စေလိုရာစေ..
(Unicode)
လူအုပ်ကြီးသည်လည်း ထိုကား အနားတဖြည်းဖြည်းရွေ့သွားသည်။လေညှင်းလည်း တိုးရင်းတိုးရင်း လူအုပ်အလယ်ရောက်နေပြီ။
"ဟာ!!သွားပြီ..ဟေ့ကောင်ရေ..မှော်စက္ခပါ လိုက်လာတာ..ဒီကောင့်အသက်တော့ မတွေးဝံ့စရာပဲ"
"ဟေ့ကောင်..ရဲတိုင်လိုက်ရင်မကောင်းဘူးလား"
"ဟ..ရဲတောင် သူ့မနိုင်လို့လွှတ်ထားတာ..မင်းမသိဘဲ ဘာမှဝင်မပြောစမ်းပါနဲ့..မင်းပထွေးတွေ ကြားသွားမှ ဖြင့်"
သူတို့ ပြောတဲ့ မှော်စက္ခ ဆိုတဲ့ လူကို လေညှင်း သေချာကြည့်လိုက် မိသည်။ရှည်လျားလွန်းတဲ့ အရပ်နဲ့ တစ်ကိုယ်လုံး all blackဝတ်ဆင်ထားတဲ့ ထိုလူ။အလယ်ခွဲ ဆံပင်ကို ရှေ့ကို အနည်းငယ် အရှည်ထားပြီး နဖူးဘေး တစ်ဖက်စီမှာလှိုင်းတွန့်ပုံသဏ္ဍာန် ကွေး၍ ချထား၏။
ထူးခြားတာက လွန်းအိမ် ပုံစံ ရှည်မျောမျော မျက်ဝန်းတွေ။ကြည့်လိုက်တာနဲ့ အဆိပ်ပြင်း မြွေတစ်ကောင်လို ညို့ယူနေသလို စူးရှရှ မျက်ဝန်းတစ်စုံက မည်သူမျှ မဖယ်ခွာနိုင်လောက်အောင် ဖမ်းစားလွန်းတယ်။
"ဆရာ..သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ"
စက္ခ လက်ထဲက ဆေးလိပ်ကို ဖိနပ်နဲ့ တစ်ချက် ဖိချေလိုက်ပြီး..
"သွားရှာ...သူတို့ အိမ်ထဲက ပိုက်ဆံတစ်ပြားတစ်ချပ်တောင် မကျန်စေနဲ့..ငါ့ဆီအကုန်ယူလာခဲ့!!"
"ဟုတ်ကဲ့..ဆရာ"
မှော်စက္ခ က ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်နှင့် ဟိုလေးယောက်က အိမ်အသေးလေးပေါ် တက် မွှေတော့သည်။
"ဆရာ..အားလုံးပေါင်း..သိန်းနှစ်ဆယ် တွေ့ပါတယ်"
"ဟက်!!ငါ့ကို လိမ်ရဲတယ်ပေါ့.."
"အဟင့်..မဟုတ်.."
"ဖြောင်း!!"
"အ!!"
သူ့ကို လိမ်တဲ့ မောင်နှမ နှစ်ယောက်ကို စက္ခ ပိတ်ကန်လိုက်တော့ လူတွေရဲ့ ဒေါသထွက်တဲ့အသံ မချင့်မရဲ ဖြစ်နေတဲ့ အသံတွေ တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ဒါတွေကို သူမမှု ၊ အဓိကက ဦးသိဂ်ါ ခိုင်းတဲ့ အလုပ်ကို တာဝန်ကျေဖို့ပဲ။သေချင်တဲ့သူသေ ငိုချင်တဲ့သူ ငိုကြစမ်းပါစေ။
"တောက်!!နှမချင်း မစာမနာကွာ"
ထိုခဏ နောက်ကနေ လေညှင်းလက်ကို လှမ်းဆွဲခံလိုက်ရတာကြောင့် ကြည့်လိုက်တော့ အမနှင်းလဲ့တို့ညီအစ်မ။
"သွဲ့လေးရယ်..မမတို့ ဖြင့် စိတ်ကိုပူသွားတာပဲ..ငါ့မောင် ရောက် မလာတာနဲ့ အမတို့ထွက်လာတာ..လက်စသတ်တော့ သွဲ့လေးက ဒီရောက်နေတာကိုး..လာ..သွားမယ်..သွဲ့လေး..ဒီမှာကြာကြာနေရင်မကောင်းဘူး"
"အမနှင်း..ခဏ..ခဏလေးပါ..ဒီကိစ္စ..လေညှင်းဝင်ပါမှ ဖြစ်မယ်"
"လာပါ..သွဲ့လေးရယ်..အမတို့စကားနားထောင်ပါ..ဒီမရဏ အဖွဲ့အကြောင်း သွဲ့လေး မသိသေးလို့ ဒီလိုပြောတာ..အမနားလည်တယ်..ဖြစ်နိုင်ရင် သူတို့နဲ့သွားမပက်သက်တာ အကောင်းဆုံးပဲ"
"ဟုတ်တယ်..သွဲ့လေး.."
