စေလိုရာစေ(Completed)

By Syringa99

386K 18.9K 411

ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... More

Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (8)
Ep (9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(27)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
EP(37)
Ep (38)
Ep(39)
Ep(40)
Ep(41)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(51)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra

Ep(1)

29.6K 745 10
By Syringa99

စေလိုရာစေ..

(Unicode)

"မေမေ..သား ဆေးခန်းသွားတော့မယ်..သားပြန်လာရင် ဘာဝယ်ခဲ့ရမလဲ..မေမေ မှာချင်တာရှိရင် ဖုန်းဆက်လိုက်နော်..သားအပြန်ဝယ်ခဲ့မယ်"

မနက်ဖြန် ရောင်းရမယ့် စိန်တွေ အရည်သွေး ကောင်းမကောင်း ဒေါ်နန်းရည်သွဲ့ သေချာ ကြည့်နေတုန်း လှေကားဆီမှ လက်တစ်ဖက်က သရေအိတ်လေးကို ကိုင်ကာ တစ်ဖက်က အက်ျီလက်ကို ကမန်းကတန်းခေါက်တင်ရင်း ခပ်သွက်သွက် ဆင်းလာတဲ့  သားတော်မောင် အသံကြောင့် လုပ်လက်စကို ခဏရပ်လိုက်ကာ..

"သားရယ်..အခုမှ ဆေးရုံက ပြန်ရောက်တယ်..ခဏနားပါဦးလား..ဆေးခန်းကို နည်းနည်း နောက်ကျမှ ဖွင့်လည်း ရတဲ့ဥစ္စာ..သားကြည့်ရတာ ပင်ပန်းလိုက်တာ"

"အဟင်း..ဒီနေ့က ဆေးခန်းစဖွင့်တဲ့ ရက်လေ မေမေရဲ့..အဲ့ဒါကြောင့်ပါ..ပြီးတော့ လူနာတွေကို စောင့်ခိုင်းရတာ အားနာလို့"

"အင်းပါ..မေမေတော့ သားကို အဲ့ဒီနေရာမှာ ဆေးခန်းဖွင့်တာ သိပ်သဘောမကျဘူး..ဖြစ်နိုင်ရင် အထူးကုဆေးခန်းတွေမှာပဲ..သားကိုထိုင်စေချင်တယ်..ဒါပေမယ့် သားကို ပြောလို့ရမှာလည်းမဟုတ်ပါဘူး..ဟင်း"

"အဟီး..စိတ်မပူပါနဲ့ မေမေရာ..သားကိုက အဲ့လို ဆေးခန်းရှားတဲ့..နေရာမျိုးမှာ အရင်ကတည်းက ဖွင့်ချင်ခဲ့တာ..အခုတော့ သားဆန္ဒပြည့်ပြီလေ"

လေညှင်း အခု ဖွင့်တဲ့ နေရာက လမ်းသွယ် လေးခုဆုံတဲ့ လမ်းထိပ်ကလေးမှာ။ပြီးတော့ ရပ်ကွက်ငယ်လေးတွေ စုစည်းထားပြီး လူတန်းစား အလယ်အလတ် စသည်ဖြင့် နေထိုင်ကြတယ်။

လေညှင်းတို့လို အိမ်ယာဝန်း မဟုတ်ပေမယ့်လည်း သူစည်းသူ့ကမ်းနဲ့ နေသူချည်းပင်။တစ်ခုပဲ ကားလမ်းမကြီးနဲ့ သိပ်မနီးပဲ မြို့ရဲ့ အစွန်ဖျားကျနေတာလေး တစ်ခုပင်။လမ်းအနည်းငယ် ကြမ်းတယ်ဆိုပေမယ့် ဆေးခန်းရောက်ခါနီး ဆယ်မိနစ်လောက် လမ်းဆင်းလျောက်ရင် အဆင်ပြေတာပဲလေ။

"မေမေ စိတ်ပူတာက..သားပြန်တဲ့အချိန်ကလည်း မှောင်နေပြီ..ပြီးတော့ နေရာက နည်းနည်းချောင်ကျတယ်သားရယ်..အဲ့ဒါကြောင့်ပါ..အဲ့လိုနေရာတွေက ညဆိုရင်..သားကိုအန္တာရာယ် ဖြစ်မှာစိုးတယ်..အခုခေတ်က ဘယ်သူ့ကိုမှ ယုံလို့ရတာမဟုတ်ဘူး"

"​စိတ်ချပါ..မေမေရဲ့..သားပြန်တဲ့အချိန်က လမ်းမီးတွေလည်း လင်းသေးတယ်.ပြီးတော့ လူသွားလူလာလည်းရှိတယ်..ဒါကြောင့်..မေမေစိတ်မပူနဲ့နော်..မေမေ့သားက ယောက်ျားပါ.."

