Days of Counting Camellia (Hi...

By All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... More

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[9] Emperor wants a cage
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[17]Ravens have claws '

3.7K 377 31
By All-shine

Check Zawgyi version below ⬇️

#Unicode

" နင်တို့နှစ်‌ယောက် ဒီကနှင်းတွေကို မြန်မြန်လေး ရှင်းပေးစမ်းပါ ... တို့အိမ်ကသခင်မလေးက ဒီနေရာမှာ နေ့လည်စာစားဖို့ အလိုရှိတယ် "

Afa နှင့် Lila သူတို့အနားရောက်တာနဲ့ ခြေထောက်အောက်က နှင်းထုကို လက်ညိုးထိုးကာ ရှင်းခိုင်းလေသည် ။

Afa မှာ Xavia နန်းတော်၏ လုပ်ထုံးလုပ်နည်းတွေကို မသိတာမို့ ဘယ်လိုမှမတုန့်ပြန်ပဲ ငြိမ်နေလိုက်၏ ။ ဒါ့အပြင် ဂါဝန်ပြာနဲ့ မိန်းကလေးရဲ့ ပုံသဏ္ဌာန်သည် ကြီးကြီးကျယ်ကျယ် အရေးပါအရာရောက်သောသူ ဖြစ်ပုံရသည် ။

သို့သော် အကြောင်းသိ Lila ကတော့ ထိုသို့မဟုတ် ။ လက်ညိုးတထိုးထိုးနဲ့ သူမအား ခိုင်းစားချင်နေသော အစေခံမလေးကို ခါးထောက်ကာ ပြန်လှန်ကြည့်သည် ။

Lila : " ဘယ်အိမ်က သခင်မလေးလဲ ? "

Lila က ထိုမေးခွန်းကို အစေခံ၏နောက်၌ ရပ်နေသော သခင်မလေးဆိုသူကို တည့်တည့်ကြည့်ကာ မေးလိုက်တာဖြစ်၏ ။ မိမိနှင့်မဆိုင်သလို နှုတ်ဆိတ်ကာနေသော Jane ကိုတော့ Lila တစ်ယောက် မျက်လုံးချင်းမဆုံ ။

" ဒါက Fame အိမ်တော်က သခင်မလေး Eliza Fame ပဲ ။ မကြာခင် Xavia ရဲ့ပထမဦးဆုံး သတင်းနဲ့ဆက်သွယ်ရေးဌာနကို ဦးဆောင်မယ့်သူပဲ မှတ်ထား "

ထိုအစေခံသည် ခေါင်းမော့ရင်ကော့ကာ သူမ၏သခင်မလေး ကိုယ်စား ဂုဏ်ဖော်ဝင့်ကြွားလေသည် ။ သတင်းနှင့်ဆက်သွယ်ရေးဌာန ဆိုတာဟာ ခေတ်အဆက်ဆက် ဘယ်နိုင်ငံမှာမှ မရှိခဲ့သော ပထမဦးဆုံးဝန်ကြီးဌာနတစ်ခု ဖြစ်လာမည် မဟုတ်လား ။ သေချာပေါက် ထိုဌာနကို ဦးစီးမယ့်ပုဂ္ဂိုလ်ဟာ ဘယ်လောက်အရေးပါကြောင်း ရှင်းပြစရာတောင်မလို ။

ဒါပေမယ့် သူမ၏သခင်မလေးဆိုသူကတော့ မျက်မှောင်တွေကျုံ့သွားလေ၏ ။

Eliza : " Gina , အသံလျော့ ... ဒီနေရာက ဈေးတန်းမဟုတ်ဘူး အိ‌န္ဒြေရှိစမ်း ! "

သခင်ဖြစ်သူ၏ ဆူငေါက်ခံလိုက်ရမှ စွာကျယ်သောအစေခံလေးမှာ မျက်နှာအချိုးပြင်ပြီး ငြိမ်သွား၏ ။

Eliza : " Gina က အနေအထိုင်မတတ်လို့ လစ်လျှူရှုလိုက်ပါ ။ ဒါပေမယ့် ဒီနှင်းတွေကို ရှင်းပေးရင်တော့ အရမ်းအဆင်ပြေသွားမှာပဲ "

Eliza က ထိုသို့ ခပ်ပြုံးပြုံးပြောလေသည် ။ သူမ၏စကားမှာ ယဉ်ကျေးပုံရသော်လည်း ခိုင်းစားတာကတော့ အထင်းသား ... ဒါ့အပြင် သူမရဲ့အစေခံ၏ ရိုင်းပြမှုကိုကျတော့ ခပ်ပေါ့ပေါ့လစ်လျှူရှုပေးပါဆိုပဲ ။

Afa သည် နန်းတွင်းတစ်ခု၌ ကြီးပြင်းလာသူဖြစ်ပေမယ့် နန်းတွင်း၏မာယာများပုံ ၊ စကားအလိမ်အကွေ့များကိုတော့ ဘယ်တော့မှ အသားမကျနိုင်ခဲ့ပါ ။ မျက်နှာဖုံးများစွာနှင့် သရုပ်‌ဆောင်တော်သူတို့သည် ပါးနပ်သည်ဟု သမုတ်ခံရတတ်သည် ။ လောကကြီး၌ ထို ' ပါးနပ်သူ ' တို့သည် ချီးမြှောက်ခံရလေသည် ။

Eliza ၏ သကြားဖြူးတဲ့ စကားလုံးတွေကို Lila က ဒေါသထွက်ပြီ ။

Lila : " အော် ဟုတ်ကဲ့ပါ Fame သခင်မလေးရှင့် "

Lila က ဂါဝန်စလေးကိုမကာ အရိုအသေပေး‌သော်လည်း မျက်နှာမှာခပ်ရွဲ့ရွဲ့ ... ။ Lila မှာ Eliza လို စကားလုံးကြွယ်ကြွယ်တွေမရှိ ။ ထို့ကြောင့် ဖြစ်စဉ်ကို တိတ်ဆိတ်စွာကြည့်နေသော Jane အား ကူဖော်ရမလား လက်တို့ရ၏ ။

Lila : " ဒါနဲ့ ကွန်မန်ဒါ Jane လဲရှိနေတော့ မေးရဦးမယ်ရှင့် ... နန်းတွင်းသူတွေက ဘယ်တုန်းက မျိုးရိုးကြီးအိမ်တော်တွေရဲ့ အခိုင်းစေဖြစ်သွားရတာလဲ ? ဒါမှမဟုတ် အဲသလိုအိမ်တော်တွေအောက် သိက္ခာမရှိခယပြရမှာက Xavia နန်းတွင်းရဲ့ စည်းမျဉ်းပဲလား ? "

Lila ၏ အသံမှာ တဖြေးဖြေးမာကျောလို့လာပြီ ။ သူမ၏ နဂို ပေါ့ပါးသောပုံရိပ်လေးပျောက်ကာ သန်မာလှသောပုံစံကြောင့် Afa မှာ အံ့ဩမိ၏ ။ တစ်ပြိုင်နက်တည်းမှာပဲ လေးစားမိသည် ။

ဒီနေရာမှာ Afa သာဆိုရင် ဘယ်သူနဲ့မှ ရန်သူမလုပ်ပဲ အေးအေး‌ဆေးဆေးကူညီပေးလိုက်ပြီပေါ့ ။

Jane : " စည်းမျဉ်းက နန်းတော်ထဲကလူတွေအပေါ်ပဲ ချက်ချင်းသက်ရောက်တယ် ... ။ နန်းတော်အပြင်ဖက်ကလူကို အပြစ်ပေးချင်တယ်ဆိုရင် ရုံးမှာအမှုအရင်ဖွင့်ရမယ် ။ ဒါမှမဟုတ် အရှင့်ရဲ့အမိန့် တိုက်ရိုက်ရရင်တော့ တစ်မျိုးပေါ့ "

Lila ၏ အမေးကို Jane က သေချာပြန်ဖြေပါသည် ။

Lila မှာတော့ Jane ၏အဖြေကိုကြားပြီး ပါးစပ်ဟကာ စကားလုံးတွေ ပျောက်သွားပါတော့သည် ။

ဥပဒေကျွမ်းကျင်သူတစ်ယောက်က ပြောသော စကားဖြစ်၍ Lila လဲ ဘာမှပြိုင်မပြောနိုင်တော့ ... ။ သူမ သိလိုက်တာက နန်းတွင်းသူတစ်ဦး အပြစ်လုပ်လျှင် တန်းပြီး အပြစ်ပေးနိုင်ပေမယ့် ၊ နန်းတော်အပြင်က သာမန်ပြည်သူတစ်‌ယောက်အပြစ်လုပ်လျှင် တန်းပြီးအပြစ်ပေးလို့ မ‌ရကြောင်း... ။ ပြီးတော့ Eliza ဟာ တရားဝင်မင်းမှူထမ်း မဖြစ်သေးသူ ... ။

ပြည်သူများအပေါ် ညှာတာပြီး အမှုထမ်းများအပေါ်တွင်မူ လွန်စွာတင်းကျပ်သော ဥပဒေဖြစ်၏ ။ ထိုသို့တင်းကျပ်ထားခြင်းအားဖြင့် ယခုကဲ့သို့ လက်တစ်လုံးခြားလုပ်ခံရသော အခြေအနေများရှိနိုင်သော်လည်း မင်းမှုထမ်းတို့ဟာ ပြည်သူကိုအလုပ်အကျွေးပြုရတာဖြစ်ကြောင်း ပေါ်လွင်စေ၏ ။ မိမိတို့၏ ရာထူးအာဏာဖြင့် ပြည်သူအပေါ် မည်သည့်နည်းနှင့်မှ အနိုင်ယူ၊ မင်းမူ၍မရကြောင်း သတိပေးနေသလိုပင် ။

Afa လဲ ဥပဒေကိုရေးသော ရှင်ဘုရင်၏မျက်နှာလှလှကို မြင်‌ယောင်လာကာ ရေးရေးလေးပြုံးလိုက်မိသည် ။

Lila မှာ မတရားမှုကြီးကြောင့် ဒေါသဖြင့် မျက်နှာတစ်ခုလုံး နီရဲတက်လာ၏... ။ Eliza ၏ အစေခံမလေး Gina ကတော့ အောင်နိုင်သူပမာ ပြုံးဖြီးနေတော့သည် ။

သာမန်လူဖြစ်လို့ဆိုပြီး ဒီလို ခေါင်းပေါ်တက်ခွင့်ပေးလို့လဲ ရသလား ?

