💛If We Meet Again...💛{Compl...
By Weneebebe27
28.7K 2.2K 218
အကယ်၍ငါတို့ပြန်ဆုံဖြစ်ခဲ့ရင်...💛 More
"1"
"2"
"3"
"4"
"5"
"6"
"7"
"8"
"9"
"10"
"11"
"12"
"13"
"14"
"15"
"16"
"17"
"18"
"19"
"21"
"22"
"23"
"24"
"25"
"26"
"27"
"28"
"29"
"30"
"31"
"32"
"33"
"34"{Final}
"20"
613 51 4
By Weneebebe27
Unicode❣️
"ခု ဘယ်ကလာတာလဲ"
"ဟမ် ဘယ်ကလာရမှာလဲ အလုပ်ကလာတာပေါ့မောင်ရ"
"ဟုတ်လို့လား?"
မျက်ခုံးနှစ်ဖက်တွန့်ချိုးကာမေးလာသော
မောင့်ကြောင့်ကျနော်ချွေးတောင်ပြန်လာသလိုပဲ။ဒီနေ့ကျမှမောင်ကထူးဆန်းနေတယ်။ရိမင်နဲ့သွားတွေ့တာသိသွားတာများလား...
အဲ့တာကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"ဟုတ်..ဟုတ်ပါတယ်ဆို မောင်ကဘာလို့မေးတာလဲ"
"ဟင်း..ထားလိုက်ပါတော့ မဟုတ်ဘူးဆိုလည်းပြီးတာပါပဲ ပြန်ရအောင်လေ"
"အင်း..."
မောင်ကထပ်မမေးတော့လေတော်ပါသေး၏။နို့မိုဆိုမောင့်ကိုကျနော်ဘယ်လို
လှည့်ပတ်ဖြေရမလဲမသိ။
ဒါပေမဲ့အပြန်လမ်းတစ်လျှောက်လုံးတိတ်နေတဲ့မောင့်ကြောင့်အနည်းငယ်တော့နေရခက်နေသည်။မောင်စိတ်ဆိုးသွားတာလား...
Busပေါ်ကဆင်းသည့်အထိမောင်ကကျနော့်ကိုစကားမပြောသေး။မောင့်လက်ကိုကျနော်မဝင့်မရဲဖြင့်သွားကိုင်လိုက်တော့ပြန်လည်ဆုပ်ကိုင်လာလေသည်။ထိုအခါမှကျနော့်စိတ်ထဲအနည်းငယ်နေရသက်သာသွားတော့
သည်။
"မောင်~"
'မောင်'လို့ကျနော်တိုးတိုးလေးခေါ်လိုက်တော့မောင်ကလမ်းလျှောက်နေရင်းကျနော့်ကိုလှည့်ကြည့်လာသည်။
"စိတ်ဆိုးနေတာလားဟင်"
ကျနော်အဲ့လိုမေးလိုက်တော့မောင်ကရှေ့ကိုပြန်လှည့်သွားပြီး
"မဆိုးပါဘူး"
ဟုပြန်ဖြေလေသည်။
ကျနော်ဘာဆက်ပြောရမလဲမသိတော့ပါ။ကျနော်တို့နှစ်ယောက်ကြားတွင်တဖန်တိတ်ဆိတ်သွားပြန်လေသည်။မောင်ကအရင်လိုကျနော့်ကိုမကြည့်ဘဲရှေ့ကိုသာကြည့်ပြီးသွားနေသလိုကျနော်ကတော့မောင့်ကိုကြည့်ပြီးသာသွားနေလေသည်။ဒါပေမဲ့..မောင်က
သူဆုပ်ကိုင်ထားသောကျနော့်လက်တွေကိုတော့လွှတ်မပေးခဲ့ပါ။
.
.
.
ကျနော်စိတ်ဆိုးနေတယ်...
