ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

By Ice_berry_

668K 121K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-12

9.1K 1.8K 69
By Ice_berry_

[Unicode]

ကျောက်ချင်းယွမ်၏  Weibo ကို အကြမ်းဖျင်း ကြည့်ပြီးချိန်မှာတော့ ယွီချင့်ဟွမ်မှာ …. ဖြင့်သာ ရက်ပလိုင်းပြန်လိုက်၏။

ကျောက်ချင်းယွမ်ကျေးဇူးဖြင့် ယွီချင့်ဟွမ်၏ ပြောင်သလင်းခါနေသော Weibo အကောင့်လေးမှာ ခုချိန်တွင် follower တွေ ရာထောင်ချီ ဖြစ်လို့လာခဲ့​လေပြီ။

ဒီအပ်ဒိတ်အသစ်ထွက်လာတာနဲ့အမျှ သူ့မှာ မျက်လုံးပြူးမျက်ဆံပြူး စိတ်အားထက်သန်တက်ကြွနေကြတဲ့ follower ဆီကနေ ချက်ချင်းလက်ငင်း စာတွေတပုံတပင်ကြီး ရလို့နေသည်။

[ဝိုး! နောက်ဆုံးမှာ အပ်ဒိတ်အသစ်လေး လာပြီ!   ….. လေးပဲဖြစ်ပေမယ့်လို့ပေါ့..]

[ဟဟဟ! ချင့်ဟွမ်ကစောက်ရမ်း​ဂေါ်တာပဲ… ချင်းယွမ်တော့ စိတ်တိုလွန်းလို့ ခုန်ပေါက်နေလောက်ပြီ]

[ကောင်းတယ် သားကြီး, မင်းက ငါ့အာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့ပြီ]

[ဒီချင့်ဟွမ်က ဘယ်လိုလူမျိူးဆိုတာကို သိချင်လိုက်တာ]

......

အင်တာနက်သုံးစွဲသူတွေကြား ယွီချင့်ဟွမ်၏ သတင်းအသစ်ကြောင့် အာလူးဖုတ်အတင်းတုတ်စရာရလို့နေချိန်မှာပဲ အလျင်က ယွီချင့်ဟွမ်ရဲ့ဓါတ်ပုံတင်ခဲ့တဲ့ ဘလော့ကာမှ အပ်ဒိတ်အသစ်ရုတ်တရက်ကောက်တင်လိုက်ပြန်တယ်...

[အိုး! ဒီယွီချင့်ဟွမ်နဲ့ငါ့စီနီယာနဲ့က စတိုင်ကအစ
တထေရာတည်း...ငါသုံးသပ်ကြည့်ရသလောက်တော့ ဒါသူဖြစ်နိုင်တယ်...]

Weibo Hot Search ထဲမှာ မကြာသေးခင်ရက်ပိုင်းကမှ ရောက်ထားသူတယောက်အနေနဲ့ ဒီလူက ခုချိန်မှာ မီးရောင်အောက်တွင် ရှိလို့နေသည်။

သူ့ရဲ့သတင်းအသစ်က Weibo တခွင်ပြဲပြဲစင် ဗုံးကွဲသလို ဖြစ်လို့သွားစေ၏။

[ဒါဆို ဒီယွီချင့်ဟွမ်က ဟွာတက္ကသိုလ်က ကျောင်းယူနီဖောင်းနဲ့ ချစ်စရာကောင်လေးပေါ့?]

[အိုးမိုင်ဂေါ့! ငါသူ့ကိုမမှတ်မိလိုက်ဘူး! ငါ ချက်ချင်းပဲ သူ့ကို follow လိုက်တော့မယ်!]

[ငါ့ရဲ့စိတ်ကူးယဉ်အမျိူးသားလောင်းလေးက ဒီလောက် ချစ်ဖို့ကောင်းတာတောင် လူမသိသူမသိ ခပ်လျိုလျို​လေး ​နေနေလိုက်သေးတယ်...ဘာလို့ သူ့ပုံကို ပရိုဖိုင်လေးတောင်မှ မထားရတာလဲ? ဘာလို့  Avatar ကြီးထားတားရတာတုန်း?]