ကံမကောင်းတာက Lila ဟာ ဒေါသအထွက်လွန်ပြီး ခိုင်းတာကိုမလုပ်ပေးလဲရတယ် ဆိုတဲ့အချက်ကို မေ့သွားခြင်းပင် ။ တင်းကျပ်သောဥပဒေအရ အနိုင်ကျင့်လို့မရပေမယ့် မိမိတာဝန်မဟုတ်တာတွေကို ဘယ်သူကပဲဖြစ်ဖြစ် အသားလွတ်လာခိုင်းနေရင်တော့ သေချာပေါက် ငြင်းဆိုလို့ရပါသည် ။

Lila : " အာ့ဆိုလဲ ဒီနေရာတစ်ကွက် ရှင်းပေးရင်ရပြီ မဟုတ်လား ? "

အရှုံးပေးလိုက်ရသော Lila မှာ နှင်းခပ်သောဂေါ်ကြီး မလာပြီး ရေပေါ်ဆီမမလေးပွဲတော်တည်ဖို့အရေး နှင်းတွေရှင်းပေးနေလေရဲ့ ။

သခင်မလေး Eliza ကတော့ သူမ၏အစေခံနှင့် Jane ကို လက်ဆွဲကာ နန်းဆောင်တစက်မြိတ်အောက်ထဲ သွားဝင်စောင့်နေလေသည် ။

Afa မှာ ဘာလုပ်လို့၊ ဘာကိုင်ရမလဲမသိ လမ်းတစ်ဝက်၌ Lila အား ရပ်ကြည့်နေမိ၏ ။ Lila ကတော့ Afa ကို ပြုံးကာ ခေါင်းသာခါပြပါသည် ။ ဝင်မပါစေချင်တဲ့သဘော ... ။

Lila သည် တစ်ချက်တစ်ချက် သူမ၏ လက်လေးနှစ်ဖက်ကို ပွတ်တိုက်ကာ အာငွေ့ပေး၏ ။ Afa မှာ အဲ့ဒီအမူအရာကို ကြည့်ပြီး စိတ်မကောင်းအလွန်ဖြစ်ရသည် ။ Lila ဝတ်ထားတဲ့ အဝတ်အစားက နှင်းတွေထဲ အလုပ်ကြမ်းလုပ်ဖို့မဟုတ် ၊ နွေးနွေးထွေးထွေး နန်း‌ဆောင်ထဲ အိန္ဒြေရှိသောအလုပ်တွေကို လုပ်ဖို့ပင် ။

" ဂေါ်ပြားကို ဘယ်နေရာကနေ ယူတာလဲ ? "

မနေနိုင်တော့တဲ့အခါ Afa အပြေးကူလိုက်၏ ။

Lila : " နင်က ပျော့တိပျော့ဖတ်နဲ့ အေး‌ဆေးပဲနေပါ "

Lila ၏စကားကို မမှုပဲ Afa ခေါင်းကိုအတင်းခါပစ်လိုက်သည် ။ ထို့နောက် လက်နဲ့ပဲယက်ထုတ်ကာ မြေကြီးပေါ်က နှင်းထုကြီးကို ဖယ်ရှားရန်ကြိုးစား၏ ။ Lila ကတား၏ ။

Lila : " Afa နင့်ကိုယ်က အအေးမခံနိုင်ဘူး ကိုယ့်ကိုယ်ကို သိပါဟာ ။ ဖယ်ဖယ် ငါလုပ်မယ် "

နှင်းတွေကို အလုအယက်ရှင်းနေတဲ့ Afa တို့နှစ်ယောက်ရဲ့အဖြစ်ကို ခပ်လှမ်းလှမ်းမှ အမျိုးသမီးသုံးယောက် ငေးကြည့်နေလေသည် ။

Eliza : " အဲဒါက Raven ဧကရီ ? ငါတော့ သံသယရှိတယ် Jane "

Eliza ၏ မှေးနေသော ကြည်ပြာရောင်မျက်ဝန်းအိမ်ထဲ၌ အံကြိတ်ကာ နှင်းတွေကို ခေါင်းမာစွာ လက်နဲ့ယက်ထုတ်နေသော ကောင်မလေး၏ အရိပ်ဖြူဖြူတစ်ခု ထင်ဟပ်နေသည် ။

Jane က ဘာမှ မှတ်ချက်မပေးလာ ။ Eliza ဟာ Jane ရဲ့အသိမိတ်ဆွေ အမျိုးသမီးတွေထဲမှာ ဉာဏ်အပြေးဆုံးသူတစ်ယောက်ပဲ ဖြစ်သည် ။ Fame အိမ်တော်မှ ဆင်းသက်လာသူပီပီ စကားအရာမှာလဲ သူမတူအောင် ကျွမ်းကျင်သူဖြစ်၏ ။ ဒါကြောင့်လဲ အရှင်ကိုယ်တိုင်က သူမကို အုပ်ချုပ်ရေးမှာ နေရာပေးချင်နေသည် မဟုတ်လား ။

Jane က အဖြေပေးစရာတောင်မလို ။ Eliza သည် Afa Raven အပေါ် အကဲခတ် သတ်မှတ်ပြီးပြီးဖြစ်သည် ။

Eliza : " ငါ အဲလိုအမျိုးအစားတွေ သိပ်မုန်းတာ နင်သိတယ်မလား ? "

Eliza သည် အရာအားလုံး ပြည့်စုံသူဖြစ်ပေမယ့် စာအုပ်ကြီးဖြစ်တာတစ်ခုတော့ ချွင်းချက် ။ တစ်ပါးသူကို သူမသင်ယူထားတဲ့ ၊ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ခိုင်းနှိုင်းကာ ထင်မြင်ချက်တွေပေးပြီး ‌ရစရာမရှိအောင် နှိမ်တတ်သလို ၊ လေးစားတော့လဲ အကျွင်းမဲ့လေးစားချီးကျူးတတ်ပြန်၏ ။ ရှင်းရှင်းပြောရလျှင် လွန်စွာအစွန်းရောက်သူဖြစ်၏ ။

Eliza : " အရှင်က သူ့ကို အတွင်းဆောင်ထိန်းရဲ့ဝတ်စုံကို ပေးဝတ်ထားစေတယ်ဆိုတာ ... သူ့ကိုအဲ့ဒီဝတ်စုံရာထူးနဲ့ ထိုက်သင့်လျောက်ပတ်တဲ့ အာဏာသုံးပြီး ကိုယ့်ကိုယ်ကို ကာကွယ်စေချင်လို့ပဲ ။ အဲဒါကို ... နင်ကြည့်စမ်း သူဘယ်လိုပြုမူနေသလဲဆိုတာ ... သူက အဲ့ဒီရာထူးကို မလေးစားတာလား ? တန်ဖိုးမထားတာလား ? "

Eliza Fame ၏အဘိဓာန်၌ ' လေးစားရသူနှင့် အသုံးမကျသူ ' ဟူ၍ လူနှစ်မျိုးနှစ်စားသာရှိသည် ။ ထိုအထဲ၌ သူမထိတ်ဆုံးလေးစားရသူဟာ သေချာပေါက် မာနမင်းသား, နတ်ဆိုးဝင်စား, အရှင်သခင်ပင် ။

Xavia Ash နန်းတက်စဉ်က သူ့အားခစားမည့် အမတ်တစ်ယောက်ချင်းဆီထံ ကဗျာတစ်ပုဒ်ချင်းစီရေးကာ ပို့ခဲ့ဖူးသည် ။ ထိုကဗျာများကို ဖတ်ရှူခဲ့ရသော အမတ်တို့သည် ရှင်ဘုရင်ငယ်အား အသက်ပါပေးကာ အလုပ်အကျွေးပြုဖို့ ကျိန်ဆိုကြကုန်သည် ဟုဆိုကြ၏ ။ ဖြစ်ချင်တော့ အမတ်ကြီး Fame ထံပေးပို့သောကဗျာကို Eliza ကပါဖတ်မိသွားကာ သူမ၏ လေးစားသမှု နံပါတ်စဉ်တွင် ဧကရာဇ်ငယ်ဟာ နံပါတ်တစ်စွတ်ခူးသွားခဲ့လေသည် ။

သူမတွင် ရှင်ဘုရင်အား ဇာတ်လိုက်နေရာထားကာ ရေးသားထားသော စိတ်ကူးယဉ်ဝတ္ထုများပင်ရှိသည် ဟူ၍ ကြားသိရသည် ။ ထိုကဲ့သို့ ဧကရာဇ်မင်း၏ အမာခံပရိတ်သတ်ဖြစ်သူမို့ ‌Afa Raven လို အသုံးမကျတဲ့ မိန်းကလေးတစ်ယောက်အား အနားမှာခေါ်ထားတဲ့အချက်ကို သည်းမခံနိုင် ။ အရှင်သခင်၏နဘေး ခစားခွင့်ရှိသူတွေဟာ ဉာဏ်ပညာအရ ၊အရည်အချင်းအရ အဆင့်မြင့်မားကြသည်ချည်းသာ ။

ဒါကို ဘာကြောင့် 'ဝ'လဲမရှိ 'ဝိ'လဲမရှိတဲ့ ဖုန်မှုန့်လိုသူ ဖြစ်နေသနည်း ?

