၁၉၉၆ခုနှစ်
"စိတ်ဓာတ်၊စည်းကမ်း၊ပညာ"ဟူသော ဆိုင်းဘုတ်ကြီးနှင့်အတူ သေသပ်စွာ ဆောက်လုပ်ထားသည့် ကျောင်းဆောင်ကြီးသည် ပနံရလှေပသည်။ကျောင်းဆောင်ကြီးရှေ့တွင် ဘောလုံးကွင်းရှိသည်။ ဘောလုံးကွင်းနှင့်ကျောင်းဆောင်၏ ကြားရှိ လမ်းကလေး၏ ဘေးတစ်ဖက်တစ်ချက်တွင် သစ်ပင်ပန်းမာန်များစုံလင်စွာ စိုက်ပျိုးထားသည်။ကျောင်းဆောင်၏ အရှေ့တွင်လည်း အလံတိုင်ကြီးတစ်ခုရှိသည်။
ကျောင်းကြီးသည် သစ်ပင်ပန်းမာန်များ၊ ကျောင်းသားလူငယ်များနှင့် ညံညံစီကာ ပနံရကာ လှပနေတော့သည်။နောင်ရိုးသစ် ဒီကျောင်းတော်ကြီးဆီသို့ ရောက်ရှိခဲ့တာ လအတော်ကြာခဲ့ပြီဖြစ်သည်။
ယခုဆို ကျောင်းစည်းကမ်းများနှင့်ပင် အတော်လေးနေသားတကျဖြစ်နေပြီ။မနက် ၆နာရီထိုးလျှင် အိပ်ယာထ Tarcksuitဝတ်ကာ PTကွင်းထဲ အရောက်ပြေးရသည်။PTကွင်းထဲရောက်လျှင် သွေးပူလေ့ကျင့်ခန်းများလုပ်ရသည်။ပြီးနောက် စိုက်ပျိုးရေး၊သန့်ရှင်းရေးများလုပ်ကာ ရေမိုးချိုး မနက်စာစားရသည်။ မနက်စာစားပြီးသည်နှင့် ကျောင်းဝတ်စုံ အဖြူအစိမ်းလဲကာ အတန်းထဲသို့ ပြေးရသည်။
မွန်းတည့်ချိန်အထိ သင်ခန်းစာအချို့သင်ပြီးသော် နေ့လည်ထမင်းစားခဏနားကာ နေ့လယ်အတန်းချိန်တက်ရပြန်သည်။ ညနေရောက်လျှင် ညစာစားရသည်။ပြီးနောက် ဘုရားရှိခိုးကာ စာကျက်ရသည်။ဤသည်မှာ ပညာေရးကောလိပ်ကျောင်းသား တစ်ယောက်၏ နိစ္စဓူဝ ပင်ဖြစ်သည်။
"နောင်ရိုးရေ မင်းဧည့်သည်ရောက်နေတယ်ဟ"
မနေ့က သင်လိုက်သည့် ပညာရေးစိတ်ပညာဘာသာအား နားမလည်၍ ပြန်ကြည့်နေစဉ် အခန်းဝမှ မတ်တပ်ရပ်ကာ ဧည့်သည်လာနေကြောင်း လာပြောသည့် ကိုမင်းမင်းလတ်အား နောင်ရိုး ခေါင်းညိတ်ရင်း ပြုံးပြပြလိုက်ရသည်။
ဖတ်လက်စ စာအုပ်အား အဖုံးပိတ်လိုက်ပြီး အခန်းထဲမှ လေးကန်သော ခြေလှမ်းများဖြင့် အပြင်ထွက်လာခဲ့လိုက်သည်။
ကောလိပ်ကျောင်းသားများထားသည့် အဆောင်အား ဖြတ်ပြီးနောက် အလံတိုင်ကြီး၏ ဘေးရှိလမ်းပေါ်သို့ရောက်ေလသည်။
ဘေးတစ်ဖက်တစ်ချက်တွင် အပင်ငယ်များ စီရီစွာ စိုက်ပျိုးထားသည့် လမ်းကလေးအတိုင်း ဧည့်တွေ့ဆောင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ဧည့်တွေ့ဆောင်ဆီသို့ မျှော်ကြည့်ရင်း မြင်လိုက်ရသည့် အရိပ်တစ်ခုကြောင့် နောင်ရိုး သက်ပြင်းခပ်ဖြည်းဖြည်းချမိသည်။
သူ ထင်ထားသည့်အတိုင်းပင် အင်ဂျင်နီယာကျောင်းတက်နေသည့် သူ့ရဲ့အထူးဧည့်သည်တော် ထိန်လင်းအောင်ဖြစ်သည်။
"ဘာဖြစ်နေတာလဲ မင်းမျက်နှာက"
ဧည့်တွေ့ဆောင်သို့ ဝင်ဝင်ချင်း သကောင့်သားထိန်လင်းဆီမှကြားရသည့် ပထဆုံးစကားဖြစ်သည်။
"ဘာဖြစ်ရမှာလဲ ငါကစာဖတ်နေတာလေကွာ ပြော မင်းလာတာ ဘာကိစ္စလဲ"
"မင်းကလဲကွာ ဒီနေ့တစ်နေ့တော့ ဦးနှောက်လေးဘာလေး အနားပေးပါဦး "
"ဟေ့ကောင် လေကြောရှည်မနေနဲ့။ပြော ဘာကိစ္စလဲ မင်းကလေ ငယ်ငယ်ကအတိုင်းပဲ"
"ခုလည်း ငယ်ငယ်လေးပဲရှိပါသေးတယ်ကွာ"
"ဟေ့ကောင် မင်းအတော်အားနေလား"
"အင်း မင်းအတွက်ဆို အမြဲတမ်းအားတယ်"
"ခွေးကောင် ပေါက်ကရမေပြာနဲ့ ပြော ဘာကိစ္စလဲ"
"မျက်နှာလေးလည်း နည်းနည်းပါးပါးပြင်ပါဦးကွာ မသိရင် လူသတ်တော့မယ့်ရုပ်နဲ့ "
"လူသတ်မယ့်ရုပ်လား ဒီရုပ်က"
မျက်နှာအား လက်ညိုးထိုးပြရင်း မေးလိုက်သည်။တခြားသူတွေနှင့်ဆို စကားနည်းတတ်သည့် ထိန်လင်းက ကျွန်တော်နဲ့ဆို ကြက်တူရွေးတစ်ကောင်နှယ်...။
"လူသတ်ေတာ့မယ့်ရုပ်ကြီးနဲ့"
"ဘာကွ"
"ဖြည်းဖြည်းသက်သာလည်း အော်ပါကွာ စတာကိုး လူသတ်မယ့်ရုပ်မဟုတ်ဘူး လူချစ်များမယ်ရုပ်လေး ဟုတ်ပြီလား"
နောင်ရိုးသစ် မျက်စောင်းချီကာ ကြည့်ရင်း ပြုံးလိုက်မိလေသည်။ထိန်လင်းဆိုတဲ့ကောင်က တခြားသူတေွနှင့်သာ စကားနည်းသာ ကျွန်တော်နဲ့ဆို အတော်လေပေါတဲ့ကောင်။အတော်လည်း အစအနောက်သန်တတ်သေးသည်။
"လာရင်း ကိစ္စကဘာလဲ"
"အိမ်က မနေ့ညနေက ပိုက်ဆံရောက်တယ်လေကွာ မင်းကို မုန့်လိုက်ကျွေးဖို့လာခေါ်တာ ငြင်းမယ် မကြံနဲ့နော် ဆိုင်မှာ ငါ့သူငယ်ချင်းကိုလည်း ထားခဲ့တယ်။ငါ့သူငယ်ချင်းနဲ့လည်း မင်းကို မိတ်ဆက်ပေးချင်လို့"
"ယောကျာ်းလေးလား မိန်းကလေးလား"
ထိုမေးခွန်းကို နောင်ရိုး သေချာစွာမေးလိုက်မိသည်။ဘာမျှမသိပဲနှင့် လိုက်၍သွားလျှင် ဆိုင်တွင်ကြောင်တောင်တောင်နိုင်မှာသိသည်လေ။
"ယောကျာ်းလေးပါကွာ ငါ့အခန်းဖော်"
"ဒါပေမယ့်.."
