[Unicode]
လေထုမှာ ရုတ်ချည်းဆိုသလို အေးခဲသွားတော့သည်။
ဟော်ချွီမှလွဲလို့ ကျန်တဲ့သူအားလုံးမှာ အလွန်တရာ အိုးတိုးအမ်းတမ်းတွေ ဖြစ်ကုန်ကြသည်။
ဟော်ချွီမှာ ဒီတယောက်ကို ကြည့်လိုက် ဟိုတယောက်ကိုကြည့်လိုက်ဖြင့် နောက်ဆုံးမှာတော့ ယွီချင့်ဟွမ်ထံသို့ အကူအညီတောင်းခံသလိုအကြည့်များ ပို့လွှတ်လိုက်၏။
သူ မဟုတ်တာတခုခုများ ပြောမိလိုက်ပြန်လေသလား? ဒါပေမယ့် သေချာပေါက်မဟုတ်ဘူးလေ!
ချင့်ဟွမ်က အဲ့တုန်းကဒီတိုင်းပြောခဲ့ဖူးတာပဲ..ချင့်ဟွမ်က ဘယ်လိုမှားနိုင်မှာလဲ?
"အဟမ်း"
ယွီချင့်ဟွမ်မှာ ရှက်ကိုးရှက်ကန်းဖြင့် ချောင်းအသာဟန့်လိုက်ရင်း ကျောက်ချင်းယွမ်ကိုဆိုလိုက်သည်။
"ချင်းယွမ်အတည်မယူပါနဲ့... သူ မရည်ရွယ်ပါဘူး"
ထို့နောက်တွင် သူက နှာတံကိုပွတ်သပ်လိုက်ပြီး ကျောက်ချင်းယွမ်၏ ခါးသီးနေသောအကြည့်တွေအောက်တွင် ဆက်ပြောလိုက်သည်။
"အမှန်တော့ ငါသူ့ကိုဒီလိုပြောခဲ့တာက...."
"အိုး! ယွီချင့်ဟွမ်, ခုချိန်မှာ ငါမင်းရဲ့သရုပ်မှန်ကို မြင်ရပြီပေါ့"
ကျောက်ချင်းယွမ်မှာစွန့်ပစ်ခံထားရသော ဇနီးမယားတယောက်အလား သူ့အားဝမ်းနည်းပမ်းနည်းကြည့်နေပြီး
"ငါကတော့ မင်းကိုသူငယ်ချင်းတယောက်လိုသဘောထားခဲ့တာ...မင်းကတော့ ငါ့နောက်ကွယ်မှာ ငါ့အကြောင်းတွေ အပုပ်ချနေတယ်ပေါ့လေ?"
"ဒါက ဘာလို့လဲဆိုတော့ ငါကမင်းကိုသူငယ်ချင်းကောင်းတယောက်လို့ သဘောထားလို့ပါ..."
ကျောက်ချင်းယွမ်မှာ အနည်းငယ် စိတ်ကြီးဝင်တက်သူတယောက်ဖြစ်ပေမယ့် လူကောင်းတယောက်လဲ ဖြစ်သည်။ ယွီချင့်ဟွမ်မှာ အစောကတည်းက သူ့အားသူငယ်ချင်းတယောက်ကဲ့သို့ မှတ်ယူပြီးဖြစ်၏။
သူ့အား ကြက်တူရွေးလို့ဆိုခဲ့ခြင်းမှာ မကောင်းသည့် သဘောမျိုးဖြင့်မဟုတ်။ စနောက်သည့်အနေဖြင့်သာ။ သို့သော် ဟော်ချွီမှအမှတ်ထားလိမ့်မည်လို့ သူမထင်ထားခဲ့မိချေ။
"မင်းပြောတာ ငါယုံမယ်များ ထင်နေလား?"
ဒေါကြီးမောကြီးကြားထဲတွင် ကျောက်ချင်းယွမ် IQ မှာ အတော်လေးတိုးတက်လာပုံရပြီး
"ကောင်းပြီလေ ဒါကိုမေ့ထားလိုက်မယ် ဒါဖြင့် နောက်ဆုံးတခေါက်ကကော?"
ထိုသို့ပြောလိုက်ရင်း သူကယွီချင့်ဟွမ်ကို စိတ်ဆိုးမာန်ဆိုးဖြင့်ကြည့်လိုက်သည်။
ယွီချင့်ဟွမ်၏ အလေးအနက်မျက်နှာအမူအရာကိုမြင်သွားသည့်အခါ သူက ရုတ်တရက်ဆိုသလို တစုံတခုကို အတွေးပေါက်သွားသည်။
"မင်းကငါ့ကို ခုထိငတုံးများမှတ်နေသေးတာလား?"
ယွီချင့်ဟွမ်တောင် မေးခွန်းကိုပြန်မဖြေရသေး သူက မကျေမချမ်းနှာမှုတ်သံတချက်ပြုလိုက်ရင်း
"ငါတို့ပြတ်ပြီ!" ဟုပြောကာ မုန်တိုင်းတိုက်သလို ထွက်သွားတော့၏။
"ချင့်ဟွမ်" ဟော်ချွီမှာပျာယာခတ်သွားပြီး "ငါ မင်းကိုပြသနာဖြစ်စေမိပြီလား?"
"မဖြစ်ပါဘူး သူကဒီတိုင်းနောက်နေတာ"
ယွီချင့်ဟွမ်က တစ်ရှုးတစ်စကိုထုတ်ယူလိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းနားက ဆီတွေကိုသုတ်လိုက်ကာ လိမ္မာပါးနပ်စွာဖြင့် ခေါင်းစဉ်ပြောင်းလိုက်သည်။
"မင်း ဗိုက်ပြည့်ပြီလား?"
ဟော်ချွီက ခေါင်းကိုခါလိုက်ရင်း " ဟင့်အင်း"
ယွီချင့်ဟွမ်မှာ ခေါင်းကိုငုံ့လို့နာရီတချက်ကြည့်လိုက်ရင်း ဟော်ချွီကျောပြင်ကိုအသာပုတ်လိုက်ကာ
"အကိုနဲ့တူတူ အိမ်ပြန်ပြီးတခုခုစားလိုက်ဦး... ငါခဏနေရိုက်ကူးရေးစတော့မှာ မင်းကိုအဖော်ပြုပေးလို့မရတော့ဘူး"
"ဒါမဲ့ ငါမသွားချင်သေးဘူး"
ဟော်ချွီမှာ တွန့်ဆုတ်ဆုတ်ဖြင့်ရေရွတ်လိုက်ရင်း မြေကြီးကို သူခြေထိပ်လေးများဖြင့်တွန်းထိုးလို့နေသည်။
"လိမ္မာတယ်"
ယွီချင့်ဟွမ်က သူ့ဂျာကင်အနွေးထည်ကြီးကို ချွတ်လိုက်ပြီး သူ့အကျီမှာခေါက်ရာတွန့်ရာတွေရှိနေလား သေချာရန် မှန်ထဲတွင်ကြည့်လိုက်သည်။
ထို့နောက်တွင် ဟော်ချွီပခုံးပေါ်လက်များတင်လို့ ထွက်လာကြပြီး
"အိမ်ရောက်ရင်တခုခုစားလိုက်ဦး...ငါ မင်းနိုင်ငံခြားမထွက်ခင် လာတွေ့မယ်"
"တကယ်လား"
ဟော်ချွီမှာ ချက်ချင်းပဲ ငါးစာကို ဟပ်သွားတော့သည်။
"အင်း"
"အာ...ကတိပေး"
"ကတိပေးတယ်"
နောက်ဆုံးမှာ ဟော်ချွီသည်ပြန်ဖို့သဘောတူသွား၏။ ယွီချင့်ဟွမ်မှာ ထို့နောက်တွင် ဟော်ယုံဘက်သို့ လှည့်လိုက်ပြီး သူ့အား သူဌေးလို့လုံးလုံးသဘောမထားသည့်ဟန်ဖြင့် စကားဆိုလိုက်သည်။
"ဆောရီးပါ အလုပ်ရှုပ်စေမိပြီ သူ့ကိုတခုခုလိုက်ကျွေးလိုက်ပါဦး"
တခဏလောက်စဉ်းစားနေပြီးလျှင် သူကထပ်ပေါင်းဆိုလိုက်သည်မှာ
"ဟော်ချွီက ပေါ့ပေါ့ပါးပါးစားရတာမျိူးသဘောကျတယ်"
"ကိစ္စမရှိဘူး"
ဟော်ယုံမှာ ထိုသို့အကြောင်းပြန်လိုက်ပြီး ညီငယ်လေးအားခေါ်လို့ တခုခုသွားစားရန် မောင်းထွက်သွား တော့သည်။
နည်းနည်းလောက်ကြာတော့မှ တခုခုက လွဲမှားနေတာကို သတိပြုမိလေသည်။ သူ့ညီလေးကို ခေါ်ပြီး တခုခုသွားစားတာက သူ့အတွက် ဖြစ်ရိုးဖြစ်ဆင်ပဲမဟုတ်လား? အဲ့ဒါကို ယွီချင့်ဟွမ်က အလုပ်ရှုပ်စေမိပြီလို့ ဘာလို့သုံးပါလိမ့် ? ပိုဆိုးတာက သူကလည်း ကတိများတောင် ပြန်ပေးခဲ့သေးတယ်!
ဒီလူက တကယ်မှော်ကဝေပဲ!
T/N >>> ဒုက္ခများစေမိပြီတို့ အလုပ်ရှုပ်စေမိပြီတို့ လောကဝတ်တွေက မိဘတယောက်က သူ့ကလေးကို ဆရာမဆီအပ်တာမျိုး ရင်းနှီးတဲ့သူက မရင်းနှီးတဲ့သူကို ပြောတဲ့နေရာမှာ သုံးကြတာများတယ်လေ
ဒီနေရာမှာ ယွီချင့်ဟွမ်က ဟော်ချွီအကိုအရင်းခေါက်ခေါက်ကို ဒီလိုသုံးလိုက်တော့ သူက ဟော်ချွီနဲ့ အကိုအရင်းခေါက်ခေါက်ဟော်ယုံထက်တောင် ပိုသက်ဆိုင်နေတဲ့သဘောဖြစ်သွားတာ
မိသားစုထက်ပိုသက်ဆိုင်တာ ဘာကျန်သေးလဲ ဟဲဟဲဟဲ ကလေးကို သူ့အပိုင်လို့ သတ်မှတ်လိုက်တာပါ ///
ဒါ့အပြင် ဟော်ချွီက ဘယ်တုန်းကများ အစားစားရတာ နှစ်သက်ခဲ့လို့လဲ? သူဘာလို့မသိရတာပါလိမ့်?