Jane : " အဲဒီတော့ ... မင်းစမ်းသပ်ချင်တာ စမ်းသပ်ပြီးပြီမဟုတ်လား Eliza ? ငါ သူတို့နှစ်ယောက်ကို ရပ်ခိုင်းလိုက်တော့မယ် ... အရှင်သာ ဒီအဖြစ်အပျက်ကိုသိရင် မိုးမီးလောင်မှာ ။ ပြီးတော့ အလိမ်အညာပဲဆိုဆို မိသားစုနာမည်သုံးပြီး ဒီလိုတွေ နောက်ဆို မလုပ်တာကောင်းမယ် ။ သူငယ်ချင်းအချင်းချင်းမို့ သတိပေးတာ ... "

Jane သည် ကျွန်ငယ်အား ဘယ်လိုလူမျိုးလဲ အကဲခတ်ချင်ပါတယ် ဆိုတဲ့ Eliza ရဲ့ တောင်းဆိုမှုကြောင့် ငြိမ်နေခဲ့ခြင်းသာ ။ Jane ကိုယ်တိုင်ကလဲ Afa Raven ရဲ့ သရုပ်မှန်အစစ်ကို သိချင်တာကြာပြီ ။ ဒါ့အပြင် သူတပါးစကားထပ် ကိုယ်တိုင်မြင်မှ ယုံတတ်သူမို့ ... Eliza ရဲ့ Afa အား အနိုင်ကျင့်ခြင်းအစီအစဉ်မှာ ဝင်ပါခဲ့တာဖြစ်သည် ။

ဒါပေမယ့် Jane သည် ဒုတိယအကြိမ်စိတ်ပျက်ခြင်းမှလွဲ၍ ဘာမှမရခဲ့ပါ ။ မနေ့ညနေက ရေချိုးဆောင်မှာ ထိုကျွန်ငယ်ကို Jane ပထမဆုံးတွေ့ရတဲ့အချိန်ကလိုပဲ... ခေါင်းငိုက်စိုက်နဲ့ သူရဲဘောကြောင်သော ပုံသဏ္ဌာန်ဟာ မပြောင်းသွား ... ။ Eliza ရဲ့ခံစားချက်ကို Jane လဲ နည်းနည်းတော့ နားလည်မိသည် ။

ဒါပေမယ့် အရှင်က သဘောကျနေတော့ ဘယ်တတ်နိုင်မှာလဲ ?

အမြဲတမ်း တင်းမာသောမျက်နှာထားနဲ့ တည်တန့်သူ အမျိုးသမီးသူရဲကောင်းကြီးသည်ပင် စိတ်ပျက်လက်ပျက် ပင့်သက်ချမိသည် ။

Jane : " Lila ! ‌"

ပါးစပ်မှပွစိပွစိရွတ်ဖတ်ကာ နှင်းတွေကိုခပ်ထုတ်နေသော Lila ကို Jane က လှမ်းခေါ်လိုက်သည် ။ ထိုအခါ နှင်းထုထဲ ဆောင့်ကြောင့်ထိုင်ကာ အားကြိုးမာန်တက် ရှင်းနေသော Afa အား Lila က လက်နဲ့လှမ်းတို့လိုက်၏ ။ ပြီးတော့ သူမတို့နှစ်ယောက်စလုံး Jane တို့ဆီ လျောက်လာတော့သည် ။

နှင်းတွေခပ်တာ သုံးမိနစ်မျှ‌သာကြာသေးသော်လည်း Afa တို့နှစ်ယောက်လုံး၏ ဂါဝန်အနားစများသည် စိုရွဲလို့နေပြီ ။ Lila မှာ နက်ပြာရောင်ဝတ်ထားသူမို့ မသိသာသော်လည်း ၊ Afa ၏ အညိုဖျော့ဂါဝန်လေးမှာ စိုစွတ်နေတာ အရမ်းကိုသိသာ၏ ။

Lila က မျက်နှာတစ်ခုလုံး တင်းမာနေကာ ပွသွားပြီဖြစ်သော သူမ၏ဆံပင်နီများကို ပြန်လည်သေသပ်သွားအောင် ကြိုးစားနေတော့သည် ။ Afa ကတော့ နဂိုဆံပင်လှိုင်းကောက်ရှိသူဖြစ်၍ မိမိဖာသာပြုပြင်လဲ မထူးတာသိသည် ။

ထို့ကြောင့် အနှီမျိုးရိုးမြင့်မမလေး ဘာပြောလာမလဲကိုသာ မျက်နှာသေနဲ့ စောင့်ဆိုင်းနေလိုက်သည် ။

Eliza : " နှင်းတွေကိုက မရှင်းတော့လဲရပါပြီ ... နေ့လည်စာစားချိန်လဲ တော်တော်ကျော်နေပြီမို့ အိမ်ပဲပြန်တော့မယ် ... ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ "

Eliza က ပျင်းရိနေသော မျက်နှာပေးနဲ့ Afa ၏မျက်ဝန်းတွေထဲ တည့်တည့်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည် ။ မြင့်မြတ်လှပါသော ထိုသခင်မလေးက Afa နဲ့ Lila လုပ်ပေးခဲ့တာတွေက သူမအတွက်မလိုတော့ပါဘူးတဲ့ ... ?

လောကကြီးက အားနည်းသူတွေကိုပဲ ခဲနဲ့ပေါက်တတ်တာမို့ Afa သိပ်ပြီးမခံစားရ ။ Eliza အား ခေါင်းသာညိတ်ပြလိုက်သည် ။ Lila ကတော့ နှာခေါင်းတွေပွကာ ရှူးရှူးရှဲရှဲဖြစ်နေ၏ ။

Jane : " နှစ်ယောက်လုံး နေ့လည်စာ မစားရသေးဘူးမလား ? အခု သွားစားလို့ရပြီ "

Jane က အနည်းငယ် မျက်နှာမကောင်းဖြစ်လျက် Afa တို့ကို သွားခွင့်ပြုသည် ။

Lila မှာ အနှီ Fame မျိုးရိုးသခင်မလေးနှင့် မပတ်သတ်ချင်တော့ပုံရကာ ဘာမှမပြောပဲ ထွက်သွားတော့သည် ။ Afa လဲ စိုနေပြီဖြစ်သော ဂါဝန်က အနည်းငယ်လေးတာကြောင့် အသာမကာ Lila နောက် လိုက်ရန်ပြင်လိုက်သည် ။

သို့သော် ... Eliza ၏ ဘေးကဖြတ်အလျောက်တွင် Afa ၏လက်သည် ဖက်ခနဲအဆွဲခံလိုက်ရသည် ။ Afa လဲ ရုတ်တရက်မို့ ကြောင်သွားကာ မိမိလက်တစ်ဖက်ကို တင်းတင်းဖမ်းချုပ်ထားသော သခင်မလေး Eliza ၏ မျက်ဝန်းပြာတွေကို ကြည့်လိုက်မိသည် ။

Eliza : " နင် ဘာလုပ်နေသလဲ ငါသိတယ် ... လှေကားလုပ်ပေးသူက လုပ်ပေးနေပေမယ့် တန်ဖိုးထားရကောင်းမှန်းမသိ ၊ ဗွက်အိုင်ထဲမှာပဲ ပျော်မွေ့နေသ၍တော့ နင်ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူး ။ ခုဏကလိုပဲ ဗွက်တောထဲလူးနေရတာ ကြိုက်ရင် အခုပဲ နင်ဝတ်ထားတာတွေကို ချွတ်လိုက်တော့ ... နင်နဲ့မတန်ဘူး "

အသံခပ်တိုးတိုးမှာ ခြိမ်းခြောက်မှုတွေပါဝင်၏ ။

Afa ထိုအခါမှ သဘောပေါက်သွားတော့သည် ။ Eliza ၏ ပြစ်မှတ်က Afa ပင် ။

Afa ပါးစောင်ကို ကိုက်လိုက်မိသည် ။ နောက်ဆုံးတော့ အနိုင်ကျင့်မှုကြီးက Afa ဆီဦးတည်နေတာပါတဲ့ ။ ဒါဆိုရင် ဤစော်ကားမှုကြီးထဲ Lila ကို ဘာကြောင့်ဆွဲထည့်ကြသနည်း ?