"ဒါပေမယ့်မနေနဲ့ မင်း ရှုပ်ရှုပ်ယှက်ယှက်မကြိုက်တာငါသိပါတယ် ဒီကောင်ကလည်း အနေအေးပါတယ်ကွ"
ထိန်လင်း၏ မဲဆွယ်စည်းရုံးကောင်းမှုကြောင့် နောင်ရိုးသစ် ခေါင်းညိတ်လိုက်ရေတာ့သည်။
ထို့နောက် ထိန်လင်း၏ Loujia(110)ဆိုင်ကယ်ဖြင့်ပင် စားသောက်ဆိုင်တစ်ခုသို့ ထွက်လာခဲ့လိုက်သည်။
"ထိန်လင်း လမ်းဘေးဆိုင်လေးတွေမှာ တို့ဟူးသုပ်လေး စားရရင်ကောင်းမယ်နော်"
လမ်းဘေးရှိ ဆိုင်းထမ်းသည်လေးက မြင်ကွင်းထဲေပါ်လာတာကြောင့် ပြောလိုက်မိခြင်းဖြစ်သည်။ဈေးကြီးပေးစားရသည့် ဆိုင်ကြီးများတွင် ထိုင်ရသည့်ထက် ဤကဲ့သို့သော ဆိုင်းထမ်းသယ်လေးများဆီတွင် ဝယ်စားရသည်ကို ပိုနှစ်ခြိုက်မိသည်။
"မင်းစားချင်ရင် နောက်တစ်ခါ ငါလိုက်ကျွေးမယ်လေ။ခုတော့ ငါ့သူငယ်ချင်းစောင့်နေတဲ့ ဆိုင်ပဲ ဒိုးကြစို့"
"အင်း အင်းပါ"
နှစ်ယောက်အတူ စီးလာသည့်ဆိုင်ကယ်လေးသည် စားသောက်ဆိုင်တစ်ခုရှေ့အရောက်တွင် ရပ်သွားလေသည်။ပြီးနောက် သူတို့နှစ်ယောက် ဆိုင်လေးထဲသို့ ဝင်လာခဲ့ကြသည်။
"ဒီမှာထိုင်"
စားပွဲ၏ ဘေးတွင်ရှိသော ကုလားထိုင်တစ်လုံးအား ဆွဲယူကာ သူ့အနားသို့ ထိုင်စေသည့် ထိန်လင်း၏ အပြောအား သူမငြင်းမိပေ။ နောင်ရိုးသစ် ခေါင်းတစ်ချက်ညိတ်ကာ အသင့်ရှိနေသည့် ထိုင်ခုံလေးပေါ်တွင် ထိုင်ချလိုက်သည်။
"ဟိဏ်းခန့် ဒါ ငါ့အချစ်ဆုံးငယ်သူငယ်ချင်း နောင်ရိုးသစ်တဲ့ နောင်ရိုး ဒါ ငါ့အတန်းဖော်လည်းဟုတ်တယ်၊အခန်းဖော်လည်းဟုတ်တယ် ငါ့သူငယ်ချင်း မင်းဟိဏ်းခန့်တဲ့"
ခပ်တိုးတိုးဆိုရင်း သကောင့်သားသည် မင်းဟိဏ်းခန့်ဆိုသည့်လူအား သူနှင့် မိတ်ဆက်ပေးလေသည်။ နောင်ရိုးသစ် အပြုံးလေးဖြင့် အသိအမှတ်ပြုကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုလူသည်လည်း မိမိကဲ့သို့ပင် ခေါင်းညိတ်၍ ပြုံးပြလေသည်။ မင်းဟိဏ်းခန့် သည် ရည်မွန်သောဟန်ရှိသည်။စကားပြောတိုင်း ခပ်ပြုံးပြုံးနှင့် နှစ်လိုဖွယ်ကောင်းလှသည်။ဝတ်စားထားပုံမှာလည်း စမတ်ကျ၍ ထိုသူ၏ အဆင့်အတန်းကိုပင် ခန့်မှန်း၍ရနေသည်။
"ရွှီ"
ထိန်လင်း လက်ကွင်းထိုးကာ စားပွဲထိုးလေးအား ခေါ်လိုက်ေလသည်။ တစ်အောင့်အကြာ စားပွဲထိုးလေးအနားသို့ ရောက်လာသောအခါ
"ကဲ မင်းတို့ နှစ်ယောက် ဘာစားကြမလဲ မှာလေ"
"အင်း ငါတော့ မုန့်ဟင်းခါးပဲစားတော့မယ်"
"ကျွန်တော်လည်း မုန့်ဟင်းခါးပဲစားမယ် ကိုထိန်"
မင်းဟိဏ်းခန့် မုန့်ဟင်းခါးသိပ်ကြိုက်လှသူမဟုတ်။ဘာကြောင့် မုန့်ဟင်းခါးစားချင်သွားမှန်း သိပ်မသိ။ထို့ကြောင့် သူ့အတွက် မုန့်ဟင်းခါးပင် မှာလိုက်လေသည်။
"ညီလေး အစ်ကို့အတွက်တော့ နန်းကြီးသုပ်တစ်ပွဲ။အော် ဒါနဲ့ စောစောက မှာတဲ့ မုန့်ဟင်းခါးနှစ်ပွဲထဲက တစ်ပွဲကိုလေ နံနံပင်တွေ မထည့်နဲ့နော်"
စားပွဲထိုးလေးသည် ခေါင်းကို တွင်တွင်ညိတ်ရင်းအနားမှ ထွက်သွားလေသည်။ ဒီလို သိတတ်မှုတွေကြောင့် သကောင့်သား ထိန်လင်းကို သူ အခင်မင်ပိုနေရတာဖြစ်သည်။
"နောင်ရိုးသစ်က နံနံပင် မကြိုက်ဘူးလား"
"အင်း ဟုတ်တယ် ကျွန်တော်ကအနံ့ကိုမခံနိုင်တာ"
"ဟုတ်တယ်ကွ။နောင်ရိုးက နံနံနဲ့ပတ်သတ်ရင် ရှမ်းနံနံလည်းမကြိုက်ဘူး။တရုတ်နံနံရောပဲ"
သူ့ကိုယ်စားဖြေပေးနေသော သကောင့်သားထိန်လင်းအား ခပ်ပြုံးပြုံးဖြင့် စိုက်ကြည့်မိသည်။
ကောလိပ်ကျောင်းသားဖြစ်နေပြီဖြစ်သောကြောင့် သကောင့်သား ပုံစံက ရွာမှာတုန်းက ပုံစံနှင့်လားလားမတူပေ။ဝတ်ပုံစားပုံကအစ အရင်ကထက် သပ်သပ်ရပ်ရပ်ရှိလှသည်။
အတန်းထဲမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်များ ဖြစ်နေမလား ထိန်လင်း....။
တဒင်္ဂမျှတွေးမိသည့် အတွေးတချို့ကြောင့် သက်ပြင်းေမာတစ်ခုခိုးချမိသည်။
"နောင်ရိုး"
"ဟင်"
"မင်းက ဘာတွေ တွေးနေတာလဲ"
"ဟင့်အင်း မတွေးပါဘူး"
တစ်အောင့်ကြာသည်နှင့် မှာထားသည့်ပွဲများ ရောက်လာလေသည်။သူ့ဆီသို့ တစ်ချက်တစ်ချက် ဝေ့ဝဲလာတတ်သည့် မင်းဟိဏ်းခန့်ဆိုသည့်လူ၏ မျက်လုံးအကြည့်များကို သူ ဂရုမမူဘဲ ပြုံးပြလိုက်သည်။ပြီးနောက် အေးဆေးစွာပင် မုန့်ဟင်းခါးစားရန် ပြင်လိုက်သည်။မုန့်ဟင်းခါးစားလျှင် ငရုတ်သီးမှုန့်များ၊ ရှောက်သီးများ ညသ်ကာ ချဉ်ချဉ်စ်စပ်ရောနှောကာ စားရတာကြိုက်သည့်သူမို့ ငရုတ်သီးမှုန့်များထည့်ရန်ပြင်လိုက်စဉ်
"ဟာ ငရုတ်သီးမှုန့် သိပ်မထည့်နဲ့လေကွာ ဗိုက်အောင့်လိမ့်ဦးမယ်"
"ဘာမှမဖြစ်ပါဘူးကွာ စားနေကျပဲဟာ"
"ဟေ့ကောင် နောင်ရိုး မင်း ကလေးမဟုတ်တော့ဘူးနော် ကျောင်းဆရာပဲဖြစ်တော့မယ် နည်းနည်းပါးပါး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါဦးကွာ"
"မင်းကလဲ ငါက"
"ဗိုက်အောင့်မှာဆိုးလို့ မင်းစားချင်ရင် နောက်မှစားလေ ခုက အဆောင်ပြန်လို့ ဗိုက်အောင့်နေရင်း မင်းကို ဘယ်သူဂရုစိုက်မလဲ နောက်မှစားနော်"
တပွစိစိပြောလာသည့် သကောင့်သားထိန်လင်းကြောင့် ငရုတ်သီးမှုန့် ထည့်မစားဖြစ်တော့ပေ။
"ထိန်လင်း မင်းက အသားတွေတော့ မဲမသွားဘူးနော်"
"ဘယ်မဲမလဲ စာတွေ့ပဲသင်ရသေးတာကိုးကွ လက်တွေ့မဆင်းရသေးတာ"
"ကိုနောင်ရိုး ကျွန်တော်တို့ကျောင်းဘက် ရောက်ဖူးလား"
"အင်း မရောက်ဖူးဘူးဗျ"
"ကိုနောင်ရိုးတို့ ကောလိပ်ဘက်တော့ ကျွန်တော် တစ်ခါရောက်ဖူးပါတယ် "
"ဪ ဟုတ်ကဲ့"
