စေလိုရာစေ(Completed)

By Syringa99

385K 18.9K 410

ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... More

Ep(1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (8)
Ep (9)
Ep(10)
Ep(12)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(27)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
EP(37)
Ep (38)
Ep(39)
Ep(40)
Ep(41)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(51)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra

Ep(11)

6.4K 372 11
By Syringa99


စေလိုရာစေ..

(Unicode)

"ဘာ!!.MK..ဟုတ်လား"

သူသိပ်သိတာပေါ့၊MKဆိုတာ သူတို့မရဏလောက် အင်အားမတောင့်ပေမယ့် အရာရာ လိုက်ယှဥ်ပြိုင်နေတဲ့ ဂိုဏ်းအသေးစား။သူတို့ရဲ့ ခေါင်းဆောင် ဦးမင်းခစိုင်းက ဦးသိဂ်ါရဲ့ ရန်သူတော်အကြီးစားကြီး။

ဒါပေမယ့် အဲ့လူကို သူမတွေ့ဖူးဘူး။သူ့မှာ သားတစ်ယောက်ရှိတယ်သာ သိထားပြီး မှောင်ခို အလုပ်ကို သူ့ငယ်သားတွေနဲ့ပဲ လွှတ်ထားပြီး  ဇာတ်မြုပ်နေကြတာ။

တခါ မရဏက သူတို့လက်ထဲက အချီကြီးမိတဲ့ တစ်ကွက်ကို လုယူလိုက်လို့ အဲ့ဒီကတည်းက မရဏကို အငြိုးထားနေတာ။အခုတော့ ခိုးကြောင်ခိုးဝှက် ပြန်ပေါ်လာပြီပဲ။ဟက် MKဂိုဏ်းတော့ အိပ်နေတဲ့ ခြသေ့်ကို လာနိူးလိုက်တာပဲ။

"ဟက်..ဦးမင်းခ..MKကို...အဆုံးရှုးံခံချင်နေပြီထင်တယ်.."

"ဆရာ..အဲ့ဒီအသုံးမကျတဲ့ ဂိုဏ်းကို အပြတ်ရှင်းလိုက်ရမလား..နောက်တခါ ကျွန်တော်တို့လမ်းမှာ
အမှိုက် လာမရှုပ်အောင်"

"နေဦး..လွှတ်ထားလိုက်..နောက်တခါ ပစ္စည်းထပ်ပို့..ထပ်ရှုပ်လာရင်တော့ မှော်စက္ခအကြောင်း ကောင်းကောင်းသိစေရမယ်လို့ MKကို သတိပေးလိုက်..သွားတော့"

မှော်စက္ခက သူ့လမ်းကြောင်း လာရှုပ်တဲ့သူမှန်သမျှ ပထမတစ်ခါ သတိပေးခံရမယ်။အဲ့လို့မှမဟုတ် နောက်တစ်ကြိမ် ထပ်ပက်သက်လာရင်တော့ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လက်အောက်ငယ်သားကအစ ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် ဇီဝိန်ခြွေပစ်တဲ့ လူမျိုး။

သတ်ပစ်ရင်လည်း အနုနည်းနဲ့ ညှင်းသတ်ရတာ ကြိုက်တယ်။ဒါကြောင့် မှော်စက္ခ လုပ်ကွက်ကို ဖြတ်ခုတ်ရဲတဲ့ သူကတော့ တော်တော်ကို သတ္တိရှိနေလို့ပဲ။

-
-
-

္"သား..အခုရက်ပိုင်း ကားယူသွားတာမတွေ့သလိုပဲ..ဒါမှမဟုတ်..မေမေပဲအထင်မှားနေတာလား"

လေညှင်း ဆေးရုံသွားဖို့ ပြင်ဆင်ပြီး အောက်ဆင်းလာတော့ မေမေက သူကားမယူသွားတဲ့အကြောင်းမေးလာသည်။

ဟုတ်တယ်မေမေ သားကိုလိုက်နှောင့်ယှက်နေတဲ့ လူဆိုးကောင်ကြောင့်လို့ပဲ ပြောရမလား။ဒါမှမဟုတ် သူငယ်ချင်းက အကြိုအပို့ လုပ်ပေးနေလို့ပဲပြောရမလားနဲ့ မေမေ့ကို ချက်ခြင်း ဆင်ခြင်ပေးဖို့ အကြောင်းရှာနေရသည်။

ဖြစ်နိုင်ရင် ကလေးတစ်ယောက်လိုမျိုး ငိုယိုပြီး သားကို လူဆိုးကောင် အကြမ်းဖက်နေပါတယ်ဆိုပြီး တိုင်ပြောလိုက်ချင်တယ်။ဒါပေမယ့် လူဆိုးကောင်အကြောင်း သူသာလျှင် အသိဆုံး။

မှော်စက္ခလိုလူမျိုးက လူကြီးသူမလည်း ရိုသေရကောင်းမှန်းသိမှာမဟုတ်ဘူး။အားနွဲ့တဲ့ မိန်းကလေးကိုတောင် ရက်ရက်စက်စက် ရိုက်နှက်ရဲတာ သူ့မျက် မြင်ကိုယ်တွေပဲမဟုတ်ပါလား။

"သား..သားမှာ တစ်ခုခု ပြောစရာများရှိနေလား..အမေ့သားလေး တွေဝေနေတာ မေမေမြင်ဖူးတာ ဒါပထမဆုံးပဲ..မေမေပြောမယ်နော်.သားမှာ တိုင်ပင်စရာရှိတာဆိုလို့ ..ဒီအမေနဲ့သားနှစ်ယောက်ပဲရှိတာ..အဲ့တော့ သားမှာ ဘယ်လိုအခက်ခဲမျိုးပဲရှိရှိ.. မေမေ့ကို ပွင့်ပွင့်လင်းလင်း ပြောပြ..ဟုတ်ပြီလား.."

