Marmalade [Own Creation]

By AnnaLynn666

33.2K 5.5K 233

Even I can get another you, my choice is only you. More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31

1

8.5K 337 6
By AnnaLynn666

Unicode

အပိုင်း - ၁

"သား သွားတော့မှာလား"

"ဟုတ်... ကျွန်တော် သွားတော့မယ် မေမေ"

ပုံမှန်အသံနှုန်းဖြင့် သူ့ကိုနှုတ်ဆက်သည့် မိခင်ကို ခေါင်းညိတ်ပြပြီး နိုင်းချင်းအိမ်က ထွက်လာလိုက်သည်။ ဆိုင်ကယ်ကိုယူ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီးနောက် လမ်းပေါ်သို့ဆိုင်ကယ်ကိုတွန်းပြီးတက်လာ၏။

'ယောကျာ်းက ခြေလှမ်းတွေပျက်နေပြီ'

'သူက ဘာတွေဝတ်ထားတာလဲ'

'ဟမ်း သူ ဖောက်ပြန်နေတာ ငါမသိတာကျလို့'

'အမလေး လာကြွားလုံးထုတ်နေတယ်'

'သူ့သားကဖြင့် အောက်လမ်းနဲ့ကြီးပွားနေပြီးတော့များ'

ခေါင်းထဲတိုးဝင်လာသည့် အသံများကြောင့် နိုင်းချင်းနှုတ်ခမ်းတို့ ကုတ်ကျသွား၏။ Bluetooth headset ကို နားထဲထိုးထည့် လိုက်တော့မှသာ ကြားနေရသည့်အသံတို့သည် တိတ်ကျသွားတော့သည်။ လမ်းမထက်ရှိ အထက်တန်းကျောင်းဝတ်စုံဖြင့် ကျောင်းသူနှစ်ဦး၊ ဈေးကပြန်လာပုံရသည့် အဒေါ်ကြီးနှစ်ယောက်ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ဆိုင်ကယ်နှင့်ထွက်လာလိုက်တော့၏။

တက္ကသိုလ်ကျောင်းစဖွင့်သော အချိန်သည် ဆောင်းဦးတွင်ဖြစ်သည်။ သိပ်မအေးသေးသော်လည်း ရာသီဥတုသည် ခပ်စိမ့်စိမ့် ဖြစ်နေပေ၏။ မီးနီချိန်ဆိုင်ကယ်ရပ်ထားရချိန်တွင် ဘာရယ်မဟုတ် လမ်းတစ်ဖက်ရှိ အဆောက်အဦး LED မှ ထုတ်လွှင့်နေသည့် သတင်းကို သူ ကြည့်နေလိုက်သည်။

"ယမန်နေ့ညဦးပိုင်းအချိန်တွင် မသမာသူစွမ်းအားရှင်တစ်စုမှ မိမိတို့၏ အစွမ်းများကို အသုံးပြု၍ ရတနာဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းခဲ့ပါတယ်..."

စွမ်းအားရှင်...။

ဆိုင်ကယ်ပေါ်ရှိလူငယ်လေးသည်စိတ်ထဲတွင် ရေရွတ်သည်။

ထိုအချိန်တွင် မီးပွိုင့်သည် စိမ်းသွားတော့၏။ ဆိုင်ကယ်နှင့်လူငယ်လေးသည်လည်း ကိုယ့်လမ်းကိုယ် ဆက်ထွက်သွားတော့သည်။ လမ်းကူးမည့်လူတို့သည်လည်း လမ်းကူးဖို့စောင့်ရင်း သတင်းကိုနားထောင် နေကြချေ၏။

စွမ်းအားရှင်...။ ဤကမ္ဘာတွင် ယောကျာ်း၊မိန်းမ နှစ်မျိုးအပြင် စွမ်းအားရှင်များနှင့်သာမန်လူသားများ ဟူ၍ရှိသည်။ စွမ်းအားရှင်များသည် ဟိုးယခင်ကတည်းက ရှိနေသော်လည်း ခပ်နည်းနည်းသာ ဖြစ်ကြ၏။ လူတစ်ထောင်တွင် တစ်ယောက်လောက်သာရှိသော ပမာဏတစ်ခုဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်တစ်ရာက ကမ္ဘာပေါ်သို့ ကြီးမားသည့် ဥက္ကာခဲတစ်ခု ကြွေကျလာခဲ့သည်။ ဥက္ကာခဲကြွေကျသည့်အချိန်တွင် တပြိုင်နက် မွေးဖွားကြသော တစ်ကမ္ဘာလုံးရှိ ကလေးငယ်များသည် မတူညီသည့် စွမ်းအားများဖြင့် မွေးဖွားလာကြ၏။ ထိုကလေးငယ်များမွေးဖွားလာသည့်ခေတ်ကို နိုးထခြင်းခေတ်ဟု ခေါ်တွင်၏။ ထိုခေတ်သည် ကမ္ဘာပေါ်၌ အာဏာပြိုင်ဆိုင်မှုအများဆုံးခေတ်ဖြစ်ခဲ့သည်။ ကမ္ဘာမြေတွင် အပျက်အစီးလည်းများပြားခဲ့သည်။

ထို့နောက်တွင်တော့စွမ်းအားရှင်တို့သည် သာမန်လူတို့ကို ဖိနှိပ်မှုများပြုလုပ်လာကြသည်။ အားနည်းသူ လူတို့ သည်းခံနိုင်စွမ်းကုန်ချိန်တွင် စွမ်းအားရှင်များနှင့်သာမန်လူတစ်စုတို့၏ တိုက်ပွဲပေါ်ပေါက်လာရတော့သည်။ စွမ်းအားရှင်အချင်းချင်း အာဏာလုသည့် စစ်နှင့် သာမန်လူများနှင့်ပါတိုက်ခိုက်ရသည့်စစ် နှစ်ဖက်ညပ်စစ်ပွဲသည် နှစ်ငါးဆယ်ကျော်ဖြစ်ခဲ့၏။

ကနဦးကလေးငယ်များမှ တဆင့်တဆင့် ဖွားမြင်လာသည့် မျိုးဆက်များတွင် စွမ်းအားရှင်များ ပါသေးသော်လည်း စွမ်းအားရှင်ရာခိုင်နှုန်းသည် ယခင်လိုမများတော့ပေ။ တဖြည်းဖြည်းနှင့် စွမ်းအားရှင် မွေးဖွားနှုန်း ကျဆင်းလာတော့သည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။ ထိုသို့ကျဆင်းသွားသည့်တိုင် ယခုအချိန်တွင် စွမ်းအားရှင်များ များပြားနေသေးဆဲဖြစ်သည်။ ထို့အပြင် စွမ်းအားမရှိသူလူစုသည် စွမ်းအားရှင်များကို မုန်းတီးခြင်းများ ရှိနေသေးသလို စွမ်းအားရှင်များသည်လည်း ဖိနှိပ်ခြင်းများနှင့် မသမာသည့် ကိစ္စရပ်များ ပြုလုပ်ခြင်းများလည်း ရှိနေသေးသည်။

စွမ်းအားရှင်မွေးဖွားနှုန်း ကျဆင်းလာသည်နှင့်အမျှ စစ်ပွဲသည် တဖြည်းဖြည်းငြိမ်သက်လာတော့၏။ နောက်ဆုံးတွင်တော့ စွမ်းအားရှင်များသည် စစ်ပြေငြိမ်းဖို့အတွက် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုကာ သာမန်လူများနှင့် ယှဉ်တွဲနေထိုင်ရန် ဆုံးဖြတ်လိုက်ကြရ၏။ ယှဉ်တွဲနေထိုင်ဖို့အတွက် မည်မျှပင် စာချုပ်ချုပ်ခဲ့ပါစေ မကောင်းသည့် လူတစ်ရပ်သည် စွမ်းအားရှင်များတွင်ရော သာမန်လူများထဲတွင်ပါ ရှိနေသေးဆဲ ဖြစ်သည်။

ယှဉ်တွဲနေထိုင်ခြင်းသည် အစပိုင်းတွင် အနည်းငယ်ခက်ခဲသော်လည်း အချိန်ကြာမြင့်လာသည့် အချိန်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၏ ရုပ်လုံးသည်ပေါ်လာတော့၏။ တဖြည်းဖြည်းပြန်လည် နည်းပါးလာသည့် စွမ်းအားရှင်များကို သာမန်လူတို့သည် ပြန်လည်စောင့်ကြည့်နိုင်လာသည်၊ ထိန်းချုပ် နိုင်လာသည်။ ဤသို့ဖြင့်အကြောက်တရားသည် သာမန်လူတို့ထံမှ တဖြည်းဖြည်း ထွက်ခွာသွားတော့သည်။ ဤနည်းဖြင့် သာမန်လူများနှင့်စွမ်းအားရှင်များ အတူနေထိုင်သည့် ခေတ်တစ်ခုကို အားလုံးအတူတူ တည်ဆောက်နိုင်လာကြ၏။ ထိုသည်က ယနေ့မျက်မှောက်ခေတ်ကာလဖြစ်သည်။

လမ်းတစ်လျှောက်ရှိ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ သွားနေကြသော လူအုပ်ကိုကြည့်ပြီး နိုင်းချင်း သက်ပြင်းရှိုက်သည်။ နားကြပ်သာမပါရင် ဒီလူအုပ်ကြီးက ဘယ်လောက်များ ဆူညံနေလိုက်မလဲ။ ကျောင်းမဖွင့်ခင် ရက်ပိုင်းအလိုကတည်းက အဆောင်သို့ အစကတည်းက သွားနေချင်သော်လည်း မိခင်၏ အငယ်ဆုံးသားလေးကို မခွဲချင်စိတ်ကြောင့် ကျောင်းရှိသည့် ပထမဆုံးနေ့မှ စောစောထွက်လာခွင့်ရခဲ့သည်။

တက္ကသိုလ်... ထိုနေရာက သူ့ကို မည်သို့သော အတွေ့အကြုံကို ပေးလိမ့်မည်လဲ။ သူ ဘာတွေများ ထပ်ပြီးကြုံတွေ့ ရဦးမှာလဲ။

......

"အားသစ်ရေ..."

အနက်ရောင်ကျောင်းတံဆိပ်ဖြင့် ကုတ်အင်္ကျီကော်လံပေါ်တွင် သွေးရောင်တောက်တောက် ရင်ထိုးဝိုင်းတပ်ထားပြီး ကုတ်ထောက်ဆံပင်ငုတ်တိုကို စုစည်းနှောင်ထားသော မြေပဲခွံရောင်မျက်လုံးများကို ပိုင်ဆိုင်သည့် ယောကျာ်းလေးတစ်ယောက်သည် လှမ်းခေါ်သူကို လှည့်ကြည့်၏။ ကုတ်ထောက်ဆံပင် မသပ်မရပ်ကြောင့် ညဉ်သိုးသိုးဖြစ်နေသည့်တိုင် ဖြူဝင်းသည့်မျက်နှာနှင့် မျက်လုံးတောက်တောက်လေးများသည် ပုံမှန်ရှင်းသန့်သော သူ့အသွင်ကို မပျောက်စေခဲ့။

"အင်း ဝေဖြိုး ဘာဖြစ်လို့လဲ"

"ဒါက ပထမနှစ်ကျောင်းသားသစ်တွေရဲ့စာရင်း သူတို့ကို လေ့ကျင့်ရေးပေးတဲ့အချိန် လူတွေကို ကြိုသိလို့ရအောင်လို့"

အသားညိုညိုထောင်ထောင်မောင်းမောင်းနှင့် အမျိုးသားလက်ထဲက ကျောင်းသားစာရင်းကို ယူလိုက်ပြီး အားသစ်သေချာ ဖတ်ကြည့်နေလိုက်သည်။

"ဒီနှစ်ငါတို့မဟာဌာနမှာ စွမ်းအားရှင်ကများသားပဲ"

အမည်စာရင်းတွင် ခရေပွင့်သင်္ကေတ(*)ပြထားသည့် အမည်များကို ကြည့်ပြီး အားသစ် ရေရွတ်သည်။

"အင်း တစ်ယောက်ကတော့ လျှပ်စစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တယ်တဲ့ နောက်တစ်ယောက်က စိတ်ဖတ်နိုင်တယ်"

ဝေဖြိုးသည် အားသစ်ကို ပြန်ဖြေ၏။

"ဘာတွေစိတ်ဝင်စားစရာရှိနေတာလဲ"

ဖြူဖြူသွယ်သွယ်နှင့် ပေါ့ပေါ့ပါးပါးနေတတ်ဟန်ရှိသော သွေးရောင်တံဆိပ်ဝိုင်းရင်ထိုးဖြင့် ကျောင်းသားတစ်ယောက်သည် အားသစ်ပခုံးကိုဖက်ပြီး လက်ထဲက အမည်စာရင်းကို ကျော်ကြည့်၏။

"ဟေ့ ဉာဏ်လင်း ဉာဏ်လင်း... ဒီလာဦး ပထမနှစ်တွေထဲ ငါတို့မေဂျာမှာတင် စွမ်းအားရှင် နှစ်ယောက်တောင် ပါတယ်"

"ဟုတ်လား"

ကင်မရာကိုင်ထားသည့် ကျောင်းသားသည် သူ့ကိုလှမ်းခေါ်သည့် ကျောင်းသားကိုပြန်ဖြေရင်း အားသစ်တို့ရှိသည့် ဘက်သို့ လျှောက်လာလိုက်သည်။ အားသစ်လက်ထဲက စာရင်းကိုကြည့်ပြီး ပြုံး၍...

