ရေခဲသေတ္တာထဲရှိပန်းသီးအားရေဆေးကာ ပန်းကန်ပေါ်၌ လှီးစိပ်ထည့်လျက် ကောင်လေးအခန်းဆီတက်လာလိုက်သည် ။
ယဥ္ကျေးမှုအရအခန်းတံခါးခေါက်လိုက်ပေမဲ့အထဲမှပြန်ဖြေခြင်းလဲမရှိ..တံခါးအားအသာတွန်း
ကြည့်တော့ ပွင့်သွားလေသည်။
တံခါးမပိတ်ထားဘူးဘဲ...
အခန်းထဲ၀င်လိုက်တော့ သူ့နေရာနှင့်သူ အစီစဥ်တကျသပ်သပ်ရပ်ရပ်ရှိတဲ့အခန်းလေး. အစိမ်းရောင်ကြိုက်ပုံရတဲ့ကောင်လေး အသုံးအဆောင်တော်"များအစိမ်းရောင်လေးတွေပင်။
တံခါးဘက်ကိုကျောပေးပြီးကုတင်ပေါ်မှာမှောက်နေတဲ့ကောင်လေး..
" ကောင်လေး.. "
လက်ထဲကပန်းသီးပန်းကန်ကိုစာကြည့်စားပွဲပေါ်တင်လိုက်ပြီးအသံပြုပေမဲ့တုပ်တုပ်မျှပင်လှုပ်မလာ။ တစ်ဖက်ကိုသွားကြည့်မိတော့
သြော် စာသင်ဖို့တက်ကြွနေတဲ့ကောင်လေးပါလေ.
ခေါင်းအုံးလေးပေါ်မေးတင်ပြီး နှစ်နှစ်ခြိုက်ကိုအိပ်ပျော်နေတာ...မနိုးရက်တာနဲ့ဘဲ ကုတင်ဘေး ထိုင်ကြည့်နေလိုက်မိတယ်..
နဖူးပေါ်၀ဲကျနေတဲ့ ဆံပင်လေးတွေကိုဖယ်ပေးဖို့လက်လှမ်းတော့ မျက်လုံးပွင့်လာတဲ့ကောင်လေး...
လက်ကိုပြန်ရုတ်လိုက်ပြီးအရှက်ပြေလုပ်ချောင်း
ဟန့်လို့
"အဟမ်း အိပ်မနေနဲ့တော့ စာသင်ရအောင်"
"အင်းး"
သံရှည်ဆွဲဖြင့်ပြန်ဖြေကာ ထထိုင်လာသည့်ကောင်လေးအားကြည့်ကာ သဘောတကျပြုံးလိုက်မိသည် ။
"ချစ်ဖို့ကောင်းတယ်"
ကုတင်ပေါ်ကဆင်းပြီး စာကြည့်စားပွဲမှာနေရာယူလိုက်ကြတယ်။ စာအုပ်ပြောင်တွေထုတ်လာတဲ့ကောင်လေးကို
ကြည့်ပြီး အံ့သြမိသည်။
"စာတွေကော ... "
စာအုပ်ပြောင်အလွတ်တွေကာကြည့်လို့ မေးခွန်းထုတ်မိတော့...
"စာမေးပွဲမနီးသေးဘူးလေ.. "
မှတ်သားလောက်ပါပေတယ် . စားမေးပွဲနီးမှစာတွေကအလိုလိုရောက်လာမလိုလို .
"ဒါဆို ဘယ်ကစာကို ကိုယ်ကသင်ပေးရမှာလဲ. "
"မသိဘူးလေ ရှောင်းလူကြီးသင်ချင်ရာသင်"
ကျွန်တော်လဲ လုပ်ချင်ရာလုပ်မယ်...
အတွေးနဲ့ ပြုံးစိစိဖြစ်နေတာ ကိုပြန်တည်လိုက်ရင်းမျက်နှာသေဖြင့်ကြည့်လျက်
"မားတို့ကပြန်မလာသေးဘူးလား.."
