နေရောင်ခြည်ဖျော့ဖျော့က မျက်လုံးပေါ်သို့
ဟိုတစ်စဒီတစ်စ ကျရောက်လာသဖြင့်
Taehyung သည် စပ်ဖျင်းရီဝေနေသော မျက်လုံးနှစ်လုံးကိုအကြမ်းပတမ်းပွတ်လိုက်ကာ
ကုတင်ပေါ်သို့ ထထိုင်ရန်ပြင်တော့ လူက
တစ်ချက် မိုက်ခနဲဖြစ်ကာ အိပ်ရာပေါ်သို့ပြန်လဲကျ သွားလေသည်
"အား မူးလိုက်တာကွာ"
အနည်းငယ် ကိုက်ခဲနေသော နားထင်နားကို
လက်မဖြင့် ခပ်ကြမ်းကြမ်းနှိပ်နယ်လိုက်ရင်း
ကုတင်ပေါ်မှ ဖြည်းဖြည်းချင်းဆင်း ၊ မတ်တပ်ရပ်လိုက် ကာ အိမ်အောက်ထက်သို့ ဆင်းလာလိုက်၏
နားထင်နှစ်ဖက်ကိုသာ အတင်းဖိနှိပ် လျက်
မှတ်ဉာဏ်တွေကိုလည်း မရရအောင်စုစည်းလိုက်ပြီး မနေ့ညက အဖြစ်အပျက်မှန်သမျှကို
စဉ်းစားသော်လည်း တောင်စဉ်ရေရာမရဆိုသလိုဝိုးတိုးဝါးတားပေ
"မနေ့ကထိ အမူးလွန်နေတာ ဒီနေ့ထိ မပြေသေးတဲ့ ပုံပဲ "
ထမင်းစားခန်းသို့သွား၍ မေမေ့၏ အသံကိုကြား သောအခါ မျက်နှာသစ်ပြီးသော်လည်း မပွင့်တစ်ပွင့်ဖြစ် နေသော မျက်လုံးနှစ်ဖက်ကို အတင်း ပြူးပြဲဖွင့်ပြီး ကြည့်လိုက်လေသည်
မေမေ့ကို မြင်တော့ အရမ်းကိုသိချင်လွန်းလှသည့် မေးခွန်းကိုပါ တစ်ပြိုင်နက်တည်းဆိုသလို မေးရင်း
"မေမေ ကျတော် မနေ့က အိမ်ကို ဘယ်လိုပြန်ရောက်လာတာလဲ"
ယခုအသက်အရွယ်ထိ ကျတော့်ကို အရိပ်
တကြည့်ကြည့်ဖြင့် ဂရုစိုက်တတ်သော မေမေ
သည် ယခုလည်း အမူးပြေ ပဲပင်ပေါက်ဟင်းရည်တစ်ခွက်ကို စားပွဲပေါ်သို့တင်ပေးလိုက်ပြီး
"မနေ့က ညည့်နက်ထိ ဘယ်တွေ အလေလိုက် နေပြီး မူးရူးနေခဲ့မှန်းမှမသိတာ အန်ဖတ်တောင်စို့လာခဲ့ရတယ်ဆိုတော့..."
"ဗျာ...ဗျာ"
"Jungkook နဲ့ Jimin က မင်းခန္ဓာကိုယ်အလေးကြီးကို နှစ်ယောက်တွဲပြီးမှ အိမ်ထိ လေးဘက်ထောက်ပြန်လာနိုင်တာ မြင်လို့တောင် မကောင်းဘူး"
မေမေ့ရဲ့ ဆူပူကြိမ်းမောင်းမှုကိုကြားပြီး
ကျတော့်စိတ်ထဲ အမှန်တကယ်အပြစ်ရှိသူ
တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်
ဒီ့ထက်လည်း ကျတော်ပိုပြီး အဆူခံထိသင့်ပါတယ်လေ
"ကျတော် တကယ်...တကယ်ပဲ တောင်းပန်ပါတယ် မေမေ"
မေမေ သည် ကျတော့်၏ မျက်နှာကို တစ်ချက်
မကြည့်ပဲ ဘေစင်က ပန်းကန်တွေကိုသာ
ဆေးနေခဲ့သည် ၊ မနေ့က ကိစ္စ နှင့် ပတ်သတ်ပြီးကျတော့်ကို အလွန်စိတ်ဆိုးနေပုံပေါ်၏
"ငါ့ကို မတောင်းပန်နဲ့ Taehyung
မင်းတောင်းပန်သင့်တာ Hoseok ပဲ ! "
Hoseok ဟူသော အမည်နာမကိုကြားမှ
ကျတော့် သွေးတွေပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်သည်
တကယ်သွားပြီ! မနေ့က Hoseok မွေးနေ့မှာ သူ့
ကို စိတ်ကျေနပ်တဲ့အထိတောင်းပန်ရင်း
အရင်လိုအခြေအနေပြန်ရအောင် ကြိုးစားမယ်ဆိုပြီး တစ်ယောက်တည်း Plan တွေ အထပ်ထပ်
ချနေခဲ့လိုက်ရတာ
နောက်ပြီး သူ့အတွက် ၀ယ်လာခဲ့တဲ့ Cake ကော ဘယ်မှာကျန်နေခဲ့တာလဲ ၊ သူ့မွေးနေ့ကိုပျက်ကွပ်ခဲ့တဲ့ ငါ့အပေါ် ဘယ်လောက်တောင်
ပိုပြီး စိတ်ပျက်....ဟာကွာ !!!
Taehyung သည် ချက်ချင်းပင်
Hoseok ဟူသော လူသားငယ်အပေါ်
အားနာစိတ်များကြီးစိုးလာပြီး တောင်းပန်ချင်သည့် စိတ်တို့သာ ခေါင်းထဲမှာ ပြွတ်သိပ်လျက်
လက်တို့လည်း တုန်ရီလျက်ရှိပြီး
စကားတောင် ဖြောင့်အောင်မပြောနိုင်ခဲ့တော့ပင်
ရုတ်ချည်းဆိုသလို မျက်ရည်များသည်လည်း
ချက်ချင်းဝဲတက်လာခဲ့တော့၏
"မေမေ..ဟို.. Hoseok ကော သူအခု ဘယ်သွားနေတာလဲ အလုပ်မှာ.. ထုံစံအတိုင်း အလုပ်မှာ မဟုတ်လား မေမေ"
မေမေ သည် ဒေါသထွက်နေသော မျက်၀န်း
အစုံတို့ဖြင့် ကျတော့်ကို စူးစိုက်ကြည့်လိုက်ပြီး
"အခုမှ လာမေးမနေနဲ့ သူထွက်သွားပြီ!!"