Afa သည် မိမိ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အသားတွေကို တစ်လွှာချင်း အစိမ်းလိုက်လှီးကြရင်တောင်မှ လက်ခံပေးဖို့ ဆုံးဖြတ်ပြီး Xavia နန်းတော်ထဲ နေထိုင်ခဲ့ခြင်းဖြစ်သည် ။ လွန်စွာအားနည်းသူဖြစ်ပေမယ့် တစ်စုံတစ်ယောက်ကို ကာကွယ်ဖို့ ပြတ်သားပြီဆိုလျှင် , မြှားပေါင်းတစ်သောင်းကိုပင် မားမားမတ်မတ်ကာစီးရဲသည် ။ ဒီလိုလူတစ်ယောက်အဖို့ ကိုယ့်ပြဿနာထဲ အပြစ်မဲ့ဖြစ်သူတစ်ယောက် ဆွဲသွင်းခံရခြင်းဟာ သိပ်ကို အမြတ်ထွက်စရာကိစ္စဖြစ်‌နေတော့သည် ။

နောက်ဆုံးတော့ အရုပ်တစ်ရုပ်လို ခံစားချက်မရှိသော ကျွန်ငယ်ထံမှ ‌မီးတောက်တို့ကို မြင်‌တွေ့ဖူးသူသည် Xavia ဧကရာဇ်မဟုတ်ခဲ့ ... ။

ကြည့်နေရင်းမှာပင် အသက်မဲ့နေသော မျက်ဝန်းညိုတွေသည် ပတ်ဝန်းကျင်က နှင်းပွင့်တွေပါ အရည်ပျော်သွားလုမတတ် လောင်ကျွမ်းလာ၏ ။ မျက်ဝန်းထဲရှိ ရွှေရောင်ရိပ်သန်းသောအမျှင်တန်းတွေသည် နေမင်းငယ်တစ်လုံးပမာ တောက်ပလာ၏ ။ တစ်ချိန်လုံး မြင်ခဲ့ဖူးတဲ့ Afa Raven ၏ ဖြူဖြော့အားနည်းသော မျက်နှာငယ်လေးသည် အိပ်မက်လိုပင် အစအနတောင် ရှာမရတော့ပေ ။

Afa သည် Eliza ၏ နားရွက်နား ဖြေးညှင်းစွာတိုးကပ်သွား၏ ။ သို့ပေမယ့် ဘယ်သူမှ မတုန့်ပြန်မိ ။ ကာယကံရှင် Eliza ပင် ကြက်သေသေလျက် ... ။

" အမြင့်မှာနေတာကြာတဲ့လူတွေက အမြင့်ကနေပြုတ်ကျတဲ့အခါ အူကလီစာတွေထွက်ပြီး ရုပ်ပျက်ဆင်းပျက်သေတတ်တာကို မသိကြဖူးတဲ့ ... မှန်လိုက်တာ ... ။ ဒါကြောင့်ကောင်းကင်ပေါ်တက်ချင်ရင် လှေကားကို ကိုယ်တိုင်ဆောက်ပါတဲ့ ။ သူများပေးတဲ့လှေကားကို သိပ်မယုံနေနဲ့ တဲ့... နို့မဟုတ်ရင် လှေကားစုတ်ကြီးနဲ့ တိုးပြီးအသက်ပျောက်တတ်တယ် ... မမလေးရဲ့ "

စကားကုန်သည်နှင့် Afa ၏ မျက်နှာသည် ထုံးရည်ကြည်လေးလို ပြန်လည်သန့်စင် အနည်ထိုင်သွား၏ ။ ပြီးနောက် ‌ဘာမှမတုန့်ပြန်ရသေးသော Eliza နဲ့တကွ အပေါင်းအပါနှစ်ယောက်ကိုပါ ထားခဲ့ပြီး ထွက်သွားလေတော့သည် ။

Gina : " သခင်မလေး ... အဲ့ကျွန်မက ဘာပြောသွားတာလဲ ? "

Eliza ၏ အစေခံမလေးမှာ Afa ၏ဒဏ်ရာရနေတဲ့ လည်ချောင်းမှထွက်သော လေသံသဲ့သဲ့လေးကို မကြားနိုင်ခဲ့ ။ သူမသာ ကြားပါလျှင် ထိုနေရာမှာပဲ ပါးကိုအကြိမ်တစ်ရာအရိုက်ခံရသလို သွေးပါတစ်ပွက်အန်သွားနိုင်သည် ။

အာရုံခံနိုင်စွမ်းတွင် များစွာအဆင့်မြင့်နေပြီဖြစ်သော စစ်သူရဲကောင်းပီပီ လေပြေလို အသံလေးအား အသေအချာကြားခဲ့သော Jane မှာ တွေတွေကြီးရပ်နေမိသည် ။

ကျွန်ငယ်အား အထင်သေး, အဆုံးအဖြတ်စောခဲ့သော Eliza မှာမူ ဝိဉာဏ်လွင့်သွားသော သူလိုပင် ။ Afa Raven ပြောသွားသော စကားလုံးများကို တစ်လုံးချင်းအဓိပ္ပါယ်ဖွင့်ကာ ငေးတွေးလျက် ... ။

ဖြစ်ရပ်ကုန်စင်အား ထင်းရှူးပင်ထိတ်ဖြားမှနေ၍ စောင့်ကြည့်နေခဲ့သော စူးရှသည့် သိမ်းငှက်မျက်ဝန်းတစ်စုံတို့မှာ လက်ခနဲဖြစ်သွား၏ ။ ပန်းရောင်သန်းသော နှုတ်ခမ်းပါးများမှာ ‌တွန့်ကွေးသွားတော့သည် ။

Shadow : " ဟိုး စိတ်ဝင်စားစရာပဲ ... "

_________________________________

A/N: အရှည်ကြီးရေးချင်ပေမယ့် မြန်မြန်ဖတ်ချင်သူများတာမို့ ပြီး‌သလောက်တင်ပေးတာ ။ မစစ်ရသေးဘူး ( ꈍᴗꈍ)

ဒီဇာတ်လမ်းအတွက် သာသာ အရမ်းစဉ်းစားထားတာတွေများပါတယ် ။ ဇာတ်လမ်းကအပေါ်ယံကောင်းပြီး အသေးစိတ်တွေက logic မကျတာမျိုးတွေဖြစ်မှာစိုးတာကြောင့်ပါ ။ အဲသလို သဘာဝမကျတဲ့ ခပ်ပေါပေါအကွက်မျိုးတွေက စာဖတ်သူတွေရဲ့ IQ ကို စော်ကားသလိုပါပဲ ။ ကိုယ်ကိုယ်တိုင်လဲ အရမ်းဂျီးများတာလဲ ပါတာပေါ့ ။

ပြီးတော့ political & emotional အပိုင်းမှာ နည်းနည်း heavy ဖြစ်တာမို့ တစ်ပိုင်းတစ်ပိုင်းကို အကွက်ချနေတာနဲ့ ရေးတာကြာတာပါ ။ ဒါပေမယ့် ကောင်းတာဖတ်ဖို့ပဲ ဒီလာကြတာမလား ? Trust me , I won't let you down ( ꈍᴗꈍ)

______________________________
______________________________

#Zawgyi

" နင္တို႔ႏွစ္‌ေယာက္ ဒီကႏွင္းေတြကို ျမန္ျမန္ေလး ရွင္းေပးစမ္းပါ ... တို႔အိမ္ကသခင္မေလးက ဒီေနရာမွာ ေန႔လည္စာစားဖို႔ အလိုရွိတယ္ "

Afa ႏွင့္ Lila သူတို႔အနားေရာက္တာနဲ႔ ေျခေထာက္ေအာက္က ႏွင္းထုကို လက္ညိဳးထိုးကာ ရွင္းခိုင္းေလသည္ ။

Afa မွာ Xavia နန္းေတာ္၏ လုပ္ထုံးလုပ္နည္းေတြကို မသိတာမို႔ ဘယ္လိုမွမတုန႔္ျပန္ပဲ ၿငိမ္ေနလိုက္၏ ။ ဒါ့အျပင္ ဂါဝန္ျပာနဲ႔ မိန္းကေလးရဲ႕ ပုံသဏၭာန္သည္ ႀကီးႀကီးက်ယ္က်ယ္ အေရးပါအရာေရာက္ေသာသူ ျဖစ္ပုံရသည္ ။

သို႔ေသာ္ အေၾကာင္းသိ Lila ကေတာ့ ထိုသို႔မဟုတ္ ။ လက္ညိဳးတထိုးထိုးနဲ႔ သူမအား ခိုင္းစားခ်င္ေနေသာ အေစခံမေလးကို ခါးေထာက္ကာ ျပန္လွန္ၾကည့္သည္ ။

Lila : " ဘယ္အိမ္က သခင္မေလးလဲ ? "

Lila က ထိုေမးခြန္းကို အေစခံ၏ေနာက္၌ ရပ္ေနေသာ သခင္မေလးဆိုသူကို တည့္တည့္ၾကည့္ကာ ေမးလိုက္တာျဖစ္၏ ။ မိမိႏွင့္မဆိုင္သလို ႏႈတ္ဆိတ္ကာေနေသာ Jane ကိုေတာ့ Lila တစ္ေယာက္ မ်က္လုံးခ်င္းမဆုံ ။