[အာ:! ငါက ချင်းယွမ်ရဲ့အမာခံဖန်ကြီးနော်! ခုတော့ ငါသူ့ကို ​သောက်ရမ်းမနာလိုဖြစ်နေပြီ…ငါ့ကိုလည်း ချင့်ဟွမ်က အလိုအလျောက်စာပြန်စနစ်လုပ်ပေးစေချင်တယ်]

[ထစမ်း တော်တော်တောင်နောက်ကျနေပြီ… ဒီမှာလာပြီး နေ့ခင်းကြောင်တောင်စိတ်ကူးယဥ်အိပ်မက်တွေ မက်မနေစမ်းနဲ့]
.....

ဒီအပ်ဒိတ်အသစ်ကြောင့်သာပဲ ဒီအတင်းတုတ်လေဖုတ် အင်တာနက်သုံးစွဲသူတွေမှာ ယွီချင့်ဟွမ်ဟာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းအတည်ပြုသွားနိုင်ခဲ့သည်။

မကြာခင်မှာပဲ ယွီချင့်ဟွမ်၏ ကျောင်းနေဖက်သူငယ်ချင်းတွေက သူ၏ရမှတ်မှတ်တမ်းတွေ သူကျောင်းတွင်ရခဲ့သမျှဆုတွေကိုပါ ဖော်ထုတ်ခဲ့ခြင်းကြောင့် အုတ်အော်သောင်းတင်းတွေ ဖြစ်ကုန်ကြရ၏။

တစ်နိုင်ငံလုံးတွင်ပထမနေရာရပ်တည်နေသော ဟွာတက္ကသိုလ်မှာ သူကဖိုင်နယ်တိုင်းတွင် ၄ နှစ်တိုင်တိုင် ပထမနေရာကိုချိတ်နိုင်ခဲ့သည်။ ပြီးရင်လဲ စကောလားရှစ်တွေ အမြဲရယူနိုင်ခဲ့၏။

ထို့အပြင် ပြိုင်ပွဲတိုင်းမှာသူရခဲ့ဖူးတဲ့အောင်ပွဲခံဒိုင်းဆုတွေဟာဆိုရင်ဖြင့် သေလောက်အောင်များပြားခဲ့တာပင်! ဒီသူကဂြိုလ်သားများလား?

ထိုအတင်းတုတ်လေဖုတ် အင်တာနက်သုံးစွဲသူတွေမှာ ယွီချင့်ဟွမ်အပေါ် အတော်လေး စိတ်ဝင်တစား ရှိကြသည်။

တစ်နေ့လည်ခင်းလေးနှင့်ကို သူ့ follower အရေအတွက်မှာတသန်းပြည့်သွားခဲ့ပြီး အွန်လိုင်းဆယ်လီတယောက်နှင့် နှိုင်းယှဉ်ရသလောက်နီးနီး ဖြစ်လို့သွားချေ၏။

ယွီချင့်ဟွမ်မှာ ပါးစပ်အ​ဟောင်းသား ဖြစ်သွားရလေသည်။ သူဟာခုချိန်မှာ သူ့ကိုယ်သူစိတ်ဝင်စားဖွယ်မရှိ ပျင်းရိငြီး​ငွေ့စရာအကောင်းဆုံးပုံစံအနေနဲ့ ချပြထားတာဖြစ်သည်။ သူ့မှာ ပုံတစ်ပုံ​တောင် တင်ထားခြင်း မရှိသေးတာပင်။

ဒါကိုဘာလို့ follower တွေအရမ်းများနေရတာပါလိမ့်? ဒါကြီးက ရူးသွပ်ချင်စရာပဲ!

သူဟာ စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကိုအိပ်ရာပေါ်ပစ်တင်လိုက်ကာ ဒီလူတွေက သူ့အပေါ် ခဏတဖြုတ် စပ်စုစိတ်ဝင်စားခြင်းသာဖြစ်ပြီး ရက်ပိုင်းလေးအတွင်းမှာအာရုံမစိုက်တော့ပဲ unfollow ပြန်လုပ်သွားဖို့ကိုသာ မျှော်လင့်မိတော့သည်။

ရုတ်တရက်ဆိုသလိုတုန်ခါမှုတခုက သူ့အတွေးကို ကြားဖြတ်နှောက်ယှက်ဝင်လာသည်။

သူက ဖုန်းကိုယူကြည့်လိုက်သော် ထင်ထားတဲ့အတိုင်း ကျောက်ချင်းယွမ်ဖြစ်လို့နေတာကို တွေ့ရသည်။ ဒီလူ ကြာကြာမ​အောင့်ထားနိုင်ဘူးဆိုတာ သူသိနေ၏။

“ယွီချင့်ဟွမ်!”