အမနှင်းတို့ကို အားလဲနာ ဟိုကလေးနှစ်ယောက်ကိုလည်း သွားကယ်ချင်နဲ့ လေညှင်းတစ်ယောက်ဗျာများနေတုန်း ကောင်မလေးရဲ့ တုန်တုန်ချိချိ အသံက ထွက်ပေါ်လာပြန်သည်။
"မလုပ်..မလုပ်ပါနဲ့ အကိုရယ်..ယူချင်..ဆယ်..ဆယ်သိန်း..ယူသွားပါ..ကျန်တဲ့ ပိုက်ဆံက..အမေ..အမေခွဲစိတ်ဖို့ စုထားတဲ့ ပိုက်ဆံလေးမို့ပါ..ဟင့်"
ကောင်မလေးက စက္ခ ခြေထောက်ကို ဖက်ပြီး တောင်းပန်တော့..
"ဖယ် !!ညစ်ပတ်နေတဲ့ အဲ့ဒီလက်ကို အခုချက်ချင်း ငါ့ခြေထောက်ပေါ်က ဖယ်လိုက်စမ်း!! ငါ့ကို အသနားခံဖို့ ဘယ် တော့ မှ မ ကြိုး စား နဲ့!!..မင်းတို့မှတ်ထား!!စက္ခဆိုတဲ့ ကောင်က ဘယ်သူ့ကိုမှ မ သ နား တတ် ဘူး!!"
"မိုးစက်!!"
"ဟုတ်..ဆရာ"
"ဒီနေ့ကစပြီး သူတို့အိမ်ကို..မရဏပိုင်ဆိုင်မှုထဲ ထည့်လိုက်!!ကျန်တာ..ဒီကောင့်ကို မရဏမှာ ကျွန်လုပ်ခိုင်းပြီး ချေမယ်!!"
"အား!!အစ်မ ငါ့ကို ကယ်ပါဦး..အီး..ဟီး..ငါမလိုက်ချင်ဘူး!!..မလိုက်ပါရစေနဲ့"
ကောင်လေး မလိုက်ချင်တာလည်း မထူးဆန်း။သူတို့ခေါ်သွားပြီး ကျွန်လုပ်ခိုင်းတဲ့လူမှန်သမျှ အသက်နဲ့ကိုယ် အိုးစားကွဲရင်ကွဲ မဟုတ်ရင် နယ်စပ်မှာ ရောင်းစားခံရမှာတော့ အသေအချာပင်။
"မောင်လေး!!မလုပ်ပါနဲ့ကျွန်မမောင်လေးကို ခေါ်မသွားကြပါနဲ့..သွားကြ..ငါ့မောင့်ကို မထိနဲ့..ဟင့်"
"ဟာ!!ဒီကောင်မ!!.."
"ဖြောင်း!!"
မိုးစက်ဆိုတဲ့လူ ကလေးမလေး ပါးကို လက်ပြန် ရိုက်ချလိုက်တဲ့ အသံက လူအုပ်ကြီးရဲ့ တီးတိုးစကားသံတွေကြား ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"အင့်..ဟင့်.."
ကိစ္စရှင်းပြီးတာနဲ့ မှော်စက္ခ ကားနောက်ခန်းမှာ ဝင်ထိုင်မည့်ဆဲဆဲ..
"မင်းတို့ တော်တော်လွန်နေပြီ!!"
"ဟဲ့..သွဲလေး..ေဩာ်..ငါ့မောင်ရာ..သေချာသတိပေးနေတဲ့ ကြားထဲက.."
ဒီထပ်ပိုပြီး မိန်းကလေး တစ်ယောက်ကို ကိုယ်ထိလက်ရောက် နှိပ်စက်နေတာကို လေညှင်းမကြည့်ရက်တော့။ဒီလိုမျိုး ဆင်းရဲတဲ့လူကို နိှမ်ချ ဆက်ဆံနေတာကို လေညှင်းသိပ်မုန်းတယ်။တကယ်ဆို ဆင်းရဲတာ ဘာအပြစ်ရှိလို့လဲ။
လေညှင်း လူအုပ်ကြားထဲက ချက်ချင်း တိုးထွက်ပြီး မှော်စက္ခ ဆိုတဲ့လူကို အသံကုန် အော်ပြောလိုက်တော့ ထိုလူရဲ့ အကြည့်ရိုင်းတွေက လေညှင်းဆီ ဒိုင်းခနဲ။
"ဟယ်..ဂရုဏာ ဆေးခန်းက ဒေါက်တာလေးမလား..ဒုက္ခပါပဲ..ဆရာလေးက ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
"ဟ..မင်းကဘာကောင်လဲ..ဟမ်!!ကိုယ်နဲ့မဆိုင်ရင် ဝင်မပါစမ်းနဲ့ သွား!!ဝေးဝေးကို"
မိုးစက်ဆိုတဲ့ လူက လေညှင်းကို တစ်ချက်အော်ပြီး တွန်းထုတ်ဖို့အလုပ်..
