Tragically Beautiful [Complet...

By royalroseinpalace

233K 19K 1.5K

Jeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available ! More

Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18 (Final)
Extra

Episode-1

28.9K 1.3K 195
By royalroseinpalace

Zawgyi Version

ေနေရာင္ျခည္က မ်က္ႏွာေပၚက်ေရာက္ေနၿပီဆိုတာ ခံစားေနရေသာ္လည္း မွိတ္ထားေသာမ်က္လုံးေတြကို မဖြင့္နိုင္ေသး....။
ထိုးကိုက္ေနေသာ ေခါင္း‌ေၾကာင့္ မ်က္ေမွာင္က်ဳံ႕လ်က္ ညည္းၫူလိုက္မိရင္း ျဖည္းျဖည္းခ်င္းအားယူကာ ဖြင့္ၾကည့္မိေလေတာ့....ေတြ႕လိုက္ရသည္က....

"ခင္ဗ်ား ဒီမွာဘာလုပ္ေနတာလဲ....!?"

မ်က္စိဖြင့္ဖြင့္ခ်င္းေဘးကေခါင္းအုံးေပၚ လက္ေထာက္ကာ ကိုယ့္ကိုၿပဳံးလ်က္ၾကည့္ေနေသာ သူ႕ကိုေတြ႕လိုက္ရသျဖင့္ အလန႔္တၾကားလွဲေနရာမွ ထလိုက္မိေတာ့သည္...။
တစ္ခုထူးဆန္းေနတာက သူေရာ ကိုယ္ေရာ ခႏၶာကိုယ္ေပၚမွာ အဝတ္တစ္ခုမွမရွိ...။

"အဲ့လို႐ုတ္တရက္ႀကီး က်ဳံးမထနဲ႕ေလ ေမာင္ရယ္၊ ေခါင္းမူးသြားမွာေပါ့..."

ေမးေနတာကိုမေျဖဘဲ ျငဴတူတူေျပာလာေသာ စကားေၾကာင့္ ေဒါသေတြကေထာင္းခနဲထြက္လာခဲ့ေတာ့သည္...။

"အေရးမပါတာေတြ ေျပာမေနနဲ႕ ကင္ထယ္ေယာင္း...!! ခင္ဗ်ားနဲ႕က်ဳပ္ရဲ႕ ဒီအေျခအေနႀကီးကို ရွင္းျပခိုင္းေနတာ...!!"

ကိုယ့္မွာေဒါသထြက္ကာပူထူေနမိသေလာက္ မ်က္စိေရွ႕က ကင္ထယ္ေယာင္းဆိုတဲ့ထိုသူကေတာ့ သြားေတြေပၚသည္အထိ တဟားဟားရယ္ေနေလရဲ႕...။

"ခင္ဗ်ား႐ူးေနလား...!?"

"ဟား...ဟား...မဟုတ္ပါဘူး....၊ ေမာင္ကခ်စ္ဖို႔ေကာင္းလို႔ပါ..."

"က်စ္....! ကင္ထယ္ေယာင္း!!"

"အဟက္...ေမာင္ မမွတ္မိဘူးလား...? ညကကိစၥကို...? ပိုၿပီးတိတိက်က်ေျပာရရင္ ေမာင္နဲ႕ငါ့ရဲ႕ အျပာေရာင္ညေလးကိုေလ..."

သူေျပာလာတဲ့စကားမ်ားေၾကာင့္ ကိုက္ခဲေနေသာေခါင္းကို အလုပ္ေပးရင္းျပန္စဥ္းစားမိေလေတာ့ တစ္ခုၿပီးတစ္ခုအေႏွးကြက္ျပသလို ေပၚလာတဲ့ ညကအျဖစ္အပ်က္ေတြ...။

သူငယ္ခ်င္းေတြနဲ႕ ဘားတစ္ခုမွာထိုင္ေသာက္ေနရင္းနဲ႕ ဘယ္ႏွခြက္မွေတာင္မေသာက္ရေသး မူးလာခဲ့တဲ့ကိုယ္...။
ပိုၿပီးထူးဆန္းတာက ကိုယ့္ရဲ႕ခႏၶာကိုယ္ကပါရမက္ေဇာေတြျပင္းထန္မွန္းမသိျပင္းထန္လာခဲ့သည္...။
ေနာက္ဆုံး ေခါင္းပင္မေထာင္နိုင္ေတာ့သည့္အဆုံး စားပြဲေပၚေခါင္းငိုက္စိုက္ခ်ထားမိတုန္း နားထဲၾကားလာရသည့္ အသံဩဩ...။
သတိမရွိတစ္ခ်က္၊ ရွိတစ္ခ်က္ျဖစ္ေနေပမယ့္ ထိုအသံကိုေတာ့ မွတ္မိေနခဲ့ပါသည္...။
ဒါ...ကင္ထယ္ေယာင္းဆိုတဲ့လူရဲ႕အသံမွန္း...။

ကိုယ့္သူငယ္ခ်င္းေတြနဲ႕ သူဘာေတြေျပာေနလဲဆိုတာ ကိုယ့္နားထဲရွင္းရွင္းလင္းလင္းမၾကားရ။
ထို႔ေနာက္ ကိုယ့္ကိုကိုယ္ေတာင္မသယ္နိုင္ေတာ့တဲ့ ကိုယ့္ခႏၶာကိုယ္ကို ကင္ထယ္ေယာင္းက တြဲလာေပးရင္း ေခၚလာသည္က ဟိုတယ္ခန္းတစ္ခန္းဆီ...။
စိတ္နဲ႕သတိကိုလြတ္မထြက္သြားေစရန္ အႀကိမ္ႀကိမ္အခါခါ ႀကိဳးစားေပမယ့္လည္း ခႏၶာကိုယ္ရဲ႕ လိုခ်င္တပ္မက္မႈက အထြတ္အထိပ္ကိုေရာက္လာသည့္အခါမွာေတာ့.... ကိုယ့္ကိုကိုယ္မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ကင္ထယ္ေယာင္းနဲ႕ဒီအေျခအေနအထိ ေရာက္သြားခဲ့ေတာ့သည္...။

ကင္ထယ္ေယာင္းရဲ႕ႏႈတ္ခမ္းေတြကို အငမ္းမရနမ္းရွိုက္ခဲ့တဲ့ ကိုယ့္ပုံရိပ္ေတြ...။
ကင္ထယ္ေယာင္းရဲ႕လည္တိုင္ေတြကို တစိုက္မက္မက္စုပ္ယူခဲ့တဲ့ ကိုယ့္ပုံရိပ္ေတြ...။
ကင္ထယ္ေယာင္းရဲ႕ အဝတ္မပါေတာ့တဲ့ခႏၶာကိုယ္ေပၚ အနမ္းေတြက်ဲခ်မိခဲ့တဲ့ ကိုယ့္ပုံရိပ္ေတြ...။
အကုန္လုံး ျပန္မွတ္မိလာတဲ့ေနာက္မွာေတာ့ ကိုယ့္ကိုကိုယ္ေရာ၊ မ်က္စိေရွ႕က ကင္ထယ္ေယာင္းကိုပါ ေဒါသေတြတလိပ္လိပ္ထြက္လာခဲ့ေတာ့သည္...။

"ဘယ္လိုလဲ ေမာင္...၊ မွတ္မိၿပီလား...?"

"ေတာက္...! ကင္ထယ္ေယာင္း...! ဒါမင္းအႀကံေတြမလား...!? ငါေသာက္မယ့္အရက္ထဲ မင္းေဆးခတ္ထားတာမလား...!?"

"အဟက္... ေမာင္က ရိုးရိုးေျပာလို႔မွမရတာ၊ ငါ့ကို အနားေတာင္အကပ္မခံဘဲ စိမ္းကားေနတာကို... အဲ့ေတာ့လည္း ဒီနည္းပဲရွိေတာ့တာေပါ့..."

လက္သီးကိုတင္းတင္းက်ပ္က်ပ္ဆုပ္လိုက္မိရင္း ၿပဳံးျပေနပါေသာ ကင္ထယ္ေယာင္းကို စိုက္ၾကည့္လိုက္ကာ

"လဲေသလိုက္...!! ခင္ဗ်ားဒီလိုလုပ္လည္း က်ဳပ္ကဂ႐ုမစိုက္ဘူး....!!"

"ေမာင္ဂ႐ုမစိုက္ေပမယ့္ ဂ႐ုစိုက္တဲ့သူေတာ့ရွိမွာေပါ့...၊ နာရီကိုလွမ္းၾကည့္လိုက္ပါဦး....."

သူ႕စကားေၾကာင့္ အခန္းထဲကတိုင္ကပ္နာရီဆီလွမ္းၾကည့္လိုက္မိေလေတာ့ ဆယ္နာရီထိုးၿပီးလို႔ ငါးမိနစ္ေရာက္ေနၿပီျဖစ္တဲ့ နာရီလက္တံေတြ...။
ထိုနာရီကိုၾကည့္လိုက္မိေတာ့မွ ေခါင္းထဲသတိရလာသည္က..... သြားၿပီ....။
ကိုးနာရီ စမယ့္ ကိုယ့္ရဲ႕ေစ့စပ္ပြဲ...၊ တစ္နာရီေတာင္ေနာက္က်ေနၿပီဆိုေတာ့....။
ကိုယ့္နဖူးကိုယ္သာျဖန္းခနဲခ်လိဳက္မိေတာ့သည္။
ေသလိုက္ပါေတာ့ ဂြၽန္ေဂ်ာင္ကုရယ္...! ယူအာေတာ့ ေစာင့္ေနေတာ့မွာပဲ...။

"ပ်က္သြားတဲ့ ေစ့စပ္ပြဲေလးအတြက္ ဂုဏ္ျပဳပါတယ္ ေမာင္..."

႐ြဲ႕သလိုလို ေငါ့သလိုလိုနဲ႕ အၿပဳံးမပ်က္ေျပာလာေသာ ကင္ထယ္ေယာင္း...။

"ခင္ဗ်ား ဘယ္လိုလူမ်ိဳးလဲ...!? ကိုယ့္ညီမနဲ႕ေစ့စပ္မယ့္ သူကို ဒီလိုဟိုတယ္ခန္းထဲထိေခၚသြင္းရဲတယ္ဆိုေတာ့ ခင္ဗ်ားက ဘယ္လိုအစ္ကိုလဲ ဟမ္...!? ခင္ဗ်ား ယူအာ့ကို အားနာစိတ္ေလးမရွိဘူးလား...!?"