"ဟုတ်ကဲ့ပါ..မေမေ..သားမှတ်ထားပါ့မယ်..ဟို..ဒီနေ့ operationတစ်ခုရှိတာ..အဲ့ဒီကို စိတ်ရောက်သွားလို့ပါ..ကားကိုတော့ သားတမင်မယူသွားတာ..မေမေရဲ့..လွန်ခဲ့တဲ့တလက တက္ကသိုလ်က သူငယ်ချင်း တစ်ယောက်နဲ့ ပြန်တွေ့လို့..အဲ့ဒါ.. သူ့အလုပ်ကလည်း သားဆေးရုံနဲ့ လမ်းကြုံတာနဲ့...ဒီရက်ပိုင်း သူနဲ့ပဲ လိုက်သွားဖြစ်နေတာ..အဲ့ဒါကြောင့်ပါ"

လိမ်သာလိမ်လိုက်ရတာ စူးစိုက်ကြည့်နေတဲ့ မေမေ့မျက်ဝန်းတွေကို သူသေချာမကြည့်ရဲ။မဟုတ်ရင် ခဏလေးနဲ့ မေမေရိပ်မိသွားမှာ အသေချာပင်။

"အေးပါ..မေမေ့သားလေး အဆင်ပြေရင်ပြီးတာပါပဲ..ဒါနဲ့ သား..မေမေဟိုတခါက ပြောဖူးပါရောလား..ဒေါ်သင်းယုရဲ့ မြေးမလေးဆိုတာလေ.အင်း..
.သူကအခု နယ်ဆေးရုံလေးမှာ တာဝန်ကျနေရာကနေ သူ့အဘွားက မြေးမလေးကို.. ဆေးပညာထပ်သင်ဖို့ နိုင်ငံခြားကို လွတ်တော့မှာ.
.ပြီးတော့ ကလေးမလေးက..သားကိုသိတယ်လို့လည်းပြောတယ်..အင်း..အမေ့အထင်တော့ သားကိုတစ်ဖက်သတ်သဘောကျနေတယ် ထင်ပါတယ်..အမေ့သဘောကတော့လေ..
ကလေးမလေး နိုင်ငံခြားမသွားခင် သားနဲ့စေ့စပ်ပေးထါးချင်တယ်..ဒေါ်သင်းယုကလည်း သားသဘောတူရင် ငြင်းစရာမရှိဘူးတဲ့..အဲ့ဒီတော့..မေမေ့သားလေးရော ဘယ်လိုသဘောရလဲ"

"ဟို..သား ငြင်းလို့ရမလား..မေမေ"

"အင်း..မေမေကတော့ သားကို အတင်းအကျပ်ကြီး ဒါလုပ်ကိုလုပ်ရမယ်လို့ မပြောချင်ဘူး..ဒါပေမယ့် သား..ဝတ်လွှာချိုလေး..အဲဲ့ဒီကလေးမလေးကလေ..မေမေ့အမြင်အရဆို..တကယ်ကို မိန်းမကောင်းလေးရယ်..အနေထိုင်လည်း သိမ်မွေ့သလို..
ဝတ်ပုံစားပုံကလည်း ရိုးရိုးယဥ်ယဥ်လေး..သားရဲ့..မေမေ့သဘောတိုင်းဆိုရင်တော့.. သားကိုအဲ့လိုမိန်းကလေးနဲ့ပဲ..အိမ်ထောင်ချပေးပြီး မိသားစုဘဝလေးကို ပိုင်ဆိုင်စေချင်တယ်..အဲ့တော့..သား
ဒီကိစ္စမှာ..ဦးနှောက်နဲ့ သေချာစဥ်းစားဆုံးဖြတ်ပြီးမှ အဖြေပေးစေချင်တယ်"

"ဟင်း..ဟုတ်ကဲ့ပါ..သားကိုအချိန်နည်းနည်းတော့ပေးပါ..မေမေ..ပြီးတော့..မေမေ့ကို အဲ့ဒီအဖြေမပေးခင်.. သားဝန်ခံစရာတစ်ခုရှိတယ်..အဲ့ဒါပြီးမှ မေမေကြိုက်သလို ဆုံးဖြတ်ပါ..သားလိုက်နာဖို့အသင့်ပါပဲ"

သားဆီက ဝန်ခံစရာဆိုတဲ့ စကားကြားပြီးနောက်မှာ ဒေါ်နန်းရည်သွဲ့ မျက်နှာ ကွက်ခနဲ ပျက်သွားလေသည်။သူ(မ)သိတာပေါ့။ကိုယ်မွေးထားတဲ့သား ဘယ်လိုစိတ်သဘောထားရှိတယ် ၊ ဘာပြောချင်လဲဆိုတာ ကြိုရိပ်မိပြ​ီးသား။တနေ့နေ့ တချိန်ချနိန်မှာ ဒီလိုနေ့ရောက်လာမယ်ဆိုတာလည်း ကြိုတွက်ပြီးသား။

ဒါပေမယ့် သူ(မ)ဘယ်လိုလုပ်ရမလဲ။ တစ်ဖက်ခြမ်းက သားရဲ့ဖြစ်တည်မှုကို လက်ခံပေးနိုင်ပေမယ့် တစ်ဖက်ခြမ်းမှာတော့ ဘယ်တော့မှ ပြန်မတွေးချင်တော့တဲ့ အတိတ်ဆိုးရဲ့ ခြောက်လှန့်မှုတွေထဲက မရုန်းထွက်နိုင်သေးတဲ့ ဒေါ်နန်းရည်သွဲ့။

