စေလိုရာစေ..
(Unicode)
ဒီနေ့က လေညှင်း အားလပ်ရက်။ ဆေးရုံရော ဆေးခန်းပါ ပိတ်ထားတော့ မနက်နည်းနည်းနောက်ကျမှ အိပ်ယာ ထဖြစ်သည်။
"မောနီး..မေမေ"
"မောနီး..သားလေး"
မနက် ရှစ်နာရီလောက် breakfastစားဖို့ ဆင်းသွားတော့ မေမေက ထုံးစံအတိုင်း ဆံထုံးလေးကို လှလှလေး ထုံးဖွဲ့ထားပြီး ကျောက်စိမ်းရောင် ပါတိ်တ် ဝမ်းဆက်နဲ့ လှပနေတယ်။အသက်ငါးဆယ်လို့ မထင်ရအောင် အရွယ်တင်လှတဲ့ မေမေက ရုပ်ရှင်ထဲက မင်းသမီးကြီးတွေလို ကျက်သရေရှိလွန်းလှသည်။
"မေမေ..ဘယ်သူနဲ့ချိန်းထားလို့လဲ..အလှတွေ ပြင်ထားတာ"
"ေဩာ်..ဒီကလေး..နောက်စရာမရှိ..မအေကို ရှာကြံနောက်ရတယ်လို့..ဒီအသက်ရွယ်ကြီးရောက် မှ ဘယ်သူနဲ့မှ မချိန်းရပါဘူးတော်..ညက ဖောက်သည်တစ်ယောက် ဖုန်းဆက်ထားလို့..သူ့မိတ်ဆွေက အမေရောင်းတဲ့ လက်ဝတ်ရတနာတွေ ကြိုက်လို့တဲ့လေ..အဲ့ဒါသွားဖို့ ပြင်ဆင်ထားတာ"
"ဟိ..ဟီး..မသိပါဘူး..မေမေက အရမ်းလှနေတော့ သားက မေးကြည့်တာ..စိတ်မဆိုးနဲ့"
"သား..ဒီနေ့ ဆေးခန်းပိတ်တော့ အေးဆေးပေါ့..အိမ်မှာ ပျင်းနေရင် အမေနဲ့ လိုက်ခဲ့ပါလား..အခုသွားမယ့် အိမ်က ဒေါ်သင်းယုရဲ့ မြေးမလေးက သားလိုပဲ ဆရာဝန်မလေး..ရုပ်လေးကလည်း တော်တော်ချောတာ..တခါ စကားဆက်စပ်မိလို့ သားနဲ့မိတ်ဆက်ပေးမယ်လို့တောင် ပြောထားသေးတယ်...အခုအားနေတာနဲ့ တစ်ခါတည်းလိုက်ခဲ့ပါလား..သား..လူငယ်အချင်းချင်း ရင်းနှိးသွားတာပေါ့"
အင်း စလာပြီ ၊အမေ့ရဲ့ သူ့သားအတွက် ချွေးမရှာပုံတော် ဇာတ်လမ်းက ဆရာဝန် ချွေးမလောင်းလေးကို ချိန်နေပြန်ပြီ။စဥ်းစားစမ်း လေညှင်း
အမေ့နောက် မလိုက်ရအောင် ဆင်ခြင်တစ်ခုခု ခေါင်းထဲက ထွက်စမ်း။
Ring..Ring..Ring
စားပွဲပေါ်တုန်ခါသွားတဲ့ လေညှင်းရဲ့ ဖုန်းလေးကို အခုလို အကျပ်ရိုက်နေတဲ့ အချိန်မှာ ထိုင်တောင်ကန်တော့ချင်မိတယ်။
ဖုန်းcontactကြည့်လိုက်တော့ အမနှင်းလဲ့ရည်။
"ဟယ်လို..အမနှင်း"
"သွဲ့လေး..ဒီနေ့အားရင် လာခဲ့ပါလား..မမတို့နှစ်ယောက်လည်း ဒီနေ့အားလပ်ရက်ဆိုတော့ သွဲ့လေးများ လာမလားလို့..ဟို..မအားရင်လည်း ရတယ်နော်..သွဲ့လေး..အားမနာနဲ့"
"ဟာ..ကွက်တိပဲ..အမနှင်း..ဒီနေ့က လေညှင်း ဆေးခန်းလည်း..ပိတ်ထားတာ..လာခဲ့မယ်..အမနှင်း..လေညှင်း ခဏနေ ထွက်ခဲ့မယ်"
"အေးအေး..သွဲ့လေး..ဒါဆို အမတို့ သွဲ့လေးအတွက်..ဟင်းချက်ဖို့ သွားဝယ်လိုက်ဦးမယ်"
"တီ"
"သား..ဒီနေ့သွားစရာရှိနေတာလား..ပြီးတော့ အမနှင်းက သားကောင်မလေးလား..ချစ်သူရှိရင်လည်း အမေဆီခေါ်လာခဲ့ဦးကြားလား..အမေ့ချွေးမလေး ဖြစ်လာမယ့်သူကို အကဲခတ်ကြည့်ချင်သေးတယ်"
အဲ့ဒါပဲကြည့်တော့ အမေတို့က လေညှင်းပါးစပ်က ကောင်မလေး တစ်ယောက် နာမည်မကြားနဲ့။ကြားလိုက်တာနဲ့ သူ့ချွေးမ တန်းဖြစ်သွားတော့တာ။တစ်ခါ ဆေးရုံက နပ်စ်မလေး ဖုန်းဆက်တာကို သား ချစ်သူလားလို့ မေးလို့မေး၊ ဟိုကလည်း ရှက်ရှက်နဲ့ ဖုန်းချသွား။သူ့ခမျာ ဆေးရုံရောက် မှ အသေချာ ရှင်းပြလိုက်ရသေးတာ။
"အာ..မေမေရာ..ရှုပ်ကုန်ပြီ..အမနှင်းနဲ့အမစုက သားဆယ်တန်းတို့က ခင်ခဲ့ဖူးတဲ့ အမွှာအမပါ..သားချစ်သူမဟုတ်ပါဘူး.."
