Unicode
ရာသီတွေအလီလီပြောင်းပြီး နှစ်နှစ်ဆိုသည့်အချိန်ကြီးကို ကိုယ်နှင့်မရင်းနှီးသည့်နိုင်ငံရပ်ခြားဒေသမှာ နေ့ရက်တွေကိုTaehyungငြီးငွေ့စွာဖြတ်သန်းလာခဲ့ရသည်။
မနက်နိုးနိုးချင်းမျက်လုံးနှစ်လုံးဖွင့်သည်နှင့် လက်ကဖုန်းလေးကိုအမြန်ယူကာစာလေးများရောက်နေမလား ဖုန်းလေးများခေါ်ထားမလားဆိုပြီးမျှော်နေခဲ့ရသည်မှာလွန်ခဲ့သည့်နှစ်နှစ် ကိုးရီယားကနေထွက်လာခဲ့သည့်အချိန်ကတည်းကပဲရစ်ကိုရောက်သည်နှင့် ပြုနေမိသည့်မနက်ခင်းအကျင့်လေးပင်ဖြစ်နေရပါပြီ။
ဒီနေ့လည်းဘာစာမှမလာ...
ဤလိုနှင့် လွမ်းဆွေးဖွယ်နေ့တစ်နေ့ကို စိတ်ညည်းညူစွာအစပြုရပြန်သည်။
Noonaပြင်ပေးထားသည့်မနက်စာပေါင်မုန့်နှင့်နွားနို့လေးအမြန်စားကာ သင်တန်းကျောင်းသို့ထွက်လာခဲ့တော့သည်။ သင်တန်းကျောင်းမှာလက်ထောက်ပန်းချီဆရာအနေနှင့် ဂျူနီယာတန်းကိုသင်ပေးနေရပြီဖြစ်တာကြောင့် ပဲရစ်မှာပဲအခြေကျသလိုလိုဖြစ်နေပြီလို့ပြောရမလား...
ဟင့်အင်း... နှလုံးသားလေးကတော့ အခြေမကျသေး။
အခုဆိုသူနဲ့ပုလဲနက်စံအိမ်နှင့်တကယ်ပဲအဆက်ပြတ်ခဲ့ပြီထင်ပါရဲ့။ ပဲရစ်စရောက်ကတည်းက ကိုးရီးယားကနေJimin hyungတို့ဆက်သွယ်မည့်အချိန်ကိုစောင့်မျှော်နေခဲ့တာ အခုဆိုနှစ်နှစ်တောင်ရှိခဲ့ပြီ။
Jungkookအခြေအနေကိုသိရဖို့မပြောနှင့် ကိုးရီးယားနှင့်ပင်လုံးဝအဆက်ပြတ်သွားသည့်သူအတွက် အရူးတစ်ယောက်လိုJimin hyungဆီကဆက်သွယ်လာမှာကိုပဲမျှော်နေခဲ့ရတာ။
အခုလို၂နှစ်ကြာသည့်တိုင် ဆက်သွယ်မလာခြင်းကJungkookအခြေအနေမကောင်းလို့များလားလို့စိတ်ပူရသည်ကတကြောင်း တမင်ပဲမဆက်သွယ်လေသလားဆိုပြီးတွေးမိကာ ပူလောင်မိရသည်ကတဖုံမလို့ဒီနှစ်စာသင်နှစ်တဝက်ပြီးလျှင်တော့ ကိုးရီယားကိုသေချာပေါက်ပြန်မည်ဟု တွေးထားမိသည်။
-
-
-
-
-
-
-
-
ဆောင်းဦးရောက်နေပြီဖြစ်တာကြောင့် ညနေခင်းရာသီဥတုဟာချမ်းစိမ့်စိမ့်ပင်။ မြို့လမ်းမကြီးဘေးကနေမြေအောက်ရထားမှတ်တိုင်ရှိရာဆင်းရမည်မလို့ သင်တန်းကျောင်းကနေအနည်းငယ်လမ်းလျှောက်လာရသေးသည်။
Friday eveningလေးမလို့ လမ်းပေါ်ကလူအများအပြားဟာတက်ကြွပျော်ရွှင်စွာသွားလာနေကြသည်။
သူကတော့ထုံးစံအတိုင်းအိတ်လေးတစ်လုံးလွယ်လျက် နားကြပ်လေးတပ်ထားလျက်ပင်သူစိမ်းတွေရဲ့လောကမှာအထီးကျန်စွာဖြတ်သန်းမိသည်။
'ငါမပျော်နေဘူးJungkook.... ကိုးရီယားမှာကျန်နေခဲ့တဲ့ မင်းရဲ့အခြေအနေကကောင်းလားဆိုလားတောင်သိခွင့်မရှိရတဲ့အခြေအနေမှာ ငါလုံးဝအဆင်မပြေနေဘူး ....'
'ဒီနေ့လည်းမင်းကိုအရမ်းလွမ်းတယ်Jungkook'
မြေအောက်ရထားကြပ်ကြပ်သိပ်သိပ်ပေါ်တွင်တိုးစီးလာရာမှ ဆင်းရမည့်မှတ်တိုင်ရောက်တော့တဖန်အိမ်သို့တန်းမပြန်သေး။ မြို့လယ်ကနာမည်ကြီးCasinoကြီးရှေ့ကဖြတ်ပြန်ရသည်မလို့ ထိုCasinoရှေ့ရောက်တိုင်းလည်း အတော်အတန်ကြာအောင်အပြင်ဖက်နေရပ်ကြည့်ရင်းအလွမ်းသယ်ရပြန်သည်။
ဂိုဏ်းကိစ္စကြောင့်Jungkookနှင့်အတူနောက်ဆုံးရောက်ခဲ့သည့်Casinoကြီးမလို့ ဒီလိုနိုင်ငံရပ်ခြားသူစိမ်းဒေသမှာချစ်ရသူရဲ့အရိပ်အငွေ့လေးတွေကျန်ရှိနေသည့်တစ်ခုတည်းသောနေရာကလေးမလို့ တရေးတယူလုပ်ကာဤနေရာရှေ့ဝယ်Taehyungရောက်လာတတ်သည်။
အခုလည်း သူဘယ်လောက်ထိကြာအောင် ထိုCasinoကြီးရှေ့ရပ်နေမိမှန်းမသိ ညနေခင်းစောင်းလာပြီဖြစ်တာကြောင့်မီးရောင်တဖျက်ဖျက်ဖြင့် ထိုနားဝန်းကျင်တွင်လူပိုစည်လာသည်။ ထို့အခါကျမှTaehyungလည်းအိမ်ပြန်ဖို့သတိရတော့သည်။
လမ်းတဖက်ကနေကြည့်နေမိသည်မလို့ လှည့်ထွက်မည်အပြု ထိုCasinoအတွင်းမှထွက်လာသည့်တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရသည့်အခါ Taehyungတကိုယ်လုံးအေးစက်ကာ ရင်တွေတဒိုင်းဒိုင်းဆောင့်ခုန်လာသည်။
"Jungkook"
မယုံကြည်နိုင်စွာတိုးတိတ်စွာရေရွတ်လိုက်မိသည်။
သူမျက်စိရှေ့တွက်မြင်နေရတာ JungkookမှJungkookအစစ်ဖြစ်သည်။ လွဲစရာအကြောင်းမရှိသလို Jungkookဘေးနားတွင်ပါလာသည့်bodyguardတွေထဲမှာမှ Jaeyunကိုလည်းသူမသိစရာမရှိ။
ဘေးနားတွင်bodyguradတွေခြံရံလျက် တစ်ဖက်လူကြီးတစ်ယောက်နှင့်စကားပြောဆိုရင်းထွက်လာကြသည်မလို့ဂိုဏ်းကိစ္စနှင့်ရောက်လာခဲ့တာပဲဖြစ်မည်ထင်သည်။
သူ့မှာအံ့ဩဝမ်းသာရလွန်းသဖြင့် ထိုနေရာမှတင်မလှုပ်မယှက် တစ်ဖက်လမ်းကမြင်နေရသည့်ချစ်ရသူကိုတွေတွေလေးငေးကြည့်ကာမျက်ရည်တွေကျလာရသည်။ သူထင်ခဲ့သည့်အတိုင်း Jungkookသတိရလာတာကိုသူ့ကိုတစ်ယောက်မှအသိမပေးခဲ့ကြဘူးပဲ...