"အေးပါ..ငါ့သားလေးက ရုပ်လေးကလည်း ချောစိတ်ရင်းလေးက ကောင်းတော့ မေမေက စိတ်ပူလို့ပါ..မေမေ့မှာက ဒီသားလေးတစ်ယောက်ပဲရှိတော့တာလေ.. ကဲပါ....သွား..သွား..သား နောက်ကျနေမယ်..ကားကိုလည်းဂရုစိုက် မောင်းဦး"

"ဟုတ်ကဲ့..မေမေ...ဒါဆို သားသွားပြီနော်"

အလှူဒါန လုပ်မယ်ဆို ရှေ့ဆုံးက ပါတတ်တဲ့ သားလေး၊ သူများကို ကူညီရမယ်ဆို အစွမ်းကုန် ကူညီတတ်တဲ့ သားလေးက ဒေါ်နန်းရည်၏ အသည်းညှာလေး ဖြစ်သလို ဆေးရုံမှာ ဆိုလည်း ဒေါက်တာ လေညှင်းသွဲ့ဆို ရင် သူနာပြုကအစ လူနာအဆုံး သားလေးကို မသိတဲ့သူက ခပ်ရှားရှားရယ်။

ရုပ်ရည်လေးကလည်း အပြစ်ပြောဖွယ်ရာမရှိ ငယ်ငယ်ကဆို သမီးလေးလား မေးခံရတဲ့အထိ။ သားလေးက မျက်လုံးဝိုင်းဝိုင်း မျက်တောင်ရှည်ရှည် နူတ်ခမ်းဖူးဖူးလေးနဲ့ နုနယ်ချောမောလွန်းတယ်။လေညှင်းလေးလို စကားကို အေးအေး ချိုချိုလေးနဲ့ သူတပါး နားဝင်အောင် ပြောတတ်လွန်းလို့လည်း နာမည်ကို သူကိုယ်တိုင် လေညှင်းသွဲ့လို့ ပေးခဲ့တာပင်။

"ဆရာ..နွယ့်ကို ဆေးအိတ်ပေး"

"ရတယ်..မိနွယ်..သွား..လူနာတွေ ဘာလိုအပ်လည်း ဆိုတာပဲ တစ်ချက်သွားကြည့်ပေး..ဆရာ
လက်သန့်စင်ပြီးရင် လူနာခေါ်တော့မယ်"

"ဟုတ်ကဲ့..ဆရာ"

ဒီလိုနဲ့ လေညှင်းရဲ့ ဆေးခန်းလေးက လူနာလေးငါးယောက်က စလို့ စတင်အသက်ဝက်လာတော့တယ်။ညနေလေးနာရီကနေ ညရှစ်နာရီထိ မနားမနေ ဆေးကုလိုက်တာ လေညှင်းမှာ မောရမှန်းတောင်မသိ။လူနာ မရှိတော့ဘူး ဆိုမှ ကိုယ်လက်သန့်စင်ပြီး မိနွယ်ကို မနက်ဖြန် ထပ်ဖြည့်ရမည့် ဆေးတွေ မှာပြီး အိမ်ပြန်လာခဲ့သည်။

အိမ်ပြန်လမ်းတစ်လျောက် ကားလေးကို ဖြည်းဖြည်းမောင်းရင်း မှန်တံခါးကို ဖွင့်ထားတော့ ညလေပြည်လေးက လူကို တိုးဝှေ့နေတာ စိတ်ကြည်နူးဖွယ်အတိ။

ဒါကတော့ လေညှင်းရဲ့ ဘဝတနေ့တာပဲ။ မနက်ရောက်ရင် လေညှင်း ဦးလေးပိုင်တဲ့ အထူးကု ဆေးရုံသွား လူနာတွေကို အလှည့်ကျ ဆေးကု roundလှည့်။

ညနေဘက် ဂရုဏာ ဆေးခန်းလေးမှာထိုင်ပြီးဆေးထပ်ကု ။ဒါနဲ့ပဲ ဆရာဝန် ဖြစ်ကတည်းက သံပတ်ပေးအရုပ်လို လုပ်လာတာ အခု အသက် နှစ်ဆယ့်​ခြောက်နှစ်အထိ။ကိုယ်ဝါသနာပါတဲ့ အလုပ်ဆိုတော့လည်း ပင်ပန်းရကောင်းမှန်းမသိအောင်ပါပဲ။

လေညှင်းနဲ့ ရွယ်တူ သူငယ်ချင်းတွေကတော့ ကိုယ်စီ လက်တွဲဖော်နဲ့ မိသားစု ဘဝလေးတွေ ပိုင်ဆိုင်နေကြပြီ။ဒါပေမယ့် လေညှင်းကတော့ ယခုအချိန်ထိ တစ်ကိုယ်တည်းပဲ။အမေကတော့ သူ့မိတ်ဆွေ သမီးတွေနဲ့ ကြုံရင်ကြုံသလို မိတ်ဆက်ပေးတယ်။

ခက်တာက လေညှင်း တစ်ယောက် မှ စိတ်မဝင်စားဘူး။ မေးတိုင်း အလိမ္မာနည်းနဲ့ပဲ ဆင်ခြင်ပေးပြီး ငြင်းလာတာ အခုထိပဲဆိုပါတော့။အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ဟုတ်တယ် လေညှင်းက လိင်တူစိတ်ဝင်စားတဲ့ gay ၊
Gayဆိုလို့ ယောက်ျားလေးတိုင်းကို ရင်မခုန်ဖူးခဲ့။အင်း တစ်ယောက်သောသူက လွဲလို့ပေါ့။