ေဒါသတႀကီးေအာ္ေျပာမိေတာ့ သူကတဟားဟားနဲ႕တစ္ခ်က္ရယ္ရင္း ကိုယ့္မ်က္ႏွာနဲ႕ အနီးဆုံးေနရာအထိတိုးကပ္လာကာ

"အားနာစိတ္...ဟုတ္လား...? ဘယ္လိုလုပ္မလဲ...၊ ငါ့မွာ ေမာင္ဆိုတဲ့မင္းကိုခ်စ္တဲ့စိတ္ပဲရွိတယ္..."

ထိုစကားကိုေျပာၿပီးတာနဲ႕တားခ်ိန္ပင္မရလိုက္၊ ကိုယ့္ႏႈတ္ခမ္းပါးဆီေရာက္ရွိလာတဲ့ ကင္ထယ္ေယာင္းရဲ႕အနမ္းေတြ...။
တြန္းထုတ္ဖို႔ျပင္ေနတုန္းမွာပင္ ၾကားလိုက္ရတဲ့တံခါးဖြင့္သံေနာက္....

"ကို..."

ယူအာ...၊ ဒါယူအာရဲ႕အသံ...။
အျမန္ပင္ ကင္ထယ္ေယာင္းကိုတြန္းထုတ္လိုက္ၿပီး အေနာက္ကိုလွည့္ၾကည့္မိေလေတာ့ အခန္းဝမွာတင္ ကိုယ္တို႔ႏွစ္ေယာက္ကို မယုံနိုင္တဲ့မ်က္ဝန္းေတြနဲ႕ ၾကည့္ေနပါေသာကိုယ္နဲ႕ ေစ့စပ္မယ့္သတို႔သမီးေလာင္းတစ္ျဖစ္လည္း ကင္ထယ္ေယာင္းရဲ႕ ညီမ... ကင္မင္အာ...။

"ႏွစ္ေယာက္သားက...ဘယ္လိုလုပ္ၿပီး...ဒီလို.."

‌"မင္အာ...ကိုယ္ရွင္းျပ...! မင္အာ..! မင္အာ...!"

ေသြးပ်က္သြားပုံရေသာ မင္အာေၾကာင့္ ရွင္းျပရန္ျပင္လိုက္ေပမယ့္ မ်က္ရည္ေတြနဲ႕အတူထြက္ေျပးသြားတဲ့ သူမက ကိုယ့္ကိုရွင္းျပခြင့္မေပးခဲ့...။
ရင္ထဲက စိတ္အလိုမက်မႈေတြနဲ႕အတူ စုပ္တစ္ခ်က္သပ္လိုက္မိရင္း ဆံပင္ေတြကိုစိတ္ရႈပ္ရႈပ္နဲ႕ဆြဲဖြလိုက္မိေလေတာ့ ၾကားလာရတဲ့ရယ္သံတစ္ခ်ိဳ႕...။
ကိုယ့္အတြက္ေတာ့ထိုရယ္သံက မၾကားခ်င္ဆုံးအသံပဲ...။
မုန္းစရာေကာင္းလိုက္တာ ကင္ထယ္ေယာင္း...။

"ငါေျပာခဲ့တယ္မလား...? ေနာက္ဆုံး ေမာင္ကငါ့အပိုင္ပဲျဖစ္ရမွာပါလို႔..."

ကုတင္ေခါင္းရင္းကိုမွီရင္း ပြဲတစ္ပြဲၾကည့္ေနသလို ေအးေအးေဆးေဆးေျပာလာတဲ့ ကင္ထယ္ေယာင္းရဲ႕စကားကိုၾကားလိုက္ရတဲ့အခါမွာေတာ့ ပိုၿပီးလွ်ံထြက္လာခဲ့တဲ့ ေဒါသေတြနဲ႕အတူ

"ေသေတာင္ခင္ဗ်ားအပိုင္မျဖစ္ဘူး...!! ဒီလိုေတြလုပ္လိုက္လို႔ က်ဳပ္ကခင္ဗ်ားကိုခ်စ္လာလိမ့္မယ္လို႔ မထင္လိုက္နဲ႕ ကင္ထယ္ေယာင္း...! ခင္ဗ်ားက ဒီကမာၻေပၚမွာ က်ဳပ္အမုန္းဆုံးလူပဲ။ အဲဒါ တစ္သက္လုံး ေျပာင္းလဲမွာမဟုတ္ဘူး...!"

စူးရွေသာမ်က္ဝန္းေတြနဲ႕ ႐ြံရွာစြာကိုယ့္ကိုစိုက္ၾကည့္လာရင္း တစ္လုံးခ်င္းေျပာသြားေသာေမာင့္ရဲ႕စကားကို ကိုယ္ၿပဳံးၿပဳံးေလးနဲ႕သာ နားေထာင္ေနခဲ့လိုက္ပါသည္...။
ခ်က္ခ်င္းပင္ အဝတ္အစားေတြေကာက္ဝတ္ၿပီးေနာက္ ထြက္သြားတဲ့ေမာင္...။
ဂ်ိန္းခနဲျမည္သြားေသာ တံခါးပိတ္သံအေနာက္မွာေတာ့ တဟားဟားနဲ႕ေအာ္ရယ္ေနမိေသာ ကိုယ့္အသံက အခန္းထဲပ်ံ့ႏွံ႕လို႔သြားေတာ့သည္...။

ကုတင္ေပၚေျခပစ္လက္ပစ္လွဲခ်လိဳက္ၿပီး သြားေတြေပၚသည္အထိ စိတ္လြတ္လက္လြတ္ရယ္ေမာေနမိပါေသာ္လည္း အလိုက္မသိတဲ့ မ်က္ဝန္းထဲကမ်က္ရည္ေတြကေတာ့ တစ္စက္ခ်င္းဆီ စီးက်လ်က္...။

အၾကည့္ေတြကေျပာင္းလဲသြားလိုက္တာ....။
ငယ္ငယ္တုန္းက ကိုယ့္ကို ၿပဳံးျပရင္းႏွစ္သိမ့္အၾကည့္ေတြနဲ႕ၾကည့္တတ္တဲ့ ထိုအၾကည့္ေတြ ဘယ္မ်ားေရာက္သြားပါလိမ့္...။
ေမာင္ကေတာ့မွတ္မိမွာမဟုတ္ေပမယ့္ ကိုယ္ကေတာ့အခုထိမွတ္မိပါေသးသည္...။
ဆုံးသြားတဲ့အေမ့ကိုလြမ္းလို႔ကစားကြင္းကျမက္ခင္းျပင္ေပၚ တစ္ေယာက္တည္းထိုင္ငိုေနမိတုန္း ေဘးနားကိုလာၿပီး ဘနားနားမစ္ဘူးေလးေပးကာ ႏွစ္သိမ့္ေပးခဲ့တဲ့ထိုေကာင္ေလး။
အဲ့အခ်ိန္တုန္းက ကိုယ္ကရွစ္ႏွစ္၊ သူကေျခာက္ႏွစ္ပဲရွိေသးတာ...။
ကိုယ့္ထက္ႏွစ္ႏွစ္ငယ္ေပမယ့္ ကိုယ္အားကိုးခ်င္မိေလာက္တဲ့အထိ လုံၿခဳံေႏြးေထြးမႈေပးနိုင္တဲ့သူ႕ႏွစ္သိမ့္မႈေတြၾကားထိုေကာင္ေလးကို ပထမဆုံးေတြ႕ေတြ႕ခ်င္းမွာဘဲ သံေယာစဥ္တြယ္သြားမိသည္...။

ဘယ္သူကထင္မွာလဲ...၊ ႏွစ္ေတြအၾကာႀကီးေနၿပီးမွ ျပန္ေတြ႕ရတဲ့အခ်ိန္... ခ်စ္ရသူမွာပိုင္ရွင္ကရွိေနႏွင့္ခဲ့ၿပီးသားဆိုတာ...။
တိုက္တိုက္ဆိုင္ဆိုင္ပင္ ထိုပိုင္ရွင္ကလည္း ကိုယ့္အေဖရဲ႕မယားပါသမီးျဖစ္ေနခဲ့တာ...။

ဒါေပမယ့္ မလႊတ္ေပးနိုင္ဘူး၊ ငါကအတၱႀကီးတယ္ေမာင္...။
အဲ့အတၱက ေမာင့္တစ္ေယာက္တည္းအတြက္မို႔ ေမာင္မုန္းမယ္ဆိုရင္လည္း ငါခံမယ္...။
ေမာင္မုန္းသေလာက္ ငါကခ်စ္ေပးနိုင္ရင္ရၿပီမလား...။
အဲ့ေတာ့ ႀကိဳက္သေလာက္သာမုန္းပါေတာ့ ေမာင္...။ စိတ္ရွိသေလာက္သာမုန္းပါေတာ့...။

                               ******

*ခြပ္!*

"ကင္ထယ္ေယာင္း...!! မင္းမိသားစုကိုအရွက္ခြဲလိုက္တာလား....!?"

အထိုးခံလိုက္ရလို႔ လည္ထြက္သြားေသာမ်က္ႏွာနဲ႕အတူ ႏႈတ္ခမ္းေထာင့္ကထြက္လာတဲ့ ေသြးစက္စက္...။
တစ္ဆက္တည္း ဖခင္ျဖစ္သူရဲ႕ေဒါသတႀကီးေအာ္သံကပါ ဧည့္ခန္းထဲပ်ံ့ႏွံ႕လို႔သြားေတာ့သည္...။
ပါးစပ္နားကေသြးကို လက္နဲ႕တစ္ခ်က္သုတ္လိုက္ရင္း တစ္ခ်က္ရယ္မိလိုက္ပါသည္။
မိသားစုတဲ့လား....။

"မင္း ဒါဘာရယ္တာလဲ...!? အေဖကိုမထီမဲ့ျမင္ျပဳေနတာလား...!?"

"အေဖ...? က်ဳပ္ကက်ဳပ္ကိုယ္က်ဳပ္ မိဘမဲ့လို႔သတ္မွတ္ထားတာပါ၊ အဲ့ဒါေၾကာင့္ က်ဳပ္မွာ မိသားစုလည္းမရွိသလို၊ အေဖလည္းမရွိပါဘူး ဥကၠဌႀကီးကင္...."

