[Unicode]
ချူယွီလည်း ပြောလို့ပြီးရော အခြားသူတွေအကုန်လုံးက အလွန်အံ့အားသင့်ခြင်း၊ ရွံရှာခြင်း သို့မဟုတ် လှောင်ပြောင်ချင်တဲ့ အမူအရာတွေနဲ့ လှည့်ကြည့်လာပြီး လူအချို့က တိုးတိုးလေးပြောကြတယ်...
"အို, စုန့်ရှစ်ရှုန်းကို မျက်နှာသာမပေးတာ ဘယ်သူပါလိမ့်? သူက....."
"ငါကြားတာ ချူယွီက အလွန့်အလွန်ကိုမောက်မာတာတဲ့ ကျွတ် ကျွတ်,လူတိုင်းရဲ့မျက်လုံး တွေက ခေါင်းဆောင်တဲ့တပည့်ဆီမှာပဲရှိတာ...ငါထင်တယ် သူတို့က အဆင့်နိမ့်တဲ့ နတ်ဆိုးသားရဲတွေကို ရိုးရိုးတမ်းတမ်း သုတ်သင်ဖို့သွားနေသလိုပဲ။"
စုန့်ကျင်းရီ လည်း သူ့ကိုတောက်ပတဲ့မျက်လုံးတွေနဲ့လှည့်ကြည့်လာတယ် "ချူရှစ်တိပဲ...ချူရှစ်တိလေးက ဆန္ဒမရှိရင် အဲ့တာက မကောင်းလောက်ဘူးနော်....မင်းရဲ့နောက်က ရှစ်တိလေးကတော့ အရမ်းသဘောမတူ ဖြစ်နေပုံပဲနော်??
ဒီခရီးက ချီသန့်စင်မှုအဆင့်သာ ရှိသေးတဲ့ သူတွေအတွက် အလွန်အန္တရာယ်များတယ်နော်..."
ချူယွီက သူ့ရဲ့နောက်က ကိုအာလာလေးလို တွယ်ကပ်နေတဲ့ ကောင်လေးကို တစ်ချက်ကြည့်လိုက်တယ်...ဒီကောင်လေးက ပျင်းပြီး မပျံချင်ရုံပဲဆိုတာ ရှင်းနေတာပဲကို။ ရှဲ့ရှီးက သူ့ရဲ့တောက်ပနေတဲ့ မျက်လုံးလေးတွေကို ပင့်လိုက်တယ်။ ချူယွီကို တင်းကြပ်စွာ ဖက်တွယ်ထားရင်း သူညင်သာစွာ ပြောလိုက်တယ် "မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ သာ့ရှစ်ရှုန်းနဲ့ပဲ လိုက်ချင်တယ်။ သာ့ရှစ်ရှုန်း ဘယ်သွားသွား ငါလည်းလိုက်မှာ..."
စုန့်ကျင်းရီက ပြောင်ပြောင်တင်းတင်း အငြင်းခံလိုက်ရပြီး သူ့မျက်နှာက ရုပ်ဆိုးသွားတယ် "...အဲ့တာဆို မင်းတို့နှစ်ယောက်က ကိုယ့်ဘာသာကိုယ် သွားမှာပေါ့ ဟုတ်လား??"
ချူယွီ ပြုံးလိုက်ပြီး ရှဲ့ရှီးခေါင်းလေးကို ပွတ်ပေးလိုက်တယ်။ သူ ရွှင်ရှန်းကို အသက်သွင်းလိုက်ပြီး ရေပြာရောင် အလင်းတန်းက တောက်ပစွာနဲ့ထွန်းလင်းလာပြီး 'ဝှစ်'ဆိုတဲ့အသံနဲ့ ပျံသွားလေတယ်။ ၎င်းက အခြားဂိုဏ်းတပည့်တွေအပေါ်ကနေ ဖြတ်ပျံသွားတယ်။ သူတို့က မျက်တောင်တစ်ခတ်စာမှာပင် ပျောက်ကွယ်သွားလေပြီ။
ချူယွီလည်း ထွက်သွားရော သူ့အရှေ့မှာ စကားမပြောရဲတဲ့ သူတွေက ချက်ချင်းပဲ သူတို့အတွေးတွေကို ထုတ်ပြောလာကြတယ်:
"အခြေတည်အလယ်အလတ်အဆင့်လောက်ကများ! သူ့ရဲ့မိသားစုနောက်ခံကို မှီခိုထားလို့သာ
သူက ကောင်းမွန်တဲ့သူဖြစ်နေတာ! ချူယွီ? ငါးညှီနံ့နဲ့ အတူတူပဲ!''
('ယွီ'ဆိုတာ ငါးကိုဆိုလိုတာပါ)
"ငါ ထင်တာ သူက ပထမဆုံးသေမယ့်သူ ဖြစ်လိမ့်မယ်!"
"သူ့ရှစ်တိကလည်းပဲ ခေါင်းမာတယ်...စုန့်ရှစ်ရှုန်းက ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အကူအညီပေးတာကို ငြင်းပယ်ရဲတယ်!!"
********
ကွဲပြားတဲ့အသံတွေက စကားများစွာထွက်လာကြပြီး ယေဘုယျအားဖြင့်တော့ ရှုတ်ချထားတာတွေဖြစ်တယ်။ စုန့်ကျင်းရီ ဖျော့တော့စွာ ပြုံးလိုက်ကာ တစ်ခဏမျှ နားထောင်လိုက်ပြီးမှ ပြောလိုက်တယ် "ငါတို့က ဂိုဏ်းတစ်ခုတည်းက ပညာသင်တပည့်တွေလေ...ငါတို့တွေ အခြားသူတွေကို နောက်ကျောကို ဓားနဲ့မထိုးသင့်ဘူးလေ။"
"ရှစ်ရှုန်း၊ ချူယွီက မင်းကို မျက်လုံးထဲတောင် မထည့်ဘဲ လျစ်လျူရှုနေတာကို မင်း မြင်တာပဲ....နောင်တစ်ချိန် မင်း ဂိုဏ်းချုပ်ရာထူးကို ဆက်ခံရင် သူက မင်းကို ခစားနိုင်မှာတဲ့လား?''
"ရှစ်ရှုန်းက ဂိုဏ်းသခင်တစ်ယောက်ရဲ့ ဦးဆောင်မှုမျိုးရှိနေပြီ...ဟိုငါးညှီနံ့ကောင်လို သူတို့အလွန်ကောင်းမွန်နေရင် တစ်စုံတစ်ယောက်ကို လှည့်မကြည့်တတ်ပြီး တပည့်တွေကြားက သူငယ်ချင်းဆက်ဆံရေးကို မေ့ဖျောက်ပစ်တဲ့ကောင်မဟုတ်ဘူး...."
တပည့်တွေက တစ်စုံတစ်ယောက်ကို အလွန်တက်တက်ကြွကြွ ဆဲရေးနေစဉ်မှာ စုန့်ကျင်းရီကိုတော့ မြှောက်ပင့်ပြောဆိုပြီး အမွှန်းတင်ဖို့ အလုအယက်ပြောနေကြတယ်။ သို့သော်လည်းအချို့သောအမျိုးသမီး တပည့်တွေက မျက်မှောင်ကြုပ်နေပြီး စုန့်ကျင်းရီရှိတဲ့ဘက်ကို ကြည့်နေကာ စိတ်ထဲမှာတော့ လှောင်ရယ်နေကြတယ်...
*******
ချူယွီက လျင်မြန်စွာ ပျံသန်းလာခဲ့တယ်။ သဘာဝကျစွာပဲ အခြားသူတွေရဲ့ မခံမရပ်နိုင်ဖြစ်နေတဲ့ စကားတွေကို မကြားခဲ့ပါဘူး။ သူ ကြားရင်တောင် သူ ဂရုစိုက်လိမ့်မှာမဟုတ်ပါဘူး.....
ဒီနှုန်းနဲ့သာဆို ဖိန်းယဲ့မြို့ကို ရောက်ဖို့ လဝက်သာကြာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ အချိန်တွေအများကြီးရှိပါတယ်။ သူတို့က ညနေထိတိုင်အောင် ပျံသန်းခဲ့ပြီးနောက် ချူယွီ နဲ့ ရှဲ့ရှီးက မြို့ငယ်တစ်ခုမှာ ရပ်တန့်လိုက်တယ်။ ချူယွီက သူ့ရဲ့အဝတ်အစားနဲ့ ဆံပင်တွေကို ပြင်ဆင်ပြီး ရှုခင်းပုံပန်းချီ ခြယ်ထားတဲ့ လှပသော ခေါက်ယပ်တောင်လေးကို ထုတ်လိုက်ကာ လူအဝတ်အစားနဲ့ သားရဲတစ်ကောင်လို ညင်သာစွာ ဝှေ့ယမ်းလိုက်တယ်။
ရှဲ့ရှီးက ချူယွီကို ငေးကြည့်နေပြီး သာ့ရှစ်ရှုန်းက တကယ်ကို ကြည့်ကောင်းတာပဲလို့ တွေးနေတယ်။ ဒီကမ္ဘာမှာ သာ့ရှစ်ရှုန်းလောက် ကြည့်ကောင်းတဲ့သူရှိမှာ မဟုတ်ဘူး။
အေးစက်စက်အမူအရာ သရုပ်ဆောင်ရင်း ချူယွီက ကြက်သေသေနေတဲ့ ရှဲ့ရှီးကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်ခုံးတွေ မြင့်တက်သွားတယ်။ သူ ယပ်တောင်ကို ပိတ်လိုက်ပြီး ရှဲ့ရှီးခေါင်းလေးကို ခေါက်ကာ ပြောလိုက်တယ် "ဘာဖြစ်လို့လဲ?"