လေညှင်း third yearလောက် မှာ ချစ်သူ တစ်ယောက်ထားခဲ့ဖူးတယ်။သူ့နာမည်က မျိုးထက်သာ။လေညှင်းထက် နှစ်နှစ်ကြီးတဲ့ စီနီယာ။ပထမတော့ စီနီယာ ဂျူနီယာ ဆက်ဆံရေးကနေ ချစ်သူ ဖြစ်ခဲ့တယ်။

ဒါပေမယ့် မကြာပါဘူး လေညှင်းနဲ့ တဲွဲပြီး တစ်နှစ်ကျော်လောက် မှာ သူ လက်ထပ်သွားခဲ့တယ်။သူ့အိမ်က ပေးစါးတဲ့ ကောင်မလေးနဲ့။အိမ်ကို မလွန်ဆန်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လေညှင်းကို လမ်းခွဲခဲ့တာ တစ်နှစ်ကျော် ချစ်ခဲ့ကြတဲ့ သံယောဇဥ်လေး တစ်ခန်းရပ်ခဲ့တယ်။

လေညှင်းသိတာပေါ့ ကိုမျိုးက သူ့ကို တကယ်မချစ်ခဲ့ဘူး။မိန်းမချောချောတဲ့ လေညှင်းကို အနေနီးလို့ ခဏတာ စိတ်ကစားသွားခဲ့တယ်ဆိုတဲ့အကြောင်းက သူ့သူငယ်ချင်းတွေရဲ့ စကားဝိုင်းမှာ လေညှင်းဟာ  လှောင်ရယ်စရာ အရုပ်သာသာ ဖြစ်ခဲ့တယ်။

စိတ်နာတယ် ၊ဒါပေမယ့် အခုထိလည်း တိုင်ဆိုင်မှုရှိရင် သူ့ကို သတိရမိနေတုန်းပဲ။လေညှင်းက အစွဲလန်းကြီးတယ်ပဲဆိုဆို ကိုမျိုးက သူ့ဘဝရဲ့ ပထမဆုံး ရင်ခုန်သံကို ခိုးယူသွားခဲ့သူမို့ အခုထိ မမေ့နိုင်သေးဘူး။

အတိတ်ကို ခဏတာ အတွေးရောက် မိတုန်း မျက်ခမ်းစပ်က လေတိုးတဲ့ အရှိန်နဲ့ စပ်ပြီး ဝဲတက်လာတဲ့ မျက်ရည်စက သူ့ကြောင့်မဟုတ်ဘူးလို့ပဲ လေညှင်းညာချင်တယ်။

"​ေဩာ်..သားတောင် ပြန်လာပြီ..ဘယ်လိုလဲ..ဒီနေ့ဆေးခန်းစဖွင့်တာ အဆင်ပြေရဲ့လားသား"

"ဟုတ်..မေမေ..ပြေပါတယ်..မေမေ ထမင်းစားပြီးပြီလား"

"အဟင်း..မစားရသေးဘူး သားရဲ့..မေမေ သားကို ​စောင့်နေတာ..တစ်ယောက်တည်းလည်း မစားချင်သေးတာနဲ့"

"အစားကို အချိန်မှန်စားရမယ် မေမေရဲ့..တော်ကြာ မေမေ သားကိုစောင့်ရင်းနဲ့ အစာအိမ်ဖြစ်ရင်..ဘယ်လိုလုပ်မလဲ..အခုပဲကြည့် စားချိန်နဲ့အိပ်ချိန်က နီးနေပြီ..​ေဩာ်..ဒါနဲ့ မေမေ မနေ့က
ရင်ဘတ်အောင့်လို့ဆို..အဲ့ဒါ သားမေမေ့အတွက်
နှလုံးဆေး ဝယ်လာတယ်..ဆေးလေးတော့ သေချာသောက်ပေးနော် မေမေ..နှလုံးသွေးကြောကျဥ်းတာ ပေါ့လို့မရဘူးဗျ"

မေမေက ဖေဖေဆုံးသွားပြီးနောက်ပိုင်း အသက်ရူမဝတဲ့လက္ခဏာကစပြီး နှလုံးသွေးကြောကျဥ်း
ရောဂါ စတင်ခံစားခဲ့ရသည်။ထို့ကြောင့် မေမေ့ကို
စိတ်အတက်အကျ လွယ်တဲ့ အခြေနေတွေ ၊ စိတ်ထိခိုက်စေမယ့် အခြေနေတွေကနေ တတ်နိုင်သမျှ ကင်းအောင်ထားသည်။

"အေးပါ..ငါ့သား ဆရာဝန်လေးရယ်..မေမေနားထောင့်ပါ့မယ် ဟုတ်ပြီလား..ကဲအခုတော့ တို့သားအမိနှစ်ယောက် စားကြစို့..သားအကြိုက်ပုစွန်ထုပ်ဆီပြန်လေးရယ်..ကင်ပွန်းရွက် ချဥ်စပ်လေး ချက်ထားတယ်"

