(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

713K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(263) - သခင်လေးဟုခေါ်သည်။

3.9K 796 45
By Xiao_Yiii

Unicode

အခန်း(၂၆၃) - သခင်လေးဟုခေါ်သည်။

ဂျီလန်ဂျွန်းကတရားဝင်သမီးကြီးဖြစ်ပြီးငယ်စဉ်ကတည်းကအလိုလိုက်ခံခဲ့ရသည်။လင်ယွီဟန်ရဲ့ကျန်းမာရေးကသူမကိုအမေတစ်ယောက်အနေနဲ့သူမရဲ့သမီးဘေးမှထွက်သွားလို့မရအောင်လုပ်ထားလို့သာမဟုတ်ဘူးဆိုရင်ဒီနှစ်တွေအတွင်းဘယ်လိုများသူမရဲ့အိမ်ကိုမပြန်ပဲနေမှာလဲ?

အရင်တုန်းကဆိုရင်ဂျီမိသားစုရဲ့ခေါင်းဆောင်သခင်နှင့်သခင်မတို့အပြင်ဂျီလန်ဂျွန်းရဲ့အကိုကြီးတော်တော်များများသည်ပင်သူမကိုသတိရလွန်းတာကြောင့်လင်မိသားစုဆီလာလည်ခဲ့ကြသည်။

အဲ့ဒါကဒီအတိုင်းလမ်းကြောင်းကဝေးကွာပြီးအန္တာရယ်များတာကြောင့်မိသားစုနှစ်စုကြားထဲကသွားလာရေးကသိပ်ပြီးအဆင်မပြေခဲ့တာသာရှိသည်။ထို့ကြောင့်လည်းသူတို့ကသူမဆီသို့အကြိမ်အနည်းငယ်သာလာလည်နိုင်ခဲ့ခြင်းပင်။

လင်ရွှမ်းဇီကထိုအခြေအနေကိုပိုပြီးနားလည်သဘောပေါက်လာသည်။ဂျီလန်ဂျွန်းနှင့်သူမမိသားစုရဲ့ဆက်ဆံရေးကမဆိုးဝါးတာအတော်လေးကိုကံကောင်းလှသည်လေ။

"ဂျီမိသားစုကတောင်ဘက်တိုက်မကြီးမှာအကြီးဆုံးမိသားစုနော်...တောင်ဘက်တိုက်မကြီးမှာအနံ့သက်ဆိုးတွေနဲ့အဆိပ်ပြင်းကူအင်းဆက်တွေလည်းရှိလို့ကူသခင်တွေတော်တော်များများအဲ့ဒီမှာနေထိုင်ကြတယ်မှတ်လား...ကျွန်တော်ကဒေါ်ဒေါ်ကိုအကူအညီတစ်ခုလောက်တောင်းချင်လို့...ကျွန်တော့ဘေးမှာအလုပ်လုပ်ခိုင်းနိုင်မယ့်စွမ်းအားကြီးပြီးယုံကြည်စိတ်ချရလောက်မယ့်ကူသခင်တစ်ယောက်လောက်ရှာဖို့တစ်ယောက်ယောက်ကိုခိုင်းပေးပါလား...ပြီးတော့ကျွန်တော်ကူအင်းဆက်ပိုးတွေနဲ့အဆိပ်ပါဝင်မယ့်စီးပွားရေးတစ်ချို့လည်းလုပ်ချင်တယ်..သေချာပေါက်အဲ့ဒါကမိသားစုရဲ့စီးပွားရေးကိစ္စတွေနဲ့တော့မပတ်သတ်ပါဘူး...ကျွန်တော်ကကျွန်တော်လိုအပ်မယ့်ကူအင်းဆက်ပိုးတွေနဲ့အဆိပ်တွေတင်မကဘူးကျွန်တော်လိုအပ်သမျှအရာအားလုံးကိုရှာပေးနိုင်မယ့်တစ်စုံတစ်ယောက်ကိုပဲလိုအပ်တာ...ဈေးနှူန်းကတော့ညှိနှိုင်းလို့ရတယ်"

ဂျီလန်ဂျွန်းသည်အတော်လေးထိတ်လန့်သွားမိသည်။သူမကတစ်စုံတစ်ယောက်ကြားသွားမှာကိုစိုးရွံ့ဟန်ဖြင့်ပတ်ဝန်းကျင်အားအလျင်အမြန်လှည့်ကြည့်လိုက်သေး၏။

လင်ရွှမ်းဇီကပေါ့ပါးစွာပြုံးလေသည်။

"ဒေါ်ဒေါ်စိတ်ပူစရာမလိုပါဘူးကျွန်တော့ကိုယ်ပေါ်မှာမှော်ကိရိယာရှိတယ်;အကယ်၍တစ်ယောက်ယောက်ဖြတ်သွားရင်တောင်သူတို့ကျွန်တော်တို့ရဲ့စကားပြောဆိုမှုတွေကိုကြားနိုင်မှာမဟုတ်ဘူး"

ဂျီလန်ဂျွန်းသည်သူမရဲ့မိုးမခသဖွယ်မျက်ခုံးတစ်စုံအားတွန့်ချိုးလိုက်သည်။

"ရွှမ်းဇီ,ကူပိုးနဲ့ကူသန့်စင်တဲ့သခင်တွေကနတ်ဆိုးတွေနော်ပြီးတော့ဖြောင့်မတ်တဲ့လမ်းနဲ့လုံးဝကြီးဆန့်ကျင်နေတာ;အဲ့ဒီလူတွေနဲ့ပစ္စည်းတွေကိုဘာအတွက်လိုအပ်တာလဲ?"

လင်ရွှမ်းဇီကရိုးရှင်းစွာပြန်ဖြေသည်။

"သူတို့မှာအရမ်းကိုအရေးကြီးတဲ့အခန်းကဏ္ဍရှိတယ်"

ဂျီလန်ဂျွန်းကသူ့ကိုကြည့်လိုက်သည်။အချိန်အတော်လေးကြာမှသာသူမကမေးလာ၏။

"အဲ့ဒါတွေကိုရကိုရမှဖြစ်မှာလား?"

လင်ရွှမ်းဇီကခိုင်မာစွာခေါင်းညိတ်ပြသည်။

"သူတို့ကိုလိုအပ်တယ်"

ဂျီလန်ဂျွန်းကအသက်ကိုပြင်းပြင်းရှုလိုက်ပြီးသူမရဲ့စိတ်ကိုပြင်ဆင်လိုက်သည်။

"ကောင်းပြီ,နင်အဲ့ဒါတွေကိုဘာအတွက်လိုအပ်တာလဲဆိုတာငါမသိပေမယ့်သူတို့ကနင့်အတွက်အရမ်းကိုအရေးကြီးမယ်ဆိုတာတော့ငါယုံတယ်...ဂျီမိသားစုကတကယ့်ကိုနင်လိုအပ်တဲ့ကူအင်းဆက်နဲ့လူကိုရှာပေးနိုင်တယ်...ဒါပေမဲ့အရှေ့ဘက်တိုက်မကြီးနဲ့တောင်ဘက်တိုက်မကြီးကအရမ်းဝေးလွန်းတယ်ပြီးတော့ကျယ်ပြန့်တဲ့ရွှံ့နွံတွေနဲ့တောထူပြီးနက်တဲ့တောအုပ်တွေကိုတဆင့်ဖြတ်သန်းဖို့လိုအပ်နေတော့...နည်းနည်းတော့ကြာကြာလေးစောင့်မှရလိမ့်မယ်"

လင်ရွှမ်းဇီသည်သူ့ရဲ့လက်ကိုလေးနက်စွာဆုပ်ကိုင်လိုက်ပြီးသူမကိုကျေးဇူးတင်စကားပြောလေသည်။

"ဘယ်လောက်ပဲကြာပါစေကျွန်တော်စောင့်ပေးနိုင်ပါတယ်..ဒီကိစ္စတော့ကျွန်တော်ဒေါ်ဒေါ့်ကိုပဲဒုက္ခပေးရတော့မယ်"

သူမရဲ့သမီးထက်အနည်းငယ်သာကြီးသည့်ထိုကလေးကိုကြည့်ပြီးသူမရဲ့မိခင်ဗီဇများနိုးထလာရကာနူးနူးညံ့ညံ့ပြောလိုက်သည်။

"ဘာလို့များအရမ်းကြီးယဉ်ကျေးနေရတာလဲကွယ်?အကယ်၍အနာဂတ်မှာတစ်ခုခုလိုအပ်တယ်ဆိုရင်လည်းဒေါ်လေးကိုပြောသာပြောလိုက်...ရင်ထဲမှာပဲသိမ်းမထားနဲ့"

လင်ရွှမ်းဇီသည်ပြုံးမိတော့သည်။

"ကောင်းပါပြီ"

*****

သူလင်မိသားစုရဲ့သခင်လေးဖြစ်ပြီးနှစ်ရက်ကြာပြီးနောက်လင်ရွှမ်းဇီကလင်မိသားစုအားနက်ရှိုင်းကောင်းကင်ဂိုဏ်းထံဦးဆောင်ခေါ်သွားပေးသည်။ဂိုဏ်းဝင်ခွင့်စာမေးပွဲမှာပါဝင်မယ့်ကျောင်းသားများသည်လည်းထွက်ခွာကြ၏။

"လင်ရွှမ်းဇီ"

လင်မိသားစုရဲ့အိမ်တော်အဓိကဝင်ပေါက်တွင်'နေနောက်လိုက်မြင်း'ဆွဲသည့်ရထားလုံးအပေါ်သို့တက်ရန်ပြင်နေသည့်လင်ရွှမ်းဇီအားအနည်းငယ်အားနည်းနေသည့်အမျိုးသမီးတစ်ယောက်အသံကရပ်တန့်စေလိုက်သည်။

ပြန်လှည့်ကြည့်စရာပင်မလိုပဲလင်ရွှမ်းဇီသည်မှားယွင်းခံရသလိုမျိုးဖြစ်နေမည့်လင်ယွီရိုရဲ့မျက်နှာကိုမြင်ယောင်ကြည့်နိုင်သည်။သူမရဲ့မျက်နှာအမူအယာကသူမသည်ထိုနစ်နာမှုများကိုမခံစားရသင့်ဘူးဆိုတဲ့ပုံစံပင်။

"ငါနင့်ကိုမေးစရာရှိလို့" လင်ယွီရိုကသူမရဲ့အောက်နှုတ်ခမ်းကိုကိုက်လိုက်သည်။

ပတ်ပတ်လည်ကလင်မိသားစုကျောင်းသားများအားလုံးလည်းထိုဘက်သို့လှည့်ကြည့်လာကြပြီးပွဲကောင်းတစ်ပွဲကိုကြည့်ချင်နေသည်မှာထင်ရှားနေ၏။

လင်ရွှမ်းဇီသည်သူ့ထက်ခေါင်းတစ်လုံးစာလောက်ပိုနိမ့်သည့်လင်ယွီရိုကိုလှည့်ကြည့်လိုက်ပြီးခပ်ပြတ်ပြတ်ပြန်မေးသည်။

"ဘာကိစ္စလဲ?"