"ကျွန်တော် ပညာရေးကောလိပ်ဘက်ရောက်ဖြစ်ရင် ကိုနောင်ရိုးဆီ ဝင်ခဲ့လို့ရတယ်မလား"
"အင်း ရ ရပါတယ်"
အဲဒီ့နောက် စကားစပြတ်သွားတာမို့ ကျန်နေသေးသည့် မုန့်ဟင်းခါးရည်လေးများအားသောက်လိုက်လေသည်။ပြီးနောက် ထိန်လင်း ကမ်းပေးလာသည့် ရေနွေးပူပူတစ်ခွက်အား သောက်လိုက်သည်။
"ထိန်လင်း"
"ဟင်"
"ငါပြန်ချင်ပြီ စာလည်း အနည်းအပါး ပြန်နွှေးချင်ေသးလို့"
"ဟာ နေပါဦးလားကွာ ချက်ချင်းကြီး ဒီမှာ ငါက စားလို့မပြီးသေးဘူးလေ"
နန်းကြီးသုပ်အား အတော်ကြိုက်ပုံရသည်။ပန်းကန်လေးထဲရှိ နန်းကြီးသုပ်အား အရသာခံကာ တဖြည်းဖြည်းစားနေသည့် ထိန်လင်းကို နောင်ရိုးစိတ်မရှည်တော့။ဒီလိုစားပုံနှင့်ဆို အဆောင်တံခါးပိတ်မှ ပြန်ရောက်လိမ့်မည်ထင်သည်။အဆောင်တံခါးပိတ်ချိန်မှရောက်လျှင် ဒဏ်ငွေဆောင်ရဦးမည်ဖြစ်သည်။ ဒါကလည်း ပညာရေးကောလိပ်၏ စည်းကမ်းတစ်ခုပင်ဖြစ်သည်။
"ကိုထိန် ကျွန်တော်လိုက်ပို့လိုက်မယ်လေ ကိုထိန်ဒီမှာပဲ စောင့်နေခဲ့လိုက်"
"အေးအေး ဒါဆိုလည်းကောင်းသားပဲ ငါဒီကပဲ စောင့်နေမယ်"
"ဟုတ်ကဲ့ ကိုထိန်"
ထိန်လင်း၏ 110Loujiaဆိုင်ကယ်လေးဖြင့် အဆောင်သို့ပြန်လာခဲ့ရလေသည်။သို့သော် ဆိုင်ကယ်မောင်းသူနေရာတွင်တော့ ထိန်လင်းမဟုတ်တော့။ ထိန်လင်းမိတ်ဆက်ပေးသည့် ထိန်လင်း၏သူငယ်ချင်း မင်းဟိဏ်းခန့် ဖြစ်လေသည်။
ဆိုင်ကယ်လေးသည် အရှိန်နှင့် တရိပ်ရိပ်ေရွ့နေရင်းမှ ကျောင်းရှေ့ရောက်သည်နှင့် တဖြည်းဖြည်းအရှိန်ရပ်သွားလေသည်။ပြီးနောက် နောင်ရိုးသစ် ဆိုင်ကယ်မှ ဆင်းလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ကိုမင်းဟိဏ်းခန့်"
"ဟုတ်ကဲ့ ရပါတယ် ကိုနောင်ရိုး ဟိုလေ ဟို.."
"ဘာများလဲ ပြောလေ"
"ဒီလိုပါ နောက်ကျောင်းပိတ်ရက်တွေ ကျွန်တော် နောင်ရိုးဆီ အလည်လာချင်လို့ ရမလား"
"အော် ဘာများလဲ မှတ်တယ် ရပါတယ် ကိုမင်းဟိဏ်းခန့်ရဲ့ ထိန်လင်းနဲ့လိုက်ခဲ့လေ"
"ကိုထိန်မပါဘဲ ကျွန်တော်တစ်ယောက်တည်းရော လာလို့မရဘူးလား"
"ရ ရပါတယ်"
"ကိုထိန်နဲ့ နောင်ရိုးက အတော်ခင်ကြတဲ့ သူငယ်ချင်းတွေပဲနော်"
သူငယ်ချင်း... ဟုတ်တယ် ငါတို့က သူငယ်ချင်းတွေပါပဲ။သူငယ်ချင်းဆိုတဲ့ စည်းထဲက ရုန်းထွက်ဖို့ မရဲသေးတဲ့လူနှစ်ယောက်က ငါနဲ့ ထိန်လင်းပေါ့။
နောင်ရိုးသစ် ဘာမှပြန်မဖြေမိဘဲ ပြုံးပြလိုက်လေသည်။
"ဒါဆို ကျွန်တော်ပြန်တော့မယ်နော် နောင်ရိုး"
"ဟုတ်ကဲ့"
ဆိုင်ကယ်သံခပ်သဲ့သဲ့ ကြားရပြီးနောက် မင်းဟိဏ်းခန့်သည် အနားမှထွက်သွားလေသည်။ထွက်သွားသည့် ဆ်ိုင်ကယ်လေးအားကြည့်ရင်း တိတ်တခိုးသက်ပြင်းချမိသည်။ကြီးလေးသော စိတ်ခံစားမှုတစ်ခုကို ခံစားနေရသည်။
*************
နောင် စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်များတွင်လည်း မင်းဟိဏ်းခန့်သည် အကြောင်းပြချက်အမျိုးမျိုးဖြင့် သူ့ဆီကို ရောက်လာတတ်ေလသည်။သို့သော် သကောင့်သား ထိန်လင်း ပါမလာချေ။
တစ်စ၊တစ်စနှင့် မင်းဟိဏ်းခန့်နှင့်ပင် အတော်လေးရင်းနှီးလာရလေသည်။ငယ်ပေါင်းကြီးဖော် မဟုတ်သော်လည်း တစ်ယောက်အကြောင်း တစ်ယောက် အတော်လေးပင် သိနေလေပြီ။ဒါကလည်း ဖော်ရွေပြီး အားနာတတ်သည့် နောင်ရိုးသစ်၏ အကျင့်ကြောင့်ဖြစ်သည်။
"ထိန်လင်း မပါဘူးလား ကိုခန့်"
ထိုင်နေကျ ကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်ထဲသို့ရောက်သည်နှင့် နောင်ရိုးမေးလိုက်မိသည်။သူတို့နှစ်ယောက်ဆုံသည့်အခါတိုင်းလည်း ထိန်လင်းအကြောင်းသာပြောဖြစ်ကြတာများသည်။
"အင်း ဟုတ်တယ် ကိုထိန်က ဒီနေ့ သမဂ္ဂအစည်းအဝေးရှိနေတော့ မအားဘူးလေ"
"သူရော နေကောင်းတယ်မလား"
"အင်း ကောင်းပါတယ်။နောင်ရိုးက ကိုထိန်ကိုဆို သိပ်ခင်တွယ်တာပဲနော် ကျွန်တော်ဖြင့်သိပ်အားကျတာပဲ"
"အင်း ငယ်သူငယ်ချင်းဆိုတော့လည်း"
သူငယ်ချင်းဆိုသည့် အသုံးအနှုန်းကို သုံးရသည့်အခါတိုင်း သူ့ရင်ထဲတွင် တစ်ခုခုလှစ်ဟာသွားသလို ခံစားရသည်။
"ခဗျားမှာ ချစ်ရမယ့်သူ ရှိနေပြီလား နောင်ရိုး"
ခပ်နွေးနွေး ရေနွေးပန်းကန်လေးအား ယူကာ သောက်ရင်းမှ
"ဘာလို့လဲ ကိုခန့်"
"ဘာရယ်တော့မဟုတ်ပါဘူး ကျွန်တော် ဒီအတိုင်းသိချင်ရုံပါ"
နောင်ရိုး ဘာမှပြန်မဖြေဖြစ်ပေ။ဘာကြောင့် ဒီမေးခွန်းမျိုးကို ထပ်ခါထပ်ခါမေးနေလဲ ကျွန်တော် မသိချင်ဘူး။တစ်ချို့သောအရာတွေက မသိဟန်ဆောင်နေရတာပဲ ကောင်းတယ်မဟုတ်လား။သိအောင်ကြိုးစားမိလို့ သိရတဲ့အခါ စိတ်အခက်အခဲကြုံရတဲ့ ခံစားချက်မျိုး ကျွန်တော်ခံစားဖူးတယ်။ဒါကြောင့် ကျွန်တော် ဘာမှစုံစမ်းပြီးမှ မသိချင်ဘူး။အချိန်တစ်ခုပဲ လိုတာပါ အချိန်တန်ရင် သိမှာပဲလေ။
"နောင်ရိုး"
"ဟင်"
"မင်း LGBT-QIAဆိုတာ ကြားဖူးလား"
မဝံ့မရဲဖြင့် သိချင်လှသည့်အရာကို မင်းဟိဏ်းခန့် ခပ်တိုးတိုးမေးမိလေသည်။မေးပြီးမှ နောင်ရိုးသစ် မျက်နှာလေးကို ငေးကြည့်မိသည်။အံ့ဩဟန်မရှိပေ။ ခပ်အေးအေးပင်။ သူ့အားခပ်ပြုံးပြုံးကြည့်ရင်း ပြန်ဖြေလေသည်။
"အင်း ကြားဖူးပါတယ်။ဒါက ဖွံ့ဖြိုးတဲ့အနောက်နိုင်ငံတွေမှာ တွင်ကျယ်လာတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်းမဟုတ်လား။ ကျွန်တော်တို့နေထိုင်တဲ့ နိုင်ငံမှာတော့ ဒါကို ဘယ်သူမှ မထုတ်ဖော်ရဲသေးဘူး ပြီးတော့ ဒါကို ဓမ္မတာနဲ့ဆန့်ကျင်တဲ့အရာလို့ မြင်ထားကြတယ်လေ..."
