[Unicode]
ဟော်ယုံမှ ဟော်ချွီအား ရိုက်ကွင်းနေရာသို့ ခေါ်ဆောင်လာခဲ့စဉ်မှာတော့ ယွီချင့်ဟွမ်မှာ နောက်ဆုံးဓါတ်ပုံများကို ရိုက်ကူးပြီးစီးခဲ့လေပြီ။
ဒီအကြိမ်မှာတော့ လျိုကျားအန့်မှာ ပုံများနှင့်ပတ်သက်လို့ အတော်လေးနှစ်ထောင်းအားရလို့နေပြီး အစဉ်အလာတွေဖောက်ဖျက်လို့ချီးကျူးထောပနာပြုလို့နေသည်။
သူ့လက်ထောက်အား ထိုပုံများကို Weibo မှာ ပြီးတာနဲ့ချက်ချင်းတင်ရန် ညွှန်ကြားလိုက်သေးသည်။
သနားစရာယွီချင့်ဟွမ်!
ရာသီဥတုမှာအင်မတန်အေးစိမ့်နေကာ ယခုနေရာတွင် အပူပေးစက်မရှိပေ။ထို့ပြင် သူ့အနေနဲ့ ပြီးပြည့်စုံသောအနေအထားကို ထိန်းသိမ်းရဦးမည်။
ချမ်းလွန်းလို့ရေခဲတော့မတက်ဖြစ်နေတာတောင် သူ့အနေနဲ့ပိုစ့်များဆက်လက်ပေးနေရဦးမှာပင်။
ရှုတင်ပြီးဆုံးသွားသည့်အခါမှာ သူဟာချက်ချင်းပဲ သူ့ကိုယ်သူ့ဝမ်ကျန်းရှန်မှ ပေးအပ်လာသည့်သားမွှေးအနွေးထည်ဖြင့် ခြုံလွှမ်းလိုက်၏။
ကျောက်ချင်းယွမ်မှကမ်းပေးလာသော ရေနွေးယူရန်တောင် သူ့လက်ကိုသူပြန်ဆွဲထုတ်လိုစိတ်မရှိပေ။
ရိုက်ကွင်းနေရာမှာအလွန်တရာဆူညံနေပြီး ဇာတ်ကားဝတ်စုံအမျိုးမျိုးဝတ်ဆင်ထားသော သရုပ်ဆောင်ပေါင်းစုံတို့ဖြင့် ပျားပန်းခတ်လို့နေသည်။
သို့သော် ဟော်ချွီမှာထောင့်နားလေးတွင် ပုန်းကွယ်နေသည့်ယွီချင့်ဟွမ်ကို တခါတည်းမျက်မြင်တန်းတွေ့လေ၏။
သူဟာ ဝမ်းသာအားရသူ့အားလှမ်းခေါ်လိုက်ရင်း ငါးများကိုသယ်ဆောင်ကာ ယွီချင့်ဟွမ်ထံသို့ လျှောက်သွားလိုက်သည်။
“ချင့်ဟွမ်!”
“မင်းဒီမှာဘာလုပ်နေတာလဲ?”
ယွီချင့်ဟွမ်ကအံအားတသင့်မေးလာပြီး မတ်တပ်ရပ်ကာ သူ့အားကြိုဆိုလိုက်သည်။
ဟော်ချွီမှာ ယွီချင့်ဟွမ်နံဘေးတွင်ထိုင်နေသည့် ကျောက်ချင်းယွမ်ကိုသတိအနေအထားဖြင့် တချက်ရှိုးလိုက်ရင်း ယွီချင့်ဟွမ်အားဘေးသို့ဆွဲခေါ်သွားကာ သူ့ငါးကန်ကိုရတနာတခုအားပြသသည့်အလား သူ့ရှေ့သို့ထိုးပေးလိုက်၏။
“ကြည့်ကြည့်”
အပယ်ခံလိုက်ရသောကျောက်ချင်းယွမ်, “….”
သောက်ငါးလေးနှစ်ကောင်ပဲဟာကို! သူ့မျက်လုံးနဲ့ ကြည်မိရင်ကို သေသွားမှာကျလို့! ဒီငနဲက ဘာတွေဖြစ်နေတာလဲဟ!
ကျောက်ချင်းယွမ်က ယွီချင့်ဟွမ်ကို မျက်ခုံးတွေ လှုပ်ပြလို့ သူ့အားဟော်ချွီနှင့် မိတ်ဆက်ပေးစေချင်နေသည်။
သို့သော် ယွီချင့်ဟွမ်မှာ သူ့ဘက်ကိုယောင်လို့တောင် လှည့်မကြည့်ပေ။
သူ့အာရုံတခုလုံးမှာ ဟော်ချွီ၏အေးခဲနေသော လက်ဖဝါးများတွင်သာ ကျရောက်လို့နေသည်။
“ဒီလောက်အေးခဲနေတဲ့ရာသီဥတုကြီးထဲ ဘာလို့ဒီအထိ ငါ့အတွက်ငါးနှစ်ကောင်လာပြပေးရတာလဲ?”