"မိုးစက်!!"
"ဆရာ!!"
မှော်စက္ခရှေ့ရောက်လာတဲ့ ဖြူဖြူသေးသေး ကောင်လေး တစ်ယောက်။လူကောင်ကသေးပေမယ့် အသံပါဝါတော့ တော်တော်ကြီးသား။ပုသေးသေးလေးနဲ့ သူ့ကိုမော့ကြည့်ပြီး ဒေါသထွက်နေလိုက်တာများ ဖြူအုအု မျက်နှာလှလှလေးက နီရဲလို့။
မိုးစက်က သူ့ရှေ့က ကောင်လေးကို တွန်းထုတ်ဖို့ လုပ်နေတာကြောင့် သူလက်ကာပြပြီး ကားအောက်ကိုပြန်ဆင်းလိုက်သည်။
"ပြော!!"
"မင်း လူစိတ်နည်းနည်းလေးမှ မရှိဘူးလား..ဟင်..သူက နုနယ်တဲ့ မိန်းမသားတစ်ယောက်..အကြွေးပြန်မဆပ်တာနဲ့ အဲ့လောက်ထိ လုပ်ဖို့မလိုဘူးလို့ငါထင်တယ်.."
"ဟက်!!သတ္တိခဲလေးပဲ"
"ဆရာ..ဂိုဏ်းကို ပြန်လိုက်ပါတော့..ဒီအကောင်ကို ကျွန်တော်တို့ရှင်းလိုက် မယ်"
"အသာနေ..မိုးစက်!!"
မိုးစက်နဲ့သူတပည့်သုံးကောင် အံဩမိတာတော့ အမှန်။တကယ်ဆို သူတို့ဆရာ မှော်စက္ခက စကားလုံးနဲ့တောင် မပြောနဲ့ အကြည့်နဲ့တောင် ငြိမ်ခံနေမယ့် သူမဟုတ်ပါလား။
"မင်းဖမ်းသွားမယ့် ကောင်လေးကို အခုချက်ချင်း လွှတ်ပေး..သူတို့တင်နေတဲ့အကြွေး..အတိုးရော အရင်းရော ငါဆပ်မယ်..အဲ့ဒါဆို ရပြီမလား"
"ဟက်!!"
"မိုးစက်!! ဟိုကောင်ကို လွှတ်ပေးလိုက်တော့"
စက္ခ သူ့ရှေ့က အလှလေးမျက်နှာကို ခါးကိုင်း၍ တစ်ချက် စိုက်ကြည့်လိုက်ပြီး..
"ခင်ဗျားနဲ့ကျုပ် နောက်နေ့ပြန်တွေ့ကြတာပေါ့..သွားမယ်..မိုးစက်!!"
လေညှင်း ကို စိုက်ကြည့်ပြီး တစ်လုံးချင်းပြောသွားတဲ့ စက္ခရဲ့ အကြည့်တွေကို သူမလွှဲဖယ်မိ။
အံကိုကြိတ်ပြီး စူးစူးရဲရဲ ပြန်ကြည့်ပေးလိုက်တော့ စက္ခက ခနဲ့သလို တစ်ချက် ရယ်ပြီး ကားပေါ်တက်သွားလေသည်။
မင်းလို အကြင်နာတရားမရှိတဲ့သူနဲ့ ရှေ့လျောက် တွေ့ဖို့ ဘာအကြောင်းမှမရှိဘူး။မင်းနဲ့ငါနဲ့က ရထားတစ်လမ်း သံတစ်လမ်း။ကိုယ့်ဘဝနဲ့ကိုယ် နေတာပဲကောင်းမယ် မှော်စက္ခ။
"ဟို..ဒီက ဆရာလေး..ညီမ ကျေး..ကျေဇူးတင်လွန်းလို့..ကန်တော့ပါရစေ"
စက္ခတို့ ကားတွေ လမ်းထဲက ထွက်သွားမှ ကောင်မလေးက လေညှင်းအနားရောက်လာပြီး
ကန်တော့ဖို့ ပြင်နေတာကြောင့်..
"အာ..ရတယ်..ညီမ..မလိုဘူး..ထပါ..အစ်ကိုကို အဲ့လိုလုပ်ဖို့ မလိုပါဘူး..ကဲ..ငါ့ညီလည်း အခု ဖြစ်ရပ်ကို သင်ခန်းစာယူပြီး နောက်ဆို လိမ္မာတော့နော်..ကြားလား..