မီးနီနေတာဖြစ်သည့်အတွက် ဟော်ယုံမှာဟော်ချွီဘက်သို့ လှည့်လိုက်ရင်း
"မင်းက ပေါ့ပေါ့ပါးပါး အစားအစာတွေကြိုက်တက်တာလား?"
ဟော်ချွီမှာ ခေါင်းတောင်မော့မလာဘဲ သူ၏ အဖိုးထိုက်အဖိုးတန် ရွေငါးတွေကိုသာ မျက်တောင်မခတ် စိုက်ကြည့်လို့နေသည်။
ဟော်ယုံ, "....."
ကြည့်ရတာတုံးအနေတာသူပဲဖြစ်လိမ့်မယ်...
ရိုက်ကူးရေးဆိုက်စ်ထဲတွင်တော့ ကျောက်ချင်းယွမ်မှာ ယွီချင့်ဟွမ်နဲ့ အချင်းများပြီးကတည်းက တနေ့ခင်းလုံး စိတ်ရူးပေါက်နေသည့် အနေအထားဖြစ်လို့နေသည်။
ဝမ်ချန်ချန်မှာ သူနဲ့အတူရိုက်ကူးရေးလုပ်ဖို့မပြောနှင့် အသက်တောင်ပြင်းပြင်းမရှုရဲပေ။ NG scene (မကောင်းတဲ့ ဆင်းစ်)တွေဘယ်လောက်တောင် ဖြစ်ခဲ့လဲဆိုတာဘယ်သူမှမသိကြတော့။
လျိုကျားအန့်မှာလည်း ကင်မရာ 1 ကို ရိုက်ခွဲလုနီးနီး ဖြစ်လို့နေချေပြီ။
ယနေ့ခေတ်၏ ရုပ်ရှင်တော်တော်များများမှာ နာမည်ကြီးဒါရိုက်တာတွေမှာ နာမည်ခံပဲရှိကြတော့ပြီး တကယ့်ရိုက်ကူးရေးလုပ်တဲ့အပိုင်းတွေမှာ တွဲဖက်ဒါရိုက်တာတွေက လုပ်ဆောင်ကြခြင်းဖြစ်ပေသည်။
လျိုကျားအန့်မှာ ထိုသို့သောလုပ်ရပ်တွေကို မုန်းတီးစက်ဆုပ်လေ၏။ ထို့ကြောင့် သူ့အသက်အရွယ်မှာ အိုမင်းနေပြီဖြစ်သော်ငြား "The Line of Life and Death" ကို ကိုယ်တိုင်ရိုက်ကူးဖို့ ကြိုးစားခဲ့ လေသည်။
ထို့အပြင် သူ့တွင် သရုပ်ဆောင်များ၏ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ အလွန်တရာတင်းကျပ်သည့် တောင်းဆိုချက်များရှိလေ၏။
ဝမ်ချန်ချန်၏ သရုပ်ဆောင်စွမ်းရည်မှာ လုံးလုံးမကောင်းပေ။ ထို့အပြင် သူမက ခုချိန်မှာ အနည်းငယ်စိတ်အခြေအနေမကောင်းဖြစ်နေတာကြောင့်ကိစ္စတွေကို ပိုမိုဆိုးရွားလာစေသည်။
ဖလင်တွေအများကြီးပြုန်းတီးသွားသောကြောင့် လျိုကျားအန့်မှာ ခေါင်းမွှေးတွေပြောင်သွားရရင်း
"ဝမ်ချန်ချန် မင်းကောလိပ်ကနေ ဒီပလိုမာဝယ်ခဲ့တာလား? ဒီကိုလာပြီးကိုယ်သရုပ်ဆောင်တာကိုယ်လာ ကြည့်လှည့်! ဘယ်သူကမှမပြောပြဘူးဆိုရင် မင်းကိုလူတိုင်းက ကျောက်ချင်းယွမ်ရဲ့အိမ်ဖော်လို့ပဲ ထင်နေကြမှာ!"
ဝမ်ချန်ချန်မှာ အနည်းဆုံးတော့ Star light က ထိပ်တန်းမင်းသမီးတလက်ဖြစ်ပေ၏။တခြားဒါရိုက်တာမျိုးသာဆို သူမကိုဝေဖန်ဖို့မပြောနှင့် သူမသရုပ်ဆောင်တာမကောင်းဖြစ်နေရင်တောင် အပြုံးများဝေဆာပြီးတော်လိုက်တာလို့ ချီးကျူးဂုဏ်ပြုနေကြမှာအမှန်ပင်။
ဝမ်ချန်ချန်ရဲ့ EQ ဘယ်လောက်ပဲမြင့်နေသည်ဆိုဆို သူမက ခုချိန်တကယ်ကိုမတက်သာဘဲ ငိုချမိလုနီးနီး ဖြစ်နေချေပြီ။
သို့သော်ငြားလည်း သူမသည်လျိုကျားအန့်ကို ပြစ်မှားမိလို့မရတာသိနေသောကြောင့် တီးတိုးရေရွတ်လိုက်သည်။
"တောင်းပန်ပါတယ် ဒါရိုက်တာလျို... ကျွန်မဒီနေ့ စိတ်နည်းနည်းလွတ်နေတယ်.. ကျွန်မကိုအချိန်လေး နည်းနည်းလောက်သာပေးပါ"
ထိုသို့ဆိုပြီးရင် သူမလက်ထောက်အကူအညီဖြင့် နားနေခန်းသို့ပြန်သွားတော့သည်။ ခုချိန်မှာတော့ လျိုကျားအန့်သည် ရေမြင်းကြီးတကောင်လို့ ဒေါသူပုန်တွေထနေလေပြီ။
သူ့သူငယ်ချင်းဟောင်းကြီးကျန်းချီတောင် အနားတွင်ဆက်နေရမှာကြောက်လန့်နေရ၏။
သူကစီးကရက်သွားသောက်လိုက်ဦးမယ်ဟုဆိုကာ လစ်ထွက်ဖို့လုပ်စဉ်မှာပဲ လျိုကျားအန့်က အော်ငေါက်လိုက်သည်။
"ဘယ်မှာလဲယွီချင့်ဟွမ်? မြန်မြန်လေး! ငါ့သူ့အပိုင်းကို အရင်ရိုက်လိုက်မယ်!"
"ဒီမှာ! သူလာနေပြီ!"
ကျန်းချီကဆိုလိုက်ရင်း ယွီချင့်ဟွမ်ကို သူ့ရှေ့တွန်းပို့လိုက်၏။ အမှန်တော့ သူချင့်ဟွမ်အတွက် အတန်ငယ်စိတ်ပူပန်လို့နေသည်။
ဒီလိုမကောင်းမကမ်းအချိန်အခါမျိုးမှာမှ ရိုက်ကမယ်? သေပါတော့! ချင့်ဟွမ်တော့နားကားပြီ..
ကြည့်ရတာ ချင့်ဟွမ်ဒီတခေါက်တော့ ကံဆိုးမိုးမှောင်ကျပြီထင်တယ်!
ကဒ်ဘုတ်ပြားကိုင်ထားသည်ကောင်လေးများက နောက်ခံကို အလျင်အမြန်ပြောင်းလိုက်သည်။
"မင်းအဆင်သင့်ပဲလား?"
လျိုကျားအန့်ကတော့ ကင်မရာ 1 ရှေ့ထိုင်နေသည်။ သူက ချင့်ဟွမ် မိမိဘာသာရီဟာဇယ် အကြိမ်အနည်းငယ်လောက်လုပ်နေတာကို တွေ့လိုက်တာကြောင့်မေးမြန်းလိုက်၏။
"အင်း" ယွီချင့်ဟွမ်က ခေါင်းညိတ်လိုက်သည်။
"အိုကေ! အက်ရှင်!"
ရဲ့ရှန်းဆိုတာ ဆေးရုံမှာအလုပ်လုပ်တာ ၆ နှစ် ရှိနေပြီဖြစ်တဲ့ Endocrine ခွဲစိတ်ဆရာဝန်တယောက်ဖြစ်၏။
သူသည် ချမ်းသာသောမိသားစုမှဖြစ်ကာ ချောမောခန့်ငြားသည့်မျက်နှာသွင်ပြင်ရှိသည်။ ထို့ကြောင့် ဆေးရုံတွင် အမြဲလိုလိုလူစိတ်ဝင်စားခြင်းခံရပေသည်။
အချိန်တွေကြာလာတာနှင့်အမျှ သူသည်သွေးနထင်ရောက်ကာ မိန်းမပွေရှုပ်သူတယောက်ဖြစ်လို့လာသည်။
သူ့ဆေးကုသမှုအရည်အချင်းမှာ မဆိုးလှပေ။ သို့သော်လည်း သူသည်လူနာတွေနှင့်အကျွမ်းတဝင် မရှိလှချေ။
သူ့ခွဲစိတ်မှုပြီးမြောက်သွားသည်နှင့် လူနာကို လက်ထောက်များနှင့််လွှဲကာ တယောက်တည်း ပစ်ထားခဲ့တက်ပြီး ကျန်သည့်အပိုင်းများကို လက်ထောက်များအား ဆက်လက်လုပ်ခိုင်းစေတက်သည်။
ယွီချင့်ဟွမ်ရိုက်ကူးရမည့်ဆင်းစ်မှာ ရဲ့ရှန်းနှင့် သူ့လူနာမိသားစုဝင်များအကြားဆက်ဆံရေးကို ရိုက်ကူးသည့်အခန်းဖြစ်၏။
၉ နှစ်အရွယ်သာရှိသေးသည့် ကလေးမလေးမှာ သိုင်းရွိုက်ကင်ဆာဖြစ်နေသည်။ ထိုကင်ဆာမျိုးကို အသက်မသေနိုင်သည့်ကင်ဆာအမျိုးအစားလို့ ခေါ်ကြသော်ငြားလည်း လူနာကအသက်ငယ်လေလေ အသက်ဆုံးရှုံးနိုင်မှုပိုများလေဖြစ်ပေ၏။
ကလေးမလေး၏မိခင်မှာ တနေကုန်ငိုငိုယိုယိုဖြစ်နေခဲ့ပြီး စိတ်နှလုံးချုံးချုံးကျကာကူကယ်ရာမဲ့လို့နေသည်။
သူနာပြုဖြစ်သူက သူမအားဘယ်လိုပင်ရှင်းပြဖြောင့်ဖြနေပါစေ သူမအတွက်စိတ်အေးသက်သာမှုကို မခံစားရပေ။
ထို့ကြောင့် တနေ့အလုပ်ဆင်းခါနီးအချိန်နားလောက်တွင် သူမက ရဲ့ရန်း၏ ရုံးခန်းကိုသွားရောက်ခဲ့သည်။
"ဒေါက်တာရဲ့"
ကြာညောင်းနေပြီဖြစ်သောအိပ်မပျော်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုက သူမအားပြိုလဲကျမတက် ဖြစ်နေစေသည်။
သူမမျက်နှာမှာ လူသေကောင်ကဲ့သို့ဖြူလျော်နေပြီး အရိုးစုကဲ့သို့ပိန်ပါးနေကာ လေတချက်တိုက်ယုံမျှနှင့် ပြိုလဲတော့မည်ထင်ရသည်။
ရဲ့ရှန်းကိုမြင်သောအခါ သူမက နောက်ဆုံးအသက်ကယ်ကောက်ရိုးမျှင်တမျှင်ကို မြင်တွေ့လိုက်ရသည့်အလား ရှိုက်ငင်နေသောအသံဖြင့်
"ကျွန်မသမီးလေး တုံတုံအခြေအနေဘယ်လိုရှိလဲ? ဒေါက်တာရဲ့ ...ခွဲစိတ်မှုက တကယ်ပဲစိတ်ချရရဲ့လား? ဒါ...ဒါက အသေးစားခွဲစိတ်မှုလေးသာပဲ.. ဟုတ်တယ်မလား?"