တခဏလောက်ရပ်တန့်နေပြီးခါမှ သူ့လေသံ အတန်ငယ်တင်းမာသွားသည်ဟုထင်လိုက်သည့်အတွက် ချက်ချင်းပဲပျော့ပြောင်းလိုက်ရင်း
“မင်းအေးနေလား?”
ဟော်ချွီမှာ ချင့်ဟွမ်၏ပြစ်တင်စကားကြောင့် အနည်းငယ်မတရားသလို ခံစားလိုက်ရသည်။
သူက သနားစဖွယ်နှာတချက်ရှုံ့လိုက်ရင်း စကားတလုံးကိုအားယူပြောကြားလိုက်၏။
“အင်း”
“ဒါနဲ့များ ဘာလို့လက်အိတ်တွေဝတ်မလာရတာလဲ?”
ယွီချင့်ဟွမ်မှာလက်တဖက်ကနေ သူ့ဆီကငါးကန်ကို ယူလိုက်ပြီး ကျန်လက်တဖက်ဖြင့် သူ့အနွေးထည် ဂျက်ကတ်မှကြီးမားလှတဲ့ဘေးအိတ်ကပ်ကို ဖွင့်ကာ
“လာ မင်းလက်ကိုဒီထဲထည့်ထားလိုက်”
“သတိထား သတိထား”
ဟော်ချွီမှာ လှုပ်ခါယမ်းနေသောငါးကန်လေးကို အထိတ်တလန့်ပူပန်စွာကြည့်လို့နေပြီး ယွီချင့်ဟွမ် စကားကို လုံးဝဥသုံမကြားပေ။
သူက ချင့်ဟွမ်ဘေးနားသို့အလျင်အမြန်သွားလိုက်ပြီး ပြောလိုက်တာက
“ငါးတွေ ခုန်ထွက်ကုန်တော့မယ်”
“ငါစောင့်ကြည့်နေတယ်” ယွီချင့်ဟွမ်မှ ပြန်ဖြေလိုက်သည်။
သူ့အာရုံက ငါးဆီမှာပဲဆက်လက်ရှိနေတာကို တွေ့လိုက်ရတာကြောင့် သူသည် ဟော်ချွီ၏လက်များကို တိုက်ရိုက်ဖမ်းဆုပ်လိုက်ကာ သူ့အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး နားနေခန်းထဲသို့တန်းခေါ်ဆောင်သွားတော့သည်။
ဤနားနေခန်းမှာ ကျောက်ချင်းယွမ်၏ သီးသန့်ခန်းဖြစ်ကာ ပရိဘောဂအစုံအလင်နှင့် အပူပေးစနစ်ပါ တပ်ဆင်လို့ထားသည်။
ယွီချင့်ဟွမ်မှာဝင်လာလာချင်းပဲ အပူပေးစက်ကိုတန်းဖွင့်လိုက်ကာ ဟော်ချွီကိုဆိုဖာပေါ်သို့ ဖိထိုင်ချစေလိုက်ရင်း ခပ်တည်တည်မျက်နှာထားဖြင့် ပြောလိုက်၏။
“ထိုင်”
ဟော်ချွီ၏အိမ်မွေးတိရစ္ဆာန်လေးတွေလို အလိုလိုသိစိတ်က ပြောနေသည်မှာ ချင့်ဟွမ် စိတ်အခြေအနေမကောင်းဘူးလို့ပင်။
ထို့ကြောင့် သူသည် ကိုယ်ကိုဖြောင့်မတ်လို့ လက်များကိုဒူးနှစ်ဖက်ပေါ်တွင်တင်ထားပြီး ချင့်ဟွမ်၏ ကြိမ်းမောင်းဆူပူမှုကို စောင့်ဆိုင်းနေသည့်အလား နေရာတွင်ထိုင်လို့နေသည်။
ယွီချင့်ဟွမ်မှာ သူ့ကိုမေးစရာမေးခွန်းတွေ တပုံတပင်ကြီးရှိလို့နေသည်။
သူဘယ်လိုများ သူ့ရှုတင်နေရာကိုသိလာတာလဲ? ဒီကို ဘယ်လိုရောက်လာတုန်း? ဒီအကြောင်းကို တယောက်ယောက်ကိုများ ပြောမိခဲ့သေးလား?