"ဟုတ်တယ် ယောကျာ်းလေးတစ်ယောက်က တခြားလိင်တူ ယောကျာ်းလေးတစ်ယောက်ကို ရင်ခုန်နေမိတာကိုရော နောင်ရိုး
ဘယ်လိုမြင်လဲ"
"ဒါမျိုးက အဆန်းမှမဟုတ်တာ ကိုခန့်ရာ..အချစ်ဆိုတာမျိုးက ကန့်သတ်ချုပ်ခြယ်မှုမှ မရှိတာ ကိုယ်သဘောကျနှစ်သက်တဲ့သူကို ရင်ခုန်လို့ရတာပဲ မဟုတ်ဘူးလား ဒါပေမယ့် ဖွံ့ဖြိုးတဲ့အနောက်နိုင်ငံတွေမှာတောင် ဖြစ်တည်မှုကို သိပ်ပြီး လက်ခံနိုင်ကြသေးတာ မကြာသေးဘူး ဒါက အရင်က စိတ်ရောဂါတစ်ခုလို့တောင် ယူဆထားကြတာ.."
နှုတ်ခမ်းလေးများ ခပ်ဟဟဖွင့်ရင်း ရယ်သွမ်းပြောနေသည့် နောင်ရိုးကိုကြည့်ရင်း မင်းဟိဏ်းခန့် ရင်တွေခုန်လာရပြန်သည်။
"ကျွန်တော်လည်း ယောကျာ်းလေးတစ်ယောက်ကို ရင်ခုန်နေမိတယ်။ဒါကရူးသွပ်မှုတစ်ခုလား၊စိတ်ေရာဂါတစ်မျိုးလား နောင်ရိုး"
"ဟင့်အင်း ကျွန်တော်မသိဘူး"
နောင်ရိုးကို စတွေ့သည့်အချိန်ကတည်းက သူရင်ခုန်နေခဲ့မိသည်။
ရယ်လိုက်ရင် ခွက်ဝင်သွားသည့် ပါးချိုင့်လေးကြောင့်လား...။
ယောကျာ်းလေးတစ်ယောက် တစ်ခြားယောကျာ်းလေးတစ်ယောက်ကို ချစ်နေမိတာဟာ စိတ်ရောဂါဆို ကျွန်တော့်ရောဂါကို နောင်ရိုးကုပေးမှ ရတော့မှာ။
"ကျွန်တော့်နေရာမှာ နောင်ရိုးဆိုရင်ရော နောင်ရိုးသူ့ကိုဖွင့်ပြောမှာလား"
"ဟင့်အင်း ကျွန်တော်မပြောတတ်ဘူး။ သေချာတာတစ်ခုက လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ချစ်နေဖို့ပဲ လိုတာလေ။ ဖွင့်ပြောပြမှ၊သူသိသွားမှ အချစ်လို့ခေါ်တာ်ှ မဟုတ်တာ ဒီအတိုင်း ချစ်နေရတာကလည်း ချစ်ခြင်းမေတ္တာတစ်မျိုးပါပဲ"
"ကျွန်တော်သူ့ကိုချစ်နေမိတယ် နောင်ရိုး။ ယောကျာ်းလေးချင်းမို့ ဖွင့်ပြောလိုက်လို့ သူ အထင်သေးသွားမှာလည်း စိုးတယ်"
"ကိုခန့်ချစ်နေတဲ့သူကို ကျွန်တော်မသိပေမယ့် ကြိုးစားကြည့်လေ ကိုခန့်ကရည်မွန်တဲ့လူပဲ သူလက်ခံနိုင်မှာပါ.."
"နောင်ရိုးဆိုရင်ရော အဲ့ဒီလိုလူကို လက်ခံနိုင်လား"
"ဟင်"
"နောင်ရိုးသာအဲ့ဒီလူနေရာမှာဆို လက်ခံနိုင်လားလို့"
"ကိုခန့် မင်းကလေ တကယ် သိပ်ရယ်စရာပြောတတ်တာပဲ"
"ကျွန်တော် တကယ်မေးနေတာ နောင်ရိုး"
နောင်ရိုးသစ်၏ အသက်မဝင်လှသော အပြုံးတို့က အလိုလိုရပ်တန့်သွားမိလေသည်။
လူတစ်ယောက်ဆီက ဖွင့်ပြောလာမယ့် အချစ်အကြောင်းကို သူ အချိန်ကြာအောင် စောင့်စားေနခဲ့တယ်ဆိုတာကို သိရင် မင်းရယ်နေမလား ကိုခန့်။
LGBTQIAဆိုတာ ဘာမှန်းမသိခင်ကတည်းက လူတစ်ယောက်ကို တိတ်တခိုးချစ်နေခဲ့မိတယ်ဆိုကိုသာ မင်းကြားရင် စိတ်ရောဂါလို့ သတ်မှတ်ဦးမလား...။
"နောင်ရိုး"
"ဟင်"
"ကျွန်တော်မေးထားတာ ဖြေလေ"
"အင်း...။ကျွန်တော်မျှော်လင့်ထားတဲ့ လူတစ်ယောက်ဆီကဆို လက်ခံမိမယ်ထင်တယ်"
နှစ်ယောက်ကြား စကားသံတို့က ပကတိတိတ်ဆိတ်သွားသည်။လက်ဖက်ရည်ဆိုင်လေး၏ အပြင်ဘက်ရှိ မယ်ဇလီပင်ငယ်မှ ငှက်ငယ်ကလေးတစ်ကောင်တည်း ပျံထွက်သွားလေသည်။အဖော်ကွဲသွားတဲ့ အဲဒီငှက်ကလေးကို မင်းဟိဏ်းခန့် မြင်
ဖြစ်ေအာင်ပင် မြင်လိုက်ရပါသည်။
Zawgyi Version —
၁၉၉၆ခုႏွစ္
"စိတ္ဓာတ္၊စည္းကမ္း၊ပညာ"ဟူေသာ ဆိုင္းဘုတ္ႀကီးႏွင့္အတူ ေသသပ္စြာ ေဆာက္လုပ္ထားသည့္ ေက်ာင္းေဆာင္ႀကီးသည္ ပနံရလွေပသည်။ကျောင်းဆောင်ကြီးရှေ့တွင် ေဘာလုံးကြင္းရွိသည္။ ေဘာလုံးကြင္းႏွင့္ေက်ာင္းေဆာင္၏ ၾကားရွိ လမ္းကေလး၏ ေဘးတစ္ဖက္တစ္ခ်က္တြင္ သစ္ပင္ပန္းမာန္မ်ားစုံလင္စြာ စိုက္ပ်ိဳးထားသည္။ေက်ာင္းေဆာင္၏ အေရွ႕တြင္လည္း အလံတိုင္ႀကီးတစ္ခုရွိသည္။
ေက်ာင္းႀကီးသည္ သစ္ပင္ပန္းမာန္မ်ား၊ ေက်ာင္းသားလူငယ္မ်ားႏွင့္ ညံညံစီကာ ပနံရကာ လွပေနေတာ့သည္။ေနာင္ရိုးသစ္ ဒီေက်ာင္းေတာ္ႀကီးဆီသို႔ ေရာက္ရွိခဲ့တာ လအေတာ္ၾကာခဲ့ၿပီျဖစ္သည္။