လင်ယွီရိုကသူ့ကိုကြည့်လာသည်။

"ဘာလို့ငါ့အမကိုရွေးလိုက်တာလဲ?"

ကျန်ရှိသည့်နေရာနှစ်ခုကိုကြေညာတဲ့အချိန်တုန်းကလင်ရွှမ်းဇီသည်ထိုမေးခွန်းကိုရှင်းလင်းချက်မပေးခဲ့ပေ။

"သူကအသင့်တော်ဆုံးမို့လို့" လင်ရွှမ်းဇီကပေါ့ပါးစွာသာပြန်ဖြေသည်။

လင်ယွီရိုရဲ့အမူအယာကမကျေနပ်မှုများနှင့်ပြည့်နှက်နေသည်။

"ငါလက်မခံနိုင်ဘူး..သူမရဲ့ကျင့်ကြံဆင့်ကငါ့ထက်လည်းမြင့်တာမဟုတ်ဘူးပြီးတော့သူမရဲ့ကျင့်ကြံရေးနည်းစနစ်တွေကလည်းငါ့ဟာလောက်စွမ်းအားမကြီးဘူး...အဲ့ဒါအပြင်ကိုသူမကအိုနေပြီအဲ့ဒါကြောင့်သူမရဲ့အခြေခံကလည်းငါနဲ့နှိုင်းယှဉ်လို့မရဘူး..ငါကတော့မမျှတဘူးပဲထင်တယ်!"

ရထားတန်းတစ်လျှောက်မှာသာလူများနေတာဖြစ်သောကြောင့်ရထားလုံးထဲဝင်သွားပြီဖြစ်တဲ့လင်ယွီဖန်သည်လည်းအရာအားလုံးကိုရှင်းရှင်းလင်းလင်းကြားလိုက်သည်။

သူသည်မနေနိုင်ပဲအနည်းငယ်နှာခေါင်းရှုံ့မိ၏။သူကရထားလုံးကန့်လန့်ကာကိုဖွင့်ကာဆင်းလာပြီးသူ့လက်ကောက်ဝတ်ကအကြောတွေကိုဖြေလျော့ပြီးမှပြောလာသည်။

"အကယ်၍နင်မကျေနပ်ဘူးဆိုရင်စမ်းသပ်တဲ့အနေနဲ့ငါတို့တစ်လှည့်လောက်တိုက်ကြည့်ကြရင်ရော?ဒီနေ့နင့်အဖေနဲ့အမေအတွက်ငိုယိုရလောက်တဲ့အထိငါနင့်ကိုရိုက်နိုင်မရိုက်နိုင်ကြည့်ကြတာပေါ့"

လင်ယွီရိုရဲ့မျက်လုံးကမကျေနပ်မှု၊အရှက်ကွဲမှုများနှင့်တောက်ပနေသည်။

"တိုက်ဆိုလည်းတိုက်ပေါ့!ဘယ်သူကနင့်ကိုကြောက်လို့လဲ?"

ဒီလိုအခြေအနေမျိုးမှာလင်ယွီရိုလည်းညီအမဟန်ဆောင်မှုမျိုးဆက်ပြီးထိန်းထားနိုင်ဖို့တွေကိုဂရုမစိုက်တော့ပေ။သိရမည်မှာဒီလိုအတွင်းစည်းတပည့်ဖြစ်နိုင်တဲ့အခွင့်အရေးကလူတိုင်းအိမ်မက်ထဲမှာတောင်မှတောင့်တနေခဲ့ရသည့်ဖြတ်လမ်းတစ်ခုဖြစ်သည်။လင်ယွီရိုသည်ဂိုဏ်းဝင်ခွင့်မရမှာကိုကြောက်တာမဟုတ်ပဲအပြင်စည်းတပည့်တစ်ဦးအဖြစ်ကနေမစတင်လိုတာသာဖြစ်သည်။

"မင်းငါ့ကိုအခုဘယ်လိုခေါ်လိုက်တာလဲ?" လင်ရွှမ်းဇီသည်ကမ္ဘာတစ်ခုလုံးအားပရမ်းပတာဖြစ်လာစေဖို့ဆန္ဒရှိနေသည့်လင်ယွီဖန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်လင်ယွီရိုအားလှမ်းမေးသည်။

လင်ယွီရိုသည်ကြောင်အအဖြစ်သွားပြီးမှသူမရဲ့စကားအသုံးအနှုုန်းကိုပြောင်းလဲလိုက်ရသည်။

"သခင်လေး"

"မင်းငါ့ကိုသခင်လေးအဖြစ်သတ်မှတ်မှတော့ငါ့ဆုံးဖြတ်ချက်ကိုလာပြီးမေးခွန်းမထုတ်နဲ့" 

"နင်–"

လင်ယွီရိုကလင်ရွှမ်းဇီသခင်လေးဖြစ်လာခြင်းအပေါ်မှာပြောစရာမရှိပေမယ့်အဲ့ဒါနဲ့ပဲသူမကလင်ရွှမ်းဇီရဲ့ဆုံးဖြတ်ချက်ကိုသဘောတူမယ်လို့မဆိုလိုပေ။

"နင်ကလူတွေကိုအခွင့်အာဏာနဲ့ဖိနှိပ်နေတာပဲ,ငါလက်မခံနိုင်ဘူး!"

"ဒါဆိုမင်းငါနဲ့လာတိုက်လို့ရတယ်"လင်ရွှမ်းဇီကပေါ့ပေါ့ပါးပါးသာပြန်ပြောသည်။

"ငါ့ကိုရှုံးအောင်လုပ်,ဒါဆိုသခင်လေးနေရာကမင်းအတွက်ပဲ;လိုချင်လားမလိုချင်ဘူးလားကိုယ့်ဘာသာကိုယ်ရွေးချယ်"

လင်ရွှမ်းဇီကသခင်လေးတစ်ယောက်ဖြစ်လာကတည်းကသူ့ရဲ့အခွင့်အာဏာအားမည်သူ့ကိုမှစိန်ခေါ်ခွင့်ပြုမှာမဟုတ်ပေ။

လင်ရွှမ်းဇီသည်ထိုရာထူးယူပြီးနောက်မှာဘယ်သူ့ကိုမှသူ့ရဲ့အခွင့်အာဏာအားပြသခြင်းမရှိခဲ့ဘူးဖြစ်သည်။ပထမအနေနဲ့မလိုအပ်ဘူးဟုသူထင်သည်။နောက်တစ်ချက်အနေနဲ့ကတော့....သူ့မှာအခွင့်အရေးမရှိခဲ့ဘူး

လင်ရွှမ်းဇီသည်သူမိသားစုတစ်ရာစုဝေးပွဲမှပြန်လာကတည်းကမူလကဟိုခုန်ဒီပေါက်ဖြစ်နေကြသည့်ပိုးကောင်လေးများသည်ကောလဟာလတစ်စုံတစ်ရာကြားထားသလိုမျိုးမယုံနိုင်လောက်အောင်တိတ်ဆိတ်သွားသည်ကိုအတော်လေးအံ့အားသင့်နေခဲ့ခြင်းဖြစ်သည်။သူလင်ပုပိုင်ကိုဥပဒေစိုးမိုးရေးခန်းမဆောင်သခင်ကြီးအဖြစ်ခန့်အပ်ခဲ့စဉ်ကတောင်ထိုဒုသခင်များအားလုံးကရုပ်ဆိုးတဲ့အမူအယာအနည်းငယ်သာရှိကြပြီးသူ့ဆုံးဖြတ်ချက်အားသူနဲ့မျက်နှာခြင်းဆိုင်မေးခွန်းထုတ်ခဲ့တဲ့သူမရှိခဲ့ပေ။

အခုတော့လင်ရွှမ်းဇီက*အစောဆုံးငှက်အဖြစ်ထလာတဲ့လင်ယွီရိုကိုအလွယ်တကူမလွှတ်ပေးနိုင်တော့ဘူး။

(T/N - အစောဆုံးငှက် -> အရင်ဆုံးစပုန်ကန်ဖို့လုပ်တဲ့သူ)

သေချာပေါက်ပင်လင်ရွှမ်းဇီရဲ့စကားကိုလင်ယွီရိုကြားသည်နှင့်ချက်ချင်းပင်မယုံကြည်နိုင်မှုနှင့်အနည်းငယ်ကြောက်ရွံနေသည့်အမူအယာကိုပြသလာသည်။

သူမအနေနဲ့လင်ရွှမ်းဇီရဲ့ပြိုင်ဘက်ဖြစ်ဖို့မဖြစ်နိုင်ပေ။လင်ရွှမ်းဇီရဲ့ဒန်တျန်ပင်လယ်ပျက်စီးနေတုန်းကတောင်သူမ,မတိုက်ရဲခဲ့တာအခုချိန်မျိုးဆိုပိုလို့တောင်မဖြစ်နိုင်ဘူး။

လင်ယွီရိုသည်ရှိုက်ငို၍ထွက်ပြေးသွားပြီးသူမနောက်ကရထားလုံးထဲဝင်သွားတော့သည်။သူမနဲ့ဆက်ဆံရေးကောင်းမွန်သည့်ဌာနခွဲများမှအမျိုးသမီးတစ်ချို့သည်လည်းမနေနိုင်စွာဖြင့်သူမကိုနှစ်သိမ့်ပေးကြ၏။

လင်ယွီဖန်ကတော့ရွှင်မြူးစွာပြုံးသွားပြီးသူ့ကိုလှမ်းကြည့်လာသည့်လင်ရွှမ်းဇီရဲ့အကြည့်နဲ့ဆုံသွားသည်။

လင်ရွှမ်းဇီကနူးညံ့သိမ်မွေ့စွာပြောလိုက်သည်။

"ပိုပြီးနှိမ့်နှိမ့်ချချနေစမ်းပါ"

လင်ယွီဖန်ကပုခုံးတွန့်သည်။

"ငါအရမ်းကိုနှိမ့်ချနေပြီးနေပါပြီ...အဲ့ဒီကောင်မလေးကငါနဲ့သွေးတစ်ဝက်နှောနေတာကြောင့်သာမဟုတ်ရင်ဟိုးတုန်းကတည်းကသတ်ပစ်လိုက်ပြီးနေပြီ"

လင်ရွှမ်းဇီကသူ့ကိုစိုက်ကြည့်သည်။

"လင်မိသားစုကအိမ်တွင်းအကြမ်းဖက်မှုကိုတားမြစ်ထားတယ်..မင်းဒီအချက်ကိုအမြဲတမ်းသတိရနေမှဖြစ်မယ်..အကယ်၍မင်းသူမအပေါ်မှာနက်နက်ရှိုင်းရှိုင်းမုန်းတီးနေတယ်ဆိုရင်တောင်ဥပဒေစိုးမိုးရေးခန်းမဆောင်ကိုပဲကိုင်တွယ်ဖို့လက်လွှဲပေးရမယ်"

လင်ယွီဖန်ကခပ်လွင်လွင်ရယ်လိုက်ပြီးလင်ရွှမ်းဇီအားလှောင်တဲ့ပုံစံဖြင့်ကြည့်လေသည်။

"တစ်နေ့လင်မိသားစုရဲ့အတွင်းပိုင်းမှာအကြမ်းဖက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာတော့မှမင်းဒီလိုမျိုးသည်းခံနိုင်ဦးမလားဆိုတာကြည့်ကြတာပေါ့လေ"

လင်ရွှမ်းဇီကပေါ့ပေါ့ပါးပါးပဲပြန်ဖြေသည်။

"စည်းမျဉ်းစည်းကမ်းတိုင်းမှာခြွင်းချက်ဆိုတာရှိတယ်...အကယ်၍တစ်ဖက်လူကငါ့ကိုပြဿနာမရှာဘူးဆိုရင်ငါကလည်းသူတို့ကိုပြန်ပြီးပြဿနာရှာမှာမဟုတ်ဘူး...အကယ်၍လင်မိသားစုထဲမှာအတွင်းပိုင်းအကြမ်းဖက်မှုသာပေါ်လာခဲ့မယ်ဆိုရင်စည်းမျဉ်းအသစ်တွေကလည်းမလွှဲမရှောင်သာပေါ်လာမှာပဲ"

"ဟားဟား!"