" ဒါက Fame အိမ္ေတာ္က သခင္မေလး Eliza Fame ပဲ ။ မၾကာခင္ Xavia ရဲ႕ပထမဦးဆုံး သတင္းနဲ႔ဆက္သြယ္ေရးဌာနကို ဦးေဆာင္မယ့္သူပဲ မွတ္ထား "

ထိုအေစခံသည္ ေခါင္းေမာ့ရင္ေကာ့ကာ သူမ၏သခင္မေလး ကိုယ္စား ဂုဏ္ေဖာ္ဝင့္ႂကြားေလသည္ ။ သတင္းႏွင့္ဆက္သြယ္ေရးဌာန ဆိုတာဟာ ေခတ္အဆက္ဆက္ ဘယ္ႏိုင္ငံမွာမွ မရွိခဲ့ေသာ ပထမဦးဆုံးဝန္ႀကီးဌာနတစ္ခု ျဖစ္လာမည္ မဟုတ္လား ။ ေသခ်ာေပါက္ ထိုဌာနကို ဦးစီးမယ့္ပုဂၢိဳလ္ဟာ ဘယ္ေလာက္အေရးပါေၾကာင္း ရွင္းျပစရာေတာင္မလို ။

ဒါေပမယ့္ သူမ၏သခင္မေလးဆိုသူကေတာ့ မ်က္ေမွာင္ေတြက်ဳံ႕သြားေလ၏ ။

Eliza : " Gina , အသံေလ်ာ့ ... ဒီေနရာက ေဈးတန္းမဟုတ္ဘူး အိ‌ေျႏၵရွိစမ္း ! "

သခင္ျဖစ္သူ၏ ဆူေငါက္ခံလိုက္ရမွ စြာက်ယ္ေသာအေစခံေလးမွာ မ်က္ႏွာအခ်ိဳးျပင္ၿပီး ၿငိမ္သြား၏ ။

Eliza : " Gina က အေနအထိုင္မတတ္လို႔ လစ္လွ်ဴရႈလိုက္ပါ ။ ဒါေပမယ့္ ဒီႏွင္းေတြကို ရွင္းေပးရင္ေတာ့ အရမ္းအဆင္ေျပသြားမွာပဲ "

Eliza က ထိုသို႔ ခပ္ၿပဳံးၿပဳံးေျပာေလသည္ ။ သူမ၏စကားမွာ ယဥ္ေက်းပုံရေသာ္လည္း ခိုင္းစားတာကေတာ့ အထင္းသား ... ဒါ့အျပင္ သူမရဲ႕အေစခံ၏ ႐ိုင္းျပမႈကိုက်ေတာ့ ခပ္ေပါ့ေပါ့လစ္လွ်ဴရႈေပးပါဆိုပဲ ။

Afa သည္ နန္းတြင္းတစ္ခု၌ ႀကီးျပင္းလာသူျဖစ္ေပမယ့္ နန္းတြင္း၏မာယာမ်ားပုံ ၊ စကားအလိမ္အေကြ႕မ်ားကိုေတာ့ ဘယ္ေတာ့မွ အသားမက်ႏိုင္ခဲ့ပါ ။ မ်က္ႏွာဖုံးမ်ားစြာႏွင့္ သ႐ုပ္‌ေဆာင္ေတာ္သူတို႔သည္ ပါးနပ္သည္ဟု သမုတ္ခံရတတ္သည္ ။ ေလာကႀကီး၌ ထို ' ပါးနပ္သူ ' တို႔သည္ ခ်ီးေျမႇာက္ခံရေလသည္ ။

Eliza ၏ သၾကားျဖဴးတဲ့ စကားလုံးေတြကို Lila က ေဒါသထြက္ၿပီ ။

Lila : " ေအာ္ ဟုတ္ကဲ့ပါ Fame သခင္မေလးရွင့္ "

Lila က ဂါဝန္စေလးကိုမကာ အ႐ိုအေသေပး‌ေသာ္လည္း မ်က္ႏွာမွာခပ္႐ြဲ႕႐ြဲ႕ ... ။ Lila မွာ Eliza လို စကားလုံးႂကြယ္ႂကြယ္ေတြမရွိ ။ ထို႔ေၾကာင့္ ျဖစ္စဥ္ကို တိတ္ဆိတ္စြာၾကည့္ေနေသာ Jane အား ကူေဖာ္ရမလား လက္တို႔ရ၏ ။

Lila : " ဒါနဲ႔ ကြန္မန္ဒါ Jane လဲရွိေနေတာ့ ေမးရဦးမယ္ရွင့္ ... နန္းတြင္းသူေတြက ဘယ္တုန္းက မ်ိဳး႐ိုးႀကီးအိမ္ေတာ္ေတြရဲ႕ အခိုင္းေစျဖစ္သြားရတာလဲ ? ဒါမွမဟုတ္ အဲသလိုအိမ္ေတာ္ေတြေအာက္ သိကၡာမရွိခယျပရမွာက Xavia နန္းတြင္းရဲ႕ စည္းမ်ဥ္းပဲလား ? "

Lila ၏ အသံမွာ တေျဖးေျဖးမာေက်ာလို႔လာၿပီ ။ သူမ၏ နဂို ေပါ့ပါးေသာပုံရိပ္ေလးေပ်ာက္ကာ သန္မာလွေသာပုံစံေၾကာင့္ Afa မွာ အံ့ဩမိ၏ ။ တစ္ၿပိဳင္နက္တည္းမွာပဲ ေလးစားမိသည္ ။

ဒီေနရာမွာ Afa သာဆိုရင္ ဘယ္သူနဲ႔မွ ရန္သူမလုပ္ပဲ ေအးေအး‌ေဆးေဆးကူညီေပးလိုက္ၿပီေပါ့ ။

Jane : " စည္းမ်ဥ္းက နန္းေတာ္ထဲကလူေတြအေပၚပဲ ခ်က္ခ်င္းသက္ေရာက္တယ္ ... ။ နန္းေတာ္အျပင္ဖက္ကလူကို အျပစ္ေပးခ်င္တယ္ဆိုရင္ ႐ုံးမွာအမႈအရင္ဖြင့္ရမယ္ ။ ဒါမွမဟုတ္ အရွင့္ရဲ႕အမိန႔္ တိုက္႐ိုက္ရရင္ေတာ့ တစ္မ်ိဳးေပါ့ "

Lila ၏ အေမးကို Jane က ေသခ်ာျပန္ေျဖပါသည္ ။

Lila မွာေတာ့ Jane ၏အေျဖကိုၾကားၿပီး ပါးစပ္ဟကာ စကားလုံးေတြ ေပ်ာက္သြားပါေတာ့သည္ ။

ဥပေဒကြၽမ္းက်င္သူတစ္ေယာက္က ေျပာေသာ စကားျဖစ္၍ Lila လဲ ဘာမွၿပိဳင္မေျပာႏိုင္ေတာ့ ... ။ သူမ သိလိုက္တာက နန္းတြင္းသူတစ္ဦး အျပစ္လုပ္လွ်င္ တန္းၿပီး အျပစ္ေပးႏိုင္ေပမယ့္ ၊ နန္းေတာ္အျပင္က သာမန္ျပည္သူတစ္‌ေယာက္အျပစ္လုပ္လွ်င္ တန္းၿပီးအျပစ္ေပးလို႔ မ‌ရေၾကာင္း... ။ ၿပီးေတာ့ Eliza ဟာ တရားဝင္မင္းမႉထမ္း မျဖစ္ေသးသူ ... ။

ျပည္သူမ်ားအေပၚ ညႇာတာၿပီး အမႈထမ္းမ်ားအေပၚတြင္မူ လြန္စြာတင္းက်ပ္ေသာ ဥပေဒျဖစ္၏ ။ ထိုသို႔တင္းက်ပ္ထားျခင္းအားျဖင့္ ယခုကဲ့သို႔ လက္တစ္လုံးျခားလုပ္ခံရေသာ အေျခအေနမ်ားရွိႏိုင္ေသာ္လည္း မင္းမႈထမ္းတို႔ဟာ ျပည္သူကိုအလုပ္အေကြၽးျပဳရတာျဖစ္ေၾကာင္း ေပၚလြင္ေစ၏ ။ မိမိတို႔၏ ရာထူးအာဏာျဖင့္ ျပည္သူအေပၚ မည္သည့္နည္းႏွင့္မွ အႏိုင္ယူ၊ မင္းမူ၍မရေၾကာင္း သတိေပးေနသလိုပင္ ။

Afa လဲ ဥပေဒကိုေရးေသာ ရွင္ဘုရင္၏မ်က္ႏွာလွလွကို ျမင္‌ေယာင္လာကာ ေရးေရးေလးၿပဳံးလိုက္မိသည္ ။

Lila မွာ မတရားမႈႀကီးေၾကာင့္ ေဒါသျဖင့္ မ်က္ႏွာတစ္ခုလုံး နီရဲတက္လာ၏... ။ Eliza ၏ အေစခံမေလး Gina ကေတာ့ ေအာင္ႏိုင္သူပမာ ၿပဳံးၿဖီးေနေတာ့သည္ ။

သာမန္လူျဖစ္လို႔ဆိုၿပီး ဒီလို ေခါင္းေပၚတက္ခြင့္ေပးလို႔လဲ ရသလား ?