သို့သော် ဟော်ချွီ၏ ရိုးသားအပြစ်ကင်းစင်နေသောမျက်နှာလေးကိုမြင်တွေ့လိုက်ရစဉ် သူဒီစကားတွေကို ပြောမထွက်တော့ပေ။
ချင့်ဟွမ်ကဘာမှမပြောတာကြောင့် ဟော်ချွီမှာစိတ်မကောင်းပိုဖြစ်လာပြီး တွေးနေမိသည်မှာ
ကြည့်ရတာ ချင့်ဟွမ်ကငါ့ကိုစိတ်ဆိုးနေတာပဲ.. ငါ့သူ့ကို ပျော်အောင်လုပ်မပေးနိုင်ဘူး.. ပြီးရင် သူက ငါ့ငါးလေးတွေကို နည်းနည်းလေးမှ သဘောမကျဘူး...
ရုတ်တရက်ဆိုသလို အသက်ရှုမဝအောင်မွန်းကြပ်လှသည့် နာကျင်ခြင်းတမျိုးကို သူ့ရင်ထဲ ခံစားလိုက်ရသည်။
အရမ်းကြီးအပြင်းအထန်မဟုတ်သော်ငြား တရစပ်ဖြစ်နေတာမို့ သူ့ရင်ဘတ်ထဲတွင်ရှုသွင်းလိုက်သော လေများမှာ ပိတ်ဆို့လှောင်နေသလိုဖြင့် သူ့အား အသက်ရှုလို့မရအောင် ဖြစ်စေသည်။
ထိုအရာမှာ ထူးဆန်းပြီးတုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသောခံစားချက်ပင်။ ဟော်ချွီမှာ သူ့ရင်ဘတ်ကိုသူ ရတက်မအေးစွာပြန်လည်ဖိထားရင်း ငိုချမလိုဖြစ်နေ၏။
ယွီချင့်ဟွမ်သတိကပ်သောအခါမှာ ဟော်ချွီ၏ အလွန်နာကျင်နေသည့်ပုံပန်းသဏ္ဍန်ကို မြင်တွေ့လိုက်ရသောကြောင့် ထိတ်လန့်တကြားဖြင့် ထခုန်မိမတက်ဖြစ်သွားရသည်။
သူဟာအရာအားလုံးကို ဘေးချိတ်ထားလိုက်ပြီး သူ့နံဘေးနားထိုင်ချလိုက်ကာ ဟော်ချွီ၏ကျောပြင်ကို အသာပုတ်လို့ အသက်ရှုနိုင်အောင် အကူအညီပေးပြီး စိတ်ပူပန်တုန်လှုပ်စွာဖြင့်မေးလိုက်သည်။
“ဘာဖြစ်တာလဲ? မင်းနေမကောင်းဘူးလား? ဘယ်နားက နေလို့မကောင်းတာလဲ?”
“ဒီနား...”
ဟော်ချွီမှာ သူ့နှလုံးသားကိုသူပြန်ထိုးပြကာ ဆိုလိုက်ရင်း
“အဲ့နားက အရမ်းနာတယ်”
ယွီချင့်ဟွမ်၏ မျက်နှာမှာ ချက်ချင်းကို မဲမှောင်သွားရသည်။
သူ့နှလုံးကနာနေတယ်? ဒါက ကောင်းတဲ့လက္ခဏာမဟုတ်ဘူးပဲ..သူ့မှာနှလုံးရောဂါများရှိနေတာလား?
သူဟာ ဟော်ချွီကျောပြင်ကို အသာပွတ်ပေးနေရင်း ရေနွေးပူပူတခွက်ယူပေးလိုက်ကာ သက်သာမယ်ထင်တာမှန်သမျှ လုပ်ဆောင်ပေးလို့နေသည်။
သူ့ပုံစံအနည်းငယ်ကောင်းလာသည်ထင်ရသောအခါ ချင့်ဟွမ်က စတင်လို့မေးမြန်းလိုက်သည်။
"အခုကောဘယ်လိုလဲ? နေရတာနည်းနည်းအဆင်ပြေလာလား?”
ဟော်ချွီမှာ သူ့ရင်ဘတ်ကိုသူပွတ်သပ်လို့ တုံဏိဘာဝေဖြင့် ချင့်ဟွမ်ကိုကြည့်လိုက်ပြီး
“အင်း နည်းနည်းကောင်းလာပြီ”
ထူးဆန်းလိုက်တာ! ချင့်ဟွမ်သူ့နားတိုးကပ်လာတာနဲ့အမျှ သူ့နာကျင်မှုတွေကပျောက်ကွယ်သွားတယ်..
ဒါဘယ်လိုရောဂါမျိုးပါလိမ့်?