 လင်ယွီဖန်ကရယ်မောသည်

"တစ်ခြားသူအပေါ်တင်းကြပ်ပြီးကိုယ့်ကိုကိုယ်ကြင်နာတယ်တဲ့....ငါ့တို့လင်မိသားစုကသခင်လေးကတကယ့်ကိုအံ့အားသင့်စရာလူပဲနော်"

လင်ရွှမ်းဇီကနူးညံ့စွာသာပြန်ပြောသည်။

"ချီးကျူးမှုအပေါ်ရှက်မိပါတယ်"

လင်ယွီဖန်, "..."

လင်ရွှမ်းဇီကသာမာန်လူများနဲ့ခြားနားကြောင်းကိုသူအစောကြီးကတည်းကတွေးခဲ့မိတာဖြစ်သည်။သူ့အရည်ဘယ်လောက်ထူလဲကြည့်တာနဲ့တင်ကသူကတကယ့်ကိုသာမာန်လူတွေနဲ့လုံးဝခြားနားတယ်

ဒါပေမဲ့ရိုးရိုးသားသားပြောရရင်လင်ယွီဖန်သည်သူ့မိသားစုရဲ့သခင်လေးကဒီလိုလူဆိုးပုံစံသရုပ်ဆောင်နေတာကိုကြည့်ပြီးသူ့တို့လင်မိသားစုအနာဂတ်နဲ့ပတ်သတ်ပြီးယုံကြည်စိတ်ချသွားမိသည်။

လင်ယွီဖန်ကတစ်ဖက်သို့ပြန်လှည့်၍ရထားလုံးထဲဝင်သွားရင်းမှညည်းညူသလိုအသံတိုးတိုးနှင့်ပြောသွားသေးသည်။

"အဲ့ဒီကောင်မလေးရဲ့မိသားစုကိုအနှေးနဲ့အမြန်သတ်ပစ်မယ်လို့ငါတစ်ခါတုန်းကကျိန်ဆိုခဲ့ဘူးပေမယ့်မင်းမျက်နှာကိုထောက်ထားသောအားဖြင့်မင်းလင်မိသားစုထဲမှာရှိနေတုန်းတော့ငါမလုပ်ဘူး"

လင်ရွှမ်းဇီသည်အနည်းငယ်ရပ်တန့်သွားမိပြီးတွေးမိသည်။

သူပြောတဲ့ပုံစံကငါကပဲသူ့ကိုကျေးဇူးတင်ရမယ်ဆိုတဲ့သဘောမဟုတ်ဘူးလား?

ဒါပေမဲ့လည်းတကယ်တမ်းလင်ရွှမ်းဇီကရထားလုံးထဲသာဝင်သွားလိုက်ကာရထားမောင်းသမားအားထွက်ခွာရန်အချက်ပြလိုက်တော့သည်။

ရထားလုံးထဲမှာယန်ထျန်းဟန်ကကျားပေါက်လေးနှစ်ကောင်ကိုလေ့ကျင့်ပေးနေသည့်ဖုန်ကျင်းယွီကိုကြည့်နေသည်။လင်ရွှမ်းဇီကိုမြင်သည်နှင့်အားပိုင်ကိုဆတ်ခနဲကောက်မကာသူ့လက်မောင်းကြားထဲထည့်လိုက်သည်။

"အကိုကြီး,ပုန်ကန်မှုတွေပြီးသွားပြီလား?"

လင်ရွှမ်းဇီကယန်ထျန်းဟန်ဘေးမှာဝင်ထိုင်လိုက်ပြီးသူ့ကိုဆွဲဖက်ကာနမ်းလိုက်သည်။

"ရန်ဖြစ်တာတွေဘာတွေမရှိပါဘူးဒီအတိုင်းစကားနည်းနည်းပြောရုံသက်သက်ပဲ" လင်ရွှမ်းဇီကသက်တောင့်သက်သာအသံဖြင့်ပြန်ဖြေသည်။

ယန်ထျန်းဟန်ကပြုံးပြီးသူ့ရဲ့ချစ်စရာကောင်းလှသောကျားစွယ်သေးသေးလေးနှစ်ခုပေါ်လာသည်။

"ဟုတ်သားပဲအကိုကြီး,တစ်ခြားတစ်ခုရှိသေးတယ်" ယန်ထျန်းဟန်ကပြောသည်။

"ကျွန်တော်မောက်မောက်နဲ့ဆွေးနွေးပြီးနောက်မှာအားဂုကိုကျွန်တော်တို့နဲ့အတူတောင်ပေါ်လိုက်ခိုင်းဖို့ကနည်းနည်းလေးလက်တွေ့မကျဘူးလားလို့....အဲ့ဒါကြောင့်နက်ရှိုင်းကောင်းကင်ဂိုဏ်းနဲ့နီးတဲ့နက်ရှိုင်းမြို့ထဲမှာအားဂုအတွက်အိမ်တစ်လုံးငှားပေးလိုက်ဖို့ကျွန်တော်စဉ်းစားထားတယ်...အဲ့ဒါဆိုရင်ကျွန်တော်သူ့ကိုသွားရှာဖို့လည်းအဆင်ပြေလိမ့်မယ်"

လင်ရွှမ်းဇီကယန်ထျန်းဟန်ရဲ့မျက်နှာသေးသေးလေးကိုညှစ်လိုက်သည်။

"ဒီလိုကိစ္စမျိုးကကိုယ့်ဘာသာကိုယ်ဆုံးဖြတ်လို့ရတယ်"

ယန်ထျန်းဟန်ရဲ့မျက်လုံးလေးကအပြုံးနှင့်အတူလခြမ်းကွေးလေးလိုဖြစ်သွားသည်။သူကလင်ရွှမ်းဇီလက်မောင်းကြားထဲတိုးဝင်သွားပြီးသူ့လည်တိုင်ကိုဖက်တွယ်ထားလိုက်၏။

"အကိုကြီး,အခုချိန်ကစပြီးကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်နည်းနည်းလေးတောင်စိုးရိမ်စရာမလိုပဲချိန်းတွေ့လို့ရပြီ"

အားပိုင်လေးမှာယန်ထျန်းဟန်ရဲ့အဖိခံထားရတာကြောင့်အသက်ရှုပင်ကြပ်လာရသည်။သူကသူ့ရဲ့ခေါင်းသေးသေးလေးအားအတင်းတိုးထွက်ပြီးခုန်ချရ၏။သူ့မျက်လုံးကဘေးမှာလက်သည်းလေးကိုလျှာနဲ့ရပ်နေသည့်ဟူပိုကိုစိုက်ကြည့်လိုက်သည်။ပြီးတာနဲ့"Ao wu"ဆိုတဲ့အသံနဲ့အတူဖတ်ခနဲခုန်ဝင်၍ဟူပိုအားမြေပြင်ပေါ်ဖိချကာပြင်းပြင်းထန်ထန်နမ်းတော့သည်။

ဟူပိုလေးကတော့ကြောက်လန့်တကြားအော်ဟစ်ပြီးအဆုံးသတ်မရှိရုန်းကန်နေလေတယ်!

ဖုန်ကျင်းယွီကအနေခက်စွာဖြင့်နှစ်ချက်လောက်ချောင်းဟန့်၍ရေရွတ်သည်။

"မင်းတို့တွေကိုယ့်လွှမ်းမိုးမှုကိုအာရုံစိုက်ကြလေ...ဒီမှာသားပေါက်လေးသုံးကောင်ရှိတာကိုမင်းတို့ကကလေးတွေကိုလမ်းလွှဲအောင်လုပ်နေတာပဲ!"

လင်ရွှမ်းဇီကဖုန်ကျင်းယွီအားသဘောမတူဟန်ဖြင့်ကြည့်လိုက်ပြီးသူ့နှဖူးအားဖတ်ခနဲတောက်ထည့်လိုက်သည်။သူ့အင်အားကဖုန်ကျင်းယွီကိုအကြိမ်အတော်များများလည်သွားစေသည်။

ပြီးနောက်မှာတော့ထိုသေးငယ်ပြီးလုံးတုတ်တုတ်ငှက်လေးကအခင်းပေါ်မှာခပ်ကြောင်ကြောင်အမူအယာဖြင့်ထိုင်နေသည်ကိုယန်ထျန်းဟန်မြင်လိုက်ရတာကြောင့်မထိန်းချုပ်နိုင်စွာဖြင့်အော်ဟစ်ရယ်မောမိတော့သည်။

"Wahh"ဆိုတဲ့အသံနှင့်အတူဖုန်ကျင်းယွီကသူ့ဒေါသကိုထုတ်ဖော်ပြီးလင်ရွှမ်းဇီရှိရာသို့တောင်ပံဖြန့်ပြေးဝင်သွား၏။စိတ်အားထက်သန်နေသည့်ကျားပေါက်လေးနှစ်ကောင်သည်လည်းသူတို့သခင်နှစ်ယောက်ထံခုန်ဝင်ဖို့ကြိုးစားနေကြသည်။ခဏတာလောက်တော့ရထားလုံးတစ်ခုလုံးငှက်ပျံသံကျားပေါက်လေးတွေခုန်ပျံကျော်လွှားသံများဖြင့်အတော်လေးအသက်ဝင်သွားရသည်။

ယန်ထျန်းဟန်သည်လည်းသူ့ရယ်မောခြင်းကိုမထိန်းချုပ်နိုင်တော့တာကြောင့်ဘေးပတ်ဝန်းကျင်မှရထားများဆီသို့ပါရယ်သံများပျံ့လွင့်သွားသည်။

လင်ဇီဂျီဘေးမှာထိုင်နေသည့်လင်ယောက်သည်သူ့ကန့်လန့်ကာအားဖွင့်ကာပြန်လှည့်ကြည့်မိသည်။သူကမနာလိုအားကျမှုတစ်ချို့နှင့်မှတ်ချက်ချမိ၏။

"ယန်ထျန်းဟန်,အဲ့ဒီကလေးကတကယ့်ကိုကံကောင်းတယ်...သူ့ကံကဘယ်လောက်တောင်ကောင်းနေလို့သခင်လေးရဲ့မျက်နှာသာပေးမှုကိုပါရတာလဲမသိတော့ဘူး"

လင်ဇီဂျီကသူ့ရင်ထဲမှာသာရေရွတ်မိသည်။

မျက်နှာသာပေးတာထက်ပိုတာပေါ့...သူကကောင်းကင်ထက်တောင်မြင့်လောက်အောင်အလိုလိုက်ခံထားရတာ!