သားက လိင်တူစိတ်ဝင်စားသူဆိုတာ တက္ကသိုလ်တက်နေကတည်းက သူမသိခဲ့တာ။ သားရဲ့ အချစ်ဦး ပထမဆုံး စတွဲတဲ့ သူက ကောင်လေးတစ်ယောက်ဆိုတာ သိလိုက်ရတုန်းက ဒေါ်နန်းရည်သွဲ့ တော်တော်ကို ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်။

ဘာကြောင့်လဲ။သားကို နှမြောတသ ဖြစ်မိတဲ့ စိတ်အပြင် အတိတ်က သူမ မောင်လေးလို ဆုံးရှုံးရမှာစိုးတဲ့ စိုးရိမ်စိတ်တွေက သူ့တစ်ကိုယ်လုံး လောင်မြိုက်နေခဲ့တာ ဘယ်သူသိမှာလဲ။

ဒေါ်နန်းရည်သွဲ့ကို သားအပါဝင် အများစုက တစ်ဦးတည်းသော သမီးလို့ သိကြပေမယ့် တကယ်တော့ သူမမှာ အသက်နှစ်နှစ်ငယ်တဲ့ မွေးချင်း မောင်လေး တစ်ယောက်ရှိခဲ့တယ်။

မောင်လေးက လိင်တူချစ်သူ ကောင်လေးကို အိမ်မခေါ်လာခင်အထိ သူတို့မိသားစုက နွေးထွေးပျော်ရွယ်ဖွယ်အတိ။အဲ့ဒီနောက်ပိုင်းမှာတော့ အဖေနဲ့အမေက မောင်လေးတို့နှစ်ယောက်ကို အပြင်းထန် ကန့်ကွက်ခဲ့တယ်။အကျိုးဆက်အနေနဲ့ မောင်လေးက အိမ်ပေါ်ကဆင်းသွားပြီး သူ့ချစ်သူနောက်လိုက်သွားခဲ့တယ်။

တစ်လကြာပြီးနောက်မှာတော့ သတင်းဆိုးတစ်ခုက သူတို့မိသားစုဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာခဲ့တော့တယ်။အဲ့ဒါကတော့ မောင်လေးဟာ ကိုယ့်ကိုကိုယ် သတ်သေသွားလို့ မိသားစုဝင်တွေကို အ​ကြောင်းကြားလာတဲ့ သတင်း။

သူတို့ မယုံကြည်နိုင်စွာဘဲ မောင်လေးရှိတဲ့ အိမ်ငယ်လေးကို အပြေးလွှားရောက်သွားခဲ့ပေမယ့် သူတို့ကို ဆီးကြိုနေခဲ့တာက အိမ်ထုပ်တန်းမှာ ကြိုးတစ်ချောင်းနဲ့ ရစ်ပတ်ပြီး အသက် မဲ့နေတဲ့ မောင်လေးရဲ့အလောင်း။

အမေဆို သူ့သားငယ်လေးကို ကြည့်ပြီး ရူးမတတ် ဖြစ်ခဲ့ရသလို သူမ အဖေလည်း သူ့ကြောင့် ဆိုတဲ့ အပြစ်တင်စိတ်နဲ့ အိပ်ယာထဲလဲသွားခဲ့တာ နောက်ဆုံးတော့ အသက်ဆုံးပါးသွားသည်အထိ။

နောက်ပိုင်းမှာ ဒေါ်နန်းရည်သွဲ့ သိခဲ့ရတာက မောင်လေးရဲ့ သေဆုံးမှုရဲ့ အဓိက တရားခံက
မောင်လေးရဲ့ချစ်သူပဲ။သူက မောင်လေးကို တကယ်မချစ်ခဲ့ဘူး။

သူ့မောင်လေး အချစ်ကို ခုတုံးလုပ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှူတွေကို မက်မောခဲ့တာ။လက်ဗလာနဲ့ အချစ်ကို ကိုးကွယ်ပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ မောင်လေးကို အဲ့အကောင်က သစ္စာဖောက်ခဲ့တာ။အဲ့ဒါကြောင့်ပဲ သူမ မောင်လေးက မ​​သေသင့်ပဲ သေခဲ့ရတာ။

ဒေါ်နန်းရည်သွဲ့ သိပ်ကြောက်တယ်။သားလေးကို မောင်လေးရဲ့ အဖြစ်ဆိုးမျိုး မတွေ့ကြုံစေချင်ဘူး။လိင်တူ ချစ်ခြင်းနဲ့ သစ္စာမရှိခြင်းဆိုတဲ့ ဝေါဟါရက သူမခေါင်းထဲမှာ စွဲနေတာမို့ သားရဲ့ ဖြသ်တည်မှုကိုပဲ မေမေ လက်ခံပေးပါရစေ။

မေမေ တစ်ကိုယ်ကောင်းဆန်တယ်ပဲဆိုဆိုပါ သားရယ်။ဒါက သားအပေါ်ထားတဲ့ မေမေ့ရဲ့ မေတ္တာတရားမို့ သားဆန္ဒကို လျစ်လျူရှုပြီး ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ အတ္တကြီးစွာနဲ့ သားရဲ့အနာဂတ်ကို ပုံဖော်ပေးပါရစေ။

-
-
-

လေညှင်း မနက်စာစားပြီးတာနဲ့ ဆေးအိတ်လေးကို ဆဲွဲပြီး ခြံရှေ့ထွက်လာခဲ့လိုက်သည်။လေညှင်းတို့ ခြံရဲ့ လေးအိမ်ကျော် မျက်စောင်းထိုးလောက်မှာ လူဆိုးကောင်ရဲ့ ကားက နှစ်နာရီ လောက်စောပြီး ရောက်နေတတ်သည်။