ဒီလိုကျပြန်တော့လည်း လေညှင်း မေမေ့ကို သနားတယ်။အရင် ဖေဖေရှိတုန်းကဆို ဖေဖေနဲ့မေမေက အလုပ်များနေရင်တောင် ထမင်းလက်ဆုံစားဖြစ်အောင်စားတယ်။အခု လေညှင်း ဆယ်တန်းနှစ် ဖေဖေဆုံးသွားကတည်းက မေမေ့ခမျာ အထီးကျန်သွားရှာတာ။လေညှင်းကလည်း ကျောင်းတစ်ဖက် မို့ မေမေ့ကို အချိန်မပေးနိုင်ခဲ့။

အခုဆရာဝန် ဖြစ်တော့လည်း လူနာတွေနဲ့ နေ့တိုင်း လုံးပန်းနေတော့ သားအမိနှစ်ယောက် တနေ့နေလို့ တစ်ခါလောက်သာ မျက်နှာချင်းဆိုင်ရတဲ့ အဖြစ်။အင်း အားလပ်ရက် မေမေ့ကိုအချိန်ပေးဦးမှာပါလေ။

"မေမေ..အခုလုပ်နေတဲ့ လက်ဝတ်ရတနာရောင်းဝယ် လုပ်ငန်းကို မလုပ်ပါနဲ့တော့လား..အခုဆို သားလည်း ကိုယ်ပိုင်အလုပ်နဲ့ မေမေ့ကို ရှာကျွေးနိုင်နေပြီပဲဟာ..သား မေမေ့ကို အေးအေးဆေးဆေး အနားယူစေချင်ပြီ"

တစ်ကယ်လည်း ဖေဖေထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေနဲ့ တင် လေညှင်းတို့ တစ်သက်စားမကုန်။ဒါပေမယ့် အလုပ်မရှိရင် မနေတတ်တဲ့ မေမေ့ကို သူပြောလို့ရမည်လည်း မထင်။

"အင်းပါ..သားရယ်..တနေ့ပေါ့..အခုတော့ မေမေရှာနိုင်တုန်းလေး ရှာချင်သေးတယ်..အသက်ခြောက်ဆယ်နားကပ်ရင်တော့ အနားယူဖို့ စဥ်းစားထားတယ်..သား..အဲ့အချိန်ကျမှ ငါ့သားလည်း မိန်းမယူ အမေ့ကို မြေးလေးတွေ မွေးပေး..အမေလည်း မြေးတွေထိန်းရင်း ငါ့သားလုပ်စာ ထိုင်စားမယ် ဟုတ်ပြီလား"

"အင်း..အမေ့သဘောပါ.."

အပြုံးမမည်သော ဟန်ဆောင် အပြုံးတစ်ခု ဆင်မြန်းပြီး အပြစ်မရှိတဲ့ ထမင်းကိုသာ ထိုးဆွမိတယ်။တကယ်ဆို သူ ပြောသင့်နေပြီ။လေညှင်းက gayတစ်ယောက်ဆိုတာ။

ဒါပေမယ့် သူ့​​ြဖစ်တည်မှု့ကို ဝန်ခံတာက ထင်သလောက် မလွယ်။ဖြစ်နိုင်ရင် မေမေ့ရဲ့ သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို မဖျက်ဆီးပစ်ချင်ဘူး။ဒီအတိုင်းလေး ပျော်နေတာလေးကိုပဲ မြင်ချင်တယ်။

ဒါပေမယ့် တနေ့နေ့ တချိန်ချိန်တော့ အမေရဲ့အချစ်ဆုံးသား လေညှင်းသွဲ့က မိန်းကလေးစိတ်မဝင်စားတဲ့ gay တစ်ယောက် ဖြစ်နေတယ်ဆိုတာ အရဲစွန့်ပြီး ပြောပါရစေ။မေမေ့ သားဖြစ်တည်မှုကို လက်ခံပေးပါစေလို့ မျှော်လင့်ရင်း..။

#Thanks for reading😍😘

Syringa

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေစလိုရာေစ

(Zawgyi)

"ေမေမ..သား ေဆးခန္းသြားေတာ့မယ္..သားျပန္လာရင္ ဘာဝယ္ခဲ့ရမလဲ..ေမေမ မွာခ်င္တာရွိရင္ ဖုန္းဆက္လိုက္ေနာ္..သားအျပန္ဝယ္ခဲ့မယ္"

မနက္ျဖန္ ေရာင္းရမယ့္ စိန္ေတြ အရည္ေသြး ေကာင္းမေကာင္း ေဒၚနန္းရည္သြဲ႕ ေသခ်ာ ၾကည့္ေနတုန္း ေလွကားဆီမွ လက္တစ္ဖက္က သေရအိတ္ေလးကို ကိုင္ကာ တစ္ဖက္က အက္က်ီလက္ကို ကမန္းကတန္းေခါက္တင္ရင္း ခပ္သြက္သြက္ ဆင္းလာတဲ့  သားေတာ္ေမာင္ အသံေၾကာင့္ လုပ္လက္စကို ခဏရပ္လိုက္ကာ..