Taehyung သည် ပါးပြင်ပေါ်တွင် မျက်ရည်
များကျဆင်းလာတာကို သတိထားမိတော့ လက်ခုံနှင့် ချက်ချင်းသုတ်ပစ်လိုက်ရင်း
"သူက ဘယ်...ဘယ်ကို ထွက်သွားတာလဲ မေမေ"
"ဆွန်းဟွာ ဆီသွားတယ် ၊ မင်း သူ့ဆီလိုက်သွားဖို့
မကြိုးစားပါနဲ့ Taehyung
ကလေး သူ့အမေ ဆီမှာ ပျော်သလောက်နေပါစေ
မင်းကြောင့် သူစိတ်ညစ်နေရတာ ဘယ်နှကြိမ်ရှိနေပြီလဲ
အခု သူ့ကို ခဏလောက်လွှတ်ပေးထားလိုက်စမ်းပါ Taehyung ရယ်
ငါ အနူးအညွတ်တောင်းပန်ပါတယ်"
ပြောရင်းဆိုရင်းနှင့် မျက်ရည်များဝဲတက်လာသော Mrs.Sue သည် Taehyung နှင့်
မျက်နှာချင်းဆိုင် စကားပြောနေရာမှ တစ်ဖက်သို့ ချက်ချင်းလှည့်ပစ်လိုက်ပြီး မျက်ရည်စများကို မသိမသာ သုတ်ပစ်နေတော့သည်
"မဟုတ်...မဟုတ်ဘူး မေမေ
ကျတော် သူ့ဆီကို ခုချက်ချင်း လိုက်သွားမှာ
ကျတော်မှားခဲ့တာတွေ အခုသိပြီမလို့
သူ့ကိုတောင်းပန်ရအုံးမယ် မနေ့ကတည်းက
ဟိုဆော့ ကိုတောင်းပန်ဖို့ ကျတော် စဉ်းစားထား..."
"မင်းဘယ်လိုပဲလုပ်လုပ်ပါ ငါက မိဘတစ်ယောက်အနေနဲ့ မင်းတို့နှစ်ယောက်ကြားထဲ
သိပ်ပြီး ၀င်ပါဖို့မသင့်ဘူး
ဒါပေမယ့် နောင်လည်း ကလေးကိုဆက်ပြီးစိတ်ဒုက္ခ ပေးမယ်လို့ စဉ်းစားထားတယ် ဆိုရင်တော့ အခုကတည်းက သူ့ကို လက်လွှတ်ပေးလိုက်တာပိုကောင်းမယ်"
Taehyung သည် Mrs.Sue ပြောသောစကားများမှာ အမှန်တရားဟု သိသော်ငြား
လုံး၀လက်မခံ စပ်စပ်ထိမခံသော ကလေးတစ်ယောက် ပုံစံဖြင့် ဆက်တိုက်ဆိုသလို ငြင်းနေခဲ့၏
"မေမေ..မေမေ ရာ... ဘာဖြစ်လို့ ဟိုဆော့ကို လက်လွှတ်ခိုင်းနေရတာလဲ
ကျတော်.... ကျတော်က သူ့ကို သိပ်ပြီး
ချစ်တာ !!!"
"အမေတစ် ယောက်အနေနဲ့တောင် ဟိုဆော့ အပေါ်မှာထားတဲ့ မင်းရဲ့ နေ့ချင်းညချင်းပြောင်းလဲမှုတွေကြည့်ပြီး ငါအရမ်း အံ့အားသင့်ရတယ် ထယ်ယောင်း
အခု ငါက မင်းရဲ့ စကားကို ယုံသင့်လား မယုံသင့်လား ၊ ဟိုဆော့ ဆိုရင်ကော ယုံမှာတဲ့လား .."
Mrs.Sue ၏ စကားကြောင့် မရရအောင်ထိန်းထားသည့် သစ္စာမရှိသော မျက်ရည်တို့သည်
ပါးပြင်ပေါ်သို့ ဒုတိယမ္မီအကြိမ့် အလှိမ့်လှိမ့်စီးဆင်းပြန်သည်
Mrs.Sue ပြောသည့်စကားတို့ကို လက်မခံနိုင်သည့် အရူးတစ်ယောက်သဖွယ် ဇွတ်ကာအတင်းအရင်း ခေါင်းခါရမ်းရင်း ၊ ငိုရင်း ငြင်းရှာနေသော ထယ်ယောင်းမှာ သနားဖွယ်အတိ
"မသိဘူး! မသိဘူး! မေမေရာ ကျတော့်ကို
အဲ့တာတွေ လာမပြောနဲ့ ၊ ကျတော်က
ဟိုဆော့ ကို မရရအောင်ပြန်ခေါ်ခဲ့မှာ
နောက်ပြီး ကျတော့်ကို စိတ်ဆိုးနေတဲ့
သူ့ကိုလည်း ပြန်ချော့ရအုံးမယ်"
ဒီကလေး အစကတည်းက ဒီလိုအသိတရား
၀င်ခဲ့ရင် အခြေအနေက ဒီလောက်ထိ
ဆိုးလာခဲ့မှာ မဟုတ်ဘူး
ယခုတော့ဖြင့် Mrs.Sue သည် မျက်စိရှေ့တွင် Taehyung ဖြစ်ပျက်နေသည့် ပုံစံ အမျိုးမျိုးတို့ကို ကြည့်၍ သက်ပြင်းပဲချနိုင်တော့သည်
"ခုချိန်လက်လွှတ်ပေးလိုက်ရင် အချိန်မှီပါသေးတယ် ၊ Hoseok လည်း ဒီ့ထက်ပိုပြီး မနာကျင်ရတော့ဘူးပေါ့ ၊ မင်းလဲ အရင်လိုပြန်ပြီး လွတ်လပ်သွားမယ်"
မေမေသည် ကျတော့်ကို တစ်ချက်မျှ
လှည့်မကြည့်ပဲ ထိုစကားတစ်ခွန်းကိုသာ
ပြောပြီး အပြင်သို့ထွက်သွားပါလေတော့သည်
ထယ်ယောင်းသည် Mrs.Sue ၊ Hoseok ဆီသို့ လိုက်သွားမည်ဟု ရောက်တတ်ရာရာ အထင်နှင့်
"မေမေ ဘယ်သွားမလို့လဲဟင်"
မေမေသည် Blouse တစ်ခုပေါ်တွင်
ကုတ်အင်္ကျီပန်းရောင်တစ်ထည်ကို ထပ်၀တ်လိုက်ရင်း
"ရေမွှေး Project တစ်ခုအတွက် ညှိနှိုင်းထားတဲ့ပြင်သစ်က ကိုယ်စားလှယ်တွေရောက်လာပြီ
အမှန်တကယ်ဆို ဟိုဆော့ကို ဒီကိစ္စမှာ
ငါတို့ Company ရဲ့ Secretary အဖြစ်
ပွဲထုတ်ပြီး Jaemin နဲ့ လွှဲဖို့ စဉ်းစားထားတာ
အခုတော့ ငါပဲသွားရတော့မှာပေါ့"
"ဟင့်အင်း ကျတော် သူ့ကို သွားခေါ်မှာ
ညနေမိသားစုထမင်းဝိုင်းကို အရင်လို စုံစုံလင်လင်ရှိတာကို ပြန်မြင်ရလိမ့်မယ် မေမေ"
သို့သော် မေမေသည် သူ၏အနားတွင် ရှိမနေတော့ပါ ၊ ခြံ၀န်းထဲသို့ ဆင်းသွားပြီဖြစ်၏
ထို့နောက် ကားစက်နှိုးသံနှင့်အတူ Company သို့ ထွက်သွားခဲ့လေသည်
Beautifully Illustrated: Me and He
Taehyung သည် အမူးပြေပဲပင်ပေါက်ဟင်း
ရည်ကိုတောင် မသောက်နိုင်ပဲ မျက်စိမှိတ်ကာ
မနေ့ညကအဖြစ်အပျက်များကို တစ်ခုချင်းစီ
ပေါ်လာအောင် အတင်းအရင်း ဖျစ်ညှစ် စဉ်းစားနေလိုက်တော့၏
"အကိုထယ်ယောင်း ရောက်လာပြီလား
ဗြောင်အရမ်းအိပ်ချင်နေပြီ အခန်းတစ်ခုငှားထားတယ် သွားရအောင်ကွာ"
"မင်း... မင်း ငါ့နာမည်ကို လက်လွတ်စပယ်
မခေါ်စမ်းနဲ့ ! ငါမကြိုက်ဘူး ဗြောင်ရှင်း !!!"