"ကြာအုန်းမှာ... "
"ဟွန့်. "
နှုတ်ခမ်းတထော်ထော်ဖြင့်အလိုမကျဖြစ်သွားသောကောင်လေးကိုကြည့်ကာ အသည်းတယားယားပင် .. ။
စိတ်ထိန်း ရှောင်းကျန့် ဘာတစ်ခုမှမမှတ်ထားတဲ့စာတွေသင်ပေးရအုန်းမှာ...
စာအုပ်ပြောင်အလွတ်တွေ ဘေးဖယ်ပြီး သင်ခန်းစာ စာအုပ်တွေထုတ်ခိုင်းပြီး သင်ပေးဖို့ဆုံးဖြတ်လိုက်တယ်....
30 mins later...>>
နာရီလက်တံမှအသံအားအတိုင်းသားကြားရသဘ်ထိ အခန်းတွင်းအခြေနေကတိတ်ဆိတ်လျက်...
ဆံပင်တွေထိုးဖွထားတာကလည်း တစ်ခေါင်းလုံးအမှိုက်ပုံကေလိုလိုပင်...
အားးဒီဂဏန်းတွေချက်စားလိုက်ရရင်မှဗိုက်ပြည့်အုန်းမယ်..ရှောင်းလူကြီးကလဲထိုင်ကြည့်နေတယ် . စာတော်တာတွေသိကုန်တော့မှာဘဲ..မားတို့ကလဲပြန်မလာသေးဘူး စိတ်ညစ်လိုက်တာ..
"ကောင်လေးမင်းဗိုက်ဆာပြန်ပြီလား"
ကောင်လေးကသီအိုရီလေးတစ်ပုဒ်တွက်ထုတ်ခိုင်းတာတစ်နာရီတောင်ကြာနေပြီ.. ခုထိမတွက်ထုတ်ဘဲတစ်ကြောင်းကနေတတ်မလာ.ဆံပင်တွေဖွထားတာလဲ ရစရာမရှိ
ဘောပင်ပါကိုက်နေတော့ ဗိုက်ဆာနေတာလားမေးမိပါတယ် မတ်တပ်ထရပ်ပြီး ပြောလာသည်က..
" ကျွန်တော် ဗိုက်မဆာပါဘူး ပုစ္ဆာတွေကစဥ်းစားရခက်လွန်းလို့ ကျွန်တော့်ဆံပင်တွေဖြူလာမှာလားဆိုပြီး စိုးရိမ်နေတာ "တဲ့..
အင်း စာသင်နေတာကိုစိတ်ထဲမရှိဘဲ ဆံပင်တွေဖြူလာမှာကြောက်နေသတဲ့လား ...စိတ်ချ ကောင်လေးရေ
ဖြူလာတဲ့ဆံပင်တွေကိုယ် ကိုယ်တိုင်နှုတ်ပေးမှာ...
စာထဲစိတ်မပါမဲ့အတူတူ စာသင်တာရပ်လိုက်ကြသည်။
စောနက သူမဟုတ်သည့်အတိုင်း ဧည့်ခန်းထဲမှာဂိမ်းဆော့နေတာများ သွက်လို့။ကိုယ့်ကိုတောင်ရှိတယ်ထင်ပုံမရတော့။
မားတို့ပြန်ရောက်လာတော့ ဖုန်းကိုပိတ်ပြီး လိမ်မာချင်ယောင်ဆောင် ေနသေးသည်။
ဒီကောင်လေးတတ်လဲတတ်နိုင်ပါပေတယ်...
.................................................
ဒီနေ့တော့စာအုပ်လေးကိုင်ပြီး လူကိုငိုင်တိုင်တိုင်ကြည့်နေပြန်တယ်။
"ကောင်လေး မနေ့က သီအိုရီတွက်ထုတ်တာပြန်တွက်ကြည့်လေ. "
"ဘယ်ကနေပြန်လာတာလဲ ဆရာရှောင်း"
အစမရှိမဆုံးမရှိမေးခွန်းပါဘဲ ..ဆရာရှောင်း! ဒီကောင်လေး နာမည်အမျိုးမျိုးခေါ်နေတော့မှာလား..