ယွီချင့်ဟွမ်မှာ သက်ပြင်းအသာချလိုက်သည်။ သူ့အနေနဲ့ ဘာမှဆက်မပြောတော့သော်လည်း ဟော်ချွီကိုခေါ်လို့ ဆေးရုံမှာကျန်းမာရေးစစ်ဆေးမှု သွားရောက်လုပ်ဆောင်ရမည်လို့ ဆုံးဖြတ်ချက် အသာချထားလိုက်၏။
ဟိုတရက်ကအဖျားဝင်တယ်..အခုက ရင်ဘတ်အောင့်တယ်... ဒါက တော်တော်လေးသူ့ကိုလန့်ဖျန့်သွားမိစေတယ်..
“ချင့်ဟွမ်!”
သူတွေးတောနေစဉ်မှာ သူ့အကျီကို လက်တဖက်က လာရောက်ဆွဲထား၏။
ယွီချင့်ဟွမ်ခေါင်းငုံ့ကြည့်စဉ် တွေ့လိုက်ရသည်က ဟော်ချွီမှာ သူတို့ပထမဆုံးအကြိမ်တွေ့ဆုံမှုအတိုင်း
တပုံစံတည်း သူ့အကျီအားမဝံမရဲဖြင့်ဆွဲထားသည်ကိုပင်။
ယွီချင့်ဟွမ်၏ နှလုံးသားမှာ ချက်ချင်းကို နူးညံ့ပျော့ပြောင်းသွားရပြီး
“ဘာကြီးလဲ?”
“မင်း ...မင်း ခုထိစိတ်မကောင်းဖြစ်နေတုန်းလား?”
ယွီချင့်ဟွမ်မှာ ကြက်သေ,သေသွားရပြီး
“ဟမ်..?”
“ငါ့အကိုနှစ်က ပြောတယ်”
ဟော်ချွီမှာ သူ့အားအကြည့်တချက်ပို့လွှတ်လိုက်ရင်း ချက်ချင်းပဲရှက်သွေးဖြာလာကာ
“သူပြောတာက မင်းခုချိန်အရမ်းစိတ်မကောင်းဖြစ်နေတယ်တဲ့”
ယွီချင့်ဟွမ်မှာ ဒီအကြောင်းအရာဘယ်ကဘယ်ပုံ ပေါက်ပွားလာတယ်ဆိုတာ လုံးလုံးနားမလည်နိုင်ပေ။
သူဘယ်အချိန်ကများ စိတ်မကောင်းဖြစ်သွားတာပါလိမ့်? သူ့အကိုနှစ်ကဘယ်သူလဲ? သူကဘယ်လိုသိတာလဲ?
ဟော်ချွီ၏ ပူပန်သောကတွေအပြည့်ဖြင့် မျက်နှာကို တွေ့မြင်လိုက်ရစဉ်မှာတော့ နောက်ဆုံးမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ရုတ်တရက်ဆိုသလို သူသဘောပေါက်နားလည်သွားရသည်။
ဒါဆို ဟော်ချွီဒီကိုရောက်လာတယ်ဆိုတာက သူစိတ်မကောင်းဖြစ်နေတယ်ထင်လို့ပေါ့? ပြီးရင် သူက သူအမြတ်နိုးရဆုံးငါးလေးတွေကိုတောင် သူပျော်လာစေဖို့ ယူလာခဲ့ပေးသေးတယ်?
သူ့မိဘများ သေဆုံးချိန်ကစလို့ သူ့အပေါ် ဘယ်သူကမှ အခုလိုအရေးတယူဂရုစိုက်ခြင်းမျိုး မရှိခဲ့ဘူးပေ။
လူကြီးသူမများမှာ သူ့အပေါ်ကောင်းခဲ့တာအမှန်ဖြစ်ပေမယ့် ယခုလိုစဉ်းစားတွေးခေါ်တက်ခြင်းမရှိခဲ့ကြ။
သူတို့တွေးထင်ထားသည်မှာ သူ့မှာဝတ်စရာအဝတ်အစား ၊စားစရာအစားအသောက်ရှိယုံမျှဖြင့် လုံလောက်ပြီထင်မှတ်နေကြပြီး သူ့အရင်ဘဝက အေးဂျင့်မှာတော့ သူ့အား အရာရာစွမ်းဆောင်နိုင်တယ်ထင်မှတ်လို့ထားသည်။ သူ့ခံစားချက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစုံတရာကို သတိပြုမိမည်မဟုတ်ပေ။
ဟော်ချွီမှာ သူ့ခံစားချက်များကို ရင်ဘတ်ထဲထည့်သွင်းပေးသည့် ပထမဦးဆုံးသော သူတစ်ယောက်ဖြစ်ကာ သူ့အားကိုးယို့ကားယားနိုင်အောင်ဂရုစိုက်သောသူတယောက်ဖြစ်၏။
ရုတ်တရက်အားဖြင့် ချိုသလိုချဉ်သလို ခံစားချက်တမျိုးအား သူ့နှလုံးသားထဲခံစားလိုက်ရပြီး ဆူးညှောင့်သေးသေးလေးဖြင့် အစေ့တခုက သူ့ရင်ဘတ်ထဲရှိ အနက်ရှိုင်းဆုံးတနေရာတွင် နေရာယူအမြစ်တွယ်သွားသလိုပင်။
ယွီချင့်ဟွမ်က သူ့အားတစ်ဆို့စွာဖြင့် မေးလိုက်မိသည်။
“ဒါဆို မင်းဒီနေရာထိတောင် ရောက်လာခဲ့ရတာက ... ဒီလိုဘာမဟုတ်တာလေးတခုအတွက်နဲ့ပဲပေါ့?”