"မဆိုးပါဘူး နှစ်ယောက်တောင် ပါတာပဲ မဟာဌာနတစ်ခုလုံးဆိုများသား"

ဉာဏ်လင်း ကျေကျေနပ်နပ်ဖြင့် ရေရွတ်နေချိန်တွင် အားသစ်ပခုံးကို ဖက်ထားသည့် ကျောင်းသားသည် ဉာဏ်လင်းကို တတောင်ဖြင့် လှမ်းတွတ်ကာ...

"ဘာကို မဆိုးပါဘူးလဲ နှစ်ယောက်ပဲ ပါတာလေ ငါတို့တုန်းက အများကြီးပဲ"

"ဟေ့ငါ့ကို ရန်လုပ်မနေစမ်းနဲ့..."

"အကြီးကောင်ရှိုင်းထက်လည်းတော်တော့ အငယ်ကောင် ဉာဏ်လင်းလည်း တော်တော့ မင်းတို့အမေ ဒေါသထွက်တော့မယ်"

"ဪ... အမေကြီးဖြိုးဝေရယ် ဟုတ်ကဲ့ပါ အမေ"

ငြင်းခုန်နေသည့် သူငယ်ချင်းများ၏ အသံကို လျစ်လျူရှုပြီး အမည်စာရင်းကို ဝေဖြိုးထံသို့ အားသစ် ပြန်ပေးသည်။ ထို့နောက် သူ့ကိုအနောက်က ဖက်ထားသည့် ရှိုင်းထက်အရှိုက်ကို တံတောင်ဖြင့်ထိုးချပြီး အရှေ့သို့ ထွက်သွား၏။

"စွမ်းအားရှင် ဖြစ်ဖြစ်မဖြစ်ဖြစ် သူတို့က ကျောင်းသားတွေပဲ... ဘာလို့အရေးတယူလုပ်နေတာလဲ"

"ဟေး မင်း စွမ်းအားရှင် မဟုတ်တိုင်း!"

"ဉာဏ်လင်း!"

စကားပြောလျှင် အပေါက်အလမ်းမတည့်တတ်သည့် ဉာဏ်လင်းကို ဝေဖြိုးလှမ်းငေါက်သည်။ အသားညိုညိုဝဖိုင့်ဖိုင့်ဖြင့် မျက်မှန်တပ်ဆင်ထားသော ဖြိုးဝေလည်း ဉာဏ်လင်းကို မျက်စောင်းထိုး၏။ မျက်မှန်အောက်ရှိ မျက်စောင်းကို မြင်ချိန်တွင် ဉာဏ်လင်းသည် စကားလွန်သွားပြီဆိုသည်ကို သိလိုက်ကာ လျှာထုတ်ပြီးဇက်ပုသည်။ အားသစ်ကတော့ သူငယ်ချင်းဖြစ်သူ၏ စကားကို မည်သို့မျှမနေသည့် မျက်နှာမျိုးဖြင့် ကြည့်ပြီး လက်တွင်ပတ်ထားသည့် လက်ပတ်နာရီအမဲကို ကြည့်၏။

"ငါတို့အတန်းစတော့မယ်..."

စကားတစ်ခွန်းသာ ရေရွတ်ပြီးနောက် အရှေ့က ဦးဆောင်ပြီး အခန်းထဲကထွက်သွားလေ၏။ ကျန်လေးယောက်မှာတော့ သူ့နောက်မှ ခပ်သွက်သွက်လိုက်သွားခဲ့ကြသည်။

ပုံမှန်အရပ်သာရှိပြီး မြေပဲခွံရောင်ဆံပင်နှင့်မျက်လုံးများကိုပိုင်ဆိုင်သည့် ဆံပင်ရှည်ရှည်ကို စည်းထားသော ကောင်ကလေးသည် အားသစ်ဖြစ်ပြီးသူက လေ့ကျင့်ရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူ့ကို အမှီလိုက်နေသည့် အသားညိုညိုထောင်ထောင်မောင်းမောင်းနှင့် ကျောင်းသားကတော့ ဝေဖြိုးဖြစ်ပြီး ကင်မရာ ကိုင်ထားသောတရုတ်မျက်နှာပေါက်နှင့် ကောင်လေးရှိုင်းထက်နှင့် ပိန်ပိန်သွယ်သွယ် သွက်သွက်လက်လက် ရှိသည့် ဉာဏ်လင်းတို့နှင့်အတူ စကားတပြောပြောဖြင့် လိုက်လာသော ဝဖိုင့်ဖိုင့်ညိုတိုတိုဖြင့် ကျောင်းသားသည် ဖြိုးဝေဖြစ်သည်။ ဝေဖြိုးနှင့်ဖြိုးဝေသည် အမြွှာဖြစ်ကြသော်လည်း သူတို့က တစ်ယောက်နှင့်တစ်ယောက် ဘာကြောင့် ကွာခြားနေမှန်း သူတို့တစ်အုပ်စုလုံးနားမလည်။ ထိုငါးယောက်သည် ယခုနှစ်၏ လေ့ကျင့်ရေး အဖွဲ့ဝင်များဖြစ်ကြပြီး တတိယနှစ်ကျောင်းသားများ ဖြစ်ကြသည်။

သွေးရောင်ရင်ထိုးဝိုင်းတံဆိပ် တပ်ဆင်ထားသည့် ကျောင်းသားတိုင်းသည် Cross University တွင် လူသစ်လေ့ကျင့်ရေးကို တာဝန်ယူရမည့် လေ့ကျင့်ရေးအဖွဲ့၏ ကျောင်းသားများဖြစ်ကြ၏။ လေ့ကျင့်ရေးအဖွဲ့၏ တာဝန်သည် ပထမနှစ်များကို ကျောင်းတက်သည့် ပထမဆုံးလတွင် စစ်ရေးကဲ့သို့ ပြင်းထန်သည့် ကိုယ်ကာယ လေ့ကျင့်ရေး ပေးရသည့်တာဝန်ကို ယူကြရသည်။ ထိုသည်က Cross University ၏ စည်းကမ်း သတ်မှတ်ချက်တစ်ခုဖြစ်ပြီး ပထမနှစ်တိုင်းသည် မဖြစ်မနေတက်ရောက်ကြရသည်။ တက်ရောက်ကြသည့် ပထမနှစ်ဦးရေအလိုက် တတိယနှစ်များသည်လည်း အဆင့်သတ်မှတ်ချက်ရကြ၏။ ထို့အတွက် တတိယနှစ် များအတွက် လေ့ကျင့်ရေးအချိန်သည် အရေးကြီးသော အချိန်တစ်ခုဖြစ်သည်။ တက္ကသိုလ်၏ အတန်းနှစ်ကို နက်ခ်တိုင်အရောင်ဖြင့် ခွဲခြားထားပြီး နှစ်ကြီးကျောင်းသားများ၏ တာဝန်အဖွဲ့အသီးသီးကိုတော့ ရင်ထိုး အရောင်များဖြင့် သတ်မှတ်ထားကြသည်။ ပထမနှစ်များ၏ လည်စီးအရောင်သည် အစိမ်းရောင်၊ ဒုတိယနှစ် များ၏ လည်စီးအရောင်သည် အပြာရောင်၊ တတိယနှစ်များ၏ လည်စီးအရောင်သည် အနီဖျော့၊ နောက်ဆုံးနှစ် (စတုတ္ထနှစ်) များ၏ လည်စီးအရောင်သည် အနက်ရောင်ဖြစ်သည်။

ယခုခေတ်အခြေအနေသည် ငယ်ကတည်းက စွမ်းရည်ပိုင်ဆိုင်သည့် ကျောင်းသားများကို မိမိတို့၏ ထူးခြားသောစွမ်းရည် ထိန်းသိမ်းနိုင်အောင် ထိန်းကျောင်းပြီး အခြားသာမန်ကလေးများနှင့်အတူသာ ပညာသင်ကြားစေသည်။ အတူယှဉ်တွဲနေထိုင် ရာတွင် စွမ်းအားရှင်များကိုသာမန်လူများက နားလည်နိုင်အောင် သာမန်လူများကိုလည်း စွမ်းအားရှင်များက နားလည်နိုင်အောင် ကလေးငယ်များကို ငယ်စဉ်ကတည်းက အတူတကွထားကာ ပျိုးထောင်သင်ကြားပေးခဲ့ကြသည်။

ထို့ကြောင့် နောက်ပိုင်းတွင် စွမ်းအားရှင်ကလေးများနှင့် သာမန်ကလေးများသည် ကွဲပြားမှုမရှိတော့။ မတူညီခြင်းကို လူတို့သည် မကြောက်လန့်တော့။ သို့သော် သတိထားထိန်းချုပ်ခြင်းကတော့ ရှိနေမြဲဖြစ်သည်။ လူတို့သည် ခြားနားခြင်းကို ကြောက်နေသေးဆဲဖြစ်သည်။

အားသစ်သည် တတိယနှစ်ဆေးကျောင်းသားတစ်ဦးဖြစ်ပြီး ပထမနှစ်များကို လေ့ကျင့်ရေးပေးရမည့် လေ့ကျင့်ရေးအဖွဲ့တွင် ပါဝင်သူဖြစ်သည်။ ထို့အပြင် သူသည် ဆေးပညာမဟာဌာန၏ တတိယနှစ်ကိုယ်စားပြု ကျောင်းသားဖြစ်ပြီး လေ့ကျင့်ရေးအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သေး၏။ လေ့ကျင့်ရေးအဖွဲ့များကို စွမ်းအားရှင် အများစုနှင့်ဖွဲ့စည်းထားသည်။ သာမန်ကျောင်းသားများသည် ရိုးရိုးသာမန် ဆေးဘက်ဆိုင်ရာအသင်းအဖွဲ့ တွင်သာရှိပြီး စွမ်းအားရှင်ကျောင်းသားများရှိနေသည့်တိုင် ထိုကျောင်းသားများကို ကျော်ပြီး လေ့ကျင့်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် အားသစ်ကို အချို့သည်မကျေနပ်ကြ။ အားသစ်ကသာမန်လူတစ်ယောက် မဟုတ်ပါလား။ မည်သည့်စွမ်းအားမှမရှိသည့် သာမန်လူတစ်ယောက်၏ အုပ်ချုပ်မှုကိုမကျေနပ်သည့် စွမ်းအားရှင်အမြောက်အမြား ရှိသော်လည်း Cross University တွင် စည်းမျဉ်းစည်းကမ်းနှင့် အုပ်ချုပ်သူတာဝန်ပေးအပ်သော ခေါင်းဆောင်များ၏ အာဏာက အလုံးစုံဖြစ်သည်မို့ မည်သူမျှ စောဒက မတက်ရဲကြ။

"အားသစ်... စိတ်မကောင်းမဖြစ်နေနဲ့ ဉာဏ်လင်းက အပြောအဆိုမတတ်တာ မင်းလည်း သိတာပဲ"

"ငါဘာမှမဖြစ်ပါဘူး"

သူ့နောက်က အမှီလိုက်ပြောသည့် ဝေဖြိုးကိုအားသစ် ပြန်ပြောသည်။ သူ့ကို ထပ်နှစ်သိမ့်ပေးချင် သော်လည်း စိတ်အနှောင့်အယှက်ဖြစ်သွားမည် စိုးကာ ငြိမ်လိုက်သည့် ဝေဖြိုးကို ကြည့်ပြီး အားသစ် ရယ်၏။

"တကယ်ပြောတာ စွမ်းအားရှိတာ မရှိတာက ဘာထူးခြားလို့လဲ အကုန်လုံးက အတူတူပဲကို ဉာဏ်လင်းကလည်း ငါတို့ သူငယ်ချင်းပဲဟာ"

'တကယ်တော့ ငါလည်းမင်းတို့နဲ့တူချင်တယ်...'