ယခုဆို ေက်ာင္းစည္းကမ္းမ်ားႏွင့္ပင္ အေတာ္ေလးေနသားတက်ျဖစ္ေနၿပီ။မနက္ ၆နာရီထိုးလွ်င္ အိပ္ယာထ Tarcksuitဝတ္ကာ PTကြင္းထဲ အေရာက္ေျပးရသည္။PTကြင္းထဲေရာက္လွ်င္ ေသြးပူေလ့က်င့္ခန္းမ်ားလုပ္ရသည္။ၿပီးေနာက္ စိုက္ပ်ိဳးေရး၊သန႔္ရွင္းေရးမ်ားလုပ္ကာ ေရမိုးခ်ိဳး မနက္စာစားရသည္။ မနက္စာစားၿပီးသည္ႏွင့္ ေက်ာင္းဝတ္စုံ အျဖဴအစိမ္းလဲကာ အတန္းထဲသို႔ ေျပးရသည္။
မြန္းတည့္ခ်ိန္အထိ သင္ခန္းစာအခ်ိဳ႕သင္ၿပီးေသာ္ ေန႕လည္ထမင္းစားခဏနားကာ ေန႕လယ္အတန္းခ်ိန္တက္ရျပန္သည္။ ညေနေရာက္လွ်င္ ညစာစားရသည္။ၿပီးေနာက္ ဘုရားရွိခိုးကာ စာက်က္ရသည္။ဤသည္မွာ ပညာေရးကောလိပ်ကျောင်းသား တစ္ေယာက္၏ နိစၥဓူဝ ပင္ျဖစ္သည္။
"ေနာင္ရိုးေရ မင္းဧည့္သည္ေရာက္ေနတယ္ဟ"
မေန႕က သင္လိုက္သည့္ ပညာေရးစိတ္ပညာဘာသာအား နားမလည္၍ ျပန္ၾကည့္ေနစဥ္ အခန္းဝမွ မတ္တပ္ရပ္ကာ ဧည့္သည္လာေနေၾကာင္း လာေျပာသည့္ ကိုမင္းမင္းလတ္အား ေနာင္ရိုး ေခါင္းညိတ္ရင္း ၿပဳံးျပျပလိုက္ရသည္။
ဖတ္လက္စ စာအုပ္အား အဖုံးပိတ္လိုက္ၿပီး အခန္းထဲမွ ေလးကန္ေသာ ေျခလွမ္းမ်ားျဖင့္ အျပင္ထြက္လာခဲ့လိုက္သည္။
ေကာလိပ္ေက်ာင္းသားမ်ားထားသည့္ အေဆာင္အား ျဖတ္ၿပီးေနာက္ အလံတိုင္ႀကီး၏ ေဘးရွိလမ္းေပၚသို႔ေရာက္ေလသည်။
ေဘးတစ္ဖက္တစ္ခ်က္တြင္ အပင္ငယ္မ်ား စီရီစြာ စိုက္ပ်ိဳးထားသည့္ လမ္းကေလးအတိုင္း ဧည့္ေတြ႕ေဆာင္ဆီသို႔ ေလွ်ာက္လွမ္းလာခဲ့သည္။ဧည့္ေတြ႕ေဆာင္ဆီသို႔ ေမွ်ာ္ၾကည့္ရင္း ျမင္လိုက္ရသည့္ အရိပ္တစ္ခုေၾကာင့္ ေနာင္ရိုး သက္ျပင္းခပ္ျဖည္းျဖည္းခ်မိသည္။
သူ ထင္ထားသည့္အတိုင္းပင္ အင္ဂ်င္နီယာေက်ာင္းတက္ေနသည့္ သူ႕ရဲ႕အထူးဧည့္သည္ေတာ္ ထိန္လင္းေအာင္ျဖစ္သည္။
"ဘာျဖစ္ေနတာလဲ မင္းမ်က္ႏွာက"
ဧည့္ေတြ႕ေဆာင္သို႔ ဝင္ဝင္ခ်င္း သေကာင့္သားထိန္လင္းဆီမွၾကားရသည့္ ပထဆုံးစကားျဖစ္သည္။
"ဘာျဖစ္ရမွာလဲ ငါကစာဖတ္ေနတာေလကြာ ေျပာ မင္းလာတာ ဘာကိစၥလဲ"
"မင္းကလဲကြာ ဒီေန႕တစ္ေန႕ေတာ့ ဦးႏွောက္ေလးဘာေလး အနားေပးပါဦး "
"ေဟ့ေကာင္ ေလေၾကာရွည္မေနနဲ႕။ေျပာ ဘာကိစၥလဲ မင္းကေလ ငယ္ငယ္ကအတိုင္းပဲ"
"ခုလည္း ငယ္ငယ္ေလးပဲရွိပါေသးတယ္ကြာ"
"ေဟ့ေကာင္ မင္းအေတာ္အားေနလား"
"အင္း မင္းအတြက္ဆို အၿမဲတမ္းအားတယ္"
"ေခြးေကာင္ ေပါက္ကရမေပြာနဲ့ ေျပာ ဘာကိစၥလဲ"
"မ်က္ႏွာေလးလည္း နည္းနည္းပါးပါးျပင္ပါဦးကြာ မသိရင္ လူသတ္ေတာ့မယ့္႐ုပ္နဲ႕ "
"လူသတ္မယ့္႐ုပ္လား ဒီ႐ုပ္က"
မ်က္ႏွာအား လက္ညိုးထိုးျပရင္း ေမးလိုက္သည္။တျခားသူေတြႏွင့္ဆို စကားနည္းတတ္သည့္ ထိန္လင္းက ကြၽန္ေတာ္နဲ႕ဆို ၾကက္တူေ႐ြးတစ္ေကာင္ႏွယ္...။
"လူသတ္ေတာ့မယ့်ရုပ်ကြီးနဲ့"
"ဘာကြ"
"ျဖည္းျဖည္းသက္သာလည္း ေအာ္ပါကြာ စတာကိုး လူသတ္မယ့္႐ုပ္မဟုတ္ဘူး လူခ်စ္မ်ားမယ္႐ုပ္ေလး ဟုတ္ၿပီလား"
ေနာင္ရိုးသစ္ မ်က္ေစာင္းခ်ီကာ ၾကည့္ရင္း ၿပဳံးလိုက္မိေလသည္။ထိန္လင္းဆိုတဲ့ေကာင္က တခြားသူတေွနှင့်သာ စကားနည္းသာ ကြၽန္ေတာ္နဲ႕ဆို အေတာ္ေလေပါတဲ့ေကာင္။အေတာ္လည္း အစအေနာက္သန္တတ္ေသးသည္။
"လာရင္း ကိစၥကဘာလဲ"
"အိမ္က မေန႕ညေနက ပိုက္ဆံေရာက္တယ္ေလကြာ မင္းကို မုန႔္လိုက္ေကြၽးဖို႔လာေခၚတာ ျငင္းမယ္ မႀကံနဲ႕ေနာ္ ဆိုင္မွာ ငါ့သူငယ္ခ်င္းကိုလည္း ထားခဲ့တယ္။ငါ့သူငယ္ခ်င္းနဲ႕လည္း မင္းကို မိတ္ဆက္ေပးခ်င္လို႔"
"ေယာက်ာ္းေလးလား မိန္းကေလးလား"
ထိုေမးခြန္းကို ေနာင္ရိုး ေသခ်ာစြာေမးလိုက္မိသည္။ဘာမွ်မသိပဲႏွင့္ လိုက္၍သြားလွ်င္ ဆိုင္တြင္ေၾကာင္ေတာင္ေတာင္နိုင္မွာသိသည္ေလ။
"ေယာက်ာ္းေလးပါကြာ ငါ့အခန္းေဖာ္"
"ဒါေပမယ့္.."