ယွင်ကကျနော်ကိုညာလို့။တကယ်ဆိုသူသာအမှန်တိုင်းပြောရင်ကျနော်ခုလိုစိတ်ဆိုးမိမှာမဟုတ်ဘူး။ပြီးတော့အဲ့တုံးအအလူကြီးလေးကိုကျနော်စိတ်ဆိုးနေတယ်ဆိုတာသူကျနော့်ကိုပြန်ချော့စေချင်လို့စိတ်ကောက်နေတာပါလို့ပြောပြချင်တယ်။ဒါပေမဲ့လည်းမရှိမဲ့ရှိမဲ့မာနလေးကခံနေတော့ဒီအတိုင်းဘာမှမပြောဘဲနေလိုက်တော့တယ်။ဟုတ်တယ်လေ..အမြဲကျနော်ကပဲသဝန်တိုလိုက်၊စိတ်ကောက်လိုက်လုပ်နေရတာ။မသိရင်ကိုယ်ကပဲသဘောထားသေးသိမ်တဲ့သူကျလို့။ဒီတစ်ခါတော့သူ့ဘာသာသူသဘောပေါက်ပြီးပြန်ချော့လာတာကိုပဲစောင့်မယ်။မချော့လို့ကတော့မခေါ်ဘူးမှတ်။
သူ့အပြစ်သူတော့သိတဲ့ပုံပဲ...ကျနော့်ကိုစကားလာမပြောရဲဘဲငြိမ်ငြိမ်လေးနေနေတယ်။အပြစ်ကိုသိရုံနဲ့မပြီးဘူးလေ...အပြစ်ရှိတာသိရင်ဝန်ခံပြီးချော့မှပေါ့လို့°^°
ဘယ်အချိန်လာချော့မလဲ..လာချော့မလဲ..ဆိုပြီးစောင့်နေတာညရောက်လို့အိပ်ယာဝင်တဲ့အထိကိုဘာဆိုဘာမှလာမပြောသေးတဲ့ချစ်ရသူလေး -_-
သူ့ကိုကျနော်ခိုးခိုးပြီးကြည့်နေမှန်းတောင်မသိလောက်အောင်တစ်ခုခုကိုနက်နက်နဲနဲစဥ်းစားနေပုံရသည်။မျက်နှာလေးကလည်းနည်းနည်း..မဟုတ်ဘူး..တော်တော်ကိုညိှုးငယ်နေသည်။ဘာတွေကိုအဲ့လောက်တောင်စဥ်းစားနေတာလဲ??ချစ်သူကမျက်နှာမကောင်းတော့အသည်းနုတဲ့ဒီလူကအလျှော့ပေးချင်လာတယ်..ဒါပေမဲ့လည်းဒီတစ်ခါတော့တကယ်အလျှော့မပေးပဲတင်းခံကြည့်မယ်ဆိုပြီးစိတ်ကိုတင်းထားတယ်။မနက်ကျရင်တော့..မနက်ကျရင်တော့သူချော့ချော့ မချော့ချော့ကျနော်ကပဲပြန်လျှော့ပေးလိုက်ပါတော့မယ်။မနက်ဖြန်ကကျနော်တို့နှစ်ယောက်ရဲ့ရှားရှားပါးပါးရတဲ့အဖိုးတန်နားရက်လေးလေ..။တစ်လမှာတစ်ရက်လုံးပြည့်ပြည့်ဝဝအတူတူနေရတဲ့ရက်လေးမလား။
မနက်ဖြန်Dateအတွက်သွားဖို့နေရာတွေတောင်ကြိုတွေးထားပြီးပြီ°3° တစ်နေ့လုံးစာအတွက်ဘယ်အချိန်ဘာလုပ်မယ်ဆိုတာကအစ ဟီးဟီး။အဲ့တော့ယွင်ကကျနော့်ကိုမချော့ရင်တောင်ကျနော်ကပဲပြန်ခေါ်တော့မယ်
လို့ဆုံးဖြတ်လိုက်ပြီ။
.
.
.