ဆိုင်ကယ်တစ်စီးသည် သူတို့အနီးမှ ဖြတ်သွားခဲ့သည်။ မျက်နှာတစ်ခုလုံးအလုံဖုံးထားသည့် ဆိုင်ကယ်စီးဦးထုပ်ဆောင်း ထားသည့် ကျောင်းသားကို အားသစ်နှင့်ဖြိုးဝေ သတိမထားမိခဲ့။ ဆိုင်ကယ်သည် ပလက်ဖောင်းပေါ်တွင်လျှောက်နေသည့် ကျောင်းသားနှစ်ဦးကို ကျော်ဖြတ်ပြီးနောက် အနောက်က ကျောင်းသားသုံးယောက်ကို ဆက်၍ကျော်ဖြတ်သွားသည်။ ထိုကျောင်းသားများနှင့် ခပ်လှမ်းလှမ်းတွင် ဆိုင်ကယ်သည်ရပ်သွား၏။ ဆိုင်ကယ်မောင်းလာသူသည် ဦးထုပ်ချွတ်ကာ အနောက်သို့လှမ်းကြည့်သည်။ ဆိုင်ကယ်ရပ်လိုက်သည့် ကျောင်းသား၏ မျက်နှာသည် တစ်ခုခုကို စဉ်းစားနေပုံဖြင့် လေးနက်နေခဲ့သည်။

ငါ့နားကြပ်ကကြောင်နေတာလား...။

ဆိုင်ကယ်ကိုရပ်ထားသည့်ကျောင်းသားလေးသည် အနောက်သို့လှည့်ကြည့်၏။ ထို့နောက် ဘာသာသွားလာ နေကြသည့် အခြားကျောင်းသားများကို လှမ်းကြည့်သည်။ သူ့ကမ္ဘာသည် တိတ်ဆိတ် နေသေးဆဲ။

နားကြပ်က အကောင်းပဲ ဒါပေမဲ့ ငါတစ်ယောက်ယောက်အတွေးကို ကြားလိုက်တာသေချာပါတယ်။

ဆိုင်ကယ်ဦးထုပ်ကိုင်ထားသော မျက်မှန်ဖြင့် ကျောင်းသားသည် နားမလည်စွာတွေးနေခဲ့သည်။

"နိုင်းချင်း! မင်း ဘာလုပ်နေတာလဲ!"

ခပ်ရေးရေးသာ မြင်နိုင်တော့သော အတန်းကြီးကျောင်းသားများ၏ကျောကို လိုက်ကြည့်နေချိန်တွင် သူ့အချစ်ဆုံး သူငယ်ချင်းသည် ရောက်လာတော့၏။

"ကျောင်းကို မင်းအစောကြီးရောက်နေတာလား"

အသားဖြူဖြူတောင့်တင်းသော ခန္ဓာကိုယ်ရှိသော်လည်း ကလေးမျက်နှာနှင့် ကျောင်းသားကို နိုင်းချင်း မေးသည်။

"အင်း ဒီနေ့ကျောင်းကို အစောကြီးလာနေတာ ကျောင်းအပြန်တော့ မင်း အဆောင်ကိုပဲ ပြန်မှာမဟုတ်လား"

"အင်း..."

သူ့ဆိုင်ကယ်နောက်သို့ တက်လိုက်သည့် သူငယ်ချင်းကို ပြန်ဖြေရင်း နိုင်းချင်း ဆိုင်ကယ်စက်နှိုးသည်။

"ဒါနဲ့ ခုနက မင်းကြုံလာတာက ငါတို့သိထားတဲ့ လူတွေလား"

"ကျိန်းသေတာပေါ့"

"ဪ..."

"သွားမယ်လေ ငါလည်းလမ်းမလျှောက်ချင်တော့ဘူး မင်းဆိုင်ကယ်နောက်ကပဲ လိုက်တော့မယ်"

ထိုသို့ဖြင့် နိုင်းချင်း ဆိုင်ကယ်နှင့်ခန့်ညီညွှန်ပြသော ကျောင်းဆောင်ဘက်သို့ ဆက်ထွက်လာလိုက်၏။ သူ့အတွေးထဲတွင် ဖြတ်သန်းလာသည့် အချိန်တုန်းက ကြားလိုက်ရသည့် စကားတစ်ခွန်းတော့ ရှိနေသေးဆဲ ဖြစ်သည်။

'တကယ်တော့ ငါလည်းမင်းတို့နဲ့တူချင်တယ်...'

ဖြတ်သွားသည့် ကျောင်းသားများသည် ပထမနှစ်များကို ကျောင်းနှင့်အကျွမ်းတဝင်ရှိစေရန် လေ့ကျင့်ပေးရမည့် လေ့ကျင့်ရေးအဖွဲ့ဝင်များဖြစ်လောက်သည်။ အချို့တွင် အနီရောင်ရင်ထိုးများပါသည်ကို သူမြင်လိုက်ရသည်။ မမြင်လိုက်ရသော်လည်း အနောက်က ကျောင်းသားများလည်း လေ့ကျင့်ရေးအဖွဲ့ဝင်များ ဖြစ်လောက်၏။ မည်သို့ပင်ဆိုစေ လည်စီးအရောင်အရတော့ ထိုကျောင်းသားများသည် တတိယနှစ်များပေ။

လေ့ကျင့်ရေးအဖွဲ့ကို စွမ်းအားရှင်များဖြင့်သာ ဖွဲ့စည်းထားမည်ဟု သူ တွေးဖြစ်၏။ သို့သော် ကြားလိုက်ရသည့် အတွေးသံအရဆိုလျှင်-

စွမ်းအားရှင် မဟုတ်သော လူများလည်း ရှိနေသေးသည်ပေါ့။

ဒါကစိတ်တော့စိတ်ဝင်စားစရာပဲ။ နိုင်းချင်းတွေး၏။

"နိုင်းချင်း..."

"အင်း..."

ကိုယ့်အတွေးနှင့်ကိုယ် ဆိုင်ကယ်ရပ်ရမည့်နေရာတွင် ဆိုင်ကယ်ရပ်ပြီးနောက် ပထမနှစ်အတန်းရှိရာ ဘက်သို့ ခန့်ညီနှင့်အတူ လျှောက်လာလိုက်၏။

"ငါတို့ရဲ့အချက်အလက်တွေကို ကျောင်းက သူတို့တွေဆီမှာပေးထားလောက်လား"

ခန့်ညီစကားကို တစ်ချက်စဉ်းစားပြီးနောက် နိုင်းချင်း ပြန်ဖြေသည်။

"ပေးထားလောက်မှာပေါ့ လေ့ကျင့်ရေးအဖွဲ့က ငါတို့အကြောင်းသိထားမယ်ထင်တာပဲ"

"အင်း... ဒါနဲ့မင်းကို ဒီဆေးနဲ့သက်ဆိုင်တဲ့မေဂျာကိုယူမယ်မထင်ခဲ့ဘူး"

"အင်း... ဒီလိုပါပဲ"

သူဘာကြောင့် ယခုမေဂျာယူသည့်အကြောင်းကို နိုင်းချင်း အထွေအထူးပြန်မဖြေနေတော့။ အတူတူ လျှောက်လာကြရင်းနှင့် Vending Machine နားသို့ရောက်လာခဲ့ကြသည်။ နိုင်းချင်းသည် အကြွေစေ့ထုတ်ကာ အအေးတစ်ဘူးဝယ်ရန်ပြင်၏။ အကြွေစေ့မထည့်ရသေးခင်တွင် ခန့်ညီ၏လက်နှင့် စက်ကမတော်တဆထိမိ သွားတော့သည်။ အကြွေစေ့ထည့်ဖို့အတွက် စက်ကိုကိုင်ထားသည့် နိုင်းချင်းသည် ချက်ချင်းအနောက်သို့ ခုန်ဆုတ်သွားသော ခန့်ညီကို မျက်လုံးပြူး ကြည့်၏။

အကြွေစေ့မလိုဘဲ ဒေါက်ခနဲကျလာသည့် အအေးဘူးသံကြောင့် နိုင်းချင်းမျက်ခုံးများ တွန့်ချိုးသွားရ တော့သည်။ စက်၏ အပေါ်နားတွင် တက်ထားသည့် CCTV ကို သူ မော့ကြည့်၏။

"မင်းကတော့ ငါ့ကိုအကြွေးတင်နေပြီ"

စက်ကိုထိလိုက်သူ ခန့်ညီမှာတော့ ချောင်ထဲရောက်နေသည်မို့ စောင့်ကြည့်ကင်မရာသည် မှတ်တမ်း မတင်နိုင်ခဲ့။ ကျိန်းသေပေါက်ခန့်ညီ၏ ဘယ်တော့မှ ကိုယ့်စွမ်းရည်ကိုကိုယ် ထိန်းချုပ်မထားသည့် လက်ကြောင့် ယခုတော့ သူ့မှာ တရားခံဖြစ်ရတော့မည်။

"ဟီးဟီး မတော်တဆပါ... ငါမေ့သွားလို့ဟီးဟီး"

သူ့ကိုသေတွင်းတူးပေး ကျွမ်းကျင်လွန်းသော သူငယ်ချင်းကို ပြန်ပြောမနေတော့ဘဲ အအေးဘူးကို ကောက်ဖောက်ပြီးနောက် ခန့်ညီနှင့်အတူနိုင်းချင်း အတန်းဘက်သို့သာ ထွက်လာလိုက်၏။ ထိုမှတ်တမ်းသည် သူ့အတွက် အထင်လွဲစရာတစ်ခုဖြစ်လာလိမ့်မည်ဆိုသည်ကို နိုင်းချင်း မသိခဲ့။

......

နေ့ခင်းအတန်းလွှတ်ချိန်မို့ အားသစ်တစ်ယောက် သူငယ်ချင်းများနှင့် နေ့လည်စာစားရန် ကန်တင်းဆီသို့ ဦးတည်လိုက်ကြသည်။ ထိုအချိန်တွင် တတိယနှစ်ကျောင်းသားတစ်ယောက်သည် သူ့ကို လှမ်းခေါ်လေ၏။

"ဟေ့ အားသစ်"

"ဟုတ်ကဲ့..."