ခပ္ေအးေအးေျပာလိုက္ေသာ ကိုယ့္စကားေနာက္ လႈပ္လႈပ္ရွားရွားျဖစ္သြားတဲ့ ဥကၠဌႀကီးက မ်က္ေထာင့္ေတြပါနီရဲလို႔လာေတာ့သည္...။
ကိုယ္ေျပာတာဘာမ်ားမွားသြားလို႔လဲ...။

"မင္းကကိုယ့္ညီမျဖစ္သူကို စိတ္ဆင္းရဲေအာင္လုပ္တာအားမရလို႔ အခုငါ့ကိုပါ ေစာ္ကားေနတာလား ကင္ထယ္ေယာင္း...! မင္းအားနာစိတ္ေလးနည္းနည္းပါးပါးမရွိဘူးလားကြ...!"

"သူက ကြၽန္ေတာ္ ညီမမွမဟုတ္တာ... ေျပာရရင္ ဥကၠဌႀကီးရဲ႕မယားပါသမီးေလ... ၊ အဲ့ေတာ့ ကြၽန္ေတာ္က ဘာကိုအားနာေနရမွာလဲ...?"

"အစ္ကို...! အစ္ကို႔သားက တျဖည္းျဖည္းနဲ႕တရားလြန္လာၿပီေနာ္၊ ကြၽန္မတို႔သားအမိကို မတူသလိုမတန္သလိုဆက္ဆံေနတာ ဘယ္ႏွခါရွိေနၿပီလဲ...!? အရင္တုန္းက အစ္ကို႔မ်က္ႏွာနဲ႕သည္းခံေနခဲ့တာ၊ အခု ဒီကိစၥကိုေတာ့ ကြၽန္မလုံးဝသည္းမခံနိုင္ေတာ့ဘူး...!"

တစ္ခ်ိန္လုံးေဘးနားမွာၿငိမ္ေနခဲ့ေသာ ဥကၠဌႀကီးရဲ႕ကေတာ္၊ တစ္နည္းအားျဖင့္ ကိုယ့္ရဲ႕ေမေမေလး ျဖစ္သူထံမွ ထြက္လာေသာစကား...။
တစ္ခါထပ္ရယ္လိုက္မိျပန္ပါသည္...၊ တကယ္ပဲ ဒီအိမ္က ဟာသေတြနဲ႕ပဲျပည့္ေနတာမ်ားလား...။
သည္းခံခဲ့တာတဲ့လား...၊ ကိုယ္ကပဲမတူသလိုမတန္သလို ဆက္‌ဆံခဲ့တာတဲ့လား... ရယ္စရာေတြေျပာေနျပန္ပါၿပီ...။

"သည္းမခံနိုင္ရင္လည္းမတတ္နိုင္ပါဘူး၊ အရင္ကတည္းက ေခါင္းထဲေတာင္ထည့္မထားဖူးလို႔..."

အၿပဳံးတစ္ခ်က္နဲ႕ ျပန္ေျပာလိုက္ေသာအခါ ေဒါသနဲ႕အတူနီရဲတက္လာေသာ ထိုမိန္းမရဲ႕မ်က္ႏွာ...။

"ကင္ထယ္ေယာင္း...! မင္းေတာ္ေတာ္မိုက္ရိုင္းေနပါလား...!? လူႀကီးသူမကိုဒီလိုဆက္ဆံရမယ္လို႔ မင္းအေမနဲ႕ငါက သင္ေပးထားလား...!?"

"အေမ...? အခု ဥကၠဌႀကီးရဲ႕ပါးစပ္ကေန က်ဳပ္အေမရဲ႕နာမည္ကိုေျပာလိုက္တာလား...?
တစ္ေန႕ တစ္ေန႕ ေယာက္်ားျဖစ္သူရဲ႕မ်က္ႏွာေလးကို တၾကည့္ၾကည့္နဲ႕ လိုအပ္တာမွန္သမွ်ျဖည့္ဆည္းေပးေနေပမယ့္ ေယာက္်ားျဖစ္သူဘက္ကေတာ့ မိဘေတြအတင္းေပးစားလို႔မယူခ်င္ယူခ်င္နဲ႕ ယူလိုက္ရတဲ့ မိန္းမတစ္ေယာက္သာသာ ဆက္ဆံခံခဲ့ရတာပါ က်ဳပ္အေမက...။
အဲဒါေၾကာင့္ ဆုံးသြားၿပီျဖစ္တဲ့က်ဳပ္အေမကို ဒီစကားဝိုင္းထဲဆြဲမထည့္ပါနဲ႕...၊ အသက္ရွင္ေနတုန္းက ေယာက္်ားျဖစ္သူရဲ႕အခ်စ္ကိုမရခဲ့တဲ့အျပင္ ရည္းစားေဟာင္းနဲ႕ျပန္ဆက္သြယ္ေနတဲ့ ေယာက္်ားကို ၾကည့္႐ုံေလးၾကည့္ေနနိုင္ခဲ့တာနဲ႕ပဲ က်ဳပ္အေမက သနားစရာေကာင္းေနပါၿပီ...။
တမလြန္မွာ ေအးေအးခ်မ္းခ်မ္းေနပါေစ..."

ကိုယ့္ရဲ႕စကားအဆုံးမွာေတာ့ တိတ္ဆိတ္လို႔သြားတဲ့ ဧည့္ခန္း...။

"ၿပီးေတာ့ ဥကၠဌႀကီးက က်ဳပ္ကိုလိမၼာယဥ္ေက်းေအာင္သင္ေပးခဲ့ဖို႔မေျပာနဲ႕...၊ မိသားစုသုံးေယာက္ တစ္ခါေလာက္ ထမင္းေတာင္အတူစားခဲ့ဖူးလို႔လား...? ျပန္စဥ္းစားၾကည့္ပါဦး...။
အေဖျဖစ္သူနဲ႕ အခ်ိန္ျဖဳန္းခ်င္လို႔အနားေလးကပ္သြားမိရင္ မအားဘူးဆိုတဲ့အေၾကာင္းျပခ်က္ပဲ ဥကၠဌႀကီးေပးခဲ့တာမလား...? ငယ္ငယ္႐ြယ္႐ြယ္က်ဳပ္ကို တစ္ခါမွမေပြ႕ဖက္ေပးခဲ့ဖူးသလို၊ တစ္ခါမွလည္း မေႏြးေထြးေပးခဲ့ဖူးဘူး... ေမြးကတည္းက အခုခ်ိန္ထိ ဖခင္တစ္ေယာက္ရဲ႕ေမတၱာကို မခံစားခဲ့ဖူးတာမို႔ ဥကၠဌႀကီးလည္း က်ဳပ္ဆီက သားတစ္ေယာက္ရဲ႕ေလးစားမႈကိုမေမွ်ာ္လင့္ပါနဲ႕..."

ေျပာၿပီးတာနဲ႕ ဧည့္ခန္းထဲကေနထြက္ရန္ျပင္လိုက္ရင္းမွ တစ္ခါျပန္လွည့္လိုက္ၿပီး

"အာ... ပ်က္သြားတဲ့ေစ့စပ္ပြဲကိုလည္း ျပန္လုပ္ဖို႔မစဥ္းစားပါနဲ႕ေတာ့၊ အဲ့လိုမဟုတ္ဘဲ ယူအာနဲ႕ေဂ်ာင္ကုကို လက္ထပ္ေပးဖို႔ထပ္လုပ္မယ္ဆိုရင္ေတာ့ ေဂ်ာင္ကုနဲ႕က်ဳပ္ရဲ႕ပုံေတြ အင္တာနက္ေပၚပ်ံ့သြားပါလိမ့္မယ္၊ အဲ့လိုသာျဖစ္သြားရင္ ဥကၠဌႀကီး တစ္သက္လုံးထိန္းသိမ္းလာခဲ့တဲ့ ဂုဏ္ေတြ ျဒပ္ေတြက ရစရာမရွိျဖစ္သြားလိမ့္မယ္ထင္တယ္.... ဒါဆို ... ခြင့္ျပဳပါဦး...၊ ေဂ်ာင္ကုနဲ႕က်ဳပ္ရဲ႕မဂၤလာပြဲကိုလည္းဖိတ္လိုက္ပါ့မယ္..."

ဧည့္ခန္းထဲကထြက္လာၿပီးေနာက္ ၿခံထဲမွာရပ္ထားေသာကားကို ဝူးခနဲေမာင္းထြက္လာခဲ့ေတာ့သည္...။
ကားေမာင္းရင္း က်လာခဲ့တဲ့မ်က္ရည္ေတြကိုေတာ့ အေရးတယူသုတ္မေနေတာ့...။
ကိုယ္ကဒီလိုလူစားမ်ိဳးပဲ...၊ ငိုမယ္ဆိုရင္ေတာင္ လူမသိသူမသိ လူကြယ္ရာမွာငိုတတ္တဲ့လူမ်ိဳး...။

ငယ္ငယ္ေလးကတည္းက အေဖရယ္ အေမရယ္အစုံအလင္ရွိေပမယ့္ တစ္ခါမွမိသားစုရဲ႕အရသာကိုမခံစားခဲ့ရဖူးဘူး...။
အၿမဲတမ္းအလုပ္ရႈပ္ေနတဲ့အေဖ အၿမဲတမ္းၾကင္ၾကင္နာနာဂ႐ုမစိုက္ေပးတဲ့အေဖေၾကာင့္ အေမကသာကိုယ့္ရဲ႕ဘဝ...။
သို႔ေသာ္ ခုနစ္ႏွစ္အ႐ြယ္မွာပဲ အေမကကိုယ့္ကိုထားခဲ့တယ္...။
အေမဆုံးၿပီးသြားတဲ့ေနာက္ပိုင္း အေဖကရည္းစားေဟာင္းနဲ႕ေနာက္အိမ္ေထာင္ျပဳခဲ့တယ္၊ အံ့ဩစရာမရွိပါဘူးေလ အေမမဆုံးခင္ကတည္းက ျပန္ေပါင္းထုပ္ေနခဲ့ၾကတာပဲကို...။

ဒါေပမယ့္ အဲ့ဒီ့အခ်ိန္ထိအေဖ့ကိုမမုန္းခဲ့ပါဘူး၊ ဘာပဲျဖစ္ျဖစ္ အေဖ့ကိုမမုန္းရဘူးေနာ္၊ သူကသားရဲ႕အေဖဆိုတဲ့ အေမ့ဆုံးမစကားေၾကာင့္ ေလးေလးစားစားဆက္ဆံခဲ့ပါသည္...။
ရယ္စရာေကာင္းတာက အေမသစ္တစ္ေယာက္နဲ႕ညီမေလးတစ္ေယာက္ရၿပီဆိုၿပီး ေပ်ာ္ေတာင္ေပ်ာ္ခဲ့ေသးတာ...။