အခြေအနေတင်းမာကာ စိတ်မထင်ရင်
သူ သူငယ်ချင်း ဗြောင်ရှင်းကို ပါ ထရိုက်နိုင်သည့် Taehyung ပုံစံကြောင့် သူမပျာပျာသလဲ ၀င်တားရင်း
"အကို ညမလေ ဗြောင့်အစားတောင်းပန်ပါတယ်
အခု တက္ကစီ ခဏသွားငှားလိုက်အုံးမယ်
အဲ့အချိန်ထိ သူ့ကို ခဏထိန်းပေးထားပါနော်
ညမ ချက်ချင်းပြန်လာခဲ့ပါ့မယ်"
"ကျစ်! ဇယားတွေကို ရှုပ်နေတာပဲ"
"တောင်းပန်ပါတယ် အကို ရယ်
ဒီထိတောင်ရောက်လာခဲ့ပြီပဲ ကူညီပါနော်"
"ကဲ Taxi သာ မြန်မြန်သွားငှားဗျာ!!!!"
"အကိုသိလာ ဗြောင်က လေ အကို့ကို ဘယ်လောက်ထိ စိတ်၀င်စား @#$#@$&....."
ထိုကလေးမ ပြောသည့် စကားလုံးတို့သည်
နားထဲ ၀င်လာဖို့နေနေသာသာ စိတ်ရှုပ်မှုကိုဖြစ်စေသဖြင့် နက်ကတိုင်ကို အနည်းငယ်ဖြေလျော့လိုက်ကာ Hoseok အတွက်၀ယ်ထားတဲ့
Cake လှလှ လေးကို ဘေးမှာချရင်း အရက်တွေကိုသာ တစ်ခွက်ပြီးတစ်ခွက်မှာသောက်နေလိုက်သည်
အနည်းငယ် ရေချိန်ကိုက်လာသည်နှင့် အတူ
ရီဝေဝေဖြစ်လာသောကြောင့် မိမိကိုယ်ကိုထိန်းချုပ်လိုက်ပြီး ဆက်မသောက်ရန်
ဆုံးဖြတ်လိုက်၏
ထို့ပြင် တက္ကစီသွားငှားမည်ဟု ပြောသော
ထိုကလေးမ၏ သူငယ်ချင်းကလည်း
အခုချိန်ထိရောက်မလာသေးသဖြင့် မလှိမ့်တစ်ပတ်လုပ်သွားပြီဟု တွေးကာ ထယ်ယောင်း
မှာ တော့ ဒေါသတစ်ချောင်းချောင်းထွက်လျက်ရှိသည်
ထိုချိန် ဘေးနားတွင်မှောက်အိပ်နေသော
အမူးမက ထလာပြီး ကျတော့်လက်ကိုဆွဲကာ
"ဗြောင် အရမ်းအိပ်ချင်နေပြီ
ငှားထားတဲ့ အခန်းကိုလိုက်ပို့ပေးပါဆို"
Taehyung သည် အမှန်တကယ်ပင် ဒေါသထွက်ကာ မျက်နှာကြီးတစ်ခုလုံး နီစုတ်နေပြီဖြစ်၏
"ကျစ်! နင် အိပ်ချင်ရင် ဒီမှာ မှောက်အိပ်လိုက်"
"အကို ထယ်ယောင်းလို့ !!!!!!"
"နင့် ပါးစပ်ပေါက်ကိုပိတ်ထားစမ်း!!"
ဤသို့ဖြင့် ထယ်ယောင်းသည် ထိုအမူးသမား၏ ပွစိပွစိ ဒဏ်ကိုမခံနိုင်သည့်အဆုံး
မတွဲချင်တွဲချင် ယိုင်နဲ့နဲ့ လျှောက်ရင်း သူငှားထားသည်ဟုပြောသော အခန်းထဲ၌ အမြန်ထည့်ပေးခဲ့ကာ မှောက်မလဲရုံတမယ်ပြေးထွက်လာခဲ့ခြင်းပေ
သူလည်း ထို Club မှ ထွက်မည်အလုပ်တွင်
Jimin တို့အတွဲကို တွေ့လိုက်ရသောကြောင့်
အလွန်အမင်းအံ့ဩသွားလေတော့သည်
ထူးခြားသည်က သူတို့အတွဲကလည်း
ကျတော့်ကို မယုံသင်္ကာမျက်လုံးစိမ်းများဖြင့်
တအံ့တဩကြည့်လာခြင်း
Jimin နှင့် Jungkook သည် ကျတော့်ကို စိုက်ကြည့်ရင်းဖြင့်
"Taehyung မင်း...မင်း ခုနက..."
"မဟုတ်...မဟုတ် အဲ့တာ ငါရှင်းပြ...ဝေါ့..."
ရှင်းပြဖို့ ကြံခဲ့ပါသော်လည်း လည်ချောင်းထဲသို့ပျို့တက်လာသည့် အလွန်အမင်းဆိုးရွားသည့် ခံစားချက်ကြီးကို မထိန်းနိုင်ခင်လေးမှာပင် အနီးအနားတွင်ရှိသည့် Toilet ထဲသို့အပြေးသွားကာ အန်ချပစ်မိလိုက်သည်
ကျတော့်နောက်တွင်ထပ်ကြပ်မကွာပါလာခဲ့သော
ခြေသံများနှင့် အသံအချို့ကိုလည်း ကြားတစ်ချက်မကြားတစ်ချက်
"ဟာ.... Taehyung မင်း...!!!!