"ဒါေပမယ့္မေနနဲ႕ မင္း ရႈပ္ရႈပ္ယွက္ယွက္မႀကိဳက္တာငါသိပါတယ္ ဒီေကာင္ကလည္း အေနေအးပါတယ္ကြ"
ထိန္လင္း၏ မဲဆြယ္စည္း႐ုံးေကာင္းမႈေၾကာင့္ ေနာင္ရိုးသစ္ ေခါင္းညိတ္လိုက္ရေတာ့သည်။
ထို႔ေနာက္ ထိန္လင္း၏ Loujia(110)ဆိုင္ကယ္ျဖင့္ပင္ စားေသာက္ဆိုင္တစ္ခုသို႔ ထြက္လာခဲ့လိုက္သည္။
"ထိန္လင္း လမ္းေဘးဆိုင္ေလးေတြမွာ တို႔ဟူးသုပ္ေလး စားရရင္ေကာင္းမယ္ေနာ္"
လမ္းေဘးရွိ ဆိုင္းထမ္းသည္ေလးက ျမင္ကြင္းထဲေပါ်လာတာကြောင့် ေျပာလိုက္မိျခင္းျဖစ္သည္။ေဈးႀကီးေပးစားရသည့္ ဆိုင္ႀကီးမ်ားတြင္ ထိုင္ရသည့္ထက္ ဤကဲ့သို႔ေသာ ဆိုင္းထမ္းသယ္ေလးမ်ားဆီတြင္ ဝယ္စားရသည္ကို ပိုႏွစ္ၿခိဳက္မိသည္။
"မင္းစားခ်င္ရင္ ေနာက္တစ္ခါ ငါလိုက္ေကြၽးမယ္ေလ။ခုေတာ့ ငါ့သူငယ္ခ်င္းေစာင့္ေနတဲ့ ဆိုင္ပဲ ဒိုးၾကစို႔"
"အင္း အင္းပါ"
ႏွစ္ေယာက္အတူ စီးလာသည့္ဆိုင္ကယ္ေလးသည္ စားေသာက္ဆိုင္တစ္ခုေရွ႕အေရာက္တြင္ ရပ္သြားေလသည္။ၿပီးေနာက္ သူတို႔ႏွစ္ေယာက္ ဆိုင္ေလးထဲသို႔ ဝင္လာခဲ့ၾကသည္။
"ဒီမွာထိုင္"
စားပြဲ၏ ေဘးတြင္ရွိေသာ ကုလားထိုင္တစ္လုံးအား ဆြဲယူကာ သူ႕အနားသို႔ ထိုင္ေစသည့္ ထိန္လင္း၏ အေျပာအား သူမျငင္းမိေပ။ ေနာင္ရိုးသစ္ ေခါင္းတစ္ခ်က္ညိတ္ကာ အသင့္ရွိေနသည့္ ထိုင္ခုံေလးေပၚတြင္ ထိုင္ခ်လိဳက္သည္။
"ဟိဏ္းခန႔္ ဒါ ငါ့အခ်စ္ဆုံးငယ္သူငယ္ခ်င္း ေနာင္ရိုးသစ္တဲ့ ေနာင္ရိုး ဒါ ငါ့အတန္းေဖာ္လည္းဟုတ္တယ္၊အခန္းေဖာ္လည္းဟုတ္တယ္ ငါ့သူငယ္ခ်င္း မင္းဟိဏ္းခန႔္တဲ့"
ခပ္တိုးတိုးဆိုရင္း သေကာင့္သားသည္ မင္းဟိဏ္းခန႔္ဆိုသည့္လူအား သူႏွင့္ မိတ္ဆက္ေပးေလသည္။ ေနာင္ရိုးသစ္ အၿပဳံးေလးျဖင့္ အသိအမွတ္ျပဳေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။ ထိုလူသည္လည္း မိမိကဲ့သို႔ပင္ ေခါင္းညိတ္၍ ၿပဳံးျပေလသည္။ မင္းဟိဏ္းခန႔္ သည္ ရည္မြန္ေသာဟန္ရွိသည္။စကားေျပာတိုင္း ခပ္ၿပဳံးၿပဳံးႏွင့္ ႏွစ္လိုဖြယ္ေကာင္းလွသည္။ဝတ္စားထားပုံမွာလည္း စမတ္က်၍ ထိုသူ၏ အဆင့္အတန္းကိုပင္ ခန႔္မွန္း၍ရေနသည္။
"႐ႊီ"
ထိန္လင္း လက္ကြင္းထိုးကာ စားပြဲထိုးေလးအား ေခၚလိုက္ေလသည်။ တစ္ေအာင့္အၾကာ စားပြဲထိုးေလးအနားသို႔ ေရာက္လာေသာအခါ
"ကဲ မင္းတို႔ ႏွစ္ေယာက္ ဘာစားၾကမလဲ မွာေလ"
"အင္း ငါေတာ့ မုန႔္ဟင္းခါးပဲစားေတာ့မယ္"
"ကြၽန္ေတာ္လည္း မုန႔္ဟင္းခါးပဲစားမယ္ ကိုထိန္"
မင္းဟိဏ္းခန႔္ မုန႔္ဟင္းခါးသိပ္ႀကိဳက္လွသူမဟုတ္။ဘာေၾကာင့္ မုန႔္ဟင္းခါးစားခ်င္သြားမွန္း သိပ္မသိ။ထို႔ေၾကာင့္ သူ႕အတြက္ မုန႔္ဟင္းခါးပင္ မွာလိုက္ေလသည္။
"ညီေလး အစ္ကို႔အတြက္ေတာ့ နန္းႀကီးသုပ္တစ္ပြဲ။ေအာ္ ဒါနဲ႕ ေစာေစာက မွာတဲ့ မုန႔္ဟင္းခါးႏွစ္ပြဲထဲက တစ္ပြဲကိုေလ နံနံပင္ေတြ မထည့္နဲ႕ေနာ္"
စားပြဲထိုးေလးသည္ ေခါင္းကို တြင္တြင္ညိတ္ရင္းအနားမွ ထြက္သြားေလသည္။ ဒီလို သိတတ္မႈေတြေၾကာင့္ သေကာင့္သား ထိန္လင္းကို သူ အခင္မင္ပိုေနရတာျဖစ္သည္။
"ေနာင္ရိုးသစ္က နံနံပင္ မႀကိဳက္ဘူးလား"
"အင္း ဟုတ္တယ္ ကြၽန္ေတာ္ကအနံ႕ကိုမခံနိုင္တာ"
"ဟုတ္တယ္ကြ။ေနာင္ရိုးက နံနံနဲ႕ပတ္သတ္ရင္ ရွမ္းနံနံလည္းမႀကိဳက္ဘူး။တ႐ုတ္နံနံေရာပဲ"
သူ႕ကိုယ္စားေျဖေပးေနေသာ သေကာင့္သားထိန္လင္းအား ခပ္ၿပဳံးၿပဳံးျဖင့္ စိုက္ၾကည့္မိသည္။
ေကာလိပ္ေက်ာင္းသားျဖစ္ေနၿပီျဖစ္ေသာေၾကာင့္ သေကာင့္သား ပုံစံက ႐ြာမွာတုန္းက ပုံစံႏွင့္လားလားမတူေပ။ဝတ္ပုံစားပုံကအစ အရင္ကထက္ သပ္သပ္ရပ္ရပ္ရွိလွသည္။
အတန္းထဲမွာ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္မ်ား ျဖစ္ေနမလား ထိန္လင္း....။
တဒဂၤမွ်ေတြးမိသည့္ အေတြးတခ်ိဳ႕ေၾကာင့္ သက္ျပင္းေမာတစ်ခုခိုးချမိသည်။
"ေနာင္ရိုး"
"ဟင္"
"မင္းက ဘာေတြ ေတြးေနတာလဲ"
"ဟင့္အင္း မေတြးပါဘူး"
တစ္ေအာင့္ၾကာသည္ႏွင့္ မွာထားသည့္ပြဲမ်ား ေရာက္လာေလသည္။သူ႕ဆီသို႔ တစ္ခ်က္တစ္ခ်က္ ေဝ့ဝဲလာတတ္သည့္ မင္းဟိဏ္းခန႔္ဆိုသည့္လူ၏ မ်က္လုံးအၾကည့္မ်ားကို သူ ဂ႐ုမမူဘဲ ၿပဳံးျပလိုက္သည္။ၿပီးေနာက္ ေအးေဆးစြာပင္ မုန႔္ဟင္းခါးစားရန္ ျပင္လိုက္သည္။မုန႔္ဟင္းခါးစားလွ်င္ င႐ုတ္သီးမႈန႔္မ်ား၊ ေရွာက္သီးမ်ား ညသ္ကာ ခ်ဥ္ခ်ဥ္စ္စပ္ေရာႏွောကာ စားရတာႀကိဳက္သည့္သူမို႔ င႐ုတ္သီးမႈန႔္မ်ားထည့္ရန္ျပင္လိုက္စဥ္
"ဟာ င႐ုတ္သီးမႈန႔္ သိပ္မထည့္နဲ႕ေလကြာ ဗိုက္ေအာင့္လိမ့္ဦးမယ္"
"ဘာမွမျဖစ္ပါဘူးကြာ စားေနက်ပဲဟာ"
"ေဟ့ေကာင္ ေနာင္ရိုး မင္း ကေလးမဟုတ္ေတာ့ဘူးေနာ္ ေက်ာင္းဆရာပဲျဖစ္ေတာ့မယ္ နည္းနည္းပါးပါး ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ပါဦးကြာ"
"မင္းကလဲ ငါက"
"ဗိုက္ေအာင့္မွာဆိုးလို႔ မင္းစားခ်င္ရင္ ေနာက္မွစားေလ ခုက အေဆာင္ျပန္လို႔ ဗိုက္ေအာင့္ေနရင္း မင္းကို ဘယ္သူဂ႐ုစိုက္မလဲ ေနာက္မွစားေနာ္"
တပြစိစိေျပာလာသည့္ သေကာင့္သားထိန္လင္းေၾကာင့္ င႐ုတ္သီးမႈန႔္ ထည့္မစားျဖစ္ေတာ့ေပ။
"ထိန္လင္း မင္းက အသားေတြေတာ့ မဲမသြားဘူးေနာ္"
"ဘယ္မဲမလဲ စာေတြ႕ပဲသင္ရေသးတာကိုးကြ လက္ေတြ႕မဆင္းရေသးတာ"
"ကိုေနာင္ရိုး ကြၽန္ေတာ္တို႔ေက်ာင္းဘက္ ေရာက္ဖူးလား"
"အင္း မေရာက္ဖူးဘူးဗ်"
"ကိုေနာင္ရိုးတို႔ ေကာလိပ္ဘက္ေတာ့ ကြၽန္ေတာ္ တစ္ခါေရာက္ဖူးပါတယ္ "