မလိုအပ်တော့လို့လား? မယုံကြည်တော့လို့လား? လက်လွှတ်လိုက်တာလား??
ထို့နောက်Jungkookက ထိုလူကြီးနှင့်စကားပြောပြီးတော့ အသင့်ရပ်ထားသည့်ကားပေါ်သို့တက်မည်အပြုဒီဖက်သို့လှည့်လာတော့ တစ်ဖက်လမ်းကမျက်ရည်တွေဖြင့်ရပ်ကြည့်နေသည့်သူ့ကိုမြင်သွားသည်ထင်။ ရုတ်တရက်မလို့ အံ့ဩသွားသည့်မျက်ဝန်းလေးတွေရဲ့အရိပ်အယောင်ကိုTaehyungရအောင်ဖမ်းမိလိုက်ပါသေးသည်။
ထို့နောက်ဘေးနားကJaeyunကတစ်ခုခုကပ်ပြောလိုက်တာကြောင့် ချက်ချင်းပင်သူ့အားမသိသလိုမျက်နှာလွှဲကာကားပေါ်သို့တက်သွားသည့်Jungkook။
Taehyungမှာ တအံ့တဩလေးထိုနေရာလေးမှာပင်ကျန်ခဲ့ရသည်။
Jungkookကသူ့ကိုအခုလစ်လျူရှုလိုက်တာလား? မသိသလိုပြုမှုသွားခဲ့တာလား??
ဘာလို့လဲJungkook??? သတိရလာတာကိုဘာလို့ငါ့မဆက်သွယ်ခဲ့ရတာလဲ?? ချစ်တယ်ဆို မင်းငါ့ကိုနောက်ဆုံးပြောခဲ့တဲ့စကားကချစ်တယ်ဆို??
ပိုသည်းစွာကျလာသည့်မျက်ရည်တွေကိုလည်းထိန်းမထားနိုင်တော့။ ရင်ဘတ်ထဲကအဆမတန်နာကြင်လွန်းသည်မလို့ ရှိုက်သံလေးများပင်ထွက်သွားသည်အထိပင်။
ဟင့်အင်းလေ... ဟင့်အင်းနော်Jungkook... ငါမင်းကိုဘယ်လောက်ထိစောင့်နေခဲ့ရလဲ။ ဘယ်လောက်ထိလွမ်းနေခဲ့ရသလဲ? ဘယ်လောက်ထိစိတ်ပူနေခဲ့ရလဲဆိုတာမင်းသိမှာမဟုတ်ဘူး။
ကျေးဇူးပြုပြီး ... မင်းရဲ့ချစ်တယ်ဆိုတဲ့စကားကိုတစ်သက်လုံးစာအတွက်ယုံကြည်နေတာမလို့ ငါ့ကိုလစ်လျူမရှုပါနဲ့ မမုန်းသွားပါနဲ့Jungkookရယ်...
"Taehyungie"
ထိုနေရာမှာတင် အချိန်ဘယ်လောက်ကြာအောင်ထိုင်ငိုနေမိသည်လဲမသိ။ တဖြည်းဖြည်းညဦပိုင်းရောင်လာသည်မလို့Noonaကစိတ်ပူလို့ထွက်လာရှာသည်ထင်သည်။ အပေါ်ကုတ်လေးတစ်ထပ်ဝတ်ထားကာ မာဖလာလေးတစ်ထည်ဖြင့်သူ့အနားအပြေးအလွှားလေးရောက်လာသည်။
ပလပ်ဖောင်းပေါ်ငုပ်တုပ်လေးထိုင်ငိုနေသည့်သူ့အား အအေးမပတ်စေရန်မာဖလာလေးအမြန်ပတ်ပေးကာ အသာဆွဲပွေ့ကာထစေသည်။
"Noona...အင့် သူ ...Jungkook သူ့ကိုတွေ့လိုက်တယ် သူသတိရလာပြီ...ဟင့် ကျွန်တော့်ကိုမုန်းသွားပြီထင်တယ်..."
ပြောရင်းပင်အိခနဲဝမ်းပန်းတနဲငိုချလာသည့်မောင်ငယ်လေးကို သူမအသာလေးသာပွေ့ဖက်ထားလိုက်ပေးလိုက်တော့သည်။
'မုန်းပါ့မလာကလေးရယ်... Taehyungဆိုတဲ့နာမည်ကြားတာနဲ့တင် အသက်သေမှာတောင်မကြောက်ပဲပေးဆပ်ပြီးဘဝတစ်လျှောက်လုံးချစ်ခဲ့သူက မုန်းတယ်ဆိုတာဖြစ်နိုင့်ပါ့မလားကွယ်'
"မမုန်းပါဘူးTae Taeရယ် ... JungkookကTaeလေးကိုဘယ်လောက်တောင်ချစ်လိုက်သလဲ? "
သူမကိုကုပ်တွယ်ကာ ကလေးတစ်ယောက်လိုတအင့်အင့်ငိုနေဆဲ Taehyungieကိုကျောလေးပဲပုပ်ကာချော့နေမိသည်။
'သူ့မြတ်နိုးရသူလေး အေးစက်စက်မြေကြီးပေါ်မှာအကြာကြီးထိုင်ငိုနေလို့ဆိုပြီး သူမကိုတစ်စုံတစ်ယောက်ကစိတ်ပူပြီး ဖုန်းဆက်ပြောကာလွှတ်လိုက်တယ်ဆိုတာတော့သူမမပြောဖြစ်လိုက်တော့...'
Taehyunနှင့်သူNoonaအိမ်ပြန်သွားတော့မှ ထိုနေရာရဲ့ခပ်လှမ်းလှမ်းတစ်နေရာကနေထွက်ခွာသွားခဲ့သည့်ကားတစ်စီးလည်းရှိခဲ့သည်။
-
-
-
-
-
-
နှစ်နှစ်ကြာပြီးမှခြေပြန်ချရသည့် မိခင်မြေသို့ရောက်ရောက်ခြင်း Taehyungပထမဆုံးသွားရောက်မိသည်က တစ်စုံတစ်ယောက်အေးချမ်းစွာအနားယူနေသည့်နေရာကလေးသို့။
ပန်းစည်းလေးကို မြေကြီးပုံလေးပေါ်အသာချလိုက်ရင်းစိမ်းစိုစိုမြက်ခင်းရှည်ရှည်လေးတွေကိုအသာပွတ်သပ်လိုက်မိသည်။
"ဘဝအသစ်မှာ ကောင်းကောင်းပျော်ရွှင်နေရပြီမလားJeon...ကျိန်းသေပေါက်အေးချမ်းပျော်ရွှင်နေရမယ်နော်"
ထို့နောက်Jeonရဲ့မြေပုံလေးဘေး၌အသာဒူးထောက်ထိုင်ချလိုက်ရင်း
"ကျေးဇူးတင်ပါတယ်Jeon ပြီးတော့တောင်းပန်ပါတယ်တစ်သက်လုံး ချစ်သွားမယ်လို့ကတိမပေးနိုင်လို့ ... Jungkookကို ... ပိုချစ်သွားခဲ့မိလို့ ...."
Jeonကိုအားနာပေမဲ့ Taehyungရင်ဖွင့်ချင်သည်။ ဝန်ခံချင်သည်။ အခုသူ့အခြေအနေက ဘာဖြစ်လို့ဖြစ်မယ်မှန်းသူကိုယ်တိုင်လည်းမသိတော့။ ချစ်ရသူကိုထပ်အဆုံးရှုံးမခံနိုင်တော့ပါ... အရမ်းနာကြင်ရတာမလို့ ဒီတစ်ခေါက်ပါJungkookကိုဆုံးရှုံးရလျှင် Taehyungအတွက် နာကြင်မှုကသေဖို့ပဲကျန်ပါတော့မည်။
Jeonကိုလည်းTaehyungချစ်ခဲ့ပါသည်။ အချစ်ဦးJeon။ နူးညံ့တဲ့အချစ်တွေနဲ့Jeon။
ဒါပေမဲ့အခုချိန်မှာတော့Jeonဟာ ကျွန်တော့်ဘဝထဲကိုခဏတာရောက်လာခဲ့တဲ့ဧည့်သည်ဖြစ်ပြီး Jungkookကကျွန်တော်အချိန်တိုင်း ပြန်သွားလျှင်ကြိုဆိုနေမည့်ကျွန်တော့်နှလုံးသားလေးရဲ့အိမ်ရှင်ဖြစ်တာမလို့ ကျွန်တော်သိသွားခဲ့ပြီJeon ကျွန်တော့်ကိုစောင့်ကြိုနေမဲ့အိမ်ရှင်နဲ့အိမ်လေးဆီကိုပဲသွားတော့မှာမလို့...
Jeonကိုကျွန်တော့်ဘဝအစိတ်အပိုင်းတစ်ခုရဲ့ အလှပဆုံးအမှတ်တရအနေနဲ့ရင်ထဲမှာပဲအမြဲသိမ်းဆည်းထားပါရစေတော့ကျွန်တော်ရဲ့အချစ်ဦးjeon။
-
-
-
-
-
-
Noonaနှင့်အရင်နေခဲ့သည့်ခေါင်မိုးထပ်လေးတွင်ပဲပြန်နေသည်မလို မစိမ်းသက်လှသော်လည်းအိမ်ဆိုသည့်နွေးထွေးမှုတို့ကိုတော့ဖြင့်Taehyungမခံစားရတော့။
Noonaကိုညစာချက်ဖို့စျေးလိုက်ပို့ပေးခဲ့ရင်း သူကတော့ဟန်မြစ်ဖက်သို့ထွက်လာခဲ့တော့သည်။
တစ်စုံတစ်ယောက်ကိုပြင်းပြင်းထန်ထန်လွမ်းဆွတ်နေပါသော်လည်း စံအိမ်ကိုသွားတွေ့ဖို့ထိတော့သူမဝံ့ရဲတော့။ စံအိမ်သွားရင်သူ့ကိုအရင်လိုကြိုဆိုနေကြပါအုံးမလား Jungkookကြောင့်သူ့ကိုမုန်းတီးသွားကြလေမလားဆိုသည့်စိတ်တို့ကစံအိမ်ကိုထပ်မသွားရန်အကြိမ်ကြိမ်စည်းတားထားသလိုပင်။
ဖြည်းဖြည်းချင်းပေါ့... ငါမင်းဆီသေချာပေါက်ပြန်လာမှာမလို့ ...
အနည်းဆုံးတော့မင်းနဲ့အနီးဆုံး တစ်မြေတည်းနေပြီးတစ်လေတည်းရှုနေရသေးသည်လေ။
မြစ်ကမ်းဘေးကထိုင်ခုံလေးမှာ တစ်ယောက်တည်းထိုင်ကာရောက်တတ်ရာရာတွေးနေတုန်း အကြည့်တို့က ခပ်လှမ်းလှမ်းကမြစ်ဖက်ရှုခင်းကိုကြည့်နေသည့်လူတစ်ယောက်၏ကျောပြင်ဆီသို့ရောက်သွားသည်။
နှစ်ခါစဉ်းစားနေးရာမလိုအောင် ရင်နှီးနေသည့်ထိုကျောပြင်ကျယ်ကြီးရှိရာသို့Taehyungပြေးသွားမိတော့သည်။
Jungkookကလည်း ဒီနေ့မှဂိုဏ်းကလေ့ကျင့်ပြီးအပြန်စံအိမ်သို့မပြန်သေးပဲဟန်မြစ်ဖက်သို့စိတ်ပြေလက်ပျောက်ခဏဝင်လာချင်းဖြစ်သည်။
ဒီတစ်နှစ်အတွင်းသူ့ကျန်းမာရေးကပုံမှန်ပြန်ဖြစ်ကာ ကောင်းမွန်စွာလည်ပတ်လာခဲ့သည်။ Taehyungပဲရစ်သို့ထွက်သွားပြီးခြောက်လအကြာမှသူသတိပြန်ရလာခဲ့ခြင်းဖြစ်သည်။ သေသွားဖို့မျှေယ်လင့်ခဲ့ပေမဲ့လည်း သေဆုံးခွင့်မပေးသေးသည့်ကံကြမ္မာကြောင့်အသက်ဆက်ရှင်နေခဲ့ရသေးသည်။
တကယ်ဆို အရာရာဘာမှမရှိတော့သည့်သူ့ဘဝမှာအသက်ဆက်ရှင်စရာအကြောင်းပြချက်တို့မှမရှိတော့တာလေ...
အခုတလောစိတ်တွေရှုပ်ထွေးနေသည်မလို့ ဘယ်ကိစ္စမှကောင်းကောင်းအာရုံစိုက်လို့မရ။ တစ်လောကParisကိုဂိုဏ်းကိစ္စနှင့်သွားတုန်းကတွေ့ခဲ့ရသည့် မျက်ရည်လည်ရွှဲနှင့်မျက်နှာလေးကသာအချိန်ပြည့်အတွေးထဲစိုးမိုးထားသည်။
ပဲရစ်မှာမှန်းသိပေမဲ့ အဲ့လောက်ထိတော့တိုက်ဆိုင်ပြီးမတွေ့လောက်ဖူးလို့ပဲမှန်းထားခဲ့တာ ။ မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်သွားကာ လွမ်းနေရသည့်မျက်နှာလေးကသူ့ရှေ့သို့ဆိုကိဆိုက်မြိုက်မြိုက်ပေါ်လာသည်တဲ့။ မျက်ရည်တွေကျနေသည်ကိုမြင်ခဲ့ပေးမဲ့ ကိုယ်ဟာအခုချိန်မှာသူနှင့်မသက်ဆိုင်တော့သူလူတစ်ယောက်ဖြစ်နေခဲ့ပြီမလို့ လစ်လျူရှုရုံကလွဲပြီးဘာမှမလုပ်ဖြစ်ခဲ့။
ကိုယ့်ကိုအရင်လိုကျောခိုင်းထားဆဲပဲလား? စိမ်းကားဆဲပဲလား? ဒါတွေJungkookမတွေးချင်တော့။ ဒါတွေအကုန်သူလွှတ်ချခဲ့ပြီးသားဖြစ်သည်။ သူပျော်ဖို့Taehyungကိုထပ်မဆွဲထားတော့ Taehyungပျော်ဖို့သူလွှတ်ပေးတော့မည်။ ထို့ကြောင့်သူ့ဖက်ကချစ်ပေးဖို့ကလွဲပြီး Taehyungရဲ့သူ့အပေါ်ထားတဲ့ခံစားချက်တွေသူ သိလည်းမသိချင်။ မျှော်လဲမမျှော်လင့်ချင်တော့။
လစ်လျူရှုမည်ဆိုတာလဲ ပါးစပ်အရသာပြောခြင်း။တကယ်တမ်းပလပ်ဖောင်းထက်ငိုကြွေးနေသည့်လူသားငယ်ကိုပွေ့ဖက်နှစ်သိမ့်ပေးချင်စိတ်တို့ကထိန်းမရ။
'ပျော်ရွှင်စေဖို့ လက်လွှတ်ခဲ့တာကို ဘယ်အရာကများမင်းကိုမျက်ရည်ကျစေပြန်တာလဲငါ့ကောင်လေးရယ်'
အတွေးတွေမဆုံးသေး အင့်ခနဲ့မြည်အောင်နောက်ကျောဖက်မှအဖက်ခံလိုက်ရသည်မလို့လူကအရှေ့သို့ပင်အနဲငယ်ယိုင်သွားရသည်။
ခါးပေါ်သို့သွယ်သိုင်းလာသည့်လက်ချောင်းငယ်လေးတွေ အပေါ်အသာအုပ်ကိုင်လိုက်တော့ သူ့ခါးကိုလွတ်ထွက်မတတ်ပိုမိုတင်းကြပ်စွာဖက်တွယ်လာသည့်လက်ချောင်းကလေးတွေ။
ဘယ်သူလဲဆိုတာ ပြောစရာမလိုအောင်ရင်းနှီးခဲ့သည့်ဒီအငွေ့အသက်လေးတွေ အထိအတွေ့လေးတွေရဲ့ပိုင်ရှင်...
တစ်နည်းအားဖြင့် Jungkookနှလုံးသားတစ်ခုလုံးရဲ့အရှင်သခင်....
-
-
-
-
-
-
TBC
With Love💜
||Tae_For_Jeon
Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N -ထယ်လုံးလေးနောင်တတွေရတာလုံလောက်နေပြီလား?? 👀
ဒါနဲ့လေ အရင်သုံးတဲ့FB accကဖျက်လိုက်တာပါနော်။ Accအသစ်နဲ့ထပ်မသုံးတော့တာမလို့ cbမှာလာပြောထားတဲ့ကလေးတွေရှိလို့ ပြောချင်တာရှိရင်wattpad private chatကနေပဲလာပြောကြပါနော်။
-
-
-
-
-
Zawgyi
ရာသီေတြအလီလီေျပာင္းၿပီး ႏွစ္ႏွစ္ဆိုသည့္အခ်ိန္ႀကီးကို ကိုယ္ႏွင့္မရင္းႏွီးသည့္နိုင္ငံရပ္ျခားေဒသမွာ ေန႔ရက္ေတြကိုTaehyungၿငီးေငြ႕စြာျဖတ္သန္းလာခဲ့ရသည္။
မနက္နိုးနိုးခ်င္းမ်က္လုံးႏွစ္လုံးဖြင့္သည္ႏွင့္ လက္ကဖုန္းေလးကိုအျမန္ယူကာစာေလးမ်ားေရာက္ေနမလား ဖုန္းေလးမ်ားေခၚထားမလားဆိုၿပီးေမၽွာ္ေနခဲ့ရသည္မွာလြန္ခဲ့သည့္ႏွစ္ႏွစ္ ကိုးရီယားကေနထြက္လာခဲ့သည့္အခ်ိန္ကတည္းကပဲရစ္ကိုေရာက္သည္ႏွင့္ ျပဳေနမိသည့္မနက္ခင္းအက်င့္ေလးပင္ျဖစ္ေနရပါၿပီ။
ဒီေန႔လည္းဘာစာမွမလာ...
ဤလိုႏွင့္ လြမ္းေဆြးဖြယ္ေန႔တစ္ေန႔ကို စိတ္ညည္းညဴစြာအစျပဳရျပန္သည္။
Noonaျပင္ေပးထားသည့္မနက္စာေပါင္မုန႔္ႏွင့္ႏြားနို႔ေလးအျမန္စားကာ သင္တန္းေက်ာင္းသို႔ထြက္လာခဲ့ေတာ့သည္။ သင္တန္းေက်ာင္းမွာလက္ေထာက္ပန္းခ်ီဆရာအေနႏွင့္ ဂ်ဴနီယာတန္းကိုသင္ေပးေနရၿပီျဖစ္တာေၾကာင့္ ပဲရစ္မွာပဲအေျခက်သလိုလိုျဖစ္ေနၿပီလို႔ေျပာရမလား...
ဟင့္အင္း... ႏွလုံးသားေလးကေတာ့ အေျခမက်ေသး။
အခုဆိုသူနဲ႔ပုလဲနက္စံအိမ္ႏွင့္တကယ္ပဲအဆက္ျပတ္ခဲ့ၿပီထင္ပါရဲ့။ ပဲရစ္စေရာက္ကတည္းက ကိုးရီးယားကေနJimin hyungတို႔ဆက္သြယ္မည့္အခ်ိန္ကိုေစာင့္ေမၽွာ္ေနခဲ့တာ အခုဆိုႏွစ္ႏွစ္ေတာင္ရွိခဲ့ၿပီ။
Jungkookအေျခအေနကိုသိရဖို႔မေျပာႏွင့္ ကိုးရီးယားႏွင့္ပင္လုံးဝအဆက္ျပတ္သြားသည့္သူအတြက္ အ႐ူးတစ္ေယာက္လိုJimin hyungဆီကဆက္သြယ္လာမွာကိုပဲေမၽွာ္ေနခဲ့ရတာ။
အခုလို၂ႏွစ္ၾကာသည့္တိုင္ ဆက္သြယ္မလာျခင္းကJungkookအေျခအေနမေကာင္းလို႔မ်ားလားလို႔စိတ္ပူရသည္ကတေၾကာင္း တမင္ပဲမဆက္သြယ္ေလသလားဆိုၿပီးေတြးမိကာ ပူေလာင္မိရသည္ကတဖုံမလို႔ဒီႏွစ္စာသင္ႏွစ္တဝက္ၿပီးလၽွင္ေတာ့ ကိုးရီယားကိုေသခ်ာေပါက္ျပန္မည္ဟု ေတြးထားမိသည္။
-
-
-
-
-
-
-
-
ေဆာင္းဦးေရာက္ေနၿပီျဖစ္တာေၾကာင့္ ညေနခင္းရာသီဥတုဟာခ်မ္းစိမ့္စိမ့္ပင္။ ၿမိဳ႕လမ္းမႀကီးေဘးကေနေျမေအာက္ရထားမွတ္တိုင္ရွိရာဆင္းရမည္မလို႔ သင္တန္းေက်ာင္းကေနအနည္းငယ္လမ္းေလၽွာက္လာရေသးသည္။
Friday eveningေလးမလို႔ လမ္းေပၚကလူအမ်ားအျပားဟာတက္ႂကြေပ်ာ္ရႊင္စြာသြားလာေနၾကသည္။
သူကေတာ့ထုံးစံအတိုင္းအိတ္ေလးတစ္လုံးလြယ္လ်က္ နားၾကပ္ေလးတပ္ထားလ်က္ပင္သူစိမ္းေတြရဲ့ေလာကမွာအထီးက်န္စြာျဖတ္သန္းမိသည္။
'ငါမေပ်ာ္ေနဘူးJungkook.... ကိုးရီယားမွာက်န္ေနခဲ့တဲ့ မင္းရဲ့အေျခအေနကေကာင္းလားဆိုလားေတာင္သိခြင့္မရွိရတဲ့အေျခအေနမွာ ငါလုံးဝအဆင္မေျပေနဘူး ....'
'ဒီေန႔လည္းမင္းကိုအရမ္းလြမ္းတယ္Jungkook'
ေျမေအာက္ရထားၾကပ္ၾကပ္သိပ္သိပ္ေပၚတြင္တိုးစီးလာရာမွ ဆင္းရမည့္မွတ္တိုင္ေရာက္ေတာ့တဖန္အိမ္သို႔တန္းမျပန္ေသး။ ၿမိဳ႕လယ္ကနာမည္ႀကီးCasinoႀကီးေရွ႕ကျဖတ္ျပန္ရသည္မလို႔ ထိုCasinoေရွ႕ေရာက္တိုင္းလည္း အေတာ္အတန္ၾကာေအာင္အျပင္ဖက္ေနရပ္ၾကည့္ရင္းအလြမ္းသယ္ရျပန္သည္။
ဂိုဏ္းကိစၥေၾကာင့္Jungkookႏွင့္အတူေနာက္ဆုံးေရာက္ခဲ့သည့္Casinoႀကီးမလို႔ ဒီလိုနိုင္ငံရပ္ျခားသူစိမ္းေဒသမွာခ်စ္ရသူရဲ့အရိပ္အေငြ႕ေလးေတြက်န္ရွိေနသည့္တစ္ခုတည္းေသာေနရာကေလးမလို႔ တေရးတယူလုပ္ကာဤေနရာေရွ႕ဝယ္Taehyungေရာက္လာတတ္သည္။
အခုလည္း သူဘယ္ေလာက္ထိၾကာေအာင္ ထိုCasinoႀကီးေရွ႕ရပ္ေနမိမွန္းမသိ ညေနခင္းေစာင္းလာၿပီျဖစ္တာေၾကာင့္မီးေရာင္တဖ်က္ဖ်က္ျဖင့္ ထိုနားဝန္းက်င္တြင္လူပိုစည္လာသည္။ ထို႔အခါက်မွTaehyungလည္းအိမ္ျပန္ဖို႔သတိရေတာ့သည္။
လမ္းတဖက္ကေနၾကည့္ေနမိသည္မလို႔ လွည့္ထြက္မည္အျပဳ ထိုCasinoအတြင္းမွထြက္လာသည့္တစ္စုံတစ္ေယာက္ကိုေတြ႕လိုက္ရသည့္အခါ Taehyungတကိုယ္လုံးေအးစက္ကာ ရင္ေတြတဒိုင္းဒိုင္းေဆာင့္ခုန္လာသည္။
"Jungkook"
မယုံၾကည္နိုင္စြာတိုးတိတ္စြာေရရြတ္လိုက္မိသည္။
သူမ်က္စိေရွ႕တြက္ျမင္ေနရတာ JungkookမွJungkookအစစ္ျဖစ္သည္။ လြဲစရာအေၾကာင္းမရွိသလို Jungkookေဘးနားတြင္ပါလာသည့္bodyguardေတြထဲမွာမွ Jaeyunကိုလည္းသူမသိစရာမရွိ။
ေဘးနားတြင္bodyguradေတြၿခံရံလ်က္ တစ္ဖက္လူႀကီးတစ္ေယာက္ႏွင့္စကားေျပာဆိုရင္းထြက္လာၾကသည္မလို႔ဂိုဏ္းကိစၥႏွင့္ေရာက္လာခဲ့တာပဲျဖစ္မည္ထင္သည္။
သူ႔မွာအံ့ဩဝမ္းသာရလြန္းသျဖင့္ ထိုေနရာမွတင္မလႈပ္မယွက္ တစ္ဖက္လမ္းကျမင္ေနရသည့္ခ်စ္ရသူကိုေတြေတြေလးေငးၾကည့္ကာမ်က္ရည္ေတြက်လာရသည္။ သူထင္ခဲ့သည့္အတိုင္း Jungkookသတိရလာတာကိုသူ႔ကိုတစ္ေယာက္မွအသိမေပးခဲ့ၾကဘူးပဲ...
မလိုအပ္ေတာ့လို႔လား? မယုံၾကည္ေတာ့လို႔လား? လက္လႊတ္လိုက္တာလား??
ထို႔ေနာက္Jungkookက ထိုလူႀကီးႏွင့္စကားေျပာၿပီးေတာ့ အသင့္ရပ္ထားသည့္ကားေပၚသို႔တက္မည္အျပဳဒီဖက္သို႔လွည့္လာေတာ့ တစ္ဖက္လမ္းကမ်က္ရည္ေတြျဖင့္ရပ္ၾကည့္ေနသည့္သူ႔ကိုျမင္သြားသည္ထင္။ ႐ုတ္တရက္မလို႔ အံ့ဩသြားသည့္မ်က္ဝန္းေလးေတြရဲ့အရိပ္အေယာင္ကိုTaehyungရေအာင္ဖမ္းမိလိုက္ပါေသးသည္။
ထို႔ေနာက္ေဘးနားကJaeyunကတစ္ခုခုကပ္ေျပာလိုက္တာေၾကာင့္ ခ်က္ခ်င္းပင္သူ႔အားမသိသလိုမ်က္ႏွာလႊဲကာကားေပၚသို႔တက္သြားသည့္Jungkook။
Taehyungမွာ တအံ့တဩေလးထိုေနရာေလးမွာပင္က်န္ခဲ့ရသည္။
Jungkookကသူ႔ကိုအခုလစ္လ်ဴရႈလိုက္တာလား? မသိသလိုျပဳမႈသြားခဲ့တာလား??
ဘာလို႔လဲJungkook??? သတိရလာတာကိုဘာလို႔ငါ့မဆက္သြယ္ခဲ့ရတာလဲ?? ခ်စ္တယ္ဆို မင္းငါ့ကိုေနာက္ဆုံးေျပာခဲ့တဲ့စကားကခ်စ္တယ္ဆို??
ပိုသည္းစြာက်လာသည့္မ်က္ရည္ေတြကိုလည္းထိန္းမထားနိုင္ေတာ့။ ရင္ဘတ္ထဲကအဆမတန္နာၾကင္လြန္းသည္မလို႔ ရွိုက္သံေလးမ်ားပင္ထြက္သြားသည္အထိပင္။
ဟင့္အင္းေလ... ဟင့္အင္းေနာ္Jungkook... ငါမင္းကိုဘယ္ေလာက္ထိေစာင့္ေနခဲ့ရလဲ။ ဘယ္ေလာက္ထိလြမ္းေနခဲ့ရသလဲ? ဘယ္ေလာက္ထိစိတ္ပူေနခဲ့ရလဲဆိုတာမင္းသိမွာမဟုတ္ဘူး။
ေက်းဇူးျပဳၿပီး ... မင္းရဲ့ခ်စ္တယ္ဆိုတဲ့စကားကိုတစ္သက္လုံးစာအတြက္ယုံၾကည္ေနတာမလို႔ ငါ့ကိုလစ္လ်ဴမရႈပါနဲ႔ မမုန္းသြားပါနဲ႔Jungkookရယ္...
"Taehyungie"
ထိုေနရာမွာတင္ အခ်ိန္ဘယ္ေလာက္ၾကာေအာင္ထိုင္ငိုေနမိသည္လဲမသိ။ တျဖည္းျဖည္းညဦပိုင္းေရာင္လာသည္မလို႔Noonaကစိတ္ပူလို႔ထြက္လာရွာသည္ထင္သည္။ အေပၚကုတ္ေလးတစ္ထပ္ဝတ္ထားကာ မာဖလာေလးတစ္ထည္ျဖင့္သူ႔အနားအေျပးအလႊားေလးေရာက္လာသည္။
ပလပ္ေဖာင္းေပၚငုပ္တုပ္ေလးထိုင္ငိုေနသည့္သူ႔အား အေအးမပတ္ေစရန္မာဖလာေလးအျမန္ပတ္ေပးကာ အသာဆြဲေပြ႕ကာထေစသည္။
"Noona...အင့္ သူ ...Jungkook သူ႔ကိုေတြ႕လိုက္တယ္ သူသတိရလာၿပီ...ဟင့္ ကၽြန္ေတာ့္ကိုမုန္းသြားၿပီထင္တယ္..."
ေျပာရင္းပင္အိခနဲဝမ္းပန္းတနဲငိုခ်လာသည့္ေမာင္ငယ္ေလးကို သူမအသာေလးသာေပြ႕ဖက္ထားလိုက္ေပးလိုက္ေတာ့သည္။
'မုန္းပါ့မလာကေလးရယ္... Taehyungဆိုတဲ့နာမည္ၾကားတာနဲ႔တင္ အသက္ေသမွာေတာင္မေၾကာက္ပဲေပးဆပ္ၿပီးဘဝတစ္ေလၽွာက္လုံးခ်စ္ခဲ့သူက မုန္းတယ္ဆိုတာျဖစ္နိုင့္ပါ့မလားကြယ္'
"မမုန္းပါဘူးTae Taeရယ္ ... JungkookကTaeေလးကိုဘယ္ေလာက္ေတာင္ခ်စ္လိုက္သလဲ? "
သူမကိုကုပ္တြယ္ကာ ကေလးတစ္ေယာက္လိုတအင့္အင့္ငိုေနဆဲ Taehyungieကိုေက်ာေလးပဲပုပ္ကာေခ်ာ့ေနမိသည္။
'သူ႔ျမတ္နိုးရသူေလး ေအးစက္စက္ေျမႀကီးေပၚမွာအၾကာႀကီးထိုင္ငိုေနလို႔ဆိုၿပီး သူမကိုတစ္စုံတစ္ေယာက္ကစိတ္ပူၿပီး ဖုန္းဆက္ေျပာကာလႊတ္လိုက္တယ္ဆိုတာေတာ့သူမမေျပာျဖစ္လိုက္ေတာ့...'
Taehyunႏွင့္သူNoonaအိမ္ျပန္သြားေတာ့မွ ထိုေနရာရဲ့ခပ္လွမ္းလွမ္းတစ္ေနရာကေနထြက္ခြာသြားခဲ့သည့္ကားတစ္စီးလည္းရွိခဲ့သည္။
-
-
-
-
-
-
ႏွစ္ႏွစ္ၾကာၿပီးမွေျချပန္ခ်ရသည့္ မိခင္ေျမသို႔ေရာက္ေရာက္ျခင္း Taehyungပထမဆုံးသြားေရာက္မိသည္က တစ္စုံတစ္ေယာက္ေအးခ်မ္းစြာအနားယူေနသည့္ေနရာကေလးသို႔။
ပန္းစည္းေလးကို ေျမႀကီးပုံေလးေပၚအသာခ်လိုက္ရင္းစိမ္းစိုစိုျမက္ခင္းရွည္ရွည္ေလးေတြကိုအသာပြတ္သပ္လိုက္မိသည္။
"ဘဝအသစ္မွာ ေကာင္းေကာင္းေပ်ာ္ရႊင္ေနရၿပီမလားJeon...က်ိန္းေသေပါက္ေအးခ်မ္းေပ်ာ္ရႊင္ေနရမယ္ေနာ္"
ထို႔ေနာက္Jeonရဲ့ေျမပုံေလးေဘး၌အသာဒူးေထာက္ထိုင္ခ်လိုက္ရင္း
"ေက်းဇူးတင္ပါတယ္Jeon ၿပီးေတာ့ေတာင္းပန္ပါတယ္တစ္သက္လုံး ခ်စ္သြားမယ္လို႔ကတိမေပးနိုင္လို႔ ... Jungkookကို ... ပိုခ်စ္သြားခဲ့မိလို႔ ...."
Jeonကိုအားနာေပမဲ့ Taehyungရင္ဖြင့္ခ်င္သည္။ ဝန္ခံခ်င္သည္။ အခုသူ႔အေျခအေနက ဘာျဖစ္လို႔ျဖစ္မယ္မွန္းသူကိုယ္တိုင္လည္းမသိေတာ့။ ခ်စ္ရသူကိုထပ္အဆုံးရႈံးမခံနိုင္ေတာ့ပါ... အရမ္းနာၾကင္ရတာမလို႔ ဒီတစ္ေခါက္ပါJungkookကိုဆုံးရႈံးရလၽွင္ Taehyungအတြက္ နာၾကင္မႈကေသဖို႔ပဲက်န္ပါေတာ့မည္။
Jeonကိုလည္းTaehyungခ်စ္ခဲ့ပါသည္။ အခ်စ္ဦးJeon။ ႏူးညံ့တဲ့အခ်စ္ေတြနဲ႔Jeon။
ဒါေပမဲ့အခုခ်ိန္မွာေတာ့Jeonဟာ ကၽြန္ေတာ့္ဘဝထဲကိုခဏတာေရာက္လာခဲ့တဲ့ဧည့္သည္ျဖစ္ၿပီး Jungkookကကၽြန္ေတာ္အခ်ိန္တိုင္း ျပန္သြားလၽွင္ႀကိဳဆိုေနမည့္ကၽြန္ေတာ့္ႏွလုံးသားေလးရဲ့အိမ္ရွင္ျဖစ္တာမလို႔ ကၽြန္ေတာ္သိသြားခဲ့ၿပီJeon ကၽြန္ေတာ့္ကိုေစာင့္ႀကိဳေနမဲ့အိမ္ရွင္နဲ႔အိမ္ေလးဆီကိုပဲသြားေတာ့မွာမလို႔...
Jeonကိုကၽြန္ေတာ့္ဘဝအစိတ္အပိုင္းတစ္ခုရဲ့ အလွပဆုံးအမွတ္တရအေနနဲ႔ရင္ထဲမွာပဲအျမဲသိမ္းဆည္းထားပါရေစေတာ့ကၽြန္ေတာ္ရဲ့အခ်စ္ဦးjeon။
-
-
-
-
-
-
Noonaႏွင့္အရင္ေနခဲ့သည့္ေခါင္မိုးထပ္ေလးတြင္ပဲျပန္ေနသည္မလို မစိမ္းသက္လွေသာ္လည္းအိမ္ဆိုသည့္ေႏြးေထြးမႈတို႔ကိုေတာ့ျဖင့္Taehyungမခံစားရေတာ့။
Noonaကိုညစာခ်က္ဖို႔ေစ်းလိုက္ပို႔ေပးခဲ့ရင္း သူကေတာ့ဟန္ျမစ္ဖက္သို႔ထြက္လာခဲ့ေတာ့သည္။
တစ္စုံတစ္ေယာက္ကိုျပင္းျပင္းထန္ထန္လြမ္းဆြတ္ေနပါေသာ္လည္း စံအိမ္ကိုသြားေတြ႕ဖို႔ထိေတာ့သူမဝံ့ရဲေတာ့။ စံအိမ္သြားရင္သူ႔ကိုအရင္လိုႀကိဳဆိုေနၾကပါအုံးမလား Jungkookေၾကာင့္သူ႔ကိုမုန္းတီးသြားၾကေလမလားဆိုသည့္စိတ္တို႔ကစံအိမ္ကိုထပ္မသြားရန္အႀကိမ္ႀကိမ္စည္းတားထားသလိုပင္။
ျဖည္းျဖည္းခ်င္းေပါ့... ငါမင္းဆီေသခ်ာေပါက္ျပန္လာမွာမလို႔ ...
အနည္းဆုံးေတာ့မင္းနဲ႔အနီးဆုံး တစ္ေျမတည္းေနၿပီးတစ္ေလတည္းရႈေနရေသးသည္ေလ။
ျမစ္ကမ္းေဘးကထိုင္ခုံေလးမွာ တစ္ေယာက္တည္းထိုင္ကာေရာက္တတ္ရာရာေတြးေနတုန္း အၾကည့္တို႔က ခပ္လွမ္းလွမ္းကျမစ္ဖက္ရႈခင္းကိုၾကည့္ေနသည့္လူတစ္ေယာက္၏ေက်ာျပင္ဆီသို႔ေရာက္သြားသည္။
ႏွစ္ခါစဥ္းစားေနးရာမလိုေအာင္ ရင္ႏွီးေနသည့္ထိုေက်ာျပင္က်ယ္ႀကီးရွိရာသို႔Taehyungေျပးသြားမိေတာ့သည္။
Jungkookကလည္း ဒီေန႔မွဂိုဏ္းကေလ့က်င့္ၿပီးအျပန္စံအိမ္သို႔မျပန္ေသးပဲဟန္ျမစ္ဖက္သို႔စိတ္ေျပလက္ေပ်ာက္ခဏဝင္လာခ်င္းျဖစ္သည္။
ဒီတစ္ႏွစ္အတြင္းသူ႔က်န္းမာေရးကပုံမွန္ျပန္ျဖစ္ကာ ေကာင္းမြန္စြာလည္ပတ္လာခဲ့သည္။ Taehyungပဲရစ္သို႔ထြက္သြားၿပီးေျခာက္လအၾကာမွသူသတိျပန္ရလာခဲ့ျခင္းျဖစ္သည္။ ေသသြားဖို႔ေမၽွယ္လင့္ခဲ့ေပမဲ့လည္း ေသဆုံးခြင့္မေပးေသးသည့္ကံၾကမၼာေၾကာင့္အသက္ဆက္ရွင္ေနခဲ့ရေသးသည္။
တကယ္ဆို အရာရာဘာမွမရွိေတာ့သည့္သူ႔ဘဝမွာအသက္ဆက္ရွင္စရာအေၾကာင္းျပခ်က္တို႔မွမရွိေတာ့တာေလ...
အခုတေလာစိတ္ေတြရႈပ္ေထြးေနသည္မလို႔ ဘယ္ကိစၥမွေကာင္းေကာင္းအာ႐ုံစိုက္လို႔မရ။ တစ္ေလာကParisကိုဂိုဏ္းကိစၥႏွင့္သြားတုန္းကေတြ႕ခဲ့ရသည့္ မ်က္ရည္လည္ရႊဲႏွင့္မ်က္ႏွာေလးကသာအခ်ိန္ျပည့္အေတြးထဲစိုးမိုးထားသည္။
ပဲရစ္မွာမွန္းသိေပမဲ့ အဲ့ေလာက္ထိေတာ့တိုက္ဆိုင္ၿပီးမေတြ႕ေလာက္ဖူးလို႔ပဲမွန္းထားခဲ့တာ ။ မွန္းခ်က္ႏွင့္ႏွမ္းထြက္မကိုက္ျဖစ္သြားကာ လြမ္းေနရသည့္မ်က္ႏွာေလးကသူ႔ေရွ႕သို႔ဆိုကိဆိုက္ၿမိဳက္ၿမိဳက္ေပၚလာသည္တဲ့။ မ်က္ရည္ေတြက်ေနသည္ကိုျမင္ခဲ့ေပးမဲ့ ကိုယ္ဟာအခုခ်ိန္မွာသူႏွင့္မသက္ဆိုင္ေတာ့သူလူတစ္ေယာက္ျဖစ္ေနခဲ့ၿပီမလို႔ လစ္လ်ဴရႈ႐ုံကလြဲၿပီးဘာမွမလုပ္ျဖစ္ခဲ့။
ကိုယ့္ကိုအရင္လိုေက်ာခိုင္းထားဆဲပဲလား? စိမ္းကားဆဲပဲလား? ဒါေတြJungkookမေတြးခ်င္ေတာ့။ ဒါေတြအကုန္သူလႊတ္ခ်ခဲ့ၿပီးသားျဖစ္သည္။ သူေပ်ာ္ဖို႔Taehyungကိုထပ္မဆြဲထားေတာ့ Taehyungေပ်ာ္ဖို႔သူလႊတ္ေပးေတာ့မည္။ ထို႔ေၾကာင့္သူ႔ဖက္ကခ်စ္ေပးဖို႔ကလြဲၿပီး Taehyungရဲ့သူ႔အေပၚထားတဲ့ခံစားခ်က္ေတြသူ သိလည္းမသိခ်င္။ ေမၽွာ္လဲမေမၽွာ္လင့္ခ်င္ေတာ့။
လစ္လ်ဴရႈမည္ဆိုတာလဲ ပါးစပ္အရသာေျပာျခင္း။တကယ္တမ္းပလပ္ေဖာင္းထက္ငိုေႂကြးေနသည့္လူသားငယ္ကိုေပြ႕ဖက္ႏွစ္သိမ့္ေပးခ်င္စိတ္တို႔ကထိန္းမရ။
'ေပ်ာ္ရႊင္ေစဖို႔ လက္လႊတ္ခဲ့တာကို ဘယ္အရာကမ်ားမင္းကိုမ်က္ရည္က်ေစျပန္တာလဲငါ့ေကာင္ေလးရယ္'
အေတြးေတြမဆုံးေသး အင့္ခနဲ႔ျမည္ေအာင္ေနာက္ေက်ာဖက္မွအဖက္ခံလိုက္ရသည္မလို႔လူကအေရွ႕သို႔ပင္အနဲငယ္ယိုင္သြားရသည္။
ခါးေပၚသို႔သြယ္သိုင္းလာသည့္လက္ေခ်ာင္းငယ္ေလးေတြ အေပၚအသာအုပ္ကိုင္လိုက္ေတာ့ သူ႔ခါးကိုလြတ္ထြက္မတတ္ပိုမိုတင္းၾကပ္စြာဖက္တြယ္လာသည့္လက္ေခ်ာင္းကေလးေတြ။
ဘယ္သူလဲဆိုတာ ေျပာစရာမလိုေအာင္ရင္းႏွီးခဲ့သည့္ဒီအေငြ႕အသက္ေလးေတြ အထိအေတြ႕ေလးေတြရဲ့ပိုင္ရွင္...
တစ္နည္းအားျဖင့္ Jungkookႏွလုံးသားတစ္ခုလုံးရဲ့အရွင္သခင္....
-
-
-
-
-
-
TBC
With Love💜
||Tae_For_Jeon
Jeon_To_Tae||
*အေရးေတာ္ပုံ ေအာင္ရမည္*
A/N -ထယ္လုံးေလးေနာင္တေတြရတာလုံေလာက္ေနၿပီလား?? 👀
ဒါနဲ႔ေလ အရင္သုံးတဲ့FB accကဖ်က္လိုက္တာပါေနာ္။ Accအသစ္နဲ႔ထပ္မသုံးတာမလို႔ cbမွာလာေျပာထားတဲ့ကေလးေတြရွိလို႔ ေျပာခ်င္တာရွိရင္wattpad private chatကေနပဲလာေျပာၾကပါေနာ္။