"သားရယ္..အခုမွ ေဆး႐ုံက ျပန္ေရာက္တယ္..ခဏနားပါဦးလား..ေဆးခန္းကို နည္းနည္း ေနာက္က်မွ ဖြင့္လည္း ရတဲ့ဥစၥာ..သားၾကည့္ရတာ ပင္ပန္းလိုက္တာ"

"အဟင္း..ဒီေန႔က ေဆးခန္းစဖြင့္တဲ့ ရက္ေလ ေမေမရဲ႕..အဲ့ဒါေၾကာင့္ပါ..ၿပီးေတာ့ လူနာေတြကို ေစာင့္ခိုင္းရတာ အားနာလို႔"

"အင္းပါ..ေမေမေတာ့ သားကို အဲ့ဒီေနရာမွာ ေဆးခန္းဖြင့္တာ သိပ္သေဘာမက်ဘူး..ျဖစ္ႏိုင္ရင္ အထူးကုေဆးခန္းေတြမွာပဲ..သားကိုထိုင္ေစခ်င္တယ္..ဒါေပမယ့္ သားကို ေျပာလို႔ရမွာလည္းမဟုတ္ပါဘူး..ဟင္း"

"အဟီး..စိတ္မပူပါနဲ႔ ေမေမရာ..သားကိုက အဲ့လို ေဆးခန္းရွားတဲ့..ေနရာမ်ိဳးမွာ အရင္ကတည္းက ဖြင့္ခ်င္ခဲ့တာ..အခုေတာ့ သားဆႏၵျပည့္ၿပီေလ"

ေလညႇင္း အခု ဖြင့္တဲ့ ေနရာက လမ္းသြယ္ ေလးခုဆုံတဲ့ လမ္းထိပ္ကေလးမွာ။ၿပီးေတာ့ ရပ္ကြက္ငယ္ေလးေတြ စုစည္းထားၿပီး လူတန္းစား အလယ္အလတ္ စသည္ျဖင့္ ေနထိုင္ၾကတယ္။

ေလညႇင္းတို႔လို အိမ္ယာဝန္း မဟုတ္ေပမယ့္လည္း သူစည္းသူ့ကမ္းနဲ႔ ေနသူခ်ည္းပင္။တစ္ခုပဲ ကားလမ္းမႀကီးနဲ႔ သိပ္မနီးပဲ ၿမိဳ႕ရဲ႕ အစြန္ဖ်ားက်ေနတာေလး တစ္ခုပင္။လမ္းအနည္းငယ္ ၾကမ္းတယ္ဆိုေပမယ့္ ေဆးခန္းေရာက္ခါနီး ဆယ္မိနစ္ေလာက္ လမ္းဆင္းေလ်ာက္ရင္ အဆင္ေျပတာပဲေလ။

"ေမေမ စိတ္ပူတာက..သားျပန္တဲ့အခ်ိန္ကလည္း ေမွာင္ေနၿပီ..ၿပီးေတာ့ ေနရာက နည္းနည္းေခ်ာင္က်တယ္သားရယ္..အဲ့ဒါေၾကာင့္ပါ..အဲ့လိုေနရာေတြက ညဆိုရင္..သားကိုအႏၲာရာယ္ ျဖစ္မွာစိုးတယ္..အခုေခတ္က ဘယ္သူ့ကိုမွ ယုံလို႔ရတာမဟုတ္ဘူး"

"​စိတ္ခ်ပါ..ေမေမရဲ႕..သားျပန္တဲ့အခ်ိန္က လမ္းမီးေတြလည္း လင္းေသးတယ္.ၿပီးေတာ့ လူသြားလူလာလည္းရွိတယ္..ဒါေၾကာင့္..ေမေမစိတ္မပူနဲ႔ေနာ္..ေမေမ့သားက ေယာက္က်ားပါ.."

"ေအးပါ..ငါ႔သားေလးက ႐ုပ္ေလးကလည္း ေခ်ာစိတ္ရင္းေလးက ေကာင္းေတာ့ ေမေမက စိတ္ပူလို႔ပါ..ေမေမ့မွာက ဒီသားေလးတစ္ေယာက္ပဲရွိေတာ့တာေလ.. ကဲပါ....သြား..သြား..သား ေနာက္က်ေနမယ္..ကားကိုလည္းဂ႐ုစိုက္ ေမာင္းဦး"

"ဟုတ္ကဲ့..ေမေမ...ဒါဆို သားသြားၿပီေနာ္"

အလွဴဒါန လုပ္မယ္ဆို ေရွ႕ဆုံးက ပါတတ္တဲ့ သားေလး၊ သူမ်ားကို ကူညီရမယ္ဆို အစြမ္းကုန္ ကူညီတတ္တဲ့ သားေလးက ေဒၚနန္းရည္၏ အသည္းညႇာေလး ျဖစ္သလို ေဆး႐ုံမွာ ဆိုလည္း ေဒါက္တာ ေလညႇင္းသြဲ႕ဆို ရင္ သူနာျပဳကအစ လူနာအဆုံး သားေလးကို မသိတဲ့သူက ခပ္ရွားရွားရယ္။

႐ုပ္ရည္ေလးကလည္း အျပစ္ေျပာဖြယ္ရာမရွိ ငယ္ငယ္ကဆို သမီးေလးလား ေမးခံရတဲ့အထိ။ သားေလးက မ်က္လုံးဝိုင္းဝိုင္း မ်က္ေတာင္ရွည္ရွည္ ႏူတ္ခမ္းဖူးဖူးေလးနဲ႔ ႏုနယ္ေခ်ာေမာလြန္းတယ္။ေလညႇင္းေလးလို စကားကို ေအးေအး ခ်ိဳခ်ိဳေလးနဲ႔ သူတပါး နားဝင္ေအာင္ ေျပာတတ္လြန္းလို႔လည္း နာမည္ကို သူကိုယ္တိုင္ ေလညႇင္းသြဲ႕လို႔ ေပးခဲ့တာပင္။

"ဆရာ..မိႏြယ့္ကို ေဆးအိတ္ေပး"

"ရတယ္..မိႏြယ္..သြား..လူနာေတြ ဘာလိုအပ္လည္း ဆိုတာပဲ တစ္ခ်က္သြားၾကည့္ေပး..ဆရာ
လက္သန္႔စင္ၿပီးရင္ လူနာေခၚေတာ့မယ္"

"ဟုတ္ကဲ့..ဆရာ"

ဒီလိုနဲ႔ ေလညႇင္းရဲ႕ ေဆးခန္းေလးက လူနာေလးငါးေယာက္က စလို႔ စတင္အသက္ဝက္လာေတာ့တယ္။ညေနေလးနာရီကေန ညရွစ္နာရီထိ မနားမေန ေဆးကုလိုက္တာ ေလညႇင္းမွာ ေမာရမွန္းေတာင္မသိ။လူနာ မရွိေတာ့ဘူး ဆိုမွ ကိုယ္လက္သန္႔စင္ၿပီး မိႏြယ္ကို မနက္ျဖန္ ထပ္ျဖည့္ရမည့္ ေဆးေတြ မွာၿပီး အိမ္ျပန္လာခဲ့သည္။

အိမ္ျပန္လမ္းတစ္ေလ်ာက္ ကားေလးကို ျဖည္းျဖည္းေမာင္းရင္း မွန္တံခါးကို ဖြင့္ထားေတာ့ ညေလျပည္ေလးက လူကို တိုးေဝွ႔ေနတာ စိတ္ၾကည္ႏူးဖြယ္အတိ။

ဒါကေတာ့ ေလညႇင္းရဲ႕ ဘဝတေန႔တာပဲ။ မနက္ေရာက္ရင္ ေလညႇင္း ဦးေလးပိုင္တဲ့ အထူးကု ေဆး႐ုံသြား လူနာေတြကို အလွည့္က် ေဆးကု roundလွည့္။

ညေနဘက္ ဂ႐ုဏာ ေဆးခန္းေလးမွာထိုင္ၿပီးေဆးထပ္ကု ။ဒါနဲ႔ပဲ ဆရာဝန္ ျဖစ္ကတည္းက သံပတ္ေပးအ႐ုပ္လို လုပ္လာတာ အခု အသက္ ႏွစ္ဆယ့္​ေျခာက္ႏွစ္အထိ။ကိုယ္ဝါသနာပါတဲ့ အလုပ္ဆိုေတာ့လည္း ပင္ပန္းရေကာင္းမွန္းမသိေအာင္ပါပဲ။

ေလညႇင္းနဲ႔ ရြယ္တူ သူငယ္ခ်င္းေတြကေတာ့ ကိုယ္စီ လက္တြဲေဖာ္နဲ႔ မိသားစု ဘဝေလးေတြ ပိုင္ဆိုင္ေနၾကၿပီ။ဒါေပမယ့္ ေလညႇင္းကေတာ့ ယခုအခ်ိန္ထိ တစ္ကိုယ္တည္းပဲ။အေမကေတာ့ သူ့မိတ္ေဆြ သမီးေတြနဲ႔ ႀကဳံရင္ႀကဳံသလို မိတ္ဆက္ေပးတယ္။

ခက္တာက ေလညႇင္း တစ္ေယာက္ မွ စိတ္မဝင္စားဘူး။ ေမးတိုင္း အလိမၼာနည္းနဲ႔ပဲ ဆင္ျခင္ေပးၿပီး ျငင္းလာတာ အခုထိပဲဆိုပါေတာ့။အေျဖကေတာ့ ရွင္းရွင္းေလးပါပဲ။ဟုတ္တယ္ ေလညႇင္းက လိင္တူစိတ္ဝင္စားတဲ့ gay ၊
Gayဆိုလို႔ ေယာက္ေက်ားလးတိုင္းကို ရင္မခုန္ဖူးခဲ့။အင္း တစ္ေယာက္ေသာသူက လြဲလို႔ေပါ႔။

ေလညႇင္း third yearေလာက္ မွာ ခ်စ္သူ တစ္ေယာက္ထားခဲ့ဖူးတယ္။သူ့နာမည္က မ်ိဳးထက္သာ။ေလညႇင္းထက္ ႏွစ္ႏွစ္ႀကီးတဲ့ စီနီယာ။ပထမေတာ့ စီနီယာ ဂ်ဴနီယာ ဆက္ဆံေရးကေန ခ်စ္သူ ျဖစ္ခဲ့တယ္။