"ဪ ဟုတ္ကဲ့"
"ကြၽန္ေတာ္ ပညာေရးေကာလိပ္ဘက္ေရာက္ျဖစ္ရင္ ကိုေနာင္ရိုးဆီ ဝင္ခဲ့လို႔ရတယ္မလား"
"အင္း ရ ရပါတယ္"
အဲဒီ့ေနာက္ စကားစျပတ္သြားတာမို႔ က်န္ေနေသးသည့္ မုန႔္ဟင္းခါးရည္ေလးမ်ားအားေသာက္လိုက္ေလသည္။ၿပီးေနာက္ ထိန္လင္း ကမ္းေပးလာသည့္ ေရႏြေးပူပူတစ္ခြက္အား ေသာက္လိုက္သည္။
"ထိန္လင္း"
"ဟင္"
"ငါျပန္ခ်င္ၿပီ စာလည္း အနည္းအပါး ျပန္ႏႊေးခ်င္ေသးလို့"
"ဟာ ေနပါဦးလားကြာ ခ်က္ခ်င္းႀကီး ဒီမွာ ငါက စားလို႔မၿပီးေသးဘူးေလ"
နန္းႀကီးသုပ္အား အေတာ္ႀကိဳက္ပုံရသည္။ပန္းကန္ေလးထဲရွိ နန္းႀကီးသုပ္အား အရသာခံကာ တျဖည္းျဖည္းစားေနသည့္ ထိန္လင္းကို ေနာင္ရိုးစိတ္မရွည္ေတာ့။ဒီလိုစားပုံႏွင့္ဆို အေဆာင္တံခါးပိတ္မွ ျပန္ေရာက္လိမ့္မည္ထင္သည္။အေဆာင္တံခါးပိတ္ခ်ိန္မွေရာက္လွ်င္ ဒဏ္ေငြေဆာင္ရဦးမည္ျဖစ္သည္။ ဒါကလည္း ပညာေရးေကာလိပ္၏ စည္းကမ္းတစ္ခုပင္ျဖစ္သည္။
"ကိုထိန္ ကြၽန္ေတာ္လိုက္ပို႔လိုက္မယ္ေလ ကိုထိန္ဒီမွာပဲ ေစာင့္ေနခဲ့လိုက္"
"ေအးေအး ဒါဆိုလည္းေကာင္းသားပဲ ငါဒီကပဲ ေစာင့္ေနမယ္"
"ဟုတ္ကဲ့ ကိုထိန္"
ထိန္လင္း၏ 110Loujiaဆိုင္ကယ္ေလးျဖင့္ အေဆာင္သို႔ျပန္လာခဲ့ရေလသည္။သို႔ေသာ္ ဆိုင္ကယ္ေမာင္းသူေနရာတြင္ေတာ့ ထိန္လင္းမဟုတ္ေတာ့။ ထိန္လင္းမိတ္ဆက္ေပးသည့္ ထိန္လင္း၏သူငယ္ခ်င္း မင္းဟိဏ္းခန႔္ ျဖစ္ေလသည္။
ဆိုင္ကယ္ေလးသည္ အရွိန္ႏွင့္ တရိပ္ရိပ္ေရွ့နေရင်းမှ ေက်ာင္းေရွ႕ေရာက္သည္ႏွင့္ တျဖည္းျဖည္းအရွိန္ရပ္သြားေလသည္။ၿပီးေနာက္ ေနာင္ရိုးသစ္ ဆိုင္ကယ္မွ ဆင္းလိုက္ေလသည္။
"ေက်းဇူးတင္ပါတယ္ ကိုမင္းဟိဏ္းခန႔္"
"ဟုတ္ကဲ့ ရပါတယ္ ကိုေနာင္ရိုး ဟိုေလ ဟို.."
"ဘာမ်ားလဲ ေျပာေလ"
"ဒီလိုပါ ေနာက္ေက်ာင္းပိတ္ရက္ေတြ ကြၽန္ေတာ္ ေနာင္ရိုးဆီ အလည္လာခ်င္လို႔ ရမလား"
"ေအာ္ ဘာမ်ားလဲ မွတ္တယ္ ရပါတယ္ ကိုမင္းဟိဏ္းခန့္ရဲ႕ ထိန္လင္းနဲ႕လိုက္ခဲ့ေလ"
"ကိုထိန္မပါဘဲ ကြၽန္ေတာ္တစ္ေယာက္တည္းေရာ လာလို႔မရဘူးလား"
"ရ ရပါတယ္"
"ကိုထိန္နဲ႕ ေနာင္ရိုးက အေတာ္ခင္ၾကတဲ့ သူငယ္ခ်င္းေတြပဲေနာ္"
သူငယ္ခ်င္း... ဟုတ္တယ္ ငါတို႔က သူငယ္ခ်င္းေတြပါပဲ။သူငယ္ခ်င္းဆိုတဲ့ စည္းထဲက ႐ုန္းထြက္ဖို႔ မရဲေသးတဲ့လူႏွစ္ေယာက္က ငါနဲ႕ ထိန္လင္းေပါ့။
ေနာင္ရိုးသစ္ ဘာမွျပန္မေျဖမိဘဲ ၿပဳံးျပလိုက္ေလသည္။
"ဒါဆို ကြၽန္ေတာ္ျပန္ေတာ့မယ္ေနာ္ ေနာင္ရိုး"
"ဟုတ္ကဲ့"
ဆိုင္ကယ္သံခပ္သဲ့သဲ့ ၾကားရၿပီးေနာက္ မင္းဟိဏ္းခန႔္သည္ အနားမွထြက္သြားေလသည္။ထြက္သြားသည့္ ဆ်ိုင်ကယ်လေးအားကြည့်ရင်း တိတ္တခိုးသက္ျပင္းခ်မိသည္။ႀကီးေလးေသာ စိတ္ခံစားမႈတစ္ခုကို ခံစားေနရသည္။
*************
ေနာင္ စေန၊တနဂၤႏြေေက်ာင္းပိတ္ရက္မ်ားတြင္လည္း မင္းဟိဏ္းခန့္သည္ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျဖင့္ သူ႕ဆီကို ေရာက္လာတတ္ေလသည်။သို့သော် သေကာင့္သား ထိန္လင္း ပါမလာေခ်။
တစ္စ၊တစ္စႏွင့္ မင္းဟိဏ္းခန႔္ႏွင့္ပင္ အေတာ္ေလးရင္းႏွီးလာရေလသည္။ငယ္ေပါင္းႀကီးေဖာ္ မဟုတ္ေသာ္လည္း တစ္ေယာက္အေၾကာင္း တစ္ေယာက္ အေတာ္ေလးပင္ သိေနေလၿပီ။ဒါကလည္း ေဖာ္ေ႐ြၿပီး အားနာတတ္သည့္ ေနာင္ရိုးသစ္၏ အက်င့္ေၾကာင့္ျဖစ္သည္။
"ထိန္လင္း မပါဘူးလား ကိုခန႔္"
ထိုင္ေနက် ေက်ာင္းေရွ႕ရွိ လက္ဖက္ရည္ဆိုင္ထဲသို႔ေရာက္သည္ႏွင့္ ေနာင္ရိုးေမးလိုက္မိသည္။သူတို႔ႏွစ္ေယာက္ဆုံသည့္အခါတိုင္းလည္း ထိန္လင္းအေၾကာင္းသာေျပာျဖစ္ၾကတာမ်ားသည္။
"အင္း ဟုတ္တယ္ ကိုထိန္က ဒီေန႕ သမဂၢအစည္းအေဝးရွိေနေတာ့ မအားဘူးေလ"
"သူေရာ ေနေကာင္းတယ္မလား"
"အင္း ေကာင္းပါတယ္။ေနာင္ရိုးက ကိုထိန္ကိုဆို သိပ္ခင္တြယ္တာပဲေနာ္ ကြၽန္ေတာ္ျဖင့္သိပ္အားက်တာပဲ"
"အင္း ငယ္သူငယ္ခ်င္းဆိုေတာ့လည္း"
သူငယ္ခ်င္းဆိုသည့္ အသုံးအႏႈန္းကို သုံးရသည့္အခါတိုင္း သူ႕ရင္ထဲတြင္ တစ္ခုခုလွစ္ဟာသြားသလို ခံစားရသည္။
"ခဗ်ားမွာ ခ်စ္ရမယ့္သူ ရွိေနၿပီလား ေနာင္ရိုး"
ခပ္ႏြေးႏြေး ေရႏြေးပန္းကန္ေလးအား ယူကာ ေသာက္ရင္းမွ
"ဘာလို႔လဲ ကိုခန႔္"
"ဘာရယ္ေတာ့မဟုတ္ပါဘူး ကြၽန္ေတာ္ ဒီအတိုင္းသိခ်င္႐ုံပါ"
ေနာင္ရိုး ဘာမွျပန္မေျဖျဖစ္ေပ။ဘာေၾကာင့္ ဒီေမးခြန္းမ်ိဳးကို ထပ္ခါထပ္ခါေမးေနလဲ ကြၽန္ေတာ္ မသိခ်င္ဘူး။တစ္ခ်ိဳ႕ေသာအရာေတြက မသိဟန္ေဆာင္ေနရတာပဲ ေကာင္းတယ္မဟုတ္လား။သိေအာင္ႀကိဳးစားမိလို႔ သိရတဲ့အခါ စိတ္အခက္အခဲႀကဳံရတဲ့ ခံစားခ်က္မ်ိဳး ကြၽန္ေတာ္ခံစားဖူးတယ္။ဒါေၾကာင့္ ကြၽန္ေတာ္ ဘာမွစုံစမ္းၿပီးမွ မသိခ်င္ဘူး။အခ်ိန္တစ္ခုပဲ လိုတာပါ အခ်ိန္တန္ရင္ သိမွာပဲေလ။
"ေနာင္ရိုး"
"ဟင္"
"မင္း LGBT-QIAဆိုတာ ၾကားဖူးလား"
မဝံ့မရဲျဖင့္ သိခ်င္လွသည့္အရာကို မင္းဟိဏ္းခန႔္ ခပ္တိုးတိုးေမးမိေလသည္။ေမးၿပီးမွ ေနာင္ရိုးသစ္ မ်က္ႏွာေလးကို ေငးၾကည့္မိသည္။အံ့ဩဟန္မရွိေပ။ ခပ္ေအးေအးပင္။ သူ႕အားခပ္ၿပဳံးၿပဳံးၾကည့္ရင္း ျပန္ေျဖေလသည္။
"အင္း ၾကားဖူးပါတယ္။ဒါက ဖြံ႕ၿဖိဳးတဲ့အေနာက္နိုင္ငံေတြမွာ တြင္က်ယ္လာတဲ့ ျဖစ္တည္မႈတစ္ခုအေၾကာင္းမဟုတ္လား။ ကြၽန္ေတာ္တို႔ေနထိုင္တဲ့ နိုင္ငံမွာေတာ့ ဒါကို ဘယ္သူမွ မထုတ္ေဖာ္ရဲေသးဘူး ၿပီးေတာ့ ဒါကို ဓမၼတာနဲ႕ဆန႔္က်င္တဲ့အရာလို႔ ျမင္ထားၾကတယ္ေလ..."