"အိုအေ..ငါ့သားဆီ ဘယ်မိန်းကလေးမှ ဖုန်းဆက်တာ မကြားဖူးဘူးလေ..အဲ့တော့ အခု အမနှင်းဆိုတော့ အမေက ချစ်သူထင်လိုက်တာပေါ့..ေဩာ်..နေဦး..ဒါဆိုသားက အမေနဲ့မလိုက်တော့ဘူးပေါ့"
"ဟီး..နောက် မှပေါ့..မေမေရယ်..နော်..အမနှင်းတို့နဲ့ အရင်နေ့ကတည်းက..ချိန်းထားပြီးသား ဖြစ်နေပြီ သား မလာဘူး..ပြောလိုက်ရင် အားနာစရာတွေ ဖြစ်ကုန်မှာ"
"အေးပါ..သားမအားဘူးဆိုတော့လည်း မေမေတစ်ယောက်တည်း သွားရုံပေါ့..ဘတ်တတ်နိုင်မလဲ..ကဲ..ကိုထွန်းရေ..ဆယ်မိနစ်နေရင် သွားမယ်..ကားပြင်ထား"
"ဟုတ်ကဲ့..မမလေး"
ထို့နောက် ဒေါ်ကြီး လာချပေးတဲ့ မုန့်ဟင်းခါးလေး ခပ်သွက်သွက်စားပြီး အမေ့ရှေ့က ကုပ်ကုပ်လေး ထွက်လာခဲ့လိုက်သည်။မဟုတ်ရင်
လေညှင်းကားနဲ့ လိုက်ပြီး အသိအိမ် လိုက်ပို့ခိုင်းနေမှ ခဏဖြစ်ဖြစ် အမေပြောတဲ့ ကောင်မလေးနဲ့ စကားပြောနေရဦးမည်။
လေညှင်း ကိုယ့်ဖြစ်တည်မှုကို ဖုံးကွယ်ပြီး မိန်းကလေး တစ်ယောက်ကို ကာဗာမလုပ်ချင်။ တစ်ဖက်သားရဲ့ စိတ်ထဲ သူ့ကြောင့် စိတ်ဒဏ်ရာရသွားမှာ နည်းနည်းလေးမှ မလိုလား။ဒါကြောင့် မေမေ့ထက်အရင် အမနှင်းတို့ဆီ ကားလေးယူပြီး ထွက်လာခဲ့လိုက်သည်။
"ဒေါက်တာလေး..ဒီနေ့ ဆေးခန်းပိတ်တာ မဟုတ်ဘူးလား"
"ဟုတ်တယ်..အန်တီမြ..ဒီနေ့ပိတ်တယ်..အခုက အသိအိမ်ခဏလာလည်တာ"
"ေဩာ်..ဟုတ်ပါပြီ..လမ်းကြုံရင် ဒေါ်မြတို့အိမ် ဝင်ခဲ့ပါဦးကွယ်..ဟိုတခါ ဒေါက်တာလေး ပေးတဲ့ဆေးကိုသောက် ဆေးလူး လေ့ကျင့်ခန်းလုပ်လိုက်တာ..အနှစ်နှစ်အလလ ကိုက်ခဲနေလို့ မလှုပ်နိုင်တဲ့ ခြေထောက်က အခု..ဒေါက်တာလေး အမြင်ပဲ..အိမ်သားတွေကလည်း ဒေါက်တာလေးကို ကျေးဇူးတင်လို့မဆုံးဘူး..ဖြစ်နေကြတာ.."
