စေလိုရာစေ(Completed)
By Syringa99
386K 18.9K 411
ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... More
Ep(1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (8)
Ep (9)
Ep(10)
Ep(11)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(27)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
EP(37)
Ep (38)
Ep(39)
Ep(40)
Ep(41)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(51)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra
Ep(12)
6.1K 353 6
By Syringa99
စေလိုရာစေ..
(Unicode)
"ဆရာ..ဆေးရုံအုပ်က ရောက်ရင် သူ့ရုံးခန်း လာခဲ့ပါဦးတဲ့"
ဆေးရုံ ဓာတ်လှေကားကနေ ထွက်ထွက်ချင်း သူ့ရဲ့လက်ထောက် နပ်စ်မလေး အမသင်းမွှေးက ဦးစံခေါ်နေကြောင်း အသိလာပေးသည်။
"​ဟုတ်ပြီ..မသင်း..ခဏနေ ကျွန်တော်သွားလိုက်ပါ့မယ်"
ဒီရက်အတောတွင်း ဦးစံနဲ့လည်း သိပ်စကားမပြောဖြစ်။ဆေးရုံတစ်ခုတည်းဆိုပေမယ့် အခုတလော အရေးပေါ်လူနာတွေက ဆက်တိုက်ဆိုသလို ဖြစ်နေတော့ ဦးစံဆီ မသွားဖြစ်ပေ။ဒီနေ့တော့ သွားလိုက်ဦးမှာပါ။နို့မို့ဆို "ငါ့တူကနေနိုင်တယ်ကွာ" လို့ အစချီပြီး မနားတမ်း စကားနာ ထိုးတော့မယ့် သူ့ဦးစံ အကြောင်း သူသာအသိဆုံး။
"​ေဩာ်..ငါ့တူ ရောက်လာပြီလား..လာ..ထိုင်"
ဦးစံ ရုံးခန်း အလယ်က ဆိုဖာခုံမှာ ဝင်ထိုင်လိုက်တော့ ဦးစံက သူ့အလုပ်စားပွဲကနေ ထလာသည်။
ဦးစံက အဖေ့ရဲ့ညီအငယ်ဆုံး ဖြစ်ပြီး ပိန်ပိန်ရှည်ရှည်နဲ့ ဆံပင်ကို အမြဲတမ်းလှန်တင်ထားတဲ့ အသက်လေးဆယ်အရွယ် လူပျိုကြီးပေါ့။ဦးစံ "မိန်းမမယူသေးဘူးလား" မေးရင် အပူတေ​ွမရှာချင်ဘူး ငါ့တူရာ ဆိုပြီး အရင်လို ဓာတ်ပြားဟောင်းကြီး ဖွင့်ပြနေဦးမည်သာ။
ဥ​ီးစံက ရန်ကုန်မှာ အထူးကုဆေးရုံခွဲ လေးခုဖွင့်လှစ်ထားပြီး အေးရိပ်ငြိမ်ဆိုတဲ့ မိဘမဲ့ဂေဟါနဲ့ဘိုးဘွားရိပ်သာကိုလည်း ရန်ကုန်မှာ ဖွင့်လှစ်ထားသည်။ပြောရမယ်ဆိုရင်တော့ ဥ​ီးစံက ပရဟိတလည်း့လုပ်ရင်း ဝါသနာပါတဲ့ ဆေးလည်းကုရင်းနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပင်။
"ဒီလို..ငါ့တူရ..ဒီနေ့ ဦးစံတို့ ဆေးရုံကို စင်ကာပူက ဆရာဝန် တစ်ယောက်..ရောက်လာလိမ့်မယ်..ပထမ သူက ဟိုမှာပဲ လုပ်နေတာ..ဗမာလူမျိုး..ဘွဲ့တွေလည်းယူထားတာမနည်းဘူး..အခုတော့ ဇာတိမှာ ပြန်လုပ်ချင်တယ်ပေါ့ကွာ..အဲ့ဒါ Mr. Thomasက ဦးစံဆေးရုံကို လွှဲပေးလိုက်တယ်လေ"
"အင်း..ကောင်းတာပေါ့ ဦးစံရဲ့..သူ့လို ကျွမ်းကျင်ဆရာဝန်တစ်ယောက် ထပ်ရောက်လာတော့..လူနာတွေအတွက် ပိုအဆင်ပြေသွားတာပေါ့"
"ဟုတ်တယ်..ငါ့တူကို ပြောချင်တာက အခုမှစမှာ..သူက သားနဲ့တက္ကသိုလ် တူတယ်တဲ့..သားရဲ့စီနီယာလို့လည်းပြောတယ်..အဲ့ဒီတော့ ဦးစံက သားကိုအကူညီတောင်းချင်တာ..သူဒီရောက်လာရင် သားက သူလိုအပ်တာလေးတွေ ကူညီပေးစေချင်တယ်..ပြီးတော့ သူက ဟိုမှာနေတာ ကြာပြီဆိုတော့ ဒီကလမ်းတွေ ကျွမ်းဦးမှာမဟုတ်ဘူး.."
