လို..ကေလး..မလာေသးဘူးလား..ကိုယ္ ဒီမွာေရာက္ေနတာ တစ္နာရီေလာက္ရွိၿပီ..ကေလး တစ္ခုခုမ်ား ျဖစ္ေနလို႔လား..ဟင္"
"အင့္..အ..အကို..ေလညႇင္းမလာေတာ့ဘူး..အင့္"
"ဟင္..ကေလးငိုေနတာလား..ဘာျဖစ္လို႔လဲ..ကေလးရယ္..ကိုယ့္ကိုေျပာပါ..ရင္ေတြပူလွၿပီ.."
"ေလညႇင္း..တို႔..လမ္းခြဲရ..ေအာင္..ကိုမ်ိဳး..ဟင့္"
"ဘာ..ကေလး ဘယ္လိုေျပာလိုက္တယ္..ကိုယ္နားၾကားမ်ားမွားတာလား ကေလးရယ္"
"ေလညႇင္း..အတည္ေျပာတာ အကို..လမ္းခြဲရေအာင္"
"......"
#Thanks for reading😍😘
Syringa
**************************************