ဘယ်ရက်တုန်းကမှန်းမသိစွာနဲ့လင်ရွှမ်းဇီကဉာဏ်အလင်းပွင့်သွားသလိုမျိုးတစ်ခြားတစ်ယောက်ကဲ့သို့ပြောင်းလဲသွားခဲ့ကတည်းကယန်ထျန်းဟန်မရယ်မောတဲ့အချိန်မရှိတော့တာကိုလင်ဇီဂျီမြင်တွေ့ထားသည်။

"စမ်းသပ်မှုနဲ့ဒုက္ခဆင်းရဲတွေကိုအတူတူကျော်ဖြတ်ကြတဲ့စုံတွဲတွေအကြောင်းကိုလူတွေပြောကြသလိုပေါ့;သူတို့ကလည်းစမ်းသပ်မှုနဲ့ဒုက္ခဆင်းရဲတွေကိုအတူတူကျော်ဖြတ်ကြတဲ့ညီအစ်ကိုတွေလို့သတ်မှတ်လို့ရတယ်လေ" လင်တုန်းကသူ့မေးကိုထိပြီးတွေးတော့သည်။

"လင်ရွှမ်းဇီကဒီလိုမျိုးထပ်ပြီးမြင့်တက်လာဦးမယ်လို့ဘယ်သူကထင်ခဲ့မိမှာလဲ?" လင်ယောက်ကသက်ပြင်းချသည်။

"လက်ရှိသခင်လေးရာထူးကအရင်နှစ်တွေတုန်းကထက်ပိုပြီးအဖိုးတန်တယ်"

လင်တုန်းကခေါင်းညိတ်သည်။

"ဟုတ်ပ,ဘယ်သူကများငါတို့သခင်လေးကိုဒီလိုအရမ်းအံချီးဖွယ်ကောင်းစေပြီးလင်မိသားစုကိုတတိယအဆင့်မိသားစုကနေပထမအဆင့်မိသားစုအဖြစ်ဆွဲတင်ခိုင်းလို့လဲလေ"

လင်ယောက်နဲ့လင်တုန်းတို့ဆီမှာလေးစားမှုနဲ့ကြည်ညိုလေးမြတ်မှုများပြည့်နှက်နေသော်လည်းမနာလိုမှုတော့လုံးဝမရှိတော့ပေ။

လူတစ်ဦးကနေ၊လနှင့်ကောင်းကင်ပေါ်ကကြယ်များလိုမျိုးဘယ်လိုမှမရောက်နိုင်တဲ့အကွာအဝေးတစ်ခုကိုရောက်နေတဲ့အချိန်မှာဘယ်သူမှအဲ့ဒီထက်မြင့်ဖို့ကြိုးစားကြမှာမဟုတ်တော့ဘူးလေ..အဲ့ဒီအစားအဲ့ဒီလူကိုသာသူတို့ရဲ့နှလုံးသားထဲကနေမျှော်ကြည့်မိကြလိမ့်မည်။

သူတို့ရဲ့အပြန်အလှန်ပြောစကားများကိုကြည်ပြီးနောက်လင်ဇီဂျီသည်သူ့ဘဝကမျှော်လင့်ချက်မဲ့ပြီးအမှောင်ထုထဲပြုတ်ကျကာဖော်ပြလို့မရတဲ့ဝမ်းနည်းစရာအခြေအနေဖြစ်သွားရသလိုပင်။

သူသည်လည်းသခင်လေးနေရာကိုရနိုင်မယ့်အချိန်တစ်ခုရှိခဲ့ဘူးတယ် —လင်ကျန်ကသေဆုံးသွားပြီးလင်ရွှမ်းဇီကမသန်စွမ်းဖြစ်သွားခဲ့တာ;သူကလွဲရင်ဘယ်သူကများသခင်လေးဖြစ်နိုင်ဦးမှာလဲ?

ဒါပေမဲ့အခုတော့လင်ဇီဂျီကလင်ရွှမ်းဇီနဲ့ထိုနေရာကိုပြိုင်ဆိုင်ချင်စိတ်လုံးဝမရှိတော့ဘူးဖြစ်သည်။

သူနိုင်မှာလည်းမဟုတ်ဘူးလေပြီးတော့လင်ရွှမ်းဇီရဲ့ကြော့ရှင်းတဲ့အပြုအမူတွေကသူ့ကိုအနိုင်ရသွားခဲ့ပြီ။

ဒါပေမဲ့လည်းသူကသူ့ဘဝကိုချောချောမွေ့မွေ့တည်တည်ငြိမ်ငြိမ်နဲ့ပဲနေချင်ပေမယ့်သူ့အမေနဲ့တတိယအကြီးအကဲကတော့အဲ့ဒီလိုလုံးဝတွေးပုံမပေါ်ဘူး

မထွက်လာခင်တုန်းကဆိုရင်ပိုင်သခင်မကသူ့ကိုဆွဲခေါ်သွားပြီးအထူးတလှယ်ဂရုတစိုက်နဲ့အထပ်ထပ်မှာလိုက်သေးတယ်:လင်ရွှမ်းဇီရဲ့လှုပ်ရှားမှုတိုင်းကိုအာရုံစိုက်ထားရမယ်တို့အချိန်ဇယားအတိုင်းသူမကိုအစီရင်ခံဖို့တို့...အဲ့ဒါအပြင်ကိုသူမကထိုအတားအဆီးဖြစ်နေတဲ့လင်ရွှမ်းဇီကိုဖယ်ရှားပစ်ဖို့နဲ့မကြာခင်လင်မိသားစုရဲ့သခင်လေးနေရာကဘယ်လိုမျိုးသူ့ဟာပဲဖြစ်နေဦးမယ်တို့တောင်ပြောခဲ့သေးသည်။

လင်ဇီဂျီကပိုင်သခင်မကိုမဆွဲဆောင်နိုင်သလိုပိုင်သခင်မကလည်းသူဘာဖြစ်လို့ဒီလိုသူရဲဘောကြောင်တဲ့သူတစ်ယောက်ဖြစ်သွားမှန်းနားမလည်နိုင်ဖြစ်နေခဲ့သည်။

"အမေ"

လင်ဇီဂျီသည်မျက်လုံးများကိုသာမှိတ်ထားလိုက်တော့သည်။ပိုင်သခင်မကသိပ်မကြာခင်ပဲအမှန်တရားကိုနားလည်ပြီးပြဿနာဘယ်လိုရှာရမလဲစဉ်းစားနေတာတွေကိုရပ်တန့်လိုက်ဖို့သူတကယ်ပဲစိတ်ရင်းနဲ့ဆုတောင်းမိတယ်။

ဒီအတိတ်ရက်တွေတုန်းကလင်ရွှမ်းဇီအပေါ်သူ့ရဲ့နားလည်မှုနဲ့ဆိုရင်လင်ရွှမ်းဇီရဲ့လိမ္မာပါးနပ်မှုကပိုင်သခင်မလုံးဝယှဉ်ပြိုင်နိုင်မယ့်အရာမဟုတ်ဘူး..အကယ်၍သူကသာလူတစ်ယောက်ကိုကြံစည်ချင်တယ်ဆိုရင်အဲ့ဒီလူကသူဘယ်လိုသေသွားမှန်းတောင်မသိအောင်လုပ်နိုင်တယ်

...........................

T/N - ဒီမှာလင်ရွှမ်းဇီရသွားတဲ့သခင်လေးရာထူးဆိုတာကရိုးရိုးလေးပြောရရင်အိမ်ရှေ့စံလိုပါပဲလင်မိသားစုရဲ့နောင်တက်မယ့်သခင်ကြီးဖြစ်သွားတာပေါ့။အပြင်မှာအချင်းချင်းစကားပြောရင်သုံးတဲ့သခင်လေးမျိုးမဟုတ်ပဲအိမ်ရှေ့စံသခင်လေးဖြစ်သွားတာပါ။

*** wattpad က pay-to-read ဖြစ်တော့မယ်ကြားလို့ဟုတ်မဟုတ်ပြန်ပြောပေးကြပါဦး

Next Episode

တောင်သခင်လေးကျန်း

..........................
Zawgyi

အခန္း(၂၆၃) - သခင္ေလးဟုေခၚသည္။

ဂ်ီလန္ဂၽြန္းကတရားဝင္သမီးႀကီးျဖစ္ၿပီးငယ္စဥ္ကတည္းကအလိုလိုက္ခံခဲ့ရသည္။လင္ယြီဟန္ရဲ႔က်န္းမာေရးကသူမကိုအေမတစ္ေယာက္အေနနဲ႔သူမရဲ႔သမီးေဘးမွထြက္သြားလို႔မရေအာင္လုပ္ထားလို႔သာမဟုတ္ဘူးဆိုရင္ဒီႏွစ္ေတြအတြင္းဘယ္လိုမ်ားသူမရဲ႔အိမ္ကိုမျပန္ပဲေနမွာလဲ?

