စေလိုရာစေ(Completed)

By Syringa99

386K 18.9K 411

ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... More

Ep(1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(27)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
EP(37)
Ep (38)
Ep(39)
Ep(40)
Ep(41)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(51)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra

Ep (8)

7K 407 3
By Syringa99

စေလိုရာစေ..

(Unicode)

လေညှင်း ထိုလူ သုံးယောက်ဘေးကနေ သူတို့သတိမထားမိအောင် ဖြတ်လျောက်လိုက်သည်။

"အေ့..မူးလို့သောက်တယ်..သောက်တော့ မူးတယ်..ဂေ့.."

"ဟာ!!မိန်းမချောလေး..အေ့..ဒီ့ချိန်ကြီး တစ်ယောက်တည်းလား..ဂေ့..ကိုကြီးတို့ လိုက်ပို့ချင်တယ်ကွယ်..အေ့"

"ခင်ဗျား..မူးနေရင်လည်း ကိုယ့်လမ်းကိုယ်သွားပါ.ကိုယ့်ကြောင့်..သူတပါးစိတ်အနှောင့်ယှက် မဖြစ်ပါစေနဲ့"

တကယ်ပါ ဘယ်လိုလူတွေလည်း မသိဘူး။အမူးလွန်ပြီး ယောက်ျားလေးဆိုတာတောင် မခဲွဲခြားနိုင်တော့။လေညှင်း လက်ကို ဆွဲပြီး မြန်မာကားထဲက "ချစ်လို့ပါ ညီမလေးရယ်" ဆိုတဲ့ လူဆိုးတွေလို ညောင်နာနာ အသံနဲ့။

"ငမူး..သေချာကြည့်ဦး..အေ့..မိန်းမချော မဟုတ်ဘူး..ဟေ့ကောင်ရေ..ဟား..ဟား..မင်းမှားနေပြီ"

ကြည့်ရတာ ဒီလူကတော့ ရေချိန်သိပ်ကိုက်သေးပုံမရ။

"ကောင်းကင်က နတ်သတ်ကြွေလာတဲ့..နတ်သမီးလေးကွ..ဟေ့ကောင်ရ..အေ့..ဟိုသိချင်း ထဲကလို..ဘုံကြိုးပျက်တဲ့ ဒေဝီနတ်မျိုးနွယ်..ဂေ့"

"ဟား..ဟား..ဟား..ဂေ့"

လေညှင်း  အရက်စော် တထောင်းထောင်းနေတဲ့ လူကို ပခုံးနဲ့တိုက်လိုက်ကာ ဟိုလူ ယိုင် သွားတာကို အခွင့်ကောင်းယူပြီး ရှေ့ကို ဆက်လျောက်လာလိုက်တယ်။

"ဟာ..မဒီလေးက အလာသား..ကြိုက်ပြီ..အေ့.."

"ဟာ..ခင်ဗျား..ဘာလုပ်တာလဲ.."

ဟိုလူသုံးယောက်က လေညှင်း နောက်ကနေ အမှိလိုက်ပြီး လက်ကြမ်းကြီးတွေနဲ့ မျက်နှာကို အတင်းချုပ်နမ်းဖို့ ပြင်တော့သည်။

လူက သုံးယောက်တစ်ယောက်အားနဲ့ ဘယ်လိုမှ ရုန်းလို့်မရ။ပြီးတော့ လေညှင်းက လူကောင်သေးတော့ ပိုဆိုးတယ်။သူတို့ လက်ထဲ ကစားစရာ အရုပ်လို ဖြစ်နေတာ။

"အင့်"

"ဒုတ်!!"

"အ!!"

"ဒုတ်!!ဒုတ်!!ခွပ်!!ဖြောင်း"

"အား!!သေပါပြီ..အီးဟီး!!"

အဖြစ်ပျက်က မျက်စိရှေ့မှာ မျက်လှည့်ပြလိုက်သလို။ခုနက လေညှင်းပါးပြင်ကို နမ်းဖို့ ပြင်နေတဲ့ လူသုံးယောက်က အခုတော့ မြေပြင်မှာ အတုန်းအရုန်း။ခေါင်းမှာလည်း မြင်ရက် စရာမရှိအောင် သွေးတွေက ချင်းချင်းနီကာ တစ်ကိုယ်လုံးလည်း ညိုမဲစွဲလို့။

"ဟို..ဒီ..ဒီက..ကျေးဇူးတင်ပါတယ်"

ရှေ့က အရပ်ရှည်ရှည်နဲ့လူတစ်ယောက်။ဒီလူက လေညှင်းကို ကယ်လိုက်တာပဲ။ဖုန်းမီးရောင်လေးနဲ့သာမို့ မျက်နှာကို သဲကွဲအောင် မမြင်ရ။ကျေးဇူးတင်စကားသာ အထပ်ထပ်ဆိုမိတော့ ထိုလူက ရှေ့ကို တစ်လှမ်းချင်း လျောက်လာသည်။

"ဖလပ်!!"