အခြားဘယ်သူ့ကိုမှမကြည့်နဲ့..မင်းအစ်မကိုပဲကြည့်..ညီကိုရော အမေကိုပါ..သူ့ခမျာ ပင်ပင်ပန်းပန်း ရှာကျွေးနေရတာ..ဘယ်လောက်သနားဖို့ကောင်းလဲ..ဟုတ်လား..အစ်ကိုပြောတာ"
"ဟုတ်ကဲ့ပါ..အစ်ကို..ကျွန်တော်နားလည်ပါပြီ..ဒီနေ့ကစပြီး အရက်ရော လောင်းကစားရော ကျွန်တော်စွန်လွှတ်လိုက်ပါပြီ..အစ်ကို စိတ်ချပါ..ေဩာ်..ဟို..အစ်ကို ဆပ်ပေးတဲ့
ပိုက်ဆံကိုလည်း ကျွန်တော် အလုပ်ရှာပြီး သေချာပေါက် ပြန်ပေးပါ့မယ်..အချိန်တစ်ခုလောက်အထိပဲ ကျွန်တော့်ကို စောင့်ပေးပါနော်"
"ဟုတ်ပြီ..ညီ..ရတယ်..ေဩာ်..ဒီက ညီမလေး ခဏနေရင် လမ်းထိပ်က အစ်ကို့ဆေးခန်းကို လာခဲ့..ကြားလား..မင်းတို့ဒဏ်ရာတွေကို အစ်ကို ဆေးထည့်ပေးမလို့"
"ဟုတ်ကဲ့ပါ..ဆရာ..ကျေးဇူးပါ"
"ဒေါက်တာလေးက..စိတ်သဘောထားလေး ဖြူစင်လိုက်တာဟယ်..တကယ်ပါ..ငါဖြင့် ခုန တော်တော် လန့်သွားတာ"
"ဟုတ်တယ်တော်..ဟို စက္ခလည်း..ဒီတခါ တော်တော်ထူးဆန်းတယ်..ဒေါက်တာလေး တစ်ခွန်းဆိုတစ်ခွန်းပဲ..ငြိမ်ကျသွားတာများ..သူမဟုတ်တဲ့အတိုင်းပဲ"
"ဟုတ်တယ်..ဟုတ်တယ်..ကျုပ်လည်း တော်တော်အံ့ဩသွားတာ"
လေညှင်း ထိုနေရာက လှည့်ထွက်လာခဲ့ပေမယ့် နောက်က လူတွေရဲ့ တီးတိုးပြောသံက ကျန်ရစ်ခဲ့သည်။တကယ်ဆို လေညှင်းလည်း ခုနက မှော်စက္ခဆိုသူ အရှေ့မှာ နည်းနည်း ထိတ်လန့်မိတာတော့အမှန်။
လူကို ဝါးစားမတတ် အကြည့်စူးစူး တွေကို လျစ်လျူရှုပြီး ဝင်ကယ်လိုက်ပေမယ့် အခုထိ ရင်တုန် နေသေးတာတော့ ဝန်ခံတယ်။ ဒါ ကလေးမလေးတွေကြောင့် တစ်သက်နဲ့တစ်ကိုယ် သူများကိစ္စမှာ ဝင်ပါဖူးခြင်းမဟုတ်ပါလား။
ခဏနေတော့ မိနွယ်ဆီက ဆေးခန်းသော့ လှမ်းတောင်းပြီး မောင်နှမနှစ်ယောက်ကို ဆေးထည့် သောက်ဆေးပေးဖို့ ပိတ်ထားတဲ့ ဆေးခန်း ခဏပြန်ဖွင့်လိုက်ရသည်။
အမနှင်းနဲ့ အမစုလဲ့ကတော့ လေညှင်းကို ဘေးကနေ ကူညီပေးပြီး ကလေးတွေကို ဆေးပေးပြီးတာနဲ့ သူတို့အိမ်ကို အတင်းဆွဲခေါ်လာတော့သည်။
#Thanks for reading😍😘
Syringa
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ေစလိုရာေစ..