"ဟုတ်ကဲ့..ရတယ်..ဦးစံ..သားရဲ့စီနီယာဆိုတော့လည်း မစိမ်းတော့ဘူးပေါ့"
"အေးကွာ..ကျေးဇူးပါ..ဒါနဲ့..အမရော နေကောင်းရဲ့လား..ဦးစံလည်း အခုတလော ဆေးရုံလေးခုနဲ့ လုံးပမ်းနေရတာ အမဆီတောင်ဖုန်းမဆက်ဖြစ်ဘူး"
"ဟုတ်..ကောင်းတယ်..ဦးစံ..ဒီမနက်တောင် ဦးစံကိုမေးနေသေးတယ်"
"အေးပါ..အမကိုပြောလိုက်..ဒီတစ်ပတ်ပိတ်ရက် ဦးစံထမင်းလာစားမယ်လို့.."
"ဟုတ်..ဦးစံ"
"​ေဩာ်..ဒါနဲ့.အမက မင်းကိုမိန်းမပေးစါးဖို့ လက်လျော့သွားပြီထင်တယ်..အခုတလော သိပ်မကြားသလိုပဲ"
"ဘယ်ကသာ..ဦးစံရာ..အခုလာခါနီးလေးတောင် အဲ့ဒီကိစ္စနဲ့ပက်သက်ပြ​ီး သားကိုနားချနေသေးတာ..ဦးစံမသိလို့နော် သားက အမေ့သဘောအတိုင်းလုပ်ပါလို့ ပြောကြည့်ပါလား..နောက်နေ့ မဂ်လာဆောင်ရပြီပဲ"
"ဟား..ဟား..ငါ့အမကတော့ စံ ပဲဟေ့..ဒီလောက်ထိ သားကငြင်းနေမှတော့ အကြောင်းတစ်ခုခု ရှိတာရိပ်မိသင့်နေပါပြီကွာ..အင်း..ဦးစံကတော့..ဖြစ်နိုင်ရင် သားအမေကို အခုပဲ ဖွင့်င့်ပြောလိုက်စေချင်တာ..မဟုတ်ရင် အချိန်ဆွဲထားရင်းနဲ့ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာမှာစိုးတယ်"
"ဟုတ်..သားလည်း စဥ်းစားထားတယ်..ဦးစံ..မကြာခင် အမေ့ကိုဝန်ခံဖြစ်မယ်ထင်တာပဲ..နည်းနည်းတော့ ရင်တုန်ပေမယ့်ပေါ့"
"ဘာမှမဖြစ်ပါဘူး ငါ့တူရာ..ကိုယ့်ဖြစ်တည်မှုကို အရှိကိုအရှိတိုင်း ဖွင့်ပြောတာပဲ..ဘာမှကြောက်နေစရာမလိုဘူး..အမလည်း မင်းကိုနားလည်ပေးမှာပါ..စိတ်မပူနဲ့"
"ဒေါက်..ဒေါက်"
လေညှင်းတို့ စကားကောင်းနေတုန်း တံခါးခေါက်သံကြောင့် ပြောလက်စ ခဏရပ်ပြီး တံခါးဖွင့် ဝင်လာမည့်သူဆီကို အကြည့်ရောက်သွားသည်။
"​ေဩာ်..မောင်မျိုးထက်သာတောင် ရောက်လာပြီပဲ..လာကွာ..ထိုင်..ဒီမှာ ဦးလေးတောင် တူ​လေးနဲ့ မင်းအကြောင်းပြောနေတာ"
"ဟုတ်ကဲ့..ဆရာ..ကျွန်တော်လည်း လေညှင်းကို တွေ့ချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့"
"မတွေ့တာကြာပြီနော်..လေညှင်း.."