ရဲ့ရှန်းမှာအလုပ်ပြီးရင်ဒိတ်တခုရှိနေသေးသည်။ သို့သော်လည်း ခုတော့ပုံဆိုးပန်းဆိုးငိုယိုနေသည့် မိန်းမတယောက်က ဖမ်းဆွဲထားတာခံနေရသည်။ သူက ချက်ချင်းပဲစိတ်လွတ်သွားရပြီး
"ဘယ်လို ခွဲစိတ်မှုမျိုးမဆိုအန္တရာယ်ရှိတယ်! ခွဲစိတ်မှုအသေးစား? ဒါများဘာလို့ငါတို့ဆေးရုံမှာ လာလုပ်နေသေးလဲ? ဟမ်? ကျေးဇူးပြုလို့!"
အမျိုးသမီးမှာ ရဲ့ရှန်းကို တောင်းပန်ခယနေသည့် ပြူးကျယ်ကျယ်မျက်ဝန်းများဖြင့်ကြည့်လို့နေသည်။
သူမခြေထောက်များမှာချိနဲ့နေပြီဖြစ်လို့ သူမခန္တာကိုယ်ကိုတောင် အထောက်အကူမပြုနိုင်တော့သလောက်နီးနီးပင်။
သူမဟာ ဆရာဝန်ဆီကအားပေးစကားအနည်းငယ်လောက် ရှာဖွေဖို့ရောက်လာသည်ဖြစ်သော်လည်း ခုလို သွေးအေးလှသည့်စကားတွေသာ ပြန်လည်ရရှိခဲ့ပေ၏။
"ဒေါက်တာ ...ဒေါက်တာ ရဲ့.."
"လွှတ်..." ရဲ့ရှန်းမှာ စိတ်လက်မရှည်စွာဖြင့် သူမ၏ လက်တွေကိုခါထုတ်ပစ်လိုက်ရင်း ရွံရှာစက်ဆုပ်မှုတွေပြည့်နှက်နေသည့်မျက်ဝန်းများဖြင့် သူ့အဝတ်အစားတွေကိုခါလို့နေသည်။
"ခင်ဗျားက ဒီအကြောင်းအရာနဲ့ပတ်သက်လို့ အခါတစ်ရာလောက် အမြဲပူညံပူညံလာလုပ်နေတာ.. ဆရာဝန်တယောက်မှာသုံးမကုန်တဲ့အချိန်တွေ ရှိတယ်များထင်နေလား?"
ထိုသို့ဆိုလိုက်ရင်း သူကအမျိူးသမီးကိုတွန်းကာ လစ်လျူရှုထွက်ခွာသွားတော့သည်။
"ကဒ်"
လျိုကျားအန့်မှာ ကင်မရာ1 ကနေဆင်းစ်ကို ကြည့်နေပြီးဆိုလိုက်သည်။ ခုချိန်မှာ တင်းမာနေသည့်ပုံစံတော့မရှိတော့ပေ။
ယွီချင့်ဟွမ်က အကောင်းဆုံးအက်တင်ကိုချပြသွားသည်မှာ သူမျှော်မှန်းထားသည်ထက်တောင်သာလွန်နေသေးသည်။
သူကမျက်နှာသစ်တယောက်နဲ့လုံးလုံးမတူဘဲ ရဲ့ရှန်း၏သွေးကြီးမှုနှင့်အေးတိအေးစက်နိုင်မှုတို့ကို အလုံးစုံဖော်ကျုးသွားနိုင်ခဲ့သည်။
လှုပ်ရှားမှုတိုင်းအမူအရာတိုင်းမှာ ရဲ့ရှန်းလုံးလုံး ဖြစ်နေကာ ယွီချင့်ဟွမ်၏အရိပ်အရောင်တစ်စွန်းတစကို တောင်မတွေ့ရပေ။
NG လုံးဝမရှိတဲ့ ဆင်းစ်ပဲ!
အခြားရိုက်ကူးရေးအဖွဲ့သားတွေမှာလည်း အံဩတကြီးဖြစ်ကုန်ကြသည်။ သူတို့အကုန်လုံးမှာ ယွီချင့်ဟွမ်အား ဒီနေရာကိုအဆက်အသွယ်အသုံးချပြီးရလာတယ်ထင်မှတ်ပြီး မုန်းတီးနေကြသည်။
သို့သော် ခုချိန်မှာတော့ သူတို့သူ့အပေါ်ထားရှိသော သဘောထားတွေမှာ လုံးဝဥသုံပြောင်းလဲသွားခဲ့ချေပြီ။
ယွီချင့်ဟွမ်မှာ သူ့အပိုင်းပြီးလို့အနားသွားယူသည့်အခါ လူအတော်များများကလာရောက်နှုတ်ဆက်ကြပေသည်။
တွေ့လား? ဒါကို အနုပညာလောကလို့ခေါ်တယ်!
ဒီဟာက ယွီချင့်ဟွမ်ကနေ့ရိုက်ကူးရမည့် တခုတည်းသောဇာတ်ဝင်ခန်းဖြစ်လေသည်။
သူ့အပိုင်းသူပြီးလို့ ရေနွေးပူပူလေးတခွက်ယူကာ လက်တွေကိုနွေးလာအောင်လုပ်ယူနေတုန်းပဲ ရှိနေသေး ဝမ်ကျန်းရှန်းကသူ့အားလက်များဝှေ့ယမ်းလို့
"ယွီ ဒီလိုလာဦး"
"ဆရာဝမ်"
ယွီချင့်ဟွမ်က အနားသွားလိုက်ရင်း ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်၏။
"စိတ်မလှုပ်ရှားပါနဲ့ ထိုင်"
ဝမ်ကျန်းရှန်းက အပြုံးဖြင့်ပြောလိုက်ပြီး သူ့နံဘေးနားထိုင်ဖို့အမူအရာလုပ်ပြသည်။
"မင်းခုသရုပ်ဆောင်သွားတာကို ဘယ်လိုထင်လဲ?"
ယွီချင့်ဟွမ်မှာ ထိုမေးခွန်းကြောင့် ကြောင်အမ်းသွားရသည်။ ထိုကြောင့် သူသည် သူ့သရုပ်ဆောင်မှု ဘယ်နေရာများလွဲချော်နေလဲ အသေအချာလေးပြန်လည်သုံးသပ်တွေးတောနေ၏။
"မကြောက်ပါနဲ့ မင်းစိတ်ထဲရှိတဲ့အတိုင်းသာပြော"
ယွီချင့်ဟွမ်က သူ့ဆိုလိုရင်းကို မှန်းဆလို့မရသည်ဖြစ်သောကြောင့် အမှန်အတိုင်းသာတဲ့ပြောချလိုက်၏။
"အမှန်တော့ ကျွန်တော်အများကြီးမတွေးထားဘူး စိတ်ထဲရှိသလိုသရုပ်ဆောင်လိုက်တာပါပဲ"
"ဒါက မင်းရဲ့အကြီးဆုံးပြသနာပဲ"
ဝမ်ကျန်းရှန်းက သက်ပြင်းချလိုက်ရင်း
"ယွီ မင်းက ငါမြင်ဖူးသမျှလူငယ်တွေထဲ အရည်အချင်းအရှိဆုံးပဲ... ပြီးတော့ မင်းအခု သရုပ်ဆောင်သွားတာကလည်း အင်မတန်ပြောင်မြောက်တယ် ဒါပေမယ့်...."
သူက ခဏလောက်ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလာသည်။
"မင်းကိုမေးပါရစေ ..မင်းသရုပ်ဆောင်ရတာကို မနှစ်သက်ဘူး ဟုတ်တယ်မလား ?"
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!
ယွီချင့်ဟွမ်မှာငြင်းဆိုချင်သော်လည်း သူ့စကားလုံးများက နှုတ်ခမ်းဖျားရောက်သော် ပြောမထွက်နိုင် တော့ပေ။
အတိတ်ဘဝတုန်းက သူသည်သရုပ်ဆောင်အလုပ်ကို အသက်မွေးဝမ်းကြောင်းတခုအနေနဲ့သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။
ယခုဘဝမှာတော့ ဝန်ထုပ်ဝန်ပိုးကြီးတခုလိုသာ သဘောထားခဲ့၏။ သူအနေနဲ့ တကယ်ပဲ သရုပ်ဆောင်ခြင်းကိုကြိုက်နှစ်သက်သလားဆိုတာ တခါမျှပင်မတွေးတော့ခဲ့မိပေ။
"ယွီ"
ဝမ်ကျန်းရှန်မှာတုတ်ကောက်အကူအညီဖြင့်မတ်တပ်ထရပ်ဖို့ကြိုးစားနေကာ သူ့ရဲ့ ဖြူရော်ရော်ဆံပင်တို့မှာ လေထဲတွင်လွင့်ပျံနေပြီး သူ့အသက်အရွယ်ကို ဖော်ကျူးနေသည်။
"မင်းသရုပ်ဆောင်စွမ်းရည်က ဒီလောကထဲက လူတော်တော်များများထက်သာတယ်...ဒါမှမဟုတ် ပြောရမယ်ဆို သရုပ်ဆောင်ဆုတွေရထားတဲ့ လူတွေထပ်တောင်မှသာနေသေးတယ် ဒါပေမယ့် မင်းသရုပ်ဆောင်မှုကစိတ်ဝိဉာဉ်ခံစားချက်မရှိဘူး"
စိတ်ဝိဉာဉ်ခံစားချက်မရှိဘူး?