မရင်းနှီးသည့်သူများနှင့်ဆိုလျှင် နှစ်တူသည့်မိတ်ဆွေများပင် ဖြစ်နေပါစေ အားသစ်သည် ရည်မွန် ရိုကျိုးသည့် ကောင်လေးတစ်ဦးဖြစ်သည်။ ထိုသို့ ရည်မွန်သည့်အားသစ်ကို နှစ်တူသူငယ်ချင်းအတော် များများက စနောက်လေ့ရှိကြ၏။ စွမ်းအားရှင်မဟုတ်ဘဲ လေ့ကျင့်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်နေသော်လည်း တတိယနှစ်တွင် အားသစ်သည် လူချစ်လူခင်များသော ကောင်ကလေးတစ်ယောက်ဖြစ်သည်က အမှန်ပင်။

"မင်းတို့ကို ဆရာခေါ်နေတယ်"

"ငါတို့ကိုလား"

စိတ်ညစ်သွားသည့် အားသစ်မျက်နှာလေးကိုကြည့်ပြီး ခေါ်ပေးသည့်ကျောင်းသားသည် ရယ်ချင်နေ တော့သည်။ အားသစ်က အလုပ်ရှုပ်ရခြင်းတွေကို သဘောမကျဘူးဆိုတာကို သူတို့ အသိဆုံး မဟုတ်ပါလား။

"အင်း..."

ထိုသို့ဖြင့် ကြက်သွေးရောင်ရင်ထိုးများဖြင့် ကျောင်းသားလေးငါးယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် လေးကန်သည့် ခြေလှမ်းများဖြင့် သူတို့ကိုခေါ်သည့် ဆရာထံသို့ သွားရလေတော့၏။

'ငါနေ့လည်စာ မစားရတော့ဘူးလား!'

အခေါ်လွှတ်သော ဆရာအခန်းထဲသို့ သူတို့ဝင်မည့်အချိန်တွင် အခန်းထဲမှ ကျောင်းသားလေး နှစ်ယောက်ထွက်လာခဲ့သည်။ ပထမနှစ်ကျောင်းသားနှစ်ယောက်ကို တတိယနှစ်ကျောင်းသားများသည် သတိ မထားမိခဲ့။

'ငါ့ရဲ့နေ့လည်စာလေး နောက်ကျတော့မယ်... ပြီးတော့ ဆရာက ငါ့ကို ဘာတွေလာပြီး ခိုင်းဦးမှာလဲ'

တတိယနှစ်များအခန်းထဲသို့ ဝင်သွားပြီး တံခါးပိတ်လိုက်ကြချိန်တွင် အခန်းထဲက ထွက်လာကြသည့် ပထမနှစ်ကျောင်းသားနှစ်ယောက်အနက် တစ်ယောက်သည် အနောက်သို့ ပြန်လှည့်ကြည့်သည်။

"နိုင်းချင်း ဘာဖြစ်လို့လဲ"

"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး နောက်တစ်ခေါက်ကျရင် မင်းသတိထားနေတော့"

"အင်းပါ..."

မိမိအမှားကြောင့် ခေါ်တွေ့သတိပေးခံရသော်လည်း ခေါင်းခံလိုက်သူက နိုင်းချင်းဖြစ်သည်မို့ ခန့်ညီ မျက်နှာငယ်လေးနှင့် ခေါင်းညိတ်ပြသည်။ အမှန်ပင်မတော်တဆဖြစ်သည့် ကိစ္စရပ်တစ်ခုဖြစ်သော်လည်း သူက လူကြောက်တတ်သူမို့ နိုင်းချင်းသည် ဆရာ့ရှေ့တွင် သူ့အစားဝန်ခံတောင်းပန်ပေးခဲ့သည်။

'နောက်သတိထားလိုက်ပါမယ်ခင်ဗျ' 'နောက်မဖြစ်စေရပါဘူးခင်ဗျ' ဟူသော ဝန်ခံတောင်းပန်ခြင်းများသည် ပြုလုပ်သူက နိုင်းချင်းမဟုတ်သည့်တိုင် နိုင်းချင်းဟု အထင်လွဲမှားသွားစရာရှိသည်။

"ကိစ္စမရှိဘူး စိတ်ထဲထားမနေနဲ့..."

ခန့်ညီ စိတ်သက်သာသွားစေရန် နိုင်းချင်း ပြန်ပြော၏။

"ဒါကအချိန်တန်ရင် ပြီးသွားလိမ့်မယ်"

အလွန်ပင် စိတ်သဘောထားပြည့်ဝသူတစ်ယောက်၏ ဟန်မျိုးဖြင့် ပထမနှစ်ကောင်ကလေးသည် သူ့သူငယ်ချင်းကို နှစ်သိမ့်၏။ သူ့သူငယ်ချင်းကတော့ ထိုသို့ကူညီလိုက်ရခြင်းအတွက် ကောင်းကောင်းကြီး ပြန်အခိုင်းခံရမည်ဆိုသည်ကို သိနေခဲ့သည်။ နိုင်းချင်းက စိတ်သဘောထားပြည့်ဝပြီး တစ်ဖက်သားကို အကြောင်းမဲ့ကူညီတတ်သည့် ကောင်ကလေး မဟုတ်ဘူးဆိုသည်ကို ငယ်ကတည်းက ပေါင်းလာသည့် သူ အသိဆုံးမဟုတ်ပါလား။

ဆရာ့အခန်းအတွင်းရှိ တတိယနှစ်များမှာတော့

သူတို့ကို ယခုခေါ်ရသည့်အကြောင်းရင်းသည် သူတို့မေဂျာပထမနှစ်ထဲရှိ နှစ်ယောက်တည်းသော စွမ်းအားရှင်များအနက် တစ်ယောက်သည် အစွမ်းကို အသုံးပြုလိုက်ခြင်းကြောင့်ဖြစ်သည်။ စွမ်းအားရှင်များနှင့် သာမန်ကျောင်းသားများကို အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် အစိုးရသည် စွမ်းအားရှင်များအား မိမိတို့၏အစွမ်းကို နေ့စဉ်ကိစ္စရပ်များတွင် ထုတ်မသုံးရန် တားမြစ်ထား၏။ သို့သော်လစ်လျှင်လစ်သလို ခိုးသုံးတတ်သည့် ကလေးငယ်များလည်း ရှိနေသေးသည်မို့ စည်းကမ်းချိုးဖောက်သည့် ကိစ္စရပ်များကတော့ ရှိနေသေးဆဲဖြစ်သည်။

Vending Machine စက်အနားရှိ CCTV က မှတ်တမ်းတင်ထားသော ပုံရိပ်ကို အားသစ် စူးစိုက်ကြည့်၏။ ပထမနှစ်ကျောင်းသားလေးသည် သူ့အစွမ်းကိုအသုံးပြုပြီး ပစ္စည်းတစ်ခုကို အလကားယူနေသည်။ အားသစ် မျက်ခုံးများ တွန့်ချိုးလာတော့သည်။

စွမ်းအားရှင်တစ်ယောက်ဖြစ်ချင်သော်လည်း သူ ဖြစ်ချင်ရသည့်အကြောင်းက အခြားသူများကို ကာကွယ်နိုင်ဖို့နှင့် လူသားအကျိုးပြုရန်အတွက်သာ ဖြစ်ပြီး အခြားသူတို့၏ လုပ်အားကို အမြတ်ထုတ်ဖို့ အတွက်မဟုတ်။ ထို့အတွက် အအေးဗူးကို ကျသင့်ငွေမပေးဘဲ လုပ်သွားခြင်းသည် စက်ဆုတ်ဖို့ ကောင်းသည်ဟု သူခံယူထားသည်။ အအေးဗူးယူပြီး သူငယ်ချင်းဖြစ်သူနှင့် ရယ်မောစကားပြောနေသော ကောင်လေး၏ ပုံရိပ်ကို အားသစ် သေချာကြည့်၏။ မဲနယ်ရောင်ဆံပင်များနှင့်ကောင်လေး၏ မျက်နှာကို သူသေချာမှတ်ကာ...

'မင်းစောင့်ကြည့်နေလိုက်! ဘယ်လိုမျိုး မင်းကိုငါ ပညာပြမလဲဆိုတာကို' ဟု လေ့ကျင့်ရေးအဖွဲ့ ခေါင်းဆောင်ကောင်လေးသည် စိတ်တွင်း၌ကြုံးဝါးနေတော့သည်။

Zawgyi

အပိုင္း - ၁

"သား သြားေတာ့မွာလား"

"ဟုတ္... ကြၽန္ေတာ္ သြားေတာ့မယ္ ေမေမ"

ပုံမွန္အသံႏႈန္းျဖင့္ သူ႔ကိုႏႈတ္ဆက္သည့္ မိခင္ကို ေခါင္းညိတ္ျပၿပီး ႏိုင္းခ်င္းအိမ္က ထြက္လာလိုက္သည္။ ဆိုင္ကယ္ကိုယူ ဆိုင္ကယ္စီးဦးထုပ္ေဆာင္းၿပီးေနာက္ လမ္းေပၚသို႔ဆိုင္ကယ္ကိုတြန္းၿပီးတက္လာ၏။

'ေယာက်ာ္းက ေျခလွမ္းေတြပ်က္ေနၿပီ'

'သူက ဘာေတြဝတ္ထားတာလဲ'

'ဟမ္း သူ ေဖာက္ျပန္ေနတာ ငါမသိတာက်လို႔'

'အမေလး လာႂကြားလုံးထုတ္ေနတယ္'

'သူ႔သားကျဖင့္ ေအာက္လမ္းနဲ႔ႀကီးပြားေနၿပီးေတာ့မ်ား'

ေခါင္းထဲတိုးဝင္လာသည့္ အသံမ်ားေၾကာင့္ ႏိုင္းခ်င္းႏႈတ္ခမ္းတို႔ ကုတ္က်သြား၏။ Bluetooth headset ကို နားထဲထိုးထည့္ လိုက္ေတာ့မွသာ ၾကားေနရသည့္အသံတို႔သည္ တိတ္က်သြားေတာ့သည္။ လမ္းမထက္ရွိ အထက္တန္းေက်ာင္းဝတ္စုံျဖင့္ ေက်ာင္းသူႏွစ္ဦး၊ ေဈးကျပန္လာပုံရသည့္ အေဒၚႀကီးႏွစ္ေယာက္ကို တစ္ခ်က္ ေဝ့ၾကည့္ၿပီးေနာက္ ဆိုင္ကယ္ႏွင့္ထြက္လာလိုက္ေတာ့၏။

တကၠသိုလ္ေက်ာင္းစဖြင့္ေသာ အခ်ိန္သည္ ေဆာင္းဦးတြင္ျဖစ္သည္။ သိပ္မေအးေသးေသာ္လည္း ရာသီဥတုသည္ ခပ္စိမ့္စိမ့္ ျဖစ္ေနေပ၏။ မီးနီခ်ိန္ဆိုင္ကယ္ရပ္ထားရခ်ိန္တြင္ ဘာရယ္မဟုတ္ လမ္းတစ္ဖက္ရွိ အေဆာက္အဦး LED မွ ထုတ္လႊင့္ေနသည့္ သတင္းကို သူ ၾကည့္ေနလိုက္သည္။

"ယမန္ေန႔ညဦးပိုင္းအခ်ိန္တြင္ မသမာသူစြမ္းအားရွင္တစ္စုမွ မိမိတို႔၏ အစြမ္းမ်ားကို အသုံးျပဳ၍ ရတနာဆိုင္တစ္ဆိုင္ကို ေဖာက္ထြင္းခဲ့ပါတယ္..."