"အဟား..အခုလိုကြားရတာပဲ ဝမ်းသာမဆုံးပါပဲဗျာ..အဓိကက အခုလို လှုပ်လှုပ်ရှားရှားလေး နေပေးဖို့ပဲ..အန်တီမြ"
"အေးပါ..ဒေါက်တာလေးရယ်..ကဲ...ကဲ...ဒေါ်မြသွားလိုက်ဦးမယ်..ဒေါက်တာလေး"
စျေးခြင်းတောင်းကြီး တစ်ဖက်က ဆွဲ တစ်ဖက်က ပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်ပြီး စျေးဘက်ကို ဦးတည်နေတဲ့ အန်တီမြက ခြေထောက်ကိုက်တာ အတော်လေး သက်သာသွားပုံပဲ။
ဆေးကုလို့ အသပြာရတာထက် ဝေဒနါ ပျောက်ကင်းသွားလို့ ဖြစ်တည်လာတဲ့ အပြုံးလေးတွေက လေညှင်းလို ဆရာဝန်အတွက်တော့ ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်တဲ့ ပီတိလေးတွေ။
ဒီလိုနဲ့ လမ်းမှာ ဆေးခန်းပြဖူးတဲ့ လူနာရှင်တွေ မိသားစုဝင်တွေ တစ်ယောက်ပြီး တစ်ယောက် အပြုံးလေးနဲ့ နူတ်ဆက်ရင်း အမနှင်းတို့ လေးလမ်းဘက်ကို ဦးတည်လျောက်လာလိုက်သည်။ကားကိုတော့ အရင်ထားနေကျ စားေသာက်ဆိုင်တစ်ခုရှေ့မှာ ပါကင်ထိုးထားခဲ့လိုက်တယ်။
တကယ်ဆို ကားနဲ့ လမ်းထဲ ဝင်လို့ရပေမယ့် ပတ်ဝန်းကျင်က လေညှင်းကို သူဌေးသားဆိုပြီး ရှိန်နေမှာ မလိုလား။အရင်လို သာမန်အတိုင်းလေးပဲ။သူတို့ကို ဆေးကုပေးတဲ့ ဂရုဏာဆေးခန်းက ဆရာဝန်လေးအတိုင်းပဲ သိစေချင်တယ်။
"Ring..Ring..Ring"
"ဟယ်လို..အမစုလဲ့လား..အင်း..ရောက်ခါနီးပြီ အမ..နှစ်လမ်းထိပ်ရောက်နေပြီ"
"တီ"
"ဟာ..ဟေ့ကောင်တွေ ဟိုမှာ ကြမ်းကုန်ပြီ..ထ..ထ..သွားကြည့်ရအောင်"
လေညှင်း နှစ်လမ်းသွယ်လေးကို ကျော်ရုံပဲရှိသေး လမ်းဘေး လက်ဘက်ရည်ဆိုင်ထဲက ကောင်လေး နှစ်ယောက် ဝရုန်းသုန်းကား ထပြေးသွားတာ လမ်းသွယ်တစ်ခုထဲကို။
လေညှင်းလည်း သိချင်ဇောနဲ့ နောက်ပြန်ဆုတ်ပြီး ကောင်လေးတွေ သွားတဲ့ဘက် လှမ်းကြည့်လိုက်တော့ လမ်းစစ ဝင်ချင်း ခုနှစ်အိမ် ရှစ်အိမ်မြောက်လောက် မှာ လူအုပ်ကြီး။ဝိုင်းအုံပြီး တစ်စုံတစ်ခုကို စိတ်ဝင်တစား ကြည့်နေကြတာ အစောတုန်းက ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်က ဆူညံလို့။
"ဟဲ့..ဟဲဲ့. အဲ့ဒါ မေသူ မောင်လေးမလား"
"အေးဟယ်..ဒီကောင်လေးလည်း အတော်ဆိုးပါ့..မေအက ရောဂါသည် အိပ်ယာထဲလဲနေတာ..အမက ရသမျှအလုပ် အကုန် လုပ်ပြီး တင်ကျွေးထားတာတောင်..အခုသူက မရဏ ဆီက အကြွေးယူထားတာတဲ့တော်..အမလေး ရင်တွေပန်းတွေ တုန်လိုက်တာ..တော်ရေ..မကြာခင် သွေးထွက်သံယိုနဲ့ လူသတ်ပွဲ ဖြစ်တော့မယ်ထင်ပါ့"
"အိုး..အဲ့ဟာလေးကိုက မရဏမှာ အကြွေးသွားယူတာကိုး..ခံပေါ့..ေမှာ်စက္ခတို့ ပါရင်တော့ ပိုဆိုးပြီအေ"
လမ်းထိပ် ခပ်လှမ်းလှမ်းကနေ ကြည့်နေတဲ့ အဒေါ်ကြီး နှစ်ယောက်ဆီက တီးတိုးပြောသံ။ဘာတွေလဲ မရဏ ေမှာ်စက္ခဆိုတာကရော။
ခုန ပြောသွားတဲ့အထဲ သွေးထွက်သံယိုဆိုတော့ ဆရာဝန်ပိုးက အငြိမ်မနေတော့။စိတ်က မသွားဖို့ ထိန်းချုပ်ပေမယ့် ခြေထောက်ကတော့ လူအုပ်နားရောက်နေပြီ။
"ဖြောင်း!!""ဖြောင်း"
လူအုပ်ထဲ ခြေဖျားထောက်ပြီး ကြည့်လိုက်တော့ မြင်ကွင်းက ဒေါသထွက်ဖွယ်အတိ။အသက် နှစ်ဆယ်လောက်ရှိမယ့် ကောင်လေးကို လူလေးယောက်က ဘေ့စ်ဘောတုတ်နဲ့ ဝိုင်းသမနေလိုက်ကြတာများ ကောင်လေးခမျာ ဖုန်အလူးလူး သွေးအလူးလူးနဲ့ မသေရုံတမယ်။
သူတို့နဲ့ ခပ်လှမ်းလှမ်းမှာလည်း ကားအနက်ရောင်တစ်စီးက မှန်အပြည့်ချပြီး မျက်နှာချင်းဆိုင် ရပ်ထားသေးတယ်။ဒါ ဒီလူဆိုးတွေရဲ့ ကားပဲ ဖြစ်မယ်။
"ဟေ့ကောင်..ဒီလူတွေ တော်တော်လွန်နေပြီ..ငါတို့သွားကယ်ရအောင်"
"သားကြီး..မရဏအကြောင်းလည်း မင်းမသိတာလည်း မဟုတ်ဘူး..ငါကတော့နိုးပဲ..မင်းအသက်တစ်ချောင်းအပိုပါရင် သွားကယ်လိုက်"
လေညှင်းအရှေ့ ခုနက ပြေးသွားတဲ့ ကောင်လေးနှစ်ယောက် ပြောနေပုံကြည့်ရတာ မရဏဆိုတာက ဒီလူတွေရဲ့ အဖွဲ့နာမည် ဖြစ်လိမ့်မယ်။
"ဖြောင်း..ဖြောင်း!!"
"အား!! "
ရိုက်ချက်က ခုနကထက် ပိုပြင်းလာတာ ကောင်လေးမှာ အော်တောင်မအော်နိုင်တော့။ထိုစဥ် ဆယ်ပေသါသာ ဓနိမိုး ထရံကာ အိမ်လေးကနေမိန်းကလေးတစ်ယောက် ဖိနပ်မပါဘဲ ပြေးထွက်လာပြီး..
"တော်ပါတော့!!ကျွန်မ မောင်လေးကို မနှိပ်စက်ပါနဲ့တော့..ကျေးဇူးပြုပြီး..အဟင့်..မောင်လေး!!"
"ရတယ်!!အဲ့ဒါဆို သူယူထားသမျှ အကြွေးကို အတိုးရော အရင်းပါ အခုချက်ချင်း ဆပ်လိုက်!!
အဲ့ဒါဆို နင့်မောင်ကို လက်ဖျားနဲ့တောင်မထိဘူး!!"
"ဟင့်..မောင်လေး..ယူ..ယူထားတာ ဘယ်လောက် မို့လို့လဲ..အင့်..ကျွန်မ ပေးလို့ရရင် အခုချက်ချင်း ထုတ်ပေးပါမယ်..ဟင့်"
"အိုကေလေ..နင့်မောင် ငါတို့ မရဏမှာ လာဆော့သွားတာ..နောက်ဆုံးအခေါက်နဲ့ဆို လေးခါ..စုစုပေါင်း သိန်းလေးဆယ်!!...အတိုးနဲ့ဆို သိန်းငါးဆယ်..ကဲ..အခုပေးနော်..မပေးလို့ကတော့ မရဏအကြောင်း ကောင်းကောင်းသိစေရမယ်!!"
ဒီလူတွေ ပြောပုံအရ ကောင်လေးက သူတို့ဆီမှာ လောင်းကစားလုပ်ပြီး အကြွေးယူထားပုံရတယ်။
"သိန်း..သိန်းငါးဆယ်တော့ ကျွန်မ မတတ်နိုင်လို့ပါ အကိုတို့ရယ်..ဒီလိုလုပ်ပါ..ကျွန်မစုထားတဲ့ ဆယ်သိန်းတော့ ရှိတယ်..အဲ့ဒါလေးပဲ အရင်ယူ..ယူထား..."
"ဘာ!!ဆယ်သိန်း ဟုတ်လား..ဟား..ဟား..ရယ်ရတယ်..ဟေ့ကောင်တွေ ဆရာ့ဆီ ခေါ်သွားလိုက်တော့..ဒီဟာလေးတွေက ဆရာ့လောက် မှ ကြောက်ကြမှာ!!"
လေးယောက်ထဲက ခေါင်းဆောင် ဖြစ်ဟန်တူတဲ့ လူခပ်ထွားထွား တစ်ယောက်ရဲ့ အမိန့်ပေးသံအဆုံး ကျန်သုံးယောက်က မောင်နှမနှစ်ယောက်ကို နောက်ပြန်ချုပ်ပြီး ကားအနက်ရောင်နား ခေါ်သွားလေပြီ။ပြီးနောက် ကလေးတွေ ခြေထောက်ကို မညှာမတာ ဖြတ်ကန်လိုက်တာ မြေပြင်ပေါ် ပုံခနဲ ခွေကျပြီး ဒူးထောက်လျက်သား..
ထိူ့နောက် ခပ်ထွားထွားလူက ကားတံခါးကို ဖြည်းညင်းစွာ ဖွင့်ပေးလိုက်ပြီးနောက် ပထမဆုံးမြင်လိုက်ရတာက..ခြေတံရှည်သွယ်သွယ် ပြောင်လက်နေတဲ့ ရူးအနက်ရောင်။ခုနက လူဆိုးကောင်တွေလည်း ခါးကို ညွတ် ခေါင်းကို ငုံ့လို့။ကြည့်ရတာ ကားပေါ်ကလူကမှ သူတို့ခေါင်းဆောင် ဖြစ်လိမ့်မယ်။
#Thanks for reading😍😘
Syringa
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ေစလိုရာေစ..
(Zawgyi)
ဒီေန႔က ေလညႇင္း အားလပ္ရက္။ ေဆး႐ုံေရာ ေဆးခန္းပါ ပိတ္ထားေတာ့ မနက္နည္းနည္းေနာက္က်မွ အိပ္ယာ ထျဖစ္သည္။
"ေမာနီး..ေမေမ"
"ေမာနီး..သားေလး"
မနက္ ရွစ္နာရီေလာက္ breakfastစားဖို႔ ဆင္းသြားေတာ့ ေမေမက ထုံးစံအတိုင္း ဆံထုံးေလးကို လွလွေလး ထုံးဖြဲ႕ထားၿပီး ေက်ာက္စိမ္းေရာင္ ပါတိ္တ္ ဝမ္းဆက္နဲ႔ လွပေနတယ္။အသက္ငါးဆယ္လို႔ မထင္ရေအာင္ အရြယ္တင္လွတဲ့ ေမေမက ႐ုပ္ရွင္ထဲက မင္းသမီးႀကီးေတြလို က်က္သေရရွိလြန္းလွသည္။
"ေမေမ..ဘယ္သူနဲ႔ခ်ိန္းထားလို႔လဲ..အလွေတြ ျပင္ထားတာ"
"ေဩာ္..ဒီကေလး..ေနာက္စရာမရွိ..မေအကို ရွာႀကံေနာက္ရတယ္လို႔..ဒီအသက္ရြယ္ႀကီးေရာက္ မွ ဘယ္သူနဲ႔မွ မခ်ိန္းရပါဘူးေတာ္..ညက ေဖာက္သည္တစ္ေယာက္ ဖုန္းဆက္ထားလို႔..သူ့မိတ္ေဆြက အေမေရာင္းတဲ့ လက္ဝတ္ရတနာေတြ ႀကိဳက္လို႔တဲ့ေလ..အဲ့ဒါသြားဖို႔ ျပင္ဆင္ထားတာ"
"ဟိ..ဟီး..မသိပါဘူး..ေမေမက အရမ္းလွေနေတာ့ သားက ေမးၾကည့္တာ..စိတ္မဆိုးနဲ႔"
"သား..ဒီေန႔ ေဆးခန္းပိတ္ေတာ့ ေအးေဆးေပါ႔..အိမ္မွာ ပ်င္းေနရင္ အေမနဲ႔ လိုက္ခဲ့ပါလား..အခုသြားမယ့္ အိမ္က ေဒၚသင္းယုရဲ႕ ေျမးမေလးက သားလိုပဲ ဆရာဝန္မေလး..႐ုပ္ေလးကလည္း ေတာ္ေတာ္ေခ်ာတာ..တခါ စကားဆက္စပ္မိလို႔ သားနဲ႔မိတ္ဆက္ေပးမယ္လို႔ေတာင္ ေျပာထားေသးတယ္...အခုအားေနတာနဲ႔ တစ္ခါတည္းလိုက္ခဲ့ပါလား..သား..လူငယ္အခ်င္းခ်င္း ရင္းႏွိးသြားတာေပါ႔"
အင္း စလာၿပီ ၊အေမ့ရဲ႕ သူ့သားအတြက္ ေခြၽးမရွာပုံေတာ္ ဇာတ္လမ္းက ဆရာဝန္ ေခြၽးမေလာင္းေလးကို ခ်ိန္ေနျပန္ၿပီ။စဥ္းစားစမ္း ေလညႇင္း
အေမ့ေနာက္ မလိုက္ရေအာင္ ဆင္ျခင္တစ္ခုခု ေခါင္းထဲက ထြက္စမ္း။
Ring..Ring..Ring
စားပြဲေပၚတုန္ခါသြားတဲ့ ေလညႇင္းရဲ႕ ဖုန္းေလးကို အခုလို အက်ပ္႐ိုက္ေနတဲ့ အခ်ိန္မွာ ထိုင္ေတာင္ကန္ေတာ့ခ်င္မိတယ္။
ဖုန္းcontactၾကည့္လိုက္ေတာ့ အမႏွင္းလဲ့ရည္။
"ဟယ္လို..အမႏွင္း"
"သြဲ႕ေလး..ဒီေန႔အားရင္ လာခဲ့ပါလား..မမတို႔ႏွစ္ေယာက္လည္း ဒီေန႔အားလပ္ရက္ဆိုေတာ့ သြဲ႕ေလးမ်ား လာမလားလို႔..ဟို..မအားရင္လည္း ရတယ္ေနာ္..သြဲ႕ေလး..အားမနာနဲ႔"
"ဟာ..ကြက္တိပဲ..အမႏွင္း..ဒီေန႔က ေလညႇင္း ေဆးခန္းလည္း..ပိတ္ထားတာ..လာခဲ့မယ္..အမႏွင္း..ေလညႇင္း ခဏေန ထြက္ခဲ့မယ္"
"ေအးေအး..သြဲ႕ေလး..ဒါဆို အမတို႔ သြဲ႕ေလးအတြက္..ဟင္းခ်က္ဖို႔ သြားဝယ္လိုက္ဦးမယ္"
"တီ"
"သား..ဒီေန႔သြားစရာရွိေနတာလား..ၿပီးေတာ့ အမႏွင္းက သားေကာင္မေလးလား..ခ်စ္သူရွိရင္လည္း အေမဆီေခၚလာခဲ့ဦးၾကားလား.ာအေမ့ေခြၽးမျဖစ္လာမယ့္သူကို အကဲခတ္ၾကည့္ခ်င္ေသးတယ္"
အဲ့ဒါပဲၾကည့္ေတာ့ အေမတို႔က ေလညႇင္းပါးစပ္က ေကာင္မေလး တစ္ေယာက္ နာမည္မၾကားနဲ႔။ၾကားလိုက္တာနဲ႔ သူ့ေခြၽးမ တန္းျဖစ္သြားေတာ့တာ။တစ္ခါ ေဆး႐ုံက နပ္စ္မေလး ဖုန္းဆက္တာကို သား ခ်စ္သူလားလို႔ ေမးလို႔ေမး၊ ဟိုကလည္း ရွက္ရွက္နဲ႔ ဖုန္းခ်သြား။သူ့ခမ်ာ ေဆး႐ုံေရာက္ မွ အေသခ်ာ ရွင္းျပလိုက္ရေသးတာ။
"အာ..ေမေမရာ..ရႈပ္ကုန္ၿပီ..အမႏွင္းနဲ႔အမစုက သားဆယ္တန္းတို႔က ခင္ခဲ့ဖူးတဲ့ အမႊာအမပါ..သားခ်စ္သူမဟုတ္ပါဘူး.."
"အိုေအ..ငါ႔သားဆီ ဘယ္မိန္းကေလးမွ ဖုန္းဆက္တာ မၾကားဖူးဘူးေလ..အဲ့ေတာ့ အခု အမႏွင္းဆိုေတာ့ အေမက ခ်စ္သူထင္လိုက္တာေပါ႔..ေဩာ္..ေနဦး..ဒါဆိုသားက အေမနဲ႔မလိုက္ေတာ့ဘူးေပါ႔"
"ဟီး..ေနာက္ မွေပါ႔..ေမေမရယ္..ေနာ္..အမႏွင္းတို႔နဲ႔ အရင္ေန႔ကတည္းက..ခ်ိန္းထားၿပီးသား ျဖစ္ေနၿပီ သား မလာဘူး..ေျပာလိုက္ရင္ အားနာစရာေတြ ျဖစ္ကုန္မွာ"
"ေအးပါ..သားမအားဘူးဆိုေတာ့လည္း ေမေမတစ္ေယာက္တည္း သြား႐ုံေပါ႔..ဘတ္တတ္ႏိုင္မလဲ"
ထို႔ေနာက္ ေဒၚႀကီး လာခ်ေပးတဲ့ မုန္႔ဟင္းခါးေလး ခပ္သြက္သြက္စားၿပီး အေမ့ေရွ႕က ကုပ္ကုပ္ေလး ထြက္လာခဲ့လိုက္သည္။မဟုတ္ရင္
ေလညႇင္းကားနဲ႔ လိုက္ၿပီး အသိအိမ္ လိုက္ပို႔ခိုင္းေနမွ ခဏျဖစ္ျဖစ္ အေမေျပာတဲ့ ေကာင္မေလးနဲ႔ စကားေျပာေနရဦးမည္။
ေလညႇင္း ကိုယ့္ျဖစ္တည္မႈကို ဖုံးကြယ္ၿပီး မိန္းကေလး တစ္ေယာက္ကို ကာဗာမလုပ္ခ်င္။ တစ္ဖက္သားရဲ႕ စိတ္ထဲ သူ့ေၾကာင့္ စိတ္ဒဏ္ရာရသြားမွာ နည္းနည္းေလးမွ မလိုလား။ဒါေၾကာင့္ ေမေမ့ထက္အရင္ အမႏွင္းတို႔ဆီ ကားေလးယူၿပီး ထြက္လာခဲ့လိုက္သည္။
"ေဒါက္တာေလး..ဒီေန႔ ေဆးခန္းပိတ္တာ မဟုတ္ဘူးလား"
"ဟုတ္တယ္..အန္တီျမ..ဒီေန႔ပိတ္တယ္..အခုက အသိအိမ္ခဏလာလည္တာ"
"ေဩာ္..ဟုတ္ပါၿပီ..လမ္းႀကဳံရင္ ေဒၚျမတို႔အိမ္ ဝင္ခဲ့ပါဦးကြယ္..ဟိုတခါ ေဒါက္တာေလး ေပးတဲ့ေဆးကိုေသာက္ ေဆးလူး ေလ့က်င့္ခန္းလုပ္လိုက္တာ..အႏွစ္ႏွစ္အလလ ကိုက္ခဲေနလို႔ မလႈပ္ႏိုင္တဲ့ ေျခေထာက္က အခု..ေဒါက္တာေလး အျမင္ပဲ..အိမ္သားေတြကလည္း ေဒါက္တာေလးကို ေက်းဇူးတင္လို႔မဆုံးဘူး..ျဖစ္ေနၾကတာ.."
"အဟား..အခုလိုၾကားရတာပဲ ဝမ္းသာမဆုံးပါပဲဗ်ာ..အဓိကက အခုလို လႈပ္လႈပ္ရွားရွားေလး ေနေပးဖို႔ပဲ..အန္တီျမ"
"ေအးပါ..ေဒါက္တာေလးရယ္..ကဲ...ကဲ...ေဒၚျမသြားလိုက္ဦးမယ္..ေဒါက္တာေလး"
ေစ်းျခင္းေတာင္းႀကီး တစ္ဖက္က ဆြဲ တစ္ဖက္က ပိုက္ဆံအိတ္ႀကီး ခ်ိဳင္းၾကားညႇပ္ၿပီး ေစ်းဘက္ကို ဦးတည္ေနတဲ့ အန္တီျမက ေျခေထာက္ကိုက္တာ အေတာ္ေလး သက္သာသြားပုံပဲ။
ေဆးကုလို႔ အသျပာရတာထက္ ေဝဒနါ ေပ်ာက္ကင္းသြားလို႔ ျဖစ္တည္လာတဲ့ အၿပဳံးေလးေတြက ေလညႇင္းလို ဆရာဝန္အတြက္ေတာ့ ဘာနဲ႔မွတန္ဖိုးမျဖတ္ႏိုင္တဲ့ ပီတိေလးေတြ။
ဒီလိုနဲ႔ လမ္းမွာ ေဆးခန္းျပဖူးတဲ့ လူနာရွင္ေတြ မိသားစုဝင္ေတြ တစ္ေယာက္ၿပီး တစ္ေယာက္ အၿပဳံးေလးနဲ႔ ႏူတ္ဆက္ရင္း အမႏွင္းတို႔ ေလးလမ္းဘက္ကို ဦးတည္ေလ်ာက္လာလိုက္သည္။ကားကိုေတာ့ အရင္ထားေနက် စားေသာက္ဆိုင္တစ္ခုေရွ႕မွာ ပါကင္ထိုးထားခဲ့လိုက္တယ္။