Jungkook...သူ့ကို အမြဲလာထူပေးအုံး
Taehyung ပုံစံကအခြေနေမဟန်တော့ဘူး ငါတို့ ကားမောင်းပြီ အိမ်ပြန်ပို့ပေးလိုက်ရအောင်"
"အင်း ကိုယ်တို့ အဲ့လိုပဲ လုပ်ရတော့မှာပဲ"
ထို့နောက် ကျတော့်မျက်လုံးများ ပြာဝေပြီး မိုက်ခနဲ မူးလဲသွားသည်ထင် ၊ ဘာကိုမှမသိတော့
မနေ့က အကြောင်းအရာအားလုံးကို သတိရသွားချိန်တွင် Hoseok အပေါ်ထပ်မံအပြစ်တစ်ခုလုပ်ပေးရင်း နာကျင်စေမိခဲ့ပြီ ဟူသော အသိသည်ထယ်ယောင်း ဉီးနှောက်တစ်ခုလုံးထဲသို့
Virusပိုးတစ်ခုလိုပျံ့နှံ့သွားသည်
Hoseok ၏ နာကျင်နေသော နှလုံးသားကို
နှစ်သိမ့်ပေးဖို့ မစွမ်းနိုင်ခဲ့သေးမှာပင် နောက်ထပ် ဒဏ်ရာအသစ်တစ်ခုကိုပေးရင်း Hoseok သူ့အပေါ် စိတ်ပျက်သွားအောင်ကိုယ်တိုင်လုပ်မိသွားချေပြီ
Taehyung သည် အပေါ်ထပ်ကို အရူးလိုပြေးတက်သွားခဲ့ပြီး ကားသော့ ဆွဲကာ ဟိုဆော့ အိမ်သို့ ချက်ချင်းလိုက်သွားချင်သည့် စိတ်တစ်ခုသာ ရှိနေခဲ့သည်
အခန်းထဲရောက်သော် ကုတင်ဘေးတွင်ချထားသော စားပွဲပုလေးပေါ်မှ ကားသော့ကို ဆွဲလိုက်ရင်း ပြန်ထွက်မည် အပြု
မျက်လုံးထောင့်စွန်းထဲတွင် သိသိသာသာပေါ်လွင်နေသော စာရွက်ဖြူလေးကို သတိထားမိသွားသဖြင့် အခန်းအပြင်၀သို့ရောက်လုဆဲဆဲခြေလှမ်းတို့အား စားပွဲပုလေးရှိရာဆီတဖြည်းဖြည်းနောက်ပြန်ဆုတ်ကာ
ထိုစာရွက်ကို ယူ၍ ဖွင့်ဖောက်ကြည့်မိလေတော့
"ဒါ ငါ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပါ
မင်းကတော့ ဒီ ဆုံးဖြတ်အတွက်
အစကတည်းက နှစ်ခါပြန်စဉ်းစားဖို့
လိုခဲ့မယ်မထင်ဘူး
ငါတို့ ကွာရှင်းရအောင်
ဒီနေ့ကစပြီး သူစိမ်းတွေလို ၊ တစ်ခါမှ
မပတ်သတ်ခဲ့ကြဖူးတဲ့သူတွေလို ၊ လမ်းမှာတွေ့ရင်တောင် ဘယ်တုန်းကမှ မသိခဲ့တဲ့သူတွေလို အဲ့ဒီလို နေကြရအောင်
ငါ မင်းကို လက်လွှတ်လိုက်မယ်
မင်းမလိုချင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေဆီကနေ လွတ်လပ်နိုင်ပါစေ
ငါလည်း မင်းဆိုတဲ့သံယောဇဉ်နှောင်ကြိုးတွေထဲကနေ အမြန်ဆုံးလွတ်မြောက်ရပါစေ
ဒီနေ့ကစပြီး အရင်လိုတတ်ကြွ နေတဲ့ လူငယ်လေး Taehyung အဖြစ် ပြန်လည်ရှင်သန်ပါ
ငါမရှိတဲ့နောက်ပိုင်းမှာ အမြဲတမ်းပျော်ရွှင်ပါစေ Taehyung nna "
တော်ရုံတန်ရုံဖြင့် ပျော့ညံ့တတ်သူမဟုတ်သော
Taehyung သည် ယခုတစ်ခေါက်တွင်
စာလေးတစ်စောင်ကြောင့်
အထူးသဖြင့် သူနက်ရှိုင်းစွာခံစားချက်ရှိနေသော်လည်း လူငယ်သဘာ၀ မထားသင့်သည့်မာနတစ်ခုကြောင့် အကြိမ်ကြိမ်အခါခါ ဖုံးကွယ်ထားသည့် သူအမှန်တကယ် ချစ်ရတဲ့ လူသားအတွက်
ယနေ့ မနက်ခင်းပိုင်းမှာပင် ဘယ်နှကြိမ်မြောက်မှန်းမသိ မျက်ရည်ကျခဲ့ရ၏
........................................................................|
[ A:N / ဒီ Fic လေးက ကြားထဲမှာလည်း အကြောင်းအမျိုးမျိုးကြောင့်နားခဲ့တာတွေလည်းရှိပြီး ပြန် Up မယ်ပြောချိန် ဘယ်လိုမှထင်မှတ်မထားတဲ့ကိစ္စကြီးဖြစ်သွားတာမလို့ အရမ်းကိုပစ်ထားမိခဲ့လို့ အားနာမိပါတယ် စိတ်အခြေအနေအရ ရေးဖို့ ဘယ်လိုမှ မတတ်သာခဲ့လို့ပါ
Data သမား မို့ Wifi ရှိတဲ့ အဒေါ့်ဆီခဏလာချိန်
အားလုံးကို အမောပြေဖတ်စေချင်တဲ့စိတ်လေးနဲ့
တင်ပေးလိုက်ပါတယ်
ပိုပြီး ပိုပြီး ပြောမပြတတ်အောင် အားနာမိတာက ReaderNim တွေကိုပါပဲ
မျှော်နေကြပေမယ့်လည်း အခုမှ Update ပေးနိုင်တဲ့ ကျနော့်ကို နားလည်ပေးကြပါလို့
မျက်နှာပူပူနဲ့ ထပ်ပြီးတောင်းဆိုပါတယ်
ဒါတောင် Me and He လေးကို မမေ့သေးပဲ
အခုထိမျှော်ပြီး ဖတ်ပေးကြတဲ့
တစ်ဦးချင်းစီတိုင်းကိုတိုင်း ကျေးဇူးတင်ပါတယ်
ဒီ အချိန်မှာ အရင်လို Active ဖြစ်ဖို့ကတော့ ကတိမပေးနိုင်သေးပေမယ့် အခြေအနေပေါ်
ကြည့်ပြီး အဆင်ပြေသလို ပေါ်လာပေးပါ့မယ်
စကားမစပ် Fic လေးကို ပြန်ပြီး Edit ထားပါတယ်လို့ Plot တွေဘာတွေပြောင်းတာမဟုတ်ပဲ
Ora ကိုယ်ရေးထားတာကို ပြန်ဖတ်ကြည့်တော့ ပေါ့သလိုခံစားရလို့ ပိုပြီးလေးနက်အောင် စကားချပ်တွေ ၊ Manner ကို ပေါ်လွင်အောင် ဖော်ပြတဲ့စကားလုံးတွေပါ သေချာလေး ဖြည့်စွက်ပေးထားတာပါ
အခုတော့ အပိုင်း ၅ ထိပဲ ပြင်ရပါသေးတယ်
အကယ်၍ နောက် တစ်ခေါက်လောက်ပြန်ဖတ်တာမျိုးရှိခဲ့သော် Feeling အသစ်လေးနဲ့တစ်မျိုးလေးဖြစ်တာပေါ့နော်
စာအရှည်ကြီးကိုဖတ်ပေးကြလို့
ကျေးဇူးတင်ပါတယ်
အားလုံးပဲ ဂရုစိုက်ကြပါ
အားတင်းထားကြပါနော် ❤️ ]
........................................................................|
ေနေရာင္ျခည္ေဖ်ာ့ေဖ်ာ့က မ်က္လုံးေပၚသို႔
ဟိုတစ္စဒီတစ္စ က်ေရာက္လာသျဖင့္
Taehyung သည္ စပ္ဖ်င္းရီေဝေနေသာ မ်က္လုံးႏွစ္လုံးကိုအၾကမ္းပတမ္းပြတ္လိုက္ကာ
ကုတင္ေပၚသို႔ ထထိုင္ရန္ျပင္ေတာ့ လူက
တစ္ခ်က္ မိုက္ခနဲျဖစ္ကာ အိပ္ရာေပၚသို႔ျပန္လဲက် သြားေလသည္
"အား မူးလိုက္တာကြာ"
အနည္းငယ္ ကိုက္ခဲေနေသာ နားထင္နားကို
လက္မျဖင့္ ခပ္ၾကမ္းၾကမ္းႏွိပ္နယ္လိုက္ရင္း
ကုတင္ေပၚမွ ျဖည္းျဖည္းခ်င္းဆင္း ၊ မတ္တပ္ရပ္လိုက္ ကာ အိမ္ေအာက္ထက္သို႔ ဆင္းလာလိုက္၏
နားထင္ႏွစ္ဖက္ကိုသာ အတင္းဖိႏွိပ္ လ်က္
မွတ္ဉာဏ္ေတြကိုလည္း မရရေအာင္စုစည္းလိုက္ၿပီး မေန႕ညက အျဖစ္အပ်က္မွန္သမွ်ကို
စဥ္းစားေသာ္လည္း ေတာင္စဥ္ေရရာမရဆိုသလိုဝိုးတိုးဝါးတားေပ
"မေန႕ကထိ အမူးလြန္ေနတာ ဒီေန႕ထိ မေျပေသးတဲ့ ပုံပဲ "
ထမင္းစားခန္းသို႔သြား၍ ေမေမ့၏ အသံကိုၾကား ေသာအခါ မ်က္ႏွာသစ္ၿပီးေသာ္လည္း မပြင့္တစ္ပြင့္ျဖစ္ ေနေသာ မ်က္လုံးႏွစ္ဖက္ကို အတင္း ျပဴးၿပဲဖြင့္ၿပီး ၾကည့္လိုက္ေလသည္
ေမေမ့ကို ျမင္ေတာ့ အရမ္းကိုသိခ်င္လြန္းလွသည့္ ေမးခြန္းကိုပါ တစ္ၿပိဳင္နက္တည္းဆိုသလို ေမးရင္း
"ေမေမ က်ေတာ္ မေန႕က အိမ္ကို ဘယ္လိုျပန္ေရာက္လာတာလဲ"
ယခုအသက္အ႐ြယ္ထိ က်ေတာ့္ကို အရိပ္
တၾကည့္ၾကည့္ျဖင့္ ဂ႐ုစိုက္တတ္ေသာ ေမေမ
သည္ ယခုလည္း အမူးေျပ ပဲပင္ေပါက္ဟင္းရည္တစ္ခြက္ကို စားပြဲေပၚသို႔တင္ေပးလိုက္ၿပီး
"မေန႕က ညည့္နက္ထိ ဘယ္ေတြ အေလလိုက္ ေနၿပီး မူး႐ူးေနခဲ့မွန္းမွမသိတာ အန္ဖတ္ေတာင္စို႔လာခဲ့ရတယ္ဆိုေတာ့..."