အခန်းထဲ ရောက်လာသူက ဦးစံကို အချိုသာဆုံး ပြုံးပြပြီးနောက် လေညှင်းဘေးက ဆိုဖာမှာ ဝင်ထိုင်ပြီး လေညှင်းကို နူတ်ဆက်လာလေသည်။
ဦးစံပြောတုန်းက
လေညှင်းရဲ့ စီနီယာဆိုလို့ ကိုမျိုးကို သတိရသွားတာတော့အမှန်ပဲ၊ဒါပေမယ့် ဘယ်သူသိမှာလဲ။ဦးစံ ပြောတဲ့သူနဲ့ လေညှင်းexနဲ့ တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်ဆိုတာ။
လွန်ခဲ့တဲ့ ဆယ်နှစ်က လေညှင်း နှစ်သက်ခဲ့တဲ့ ခပ်ရှရှ အသံ။အရင်တိုင်းပဲ စကားကို တစ်လုံးချင်း ဘေးလူနားဝင်အောင် ဖြည်းညှင်းစွာ ပြောတတ်တဲ့သူ။
အရပ်က လေညှင်းထက် ခေါင်းတစ်လုံးသာပြီး ဆံပင်ဘေးခွဲကို သပ်ရပ်စွာ ဖြီးသင်ထားတဲ့သူ။ရှပ်အဖြူနဲ့ စတိုင်ပန်အနက်ကို ချပ်ရပ်စွာ ဝတ်စားထားပုံက တက္ကသိုလ်တက်တုန်းက လူငယ်ပုံနဲ့တော့ အနည်းငယ် ကွာခြားနေတာကလွဲလို့ အရင် ကိုမျိုးမှ ကိုမျိုးအစစ်ပဲ။
"ဟို..ဆရာ ကျွန်တော့်ကို ထက်သာ လို့ပဲ ရင်းရင်းနှီးနှီး ခေါ်လို့ရပါတယ်.."
"အေးပါကွာ..ဒါနဲ့..ထက်သာက ဒီကိုအခုမှ ပြောင်းလာတာ ဆိုတော့..နေရေးထိုင်ရေးရော အဆင်ပြေရဲ့လား"
"ဟုတ်..ကျွန်တော်အခုတော့ ဟိုတယ်တစ်ခုမှာ ဘိုကင်ချိတ်ထားတယ်ခင်မျ..အခန်းကတော့ အေးဆေးမှပဲ ရှာမယ်လို့ စဥ်းစားထားပါတယ်"
"ဟုတ်ပါပြီ..အကူညီလိုတာရှိရင် ဦးစံကိုရော တူလေး လေညှင်းသွဲ့ကိုရော ပြောလို့ရတယ် ကြားလား..အားမနာနဲ့..အခုလောလောဆယ်တော့ တူလေးက ဆေးရုံနဲ့ပက်သက်တာတွေ ရှင်းပြပေးလိမ့်မယ်..ဒီမှာရှိတဲ့ ဒေါက်တာတွေနဲ့ ရင်းရင်းနှီးနှီးနေပေါ့ကွာ..ဟုတ်ပြီလား..ဦးစံတို့က
ဆရာဝန်တွေရော နပ်စ်တွေရောက အကုန်လုံး မိသားစုဝင်တွေလိုပဲ..ဘယ်သူ့ကိုမှရှိန်နေစရာမလိုဘူး"
"ဟုတ်ကဲ့..ကျွန်တော့်ကို အခုလို နွေးနွေးထွေးထွေး ကြိုဆိုပေးတါ ကျေးဇူးတင်ပါတယ်..ဆရာ"
"အေးပါ..ဒါဆို..ငါ့တူ..ထက်သာကို ခေါ်သွားပြီး ဒီကလူတွေနဲ့.. မိတ်ဆက်ပေးလိုက်ဦး..ခဏနေရင် ဦးစံလည်း ဆေးရုံခွဲတွေကို သွားရဦးမှာမို့"
ဦးစံကို နူတ်ဆက်ပြီးတာနဲ့ လေညှင်းအရင် အခန်းထဲက ထွက်လာခဲ့လိုက်သည်။ဖြစ်နိုင်ရင် ဘယ်လိုအကြောင်းမျိုးနဲ့မှ ကိုမျိုးနဲ့မပက်သက်ချင်တော့ဘူး။ဘာလို့လဲ။အဖြေကတော့ ရှင်းရှင်းလေးပါ။
ကိုမျိုးဟာ သူ့အချစ်ကို အမှိုက်တစ်စလို စွန့်ပစ်သွားတဲ့သူ။လူတကာရဲ့ နူတ်ဖျားမှာ လေညှင်းဟာ ကစားစရာသာသာ ကောင်လေးတစ်ယောက် ဖြစ်သွားခဲ့တဲ့ အတိတ်ဆိုးတွေကို ပြန်အမှတ်ရစေသူမို့။
"ကလေး..ကိုယ့်ကိုစောင့်ပါဦး"
"ဘယ်လို..ကလေး ဟုတ်လား..ကြည့်ရတာ အစ်ကိုက အတိတ်မေ့သွားတာလား..ဒါမှမဟုတ်..ကျွန်တော့်ကို အရင်လိုမျိုး အစ်ကို လွယ်လွယ်လေး အရူးလုပ်လို့ရတဲ့သူလို့ ထင်နေသေးတာလား..ဟင်"
"မ..မဟုတ်ပါဘူး..ကလေးရယ်..ကိုယ်ကလေးကို ဘယ်တုန်းကမှ အဲ့လိုအထင်မသေးခဲ့ဖူးပါဘူး..ကိုယ်တကယ်ပြောတာပါ..အခု ဒီကိုပြန်လာခဲ့တယ်ဆိုတာလည်း ကလေးနဲ့ အရင်လို ပြန်နီးစပ်ချင်လို့..