“ဒါက ဘာမဟုတ်တာလေး မဟုတ်ဘူး!”
ဟော်ချွီက ပထမဆုံးအကြိမ်အားဖြင့် သူ့အားပြန်လှန်ခွန်းတုံ့ပြန်လိုက်သည်။
“ချင့်ဟွမ်ကိစ္စတွေမှန်သမျှက အရေးအကြီးဆုံးပဲ!”
ထိုသို့ဆိုလိုက်ရင်း သူဟာ ချင့်ဟွမ်ကို မျှော်လင့်တကြီးဖြစ်နေသည့်မျက်ဝန်းများဖြင့် ကြည့်နေရင်း
“ဒါဆို ..... မင်း အခု ခံစားရတာ ကောင်းသွားပြီလား?”
“ငါအခု အရမ်းပျော်သွားပြီ!"
ယွီချင့်ဟွမ်မှာအသက်ပြင်းပြင်းတချက်ရှုလို့ ဟော်ချွီအားပြုံးလို့ကြည့်လိုက်ကာ
“ငါပျော်သွားပြီ.. ဘာလို့လဲဆို မင်းခုဒီမှာရှိနေပေးလို့”
“တကယ်?”
သူ့စကားကိုကြားလိုက်ရသော ဟော်ချွီမှာ ချက်ချင်းပဲထခုန်သွားရပြီး
“မင်းတကယ်ပြောတာလား ချင့်ဟွမ်? ဒါပေမယ့်... ဒါပေမယ့် ငါက လူတွေကိုဘယ်လိုနှစ်သိမ့်ရတယ်ဆိုတာမသိဘူး..”
သူက ခဏလောက် ရပ်တန့်လိုက်ပြီး ကြိုးစား၍ ရှင်းပြလိုက်သည်။
“ငါ...ငါက ငတုံးမဟုတ်ဘူး..ငါ့ကိုငါ စစ်ဆေးပြီးပြီ ..ငါ့ IQ က 170~180 ရှိတယ်.. ငါ အရူးမဟုတ်ဘူး တကယ်ပဲ ငါ...ငါက ...”
သူသည် အလွန်တရာစိုးရိမ်ကြောင့်ကြနေသည့်ပုံပေါက်လို့နေပြီး မျက်နှာတခုလုံးမှာ နီရဲတက်နေ သော်လည်း ဖော်ပြရန်သင့်တော်သည့်စကားလုံးကို ရှာမတွေ့ဖြစ်နေ၏။
ထိုအချိန်မှာပဲ ယွီချင့်ဟွမ်မှာ ကြားဖြတ်လို့
“ငါသိတယ် ငါသိတယ် မင်းကလူတွေကို အားပေးနှစ်သိမ့်တာမှာ အရမ်းတော်တယ်ဆိုတာ... ငါအခုဆို လုံးလုံးကိုဝမ်းမနည်းနေတော့ဘူး”
“ဒါ… ဒါဆို ကောင်းတယ်”
ဟော်ချွီမှာ ရှက်ရွံစွာဖြင့် နှုတ်ခမ်းသားများကိုစူလိုက်ပြီး ပြုံးလိုက်တာကြောင့် သူ့ဘယ်ဘက်ပါးပြင်က ပါးချိုင့်လေးကိုပေါ်လာစေသည်။
“မင်း ဗိုက်ဆာနေလား? နေ့လည်စာစားခဲ့လား?”