ကံမေကာင္းတာက Lila ဟာ ေဒါသအထြက္လြန္ၿပီး ခိုင္းတာကိုမလုပ္ေပးလဲရတယ္ ဆိုတဲ့အခ်က္ကို ေမ့သြားျခင္းပင္ ။ တင္းက်ပ္ေသာဥပေဒအရ အႏိုင္က်င့္လို႔မရေပမယ့္ မိမိတာဝန္မဟုတ္တာေတြကို ဘယ္သူကပဲျဖစ္ျဖစ္ အသားလြတ္လာခိုင္းေနရင္ေတာ့ ေသခ်ာေပါက္ ျငင္းဆိုလို႔ရပါသည္ ။

Lila : " အာ့ဆိုလဲ ဒီေနရာတစ္ကြက္ ရွင္းေပးရင္ရၿပီ မဟုတ္လား ? "

အရႈံးေပးလိုက္ရေသာ Lila မွာ ႏွင္းခပ္ေသာေဂၚႀကီး မလာၿပီး ေရေပၚဆီမမေလးပြဲေတာ္တည္ဖို႔အေရး ႏွင္းေတြရွင္းေပးေနေလရဲ႕ ။

သခင္မေလး Eliza ကေတာ့ သူမ၏အေစခံႏွင့္ Jane ကို လက္ဆြဲကာ နန္းေဆာင္တစက္ၿမိတ္ေအာက္ထဲ သြားဝင္ေစာင့္ေနေလသည္ ။

Afa မွာ ဘာလုပ္လို႔၊ ဘာကိုင္ရမလဲမသိ လမ္းတစ္ဝက္၌ Lila အား ရပ္ၾကည့္ေနမိ၏ ။ Lila ကေတာ့ Afa ကို ၿပဳံးကာ ေခါင္းသာခါျပပါသည္ ။ ဝင္မပါေစခ်င္တဲ့သေဘာ ... ။

Lila သည္ တစ္ခ်က္တစ္ခ်က္ သူမ၏ လက္ေလးႏွစ္ဖက္ကို ပြတ္တိုက္ကာ အာေငြ႕ေပး၏ ။ Afa မွာ အဲ့ဒီအမူအရာကို ၾကည့္ၿပီး စိတ္မေကာင္းအလြန္ျဖစ္ရသည္ ။ Lila ဝတ္ထားတဲ့ အဝတ္အစားက ႏွင္းေတြထဲ အလုပ္ၾကမ္းလုပ္ဖို႔မဟုတ္ ၊ ေႏြးေႏြးေထြးေထြး နန္း‌ေဆာင္ထဲ အိေျႏၵရွိေသာအလုပ္ေတြကို လုပ္ဖို႔ပင္ ။

" ေဂၚျပားကို ဘယ္ေနရာကေန ယူတာလဲ ? "

မေနႏိုင္ေတာ့တဲ့အခါ Afa အေျပးကူလိုက္၏ ။

Lila : " နင္က ေပ်ာ့တိေပ်ာ့ဖတ္နဲ႔ ေအး‌ေဆးပဲေနပါ "

Lila ၏စကားကို မမႈပဲ Afa ေခါင္းကိုအတင္းခါပစ္လိုက္သည္ ။ ထို႔ေနာက္ လက္နဲ႔ပဲယက္ထုတ္ကာ ေျမႀကီးေပၚက ႏွင္းထုႀကီးကို ဖယ္ရွားရန္ႀကိဳးစား၏ ။ Lila ကတား၏ ။

Lila : " Afa နင့္ကိုယ္က အေအးမခံႏိုင္ဘူး ကိုယ့္ကိုယ္ကို သိပါဟာ ။ ဖယ္ဖယ္ ငါလုပ္မယ္ "

ႏွင္းေတြကို အလုအယက္ရွင္းေနတဲ့ Afa တို႔ႏွစ္ေယာက္ရဲ႕အျဖစ္ကို ခပ္လွမ္းလွမ္းမွ အမ်ိဳးသမီးသုံးေယာက္ ေငးၾကည့္ေနေလသည္ ။

Eliza : " အဲဒါက Raven ဧကရီ ? ငါေတာ့ သံသယရွိတယ္ Jane "

Eliza ၏ ေမွးေနေသာ ၾကည္ျပာေရာင္မ်က္ဝန္းအိမ္ထဲ၌ အံႀကိတ္ကာ ႏွင္းေတြကို ေခါင္းမာစြာ လက္နဲ႔ယက္ထုတ္ေနေသာ ေကာင္မေလး၏ အရိပ္ျဖဴျဖဴတစ္ခု ထင္ဟပ္ေနသည္ ။

Jane က ဘာမွ မွတ္ခ်က္မေပးလာ ။ Eliza ဟာ Jane ရဲ႕အသိမိတ္ေဆြ အမ်ိဳးသမီးေတြထဲမွာ ဉာဏ္အေျပးဆုံးသူတစ္ေယာက္ပဲ ျဖစ္သည္ ။ Fame အိမ္ေတာ္မွ ဆင္းသက္လာသူပီပီ စကားအရာမွာလဲ သူမတူေအာင္ ကြၽမ္းက်င္သူျဖစ္၏ ။ ဒါေၾကာင့္လဲ အရွင္ကိုယ္တိုင္က သူမကို အုပ္ခ်ဳပ္ေရးမွာ ေနရာေပးခ်င္ေနသည္ မဟုတ္လား ။

Jane က အေျဖေပးစရာေတာင္မလို ။ Eliza သည္ Afa Raven အေပၚ အကဲခတ္ သတ္မွတ္ၿပီးၿပီးျဖစ္သည္ ။

Eliza : " ငါ အဲလိုအမ်ိဳးအစားေတြ သိပ္မုန္းတာ နင္သိတယ္မလား ? "

Eliza သည္ အရာအားလုံး ျပည့္စုံသူျဖစ္ေပမယ့္ စာအုပ္ႀကီးျဖစ္တာတစ္ခုေတာ့ ခြၽင္းခ်က္ ။ တစ္ပါးသူကို သူမသင္ယူထားတဲ့ ၊ သတ္မွတ္ထားတဲ့ စံႏႈန္းေတြနဲ႔ ခိုင္းႏႈိင္းကာ ထင္ျမင္ခ်က္ေတြေပးၿပီး ‌ရစရာမရွိေအာင္ ႏွိမ္တတ္သလို ၊ ေလးစားေတာ့လဲ အကြၽင္းမဲ့ေလးစားခ်ီးက်ဴးတတ္ျပန္၏ ။ ရွင္းရွင္းေျပာရလွ်င္ လြန္စြာအစြန္းေရာက္သူျဖစ္၏ ။

Eliza : " အရွင္က သူ႔ကို အတြင္းေဆာင္ထိန္းရဲ႕ဝတ္စုံကို ေပးဝတ္ထားေစတယ္ဆိုတာ ... သူ႔ကိုအဲ့ဒီဝတ္စုံရာထူးနဲ႔ ထိုက္သင့္ေလ်ာက္ပတ္တဲ့ အာဏာသုံးၿပီး ကိုယ့္ကိုယ္ကို ကာကြယ္ေစခ်င္လို႔ပဲ ။ အဲဒါကို ... နင္ၾကည့္စမ္း သူဘယ္လိုျပဳမူေနသလဲဆိုတာ ... သူက အဲ့ဒီရာထူးကို မေလးစားတာလား ? တန္ဖိုးမထားတာလား ? "

Eliza Fame ၏အဘိဓာန္၌ ' ေလးစားရသူႏွင့္ အသုံးမက်သူ ' ဟူ၍ လူႏွစ္မ်ိဳးႏွစ္စားသာရွိသည္ ။ ထိုအထဲ၌ သူမထိတ္ဆုံးေလးစားရသူဟာ ေသခ်ာေပါက္ မာနမင္းသား, နတ္ဆိုးဝင္စား, အရွင္သခင္ပင္ ။

Xavia Ash နန္းတက္စဥ္က သူ႔အားခစားမည့္ အမတ္တစ္ေယာက္ခ်င္းဆီထံ ကဗ်ာတစ္ပုဒ္ခ်င္းစီေရးကာ ပို႔ခဲ့ဖူးသည္ ။ ထိုကဗ်ာမ်ားကို ဖတ္ရႉခဲ့ရေသာ အမတ္တို႔သည္ ရွင္ဘုရင္ငယ္အား အသက္ပါေပးကာ အလုပ္အေကြၽးျပဳဖို႔ က်ိန္ဆိုၾကကုန္သည္ ဟုဆိုၾက၏ ။ ျဖစ္ခ်င္ေတာ့ အမတ္ႀကီး Fame ထံေပးပို႔ေသာကဗ်ာကို Eliza ကပါဖတ္မိသြားကာ သူမ၏ ေလးစားသမႈ နံပါတ္စဥ္တြင္ ဧကရာဇ္ငယ္ဟာ နံပါတ္တစ္စြတ္ခူးသြားခဲ့ေလသည္ ။

သူမတြင္ ရွင္ဘုရင္အား ဇာတ္လိုက္ေနရာထားကာ ေရးသားထားေသာ စိတ္ကူးယဥ္ဝတၳဳမ်ားပင္ရွိသည္ ဟူ၍ ၾကားသိရသည္ ။ ထိုကဲ့သို႔ ဧကရာဇ္မင္း၏ အမာခံပရိတ္သတ္ျဖစ္သူမို႔ ‌Afa Raven လို အသုံးမက်တဲ့ မိန္းကေလးတစ္ေယာက္အား အနားမွာေခၚထားတဲ့အခ်က္ကို သည္းမခံႏိုင္ ။ အရွင္သခင္၏နေဘး ခစားခြင့္ရွိသူေတြဟာ ဉာဏ္ပညာအရ ၊အရည္အခ်င္းအရ အဆင့္ျမင့္မားၾကသည္ခ်ည္းသာ ။

ဒါကို ဘာေၾကာင့္ 'ဝ'လဲမရွိ 'ဝိ'လဲမရွိတဲ့ ဖုန္မႈန႔္လိုသူ ျဖစ္ေနသနည္း ?