ယွီချင့်ဟွမ်မှာ ထိုစကားများအပေါ် တွေးတောဖို့ ကြိုးစားနေသည်။ ဝမ်ကျန်းရှန်း၏ ပြုံးနေသည့် မျက်ဝန်းများထဲသို့ တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်ကာမှ သူသဘောပေါက်သွားရသည်။
သရုပ်ဆောင်တဲ့အခါ သူက သူ့ကိုယ်သူ ဘေးလူတယောက်အနေနဲ့သာ အမြဲသဘောထားခဲ့ပြီး ဇာတ်ကောင်ဖြင့်တသားတည်းဖြစ်အောင် ပေါင်းစည်းခဲ့ခြင်းမရှိခဲ့ပေ။
အကယ်၍များ သရုပ်ဆောင်တယောက်သည် သူ့ဇာတ်ကောင်ကိုတောင် သူအသိအမှတ်မပြုနိုင်ခဲ့ပါက သူ့အနေနဲ့ကြည့်ရှုသူပရိသတ်တွေကို ဒီဇာတ်ကောင်နဲ့တသားတည်း ထပ်တူဘယ်လိုခံစားစေနိုင်မှာလဲ?
သူဆိုလိုချင်တာကို သဘောပေါက်သွားသည်အားမြင်သည့်အခါ ဝမ်ကျန်းရှန်းမှာဝမ်းမြောက်ဝမ်းသာပြုံးလိုက်ပြီး ယွီချင့်ဟွမ်လက်ထဲသို့ သူနာမည်ထိုးထားပြီးဖြစ်သည့် စာရွက်ကိုကမ်းပေးလိုက်သည်။
"တကယ်လို့သာ ဒီနေ့ မင်းငါဘာဆိုလိုချင်တယ်ဆိုတာ သဘောမပေါက်ခဲ့ရင်" သူက အမှိုက်ခြင်းကို ညွန်ပြရင်း
ဒီစာရွက်က အဲ့ထဲရောက်နေလောက်ပြီ"
ယွီချင့်ဟွမ်၏ အံ့အားတသင့်အမူအရာအားမြင်သော် ဝမ်ကျန်းရှန်းကပြုံးလိုက်ရင်း
"ငါ အနားယူသွားပြီဖြစ်လည်း ငါ့အတွက် အမျိုးသားအဆင်မြင့်ကဇာတ်ရုံမှာ နေရာတော့ရှိပါသေးတယ်.. မင်းမနက်ဖန်ရှုတင်မရှိဘူးမလား? မင်းကို အဲ့ကိုလိုက်ပြပေးမယ်... ဒါကမင်းအက်တင်ပိုင်းကို အထောက်အကူပြုရင်ပြုပေးနိုင်မှာ"
အမျိုးသားအဆင်မြင့်ကဇာတ်ရုံ!
ထိုနေရာကနေ တစုံတရာကိုသင်ယူဖို့ဆိုတာ သရုပ်ဆောင်တိုင်းရဲ့အိပ်မက်ပဲ! ယွီချင့်ဟွမ်ရဲ့ ရည်မှန်းချက်ကအနုပညာလောကထဲမှာ မဟုတ်တောင် သူ့အနေနဲ့ဒီလိုရခဲလှတဲ့အခွင့်အရေးမျိုးကို မငြင်းဆန်နိုင်ပေ!
သူ့က နှုတ်ခမ်းများကိုတင်းတင်းစေ့ပိတ်လိုက်ပြီး ဝမ်ကျန်းရှန်းကိုခါးညွတ်နှုတ်ဆက်လိုက်ကာ
"ကျေးဇူးတင်ပါတယ် ဝမ်လူကြီးမင်း အနှောက်အယှက်ပေးရဦးမှာအားနာပါတယ်"
ဝမ်ကျန်းရှန်းက ခေါင်းကိုယမ်းခါလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတခုဖြင့်ထွက်ခွာသွားတော့သည်။
သူထွက်သွားပြီးသည်နှင့် ယွီချင့်ဟွမ်ကနေရာမှာတင်ထိုင်လို့ သူ့ရဲ့အံ့ဩတုန်လှုပ်လောက်ဖွယ်ကံတရားကို တွေးတောနေခဲ့၏!
သို့သော်လည်း သူတခုခုအဖြေရှာမရသေးခင်မှာတင် အသံတခုကြောင့်လန့်နိုးလာခဲ့ရသည်။
သူဖုန်းကိုထုတ်ကြည့်လိုက်တော့ ယွီရှင်းဖြစ်လို့နေသည်။
"ချင့်ဟွမ် ငါမနက်ဖြန်နေ့လည်လောက် ပြန်လာခဲ့မယ်!"
ယွီရှင်းအသံမှာ အတော်လေးစိတ်လှုပ်ရှားနေဟန် ရှိသည်။
"မင်းသိလား? ကိစ္စတွေအကုန်ပြီးပြတ်ခဲ့ပြီ! မင်းလူကြီးတွေကတကယ်ကောင်းကြတာပဲ... သူတို့က မင်းကြိုက်တယ်ဆိုပြီး မက်မွန်သီးစည်သွတ်ဘူးတွေငါ့ကိုအများကြီးထည့်ပေးလိုက်သေးတယ်... မင်း မနက်ဖြန်နေ့လည်အားတာ ငါသိတယ်..ငါ့ကို လေဆိပ်မှာလာကြိုပေးဦး!"
"မရလောက်ဘူးထင်တယ်"
ယွီချင့်ဟွမ်မှာ မျက်မှောင်ကြုံ့ရင်း ရှင်းပြမည်လုပ်စဉ်မှာပင် ယွီရှင်းကတဖက်ခြမ်းကနေ ငြီးငြီးငြူငြူမြည်တမ်းနေလေပြီ။
"လာစမ်းပါ ချင့်ဟွမ်ရ! မင်းမှာ လူသားချင်းစာနာထောက်ထားစိတ်လေး အနည်းငယ်လောက်တောင် မရှိပေဘူးလား ဟမ်? ဒီလောက်စည်သွတ်ဘူးတွေအများကြီး ငါတယောက်တည်းမနိုင်ဘူးလေ"
ယွီချင့်ဟွမ်က အနည်းငယ်ရှက်ကိုးရှက်ကန်းဖြင့်
"ဒါပေမယ့် ကျွန်တော်မနက်ဖြန်ကျရင် ဆရာဝမ်နဲ့အတူတူ အမျိုးသားအဆင်မြင့်ကဇာတ်ရုံကို သွားရမယ်"
"ခင်ဗျား ဒါကို Deliနဲ့ပဲ အိမ်ပို့လိုက်လို့ရမလား"
"နေဦး"
ယွီရှင်းက အသံကိုမြှင့်လိုက်ပြီး
"မင်းဘာပြောလိုက်တာ? မင်း အမျိုးသားအဆင်မြင့်ကဇာတ်ရုံကိုသွားရမယ်?"
ယွီချင့်ဟွမ်, "အင်း"
ယွီရှင်းမှာစိတ်လှုပ်ရှားသွားရပြီး
"အဲ့ဒါက အဲ့ဒီ..အမျိုးသားအဆင်မြင့်ကဇာတ်ရုံလား? ပြီးတော့ ဝမ်ဘယ်သူ?"
ယွီချင့်ဟွမ်က ဆိုလိုက်သည်။
"အဲ့ဒါက အဲ့ဒီ..အမျိုးသားအဆင်မြင့်ကဇာတ်ရုံပဲ ပြီးတော့ဝမ်ကျန်းရှန်းနဲ့"
အချိန်ကာလတခုလောက် ထူးဆန်းစွာ ငြိမ်သက်တိတ်ဆိတ်သွားရပြီး ယွီရှင်းမှာတဖက်လိုင်းပေါ်ကနေ ပြတ်ပြတ်သားသားပြောလာသည်။
"မင်း ကဇာတ်ရုံကိုသွား! ငါ အသက်နဲ့ရင်းပြီး ဒီစည်သွတ်ဘူးတွေရအောင် သယ်ခဲ့မယ်"
ယွီချင့်ဟွမ်, "......"
.,.,.,.,.,.,.,.,.,.,.,.,.,.,.,
T/N>>> မြန်မာနှစ်သစ်မှာ အားလုံးပဲ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြရပါစေလို့ နှစ်သစ်ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါတယ်နော် အားလုံးလိုလားတောင့်တနေတဲ့ ဒီမိုကရေစီကိုလည်း အမြန်ဆုံး ရရှိပိုင်ဆိုင်ရပါစေ 💗
☆☆☆☆☆☆☆☆
[Unicode]
ေလထုမွာ ႐ုတ္ခ်ည္းဆိုသလို ေအးခဲသြားေတာ့သည္။
ေဟာ္ခြၽီမွလြဲလို႔ က်န္တဲ့သူအားလုံးမွာ အလြန္တရာ အိုးတိုးအမ္းတမ္းေတြ ျဖစ္ကုန္ၾကသည္။
ေဟာ္ခြၽီမွာ ဒီတေယာက္ကို ၾကည့္လိုက္ ဟိုတေယာက္ကိုၾကည့္လိုက္ျဖင့္ ေနာက္ဆုံးမွာေတာ့ ယြီခ်င့္ဟြမ္ထံသို႔ အကူအညီေတာင္းခံသလိုအၾကည့္မ်ား ပို႔လႊတ္လိုက္၏။
သူ မဟုတ္တာတခုခုမ်ား ေျပာမိလိုက္ျပန္ေလသလား? ဒါေပမယ့္ ေသခ်ာေပါက္မဟုတ္ဘူးေလ!
ခ်င့္ဟြမ္က အဲ့တုန္းကဒီတိုင္းေျပာခဲ့ဖူးတာပဲ..ခ်င့္ဟြမ္က ဘယ္လိုမွားႏိုင္မွာလဲ?
"အဟမ္း"
ယြီခ်င့္ဟြမ္မွာ ရွက္ကိုးရွက္ကန္းျဖင့္ ေခ်ာင္းအသာဟန႔္လိုက္ရင္း ေက်ာက္ခ်င္းယြမ္ကိုဆိုလိုက္သည္။
"ခ်င္းယြမ္အတည္မယူပါနဲ႔... သူ မရည္႐ြယ္ပါဘူး"
ထို႔ေနာက္တြင္ သူက ႏွာတံကိုပြတ္သပ္လိုက္ၿပီး ေက်ာက္ခ်င္းယြမ္၏ ခါးသီးေနေသာအၾကည့္ေတြေအာက္တြင္ ဆက္ေျပာလိုက္သည္။
"အမွန္ေတာ့ ငါသူ႔ကိုဒီလိုေျပာခဲ့တာက...."
"အိုး! ယြီခ်င့္ဟြမ္, ခုခ်ိန္မွာ ငါမင္းရဲ႕သ႐ုပ္မွန္ကို ျမင္ရၿပီေပါ့"
ေက်ာက္ခ်င္းယြမ္မွာစြန႔္ပစ္ခံထားရေသာ ဇနီးမယားတေယာက္အလား သူ႔အားဝမ္းနည္းပမ္းနည္းၾကည့္ေနၿပီး
"ငါကေတာ့ မင္းကိုသူငယ္ခ်င္းတေယာက္လိုသေဘာထားခဲ့တာ...မင္းကေတာ့ ငါ့ေနာက္ကြယ္မွာ ငါ့အေၾကာင္းေတြ အပုပ္ခ်ေနတယ္ေပါ့ေလ?"