"ဗ်ာ...ဗ်ာ"
"Jungkook နဲ႕ Jimin က မင္းခႏၶာကိုယ္အေလးႀကီးကို ႏွစ္ေယာက္တြဲၿပီးမွ အိမ္ထိ ေလးဘက္ေထာက္ျပန္လာနိုင္တာ ျမင္လို႔ေတာင္ မေကာင္းဘူး"
ေမေမ့ရဲ႕ ဆူပူႀကိမ္းေမာင္းမႈကိုၾကားၿပီး
က်ေတာ့္စိတ္ထဲ အမွန္တကယ္အျပစ္ရွိသူ
တစ္ေယာက္ကဲ့သို႔ ခံစားလိုက္ရသည္
ဒီ့ထက္လည္း က်ေတာ္ပိုၿပီး အဆူခံထိသင့္ပါတယ္ေလ
"က်ေတာ္ တကယ္...တကယ္ပဲ ေတာင္းပန္ပါတယ္ ေမေမ"
ေမေမ သည္ က်ေတာ့္၏ မ်က္ႏွာကို တစ္ခ်က္
မၾကည့္ပဲ ေဘစင္က ပန္းကန္ေတြကိုသာ
ေဆးေနခဲ့သည္ ၊ မေန႕က ကိစၥ ႏွင့္ ပတ္သတ္ၿပီးက်ေတာ့္ကို အလြန္စိတ္ဆိုးေနပုံေပၚ၏
"ငါ့ကို မေတာင္းပန္နဲ႕ Taehyung
မင္းေတာင္းပန္သင့္တာ Hoseok ပဲ ! "
Hoseok ဟူေသာ အမည္နာမကိုၾကားမွ
က်ေတာ့္ ေသြးေတြေျပာင္းျပန္စီးဆင္းသြားသလို ခံစားလိုက္သည္
တကယ္သြားၿပီ! မေန႕က Hoseok ေမြးေန႕မွာ သူ႕
ကို စိတ္ေက်နပ္တဲ့အထိေတာင္းပန္ရင္း
အရင္လိုအေျခအေနျပန္ရေအာင္ ႀကိဳးစားမယ္ဆိုၿပီး တစ္ေယာက္တည္း Plan ေတြ အထပ္ထပ္
ခ်ေနခဲ့လိုက္ရတာ
ေနာက္ၿပီး သူ႕အတြက္ ၀ယ္လာခဲ့တဲ့ Cake ေကာ ဘယ္မွာက်န္ေနခဲ့တာလဲ ၊ သူ႕ေမြးေန႕ကိုပ်က္ကြပ္ခဲ့တဲ့ ငါ့အေပၚ ဘယ္ေလာက္ေတာင္
ပိုၿပီး စိတ္ပ်က္....ဟာကြာ !!!
Taehyung သည္ ခ်က္ခ်င္းပင္
Hoseok ဟူေသာ လူသားငယ္အေပၚ
အားနာစိတ္မ်ားႀကီးစိုးလာၿပီး ေတာင္းပန္ခ်င္သည့္ စိတ္တို႔သာ ေခါင္းထဲမွာ ႁပြတ္သိပ္လ်က္
လက္တို႔လည္း တုန္ရီလ်က္ရွိၿပီး
စကားေတာင္ ေျဖာင့္ေအာင္မေျပာနိုင္ခဲ့ေတာ့ပင္
႐ုတ္ခ်ည္းဆိုသလို မ်က္ရည္မ်ားသည္လည္း
ခ်က္ခ်င္းဝဲတက္လာခဲ့ေတာ့၏
"ေမေမ..ဟို.. Hoseok ေကာ သူအခု ဘယ္သြားေနတာလဲ အလုပ္မွာ.. ထုံစံအတိုင္း အလုပ္မွာ မဟုတ္လား ေမေမ"
ေမေမ သည္ ေဒါသထြက္ေနေသာ မ်က္၀န္း
အစုံတို႔ျဖင့္ က်ေတာ့္ကို စူးစိုက္ၾကည့္လိုက္ၿပီး
"အခုမွ လာေမးမေနနဲ႕ သူထြက္သြားၿပီ!!"
Taehyung သည္ ပါးျပင္ေပၚတြင္ မ်က္ရည္
မ်ားက်ဆင္းလာတာကို သတိထားမိေတာ့ လက္ခုံႏွင့္ ခ်က္ခ်င္းသုတ္ပစ္လိုက္ရင္း
"သူက ဘယ္...ဘယ္ကို ထြက္သြားတာလဲ ေမေမ"
"ဆြန္းဟြာ ဆီသြားတယ္ ၊ မင္း သူ႕ဆီလိုက္သြားဖို႔
မႀကိဳးစားပါနဲ႕ Taehyung
ကေလး သူ႕အေမ ဆီမွာ ေပ်ာ္သေလာက္ေနပါေစ
မင္းေၾကာင့္ သူစိတ္ညစ္ေနရတာ ဘယ္ႏွႀကိမ္ရွိေနၿပီလဲ
အခု သူ႕ကို ခဏေလာက္လႊတ္ေပးထားလိုက္စမ္းပါ Taehyung ရယ္
ငါ အႏူးအၫြတ္ေတာင္းပန္ပါတယ္"
ေျပာရင္းဆိုရင္းႏွင့္ မ်က္ရည္မ်ားဝဲတက္လာေသာ Mrs.Sue သည္ Taehyung ႏွင့္
မ်က္ႏွာခ်င္းဆိုင္ စကားေျပာေနရာမွ တစ္ဖက္သို႔ ခ်က္ခ်င္းလွည့္ပစ္လိုက္ၿပီး မ်က္ရည္စမ်ားကို မသိမသာ သုတ္ပစ္ေနေတာ့သည္
"မဟုတ္...မဟုတ္ဘူး ေမေမ
က်ေတာ္ သူ႕ဆီကို ခုခ်က္ခ်င္း လိုက္သြားမွာ
က်ေတာ္မွားခဲ့တာေတြ အခုသိၿပီမလို႔
သူ႕ကိုေတာင္းပန္ရအုံးမယ္ မေန႕ကတည္းက
ဟိုေဆာ့ ကိုေတာင္းပန္ဖို႔ က်ေတာ္ စဥ္းစားထား..."
"မင္းဘယ္လိုပဲလုပ္လုပ္ပါ ငါက မိဘတစ္ေယာက္အေနနဲ႕ မင္းတို႔ႏွစ္ေယာက္ၾကားထဲ
သိပ္ၿပီး ၀င္ပါဖို႔မသင့္ဘူး
ဒါေပမယ့္ ေနာင္လည္း ကေလးကိုဆက္ၿပီးစိတ္ဒုကၡ ေပးမယ္လို႔ စဥ္းစားထားတယ္ ဆိုရင္ေတာ့ အခုကတည္းက သူ႕ကို လက္လႊတ္ေပးလိုက္တာပိုေကာင္းမယ္"
Taehyung သည္ Mrs.Sue ေျပာေသာစကားမ်ားမွာ အမွန္တရားဟု သိေသာ္ျငား
လုံး၀လက္မခံ စပ္စပ္ထိမခံေသာ ကေလးတစ္ေယာက္ ပုံစံျဖင့္ ဆက္တိုက္ဆိုသလို ျငင္းေနခဲ့၏
"ေမေမ..ေမေမ ရာ... ဘာျဖစ္လို႔ ဟိုေဆာ့ကို လက္လႊတ္ခိုင္းေနရတာလဲ
က်ေတာ္.... က်ေတာ္က သူ႕ကို သိပ္ၿပီး
ခ်စ္တာ !!!"
"အေမတစ္ ေယာက္အေနနဲ႕ေတာင္ ဟိုေဆာ့ အေပၚမွာထားတဲ့ မင္းရဲ႕ ေန႕ခ်င္းညခ်င္းေျပာင္းလဲမႈေတြၾကည့္ၿပီး ငါအရမ္း အံ့အားသင့္ရတယ္ ထယ္ေယာင္း
အခု ငါက မင္းရဲ႕ စကားကို ယုံသင့္လား မယုံသင့္လား ၊ ဟိုေဆာ့ ဆိုရင္ေကာ ယုံမွာတဲ့လား .."
Mrs.Sue ၏ စကားေၾကာင့္ မရရေအာင္ထိန္းထားသည့္ သစၥာမရွိေသာ မ်က္ရည္တို႔သည္
ပါးျပင္ေပၚသို႔ ဒုတိယမၼီအႀကိမ့္ အလွိမ့္လွိမ့္စီးဆင္းျပန္သည္
Mrs.Sue ေျပာသည့္စကားတို႔ကို လက္မခံနိုင္သည့္ အ႐ူးတစ္ေယာက္သဖြယ္ ဇြတ္ကာအတင္းအရင္း ေခါင္းခါရမ္းရင္း ၊ ငိုရင္း ျငင္းရွာေနေသာ ထယ္ေယာင္းမွာ သနားဖြယ္အတိ
"မသိဘူး! မသိဘူး! ေမေမရာ က်ေတာ့္ကို
အဲ့တာေတြ လာမေျပာနဲ႕ ၊ က်ေတာ္က
ဟိုေဆာ့ ကို မရရေအာင္ျပန္ေခၚခဲ့မွာ
ေနာက္ၿပီး က်ေတာ့္ကို စိတ္ဆိုးေနတဲ့
သူ႕ကိုလည္း ျပန္ေခ်ာ့ရအုံးမယ္"
ဒီကေလး အစကတည္းက ဒီလိုအသိတရား
၀င္ခဲ့ရင္ အေျခအေနက ဒီေလာက္ထိ
ဆိုးလာခဲ့မွာ မဟုတ္ဘူး
ယခုေတာ့ျဖင့္ Mrs.Sue သည္ မ်က္စိေရွ႕တြင္ Taehyung ျဖစ္ပ်က္ေနသည့္ ပုံစံ အမ်ိဳးမ်ိဳးတို႔ကို ၾကည့္၍ သက္ျပင္းပဲခ်နိဳင္ေတာ့သည္
"ခုခ်ိန္လက္လႊတ္ေပးလိုက္ရင္ အခ်ိန္မွီပါေသးတယ္ ၊ Hoseok လည္း ဒီ့ထက္ပိုၿပီး မနာက်င္ရေတာ့ဘူးေပါ့ ၊ မင္းလဲ အရင္လိုျပန္ၿပီး လြတ္လပ္သြားမယ္"
ေမေမသည္ က်ေတာ့္ကို တစ္ခ်က္မွ်
လွည့္မၾကည့္ပဲ ထိုစကားတစ္ခြန္းကိုသာ
ေျပာၿပီး အျပင္သို႔ထြက္သြားပါေလေတာ့သည္
ထယ္ေယာင္းသည္ Mrs.Sue ၊ Hoseok ဆီသို႔ လိုက္သြားမည္ဟု ေရာက္တတ္ရာရာ အထင္ႏွင့္
"ေမေမ ဘယ္သြားမလို႔လဲဟင္"
ေမေမသည္ Blouse တစ္ခုေပၚတြင္
ကုတ္အကၤ်ီပန္းေရာင္တစ္ထည္ကို ထပ္၀တ္လိုက္ရင္း
"ေရေမႊး Project တစ္ခုအတြက္ ညွိႏွိုင္းထားတဲ့ျပင္သစ္က ကိုယ္စားလွယ္ေတြေရာက္လာၿပီ
အမွန္တကယ္ဆို ဟိုေဆာ့ကို ဒီကိစၥမွာ
ငါတို႔ Company ရဲ႕ Secretary အျဖစ္
ပြဲထုတ္ၿပီး Jaemin နဲ႕ လႊဲဖို႔ စဥ္းစားထားတာ
အခုေတာ့ ငါပဲသြားရေတာ့မွာေပါ့"
"ဟင့္အင္း က်ေတာ္ သူ႕ကို သြားေခၚမွာ
ညေနမိသားစုထမင္းဝိုင္းကို အရင္လို စုံစုံလင္လင္ရွိတာကို ျပန္ျမင္ရလိမ့္မယ္ ေမေမ"
သို႔ေသာ္ ေမေမသည္ သူ၏အနားတြင္ ရွိမေနေတာ့ပါ ၊ ၿခံ၀န္းထဲသို႔ ဆင္းသြားၿပီျဖစ္၏
ထို႔ေနာက္ ကားစက္ႏွိုးသံႏွင့္အတူ Company သို႔ ထြက္သြားခဲ့ေလသည္
Beautifully Illustrated: Me and He
Taehyung သည္ အမူးေျပပဲပင္ေပါက္ဟင္း
ရည္ကိုေတာင္ မေသာက္နိုင္ပဲ မ်က္စိမွိတ္ကာ
မေန႕ညကအျဖစ္အပ်က္မ်ားကို တစ္ခုခ်င္းစီ
ေပၚလာေအာင္ အတင္းအရင္း ဖ်စ္ညွစ္ စဥ္းစားေနလိုက္ေတာ့၏
"အကိုထယ္ေယာင္း ေရာက္လာၿပီလား
ေျဗာင္အရမ္းအိပ္ခ်င္ေနၿပီ အခန္းတစ္ခုငွားထားတယ္ သြားရေအာင္ကြာ"
"မင္း... မင္း ငါ့နာမည္ကို လက္လြတ္စပယ္
မေခၚစမ္းနဲ႕ ! ငါမႀကိဳက္ဘူး ေျဗာင္ရွင္း !!!"