Jane : " အဲဒီေတာ့ ... မင္းစမ္းသပ္ခ်င္တာ စမ္းသပ္ၿပီးၿပီမဟုတ္လား Eliza ? ငါ သူတို႔ႏွစ္ေယာက္ကို ရပ္ခိုင္းလိုက္ေတာ့မယ္ ... အရွင္သာ ဒီအျဖစ္အပ်က္ကိုသိရင္ မိုးမီးေလာင္မွာ ။ ၿပီးေတာ့ အလိမ္အညာပဲဆိုဆို မိသားစုနာမည္သုံးၿပီး ဒီလိုေတြ ေနာက္ဆို မလုပ္တာေကာင္းမယ္ ။ သူငယ္ခ်င္းအခ်င္းခ်င္းမို႔ သတိေပးတာ ... "

Jane သည္ ကြၽန္ငယ္အား ဘယ္လိုလူမ်ိဳးလဲ အကဲခတ္ခ်င္ပါတယ္ ဆိုတဲ့ Eliza ရဲ႕ ေတာင္းဆိုမႈေၾကာင့္ ၿငိမ္ေနခဲ့ျခင္းသာ ။ Jane ကိုယ္တိုင္ကလဲ Afa Raven ရဲ႕ သ႐ုပ္မွန္အစစ္ကို သိခ်င္တာၾကာၿပီ ။ ဒါ့အျပင္ သူတပါးစကားထပ္ ကိုယ္တိုင္ျမင္မွ ယုံတတ္သူမို႔ ... Eliza ရဲ႕ Afa အား အႏိုင္က်င့္ျခင္းအစီအစဥ္မွာ ဝင္ပါခဲ့တာျဖစ္သည္ ။

ဒါေပမယ့္ Jane သည္ ဒုတိယအႀကိမ္စိတ္ပ်က္ျခင္းမွလြဲ၍ ဘာမွမရခဲ့ပါ ။ မေန႔ညေနက ေရခ်ိဳးေဆာင္မွာ ထိုကြၽန္ငယ္ကို Jane ပထမဆုံးေတြ႕ရတဲ့အခ်ိန္ကလိုပဲ... ေခါင္းငိုက္စိုက္နဲ႔ သူရဲေဘာေၾကာင္ေသာ ပုံသဏၭာန္ဟာ မေျပာင္းသြား ... ။ Eliza ရဲ႕ခံစားခ်က္ကို Jane လဲ နည္းနည္းေတာ့ နားလည္မိသည္ ။

ဒါေပမယ့္ အရွင္က သေဘာက်ေနေတာ့ ဘယ္တတ္ႏိုင္မွာလဲ ?

အၿမဲတမ္း တင္းမာေသာမ်က္ႏွာထားနဲ႔ တည္တန႔္သူ အမ်ိဳးသမီးသူရဲေကာင္းႀကီးသည္ပင္ စိတ္ပ်က္လက္ပ်က္ ပင့္သက္ခ်မိသည္ ။

Jane : " Lila ! ‌"

ပါးစပ္မွပြစိပြစိ႐ြတ္ဖတ္ကာ ႏွင္းေတြကိုခပ္ထုတ္ေနေသာ Lila ကို Jane က လွမ္းေခၚလိုက္သည္ ။ ထိုအခါ ႏွင္းထုထဲ ေဆာင့္ေၾကာင့္ထိုင္ကာ အားႀကိဳးမာန္တက္ ရွင္းေနေသာ Afa အား Lila က လက္နဲ႔လွမ္းတို႔လိုက္၏ ။ ၿပီးေတာ့ သူမတို႔ႏွစ္ေယာက္စလုံး Jane တို႔ဆီ ေလ်ာက္လာေတာ့သည္ ။

ႏွင္းေတြခပ္တာ သုံးမိနစ္မွ်‌သာၾကာေသးေသာ္လည္း Afa တို႔ႏွစ္ေယာက္လုံး၏ ဂါဝန္အနားစမ်ားသည္ စို႐ြဲလို႔ေနၿပီ ။ Lila မွာ နက္ျပာေရာင္ဝတ္ထားသူမို႔ မသိသာေသာ္လည္း ၊ Afa ၏ အညိဳေဖ်ာ့ဂါဝန္ေလးမွာ စိုစြတ္ေနတာ အရမ္းကိုသိသာ၏ ။

Lila က မ်က္ႏွာတစ္ခုလုံး တင္းမာေနကာ ပြသြားၿပီျဖစ္ေသာ သူမ၏ဆံပင္နီမ်ားကို ျပန္လည္ေသသပ္သြားေအာင္ ႀကိဳးစားေနေတာ့သည္ ။ Afa ကေတာ့ နဂိုဆံပင္လႈိင္းေကာက္ရွိသူျဖစ္၍ မိမိဖာသာျပဳျပင္လဲ မထူးတာသိသည္ ။

ထို႔ေၾကာင့္ အႏွီမ်ိဳး႐ိုးျမင့္မမေလး ဘာေျပာလာမလဲကိုသာ မ်က္ႏွာေသနဲ႔ ေစာင့္ဆိုင္းေနလိုက္သည္ ။

Eliza : " ႏွင္းေတြကိုက မရွင္းေတာ့လဲရပါၿပီ ... ေန႔လည္စာစားခ်ိန္လဲ ေတာ္ေတာ္ေက်ာ္ေနၿပီမို႔ အိမ္ပဲျပန္ေတာ့မယ္ ... ဘာပဲျဖစ္ျဖစ္ ေက်းဇူးပါပဲ "

Eliza က ပ်င္းရိေနေသာ မ်က္ႏွာေပးနဲ႔ Afa ၏မ်က္ဝန္းေတြထဲ တည့္တည့္ၾကည့္ကာ ေျပာလိုက္ျခင္းျဖစ္သည္ ။ ျမင့္ျမတ္လွပါေသာ ထိုသခင္မေလးက Afa နဲ႔ Lila လုပ္ေပးခဲ့တာေတြက သူမအတြက္မလိုေတာ့ပါဘူးတဲ့ ... ?

ေလာကႀကီးက အားနည္းသူေတြကိုပဲ ခဲနဲ႔ေပါက္တတ္တာမို႔ Afa သိပ္ၿပီးမခံစားရ ။ Eliza အား ေခါင္းသာညိတ္ျပလိုက္သည္ ။ Lila ကေတာ့ ႏွာေခါင္းေတြပြကာ ရႉးရႉးရွဲရွဲျဖစ္ေန၏ ။

Jane : " ႏွစ္ေယာက္လုံး ေန႔လည္စာ မစားရေသးဘူးမလား ? အခု သြားစားလို႔ရၿပီ "

Jane က အနည္းငယ္ မ်က္ႏွာမေကာင္းျဖစ္လ်က္ Afa တို႔ကို သြားခြင့္ျပဳသည္ ။

Lila မွာ အႏွီ Fame မ်ိဳး႐ိုးသခင္မေလးႏွင့္ မပတ္သတ္ခ်င္ေတာ့ပုံရကာ ဘာမွမေျပာပဲ ထြက္သြားေတာ့သည္ ။ Afa လဲ စိုေနၿပီျဖစ္ေသာ ဂါဝန္က အနည္းငယ္ေလးတာေၾကာင့္ အသာမကာ Lila ေနာက္ လိုက္ရန္ျပင္လိုက္သည္ ။

သို႔ေသာ္ ... Eliza ၏ ေဘးကျဖတ္အေလ်ာက္တြင္ Afa ၏လက္သည္ ဖက္ခနဲအဆြဲခံလိုက္ရသည္ ။ Afa လဲ ႐ုတ္တရက္မို႔ ေၾကာင္သြားကာ မိမိလက္တစ္ဖက္ကို တင္းတင္းဖမ္းခ်ဳပ္ထားေသာ သခင္မေလး Eliza ၏ မ်က္ဝန္းျပာေတြကို ၾကည့္လိုက္မိသည္ ။

Eliza : " နင္ ဘာလုပ္ေနသလဲ ငါသိတယ္ ... ေလွကားလုပ္ေပးသူက လုပ္ေပးေနေပမယ့္ တန္ဖိုးထားရေကာင္းမွန္းမသိ ၊ ဗြက္အိုင္ထဲမွာပဲ ေပ်ာ္ေမြ႕ေနသ၍ေတာ့ နင္ဘယ္ေတာ့မွေျပာင္းလဲမွာ မဟုတ္ဘူး ။ ခုဏကလိုပဲ ဗြက္ေတာထဲလူးေနရတာ ႀကိဳက္ရင္ အခုပဲ နင္ဝတ္ထားတာေတြကို ခြၽတ္လိုက္ေတာ့ ... နင္နဲ႔မတန္ဘူး "

အသံခပ္တိုးတိုးမွာ ၿခိမ္းေျခာက္မႈေတြပါဝင္၏ ။

Afa ထိုအခါမွ သေဘာေပါက္သြားေတာ့သည္ ။ Eliza ၏ ျပစ္မွတ္က Afa ပင္ ။

Afa ပါးေစာင္ကို ကိုက္လိုက္မိသည္ ။ ေနာက္ဆုံးေတာ့ အႏိုင္က်င့္မႈႀကီးက Afa ဆီဦးတည္ေနတာပါတဲ့ ။ ဒါဆိုရင္ ဤေစာ္ကားမႈႀကီးထဲ Lila ကို ဘာေၾကာင့္ဆြဲထည့္ၾကသနည္း ?