"ဒါက ဘာလို႔လဲဆိုေတာ့ ငါကမင္းကိုသူငယ္ခ်င္းေကာင္းတေယာက္လို႔ သေဘာထားလို႔ပါ..."
ေက်ာက္ခ်င္းယြမ္မွာ အနည္းငယ္ စိတ္ႀကီးဝင္တက္သူတေယာက္ျဖစ္ေပမယ့္ လူေကာင္းတေယာက္လဲ ျဖစ္သည္။ ယြီခ်င့္ဟြမ္မွာ အေစာကတည္းက သူ႔အားသူငယ္ခ်င္းတေယာက္ကဲ့သို႔ မွတ္ယူၿပီးျဖစ္၏။
သူ႔အား ၾကက္တူေ႐ြးလို႔ဆိုခဲ့ျခင္းမွာ မေကာင္းသည့္ သေဘာမ်ိဳးျဖင့္မဟုတ္။ စေနာက္သည့္အေနျဖင့္သာ။ သို႔ေသာ္ ေဟာ္ခြၽီမွအမွတ္ထားလိမ့္မည္လို႔ သူမထင္ထားခဲ့မိေခ်။
"မင္းေျပာတာ ငါယုံမယ္မ်ား ထင္ေနလား?"
ေဒါႀကီးေမာႀကီးၾကားထဲတြင္ ေက်ာက္ခ်င္းယြမ္ IQ မွာ အေတာ္ေလးတိုးတက္လာပုံရၿပီး
"ေကာင္းၿပီေလ ဒါကိုေမ့ထားလိုက္မယ္ ဒါျဖင့္ ေနာက္ဆုံးတေခါက္ကေကာ?"
ထိုသို႔ေျပာလိုက္ရင္း သူကယြီခ်င့္ဟြမ္ကို စိတ္ဆိုးမာန္ဆိုးျဖင့္ၾကည့္လိုက္သည္။
ယြီခ်င့္ဟြမ္၏ အေလးအနက္မ်က္ႏွာအမူအရာကိုျမင္သြားသည့္အခါ သူက ႐ုတ္တရက္ဆိုသလို တစုံတခုကို အေတြးေပါက္သြားသည္။
"မင္းကငါ့ကို ခုထိငတုံးမ်ားမွတ္ေနေသးတာလား?"
ယြီခ်င့္ဟြမ္ေတာင္ ေမးခြန္းကိုျပန္မေျဖရေသး သူက မေက်မခ်မ္းႏွာမႈတ္သံတခ်က္ျပဳလိုက္ရင္း
"ငါတို႔ျပတ္ၿပီ!" ဟုေျပာကာ မုန္တိုင္းတိုက္သလို ထြက္သြားေတာ့၏။
"ခ်င့္ဟြမ္" ေဟာ္ခြၽီမွာပ်ာယာခတ္သြားၿပီး "ငါ မင္းကိုျပသနာျဖစ္ေစမိၿပီလား?"
"မျဖစ္ပါဘူး သူကဒီတိုင္းေနာက္ေနတာ"
ယြီခ်င့္ဟြမ္က တစ္ရႈးတစ္စကိုထုတ္ယူလိုက္ၿပီး သူ႔ႏႈတ္ခမ္းေထာင့္စြန္းနားက ဆီေတြကိုသုတ္လိုက္ကာ လိမၼာပါးနပ္စြာျဖင့္ ေခါင္းစဥ္ေျပာင္းလိုက္သည္။
"မင္း ဗိုက္ျပည့္ၿပီလား?"
ေဟာ္ခြၽီက ေခါင္းကိုခါလိုက္ရင္း " ဟင့္အင္း"
ယြီခ်င့္ဟြမ္မွာ ေခါင္းကိုငုံ႔လို႔နာရီတခ်က္ၾကည့္လိုက္ရင္း ေဟာ္ခြၽီေက်ာျပင္ကိုအသာပုတ္လိုက္ကာ
"အကိုနဲ႔တူတူ အိမ္ျပန္ၿပီးတခုခုစားလိုက္ဦး... ငါခဏေန႐ိုက္ကူးေရးစေတာ့မွာ မင္းကိုအေဖာ္ျပဳေပးလို႔မရေတာ့ဘူး"
"ဒါမဲ့ ငါမသြားခ်င္ေသးဘူး"
ေဟာ္ခြၽီမွာ တြန႔္ဆုတ္ဆုတ္ျဖင့္ေရ႐ြတ္လိုက္ရင္း ေျမႀကီးကို သူေျခထိပ္ေလးမ်ားျဖင့္တြန္းထိုးလို႔ေနသည္။
"လိမၼာတယ္"
ယြီခ်င့္ဟြမ္က သူ႔ဂ်ာကင္အေႏြးထည္ႀကီးကို ခြၽတ္လိုက္ၿပီး သူ႔အက်ီမွာေခါက္ရာတြန႔္ရာေတြရွိေနလား ေသခ်ာရန္ မွန္ထဲတြင္ၾကည့္လိုက္သည္။
ထို႔ေနာက္တြင္ ေဟာ္ခြၽီပခုံးေပၚလက္မ်ားတင္လို႔ ထြက္လာၾကၿပီး
"အိမ္ေရာက္ရင္တခုခုစားလိုက္ဦး...ငါ မင္းႏိုင္ငံျခားမထြက္ခင္ လာေတြ႕မယ္"
"တကယ္လား"
ေဟာ္ခြၽီမွာ ခ်က္ခ်င္းပဲ ငါးစာကို ဟပ္သြားေတာ့သည္။
"အင္း"
"အာ...ကတိေပး"
"ကတိေပးတယ္"
ေနာက္ဆုံးမွာ ေဟာ္ခြၽီသည္ျပန္ဖို႔သေဘာတူသြား၏။ ယြီခ်င့္ဟြမ္မွာ ထို႔ေနာက္တြင္ ေဟာ္ယုံဘက္သို႔ လွည့္လိုက္ၿပီး သူ႔အား သူေဌးလို႔လုံးလုံးသေဘာမထားသည့္ဟန္ျဖင့္ စကားဆိုလိုက္သည္။
"ေဆာရီးပါ အလုပ္ရႈပ္ေစမိၿပီ သူ႔ကိုတခုခုလိုက္ေကြၽးလိုက္ပါဦး"
တခဏေလာက္စဥ္းစားေနၿပီးလွ်င္ သူကထပ္ေပါင္းဆိုလိုက္သည္မွာ
"ေဟာ္ခြၽီက ေပါ့ေပါ့ပါးပါးစားရတာမ်ိဴးသေဘာက်တယ္"
"ကိစၥမရွိဘူး"
ေဟာ္ယုံမွာ ထိုသို႔အေၾကာင္းျပန္လိုက္ၿပီး ညီငယ္ေလးအားေခၚလို႔ တခုခုသြားစားရန္ ေမာင္းထြက္သြား ေတာ့သည္။
နည္းနည္းေလာက္ၾကာေတာ့မွ တခုခုက လြဲမွားေနတာကို သတိျပဳမိေလသည္။ သူ႔ညီေလးကို ေခၚၿပီး တခုခုသြားစားတာက သူ႔အတြက္ ျဖစ္႐ိုးျဖစ္ဆင္ပဲမဟုတ္လား? အဲ့ဒါကို ယြီခ်င့္ဟြမ္က အလုပ္ရႈပ္ေစမိၿပီလို႔ ဘာလို႔သုံးပါလိမ့္ ? ပိုဆိုးတာက သူကလည္း ကတိမ်ားေတာင္ ျပန္ေပးခဲ့ေသးတယ္!
ဒီလူက တကယ္ေမွာ္ကေဝပဲ!
T/N >>> ဒုကၡမ်ားေစမိၿပီတို႔ အလုပ္ရႈပ္ေစမိၿပီတို႔ ေလာကဝတ္ေတြက မိဘတေယာက္က သူ႔ကေလးကို ဆရာမဆီအပ္တာမ်ိဳး ရင္းႏွီးတဲ့သူက မရင္းႏွီးတဲ့သူကို ေျပာတဲ့ေနရာမွာ သုံးၾကတာမ်ားတယ္ေလ
ဒီေနရာမွာ ယြီခ်င့္ဟြမ္က ေဟာ္ခြၽီအကိုအရင္းေခါက္ေခါက္ကို ဒီလိုသုံးလိုက္ေတာ့ သူက ေဟာ္ခြၽီနဲ႔ အကိုအရင္းေခါက္ေခါက္ေဟာ္ယုံထက္ေတာင္ ပိုသက္ဆိုင္ေနတဲ့သေဘာျဖစ္သြားတာ
မိသားစုထက္ပိုသက္ဆိုင္တာ ဘာက်န္ေသးလဲ ဟဲဟဲဟဲ ကေလးကို သူ႔အပိုင္လို႔ သတ္မွတ္လိုက္တာပါ ///
ဒါ့အျပင္ ေဟာ္ခြၽီက ဘယ္တုန္းကမ်ား အစားစားရတာ ႏွစ္သက္ခဲ့လို႔လဲ? သူဘာလို႔မသိရတာပါလိမ့္?
မီးနီေနတာျဖစ္သည့္အတြက္ ေဟာ္ယုံမွာေဟာ္ခြၽီဘက္သို႔ လွည့္လိုက္ရင္း
"မင္းက ေပါ့ေပါ့ပါးပါး အစားအစာေတြႀကိဳက္တက္တာလား?"
ေဟာ္ခြၽီမွာ ေခါင္းေတာင္ေမာ့မလာဘဲ သူ၏ အဖိုးထိုက္အဖိုးတန္ ေ႐ြငါးေတြကိုသာ မ်က္ေတာင္မခတ္ စိုက္ၾကည့္လို႔ေနသည္။
ေဟာ္ယုံ, "....."
ၾကည့္ရတာတုံးအေနတာသူပဲျဖစ္လိမ့္မယ္...