(Zawgyi)
လူအုပ္ႀကီးသည္လည္း ထိုကား အနားတျဖည္းျဖည္းေရြ႕သြားသည္။ေလညႇင္းလည္း တိုးရင္းတိုးရင္း လူအုပ္အလယ္ေရာက္ေနၿပီ။
"ဟာ!!သြားၿပီ..ေဟ့ေကာင္ေရ..ေမွာ္စကၡပါ လိုက္လာတာ..ဒီေကာင့္အသက္ေတာ့ မေတြးဝံ့စရာပဲ"
"ေဟ့ေကာင္..ရဲတိုင္လိုက္ရင္မေကာင္းဘူးလား"
"ဟ..ရဲေတာင္ သူ့မႏိုင္လို႔လႊတ္ထားတာ..မင္းမသိဘဲ ဘာမွဝင္မေျပာစမ္းပါနဲ႔..မင္းပေထြးေတြ ၾကားသြားမွ ျဖင့္"
သူတို႔ ေျပာတဲ့ ေမွာ္စကၡ ဆိုတဲ့ လူကို ေလညႇင္း ေသခ်ာၾကည့္လိုက္ မိသည္။ရွည္လ်ားလြန္းတဲ့ အရပ္နဲ႔ တစ္ကိုယ္လုံး all blackဝတ္ဆင္ထားတဲ့ ထိုလူ။
အလယ္ခြဲ ဆံပင္ကို ေရွ႕ကို အနည္းငယ္ အရွည္ထားၿပီး နဖူးေဘး တစ္ဖက္စီမွာလႈိင္းတြန္႔ပုံသ႑ာန္ ေကြး၍ ခ်ထား၏။
ထူးျခားတာက လြန္းအိမ္ ပုံစံ ရွည္ေမ်ာေမ်ာ မ်က္ဝန္းေတြ။ၾကည့္လိုက္တာနဲ႔ အဆိပ္ျပင္း ေႁမြတစ္ေကာင္လို ညိဳ႕ယူေနသလို စူးရွရွ မ်က္ဝန္းတစ္စုံက မည္သူမွ် မဖယ္ခြာႏိုင္ေလာက္ေအာင္ ဖမ္းစားလြန္းတယ္။
"ဆရာ..သူတို႔ကို ဘယ္လိုလုပ္လိုက္ရမလဲ"
စကၡ လက္ထဲက ေဆးလိပ္ကို ဖိနပ္နဲ႔ တစ္ခ်က္ ဖိေခ်လိုက္ၿပီး..
"သြားရွာ...သူတို႔ အိမ္ထဲက ပိုက္ဆံတစ္ျပားတစ္ခ်ပ္ေတာင္ မက်န္ေစနဲ႔..ငါ႔ဆီအကုန္ယူလာခဲ့!!"
"ဟုတ္ကဲ့..ဆရာ"
ေမွာ္စကၡ က ခပ္ျပတ္ျပတ္ အမိန္႔ေပးလိုက္သည္ႏွင့္ ဟိုေလးေယာက္က အိမ္အေသးေလးေပၚ တက္ ေမႊေတာ့သည္။
"ဆရာ..အားလုံးေပါင္း..သိန္းႏွစ္ဆယ္ ေတြ႕ပါတယ္"
"ဟက္!!ငါ႔ကို လိမ္ရဲတယ္ေပါ႔.."
"အဟင့္..မဟုတ္.."
"ေျဖာင္း!!"
"အ!!"
သူ့ကို လိမ္တဲ့ ေမာင္ႏွမ ႏွစ္ေယာက္ကို စကၡ ပိတ္ကန္လိုက္ေတာ့ လူေတြရဲ႕ ေဒါသထြက္တဲ့အသံ မခ်င့္မရဲ ျဖစ္ေနတဲ့ အသံေတြ တစ္စြန္းတစ္စ ထြက္ေပၚလာသည္။ဒါေတြကို သူမမႈ ၊ အဓိကက ဦးသိဂ္ါ ခိုင္းတဲ့ အလုပ္ကို တာဝန္ေက်ဖို႔ပဲ။ေသခ်င္တဲ့သူသေ ငိုခ်င္တဲ့သူ ငိုၾကစမ္းပါေစ။
"ေတာက္!!ႏွမခ်င္း မစာမနာကြာ"
ထိုခဏ ေနာက္ကေန ေလညႇင္းလက္ကို လွမ္းဆြဲခံလိုက္ရတာေၾကာင့္ ၾကည့္လိုက္ေတာ့ အမႏွင္းလဲ့တို႔ညီအစ္မ။
"သြဲ႕ေလးရယ္..မမတို႔ ျဖင့္ စိတ္ကိုပူသြားတာပဲ..ငါ႔ေမာင္ ေရာက္ မလာတာနဲ႔ အမတို႔ထြက္လာတာ..လက္စသတ္ေတာ့ သြဲ႕ေလးက ဒီေရာက္ေနတာကိုး..လာ..သြားမယ္..သြဲ႕ေလး..ဒီမွာၾကာၾကာေနရင္မေကာင္းဘူး"
"အမႏွင္း..ခဏ..ခဏေလးပါ..ဒီကိစၥ..ေလညႇင္းဝင္ပါမွ ျဖစ္မယ္"
"လာပါ..သြဲ႕ေလးရယ္..အမတို႔စကားနားေထာင္ပါ..ဒီမရဏ အဖြဲ႕အေၾကာင္း သြဲ႕ေလး မသိေသးလို႔ ဒီလိုေျပာတာ..အမနားလည္တယ္..ျဖစ္ႏိုင္ရင္ သူတို႔နဲ႔သြားမပက္သက္တာ အေကာင္းဆုံးပဲ"
"ဟုတ္တယ္..သြဲ႕ေလး.."