ကိုယ်ဒီဆယ်နှစ်လုံး ကလေးကို လိုက်ရှာနေခဲ့တာ ကလေးသိရဲ့လား..ဟင်
ကိုယ်လေ..ကလေးကို
ထားခဲ့မိတယ်..
သူများတွေ အပြစ်ပြောစရာဖြစ်စေခဲ့တယ်..အဲ့ဒီအတွက် ကိုယ်ဒူးထောက်တောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်..ဒါပေမယ့်..တစ်ခုပဲ..ကလေး ကိုယ့်ဆီ ပြန်လာပေးနိုင်မလား..ကိုယ်..ကိုယ် ကလေးကို ချစ်နေတုန်းပဲ..ကလေးရော..ကိုယ့်ကို..."
"ခင်ဗျား!..တော်လိုက်တော့!! ကိုမျိုးထက်သာ..ခင်ဗျားကလေ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း ဒီလိုပဲ ပြောပြီး ကျွန်တော့်ကို လှည့်ဖြားခဲ့တာပဲ..ပြီးတော့ ခင်ဗျားမျက်လုံးထဲမှာ
ကျွန်တော့်ကို ပြည့်တန်ဆာတစ်ယောက်လိုများ သတ်မှတ်ထားသလား..ဟမ်!..
ခင်ဗျားလို အိမ်ထောင်သည် တစ်ယောက်က ..ကျွန်တော့်ကို အခုလို စကားတွေ လာပြောနေတာနဲ့တင် ..တော်တော်ကို မျက်နှာပြောင်တိုက်လွန်းနေပြီ..ခင်ဗျားသိရဲ့လား..တောက်!"
"မဟုတ်ဘူး..ကလေး..ကလေးအထင်မှားနေပြီ..လာပါ..ကလေးရယ်..နော်..ကိုယ်တို့ လူရှင်းတဲ့နေရာမှာ.. သေချာ​လေး စကားပြောရအောင်ပါ..ကိုယ် ကလေးကို အဖြစ်မှန်အားလုံး ကို သေချာရှင်းပြချင်လို့ပါ"
လေညှင်းတို့ စကားပြောနေရင်းနဲ့ အခြေတင် ဖြစ်လာတာကြောင့် ဘေးက ဆေးရုံဝန်ထမ်းတွေပါ စူးစမ်းလာကြသည်။ခဏနေတော့ လေညှင်းရဲ့ သီးသန့်နားနေခန်းကို ကိုမျိုးကို လိုက်လာစေလိုက်သည်။
"ပြော..မြန်မြန်ပြော..ဖြစ်နိုင်ရင် အစ်ကိုနဲ့ တစ်စက္ကန့်တောင် မျက်နှာချင်း မဆိုင်ချင်ဘူး.."
#Thanks for reading😍😘
Syringa
***************************************
စေလိုရာစေ..
(Zawgyi)
ဦးစံက ရန်ကုန်မှာ အထူးကုဆေးရုံခွဲ လေးခုဖွင့်လှစ်ထားပြီး အေးရိပ်ငြိမ်ဆိုတဲ့ မိဘမဲ့ဂေဟါနဲ့ဘိုးဘွားရိပ်သာကိုလည်း ရန်ကုန်မှာ ဖွင့်လှစ်ထားသည်။ပြောရမယ်ဆိုရင်တော့ ဦးစံက ပရဟိတလည့်းလုပ်ရင်း ဝါသနာပါတဲ့ ဆေးလည်းကုရင်းနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပင်။
"ဟုတ်..ဦးစံ"
"ဒေါက်..ဒေါက်"
ဦးစံပြောတုန်းက
ကိုယ်လေ..ကလေးကို
ထားခဲ့မိတယ်..
#Thanks for reading😍😘
Syringa
***************************************
Continue Reading
You'll Also Like
278K 16.4K 71
မင်းအာဏာမောင်၏နှလုံးသားထဲတွင် ရှင်းခနောင်ဟူသည့်ကောင်လေးတစ်ယောက်သာ ခိုအောင်းခွင့်ရှိလေသည်။ မင်းအာဏာမောင်၏နှလုံးသားထဲတွင် ရှင်းခနောင်ဟူသည့်ကောင်လေးတစ်ေ...
604K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...