႐ိုက္ကူးေရးဆိုက္စ္ထဲတြင္ေတာ့ ေက်ာက္ခ်င္းယြမ္မွာ ယြီခ်င့္ဟြမ္နဲ႔ အခ်င္းမ်ားၿပီးကတည္းက တေန႔ခင္းလုံး စိတ္႐ူးေပါက္ေနသည့္ အေနအထားျဖစ္လို႔ေနသည္။
ဝမ္ခ်န္ခ်န္မွာ သူနဲ႔အတူ႐ိုက္ကူးေရးလုပ္ဖို႔မေျပာႏွင့္ အသက္ေတာင္ျပင္းျပင္းမရႈရဲေပ။ NG scene (မေကာင္းတဲ့ ဆင္းစ္)ေတြဘယ္ေလာက္ေတာင္ ျဖစ္ခဲ့လဲဆိုတာဘယ္သူမွမသိၾကေတာ့။
လ်ိဳက်ားအန႔္မွာလည္း ကင္မရာ 1 ကို ႐ိုက္ခြဲလုနီးနီး ျဖစ္လို႔ေနေခ်ၿပီ။
ယေန႔ေခတ္၏ ႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာ နာမည္ႀကီးဒါ႐ိုက္တာေတြမွာ နာမည္ခံပဲရွိၾကေတာ့ၿပီး တကယ့္႐ိုက္ကူးေရးလုပ္တဲ့အပိုင္းေတြမွာ တြဲဖက္ဒါ႐ိုက္တာေတြက လုပ္ေဆာင္ၾကျခင္းျဖစ္ေပသည္။
လ်ိဳက်ားအန႔္မွာ ထိုသို႔ေသာလုပ္ရပ္ေတြကို မုန္းတီးစက္ဆုပ္ေလ၏။ ထို႔ေၾကာင့္ သူ႔အသက္အ႐ြယ္မွာ အိုမင္းေနၿပီျဖစ္ေသာ္ျငား "The Line of Life and Death" ကို ကိုယ္တိုင္႐ိုက္ကူးဖို႔ ႀကိဳးစားခဲ့ ေလသည္။
ထို႔အျပင္ သူ႔တြင္ သ႐ုပ္ေဆာင္မ်ား၏ သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္လို႔ အလြန္တရာတင္းက်ပ္သည့္ ေတာင္းဆိုခ်က္မ်ားရွိေလ၏။
ဝမ္ခ်န္ခ်န္၏ သ႐ုပ္ေဆာင္စြမ္းရည္မွာ လုံးလုံးမေကာင္းေပ။ ထို႔အျပင္ သူမက ခုခ်ိန္မွာ အနည္းငယ္စိတ္အေျခအေနမေကာင္းျဖစ္ေနတာေၾကာင့္ကိစၥေတြကို ပိုမိုဆိုး႐ြားလာေစသည္။
ဖလင္ေတြအမ်ားႀကီးျပဳန္းတီးသြားေသာေၾကာင့္ လ်ိဳက်ားအန႔္မွာ ေခါင္းေမႊးေတြေျပာင္သြားရရင္း
"ဝမ္ခ်န္ခ်န္ မင္းေကာလိပ္ကေန ဒီပလိုမာဝယ္ခဲ့တာလား? ဒီကိုလာၿပီးကိုယ္သ႐ုပ္ေဆာင္တာကိုယ္လာ ၾကည့္လွည့္! ဘယ္သူကမွမေျပာျပဘူးဆိုရင္ မင္းကိုလူတိုင္းက ေက်ာက္ခ်င္းယြမ္ရဲ႕အိမ္ေဖာ္လို႔ပဲ ထင္ေနၾကမွာ!"
ဝမ္ခ်န္ခ်န္မွာ အနည္းဆုံးေတာ့ Star light က ထိပ္တန္းမင္းသမီးတလက္ျဖစ္ေပ၏။တျခားဒါ႐ိုက္တာမ်ိဳးသာဆို သူမကိုေဝဖန္ဖို႔မေျပာႏွင့္ သူမသ႐ုပ္ေဆာင္တာမေကာင္းျဖစ္ေနရင္ေတာင္ အၿပဳံးမ်ားေဝဆာၿပီးေတာ္လိုက္တာလို႔ ခ်ီးက်ဴးဂုဏ္ျပဳေနၾကမွာအမွန္ပင္။
ဝမ္ခ်န္ခ်န္ရဲ႕ EQ ဘယ္ေလာက္ပဲျမင့္ေနသည္ဆိုဆို သူမက ခုခ်ိန္တကယ္ကိုမတက္သာဘဲ ငိုခ်မိလုနီးနီး ျဖစ္ေနေခ်ၿပီ။
သို႔ေသာ္ျငားလည္း သူမသည္လ်ိဳက်ားအန႔္ကို ျပစ္မွားမိလို႔မရတာသိေနေသာေၾကာင့္ တီးတိုးေရ႐ြတ္လိုက္သည္။
"ေတာင္းပန္ပါတယ္ ဒါ႐ိုက္တာလ်ိဳ... ကြၽန္မဒီေန႔ စိတ္နည္းနည္းလြတ္ေနတယ္.. ကြၽန္မကိုအခ်ိန္ေလး နည္းနည္းေလာက္သာေပးပါ"
ထိုသို႔ဆိုၿပီးရင္ သူမလက္ေထာက္အကူအညီျဖင့္ နားေနခန္းသို႔ျပန္သြားေတာ့သည္။ ခုခ်ိန္မွာေတာ့ လ်ိဳက်ားအန႔္သည္ ေရျမင္းႀကီးတေကာင္လို႔ ေဒါသူပုန္ေတြထေနေလၿပီ။
သူ႔သူငယ္ခ်င္းေဟာင္းႀကီးက်န္းခ်ီေတာင္ အနားတြင္ဆက္ေနရမွာေၾကာက္လန္႔ေနရ၏။
သူကစီးကရက္သြားေသာက္လိုက္ဦးမယ္ဟုဆိုကာ လစ္ထြက္ဖို႔လုပ္စဥ္မွာပဲ လ်ိဳက်ားအန႔္က ေအာ္ေငါက္လိုက္သည္။
"ဘယ္မွာလဲယြီခ်င့္ဟြမ္? ျမန္ျမန္ေလး! ငါ့သူ႔အပိုင္းကို အရင္႐ိုက္လိုက္မယ္!"
"ဒီမွာ! သူလာေနၿပီ!"
က်န္းခ်ီကဆိုလိုက္ရင္း ယြီခ်င့္ဟြမ္ကို သူ႔ေရွ႕တြန္းပို႔လိုက္၏။ အမွန္ေတာ့ သူခ်င့္ဟြမ္အတြက္ အတန္ငယ္စိတ္ပူပန္လို႔ေနသည္။
ဒီလိုမေကာင္းမကမ္းအခ်ိန္အခါမ်ိဳးမွာမွ ႐ိုက္ကမယ္? ေသပါေတာ့! ခ်င့္ဟြမ္ေတာ့နားကားၿပီ..
ၾကည့္ရတာ ခ်င့္ဟြမ္ဒီတေခါက္ေတာ့ ကံဆိုးမိုးေမွာင္က်ၿပီထင္တယ္!
ကဒ္ဘုတ္ျပားကိုင္ထားသည္ေကာင္ေလးမ်ားက ေနာက္ခံကို အလ်င္အျမန္ေျပာင္းလိုက္သည္။
"မင္းအဆင္သင့္ပဲလား?"
လ်ိဳက်ားအန႔္ကေတာ့ ကင္မရာ 1 ေရွ႕ထိုင္ေနသည္။ သူက ခ်င့္ဟြမ္ မိမိဘာသာရီဟာဇယ္ အႀကိမ္အနည္းငယ္ေလာက္လုပ္ေနတာကို ေတြ႕လိုက္တာေၾကာင့္ေမးျမန္းလိုက္၏။
"အင္း" ယြီခ်င့္ဟြမ္က ေခါင္းညိတ္လိုက္သည္။
"အိုေက! အက္ရွင္!"
ရဲ႕ရွန္းဆိုတာ ေဆး႐ုံမွာအလုပ္လုပ္တာ ၆ ႏွစ္ ရွိေနၿပီျဖစ္တဲ့ Endocrine ခြဲစိတ္ဆရာဝန္တေယာက္ျဖစ္၏။
သူသည္ ခ်မ္းသာေသာမိသားစုမွျဖစ္ကာ ေခ်ာေမာခန႔္ျငားသည့္မ်က္ႏွာသြင္ျပင္ရွိသည္။ ထို႔ေၾကာင့္ ေဆး႐ုံတြင္ အၿမဲလိုလိုလူစိတ္ဝင္စားျခင္းခံရေပသည္။
အခ်ိန္ေတြၾကာလာတာႏွင့္အမွ် သူသည္ေသြးနထင္ေရာက္ကာ မိန္းမေပြရႈပ္သူတေယာက္ျဖစ္လို႔လာသည္။
သူ႔ေဆးကုသမႈအရည္အခ်င္းမွာ မဆိုးလွေပ။ သို႔ေသာ္လည္း သူသည္လူနာေတြႏွင့္အကြၽမ္းတဝင္ မရွိလွေခ်။
သူ႔ခြဲစိတ္မႈၿပီးေျမာက္သြားသည္ႏွင့္ လူနာကို လက္ေထာက္မ်ားႏွင့္္လႊဲကာ တေယာက္တည္း ပစ္ထားခဲ့တက္ၿပီး က်န္သည့္အပိုင္းမ်ားကို လက္ေထာက္မ်ားအား ဆက္လက္လုပ္ခိုင္းေစတက္သည္။
ယြီခ်င့္ဟြမ္႐ိုက္ကူးရမည့္ဆင္းစ္မွာ ရဲ႕ရွန္းႏွင့္ သူ႔လူနာမိသားစုဝင္မ်ားအၾကားဆက္ဆံေရးကို ႐ိုက္ကူးသည့္အခန္းျဖစ္၏။
၉ ႏွစ္အ႐ြယ္သာရွိေသးသည့္ ကေလးမေလးမွာ သိုင္း႐ြိဳက္ကင္ဆာျဖစ္ေနသည္။ ထိုကင္ဆာမ်ိဳးကို အသက္မေသႏိုင္သည့္ကင္ဆာအမ်ိဳးအစားလို႔ ေခၚၾကေသာ္ျငားလည္း လူနာကအသက္ငယ္ေလေလ အသက္ဆုံးရႈံးႏိုင္မႈပိုမ်ားေလျဖစ္ေပ၏။
ကေလးမေလး၏မိခင္မွာ တေနကုန္ငိုငိုယိုယိုျဖစ္ေနခဲ့ၿပီး စိတ္ႏွလုံးခ်ဳံးခ်ဳံးက်ကာကူကယ္ရာမဲ့လို႔ေနသည္။
သူနာျပဳျဖစ္သူက သူမအားဘယ္လိုပင္ရွင္းျပေျဖာင့္ျဖေနပါေစ သူမအတြက္စိတ္ေအးသက္သာမႈကို မခံစားရေပ။
ထို႔ေၾကာင့္ တေန႔အလုပ္ဆင္းခါနီးအခ်ိန္နားေလာက္တြင္ သူမက ရဲ႕ရန္း၏ ႐ုံးခန္းကိုသြားေရာက္ခဲ့သည္။
"ေဒါက္တာရဲ႕"
ၾကာေညာင္းေနၿပီျဖစ္ေသာအိပ္မေပ်ာ္ျခင္းႏွင့္ စိတ္ပိုင္းဆိုင္ရာ႐ိုက္ခတ္မႈက သူမအားၿပိဳလဲက်မတက္ ျဖစ္ေနေစသည္။
သူမမ်က္ႏွာမွာ လူေသေကာင္ကဲ့သို႔ျဖဴေလ်ာ္ေနၿပီး အ႐ိုးစုကဲ့သို႔ပိန္ပါးေနကာ ေလတခ်က္တိုက္ယုံမွ်ႏွင့္ ၿပိဳလဲေတာ့မည္ထင္ရသည္။
ရဲ႕ရွန္းကိုျမင္ေသာအခါ သူမက ေနာက္ဆုံးအသက္ကယ္ေကာက္႐ိုးမွ်င္တမွ်င္ကို ျမင္ေတြ႕လိုက္ရသည့္အလား ရႈိက္ငင္ေနေသာအသံျဖင့္
"ကြၽန္မသမီးေလး တုံတုံအေျခအေနဘယ္လိုရွိလဲ? ေဒါက္တာရဲ႕ ...ခြဲစိတ္မႈက တကယ္ပဲစိတ္ခ်ရရဲ႕လား? ဒါ...ဒါက အေသးစားခြဲစိတ္မႈေလးသာပဲ.. ဟုတ္တယ္မလား?"