အခုလည်း ဘယ်အချိန်ကတည်းက ရောက်နေလဲမသိ။ကားအနားရောက်သွားတော့ သူ့ရဲ့တစ်မိုးအောက် တစ်ယောက် ရန်သူတော်ကြီးဖြစ်တဲ့ မှော်စက္ခက အနက်ရောင် ရှပ်လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားပြီး စိမ်းဖန့်ဖန့် သွေးကြောစိမ်းတို့ ယှက်ဖြာနေတဲ့ လက်အစုံကိုပိုက် မျက်လုံးကို အသာမှေးမှိတ်ထားလေရဲ့။ခံပေါ့ မနက်အစောကြီး ထလာချင်ဦးလေ။

"ရောက်နေပြီဆိုလည်း တက်လေ..ဘယ်ကောင့်ဆီ အတွေးရောက်နေတာလဲ"

အဲ့ဒါပဲ စတွေ့တာနဲ့ ဦးဆုံးပြောလာတဲ့စကားကို သူ့သိက္ခာကို ခနဲ့ရင်ခနဲ့ မဟုတ်ရင် စိတ်တိုစေမယ့် စကားလုံးတွေချည်း တမင်ရွေးပြီး ပြောတတ်တဲ့ လူစား။

"မင်းအိပ်ပျော်နေတာ မှတ်လား..ငါရောက်လာတာ ဘယ်လိုလုပ်သိလဲ"

ကားတံခါးကို ဝုန်းခနဲပိတ်ပြီး အခုထိ မျက်လုံးမဖွင့်သေးတဲ့သူကို အငေါ်တူးလိုက်တော့ ဖျတ်ခနဲဆို တောင့်တောင့်ကြီး အိပ်နေတဲ့ မှော်စက္ခက သူ့လည်ပင်းအစပ်နား ရောက်လာသည်။

"ဟာ..မင်း!ဘာ..ဘာလုပ်တာလဲ"

မှော်စက္ခရဲ့ နှာခေါင်းချွန်ချွန်က သူ့ညှပ်ရိုးလေးနား ပွတ်သပ်လာတာကြောင့် အလန့်တကြား ထအော်မိသည်။

"ခင်ဗျားပဲ မေးတာမဟုတ်ဘူးလား..အဲ့ဒါကြောင့် ကျုပ်က လက်တွေ့အဖြေပေးတါလေ..ဟက်"

"ဟမ်..ဘာကို"

"ကိုယ်သင်းနံ့လေး..ဒီ ကိုယ်သင်းနံ့လေး အဝေးကရတာနဲ့တင်..ကျုပ်မျက်လုံးမဖွင့်ကြည့်လည်း ခင်ဗျားဆိုတာ သိပြီးသား"

ကိုယ်သင်းနံ​့လို့ပြောရအောင် လေညှင်းလည်း ရေမွှေးမဆွတ်ထားပါပဲနဲ့ ခွေးတစ်ကောင်လို အနံခံပြီး အပိုတွေပြောနေတဲ့ မှော်စက္ခကို မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်တယ်။

ဟုတ်တယ်လေ အဲ့ဒီလူဆိုးကောင်ကိုက အိုဗာတွေ တအားလုပ်နေတာ။မထင်ရင်မထင်သလို လူကြမ်းကြီး ထလုပ်တတ်သလို တခါတလေ ကျရင်လည်း လူစားထိုးခံထားရသလို ကဗျာဆန်ပြနေတာ မှော်စက္ခ မဟုတ်တဲ့အတိုင်း။

"အင်း..အဲ့လို ခဏခဏ မျက်စောင်းထိုးနေလိုက် ခင်ဗျား..
ကျုပ်စိတ်မခိုင်လို့ အဲ့ဒီမျက်ဝန်းတွေ ဖူးယောင်တဲ့အထိ အနမ်းပေးမိရင်.. ခင်ဗျား ကျုပ်ကိုအဆိုးမဆိုနဲ့"

"...."

နောက်ဆုံးမှာတော့ လေညှင်းတစ်ယောက် သူဘာလုပ်လုပ် အသားယူချင်နေတဲ့ ကြောင်ဖားကြီးရှေ့ ဘာအမူရာမှ မလုပ်ရဲတော့ဘဲ ပြတင်းပေါက်ဘက်သာ မျက်နှာမူရင်း ဆေးရုံရောက်ခဲ့တော့သည်။

#Thanks for reading😍😘

Syringa

***************************************

ေစလိုရာေစ..

( Zawgyi)

"ဘာ!!.MK..ဟုတ္လား"

သူသိပ္သိတာေပါ႔၊MKဆိုတာ သူတို႔မရဏေလာက္ အင္အားမေတာင့္ေပမယ့္ အရာရာ လိုက္ယွဥ္ၿပိဳင္ေနတဲ့ ဂိုဏ္းအေသးစား။သူတို႔ရဲ႕ ေခါင္းေဆာင္ ဦးမင္းခစိုင္းက ဦးသိဂ္ါရဲ႕ ရန္သူေတာ္အႀကီးစားႀကီး။

ဒါေပမယ့္ အဲ့လူကို သူမေတြ႕ဖူးဘူး။သူ့မွာ သားတစ္ေယာက္ရွိတယ္သာ သိထားၿပီး ေမွာင္ခို အလုပ္ကို သူ့ငယ္သားေတြနဲ႔ပဲ လႊတ္ထားၿပီး  ဇာတ္ျမဳပ္ေနၾကတာ။

တခါ မရဏက သူတို႔လက္ထဲက အခ်ီႀကီးမိတဲ့ တစ္ကြက္ကို လုယူလိုက္လို႔ အဲ့ဒီကတည္းက မရဏကို အၿငိဳးထားေနတာ။အခုေတာ့ ခိုးေၾကာင္ခိုးဝွက္ ျပန္ေပၚလာၿပီပဲ။ဟက္ MKဂိုဏ္းေတာ့ အိပ္ေနတဲ့ ျခေသ့္ကို လာနိူးလိုက္တာပဲ။

"ဟက္..ဦးမင္းခ..MKကို...အဆုံးရႈးံခံခ်င္ေနၿပီထင္တယ္.."