စြမ္းအားရွင္...။

ဆိုင္ကယ္ေပၚရွိလူငယ္ေလးသည္စိတ္ထဲတြင္ ေရ႐ြတ္သည္။

ထိုအခ်ိန္တြင္ မီးပြိဳင့္သည္ စိမ္းသြားေတာ့၏။ ဆိုင္ကယ္ႏွင့္လူငယ္ေလးသည္လည္း ကိုယ့္လမ္းကိုယ္ ဆက္ထြက္သြားေတာ့သည္။ လမ္းကူးမည့္လူတို႔သည္လည္း လမ္းကူးဖို႔ေစာင့္ရင္း သတင္းကိုနားေထာင္ ေနၾကေခ်၏။

စြမ္းအားရွင္...။ ဤကမာၻတြင္ ေယာက်ာ္း၊မိန္းမ ႏွစ္မ်ိဳးအျပင္ စြမ္းအားရွင္မ်ားႏွင့္သာမန္လူသားမ်ား ဟူ၍ရွိသည္။ စြမ္းအားရွင္မ်ားသည္ ဟိုးယခင္ကတည္းက ရွိေနေသာ္လည္း ခပ္နည္းနည္းသာ ျဖစ္ၾက၏။ လူတစ္ေထာင္တြင္ တစ္ေယာက္ေလာက္သာရွိေသာ ပမာဏတစ္ခုျဖစ္သည္။ သို႔ေသာ္ လြန္ခဲ့ေသာႏွစ္တစ္ရာက ကမာၻေပၚသို႔ ႀကီးမားသည့္ ဥကၠာခဲတစ္ခု ေႂကြက်လာခဲ့သည္။ ဥကၠာခဲေႂကြက်သည့္အခ်ိန္တြင္ တၿပိဳင္နက္ ေမြးဖြားၾကေသာ တစ္ကမာၻလုံးရွိ ကေလးငယ္မ်ားသည္ မတူညီသည့္ စြမ္းအားမ်ားျဖင့္ ေမြးဖြားလာၾက၏။ ထိုကေလးငယ္မ်ားေမြးဖြားလာသည့္ေခတ္ကို ႏိုးထျခင္းေခတ္ဟု ေခၚတြင္၏။ ထိုေခတ္သည္ ကမာၻေပၚ၌ အာဏာၿပိဳင္ဆိုင္မႈအမ်ားဆုံးေခတ္ျဖစ္ခဲ့သည္။ ကမာၻေျမတြင္ အပ်က္အစီးလည္းမ်ားျပားခဲ့သည္။

ထို႔ေနာက္တြင္ေတာ့စြမ္းအားရွင္တို႔သည္ သာမန္လူတို႔ကို ဖိႏွိပ္မႈမ်ားျပဳလုပ္လာၾကသည္။ အားနည္းသူ လူတို႔ သည္းခံႏိုင္စြမ္းကုန္ခ်ိန္တြင္ စြမ္းအားရွင္မ်ားႏွင့္သာမန္လူတစ္စုတို႔၏ တိုက္ပြဲေပၚေပါက္လာရေတာ့သည္။ စြမ္းအားရွင္အခ်င္းခ်င္း အာဏာလုသည့္ စစ္ႏွင့္ သာမန္လူမ်ားႏွင့္ပါတိုက္ခိုက္ရသည့္စစ္ ႏွစ္ဖက္ညပ္စစ္ပြဲသည္ ႏွစ္ငါးဆယ္ေက်ာ္ျဖစ္ခဲ့၏။

ကနဦးကေလးငယ္မ်ားမွ တဆင့္တဆင့္ ဖြားျမင္လာသည့္ မ်ိဳးဆက္မ်ားတြင္ စြမ္းအားရွင္မ်ား ပါေသးေသာ္လည္း စြမ္းအားရွင္ရာခိုင္ႏႈန္းသည္ ယခင္လိုမမ်ားေတာ့ေပ။ တျဖည္းျဖည္းႏွင့္ စြမ္းအားရွင္ ေမြးဖြားႏႈန္း က်ဆင္းလာေတာ့သည္မွာ ယခုအခ်ိန္ထိပင္ျဖစ္သည္။ ထိုသို႔က်ဆင္းသြားသည့္တိုင္ ယခုအခ်ိန္တြင္ စြမ္းအားရွင္မ်ား မ်ားျပားေနေသးဆဲျဖစ္သည္။ ထို႔အျပင္ စြမ္းအားမရွိသူလူစုသည္ စြမ္းအားရွင္မ်ားကို မုန္းတီးျခင္းမ်ား ရွိေနေသးသလို စြမ္းအားရွင္မ်ားသည္လည္း ဖိႏွိပ္ျခင္းမ်ားႏွင့္ မသမာသည့္ ကိစၥရပ္မ်ား ျပဳလုပ္ျခင္းမ်ားလည္း ရွိေနေသးသည္။

စြမ္းအားရွင္ေမြးဖြားႏႈန္း က်ဆင္းလာသည္ႏွင့္အမွ် စစ္ပြဲသည္ တျဖည္းျဖည္းၿငိမ္သက္လာေတာ့၏။ ေနာက္ဆုံးတြင္ေတာ့ စြမ္းအားရွင္မ်ားသည္ စစ္ေျပၿငိမ္းဖို႔အတြက္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆိုကာ သာမန္လူမ်ားႏွင့္ ယွဥ္တြဲေနထိုင္ရန္ ဆုံးျဖတ္လိုက္ၾကရ၏။ ယွဥ္တြဲေနထိုင္ဖို႔အတြက္ မည္မွ်ပင္ စာခ်ဳပ္ခ်ဳပ္ခဲ့ပါေစ မေကာင္းသည့္ လူတစ္ရပ္သည္ စြမ္းအားရွင္မ်ားတြင္ေရာ သာမန္လူမ်ားထဲတြင္ပါ ရွိေနေသးဆဲ ျဖစ္သည္။

ယွဥ္တြဲေနထိုင္ျခင္းသည္ အစပိုင္းတြင္ အနည္းငယ္ခက္ခဲေသာ္လည္း အခ်ိန္ၾကာျမင့္လာသည့္ အခ်ိန္တြင္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ျခင္း၏ ႐ုပ္လုံးသည္ေပၚလာေတာ့၏။ တျဖည္းျဖည္းျပန္လည္ နည္းပါးလာသည့္ စြမ္းအားရွင္မ်ားကို သာမန္လူတို႔သည္ ျပန္လည္ေစာင့္ၾကည့္ႏိုင္လာသည္၊ ထိန္းခ်ဳပ္ ႏိုင္လာသည္။ ဤသို႔ျဖင့္အေၾကာက္တရားသည္ သာမန္လူတို႔ထံမွ တျဖည္းျဖည္း ထြက္ခြာသြားေတာ့သည္။ ဤနည္းျဖင့္ သာမန္လူမ်ားႏွင့္စြမ္းအားရွင္မ်ား အတူေနထိုင္သည့္ ေခတ္တစ္ခုကို အားလုံးအတူတူ တည္ေဆာက္ႏိုင္လာၾက၏။ ထိုသည္က ယေန႔မ်က္ေမွာက္ေခတ္ကာလျဖစ္သည္။

လမ္းတစ္ေလွ်ာက္ရွိ ကိုယ့္အလုပ္ကိုယ္လုပ္ဖို႔ သြားေနၾကေသာ လူအုပ္ကိုၾကည့္ၿပီး ႏိုင္းခ်င္း သက္ျပင္းရႈိက္သည္။ နားၾကပ္သာမပါရင္ ဒီလူအုပ္ႀကီးက ဘယ္ေလာက္မ်ား ဆူညံေနလိုက္မလဲ။ ေက်ာင္းမဖြင့္ခင္ ရက္ပိုင္းအလိုကတည္းက အေဆာင္သို႔ အစကတည္းက သြားေနခ်င္ေသာ္လည္း မိခင္၏ အငယ္ဆုံးသားေလးကို မခြဲခ်င္စိတ္ေၾကာင့္ ေက်ာင္းရွိသည့္ ပထမဆုံးေန႔မွ ေစာေစာထြက္လာခြင့္ရခဲ့သည္။

တကၠသိုလ္... ထိုေနရာက သူ႔ကို မည္သို႔ေသာ အေတြ႕အႀကဳံကို ေပးလိမ့္မည္လဲ။ သူ ဘာေတြမ်ား ထပ္ၿပီးႀကဳံေတြ႕ ရဦးမွာလဲ။

......

"အားသစ္ေရ..."

အနက္ေရာင္ေက်ာင္းတံဆိပ္ျဖင့္ ကုတ္အက်ႌေကာ္လံေပၚတြင္ ေသြးေရာင္ေတာက္ေတာက္ ရင္ထိုးဝိုင္းတပ္ထားၿပီး ကုတ္ေထာက္ဆံပင္ငုတ္တိုကို စုစည္းေႏွာင္ထားေသာ ေျမပဲခြံေရာင္မ်က္လုံးမ်ားကို ပိုင္ဆိုင္သည့္ ေယာက်ာ္းေလးတစ္ေယာက္သည္ လွမ္းေခၚသူကို လွည့္ၾကည့္၏။ ကုတ္ေထာက္ဆံပင္ မသပ္မရပ္ေၾကာင့္ ညဥ္သိုးသိုးျဖစ္ေနသည့္တိုင္ ျဖဴဝင္းသည့္မ်က္ႏွာႏွင့္ မ်က္လုံးေတာက္ေတာက္ေလးမ်ားသည္ ပုံမွန္ရွင္းသန႔္ေသာ သူ႔အသြင္ကို မေပ်ာက္ေစခဲ့။

"အင္း ေဝၿဖိဳး ဘာျဖစ္လို႔လဲ"

"ဒါက ပထမႏွစ္ေက်ာင္းသားသစ္ေတြရဲ႕စာရင္း သူတို႔ကို ေလ့က်င့္ေရးေပးတဲ့အခ်ိန္ လူေတြကို ႀကိဳသိလို႔ရေအာင္လို႔"

အသားညိဳညိဳေထာင္ေထာင္ေမာင္းေမာင္းႏွင့္ အမ်ိဳးသားလက္ထဲက ေက်ာင္းသားစာရင္းကို ယူလိုက္ၿပီး အားသစ္ေသခ်ာ ဖတ္ၾကည့္ေနလိုက္သည္။

"ဒီႏွစ္ငါတို႔မဟာဌာနမွာ စြမ္းအားရွင္ကမ်ားသားပဲ"

အမည္စာရင္းတြင္ ခေရပြင့္သေကၤတ(*)ျပထားသည့္ အမည္မ်ားကို ၾကည့္ၿပီး အားသစ္ ေရ႐ြတ္သည္။

"အင္း တစ္ေယာက္ကေတာ့ လွ်ပ္စစ္ပစၥည္းေတြကို ထိန္းခ်ဳပ္ႏိုင္တယ္တဲ့ ေနာက္တစ္ေယာက္က စိတ္ဖတ္ႏိုင္တယ္"

ေဝၿဖိဳးသည္ အားသစ္ကို ျပန္ေျဖ၏။

"ဘာေတြစိတ္ဝင္စားစရာရွိေနတာလဲ"

ျဖဴျဖဴသြယ္သြယ္ႏွင့္ ေပါ့ေပါ့ပါးပါးေနတတ္ဟန္ရွိေသာ ေသြးေရာင္တံဆိပ္ဝိုင္းရင္ထိုးျဖင့္ ေက်ာင္းသားတစ္ေယာက္သည္ အားသစ္ပခုံးကိုဖက္ၿပီး လက္ထဲက အမည္စာရင္းကို ေက်ာ္ၾကည့္၏။

"ေဟ့ ဉာဏ္လင္း ဉာဏ္လင္း... ဒီလာဦး ပထမႏွစ္ေတြထဲ ငါတို႔ေမဂ်ာမွာတင္ စြမ္းအားရွင္ ႏွစ္ေယာက္ေတာင္ ပါတယ္"

"ဟုတ္လား"

ကင္မရာကိုင္ထားသည့္ ေက်ာင္းသားသည္ သူ႔ကိုလွမ္းေခၚသည့္ ေက်ာင္းသားကိုျပန္ေျဖရင္း အားသစ္တို႔ရွိသည့္ ဘက္သို႔ ေလွ်ာက္လာလိုက္သည္။ အားသစ္လက္ထဲက စာရင္းကိုၾကည့္ၿပီး ၿပဳံး၍...