အရင္တုန္းကဆိုရင္ဂ်ီမိသားစုရဲ႔ေခါင္းေဆာင္သခင္ႏွင့္သခင္မတို႔အျပင္ဂ်ီလန္ဂၽြန္းရဲ႔အကိုႀကီးေတာ္ေတာ္မ်ားမ်ားသည္ပင္သူမကိုသတိရလြန္းတာေၾကာင့္လင္မိသားစုဆီလာလည္ခဲ့ၾကသည္။

အဲ့ဒါကဒီအတိုင္းလမ္းေၾကာင္းကေဝးကြာၿပီးအႏာၱရယ္မ်ားတာေၾကာင့္မိသားစုႏွစ္စုၾကားထဲကသြားလာေရးကသိပ္ၿပီးအဆင္မေျပခ့ဲတာသာရွိသည္။ထို႔ေၾကာင့္လည္းသူတို႔ကသူမဆီသို႔အႀကိမ္အနည္းငယ္သာလာလည္ႏိုင္ခဲ့ျခင္းပင္။

လင္ရႊမ္းဇီကထိုအေျခအေနကိုပိုၿပီးနားလည္သေဘာေပါက္လာသည္။ဂ်ီလန္ဂၽြန္းႏွင့္သူမမိသားစုရဲ႔ဆက္ဆံေရးကမဆိုးဝါးတာအေတာ္ေလးကိုကံေကာင္းလွသည္ေလ။

"ဂ်ီမိသားစုကေတာင္ဘက္တိုက္မႀကီးမွာအႀကီးဆံုးမိသားစုေနာ္...ေတာင္ဘက္တိုက္မႀကီးမွာအနံ့သက္ဆိုးေတြနဲ႔အဆိပ္ျပင္းကူအင္းဆက္ေတြလည္းရွိလို႔ကူသခင္ေတြေတာ္ေတာ္မ်ားမ်ားအဲ့ဒီမွာေနထိုင္ၾကတယ္မွတ္လား...ကၽြန္ေတာ္ကေဒၚေဒၚကိုအကူအညီတစ္ခုေလာက္ေတာင္းခ်င္လို႔...ကၽြန္ေတာ့ေဘးမွာအလုပ္လုပ္ခိုင္းႏိုင္မယ့္စြမ္းအားႀကီးၿပီးယံုၾကည္စိတ္ခ်ရေလာက္မယ့္ကူသခင္တစ္ေယာက္ေလာက္ရွာဖို႔တစ္ေယာက္ေယာက္ကိုခိုင္းေပးပါလား...ၿပီးေတာ့ကၽြန္ေတာ္ကူအင္းဆက္ပိုးေတြနဲ႔အဆိပ္ပါဝင္မယ့္စီးပြားေရးတစ္ခ်ိဳ႔လည္းလုပ္ခ်င္တယ္..ေသခ်ာေပါက္အဲ့ဒါကမိသားစုရဲ႔စီးပြားေရးကိစၥေတြနဲ႔ေတာ့မပတ္သတ္ပါဘူး...ကၽြန္ေတာ္ကကၽြန္ေတာ္လိုအပ္မယ့္ကူအင္းဆက္ပိုးေတြနဲ႔အဆိပ္ေတြတင္မကဘူးကၽြန္ေတာ္လိုအပ္သမွ်အရာအားလံုးကိုရွာေပးႏိုင္မယ့္တစ္စံုတစ္ေယာက္ကိုပဲလိုအပ္တာ...ေစ်းႏႉန္းကေတာ့ၫွိႏွိုင္းလို႔ရတယ္"

ဂ်ီလန္ဂၽြန္းသည္အေတာ္ေလးထိတ္လန္႔သြားမိသည္။သူမကတစ္စံုတစ္ေယာက္ၾကားသြားမွာကိုစိုးရြံ႔ဟန္ျဖင့္ပတ္ဝန္းက်င္အားအလ်င္အျမန္လွည့္ၾကည့္လိုက္ေသး၏။

လင္ရႊမ္းဇီကေပါ့ပါးစြာျပံဳးေလသည္။

"ေဒၚေဒၚစိတ္ပူစရာမလိုပါဘူးကၽြန္ေတာ့ကိုယ္ေပၚမွာေမွာ္ကိရိယာရွိတယ္;အကယ္၍တစ္ေယာက္ေယာက္ျဖတ္သြားရင္ေတာင္သူတို႔ကၽြန္ေတာ္တို႔ရဲ႔စကားေျပာဆိုမႈေတြကိုၾကားႏိုင္မွာမဟုတ္ဘူး"

ဂ်ီလန္ဂၽြန္းသည္သူမရဲ႔မိုးမခသဖြယ္မ်က္ခံုးတစ္စံုအားတြန္႔ခ်ိဳးလိုက္သည္။

"ရႊမ္းဇီ,ကူပိုးနဲ႔ကူသန္႔စင္တဲ့သခင္ေတြကနတ္ဆိုးေတြေနာ္ၿပီးေတာ့ေျဖာင့္မတ္တဲ့လမ္းနဲ႔လံုးဝႀကီးဆန္႔က်င္ေနတာ;အဲ့ဒီလူေတြနဲ႔ပစၥည္းေတြကိုဘာအတြက္လိုအပ္တာလဲ?"

လင္ရႊမ္းဇီက႐ိုးရွင္းစြာျပန္ေျဖသည္။

"သူတို႔မွာအရမ္းကိုအေရးႀကီးတဲ့အခန္းက႑ရွိတယ္"

ဂ်ီလန္ဂၽြန္းကသူ႔ကိုၾကည့္လိုက္သည္။အခ်ိန္အေတာ္ေလးၾကာမွသာသူမကေမးလာ၏။

"အဲ့ဒါေတြကိုရကိုရမွျဖစ္မွာလား?"

လင္ရႊမ္းဇီကခိုင္မာစြာေခါင္းညိတ္ျပသည္။

"သူတို႔ကိုလိုအပ္တယ္"

ဂ်ီလန္ဂၽြန္းကအသက္ကိုျပင္းျပင္းရႈလိုက္ၿပီးသူမရဲ႔စိတ္ကိုျပင္ဆင္လိုက္သည္။

"ေကာင္းၿပီ,နင္အဲ့ဒါေတြကိုဘာအတြက္လိုအပ္တာလဲဆိုတာငါမသိေပမယ့္သူတို႔ကနင့္အတြက္အရမ္းကိုအေရးႀကီးမယ္ဆိုတာေတာ့ငါယံုတယ္...ဂ်ီမိသားစုကတကယ့္ကိုနင္လိုအပ္တဲ့ကူအင္းဆက္နဲ႔လူကိုရွာေပးႏိုင္တယ္...ဒါေပမဲ့အေရွ႕ဘက္တိုက္မႀကီးနဲ႔ေတာင္ဘက္တိုက္မႀကီးကအရမ္းေဝးလြန္းတယ္ၿပီးေတာ့က်ယ္ျပန႔္တဲ့႐ႊံ႕ႏြံေတြနဲ႔ေတာထူၿပီးနက္တဲ့ေတာအုပ္ေတြကိုတဆင့္ျဖတ္သန္းဖို႔လိုအပ္ေနေတာ့...နည္းနည္းေတာ့ၾကာၾကာေလးေစာင့္မွရလိမ့္မယ္"

လင္ရႊမ္းဇီသည္သူ႔ရဲ႔လက္ကိုေလးနက္စြာဆုပ္ကိုင္လိုက္ၿပီးသူမကိုေက်းဇူးတင္စကားေျပာေလသည္။

"ဘယ္ေလာက္ပဲၾကာပါေစကၽြန္ေတာ္ေစာင့္ေပးႏိုင္ပါတယ္..ဒီကိစၥေတာ့ကၽြန္ေတာ္ေဒၚေဒၚ့ကိုပဲဒုကၡေပးရေတာ့မယ္"

သူမရဲ႔သမီးထက္အနည္းငယ္သာႀကီးသည့္ထိုကေလးကိုၾကည့္ၿပီးသူမရဲ႔မိခင္ဗီဇမ်ားႏိုးထလာရကာႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

"ဘာလို႔မ်ားအရမ္းႀကီးယဥ္ေက်းေနရတာလဲကြယ္?အကယ္၍အနာဂတ္မွာတစ္ခုခုလိုအပ္တယ္ဆိုရင္လည္းေဒၚေလးကိုေျပာသာေျပာလိုက္...ရင္ထဲမွာပဲသိမ္းမထားနဲ႔"

လင္ရႊမ္းဇီသည္ျပံဳးမိေတာ့သည္။

"ေကာင္းပါၿပီ"

*****

သူလင္မိသားစုရဲ႔သခင္ေလးျဖစ္ၿပီးႏွစ္ရက္ၾကာၿပီးေနာက္လင္ရႊမ္းဇီကလင္မိသားစုအားနက္႐ွိဳင္းေကာင္းကင္ဂိုဏ္းထံဦးေဆာင္ေခၚသြားေပးသည္။ဂိုဏ္းဝင္ခြင့္စာေမးပြဲမွာပါဝင္မယ့္ေက်ာင္းသားမ်ားသည္လည္းထြက္ခြာၾက၏။

"လင္ရႊမ္းဇီ"

လင္မိသားစုရဲ႔အိမ္ေတာ္အဓိကဝင္ေပါက္တြင္'ေနေနာက္လိုက္ျမင္း'ဆြဲသည့္ရထားလံုးအေပၚသို႔တက္ရန္ျပင္ေနသည့္လင္ရႊမ္းဇီအားအနည္းငယ္အားနည္းေနသည့္အမ်ိဳးသမီးတစ္ေယာက္အသံကရပ္တန္႔ေစလိုက္သည္။

ျပန္လွည့္ၾကည့္စရာပင္မလိုပဲလင္ရႊမ္းဇီသည္မွားယြင္းခံရသလိုမ်ိဳးျဖစ္ေနမည့္လင္ယြီ႐ိုရဲ႔မ်က္ႏွာကိုျမင္ေယာင္ၾကည့္ႏိုင္သည္။သူမရဲ႔မ်က္ႏွာအမူအယာကသူမသည္ထိုနစ္နာမႈမ်ားကိုမခံစားရသင့္ဘူးဆိုတဲ့ပံုစံပင္။

"ငါနင့္ကိုေမးစရာရွိလို႔" လင္ယြီ႐ိုကသူမရဲ႔ေအာက္ႏႈတ္ခမ္းကိုကိုက္လိုက္သည္။

ပတ္ပတ္လည္ကလင္မိသားစုေက်ာင္းသားမ်ားအားလံုးလည္းထိုဘက္သို႔လွည့္ၾကည့္လာၾကၿပီးပြဲေကာင္းတစ္ပြဲကိုၾကည့္ခ်င္ေနသည္မွာထင္ရွားေန၏။

လင္ရႊမ္းဇီသည္သူ႔ထက္ေခါင္းတစ္လံုးစာေလာက္ပိုနိမ့္သည့္လင္ယြီ႐ိုကိုလွည့္ၾကည့္လိုက္ၿပီးခပ္ျပတ္ျပတ္ျပန္ေမးသည္။

"ဘာကိစၥလဲ?"

လင္ယြီ႐ိုကသူ႔ကိုၾကည့္လာသည္။

"ဘာလို႔ငါ့အမကိုေရြးလိုက္တာလဲ?"