ရဲ႕ရွန္းမွာအလုပ္ၿပီးရင္ဒိတ္တခုရွိေနေသးသည္။ သို႔ေသာ္လည္း ခုေတာ့ပုံဆိုးပန္းဆိုးငိုယိုေနသည့္ မိန္းမတေယာက္က ဖမ္းဆြဲထားတာခံေနရသည္။ သူက ခ်က္ခ်င္းပဲစိတ္လြတ္သြားရၿပီး
"ဘယ္လို ခြဲစိတ္မႈမ်ိဳးမဆိုအႏၲရာယ္ရွိတယ္! ခြဲစိတ္မႈအေသးစား? ဒါမ်ားဘာလို႔ငါတို႔ေဆး႐ုံမွာ လာလုပ္ေနေသးလဲ? ဟမ္? ေက်းဇူးျပဳလို႔!"
အမ်ိဳးသမီးမွာ ရဲ႕ရွန္းကို ေတာင္းပန္ခယေနသည့္ ျပဴးက်ယ္က်ယ္မ်က္ဝန္းမ်ားျဖင့္ၾကည့္လို႔ေနသည္။
သူမေျခေထာက္မ်ားမွာခ်ိနဲ႔ေနၿပီျဖစ္လို႔ သူမခႏၲာကိုယ္ကိုေတာင္ အေထာက္အကူမျပဳႏိုင္ေတာ့သေလာက္နီးနီးပင္။
သူမဟာ ဆရာဝန္ဆီကအားေပးစကားအနည္းငယ္ေလာက္ ရွာေဖြဖို႔ေရာက္လာသည္ျဖစ္ေသာ္လည္း ခုလို ေသြးေအးလွသည့္စကားေတြသာ ျပန္လည္ရရွိခဲ့ေပ၏။
"ေဒါက္တာ ...ေဒါက္တာ ရဲ႕.."
"လႊတ္..." ရဲ႕ရွန္းမွာ စိတ္လက္မရွည္စြာျဖင့္ သူမ၏ လက္ေတြကိုခါထုတ္ပစ္လိုက္ရင္း ႐ြံရွာစက္ဆုပ္မႈေတြျပည့္ႏွက္ေနသည့္မ်က္ဝန္းမ်ားျဖင့္ သူ႔အဝတ္အစားေတြကိုခါလို႔ေနသည္။
"ခင္ဗ်ားက ဒီအေၾကာင္းအရာနဲ႔ပတ္သက္လို႔ အခါတစ္ရာေလာက္ အၿမဲပူညံပူညံလာလုပ္ေနတာ.. ဆရာဝန္တေယာက္မွာသုံးမကုန္တဲ့အခ်ိန္ေတြ ရွိတယ္မ်ားထင္ေနလား?"
ထိုသို႔ဆိုလိုက္ရင္း သူကအမ်ိဴးသမီးကိုတြန္းကာ လစ္လ်ဴရႈထြက္ခြာသြားေတာ့သည္။
"ကဒ္"
လ်ိဳက်ားအန႔္မွာ ကင္မရာ1 ကေနဆင္းစ္ကို ၾကည့္ေနၿပီးဆိုလိုက္သည္။ ခုခ်ိန္မွာ တင္းမာေနသည့္ပုံစံေတာ့မရွိေတာ့ေပ။
ယြီခ်င့္ဟြမ္က အေကာင္းဆုံးအက္တင္ကိုခ်ျပသြားသည္မွာ သူေမွ်ာ္မွန္းထားသည္ထက္ေတာင္သာလြန္ေနေသးသည္။
သူကမ်က္ႏွာသစ္တေယာက္နဲ႔လုံးလုံးမတူဘဲ ရဲ႕ရွန္း၏ေသြးႀကီးမႈႏွင့္ေအးတိေအးစက္ႏိုင္မႈတို႔ကို အလုံးစုံေဖာ္က်ဳးသြားႏိုင္ခဲ့သည္။
လႈပ္ရွားမႈတိုင္းအမူအရာတိုင္းမွာ ရဲ႕ရွန္းလုံးလုံး ျဖစ္ေနကာ ယြီခ်င့္ဟြမ္၏အရိပ္အေရာင္တစ္စြန္းတစကို ေတာင္မေတြ႕ရေပ။
NG လုံးဝမရွိတဲ့ ဆင္းစ္ပဲ!
အျခား႐ိုက္ကူးေရးအဖြဲ႕သားေတြမွာလည္း အံဩတႀကီးျဖစ္ကုန္ၾကသည္။ သူတို႔အကုန္လုံးမွာ ယြီခ်င့္ဟြမ္အား ဒီေနရာကိုအဆက္အသြယ္အသုံးခ်ၿပီးရလာတယ္ထင္မွတ္ၿပီး မုန္းတီးေနၾကသည္။
သို႔ေသာ္ ခုခ်ိန္မွာေတာ့ သူတို႔သူ႔အေပၚထားရွိေသာ သေဘာထားေတြမွာ လုံးဝဥသုံေျပာင္းလဲသြားခဲ့ေခ်ၿပီ။
ယြီခ်င့္ဟြမ္မွာ သူ႔အပိုင္းၿပီးလို႔အနားသြားယူသည့္အခါ လူအေတာ္မ်ားမ်ားကလာေရာက္ႏႈတ္ဆက္ၾကေပသည္။
ေတြ႕လား? ဒါကို အႏုပညာေလာကလို႔ေခၚတယ္!
ဒီဟာက ယြီခ်င့္ဟြမ္ကေန႔႐ိုက္ကူးရမည့္ တခုတည္းေသာဇာတ္ဝင္ခန္းျဖစ္ေလသည္။
သူ႔အပိုင္းသူၿပီးလို႔ ေရေႏြးပူပူေလးတခြက္ယူကာ လက္ေတြကိုေႏြးလာေအာင္လုပ္ယူေနတုန္းပဲ ရွိေနေသး ဝမ္က်န္းရွန္းကသူ႔အားလက္မ်ားေဝွ႔ယမ္းလို႔
"ယြီ ဒီလိုလာဦး"
"ဆရာဝမ္"
ယြီခ်င့္ဟြမ္က အနားသြားလိုက္ရင္း ယဥ္ေက်းပ်ဴငွာစြာ ႏႈတ္ဆက္လိုက္၏။
"စိတ္မလႈပ္ရွားပါနဲ႔ ထိုင္"
ဝမ္က်န္းရွန္းက အၿပဳံးျဖင့္ေျပာလိုက္ၿပီး သူ႔နံေဘးနားထိုင္ဖို႔အမူအရာလုပ္ျပသည္။
"မင္းခုသ႐ုပ္ေဆာင္သြားတာကို ဘယ္လိုထင္လဲ?"
ယြီခ်င့္ဟြမ္မွာ ထိုေမးခြန္းေၾကာင့္ ေၾကာင္အမ္းသြားရသည္။ ထိုေၾကာင့္ သူသည္ သူ႔သ႐ုပ္ေဆာင္မႈ ဘယ္ေနရာမ်ားလြဲေခ်ာ္ေနလဲ အေသအခ်ာေလးျပန္လည္သုံးသပ္ေတြးေတာေန၏။
"မေၾကာက္ပါနဲ႔ မင္းစိတ္ထဲရွိတဲ့အတိုင္းသာေျပာ"
ယြီခ်င့္ဟြမ္က သူ႔ဆိုလိုရင္းကို မွန္းဆလို႔မရသည္ျဖစ္ေသာေၾကာင့္ အမွန္အတိုင္းသာတဲ့ေျပာခ်လိုက္၏။
"အမွန္ေတာ့ ကြၽန္ေတာ္အမ်ားႀကီးမေတြးထားဘူး စိတ္ထဲရွိသလိုသ႐ုပ္ေဆာင္လိုက္တာပါပဲ"
"ဒါက မင္းရဲ႕အႀကီးဆုံးျပသနာပဲ"
ဝမ္က်န္းရွန္းက သက္ျပင္းခ်လိုက္ရင္း
"ယြီ မင္းက ငါျမင္ဖူးသမွ်လူငယ္ေတြထဲ အရည္အခ်င္းအရွိဆုံးပဲ... ၿပီးေတာ့ မင္းအခု သ႐ုပ္ေဆာင္သြားတာကလည္း အင္မတန္ေျပာင္ေျမာက္တယ္ ဒါေပမယ့္...."
သူက ခဏေလာက္ရပ္တန႔္လိုက္ၿပီးမွ ဆက္ေျပာလာသည္။
"မင္းကိုေမးပါရေစ ..မင္းသ႐ုပ္ေဆာင္ရတာကို မႏွစ္သက္ဘူး ဟုတ္တယ္မလား ?"
ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ!