တကယ္ဆို ကားနဲ႔ လမ္းထဲ ဝင္လို႔ရေပမယ့္ ပတ္ဝန္းက်င္က ေလညႇင္းကို သူေဌးသားဆိုၿပီး ရွိန္ေနမွာ မလိုလား။အရင္လို သာမန္အတိုင္းေလးပဲ။သူတို႔ကို ေဆးကုေပးတဲ့ ဂ႐ုဏာေဆးခန္းက ဆရာဝန္ေလးအတိုင္းပဲ သိေစခ်င္တယ္။
"Ring..Ring..Ring"
"ဟယ္လို..အမစုလဲ့လား..အင္း..ေရာက္ခါနီးၿပီ အမ..ႏွစ္လမ္းထိပ္ေရာက္ေနၿပီ"
"တီ"
"ဟာ..ေဟ့ေကာင္ေတြ ဟိုမွာ ၾကမ္းကုန္ၿပီ..ထ..ထ..သြားၾကည့္ရေအာင္"
ေလညႇင္း ႏွစ္လမ္းသြယ္ေလးကို ေက်ာ္႐ုံပဲရွိေသး လမ္းေဘး လက္ဘက္ရည္ဆိုင္ထဲက ေကာင္ေလး ႏွစ္ေယာက္ ဝ႐ုန္းသုန္းကား ထေျပးသြားတာ ႏွစ္လမ္းထဲကို။
ေလညႇင္းလည္း သိခ်င္ေဇာနဲ႔ ေနာက္ျပန္ဆုတ္ၿပီး ေကာင္ေလးေတြ သြားတဲ့ဘက္ လွမ္းၾကည့္လိုက္ေတာ့ လမ္းစစ ဝင္ခ်င္း ခုႏွစ္အိမ္ ရွစ္အိမ္ေျမာက္ေလာက္ မွာ လူအုပ္ႀကီး။ဝိုင္းအုံၿပီး တစ္စုံတစ္ခုကို စိတ္ဝင္တစား ၾကည့္ေနၾကတာ အေစာတုန္းက ၿငိမ္သက္ေနတဲ့ ပတ္ဝန္းက်င္က ဆူညံလို႔။
"ဟဲ့..ဟဲဲ့. အဲ့ဒါ ေမသူ ေမာင္ေလးမလား"
"ေအးဟယ္..ဒီေကာင္ေလးလည္း အေတာ္ဆိုးပါ႔..ေမအက ေရာဂါသည္ အိပ္ယာထဲလဲေနတာ..အမက ရသမွ်အလုပ္ အကုန္ လုပ္ၿပီး တင္ေကြၽးထားတာေတာင္..အခုသူက မရဏ ဆီက အေႂကြးယူထားတာတဲ့ေတာ္..အမေလး ရင္ေတြပန္းေတြ တုန္လိုက္တာ..ေတာ္ေရ..မၾကာခင္ ေသြးထြက္သံယိုနဲ႔ လူသတ္ပြဲ ျဖစ္ေတာ့မယ္ထင္ပါ႔"
"အိုး..အဲ့ဟာေလးကိုက မရဏမွာ အေႂကြးသြားယူတာကိုး..ခံေပါ႔..ေမွာ္စကၡတို႔ ပါရင္ေတာ့ ပိုဆိုးၿပီေအ"
လမ္းထိပ္ ခပ္လွမ္းလွမ္းကေန ၾကည့္ေနတဲ့ အေဒၚႀကီး ႏွစ္ေယာက္ဆီက တီးတိုးေျပာသံ။ဘာေတြလဲ မရဏ ေမွာ္စကၡဆိုတာကေရာ။
ခုန ေျပာသြားတဲ့အထဲ ေသြးထြက္သံယိုဆိုေတာ့ ဆရာဝန္ပိုးက အၿငိမ္မေနေတာ့။စိတ္က မသြားဖို႔ ထိန္းခ်ဳပ္ေပမယ့္ ေျခေထာက္ကေတာ့ လူအုပ္နားေရာက္ေနၿပီ။
"ေျဖာင္း!!""ေျဖာင္း"
လူအုပ္ထဲ ေျခဖ်ားေထာက္ၿပီး ၾကည့္လိုက္ေတာ့ ျမင္ကြင္းက ေဒါသထြက္ဖြယ္အတိ။အသက္ ႏွစ္ဆယ္ေလာက္ရွိမယ့္ ေကာင္ေလးကို လူေလးေယာက္က ေဘ့စ္ေဘာတုတ္နဲ႔ ဝိုင္းသမေနလိုက္ၾကတာမ်ား ေကာင္ေလးခမ်ာ ဖုန္အလူးလူး ေသြးအလူးလူးနဲ႔ မေသ႐ုံတမယ္။
သူတို႔နဲ႔ ခပ္လွမ္းလွမ္းမွာလည္း ကားအနက္ေရာင္တစ္စီးက မွန္အျပည့္ခ်ၿပီး မ်က္ႏွာခ်င္းဆိုင္ ရပ္ထားေသးတယ္။ဒါ ဒီလူဆိုးေတြရဲ႕ ကားပဲ ျဖစ္မယ္။
"ေဟ့ေကာင္..ဒီလူေတြ ေတာ္ေတာ္လြန္ေနၿပီ..ငါတို႔သြားကယ္ရေအာင္"
"သားႀကီး..မရဏအေၾကာင္းလည္း မင္းမသိတာလည္း မဟုတ္ဘူး..ငါကေတာ့ႏိုးပဲ..မင္းအသက္တစ္ေခ်ာင္းအပိုပါရင္ သြားကယ္လိုက္"
ေလညႇင္းအေရွ႕ ခုနက ေျပးသြားတဲ့ ေကာင္ေလးႏွစ္ေယာက္ ေျပာေနပုံၾကည့္ရတာ မရဏဆိုတာက ဒီလူေတြရဲ႕ အဖြဲ႕နာမည္ ျဖစ္လိမ့္မယ္။
"ေျဖာင္း..ေျဖာင္း!!"