"မဆိုးပါဘူး ႏွစ္ေယာက္ေတာင္ ပါတာပဲ မဟာဌာနတစ္ခုလုံးဆိုမ်ားသား"

ဉာဏ္လင္း ေက်ေက်နပ္နပ္ျဖင့္ ေရ႐ြတ္ေနခ်ိန္တြင္ အားသစ္ပခုံးကို ဖက္ထားသည့္ ေက်ာင္းသားသည္ ဉာဏ္လင္းကို တေတာင္ျဖင့္ လွမ္းတြတ္ကာ...

"ဘာကို မဆိုးပါဘူးလဲ ႏွစ္ေယာက္ပဲ ပါတာေလ ငါတို႔တုန္းက အမ်ားႀကီးပဲ"

"ေဟ့ငါ့ကို ရန္လုပ္မေနစမ္းနဲ႔..."

"အႀကီးေကာင္ရႈိင္းထက္လည္းေတာ္ေတာ့ အငယ္ေကာင္ ဉာဏ္လင္းလည္း ေတာ္ေတာ့ မင္းတို႔အေမ ေဒါသထြက္ေတာ့မယ္"

"ဪ... အေမႀကီးၿဖိဳးေဝရယ္ ဟုတ္ကဲ့ပါ အေမ"

ျငင္းခုန္ေနသည့္ သူငယ္ခ်င္းမ်ား၏ အသံကို လ်စ္လ်ဴရႈၿပီး အမည္စာရင္းကို ေဝၿဖိဳးထံသို႔ အားသစ္ ျပန္ေပးသည္။ ထို႔ေနာက္ သူ႔ကိုအေနာက္က ဖက္ထားသည့္ ရႈိင္းထက္အရႈိက္ကို တံေတာင္ျဖင့္ထိုးခ်ၿပီး အေရွ႕သို႔ ထြက္သြား၏။

"စြမ္းအားရွင္ ျဖစ္ျဖစ္မျဖစ္ျဖစ္ သူတို႔က ေက်ာင္းသားေတြပဲ... ဘာလို႔အေရးတယူလုပ္ေနတာလဲ"

"ေဟး မင္း စြမ္းအားရွင္ မဟုတ္တိုင္း!"

"ဉာဏ္လင္း!"

စကားေျပာလွ်င္ အေပါက္အလမ္းမတည့္တတ္သည့္ ဉာဏ္လင္းကို ေဝၿဖိဳးလွမ္းေငါက္သည္။ အသားညိဳညိဳဝဖိုင့္ဖိုင့္ျဖင့္ မ်က္မွန္တပ္ဆင္ထားေသာ ၿဖိဳးေဝလည္း ဉာဏ္လင္းကို မ်က္ေစာင္းထိုး၏။ မ်က္မွန္ေအာက္ရွိ မ်က္ေစာင္းကို ျမင္ခ်ိန္တြင္ ဉာဏ္လင္းသည္ စကားလြန္သြားၿပီဆိုသည္ကို သိလိုက္ကာ လွ်ာထုတ္ၿပီးဇက္ပုသည္။ အားသစ္ကေတာ့ သူငယ္ခ်င္းျဖစ္သူ၏ စကားကို မည္သို႔မွ်မေနသည့္ မ်က္ႏွာမ်ိဳးျဖင့္ ၾကည့္ၿပီး လက္တြင္ပတ္ထားသည့္ လက္ပတ္နာရီအမဲကို ၾကည့္၏။

"ငါတို႔အတန္းစေတာ့မယ္..."

စကားတစ္ခြန္းသာ ေရ႐ြတ္ၿပီးေနာက္ အေရွ႕က ဦးေဆာင္ၿပီး အခန္းထဲကထြက္သြားေလ၏။ က်န္ေလးေယာက္မွာေတာ့ သူ႔ေနာက္မွ ခပ္သြက္သြက္လိုက္သြားခဲ့ၾကသည္။

ပုံမွန္အရပ္သာရွိၿပီး ေျမပဲခြံေရာင္ဆံပင္ႏွင့္မ်က္လုံးမ်ားကိုပိုင္ဆိုင္သည့္ ဆံပင္ရွည္ရွည္ကို စည္းထားေသာ ေကာင္ကေလးသည္ အားသစ္ျဖစ္ၿပီးသူက ေလ့က်င့္ေရးအဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သည္။ သူ႔ကို အမွီလိုက္ေနသည့္ အသားညိဳညိဳေထာင္ေထာင္ေမာင္းေမာင္းႏွင့္ ေက်ာင္းသားကေတာ့ ေဝၿဖိဳးျဖစ္ၿပီး ကင္မရာ ကိုင္ထားေသာတ႐ုတ္မ်က္ႏွာေပါက္ႏွင့္ ေကာင္ေလးရႈိင္းထက္ႏွင့္ ပိန္ပိန္သြယ္သြယ္ သြက္သြက္လက္လက္ ရွိသည့္ ဉာဏ္လင္းတို႔ႏွင့္အတူ စကားတေျပာေျပာျဖင့္ လိုက္လာေသာ ဝဖိုင့္ဖိုင့္ညိဳတိုတိုျဖင့္ ေက်ာင္းသားသည္ ၿဖိဳးေဝျဖစ္သည္။ ေဝၿဖိဳးႏွင့္ၿဖိဳးေဝသည္ အႁမႊာျဖစ္ၾကေသာ္လည္း သူတို႔က တစ္ေယာက္ႏွင့္တစ္ေယာက္ ဘာေၾကာင့္ ကြာျခားေနမွန္း သူတို႔တစ္အုပ္စုလုံးနားမလည္။ ထိုငါးေယာက္သည္ ယခုႏွစ္၏ ေလ့က်င့္ေရး အဖြဲ႕ဝင္မ်ားျဖစ္ၾကၿပီး တတိယႏွစ္ေက်ာင္းသားမ်ား ျဖစ္ၾကသည္။

ေသြးေရာင္ရင္ထိုးဝိုင္းတံဆိပ္ တပ္ဆင္ထားသည့္ ေက်ာင္းသားတိုင္းသည္ Cross University တြင္ လူသစ္ေလ့က်င့္ေရးကို တာဝန္ယူရမည့္ ေလ့က်င့္ေရးအဖြဲ႕၏ ေက်ာင္းသားမ်ားျဖစ္ၾက၏။ ေလ့က်င့္ေရးအဖြဲ႕၏ တာဝန္သည္ ပထမႏွစ္မ်ားကို ေက်ာင္းတက္သည့္ ပထမဆုံးလတြင္ စစ္ေရးကဲ့သို႔ ျပင္းထန္သည့္ ကိုယ္ကာယ ေလ့က်င့္ေရး ေပးရသည့္တာဝန္ကို ယူၾကရသည္။ ထိုသည္က Cross University ၏ စည္းကမ္း သတ္မွတ္ခ်က္တစ္ခုျဖစ္ၿပီး ပထမႏွစ္တိုင္းသည္ မျဖစ္မေနတက္ေရာက္ၾကရသည္။ တက္ေရာက္ၾကသည့္ ပထမႏွစ္ဦးေရအလိုက္ တတိယႏွစ္မ်ားသည္လည္း အဆင့္သတ္မွတ္ခ်က္ရၾက၏။ ထို႔အတြက္ တတိယႏွစ္ မ်ားအတြက္ ေလ့က်င့္ေရးအခ်ိန္သည္ အေရးႀကီးေသာ အခ်ိန္တစ္ခုျဖစ္သည္။ တကၠသိုလ္၏ အတန္းႏွစ္ကို နက္ခ္တိုင္အေရာင္ျဖင့္ ခြဲျခားထားၿပီး ႏွစ္ႀကီးေက်ာင္းသားမ်ား၏ တာဝန္အဖြဲ႕အသီးသီးကိုေတာ့ ရင္ထိုး အေရာင္မ်ားျဖင့္ သတ္မွတ္ထားၾကသည္။ ပထမႏွစ္မ်ား၏ လည္စီးအေရာင္သည္ အစိမ္းေရာင္၊ ဒုတိယႏွစ္ မ်ား၏ လည္စီးအေရာင္သည္ အျပာေရာင္၊ တတိယႏွစ္မ်ား၏ လည္စီးအေရာင္သည္ အနီေဖ်ာ့၊ ေနာက္ဆုံးႏွစ္ (စတုတၳႏွစ္) မ်ား၏ လည္စီးအေရာင္သည္ အနက္ေရာင္ျဖစ္သည္။

ယခုေခတ္အေျခအေနသည္ ငယ္ကတည္းက စြမ္းရည္ပိုင္ဆိုင္သည့္ ေက်ာင္းသားမ်ားကို မိမိတို႔၏ ထူးျခားေသာစြမ္းရည္ ထိန္းသိမ္းႏိုင္ေအာင္ ထိန္းေက်ာင္းၿပီး အျခားသာမန္ကေလးမ်ားႏွင့္အတူသာ ပညာသင္ၾကားေစသည္။ အတူယွဥ္တြဲေနထိုင္ ရာတြင္ စြမ္းအားရွင္မ်ားကိုသာမန္လူမ်ားက နားလည္ႏိုင္ေအာင္ သာမန္လူမ်ားကိုလည္း စြမ္းအားရွင္မ်ားက နားလည္ႏိုင္ေအာင္ ကေလးငယ္မ်ားကို ငယ္စဥ္ကတည္းက အတူတကြထားကာ ပ်ိဳးေထာင္သင္ၾကားေပးခဲ့ၾကသည္။

ထို႔ေၾကာင့္ ေနာက္ပိုင္းတြင္ စြမ္းအားရွင္ကေလးမ်ားႏွင့္ သာမန္ကေလးမ်ားသည္ ကြဲျပားမႈမရွိေတာ့။ မတူညီျခင္းကို လူတို႔သည္ မေၾကာက္လန႔္ေတာ့။ သို႔ေသာ္ သတိထားထိန္းခ်ဳပ္ျခင္းကေတာ့ ရွိေနၿမဲျဖစ္သည္။ လူတို႔သည္ ျခားနားျခင္းကို ေၾကာက္ေနေသးဆဲျဖစ္သည္။

အားသစ္သည္ တတိယႏွစ္ေဆးေက်ာင္းသားတစ္ဦးျဖစ္ၿပီး ပထမႏွစ္မ်ားကို ေလ့က်င့္ေရးေပးရမည့္ ေလ့က်င့္ေရးအဖြဲ႕တြင္ ပါဝင္သူျဖစ္သည္။ ထို႔အျပင္ သူသည္ ေဆးပညာမဟာဌာန၏ တတိယႏွစ္ကိုယ္စားျပဳ ေက်ာင္းသားျဖစ္ၿပီး ေလ့က်င့္ေရးအဖြဲ႕၏ ေခါင္းေဆာင္လည္းျဖစ္ေသး၏။ ေလ့က်င့္ေရးအဖြဲ႕မ်ားကို စြမ္းအားရွင္ အမ်ားစုႏွင့္ဖြဲ႕စည္းထားသည္။ သာမန္ေက်ာင္းသားမ်ားသည္ ႐ိုး႐ိုးသာမန္ ေဆးဘက္ဆိုင္ရာအသင္းအဖြဲ႕ တြင္သာရွိၿပီး စြမ္းအားရွင္ေက်ာင္းသားမ်ားရွိေနသည့္တိုင္ ထိုေက်ာင္းသားမ်ားကို ေက်ာ္ၿပီး ေလ့က်င့္ေရးအဖြဲ႕ ေခါင္းေဆာင္ျဖစ္သည့္ အားသစ္ကို အခ်ိဳ႕သည္မေက်နပ္ၾက။ အားသစ္ကသာမန္လူတစ္ေယာက္ မဟုတ္ပါလား။ မည္သည့္စြမ္းအားမွမရွိသည့္ သာမန္လူတစ္ေယာက္၏ အုပ္ခ်ဳပ္မႈကိုမေက်နပ္သည့္ စြမ္းအားရွင္အေျမာက္အျမား ရွိေသာ္လည္း Cross University တြင္ စည္းမ်ဥ္းစည္းကမ္းႏွင့္ အုပ္ခ်ဳပ္သူတာဝန္ေပးအပ္ေသာ ေခါင္းေဆာင္မ်ား၏ အာဏာက အလုံးစုံျဖစ္သည္မို႔ မည္သူမွ် ေစာဒက မတက္ရဲၾက။