"ဆရာ..အဲ့ဒီအသုံးမက်တဲ့ ဂိုဏ္းကို အျပတ္ရွင္းလိုက္ရမလား..ေနာက္တခါ ကြၽန္ေတာ္တို႔လမ္းမွာ
အမႈိက္ လာမရႈပ္ေအာင္"

"ေနဦး..လႊတ္ထားလိုက္..ေနာက္တခါ ပစၥည္းထပ္ပို႔..ထပ္ရႈပ္လာရင္ေတာ့ ေမွာ္စကၡအေၾကာင္း ေကာင္းေကာင္းသိေစရမယ္လို႔ MKကို သတိေပးလိုက္..သြားေတာ့"

ေမွာ္စကၡက သူ့လမ္းေၾကာင္း လာရႈပ္တဲ့သူမွန္သမွ် ပထမတစ္ခါ သတိေပးခံရမယ္။အဲ့လို႔မွမဟုတ္ ေနာက္တစ္ႀကိမ္ ထပ္ပက္သက္လာရင္ေတာ့ က်ဴပင္ခုတ္ က်ဴငုတ္မက်န္ေအာင္ လက္ေအာက္ငယ္သားကအစ ဂိုဏ္းတစ္ခုလုံး အျမစ္ျပတ္ ဇီဝိန္ေႁခြပစ္တဲ့ လူမ်ိဳး။

သတ္ပစ္ရင္လည္း အႏုနည္းနဲ႔ ညႇင္းသတ္ရတာ ႀကိဳက္တယ္။ဒါေၾကာင့္ ေမွာ္စကၡ လုပ္ကြက္ကို ျဖတ္ခုတ္ရဲတဲ့ သူကေတာ့ ေတာ္ေတာ္ကို သတၱိရွိေနလို႔ပဲ။

-
-
-

္"သား..အခုရက္ပိုင္း ကားယူသြားတာမေတြ႕သလိုပဲ..ဒါမွမဟုတ္..ေမေမပဲအထင္မွားေနတာလား"

ေလညႇင္း ေဆး႐ုံသြားဖို႔ ျပင္ဆင္ၿပီး ေအာက္ဆင္းလာေတာ့ ေမေမက သူကားမယူသြားတဲ့အေၾကာင္းေမးလာသည္။

ဟုတ္တယ္ေမေမ သားကိုလိုက္ေႏွာင့္ယွက္ေနတဲ့ လူဆိုးေကာင္ေၾကာင့္လို႔ပဲ ေျပာရမလား။ဒါမွမဟုတ္ သူငယ္ခ်င္းက အႀကိဳအပို႔ လုပ္ေပးေနလို႔ပဲေျပာရမလားနဲ႔ ေမေမ့ကို ခ်က္ျခင္း ဆင္ျခင္ေပးဖို႔ အေၾကာင္းရွာေနရသည္။

ျဖစ္ႏိုင္ရင္ ကေလးတစ္ေယာက္လိုမ်ိဳး ငိုယိုၿပီး သားကို လူဆိုးေကာင္ အၾကမ္းဖက္ေနပါတယ္ဆိုၿပီး တိုင္ေျပာလိုက္ခ်င္တယ္။ဒါေပမယ့္ လူဆိုးေကာင္အေၾကာင္း သူသာလွ်င္ အသိဆုံး။

ေမွာ္စကၡလိုလူမ်ိဳးက လူႀကီးသူမလည္း ႐ိုေသရေကာင္းမွန္းသိမွာမဟုတ္ဘူး။အားႏြဲ႕တဲ့ မိန္းကေလးကိုေတာင္ ရက္ရက္စက္စက္ ႐ိုက္ႏွက္ရဲတာ သူ့မ်က္ ျမင္ကိုယ္ေတြပဲမဟုတ္ပါလား။

"သား..သားမွာ တစ္ခုခု ေျပာစရာမ်ားရွိေနလား..အေမ့သားေလး ေတြေဝေနတာ ေမေမျမင္ဖူးတာ ဒါပထမဆုံးပဲ..ေမေမေျပာမယ္ေနာ္.သားမွာ တိုင္ပင္စရာရွိတာဆိုလို႔ ..ဒီအေမနဲ႔သားႏွစ္ေယာက္ပဲရွိတာ..အဲ့ေတာ့ သားမွာ ဘယ္လိုအခက္ခဲမ်ိဳးပဲရွိရွိ.. ေမေမ့ကို ပြင့္ပြင့္လင္းလင္း ေျပာျပ..ဟုတ္ၿပီလား.."