" အလုပ်ကိစ္စလေ. "
"သြော်...."
"ဘာလို့မေး..."
စာ လုပ်သွားပြီဖြစ်တဲ့ကောင်လေးကြောင့် စကားအားရပ်လိုက်ရသည်။
ဒီလိုကျစာကိုအာရုံစိုက်သားဘဲ..မနေ့ကနဲ့မတူဘဲစာကိုသေချာရေးနေတာဘဲ . ဘောပင်ဖင်မှီးလေးကိုရမ်းလို့... ဒီနေ့တော့ အသစ်တက်ရလောက်မှာပါ..
အတွေးနဲ့ပုစ္ဆာအသစ်တွေထပ်ရှာနေလိုက်သည်။အချိန်ကြာလာတဲ့အထိ မပြီးဆုံးသေးတဲ့ ကောင်လေးကြောင့် နာရီကိုကြည့်လိုက်မိသည်။မနေ့ကသီအိုရီပြန်တွက်တာ နာရီဝက်နီးပါးရှိသွားပြီ။
"ကောင်လေး ပြီးပြီလား"
မော့တောင်ကြည့်မလာဘဲကို။
အာရုံစိုက်ပြီးတွက်နေတာထင်တယ်..စာအုပ်ကိုလှမ်းကြည့်မိတော့...
အကျိုးနည်းကြိုးစားနေမှုကြီး...ဘောပင်ဖင်တွေရမ်းနေလို့ လိမ်မာတယ်ချီးကျူးမိတာ.. အခုသူက ဂဏန်းတွေကို ရှုပ်ယှက်ခပ်နေအောင်လျှောက်ရေးနေတာဘဲ။
"ဝမ်ရိပေါ်!"
အသံမာမာနဲ့ခေါ်လိုက်ပေမဲ့ မော့မကြည့်လာတဲ့ကောင်လေး...
ကိုယ်လေးကတသိမ့်သိမ့်တုန်နေတာလားဘဲ။ပခုံးလေးကို ကိုင်ကာ လှုပ်ပြီးခေါ်မှ ပြန်ကြည့်လာလေသည်။
"ဟင်..ကောင်လေး မတွက်တတ်လို့လား...ဘာမှမဖြစ်ပါဘူး ကိုယ်ရှင်းပြပေးမယ်နော်"
ကောင်လေးပါးပြင်ပေါ်က မျက်ရည်လေးတွေကြောင့် ပြာပြာသလဲပင် ချော့လိုက်မိသည်။
"မရ ရငိ ပြောလို့ရတယ်လေ ကိုယ်ကကောင်လေးတွက်တတ်တယ်ထင်လို့ မငိုနဲ့နော်"
ကိုယ်ပြောလိုကိမှပိုလို့ကျလာတဲ့မျက်ရည်လေးတွေကို
သုတ်ပေးမိသည်။
"ကျွန်တော်..နားချင်ပြီ.."
လက်ကို ဖယ်ချပြီး မျက်ရည်တွေကိုလက်ခုံနဲ့သုတ်ပစ်လိုက်
သည့်ကောင်လေးကြောင့် လက်တွေကိုပြန်ရုတ်ကာ စာအုပ်တွေသိမ်း ပေးရသည်။
"အင်း နားလိုက်နော် ကိုယ်နောက်နေ့မှသေချာပြန်သင်ပေးမယ်"
"အင်း.."