ကိုယ္ျပန္ရခဲ့တာကေတာ့ ကိုယ္လိုခ်င္ခဲ့တဲ့မိသားစုဘဝမဟုတ္ခဲ့ဘူး...။
တစ္ခါတုန္းကဆို ယူအာကကိုယ့္အ႐ုပ္ကိုအတင္းလာလုလို႔ျပန္လုမိတာကို သူ႕သမီးကို အနိုင္က်င့္တယ္ဆိုတဲ့ေခါင္းစဥ္နဲ႕ ေက်ာကုန္းမွာဒဏ္ရာရတဲ့အထိ အရိုက္ခံခဲ့ရဖူးသည္...။
အေဖ့ေရွ႕မွာတစ္မ်ိဳး၊ ေနာက္ကြယ္က်ရင္တစ္မ်ိဳးဆက္ဆံတတ္တဲ့ ထိုမိန္းမက အိမ္တစ္အိမ္လုံးအလုပ္ကိုလည္း ကေလးသာသာအ႐ြယ္ကိုယ့္ကိုခိုင္းေသးသည္...။
ယုတ္စြအဆုံး သူ႕သမီးရဲ႕အဝတ္ကိုပါေလွ်ာ္ခိုင္းေသးသည္။
မလုပ္ခ်င္ဘူးလို႔ တစ္ခြန္းေလာက္ျပန္ခံေျပာမိရင္ ေမွာင္မဲေနတဲ့စတိုခန္းထဲ ထမင္းမေကြၽးဘဲ တစ္ေနကုန္ ပိတ္ထားဖူးပါေသးသည္...။

ဒါေတြကို အေဖဆိုတဲ့ဥကၠဌႀကီးသိခဲ့လို႔လား...။
အလုပ္ေတြနဲ႕ပဲအၿမဲရႈပ္ေနၿပီး၊ အားလပ္ခ်ိန္ေတြကို မိသားစုအသစ္နဲ႕ပဲကုန္ဆုံးေနတတ္တဲ့ ဥကၠဌႀကီးက ကိုယ္ကသူ႕သားဆိုတာကို ေမ့သြားခဲ့တယ္နဲ႕တူပါတယ္...။

အဲ့ဒီ့လို ေမတၱာငတ္ခဲ့ရတဲ့ကိုယ့္ဘဝထဲ အေမဆုံးၿပီးကတည္းက ပထမဆုံးေႏြးေထြးၾကင္နာမႈအလင္းေရာင္ေလးလာေပးခဲ့တာက ေမာင္...။
လမ္းထိပ္ကကစားကြင္းမွာထိုင္ငိုေနမိတုန္းဘနားနားမစ္ဘူးေလးကိုလက္ထဲလာထည့္ေပးၿပီး ကိုယ့္ရဲ႕မ်က္ရည္ေတြကိုသုတ္ေပးခဲ့တာ...။
အဲ့ဒီ့အလင္းေရာင္ေလး၊ အဲ့ဒီ့ေႏြးေထြးၾကင္နာမႈေလးကို တစ္သက္လုံးဆြဲထားခ်င္မိတာ ကိုယ္မွားလား...။
ဟင့္အင္း...အဲ့ဒါအမွားဆိုရင္ေတာင္ အမွန္ကိုလည္းမသိခ်င္သလို၊ ျပန္လည္းမျပင္ခ်င္ဘူး...။
နာက်င္ရမယ္ဆိုရင္လည္း နာနာက်င္က်င္နဲ႕ပဲဆြဲထားပါရေစ...။
တစ္ခ်ိန္သူျပန္ခ်စ္လာနိုင္ေလာက္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေရးေရးေလးနဲ႕ေပါ့...။

                              *****

"သတို႔သားႏွစ္ေယာက္ ဝင္လာလို႔ရပါၿပီ..."

အခမ္းအနားမႉးရဲ႕စကားအဆုံး ပြင့္ဟသြားတဲ့မ်က္စိေရွ႕က တံခါးခ်ပ္ႀကီး...။
ေတြ႕လိုက္ရသည့္ အနီေရာင္ေကာ္‌ေဇာေပၚ ေမာင့္လက္ကိုတြဲၿပီး ေလွ်ာက္လွမ္းလာခဲ့သည္...။
ပြဲတစ္ခုလုံးမွာ ကိုယ္တစ္ေယာက္တည္းသာမ်က္ႏွာေျပာင္တိုက္စြာ အၿပဳံးႀကီးၿပဳံးေနခဲ့ေပမယ့္ ႏွစ္ဖက္မိသားစုေတြကေတာ့ ဟန္ေဆာင္ပင္မၿပဳံးနိုင္ေလာက္ေအာင္ မ်က္ႏွာပ်က္ေနၾကေလရဲ႕...။

အဆိုးဆုံးကေတာ့ ေဘးက ေမာင္...။
အရယ္အၿပဳံးတစ္ခ်က္မရွိေသာ ေမာင္သည္ မသိရင္ေက်ာက္႐ုပ္တစ္႐ုပ္လို...။
ဒါကလည္း ကိုယ္နဲ႕လက္မထပ္ရင္ ကိုယ္နဲ႕သူျဖစ္ခဲ့တဲ့အေၾကာင္းေတြ လူတကာသိေအာင္လုပ္လိုက္မွာဆိုၿပီး ၿခိမ္းေျခာက္ခဲ့တဲ့ကိုယ့္အျပစ္နဲ႕ကိုယ္ပါပဲ...။
ဥကၠဌႀကီးတို႔လို၊ ေမာင့္အေဖတို႔လို ဂုဏ္သိကၡာကို အသက္ထက္တန္ဖိုးထားၾကတဲ့စီးပြားေရးရွင္ႀကီးေတြအတြက္ အေကာင္းဆုံးနည္းလမ္းမို႔လို႔ ေ႐ြးလိုက္ရတာပါ...။

ေလွ်ာက္လမ္းရဲ႕အဆုံးမွာေတာ့ ဖာသာေရွ႕ကိုႏွစ္ေယာက္သားေရာက္လာခဲ့ၾကေတာ့သည္...။
သစၥာက်ိန္ဆိုတဲ့ အခ်ိန္မွာေတာင္ ကိုယ္က ေမာင့္မ်က္ႏွာေလးကိုမ်က္ေတာင္မခတ္တမ္းၾကည့္ေနခဲ့ေပမယ့္ ေမာင္ကေတာ့ ကိုယ့္ကိုတစ္ခ်က္ကေလးေတာင္လွည့္မၾကည့္...။

"သတို႔သားႏွစ္ေယာက္ အၾကင္နာေပးနိုင္ပါၿပီ..."

ဖာသာ့ရဲ႕စကားအဆုံး ကိုယ့္ဘက္လွည့္လာတဲ့ ေမာင္...။
မ်က္ဝန္းထဲ နားမလည္နိုင္သည့္အၾကည့္ေတြကေနရာယူထားလ်က္ ကိုယ့္အနားတျဖည္းျဖည္းကပ္လို႔လာသည္...။
မ်က္စိကိုစုံမွိတ္လိုက္ရင္း စိတ္လႈပ္ရွားစြာျဖင့္ေရာက္လာမည့္ေမာင့္အနမ္းေတြကို ခံယူရန္ျပင္ေနစဥ္မွာပင္

"အဟက္....ဘာေတြေမွ်ာ္လင့္ေနတာလဲ...? ခင္ဗ်ားႏႈတ္ခမ္းကို က်ဳပ္ကတကယ္နမ္းမယ္မ်ားထင္ေနတာလား...?"

ၾကားလိုက္ရေသာေမာင့္အသံေၾကာင့္ မွိတ္ထားေသာမ်က္လုံးမ်ားကို ျပန္ဖြင့္ၾကည့္လိုက္ေတာ့ကိုယ့္မ်က္ႏွာနဲ႕အနီးကပ္ဆုံးအေနအထားကေန ကိုယ့္ကိုစိုက္ၾကည့္ကာေျပာေနပါေသာ ေမာင္...။

"႐ြံစရာေကာင္းတဲ့ ခင္ဗ်ားႏႈတ္ခမ္းကို က်ဳပ္ဘယ္ေတာ့မွ မနမ္းဘူး...! ကလပ္ထဲကအေပ်ာ္မယ္ေတြထက္ေတာင္ ခင္ဗ်ားႏႈတ္ခမ္းက ႐ြံဖို႔ေကာင္းတယ္..."

ရက္ရက္စက္စက္ေျပာထြက္လာေသာ ေမာင့္စကားေတြၾကား ကိုယ္မ်က္ရည္ဝဲသြားခဲ့လားမေျပာတတ္...။
ဒါေပမယ့္ အျမန္ပဲမ်က္ေတာင္ေတြကိုခတ္ကာထိုမ်က္ရည္ေတြကို ပုတ္ထုတ္လိုက္ရင္း ဘာမွမျဖစ္သလို အၿပဳံးတုတစ္ခုကို ဆင္ျမန္းလ်က္

"ေမာင္အဲ့လိုေတြေျပာလည္း ငါစိတ္ဆိုးမွာမဟုတ္ဘူးေနာ္...၊ ငါကေမာင့္ကိုအရမ္းခ်စ္တာ..."

ကိုယ့္စကားအဆုံး ေမာင္က တစ္ခ်က္ၿပဳံးၿပီး ဟားခနဲရယ္ခ်ေလရဲ႕...။
ပြဲစၿပီးကတည္းက ဒါ ပထမဆုံးျမင္ေတြ႕ရတဲ့ ေမာင့္ရဲ႕အၿပဳံးပဲ...။
ဝမ္းနည္းစရာေကာင္းတာက ေပ်ာ္႐ႊင္ရလို႔ၿပဳံးတဲ့အၿပဳံး မဟုတ္ခဲ့ဘူး...။

"ခင္ဗ်ားရဲ႕အခ်စ္ကက်ဳပ္အတြက္ေတာ့ အက်ည္းတန္လြန္းတဲ့ ဟာသတစ္ခုပဲ...!"