မနက်နိုးလာတော့ဘေးမှာယွင်မရှိတော့။အိပ်ယာမှထလိုက်ပြီးလိုက်ရှာကြည့်တော့မီးဖိုခန်းထဲမှာနံနက်စာပြင်နေတဲ့ယွင်။ကျနော်အနောက်ကနေသွားပြီးယွင့်ကိုယ်လေးကိုဖက်ထားလိုက်တယ်။ကျနော်ကအသံမပေးဘဲရုတ်တရက်ဖက်လိုက်တာကြောင့်ယွင်ကလန့်သွားပုံရသည်။
"ယွင်.."
"ဟင်"
"ဒီနေ့မောင်တို့အပြင်မှာDateကြရအောင်နော် တစ်နေကုန်လျှောက်လည်ကြမယ်"
"အင်း...."
"ဘာလို့မနက်စာတွေပြင်နေတာလဲယွင်ရဲ့ မောင်ကDateကိုcoffeeဆိုင်လေးကနေစမလို့ပါဆို"
"ဒီအတိုင်း...မောင့်အတွက်လုပ်ပေးချင်လို့ပါ"
"ချစ်ဖို့ကောင်းလိုက်တာ..မောင့်ရဲ့ယွင်လေးက နောက်နေ့တွေလည်းမောင့်အတွက်လုပ်ပေးမယ်မလား"
"အင်း..."
ယွင့်ကိုကြည့်ရတာအဆင်မပြေသလိုပဲ။ယွင့်အပြုံးတွေကလည်းအသက်မပါဘူး..ယွင့်မျက်နှာလေးကလည်းအရင်လိုလန်းမနေဘူး။မနေ့ကကိစ္စကိုခုထိစိတ်မကောင်းဖြစ်နေတုန်းပဲလား..Dateတဲ့အခါကျမှယွင်ပျော်သွားအောင်ချော့ပါတော့မယ်လေ။အော်..ချော့ရမဲ့သူကစိတ်မကောင်းဖြစ်နေတော့အချော့ခံရမဲ့သူကပဲချော့လိုက်ပါတော့မယ်လေ..။အဓိကကယွင်နဲ့ကျနော်နဲ့ကြားမှာစိတ်အနှောင့်အယှက်ဖြစ်စရာတွေမရှိဖို့ပဲ။
"မောင်"
"ဟင်"
"ယွင်လုပ်စရာလေးရှိလို့..အဲ့တာ..မောင်ကအရင်သွားနှင့်ပါလား ယွင်ပြီးမှလိုက်လာခဲ့မယ်လေ"
"ဟင် ယွင်ကဘာလုပ်အုံးမလို့လဲ မောင်ကတစ်နေ့လုံးအတူတူရှိချင်တာပါဆို"
"ခဏလေးပါပဲ မောင်ခုဏကပြောတဲ့coffeeဆိုင်လေးကိုအရင်သွားနှင့်လေ ယွင်ပြီးတာနဲ့တန်းလာခဲ့မယ် နော်"
"ဟင်း..ပြီးတာပဲလေ မောင်အရင်သွားပြီးယွ၈့်ဖို့ပါမှာထားလိုက်မယ် ဒါပေမဲ့..မြန်မြန်လိုက်လာခဲ့နော်"
"အင်းပါ မြန်မြန်လာခဲ့မယ်"
မောင်ကအရင်ထွက်သွားတော့မှယွင်ရှီးသက်ပြင်းတစ်ချက်ချမိသည်။မောင့်ရှေ့မှာမျက်နှာမပျက်အောင်အတတ်နိုင်ဆုံးထိန်းနေပေမဲ့လည်း...