ကုတင်ပေါ်တက်ပြီး စောင်ခေါင်းမြီးခြုံလို့ကွေးကွေးလေးအိပ်သွားသည့်ကောင်လေးကြောင့် အိမ်ပြန်ရန်သာဆုံးဖြတ်လိုက်တော့သည်။
တံခါးပိတ်သံကြားမှ စောင်ထဲမှမျက်နှာဖော်လို့ တအိအိဆက်ငိုသည့်ရိပေါ်ပါပင်။
ဘာလို့မှန်းမသိ ရှောင်းလူကြီး ကို ကြည့်ပြီး ကျလာတဲ့မျက်ရည်တွေ။သူကတော့ စာတွေကိုကြည့်နေတာ ကိုယ်ချောင်း"ကြည့်တာကို မသိတဲ့ပုံ။အလိုလိုဝမ်းနည်းသလိုဖြစ်လာတယ်။
ရှောင်းလူကြီးသာ ကျွန်တော့်ရဲ့ Bunny ဖြစ်နေရင်သိပ်ကောင်းမှာဘဲ...ဟိုတစ်နေ့က ဇီဖန့်ဆိုတဲ့လူပြောသွားပုံအရဆိုရင် ကျွန်တော်ချစ်ပါတယ်ဆိုတဲ့Bunnyက ကျွန်တော့်အနားတစ်ဝိုက်မှာရှိနေမလား...တကယ်လို့သာ Bunny နဲ့ပြန်ဆုံရင်...
အတွေးတို့နဲ့အတူ စားပွဲပေါ်က ဖန်ပုလင်းထဲမှာရှိတဲ့ ချိုချဥ်လေးကိုကြည့်ရင်း မျက်ရည်တို့နဲ့ တစ်ညတာကိုအဖော်ပြုကာ အိပ်စက်လိုက်ရသည်။
ရှောင်းလူကြီးနဲ့မတွေ့ခင်အချိန်ထိ Bunnyဆိုတဲ့နာမ်စားပိုင်ရှင်လေးကို တမ်းတမ်းစွဲ ဖြစ်နေခဲ့တာ။အခုလိုကိုယ့်အနီးနားမှာရှိ နေလိမ့်မယ် ဆိုတဲ့အသိနဲ့အရင်ကလိုဆို အပျော်ဆုံးလူတစ်ယောက်လိုဖြစ်နေမှာပါ။ အခုတော့...
~ အချစ်ဆိုတာ ကျွန် ေတာ့်အတွက်
ရိုးရှင်းတဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်မနေခဲ့ပါ~
_______________
1354 words~
Thank for reading ❣
To be continued Candy love 11🍭
#Zawgyi
ယဥ္ကျေးမှုအရအခန်းတံခါးခေါက်လိုက်ပေမဲ့အထဲမှပြန်ဖြေခြင်းလဲမရှိ..တံခါးအားအသာတွန်း
တံခါးမပိတ်ထားဘူးဘဲ...
" ကောင်လေး.. "
နဖူးပျေါဝဲကနြတေဲ့ ဆံပင်လေးတွေကိုဖယ်ပေးဖို့လက်လှမ်းတော့ မျက်လုံးပွင့်လာတဲ့ကောင်လေး...
ဟန့်လို့
"အင်းး"
"ချစ်ဖို့ကောင်းတယ်"
ကြည့်ပြီး အံ့သြမိသည်။
"စာတွေကော ... "
"ကြာအုန်းမှာ... "
"ဟွန့်. "
30 mins later...>>
" ကျွန်တော် ဗိုက်မဆာပါဘူး ပုစ်ဆာတွေကစဉ်းစားရခက်လွန်းလို့ ကျွန်တော့်ဆံပင်တွေဖြူလာမှာလားဆိုပြီး စိုးရိမ်နေတာ "တဲ့..
မားတို့ပြန်ရောက်လာတော့ ဖုန်းကိုပိတ်ပြီး လိမ်မာချင်ယောင်ဆောင် နေသေးသညျ။
.................................................
" အလုပ်ကိစ္စလေ. "
"သြော်...."
"ဘာလို့မေး..."
"ကောင်လေး ပြီးပြီလား"
"ဝမ်ရိပေါ်!"
သုတ်ပေးမိသည်။
"ကျွန်တော်..နားချင်ပြီ.."
"အင်း.."
~ အချစ်ဆိုတာ ကျွန် တေျာ့အတှကျ
ရိုးရှင်းတဲ့ပုစ်ဆာတစ်ပုဒ်ဖြစ်မနေခဲ့ပါ~
_______________
1354 words~
Thank for reading