အေျခအေနတင္းမာကာ စိတ္မထင္ရင္
သူ သူငယ္ခ်င္း ေျဗာင္ရွင္းကို ပါ ထရိုက္နိုင္သည့္ Taehyung ပုံစံေၾကာင့္ သူမပ်ာပ်ာသလဲ ၀င္တားရင္း
"အကို ညမေလ ေျဗာင့္အစားေတာင္းပန္ပါတယ္
အခု တကၠစီ ခဏသြားငွားလိုက္အုံးမယ္
အဲ့အခ်ိန္ထိ သူ႕ကို ခဏထိန္းေပးထားပါေနာ္
ညမ ခ်က္ခ်င္းျပန္လာခဲ့ပါ့မယ္"
"က်စ္! ဇယားေတြကို ရႈပ္ေနတာပဲ"
"ေတာင္းပန္ပါတယ္ အကို ရယ္
ဒီထိေတာင္ေရာက္လာခဲ့ၿပီပဲ ကူညီပါေနာ္"
"ကဲ Taxi သာ ျမန္ျမန္သြားငွားဗ်ာ!!!!"
"အကိုသိလာ ေျဗာင္က ေလ အကို႔ကို ဘယ္ေလာက္ထိ စိတ္၀င္စား @#$#@$&....."
ထိုကေလးမ ေျပာသည့္ စကားလုံးတို႔သည္
နားထဲ ၀င္လာဖို႔ေနေနသာသာ စိတ္ရႈပ္မႈကိုျဖစ္ေစသျဖင့္ နက္ကတိုင္ကို အနည္းငယ္ေျဖေလ်ာ့လိုက္ကာ Hoseok အတြက္၀ယ္ထားတဲ့
Cake လွလွ ေလးကို ေဘးမွာခ်ရင္း အရက္ေတြကိုသာ တစ္ခြက္ၿပီးတစ္ခြက္မွာေသာက္ေနလိုက္သည္
အနည္းငယ္ ေရခ်ိန္ကိုက္လာသည္ႏွင့္ အတူ
ရီေဝေဝျဖစ္လာေသာေၾကာင့္ မိမိကိုယ္ကိုထိန္းခ်ဳပ္လိုက္ၿပီး ဆက္မေသာက္ရန္
ဆုံးျဖတ္လိုက္၏
ထို႔ျပင္ တကၠစီသြားငွားမည္ဟု ေျပာေသာ
ထိုကေလးမ၏ သူငယ္ခ်င္းကလည္း
အခုခ်ိန္ထိေရာက္မလာေသးသျဖင့္ မလွိမ့္တစ္ပတ္လုပ္သြားၿပီဟု ေတြးကာ ထယ္ေယာင္း
မွာ ေတာ့ ေဒါသတစ္ေခ်ာင္းေခ်ာင္းထြက္လ်က္ရွိသည္
ထိုခ်ိန္ ေဘးနားတြင္ေမွာက္အိပ္ေနေသာ
အမူးမက ထလာၿပီး က်ေတာ့္လက္ကိုဆြဲကာ
"ေျဗာင္ အရမ္းအိပ္ခ်င္ေနၿပီ
ငွားထားတဲ့ အခန္းကိုလိုက္ပို႔ေပးပါဆို"
Taehyung သည္ အမွန္တကယ္ပင္ ေဒါသထြက္ကာ မ်က္ႏွာႀကီးတစ္ခုလုံး နီစုတ္ေနၿပီျဖစ္၏
"က်စ္! နင္ အိပ္ခ်င္ရင္ ဒီမွာ ေမွာက္အိပ္လိုက္"
"အကို ထယ္ေယာင္းလို႔ !!!!!!"
"နင့္ ပါးစပ္ေပါက္ကိုပိတ္ထားစမ္း!!"
ဤသို႔ျဖင့္ ထယ္ေယာင္းသည္ ထိုအမူးသမား၏ ပြစိပြစိ ဒဏ္ကိုမခံနိုင္သည့္အဆုံး
မတြဲခ်င္တြဲခ်င္ ယိုင္နဲ႕နဲ႕ ေလွ်ာက္ရင္း သူငွားထားသည္ဟုေျပာေသာ အခန္းထဲ၌ အျမန္ထည့္ေပးခဲ့ကာ ေမွာက္မလဲ႐ုံတမယ္ေျပးထြက္လာခဲ့ျခင္းေပ
သူလည္း ထို Club မွ ထြက္မည္အလုပ္တြင္
Jimin တို႔အတြဲကို ေတြ႕လိုက္ရေသာေၾကာင့္
အလြန္အမင္းအံ့ဩသြားေလေတာ့သည္
ထူးျခားသည္က သူတို႔အတြဲကလည္း
က်ေတာ့္ကို မယုံသကၤာမ်က္လုံးစိမ္းမ်ားျဖင့္
တအံ့တဩၾကည့္လာျခင္း
Jimin ႏွင့္ Jungkook သည္ က်ေတာ့္ကို စိုက္ၾကည့္ရင္းျဖင့္
"Taehyung မင္း...မင္း ခုနက..."
"မဟုတ္...မဟုတ္ အဲ့တာ ငါရွင္းျပ...ေဝါ့..."
ရွင္းျပဖို႔ ႀကံခဲ့ပါေသာ္လည္း လည္ေခ်ာင္းထဲသို႔ပ်ိဳ႕တက္လာသည့္ အလြန္အမင္းဆိုး႐ြားသည့္ ခံစားခ်က္ႀကီးကို မထိန္းနိုင္ခင္ေလးမွာပင္ အနီးအနားတြင္ရွိသည့္ Toilet ထဲသို႔အေျပးသြားကာ အန္ခ်ပစ္မိလိုက္သည္
က်ေတာ့္ေနာက္တြင္ထပ္ၾကပ္မကြာပါလာခဲ့ေသာ
ေျခသံမ်ားႏွင့္ အသံအခ်ိဳ႕ကိုလည္း ၾကားတစ္ခ်က္မၾကားတစ္ခ်က္
"ဟာ.... Taehyung မင္း...!!!!