ထိုအချိန် မီးပြန်လာတာနဲ့ တိုးသည်။အဲ့တော့မှ ရှေ့က မိမိကို ကူညီသူကို သေချာကြည့်မိတော့..

"ဟင်!!မင်း.."

လူဆိုးကောင်။လေညှင်း ထပ်မဆုံချင်တော့တဲ့ မရဏက မှော်စက္ခ။ဆွယ်တာ လည်ပိတ်ကို အပေါ်က လောင်းကုတ် အနက်ထပ်ဝတ်ထားပြီး စတိုင်ပန်အရှည်ထဲ လက်တစ်ဖက်ထည့်လျက် တစ်လှမ်းချင်း လျောက်လာပုံက လူကောင်းမဟုတ်သော်ငြား ယောက်ျားဆန်စွာ ချောမောလွန်းနေတာတော့ ဝန်ခံရမယ်။

သူနဲ့တွေ့တိုင်း လည်ပင်းညောင်းမတတ် မော့ကြည့်နေရတဲ့ လေညှင်း အရပ်ကို ဒီအချိန်မှာ စိတ်အနာဆုံးပဲ။မဟုတ်ဘူး လေညှင်းပုတာ မဟုတ်ဘူး လူဆိုးကောင်ကိုက အရှည်လွန်နေတာ။

"အ!!မင်း ဘာလုပ်တာလဲ..ဖယ်"

လေညှင်းအနားရောက်လာပြီး သူ့လက်တစ်ဖက်တည်းနဲ့ မေးရိုးကို ခပ်ကြမ်းကြမ်းကိုင်ပြီး ဘယ်ညာလှည့်ကြည့်နေတဲ့ မှော်စက္ခ။

"နာတယ်လို့..အ"

ခုန ဟိုလူတွေ ကိုင်ထားလို့ နာနေတဲ့ ပါးပြင်က စက္ခလက်ရဲ့ တင်းကြပ်ကြပ် အရှိန်က ထပ်ပေါင်းလိုက်တော့ အထိမခံနိုင်အောင် နာလွန့းလို့ အော်ငြီးမိတယ်။

"ကျစ်!!"

"ဟမ်!!မင်းဘာလုပ်ဦးမလို့"

နောက်လှည့်ပြီး ဟိုလူတွေအနား ပြန်ရောက်သွားတဲ့ စက္ခကြောင့် အလျင်မြန် မေးမိတော့ ပြန်ဖြေသံမကြားရ။ဟုတ်တာပဲ လူဆိုးကောင်ကိုက လိုမှ စကားပြောတဲ့ဟာကို လေညှင်းမေ့သွားတာ။

"အုန်း!!"

"အား..ကြောက်ပါပြီ..အ!!"

"ဟာ..ဟေ့..ဟေ့..မှော်စက္ခ..မင်းလက်လွန်နေပြီ..တော်ပါတော့.."

မြေကြီးနဲ့ မိတ်ဆက်နေတဲ့ လူနှစ်ယောက်ကို တပြိုင်တည်း ဂုတ်က ကိုင်ကာ လမ်းဘေးဓာတ်တိုင်နဲ့ ခေါင်းနဲ့ တစ်ချက်ချင်း ဆောင့်ပစ်နေတဲ့ မှော်စက္ခ။သွေးတွေဆိုတာလည်း မြင်မကောင်း။ဓာတ်တိုင်တောင် အရောင်ပြောင်းလုနီးနီး။

"အုန်း!!"

"တော်..တော်ပါတော့..ငါ..ငါကြောက်လို့ပါ"

အသေးလေး ရဲ့ လက်ဖောင်းဖောင်းလေး။သူ့ကုတ်အက်ျီကို နောက်ကနေ မထိတထိ ဆွဲကာ အသံတိမ်တိမ်လေးနဲ့ ပြောလာသူ။စက္ခရဲ့ တစ်ခုတည်းသော အားနည်းချက်လေး။

စက္ခ အသေးလေး ဆေးခန်းရှေ့မှာ စောင့်နေခဲ့တာ အသေးလေးကတော့ သူ့ကိုမမြင် ။လူနာတွေ ရှိနေသေးတာမို့ အသေးလေး ပြန်မယ့်အချိန်ကို စိတ်ရှည်ရှည် စောင့်ရင်း အခု အနောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့ရာကနေ ဆွဲလားရမ်းလားလုပ်နေတဲ့ အမူးသမား သုံးယောက်ကို ပညာပြလိုက်ခြင်း။

မငိုနဲ့ ခင်ဗျား။အဲ့ဒီမျက်ရည်တွေက ဒီကောင့်ကို တစ်ဖြည်းဖြည်း ညှင်းသတ်နေတာ။ခင်ဗျားကို မျက်ရည်ကျအောင် လုပ်တဲ့သူက ကျုပ်ဖြစ်နေရင်တောင် ကိုယ့်ကိုကိုယ် အပြစ်ပေးမိဦးမှာ။အဲ့လောက်ထိ ခင်ဗျားကို စောက်ရမ်းချစ်မိနေတာ။

"လာခဲ့!!ခင်ဗျား!!"