ဒါေပမယ့္ မၾကာပါဘူး ေလညႇင္းနဲ႔ တဲွဲၿပီး တစ္ႏွစ္ေက်ာ္ေလာက္ မွာ သူ လက္ထပ္သြားခဲ့တယ္။သူ့အိမ္က ေပးစါးတဲ့ ေကာင္မေလးနဲ႔။အိမ္ကို မလြန္ဆန္ႏိုင္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခုတည္းနဲ႔ ေလညႇင္းကို လမ္းခြဲခဲ့တာ တစ္ႏွစ္ေက်ာ္ ခ်စ္ခဲ့ၾကတဲ့ သံေယာဇဥ္ေလး တစ္ခန္းရပ္ခဲ့တယ္။

ေလညႇင္းသိတာေပါ႔ ကိုမ်ိဳးက သူ့ကို တကယ္မခ်စ္ခဲ့ဘူး။မိန္းမေခ်ာေခ်ာတဲ့ ေလညႇင္းကို အေနနီးလို႔ ခဏတာ စိတ္ကစားသြားခဲ့တယ္ဆိုတဲ့အေၾကာင္းက သူ့သူငယ္ခ်င္းေတြရဲ႕ စကားဝိုင္းမွာ ေလညႇင္းဟာ  ေလွာင္ရယ္စရာ အ႐ုပ္သာသာ ျဖစ္ခဲ့တယ္။

စိတ္နာတယ္ ၊ဒါေပမယ့္ အခုထိလည္း တိုင္ဆိုင္မႈရွိရင္ သူ့ကို သတိရမိေနတုန္းပဲ။ေလညႇင္းက အစြဲလန္းႀကီးတယ္ပဲဆိုဆို ကိုမ်ိဳးက သူ့ဘဝရဲ႕ ပထမဆုံး ရင္ခုန္သံကို ခိုးယူသြားခဲ့သူမို႔ အခုထိ မေမ့ႏိုင္ေသးဘူး။

အတိတ္ကို ခဏတာ အေတြးေရာက္ မိတုန္း မ်က္ခမ္းစပ္က ေလတိုးတဲ့ အရွိန္နဲ႔ စပ္ၿပီး ဝဲတက္လာတဲ့ မ်က္ရည္စက သူ့ေၾကာင့္မဟုတ္ဘူးလို႔ပဲ ေလညႇင္းညာခ်င္တယ္။

"ေ​ဩာ္..သားေတာင္ ျပန္လာၿပီ..ဘယ္လိုလဲ..ဒီေန႔ေဆးခန္းစဖြင့္တာ အဆင္ေျပရဲ႕လားသား"

"ဟုတ္..ေမေမ..ေျပပါတယ္..ေမေမ ထမင္းစားၿပီးၿပီလား"

"အဟင္း..မစားရေသးဘူး သားရဲ႕..ေမေမ သားကို ​ေစာင့္ေနတာ..တစ္ေယာက္တည္းလည္း မစားခ်င္ေသးတာနဲ႔"

"အစားကို အခ်ိန္မွန္စားရမယ္ ေမေမရဲ႕..ေတာ္ၾကာ ေမေမ သားကိုေစာင့္ရင္းနဲ႔ အစာအိမ္ျဖစ္ရင္..ဘယ္လိုလုပ္မလဲ..အခုပဲၾကည့္ စားခ်ိန္နဲ႔အိပ္ခ်ိန္က နီးေနၿပီ..ေ​ဩာ္..ဒါနဲ႔ ေမေမ မေန႔က
ရင္ဘတ္ေအာင့္လို႔ဆို..အဲ့ဒါ သားေမေမ့အတြက္
ႏွလုံးေဆး ဝယ္လာတယ္..ေဆးေလးေတာ့ ေသခ်ာေသာက္ေပးေနာ္ ေမေမ..ႏွလုံးေသြးေၾကာက်ဥ္းတာ ေပါ႔လို႔မရဘူးဗ်"

ေမေမက ေဖေဖဆုံးသြားၿပီးေနာက္ပိုင္း အသက္႐ူမဝတဲ့လကၡဏာကစၿပီး ႏွလုံးေသြးေၾကာက်ဥ္း
ေရာဂါ စတင္ခံစားခဲ့ရသည္။ထို႔ေၾကာင့္ ေမေမ့ကို
စိတ္အတက္အက် လြယ္တဲ့ အေျခေနေတြ ၊ စိတ္ထိခိုက္ေစမယ့္ အေျခေနေတြကေန တတ္ႏိုင္သမွ် ကင္းေအာင္ထားသည္။

"ေအးပါ..ငါ႔သား ဆရာဝန္ေလးရယ္..ေမေမနားေထာင့္ပါ႔မယ္ ဟုတ္ၿပီလား..ကဲအခုေတာ့ တို႔သားအမိႏွစ္ေယာက္ စားၾကစို႔..သားအႀကိဳက္ပုစြန္ထုပ္ဆီျပန္ေလးရယ္..ကင္ပြန္းရြက္ ခ်ဥ္စပ္ေလး ခ်က္ထားတယ္"