ဟော်ချွီမှာ သူ့ဗိုက်လေးအားသူပွတ်လို့ ဖြေလိုက်သည်။
“မစားခဲ့ရဘူး”
“ဒါဆို ငါမင်းအတွက် ခေါက်ဆွဲပြုတ်ပေးမယ်”
ယွီချင့်ဟွမ်မှာဟင်းချက်တက်သည်ကို သိသွားသောအခါ ကျောက်ချင်းယွမ်မှ ရေခဲသေတ္တာထဲတွင် သရေစာအမယ်အမျိုးမျိုးကို ထည့်သွင်းပေးထားသည်။
ယွီချင့်ဟွမ်အတန်ငယ်မွှေပြီးသော် အမယ်အပုံကြီးထဲမှ ဂျပန်ခေါက်ဆွဲထုတ်အနည်းငယ်ကို တွေလိုက်ရ၏။ မီးဖိုကိုဖွင့်ပြီးတာနှင့် ခေါက်ဆွဲပြုတ်နေရင်း သူဟာ ဟော်ချွီနှင့်စကားစမြည်ပြောဆိုလို့နေသည်။
ထူးဆန်းသည်မှာ တခြားသူမပြောနှင့် ဟော်မိသားစုတောင်မှ ဟော်ချွီနဲ့စကားစမြည်ပြောဆိုဖို့ နည်းလမ်းကို ဘယ်တုန်းကမှရှာမတွေ့ခဲ့ပေ။
ပထမဆုံးအားဖြင့် ဟော်ချွီမှာ စကားပြောဆိုရတာမကြိုက်ပေ။ ဒုတိယကတော့ သူတို့အနေနဲ့ ဟော်ချွီ ဘာပြောနေတယ်ဆိုတာ ဘယ်သောအခါမှ နားမလည်ခဲ့သလို ဟော်ချွီကလည်း သူတို့ ဘာပြောနေတယ်ဆိုတာကို နားမလည်ပေ။
သို့သော် ယွီချင့်ဟွမ်ကတော့ကွဲပြားနေသည်။ သူက အမြဲဆိုသလို ဟော်ချွီ၏ စကားလုံးတွေကနေ ဘာဆိုလိုချင်တယ်ဆိုတာကို အတိအကျကောက်နှုတ်လို့ရသည်။
“ပြောရမယ်ဆို ဒီရက်ပိုင်းအတွင်း ပညာရေးဆိုင်ရာကွန်ဖရန့်တက်ရမှာမို့ မင်းနိုင်ငံခြားသွားရမှာပေါ့?”
ယွီချင့်ဟွမ်မှာ အဖုံးဖွင့်လိုက်ရင်း ခေါက်ဆွဲကို အိုးထဲထည့်ရင်းက မေးလိုက်သည်။
“အွန်း” ဟော်ချွီက ခေါင်းကိုညိတ်လို့ ထပ်ဖြည့်ပြောလိုက်တာက “ ငါ သွားရတော့မှာ”
ယွီချင့်ဟွမ်မှာ သူထိုစကားကို ဘာလို့ထပ်ဖြည့်ပြောလိုက်တယ်ဆိုတာကို သိလေသည်။ ထို့ကြောင့် သူ့အားပြုံးပြလိုက်ရင်း အရသာမှုန့်ကိုထည့်နေစဉ်
“အိုကေပါတယ် ...ဒါဖြင့် ငါမင်းဆီဖုန်းခေါ်လိုက်မယ်လေ”
ထိုသို့ဆိုလိုက်လျှင် သူက ဟော်ချွီမှာစာအုပ်လေးတအုပ်ကိုထုတ်ယူလိုက်ပြီး စာအနည်းငယ်အမြန်အဆန်ချရေးနေသည်ကို မြင်လိုက်ရသည်။
ယွီချင့်ဟွမ်မှာ သိချင်သွားရပြီး “ မင်းဘာတွေရေးနေတာလဲ?”
ဟော်ချွီမှာ သူ့အားအပြစ်ကင်းစင်စွာ ပြုံးပြလိုက်ရင်း “ငါ့ကိုငါ ဖုန်းယူသွားဖို့ သတိပေးနေတာ”
ပူလောင်နေသောခေါက်ဆွဲမှာ အေးခဲနေသောလေထုကို အရည်ပျော်သွားစေသည်။
ယွီချင့်ဟွမ်မှာ ဟော်ချွီအတွက်ခေါက်ဆွဲပန်းကန်တစ်ဝက်ကိုဖြည့်ပေးလိုက်ပြီး
“ပူတုန်းစား”
ဟော်ချွီက ခေါင်းညိတ်လို့ နာခံစွာဖြင့် တူကိုကောက်ကိုင်လိုက်သည်။
နှမြောစရာကောင်းသည်မှာ သူသည် တူကိုတောင်ကောင်းကောင်းမကိုင်တက်သလို ဂျပန်ခေါက်ဆွဲမှာလည်း အလွန်တရာချောထွက်နေ၏။
သူအကြိမ်ကြိမ်ကြိုးပမ်းသော်လည်း တခါလေးတောင်ညှပ်ယူလို့မရခဲ့ပေ။
ယွီချင့်ဟွမ်မှာကြည့်မနေရက်တော့ပေ။ ဒီပုံအတိုင်းသာဆို ဟော်ချွီမှာခေါက်ဆွဲတွေအေးခဲပွကုန်သည်အထိ တလုပ်တောင်စားလိုက်ရမည်မဟုတ်ပေ။
ထိုအတွက်ကြောင့် သူ့အကျီလက်မောင်းများကို ပင့်တင်လိုက်ပြီး သူ့အားအကူအညီပေးလိုက်သည်။
သူဟာ ခေါက်ဆွဲကိုတူဖြင့်ညှပ်ယူလိုက်ပြီး ဟော်ချွီပါးစပ်ဖျားဆီမခွံ့ခင် အရင်လေမှုတ်လိုက်ကာ ပြောလိုက်၏။
“ပါးစပ်ဟ”
ဟော်ချွီမှာ မည်မျှပင် ရိုးစင်းနုံအနေပါစေ အနည်းဆုံးတော့ သူဟာအရွယ်ရောက်နေပြီ ဖြစ်တာကြောင့် ကလေးတယောက်ကဲ့သို့ အစာခွံကျွေးခံရတာ ရှက်စရာကောင်းမှန်းသိလေသည်။
ထိုကြောင့် သူ့တကိုယ်လုံး နီမြန်းတက်လာတာ နားရွက်လေးတောင်မကျန်ပေ။
သူက နောက်ဆုတ်ချင်နေသည်။ သို့သော် ယွီချင့်ဟွမ်၏ စကားလုံးများကိုလည်း မလွန်ဆန်ဝံ့ပေ။
ထို့ကြောင့် သူကအသနားခံလိုက်ကာ
“ချင့်ဟွမ်, ငါ....”