အမႏွင္းတို႔ကို အားလဲနာ ဟိုကေလးႏွစ္ေယာက္ကိုလည္း သြားကယ္ခ်င္နဲ႔ ေလညႇင္းတစ္ေယာက္ဗ်ာမ်ားေနတုန္း ေကာင္မေလးရဲ႕ တုန္တုန္ခ်ိခ်ိ အသံက ထြက္ေပၚလာျပန္သည္။
"မလုပ္..မလုပ္ပါနဲ႔ အကိုရယ္..ယူခ်င္..ဆယ္..ဆယ္သိန္း..ယူသြားပါ..က်န္တဲ့ ပိုက္ဆံက..အေမ..အေမခြဲစိတ္ဖို႔ စုထားတဲ့ ပိုက္ဆံေလးမို႔ပါ..ဟင့္"
ေကာင္မေလးက စကၡ ေျခေထာက္ကို ဖက္ၿပီး ေတာင္းပန္ေတာ့..
"ဖယ္ !!ညစ္ပတ္ေနတဲ့ အဲ့ဒီလက္ကို အခုခ်က္ခ်င္း ငါ႔ေျခေထာက္ေပၚက ဖယ္လိုက္စမ္း!! ငါ႔ကို အသနားခံဖို႔ ဘယ္ ေတာ့ မွ မ ႀကိဳး စား နဲ႔!!..မင္းတို႔မွတ္ထား!!စကၡဆိုတဲ့ ေကာင္က ဘယ္သူ့ကိုမွ မ သ နား တတ္ ဘူး!!"
"မိုးစက္!!"
"ဟုတ္..ဆရာ"
"ဒီေန႔ကစၿပီး သူတို႔အိမ္ကို..မရဏပိုင္ဆိုင္မႈထဲ ထည့္လိုက္!!က်န္တာ..ဒီေကာင့္ကို မရဏမွာ ကြၽန္လုပ္ခိုင္းၿပီး ေခ်မယ္!!"
"အား!!အစ္မ ငါ႔ကို ကယ္ပါဦး..အီး..ဟီး..ငါမလိုက္ခ်င္ဘူး!!..မလိုက္ပါရေစနဲ႔"
ေကာင္ေလး မလိုက္ခ်င္တာလည္း မထူးဆန္း။သူတို႔ေခၚသြားၿပီး ကြၽန္လုပ္ခိုင္းတဲ့လူမွန္သမွ် အသက္နဲ႔ကိုယ္ အိုးစားကြဲရင္ကြဲ မဟုတ္ရင္ နယ္စပ္မွာ ေရာင္းစားခံရမွာေတာ့ အေသအခ်ာပင္။
"ေမာင္ေလး!!မလုပ္ပါနဲ႔ကြၽန္မေမာင္ေလးကို ေခၚမသြားၾကပါနဲ႔..သြားၾက..ငါ႔ေမာင့္ကို မထိနဲ႔..ဟင့္"
"ဟာ!!ဒီေကာင္မ!!.."
"ေျဖာင္း!!"
မိုးစက္ဆိုတဲ့လူ ကေလးမေလး ပါးကို လက္ျပန္ ႐ိုက္ခ်လိုက္တဲ့ အသံက လူအုပ္ႀကီးရဲ႕ တီးတိုးစကားသံေတြၾကား က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။
"အင့္..ဟင့္.."
ကိစၥရွင္းၿပီးတာနဲ႔ ေမွာ္စကၡ ကားေနာက္ခန္းမွာ ဝင္ထိုင္မည့္ဆဲဆဲ..
"မင္းတို႔ ေတာ္ေတာ္လြန္ေနၿပီ!!"
"ဟဲ့..သြဲေလး..ေဩာ္..ငါ႔ေမာင္ရာ..ေသခ်ာသတိေပးေနတဲ့ ၾကားထဲက.."
ဒီထပ္ပိုၿပီး မိန္းကေလး တစ္ေယာက္ကို ကိုယ္ထိလက္ေရာက္ ႏွိပ္စက္ေနတာကို ေလညႇင္းမၾကည့္ရက္ေတာ့။ဒီလိုမ်ိဳး ဆင္းရဲတဲ့လူကို နိှမ္ခ် ဆက္ဆံေနတာကို ေလညႇင္းသိပ္မုန္းတယ္။တကယ္ဆို ဆင္းရဲတာ ဘာအျပစ္ရွိလို႔လဲ။
ေလညႇင္း လူအုပ္ၾကားထဲက ခ်က္ခ်င္း တိုးထြက္ၿပီး ေမွာ္စကၡ ဆိုတဲ့လူကို အသံကုန္ ေအာ္ေျပာလိုက္ေတာ့ ထိုလူရဲ႕ အၾကည့္႐ိုင္းေတြက ေလညႇင္းဆီ ဒိုင္းခနဲ။
"ဟယ္..ဂ႐ုဏာ ေဆးခန္းက ေဒါက္တာေလးမလား..ဒုကၡပါပဲ..ဆရာေလးက ဒီကိုဘယ္လိုလုပ္ေရာက္လာတာလဲ"
"ဟ..မင္းကဘာေကာင္လဲ..ဟမ္!!ကိုယ္နဲ႔မဆိုင္ရင္ ဝင္မပါစမ္းနဲ႔ သြား!!ေဝးေဝးကို"
မိုးစက္ဆိုတဲ့ လူက ေလညႇင္းကို တစ္ခ်က္ေအာ္ၿပီး တြန္းထုတ္ဖို႔အလုပ္..