"ဟုတ္ကဲ့ပါ..ေမေမ..သားမွတ္ထားပါ႔မယ္..ဟို..ဒီေန႔ operationတစ္ခုရွိတာ..အဲ့ဒီကို စိတ္ေရာက္သြားလို႔ပါ..ကားကိုေတာ့ သားတမင္မယူသြားတာ..ေမေမရဲ႕..လြန္ခဲ့တဲ့တလက တကၠသိုလ္က သူငယ္ခ်င္း တစ္ေယာက္နဲ႔ ျပန္ေတြ႕လို႔..အဲ့ဒါ.. သူ့အလုပ္ကလည္း သားေဆး႐ုံနဲ႔ လမ္းႀကဳံတာနဲ႔...ဒီရက္ပိုင္း သူနဲ႔ပဲ လိုက္သြားျဖစ္ေနတာ..အဲ့ဒါေၾကာင့္ပါ"

လိမ္သာလိမ္လိုက္ရတာ စူးစိုက္ၾကည့္ေနတဲ့ ေမေမ့မ်က္ဝန္းေတြကို သူေသခ်ာမၾကည့္ရဲ။မဟုတ္ရင္ ခဏေလးနဲ႔ ေမေမရိပ္မိသြားမွာ အေသခ်ာပင္။

"ေအးပါ..ေမေမ့သားေလး အဆင္ေျပရင္ၿပီးတာပါပဲ..ဒါနဲ႔ သား..ေမေမဟိုတခါက ေျပာဖူးပါေရာလား..ေဒၚသင္းယုရဲ႕ ေျမးမေလးဆိုတာေလ.အင္း..
.သူကအခု နယ္ေဆး႐ုံေလးမွာ တာဝန္က်ေနရာကေန သူ့အဘြားက ေျမးမေလးကို.. ေဆးပညာထပ္သင္ဖို႔ ႏိုင္ငံျခားကို လြတ္ေတာ့မွာ.
.ၿပီးေတာ့ ကေလးမေလးက..သားကိုသိတယ္လို႔လည္းေျပာတယ္..အင္း..အေမ့အထင္ေတာ့ သားကိုတစ္ဖက္သတ္သေဘာက်ေနတယ္ ထင္ပါတယ္..အေမ့သေဘာကေတာ့ေလ..
ကေလးမေလး ႏိုင္ငံျခားမသြားခင္ သားနဲ႔ေစ့စပ္ေပးထါးခ်င္တယ္..ေဒၚသင္းယုကလည္း သားသေဘာတူရင္ ျငင္းစရာမရွိဘူးတဲ့..အဲ့ဒီေတာ့..ေမေမ့သားေလးေရာ ဘယ္လိုသေဘာရလဲ"

"ဟို..သား ျငင္းလို႔ရမလား..ေမေမ"

"အင္း..ေမေမကေတာ့ သားကို အတင္းအက်ပ္ႀကီး ဒါလုပ္ကိုလုပ္ရမယ္လို႔ မေျပာခ်င္ဘူး..ဒါေပမယ့္ သား..ဝတ္လႊာခ်ိဳေလး..အဲဲ့ဒီကေလးမေလးကေလ..ေမေမ့အျမင္အရဆို..တကယ္ကို မိန္းမေကာင္းေလးရယ္..အေနထိုင္လည္း သိမ္ေမြ႕သလို..
ဝတ္ပုံစားပုံကလည္း ႐ိုး႐ိုးယဥ္ယဥ္ေလး..သားရဲ႕..ေမေမ့သေဘာတိုင္းဆိုရင္ေတာ့.. သားကိုအဲ့လိုမိန္းကေလးနဲ႔ပဲ..အိမ္ေထာင္ခ်ေပးၿပီး မိသားစုဘဝေလးကို ပိုင္ဆိုင္ေစခ်င္တယ္..အဲ့ေတာ့..သား
ဒီကိစၥမွာ..ဦးေႏွာက္နဲ႔ ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးမွ အေျဖေပးေစခ်င္တယ္"

"ဟင္း..ဟုတ္ကဲ့ပါ..သားကိုအခ်ိန္နည္းနည္းေတာ့ေပးပါ..ေမေမ..ၿပီးေတာ့..ေမေမ့ကို အဲ့ဒီအေျဖမေပးခင္.. သားဝန္ခံစရာတစ္ခုရွိတယ္..အဲ့ဒါၿပီးမွ ေမေမႀကိဳက္သလို ဆုံးျဖတ္ပါ..သားလိုက္နာဖို႔အသင့္ပါပဲ"

သားဆီက ဝန္ခံစရာဆိုတဲ့ စကားၾကားၿပီးေနာက္မွာ ေဒၚနန္းရည္သြဲ႕ မ်က္ႏွာ ကြက္ခနဲ ပ်က္သြားေလသည္။သူ(မ)သိတာေပါ႔။ကိုယ္ေမြးထားတဲ့သား ဘယ္လိုစိတ္သေဘာထားရွိတယ္ ၊ ဘာေျပာခ်င္လဲဆိုတာ ႀကိဳရိပ္မိၿပ​ီးသား။တေန႔ေန႔ တခ်ိန္ခ်နိန္မွာ ဒီလိုေန႔ေရာက္လာမယ္ဆိုတာလည္း ႀကိဳတြက္ၿပီးသား။

ဒါေပမယ့္ သူ(မ)ဘယ္လိုလုပ္ရမလဲ။ တစ္ဖက္ျခမ္းက သားရဲ႕ျဖစ္တည္မႈကို လက္ခံေပးႏိုင္ေပမယ့္ တစ္ဖက္ျခမ္းမွာေတာ့ ဘယ္ေတာ့မွ ျပန္မေတြးခ်င္ေတာ့တဲ့ အတိတ္ဆိုးရဲ႕ ေျခာက္လွန္႔မႈေတြထဲက မ႐ုန္းထြက္ႏိုင္ေသးတဲ့ ေဒၚနန္းရည္သြဲ႕။

သားက လိင္တူစိတ္ဝင္စားသူဆိုတာ တကၠသိုလ္တက္ေနကတည္းက သူမသိခဲ့တာ။ သားရဲ႕ အခ်စ္ဦး ပထမဆုံး စတြဲတဲ့ သူက ေကာင္ေလးတစ္ေယာက္ဆိုတာ သိလိုက္ရတုန္းက ေဒၚနန္းရည္သြဲ႕ ေတာ္ေတာ္ကို ထိတ္လန္႔တုန္လႈပ္ခဲ့ရတယ္။