ကိုယ့္ကိုစူးစိုက္ၾကည့္လ်က္ေျပာၿပီးေနာက္ ပရိသတ္ေတြဘက္လွည့္သြားေသာ ေမာင္...။
နဂိုအတိုင္းအရယ္အၿပဳံးမရွိတဲ့မ်က္ႏွာနဲ႕ ရပ္ေနျပန္၏...။
ေမာင္းထုတ္လိုက္ေသာမ်က္ရည္ေတြက မ်က္ဝန္းထဲတစ္ဖန္ျပည့္လွ်ံတက္လို႔လာခဲ့ေလရာ မ်က္ရည္ေတြေဝ့ဝဲေနတဲ့ ထိုမ်က္ဝန္းေတြနဲ႕ပဲ ေမာင့္ကိုကိုယ္ၾကည့္ေနမိေတာ့သည္...။

ထိုစကား....၊ 'ခင္ဗ်ားရဲ႕အခ်စ္ကက်ဳပ္အတြက္ေတာ့အက်ည္းတန္လြန္းတဲ့ ဟာသတစ္ခုပဲ' ဆိုတဲ့ထိုစကားေလးက ကိုယ္ေမာင့္ကိုခ်စ္တယ္လို႔ေျပာတိုင္း ေမာင္အၿမဲျပန္ေျပာေနက် စကားေလးပဲ...။
ၾကားရတိုင္းလည္း ဒီရင္ကို အစိတ္စိတ္အႁမႊာႁမႊာျဖစ္ေအာင္ ခြဲနိုင္တဲ့စကားေလး...။

တကယ္ေတာ့ေမာင္မွမသိခဲ့တာ...၊ငါ့ရဲ႕အခ်စ္က အရမ္းလွပတယ္ဆိုတာ...။
ဝမ္းနည္းခ်င္စရာေကာင္းေလာက္ေအာင္ ေၾကကြဲခ်င္စရာေကာင္းေလာက္ေအာင္ကို ေမာင့္အေပၚထားတဲ့ငါ့ရဲ႕အခ်စ္က သိပ္ကိုလွပခဲ့ပါတယ္...။

                               ******

TBC...
Love You All 💜

fic အသစ္ေလးနဲ႕ျပန္လာပါၿပီ 💜
ေမ့ေတာ့ေမ့မသြားပါဘူးေနာ္ ။
ဒါေလးက update ေတာ့ၾကာနိုင္တဲ့အတြက္ႀကိဳေတာင္းပန္ထားခ်င္ပါတယ္။ အတတ္နိုင္ဆုံးေတာ့ အျမန္ဆုံး update လုပ္နိုင္ေအာင္ႀကိဳးစားေပးပါ့မယ္ေနာ္ 💜

            






Unicode Version

နေရောင်ခြည်က မျက်နှာပေါ်ကျရောက်နေပြီဆိုတာ ခံစားနေရသော်လည်း မှိတ်ထားသောမျက်လုံးတွေကို မဖွင့်နိုင်သေး....။
ထိုးကိုက်နေသော ခေါင်း‌ကြောင့် မျက်မှောင်ကျုံ့လျက် ညည်းညူလိုက်မိရင်း ဖြည်းဖြည်းချင်းအားယူကာ ဖွင့်ကြည့်မိလေတော့....တွေ့လိုက်ရသည်က....

"ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ....!?"

မျက်စိဖွင့်ဖွင့်ချင်းဘေးကခေါင်းအုံးပေါ် လက်ထောက်ကာ ကိုယ့်ကိုပြုံးလျက်ကြည့်နေသော သူ့ကိုတွေ့လိုက်ရသဖြင့် အလန့်တကြားလှဲနေရာမှ ထလိုက်မိတော့သည်...။
တစ်ခုထူးဆန်းနေတာက သူရော ကိုယ်ရော ခန္ဓာကိုယ်ပေါ်မှာ အဝတ်တစ်ခုမှမရှိ...။

"အဲ့လိုရုတ်တရက်ကြီး ကျုံးမထနဲ့လေ မောင်ရယ်၊ ခေါင်းမူးသွားမှာပေါ့..."

မေးနေတာကိုမဖြေဘဲ ငြူတူတူပြောလာသော စကားကြောင့် ဒေါသတွေကထောင်းခနဲထွက်လာခဲ့တော့သည်...။

"အရေးမပါတာတွေ ပြောမနေနဲ့ ကင်ထယ်ယောင်း...!! ခင်ဗျားနဲ့ကျုပ်ရဲ့ ဒီအခြေအနေကြီးကို ရှင်းပြခိုင်းနေတာ...!!"

ကိုယ့်မှာဒေါသထွက်ကာပူထူနေမိသလောက် မျက်စိရှေ့က ကင်ထယ်ယောင်းဆိုတဲ့ထိုသူကတော့ သွားတွေပေါ်သည်အထိ တဟားဟားရယ်နေလေရဲ့...။

"ခင်ဗျားရူးနေလား...!?"

"ဟား...ဟား...မဟုတ်ပါဘူး....၊ မောင်ကချစ်ဖို့ကောင်းလို့ပါ..."

"ကျစ်....! ကင်ထယ်ယောင်း!!"

"အဟက်...မောင် မမှတ်မိဘူးလား...? ညကကိစ္စကို...? ပိုပြီးတိတိကျကျပြောရရင် မောင်နဲ့ငါ့ရဲ့ အပြာရောင်ညလေးကိုလေ..."

သူပြောလာတဲ့စကားများကြောင့် ကိုက်ခဲနေသောခေါင်းကို အလုပ်ပေးရင်းပြန်စဉ်းစားမိလေတော့ တစ်ခုပြီးတစ်ခုအနှေးကွက်ပြသလို ပေါ်လာတဲ့ ညကအဖြစ်အပျက်တွေ...။

သူငယ်ချင်းတွေနဲ့ ဘားတစ်ခုမှာထိုင်သောက်နေရင်းနဲ့ ဘယ်နှခွက်မှတောင်မသောက်ရသေး မူးလာခဲ့တဲ့ကိုယ်...။
ပိုပြီးထူးဆန်းတာက ကိုယ့်ရဲ့ခန္ဓာကိုယ်ကပါရမက်ဇောတွေပြင်းထန်မှန်းမသိပြင်းထန်လာခဲ့သည်...။
နောက်ဆုံး ခေါင်းပင်မထောင်နိုင်တော့သည့်အဆုံး စားပွဲပေါ်ခေါင်းငိုက်စိုက်ချထားမိတုန်း နားထဲကြားလာရသည့် အသံဩဩ...။
သတိမရှိတစ်ချက်၊ ရှိတစ်ချက်ဖြစ်နေပေမယ့် ထိုအသံကိုတော့ မှတ်မိနေခဲ့ပါသည်...။
ဒါ...ကင်ထယ်ယောင်းဆိုတဲ့လူရဲ့အသံမှန်း...။

ကိုယ့်သူငယ်ချင်းတွေနဲ့ သူဘာတွေပြောနေလဲဆိုတာ ကိုယ့်နားထဲရှင်းရှင်းလင်းလင်းမကြားရ။
ထို့နောက် ကိုယ့်ကိုကိုယ်တောင်မသယ်နိုင်တော့တဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကင်ထယ်ယောင်းက တွဲလာပေးရင်း ခေါ်လာသည်က ဟိုတယ်ခန်းတစ်ခန်းဆီ...။
စိတ်နဲ့သတိကိုလွတ်မထွက်သွားစေရန် အကြိမ်ကြိမ်အခါခါ ကြိုးစားပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ လိုချင်တပ်မက်မှုက အထွတ်အထိပ်ကိုရောက်လာသည့်အခါမှာတော့.... ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ ကင်ထယ်ယောင်းနဲ့ဒီအခြေအနေအထိ ရောက်သွားခဲ့တော့သည်...။

ကင်ထယ်ယောင်းရဲ့နှုတ်ခမ်းတွေကို အငမ်းမရနမ်းရှိုက်ခဲ့တဲ့ ကိုယ့်ပုံရိပ်တွေ...။
ကင်ထယ်ယောင်းရဲ့လည်တိုင်တွေကို တစိုက်မက်မက်စုပ်ယူခဲ့တဲ့ ကိုယ့်ပုံရိပ်တွေ...။
ကင်ထယ်ယောင်းရဲ့ အဝတ်မပါတော့တဲ့ခန္ဓာကိုယ်ပေါ် အနမ်းတွေကျဲချမိခဲ့တဲ့ ကိုယ့်ပုံရိပ်တွေ...။
အကုန်လုံး ပြန်မှတ်မိလာတဲ့နောက်မှာတော့ ကိုယ့်ကိုကိုယ်ရော၊ မျက်စိရှေ့က ကင်ထယ်ယောင်းကိုပါ ဒေါသတွေတလိပ်လိပ်ထွက်လာခဲ့တော့သည်...။

"ဘယ်လိုလဲ မောင်...၊ မှတ်မိပြီလား...?"

"တောက်...! ကင်ထယ်ယောင်း...! ဒါမင်းအကြံတွေမလား...!? ငါသောက်မယ့်အရက်ထဲ မင်းဆေးခတ်ထားတာမလား...!?"

"အဟက်... မောင်က ရိုးရိုးပြောလို့မှမရတာ၊ ငါ့ကို အနားတောင်အကပ်မခံဘဲ စိမ်းကားနေတာကို... အဲ့တော့လည်း ဒီနည်းပဲရှိတော့တာပေါ့..."

လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိရင်း ပြုံးပြနေပါသော ကင်ထယ်ယောင်းကို စိုက်ကြည့်လိုက်ကာ

"လဲသေလိုက်...!! ခင်ဗျားဒီလိုလုပ်လည်း ကျုပ်ကဂရုမစိုက်ဘူး....!!"

"မောင်ဂရုမစိုက်ပေမယ့် ဂရုစိုက်တဲ့သူတော့ရှိမှာပေါ့...၊ နာရီကိုလှမ်းကြည့်လိုက်ပါဦး....."

သူ့စကားကြောင့် အခန်းထဲကတိုင်ကပ်နာရီဆီလှမ်းကြည့်လိုက်မိလေတော့ ဆယ်နာရီထိုးပြီးလို့ ငါးမိနစ်ရောက်နေပြီဖြစ်တဲ့ နာရီလက်တံတွေ...။
ထိုနာရီကိုကြည့်လိုက်မိတော့မှ ခေါင်းထဲသတိရလာသည်က..... သွားပြီ....။
ကိုးနာရီ စမယ့် ကိုယ့်ရဲ့စေ့စပ်ပွဲ...၊ တစ်နာရီတောင်နောက်ကျနေပြီဆိုတော့....။
ကိုယ့်နဖူးကိုယ်သာဖြန်းခနဲချလိုက်မိတော့သည်။
သေလိုက်ပါတော့ ဂျွန်ဂျောင်ကုရယ်...! ယူအာတော့ စောင့်နေတော့မှာပဲ...။

"ပျက်သွားတဲ့ စေ့စပ်ပွဲလေးအတွက် ဂုဏ်ပြုပါတယ် မောင်..."