"အင့်..မင်းဘာလုပ်တာလဲ..ချပေး..ငါ့ကို အောက်ပြန်ချပေး..မှော်စက္ခ"

လေညှင်းကို ချက်ချင်း ဆိုသလို ဒူးခေါင်းကနေ ပင့်ချီပြီး သူ့ပုခုံးပေါ် ထမ်းတင်လိုက်တာကြောင့် လေညှင်းခမျာ သူ့လက်ထဲမှာ ယက်ကန်ယက်ကန်။

"မှော်စက္ခ..ငါပြောနေတယ်နော်..အောက်ချပေးလို့..ငါ့ဘာသာ လမ်းလျောက် မယ်.."

"ကျစ်!!ခင်ဗျား ငြိမ်ငြိမ်နေလိုက်နော်!!..မဟုတ်လို့ကတော့..ဟိုမှာတွေ့လား.. ဘေးက မြောင်းထဲ ပစ်ချလိုက် မှာ!!"

ဟင် မြောင်းထဲပစ်ချမယ်။အမေကယ်ပါ လူမသိသူမသိ မြောင်းထဲမှာသေတဲ့ မသာတော့ မဖြစ်ပါရစေနဲ့။
လေညှင်း ဒီနေ့ ကံမကောင်းပါလား။ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဆိုသလိုပဲ။အမူးသမား ကြောက်လို့ လူဆိုးကောင် အားကိုးကာမှ အခုတော့  သူ့ခမျာ အသက်ပါပျောက်တော့မယ့် အဖြစ်။

သူခြိမ်းခြောက်လိုက် မှ ငြိမ်ကျသွားတဲ့ အသေးလေး။ဟက် သူ့ကိုဆို ကတ်ကတ်လန် ရန်တွေ့တတ်တဲ့ ဒေါက်တာလေးက ဒီလိုလည်း ကြောက်တတ်သေးတာပဲလား။မဆိုးဘူး ဒီနည်းလမ်း။နောက်ဆို ဒီလို ဖြဲခြောက်ပြီး အပြစ်ပေးရမယ်။

"ဝင်!!အထဲကို!!"

"မလိုဘူး!ငါ့မှာ ကားပါတယ်.."

"ရတယ်!!"

"ဟာ!!မင်း..ဘယ်လိုလုပ်"

သူ့ကားထဲ အတင်းဝင်ခိုင်းနေတာကို မသိချင်ယောင်ဆောင်ပြီး လေညှင်းကားဆီ သွားဖို့အလုပ် လူကို အရုပ်ကလေးလို ဆွေ့ခနဲ ပွေ့ချီပြီး ကားထဲထည့်လိုက်တာကြောင့် ပါးစပ်က အော်မယ့်စကားတောင် အစရှာမရတော့။

ဘာလို့ဆို ကျစ်လျစ် သန်မာတဲ့ သူ့ လက် မောင်းကြီးတွေ လေညှင်းကိုယ်လေးကို ပွေ့လိုက်တဲ့ အချိန်ခဏလေးအတွင်း ဓာတ်လိုက်သလိုမျိုး ကျင်တက်သွားတဲ့ ခံစားချက်ကြီး။

အချက်ပေးခေါင်းလောင်းသံတွေ ဆူညံနေတဲ့ ကိုယ့်ရင်ဘတ်သာ တစ်ချက်ဖိရင်း ဟိုလူဆိုးကောင်ကို စိတ်ထဲက ကျိန်ဆဲမိတယ်။ကြာရင် မှော်စက္ခကြောင့် သူ နှလုံးရောဂါရတော့မှာ။

လိပ်စာပြော"

"ငါ့ကိုကယ်ပေးတါတော့ ကျေးဇူးတင်တယ်..ဒါပေမယ့် မင်းလိုက်ပို့စရာမလိုဘူး..မှော်စက္ခ..ငါ့ကိုတံခါးလော့ဖွင့်ပေး"

"ကျစ်!!"

"ကျုပ်မေးတာသာဖြေ!!အပိုစကားတွေ မကြားချင်ဘူး!"

"ဘာ..မင်း!!"