"ဟုတ္တယ္ ေယာက်ာ္းေလးတစ္ေယာက္က တျခားလိင္တူ ေယာက်ာ္းေလးတစ္ေယာက္ကို ရင္ခုန္ေနမိတာကိုေရာ ေနာင္ရိုး
ဘယ္လိုျမင္လဲ"
"ဒါမ်ိဳးက အဆန္းမွမဟုတ္တာ ကိုခန႔္ရာ..အခ်စ္ဆိုတာမ်ိဳးက ကန႔္သတ္ခ်ဳပ္ျခယ္မႈမွ မရွိတာ ကိုယ္သေဘာက်ႏွစ္သက္တဲ့သူကို ရင္ခုန္လို႔ရတာပဲ မဟုတ္ဘူးလား ဒါေပမယ့္ ဖြံ႕ၿဖိဳးတဲ့အေနာက္နိုင္ငံေတြမွာေတာင္ ျဖစ္တည္မႈကို သိပ္ၿပီး လက္ခံနိုင္ၾကေသးတာ မၾကာေသးဘူး ဒါက အရင္က စိတ္ေရာဂါတစ္ခုလို႔ေတာင္ ယူဆထားၾကတာ.."
ႏႈတ္ခမ္းေလးမ်ား ခပ္ဟဟဖြင့္ရင္း ရယ္သြမ္းေျပာေနသည့္ ေနာင္ရိုးကိုၾကည့္ရင္း မင္းဟိဏ္းခန႔္ ရင္ေတြခုန္လာရျပန္သည္။
"ကြၽန္ေတာ္လည္း ေယာက်ာ္းေလးတစ္ေယာက္ကို ရင္ခုန္ေနမိတယ္။ဒါက႐ူးသြပ္မႈတစ္ခုလား၊စိတ္ေရာဂါတစ်မျိုးလား ေနာင္ရိုး"
"ဟင့္အင္း ကြၽန္ေတာ္မသိဘူး"
ေနာင္ရိုးကို စေတြ႕သည့္အခ်ိန္ကတည္းက သူရင္ခုန္ေနခဲ့မိသည္။
ရယ္လိုက္ရင္ ခြက္ဝင္သြားသည့္ ပါးခ်ိဳင့္ေလးေၾကာင့္လား...။
ေယာက်ာ္းေလးတစ္ေယာက္ တစ္ျခားေယာက်ာ္းေလးတစ္ေယာက္ကို ခ်စ္ေနမိတာဟာ စိတ္ေရာဂါဆို ကြၽန္ေတာ့္ေရာဂါကို ေနာင္ရိုးကုေပးမွ ရေတာ့မွာ။
"ကြၽန္ေတာ့္ေနရာမွာ ေနာင္ရိုးဆိုရင္ေရာ ေနာင္ရိုးသူ႕ကိုဖြင့္ေျပာမွာလား"
"ဟင့္အင္း ကြၽန္ေတာ္မေျပာတတ္ဘူး။ ေသခ်ာတာတစ္ခုက လူတစ္ေယာက္ကို ခ်စ္တယ္ဆိုတာ ခ်စ္ေနဖို႔ပဲ လိုတာေလ။ ဖြင့္ေျပာျပမွ၊သူသိသြားမွ အချစ်လို့ခေါ်တာ်ှ မဟုတ္တာ ဒီအတိုင္း ခ်စ္ေနရတာကလည္း ခ်စ္ျခင္းေမတၱာတစ္မ်ိဳးပါပဲ"
"ကြၽန္ေတာ္သူ႕ကိုခ်စ္ေနမိတယ္ ေနာင္ရိုး။ ေယာက်ာ္းေလးခ်င္းမို႔ ဖြင့္ေျပာလိုက္လို႔ သူ အထင္ေသးသြားမွာလည္း စိုးတယ္"
"ကိုခန႔္ခ်စ္ေနတဲ့သူကို ကြၽန္ေတာ္မသိေပမယ့္ ႀကိဳးစားၾကည့္ေလ ကိုခန႔္ကရည္မြန္တဲ့လူပဲ သူလက္ခံနိုင္မွာပါ.."
"ေနာင္ရိုးဆိုရင္ေရာ အဲ့ဒီလိုလူကို လက္ခံနိုင္လား"
"ဟင္"
"ေနာင္ရိုးသာအဲ့ဒီလူေနရာမွာဆို လက္ခံနိုင္လားလို႔"
"ကိုခန႔္ မင္းကေလ တကယ္ သိပ္ရယ္စရာေျပာတတ္တာပဲ"
"ကြၽန္ေတာ္ တကယ္ေမးေနတာ ေနာင္ရိုး"
ေနာင္ရိုးသစ္၏ အသက္မဝင္လွေသာ အၿပဳံးတို႔က အလိုလိုရပ္တန႔္သြားမိေလသည္။
လူတစ္ေယာက္ဆီက ဖြင့္ေျပာလာမယ့္ အခ်စ္အေၾကာင္းကို သူ အခ်ိန္ၾကာေအာင္ ေစာင့္စားေနခဲ့တယ်ဆိုတာကို သိရင္ မင္းရယ္ေနမလား ကိုခန႔္။
LGBTQIAဆိုတာ ဘာမွန္းမသိခင္ကတည္းက လူတစ္ေယာက္ကို တိတ္တခိုးခ်စ္ေနခဲ့မိတယ္ဆိုကိုသာ မင္းၾကားရင္ စိတ္ေရာဂါလို႔ သတ္မွတ္ဦးမလား...။
"ေနာင္ရိုး"
"ဟင္"
"ကြၽန္ေတာ္ေမးထားတာ ေျဖေလ"
"အင္း...။ကြၽန္ေတာ္ေမွ်ာ္လင့္ထားတဲ့ လူတစ္ေယာက္ဆီကဆို လက္ခံမိမယ္ထင္တယ္"
ႏွစ္ေယာက္ၾကား စကားသံတို႔က ပကတိတိတ္ဆိတ္သြားသည္။လက္ဖက္ရည္ဆိုင္ေလး၏ အျပင္ဘက္ရွိ မယ္ဇလီပင္ငယ္မွ ငွက္ငယ္ကေလးတစ္ေကာင္တည္း ပ်ံထြက္သြားေလသည္။အေဖာ္ကြဲသြားတဲ့ အဲဒီငွက္ကေလးကို မင္းဟိဏ္းခန႔္ ျမင္
ျဖစ္ေအာင်ပင် ျမင္လိုက္ရပါသည္။