က်န္ရွိသည့္ေနရာႏွစ္ခုကိုေၾကညာတဲ့အခ်ိန္တုန္းကလင္ရႊမ္းဇီသည္ထိုေမးခြန္းကိုရွင္းလင္းခ်က္မေပးခဲ့ေပ။

"သူကအသင့္ေတာ္ဆံုးမို႔လို႔" လင္ရႊမ္းဇီကေပါ့ပါးစြာသာျပန္ေျဖသည္။

လင္ယြီ႐ိုရဲ႔အမူအယာကမေက်နပ္မႈမ်ားႏွင့္ျပည့္ႏွက္ေနသည္။

"ငါလက္မခံႏိုင္ဘူး..သူမရဲ႔က်င့္ၾကံဆင့္ကငါ့ထက္လည္းျမင့္တာမဟုတ္ဘူးၿပီးေတာ့သူမရဲ႔က်င့္ၾကံေရးနည္းစနစ္ေတြကလည္းငါ့ဟာေလာက္စြမ္းအားမႀကီးဘူး...အဲ့ဒါအျပင္ကိုသူမကအိုေနၿပီအဲ့ဒါေၾကာင့္သူမရဲ႔အေျခခံကလည္းငါနဲ႔ႏွိုင္းယွဥ္လို႔မရဘူး..ငါကေတာ့မမွ်တဘူးပဲထင္တယ္!"

ရထားတန္းတစ္ေလွ်ာက္မွာသာလူမ်ားေနတာျဖစ္ေသာေၾကာင့္ရထားလံုးထဲဝင္သြားၿပီျဖစ္တဲ့လင္ယြီဖန္သည္လည္းအရာအားလံုးကိုရွင္းရွင္းလင္းလင္းၾကားလိုက္သည္။

သူသည္မေနႏိုင္ပဲအနည္းငယ္ႏွာေခါင္းရွံဳ႔မိ၏။သူကရထားလံုးကန္႔လန္႔ကာကိုဖြင့္ကာဆင္းလာၿပီးသူ႔လက္ေကာက္ဝတ္ကအေၾကာေတြကိုေျဖေလ်ာ့ၿပီးမွေျပာလာသည္။

"အကယ္၍နင္မေက်နပ္ဘူးဆိုရင္စမ္းသပ္တဲ့အေနနဲ႔ငါတို႔တစ္လွည့္ေလာက္တိုက္ၾကည့္ၾကရင္ေရာ?ဒီေန႔နင့္အေဖနဲ႔အေမအတြက္ငိုယိုရေလာက္တဲ့အထိငါနင့္ကို႐ိုက္ႏိုင္မ႐ိုက္ႏိုင္ၾကည့္ၾကတာေပါ့"

လင္ယြီ႐ိုရဲ႔မ်က္လံုးကမေက်နပ္မႈ၊အရွက္ကြဲမႈမ်ားႏွင့္ေတာက္ပေနသည္။

"တိုက္ဆိုလည္းတိုက္ေပါ့!ဘယ္သူကနင့္ကိုေၾကာက္လို႔လဲ?"

ဒီလိုအေျခအေနမ်ိဳးမွာလင္ယြီ႐ိုလည္းညီအမဟန္ေဆာင္မႈမ်ိဳးဆက္ၿပီးထိန္းထားႏိုင္ဖို႔ေတြကိုဂ႐ုမစိုက္ေတာ့ေပ။သိရမည္မွာဒီလိုအတြင္းစည္းတပည့္ျဖစ္ႏိုင္တဲ့အခြင့္အေရးကလူတိုင္းအိမ္မက္ထဲမွာေတာင္မွေတာင့္တေနခဲ့ရသည့္ျဖတ္လမ္းတစ္ခုျဖစ္သည္။လင္ယြီ႐ိုသည္ဂိုဏ္းဝင္ခြင့္မရမွာကိုေၾကာက္တာမဟုတ္ပဲအျပင္စည္းတပည့္တစ္ဦးအျဖစ္ကေနမစတင္လိုတာသာျဖစ္သည္။

"မင္းငါ့ကိုအခုဘယ္လိုေခၚလိုက္တာလဲ?" လင္ရႊမ္းဇီသည္ကမာၻတစ္ခုလံုးအားပရမ္းပတာျဖစ္လာေစဖို႔ဆႏၵရွိေနသည့္လင္ယြီဖန္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္လင္ယြီ႐ိုအားလွမ္းေမးသည္။

လင္ယြီ႐ိုသည္ေၾကာင္အအျဖစ္သြားၿပီးမွသူမရဲ႔စကားအသံုးအႏႈုန္းကိုေျပာင္းလဲလိုက္ရသည္။

"သခင္ေလး"

"မင္းငါ့ကိုသခင္ေလးအျဖစ္သတ္မွတ္မွေတာ့ငါ့ဆံုးျဖတ္ခ်က္ကိုလာၿပီးေမးခြန္းမထုတ္နဲ႔" 

"နင္–"

လင္ယြီ႐ိုကလင္ရႊမ္းဇီသခင္ေလးျဖစ္လာျခင္းအေပၚမွာေျပာစရာမရွိေပမယ့္အဲ့ဒါနဲ႔ပဲသူမကလင္ရႊမ္းဇီရဲ႔ဆံုးျဖတ္ခ်က္ကိုသေဘာတူမယ္လို႔မဆိုလိုေပ။

"နင္ကလူေတြကိုအခြင့္အာဏာနဲ႔ဖိႏွိပ္ေနတာပဲ,ငါလက္မခံႏိုင္ဘူး!"

"ဒါဆိုမင္းငါနဲ႔လာတိုက္လို႔ရတယ္"လင္ရႊမ္းဇီကေပါ့ေပါ့ပါးပါးသာျပန္ေျပာသည္။

"ငါ့ကိုရွံဳးေအာင္လုပ္,ဒါဆိုသခင္ေလးေနရာကမင္းအတြက္ပဲ;လိုခ်င္လားမလိုခ်င္ဘူးလားကိုယ့္ဘာသာကိုယ္ေရြးခ်ယ္"

လင္ရႊမ္းဇီကသခင္ေလးတစ္ေယာက္ျဖစ္လာကတည္းကသူ႔ရဲ႔အခြင့္အာဏာအားမည္သူ႔ကိုမွစိန္ေခၚခြင့္ျပဳမွာမဟုတ္ေပ။

လင္ရႊမ္းဇီသည္ထိုရာထူးယူၿပီးေနာက္မွာဘယ္သူ႔ကိုမွသူ႔ရဲ႔အခြင့္အာဏာအားျပသျခင္းမရွိခဲ့ဘူးျဖစ္သည္။ပထမအေနနဲ႔မလိုအပ္ဘူးဟုသူထင္သည္။ေနာက္တစ္ခ်က္အေနနဲ႔ကေတာ့....သူ႔မွာအခြင့္အေရးမရွိခဲ့ဘူး

လင္ရႊမ္းဇီသည္သူမိသားစုတစ္ရာစုေဝးပြဲမွျပန္လာကတည္းကမူလကဟိုခုန္ဒီေပါက္ျဖစ္ေနၾကသည့္ပိုးေကာင္ေလးမ်ားသည္ေကာလဟာလတစ္စံုတစ္ရာၾကားထားသလိုမ်ိဳးမယံုႏိုင္ေလာက္ေအာင္တိတ္ဆိတ္သြားသည္ကိုအေတာ္ေလးအံ့အားသင့္ေနခဲ့ျခင္းျဖစ္သည္။သူလင္ပုပိုင္ကိုဥပေဒစိုးမိုးေရးခန္းမေဆာင္သခင္ႀကီးအျဖစ္ခန္႔အပ္ခဲ့စဥ္ကေတာင္ထိုဒုသခင္မ်ားအားလံုးက႐ုပ္ဆိုးတဲ့အမူအယာအနည္းငယ္သာရွိၾကၿပီးသူ႔ဆံုးျဖတ္ခ်က္အားသူနဲ႔မ်က္ႏွာျခင္းဆိုင္ေမးခြန္းထုတ္ခဲ့တဲ့သူမရွိခဲ့ေပ။

အခုေတာ့လင္ရႊမ္းဇီက*အေစာဆံုးငွက္အျဖစ္ထလာတဲ့လင္ယြီ႐ိုကိုအလြယ္တကူမလႊတ္ေပးႏိုင္ေတာ့ဘူး။

(T/N - အေစာဆံုးငွက္ -> အရင္ဆံုးစပုန္ကန္ဖို႔လုပ္တဲ့သူ)

ေသခ်ာေပါက္ပင္လင္ရႊမ္းဇီရဲ႔စကားကိုလင္ယြီ႐ိုၾကားသည္ႏွင့္ခ်က္ခ်င္းပင္မယံုၾကည္ႏိုင္မႈႏွင့္အနည္းငယ္ေၾကာက္ရြံေနသည့္အမူအယာကိုျပသလာသည္။

သူမအေနနဲ႔လင္ရႊမ္းဇီရဲ႔ၿပိဳင္ဘက္ျဖစ္ဖို႔မျဖစ္ႏိုင္ေပ။လင္ရႊမ္းဇီရဲ႔ဒန္တ်န္ပင္လယ္ပ်က္စီးေနတုန္းကေတာင္သူမ,မတိုက္ရဲခဲ့တာအခုခ်ိန္မ်ိဳးဆိုပိုလို႔ေတာင္မျဖစ္ႏိုင္ဘူး။

လင္ယြီ႐ိုသည္႐ွိဳက္ငို၍ထြက္ေျပးသြားၿပီးသူမေနာက္ကရထားလံုးထဲဝင္သြားေတာ့သည္။သူမနဲ႔ဆက္ဆံေရးေကာင္းမြန္သည့္ဌာနခြဲမ်ားမွအမ်ိဳးသမီးတစ္ခ်ိဳ႔သည္လည္းမေနႏိုင္စြာျဖင့္သူမကိုႏွစ္သိမ့္ေပးၾက၏။

လင္ယြီဖန္ကေတာ့ရႊင္ျမဴးစြာျပံဳးသြားၿပီးသူ႔ကိုလွမ္းၾကည့္လာသည့္လင္ရႊမ္းဇီရဲ႔အၾကည့္နဲ႔ဆံုသြားသည္။

လင္ရႊမ္းဇီကႏူးညံ့သိမ္ေမြ႕စြာေျပာလိုက္သည္။

"ပိုၿပီးႏွိမ့္ႏွိမ့္ခ်ခ်ေနစမ္းပါ"

လင္ယြီဖန္ကပုခံုးတြန္႔သည္။

"ငါအရမ္းကိုႏွိမ့္ခ်ေနၿပီးေနပါၿပီ...အဲ့ဒီေကာင္မေလးကငါနဲ႔ေသြးတစ္ဝက္ေႏွာေနတာေၾကာင့္သာမဟုတ္ရင္ဟိုးတုန္းကတည္းကသတ္ပစ္လိုက္ၿပီးေနၿပီ"

လင္ရႊမ္းဇီကသူ႔ကိုစိုက္ၾကည့္သည္။

"လင္မိသားစုကအိမ္တြင္းအၾကမ္းဖက္မႈကိုတားျမစ္ထားတယ္..မင္းဒီအခ်က္ကိုအၿမဲတမ္းသတိရေနမွျဖစ္မယ္..အကယ္၍မင္းသူမအေပၚမွာနက္နက္႐ွိဳင္း႐ွိဳင္းမုန္းတီးေနတယ္ဆိုရင္ေတာင္ဥပေဒစိုးမိုးေရးခန္းမေဆာင္ကိုပဲကိုင္တြယ္ဖို႔လက္လႊဲေပးရမယ္"

လင္ယြီဖန္ကခပ္လြင္လြင္ရယ္လိုက္ၿပီးလင္ရႊမ္းဇီအားေလွာင္တဲ့ပံုစံျဖင့္ၾကည့္ေလသည္။

"တစ္ေန႔လင္မိသားစုရဲ႔အတြင္းပိုင္းမွာအၾကမ္းဖက္မႈတစ္စံုတစ္ရာျဖစ္ေပၚလာေတာ့မွမင္းဒီလိုမ်ိဳးသည္းခံႏိုင္ဦးမလားဆိုတာၾကည့္ၾကတာေပါ့ေလ"

လင္ရႊမ္းဇီကေပါ့ေပါ့ပါးပါးပဲျပန္ေျဖသည္။

"စည္းမ်ဥ္းစည္းကမ္းတိုင္းမွာႁခြင္းခ်က္ဆိုတာရွိတယ္...အကယ္၍တစ္ဖက္လူကငါ့ကိုျပႆနာမရွာဘူးဆိုရင္ငါကလည္းသူတို႔ကိုျပန္ၿပီးျပႆနာရွာမွာမဟုတ္ဘူး...အကယ္၍လင္မိသားစုထဲမွာအတြင္းပိုင္းအၾကမ္းဖက္မႈသာေပၚလာခဲ့မယ္ဆိုရင္စည္းမ်ဥ္းအသစ္ေတြကလည္းမလႊဲမေရွာင္သာေပၚလာမွာပဲ"

"ဟားဟား!"