ရှဲ့ရှီးတစ်ယောက် တွေဝေမိန်းမောနေရာမှ ချက်ချင်းသတိဝင်လာပြီး နားရွက်တွေနီရဲလာကာ နှုတ်ကတော့တိတ်ဆိတ်နေတယ်။
ချူယွီကတော့ အရွယ်ရောက်ပြီး ခံ့ညားလာတဲ့ ဆယ်ကျော်သက်ကောင်လေးကို ကြည့်ပြီး အလွန်ကျေနပ်နေတယ်။ သူ ရှဲ့ရှီးဆံပင်လေးကို ထိလိုက်ပြီး ကြင်နာစွာ ပြောလိုက်တယ် " ရှစ်တိ မင်းအရွယ်ရောက်လာပြီ။" အခုချိန်က မောင်းမဆောင်အဖွဲ့ဝင်တွေ စုဆောင်းဖို့ ဆွဲဆောင်မှုစကေးတွေကို သင်ရမယ့်အချိန်ပဲ......
သူ ခဏလောက် ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်တယ် "အခုချိန်က မင်းအတွက် ကမ္ဘာကြီးကို မြင်ကြည့်ပြီး အသစ်အသစ်သောအရာတွေကို သင်ယူရမယ့်အချိန်ပဲ"
"အနည်းငယ် သင်ယူရမယ်......တစ်စုံတစ်ခုလား?" ရှဲ့ရှီးက ခေါင်းလေး စောင်းပြီး ချူယွီကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။
ချူယွီက တစ်စုံတစ်ယောက်ရဲ့ နှင်းလိုဖြူစင်တဲ့ အကြည့်တွေကြောင့် ရှင်းမပြနိုင်သော လိပ်ပြာမသန့်ခြင်းကို ခံစားခဲ့ရတယ်။ သူ ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ပြီး ပြောလိုက်တယ် "ငါနဲ့လိုက်ခဲ့..."
ရှဲ့ရှီးက နာခံစွာနဲ့ပဲ ချူယွီနောက်ကနေ မြို့ထဲကို လိုက်လာခဲ့တယ်။ ချူယွီက အရမ်းတက်ကြွနေတယ် ဘာလို့လည်းဆိုတော့ သူအချိန်အကြာကြီး သေမျိုးလူသားတွေ နေထိုင်တဲ့မြို့ကို မရောက်ဖြစ်ဘူးလေ...သူလှည့်ပတ်ကြည့်နေပါတယ်။
ချူယွီက သရေစာ စားရတာကြိုက်ပေမဲ့ သူဒီကမ္ဘာကို ရောက်လာကတည်းက မစားနိုင်သေးဘူး။ ယခု သူ ထန်ဟူလူ(သကြားရည်အုပ်ထားတဲ့အသီးတုတ်ထိုး)ကို မြင်လိုက်တယ်။ သူ ချက်ချင်းပဲ နှစ်ချောင်းဝယ်လိုက်တယ်။ ရှဲ့ရှီးကို တစ်ချောင်းပေးပြီး လျှောက်ပတ်ကြည့်ရင်း သာသာယာယာ စားနေလိုက်တယ်။
[ထန်ဟူလူ]
ရှဲ့ရှီးက သရေစာတွေ စားရတာကို တော်တော်ပျော်ရွှင်နေပုံပေါ်တဲ့ ချူယွီကို ကြည့်နေခဲ့တယ်။ နောက်တော့ သူ လက်ထဲက အသီးတုတ်ထိုးကို ငုံ့ကြည့်လိုက်တယ်။သူ မျက်တောင်ခတ်ကာ နှေးကွေးစွာ သေးသေးလေးတွေ ကိုက်စားလိုက်တယ်။
ချူယွီစားရင်း အလုပ်ရှုပ်နေတာ မြင်တော့ သူ့ရဲ့တန်ဟူလူကို ပေးလိုက်ပြီး "သာ့ရှစ်ရှုန်း ငါမကြိုက်ဘူး။"
ချူယွီက လှည့်ပတ်ကြည့်နေတော့ ရှဲ့ရှီးရဲ့ ဉာဏ်ဆင်မှုသေးသေးလေးကို သတိမထားမိဘူး။ သူ 'အို့'လို့သာဆိုလိုက်ပြီး တစ်စုံတစ်ခုမှားယွင်းနေလားဆိုတာ မစစ်ဆေးတော့ဘဲ အသီးတုတ်ထိုးကိုသာ အလွယ်တကူ လက်ခံလိုက်တယ်။
ရှဲ့ရှီးမျက်လုံးတွေ အရောင်လက်သွားတယ်။ သူပြုံးလိုက်ပြီး သူ့မျက်ခုံးလေးတွေမြင့်တက်သွားတယ်။ အခြားတပည့်တွေရဲ့တိုးတိုးလေးဝေဖန်မှုတွေကြောင့် ဆိုးရွားနေတဲ့ သူ့စိတ်တွေ နည်းနည်းကောင်းမွန်လာပြီ။
ချူယွီနေရာမှန်ကို နောက်ဆုံးရှာတွေ့တဲ့ထိ သူတို့ မြို့ကိုလည်ပတ်နေခဲ့တယ်။ လက်တစ်ဖက်ဖြင့် ရှဲ့ရှီးကို ကိုင်ဆွဲရင်း အထဲသို့ ဝင်လာကာ ရယ်လိုက်တယ် "ရှစ်တိ မင်းအရင်တုန်းက ဝိုင်သောက်ဖူးလား??"
ရှဲ့ရှီးက ရိုးရိုးသားသားပဲခေါင်းခါလိုက်တယ်။
ချူယွီပြုံးလိုက်တယ် "လာခဲ့ သာ့ရှစ်ရှုန်းနဲ့တူတူ ဝိုင်သောက်ရအောင်---မိန်းမတစ်ချို့နဲ့ အသောက်ပွဲတော်ပေါ့...."
လမ်းတစ်လျှောက်လုံး ချူယွီက လူတွေရဲ့အတင်းစကားတွေ ကြားခဲ့ပြီး ဒီမှာ အနီရောင်အလင်းတန်းနယ်မြေ(ဆောင်ကြာမြိုင်)ရှိတယ်ဆိုတာ သိလိုက်တယ်။ ဘယ်အရာကမှ ညှို့ယူဆွဲဆောင်မှုရှိပြီး ရေလိုဖြားယောင်းတတ်တဲ့ မိန်းမတွေရှိတဲ့ ယန်းချွင်းအိမ်ထက် မသာလွန်နိုင်ဘူး။
ဒီဟာက ယန်းချွင်းဖျော်ဖြေရေးအိမ်ပဲ...
ချူယွီက သူ့ရဲ့ဝတ်ရုံလက်တွေကို ခါထုတ်လိုက်ပြီးနောက် ပန်းအိမ်ထဲသို့ ရှဲ့ရှီးကို ဦးဆောင်ခေါ်သွားတော့တယ်....
သူတို့အထဲကိုဝင်လာပေမဲ့ ဝင်းထဲမှာ ညမိန်းမပျိုတွေ အပြည့်ဖြစ်နေတာ မြင်တော့ ရှဲ့ရှီးမျက်နှာ မည်းမှောင်လာတယ်။
သူ အိမ်ရဲ့ခေါင်းဆောင်အမျိုးသမီးလေးယောက်ကို စုစည်းဖို့ ငွေတွေ ကြော့ကြော့မော့မော့ သုံးနေတဲ့ ချူယွီကိုကြည့်ပြီး ပိုပြီးမည်းမှောင်လာတယ်။ သူတို့အကုန်လုံး ထမင်းစားခန်းထဲဝင်လာကြတယ်။
ချူယွီကို မိန်းမပျိုလေးတွေ ဝိုင်းရံနေပြီး ချူယွီကို စိုက်ကြည့်နေတဲ့ ရှဲ့ရှီးမျက်လုံးထဲမှာတော့ မှေးမှိန်တဲ့ မီးတောက်တွေ စတင်လောင်ကျွမ်းလာပြီ။ သူ့ရဲ့ဆင်ခြင်တုံတရားကသာ သူ့ကိုမရပ်တန့်နိုင်ရင် သူ ဒီနေရာကို မီးသဂြိုဟ်ပစ်လိုက်တော့မှာ....
သူ့မျက်နှာ အလွန်ရုပ်ဆိုးနေတာတောင်မှ သေခြင်းတရားကို မကြောက်တဲ့ တစ်စုံ တစ်ယောက်က ဆက်သွားနေတုန်းပဲ.....
"ဒီကလေးငယ်လေးက အလွန်မပျော်ရွှင်ပုံရတယ်၊ ဘယ်နား နာလို့လဲ?? ဒီအစေခံကို တစ်ချက်လောက်ကြည့်ခွင့်ပေး........"
သူ(မ)က အဲလိုပြောလိုက်တော့ အားနည်းပြီးနူးညံ့တဲ့လက်သေးသေးလေးတစ်စုံက သူ့ရင်ဘတ်နဲ့နီးကပ်စွာ ထားလိုက်ပြီး နှေးကွေးစွာထွက်သွားတယ်။
အဲတာက သူ မြွေတစ်ကောင်ကို ထိလိုက်ရသလိုပဲ ...ရှဲ့ရှီးက ရွံရှာနေပြီး သူ့ရဲ့သည်းခံနိုင်မှုအဆင့်ကို ကျော်လွန်နေပါပြီ။ သူ ထိုမိန်းမကို တွန်းလိုက်ပြီး အေးစက်စက်မျက်နှာနဲ့ ပြောလိုက်တယ်။ "ထွက်သွားစမ်း!"
ချူယွီက ဝိုင်ခွက်အနည်းငယ် သောက်ပြီးနေပြီ။ ဒီခန္ဓာကိုယ်ရဲ့အရက်ခံနိုင်ရည်စွမ်းက မဆိုးပေမဲ့ ယခုတော့ သူက အနည်းငယ် ရီဝေလာပြီလို့ တွေးလိုက်တယ်။ သူ ရှဲ့ရှီးရဲ့ဒေါသထွက်နေတဲ့ အသံကို ကြားတော့ သူ့မျက်ခုံးတွေမြင့်တက်သွားပြီး ချက်ချင်း အမူး အနည်းငယ် ပြေသွားစေတယ်။
သူ လက်ဝှေ့ယမ်းလိုက်ပြီး သူတို့ကို ထွက်သွားဖို့ အချက်ပြလိုက်တယ်။ ရှဲ့ရှီးက ချူယွီကို စိတ်ဆိုးနေတဲ့အကြည့်စူးတွေနဲ့ စိုက်ကြည့်နေပြီး စားပွဲခုံကို ထုလိုက်တယ်။ သူ အံကြိတ်ရင်းပြောလိုက်တယ် "သာ့ရှစ်ရှူန်း ဘာလို့ငါတို့ ဒီလို အကျင့်ပျက်ပြားပြီး အရှက်မရှိတဲ့ ကာမလိုက်စားတဲ့နေရာကို လာရတာလဲ??"
......မင်းကို ဉာဏ်ပွင့်စေချင်လို့ပေါ့.....
ချူယွီက ပါးစပ်ဖွင့်လိုက်ပေမဲ့ သူ ကျယ်ကျယ်မပြောရဲဘူး။ သူ့မျက်လုံးတွေက လက်ရှိမှာ ရီဝေနေတယ်။ အဲဒါကြောင့် သူ့ရှေ့မှာ ရှဲ့ရှီးပုံရိပ်အချို့ ပေါ်နေတဲ့အတွက် သူအချိန်အကြာကြီး ရှုပ်ထွေးခြင်းတွေနဲ့ ငေးကြည့်နေတယ်။ သူ လက်ဝှေ့ပြီးပြောလိုက်တယ် "ရှစ်တိ.... ဒီကိုလာခဲ့.."
ရှဲ့ရှီးက သူ့ရှေ့မှာရှိနေတဲ့ မရင်းနှီးသော ချူယွီရဲ့ နေဝင်ချိန်လို ပြောင်လက်နေတဲ့ ပါးလေးနဲ့ ရီဝေနေတဲ့မျက်လုံးတွေကို ကြည့်နေခဲ့တယ်။ သူ ရပ်သွားပြီး သူ့ဒေါသတွေပျောက်သွားကာ ချူယွီဆီကို သွားလိုက်တယ်။
ချူယွီက ရှဲ့ရှီးရဲ့ပုံရိပ်တစ်ချို့ကို မြင်တော့ သူဝိုင်တစ်ခွက်ပေးဖို့ ကြိုးစားရင်း ပြုံးပြကာ "ရှစ်တိ...စိတ်မဆိုးပါနဲ့နော်....လာ၊ ဒါကိုသောက်လိုက်...."
ရှဲ့ရှီးက အရူးလိုရယ်နေတဲ့ ချူယွီကို စူးစူးရဲရဲ စိုက်ကြည့်နေတယ်။ တော်တော်ကြာပြီးတဲ့နောက် သူ သက်ပြင်းချကာ ခွက်ကိုယူတော့မယ့်အချိန်မှာ ချူယွီက ရုတ်တရက် လွှတ်ချလိုက်မိတယ်။ ခွက်က ကြမ်းပြင်ပေါ်ကို ကွဲကြေသံတစ်ခုနဲ့ ကျသွားပြီး ကွဲသွားတယ်။
ရှဲ့ရှီး: ".....သာ့ရှစ်ရှုန်း မင်းမူးနေပြီ"
ချူယွီက မျက်မှောင်ကြုပ်ပြီး စားပွဲပေါ်ကို ကြည့်လိုက်ပေမဲ့ သူအခြားခွက်တစ်ခွက်ကို ရှာမတွေ့ဘူး။ ဒါကြောင့် သူ ရိုးရိုးရှင်းရှင်းပဲ သူ့လက်ကို ဆန့်လိုက်ပြီး သူ့လက်ခုပ်ထဲကို ဝိုင်တွေလောင်းထည့်လိုက်တယ်။ သူ ရှဲ့ရှီးကို နီးနီးကပ်ကပ်ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ် "လာ ရှစ်တိ.....ဒီဝိုင်ခွက်ကို သောက်လိုက်...."
ရှဲ့ရှီးက ရှေ့မှာ ကျောက်စိမ်းဖြူလို လက်သွယ်လေးရှိပြီး ကြည်လင်တဲ့ ဝိုင်တွေက လှိုင်းထနေတယ်။ ရှဲ့ရှီးက သူ့မျက်နှာရှေ့က နူးညံ့တဲ့ လက်ချောင်းလေးတွေရဲ့ နူးညံ့တဲ့ အသွင်အပြင်ကို ငေးကြည့်နေခဲ့တယ်။ အချိန်အတော်ကြာမှ သူ့နှုတ်ခမ်းထောင့်တွေက ပဟေဠိဆန်တဲ့အပြုံးတွေလို ကွေးတက်သွားပြီး ခေါင်းကို ဖြည်းညင်းစွာ ငုံ့ကာ ချူယွီလက်ခုပ်ထဲက ဝိုင်တွေကို သောက်လိုက်တယ်။
ချူယွီရဲ့ပေါ့ပါးအေးမြပြီး နူးညံ့ညံ့ မွှေးရနံ့က ဝိုင်နံ့လေးနဲ့ ရောပြီး ရစ်သိုင်းလာတယ်။ အတော်ယစ်မူးစရာကောင်းတယ်။ ရှဲ့ရှီးက ဝိုင်လက်တစ်ဆုပ် အပြည့်သောက်ပြီးတဲ့အခါ သူ့မျက်နှာလေး နီရဲလာပြီး သူ့မျက်လုံးတွေကလည်း ရွှန်းစိုလာတယ်။
ချူယွီက သူ့လက်ကို ပြန်သိမ်းဖို့လုပ်ချိန်မှာ ရှဲ့ရှီးက ရုတ်တရက် လက်ကိုကိုင်လိုက်တယ်။ ရှဲ့ရှီးက ချူယွီကို မျက်ခုံးပင့်ပြပြီး ပြုံးလိုက်တယ်။ သူ ခေါင်းကိုနောက်တစ်ကြိမ်ထပ်ငုံ့လိုက်ပြီး ချူယွီရဲ့ လက်ချောင်းထိပ်ကနေ လက်ကောက်ဝတ်ထိ တစ်လက်မလေးတောင် မချန်စေဘဲ တရိုတသေ နမ်းရှိုက်လိုက်တယ်။
ချူယွီရဲ့လက်ကောက်ဝတ်လေးကို ကိုင်ထားရင်း ရှဲ့ရှီးက ခေါင်းလေးစောင်းကာ ချူယွီကို ကြည့်ပြီး ပြုံးလိုက်တယ် "သာ့ရှစ်ရှုန်းရဲ့ ဧည့်ခံပြုစုမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်....ဝိုင်က တော်တော်အရသာရှိတာပဲ။"
ချူယွီက ရှုပ်ထွေးနေပြီး အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လို ခေါင်းညိတ်ပြလိုက်တယ်။ ရှဲ့ရှီးကို မြင်ရဖို့ ကြိုးစားရင်း ချူယွီမျက်လုံးက ကြည့်ပေမဲ့လည်း သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ သူ အပွေ့ခံနေရတယ်လို့ ခံစားနေရပြီး ဝိုးတိုးဝါးတားနဲ့ပဲ သူ့လက်တွေက ရှဲ့ရှီးလည်တိုင်ကို သိုင်းဖက်လိုက်လေတယ်။
သူ့ရဲ့အတွင်းစိတ်ထဲမှာဝောာ့ အော်ဟစ်နေပါပြီ: မင်းသမီးပွေ့နည်း! မင်းသမီးပွေ့နည်း!ဇာတ်လိုက်! မင်း အမြှောက်စာဗီလိန်တစ်ယောက်ကို မင်းသမီးပွေ့နည်းနဲ့ မသယ်ရဘူးလေကွာ!!
ရှဲ့ရှီးက ချူယွီကို အိပ်ရာထဲချလိုက်ပြီး ချူယွီရဲ့ အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကို ငေးကြည့်နေလိုက်တယ်။ သူတို့သုံးနှစ်ကြာ တူတူအိပ်ကြကတည်းက သဘာဝကျစွာပဲ ဒီလှပတဲ့မျက်နှာလေးကို တစိမ့်စိမ့်နဲ့ ဂရုတစိုက်ကြည့်ဖို့ သူ့မှာ မရေမတွက်နိုင်တဲ့ အခွင့်အရေးများစွာရှိပြီးသား။
သူ ရှည်လျားပြီး အစွေသားဖြစ်နေတဲ့မျက်ခုံးလေးကို ငေးကြည့်နေတယ်။ မျက်လုံးထောင့်နားလေးမှာလည်း နှင်းဆီရောင်လေး အနည်းငယ်သန်းနေတယ်။ နူးညံ့ဖြောင့်စင်းနေတဲ့နှာတံလေးရယ် မက်မွန်ပွင့်သဏ္ဍာန် ဖျော့တော့တော့လေး နီရဲနေတဲ့နှုတ်ခမ်းလေး.....
ရှဲ့ရှီးက သူ့လက်ကို ဆန့်ထုတ်ပြီး ချူယွီရဲ့မျက်နှာမေးရိုးဆီ ညင်သာစွာ လှမ်းလိုက်တယ်။ လက်ချောင်းတွေက ချူယွီနှုတ်ခမ်းကိုထိလိုက်တဲ့အခါ ရှဲ့ရှီးအသက်ရှုသံတွေ အနည်းငယ် ပိုမြန်လာတယ်။
သူ့လက်ချောင်းထိပ်တွေက ပန်းရောင်သန်းပြီးနူးညံ့ပျော့ပြောင်းတဲ့ ထိုနှုတ်ခမ်းလေးကို ထိလိုက်တယ်။ ၎င်းက စွတ်စိုနေပြီး အနည်းငယ် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်။ ရှဲ့ရှီးက ခဏလောက်ငေးကြည့်နေပြီးမှ တိုးတိုးလေးခေါ်လိုက်တယ် "သာ့ရှစ်ရှုန်း?"
ချူယွီက ရီဝေနေဆဲ ဖြစ်နေတုန်းမှာ သူ တစ်ခုခုကြားလိုက်ပြီး "ရှစ်တိ"လို့ ပြန်ထူးတော့မယ့်အချိန်မှာ သူ့နှုတ်ခမ်းလေး ပိတ်ဆို့ခံလိုက်ရတယ်......
ရှဲ့ရှီးက ထိုတပ်မက်ချင်စရာကောင်းတဲ့ နူးညံ့သော နှုတ်ခမ်းလေးကို နမ်းဖို့ ငုံ့ကိုင်းလိုက်တယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ခြောက်သွေ့ပြီးပူလာသလိုပဲ.....သူ မခုခံနိုင်ဘဲ ချူယွီကိုဖက်ရင်း နက်နက်ရှိုင်းရှိုင်းနမ်းနေတယ်။ သူကိုယ်သူ ရုန်းမထွက်နိုင်တော့ဘဲ မခွဲနိုင်မခွာရက် တစိုက်မက်မက် နမ်းရှိုက်နေပြီး အိပ်ရာထက်မှာ လူးလှိမ့်နေတယ်။
ရီဝေမိန်းမောနေတဲ့အချိန်မှာ သူ့နားထဲမှာ အေးစက်စက် အသံတစ်သံကို ရုတ်တရက်ကြားလိုက်တယ် "ရှစ်တိ"
ရှဲ့ရှီး ရုတ်တရက် သတိဝင်လာပြီးနောက် ချူယွီကို မျက်လုံးကျယ်ကြီးများနဲ့ စိုက်ကြည့်နေတယ်။ သူ ချူယွီကို လွှတ်ပေးလိုက်ပြီး အိပ်ရာပေါ်က လှိမ့်ဆင်းလိုက်တယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ရင်း သူ ပင့်သက်ရှိုက်နေရတယ်။သူ့မျက်လုံးတွေက အနည်းငယ် အရိုင်းဆန်နေပြီး ယစ်မူးနေတယ်။
ချူယွီခေါင်းက ကြွေခေါင်းအုံးနဲ့ 'ဘမ်း'ဆိုပြီး ရိုက်မိသွားတယ်။ သူ နာကျင်မှုကြောင့် ညည်းတွားလိုက်တယ်။ ရှဲ့ရှီးက အလျင်အမြန်ထလိုက်ပြီး ချူယွီခေါင်းလေးကို ညင်သာစွာ ပွတ်ပေးလိုက်တယ်။ နောက်တော့ သူ့နှုတ်ခမ်းတင်းတင်းစေ့ရင်း ချူယွီရဲ့ဘွတ်ဖိနပ်တွေကို ချွတ်ပေးလိုက်ပြီး သူ့ကိုစောင်ခြုံပေးလိုက်တယ်။
သူ ချူယွီမျက်နှာလေးကို ငေးလိုက်ပြီး သူအခုလေးတင် ဘာတွေလုပ်လိုက်တာလဲဆိုတာ စဉ်းစားနေမိတယ်။ ရှဲ့ရှီးတစ်ယောက် တစ်ခဏလောက် တိတ်ဆိတ်နေပြီးနောက် သူ့ပါးကို သူကိုယ်တိုင် ရက်ရက်စက်စက် တစ်ချက်ရိုက်လိုက်တယ်။
"အရှက်မရှိတဲ့လူယုတ်မာ!!"
နောက်ထပ်တစ်ချက် 'ဖြန်း'
"ကျေးဇူးမသိတတ်တဲ့ကောင်"
သူ့ပါးကို နှစ်ကြိမ်လောက် သူကိုယ်တိုင်ရိုက်ပြီးတဲ့အခါ ရှဲ့ရှီးပါးတွေ အနည်းငယ် ဖူးရောင်သွားတယ်။ သူ့မျက်လုံးမှိတ်ပြီး သူ့ရဲ့နာကျင်နေတဲ့ပါးကို ထိလိုက်တော့ သူ့မျက်နှာပေါ်မှ အမူအရာက ပြင်းထန်လာတယ်။
သူ့နှလုံးသားလည်း အခုကြည်လင်လာပြီး....အမူးလည်း တော်တော်ပြေသွားပြီ။
********
ဝိုင်သောက်လွန်ပြီး မအီမသာဖြစ်ခြင်းတွေနဲ့ နိုးလာကာ သူ ခေါင်းမကိုက်သော်လည်း သူစိတ်ကတော့ မကောင်းသေးဘူး။
ချူယွီက ဝမ်းနည်းခြင်း ပြည့်နေတဲ့မျက်နှာနဲ့ ထထိုင်လိုက်ပြီးနောက် ရုတ်တရက် ပြန်ပြီးလဲကျသွားပြန်တယ်။ သူ့မျက်လုံးတွေကို မှိတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲမှာ ဝိုင်ပြန့်နှံ့နေခြင်းရဲ့အကျိုးဆက်ကို ဖြေရှင်းဖို့ သူ့ချီစွမ်းအင်တွေကို လှည့်ပတ်စေလိုက်တယ်။
သူ မနေ့ညကသောက်ပြီးတော့ သူဘယ်တွေလုပ်လိုက်သေးလဲ??
သူ ဇာတ်ကောင်စရိုက်နဲ့ကွဲထွက်တာတွေ ဘာမှ မလုပ်လိုက်ဘူးမလား?? ဇာတ်လိုက်လည်း အရမ်းစိတ်ဆိုးမနေလောက်ဘူး ဟုတ်တယ်မလား?? သူသာ အရမ်းစိတ်ဆိုးနေရင် သူအခုချိန် နိုးထနိုင်မှာမဟုတ်တော့ဘူးလေ......
သူ့မျက်နှာက ဖတ်ရခက်နေတယ်။ အိပ်ရာပေါ်မှာ ဆောင့်ကြောင့်ထိုင်နေပြီး အချိန်အကြာကြီး မသိကျိုးကျွန်ပြုနေတယ်။ ရှဲ့ရှီးက နောက်ဆုံးတော့ မနေနိုင်ဘဲ ခေါ်လိုက်တယ် "...သာ့ရှစ်ရှုန်း?"
ရုတ်တရက် အသံထွက်လာတာက ချူယွီကို ကြောက်လန့်တုန်လှုပ်သွားစေတယ်။ သူ ရှဲ့ရှီးကိုကြည့်ဖို့ သူ့ခေါင်းကို မလှည့်ခင် တစ်ခဏလောက် အံ့အားသင့်အေးခဲနေခဲ့တယ်။ သူ ကလေးကို ဆူဟောက်ချင်ပေမဲ့ သူ ရှဲ့ရှီးမျက်နှာကို မြင်တဲ့အခါ ချူယွီမျက်လုံးတွေ ပြူးကျယ်သွားတယ်။
ငလူးပဲ!!!
မဖြစ်နိုင်တာ!!!
ငါ မနေ့ကဝိုင်ကြောင့် ထိန်းမနိုင်သိမ်းမနိုင် အရူးထမိသွားတာပဲဖြစ်ရမယ်! ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင် ရောက်လာတာများလား!? မူလချူယွီ!! မင်း ဇာတ်လိုက်ကို ရိုက်လိုက်တာလား!!!!
_____
[Zawgyi]
ခ်ူယြီလည္း ေျပာလို႔ၿပီးေရာ အျခားသူေတြအကုန္လံုးက အလြန္အံ့အားသင့္ျခင္း၊ ရြံရွာျခင္း သို႔မဟုတ္ ေလွာင္ေျပာင္ခ်င္တဲ့ အမူအရာေတြနဲ႔ လွၫ့္ၾကၫ့္လာၿပီး လူအခ်ိဳ႕က တိုးတိုးေလးေျပာၾကတယ္...
"အို, စုန႔္ရွစ္ရႈန္းကို မ်က္ႏွာသာမေပးတာ ဘယ္သူပါလိမ့္? သူက....."
"ငါၾကားတာ ခ်ူယြီက အလြန႔္အလြန္ကိုေမာက္မာတာတဲ့ ကြၽတ္ ကြၽတ္,လူတိုင္းရဲ့မ်က္လံုး ေတြက ေခါင္းေဆာင္တဲ့တပၫ့္ဆီမွာပဲရိွတာ...ငါထင္တယ္ သူတို႔က အဆင့္နိမ့္တဲ့ နတ္ဆိုးသားရဲေတြကို ရိုးရိုးတမ္းတမ္း သုတ္သင္ဖို႔သြားေနသလိုပဲ။"
စုန႔္က်င္းရီ လည္း သူ႔ကိုေတာက္ပတဲ့မ်က္လံုးေတြနဲ႔လွၫ့္ၾကၫ့္လာတယ္ "ခ်ူရွစ္တိပဲ...ခ်ူရွစ္တိေလးက ဆႏၵမရိွရင္ အဲ့တာက မေကာင္းေလာက္ဘူးေနာ္....မင္းရဲ့ေနာက္က ရွစ္တိေလးကေတာ့ အရမ္းသေဘာမတူ ျဖစ္ေနပံုပဲေနာ္??
ဒီခရီးက ခ်ီသန႔္စင္မႈအဆင့္သာ ရိွေသးတဲ့ သူေတြအတြက္ အလြန္အႏၲရာယ္မ်ားတယ္ေနာ္..."
ခ်ူယြီက သူ႔ရဲ့ေနာက္က ကိုအာလာေလးလို တြယ္ကပ္ေနတဲ့ ေကာင္ေလးကို တစ္ခ်က္ၾကၫ့္လိုက္တယ္...ဒီေကာင္ေလးက ပ်င္းၿပီး မပ်ံခ်င္ရံုပဲဆိုတာ ရွင္းေနတာပဲကို။ ရွဲ႔ရွီးက သူ႔ရဲ့ေတာက္ပေနတဲ့ မ်က္လံုးေလးေတြကို ပင့္လိုက္တယ္။ ခ်ူယြီကို တင္းၾကပ္စြာ ဖက္တြယ္ထားရင္း သူညင္သာစြာ ေျပာလိုက္တယ္ "မင္းရဲ့ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ ငါ သာ့ရွစ္ရႈန္းနဲ႔ပဲ လိုက္ခ်င္တယ္။ သာ့ရွစ္ရႈန္း ဘယ္သြားသြား ငါလည္းလိုက္မွာ..."
စုန႔္က်င္းရီက ေျပာင္ေျပာင္တင္းတင္း အျငင္းခံလိုက္ရၿပီး သူ႔မ်က္ႏွာက ရုပ္ဆိုးသြားတယ္ "...အဲ့တာဆို မင္းတို႔ႏွစ္ေယာက္က ကိုယ့္ဘာသာကိုယ္ သြားမွာေပါ့ ဟုတ္လား??"
ခ်ူယြီ ၿပံဳးလိုက္ၿပီး ရွဲ႔ရွီးေခါင္းေလးကို ပြတ္ေပးလိုက္တယ္။ သူ ရႊင္ရွန္းကို အသက္သြင္းလိုက္ၿပီး ေရျပာေရာင္ အလင္းတန္းက ေတာက္ပစြာနဲ႔ထြန္းလင္းလာၿပီး 'ဝွစ္'ဆိုတဲ့အသံနဲ႔ ပ်ံသြားေလတယ္။ ၄က အျခားဂိုဏ္းတပၫ့္ေတြအေပၚကေန ျဖတ္ပ်ံသြားတယ္။ သူတို႔က မ်က္ေတာင္တစ္ခတ္စာမွာပင္ ေပ်ာက္ကြယ္သြားေလၿပီ။
ခ်ူယြီလည္း ထြက္သြားေရာ သူ႔အေရ႔ွမွာ စကားမေျပာရဲတဲ့ သူေတြက ခ်က္ခ်င္းပဲ သူတို႔အေတြးေတြကို ထုတ္ေျပာလာၾကတယ္:
"အေျခတည္အလယ္အလတ္အဆင့္ေလာက္ကမ်ား! သူ႔ရဲ့မိသားစုေနာက္ခံကို မွီခိုထားလို႔သာ
သူက ေကာင္းမြန္တဲ့သူျဖစ္ေနတာ! ခ်ူယြီ? ငါးၫွီနံ႔နဲ႔ အတူတူပဲ!''
('ယြီ'ဆိုတာ ငါးကိုဆိုလိုတာပါ)
"ငါ ထင္တာ သူက ပထမဆံုးေသမယ့္သူ ျဖစ္လိမ့္မယ္!"
"သူ႔ရွစ္တိကလည္းပဲ ေခါင္းမာတယ္...စုန႔္ရွစ္ရႈန္းက ေကာင္းမြန္တဲ့ ရည္ရြယ္ခ်က္နဲ႔ အကူအညီေပးတာကို ျငင္းပယ္ရဲတယ္!!"
********
ကြဲျပားတဲ့အသံေတြက စကားမ်ားစြာထြက္လာၾကၿပီး ေယဘုယ်အားျဖင့္ေတာ့ ရႈတ္ခ်ထားတာေတျြဖစ္တယ္။ စုန႔္က်င္းရီ ေဖ်ာ့ေတာ့စြာ ၿပံဳးလိုက္ကာ တစ္ခဏမ်ွ နားေထာင္လိုက္ၿပီးမွ ေျပာလိုက္တယ္ "ငါတို႔က ဂိုဏ္းတစ္ခုတည္းက ပညာသင္တပၫ့္ေတြေလ...ငါတို႔ေတြ အျခားသူေတြကို ေနာက္ေက်ာကို ဓားနဲ႔မထိုးသင့္ဘူးေလ။"
"ရွစ္ရႈန္း၊ ခ်ူယြီက မင္းကို မ်က္လံုးထဲေတာင္ မထၫ့္ဘဲ လ်စ္လ်ူရႈေနတာကို မင္း ျမင္တာပဲ....ေနာင္တစ္ခ်ိန္ မင္း ဂိုဏ္းခ်ဳပ္ရာထူးကို ဆက္ခံရင္ သူက မင္းကို ခစားႏိုင္မွာတဲ့လား?''
"ရွစ္ရႈန္းက ဂိုဏ္းသခင္တစ္ေယာက္ရဲ့ ဦးေဆာင္မႈမ်ိဳးရိွေနၿပီ...ဟိုငါးၫွီနံ႔ေကာင္လို သူတို႔အလြန္ေကာင္းမြန္ေနရင္ တစ္စံုတစ္ေယာက္ကို လွၫ့္မၾကၫ့္တတ္ၿပီး တပၫ့္ေတြၾကားက သူငယ္ခ်င္းဆက္ဆံေရးကို ေမ့ေဖ်ာက္ပစ္တဲ့ေကာင္မဟုတ္ဘူး...."
တပၫ့္ေတြက တစ္စံုတစ္ေယာက္ကို အလြန္တက္တက္ႂကြၾကြ ဆဲေရးေနစဉ္မွာ စုန႔္က်င္းရီကိုေတာ့ ေျမႇာက္ပင့္ေျပာဆိုၿပီး အမႊန္းတင္ဖို႔ အလုအယက္ေျပာေနၾကတယ္။ သို႔ေသာ္လည္းအခ်ိဳ႕ေသာအမ်ိဳးသမီး တပၫ့္ေတြက မ်က္ေမွာင္ၾကဳပ္ေနၿပီး စုန႔္က်င္းရီရိွတဲ့ဘက္ကို ၾကၫ့္ေနကာ စိတ္ထဲမွာေတာ့ ေလွာင္ရယ္ေနၾကတယ္...
*******
ခ်ူယြီက လ်င္ျမန္စြာ ပ်ံသန္းလာခဲ့တယ္။ သဘာဝက်စြာပဲ အျခားသူေတြရဲ့ မခံမရပ္ႏိုင္ျဖစ္ေနတဲ့ စကားေတြကို မၾကားခဲ့ပါဘူး။ သူ ၾကားရင္ေတာင္ သူ ဂရုစိုက္လိမ့္မွာမဟုတ္ပါဘူး.....
ဒီႏႈန္းနဲ႔သာဆို ဖိန္းယဲ့ၿမိဳ႔ကို ေရာက္ဖို႔ လဝက္သာၾကာလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ သူတို႔မွာ အခ်ိန္ေတြအမ်ားႀကီးရိွပါတယ္။ သူတို႔က ညေနထိတိုင္ေအာင္ ပ်ံသန္းခဲ့ၿပီးေနာက္ ခ်ူယြီ နဲ႔ ရွဲ႔ရွီးက ၿမိဳ႔ငယ္တစ္ခုမွာ ရပ္တန႔္လိုက္တယ္။ ခ်ူယြီက သူ႔ရဲ့အဝတ္အစားနဲ႔ ဆံပင္ေတြကို ျပင္ဆင္ၿပီး ရႈခင္းပံုပန္းခ်ီ ျခယ္ထားတဲ့ လွပေသာ ေခါက္ယပ္ေတာင္ေလးကို ထုတ္လိုက္ကာ လူအဝတ္အစားနဲ႔ သားရဲတစ္ေကာင္လို ညင္သာစြာ ေဝ႔ွယမ္းလိုက္တယ္။
ရွဲ႔ရွီးက ခ်ူယြီကို ေငးၾကၫ့္ေနၿပီး သာ့ရွစ္ရႈန္းက တကယ္ကို ၾကၫ့္ေကာင္းတာပဲလို႔ ေတြးေနတယ္။ ဒီကမ႓ာမွာ သာ့ရွစ္ရႈန္းေလာက္ ၾကၫ့္ေကာင္းတဲ့သူရိွမွာ မဟုတ္ဘူး။
ေအးစက္စက္အမူအရာ သရုပ္ေဆာင္ရင္း ခ်ူယြီက ၾကက္ေသေသေနတဲ့ ရွဲ႔ရွီးကို လွၫ့္ၾကၫ့္လိုက္တယ္။ သူ႔မ်က္ခံုးေတြ ျမင့္တက္သြားတယ္။ သူ ယပ္ေတာင္ကို ပိတ္လိုက္ၿပီး ရွဲ႔ရွီးေခါင္းေလးကို ေခါက္ကာ ေျပာလိုက္တယ္ "ဘာျဖစ္လို႔လဲ?"
ရွဲ႔ရွီးတစ္ေယာက္ ေတြေဝမိန္းေမာေနရာမွ ခ်က္ခ်င္းသတိဝင္လာၿပီး နားရြက္ေတြနီရဲလာကာ ႏႈတ္ကေတာ့တိတ္ဆိတ္ေနတယ္။
ခ်ူယြီကေတာ့ အရြယ္ေရာက္ၿပီး ခံ့ညားလာတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးကို ၾကၫ့္ၿပီး အလြန္ေက်နပ္ေနတယ္။ သူ ရွဲ႔ရွီးဆံပင္ေလးကို ထိလိုက္ၿပီး ၾကင္နာစြာ ေျပာလိုက္တယ္ " ရွစ္တိ မင္းအရြယ္ေရာက္လာၿပီ။" အခုခ်ိန္က ေမာင္းမေဆာင္အဖြဲ႔ဝင္ေတြ စုေဆာင္းဖို႔ ဆြဲေဆာင္မႈစေကးေတြကို သင္ရမယ့္အခ်ိန္ပဲ......
သူ ခဏေလာက္ ရပ္လိုက္ၿပီးမွ ဆက္ေျပာလိုက္တယ္ "အခုခ်ိန္က မင္းအတြက္ ကမ႓ာႀကီးကို ျမင္ၾကၫ့္ၿပီး အသစ္အသစ္ေသာအရာေတြကို သင္ယူရမယ့္အခ်ိန္ပဲ"
"အနည္းငယ္ သင္ယူရမယ္......တစ္စံုတစ္ခုလား?" ရွဲ႔ရွီးက ေခါင္းေလး ေစာင္းၿပီး ခ်ူယြီကို အူေၾကာင္ေၾကာင္ စိုက္ၾကၫ့္ေနတယ္။
ခ်ူယြီက တစ္စံုတစ္ေယာက္ရဲ့ ႏွင္းလိုျဖဴစင္တဲ့ အၾကၫ့္ေတြေၾကာင့္ ရွင္းမျပႏိုင္ေသာ လိပ္ျပာမသန႔္ျခင္းကို ခံစားခဲ့ရတယ္။ သူ ေျခာက္ကပ္စြာ ေခ်ာင္းဆိုးလိုက္ၿပီး ေျပာလိုက္တယ္ "ငါနဲ႔လိုက္ခဲ့..."
ရွဲ႔ရွီးက နာခံစြာနဲ႔ပဲ ခ်ူယြီေနာက္ကေန ၿမိဳ႔ထဲကို လိုက္လာခဲ့တယ္။ ခ်ူယြီက အရမ္းတက္ႂကြေနတယ္ ဘာလို႔လည္းဆိုေတာ့ သူအခ်ိန္အၾကာႀကီး ေသမ်ိဳးလူသားေတြ ေနထိုင္တဲ့ၿမိဳ႔ကို မေရာက္ျဖစ္ဘူးေလ...သူလွၫ့္ပတ္ၾကၫ့္ေနပါတယ္။
ခ်ူယြီက သေရစာ စားရတာႀကိဳက္ေပမဲ့ သူဒီကမ႓ာကို ေရာက္လာကတည္းက မစားႏိုင္ေသးဘူး။ ယခု သူ ထန္ဟူလူ(သၾကားရည္အုပ္ထားတဲ့အသီးတုတ္ထိုး)ကို ျမင္လိုက္တယ္။ သူ ခ်က္ခ်င္းပဲ ႏွစ္ေခ်ာင္းဝယ္လိုက္တယ္။ ရွဲ႔ရွီးကို တစ္ေခ်ာင္းေပးၿပီး ေလ်ွာက္ပတ္ၾကၫ့္ရင္း သာသာယာယာ စားေနလိုက္တယ္။
[ထန္ဟူလူ]
ရွဲ႔ရွီးက သေရစာေတြ စားရတာကို ေတာ္ေတာ္ေပ်ာ္ရႊင္ေနပံုေပၚတဲ့ ခ်ူယြီကို ၾကၫ့္ေနခဲ့တယ္။ ေနာက္ေတာ့ သူ လက္ထဲက အသီးတုတ္ထိုးကို ငံု႔ၾကၫ့္လိုက္တယ္။သူ မ်က္ေတာင္ခတ္ကာ ေနွးေကြးစြာ ေသးေသးေလးေတြ ကိုက္စားလိုက္တယ္။
ခ်ူယြီစားရင္း အလုပ္ရႈပ္ေနတာ ျမင္ေတာ့ သူ႔ရဲ့တန္ဟူလူကို ေပးလိုက္ၿပီး "သာ့ရွစ္ရႈန္း ငါမႀကိဳက္ဘူး။"
ခ်ူယြီက လွၫ့္ပတ္ၾကၫ့္ေနေတာ့ ရွဲ႔ရွီးရဲ့ ဉာဏ္ဆင္မႈေသးေသးေလးကို သတိမထားမိဘူး။ သူ 'အို'လို႔သာဆိုလိုက္ၿပီး တစ္စံုတစ္ခုမွားယြင္းေနလားဆိုတာ မစစ္ေဆးေတာ့ဘဲ အသီးတုတ္ထိုးကိုသာ အလြယ္တကူ လက္ခံလိုက္တယ္။
ရွဲ႔ရွီးမ်က္လံုးေတြ အေရာင္လက္သြားတယ္။ သူၿပံဳးလိုက္ၿပီး သူ႔မ်က္ခံုးေလးေတျြမင့္တက္သြားတယ္။ အျခားတပၫ့္ေတြရဲ့တိုးတိုးေလးေဝဖန္မႈေတြေၾကာင့္ ဆိုးရြားေနတဲ့ သူ႔စိတ္ေတြ နည္းနည္းေကာင္းမြန္လာၿပီ။
ခ်ူယြီေနရာမွန္ကို ေနာက္ဆံုးရွာေတြ့တဲ့ထိ သူတို႔ ၿမိဳ႔ကိုလည္ပတ္ေနခဲ့တယ္။ လက္တစ္ဖက္ျဖင့္ ရွဲ႔ရွီးကို ကိုင္ဆြဲရင္း အထဲသို႔ ဝင္လာကာ ရယ္လိုက္တယ္ "ရွစ္တိ မင္းအရင္တုန္းက ဝိုင္ေသာက္ဖူးလား??"
ရွဲ႔ရွီးက ရိုးရိုးသားသားပဲေခါင္းခါလိုက္တယ္။
ခ်ူယြီၿပံဳးလိုက္တယ္ "လာခဲ့ သာ့ရွစ္ရႈန္းနဲ႔တူတူ ဝိုင္ေသာက္ရေအာင္---မိန္းမတစ္ခ်ိဳ႕နဲ႔ အေသာက္ပြဲေတာ္ေပါ့...."
လမ္းတစ္ေလ်ွာက္လံုး ခ်ူယြီက လူေတြရဲ့အတင္းစကားေတြ ၾကားခဲ့ၿပီး ဒီမွာ အနီေရာင္အလင္းတန္းနယ္ေျမ(ေဆာင္ၾကာၿမိဳင္)ရိွတယ္ဆိုတာ သိလိုက္တယ္။ ဘယ္အရာကမွ ၫွို႔ယူဆြဲေဆာင္မႈရိွၿပီး ေရလိုျဖားေယာင္းတတ္တဲ့ မိန္းမေတြရိွတဲ့ ယန္းခြၽင္းအိမ္ထက္ မသာလြန္ႏိုင္ဘူး။
ဒီဟာက ယန္းခြၽင္းေဖ်ာ္ေျဖေရးအိမ္ပဲ...
ခ်ူယြီက သူ႔ရဲ့ဝတ္ရံုလက္ေတြကို ခါထုတ္လိုက္ၿပီးေနာက္ ပန္းအိမ္ထဲသို႔ ရွဲ႔ရွီးကို ဦးေဆာင္ေခၚသြားေတာ့တယ္....
သူတို႔အထဲကိုဝင္လာေပမဲ့ ဝင္းထဲမွာ ညမိန္းမပ်ိဳေတြ အျပၫ့္ျဖစ္ေနတာ ျမင္ေတာ့ ရွဲ႔ရွီးမ်က္ႏွာ မည္းေမွာင္လာတယ္။
သူ အိမ္ရဲ့ေခါင္းေဆာင္အမ်ိဳးသမီးေလးေယာက္ကို စုစည္းဖို႔ ေငြေတြ ေၾကာ့ေၾကာ့ေမာ့ေမာ့ သံုးေနတဲ့ ခ်ူယြီကိုၾကၫ့္ၿပီး ပိုၿပီးမည္းေမွာင္လာတယ္။ သူတို႔အကုန္လံုး ထမင္းစားခန္းထဲဝင္လာၾကတယ္။
ခ်ူယြီကို မိန္းမပ်ိဳေလးေတြ ဝိုင္းရံေနၿပီး ခ်ူယြီကို စိုက္ၾကၫ့္ေနတဲ့ ရွဲ႔ရွီးမ်က္လံုးထဲမွာေတာ့ ေမွးမိွန္တဲ့ မီးေတာက္ေတြ စတင္ေလာင္ကြၽမ္းလာၿပီ။ သူ႔ရဲ့ဆင္ျခင္တံုတရားကသာ သူ႔ကိုမရပ္တန္႔ႏိုင္ရင္ သူ ဒီေနရာကို မီးသၿဂိဳဟ္ပစ္လိုက္ေတာ့မွာ....
သူ႔မ်က္ႏွာ အလြန္ရုပ္ဆိုးေနတာေတာင္မွ ေသျခင္းတရားကို မေၾကာက္တဲ့ တစ္စံု တစ္ေယာက္က ဆက္သြားေနတုန္းပဲ.....
"ဒီကေလးငယ္ေလးက အလြန္မေပ်ာ္ရႊင္ပံုရတယ္၊ ဘယ္နား နာလို႔လဲ?? ဒီအေစခံကို တစ္ခ်က္ေလာက္ၾကၫ့္ခြင့္ေပး........"
သူ(မ)က အဲလိုေျပာလိုက္ေတာ့ အားနည္းၿပီးႏူးညံ့တဲ့လက္ေသးေသးေလးတစ္စံုက သူ႔ရင္ဘတ္နဲ႔နီးကပ္စြာ ထားလိုက္ၿပီး ေနွးေကြးစြာထြက္သြားတယ္။
အဲတာက သူ ေႁမြတစ္ေကာင္ကို ထိလိုက္ရသလိုပဲ ...ရွဲ႔ရွီးက ရြံရွာေနၿပီး သူ႔ရဲ့သည္းခံႏိုင္မႈအဆင့္ကို ေက်ာ္လြန္ေနပါၿပီ။ သူ ထိုမိန္းမကို တြန္းလိုက္ၿပီး ေအးစက္စက္မ်က္ႏွာနဲ႔ ေျပာလိုက္တယ္။ "ထြက္သြားစမ္း!"
ခ်ူယြီက ဝိုင္ခြက္အနည္းငယ္ ေသာက္ၿပီးေနၿပီ။ ဒီခႏၶာကိုယ္ရဲ့အရက္ခံႏိုင္ရည္စြမ္းက မဆိုးေပမဲ့ ယခုေတာ့ သူက အနည္းငယ္ ရီေဝလာၿပီလို႔ ေတြးလိုက္တယ္။ သူ ရွဲ႔ရွီးရဲ့ေဒါသထြက္ေနတဲ့ အသံကို ၾကားေတာ့ သူ႔မ်က္ခံုးေတျြမင့္တက္သြားၿပီး ခ်က္ခ်င္း အမူး အနည္းငယ္ ေျပသြားေစတယ္။
သူ လက္ေဝ႔ွယမ္းလိုက္ၿပီး သူတို႔ကို ထြက္သြားဖို႔ အခ်က္ျပလိုက္တယ္။ ရွဲ႔ရွီးက ခ်ူယြီကို စိတ္ဆိုးေနတဲ့အၾကၫ့္စူးေတြနဲ႔ စိုက္ၾကၫ့္ေနၿပီး စားပြဲခံုကို ထုလိုက္တယ္။ သူ အံႀကိတ္ရင္းေျပာလိုက္တယ္ "သာ့ရွစ္ရႉန္း ဘာလို႔ငါတို႔ ဒီလို အက်င့္ပ်က္ျပားၿပီး အရွက္မရိွတဲ့ ကာမလိုက္စားတဲ့ေနရာကို လာရတာလဲ??"
......မင္းကို ဉာဏ္ပြင့္ေစခ်င္လို႔ေပါ့.....
ခ်ူယြီက ပါးစပ္ဖြင့္လိုက္ေပမဲ့ သူ က်ယ္က်ယ္မေျပာရဲဘူး။ သူ႔မ်က္လံုးေတြက လက္ရိွမွာ ရီေဝေနတယ္။ အဲဒါေၾကာင့္ သူ႔ေရ႔ွမွာ ရွဲ႔ရွီးပံုရိပ္အခ်ိဳ႕ ေပၚေနတဲ့အတြက္ သူအခ်ိန္အၾကာႀကီး ရႈပ္ေထြးျခင္းေတြနဲ႔ ေငးၾကၫ့္ေနတယ္။ သူ လက္ေဝ႔ွၿပီးေျပာလိုက္တယ္ "ရွစ္တိ.... ဒီကိုလာခဲ့.."
ရွဲ႔ရွီးက သူ႔ေရ႔ွမွာရိွေနတဲ့ မရင္းႏွီးေသာ ခ်ူယြီရဲ့ ေနဝင္ခ်ိန္လို ေျပာင္လက္ေနတဲ့ ပါးေလးနဲ႔ ရီေဝေနတဲ့မ်က္လံုးေတြကို ၾကၫ့္ေနခဲ့တယ္။ သူ ရပ္သြားၿပီး သူ႔ေဒါသေတြေပ်ာက္သြားကာ ခ်ူယြီဆီကို သြားလိုက္တယ္။
ခ်ူယြီက ရွဲ႔ရွီးရဲ့ပံုရိပ္တစ္ခ်ိဳ႕ကို ျမင္ေတာ့ သူဝိုင္တစ္ခြက္ေပးဖို႔ ႀကိဳးစားရင္း ၿပံဳးျပကာ "ရွစ္တိ...စိတ္မဆိုးပါနဲ႔ေနာ္....လာ၊ ဒါကိုေသာက္လိုက္...."
ရွဲ႔ရွီးက အရူးလိုရယ္ေနတဲ့ ခ်ူယြီကို စူးစူးရဲရဲ စိုက္ၾကၫ့္ေနတယ္။ ေတာ္ေတာ္ၾကာၿပီးတဲ့ေနာက္ သူ သက္ျပင္းခ်ကာ ခြက္ကိုယူေတာ့မယ့္အခ်ိန္မွာ ခ်ူယြီက ရုတ္တရက္ လႊတ္ခ်လိုက္မိတယ္။ ခြက္က ၾကမ္းျပင္ေပၚကို ကြဲေၾကသံတစ္ခုနဲ႔ က်သြားၿပီး ကြဲသြားတယ္။
ရွဲ႔ရွီး: ".....သာ့ရွစ္ရႈန္း မင္းမူးေနၿပီ"
ခ်ူယြီက မ်က္ေမွာင္ၾကဳပ္ၿပီး စားပြဲေပၚကို ၾကၫ့္လိုက္ေပမဲ့ သူအျခားခြက္တစ္ခြက္ကို ရွာမေတြ့ဘူး။ ဒါေၾကာင့္ သူ ရိုးရိုးရွင္းရွင္းပဲ သူ႔လက္ကို ဆန႔္လိုက္ၿပီး သူ႔လက္ခုပ္ထဲကို ဝိုင္ေတြေလာင္းထၫ့္လိုက္တယ္။ သူ ရွဲ႔ရွီးကို နီးနီးကပ္ကပ္ဆုပ္ကိုင္လိုက္ၿပီး ေျပာလိုက္တယ္ "လာ ရွစ္တိ.....ဒီဝိုင္ခြက္ကို ေသာက္လိုက္...."
ရွဲ႔ရွီးက ေရ႔ွမွာ ေက်ာက္စိမ္းျဖဴလို လက္သြယ္ေလးရိွၿပီး ၾကည္လင္တဲ့ ဝိုင္ေတြက လိႈင္းထေနတယ္။ ရွဲ႔ရွီးက သူ႔မ်က္ႏွာေရ႔ွက ႏူးညံ့တဲ့ လက္ေခ်ာင္းေလးေတြရဲ့ ႏူးညံ့တဲ့ အသြင္အျပင္ကို ေငးၾကၫ့္ေနခဲ့တယ္။ အခ်ိန္အေတာ္ၾကာမွ သူ႔ႏႈတ္ခမ္းေထာင့္ေတြက ပေဟဠိဆန္တဲ့အၿပံဳးေတြလို ေကြးတက္သြားၿပီး ေခါင္းကို ျဖည္းညင္းစြာ ငံု႔ကာ ခ်ူယြီလက္ခုပ္ထဲက ဝိုင္ေတြကို ေသာက္လိုက္တယ္။
ခ်ူယြီရဲ့ေပါ့ပါးေအးျမၿပီး ႏူးညံ့ညံ့ ေမႊးရနံ႔က ဝိုင္နံ႔ေလးနဲ႔ ေရာၿပီး ရစ္သိုင္းလာတယ္။ အေတာ္ယစ္မူးစရာေကာင္းတယ္။ ရွဲ႔ရွီးက ဝိုင္လက္တစ္ဆုပ္ အျပၫ့္ေသာက္ၿပီးတဲ့အခါ သူ႔မ်က္ႏွာေလး နီရဲလာၿပီး သူ႔မ်က္လံုးေတြကလည္း ရႊန္းစိုလာတယ္။
ခ်ူယြီက သူ႔လက္ကို ျပန္သိမ္းဖို႔လုပ္ခ်ိန္မွာ ရွဲ႔ရွီးက ရုတ္တရက္ လက္ကိုကိုင္လိုက္တယ္။ ရွဲ႔ရွီးက ခ်ူယြီကို မ်က္ခံုးပင့္ျပၿပီး ၿပံဳးလိုက္တယ္။ သူ ေခါင္းကိုေနာက္တစ္ႀကိမ္ထပ္ငံု႔လိုက္ၿပီး ခ်ူယြီရဲ့ လက္ေခ်ာင္းထိပ္ကေန လက္ေကာက္ဝတ္ထိ တစ္လက္မေလးေတာင္ မခ်န္ေစဘဲ တရိုတေသ နမ္းရိႈက္လိုက္တယ္။
ခ်ူယြီရဲ့လက္ေကာက္ဝတ္ေလးကို ကိုင္ထားရင္း ရွဲ႔ရွီးက ေခါင္းေလးေစာင္းကာ ခ်ူယြီကို ၾကၫ့္ၿပီး ၿပံဳးလိုက္တယ္ "သာ့ရွစ္ရႈန္းရဲ့ ဧၫ့္ခံျပဳစုမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္....ဝိုင္က ေတာ္ေတာ္အရသာရိွတာပဲ။"
ခ်ူယြီက ရႈပ္ေထြးေနၿပီး အျပစ္ကင္းတဲ့ ကေလးေလးတစ္ေယာက္လို ေခါင္းညိတ္ျပလိုက္တယ္။ ရွဲ႔ရွီးကို ျမင္ရဖို႔ ႀကိဳးစားရင္း ခ်ူယြီမ်က္လံုးက ၾကၫ့္ေပမဲ့လည္း သူ ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ဘူး။ သူ အေပြ့ခံေနရတယ္လို႔ ခံစားေနရၿပီး ဝိုးတိုးဝါးတားနဲ႔ပဲ သူ႔လက္ေတြက ရွဲ႔ရွီးလည္တိုင္ကို သိုင္းဖက္လိုက္ေလတယ္။
သူ႔ရဲ့အတြင္းစိတ္ထဲမွာေဝာ့ ေအာ္ဟစ္ေနပါၿပီ: မင္းသမီးေပြ့နည္း! မင္းသမီးေပြ့နည္း!ဇာတ္လိုက္! မင္း အေျမႇာက္စာဗီလိန္တစ္ေယာက္ကို မင္းသမီးေပြ့နည္းနဲ႔ မသယ္ရဘူးေလကြာ!!
ရွဲ႔ရွီးက ခ်ူယြီကို အိပ္ရာထဲခ်လိုက္ၿပီး ခ်ူယြီရဲ့ ေအးေအးခ်မ္းခ်မ္းနဲ႔ အိပ္ေပ်ာ္ေနတဲ့ မ်က္ႏွာေလးကို ေငးၾကၫ့္ေနလိုက္တယ္။ သူတို႔သံုးႏွစ္ၾကာ တူတူအိပ္ၾကကတည္းက သဘာဝက်စြာပဲ ဒီလွပတဲ့မ်က္ႏွာေလးကို တစိမ့္စိမ့္နဲ႔ ဂရုတစိုက္ၾကၫ့္ဖို႔ သူ႔မွာ မေရမတြက္ႏိုင္တဲ့ အခြင့္အေရးမ်ားစြာရိွၿပီးသား။
သူ ရွည္လ်ားၿပီး အေစြသားျဖစ္ေနတဲ့မ်က္ခံုးေလးကို ေငးၾကၫ့္ေနတယ္။ မ်က္လံုးေထာင့္နားေလးမွာလည္း ႏွင္းဆီေရာင္ေလး အနည္းငယ္သန္းေနတယ္။ ႏူးညံ့ေျဖာင့္စင္းေနတဲ့ႏွာတံေလးရယ္ မက္မြန္ပြင့္သ႑ာန္ ေဖ်ာ့ေတာ့ေတာ့ေလး နီရဲေနတဲ့ႏႈတ္ခမ္းေလး.....
ရွဲ႔ရွီးက သူ႔လက္ကို ဆန႔္ထုတ္ၿပီး ခ်ူယြီရဲ့မ်က္ႏွာေမးရိုးဆီ ညင္သာစြာ လွမ္းလိုက္တယ္။ လက္ေခ်ာင္းေတြက ခ်ူယြီႏႈတ္ခမ္းကိုထိလိုက္တဲ့အခါ ရွဲ႔ရွီးအသက္ရႈသံေတြ အနည္းငယ္ ပိုျမန္လာတယ္။
သူ႔လက္ေခ်ာင္းထိပ္ေတြက ပန္းေရာင္သန္းၿပီးႏူးညံ့ေပ်ာ့ေျပာင္းတဲ့ ထိုႏႈတ္ခမ္းေလးကို ထိလိုက္တယ္။ ၄က စြတ္စိုေနၿပီး အနည္းငယ္ ဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနတယ္။ ရွဲ႔ရွီးက ခဏေလာက္ေငးၾကၫ့္ေနၿပီးမွ တိုးတိုးေလးေခၚလိုက္တယ္ "သာ့ရွစ္ရႈန္း?"
ခ်ူယြီက ရီေဝေနဆဲ ျဖစ္ေနတုန္းမွာ သူ တစ္ခုခုၾကားလိုက္ၿပီး "ရွစ္တိ"လို႔ ျပန္ထူးေတာ့မယ့္အခ်ိန္မွာ သူ႔ႏႈတ္ခမ္းေလး ပိတ္ဆို႔ခံလိုက္ရတယ္......
ရွဲ႔ရွီးက ထိုတပ္မက္ခ်င္စရာေကာင္းတဲ့ ႏူးညံ့ေသာ ႏႈတ္ခမ္းေလးကို နမ္းဖို႔ ငံု႔ကိုင္းလိုက္တယ္။ သူ႔ရဲ့ခႏၶာကိုယ္တစ္ခုလံုး ရုတ္တရက္ ေျခာက္ေသြ့ၿပီးပူလာသလိုပဲ.....သူ မခုခံႏိုင္ဘဲ ခ်ူယြီကိုဖက္ရင္း နက္နက္ရိႈင္းရိႈင္းနမ္းေနတယ္။ သူကိုယ္သူ ရုန္းမထြက္ႏိုင္ေတာ့ဘဲ မခြဲႏိုင္မခြာရက္ တစိုက္မက္မက္ နမ္းရိႈက္ေနၿပီး အိပ္ရာထက္မွာ လူးလိွမ့္ေနတယ္။
ရီေဝမိန္းေမာေနတဲ့အခ်ိန္မွာ သူ႔နားထဲမွာ ေအးစက္စက္ အသံတစ္သံကို ရုတ္တရက္ၾကားလိုက္တယ္ "ရွစ္တိ"
ရွဲ႔ရွီးင ရုတ္တရက္ သတိဝင္လာၿပီးေနာက္ ခ်ူယြီကို မ်က္လံုးက်ယ္ႀကီးမ်ားနဲ႔ စိုက္ၾကၫ့္ေနတယ္။ သူ ခ်ူယြီကို လႊတ္ေပးလိုက္ၿပီး အိပ္ရာေပၚက လိွမ့္ဆင္းလိုက္တယ္။ ၾကမ္းျပင္ေပၚမွာ ထိုင္ရင္း သူ ပင့္သက္ရိႈက္ေနရတယ္။သူ႔မ်က္လံုးေတြက အနည္းငယ္ အရိုင္းဆန္ေနၿပီး ယစ္မူးေနတယ္။
ခ်ူယြီေခါင္းက ေႂကြေခါင္းအံုးနဲ႔ 'ဘမ္း'ဆိုၿပီး ရိုက္မိသြားတယ္။ သူ နာက်င္မႈေၾကာင့္ ညည္းတြားလိုက္တယ္။ ရွဲ႔ရွီးက အလ်င္အျမန္ထလိုက္ၿပီး ခ်ူယြီေခါင္းေလးကို ညင္သာစြာ ပြတ္ေပးလိုက္တယ္။ ေနာက္ေတာ့ သူ႔ႏႈတ္ခမ္းတင္းတင္းေစ့ရင္း ခ်ူယြီရဲ့ဘြတ္ဖိနပ္ေတြကို ခြၽတ္ေပးလိုက္ၿပီး သူ႔ကိုေစာင္ၿခံဳေပးလိုက္တယ္။
သူ ခ်ူယြီမ်က္ႏွာေလးကို ေငးလိုက္ၿပီး သူအခုေလးတင္ ဘာေတြလုပ္လိုက္တာလဲဆိုတာ စဉ္းစားေနမိတယ္။ ရွဲ႔ရွီးတစ္ေယာက္ တစ္ခဏေလာက္ တိတ္ဆိတ္ေနၿပီးေနာက္ သူ႔ပါးကို သူကိုယ္တိုင္ ရက္ရက္စက္စက္ တစ္ခ်က္ရိုက္လိုက္တယ္။
"အရွက္မရိွတဲ့လူယုတ္မာ!!"
ေနာက္ထပ္တစ္ခ်က္ 'ျဖန္း'
"ေက်းဇူးမသိတတ္တဲ့ေကာင္"
သူ႔ပါးကို ႏွစ္ႀကိမ္ေလာက္ သူကိုယ္တိုင္ရိုက္ၿပီးတဲ့အခါ ရွဲ႔ရွီးပါးေတြ အနည္းငယ္ ဖူးေရာင္သြားတယ္။ သူ႔မ်က္လံုးမိွတ္ၿပီး သူ႔ရဲ့နာက်င္ေနတဲ့ပါးကို ထိလိုက္ေတာ့ သူ႔မ်က္ႏွာေပၚမွ အမူအရာက ျပင္းထန္လာတယ္။
သူ႔ႏွလံုးသားလည္း အခုၾကည္လင္လာၿပီး....အမူးလည္း ေတာ္ေတာ္ေျပသြားၿပီ။
********
ဝိုင္ေသာက္လြန္ၿပီး မအီမသာျဖစ္ျခင္းေတြနဲ႔ ႏိုးလာကာ သူ ေခါင္းမကိုက္ေသာ္လည္း သူစိတ္ကေတာ့ မေကာင္းေသးဘူး။
ခ်ူယြီက ဝမ္းနည္းျခင္း ျပၫ့္ေနတဲ့မ်က္ႏွာနဲ႔ ထထိုင္လိုက္ၿပီးေနာက္ ရုတ္တရက္ ျပန္ၿပီးလဲက်သြားျပန္တယ္။ သူ႔မ်က္လံုးေတြကို မိွတ္လိုက္ရၿပီး သူ႔ခႏၶာကိုယ္ထဲမွာ ဝိုင္ျပန႔္ႏွံ႔ေနျခင္းရဲ့အက်ိဳးဆက္ကို ေျဖရွင္းဖို႔ သူ႔ခ်ီစြမ္းအင္ေတြကို လွည့္ပတ္ေစလိုက္တယ္။
သူ မေန့ညကေသာက္ၿပီးေတာ့ သူဘယ္ေတြလုပ္လိုက္ေသးလဲ??
သူ ဇာတ္ေကာင္စရိုက္နဲ႔ကြဲထြက္တာေတြ ဘာမွ မလုပ္လိုက္ဘူးမလား?? ဇာတ္လိုက္လည္း အရမ္းစိတ္ဆိုးမေနေလာက္ဘူး ဟုတ္တယ္မလား?? သူသာ အရမ္းစိတ္ဆိုးေနရင္ သူအခုခ်ိန္ ႏိုးထႏိုင္မွာမဟုတ္ေတာ့ဘူးေလ......
သူ႔မ်က္ႏွာက ဖတ္ရခက္ေနတယ္။ အိပ္ရာေပၚမွာ ေဆာင့္ေၾကာင့္ထိုင္ေနၿပီး အခ်ိန္အၾကာႀကီး မသိက်ိဳးကြၽန္ျပဳေနတယ္။ ရွဲ႔ရွီးက ေနာက္ဆံုးေတာ့ မေနႏိုင္ဘဲ ေခၚလိုက္တယ္ "...သာ့ရွစ္ရႈန္း?"
ရုတ္တရက္ အသံထြက္လာတာက ခ်ူယြီကို ေၾကာက္လန႔္တုန္လႈပ္သြားေစတယ္။ သူ ရွဲ႔ရွီးကိုၾကည့္ဖို႔ သူ႔ေခါင္းကို မလွၫ့္ခင္ တစ္ခဏေလာက္ အံ့အားသင့္ေအးခဲေနခဲ့တယ္။ သူ ကေလးကို ဆူေဟာက္ခ်င္ေပမဲ့ သူ ရွဲ႔ရွီးမ်က္ႏွာကို ျမင္တဲ့အခါ ခ်ူယြီမ်က္လံုးေတြ ျပဴးက်ယ္သြားတယ္။
What the f**k!!!
မျဖစ္ႏိုင္တာ!!!
ငါ မေန့ကဝိုင္ေၾကာင့္ ထိန္းမႏိုင္သိမ္းမႏိုင္ အရူးထမိသြားတာပဲျဖစ္ရမယ္! ဒီခႏၶာကိုယ္ရဲ့မူလပိုင္ရွင္ ေရာက္လာတာမ်ားလား!? မူလခ်ူယြီ!! မင္း ဇာတ္လိုက္ကို ရိုက္လိုက္တာလား!!!!
**********