မနေ့ကတစ်နေ့လုံးကျနော်သေချာစဥ်းစားပြီးပြီ။ဘာလုပ်ရမလဲဆိုတာလည်းသိခဲ့ပြီ။
**ယွင်လုပ်သမျှအရာအားလုံးကမောင်ကောင်းဖို့အတွက်ချည်းပါပဲ..မောင်သာအဆင်ပြေမယ်ဆိုဆူးတွေနဲ့ပြည့်နေတဲ့လမ်းဖြစ်ပါစေ ယွင်ရွေးချယ်မှာ... မောင့်ကိုချစ်လို့ဆိုတဲ့အကြောင်းပြချက်တစ်ခုထဲအတွက်နဲ့ပါ
မောင် ယွင့်ကိုနားလည်ပေးဖို့မျှော်လင့်ပါတယ်**
မောင်မရှိတော့မှမောင့်ရဲ့ပစ္စည်းတွေကိုသိမ်းလိုက်သည်။အဝတ်ဗီဒိုထဲကဘယ်ဘက်ခြမ်းတွင်ထားသောမောင့်အဝတ်တွေကိုသိမ်းနေတုန်းမျက်ရည်တွေကလည်းအလိုက်မသိကျလာသည်။မောင့်အဝတ်တွေတော့စိုကုန်တော့မှာပဲ...
ဘာပဲဖြစ်ဖြစ်ဒီဆုံးဖြတ်ချက်ကိုကျနော်ချခဲ့ပြီးမှတော့အမြန်ဆုံးမောင့်ကိုလွှတ်ပေးလိုက်တော့မယ်။မောင့်ကိုမြင်တာနဲ့သေချာနေတဲ့ကျနော့်စိတ်တွေခဏလေးနဲ့ယိမ်းယိုင်သွားမှာသိနေလို့အမြန်ဆုံးမောင့်ကိုလွှတ်ပေးလိုက်တာ။မောင့်အတွက်လိုအပ်တဲ့အဝတ်တွေပဲထုတ်လိုက်ပြီးကျန်တဲ့ပစ္စည်းတွေကိုတော့
တစ်ကိုယ်ကောင်းဆန်စွာသိမ်းထားချင်တယ်။မောင်မရှိတော့ရင်တောင်မောင့်အငွေ့သက်လေးတွေခံစားမိနေချင်လို့။
ပစ္စည်းတွေသိမ်းပြီးတော့မောင်စောင့်နေမယ့်coffeeဆိုင်ကိုထွက်လာလိုက်တယ်။စိတ်ထဲကလည်းမောင့်ကိုပိပိရိရိလိမ်နိုင်ဖို့ဆုတောင်းရင်း...
တောင်းပန်ပါတယ်မောင်ရယ်...ယွင့်ကိုခွင့်မလွှတ်ပါနဲ့..။
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
[A/N - အရင်ဆုံးupdateကြာသွားတဲ့အတွက်တောင်းပန်ပါတယ်ရှင်။အလုပ်တွေရှုပ်နေလို့စာရေးတဲ့ဖက်မလှည့်နိုင်ခဲ့တာပါ။စောင့်နေရတဲ့readerလေးတွေကိုတကယ်အားနာလို့အတတ်နိုင်ဆုံးစာရေးနိုင်အောင်ကြိုးစားနေပါတယ်။
ကျွန်မစာတွေကိုအချိန်ပေးပြီးဖတ်ပေးတဲ့သူတစ်ယောက်ချင်းကိုကျေးဇူးတင်ပါတယ်ရှင့်❤️]
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Zawgyi code❣️
"ခု ဘယ္ကလာတာလဲ"
"ဟုတ်လို့လား?"
"အင်း..."
လှည့်ပတ်ဖြေရမလဲမသိ။
သည်။
"မောင်~"
"စိတ်ဆိုးနေတာလားဟင်"
"မဆိုးပါဘူး"
ဟုပြန်ဖြေလေသည်။
.
.
.
ကျနော်စိတ်ဆိုးနေတယ်...
.
.
.
"ယွင်.."
"ဟင်"
"အင်း...."
"ဘာလို့မနက်စာတြွေပင်နေတာလဲယွင်ရဲ့ မောင်ကDateကိုcoffeeဆိုင်လေးကနေစမလို့ပါဆို"
"အင်း..."
"မောင်"
"ဟင်"
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Continue Reading
You'll Also Like
2.2M 114K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
569K 34.8K 99
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
6.3K 817 22
အချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် ​သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲ...
533K 11.5K 38
In wich a one night stand turns out to be a lot more than that.