သူ့အလိုမကျတဲ့အခါတိုင်း မျော့နက်နှစ်ကောင် တွယ်ကပ်ထားသလို ထင်ရှားစွာ တည်ရှိနေတဲ့ မျက်ခုံးတန်းတို့က အလယ်ကို စုကြုံ့သွားတတ်တာ၊ ပြီးရင် လူကို ဝါးစားတော့မတတ် အကြည့်တွေ အဲ့ဒါတွေ လေညှင်းမကြိုက်ဆုံးပဲ။အရာရာကို သူ့သဘောအတိုင်းပဲ အခြားသူ ခံစားချက်ကို ဘယ်တော့မှ စိတ်မဝင်စားတဲ့သူ။

"ဟင်း..(....)အိမ်ရာကိုမောင်း"

မတတ်သာတဲ့ အဆုံး သက်ပြင်းတစ်ချက် လေးလေးပင်ပင် ချပြီးနောက် အိမ်လိပ်စာ ပြောလိုက်ရတော့တယ်။မဟုတ်ရင် လေညှင်း ဒီနေ့အိမ်ပြန်ရောက်မယ့် လမ်းမမြင်။

မောင်းလာခဲ့တဲ့ လမ်းတစ်လျောက် လေညှင်းလည်း သူ့ကို စကားမပြောသလို သူကလည်း ရှေ့ကိုသာ တည့်တည့်ကြည့်မောင်းနေသည်။သူနဲ့လေညှင်း ဆုံတာ ဒါနဲ့ဆို သုံးကြိမ်မြောက်ဆိုပေမယ့် သူတို့နှစ်ယောက်က စကားစမြည်ပြောရအောင်ထိ ရင်းနှိးတဲ့သူတွေမဟုတ်။

ပြီးတော​့ သူနဲ့လေညှင်းနဲ့က အရာရာ ဆန့်ကျင်ဖက်။မိတ်ဆွေ မဖြစ်သင့်တဲ့သူတွေ။လေညှင်းက လူ့အသက်ကို ကယ်ပေးတဲ့ ဆရာဝန် သူက သွေးအေးအေးနဲ့ လူသတ်တဲ့ မာဖီးယား။တွေ့လိုက်တိုင်း ကြောင်နဲ့ကြွက်လို ရန်ဖြစ်နေရတာ ဘယ်လိုနည်းနဲ့မှ ရင်းနှီးလာဖို့ အကြောင်းမရှိ။

အင်း ဒီလိုဘေးတိုက် ကြည့်တော့လည်း လူဆိုးကောင်က တမျိုး ကြည့်လို့ကောင်းသား။
ဝါနှစ်နှစ်အသားရည် တင်းတင်းစေ့ထားတဲ့ နူတ်ခမ်း စီတီယာရင်ကို ကျွမ်းကျင်စွာ လှည့်ပတ်နေတဲ့ လက်ခုံပေါ်က ယှက်သန်းနေတဲ့ သွေးကြောစိမ်းတွေ။

မှော်စက္ခသာ လူကောင်းတစ်ယောက်ဆိုရင်  အခုခေတ် ဆယ်လီမင်းသား တစ်ယောက်လို့တောင်ထင်မိမှာ။ခက်တာက ရုပ်ရည်လေးနဲ့မလိုက်အောင် မူးယစ်ရာဇာ ဖြစ်နေတာပဲ။

လေညှင်း တစ်​ယောက် လူဆိုးကောင်ကို အသံတိတ် အကဲဖြတ်နေတုန်း မှော်စက္ခက ကားမောင်းနေရာမှ သူ့ဘက် ဆတ်ခနဲ့ လှည့်ကြည့်လာသည်။

#Thanks for reading😍😘

Syringa

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေစလိုရာေစ..

(Zawgyi)

ေလညႇင္း ထိုလူ သုံးေယာက္ေဘးကေန သူတို႔သတိမထားမိေအာင္ ျဖတ္ေလ်ာက္လိုက္သည္။

"ေအ့..မူးလို႔ေသာက္တယ္..ေသာက္ေတာ့ မူးတယ္..ေဂ့.."

"ဟာ!!မိန္းမေခ်ာေလး..ေအ့..ဒီ့ခ်ိန္ႀကီး တစ္ေယာက္တည္းလား..ေဂ့..ကိုႀကီးတို႔ လိုက္ပို႔ခ်င္တယ္ကြယ္..ေအ့"

"ခင္ဗ်ား..မူးေနရင္လည္း ကိုယ့္လမ္းကိုယ္သြားပါ.ကိုယ့္ေၾကာင့္..သူတပါးစိတ္အေႏွာင့္ယွက္ မျဖစ္ပါေစနဲ႔"

တကယ္ပါ ဘယ္လိုလူေတြလည္း မသိဘူး။အမူးလြန္ၿပီး ေယာက္ေက်ားလးဆိုတာေတာင္ မခဲွဲျခားႏိုင္ေတာ့။ေလညႇင္း လက္ကို ဆြဲၿပီး ျမန္မာကားထဲက "ခ်စ္လို႔ပါ ညီမေလးရယ္" ဆိုတဲ့ လူဆိုးေတြလို ေညာင္နာနာ အသံနဲ႔။