"အားသစ္... စိတ္မေကာင္းမျဖစ္ေနနဲ႔ ဉာဏ္လင္းက အေျပာအဆိုမတတ္တာ မင္းလည္း သိတာပဲ"

"ငါဘာမွမျဖစ္ပါဘူး"

သူ႔ေနာက္က အမွီလိုက္ေျပာသည့္ ေဝၿဖိဳးကိုအားသစ္ ျပန္ေျပာသည္။ သူ႔ကို ထပ္ႏွစ္သိမ့္ေပးခ်င္ ေသာ္လည္း စိတ္အေႏွာင့္အယွက္ျဖစ္သြားမည္ စိုးကာ ၿငိမ္လိုက္သည့္ ေဝၿဖိဳးကို ၾကည့္ၿပီး အားသစ္ ရယ္၏။

"တကယ္ေျပာတာ စြမ္းအားရွိတာ မရွိတာက ဘာထူးျခားလို႔လဲ အကုန္လုံးက အတူတူပဲကို ဉာဏ္လင္းကလည္း ငါတို႔ သူငယ္ခ်င္းပဲဟာ"

'တကယ္ေတာ့ ငါလည္းမင္းတို႔နဲ႔တူခ်င္တယ္...'

ဆိုင္ကယ္တစ္စီးသည္ သူတို႔အနီးမွ ျဖတ္သြားခဲ့သည္။ မ်က္ႏွာတစ္ခုလုံးအလုံဖုံးထားသည့္ ဆိုင္ကယ္စီးဦးထုပ္ေဆာင္း ထားသည့္ ေက်ာင္းသားကို အားသစ္ႏွင့္ၿဖိဳးေဝ သတိမထားမိခဲ့။ ဆိုင္ကယ္သည္ ပလက္ေဖာင္းေပၚတြင္ေလွ်ာက္ေနသည့္ ေက်ာင္းသားႏွစ္ဦးကို ေက်ာ္ျဖတ္ၿပီးေနာက္ အေနာက္က ေက်ာင္းသားသုံးေယာက္ကို ဆက္၍ေက်ာ္ျဖတ္သြားသည္။ ထိုေက်ာင္းသားမ်ားႏွင့္ ခပ္လွမ္းလွမ္းတြင္ ဆိုင္ကယ္သည္ရပ္သြား၏။ ဆိုင္ကယ္ေမာင္းလာသူသည္ ဦးထုပ္ခြၽတ္ကာ အေနာက္သို႔လွမ္းၾကည့္သည္။ ဆိုင္ကယ္ရပ္လိုက္သည့္ ေက်ာင္းသား၏ မ်က္ႏွာသည္ တစ္ခုခုကို စဥ္းစားေနပုံျဖင့္ ေလးနက္ေနခဲ့သည္။

ငါ့နားၾကပ္ကေၾကာင္ေနတာလား...။

ဆိုင္ကယ္ကိုရပ္ထားသည့္ေက်ာင္းသားေလးသည္ အေနာက္သို႔လွည့္ၾကည့္၏။ ထို႔ေနာက္ ဘာသာသြားလာ ေနၾကသည့္ အျခားေက်ာင္းသားမ်ားကို လွမ္းၾကည့္သည္။ သူ႔ကမာၻသည္ တိတ္ဆိတ္ ေနေသးဆဲ။

နားၾကပ္က အေကာင္းပဲ ဒါေပမဲ့ ငါတစ္ေယာက္ေယာက္အေတြးကို ၾကားလိုက္တာေသခ်ာပါတယ္။

ဆိုင္ကယ္ဦးထုပ္ကိုင္ထားေသာ မ်က္မွန္ျဖင့္ ေက်ာင္းသားသည္ နားမလည္စြာေတြးေနခဲ့သည္။

"ႏိုင္းခ်င္း! မင္း ဘာလုပ္ေနတာလဲ!"

ခပ္ေရးေရးသာ ျမင္ႏိုင္ေတာ့ေသာ အတန္းႀကီးေက်ာင္းသားမ်ား၏ေက်ာကို လိုက္ၾကည့္ေနခ်ိန္တြင္ သူ႔အခ်စ္ဆုံး သူငယ္ခ်င္းသည္ ေရာက္လာေတာ့၏။

"ေက်ာင္းကို မင္းအေစာႀကီးေရာက္ေနတာလား"

အသားျဖဴျဖဴေတာင့္တင္းေသာ ခႏၶာကိုယ္ရွိေသာ္လည္း ကေလးမ်က္ႏွာႏွင့္ ေက်ာင္းသားကို ႏိုင္းခ်င္း ေမးသည္။

"အင္း ဒီေန႔ေက်ာင္းကို အေစာႀကီးလာေနတာ ေက်ာင္းအျပန္ေတာ့ မင္း အေဆာင္ကိုပဲ ျပန္မွာမဟုတ္လား"

"အင္း..."

သူ႔ဆိုင္ကယ္ေနာက္သို႔ တက္လိုက္သည့္ သူငယ္ခ်င္းကို ျပန္ေျဖရင္း ႏိုင္းခ်င္း ဆိုင္ကယ္စက္ႏႈိးသည္။

"ဒါနဲ႔ ခုနက မင္းႀကဳံလာတာက ငါတို႔သိထားတဲ့ လူေတြလား"

"က်ိန္းေသတာေပါ့"

"ဪ..."

"သြားမယ္ေလ ငါလည္းလမ္းမေလွ်ာက္ခ်င္ေတာ့ဘူး မင္းဆိုင္ကယ္ေနာက္ကပဲ လိုက္ေတာ့မယ္"

ထိုသို႔ျဖင့္ ႏိုင္းခ်င္း ဆိုင္ကယ္ႏွင့္ခန႔္ညီၫႊန္ျပေသာ ေက်ာင္းေဆာင္ဘက္သို႔ ဆက္ထြက္လာလိုက္၏။ သူ႔အေတြးထဲတြင္ ျဖတ္သန္းလာသည့္ အခ်ိန္တုန္းက ၾကားလိုက္ရသည့္ စကားတစ္ခြန္းေတာ့ ရွိေနေသးဆဲ ျဖစ္သည္။

'တကယ္ေတာ့ ငါလည္းမင္းတို႔နဲ႔တူခ်င္တယ္...'

ျဖတ္သြားသည့္ ေက်ာင္းသားမ်ားသည္ ပထမႏွစ္မ်ားကို ေက်ာင္းႏွင့္အကြၽမ္းတဝင္ရွိေစရန္ ေလ့က်င့္ေပးရမည့္ ေလ့က်င့္ေရးအဖြဲ႕ဝင္မ်ားျဖစ္ေလာက္သည္။ အခ်ိဳ႕တြင္ အနီေရာင္ရင္ထိုးမ်ားပါသည္ကို သူျမင္လိုက္ရသည္။ မျမင္လိုက္ရေသာ္လည္း အေနာက္က ေက်ာင္းသားမ်ားလည္း ေလ့က်င့္ေရးအဖြဲ႕ဝင္မ်ား ျဖစ္ေလာက္၏။ မည္သို႔ပင္ဆိုေစ လည္စီးအေရာင္အရေတာ့ ထိုေက်ာင္းသားမ်ားသည္ တတိယႏွစ္မ်ားေပ။

ေလ့က်င့္ေရးအဖြဲ႕ကို စြမ္းအားရွင္မ်ားျဖင့္သာ ဖြဲ႕စည္းထားမည္ဟု သူ ေတြးျဖစ္၏။ သို႔ေသာ္ ၾကားလိုက္ရသည့္ အေတြးသံအရဆိုလွ်င္-

စြမ္းအားရွင္ မဟုတ္ေသာ လူမ်ားလည္း ရွိေနေသးသည္ေပါ့။

ဒါကစိတ္ေတာ့စိတ္ဝင္စားစရာပဲ။ ႏိုင္းခ်င္းေတြး၏။

"ႏိုင္းခ်င္း..."

"အင္း..."

ကိုယ့္အေတြးႏွင့္ကိုယ္ ဆိုင္ကယ္ရပ္ရမည့္ေနရာတြင္ ဆိုင္ကယ္ရပ္ၿပီးေနာက္ ပထမႏွစ္အတန္းရွိရာ ဘက္သို႔ ခန႔္ညီႏွင့္အတူ ေလွ်ာက္လာလိုက္၏။

"ငါတို႔ရဲ႕အခ်က္အလက္ေတြကို ေက်ာင္းက သူတို႔ေတြဆီမွာေပးထားေလာက္လား"

ခန႔္ညီစကားကို တစ္ခ်က္စဥ္းစားၿပီးေနာက္ ႏိုင္းခ်င္း ျပန္ေျဖသည္။

"ေပးထားေလာက္မွာေပါ့ ေလ့က်င့္ေရးအဖြဲ႕က ငါတို႔အေၾကာင္းသိထားမယ္ထင္တာပဲ"

"အင္း... ဒါနဲ႔မင္းကို ဒီေဆးနဲ႔သက္ဆိုင္တဲ့ေမဂ်ာကိုယူမယ္မထင္ခဲ့ဘူး"

"အင္း... ဒီလိုပါပဲ"

သူဘာေၾကာင့္ ယခုေမဂ်ာယူသည့္အေၾကာင္းကို ႏိုင္းခ်င္း အေထြအထူးျပန္မေျဖေနေတာ့။ အတူတူ ေလွ်ာက္လာၾကရင္းႏွင့္ Vending Machine နားသို႔ေရာက္လာခဲ့ၾကသည္။ ႏိုင္းခ်င္းသည္ အေႂကြေစ့ထုတ္ကာ အေအးတစ္ဘူးဝယ္ရန္ျပင္၏။ အေႂကြေစ့မထည့္ရေသးခင္တြင္ ခန႔္ညီ၏လက္ႏွင့္ စက္ကမေတာ္တဆထိမိ သြားေတာ့သည္။ အေႂကြေစ့ထည့္ဖို႔အတြက္ စက္ကိုကိုင္ထားသည့္ ႏိုင္းခ်င္းသည္ ခ်က္ခ်င္းအေနာက္သို႔ ခုန္ဆုတ္သြားေသာ ခန႔္ညီကို မ်က္လုံးျပဴး ၾကည့္၏။

အေႂကြေစ့မလိုဘဲ ေဒါက္ခနဲက်လာသည့္ အေအးဘူးသံေၾကာင့္ ႏိုင္းခ်င္းမ်က္ခုံးမ်ား တြန႔္ခ်ိဳးသြားရ ေတာ့သည္။ စက္၏ အေပၚနားတြင္ တက္ထားသည့္ CCTV ကို သူ ေမာ့ၾကည့္၏။

"မင္းကေတာ့ ငါ့ကိုအေႂကြးတင္ေနၿပီ"

စက္ကိုထိလိုက္သူ ခန႔္ညီမွာေတာ့ ေခ်ာင္ထဲေရာက္ေနသည္မို႔ ေစာင့္ၾကည့္ကင္မရာသည္ မွတ္တမ္း မတင္ႏိုင္ခဲ့။ က်ိန္းေသေပါက္ခန႔္ညီ၏ ဘယ္ေတာ့မွ ကိုယ့္စြမ္းရည္ကိုကိုယ္ ထိန္းခ်ဳပ္မထားသည့္ လက္ေၾကာင့္ ယခုေတာ့ သူ႔မွာ တရားခံျဖစ္ရေတာ့မည္။

"ဟီးဟီး မေတာ္တဆပါ... ငါေမ့သြားလို႔ဟီးဟီး"

သူ႔ကိုေသတြင္းတူးေပး ကြၽမ္းက်င္လြန္းေသာ သူငယ္ခ်င္းကို ျပန္ေျပာမေနေတာ့ဘဲ အေအးဘူးကို ေကာက္ေဖာက္ၿပီးေနာက္ ခန႔္ညီႏွင့္အတူႏိုင္းခ်င္း အတန္းဘက္သို႔သာ ထြက္လာလိုက္၏။ ထိုမွတ္တမ္းသည္ သူ႔အတြက္ အထင္လြဲစရာတစ္ခုျဖစ္လာလိမ့္မည္ဆိုသည္ကို ႏိုင္းခ်င္း မသိခဲ့။

......

ေန႔ခင္းအတန္းလႊတ္ခ်ိန္မို႔ အားသစ္တစ္ေယာက္ သူငယ္ခ်င္းမ်ားႏွင့္ ေန႔လည္စာစားရန္ ကန္တင္းဆီသို႔ ဦးတည္လိုက္ၾကသည္။ ထိုအခ်ိန္တြင္ တတိယႏွစ္ေက်ာင္းသားတစ္ေယာက္သည္ သူ႔ကို လွမ္းေခၚေလ၏။

"ေဟ့ အားသစ္"

"ဟုတ္ကဲ့..."

မရင္းႏွီးသည့္သူမ်ားႏွင့္ဆိုလွ်င္ ႏွစ္တူသည့္မိတ္ေဆြမ်ားပင္ ျဖစ္ေနပါေစ အားသစ္သည္ ရည္မြန္ ႐ိုက်ိဳးသည့္ ေကာင္ေလးတစ္ဦးျဖစ္သည္။ ထိုသို႔ ရည္မြန္သည့္အားသစ္ကို ႏွစ္တူသူငယ္ခ်င္းအေတာ္ မ်ားမ်ားက စေနာက္ေလ့ရွိၾက၏။ စြမ္းအားရွင္မဟုတ္ဘဲ ေလ့က်င့္ေရးအဖြဲ႕ေခါင္းေဆာင္ျဖစ္ေနေသာ္လည္း တတိယႏွစ္တြင္ အားသစ္သည္ လူခ်စ္လူခင္မ်ားေသာ ေကာင္ကေလးတစ္ေယာက္ျဖစ္သည္က အမွန္ပင္။

"မင္းတို႔ကို ဆရာေခၚေနတယ္"

"ငါတို႔ကိုလား"

စိတ္ညစ္သြားသည့္ အားသစ္မ်က္ႏွာေလးကိုၾကည့္ၿပီး ေခၚေပးသည့္ေက်ာင္းသားသည္ ရယ္ခ်င္ေန ေတာ့သည္။ အားသစ္က အလုပ္ရႈပ္ရျခင္းေတြကို သေဘာမက်ဘူးဆိုတာကို သူတို႔ အသိဆုံး မဟုတ္ပါလား။

"အင္း..."

ထိုသို႔ျဖင့္ ၾကက္ေသြးေရာင္ရင္ထိုးမ်ားျဖင့္ ေက်ာင္းသားေလးငါးေယာက္သည္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။ ထို႔ေနာက္ ေလးကန္သည့္ ေျခလွမ္းမ်ားျဖင့္ သူတို႔ကိုေခၚသည့္ ဆရာထံသို႔ သြားရေလေတာ့၏။

'ငါေန႔လည္စာ မစားရေတာ့ဘူးလား!'

အေခၚလႊတ္ေသာ ဆရာအခန္းထဲသို႔ သူတို႔ဝင္မည့္အခ်ိန္တြင္ အခန္းထဲမွ ေက်ာင္းသားေလး ႏွစ္ေယာက္ထြက္လာခဲ့သည္။ ပထမႏွစ္ေက်ာင္းသားႏွစ္ေယာက္ကို တတိယႏွစ္ေက်ာင္းသားမ်ားသည္ သတိ မထားမိခဲ့။

'ငါ့ရဲ႕ေန႔လည္စာေလး ေနာက္က်ေတာ့မယ္... ၿပီးေတာ့ ဆရာက ငါ့ကို ဘာေတြလာၿပီး ခိုင္းဦးမွာလဲ'

တတိယႏွစ္မ်ားအခန္းထဲသို႔ ဝင္သြားၿပီး တံခါးပိတ္လိုက္ၾကခ်ိန္တြင္ အခန္းထဲက ထြက္လာၾကသည့္ ပထမႏွစ္ေက်ာင္းသားႏွစ္ေယာက္အနက္ တစ္ေယာက္သည္ အေနာက္သို႔ ျပန္လွည့္ၾကည့္သည္။

"ႏိုင္းခ်င္း ဘာျဖစ္လို႔လဲ"

"ဟင့္အင္း... ဘာမွမျဖစ္ပါဘူး ေနာက္တစ္ေခါက္က်ရင္ မင္းသတိထားေနေတာ့"

"အင္းပါ..."

မိမိအမွားေၾကာင့္ ေခၚေတြ႕သတိေပးခံရေသာ္လည္း ေခါင္းခံလိုက္သူက ႏိုင္းခ်င္းျဖစ္သည္မို႔ ခန႔္ညီ မ်က္ႏွာငယ္ေလးႏွင့္ ေခါင္းညိတ္ျပသည္။ အမွန္ပင္မေတာ္တဆျဖစ္သည့္ ကိစၥရပ္တစ္ခုျဖစ္ေသာ္လည္း သူက လူေၾကာက္တတ္သူမို႔ ႏိုင္းခ်င္းသည္ ဆရာ့ေရွ႕တြင္ သူ႔အစားဝန္ခံေတာင္းပန္ေပးခဲ့သည္။

'ေနာက္သတိထားလိုက္ပါမယ္ခင္ဗ်' 'ေနာက္မျဖစ္ေစရပါဘူးခင္ဗ်' ဟူေသာ ဝန္ခံေတာင္းပန္ျခင္းမ်ားသည္ ျပဳလုပ္သူက ႏိုင္းခ်င္းမဟုတ္သည့္တိုင္ ႏိုင္းခ်င္းဟု အထင္လြဲမွားသြားစရာရွိသည္။

"ကိစၥမရွိဘူး စိတ္ထဲထားမေနနဲ႔..."

ခန႔္ညီ စိတ္သက္သာသြားေစရန္ ႏိုင္းခ်င္း ျပန္ေျပာ၏။

"ဒါကအခ်ိန္တန္ရင္ ၿပီးသြားလိမ့္မယ္"

အလြန္ပင္ စိတ္သေဘာထားျပည့္ဝသူတစ္ေယာက္၏ ဟန္မ်ိဳးျဖင့္ ပထမႏွစ္ေကာင္ကေလးသည္ သူ႔သူငယ္ခ်င္းကို ႏွစ္သိမ့္၏။ သူ႔သူငယ္ခ်င္းကေတာ့ ထိုသို႔ကူညီလိုက္ရျခင္းအတြက္ ေကာင္းေကာင္းႀကီး ျပန္အခိုင္းခံရမည္ဆိုသည္ကို သိေနခဲ့သည္။ ႏိုင္းခ်င္းက စိတ္သေဘာထားျပည့္ဝၿပီး တစ္ဖက္သားကို အေၾကာင္းမဲ့ကူညီတတ္သည့္ ေကာင္ကေလး မဟုတ္ဘူးဆိုသည္ကို ငယ္ကတည္းက ေပါင္းလာသည့္ သူ အသိဆုံးမဟုတ္ပါလား။

ဆရာ့အခန္းအတြင္းရွိ တတိယႏွစ္မ်ားမွာေတာ့

သူတို႔ကို ယခုေခၚရသည့္အေၾကာင္းရင္းသည္ သူတို႔ေမဂ်ာပထမႏွစ္ထဲရွိ ႏွစ္ေယာက္တည္းေသာ စြမ္းအားရွင္မ်ားအနက္ တစ္ေယာက္သည္ အစြမ္းကို အသုံးျပဳလိုက္ျခင္းေၾကာင့္ျဖစ္သည္။ စြမ္းအားရွင္မ်ားႏွင့္ သာမန္ေက်ာင္းသားမ်ားကို အတူတကြ ယွဥ္တြဲေနထိုင္ႏိုင္ရန္အတြက္ အစိုးရသည္ စြမ္းအားရွင္မ်ားအား မိမိတို႔၏အစြမ္းကို ေန႔စဥ္ကိစၥရပ္မ်ားတြင္ ထုတ္မသုံးရန္ တားျမစ္ထား၏။ သို႔ေသာ္လစ္လွ်င္လစ္သလို ခိုးသုံးတတ္သည့္ ကေလးငယ္မ်ားလည္း ရွိေနေသးသည္မို႔ စည္းကမ္းခ်ိဳးေဖာက္သည့္ ကိစၥရပ္မ်ားကေတာ့ ရွိေနေသးဆဲျဖစ္သည္။

Vending Machine စက္အနားရွိ CCTV က မွတ္တမ္းတင္ထားေသာ ပုံရိပ္ကို အားသစ္ စူးစိုက္ၾကည့္၏။ ပထမႏွစ္ေက်ာင္းသားေလးသည္ သူ႔အစြမ္းကိုအသုံးျပဳၿပီး ပစၥည္းတစ္ခုကို အလကားယူေနသည္။ အားသစ္ မ်က္ခုံးမ်ား တြန႔္ခ်ိဳးလာေတာ့သည္။

စြမ္းအားရွင္တစ္ေယာက္ျဖစ္ခ်င္ေသာ္လည္း သူ ျဖစ္ခ်င္ရသည့္အေၾကာင္းက အျခားသူမ်ားကို ကာကြယ္ႏိုင္ဖို႔ႏွင့္ လူသားအက်ိဳးျပဳရန္အတြက္သာ ျဖစ္ၿပီး အျခားသူတို႔၏ လုပ္အားကို အျမတ္ထုတ္ဖို႔ အတြက္မဟုတ္။ ထို႔အတြက္ အေအးဗူးကို က်သင့္ေငြမေပးဘဲ လုပ္သြားျခင္းသည္ စက္ဆုတ္ဖို႔ ေကာင္းသည္ဟု သူခံယူထားသည္။ အေအးဗူးယူၿပီး သူငယ္ခ်င္းျဖစ္သူႏွင့္ ရယ္ေမာစကားေျပာေနေသာ ေကာင္ေလး၏ ပုံရိပ္ကို အားသစ္ ေသခ်ာၾကည့္၏။ မဲနယ္ေရာင္ဆံပင္မ်ားႏွင့္ေကာင္ေလး၏ မ်က္ႏွာကို သူေသခ်ာမွတ္ကာ...

'မင္းေစာင့္ၾကည့္ေနလိုက္! ဘယ္လိုမ်ိဳး မင္းကိုငါ ပညာျပမလဲဆိုတာကို' ဟု ေလ့က်င့္ေရးအဖြဲ႕ ေခါင္းေဆာင္ေကာင္ေလးသည္ စိတ္တြင္း၌ႀကဳံးဝါးေနေတာ့သည္။

Continue Reading

You'll Also Like

630K 5.3K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
568K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
76.4K 7.4K 82
Fangirlတစ်ယောက်ရဲ့ feeling တွေပေါ့။ မတောက်တခေါက် လွမ်းပြ ဆွေးပြမယ် (တစ်ခါတရံ) သူတို့ မသိအောင် ဒေါသထွက်ပြ ပေါက်ကွဲပြမယ် Fangirlတစ္ေယာက္ရဲ႕ feeling ေတြ...
28.1K 2.9K 22
ဆက္ဆြဲထားသင့္လား လြတ္လပ္ခြင့္ေပးသင့္လား Cover by @AkariXing Baeksoo(Yaoi)