A letter to A boy who is not...

By ThomasFionaMo

64.3K 4.3K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... More

part 1(unicode)
Part 2(Unicode )
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
Part -15(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 19(unicode )
Part 20(Unicode )
Final (unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
part 13(Zawgyi )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part -17(Zawgyi )
Part 18(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )
Extra (zawgyi )

part 6(Unicode )

2.2K 188 16
By ThomasFionaMo


"စူးရှ စူးရှ ထအုံး"

"အင်း..ဝှါး.."

"အဲ စူးရှ ထအုံးလို့ "

ခြုံထားသောစောင်ကို အတင်းဆွဲယူပြီး
စောစောစီးစီး လာနှိုးနေသော အမအွန်မ် ပါလေ။

"P'Aom ရာ ခဏနေ ထမယ် ဟုတ်ပြီလာ။ အခုအိပ်ချင်သေးတယ် ငါးမိနစ်ပဲ နော် ငါးမိနစ်ပဲ"

အမအွန်မ် လက်ထဲကစောင်ကိုပြန်ယူပြီး ခေါင်းမြီးခြုံ ထားလိုက်ပေမယ့်
လက်သွက်တဲ့ အမအွန်မ်ကလည်း အလျှော့မပေး။

"မရပါဘူး စူးရှရယ် ထပါ ဒီမှာ ပြောစရာရှိလို့ပါဆို"

အိပ်ယာကနေ မထပဲ မပွင့်တပွင့်မျက်လုံးနဲ့ အမအွန်ကို မျက်စောင်းထိုး ကြည့်လိုက်သည်။

"ပြော ဘာလဲ ညကတော့ တစ်ညလုံး မအိပ်ခိုင်းပဲနဲ့"

"အွေး.. စူးရှ ပေါက်ကရ အရမ်းပြောတာပဲ"

"ဘာတွေထင်နေတာလဲ မနေ့က စကားတွေအကြာကြီးထိုင်ပြောတာကို ပြောတာလေ
ကဲပြော အစောကြီးလာနှိုးပြီး ဘာဖြစ်လို့လဲ"

မျက်စိကိုအတင်းဖွင့်ပြီ ထထိုင်တော့ အမအွန် က ညအိပ်ဝတ်စုံနဲ့ပဲရှိသေးတာ။
စောစောစီးစီး ဘာကိစ္စမို့လို့။

"အိမ်ရှေ့မှာပိတောက်ပန်းတွေပွင့်နေတယ်"

အမအွန်မ် ကအတင်းဆွဲထူရင်း အခန်းပြတင်းပေါက်ဖွင့်ပြီး
ကြည့်မိတော့ အိမ်ရှေ့မှာ စိုက်ထားတဲ့ ပိတောက်ပင်တွေက ပွင့်နေလိုက်တာများ ဝါဝါထိန်လို့။
မနက်စောစော ပိတောက်ပန်းရနံ့ ရတော့ စိတ်အစုံက အလိုလို့ ကြည်လင်လျက်သား။

အမအွန်မ် ကတော့ ပြုံးရွှင်နေတဲ့ မျက်နှာထားနဲ့
မြင်ယုံနဲ့တောင် အားမရသေးဘူးဆိုတဲ့ အကြည့်တွေနဲ့။

သေချာပါသည်။ အခုလို ကျွန်တော့်ရဲ့ မနက်ခင်းတိုင်းမှာ အမအွန်မ် သာပါလာခဲ့ရင်
သာယာတဲ့နေ့ရက်တွေက အမြဲတမ်း ကျွန်တော်တစ်ယောက်ထဲ အတွက်ပဲ။

"တန်ခူးလမို့ ပိတောက်ပန်းပွင့်တာဆန်းလို့လာ"

ကျွန်တော်က စ တော့
P'က မျက်စောင်းထိုးသေးသည်။

"စူးရှနော် P' က ပိတောက်ပန်း ကြုက်တာသိရဲ့သားနဲ့
ပြီးတော့ ဒီပန်းက ခဏနေရင် ကြွေကုန်မှာ လိုက်ခူးပေးနော်
နော်   နော်  နော် လို့"

လက်မောင်းကို အတင်းလှုပ်ကိုင်ပြီး ချွဲသည်ဟုလည်းမဆိုသာသော အမ အွန်မ် က
ချစ်ဖို့ကောင်းပါသည်။
ကျွန်တော်နဲ့ဆိုလျှင်သာ ဒီလိုပြုမူတက်တာ ကျန်တဲ့သူတွေရှေ့ဆို ရင့်ကျက်တဲ့သူတစ်ယောက်လို နေထိုင်တက်ပြန်သေးသည်။

အမအွန်မ်က ကျွန်တော့်အတွက် ချစ်သူကောင်းတစ်ယောက် လက်တွဲဖော်ကောင်းတစ်ယောက်ပါ။
သူစိတ်ပျက်စေမယ့်အရာမျိုး ဘယ်တော့မှ မလုပ်မိဖို့ကျွန်တော် နေသွားမှာပါ။
အမအွန်မ်လို လူမျိုး နောက်ထပ် နောက်ထပ် ဘယ်လိုနေရာမှာမှ ရှာလို့တွေ့တော့မှာမဟုတ်သလို လောကကြီးထဲမှာတောင်
မရှိနိုင်လောက်တော့ဘူး ဟုထင်သည်။

"အင်းပါ ကျွန်တော်က စတာပါဗျ ၊ ခဏနော် အင်္ကျီ လဲ လိုက်အုံးမယ်"

"လဲမနေပါနဲ့ စူးရှရယ် ကိုယ့်အိမ်ပဲဟာ ဘယ်သူမှ မြင်တာလဲ မဟုတ်ဘူး။ လာပါဒီအတိုင်းသွားရအောင်"

ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်မိတော့ လက်ပျက်စွတ်ကျယ်နဲ့ ပေါင်လယ်လောက် ဘောင်းဘီတိုလေးပဲ ဝတ်ထားတာ။
အမအွန်မ်ကတော့ ရှပ်အင်္ကျီ ပုံစံ ညအိပ်ဝတ်စုံ ဂါဝန်နဲ့ ဆိုတော့ သူကအဆင်ပြေပေမယ့် ကျွန်တော်က....

ထားပါတော့လေ။
အမ ပြောသလို ကိုယ့်အိမ်ထဲမှာပဲဟာ။

အမကို ခေါင်းညိတ်ပြတော့ လက်ကိုဆွဲလို့ အောက်ထပ်ကိုပြေးဆင်းသွားလိုက်တာများ။
အိမ်ပြင်ရောက်တော့ ပိတောက်ပန်းရနံ့နဲ့ အတူ ညက သင်္ကြန်မိုးလေး ဖွဲဖွဲကျထားလို့ မြေသင်းနံ့ ခပ်ယဲ့ယံ့လေးရနေသေးသည်။
မြက်ခင်းစိမ်းစိမ်းကလည်း မိုးဖွဲလေးတွေက နည်းလွန်းပေမယ့် သူတို့အတွက် ရေလုံလောက်သည်ထက်ပိုသည်ဟူသော သဘောဖြင့်
ရွဲစိုနေသည်။

"WoW"

ပိတောက်ပင်ကြီးပေါ်ကို မော့ကြည့်ရင်း အမက ကလေးလေးတစ်ယောက်လို ပျော်မြူးနေသည်။

"အပင်ကမြင့်တယ်နော် စူးရှ"

အမက လှည့်ကြည့်လာတော့ ပန်းခူးပေးစေချင်တာ သိနေတာမို့

"ကျွန်တော်တက်ခူးပေး.."

"မတက်ပါနဲ့ စူးရှကလည်း ညကမိုးရွာထားတာ အန္တရာယ်များတာကို ဝါးမရှိဘူးလာ ဝါးချူနဲ့ခူးရင်ရလောက်မှာ"

"ရှိမယ်ထင်တာပဲ အိမ်နောက်မှာ သွားရှာလိုက်မယ် စောင့်နေနော်"

"အင်း"

အိမ်နောက်ဖေးကို ပြေးဝင်လာရင်း ရှိမယ်လို့တော့ ထင်ရတာပဲ။
အိမ်နောက်မှာ သစ်ရက်ပင်တစ်ပင်ရှိပြီး အရင်က အကိုကြီး ခူးတာတော့မြင်ဖူးသည်။

"ဟော ဟိုမှာပဲ"

သစ်ရက်ပင်အောက်မှာ တော့မဟုတ်ပေမည့် မိုးလုံတဲ့နေရာသိမ်းထားသောကြောင့် ဝါးလုံးရှည်ရှည်ကို ဆွဲထုပ်လိုက်သည်။
အဖျားမှာလည်း အညှပ်ပါသောကြောင့် ပန်းခူးဖို့အဆင်ပြေလောက်မည် ထင်သည်။

"အား..."

ဟင်။
အမအွန်မ် ရဲ့အော်သံကြောင့် ဝါးလုံးထားခဲ့ပြီး အိမ်ရှေ့ပြန်ပြေးရသည်။
အိမ်ရှေ့ရောက်တော့ အပင်ပေါ်မော့ကြည့်ပြီး အော်နေသော အမ။

ဘာလို့ပါလိမ့်။

"P'Aom ဘာဖြစ်တာလဲ P အဆင်ပြေရဲ့လား ဘာတွေ့လို့လဲ"

"ဟို ဟိုမှာ "

အမ လက်ညှိုးထိုး ပြတဲ့နေရာ မော့ကြည့်လိုက်တော့...
ပိတောက်ပင်ပေါ်မှာ လူတစ်ယောက်။

တိတိကျကျပြောရရင် အဲ့ဒီ့မိန်းမ
ကျွန်တော်လုံးဝလှည့်မကြည့်ရမယ့်မိန်းမ။
ကျွန်တော်မပတ်သက်ရမယ့်မိန်းမ ယုယငယ်။

ဒါဘယ်လိုဖြစ်နိုင်မှာလဲ။

"ဟီးဟီး Hello"

သူ့မှာ ဒီလို ကလေးဆန်တဲ့ အမူအယာတွေလည်းရှိသေးတယ်လား။
တီရှပ်အဖြူရောင်နဲ့ အားကစားဘောင်းဘီလို ဆွဲသားဘောင်းဘီမျိုး ဒူးဖုံးလောက်ကို ဝတ်ထားပြီး ဆံပင်တွေကို ခပ်မြင့်မြင့်လေးစုစည်းထားသည်။

သွားတွေအကုန်ပေါ်သည်အထိ ပြုံးပြနေပြီး ပိတောက်ပင်ရဲ့ပင်စည်ကို တင်းတင်းဖက်လို့ လက်တစ်ဖက်က ဝေ့ယမ်းပြပြီး နှုတ်ဆက်နေသည်က
သူများအိမ်က အပင်ကိုလာခိုးတက်တဲ့ ကလေးလေးတစ်ယောက် လူမိသွားလို့ မျက်နှာချိုသွေားနေတဲ့ပုံနဲ့။

"မင်းက ဘယ်လိုလုပ်ပြီး ဒီမှာ"

"စူးရှ အသိလာ "

အပင်ပေါ်က အဲ့မိန်းမကြောင့် ဘေးမှာရှိနေတဲ့ P'Aom ကိုတောင်သတိမရ။
ဟုတ်တယ်လို့ဖြေသင့်လား မဟုတ်ဘူးလို့ဖြေရမလား ကျွန်တော့်မှာ ဝေခွဲမရ။

အမအွန်မ် ကို တစ်လောကလုံးနှင့် လဲနိုင်ပေမယ့်
အဲ့မိန်းမ အနားရှိနေလျှင်တော့ ကျွန်တော့် တလောကလုံးကိုတောင် မေ့သွားတက်သည်။

တချို့အရာတွေက အတင်းဇွတ်ဝင်တိုးလာတက်ပေမယ့်
သူများနေရာကို လုယူဖို့အထိ ကြိုးစားပမ်းစား အနားရောက်တယ်ဆိုတာတော့ ကောင်းတဲ့အရာမဟုတ်မှန်း ကျွန်တော်သိပါသေးသည်။

ကျွန်တော်က ကျွန်တော့်ရဲ့ နှလုံးသားကိုနွေးထွေးစေတဲ့သူ
နူးညံ့စေတဲ့သူ ၊ ကျွန်တော့်ဘဝကြီးကိုအေးချမ်းစေမယ့်သူကို ပိုင်ဆိုင်ထားပြီမလား။

"အဲ့တာတွေ နောက်မှမေးပါ အခုပြန်မဆင်းတက်တော့လို့ ကူအုံး"

"စူးရှ လှေကား လှေကားရှိလာ သွားရှာပါအုံး ၊
အမလေး မတော်လို့ပြုတ်ကျနေရင် သွားပါမြန်မြန်လေး"

ကျွန်တော် စတိုခန်းထဲက လှေကားကိုပြေးယူပြီး သူ့ဆီ ထောင်ပေးတော့
သူ့တစ်ကိုယ်လုံးက တုန်ယင်နေသေးသည်။
လှေကားက သူ့ဆီမှမရောက်ပဲ။

မိန်းကလေးဖြစ်ပြီး ဒီလောက်အမြင့်ကြီး တက်ရသလား။

"ဆင်းလာခဲ့ ညီမလေး ဘာမှမကြောက်နဲ့။ အဲ့အပေါ်မှာ ကိုင်းတွေကိုသေချာလေးကိုင် "

"ဟင့်အင်း ငယ်မဆင်းရဲ့တော့ဘူး"

ငယ်တဲ့။
သူ့ကိုယ်သူ " ငယ် " လို့
သုံးလိုက်တယ်မလား။
ကျွန်တော်နားကြားမှားတာ မဟုတ်ပါဘူးနော်။

သူ့ကြည့်တော့ မျက်လုံးတွေက အငြိမ်မနေပဲ အရမ်းကြောက်နေပုံပေါက်နေသည်။
ချွေးများပျံနေသည်အထိ ပင်စည်ကို တင်းနေအောင်ဖက်ထားသည်က
လက်တွေတော့ ပွန်းပဲ့ ကုန်တော့မှာပဲ။

ကျွန်တော့်ကို လှန်းကြည့်တဲ့အကြည့်တွေက
အရင်တွေ့နေကျ ပုံစံမျိုး မာရေကျောရေ နဲ့ မထီလေးစား အကြည့်တို့မဟုတ်။
လေးလေးနက်နက် ကျွန်တော့်ရဲ့ အတွင်းစိတ်ကို လှုံ့ဆော်နေသလို။

အကူညီတောင်းခံနေတဲ့ အပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်လို။

အဲ့ဒီ့ခံစားချက်က ကျွန်တော့်ကို အမအွန်မ်နဲ့ နေရာချင်းလဲပစ်ချင်လောက်တဲ့အထိ မိုက်မိုက်မဲမဲ  ရောထွေးပစ်လိုက်သည်။

"စူးရှ သတိထား"

ကျွန်တော် ဘယ်လိုတောင် မိုက်ရူးရဲဆန်သွားတာလဲ။

ကျွန်တော် သတိပြန်ဝင်လာတဲ့အချိန် ကျွန်တော့်ကိုယ်လေးဟာ အပင်ပေါ်ရောက်လို့ ယုယငယ် ဆိုတဲ့ အဲ့ဒီ့မိန်းမကို လက်တစ်ဖက်ကမပေးနေပြီ။

"ကိုင်လိုက်ပါ ဘာမှမကြောက်နဲ့"

ကျွန်တော့်လက်ကို လှမ်းထိကိုင်လိုက်တဲ့ သူမရဲ့လက်တွေက ကြောက်လွန်းလို့ တုန်ရီအေးစက်နေသည်ကို ခံစားမိသည်။

နောက် ..
ရင်ခုန်လှုပ်ရှားနေတဲ့ ကျွန်တော့်ရဲ့ စိတ်အစုံက ထူးဆန်းနေသည်။
အဲ့ဒီ့ အထိအတွေ့တွေရဲ့ ခံစားမှု က အမအွန်မ်နဲ့တောင် တစ်ခါမှ  မခံစားခဲ့ဖူးဆို ယုံပါ။

ဒါကို ကျေးဇူးပြုပြီး တခြားခေါင်းစဥ်တွေ မတပ်ပါရစေနဲ့။
ကျွန်တော် အမအွန်မ် ကို ဘယ်လိုမှ မထားပစ်ခဲ့နိုင်ဘူး။

" အာ့ ..."

လှေကားပေါ် ခြေလှမ်းလိုက်တဲ့ သူမက ခြေချော်ပြီး ပြုတ်ကျလုဆဲဆဲ ခါးကို လှမ်းကိုင်ထားမိတော့
လောကကြီး သုံးစက္ကန့်လောက် ရပ်တန့်သွားသလို။

စူးစူးရှရှ သူမအကြည့်တွေက ဝိုင်းစက်နေပြီး ရုန်းထွက်လို့မရတော့အောင် ဆွဲဆောင်လွန်းနေသည်။
သေးသွယ်သော သူမ ခါးသိမ်သိမ်လေးက နူးညံ့နေသည်။
ပါးလျသော နှုတ်ခမ်းနှစ်လွှာက ဘာခြယ်သမှုမှမပါပဲ နဂို ပန်းနုရောင်လေးသန်းနေသည်။

မျက်နှာမှာ မိတ်ကပ်မပါဘူးဟုထင်ရသော်လည်း ပါးမို့မို့နှစ်ဖက်က ရဲနေသည်။

"ဟို  ရ ရရဲ့လား"

ပြုံးပြလာသော သူမရဲ့ ဖြူစင်သည့်ပြုံးတစ်ခုက ကျွန်တော့်ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်လိုက်သည်။
ဘယ်လို အဓိပ္ပာယ် နဲ့ များ ဒီလိုပြုံးလိုက်ရပါလိမ့်။

"အဲ.."

"စူးရှ.."

ယောင်ယောင်ကမ်းကမ်းနဲ့ သူမခါးကိုလွှတ်ချလိုက်တော့
လှေကား ပေါ်မရောက်သေးသော သူမခြေထောက်က လှေကားနဲ့လွတ်သွားပြီး

"ဟာ.."

ကျွန်တော် သူမကို လှမ်းဆွဲထားလိုက်ပေမယ့်လည်း...

ဘုတ်။

မြေပြင်ပေါ်  အထပ်လိုက် ပြုတ်ကျသွားတဲ့ ကျွန်တော်တို့က နည်းနည်းတော့ ကို့ယို့ကားယားနိုင်သည်။
ကျွန်တော့်အပေါ်က သူမက အုပ်မိုးလျက်သား ။
မြန်မြန်ဖယ်ပေးတော့လေ လို့ ကျွန်တော် မပြောမိသလို သူမလည်း ဖယ်ပေးဖို့ စိတ်ကူးရပုံမရှိ။

ကျောပြင်က အထိနာသွားပေမယ့် သတိမရလောက်တဲ့အထိ
သူမရဲ့ အကြည့်စူးစူးကနေ မခွါချင်မိသေး။
စွဲမက်စရာကောင်းသော သူမအကြည့်တို့ကို ကျွန်တော် သိမ်းဆည်း ထားချင်သေးသည်။

ဒါက သိပ်ကို ရူးကြောင်ကြောင် နိုင်လွန်းပါသည်။
အဲ့လိုမဖြစ်သင့်မှန်းသိပေမယ့် ကျွန်တော်ကိုယ်တိုင် ရှောင်လွှဲလို့မရတဲ့ အခြေအနေတွေက ကျွန်တော့်ဆီ အတင်းတိုးဝင် လာခဲ့သည်။

ပူးကပ်နေသော ရင်ဘက်နှစ်ခု၊
ကိုယ်ခန္ဓာ နှစ်ခု ၊ မြန်နေသော အသက်ရှုသံတွေကြား
ခုန်မြည်နေသော နှစ်လုံးသားစည်းချက်တို့က ဘယ်သူ့ဆီကဆိုတာ တိတိကျကျ ဘယ်သူမှမသိလိုက်ခင်မှာပဲ

အဲ့ဒီမိန်းမ
ယုယငယ် ဆိုတဲ့ မိန်းမက ကျွန်တော့် အတွက် အနှောက်အယှက်တစ်ခုကတော့ ဖန်တီးနေခဲ့ပြီ။
အမြဲတမ်း သူမနဲ့တွေ့တိုင်း ကျွန်တော့်အတွက် ပြဿနာတွေ ရှာတက်လွန်းသော သူမ။
ဒီတစ်ခါလည်း ကျွန်တော့ကို ကြီးကြီးမားမား ပြဿနာတစ်ခု ပေးနေပြန်ပြီ။

ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော်ကိုယ်တိုင်တောင် လိုလိုလားလား ဖြစ်မိသော ၊ ကျွန်တော်ကိုယ်တိုင်တောင် မငြင်းဆန်နိုင်သော

ကျွန်တော့် နှုတ်ခမ်းတွေကို ထိကပ်လာသည့် သူမ နှုတ်ခမ်းတို့က ခပ်နွေးနွေးနဲ့ မာယာတွေပါသော နှစ်ချို့ဝိုင်တစ်ခွက်လို၊ သောက်လေငတ်လေ ပင်လယ်ရေလို ကျွန်တော့်ကို ရူးသွပ်သွားစေသည်။

ချိုအီသော အထိအတွေ့က အမအွန်မ် ဆီမှာတောင် မတွေ့ရသော
ခံစားချက်တို့က အလုံးလိုက်အရင်းလိုက် ကျွန်တော့်ရင်ဘက်ထဲ တိုးဝင်လာခဲ့သည်။

*တောင်းပန်ပါတယ် P'Aom*

ကျွန်တော်ဟာ အမအွန်မ် ရှေ့မှာတင် တခြားတစ်ယောက်နဲ့ နမ်းနေခဲ့မိသည်တဲ့။
ဘယ်လိုတောင် မကောင်းတဲ့ လူတစ်ယောက်လဲ။
ကျွန်တော်ဟာ သိပ်ကို ယုတ်မာတဲ့ လူပဲ။

ဒီလောက်ကိုယ့်အပေါ် အရာရာ သဘောထားကြီးတဲ့ အမအွန်မ်လို လူအပေါ်ကိုမှတဲ့။

တချို့ တောင်းပန်ခြင်းတွေက ဖြူစင်သူတို့ရဲ့ *ဘာမှမဖြစ်ပါဘူး* ဆိုတဲ့ အပြုံးလေး တစ်ခုအောက်မှာ
မှုန်ဝါးသွားတက်ပေမယ့်

သူ့ကိုရော ကိုယ်ကိုတိုင်ရော သေလုမတက် နာကျင်သွားရတက်တာကို တော့ ကျွန်တော် သိလိုက်ရတဲ့အချိန်
သိပ်ကိုနောက်ကျသွားခဲ့ပြီ။

*ယုယငယ်။
မင်းက ငါ့အတွက် တကယ်ကို မကောင်းဆိုးဝါး မပဲ။
မိစ္ဆာမပဲ။
သာယာနေတဲ့ ငါ့ဘဝကြီးကို ဖျက်ဆီးဖို့ရောက်လာတဲ့ နတ်ဆိုးမသက်သက်ပဲ*

မင်းကို သိပ်မုန်းတယ်။

Continue Reading

You'll Also Like

1.4M 35.4K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.7M 126K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
600K 49.6K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
483K 14.2K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...