 လင္ယြီဖန္ကရယ္ေမာသည္

"တစ္ျခားသူအေပၚတင္းၾကပ္ၿပီးကိုယ့္ကိုကိုယ္ၾကင္နာတယ္တဲ့....ငါ့တို႔လင္မိသားစုကသခင္ေလးကတကယ့္ကိုအံ့အားသင့္စရာလူပဲေနာ္"

လင္ရႊမ္းဇီကႏူးညံ့စြာသာျပန္ေျပာသည္။

"ခ်ီးက်ဴးမႈအေပၚရွက္မိပါတယ္"

လင္ယြီဖန္, "..."

လင္ရႊမ္းဇီကသာမာန္လူမ်ားနဲ႔ျခားနားေၾကာင္းကိုသူအေစာႀကီးကတည္းကေတြးခဲ့မိတာျဖစ္သည္။သူ႔အရည္ဘယ္ေလာက္ထူလဲၾကည့္တာနဲ႔တင္ကသူကတကယ့္ကိုသာမာန္လူေတြနဲ႔လံုးဝျခားနားတယ္

ဒါေပမဲ့႐ိုး႐ိုးသားသားေျပာရရင္လင္ယြီဖန္သည္သူ႔မိသားစုရဲ႔သခင္ေလးကဒီလိုလူဆိုးပံုစံသ႐ုပ္ေဆာင္ေနတာကိုၾကည့္ၿပီးသူ႔တို႔လင္မိသားစုအနာဂတ္နဲ႔ပတ္သတ္ၿပီးယံုၾကည္စိတ္ခ်သြားမိသည္။

လင္ယြီဖန္ကတစ္ဖက္သို႔ျပန္လွည့္၍ရထားလံုးထဲဝင္သြားရင္းမွညည္းညဴသလိုအသံတိုးတိုးႏွင့္ေျပာသြားေသးသည္။

"အဲ့ဒီေကာင္မေလးရဲ႔မိသားစုကိုအေႏွးနဲ႔အျမန္သတ္ပစ္မယ္လို႔ငါတစ္ခါတုန္းကက်ိန္ဆိုခဲ့ဘူးေပမယ့္မင္းမ်က္ႏွာကိုေထာက္ထားေသာအားျဖင့္မင္းလင္မိသားစုထဲမွာရွိေနတုန္းေတာ့ငါမလုပ္ဘူး"

လင္ရႊမ္းဇီသည္အနည္းငယ္ရပ္တန္႔သြားမိၿပီးေတြးမိသည္။

သူေျပာတဲ့ပံုစံကငါကပဲသူ႔ကိုေက်းဇူးတင္ရမယ္ဆိုတဲ့သေဘာမဟုတ္ဘူးလား?

ဒါေပမဲ့လည္းတကယ္တမ္းလင္ရႊမ္းဇီကရထားလံုးထဲသာဝင္သြားလိုက္ကာရထားေမာင္းသမားအားထြက္ခြာရန္အခ်က္ျပလိုက္ေတာ့သည္။

ရထားလံုးထဲမွာယန္ထ်န္းဟန္ကက်ားေပါက္ေလးႏွစ္ေကာင္ကိုေလ့က်င့္ေပးေနသည့္ဖုန္က်င္းယြီကိုၾကည့္ေနသည္။လင္ရႊမ္းဇီကိုျမင္သည္ႏွင့္အားပိုင္ကိုဆတ္ခနဲေကာက္မကာသူ႔လက္ေမာင္းၾကားထဲထည့္လိုက္သည္။

"အကိုႀကီး,ပုန္ကန္မႈေတြၿပီးသြားၿပီလား?"

လင္ရႊမ္းဇီကယန္ထ်န္းဟန္ေဘးမွာဝင္ထိုင္လိုက္ၿပီးသူ႔ကိုဆြဲဖက္ကာနမ္းလိုက္သည္။

"ရန္ျဖစ္တာေတြဘာေတြမရွိပါဘူးဒီအတိုင္းစကားနည္းနည္းေျပာရံုသက္သက္ပဲ" လင္ရႊမ္းဇီကသက္ေတာင့္သက္သာအသံျဖင့္ျပန္ေျဖသည္။

ယန္ထ်န္းဟန္ကျပံဳးၿပီးသူ႔ရဲ႔ခ်စ္စရာေကာင္းလွေသာက်ားစြယ္ေသးေသးေလးႏွစ္ခုေပၚလာသည္။

"ဟုတ္သားပဲအကိုႀကီး,တစ္ျခားတစ္ခုရွိေသးတယ္" ယန္ထ်န္းဟန္ကေျပာသည္။

"ကၽြန္ေတာ္ေမာက္ေမာက္နဲ႔ေဆြးေႏြးၿပီးေနာက္မွာအားဂုကိုကၽြန္ေတာ္တို႔နဲ႔အတူေတာင္ေပၚလိုက္ခိုင္းဖို႔ကနည္းနည္းေလးလက္ေတြ႕မက်ဘူးလားလို႔....အဲ့ဒါေၾကာင့္နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းနဲ႔နီးတဲ့နက္႐ွိဳင္းၿမိဳ႔ထဲမွာအားဂုအတြက္အိမ္တစ္လံုးငွားေပးလိုက္ဖို႔ကၽြန္ေတာ္စဥ္းစားထားတယ္...အဲ့ဒါဆိုရင္ကၽြန္ေတာ္သူ႔ကိုသြားရွာဖို႔လည္းအဆင္ေျပလိမ့္မယ္"

လင္ရႊမ္းဇီကယန္ထ်န္းဟန္ရဲ႔မ်က္ႏွာေသးေသးေလးကိုၫွစ္လိုက္သည္။

"ဒီလိုကိစၥမ်ိဳးကကိုယ့္ဘာသာကိုယ္ဆံုးျဖတ္လို႔ရတယ္"

ယန္ထ်န္းဟန္ရဲ႔မ်က္လံုးေလးကအျပံဳးႏွင့္အတူလျခမ္းေကြးေလးလိုျဖစ္သြားသည္။သူကလင္ရႊမ္းဇီလက္ေမာင္းၾကားထဲတိုးဝင္သြားၿပီးသူ႔လည္တိုင္ကိုဖက္တြယ္ထားလိုက္၏။

"အကိုႀကီး,အခုခ်ိန္ကစၿပီးကၽြန္ေတာ္တို႔တစ္ေယာက္နဲ႔တစ္ေယာက္နည္းနည္းေလးေတာင္စိုးရိမ္စရာမလိုပဲခ်ိန္းေတြ႕လို႔ရၿပီ"

အားပိုင္ေလးမွာယန္ထ်န္းဟန္ရဲ႔အဖိခံထားရတာေၾကာင့္အသက္ရႈပင္ၾကပ္လာရသည္။သူကသူ႔ရဲ႔ေခါင္းေသးေသးေလးအားအတင္းတိုးထြက္ၿပီးခုန္ခ်ရ၏။သူ႕မ်က္လံုးကေဘးမွာလက္သည္းေလးကိုလွ်ာနဲ႔ရပ္ေနသည့္ဟူပိုကိုစိုက္ၾကည့္လိုက္သည္။ၿပီးတာနဲ႔"Ao wu"ဆိုတဲ့အသံနဲ႔အတူဖတ္ခနဲခုန္ဝင္၍ဟူပိုအားေျမျပင္ေပၚဖိခ်ကာျပင္းျပင္းထန္ထန္နမ္းေတာ့သည္။

ဟူပိုေလးကေတာ့ေၾကာက္လန္႔တၾကားေအာ္ဟစ္ၿပီးအဆံုးသတ္မရွိ႐ုန္းကန္ေနေလတယ္!

ဖုန္က်င္းယြီကအေနခက္စြာျဖင့္ႏွစ္ခ်က္ေလာက္ေခ်ာင္းဟန္႔၍ေရရြတ္သည္။

"မင္းတို႔ေတြကိုယ့္လႊမ္းမိုးမႈကိုအာရံုစိုက္ၾကေလ...ဒီမွာသားေပါက္ေလးသံုးေကာင္ရွိတာကိုမင္းတို႔ကကေလးေတြကိုလမ္းလႊဲေအာင္လုပ္ေနတာပဲ!"