"အား!! "
႐ိုက္ခ်က္က ခုနကထက္ ပိုျပင္းလာတာ ေကာင္ေလးမွာ ေအာ္ေတာင္မေအာ္ႏိုင္ေတာ့။ထိုစဥ္ ဆယ္ေပသါသာ ဓနိမိုး ထရံကာ အိမ္ေလးကေနမိန္းကေလးတစ္ေယာက္ ဖိနပ္မပါဘဲ ေျပးထြက္လာၿပီး..
"ေတာ္ပါေတာ့!!ကြၽန္မ ေမာင္ေလးကို မႏွိပ္စက္ပါနဲ႔ေတာ့..ေက်းဇူးျပဳၿပီး..အဟင့္..ေမာင္ေလး!!"
"ရတယ္!!အဲ့ဒါဆို သူယူထားသမွ် အေႂကြးကို အတိုးေရာ အရင္းပါ အခုခ်က္ခ်င္း ဆပ္လိုက္!!
အဲ့ဒါဆို နင့္ေမာင္ကို လက္ဖ်ားနဲ႔ေတာင္မထိဘူး!!"
"ဟင့္..ေမာင္ေလး..ယူ..ယူထားတာ ဘယ္ေလာက္ မို႔လို႔လဲ..အင့္..ကြၽန္မ ေပးလို႔ရရင္ အခုခ်က္ခ်င္း ထုတ္ေပးပါမယ္..ဟင့္"
"အိုေကေလ..နင့္ေမာင္ ငါတို႔ မရဏမွာ လာေဆာ့သြားတာ..ေနာက္ဆုံးအေခါက္နဲ႔ဆို ေလးခါ..စုစုေပါင္း သိန္းေလးဆယ္!!...အတိုးနဲ႔ဆို သိန္းငါးဆယ္..ကဲ..အခုေပးေနာ္..မေပးလို႔ကေတာ့ မရဏအေၾကာင္း ေကာင္းေကာင္းသိေစရမယ္!!"
ဒီလူေတြ ေျပာပုံအရ ေကာင္ေလးက သူတို႔ဆီမွာ ေလာင္းကစားလုပ္ၿပီး အေႂကြးယူထားပုံရတယ္။
"သိန္း..သိန္းငါးဆယ္ေတာ့ ကြၽန္မ မတတ္ႏိုင္လို႔ပါ အကိုတို႔ရယ္..ဒီလိုလုပ္ပါ..ကြၽန္မစုထားတဲ့ ဆယ္သိန္းေတာ့ ရွိတယ္..အဲ့ဒါေလးပဲ အရင္ယူ..ယူထား..."
"ဘာ!!ဆယ္သိန္း ဟုတ္လား..ဟား..ဟား..ရယ္ရတယ္..ေဟ့ေကာင္ေတြ ဆရာ့ဆီ ေခၚသြားလိုက္ေတာ့..ဒီဟာေလးေတြက ဆရာ့ေလာက္ မွ ေၾကာက္ၾကမွာ!!"
ေလးေယာက္ထဲက ေခါင္းေဆာင္ ျဖစ္ဟန္တူတဲ့ လူခပ္ထြားထြား တစ္ေယာက္ရဲ႕ အမိန္႔ေပးသံအဆုံး က်န္သုံးေယာက္က ေမာင္ႏွမႏွစ္ေယာက္ကို ေနာက္ျပန္ခ်ဳပ္ၿပီး ကားအနက္ေရာင္နား ေခၚသြားေလၿပီ။ၿပီးေနာက္ ကေလးေတြ ေျခေထာက္ကို မညႇာမတာ ျဖတ္ကန္လိုက္တာ ေျမျပင္ေပၚ ပုံခနဲ ေခြက်ၿပီး ဒူးေထာက္လ်က္သား..
ထိူ့ေနာက္ ခပ္ထြားထြားလူက ကားတံခါးကို ျဖည္းညင္းစြာ ဖြင့္ေပးလိုက္ၿပီးေနာက္ ပထမဆုံးျမင္လိုက္ရတာက..ေျခတံရွည္သြယ္သြယ္ ေျပာင္လက္ေနတဲ့ ႐ူးအနက္ေရာင္။ခုနက လူဆိုးေကာင္ေတြလည္း ခါးကို ၫြတ္ ေခါင္းကို ငုံ႔လို႔။ၾကည့္ရတာ ကားေပၚကလူကမွ သူတို႔ေခါင္းေဆာင္ ျဖစ္လိမ့္မယ္။
#Thanks for reading😍😘
Syringa
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~