ကျောက်ချင်းယွမ်၏ ကြိမ်းမောင်းအော်ဟစ်သံက တဖက်ခြမ်းကနေ ကြားရလို့နေသည်။

“မင်း နောက်ဆုံးတော့ ငါ့ဖုန်းကိုကိုင်ပြီပေါ့လေ..!”

“မင်း ငါ့ကိုတခါခေါ်ထားပြီးပြီးမဟုတ်ဘူးလား?”

ယွီချင့်ဟွမ်က အသက်မပါသလို​လေသံနဲ့ဆိုလိုက်၏။

ထို့နောက် TV ကို ဖွင့်လိုက်သော် ထုတ်လွှင့်ပြသနေသည်က ကျောက်ချင်းယွမ်၏အင်တာဗျူးအစီအစဉ်ဖြစ်လို့နေသည်။

စိတ်လှုပ်ရှားအော်ဟစ်ဆူညံနေသော ပရိသတ်အုပ်လိုက်ကြီးအလည်တွင် ကျောက်ချင်းယွမ်၏ခံစားချက်မပါသောမျက်နှာမှာ စိတ်အာရုံကို အပြည့်အဝ ဆွဲဆောင်ထားနိုင်၏။

သူ့ကို့အပြင်မှာ မသိတဲ့သူတွေကတော့ သူက တကယ့်ကို သာမာန်လူတယောက်လို့ ထင်မှတ်စရာရှိသည်။

“ဒါ လိုရင်းမဟုတ်သေးဘူး”

ကျောက်ချင်းယွမ်က သူ့စကားလုံးတွေကြောင့် နင်လို့သွားရရင်း ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“ငါ့ကို ဘာလို့ကစားသွားရတာလဲ? မင်းက ငါနဲ့ အတင်းတူတူတုတ်မယ်.. အချိန်ဖြုန်းမယ် သဘောတူထားပြီးတော့? မင်းပြောတော့ ငါတို့က သူငယ်ချင်းတွေဆို...လူလိမ်!”

ခဏတဖြုတ်​​လောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ယွီချင့်ဟွမ်ကပြောလိုက်၏။

“ငါ မထင်ထားဘူးလေ မင်းခုမှသိလိမ့်မယ်လို့.. တကယ်လို့များ တယောက်ယောက်က ​သင်္ကတ​တောင်မကွဲတဲ့ တသတ်မတ်တည်းဖြစ်နေတဲ့ စာကြီးနဲ့ တောက်လျောက်စာပြန်နေရင် သာမာန်လူဆို စကားနည်းနည်းလောက်ပြောပြီးတာနဲ့ တန်းသိသွားရမှာမဟုတ်ဘူးလား?”

ကျောက်ချင်းယွမ်က အော်တိုရက်ပလိုင်းကြီးနဲ့ တနေ့ခင်းလုံးချက်နေတာ ဘယ်လိုတောင်တုံးအရတာလဲ!

ကျောက်ချင်းယွမ်, “....”

ယွီချင့်ဟွမ်က သူ့အားလှောင်ပြောင်သရော်လို့နေတာ သူသိနေတယ်.. သူ့ကို ငတုံး,အရူး တခုခုလို့ဆိုလိုချင်နေတာ သူ​သေချာ​ပေါက်အာရုံရလို့နေတယ်!

သို့သော်လည်း သူ့မှာယွီချင့်ဟွမ်နှင့် အချင်းများငြင်းခုန်ဖို့သတ္တိမရှိ ဖြစ်လို့နေသည်။

ထို့ကြောင့်သာပဲ သူကလူကြမ်းကြီးတယောက်လို ဟန်လုပ်ယူကာ

“ဘာပဲပြောပြောဒါမင်းအမှားပဲ...မင်းကြောင့် ငါ့ follower တွေဆီမှာ ငါအရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရတယ်..သူတို့က ငါ့ပုံရိပ်လေးလုံးလုံး ပျက်ပြားသွားပြီဆိုနေကြသေး...မင်း ငါ့ကို အကြွေးတင်သွားပြီ! ငါ့ကိုတောင်းပန်ရမယ်!”