"မိုးစက္!!"
"ဆရာ!!"
ေမွာ္စကၡေရွ႕ေရာက္လာတဲ့ ျဖဴျဖဴေသးေသး ေကာင္ေလး တစ္ေယာက္။လူေကာင္ကေသးေပမယ့္ အသံပါဝါေတာ့ ေတာ္ေတာ္ႀကီးသား။ပုေသးေသးေလးနဲ႔ သူ့ကိုေမာ့ၾကည့္ၿပီး ေဒါသထြက္ေနလိုက္တာမ်ား ျဖဴအုအု မ်က္ႏွာလွလွေလးက နီရဲလို႔။
မိုးစက္က သူ့ေရွ႕က ေကာင္ေလးကို တြန္းထုတ္ဖို႔ လုပ္ေနတာေၾကာင့္ သူလက္ကာျပၿပီး ကားေအာက္ကိုျပန္ဆင္းလိုက္သည္။
"ေျပာ!!"
"မင္း လူစိတ္နည္းနည္းေလးမွ မရွိဘူးလား..ဟင္..သူက ႏုနယ္တဲ့ မိန္းမသားတစ္ေယာက္..အေႂကြးျပန္မဆပ္တာနဲ႔ အဲ့ေလာက္ထိ လုပ္ဖို႔မလိုဘူးလို႔ငါထင္တယ္.."
"ဟက္!!သတၱိခဲေလးပဲ"
"ဆရာ..ဂိုဏ္းကို ျပန္လိုက္ပါေတာ့..ဒီအေကာင္ကို ကြၽန္ေတာ္တို႔ရွင္းလိုက္ မယ္"
"အသာေန..မိုးစက္!!"
မိုးစက္နဲ႔သူတပည့္သုံးေကာင္ အံဩမိတာေတာ့ အမွန္။တကယ္ဆို သူတို႔ဆရာ ေမွာ္စကၡက စကားလုံးနဲ႔ေတာင္ မေျပာနဲ႔ အၾကည့္နဲ႔ေတာင္ ၿငိမ္ခံေနမယ့္ သူမဟုတ္ပါလား။
"မင္းဖမ္းသြားမယ့္ ေကာင္ေလးကို အခုခ်က္ခ်င္း လႊတ္ေပး..သူတို႔တင္ေနတဲ့အေႂကြး..အတိုးေရာ အရင္းေရာ ငါဆပ္မယ္..အဲ့ဒါဆို ရၿပီမလား"
"ဟက္!!"
"မိုးစက္!! ဟိုေကာင္ကို လႊတ္ေပးလိုက္ေတာ့"
စကၡ သူ့ေရွ႕က အလွေလးမ်က္ႏွာကို ခါးကိုင္း၍ တစ္ခ်က္ စိုက္ၾကည့္လိုက္ၿပီး..
"ခင္ဗ်ားနဲ႔က်ဳပ္ ေနာက္ေန႔ျပန္ေတြ႕ၾကတာေပါ႔..သြားမယ္..မိုးစက္!!"
ေလညႇင္း ကို စိုက္ၾကည့္ၿပီး တစ္လုံးခ်င္းေျပာသြားတဲ့ စကၡရဲ႕ အၾကည့္ေတြကို သူမလႊဲဖယ္မိ။
အံကိုႀကိတ္ၿပီး စူးစူးရဲရဲ ျပန္ၾကည့္ေပးလိုက္ေတာ့ စကၡက ခနဲ႔သလို တစ္ခ်က္ ရယ္ၿပီး ကားေပၚတက္သြားေလသည္။
မင္းလို အၾကင္နာတရားမရွိတဲ့သူနဲ႔ ေရွ႕ေလ်ာက္ ေတြ႕ဖို႔ ဘာအေၾကာင္းမွမရွိဘူး။မင္းနဲ႔ငါနဲ႔က ရထားတစ္လမ္း သံတစ္လမ္း။ကိုယ့္ဘဝနဲ႔ကိုယ္ ေနတာပဲေကာင္းမယ္ ေမွာ္စကၡ။
"ဟို..ဒီက ဆရာေလး..ညီမ ေက်း..ေက်ဇူးတင္လြန္းလို႔..ကန္ေတာ့ပါရေစ"
စကၡတို႔ ကားေတြ လမ္းထဲက ထြက္သြားမွ ေကာင္မေလးက ေလညႇင္းအနားေရာက္လာၿပီး
ကန္ေတာ့ဖို႔ ျပင္ေနတာေၾကာင့္..