ရွဲ့သလိုလို ငေါ့သလိုလိုနဲ့ အပြုံးမပျက်ပြောလာသော ကင်ထယ်ယောင်း...။

"ခင်ဗျား ဘယ်လိုလူမျိုးလဲ...!? ကိုယ့်ညီမနဲ့စေ့စပ်မယ့် သူကို ဒီလိုဟိုတယ်ခန်းထဲထိခေါ်သွင်းရဲတယ်ဆိုတော့ ခင်ဗျားက ဘယ်လိုအစ်ကိုလဲ ဟမ်...!? ခင်ဗျား ယူအာ့ကို အားနာစိတ်လေးမရှိဘူးလား...!?"

ဒေါသတကြီးအော်ပြောမိတော့ သူကတဟားဟားနဲ့တစ်ချက်ရယ်ရင်း ကိုယ့်မျက်နှာနဲ့ အနီးဆုံးနေရာအထိတိုးကပ်လာကာ

"အားနာစိတ်...ဟုတ်လား...? ဘယ်လိုလုပ်မလဲ...၊ ငါ့မှာ မောင်ဆိုတဲ့မင်းကိုချစ်တဲ့စိတ်ပဲရှိတယ်..."

ထိုစကားကိုပြောပြီးတာနဲ့တားချိန်ပင်မရလိုက်၊ ကိုယ့်နှုတ်ခမ်းပါးဆီရောက်ရှိလာတဲ့ ကင်ထယ်ယောင်းရဲ့အနမ်းတွေ...။
တွန်းထုတ်ဖို့ပြင်နေတုန်းမှာပင် ကြားလိုက်ရတဲ့တံခါးဖွင့်သံနောက်....

"ကို..."

ယူအာ...၊ ဒါယူအာရဲ့အသံ...။
အမြန်ပင် ကင်ထယ်ယောင်းကိုတွန်းထုတ်လိုက်ပြီး အနောက်ကိုလှည့်ကြည့်မိလေတော့ အခန်းဝမှာတင် ကိုယ်တို့နှစ်ယောက်ကို မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ ကြည့်နေပါသောကိုယ်နဲ့ စေ့စပ်မယ့်သတို့သမီးလောင်းတစ်ဖြစ်လည်း ကင်ထယ်ယောင်းရဲ့ ညီမ... ကင်မင်အာ...။

"နှစ်ယောက်သားက...ဘယ်လိုလုပ်ပြီး...ဒီလို.."

‌"မင်အာ...ကိုယ်ရှင်းပြ...! မင်အာ..! မင်အာ...!"

သွေးပျက်သွားပုံရသော မင်အာကြောင့် ရှင်းပြရန်ပြင်လိုက်ပေမယ့် မျက်ရည်တွေနဲ့အတူထွက်ပြေးသွားတဲ့ သူမက ကိုယ့်ကိုရှင်းပြခွင့်မပေးခဲ့...။
ရင်ထဲက စိတ်အလိုမကျမှုတွေနဲ့အတူ စုပ်တစ်ချက်သပ်လိုက်မိရင်း ဆံပင်တွေကိုစိတ်ရှုပ်ရှုပ်နဲ့ဆွဲဖွလိုက်မိလေတော့ ကြားလာရတဲ့ရယ်သံတစ်ချို့...။
ကိုယ့်အတွက်တော့ထိုရယ်သံက မကြားချင်ဆုံးအသံပဲ...။
မုန်းစရာကောင်းလိုက်တာ ကင်ထယ်ယောင်း...။

"ငါပြောခဲ့တယ်မလား...? နောက်ဆုံး မောင်ကငါ့အပိုင်ပဲဖြစ်ရမှာပါလို့..."

ကုတင်ခေါင်းရင်းကိုမှီရင်း ပွဲတစ်ပွဲကြည့်နေသလို အေးအေးဆေးဆေးပြောလာတဲ့ ကင်ထယ်ယောင်းရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ ပိုပြီးလျှံထွက်လာခဲ့တဲ့ ဒေါသတွေနဲ့အတူ

"သေတောင်ခင်ဗျားအပိုင်မဖြစ်ဘူး...!! ဒီလိုတွေလုပ်လိုက်လို့ ကျုပ်ကခင်ဗျားကိုချစ်လာလိမ့်မယ်လို့ မထင်လိုက်နဲ့ ကင်ထယ်ယောင်း...! ခင်ဗျားက ဒီကမ္ဘာပေါ်မှာ ကျုပ်အမုန်းဆုံးလူပဲ။ အဲဒါ တစ်သက်လုံး ပြောင်းလဲမှာမဟုတ်ဘူး...!"

စူးရှသောမျက်ဝန်းတွေနဲ့ ရွံရှာစွာကိုယ့်ကိုစိုက်ကြည့်လာရင်း တစ်လုံးချင်းပြောသွားသောမောင့်ရဲ့စကားကို ကိုယ်ပြုံးပြုံးလေးနဲ့သာ နားထောင်နေခဲ့လိုက်ပါသည်...။
ချက်ချင်းပင် အဝတ်အစားတွေကောက်ဝတ်ပြီးနောက် ထွက်သွားတဲ့မောင်...။
ဂျိန်းခနဲမြည်သွားသော တံခါးပိတ်သံအနောက်မှာတော့ တဟားဟားနဲ့အော်ရယ်နေမိသော ကိုယ့်အသံက အခန်းထဲပျံ့နှံ့လို့သွားတော့သည်...။

ကုတင်ပေါ်ခြေပစ်လက်ပစ်လှဲချလိုက်ပြီး သွားတွေပေါ်သည်အထိ စိတ်လွတ်လက်လွတ်ရယ်မောနေမိပါသော်လည်း အလိုက်မသိတဲ့ မျက်ဝန်းထဲကမျက်ရည်တွေကတော့ တစ်စက်ချင်းဆီ စီးကျလျက်...။

အကြည့်တွေကပြောင်းလဲသွားလိုက်တာ....။
ငယ်ငယ်တုန်းက ကိုယ့်ကို ပြုံးပြရင်းနှစ်သိမ့်အကြည့်တွေနဲ့ကြည့်တတ်တဲ့ ထိုအကြည့်တွေ ဘယ်များရောက်သွားပါလိမ့်...။
မောင်ကတော့မှတ်မိမှာမဟုတ်ပေမယ့် ကိုယ်ကတော့အခုထိမှတ်မိပါသေးသည်...။
ဆုံးသွားတဲ့အမေ့ကိုလွမ်းလို့ကစားကွင်းကမြက်ခင်းပြင်ပေါ် တစ်ယောက်တည်းထိုင်ငိုနေမိတုန်း ဘေးနားကိုလာပြီး ဘနားနားမစ်ဘူးလေးပေးကာ နှစ်သိမ့်ပေးခဲ့တဲ့ထိုကောင်လေး။
အဲ့အချိန်တုန်းက ကိုယ်ကရှစ်နှစ်၊ သူကခြောက်နှစ်ပဲရှိသေးတာ...။
ကိုယ့်ထက်နှစ်နှစ်ငယ်ပေမယ့် ကိုယ်အားကိုးချင်မိလောက်တဲ့အထိ လုံခြုံနွေးထွေးမှုပေးနိုင်တဲ့သူ့နှစ်သိမ့်မှုတွေကြားထိုကောင်လေးကို ပထမဆုံးတွေ့တွေ့ချင်းမှာဘဲ သံယောစဉ်တွယ်သွားမိသည်...။

ဘယ်သူကထင်မှာလဲ...၊ နှစ်တွေအကြာကြီးနေပြီးမှ ပြန်တွေ့ရတဲ့အချိန်... ချစ်ရသူမှာပိုင်ရှင်ကရှိနေနှင့်ခဲ့ပြီးသားဆိုတာ...။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုပိုင်ရှင်ကလည်း ကိုယ့်အဖေရဲ့မယားပါသမီးဖြစ်နေခဲ့တာ...။

ဒါပေမယ့် မလွှတ်ပေးနိုင်ဘူး၊ ငါကအတ္တကြီးတယ်မောင်...။
အဲ့အတ္တက မောင့်တစ်ယောက်တည်းအတွက်မို့ မောင်မုန်းမယ်ဆိုရင်လည်း ငါခံမယ်...။
မောင်မုန်းသလောက် ငါကချစ်ပေးနိုင်ရင်ရပြီမလား...။
အဲ့တော့ ကြိုက်သလောက်သာမုန်းပါတော့ မောင်...။ စိတ်ရှိသလောက်သာမုန်းပါတော့...။

                               ******

*ခွပ်!*

"ကင်ထယ်ယောင်း...!! မင်းမိသားစုကိုအရှက်ခွဲလိုက်တာလား....!?"

အထိုးခံလိုက်ရလို့ လည်ထွက်သွားသောမျက်နှာနဲ့အတူ နှုတ်ခမ်းထောင့်ကထွက်လာတဲ့ သွေးစက်စက်...။
တစ်ဆက်တည်း ဖခင်ဖြစ်သူရဲ့ဒေါသတကြီးအော်သံကပါ ဧည့်ခန်းထဲပျံ့နှံ့လို့သွားတော့သည်...။
ပါးစပ်နားကသွေးကို လက်နဲ့တစ်ချက်သုတ်လိုက်ရင်း တစ်ချက်ရယ်မိလိုက်ပါသည်။
မိသားစုတဲ့လား....။

"မင်း ဒါဘာရယ်တာလဲ...!? အဖေကိုမထီမဲ့မြင်ပြုနေတာလား...!?"

"အဖေ...? ကျုပ်ကကျုပ်ကိုယ်ကျုပ် မိဘမဲ့လို့သတ်မှတ်ထားတာပါ၊ အဲ့ဒါကြောင့် ကျုပ်မှာ မိသားစုလည်းမရှိသလို၊ အဖေလည်းမရှိပါဘူး ဥက္ကဌကြီးကင်...."