"ငမူး..ေသခ်ာၾကည့္ဦး..ေအ့..မိန္းမေခ်ာ မဟုတ္ဘူး..ေဟ့ေကာင္ေရ..ဟား..ဟား..မင္းမွားေနၿပီ"

ၾကည့္ရတာ ဒီလူကေတာ့ ေရခ်ိန္သိပ္ကိုက္ေသးပုံမရ။

"ေကာင္းကင္က နတ္သတ္ေႂကြလာတဲ့..နတ္သမီးေလးကြ..ေဟ့ေကာင္ရ..ေအ့..ဟိုသိခ်င္း ထဲကလို..ဘုံႀကိဳးပ်က္တဲ့ ေဒဝီနတ္မ်ိဳးႏြယ္..ေဂ့"

"ဟား..ဟား..ဟား..ေဂ့"

ေလညႇင္း  အရက္ေစာ္ တေထာင္းေထာင္းေနတဲ့ လူကို ပခုံးနဲ႔တိုက္လိုက္ကာ ဟိုလူ ယိုင္ သြားတာကို အခြင့္ေကာင္းယူၿပီး ေရွ႕ကို ဆက္ေလ်ာက္လာလိုက္တယ္။

"ဟာ..မဒီေလးက အလာသား..ႀကိဳက္ၿပီ..ေအ့.."

"ဟာ..ခင္ဗ်ား..ဘာလုပ္တာလဲ.."

ဟိုလူသုံးေယာက္က ေလညႇင္း ေနာက္ကေန အမွိလိုက္ၿပီး လက္ၾကမ္းႀကီးေတြနဲ႔ မ်က္ႏွာကို အတင္းခ်ဳပ္နမ္းဖို႔ ျပင္ေတာ့သည္။

လူက သုံးေယာက္တစ္ေယာက္အားနဲ႔ ဘယ္လိုမွ ႐ုန္းလို့္မရ။ၿပီးေတာ့ ေလညႇင္းက လူေကာင္ေသးေတာ့ ပိုဆိုးတယ္။သူတို႔ လက္ထဲ ကစားစရာ အ႐ုပ္လို ျဖစ္ေနတာ။

"အင့္"

"ဒုတ္!!"

"အ!!"

"ဒုတ္!!ဒုတ္!!ခြပ္!!ေျဖာင္း"

"အား!!ေသပါၿပီ..အီးဟီး!!"

အျဖစ္ပ်က္က မ်က္စိေရွ႕မွာ မ်က္လွည့္ျပလိုက္သလို။ခုနက ေလညႇင္းပါးျပင္ကို နမ္းဖို႔ ျပင္ေနတဲ့ လူသုံးေယာက္က အခုေတာ့ ေျမျပင္မွာ အတုန္းအ႐ုန္း။ေခါင္းမွာလည္း ျမင္ရက္ စရာမရွိေအာင္ ေသြးေတြက ခ်င္းခ်င္းနီကာ တစ္ကိုယ္လုံးလည္း ညိဳမဲစြဲလို႔။

"ဟို..ဒီ..ဒီက..ေက်းဇူးတင္ပါတယ္"

ေရွ႕က အရပ္ရွည္ရွည္နဲ႔လူတစ္ေယာက္။ဒီလူက ေလညႇင္းကို ကယ္လိုက္တာပဲ။ဖုန္းမီးေရာင္ေလးနဲ႔သာမို႔ မ်က္ႏွာကို သဲကြဲေအာင္ မျမင္ရ။ေက်းဇူးတင္စကားသာ အထပ္ထပ္ဆိုမိေတာ့ ထိုလူက ေရွ႕ကို တစ္လွမ္းခ်င္း ေလ်ာက္လာသည္။

"ဖလပ္!!"

ထိုအခ်ိန္ မီးျပန္လာတာနဲ႔ တိုးသည္။အဲ့ေတာ့မွ ေရွ႕က မိမိကို ကူညီသူကို ေသခ်ာၾကည့္မိေတာ့..

"ဟင္!!မင္း.."

လူဆိုးေကာင္။ေလညႇင္း ထပ္မဆုံခ်င္ေတာ့တဲ့ မရဏက ေမွာ္စကၡ။ဆြယ္တာ လည္ပိတ္ကို အေပၚက ေလာင္းကုတ္ အနက္ထပ္ဝတ္ထားၿပီး စတိုင္ပန္အရွည္ထဲ လက္တစ္ဖက္ထည့္လ်က္ တစ္လွမ္းခ်င္း ေလ်ာက္လာပုံက လူေကာင္းမဟုတ္ေသာ္ျငား ေယာက္က်ားဆန္စြာ ေခ်ာေမာလြန္းေနတာေတာ့ ဝန္ခံရမယ္။

သူနဲ႔ေတြ႕တိုင္း လည္ပင္းေညာင္းမတတ္ ေမာ့ၾကည့္ေနရတဲ့ ေလညႇင္း အရပ္ကို ဒီအခ်ိန္မွာ စိတ္အနာဆုံးပဲ။မဟုတ္ဘူး ေလညႇင္းပုတာ မဟုတ္ဘူး လူဆိုးေကာင္ကိုက အရွည္လြန္ေနတာ။

"အ!!မင္း ဘာလုပ္တာလဲ..ဖယ္"

ေလညႇင္းအနားေရာက္လာၿပီး သူ့လက္တစ္ဖက္တည္းနဲ႔ ေမး႐ိုးကို ခပ္ၾကမ္းၾကမ္းကိုင္ၿပီး ဘယ္ညာလွည့္ၾကည့္ေနတဲ့ ေမွာ္စကၡ။

"နာတယ္လို႔..အ"

ခုန ဟိုလူေတြ ကိုင္ထားလို႔ နာေနတဲ့ ပါးျပင္က စကၡလက္ရဲ႕ တင္းၾကပ္ၾကပ္ အရွိန္က ထပ္ေပါင္းလိုက္ေတာ့ အထိမခံႏိုင္ေအာင္ နာလြန႔းလို႔ ေအာ္ၿငီးမိတယ္။

"က်စ္!!"

"ဟမ္!!မင္းဘာလုပ္ဦးမလို႔"

ေနာက္လွည့္ၿပီး ဟိုလူေတြအနား ျပန္ေရာက္သြားတဲ့ စကၡေၾကာင့္ အလ်င္ျမန္ ေမးမိေတာ့ ျပန္ေျဖသံမၾကားရ။ဟုတ္တာပဲ လူဆိုးေကာင္ကိုက လိုမွ စကားေျပာတဲ့ဟာကို ေလညႇင္းေမ့သြားတာ။

"အုန္း!!"

"အား..ေၾကာက္ပါၿပီ..အ!!"

"ဟာ..ေဟ့..ေဟ့..ေမွာ္စကၡ..မင္းလက္လြန္ေနၿပီ..ေတာ္ပါေတာ့.."

ေျမႀကီးနဲ႔ မိတ္ဆက္ေနတဲ့ လူႏွစ္ေယာက္ကို တၿပိဳင္တည္း ဂုတ္က ကိုင္ကာ လမ္းေဘးဓာတ္တိုင္နဲ႔ ေခါင္းနဲ႔ တစ္ခ်က္ခ်င္း ေဆာင့္ပစ္ေနတဲ့ ေမွာ္စကၡ။ေသြးေတြဆိုတာလည္း ျမင္မေကာင္း။ဓာတ္တိုင္ေတာင္ အေရာင္ေျပာင္းလုနီးနီး။

"အုန္း!!"

"ေတာ္..ေတာ္ပါေတာ့..ငါ..ငါေၾကာက္လို႔ပါ"

အေသးေလး ရဲ႕ လက္ေဖာင္းေဖာင္းေလး။သူ့ကုတ္အက္က်ီကို ေနာက္ကေန မထိတထိ ဆြဲကာ အသံတိမ္တိမ္ေလးနဲ႔ ေျပာလာသူ။စကၡရဲ႕ တစ္ခုတည္းေသာ အားနည္းခ်က္ေလး။

စကၡ အေသးေလး ေဆးခန္းေရွ႕မွာ ေစာင့္ေနခဲ့တာ အေသးေလးကေတာ့ သူ့ကိုမျမင္ ။လူနာေတြ ရွိေနေသးတာမို႔ အေသးေလး ျပန္မယ့္အခ်ိန္ကို စိတ္ရွည္ရွည္ ေစာင့္ရင္း အခု အေနာက္ကေန ထပ္ၾကပ္မကြာ လိုက္လာခဲ့ရာကေန ဆြဲလားရမ္းလားလုပ္ေနတဲ့ အမူးသမား သုံးေယာက္ကို ပညာျပလိုက္ျခင္း။

မငိုနဲ႔ ခင္ဗ်ား။အဲ့ဒီမ်က္ရည္ေတြက ဒီေကာင့္ကို တစ္ျဖည္းျဖည္း ညႇင္းသတ္ေနတာ။ခင္ဗ်ားကို မ်က္ရည္က်ေအာင္ လုပ္တဲ့သူက က်ဳပ္ျဖစ္ေနရင္ေတာင္ ကိုယ့္ကိုကိုယ္ အျပစ္ေပးမိဦးမွာ။အဲ့ေလာက္ထိ ခင္ဗ်ားကို ေစာက္ရမ္းခ်စ္မိေနတာ။

"လာခဲ့!!ခင္ဗ်ား!!"

"အင့္..မင္းဘာလုပ္တာလဲ..ခ်ေပး..ငါ႔ကို ေအာက္ျပန္ခ်ေပး..ေမွာ္စကၡ"

ေလညႇင္းကို ခ်က္ခ်င္း ဆိုသလို ဒူးေခါင္းကေန ပင့္ခ်ီၿပီး သူ့ပုခုံးေပၚ ထမ္းတင္လိုက္တာေၾကာင့္ ေလညႇင္းခမ်ာ သူ့လက္ထဲမွာ ယက္ကန္ယက္ကန္။

"ေမွာ္စကၡ..ငါေျပာေနတယ္ေနာ္..ေအာက္ခ်ေပးလို႔..ငါ႔ဘာသာ လမ္းေလ်ာက္ မယ္.."

"က်စ္!!ခင္ဗ်ား ၿငိမ္ၿငိမ္ေနလိုက္ေနာ္!!..မဟုတ္လို႔ကေတာ့..ဟိုမွာေတြ႕လား.. ေဘးက ေျမာင္းထဲ ပစ္ခ်လိုက္ မွာ!!"

ဟင္ ေျမာင္းထဲပစ္ခ်မယ္။အေမကယ္ပါ လူမသိသူမသိ ေျမာင္းထဲမွာေသတဲ့ မသာေတာ့ မျဖစ္ပါရေစနဲ႔။
ေလညႇင္း ဒီေန႔ ကံမေကာင္းပါလား။က်ားေၾကာက္လို႔ ရွင္ႀကီးကိုး ရွင္ႀကီး က်ားထက္ဆိုး ဆိုသလိုပဲ။အမူးသမား ေၾကာက္လို႔ လူဆိုးေကာင္ အားကိုးကာမွ အခုေတာ့  သူ့ခမ်ာ အသက္ပါေပ်ာက္ေတာ့မယ့္ အျဖစ္။

သူၿခိမ္းေျခာက္လိုက္ မွ ၿငိမ္က်သြားတဲ့ အေသးေလး။ဟက္ သူ့ကိုဆို ကတ္ကတ္လန္ ရန္ေတြ႕တတ္တဲ့ ေဒါက္တာေလးက ဒီလိုလည္း ေၾကာက္တတ္ေသးတာပဲလား။မဆိုးဘူး ဒီနည္းလမ္း။ေနာက္ဆို ဒီလို ၿဖဲေျခာက္ၿပီး အျပစ္ေပးရမယ္။

"ဝင္!!အထဲကို!!"

"မလိုဘူး!ငါ႔မွာ ကားပါတယ္.."

"ရတယ္!!"

"ဟာ!!မင္း..ဘယ္လိုလုပ္"

သူ့ကားထဲ အတင္းဝင္ခိုင္းေနတာကို မသိခ်င္ေယာင္ေဆာင္ၿပီး ေလညႇင္းကားဆီ သြားဖို႔အလုပ္ လူကို အ႐ုပ္ကေလးလို ေဆြ႕ခနဲ ေပြ႕ခ်ီၿပီး ကားထဲထည့္လိုက္တာေၾကာင့္ ပါးစပ္က ေအာ္မယ့္စကားေတာင္ အစရွာမရေတာ့။

ဘာလို႔ဆို က်စ္လ်စ္ သန္မာတဲ့ သူ့ လက္ ေမာင္းႀကီးေတြ ေလညႇင္းကိုယ္ေလးကို ေပြ႕လိုက္တဲ့ အခ်ိန္ခဏေလးအတြင္း ဓာတ္လိုက္သလိုမ်ိဳး က်င္တက္သြားတဲ့ ခံစားခ်က္ႀကီး။

အခ်က္ေပးေခါင္းေလာင္းသံေတြ ဆူညံေနတဲ့ ကိုယ့္ရင္ဘတ္သာ တစ္ခ်က္ဖိရင္း ဟိုလူဆိုးေကာင္ကို စိတ္ထဲက က်ိန္ဆဲမိတယ္။ၾကာရင္ ေမွာ္စကၡေၾကာင့္ သူ ႏွလုံးေရာဂါရေတာ့မွာ။

လိပ္စာေျပာ"

"ငါ႔ကိုကယ္ေပးတါေတာ့ ေက်းဇူးတင္တယ္..ဒါေပမယ့္ မင္းလိုက္ပို႔စရာမလိုဘူး..ေမွာ္စကၡ..ငါ႔ကိုတံခါးေလာ့ဖြင့္ေပး"

"က်စ္!!"

"က်ဳပ္ေမးတာသာေျဖ!!အပိုစကားေတြ မၾကားခ်င္ဘူး!"

"ဘာ..မင္း!!"

သူ့အလိုမက်တဲ့အခါတိုင္း ေမ်ာ့နက္ႏွစ္ေကာင္ တြယ္ကပ္ထားသလို ထင္ရွားစြာ တည္ရွိေနတဲ့ မ်က္ခုံးတန္းတို႔က အလယ္ကို စုႀကဳံ႕သြားတတ္တာ၊ ၿပီးရင္ လူကို ဝါးစားေတာ့မတတ္ အၾကည့္ေတြ အဲ့ဒါေတြ ေလညႇင္းမႀကိဳက္ဆုံးပဲ။အရာရာကို သူ့သေဘာအတိုင္းပဲ အျခားသူ ခံစားခ်က္ကို ဘယ္ေတာ့မွ စိတ္မဝင္စားတဲ့သူ။

"ဟင္း..(....)အိမ္ရာကိုေမာင္း"

မတတ္သာတဲ့ အဆုံး သက္ျပင္းတစ္ခ်က္ ေလးေလးပင္ပင္ ခ်ၿပီးေနာက္ အိမ္လိပ္စာ ေျပာလိုက္ရေတာ့တယ္။မဟုတ္ရင္ ေလညႇင္း ဒီေန႔အိမ္ျပန္ေရာက္မယ့္ လမ္းမျမင္။

ေမာင္းလာခဲ့တဲ့ လမ္းတစ္ေလ်ာက္ ေလညႇင္းလည္း သူ့ကို စကားမေျပာသလို သူကလည္း ေရွ႕ကိုသာ တည့္တည့္ၾကည့္ေမာင္းေနသည္။သူနဲ႔ေလညႇင္း ဆုံတာ ဒါနဲ႔ဆို သုံးႀကိမ္ေျမာက္ဆိုေပမယ့္ သူတို႔ႏွစ္ေယာက္က စကားစျမည္ေျပာရေအာင္ထိ ရင္းႏွိးတဲ့သူေတြမဟုတ္။

ၿပီးေတာ​့ သူနဲ႔ေလညႇင္းနဲ႔က အရာရာ ဆန္႔က်င္ဖက္။မိတ္ေဆြ မျဖစ္သင့္တဲ့သူေတြ။ေလညႇင္းက လူ့အသက္ကို ကယ္ေပးတဲ့ ဆရာဝန္ သူက ေသြးေအးေအးနဲ႔ လူသတ္တဲ့ မာဖီးယား။ေတြ႕လိုက္တိုင္း ေၾကာင္နဲ႔ႂကြက္လို ရန္ျဖစ္ေနရတာ ဘယ္လိုနည္းနဲ႔မွ ရင္းႏွီးလာဖို႔ အေၾကာင္းမရွိ။

အင္း ဒီလိုေဘးတိုက္ ၾကည့္ေတာ့လည္း လူဆိုးေကာင္က တမ်ိဳး ၾကည့္လို႔ေကာင္းသား။
ဝါႏွစ္ႏွစ္အသားရည္ တင္းတင္းေစ့ထားတဲ့ ႏူတ္ခမ္း စီတီယာရင္ကို ကြၽမ္းက်င္စြာ လွည့္ပတ္ေနတဲ့ လက္ခုံေပၚက ယွက္သန္းေနတဲ့ ေသြးေၾကာစိမ္းေတြ။

ေမွာ္စကၡသာ လူေကာင္းတစ္ေယာက္ဆိုရင္  အခုေခတ္ ဆယ္လီမင္းသား တစ္ေယာက္လို႔ေတာင္ထင္မိမွာ။ခက္တာက ႐ုပ္ရည္ေလးနဲ႔မလိုက္ေအာင္ မူးယစ္ရာဇာ ျဖစ္ေနတာပဲ။

ေလညႇင္း တစ္​ေယာက္ လူဆိုးေကာင္ကို အသံတိတ္ အကဲျဖတ္ေနတုန္း ေမွာ္စကၡက ကားေမာင္းေနရာမွ သူ့ဘက္ ဆတ္ခနဲ႔ လွည့္ၾကည့္လာသည္။

#Thanks for reading😍😘

Syringa

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



Continue Reading

You'll Also Like

857K 34.4K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...
245K 14.7K 21
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
457K 22.8K 46
မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 ေမာင္လက္ထပ္ခ်င္တဲ့ တစ္ဦးတည္းေသာ...
503K 29.3K 36
​မောင်ချစ်ရသူ​တွေ့တဲ့တစ်​နေ့ငါကိုယ်တိုင်ကွာရှင်း​ပေးမှာမို့ငါ့ကွယ်ရာမှာမ​ဖောက်ပြန်နဲ့​မောင်ငါ​မောင့်ကိုမမုန်းချင်ဘူး.........