ဒီလိုက်ျပန္ေတာ့လည္း ေလညႇင္း ေမေမ့ကို သနားတယ္။အရင္ ေဖေဖရွိတုန္းကဆို ေဖေဖနဲ႔ေမေမက အလုပ္မ်ားေနရင္ေတာင္ ထမင္းလက္ဆုံစားျဖစ္ေအာင္စားတယ္။အခု ေလညႇင္း ဆယ္တန္းႏွစ္ ေဖေဖဆုံးသြားကတည္းက ေမေမ့ခမ်ာ အထီးက်န္သြားရွာတာ။ေလညႇင္းကလည္း ေက်ာင္းတစ္ဖက္ မို႔ ေမေမ့ကို အခ်ိန္မေပးႏိုင္ခဲ့။

အခုဆရာဝန္ ျဖစ္ေတာ့လည္း လူနာေတြနဲ႔ ေန႔တိုင္း လုံးပန္းေနေတာ့ သားအမိႏွစ္ေယာက္ တေန႔ေနလို႔ တစ္ခါေလာက္သာ မ်က္ႏွာခ်င္းဆိုင္ရတဲ့ အျဖစ္။အင္း အားလပ္ရက္ ေမေမ့ကိုအခ်ိန္ေပးဦးမွာပါေလ။

"ေမေမ..အခုလုပ္ေနတဲ့ လက္ဝတ္ရတနာေရာင္းဝယ္ လုပ္ငန္းကို မလုပ္ပါနဲ႔ေတာ့လား..အခုဆို သားလည္း ကိုယ္ပိုင္အလုပ္နဲ႔ ေမေမ့ကို ရွာေကြၽးႏိုင္ေနၿပီပဲဟာ..သား ေမေမ့ကို ေအးေအးေဆးေဆး အနားယူေစခ်င္ၿပီ"

တစ္ကယ္လည္း ေဖေဖထားခဲ့တဲ့ ပိုင္ဆိုင္မႈေတြနဲ႔ တင္ ေလညႇင္းတို႔ တစ္သက္စားမကုန္။ဒါေပမယ့္ အလုပ္မရွိရင္ မေနတတ္တဲ့ ေမေမ့ကို သူေျပာလို႔ရမည္လည္း မထင္။

"အင္းပါ..သားရယ္..တေန႔ေပါ႔..အခုေတာ့ ေမေမရွာႏိုင္တုန္းေလး ရွာခ်င္ေသးတယ္..အသက္ေျခာက္ဆယ္နားကပ္ရင္ေတာ့ အနားယူဖို႔ စဥ္းစားထားတယ္..သား..အဲ့အခ်ိန္က်မွ ငါ႔သားလည္း မိန္းမယူ အေမ့ကို ေျမးေလးေတြ ေမြးေပး..အေမလည္း ေျမးေတြထိန္းရင္း ငါ႔သားလုပ္စာ ထိုင္စားမယ္ ဟုတ္ၿပီလား"

"အင္း..အေမ့သေဘာပါ.."

အၿပဳံးမမည္ေသာ ဟန္ေဆာင္ အၿပဳံးတစ္ခု ဆင္ျမန္းၿပီး အျပစ္မရွိတဲ့ ထမင္းကိုသာ ထိုးဆြမိတယ္။တကယ္ဆို သူ ေျပာသင့္ေနၿပီ။ေလညႇင္းက gayတစ္ေယာက္ဆိုတာ။

ဒါေပမယ့္ သူ့​​ြဖစ္တည္မႈ့ကို ဝန္ခံတာက ထင္သေလာက္ မလြယ္။ျဖစ္ႏိုင္ရင္ ေမေမ့ရဲ႕ သူ့အေပၚထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို မဖ်က္ဆီးပစ္ခ်င္ဘူး။ဒီအတိုင္းေလး ေပ်ာ္ေနတာေလးကိုပဲ ျမင္ခ်င္တယ္။

ဒါေပမယ့္ တေန႔ေန႔ တခ်ိန္ခ်ိန္ေတာ့ အေမရဲ႕အခ်စ္ဆုံးသား ေလညႇင္းသြဲ႕က မိန္းကေလးစိတ္မဝင္စားတဲ့ gay တစ္ေယာက္ ျဖစ္ေနတယ္ဆိုတာ အရဲစြန္႔ၿပီး ေျပာပါရေစ။ေမေမ့ သားျဖစ္တည္မႈကို လက္ခံေပးပါေစလို႔ ေမွ်ာ္လင့္ရင္း..။

#Thanks for reading😍😘

Syringa

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~












Continue Reading

You'll Also Like

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1M 43.8K 102
အချစ်ဟာ ဖြေဆေးမရှိတဲ့! ဒီလိုပဲ ခင်များကလဲ ကျွန်တော့်အတွက် ကုမရတဲ့ရောဂါပဲ ဇေး! စွဲလမ်းစေတယ်! မေ့ရခက်စေတယ်! ပြီးတော့ ရုန်းထွက်ဖို့ခက်စေတယ်! #မုန်းခြင်း...
278K 16.4K 71
မင်းအာဏာမောင်၏နှလုံးသားထဲတွင် ရှင်းခနောင်ဟူသည့်ကောင်လေးတစ်ယောက်သာ ခိုအောင်းခွင့်ရှိလေသည်။ မင္းအာဏာေမာင္၏ႏွလုံးသားထဲတြင္ ရွင္းခေနာင္ဟူသည့္ေကာင္ေလးတစ္ေ...
231K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...