ခပ်အေးအေးပြောလိုက်သော ကိုယ့်စကားနောက် လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ဥက္ကဌကြီးက မျက်ထောင့်တွေပါနီရဲလို့လာတော့သည်...။
ကိုယ်ပြောတာဘာများမှားသွားလို့လဲ...။

"မင်းကကိုယ့်ညီမဖြစ်သူကို စိတ်ဆင်းရဲအောင်လုပ်တာအားမရလို့ အခုငါ့ကိုပါ စော်ကားနေတာလား ကင်ထယ်ယောင်း...! မင်းအားနာစိတ်လေးနည်းနည်းပါးပါးမရှိဘူးလားကွ...!"

"သူက ကျွန်တော် ညီမမှမဟုတ်တာ... ပြောရရင် ဥက္ကဌကြီးရဲ့မယားပါသမီးလေ... ၊ အဲ့တော့ ကျွန်တော်က ဘာကိုအားနာနေရမှာလဲ...?"

"အစ်ကို...! အစ်ကို့သားက တဖြည်းဖြည်းနဲ့တရားလွန်လာပြီနော်၊ ကျွန်မတို့သားအမိကို မတူသလိုမတန်သလိုဆက်ဆံနေတာ ဘယ်နှခါရှိနေပြီလဲ...!? အရင်တုန်းက အစ်ကို့မျက်နှာနဲ့သည်းခံနေခဲ့တာ၊ အခု ဒီကိစ္စကိုတော့ ကျွန်မလုံးဝသည်းမခံနိုင်တော့ဘူး...!"

တစ်ချိန်လုံးဘေးနားမှာငြိမ်နေခဲ့သော ဥက္ကဌကြီးရဲ့ကတော်၊ တစ်နည်းအားဖြင့် ကိုယ့်ရဲ့မေမေလေး ဖြစ်သူထံမှ ထွက်လာသောစကား...။
တစ်ခါထပ်ရယ်လိုက်မိပြန်ပါသည်...၊ တကယ်ပဲ ဒီအိမ်က ဟာသတွေနဲ့ပဲပြည့်နေတာများလား...။
သည်းခံခဲ့တာတဲ့လား...၊ ကိုယ်ကပဲမတူသလိုမတန်သလို ဆက်‌ဆံခဲ့တာတဲ့လား... ရယ်စရာတွေပြောနေပြန်ပါပြီ...။

"သည်းမခံနိုင်ရင်လည်းမတတ်နိုင်ပါဘူး၊ အရင်ကတည်းက ခေါင်းထဲတောင်ထည့်မထားဖူးလို့..."

အပြုံးတစ်ချက်နဲ့ ပြန်ပြောလိုက်သောအခါ ဒေါသနဲ့အတူနီရဲတက်လာသော ထိုမိန်းမရဲ့မျက်နှာ...။

"ကင်ထယ်ယောင်း...! မင်းတော်တော်မိုက်ရိုင်းနေပါလား...!? လူကြီးသူမကိုဒီလိုဆက်ဆံရမယ်လို့ မင်းအမေနဲ့ငါက သင်ပေးထားလား...!?"

"အမေ...? အခု ဥက္ကဌကြီးရဲ့ပါးစပ်ကနေ ကျုပ်အမေရဲ့နာမည်ကိုပြောလိုက်တာလား...?
တစ်နေ့ တစ်နေ့ ယောက်ျားဖြစ်သူရဲ့မျက်နှာလေးကို တကြည့်ကြည့်နဲ့ လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးနေပေမယ့် ယောက်ျားဖြစ်သူဘက်ကတော့ မိဘတွေအတင်းပေးစားလို့မယူချင်ယူချင်နဲ့ ယူလိုက်ရတဲ့ မိန်းမတစ်ယောက်သာသာ ဆက်ဆံခံခဲ့ရတာပါ ကျုပ်အမေက...။
အဲဒါကြောင့် ဆုံးသွားပြီဖြစ်တဲ့ကျုပ်အမေကို ဒီစကားဝိုင်းထဲဆွဲမထည့်ပါနဲ့...၊ အသက်ရှင်နေတုန်းက ယောက်ျားဖြစ်သူရဲ့အချစ်ကိုမရခဲ့တဲ့အပြင် ရည်းစားဟောင်းနဲ့ပြန်ဆက်သွယ်နေတဲ့ ယောက်ျားကို ကြည့်ရုံလေးကြည့်နေနိုင်ခဲ့တာနဲ့ပဲ ကျုပ်အမေက သနားစရာကောင်းနေပါပြီ...။
တမလွန်မှာ အေးအေးချမ်းချမ်းနေပါစေ..."

ကိုယ့်ရဲ့စကားအဆုံးမှာတော့ တိတ်ဆိတ်လို့သွားတဲ့ ဧည့်ခန်း...။

"ပြီးတော့ ဥက္ကဌကြီးက ကျုပ်ကိုလိမ္မာယဉ်ကျေးအောင်သင်ပေးခဲ့ဖို့မပြောနဲ့...၊ မိသားစုသုံးယောက် တစ်ခါလောက် ထမင်းတောင်အတူစားခဲ့ဖူးလို့လား...? ပြန်စဉ်းစားကြည့်ပါဦး...။
အဖေဖြစ်သူနဲ့ အချိန်ဖြုန်းချင်လို့အနားလေးကပ်သွားမိရင် မအားဘူးဆိုတဲ့အကြောင်းပြချက်ပဲ ဥက္ကဌကြီးပေးခဲ့တာမလား...? ငယ်ငယ်ရွယ်ရွယ်ကျုပ်ကို တစ်ခါမှမပွေ့ဖက်ပေးခဲ့ဖူးသလို၊ တစ်ခါမှလည်း မနွေးထွေးပေးခဲ့ဖူးဘူး... မွေးကတည်းက အခုချိန်ထိ ဖခင်တစ်ယောက်ရဲ့မေတ္တာကို မခံစားခဲ့ဖူးတာမို့ ဥက္ကဌကြီးလည်း ကျုပ်ဆီက သားတစ်ယောက်ရဲ့လေးစားမှုကိုမမျှော်လင့်ပါနဲ့..."

ပြောပြီးတာနဲ့ ဧည့်ခန်းထဲကနေထွက်ရန်ပြင်လိုက်ရင်းမှ တစ်ခါပြန်လှည့်လိုက်ပြီး

"အာ... ပျက်သွားတဲ့စေ့စပ်ပွဲကိုလည်း ပြန်လုပ်ဖို့မစဉ်းစားပါနဲ့တော့၊ အဲ့လိုမဟုတ်ဘဲ ယူအာနဲ့ဂျောင်ကုကို လက်ထပ်ပေးဖို့ထပ်လုပ်မယ်ဆိုရင်တော့ ဂျောင်ကုနဲ့ကျုပ်ရဲ့ပုံတွေ အင်တာနက်ပေါ်ပျံ့သွားပါလိမ့်မယ်၊ အဲ့လိုသာဖြစ်သွားရင် ဥက္ကဌကြီး တစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့ ဂုဏ်တွေ ဒြပ်တွေက ရစရာမရှိဖြစ်သွားလိမ့်မယ်ထင်တယ်.... ဒါဆို ... ခွင့်ပြုပါဦး...၊ ဂျောင်ကုနဲ့ကျုပ်ရဲ့မင်္ဂလာပွဲကိုလည်းဖိတ်လိုက်ပါ့မယ်..."

ဧည့်ခန်းထဲကထွက်လာပြီးနောက် ခြံထဲမှာရပ်ထားသောကားကို ဝူးခနဲမောင်းထွက်လာခဲ့တော့သည်...။
ကားမောင်းရင်း ကျလာခဲ့တဲ့မျက်ရည်တွေကိုတော့ အရေးတယူသုတ်မနေတော့...။
ကိုယ်ကဒီလိုလူစားမျိုးပဲ...၊ ငိုမယ်ဆိုရင်တောင် လူမသိသူမသိ လူကွယ်ရာမှာငိုတတ်တဲ့လူမျိုး...။

ငယ်ငယ်လေးကတည်းက အဖေရယ် အမေရယ်အစုံအလင်ရှိပေမယ့် တစ်ခါမှမိသားစုရဲ့အရသာကိုမခံစားခဲ့ရဖူးဘူး...။
အမြဲတမ်းအလုပ်ရှုပ်နေတဲ့အဖေ အမြဲတမ်းကြင်ကြင်နာနာဂရုမစိုက်ပေးတဲ့အဖေကြောင့် အမေကသာကိုယ့်ရဲ့ဘဝ...။
သို့သော် ခုနစ်နှစ်အရွယ်မှာပဲ အမေကကိုယ့်ကိုထားခဲ့တယ်...။
အမေဆုံးပြီးသွားတဲ့နောက်ပိုင်း အဖေကရည်းစားဟောင်းနဲ့နောက်အိမ်ထောင်ပြုခဲ့တယ်၊ အံ့ဩစရာမရှိပါဘူးလေ အမေမဆုံးခင်ကတည်းက ပြန်ပေါင်းထုပ်နေခဲ့ကြတာပဲကို...။

ဒါပေမယ့် အဲ့ဒီ့အချိန်ထိအဖေ့ကိုမမုန်းခဲ့ပါဘူး၊ ဘာပဲဖြစ်ဖြစ် အဖေ့ကိုမမုန်းရဘူးနော်၊ သူကသားရဲ့အဖေဆိုတဲ့ အမေ့ဆုံးမစကားကြောင့် လေးလေးစားစားဆက်ဆံခဲ့ပါသည်...။
ရယ်စရာကောင်းတာက အမေသစ်တစ်ယောက်နဲ့ညီမလေးတစ်ယောက်ရပြီဆိုပြီး ပျော်တောင်ပျော်ခဲ့သေးတာ...။

ကိုယ်ပြန်ရခဲ့တာကတော့ ကိုယ်လိုချင်ခဲ့တဲ့မိသားစုဘဝမဟုတ်ခဲ့ဘူး...။
တစ်ခါတုန်းကဆို ယူအာကကိုယ့်အရုပ်ကိုအတင်းလာလုလို့ပြန်လုမိတာကို သူ့သမီးကို အနိုင်ကျင့်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ကျောကုန်းမှာဒဏ်ရာရတဲ့အထိ အရိုက်ခံခဲ့ရဖူးသည်...။
အဖေ့ရှေ့မှာတစ်မျိုး၊ နောက်ကွယ်ကျရင်တစ်မျိုးဆက်ဆံတတ်တဲ့ ထိုမိန်းမက အိမ်တစ်အိမ်လုံးအလုပ်ကိုလည်း ကလေးသာသာအရွယ်ကိုယ့်ကိုခိုင်းသေးသည်...။
ယုတ်စွအဆုံး သူ့သမီးရဲ့အဝတ်ကိုပါလျှော်ခိုင်းသေးသည်။
မလုပ်ချင်ဘူးလို့ တစ်ခွန်းလောက်ပြန်ခံပြောမိရင် မှောင်မဲနေတဲ့စတိုခန်းထဲ ထမင်းမကျွေးဘဲ တစ်နေကုန် ပိတ်ထားဖူးပါသေးသည်...။