ဘာေၾကာင့္လဲ။သားကို ႏွေျမာတသ ျဖစ္မိတဲ့ စိတ္အျပင္ အတိတ္က သူမ ေမာင္ေလးလို ဆုံးရႈံးရမွာစိုးတဲ့ စိုးရိမ္စိတ္ေတြက သူ့တစ္ကိုယ္လုံး ေလာင္ၿမိဳက္ေနခဲ့တာ ဘယ္သူသိမွာလဲ။

ေဒၚနန္းရည္သြဲ႕ကို သားအပါဝင္ အမ်ားစုက တစ္ဦးတည္းေသာ သမီးလို႔ သိၾကေပမယ့္ တကယ္ေတာ့ သူမမွာ အသက္ႏွစ္ႏွစ္ငယ္တဲ့ ေမြးခ်င္း ေမာင္ေလး တစ္ေယာက္ရွိခဲ့တယ္။

ေမာင္ေလးက လိင္တူခ်စ္သူ ေကာင္ေလးကို အိမ္မေခၚလာခင္အထိ သူတို႔မိသားစုက ေႏြးေထြးေပ်ာ္ရြယ္ဖြယ္အတိ။အဲ့ဒီေနာက္ပိုင္းမွာေတာ့ အေဖနဲ႔အေမက ေမာင္ေလးတို႔ႏွစ္ေယာက္ကို အျပင္းထန္ ကန္႔ကြက္ခဲ့တယ္။အက်ိဳးဆက္အေနနဲ႔ ေမာင္ေလးက အိမ္ေပၚကဆင္းသြားၿပီး သူ့ခ်စ္သူေနာက္လိုက္သြားခဲ့တယ္။

တစ္လၾကာၿပီးေနာက္မွာေတာ့ သတင္းဆိုးတစ္ခုက သူတို႔မိသားစုဆီ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကို ေရာက္လာခဲ့ေတာ့တယ္။အဲ့ဒါကေတာ့ ေမာင္ေလးဟာ ကိုယ့္ကိုကိုယ္ သတ္ေသသြားလို႔ မိသားစုဝင္ေတြကို အ​ေၾကာင္းၾကားလာတဲ့ သတင္း။

သူတို႔ မယုံၾကည္ႏိုင္စြာဘဲ ေမာင္ေလးရွိတဲ့ အိမ္ငယ္ေလးကို အေျပးလႊားေရာက္သြားခဲ့ေပမယ့္ သူတို႔ကို ဆီးႀကိဳေနခဲ့တာက အိမ္ထုပ္တန္းမွာ ႀကိဳးတစ္ေခ်ာင္းနဲ႔ ရစ္ပတ္ၿပီး အသက္ မဲ့ေနတဲ့ ေမာင္ေလးရဲ႕အေလာင္း။

အေမဆို သူ့သားငယ္ေလးကို ၾကည့္ၿပီး ႐ူးမတတ္ ျဖစ္ခဲ့ရသလို သူမ အေဖလည္း သူ့ေၾကာင့္ ဆိုတဲ့ အျပစ္တင္စိတ္နဲ႔ အိပ္ယာထဲလဲသြားခဲ့တာ ေနာက္ဆုံးေတာ့ အသက္ဆုံးပါးသြားသည္အထိ။

ေနာက္ပိုင္းမွာ ေဒၚနန္းရည္သြဲ႕ သိခဲ့ရတာက ေမာင္ေလးရဲ႕ ေသဆုံးမႈရဲ႕ အဓိက တရားခံက
ေမာင္ေလးရဲ႕ခ်စ္သူပဲ။သူက ေမာင္ေလးကို တကယ္မခ်စ္ခဲ့ဘူး။

သူ့ေမာင္ေလး အခ်စ္ကို ခုတုံးလုပ္ၿပီး သူတို႔ရဲ႕ ပိုင္ဆိုင္မွဴေတြကို မက္ေမာခဲ့တာ။လက္ဗလာနဲ႔ အခ်စ္ကို ကိုးကြယ္ၿပီး အိမ္ကေန ထြက္လာခဲ့တဲ့ ေမာင္ေလးကို အဲ့အေကာင္က သစၥာေဖာက္ခဲ့တာ။အဲ့ဒါေၾကာင့္ပဲ သူမ ေမာင္ေလးက မ​​ေသသင့္ပဲ ေသခဲ့ရတာ။

ေဒၚနန္းရည္သြဲ႕ သိပ္ေၾကာက္တယ္။သားေလးကို ေမာင္ေလးရဲ႕ အျဖစ္ဆိုးမ်ိဳး မေတြ႕ႀကဳံေစခ်င္ဘူး။လိင္တူ ခ်စ္ျခင္းနဲ႔ သစၥာမရွိျခင္းဆိုတဲ့ ေဝါဟါရက သူမေခါင္းထဲမွာ စြဲေနတာမို႔ သားရဲ႕ ျဖသ္တည္မႈကိုပဲ ေမေမ လက္ခံေပးပါရေစ။

ေမေမ တစ္ကိုယ္ေကာင္းဆန္တယ္ပဲဆိုဆိုပါ သားရယ္။ဒါက သားအေပၚထားတဲ့ ေမေမ့ရဲ႕ ေမတၱာတရားမို႔ သားဆႏၵကို လ်စ္လ်ဴရႈၿပီး ျဖစ္သင့္ျဖစ္ထိုက္တာကိုပဲ အတၱႀကီးစြာနဲ႔ သားရဲ႕အနာဂတ္ကို ပုံေဖာ္ေပးပါရေစ။