သို့သော် သူပါးစပ်ပွင့်သွားသည်နှင့် ယွီချင့်ဟွမ်မှာ သူ့ပါးစပ်အပြည့် ခေါက်ဆွဲကိုထိုးထည့်ပြီး ဖြစ်လို့နေသည်။
“စား”
တယောက်ကခွံ့နေပြီး တယောက်ကစားနေ၏။ သူတို့ ခေါက်ဆွဲတစ်ဝက်ကျိုးခါနီးအချိန်လောက်မှာ ကျောက်ချင်းယွမ်၏ စိတ်လှုပ်ရှားပြီးတက်ကြွနေတဲ့ အသံတသံက အပြင်ဘက်ကနေပေါ်ထွက်လို့လာ၏။
“ချင့်ဟွမ် မင်းဒီတခေါက်ဘာတွေချက်နေလဲ?”
တံခါးကိုတွန်းဖွင့်လိုက်ပြီးသော် သူကချက်ချင်းပဲ ခေါက်ဆွဲဆီဒိုင်ပင်ပစ်ဝင်လိုက်ရင်း နောက်ဘက်တွင် ရှိနေသည့် ဟော်ယုံကို လုံးလုံးလျားလျားမေ့လျော့သွားတော့သည်။
ဟော်ယုံမှာ ထိုအရာကိုစိတ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့တွေအပြန်အလှန်သိလာသည်မှာ နှစ်ချို့နေပြီဖြစ်တာကြောင့် ကျောက်ချင်းယွမ်ဘယ်လိုဆိုတာ သူသိပြီးဖြစ်၏။
“မင်းကယွီချင့်ဟွမ်လား? ငါ့ ညီလေးကို မင်းဆီအပ်ပါတယ်”
ဟော်ယုံမှာ ယွီချင့်ဟွမ်ရှေ့သို့လျှောက်သွားရင်း ဆိုလိုက်သည်။
သူဟာ ချင့်ဟွမ်လက်ထဲတွင်ရှိနေသော ပန်းကန်နှင့် သူ့ညီငယ်လေး၏ ဖောင်းကားနေသောပါးပြင်ကို မြင်တွေ့လိုက်ရသော် ချက်ချင်းပဲလေးနက်တည်ကြည်သော အပြုံးတခုပေါ်ပေါက်လို့လာသည်။
“ငါက ဟော်ယုံပါ...ဟော်ချွီရဲ့အကိုနှစ်ပေါ့”
ယွီချင့်ဟွမ်, “….”
ယွီချင့်ဟွမ်မှာ ဘာပြောရမည်ဆိုတာကို လုံးလုံးမသိပေ။ သူဟာ လမ်းပေါ်ကသနားစရာကောင်လေး တယောက်ကိုကယ်တင်ခဲ့တာ ဘယ်လိုလုပ်များ ထိုသူက သူ့သူဌေးရဲ့ညီဖြစ်သွားရတာလဲ? သူဘာလို့များ ဒီလောက်ကံတွေ လွှတ်ကောင်းနေရပါလိမ့်?
“ဟိုင်း တွေ့ရတာဝမ်းသာပါတယ်” ယွီချင့်ဟွမ်မှာ ဘာအမူအရာမှရှိမနေသည့်မျက်နှာသေဖြင့် ဟော်ယုံကို လက်ဆွဲနှုတ်ဆက်လိုက်၏။
“ဟမ်?”