Afa သည္ မိမိ၏ခႏၶာကိုယ္တစ္ခုလုံးမွ အသားေတြကို တစ္လႊာခ်င္း အစိမ္းလိုက္လွီးၾကရင္ေတာင္မွ လက္ခံေပးဖို႔ ဆုံးျဖတ္ၿပီး Xavia နန္းေတာ္ထဲ ေနထိုင္ခဲ့ျခင္းျဖစ္သည္ ။ လြန္စြာအားနည္းသူျဖစ္ေပမယ့္ တစ္စုံတစ္ေယာက္ကို ကာကြယ္ဖို႔ ျပတ္သားၿပီဆိုလွ်င္ , ျမႇားေပါင္းတစ္ေသာင္းကိုပင္ မားမားမတ္မတ္ကာစီးရဲသည္ ။ ဒီလိုလူတစ္ေယာက္အဖို႔ ကိုယ့္ျပႆနာထဲ အျပစ္မဲ့ျဖစ္သူတစ္ေယာက္ ဆြဲသြင္းခံရျခင္းဟာ သိပ္ကို အျမတ္ထြက္စရာကိစၥျဖစ္‌ေနေတာ့သည္ ။

ေနာက္ဆုံးေတာ့ အ႐ုပ္တစ္႐ုပ္လို ခံစားခ်က္မရွိေသာ ကြၽန္ငယ္ထံမွ ‌မီးေတာက္တို႔ကို ျမင္‌ေတြ႕ဖူးသူသည္ Xavia ဧကရာဇ္မဟုတ္ခဲ့ ... ။

ၾကည့္ေနရင္းမွာပင္ အသက္မဲ့ေနေသာ မ်က္ဝန္းညိဳေတြသည္ ပတ္ဝန္းက်င္က ႏွင္းပြင့္ေတြပါ အရည္ေပ်ာ္သြားလုမတတ္ ေလာင္ကြၽမ္းလာ၏ ။ မ်က္ဝန္းထဲရွိ ေ႐ႊေရာင္ရိပ္သန္းေသာအမွ်င္တန္းေတြသည္ ေနမင္းငယ္တစ္လုံးပမာ ေတာက္ပလာ၏ ။ တစ္ခ်ိန္လုံး ျမင္ခဲ့ဖူးတဲ့ Afa Raven ၏ ျဖဴေျဖာ့အားနည္းေသာ မ်က္ႏွာငယ္ေလးသည္ အိပ္မက္လိုပင္ အစအနေတာင္ ရွာမရေတာ့ေပ ။

Afa သည္ Eliza ၏ နား႐ြက္နား ေျဖးညႇင္းစြာတိုးကပ္သြား၏ ။ သို႔ေပမယ့္ ဘယ္သူမွ မတုန႔္ျပန္မိ ။ ကာယကံရွင္ Eliza ပင္ ၾကက္ေသေသလ်က္ ... ။

" အျမင့္မွာေနတာၾကာတဲ့လူေတြက အျမင့္ကေနျပဳတ္က်တဲ့အခါ အူကလီစာေတြထြက္ၿပီး ႐ုပ္ပ်က္ဆင္းပ်က္ေသတတ္တာကို မသိၾကဖူးတဲ့ ... မွန္လိုက္တာ ... ။ ဒါေၾကာင့္ေကာင္းကင္ေပၚတက္ခ်င္ရင္ ေလွကားကို ကိုယ္တိုင္ေဆာက္ပါတဲ့ ။ သူမ်ားေပးတဲ့ေလွကားကို သိပ္မယုံေနနဲ႔ တဲ့... ႏို႔မဟုတ္ရင္ ေလွကားစုတ္ႀကီးနဲ႔ တိုးၿပီးအသက္ေပ်ာက္တတ္တယ္ ... မမေလးရဲ႕ "

စကားကုန္သည္ႏွင့္ Afa ၏ မ်က္ႏွာသည္ ထုံးရည္ၾကည္ေလးလို ျပန္လည္သန႔္စင္ အနည္ထိုင္သြား၏ ။ ၿပီးေနာက္ ‌ဘာမွမတုန႔္ျပန္ရေသးေသာ Eliza နဲ႔တကြ အေပါင္းအပါႏွစ္ေယာက္ကိုပါ ထားခဲ့ၿပီး ထြက္သြားေလေတာ့သည္ ။

Gina : " သခင္မေလး ... အဲ့ကြၽန္မက ဘာေျပာသြားတာလဲ ? "

Eliza ၏ အေစခံမေလးမွာ Afa ၏ဒဏ္ရာရေနတဲ့ လည္ေခ်ာင္းမွထြက္ေသာ ေလသံသဲ့သဲ့ေလးကို မၾကားႏိုင္ခဲ့ ။ သူမသာ ၾကားပါလွ်င္ ထိုေနရာမွာပဲ ပါးကိုအႀကိမ္တစ္ရာအ႐ိုက္ခံရသလို ေသြးပါတစ္ပြက္အန္သြားႏိုင္သည္ ။

အာ႐ုံခံႏိုင္စြမ္းတြင္ မ်ားစြာအဆင့္ျမင့္ေနၿပီျဖစ္ေသာ စစ္သူရဲေကာင္းပီပီ ေလေျပလို အသံေလးအား အေသအခ်ာၾကားခဲ့ေသာ Jane မွာ ေတြေတြႀကီးရပ္ေနမိသည္ ။

ကြၽန္ငယ္အား အထင္ေသး, အဆုံးအျဖတ္ေစာခဲ့ေသာ Eliza မွာမူ ဝိဉာဏ္လြင့္သြားေသာ သူလိုပင္ ။ Afa Raven ေျပာသြားေသာ စကားလုံးမ်ားကို တစ္လုံးခ်င္းအဓိပၸါယ္ဖြင့္ကာ ေငးေတြးလ်က္ ... ။

ျဖစ္ရပ္ကုန္စင္အား ထင္းရႉးပင္ထိတ္ျဖားမွေန၍ ေစာင့္ၾကည့္ေနခဲ့ေသာ စူးရွသည့္ သိမ္းငွက္မ်က္ဝန္းတစ္စုံတို႔မွာ လက္ခနဲျဖစ္သြား၏ ။ ပန္းေရာင္သန္းေသာ ႏႈတ္ခမ္းပါးမ်ားမွာ ‌တြန႔္ေကြးသြားေတာ့သည္ ။

Shadow : " ဟိုး စိတ္ဝင္စားစရာပဲ ... "

_________________________________

A/N: အရွည္ႀကီးေရးခ်င္ေပမယ့္ ျမန္ျမန္ဖတ္ခ်င္သူမ်ားတာမို႔ ၿပီး‌သေလာက္တင္ေပးတာ ။ မစစ္ရေသးဘူး ( ꈍᴗꈍ)

ဒီဇာတ္လမ္းအတြက္ သာသာ အရမ္းစဥ္းစားထားတာေတြမ်ားပါတယ္ ။ ဇာတ္လမ္းကအေပၚယံေကာင္းၿပီး အေသးစိတ္ေတြက logic မက်တာမ်ိဳးေတြျဖစ္မွာစိုးတာေၾကာင့္ပါ ။ အဲသလို သဘာဝမက်တဲ့ ခပ္ေပါေပါအကြက္မ်ိဳးေတြက စာဖတ္သူေတြရဲ႕ IQ ကို ေစာ္ကားသလိုပါပဲ ။ ကိုယ္ကိုယ္တိုင္လဲ အရမ္းဂ်ီးမ်ားတာလဲ ပါတာေပါ့ ။

ၿပီးေတာ့ political & emotional အပိုင္းမွာ နည္းနည္း heavy ျဖစ္တာမို႔ တစ္ပိုင္းတစ္ပိုင္းကို အကြက္ခ်ေနတာနဲ႔ ေရးတာၾကာတာပါ ။ ဒါေပမယ့္ ေကာင္းတာဖတ္ဖို႔ပဲ ဒီလာၾကတာမလား ? Trust me , I won't let you down ( ꈍᴗꈍ)

______________________________
______________________________

Continue Reading

You'll Also Like

375K 37.1K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
928K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
530K 34.8K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary