♥မောင်ချစ်သော နှင်းဆီနှင့် ကျ...

By MetawinLight

19.2K 1K 15

#Unicode မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥ ငါ့လိုလူမျိုးက ယောကျာ်းလေးတစ်ယောက်ကိုချစ်မိလာစရာ ဘာအကြောင်းမှမရှ... More

♦Part 1♦
♦Part 2♦
♦Part 3♦
♦Part 4♦
♦Part 5♦
♦Part 6♦
♦Part 7♦
♦Part 8♦
♦Part 9♦
♦Part 10♦
♦Part 11♦
♦Part 13♦
♦Part 14♦
♦Part 15♦
♦Part 16♦
♦Part 17♦
♦Part 18♦
♦Part 19♦
♦Part 20♦
♦Part 21♦
♦Part 22♦
♦Part 23♦🔞
♦Part 24♦
♦Part 25♦🔞🚨
♦Part 26♦
♦Part 27♦
♦Part 28♦
♦Part 29♦🔞
♦Part 30♦
♦Part 31♦
♦Part 32♦
♦Special Part(End)♦

♦Part 12♦

470 31 1
By MetawinLight

[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                   ♦Part 12♦

Bright-"Plare' မင်းလုပ်ရပ်တွေရပ်တန်းကရပ်လိုက်တော့ ငါပြောပြီးသားပဲ 'နှင်း'က ငါ့လူလို့"

Win(Rose)-"......"

Bright-"လာ 'နှင်း'ကိုယ့်နောက်လိုက်ခဲ့"

Win(Rose)-"ဘယ်သွားမလို့လဲ ကျောင်းတက်ခေါင်းလောင်းထိုးတော့မယ်လေ"

Bright-"လာပါ.."

🔸'Bright'ဆွဲခေါ်သွားသည့်နောက် လိုက်ပါသွားသည့် 'Win(Rose)'ကိုကြည့်ကာ 'Plare'ဒေါသတို့ပေါက်ကွဲထွက်လာကာ အခြေအနေကိုမယုံကြည်နိုင်ဖြစ်နေရသည်။

Plare-"ဒါ ဒါကဘယ်လိုဖြစ်ရတာလဲ?"

Nann-"နင့်ကိုပစ်ချသွားတာလေ မမြင်ဘူးလား မျက်စိပါကန်းသွားတာတော့မဟုတ်ပါဘူးနော် ဟားဟား"

Plare-"နင်....!"

Nann-"ဘာလဲ ငါပြောတာမှားလို့လား"

Plare-"အားးးးး 'Jane'လာပြန်မယ်"

Jane-"Okok"

Nann-"ဟားဟား"

🔸'Bright'က'Win(Rose)'ကိုကျောင်း၏ခေါင်မိုးထပ်ရှိသည့်နေရာသို့ခေါ်လာပြီး

Win(Rose)-"ခဏခဏ'နှင်း'ကို P'Bright'လူ ပါလို့ဘာလို့လျှောက်ပြောနေရတာလဲ?"

Bright-"ကိုယ်မင်းကိုချစ်လို့လေ.."

Win(Rose)-"ဟ..ဟမ်"

Bright-"နှင်း'က ကိုယ်'နှင်း'ကို ကိုယ့်လူပါလို့ခေါ်တာကိုမကြိုက်ဘူးမလား? အဲ့ဒါကြောင့် ကိုယ့်လူလုပ်လိုက်လေ ဒါဆိုကိုယ်ခေါ်နေစရာမလိုတော့ဘူးဒါကြောင့် မင်းကိုယ့်လူအဖြစ်နေမလား?"

(🍀ရည်းစားစကားပြောတာကြီးကလဲ ဂေါ်လိုက်တာ😆♥)

Win(Rose)-"အာ P'Bright'ဒီအပေါ်မှာပူလာတယ်မထင်ဘူးလား? 'နှင်း'မနေချင်တော့ဘူးအောက်ပြန်ဆင်းတော့မယ်နော် တာ့တာ"

🔸'Bright'စကားကိုမသိချင်ယောင်ဆောင်ကာ ဆင်းရန်ပြင်နေသည့် 'Win(Rose)'၏လက်ကိုဆွဲယူကာ 'Win(Rose)'အား ရင်ခွင်ထဲဆွဲထည့်လိုက် သည့်သူ...

Win(Rose)-"အာ..P' P'Bright! 'နှင်း'ကိုလွှတ်ပါ P'Bright!"

Bright-"မလွှတ်ဘူး"

Win(Rose)-"P'Bright!!"

🔸စိတ်ဆိုးကာ ရင်ခွင်ထဲကနေ လက်သီးသေးသေးလေးများဖြင့် ရင်ဘတ်ကိုထုရိုက်နေသော ကောင်မလေးကို သိပ်ချစ်ဖို့ကောင်းသလိုမြင်မိသည်။

Bright-"ရိုက်လို့ ဝပြီလားကောင်မလေး?"

Win(Rose)-"လွှတ်ပေးလို့... ကျောင်းချိန်နောက်ကျတော့မယ်"

Bright-"ကိုယ့်ကိုအဖြေမပေးမချင်းမသွားရဘူး"

Win(Rose)-"ဘာအတွက်အဖြေလဲ?"

Bright-"နှင်း'ကိုယ့်လူအဖြစ်နေမလားဆိုတဲ့မေးခွန်းရဲ့အဖြေလေ"

Win(Rose)-"ဘယ်တုန်းကမေးလိုက်တာလဲ 'နှင်း'လဲမကြားမိပါဘူး"

🔸ကြောင်တောင်တောင်လုပ်နေသည့် 'Win(Rose)'အား မျက်နှာချင်းဆိုင်ကြည့်စေရင်း

Bright-"နှင်း' ကိုယ့်ကိုချစ်လား?"

Win(Rose)-"ဟ..ဟမ်"

Bright-"ချစ်လားလို့..."

Win(Rose)-"အာ...ဒါက"

Bright-"ဘာမှမဖြေရင်ချစ်တယ်လို့ယူဆလိုက်မှာ"

Win(Rose)-"ဟို..."

Bright-"ဘာမှမဖြေဘူးပဲ ဒါဆိုကိုယ့်ကို 'ချစ်တယ်'ပေါ့ ရပြီ"

(🍀အော် ကိုတောက်ပတို့ကလဲ ဇွတ်ပဲ♥)

Win(Rose)-"ဟို 'နှင်း'ဘာမှမပြောရသေး..အွန့်"

🔸'Bright'၏စကားကိုငြင်းဆန်ပြောရန်ပြင်နေသည့် 'နှင်း'၏နှင်းဆီဖူးပုံစံနှုတ်ခမ်းလေး အားတားဆီးရန် 'Bright'၏အနမ်းချိုချိုတစ်ပွင့်ကျရောက်လာတော့သည်။
ရုတ်တရက်မို့ရုန်းကန်နေသော်လဲ ခဏကြာတော့ 'နှင်း'က'Bright' လက်ကလေးကိုအသာပြန်ဆုပ်ကိုင်ရင်း အနမ်းခရီးတို့ဆက်လို့နေသည်....။

"တောင်...တောင်!🔔🔔🔔(ကျောင်းတက်ခေါင်းလောင်းသံ)"

🔸 ကျောင်းတက်ခေါင်းလောင်းသံကြားတော့မှ အနမ်းများရပ်တန့်ကာ 'Bright'က 'Win(Rose)'၏မေးစေ့ကလေးအား ကိုင်ရင်း...

Bright-"နှင်း'ကိုယ့်ကိုချစ်တာ ကိုယ်သိပါတယ် အခုကစပြီး 'နှင်း'က ကိုယ့်လူပဲနော် ကိုယ်တံဆိပ်ရိုက်ပြီးပြီ.."

🔸'Bright'၏စကားကြောင့် 'Win'လဲရှက်ရမ်းရမ်းကာ 'Bright'ရင်ဘတ်အား လက်သီးဆုပ်ကလေးများဖြင့် ခပ်ဖွဖွထုရိုက်ရင်း..

Win(Rose)-"ဟာ..P'Bright'ဘာတွေပြော နေတာလဲ..တော်ပြီ ကျောင်းခန်းထဲသွားတော့မယ်"

Bright-"မသွားခင်လေး အာဘွားမပေးတော့ဘူးလား?"

(🍀ကိုကိုတောက်နော်...)

Win(Rose)-"မပေးဘူး.. ပြန်တော့မယ်"

Bright-"အယ် ကိုယ့်ကိုစောင့်ဦးလေ"

🔸'Win(Rose)'လဲကိုယ့်အခန်းကို ပြန်ဝင်ရင်း 'Bright'ကိုလဲပြုံးပြလိုက်သည်။'Bright'လဲပြန်ပြုံးပြရင်း ကိုယ့်အခန်းကိုပြန်ဝင်သွားတော့သည်။

🔸'Drake'ကတော့ ခေါင်မိုးထပ်ကနေတူတူဆင်းလာသည့်သူတို့နှစ်ယောက်ကိုမြင်ကတည်းက တစ်ခုခုကိုသတိထားမိနေ၏။

Nann-"အမယ်...P' ပြုံးနေတာပါးစပ်ကြီးနားရွက်တက်ချိတ်တော့မယ် အေရမ်းကိုအဆင်ပြေခဲ့ပုံပဲ"

Win(Rose)-"ဟီး...နည်းနည်းပါ"

Nann-"အခုမပြောနဲ့ဦး အိမ်ရောက်မှ 'Nann'ကိုပြောပြ ဟိုမှာဆရာမလာနေပြီမို့"

Win(Rose)-"အင်း"

Students-"မင်္ဂလာပါဆရာမ"

Teacher-"မင်္ဂလာပါ ထိုင်ကြ မနေ့ကအိမ်စာတွေရေးခဲ့ကြရဲ့လား စာအုပ်တွေလာထပ်ကြပါ မရေးခဲ့တဲ့သူကတော့အပြင်မှာရပ်နေ"

♦♦♦♦♦♦
🔸အတန်းထဲကိုပြုံးစိစိနှင့်ဝင်လာသည့် 'Bright'ကိုကြည့်ရင်း 'Drake'လဲသံသယစိတ်တို့ကြီးစိုးလာတော့သည်။

Mike-"Ai Bright' ဘာလို့အဲ့လောက်ထိပြုံးနေရတာလဲ?"

Gun-"မင်းအဲ့လိုပြုံးတာမျိုးငါတစ်ခါမှမမြင်ဖူးဘူး ဘာလဲ ဟိုတစ်ခေါက်စားသောက်ဆိုင်ကကောင်လေးနဲ့ တွေ့ခဲ့လို့လား?"

(🍀P'Gun မှန်းတာတော်လိုက်တာကျောင်းမတက်ပဲ ဗေဒင်ဟောစားရမှာ😆♥)

Bright-"မဟုတ်ပါဘူး ငါ 'နှင်း'ဆီကအဖြေရလာလို့"

Mike,Gun-"ဘာ!"

Gun-"မင်းလိုက်နေတယ်လို့လဲမကြားလိုက်ပဲ ချက်ချင်းအဖြေရသွားတာလား?"

Bright-"ဘောကိုချက်ချင်းရမှာလား? ငါသူ့ကိုလိုက်နေပေမဲ့ သူမသိတာပဲရှိတာ ငဒူမလေးမို့လို့"

Mike-"အမယ် ထူးထူးဆန်းဆန်းမင်းပြောတဲ့ အတည်ဆိုတာကို ငါယုံတောင်ယုံချင်လာပြီ"

Bright-"ယုံသင့်တယ်လေ ဒီတစ်ခါကတကယ်အတည်"

Teacher-"ကဲ မင်္ဂလာပါတပည့်တို့"

🔸'Bright'တို့အဖွဲ့ကစကားများနေတာကြောင့် ဆရာမလာတာကိုပင်သတိမထားမိကြ ခဏကြာတော့ဆရာမအနားရောက်လာပြီး

Teacher-"ပြောလို့ပြီးကြပြီလား?"

🔸'Bright'နဲ့'Gun'တို့ကတော့ ဆရာမကိုမြင်ပေမဲ့ 'Mike'ကတော့ သင်ပုန်းဘက်ကိုကျောခိုင်းထိုင်နေသူမို့ ဘယ်သူပြောမှန်းမသိ

Mike-"ခဏနေရင်ပြီးတော့မယ် ခဏစောင့်"

Bright-"Ai Mike!"

🔸'Bright'နဲ့'Gun'တို့က နောက်လှည့်ကြည့်ရန် အမူအရာပြနေတော့ 'Mike'လဲနောက်လှည့်ကြည့်ကာ

Mike-"အာ..ဆဆရာမ ဟီး ဘယ်တုန်းကရောက်နေတာလဲ?"

Teacher-"တော်တော်စကားပြောကောင်းနေတယ်ဟုတ်လားအတန်းချိန်စစချင်း ဒီစာပိုဒ်ကလေးကို ဖတ်ပြပါဦး"

Mike-"ဟဟုတ်.."

🔔🔔 ကျောင်းဆင်းချိန်ညနေ 4 နာရီPM
Nann-"နှင်း' P'Drake ကိုစောင့်ဦးမယ်မလား?"

Win(Rose)-"စောင့်စရာမလိုတော့ဘူး ဟိုမှာလာပြီ"

Nann-"အော်..ဟုတ်သား"

🔸'Drake'ကိုလှမ်းကြည့်နေရင်း အာရုံတို့က 'Drake'အနောက်ကနေလာနေသည့် အစိမ်း T-Shirtနှင့် အမည်းဘောင်းဘီကိုဝတ်ဆင်ထားသည့် P'Bright'ဆီအကြည့်တို့ရောက်ရှိသွားသည်။'P'Bright'ကပြုံးပြတော့ ပြန်ပြုံးပြလိုက်ပြီး

Drake-"နှင်း'ဘယ်သူ့ကိုပြုံးပြနေတာလဲ?"

Win(Rose)-"ဘဘယ်သူ့ကိုမှမဟုတ်ပါဘူး"

Drake-"'Nann'"

Nann-"ပြောလေ P'Drake"

Drake-"ပြန်နှင့်တော့ 'နှင်း'ကိုတစ်နေရာခေါ်သွားစရာရှိလို့"

Nann-"အာ..ဒါပေမဲ့"

Drake-"သွားလို့ဆိုနေ"

Nann-"OkOk 'နှင်း' 'Nann'အိမ်ကစောင့်နေမယ်နော်"

Win(Rose)-"အင်း.."

🔸'Nann'ပြန်သွားပြီးနောက် 'Drake'က 'Win(Rose)'လက်ကိုဆွဲကာ ကျောင်းနောက်ကကော်ဖီဆိုင်သို့ခေါ်သွားသည်ကို 'Bright'မြင်လိုက်သည်။
'Win(Rose)'လက်ကိုကိုင်ထားတာကြောင့် 'Bright'စိတ်ထဲမကျေမနပ်ဖြစ်ကာ 'Win(Rose)'တို့နောက်လိုက်လာခဲ့၏။

Win(Rose)-"ဘာပြောမလို့လဲ 'Drake'?"

Drake-"မင်းခေါင်းထဲဘာတွေတွေးနေတာလဲ 'Win'?"

Win(Rose)-"ဘာမှမတွေးဘူး"

Drake-"မင်း 'Bright'ကိုကြိုက်နေတာကိုငါသိတယ် ဒါပေမဲ့ဒါကမဖြစ်သင့်ဘူးလို့ငါအကြိမ်ကြိမ်တားခဲ့ရက်နဲ့မင်းဘာလို့ ဘာလို့....တောက် မင်းကွာ"

Win(Rose)-"မဖြစ်သင့်မှန်း ငါသိတယ်ဒါပေမဲ့ ငါရုန်းချင်ပေမဲ့ရုန်းထွက်မရတာကိုဘယ်လိုလုပ်ရမလဲ?"

(Drake's Mind-မင်းကတော့ သူ့အတွက်ခံစားရတာတွေကိုပြောပြနေရုံပါပဲ ဒါပေမဲ့ငါ့အတွက်တော့မင်းပြောတဲ့စကားတွေက ရင်ထဲတစိမ့်စိမ့်စူးနေတဲ့ ဆူးတစ်ချောင်းလိုပဲ တဆစ်ဆစ်နာကျင်ရတယ် ယုန်ကလေးရယ်💔)

Drake-"မင်းကမိန်းကလေးအစစ်မဟုတ်ဘူးဆိုတာကိုသာ သူသိသွားရင် သူကမင်းကိုမုန်းသွားမလားတောင်မသိဘူးတားနေတဲ့ကြားက ဘာလို့အဲ့လိုလုပ်ရတာလဲ 'Win'?"

Win(Rose)-"ဘာလို့လဲဆိုတော့ ငါသူ့ကိုသိပ်ချစ်လို့ပေါ့"

Win(Rose)-"သိသွားလို့ သူမုန်းရင်လဲ ငါခံပါ့မယ် သူဘာအပြစ်ပေးပေးငါခံဖို့အသင့်ပါပဲ ငါသိပ်ချစ်လို့လုပ်မိခဲ့တဲ့ ကိစ္စမို့လို့"

Drake-"...."

🔸'Drake'တို့ကော်ဖီဆိုင်ထဲမှာစကားပြောပြီး ပြန်ထွက်လာကြတော့ကော်ဖီဆိုင်အရှေ့မှာမိန့်မိန့်ကြီးရပ်နေသည့် 'Bright'နဲ့မျက်နှာချင်းဆိုင်တွေ့တော့သည်။

Win(Rose)-"ဟင် P' P'Bright!"

(Win's Mind-မဟုတ်မှလွဲရော P'Bright' ခုနားကစကားတွေအကုန်ကြားသွားပြီလား?)

Bright-"နှင်း' ဒီမှာဘာလုပ်နေတာလဲ?"

Drake-"သူဘာလုပ်လုပ် မင်းနဲ့ဘာဆိုင်လို့လဲ?"

🔸'Drake'အနောက်မှာရပ်နေသည့် 'Win(Rose)'၏လက်ကိုဆွဲကာ 'Bright'သူ့အနောက်ကိုပို့လိုက်ရင်း

Bright-"ဆိုင်တာပေါ့ ဘာလို့ဆို 'နှင်း'ကငာ့ကောင်မလေးမို့လို့"

Part 13 to be continued....🍀♥

[Zawgyi]
♦Part 12♦


Win(Rose)-"......"



Bright-"လာပါ.."




Plare-"နင်....!"



Jane-"Okok"

Nann-"ဟားဟား"




Win(Rose)-"ဟ..ဟမ်"






Bright-"မလွှတ်ဘူး"

Win(Rose)-"P'Bright!!"










Win(Rose)-"ဟ..ဟမ်"

Bright-"ချစ်လားလို့..."

Win(Rose)-"အာ...ဒါက"


Win(Rose)-"ဟို..."











(🍀ကိုကိုတောက်နော်...)








Win(Rose)-"အင်း"



♦♦♦♦♦♦





Mike,Gun-"ဘာ!"










Bright-"Ai Mike!"




Mike-"ဟဟုတ်.."



Nann-"အော်..ဟုတ်သား"




Drake-"'Nann'"

Nann-"ပြောလေ P'Drake"


Nann-"အာ..ဒါပေမဲ့"

Drake-"သွားလို့ဆိုနေ"


Win(Rose)-"အင်း.."




Win(Rose)-"ဘာမှမတွေးဘူး"







Drake-"...."


Win(Rose)-"ဟင် P' P'Bright!"






Part 13 to be continued....🍀♥

Continue Reading

You'll Also Like

775K 33.4K 38
𝙼𝚢𝚊𝚗𝚖𝚊𝚛 𝙱𝚘𝚢𝚕𝚘𝚟𝚎 Rᴏᴍᴀɴᴄᴇ Sᴇᴋᴇ
3.2K 131 16
"မမရေချယ်ဖြစ်စေချင်သလို မင်းဆရာဝန်ဖြစ်ရမယ် Jam Rachata!!!! " -Film Thanapat " ကျွန်တော့်ဘဝကိုခြယ်လှယ်ချင်တိုင်းခြယ်လှယ်သွားပြီး Daddyကျ ရည်းစားလေးနဲ့...
155K 4.7K 38
Cole is cold and cruel to Skylar because of her weekness. How could a King, someone who is supposed to be powerful and strong, have someone so weak a...
72K 3.8K 12
Chenbaek🌸 Short story 12 complete #Zawgyi +Unicode