-
-
-

ေလညႇင္း မနက္စာစားၿပီးတာနဲ႔ ေဆးအိတ္ေလးကို ဆဲွဲၿပီး ၿခံေရွ႕ထြက္လာခဲ့လိုက္သည္။ေလညႇင္းတို႔ ၿခံရဲ႕ ေလးအိမ္ေက်ာ္ မ်က္ေစာင္းထိုးေလာက္မွာ လူဆိုးေကာင္ရဲ႕ ကားက ႏွစ္နာရီ ေလာက္ေစာၿပီး ေရာက္ေနတတ္သည္။

အခုလည္း ဘယ္အခ်ိန္ကတည္းက ေရာက္ေနလဲမသိ။ကားအနားေရာက္သြားေတာ့ သူ့ရဲ႕တစ္မိုးေအာက္ တစ္ေယာက္ ရန္သူေတာ္ႀကီးျဖစ္တဲ့ ေမွာ္စကၡက အနက္ေရာင္ ရွပ္လက္ရွည္ကို တံေတာင္ဆစ္ထိ ေခါက္တင္ထားၿပီး စိမ္းဖန္႔ဖန္႔ ေသြးေၾကာစိမ္းတို႔ ယွက္ျဖာေနတဲ့ လက္အစုံကိုပိုက္ မ်က္လုံးကို အသာေမွးမွိတ္ထားေလရဲ႕။ခံေပါ႔ မနက္အေစာႀကီး ထလာခ်င္ဦးေလ။

"ေရာက္ေနၿပီဆိုလည္း တက္ေလ..ဘယ္ေကာင့္ဆီ အေတြးေရာက္ေနတာလဲ"

အဲ့ဒါပဲ စေတြ႕တာနဲ႔ ဦးဆုံးေျပာလာတဲ့စကားကို သူ့သိကၡာကို ခနဲ႔ရင္ခနဲ႔ မဟုတ္ရင္ စိတ္တိုေစမယ့္ စကားလုံးေတြခ်ည္း တမင္ေရြးၿပီး ေျပာတတ္တဲ့ လူစား။

"မင္းအိပ္ေပ်ာ္ေနတာ မွတ္လား..ငါေရာက္လာတာ ဘယ္လိုလုပ္သိလဲ"

ကားတံခါးကို ဝုန္းခနဲပိတ္ၿပီး အခုထိ မ်က္လုံးမဖြင့္ေသးတဲ့သူကို အေငၚတူးလိုက္ေတာ့ ဖ်တ္ခနဲဆို ေတာင့္ေတာင့္ႀကီး အိပ္ေနတဲ့ ေမွာ္စကၡက သူ့လည္ပင္းအစပ္နား ေရာက္လာသည္။

"ဟာ..မင္း!ဘာ..ဘာလုပ္တာလဲ"

ေမွာ္စကၡရဲ႕ ႏွာေခါင္းခြၽန္ခြၽန္က သူ့ညႇပ္႐ိုးေလးနား ပြတ္သပ္လာတာေၾကာင့္ အလန္႔တၾကား ထေအာ္မိသည္။

"ခင္ဗ်ားပဲ ေမးတာမဟုတ္ဘူးလား..အဲ့ဒါေၾကာင့္ က်ဳပ္က လက္ေတြ႕အေျဖေပးတါေလ..ဟက္"

"ဟမ္..ဘာကို"

"ကိုယ္သင္းနံ႔ေလး..ဒီ ကိုယ္သင္းနံ႔ေလး အေဝးကရတာနဲ႔တင္..က်ဳပ္မ်က္လုံးမဖြင့္ၾကည့္လည္း ခင္ဗ်ားဆိုတာ သိၿပီးသား"

ကိုယ္သင္းနံ​႔လို႔ေျပာရေအာင္ ေလညႇင္းလည္း ေရေမႊးမဆြတ္ထားပါပဲနဲ႔ ေခြးတစ္ေကာင္လို အနံခံၿပီး အပိုေတြေျပာေနတဲ့ ေမွာ္စကၡကို မ်က္ေစာင္းတစ္ခ်က္ ပစ္ထိုးလိုက္တယ္။

ဟုတ္တယ္ေလ အဲ့ဒီလူဆိုးေကာင္ကိုက အိုဗာေတြ တအားလုပ္ေနတာ။မထင္ရင္မထင္သလို လူၾကမ္းႀကီး ထလုပ္တတ္သလို တခါတေလ က်ရင္လည္း လူစားထိုးခံထားရသလို ကဗ်ာဆန္ျပေနတာ ေမွာ္စကၡ မဟုတ္တဲ့အတိုင္း။

"အင္း..အဲ့လို ခဏခဏ မ်က္ေစာင္းထိုးေနလိုက္ ခင္ဗ်ား..
က်ဳပ္စိတ္မခိုင္လို႔ အဲ့ဒီမ်က္ဝန္းေတြ ဖူးေယာင္တဲ့အထိ အနမ္းေပးမိရင္.. ခင္ဗ်ား က်ဳပ္ကိုအဆိုးမဆိုနဲ႔"

"...."

ေနာက္ဆုံးမွာေတာ့ ေလညႇင္းတစ္ေယာက္ သူဘာလုပ္လုပ္ အသားယူခ်င္ေနတဲ့ ေၾကာင္ဖားႀကီးေရွ႕ ဘာအမူရာမွ မလုပ္ရဲေတာ့ဘဲ ျပတင္းေပါက္ဘက္သာ မ်က္ႏွာမူရင္း ေဆး႐ုံေရာက္ခဲ့ေတာ့သည္။

#Thanks for reading😍😘

Syringa

***************************************




Continue Reading

You'll Also Like

452K 22.6K 46
မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 ေမာင္လက္ထပ္ခ်င္တဲ့ တစ္ဦးတည္းေသာ...
243K 14.7K 21
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
232K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1M 86.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.