Jungkook...သူ႕ကို အၿမဲလာထူေပးအုံး
Taehyung ပုံစံကအေျခေနမဟန္ေတာ့ဘူး ငါတို႔ ကားေမာင္းၿပီ အိမ္ျပန္ပို႔ေပးလိုက္ရေအာင္"
"အင္း ကိုယ္တို႔ အဲ့လိုပဲ လုပ္ရေတာ့မွာပဲ"
ထို႔ေနာက္ က်ေတာ့္မ်က္လုံးမ်ား ျပာေဝၿပီး မိုက္ခနဲ မူးလဲသြားသည္ထင္ ၊ ဘာကိုမွမသိေတာ့
မေန႕က အေၾကာင္းအရာအားလုံးကို သတိရသြားခ်ိန္တြင္ Hoseok အေပၚထပ္မံအျပစ္တစ္ခုလုပ္ေပးရင္း နာက်င္ေစမိခဲ့ၿပီ ဟူေသာ အသိသည္ထယ္ေယာင္း ဉီးႏွောက္တစ္ခုလုံးထဲသို႔
Virusပိုးတစ္ခုလိုပ်ံ့ႏွံ႕သြားသည္
Hoseok ၏ နာက်င္ေနေသာ ႏွလုံးသားကို
ႏွစ္သိမ့္ေပးဖို႔ မစြမ္းနိုင္ခဲ့ေသးမွာပင္ ေနာက္ထပ္ ဒဏ္ရာအသစ္တစ္ခုကိုေပးရင္း Hoseok သူ႕အေပၚ စိတ္ပ်က္သြားေအာင္ကိုယ္တိုင္လုပ္မိသြားေခ်ၿပီ
Taehyung သည္ အေပၚထပ္ကို အ႐ူးလိုေျပးတက္သြားခဲ့ၿပီး ကားေသာ့ ဆြဲကာ ဟိုေဆာ့ အိမ္သို႔ ခ်က္ခ်င္းလိုက္သြားခ်င္သည့္ စိတ္တစ္ခုသာ ရွိေနခဲ့သည္
အခန္းထဲေရာက္ေသာ္ ကုတင္ေဘးတြင္ခ်ထားေသာ စားပြဲပုေလးေပၚမွ ကားေသာ့ကို ဆြဲလိုက္ရင္း ျပန္ထြက္မည္ အျပဳ
မ်က္လုံးေထာင့္စြန္းထဲတြင္ သိသိသာသာေပၚလြင္ေနေသာ စာ႐ြက္ျဖဴေလးကို သတိထားမိသြားသျဖင့္ အခန္းအျပင္၀သို႔ေရာက္လုဆဲဆဲေျခလွမ္းတို႔အား စားပြဲပုေလးရွိရာဆီတျဖည္းျဖည္းေနာက္ျပန္ဆုတ္ကာ
ထိုစာ႐ြက္ကို ယူ၍ ဖြင့္ေဖာက္ၾကည့္မိေလေတာ့
"ဒါ ငါ့ရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ပါ
မင္းကေတာ့ ဒီ ဆုံးျဖတ္အတြက္
အစကတည္းက ႏွစ္ခါျပန္စဥ္းစားဖို႔
လိုခဲ့မယ္မထင္ဘူး
ငါတို႔ ကြာရွင္းရေအာင္
ဒီေန႕ကစၿပီး သူစိမ္းေတြလို ၊ တစ္ခါမွ
မပတ္သတ္ခဲ့ၾကဖူးတဲ့သူေတြလို ၊ လမ္းမွာေတြ႕ရင္ေတာင္ ဘယ္တုန္းကမွ မသိခဲ့တဲ့သူေတြလို အဲ့ဒီလို ေနၾကရေအာင္
ငါ မင္းကို လက္လႊတ္လိုက္မယ္
မင္းမလိုခ်င္တဲ့ ခ်စ္ျခင္းေမတၱာတရားေတြဆီကေန လြတ္လပ္နိုင္ပါေစ
ငါလည္း မင္းဆိုတဲ့သံေယာဇဥ္ႏွောင္ႀကိဳးေတြထဲကေန အျမန္ဆုံးလြတ္ေျမာက္ရပါေစ
ဒီေန႕ကစၿပီး အရင္လိုတတ္ႂကြ ေနတဲ့ လူငယ္ေလး Taehyung အျဖစ္ ျပန္လည္ရွင္သန္ပါ
ငါမရွိတဲ့ေနာက္ပိုင္းမွာ အၿမဲတမ္းေပ်ာ္႐ႊင္ပါေစ Taehyung nna "
ေတာ္႐ုံတန္႐ုံျဖင့္ ေပ်ာ့ညံ့တတ္သူမဟုတ္ေသာ
Taehyung သည္ ယခုတစ္ေခါက္တြင္
စာေလးတစ္ေစာင္ေၾကာင့္
အထူးသျဖင့္ သူနက္ရွိုင္းစြာခံစားခ်က္ရွိေနေသာ္လည္း လူငယ္သဘာ၀ မထားသင့္သည့္မာနတစ္ခုေၾကာင့္ အႀကိမ္ႀကိမ္အခါခါ ဖုံးကြယ္ထားသည့္ သူအမွန္တကယ္ ခ်စ္ရတဲ့ လူသားအတြက္
ယေန႕ မနက္ခင္းပိုင္းမွာပင္ ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိ မ်က္ရည္က်ခဲ့ရ၏
........................................................................|
[ A:N / ဒီ Fic ေလးက ၾကားထဲမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္နားခဲ့တာေတြလည္းရွိၿပီး ျပန္ Up မယ္ေျပာခ်ိန္ ဘယ္လိုမွထင္မွတ္မထားတဲ့ကိစၥႀကီးျဖစ္သြားတာမလို႔ အရမ္းကိုပစ္ထားမိခဲ့လို႔ အားနာမိပါတယ္ စိတ္အေျခအေနအရ ေရးဖို႔ ဘယ္လိုမွ မတတ္သာခဲ့လို႔ပါ
Data သမား မို႔ Wifi ရွိတဲ့ အေဒၚ့ဆီခဏလာခ်ိန္
အားလုံးကို အေမာေျပဖတ္ေစခ်င္တဲ့စိတ္ေလးနဲ႕
တင္ေပးလိုက္ပါတယ္
ပိုၿပီး ပိုၿပီး ေျပာမျပတတ္ေအာင္ အားနာမိတာက ReaderNim ေတြကိုပါပဲ
ေမွ်ာ္ေနၾကေပမယ့္လည္း အခုမွ Update ေပးနိုင္တဲ့ က်ေနာ့္ကို နားလည္ေပးၾကပါလို႔
မ်က္ႏွာပူပူနဲ႕ ထပ္ၿပီးေတာင္းဆိုပါတယ္
ဒါေတာင္ Me and He ေလးကို မေမ့ေသးပဲ
အခုထိေမွ်ာ္ၿပီး ဖတ္ေပးၾကတဲ့
တစ္ဦးခ်င္းစီတိုင္းကိုတိုင္း ေက်းဇူးတင္ပါတယ္
ဒီ အခ်ိန္မွာ အရင္လို Active ျဖစ္ဖို႔ကေတာ့ ကတိမေပးနိုင္ေသးေပမယ့္ အေျခအေနေပၚ
ၾကည့္ၿပီး အဆင္ေျပသလို ေပၚလာေပးပါ့မယ္
စကားမစပ္ Fic ေလးကို ျပန္ၿပီး Edit ထားပါတယ္လို႔ Plot ေတြဘာေတြေျပာင္းတာမဟုတ္ပဲ
Ora ကိုယ္ေရးထားတာကို ျပန္ဖတ္ၾကည့္ေတာ့ ေပါ့သလိုခံစားရလို႔ ပိုၿပီးေလးနက္ေအာင္ စကားခ်ပ္ေတြ ၊ Manner ကို ေပၚလြင္ေအာင္ ေဖာ္ျပတဲ့စကားလုံးေတြပါ ေသခ်ာေလး ျဖည့္စြက္ေပးထားတာပါ
အခုေတာ့ အပိုင္း ၅ ထိပဲ ျပင္ရပါေသးတယ္
အကယ္၍ ေနာက္ တစ္ေခါက္ေလာက္ျပန္ဖတ္တာမ်ိဳးရွိခဲ့ေသာ္ Feeling အသစ္ေလးနဲ႕တစ္မ်ိဳးေလးျဖစ္တာေပါ့ေနာ္
စာအရွည္ႀကီးကိုဖတ္ေပးၾကလို႔
ေက်းဇူးတင္ပါတယ္
အားလုံးပဲ ဂ႐ုစိုက္ၾကပါ
အားတင္းထားၾကပါေနာ္ ❤️ ]
........................................................................|