ယြီခ်င့္ဟြမ္မွာျငင္းဆိုခ်င္ေသာ္လည္း သူ႔စကားလုံးမ်ားက ႏႈတ္ခမ္းဖ်ားေရာက္ေသာ္ ေျပာမထြက္ႏိုင္ ေတာ့ေပ။
အတိတ္ဘဝတုန္းက သူသည္သ႐ုပ္ေဆာင္အလုပ္ကို အသက္ေမြးဝမ္းေၾကာင္းတခုအေနနဲ႔သာ လုပ္ေဆာင္ခဲ့ျခင္းျဖစ္၏။
ယခုဘဝမွာေတာ့ ဝန္ထုပ္ဝန္ပိုးႀကီးတခုလိုသာ သေဘာထားခဲ့၏။ သူအေနနဲ႔ တကယ္ပဲ သ႐ုပ္ေဆာင္ျခင္းကိုႀကိဳက္ႏွစ္သက္သလားဆိုတာ တခါမွ်ပင္မေတြးေတာ့ခဲ့မိေပ။
"ယြီ"
ဝမ္က်န္းရွန္မွာတုတ္ေကာက္အကူအညီျဖင့္မတ္တပ္ထရပ္ဖို႔ႀကိဳးစားေနကာ သူ႔ရဲ႕ ျဖဴေရာ္ေရာ္ဆံပင္တို႔မွာ ေလထဲတြင္လြင့္ပ်ံေနၿပီး သူ႔အသက္အ႐ြယ္ကို ေဖာ္က်ဴးေနသည္။
"မင္းသ႐ုပ္ေဆာင္စြမ္းရည္က ဒီေလာကထဲက လူေတာ္ေတာ္မ်ားမ်ားထက္သာတယ္...ဒါမွမဟုတ္ ေျပာရမယ္ဆို သ႐ုပ္ေဆာင္ဆုေတြရထားတဲ့ လူေတြထပ္ေတာင္မွသာေနေသးတယ္ ဒါေပမယ့္ မင္းသ႐ုပ္ေဆာင္မႈကစိတ္ဝိဉာဥ္ခံစားခ်က္မရွိဘူး"
စိတ္ဝိဉာဥ္ခံစားခ်က္မရွိဘူး?
ယြီခ်င့္ဟြမ္မွာ ထိုစကားမ်ားအေပၚ ေတြးေတာဖို႔ ႀကိဳးစားေနသည္။ ဝမ္က်န္းရွန္း၏ ၿပဳံးေနသည့္ မ်က္ဝန္းမ်ားထဲသို႔ တည့္တည့္မတ္မတ္ စိုက္ၾကည့္လိုက္ကာမွ သူသေဘာေပါက္သြားရသည္။
သ႐ုပ္ေဆာင္တဲ့အခါ သူက သူ႔ကိုယ္သူ ေဘးလူတေယာက္အေနနဲ႔သာ အၿမဲသေဘာထားခဲ့ၿပီး ဇာတ္ေကာင္ျဖင့္တသားတည္းျဖစ္ေအာင္ ေပါင္းစည္းခဲ့ျခင္းမရွိခဲ့ေပ။
အကယ္၍မ်ား သ႐ုပ္ေဆာင္တေယာက္သည္ သူ႔ဇာတ္ေကာင္ကိုေတာင္ သူအသိအမွတ္မျပဳႏိုင္ခဲ့ပါက သူ႔အေနနဲ႔ၾကည့္ရႈသူပရိသတ္ေတြကို ဒီဇာတ္ေကာင္နဲ႔တသားတည္း ထပ္တူဘယ္လိုခံစားေစႏိုင္မွာလဲ?
သူဆိုလိုခ်င္တာကို သေဘာေပါက္သြားသည္အားျမင္သည့္အခါ ဝမ္က်န္းရွန္းမွာဝမ္းေျမာက္ဝမ္းသာၿပဳံးလိုက္ၿပီး ယြီခ်င့္ဟြမ္လက္ထဲသို႔ သူနာမည္ထိုးထားၿပီးျဖစ္သည့္ စာ႐ြက္ကိုကမ္းေပးလိုက္သည္။
"တကယ္လို႔သာ ဒီေန႔ မင္းငါဘာဆိုလိုခ်င္တယ္ဆိုတာ သေဘာမေပါက္ခဲ့ရင္" သူက အမႈိက္ျခင္းကို ၫြန္ျပရင္း
ဒီစာ႐ြက္က အဲ့ထဲေရာက္ေနေလာက္ၿပီ"
ယြီခ်င့္ဟြမ္၏ အံ့အားတသင့္အမူအရာအားျမင္ေသာ္ ဝမ္က်န္းရွန္းကၿပဳံးလိုက္ရင္း
"ငါ အနားယူသြားၿပီျဖစ္လည္း ငါ့အတြက္ အမ်ိဳးသားအဆင္ျမင့္ကဇာတ္႐ုံမွာ ေနရာေတာ့ရွိပါေသးတယ္.. မင္းမနက္ဖန္ရႈတင္မရွိဘူးမလား? မင္းကို အဲ့ကိုလိုက္ျပေပးမယ္... ဒါကမင္းအက္တင္ပိုင္းကို အေထာက္အကူျပဳရင္ျပဳေပးႏိုင္မွာ"
အမ်ိဳးသားအဆင္ျမင့္ကဇာတ္႐ုံ!
ထိုေနရာကေန တစုံတရာကိုသင္ယူဖို႔ဆိုတာ သ႐ုပ္ေဆာင္တိုင္းရဲ႕အိပ္မက္ပဲ! ယြီခ်င့္ဟြမ္ရဲ႕ ရည္မွန္းခ်က္ကအႏုပညာေလာကထဲမွာ မဟုတ္ေတာင္ သူ႔အေနနဲ႔ဒီလိုရခဲလွတဲ့အခြင့္အေရးမ်ိဳးကို မျငင္းဆန္ႏိုင္ေပ!
သူ႔က ႏႈတ္ခမ္းမ်ားကိုတင္းတင္းေစ့ပိတ္လိုက္ၿပီး ဝမ္က်န္းရွန္းကိုခါးၫြတ္ႏႈတ္ဆက္လိုက္ကာ
"ေက်းဇူးတင္ပါတယ္ ဝမ္လူႀကီးမင္း အေႏွာက္အယွက္ေပးရဦးမွာအားနာပါတယ္"
ဝမ္က်န္းရွန္းက ေခါင္းကိုယမ္းခါလိုက္ၿပီး မ်က္ႏွာေပၚတြင္ အၿပဳံးတခုျဖင့္ထြက္ခြာသြားေတာ့သည္။
သူထြက္သြားၿပီးသည္ႏွင့္ ယြီခ်င့္ဟြမ္ကေနရာမွာတင္ထိုင္လို႔ သူ႔ရဲ႕အံ့ဩတုန္လႈပ္ေလာက္ဖြယ္ကံတရားကို ေတြးေတာေနခဲ့၏!
သို႔ေသာ္လည္း သူတခုခုအေျဖရွာမရေသးခင္မွာတင္ အသံတခုေၾကာင့္လန႔္ႏိုးလာခဲ့ရသည္။
သူဖုန္းကိုထုတ္ၾကည့္လိုက္ေတာ့ ယြီရွင္းျဖစ္လို႔ေနသည္။
"ခ်င့္ဟြမ္ ငါမနက္ျဖန္ေန႔လည္ေလာက္ ျပန္လာခဲ့မယ္!"
ယြီရွင္းအသံမွာ အေတာ္ေလးစိတ္လႈပ္ရွားေနဟန္ ရွိသည္။
"မင္းသိလား? ကိစၥေတြအကုန္ၿပီးျပတ္ခဲ့ၿပီ! မင္းလူႀကီးေတြကတကယ္ေကာင္းၾကတာပဲ... သူတို႔က မင္းႀကိဳက္တယ္ဆိုၿပီး မက္မြန္သီးစည္သြတ္ဘူးေတြငါ့ကိုအမ်ားႀကီးထည့္ေပးလိုက္ေသးတယ္... မင္း မနက္ျဖန္ေန႔လည္အားတာ ငါသိတယ္..ငါ့ကို ေလဆိပ္မွာလာႀကိဳေပးဦး!"
"မရေလာက္ဘူးထင္တယ္"
ယြီခ်င့္ဟြမ္မွာ မ်က္ေမွာင္ႀကဳံ႕ရင္း ရွင္းျပမည္လုပ္စဥ္မွာပင္ ယြီရွင္းကတဖက္ျခမ္းကေန ၿငီးၿငီးျငဴျငဴျမည္တမ္းေနေလၿပီ။
"လာစမ္းပါ ခ်င့္ဟြမ္ရ! မင္းမွာ လူသားခ်င္းစာနာေထာက္ထားစိတ္ေလး အနည္းငယ္ေလာက္ေတာင္ မရွိေပဘူးလား ဟမ္? ဒီေလာက္စည္သြတ္ဘူးေတြအမ်ားႀကီး ငါတေယာက္တည္းမႏိုင္ဘူးေလ"
ယြီခ်င့္ဟြမ္က အနည္းငယ္ရွက္ကိုးရွက္ကန္းျဖင့္
"ဒါေပမယ့္ ကြၽန္ေတာ္မနက္ျဖန္က်ရင္ ဆရာဝမ္နဲ႔အတူတူ အမ်ိဳးသားအဆင္ျမင့္ကဇာတ္႐ုံကို သြားရမယ္"
"ခင္ဗ်ား ဒါကို Deliနဲ႔ပဲ အိမ္ပို႔လိုက္လို႔ရမလား"
"ေနဦး"
ယြီရွင္းက အသံကိုျမႇင့္လိုက္ၿပီး
"မင္းဘာေျပာလိုက္တာ? မင္း အမ်ိဳးသားအဆင္ျမင့္ကဇာတ္႐ုံကိုသြားရမယ္?"
ယြီခ်င့္ဟြမ္, "အင္း"
ယြီရွင္းမွာစိတ္လႈပ္ရွားသြားရၿပီး
"အဲ့ဒါက အဲ့ဒီ..အမ်ိဳးသားအဆင္ျမင့္ကဇာတ္႐ုံလား? ၿပီးေတာ့ ဝမ္ဘယ္သူ?"
ယြီခ်င့္ဟြမ္က ဆိုလိုက္သည္။
"အဲ့ဒါက အဲ့ဒီ..အမ်ိဳးသားအဆင္ျမင့္ကဇာတ္႐ုံပဲ ၿပီးေတာ့ဝမ္က်န္းရွန္းနဲ႔"
အခ်ိန္ကာလတခုေလာက္ ထူးဆန္းစြာ ၿငိမ္သက္တိတ္ဆိတ္သြားရၿပီး ယြီရွင္းမွာတဖက္လိုင္းေပၚကေန ျပတ္ျပတ္သားသားေျပာလာသည္။
"မင္း ကဇာတ္႐ုံကိုသြား! ငါ အသက္နဲ႔ရင္းၿပီး ဒီစည္သြတ္ဘူးေတြရေအာင္ သယ္ခဲ့မယ္"
ယြီခ်င့္ဟြမ္, "......"
.,.,.,.,.,.,.,.,.,.,.,.,.,.,.,
T/N>>> ျမန္မာႏွစ္သစ္မွာ အားလုံးပဲ က်န္းမာ ခ်မ္းသာ ေပ်ာ္႐ႊင္ၾကရပါေစလို႔ ႏွစ္သစ္ဆုမြန္ေကာင္းေလး ေတာင္းေပးလိုက္ပါတယ္ေနာ္ အားလုံးလိုလားေတာင့္တေနတဲ့ ဒီမိုကေရစီကိုလည္း အျမန္ဆုံး ရရွိပိုင္ဆိုင္ရပါေစ 💗
☆☆☆☆☆☆☆☆