ဒါတွေကို အဖေဆိုတဲ့ဥက္ကဌကြီးသိခဲ့လို့လား...။
အလုပ်တွေနဲ့ပဲအမြဲရှုပ်နေပြီး၊ အားလပ်ချိန်တွေကို မိသားစုအသစ်နဲ့ပဲကုန်ဆုံးနေတတ်တဲ့ ဥက္ကဌကြီးက ကိုယ်ကသူ့သားဆိုတာကို မေ့သွားခဲ့တယ်နဲ့တူပါတယ်...။

အဲ့ဒီ့လို မေတ္တာငတ်ခဲ့ရတဲ့ကိုယ့်ဘဝထဲ အမေဆုံးပြီးကတည်းက ပထမဆုံးနွေးထွေးကြင်နာမှုအလင်းရောင်လေးလာပေးခဲ့တာက မောင်...။
လမ်းထိပ်ကကစားကွင်းမှာထိုင်ငိုနေမိတုန်းဘနားနားမစ်ဘူးလေးကိုလက်ထဲလာထည့်ပေးပြီး ကိုယ့်ရဲ့မျက်ရည်တွေကိုသုတ်ပေးခဲ့တာ...။
အဲ့ဒီ့အလင်းရောင်လေး၊ အဲ့ဒီ့နွေးထွေးကြင်နာမှုလေးကို တစ်သက်လုံးဆွဲထားချင်မိတာ ကိုယ်မှားလား...။
ဟင့်အင်း...အဲ့ဒါအမှားဆိုရင်တောင် အမှန်ကိုလည်းမသိချင်သလို၊ ပြန်လည်းမပြင်ချင်ဘူး...။
နာကျင်ရမယ်ဆိုရင်လည်း နာနာကျင်ကျင်နဲ့ပဲဆွဲထားပါရစေ...။
တစ်ချိန်သူပြန်ချစ်လာနိုင်လောက်မလားဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးနဲ့ပေါ့...။

                              *****

"သတို့သားနှစ်ယောက် ဝင်လာလို့ရပါပြီ..."

အခမ်းအနားမှူးရဲ့စကားအဆုံး ပွင့်ဟသွားတဲ့မျက်စိရှေ့က တံခါးချပ်ကြီး...။
တွေ့လိုက်ရသည့် အနီရောင်ကော်‌ဇောပေါ် မောင့်လက်ကိုတွဲပြီး လျှောက်လှမ်းလာခဲ့သည်...။
ပွဲတစ်ခုလုံးမှာ ကိုယ်တစ်ယောက်တည်းသာမျက်နှာပြောင်တိုက်စွာ အပြုံးကြီးပြုံးနေခဲ့ပေမယ့် နှစ်ဖက်မိသားစုတွေကတော့ ဟန်ဆောင်ပင်မပြုံးနိုင်လောက်အောင် မျက်နှာပျက်နေကြလေရဲ့...။

အဆိုးဆုံးကတော့ ဘေးက မောင်...။
အရယ်အပြုံးတစ်ချက်မရှိသော မောင်သည် မသိရင်ကျောက်ရုပ်တစ်ရုပ်လို...။
ဒါကလည်း ကိုယ်နဲ့လက်မထပ်ရင် ကိုယ်နဲ့သူဖြစ်ခဲ့တဲ့အကြောင်းတွေ လူတကာသိအောင်လုပ်လိုက်မှာဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ...။
ဥက္ကဌကြီးတို့လို၊ မောင့်အဖေတို့လို ဂုဏ်သိက္ခာကို အသက်ထက်တန်ဖိုးထားကြတဲ့စီးပွားရေးရှင်ကြီးတွေအတွက် အကောင်းဆုံးနည်းလမ်းမို့လို့ ရွေးလိုက်ရတာပါ...။

လျှောက်လမ်းရဲ့အဆုံးမှာတော့ ဖာသာရှေ့ကိုနှစ်ယောက်သားရောက်လာခဲ့ကြတော့သည်...။
သစ္စာကျိန်ဆိုတဲ့ အချိန်မှာတောင် ကိုယ်က မောင့်မျက်နှာလေးကိုမျက်တောင်မခတ်တမ်းကြည့်နေခဲ့ပေမယ့် မောင်ကတော့ ကိုယ့်ကိုတစ်ချက်ကလေးတောင်လှည့်မကြည့်...။

"သတို့သားနှစ်ယောက် အကြင်နာပေးနိုင်ပါပြီ..."

ဖာသာ့ရဲ့စကားအဆုံး ကိုယ့်ဘက်လှည့်လာတဲ့ မောင်...။
မျက်ဝန်းထဲ နားမလည်နိုင်သည့်အကြည့်တွေကနေရာယူထားလျက် ကိုယ့်အနားတဖြည်းဖြည်းကပ်လို့လာသည်...။
မျက်စိကိုစုံမှိတ်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့်ရောက်လာမည့်မောင့်အနမ်းတွေကို ခံယူရန်ပြင်နေစဉ်မှာပင်

"အဟက်....ဘာတွေမျှော်လင့်နေတာလဲ...? ခင်ဗျားနှုတ်ခမ်းကို ကျုပ်ကတကယ်နမ်းမယ်များထင်နေတာလား...?"

ကြားလိုက်ရသောမောင့်အသံကြောင့် မှိတ်ထားသောမျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်တော့ကိုယ့်မျက်နှာနဲ့အနီးကပ်ဆုံးအနေအထားကနေ ကိုယ့်ကိုစိုက်ကြည့်ကာပြောနေပါသော မောင်...။

"ရွံစရာကောင်းတဲ့ ခင်ဗျားနှုတ်ခမ်းကို ကျုပ်ဘယ်တော့မှ မနမ်းဘူး...! ကလပ်ထဲကအပျော်မယ်တွေထက်တောင် ခင်ဗျားနှုတ်ခမ်းက ရွံဖို့ကောင်းတယ်..."

ရက်ရက်စက်စက်ပြောထွက်လာသော မောင့်စကားတွေကြား ကိုယ်မျက်ရည်ဝဲသွားခဲ့လားမပြောတတ်...။
ဒါပေမယ့် အမြန်ပဲမျက်တောင်တွေကိုခတ်ကာထိုမျက်ရည်တွေကို ပုတ်ထုတ်လိုက်ရင်း ဘာမှမဖြစ်သလို အပြုံးတုတစ်ခုကို ဆင်မြန်းလျက်

"မောင်အဲ့လိုတွေပြောလည်း ငါစိတ်ဆိုးမှာမဟုတ်ဘူးနော်...၊ ငါကမောင့်ကိုအရမ်းချစ်တာ..."

ကိုယ့်စကားအဆုံး မောင်က တစ်ချက်ပြုံးပြီး ဟားခနဲရယ်ချလေရဲ့...။
ပွဲစပြီးကတည်းက ဒါ ပထမဆုံးမြင်တွေ့ရတဲ့ မောင့်ရဲ့အပြုံးပဲ...။
ဝမ်းနည်းစရာကောင်းတာက ပျော်ရွှင်ရလို့ပြုံးတဲ့အပြုံး မဟုတ်ခဲ့ဘူး...။

"ခင်ဗျားရဲ့အချစ်ကကျုပ်အတွက်တော့ အကျည်းတန်လွန်းတဲ့ ဟာသတစ်ခုပဲ...!"

ကိုယ့်ကိုစူးစိုက်ကြည့်လျက်ပြောပြီးနောက် ပရိသတ်တွေဘက်လှည့်သွားသော မောင်...။
နဂိုအတိုင်းအရယ်အပြုံးမရှိတဲ့မျက်နှာနဲ့ ရပ်နေပြန်၏...။
မောင်းထုတ်လိုက်သောမျက်ရည်တွေက မျက်ဝန်းထဲတစ်ဖန်ပြည့်လျှံတက်လို့လာခဲ့လေရာ မျက်ရည်တွေဝေ့ဝဲနေတဲ့ ထိုမျက်ဝန်းတွေနဲ့ပဲ မောင့်ကိုကိုယ်ကြည့်နေမိတော့သည်...။

ထိုစကား....၊ 'ခင်ဗျားရဲ့အချစ်ကကျုပ်အတွက်တော့အကျည်းတန်လွန်းတဲ့ ဟာသတစ်ခုပဲ' ဆိုတဲ့ထိုစကားလေးက ကိုယ်မောင့်ကိုချစ်တယ်လို့ပြောတိုင်း မောင်အမြဲပြန်ပြောနေကျ စကားလေးပဲ...။
ကြားရတိုင်းလည်း ဒီရင်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခွဲနိုင်တဲ့စကားလေး...။

တကယ်တော့မောင်မှမသိခဲ့တာ...၊ငါ့ရဲ့အချစ်က အရမ်းလှပတယ်ဆိုတာ...။
ဝမ်းနည်းချင်စရာကောင်းလောက်အောင် ကြေကွဲချင်စရာကောင်းလောက်အောင်ကို မောင့်အပေါ်ထားတဲ့ငါ့ရဲ့အချစ်က သိပ်ကိုလှပခဲ့ပါတယ်...။

                               ******

TBC...
Love You All 💜

fic အသစ်လေးနဲ့ပြန်လာပါပြီ 💜
မေ့တော့မေ့မသွားပါဘူးနော် ။
ဒါလေးက update တော့ကြာနိုင်တဲ့အတွက်ကြိုတောင်းပန်ထားချင်ပါတယ်။ အတတ်နိုင်ဆုံးတော့ အမြန်ဆုံး update လုပ်နိုင်အောင်ကြိုးစားပေးပါ့မယ်နော် 💜

            



Continue Reading

You'll Also Like

1.3M 120K 43
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
112K 14.2K 34
To my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as de...
147K 16.7K 23
Your are the owner of my 'LUBB - DUP'. Recommended song - 'I don't know why' by NOTD, Astrid S Kookv JJK x KTH
1.3M 101K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...