"အာ..ရတယ္..ညီမ..မလိုဘူး..ထပါ..အစ္ကိုကို အဲ့လိုလုပ္ဖို႔ မလိုပါဘူး..ကဲ..ငါ႔ညီလည္း အခု ျဖစ္ရပ္ကို သင္ခန္းစာယူၿပီး ေနာက္ဆို လိမၼာေတာ့ေနာ္..ၾကားလား..
အျခားဘယ္သူ့ကိုမွမၾကည့္နဲ႔..မင္းအစ္မကိုပဲၾကည့္..ညီကိုေရာ အေမကိုပါ..သူ့ခမ်ာ ပင္ပင္ပန္းပန္း ရွာေကြၽးေနရတာ..ဘယ္ေလာက္သနားဖို႔ေကာင္းလဲ..ဟုတ္လား..အစ္ကိုေျပာတာ"
"ဟုတ္ကဲ့ပါ..အစ္ကို..ကြၽန္ေတာ္နားလည္ပါၿပီ..ဒီေန႔ကစၿပီး အရက္ေရာ ေလာင္းကစားေရာ ကြၽန္ေတာ္စြန္လႊတ္လိုက္ပါၿပီ..အစ္ကို စိတ္ခ်ပါ..ေဩာ္..ဟို..အစ္ကို ဆပ္ေပးတဲ့
ပိုက္ဆံကိုလည္း ကြၽန္ေတာ္ အလုပ္ရွာၿပီး ေသခ်ာေပါက္ ျပန္ေပးပါ႔မယ္..အခ်ိန္တစ္ခုေလာက္အထိပဲ ကြၽန္ေတာ့္ကို ေစာင့္ေပးပါေနာ္"
"ဟုတ္ၿပီ..ညီ..ရတယ္..ေဩာ္..ဒီက ညီမေလး ခဏေနရင္ လမ္းထိပ္က အစ္ကို႔ေဆးခန္းကို လာခဲ့..ၾကားလား..မင္းတို႔ဒဏ္ရာေတြကို အစ္ကို ေဆးထည့္ေပးမလို႔"
"ဟုတ္ကဲ့ပါ..ဆရာ..ေက်းဇူးပါ"
"ေဒါက္တာေလးက..စိတ္သေဘာထားေလး ျဖဴစင္လိုက္တာဟယ္..တကယ္ပါ..ငါျဖင့္ ခုန ေတာ္ေတာ္ လန္႔သြားတာ"
"ဟုတ္တယ္ေတာ္..ဟို စကၡလည္း..ဒီတခါ ေတာ္ေတာ္ထူးဆန္းတယ္..ေဒါက္တာေလး တစ္ခြန္းဆိုတစ္ခြန္းပဲ..ၿငိမ္က်သြားတာမ်ား..သူမဟုတ္တဲ့အတိုင္းပဲ"
"ဟုတ္တယ္..ဟုတ္တယ္..က်ဳပ္လည္း ေတာ္ေတာ္အံ့ဩသြားတာ"
ေလညႇင္း ထိုေနရာက လွည့္ထြက္လာခဲ့ေပမယ့္ ေနာက္က လူေတြရဲ႕ တီးတိုးေျပာသံက က်န္ရစ္ခဲ့သည္။တကယ္ဆို ေလညႇင္းလည္း ခုနက ေမွာ္စက္ခဆိုသူ အေရွ႕မွာ နည္းနည္း ထိတ္လန္႔မိတာေတာ့အမွန္။
လူကို ဝါးစားမတတ္ အၾကည့္စူးစူး ေတြကို လ်စ္လ်ဴရႈၿပီး ဝင္ကယ္လိုက္ေပမယ့္ အခုထိ ရင္တုန္ ေနေသးတာေတာ့ ဝန္ခံတယ္။ ဒါ ကေလးမေလးေတြကြောင့် တစ္သက္နဲ႔တစ္ကိုယ္ သူမ်ားကိစၥမွာ ဝင္ပါဖူးျခင္းမဟုတ္ပါလား။
ခဏေနေတာ့ မိႏြယ္ဆီက ေဆးခန္းေသာ့ လွမ္းေတာင္းၿပီး ေမာင္ႏွမႏွစ္ေယာက္ကို ေဆးထည့္ ေသာက္ေဆးေပးဖို႔ ပိတ္ထားတဲ့ ေဆးခန္း ခဏျပန္ဖြင့္လိုက္ရသည္။
အမႏွင္းနဲ႔ အမစုလဲ့ကေတာ့ ေလညႇင္းကို ေဘးကေန ကူညီေပးၿပီး ကေလးေတြကို ေဆးေပးၿပီးတာနဲ႔ သူတို႔အိမ္ကို အတင္းဆြဲေခၚလာေတာ့သည္။
#Thanks for reading😍😘
Syringa
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~