လင္ရႊမ္းဇီကဖုန္က်င္းယြီအားသေဘာမတူဟန္ျဖင့္ၾကည့္လိုက္ၿပီးသူ႔ႏွဖူးအားဖတ္ခနဲေတာက္ထည့္လိုက္သည္။သူ႔အင္အားကဖုန္က်င္းယြီကိုအႀကိမ္အေတာ္မ်ားမ်ားလည္သြားေစသည္။

ၿပီးေနာက္မွာေတာ့ထိုေသးငယ္ၿပီးလံုးတုတ္တုတ္ငွက္ေလးကအခင္းေပၚမွာခပ္ေၾကာင္ေၾကာင္အမူအယာျဖင့္ထိုင္ေနသည္ကိုယန္ထ်န္းဟန္ျမင္လိုက္ရတာေၾကာင့္မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ေအာ္ဟစ္ရယ္ေမာမိေတာ့သည္။

"Wahh"ဆိုတဲ့အသံႏွင့္အတူဖုန္က်င္းယြီကသူ႔ေဒါသကိုထုတ္ေဖာ္ၿပီးလင္ရႊမ္းဇီရွိရာသို႔ေတာင္ပံျဖန္႔ေျပးဝင္သြား၏။စိတ္အားထက္သန္ေနသည့္က်ားေပါက္ေလးႏွစ္ေကာင္သည္လည္းသူတို႔သခင္ႏွစ္ေယာက္ထံခုန္ဝင္ဖို႔ႀကိဳးစားေနၾကသည္။ခဏတာေလာက္ေတာ့ရထားလံုးတစ္ခုလံုးငွက္ပ်ံသံက်ားေပါက္ေလးေတြခုန္ပ်ံေက်ာ္လႊားသံမ်ားျဖင့္အေတာ္ေလးအသက္ဝင္သြားရသည္။

ယန္ထ်န္းဟန္သည္လည္းသူ႔ရယ္ေမာျခင္းကိုမထိန္းခ်ဳပ္ႏိုင္ေတာ့တာေၾကာင့္ေဘးပတ္ဝန္းက်င္မွရထားမ်ားဆီသို႔ပါရယ္သံမ်ားပ်ံ႔လြင့္သြားသည္။

လင္ဇီဂ်ီေဘးမွာထိုင္ေနသည့္လင္ေယာက္သည္သူ႔ကန္႔လန္႔ကာအားဖြင့္ကာျပန္လွည့္ၾကည့္မိသည္။သူကမနာလိုအားက်မႈတစ္ခ်ိဳ႔ႏွင့္မွတ္ခ်က္ခ်မိ၏။

"ယန္ထ်န္းဟန္,အဲ့ဒီကေလးကတကယ့္ကိုကံေကာင္းတယ္...သူ႔ကံကဘယ္ေလာက္ေတာင္ေကာင္းေနလို႔သခင္ေလးရဲ႔မ်က္ႏွာသာေပးမႈကိုပါရတာလဲမသိေတာ့ဘူး"

လင္ဇီဂ်ီကသူ႔ရင္ထဲမွာသာေရရြတ္မိသည္။

မ်က္ႏွာသာေပးတာထက္ပိုတာေပါ့...သူကေကာင္းကင္ထက္ေတာင္ျမင့္ေလာက္ေအာင္အလိုလိုက္ခံထားရတာ!

ဘယ္ရက္တုန္းကမွန္းမသိစြာနဲ႔လင္ရႊမ္းဇီကဉာဏ္အလင္းပြင့္သြားသလိုမ်ိဳးတစ္ျခားတစ္ေယာက္ကဲ့သို႔ေျပာင္းလဲသြားခဲ့ကတည္းကယန္ထ်န္းဟန္မရယ္ေမာတဲ့အခ်ိန္မရွိေတာ့တာကိုလင္ဇီဂ်ီျမင္ေတြ႕ထားသည္။

"စမ္းသပ္မႈနဲ႔ဒုကၡဆင္းရဲေတြကိုအတူတူေက်ာ္ျဖတ္ၾကတဲ့စံုတြဲေတြအေၾကာင္းကိုလူေတြေျပာၾကသလိုေပါ့;သူတို႔ကလည္းစမ္းသပ္မႈနဲ႔ဒုကၡဆင္းရဲေတြကိုအတူတူေက်ာ္ျဖတ္ၾကတဲ့ညီအစ္ကိုေတြလို႔သတ္မွတ္လို႔ရတယ္ေလ" လင္တုန္းကသူ႔ေမးကိုထိၿပီးေတြးေတာ့သည္။

"လင္ရႊမ္းဇီကဒီလိုမ်ိဳးထပ္ၿပီးျမင့္တက္လာဦးမယ္လို႔ဘယ္သူကထင္ခဲ့မိမွာလဲ?" လင္ေယာက္ကသက္ျပင္းခ်သည္။

"လက္ရွိသခင္ေလးရာထူးကအရင္ႏွစ္ေတြတုန္းကထက္ပိုၿပီးအဖိုးတန္တယ္"

လင္တုန္းကေခါင္းညိတ္သည္။

"ဟုတ္ပ,ဘယ္သူကမ်ားငါတို႔သခင္ေလးကိုဒီလိုအရမ္းအံခ်ီးဖြယ္ေကာင္းေစၿပီးလင္မိသားစုကိုတတိယအဆင့္မိသားစုကေနပထမအဆင့္မိသားစုအျဖစ္ဆြဲတင္ခိုင္းလို႔လဲေလ"

လင္ေယာက္နဲ႔လင္တုန္းတို႔ဆီမွာေလးစားမႈနဲ႔ၾကည္ညိဳေလးျမတ္မႈမ်ားျပည့္ႏွက္ေနေသာ္လည္းမနာလိုမႈေတာ့လံုးဝမရွိေတာ့ေပ။

လူတစ္ဦးကေန၊လႏွင့္ေကာင္းကင္ေပၚကၾကယ္မ်ားလိုမ်ိဳးဘယ္လိုမွမေရာက္ႏိုင္တဲ့အကြာအေဝးတစ္ခုကိုေရာက္ေနတဲ့အခ်ိန္မွာဘယ္သူမွအဲ့ဒီထက္ျမင့္ဖို႔ႀကိဳးစားၾကမွာမဟုတ္ေတာ့ဘူးေလ..အဲ့ဒီအစားအဲ့ဒီလူကိုသာသူတို႔ရဲ႔ႏွလံုးသားထဲကေနေမွ်ာ္ၾကည့္မိၾကလိမ့္မည္။

သူတို႔ရဲ႔အျပန္အလွန္ေျပာစကားမ်ားကိုၾကည္ၿပီးေနာက္လင္ဇီဂ်ီသည္သူ႔ဘဝကေမွ်ာ္လင့္ခ်က္မဲ့ၿပီးအေမွာင္ထုထဲျပဳတ္က်ကာေဖာ္ျပလို႔မရတဲ့ဝမ္းနည္းစရာအေျခအေနျဖစ္သြားရသလိုပင္။

သူသည္လည္းသခင္ေလးေနရာကိုရႏိုင္မယ့္အခ်ိန္တစ္ခုရွိခဲ့ဘူးတယ္ —လင္က်န္ကေသဆံုးသြားၿပီးလင္ရႊမ္းဇီကမသန္စြမ္းျဖစ္သြားခဲ့တာ;သူကလြဲရင္ဘယ္သူကမ်ားသခင္ေလးျဖစ္ႏိုင္ဦးမွာလဲ?

ဒါေပမဲ့အခုေတာ့လင္ဇီဂ်ီကလင္ရႊမ္းဇီနဲ႔ထိုေနရာကိုၿပိဳင္ဆိုင္ခ်င္စိတ္လံုးဝမရွိေတာ့ဘူးျဖစ္သည္။

သူႏိုင္မွာလည္းမဟုတ္ဘူးေလၿပီးေတာ့လင္ရႊမ္းဇီရဲ႔ေၾကာ့ရွင္းတဲ့အျပဳအမူေတြကသူ႔ကိုအႏိုင္ရသြားခဲ့ၿပီ။

ဒါေပမဲ့လည္းသူကသူ႔ဘဝကိုေခ်ာေခ်ာေမြ႕ေမြ႕တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲေနခ်င္ေပမယ့္သူ႔အေမနဲ႔တတိယအႀကီးအကဲကေတာ့အဲ့ဒီလိုလံုးဝေတြးပံုမေပၚဘူး

မထြက္လာခင္တုန္းကဆိုရင္ပိုင္သခင္မကသူ႔ကိုဆြဲေခၚသြားၿပီးအထူးတလွယ္ဂ႐ုတစိုက္နဲ႔အထပ္ထပ္မွာလိုက္ေသးတယ္:လင္ရႊမ္းဇီရဲ႔လႈပ္ရွားမႈတိုင္းကိုအာရံုစိုက္ထားရမယ္တို႔အခ်ိန္ဇယားအတိုင္းသူမကိုအစီရင္ခံဖို႔တို႔...အဲ့ဒါအျပင္ကိုသူမကထိုအတားအဆီးျဖစ္ေနတဲ့လင္ရႊမ္းဇီကိုဖယ္ရွားပစ္ဖို႔နဲ႔မၾကာခင္လင္မိသားစုရဲ႔သခင္ေလးေနရာကဘယ္လိုမ်ိဳးသူ႔ဟာပဲျဖစ္ေနဦးမယ္တို႔ေတာင္ေျပာခဲ့ေသးသည္။

လင္ဇီဂ်ီကပိုင္သခင္မကိုမဆြဲေဆာင္ႏိုင္သလိုပိုင္သခင္မကလည္းသူဘာျဖစ္လို႔ဒီလိုသူရဲေဘာေၾကာင္တဲ့သူတစ္ေယာက္ျဖစ္သြားမွန္းနားမလည္ႏိုင္ျဖစ္ေနခဲ့သည္။

"အေမ"

လင္ဇီဂ်ီသည္မ်က္လံုးမ်ားကိုသာမွိတ္ထားလိုက္ေတာ့သည္။ပိုင္သခင္မကသိပ္မၾကာခင္ပဲအမွန္တရားကိုနားလည္ၿပီးျပႆနာဘယ္လိုရွာရမလဲစဥ္းစားေနတာေတြကိုရပ္တန္႔လိုက္ဖို႔သူတကယ္ပဲစိတ္ရင္းနဲ႔ဆုေတာင္းမိတယ္။

ဒီအတိတ္ရက္ေတြတုန္းကလင္ရႊမ္းဇီအေပၚသူ႔ရဲ႔နားလည္မႈနဲ႔ဆိုရင္လင္ရႊမ္းဇီရဲ႔လိမၼာပါးနပ္မႈကပိုင္သခင္မလံုးဝယွဥ္ၿပိဳင္ႏိုင္မယ့္အရာမဟုတ္ဘူး..အကယ္၍သူကသာလူတစ္ေယာက္ကိုၾကံစည္ခ်င္တယ္ဆိုရင္အဲ့ဒီလူကသူဘယ္လိုေသသြားမွန္းေတာင္မသိေအာင္လုပ္ႏိိုင္တယ္

...........................

T/N - ဒီမွာလင္ရႊမ္းဇီရသြားတဲ့သခင္ေလးရာထူးဆိုတာက႐ိုး႐ိုးေလးေျပာရရင္အိမ္ေရွ႕စံလိုပါပဲလင္မိသားစုရဲ႔ေနာင္တက္မယ့္သခင္ႀကီးျဖစ္သြားတာေပါ့။အျပင္မွာအခ်င္းခ်င္းစကားေျပာရင္သံုးတဲ့သခင္ေလးမ်ိဳးမဟုတ္ပဲအိမ္ေရွ႕စံသခင္ေလးျဖစ္သြားတာပါ။

*** wattpad က pay-to-read ျဖစ္ေတာ့မယ္ၾကားလို႔ဟုတ္မဟုတ္ျပန္ေျပာေပးၾကပါဦး

Next Episode

ေတာင္သခင္ေလးက်န္း

..........................

Continue Reading

You'll Also Like

98.1K 12.2K 105
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
5.2K 496 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...
513K 83.8K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
333K 67.9K 127
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature