π™ƒπ™š π˜½π™šπ™›π™€π™§π™š π™ˆπ™š {Comp...

By Iris_Choi

307K 25.5K 2.9K

- "I am not the one you love But I am the one who loves you" - ... More

(( 1 ))
(( 2 ))
(( 3 ))
(( 4 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 10 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 18 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
(( 23 ))
(( 24 ))
(( 25 ))
(( 26 ))
(( 28 )) - Final
Extra πŸ’œ

(( 27 ))

11K 867 82
By Iris_Choi

Unicode

မနက်ခင်းနေအတော်မြင့်သည်အထိ အိပ်နေဆဲဖြစ်သည့်Jungkook။ မျက်နှာပေါ်သို့နေရောင်စူးစူးကျလာတာ သိသော်လည်းမျက်လုံးကမဖွင့်မိသေး။ ဒီနေ့ဂိုဏ်းကို သွားစရာမလိုသည်မလို့အေးအေး ဆေးဆေးအိပ်ပျော်နေခြင်းပင်။

သို့သော်အိပ်ကောင်းခြင်းကကြာကြာမအိပ်လိုက်ရ။ နှာခေါင်းတွင်းဝင်လာသည့်စတော်ဘယ်ရီနံ့နှင့်ရောစပ်နေသည့်ကိုယ်နံ့သင်းသင်းလေးနှင့်အတူ မျက်နှာပေါ်မှခံစားနေမိသည့် ကလိကလိအထိအတွေ့လေးတွေကြောင့် မျက်စိတွေမှိတ်ထားလျက်ပင်သဘောကျစွာပြုံးလိုက်မိသည်။

နောက်ဆုံးသူ့နှုတ်ခမ်းပေါ်သို့ဖွဖွလေးကျရောက်လာသည့်အထိအတွေ့လေးကြောင့် သူ့မှာဆက်မအိပ်နိုင်တော့။ သူ့အားမနက်စောစောလာကလိနေသည့် ကောင်လေးကိုတဖန်အိပ်ယာပေါ်ပြန်ဆွဲချလိုက်ရင်းအပေါ်ကနေအုပ်မိုးလိုက်တော့ ပြုံးစိစိကလေးပြန်ကြည့်နေသည့်အနှီနှလုံးသားငယ်။

"လူကို မနက်ခင်းကြီးရင်ခုန်အောင်လာလုပ်နေတာပေါ့လေ"

"မလုပ်ပါဘူး ငါ့ဟာငါမင်းကိုလာနှိုးတာလေ ... မင်းဘာသာရင်ခုန်သွားတာတော့မတတ်နိုင်ဘူး"

သူ့ရင်ခွင်အောက်ကနေ မထိတထိနှင့်ပြောင်စပ်စပ်လေးပြောနေသည့် Taehyungပုံလေးကဆွဲဆက်လုပ်ချင်စရာလေးပင်။

Taehyungနှင့်Noonaကစံအိမ်တွင်ပြန်လာမနေကြသေး။ ကြဉ်းကျပ်ကျပ်နှင့် မလုံမခြုံခေါင်မိုးထပ်အိမ်လေးတွင်မနေစေချင်ပေမဲ့လည်း ချစ်သူရဲ့ဆန္ဒကိုဇွတ်မပြောချင်တာကြောင့်Jungkookထပ်မပြောမိ။

အခုလည်းမနက်စောစောစံအိမ်ရောက်လာကာ သူ့အားလာနှိုးခြင်းဖြစ်သည်။ အရင်တုန်းကအချိန်လေးတွေကို ပြန်တွေးမိတာကြောင့်သဘောကျစွာပင်ပြုံးလိုက်မိသည်။ အရင်ကတုန်းကလည်းTaeကသူ့ကိုမနက်ဆို စံအိမ်ကိုလာနှိုးနေကျမဟုတ်ပါလား။

ထို့နောက်သူ့အားပြုံးပြုံးကလေးကြည့်လာပြန်သည်မလို့ သူလဲသဘောကျစွာပြန်ပြုံးလိုက်မိသည်။ မနက်ခင်းလေးကို ချစ်သူရဲ့အပြုံးလေးနဲ့စတင်ရတာလောက် Jungkookရဲ့ဘဝမှာပျော်စရာကောင်းတာမရှိတော့။

ပါးမွှေးမွေးလုံးလုံးလေးကို မနေနိုင်စွာငုံ့ကာနမ်းရှိုက်တော့Taeကသူလည်ပင်းကိုသိုင်းဖက်လာသည်။ နှစ်ယောက်သားအကြည့်ချင်းအတော်ကြာအောင်စုံကြည့်နေရာမှ တဖြည်းဖြည်းရောက်သွားမိသည်ကနီနီစိုစိုနှုတ်ခမ်းလေးဆီ။ သိပ်မကြာခင်မှာပဲ ထိကပ်ကုန်သည့်နှုတ်ခမ်းသားနှစ်ခု။

အမြဲတမ်းမက်မောခဲ့ရသည့်အနမ်းလေးတွေ။ သူအပိုင်မဟုတ်ခဲ့တဲ့နှုတ်ခမ်းလေးတွေ။ အခုတော့ထိုနှုတ်ခမ်းပါးလေးတွေထက်ကပင် ချစ်တယ်ဆိုသည့်စကားလေးတွေသူကြားခဲ့ရပြီ။ တကယ်ကိုသူ့အပိုင်လေးဖြစ်လာခဲ့ပြီ။

သူတစ်ဆထက်တစ်ဆပိုပြီးနမ်းရှိုက်လေ ပြန်လည်တုန့်ပြန်လာသည့်နှုတ်ခမ်းပါးလေးတွေကြောင့် ပျော်ရွှင်မှုကအတိုင်းမသိ။ အတော်ကြာအောင်အကြင်နာအနမ်းတွေခြွေနေမိရာ Taehyungအသက်ရှုကြပ်လာတော့မှ နှစ်ယောက်သားရပ်တန့်မိကြတော့သည်။

သူ့ရင်ခွင်ထဲကနေ ပါးစပ်လေးဟစိဟစိဖြင့်အသက်ရှုနေပုံလေးက သူတစ်ယောက်တည်းသားမြင်ခွင်ရမည့် သူအမြဲသိမ်းထားချင်သည့်ပန်းချီကားလေးတစ်ချပ်လိုပင်။

ထို့နောက်သူ့အားမျက်စောင်းတွေထိုးကာ သေမလိုနမ်းနေရလားဆိုသည့်အကြည့်တွေဖြင့်လည်းကြည့်လာပြန်ပါသေးနေသည်။

"Morning kissတွေလဲပေးပြီးပြီ... ထတော့ကွာJungkook"

"Ok Ok ထပြီ"

စူပုပ်ပုပ်လေးဖြစ်လာသည့်မျက်နှာလေးကြောင့် ထပ်မစချင်တော့။ ရေချိုးခန်းထဲအမြန်ပြေးကာ တခါတည်းရေမိုးချိုးပြီးထွက်လာတော့ အင်္ကျီအသင့်ထုတ်ကာစောင့်နေပြန်ပါသည့်Tae။

"Jungkook ah..ဒီနေ့အားလားဟင်??"

သူ့အားခေါင်းသုတ်ပေးရင်း မေးလာပြန်သည်။ မျက်လုံးလေးတွေတလက်လက်ဖြင့် ရွှန်းရွှန်းဆာဆာကလေးကြည့်နေပုံက မအားလဲအားလိုက်ဆိုပြီးသွယ်ဝိုက်အမိန့်ပေးနေဟန်လေးမလို့ Jungkookမှာအူးတယားယား။

"မအားဘူးငါ့ကောင်လေးရဲ့... ခဏနေကုမ္ပဏီခဏသွားရမှာ Joon hyungကအစည်းအဝေးအတွက်ပြောစရာရှိလို့ခဏသွားတွေ့ရအုံးမှာ..."

"ဟုတ်လား?? ရပါတယ် အဲ့တာဆိုလည်း..."

​မျက်နှာလေးကငယ်ကျသွားသည်မလို့ Jungkookမှာထိုမျက်နှာလေးကိုလက်လေးနှစ်ဖက်ဖြင့်အုပ်ကိုင်းလိုက်ရင်း

"Wae?? ဘာလုပ်ချင်လို့လဲငါ့ကောင်လေးက? ခဏပဲသွားတွေ့ပြီးရင်ပြီးပြီလေ...ပြီးတာနဲ့ပြန်လာခဲ့မယ်ချက်ချင်း "

သူပြောလိုက်တော့ Taeကသူ့အားအေးအေးဆေးဆေးပင် ပြန်ပြုံးပြလာသည်။

"မဟုတ်ပါဘူး... ငါကမင်းနဲ့ဒိတ်မလို့ကို... ရပါတယ်မင်းအားတဲ့နေ့..."

"အားတယ်ဒီနေ့! "

"ဟင် ... မင်းပဲကုမ္ပဏီသွားရမှာဆို"

"ဘာမှမပြောခဲ့ဘူးပဲထားလိုက် လာသွားကြမယ်။ Let's date honey"

လူကိုwinkတချက်ပေးကာ လက်ကနေအမြန်ဆွဲခေါ်သွားသည်မလို့အူကြောင်ကြောင်နှင့်ပါသွားရတော့သည်။

-
-
-
စံအိမ်ရှေ့ရောက်တော့ သူ့ကိုခဏရပ်စောင့်စေကာ Jungkookကဂိုဒေါင်ဖက်သို့ထွက်သွားသည်။ ထို့နောက် motorcycleအနက်ရောင်ကြီးစီးထွက်လာကာသူ့ရှေ့တွင်ဆိုင်ကယ်ရပ်လိုက်သည့်Jungkook။ ထို့နောက် တပ်ထားသည့်helmetမှန်ကိုပင့်တင်လိုက်ရင်း သူ့အားကြည့်ကာ

"ဒိတ်ကြမယ်လေ ... ယုံတယ်မလားငါ့ကို?"

ဟိုးအရင်ကတည်းက ဒီလိုဆိုင်ကယ်ကြီးတွေJungkookစီးရင်သူသေလောက်အောင်ကြောက်သည်။ တခါမှမစီးဖူးသလို Jungkookခေါ်ရင်လည်းလိုက်မစီးခဲ့။ စီးလိုက်ရင်အရှိန်တွေက ဒုံးကျည်ထက်မြန်သည့်ထိုဆိုင်ကယ်ကြီးတွေကိုစီးရမှာကြောက်ပါသော်လည်း ...

အခုတော့ဖြင့် ရူးရူးမိုက်မိုက်ပင် မျက်စိရှေ့ကခပ်ဆိုးဆိုးGangsterချစ်သူကိုယုံကာလိုက်စီးချင်နေပါသည်။

"အင်း... ယုံတယ်"

သူပြောလိုက်တော့Jungkookက သဘောကျသွားဟန်လေးဖြင့်ပြုံးကာသူ့အားHelmetနောက်တစ်လုံးသေချာတပ်ပေးသည်။ သူလည်းနှစ်ခါစဉ်းစားမနေတော့ ချက်ချင်းပင်ဆိုင်ကယ်ပေါ်သို့တက်ခွထိုင်လိုက်သည်။ ပထမဆုံးအကြိမ်မလို့ စိတ်လှုပ်ရှားကာလက်ကJungkookခါးနားကအင်္ကျီစလေးကိုဆွဲကိုင်ထားမိတော့ Jungkookကသူ့လက်တွေဆွဲယူကာခါးပေါ်သို့ရစ်သိုင်းဖက်ထားစေသည်။

ထိုအခါကျမှTaehyungလည်းအနည်းငယ်သဘောပေါက်သွားကာ Jungkookခါးကိုတင်းနေအောင်ဖက်ပစ်ရင်းခန္ဓာကိုယ်တစ်ခုလုံးကိုပါJungkookကျောပြင်ကြီးပေါ်ကိုပါပစ်မှီပစ်လိုက်တော့ Jungkookထံမှသဘောကျစွာရယ်သံတွေထွက်လာတော့သည်။

"သွားမယ်နော်ဒါဆို ... "

"အင်း..."

တစ်နေ့ကုန်Jungkookနှင့်အတူmotorcycleတစ်စီးဖြင့် ပတ်ကာဒိတ်လုပ်ကြသည်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဒိတ်ဟာ သူများအတွဲတွေလိုရုပ်ရှင်ကြည့်မုန့်စားတာမျိုးလောက်တော့မဟုတ်။ Gangsterရဲ့ကောင်လေးဆိုတော့လည်း ဒိတ်ကလည်းသူများတွေနဲ့ကွဲထွက်နေမှာအမှန်ပင်။

Jungkookနှင့်သူ့motorcycle clubကသူငယ်ချင်းအတွဲတွေနှင့်အတူ လောင်းကြေးတွေဖြင့်coupleလိုက်ဆိုင်ကယ်ပြိုင်မောင်းကြခြင်းပင်။

အစကတော့ ကိုယ်နှင့်မရင်းနှီးသည့် သူတို့သူငယ်ချင်းအသိုင်းအဝိုင်းတွေကြားမှာဆိုတော့ ခပ်လန့်လန့်။ တခြားဂိုဏ်းကGuardianတွေရော Gangleaderတွေရောပါသည်ဆိုပေမဲ့ သို့သော်အားလုံးကလည်း သူငယ်ချင်းတွေလိုပဲပြောကြဆိုကြလုပ်လိုက်ဖြင့် Taehyungပင်သူတို့ကြားမှာပျော်ဝင်လာကာ ပျော်လာသည်။

Jungkookလိုပင် ကျန်တဲ့သူငယ်ချင်းတွေကလည်းသူတို့ချစ်သူကောင်မလေး တချို့ကောင်လေးတွေကိုယ်စီဖြင့်ပင်။

တစ်နေကုန်နီးပါ ထိုအုပ်စုနဲ့တစ်နေရာပြီးတစ်နေရညသွားလိုက်ကြ။ ပျော်ကြပါးကြဖြင့် ညနေရောက်မှမြို့လယ်ကpublicပန်းခြံတစ်ခုတွင် အသီးသီးနှုတ်ဆက်ကြကာလမ်းခွဲကြသည်။

Jungkookနဲ့နှစ်ယောက်တည်းဒိတ်လုပ်မယ်ဆိုပေမဲ့ လည်း ဒီနေ့တစ်နေ့လုံးTaehyungပျော်ခဲ့ရပါသည်။ မိတ်ဆွေအသစ်တွေနှင့်လည်းခင်ခွင့်သိခွက့်ရခဲ့သလို မလုပ်ဖူးတာတွေလည်းထိုအုပ်စုနှင့်ပေါင်းပြီးအကုန်လုပ်နေခဲ့မိသည်။ ဒါပေမဲ့သူတကယ်ပျော်နေခဲ့သည်။

ဒါကိုပြောကြတာထင်ပါရဲ့။ ချစ်သူကဆိုးနေရင်တောင် ကိုယ်ပါတူတူလိုက်ဆိုးပေးတာမျိုး။ ချစ်သူကဆေးလိပ်သောက်ရင် ကိုယ်ကမီးညှိပေးတာမျိုး။ Taehyung သူ့ကိုယ်သူဆိုးသွမ်းနေပြီဆိုပြီးပြောင်းလဲဖို့ကြိုးစားနေတာလည်းမဟုတ်။ သူ့ချစ်သူနှင့်အတူပျော်ရွှင်မှုတွေမှာပျော်ဝင်နေခြင်းသာဖြစ်သည်။

တစ်နေကုန်ဆိုင်ကယ်တစ်စီးနှင့်သွားလာလည်ပတ်ထားသည်မလို့ ပင်ပန်းနေရှာမည့်မျက်နှာလေးကိုလည်းJungkookမှအရိပ်တကြည့်ကြည့်နှင့်အကဲခတ်နေရသေးသည်။ သို့သော်socialကောင်းသည့် ချစ်သူဟာသူ့သူငယ်ချင်းတွေနှင့် သူ့ထက်ပင်ပိုမိုရင်းနှီးလွယ်ကာ ပျော်ရွှင်နေသည့်ပုံကလေးမလို့တော်သေးသည်။

"Tae ပင်ပန်းနေပြီလား?? ဗိုက်ဆာပြီလား??"

"ဟင့်အင်း မပင်ပန်းဘူး။ ဒီနေ့တကယ်ပျော်စရာအရမ်းကောင်းတာပဲJungkook... ကျေးဇူးပဲ "

နှစ်ယောက်စလုံးကဆိုင်ကယ်ရပ်ထားလျက် ဆိုင်ကယ်ပေါ်မှာပင်ထိုင်နေဆဲဖြစ်သည်မလို့ သူမေးလိုက်တော့ သူ့အားနောက်ကနေပုခုံးပေါ်သို့သိုင်းဖက်ကာပြောလာသည့်Tae...

"အင်း ... နောက်လဲမင်းဘဝတစ်လျှောက်လုံးမှာပျော်စရာတွေပဲဖန်တီးပေးမယ် မင်းဖြစ်ချင်တာသာပြော အကုန်ငါ့ကောင်လေးသဘော ..."

သူပြောလိုက်တော့ တခစ်ခစ်နဲ့သဘောတွေကျကာ 'ချစ်တယ်Jungkook အများကြီးချစ်တယ်မင်းကို'ဆိုပြီးအနောက်ကနေ သူ့ပါးပေါ်ကိုလှစ်ခနဲနမ်းလိုက်သည့်နှုတ်ခမ်းလေး။ Jungkookမှာတော့ Taehyungဆီကချစ်တယ်ဆိုသည့်စကားလေးကြားလိုက်ရသည့်အပြင် အနမ်းလေးပါအစစ်ရလိုက်ရသေးသည်မလို့ အသဲအူတယားယားဖြင့်ပျော်ရွှင်ကြည်နူးသွားကာ ဝမ်းသာပီတီဂွမ်းဆီထိနေတော့သည်။

-
-
-
-
-
-
-

ညစာအတွက်အထပ်မြင့်မိုးမျှော်တိုက်ကြီးပေါ်က နာမည်ကြီး စားသောက်ဆိုင်တစ်ခုသို့ရောက်တော့ Taehyungကမှန်ပြတင်းလေးတွေနားပြေးသွားကာ ရှုခင်းတွေသွားကြည့်သည်။

"ဝိုး... မိုက်လိုက်တာ အမြင့်ကြီးပဲ.. ဝိုးJungkookဟိုမှာကြည့်လိုက် နမ့်စမ်းတာဝါလဲမြင်နေရတယ် ... Daebak! ညရှုခင်းကအရမ်းလှတာပဲ"

"အင်း မိုက်တယ်မလား? ဒီဆိုင်ကဖွင့်တာမကြာဘူးလေ ... လာ... ငါတို့ဝိုင်းကဟိုဖက်မှာ အဲ့ဖက်ကရှုခင်းပိုလှတယ်"

ဝိတ်တာလေးကိုလည်း Jungkookကပဲသူတို့နှစ်ယောက်စားမည့် မီနူးတွေမှာလိုက်ရသည်။ သူ့အသက်လေးကဖုန်းတစ်လုံးနှင့်ဓာတ်ပုံရိုက်ရင်းအလုပ်ရှုပ်နေသည်မလို့မမှာအား။

တကယ်ကTaehyungမှာ ရှုခင်းတွေရိုက်ရင်းမျက်နှာချင်းဆိုင်ကမီးနူကြည့်လိုက်မှာလိုက်လုပ်နေသည့် ချစ်သူကြီးကိုလည်းဓာတ်ပုံတွေခိုးခိုးရိုက်နေခြင်းပင်။

Jungkookနှင့်အတူအေးဆေးရှိနေတုန်းဆိုမှ သူတစ်ခုသတိရသွားသည်။ ဖုန်းလေးကိုလက်ထဲမှချလိုက်ရင်း

"အာ ဒါနဲ့Jungkook ... "

"အင်း"

"မဟူရာဂိုဏ်းရော... ဘာဖြစ်သွားလဲဟင်?? ပြီးတော့ ဒရိုင်ဘာလီရော??"

သူမေးတော့Jungkookက သက်ပြင်းလေးတစ်ခုချသည်။ သူ့အားပြုံးပြုံးလေးကြည့်လာရင်း

"အဲ့တုန်းကမဟူရာဂိုဏ်းကဖျက်သိမ်းခံရတော့မလိုထိဖြစ်သွားခဲ့တာလေ ... ဂိုဏ်းစည်းကမ်းကျင့်ဝတ်တွေနဲ့မညီတာတွေကိုလည်းအထက်ကဖမ်းမိသွားတယ်ပြောတယ် နောက်တော့သိပ်မကြာဘူးJunho ဟန်မြစ်မှာခုန်ချပြီးကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတယ်တဲ့ မဟူရာလဲပျက်သွားတာပေါ့... "

Taehyungမှာကြားပြီး ထူးထူးခြားခြားစိတ်မကောင်းစိတ်တို့ဝမ်းနည်းစိတ်တို့ဖြစ်ပေါ်မနေ။ သူများအသက်သေဆုံးတာ ကောင်းသည့်ကိစ္စမဟုတ်ပေမဲ့Taehyungမှာ စိတ်ထဲမှဝမ်းသာနေမိသည်။

"ဒရိုင်ဘာလီရောဟင်?? ထောင် ထောင်ကျသွားတာလား??"

Jungkookမာမီကတော့ စိတ်ကစဉ့်ကလျားရောဂါကြောင့်စိတ်တ္တဇထောင်တွင်ထိန်းသိမ်းခံလိုက်ရတာကိုသိသည်။ ပုလဲနက်ကိုသစ္စာဖောက်ခဲ့သည့်ဒရိုင်ဘာလီအကြောင်းကိုတော့ဖြင့် သူသတင်းအစအနပင်မကြားလိုက်။

" ဒရိုင်ဘာလီလဲ သူလုပ်ခဲ့တဲ့အကျိုးအတိုင်းခံစားခဲ့ရတာပေါ့"

Jungkookကသူ့အမေးကို အတိအကျဖြေမပေး သွယ်ဝိုက်ပြီးတော့သာဖြေသွားသည်။ ကြည့်ရတာ တခြားဘဝသို့ရောက်နေပြီဖြစ်ပါလိမ့်မည်။

သူလည်းဆက်မမေးဖို့ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်တည်းရှိသည့်အချိန်လေးကို စိတ်ညစ်စရာအကြောင်းတွေဖြင့် မကုန်ဆုံးချင်။ ဖြစ်ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီမလို့။ အခုလက်ရှိအချိန်သည်သာ အရေးကြီးသည်။

အစားအသောက်တွေရောက်လာတော့လည်း သူ့ပန်းကန်ထဲကအသားတုံးလေးတွေကို သေချာလှီးဖြတ်ပေးနေသည့်Jungkook။ ထို့နောက်ခရမ်းချဉ်သီးဖက်လေးတွေကိုဖယ်ပေးဖို့လည်းမမေ့။

Jungkookကိုအရမ်းချစ်ပေးမည်ဟုပြောတာလဲသူ Jungkookဆီမှအရမ်းအချစ်ခံနေရတာလည်းသူပင်ဖြစ်သည်။ သူ့ကိုဆိုမျက်နှာတချက်အပျက်မခံ အချစ်ခံရလွန်းသည်မလို့ လူကလေထဲသို့ပင်မြောက်တက်ချင်လာသည်။

Taehyungပန်းကန်လေးထဲကအသားလေးတွေလှီးပေးနေတုန်း သူ့အားတမေ့တမောငေးမောကြည့်နေသည့်Taehyungအကြည့်လေးတွေကြောင့်

"ဘာလို့အဲ့လောက်ကြည့်နေရတာလဲ?? ​လူကိုရင်ခုန်အောင်လို့"

သူပြောလိုက်တော့ ကြင်နာသူလေးရယ်သည်။

"Jungkook ah..."

သူ့အားအချစ်တွေ ကြည်နူးမှုတွေပြည့်နေသည့်မျက်ဝန်းငယ်လေးဖြင့်ကြည့်ရင်း လေသံအေးအေးလေးဖြင့်ခေါ်လာသည့်မလို့ သူလည်းမျက်ဝန်းတွေသေချာပြန်စိုက်ကြည့်လိုက်တော့ သူ့အားပြုံးကြည့်လာကာ

"လက်ထက်ကြရအောင်Jungkook... လက်ထပ်ကြမယ်လေငါတို့ ... Jeon Jungkookနဲ့Kim Taehyungအဖြစ်တရားဝင်..."

-
-
-
-
-
-
-
-
TBC
With Love💜
||Tae_For_Jeon
  Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*

A/N : Happy Taekook Dayပါနော်။
JKလိုကောင်လေးမျိုး အပြင်မှာမတကယ်မရှိပါဘာဘီတို့။ 😚
Next part will be final 💕

-
-
-
-
-
-
-
-
-

Zawgyi

မနက္ခင္းေနအေတာ္ျမင့္သည္အထိ အိပ္ေနဆဲျဖစ္သည့္Jungkook။ မ်က္ႏွာေပၚသို႔ေနေရာင္စူးစူးက်လာတာ သိေသာ္လည္းမ်က္လုံးကမဖြင့္မိေသး။ ဒီေန႔ဂိုဏ္းကို သြားစရာမလိုသည္မလို႔ေအးေအး ေဆးေဆးအိပ္ေပ်ာ္ေနျခင္းပင္။

သို႔ေသာ္အိပ္ေကာင္းျခင္းကၾကာၾကာမအိပ္လိုက္ရ။ ႏွာေခါင္းတြင္းဝင္လာသည့္စေတာ္ဘယ္ရီနံ့ႏွင့္ေရာစပ္ေနသည့္ကိုယ္နံ့သင္းသင္းေလးႏွင့္အတူ မ်က္ႏွာေပၚမွခံစားေနမိသည့္ ကလိကလိအထိအေတြ႕ေလးေတြေၾကာင့္ မ်က္စိေတြမွိတ္ထားလ်က္ပင္သေဘာက်စြာျပဳံးလိုက္မိသည္။

ေနာက္ဆုံးသူ႔ႏႈတ္ခမ္းေပၚသို႔ဖြဖြေလးက်ေရာက္လာသည့္အထိအေတြ႕ေလးေၾကာင့္ သူ႔မွာဆက္မအိပ္နိုင္ေတာ့။ သူ႔အားမနက္ေစာေစာလာကလိေနသည့္ ေကာင္ေလးကိုတဖန္အိပ္ယာေပၚျပန္ဆြဲခ်လိုက္ရင္းအေပၚကေနအုပ္မိုးလိုက္ေတာ့ ျပဳံးစိစိကေလးျပန္ၾကည့္ေနသည့္အႏွီႏွလုံးသားငယ္။

"လူကို မနက္ခင္းႀကီးရင္ခုန္ေအာင္လာလုပ္ေနတာေပါ့ေလ"

"မလုပ္ပါဘူး ငါ့ဟာငါမင္းကိုလာႏွိုးတာေလ ... မင္းဘာသာရင္ခုန္သြားတာေတာ့မတတ္နိုင္ဘူး"

သူ႔ရင္ခြင္ေအာက္ကေန မထိတထိႏွင့္ေျပာင္စပ္စပ္ေလးေျပာေနသည့္ Taehyungပုံေလးကဆြဲဆက္လုပ္ခ်င္စရာေလးပင္။

Taehyungႏွင့္Noonaကစံအိမ္တြင္ျပန္လာမေနၾကေသး။ ၾကဥ္းက်ပ္က်ပ္ႏွင့္ မလုံမျခဳံေခါင္မိုးထပ္အိမ္ေလးတြင္မေနေစခ်င္ေပမဲ့လည္း ခ်စ္သူရဲ့ဆႏၵကိုဇြတ္မေျပာခ်င္တာေၾကာင့္Jungkookထပ္မေျပာမိ။

အခုလည္းမနက္ေစာေစာစံအိမ္ေရာက္လာကာ သူ႔အားလာႏွိုးျခင္းျဖစ္သည္။ အရင္တုန္းကအခ်ိန္ေလးေတြကို ျပန္ေတြးမိတာေၾကာင့္သေဘာက်စြာပင္ျပဳံးလိုက္မိသည္။ အရင္ကတုန္းကလည္းTaeကသူ႔ကိုမနက္ဆို စံအိမ္ကိုလာႏွိုးေနက်မဟုတ္ပါလား။

ထို႔ေနာက္သူ႔အားျပဳံးျပဳံးကေလးၾကည့္လာျပန္သည္မလို႔ သူလဲသေဘာက်စြာျပန္ျပဳံးလိုက္မိသည္။ မနက္ခင္းေလးကို ခ်စ္သူရဲ့အျပဳံးေလးနဲ႔စတင္ရတာေလာက္ Jungkookရဲ့ဘဝမွာေပ်ာ္စရာေကာင္းတာမရွိေတာ့။

ပါးေမႊးေမြးလုံးလုံးေလးကို မေနနိုင္စြာငုံ႔ကာနမ္းရွိုက္ေတာ့Taeကသူလည္ပင္းကိုသိုင္းဖက္လာသည္။ ႏွစ္ေယာက္သားအၾကည့္ခ်င္းအေတာ္ၾကာေအာင္စုံၾကည့္ေနရာမွ တျဖည္းျဖည္းေရာက္သြားမိသည္ကနီနီစိုစိုႏႈတ္ခမ္းေလးဆီ။ သိပ္မၾကာခင္မွာပဲ ထိကပ္ကုန္သည့္ႏႈတ္ခမ္းသားႏွစ္ခု။

အျမဲတမ္းမက္ေမာခဲ့ရသည့္အနမ္းေလးေတြ။ သူအပိုင္မဟုတ္ခဲ့တဲ့ႏႈတ္ခမ္းေလးေတြ။ အခုေတာ့ထိုႏႈတ္ခမ္းပါးေလးေတြထက္ကပင္ ခ်စ္တယ္ဆိုသည့္စကားေလးေတြသူၾကားခဲ့ရၿပီ။ တကယ္ကိုသူ႔အပိုင္ေလးျဖစ္လာခဲ့ၿပီ။

သူတစ္ဆထက္တစ္ဆပိုၿပီးနမ္းရွိုက္ေလ ျပန္လည္တုန႔္ျပန္လာသည့္ႏႈတ္ခမ္းပါးေလးေတြေၾကာင့္ ေပ်ာ္ရႊင္မႈကအတိုင္းမသိ။ အေတာ္ၾကာေအာင္အၾကင္နာအနမ္းေတြေႁခြေနမိရာ Taehyungအသက္ရႈၾကပ္လာေတာ့မွ ႏွစ္ေယာက္သားရပ္တန႔္မိၾကေတာ့သည္။

သူ႔ရင္ခြင္ထဲကေန ပါးစပ္ေလးဟစိဟစိျဖင့္အသက္ရႈေနပုံေလးက သူတစ္ေယာက္တည္းသားျမင္ခြင္ရမည့္ သူအျမဲသိမ္းထားခ်င္သည့္ပန္းခ်ီကားေလးတစ္ခ်ပ္လိုပင္။

ထို႔ေနာက္သူ႔အားမ်က္ေစာင္းေတြထိုးကာ ေသမလိုနမ္းေနရလားဆိုသည့္အၾကည့္ေတြျဖင့္လည္းၾကည့္လာျပန္ပါေသးေနသည္။

"Morning kissေတြလဲေပးၿပီးၿပီ... ထေတာ့ကြာJungkook"

"Ok Ok ထၿပီ"

စူပုပ္ပုပ္ေလးျဖစ္လာသည့္မ်က္ႏွာေလးေၾကာင့္ ထပ္မစခ်င္ေတာ့။ ေရခ်ိဳးခန္းထဲအျမန္ေျပးကာ တခါတည္းေရမိုးခ်ိဳးၿပီးထြက္လာေတာ့ အကၤ်ီအသင့္ထုတ္ကာေစာင့္ေနျပန္ပါသည့္Tae။

"Jungkook ah..ဒီေန႔အားလားဟင္??"

သူ႔အားေခါင္းသုတ္ေပးရင္း ေမးလာျပန္သည္။ မ်က္လုံးေလးေတြတလက္လက္ျဖင့္ ရႊန္းရႊန္းဆာဆာကေလးၾကည့္ေနပုံက မအားလဲအားလိုက္ဆိုၿပီးသြယ္ဝိုက္အမိန႔္ေပးေနဟန္ေလးမလို႔ Jungkookမွာအူးတယားယား။

"မအားဘူးငါ့ေကာင္ေလးရဲ့... ခဏေနကုမၸဏီခဏသြားရမွာ Joon hyungကအစည္းအေဝးအတြက္ေျပာစရာရွိလို႔ခဏသြားေတြ႕ရအုံးမွာ..."

"ဟုတ္လား?? ရပါတယ္ အဲ့တာဆိုလည္း..."

​မ်က္ႏွာေလးကငယ္က်သြားသည္မလို႔ Jungkookမွာထိုမ်က္ႏွာေလးကိုလက္ေလးႏွစ္ဖက္ျဖင့္အုပ္ကိုင္းလိုက္ရင္း

"Wae?? ဘာလုပ္ခ်င္လို႔လဲငါ့ေကာင္ေလးက? ခဏပဲသြားေတြ႕ၿပီးရင္ၿပီးၿပီေလ...ၿပီးတာနဲ႔ျပန္လာခဲ့မယ္ခ်က္ခ်င္း "

သူေျပာလိုက္ေတာ့ Taeကသူ႔အားေအးေအးေဆးေဆးပင္ ျပန္ျပဳံးျပလာသည္။

"မဟုတ္ပါဘူး... ငါကမင္းနဲ႔ဒိတ္မလို႔ကို... ရပါတယ္မင္းအားတဲ့ေန႔..."

"အားတယ္ဒီေန႔! "

"ဟင္ ... မင္းပဲကုမၸဏီသြားရမွာဆို"

"ဘာမွမေျပာခဲ့ဘူးပဲထားလိုက္ လာသြားၾကမယ္။ Let's date honey"

လူကိုwinkတခ်က္ေပးကာ လက္ကေနအျမန္ဆြဲေခၚသြားသည္မလို႔အူေၾကာင္ေၾကာင္ႏွင့္ပါသြားရေတာ့သည္။

-
-
-
စံအိမ္ေရွ႕ေရာက္ေတာ့ သူ႔ကိုခဏရပ္ေစာင့္ေစကာ Jungkookကဂိုေဒါင္ဖက္သို႔ထြက္သြားသည္။ ထို႔ေနာက္ motorcycleအနက္ေရာင္ႀကီးစီးထြက္လာကာသူ႔ေရွ႕တြင္ဆိုင္ကယ္ရပ္လိုက္သည့္Jungkook။ ထို႔ေနာက္ တပ္ထားသည့္helmetမွန္ကိုပင့္တင္လိုက္ရင္း သူ႔အားၾကည့္ကာ

"ဒိတ္ၾကမယ္ေလ ... ယုံတယ္မလားငါ့ကို?"

ဟိုးအရင္ကတည္းက ဒီလိုဆိုင္ကယ္ႀကီးေတြJungkookစီးရင္သူေသေလာက္ေအာင္ေၾကာက္သည္။ တခါမွမစီးဖူးသလို Jungkookေခၚရင္လည္းလိုက္မစီးခဲ့။ စီးလိုက္ရင္အရွိန္ေတြက ဒုံးက်ည္ထက္ျမန္သည့္ထိုဆိုင္ကယ္ႀကီးေတြကိုစီးရမွာေၾကာက္ပါေသာ္လည္း ...

အခုေတာ့ျဖင့္ ႐ူး႐ူးမိုက္မိုက္ပင္ မ်က္စိေရွ႕ကခပ္ဆိုးဆိုးGangsterခ်စ္သူကိုယုံကာလိုက္စီးခ်င္ေနပါသည္။

"အင္း... ယုံတယ္"

သူေျပာလိုက္ေတာ့Jungkookက သေဘာက်သြားဟန္ေလးျဖင့္ျပဳံးကာသူ႔အားHelmetေနာက္တစ္လုံးေသခ်ာတပ္ေပးသည္။ သူလည္းႏွစ္ခါစဥ္းစားမေနေတာ့ ခ်က္ခ်င္းပင္ဆိုင္ကယ္ေပၚသို႔တက္ခြထိုင္လိုက္သည္။ ပထမဆုံးအႀကိမ္မလို႔ စိတ္လႈပ္ရွားကာလက္ကJungkookခါးနားကအကၤ်ီစေလးကိုဆြဲကိုင္ထားမိေတာ့ Jungkookကသူ႔လက္ေတြဆြဲယူကာခါးေပၚသို႔ရစ္သိုင္းဖက္ထားေစသည္။

ထိုအခါက်မွTaehyungလည္းအနည္းငယ္သေဘာေပါက္သြားကာ Jungkookခါးကိုတင္းေနေအာင္ဖက္ပစ္ရင္းခႏၶာကိုယ္တစ္ခုလုံးကိုပါJungkookေက်ာျပင္ႀကီးေပၚကိုပါပစ္မွီပစ္လိုက္ေတာ့ Jungkookထံမွသေဘာက်စြာရယ္သံေတြထြက္လာေတာ့သည္။

"သြားမယ္ေနာ္ဒါဆို ... "

"အင္း..."

တစ္ေန႔ကုန္Jungkookႏွင့္အတူmotorcycleတစ္စီးျဖင့္ ပတ္ကာဒိတ္လုပ္ၾကသည္။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ရဲ့ဒိတ္ဟာ သူမ်ားအတြဲေတြလို႐ုပ္ရွင္ၾကည့္မုန႔္စားတာမ်ိဳးေလာက္ေတာ့မဟုတ္။ Gangsterရဲ့ေကာင္ေလးဆိုေတာ့လည္း ဒိတ္ကလည္းသူမ်ားေတြနဲ႔ကြဲထြက္ေနမွာအမွန္ပင္။

Jungkookႏွင့္သူ႔motorcycle clubကသူငယ္ခ်င္းအတြဲေတြႏွင့္အတူ ေလာင္းေၾကးေတြျဖင့္coupleလိုက္ဆိုင္ကယ္ၿပိဳင္ေမာင္းၾကျခင္းပင္။

အစကေတာ့ ကိုယ္ႏွင့္မရင္းႏွီးသည့္ သူတို႔သူငယ္ခ်င္းအသိုင္းအဝိုင္းေတြၾကားမွာဆိုေတာ့ ခပ္လန႔္လန႔္။ တျခားဂိုဏ္းကGuardianေတြေရာ Gangleaderေတြေရာပါသည္ဆိုေပမဲ့ သို႔ေသာ္အားလုံးကလည္း သူငယ္ခ်င္းေတြလိုပဲေျပာၾကဆိုၾကလုပ္လိုက္ျဖင့္ Taehyungပင္သူတို႔ၾကားမွာေပ်ာ္ဝင္လာကာ ေပ်ာ္လာသည္။

Jungkookလိုပင္ က်န္တဲ့သူငယ္ခ်င္းေတြကလည္းသူတို႔ခ်စ္သူေကာင္မေလး တခ်ိဳ႕ေကာင္ေလးေတြကိုယ္စီျဖင့္ပင္။

တစ္ေနကုန္နီးပါ ထိုအုပ္စုနဲ႔တစ္ေနရာၿပီးတစ္ေနရညသြားလိုက္ၾက။ ေပ်ာ္ၾကပါးၾကျဖင့္ ညေနေရာက္မွၿမိဳ႕လယ္ကpublicပန္းၿခံတစ္ခုတြင္ အသီးသီးႏႈတ္ဆက္ၾကကာလမ္းခြဲၾကသည္။

Jungkookနဲ႔ႏွစ္ေယာက္တည္းဒိတ္လုပ္မယ္ဆိုေပမဲ့ လည္း ဒီေန႔တစ္ေန႔လုံးTaehyungေပ်ာ္ခဲ့ရပါသည္။ မိတ္ေဆြအသစ္ေတြႏွင့္လည္းခင္ခြင့္သိခြက့္ရခဲ့သလို မလုပ္ဖူးတာေတြလည္းထိုအုပ္စုႏွင့္ေပါင္းၿပီးအကုန္လုပ္ေနခဲ့မိသည္။ ဒါေပမဲ့သူတကယ္ေပ်ာ္ေနခဲ့သည္။

ဒါကိုေျပာၾကတာထင္ပါရဲ့။ ခ်စ္သူကဆိုးေနရင္ေတာင္ ကိုယ္ပါတူတူလိုက္ဆိုးေပးတာမ်ိဳး။ ခ်စ္သူကေဆးလိပ္ေသာက္ရင္ ကိုယ္ကမီးညႇိေပးတာမ်ိဳး။ Taehyung သူ႔ကိုယ္သူဆိုးသြမ္းေနၿပီဆိုၿပီးေျပာင္းလဲဖို႔ႀကိဳးစားေနတာလည္းမဟုတ္။ သူ႔ခ်စ္သူႏွင့္အတူေပ်ာ္ရႊင္မႈေတြမွာေပ်ာ္ဝင္ေနျခင္းသာျဖစ္သည္။

တစ္ေနကုန္ဆိုင္ကယ္တစ္စီးႏွင့္သြားလာလည္ပတ္ထားသည္မလို႔ ပင္ပန္းေနရွာမည့္မ်က္ႏွာေလးကိုလည္းJungkookမွအရိပ္တၾကည့္ၾကည့္ႏွင့္အကဲခတ္ေနရေသးသည္။ သို႔ေသာ္socialေကာင္းသည့္ ခ်စ္သူဟာသူ႔သူငယ္ခ်င္းေတြႏွင့္ သူ႔ထက္ပင္ပိုမိုရင္းႏွီးလြယ္ကာ ေပ်ာ္ရႊင္ေနသည့္ပုံကေလးမလို႔ေတာ္ေသးသည္။

"Tae ပင္ပန္းေနၿပီလား?? ဗိုက္ဆာၿပီလား??"

"ဟင့္အင္း မပင္ပန္းဘူး။ ဒီေန႔တကယ္ေပ်ာ္စရာအရမ္းေကာင္းတာပဲJungkook... ေက်းဇူးပဲ "

ႏွစ္ေယာက္စလုံးကဆိုင္ကယ္ရပ္ထားလ်က္ ဆိုင္ကယ္ေပၚမွာပင္ထိုင္ေနဆဲျဖစ္သည္မလို႔ သူေမးလိုက္ေတာ့ သူ႔အားေနာက္ကေနပုခုံးေပၚသို႔သိုင္းဖက္ကာေျပာလာသည့္Tae...

"အင္း ... ေနာက္လဲမင္းဘဝတစ္ေလၽွာက္လုံးမွာေပ်ာ္စရာေတြပဲဖန္တီးေပးမယ္ မင္းျဖစ္ခ်င္တာသာေျပာ အကုန္ငါ့ေကာင္ေလးသေဘာ ..."

သူေျပာလိုက္ေတာ့ တခစ္ခစ္နဲ႔သေဘာေတြက်ကာ 'ခ်စ္တယ္Jungkook အမ်ားႀကီးခ်စ္တယ္မင္းကို'ဆိုၿပီးအေနာက္ကေန သူ႔ပါးေပၚကိုလွစ္ခနဲနမ္းလိုက္သည့္ႏႈတ္ခမ္းေလး။ Jungkookမွာေတာ့ Taehyungဆီကခ်စ္တယ္ဆိုသည့္စကားေလးၾကားလိုက္ရသည့္အျပင္ အနမ္းေလးပါအစစ္ရလိုက္ရေသးသည္မလို႔ အသဲအူတယားယားျဖင့္ေပ်ာ္ရႊင္ၾကည္ႏူးသြားကာ ဝမ္းသာပီတီဂြမ္းဆီထိေနေတာ့သည္။

-
-
-
-
-
-
-

ညစာအတြက္အထပ္ျမင့္မိုးေမၽွာ္တိုက္ႀကီးေပၚက နာမည္ႀကီး စားေသာက္ဆိုင္တစ္ခုသို႔ေရာက္ေတာ့ Taehyungကမွန္ျပတင္းေလးေတြနားေျပးသြားကာ ရႈခင္းေတြသြားၾကည့္သည္။

"ဝိုး... မိုက္လိုက္တာ အျမင့္ႀကီးပဲ.. ဝိုးJungkookဟိုမွာၾကည့္လိုက္ နမ့္စမ္းတာဝါလဲျမင္ေနရတယ္ ... Daebak! ညရႈခင္းကအရမ္းလွတာပဲ"

"အင္း မိုက္တယ္မလား? ဒီဆိုင္ကဖြင့္တာမၾကာဘူးေလ ... လာ... ငါတို႔ဝိုင္းကဟိုဖက္မွာ အဲ့ဖက္ကရႈခင္းပိုလွတယ္"

ဝိတ္တာေလးကိုလည္း Jungkookကပဲသူတို႔ႏွစ္ေယာက္စားမည့္ မီႏူးေတြမွာလိုက္ရသည္။ သူ႔အသက္ေလးကဖုန္းတစ္လုံးႏွင့္ဓာတ္ပုံရိုက္ရင္းအလုပ္ရႈပ္ေနသည္မလို႔မမွာအား။

တကယ္ကTaehyungမွာ ရႈခင္းေတြရိုက္ရင္းမ်က္ႏွာခ်င္းဆိုင္ကမီးႏူၾကည့္လိုက္မွာလိုက္လုပ္ေနသည့္ ခ်စ္သူႀကီးကိုလည္းဓာတ္ပုံေတြခိုးခိုးရိုက္ေနျခင္းပင္။

Jungkookႏွင့္အတူေအးေဆးရွိေနတုန္းဆိုမွ သူတစ္ခုသတိရသြားသည္။ ဖုန္းေလးကိုလက္ထဲမွခ်လိုက္ရင္း

"အာ ဒါနဲ႔Jungkook ... "

"အင္း"

"မဟူရာဂိုဏ္းေရာ... ဘာျဖစ္သြားလဲဟင္?? ၿပီးေတာ့ ဒရိုင္ဘာလီေရာ??"

သူေမးေတာ့Jungkookက သက္ျပင္းေလးတစ္ခုခ်သည္။ သူ႔အားျပဳံးျပဳံးေလးၾကည့္လာရင္း

"အဲ့တုန္းကမဟူရာဂိုဏ္းကဖ်က္သိမ္းခံရေတာ့မလိုထိျဖစ္သြားခဲ့တာေလ ... ဂိုဏ္းစည္းကမ္းက်င့္ဝတ္ေတြနဲ႔မညီတာေတြကိုလည္းအထက္ကဖမ္းမိသြားတယ္ေျပာတယ္ ေနာက္ေတာ့သိပ္မၾကာဘူးJunho ဟန္ျမစ္မွာခုန္ခ်ၿပီးကိုယ့္ကိုကိုယ္အဆုံးစီရင္သြားတယ္တဲ့ မဟူရာလဲပ်က္သြားတာေပါ့... "

Taehyungမွာၾကားၿပီး ထူးထူးျခားျခားစိတ္မေကာင္းစိတ္တို႔ဝမ္းနည္းစိတ္တို႔ျဖစ္ေပၚမေန။ သူမ်ားအသက္ေသဆုံးတာ ေကာင္းသည့္ကိစၥမဟုတ္ေပမဲ့Taehyungမွာ စိတ္ထဲမွဝမ္းသာေနမိသည္။

"ဒရိုင္ဘာလီေရာဟင္?? ေထာင္ ေထာင္က်သြားတာလား??"

Jungkookမာမီကေတာ့ စိတ္ကစဉ့္ကလ်ားေရာဂါေၾကာင့္စိတ္တၱဇေထာင္တြင္ထိန္းသိမ္းခံလိုက္ရတာကိုသိသည္။ ပုလဲနက္ကိုသစၥာေဖာက္ခဲ့သည့္ဒရိုင္ဘာလီအေၾကာင္းကိုေတာ့ျဖင့္ သူသတင္းအစအနပင္မၾကားလိုက္။

" ဒရိုင္ဘာလီလဲ သူလုပ္ခဲ့တဲ့အက်ိဳးအတိုင္းခံစားခဲ့ရတာေပါ့"

Jungkookကသူ႔အေမးကို အတိအက်ေျဖမေပး သြယ္ဝိုက္ၿပီးေတာ့သာေျဖသြားသည္။ ၾကည့္ရတာ တျခားဘဝသို႔ေရာက္ေနၿပီျဖစ္ပါလိမ့္မည္။

သူလည္းဆက္မေမးဖို႔ဆုံးျဖတ္လိုက္သည္။ သူတို႔ႏွစ္ေယာက္တည္းရွိသည့္အခ်ိန္ေလးကို စိတ္ညစ္စရာအေၾကာင္းေတြျဖင့္ မကုန္ဆုံးခ်င္။ ျဖစ္ၿပီးခဲ့တာေတြလည္း ၿပီးခဲ့ၿပီမလို႔။ အခုလက္ရွိအခ်ိန္သည္သာ အေရးႀကီးသည္။

အစားအေသာက္ေတြေရာက္လာေတာ့လည္း သူ႔ပန္းကန္ထဲကအသားတုံးေလးေတြကို ေသခ်ာလွီးျဖတ္ေပးေနသည့္Jungkook။ ထို႔ေနာက္ခရမ္းခ်ဥ္သီးဖက္ေလးေတြကိုဖယ္ေပးဖို႔လည္းမေမ့။

Jungkookကိုအရမ္းခ်စ္ေပးမည္ဟုေျပာတာလဲသူ Jungkookဆီမွအရမ္းအခ်စ္ခံေနရတာလည္းသူပင္ျဖစ္သည္။ သူ႔ကိုဆိုမ်က္ႏွာတခ်က္အပ်က္မခံ အခ်စ္ခံရလြန္းသည္မလို႔ လူကေလထဲသို႔ပင္ေျမာက္တက္ခ်င္လာသည္။

Taehyungပန္းကန္ေလးထဲကအသားေလးေတြလွီးေပးေနတုန္း သူ႔အားတေမ့တေမာေငးေမာၾကည့္ေနသည့္Taehyungအၾကည့္ေလးေတြေၾကာင့္

"ဘာလို႔အဲ့ေလာက္ၾကည့္ေနရတာလဲ?? ​လူကိုရင္ခုန္ေအာင္လို႔"

သူေျပာလိုက္ေတာ့ ၾကင္နာသူေလးရယ္သည္။

"Jungkook ah..."

သူ႔အားအခ်စ္ေတြ ၾကည္ႏူးမႈေတြျပည့္ေနသည့္မ်က္ဝန္းငယ္ေလးျဖင့္ၾကည့္ရင္း ေလသံေအးေအးေလးျဖင့္ေခၚလာသည့္မလို႔ သူလည္းမ်က္ဝန္းေတြေသခ်ာျပန္စိုက္ၾကည့္လိုက္ေတာ့ သူ႔အားျပဳံးၾကည့္လာကာ

"လက္ထက္ၾကရေအာင္Jungkook... လက္ထပ္ၾကမယ္ေလငါတို႔ ... Jeon Jungkookနဲ႔Kim Taehyungအျဖစ္တရားဝင္..."

-
-
-
-
-
-
-
-
TBC
With Love💜
||Tae_For_Jeon
  Jeon_To_Tae||
*အေရးေတာ္ပုံ ေအာင္ရမည္*

A/N : Happy Taekook Dayပါေနာ္။
JKလိုေကာင္ေလးမ်ိဳး အျပင္မွာတကယ္မရွိပါဘာဘီတို႔။ 😚
Next part will be final 💕

Continue Reading

You'll Also Like

356K 12.9K 60
π—œπ—‘ π—ͺπ—›π—œπ—–π—› noura denoire is the first female f1 driver in π——π—˜π—–π—”π——π—˜π—¦ OR π—œπ—‘ π—ͺπ—›π—œπ—–π—› noura denoire and charle...
998K 61.6K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
8.1K 199 21
This is the original version of Monsters and Men. It's posted here mostly just for archive reasons.
488 89 16
Alicia seorang anak tunggal yang tinggal bersama ibunya. Di sekolah,dia adalah pelajar terbaik. Alicia tidak pernah memiliki buah hati. Sekolah...