ထိုစကားအကြောင်းအရာကို ကြားသွားသည့် ကျောက်ချင်းယွမ်မှာ ခေါက်ဆွဲပြုတ်စားနေရာက နောက်ဆုံးမှာခေါင်းထောင်လာပြီး ဟော်ချွီကို အသိစိတ်လွတ်သလိုကြည့်နေရင်း ဟော်ယုံဘက်သို့လှည့်ကာ
“ဒါဆို ဒါကမင်းပြောတဲ့ Genius ညီလေးပေါ့? သူ့ကြည့်ရတာ ငါတို့နဲ့ဘာမှမကွာသလိုပါပဲ”
ဟော်ချွီမှာ သူခေါက်ဆွဲစားနေစဉ် တယောက်ယောက်က သူ့အားစူးစိုက်ကြည့်နေသလို ခံစားလိုက်ရသည်။
ခေါင်းကိုမော့လိုက်သောအခါ သူလုံးလုံးမသိတဲ့ ကျောက်ချင်းယွမ်ကို မြင်တွေ့လိုက်ရပြီး ထိုသူ့အား လုံးဝဥသုံလစ်လျူရှုထားလိုက်လေ၏။
အရင်အတိုင်းသာဆို ဟော်ယုံမှာ သူ့အားဒီအတိုင်းလွှတ်ထားပေးလိုက်မှာဖြစ်သည်။ သို့သော် အခုတော့ မတူတော့ပေ။ ဟော်ချွီမှာ တော်တော်လေး ပြောင်းလဲလာသည်။
ဟော်ယုံမှာ သူ့ညီငယ်လေးကို လူမှုရေးနားလည်ပြီး အပေါင်းအသင်းဆန့်လာစေဖို့သင်ယူရန် မျှော်လင့်နေသည်။
ထိုကြောင့် သူက သူ့အား မိတ်ဆက်ပေးလိုက်သည်မှာ
“ဟော်ချွီ ဒါကကျောက်ချင်းယွမ် သူက...”
သူ့စကားတောင်ဆုံးမယ်မကြံသေး ဟော်ချွီမှာ ရုတ်တရက်ခေါင်းကိုလှည့်လာကာ ကျောက်ချင်းယွမ်ကို အပြစ်ကင်းစင်စွာဖြင့် ကြည့်လိုက်ရင်း
“အကိုယုံ ကျွန်တော်သူ့ကိုသိတယ် သူက ကြက်တူရွေး”
ကျောက်ချင်းယွမ်, “…”
မင်းသာကြက်တူရွေး! မင်းတို့တစ်မိသားစုလုံး ဟော်ယုံအပါအဝင် အကုန်ကြက်တူရွေးပဲ!
.,.,.,.,.,.,.,.,.,.,.,
A/N >>> ချင်းယွမ် ..ဟော်ချွီ ငါမင်းကိုမုန်းတယ် တဘဝလုံးစာပဲဟေ့!
T/N >>> ဒီအပိုင်းက တို့ကောင်လေးတွေ မွေးနေ့လက်ဆောင်အနေနဲ့ တနေ့တည်းအပြီး ရေးပေးလိုက်တာနော်
ဟုန်ချွီးကနေ ဟော်ချွီ နာမည်ပြောင်းထားပါတယ် ခဏခဏ ပြောင်းနေလို့ဗွေမယူပါနဲ့ 😆
ဒီအပိုင်းတွေဖတ်ပြီး ယူတို့အတွေးမှားမှာ မြင်ယောင်လို့ Hint ပေးလိုက်မယ်နော် တို့တာဝန်ကျေပြီ 👀
🔥 Bursting lucky Shou Vs Naive maiden wolf Gong 🔥
☆☆☆☆☆☆☆☆☆☆☆
[Zawgyi]
[Unicode]
သနားစရာယွီချင့်ဟွမ်!
“ချင့်ဟွမ်!”
“ကြည့်ကြည့်”
“မင်းအေးနေလား?”
“အင်း”
“သတိထား သတိထား”
“ထိုင်”
“ဒီနား...”
“အဲ့နားက အရမ်းနာတယ်”
“ချင့်ဟွမ်!”
“ဘာကြီးလဲ?”
“ဟမ်..?”
“ငါ့အကိုနှစ်က ပြောတယ်”
“တကယ်?”
“ဒါ… ဒါဆို ကောင်းတယ်”
“မစားခဲ့ရဘူး”
“ပူတုန်းစား”
“ပါးစပ်ဟ”
“ချင့်ဟွမ်, ငါ....”
“စား”
ယွီချင့်ဟွမ်, “….”
“ဟမ်?”
ကျောက်ချင်းယွမ်, “…”
.,.,.,.,.,.,.,.,.,.,.,
☆☆☆☆☆☆☆☆☆☆☆