ယွီချင့်ဟွမ်, “…”

ယွီချင့်ဟွမ်; "ဒါ ဘာဖြစ်လို့လဲဆိုရင် မင်းက screenshot တွေကို weibo မှာ သွားတင်တာကိုး”

ကျောက်ချင်းယွမ်. “!!!”

ဒါကြီးက ဟုတ်သလိုလိုရှိသား...နေပါဦး! ဒါက အကြောင်းရင်းမဟုတ်ဘူးလေ! အကြောင်းရင်းက ယွီချင့်ဟွမ် သူ့ကိုတောင်းပန်ရမယ်!

“ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒါတွေအားလုံးကိုစတင်ခဲ့တဲ့သူပဲ”

“ကောင်းပါပြီ...အခု ငါမင်းကိုဘယ်လိုနည်းနဲ့ ပြန်တောင်းပန်ပေးရမလဲ? မင်းကို ညစာလိုက်ကျွေးရမလား?”

ကျောက်ချင်းယွမ်လို IQ ငါးနှစ်သားကလေးလောက်သာရှိသောသူနှင့် ယွီချင့်ဟွမ်မှာ ဆက်လက်ငြင်းခုန်လိုခြင်းမရှိတာကြောင့် လက်မြှောက်လိုက်တော့၏။

“ငါ့ကို ညစာလိုက်ကျွေးချင်သူတွေတပုံကြီး ရှိနေသေးတယ်”

ကျောက်ချင်းယွမ်က သ​ရော်​တော်​တော်ဆိုလိုက်၏။
သူကမျက်လုံးများကို​စွေ​စောင်းကစားလိုက်ကာ ချက်ချင်းပဲအကြံတခုရသွားတော့သည်။

“မင်း ငါ့အတွက်ကိုယ်တိုင်ချက်ကျွေးရမယ်..”

အဆင့်အတန်းမြင့်မားကာ ကြွယ်ဝချမ်းသာသော ဒုတိယမျိုးဆက်သခင်လေးဖြစ်သည့်အလျောက် ကျောက်ချင်းယွမ်စဉ်းစားမိလိုက်သည်မှာ ကမ္ဘာပေါ်မှာ ဟင်းချက်တက်သူအနည်းငယ်သာ ရှိ​ပေ၏။

ထို့အတွက်ကြောင့် ဒီအရာကယွီချင့်ဟွမ်အပေါ်စိန်ခေါ်မှုကြီးကြီးမားမားဖြစ်သွားလိမ့်မည်ဟု သူက ​အောင့်​မေ့​နေပေသည်။

“ကိစ္စမရှိဘူး”

ယွီချင့်ဟွမ်က တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သောအခါ ကျောက်ချင်းယွမ်ကို ကျောက်ရုပ်ဖြစ်သွားစေသည်။

“ငါ မင်းကိုပြောမယ်နော်... အပြင်စာတွေ ဝယ်ကျွေးလို့ မရဘူးနော်...အကူမပါရဘူး မင်းဘာသာတစ်ယောက်တည်းလုပ်ရမှာ!”

“ငါသိပါတယ်”

ယွီချင့်ဟွမ်က ဆိုလိုက်ရင်း အပူပေးစက်ကိုဖွင့်လိုက်၏။ ထို့နောက်တွင် လက်များကိုနွေးလာအောင် အပူပေးလိုက်ရင်း မေးလိုက်သည်။

“မင်းဘာစားချင်လဲ? နံရိုးကင်ဆိုဘယ်လိုသဘောရလဲ? “

ယွီချင့်ဟွမ်၏ အကြီးမားဆုံးဝါသနာတွေထဲကတစ်ခုမှာ ဟင်းချက်တာဖြစ်ပေသည်။ သူငယ်ငယ်ရွယ်ရွယ်နှင့် မိဘများဆုံးပါးကုန်ကြ၍လား မပြောတက်ပေ။

လူကြီးသူမတွေက သူ့ကိုအကောင်းဆုံးဂရုစိုက်ခဲ့သော်လည်း သူ့တွင်လုံခြုံနွေးထ္ဂေးမှု လစ်ဟာနေရဆဲဖြစ်သည်။

ဗလာကျင်းနေသောရေခဲသေတ္တာထဲကို ပစ္စည်းပစ္စယ မျိူးစုံသွတ်သွင်းပြီး ထိုအရာများနှင့်အရသာရှိတာ​လေးတွေလုပ်စားရခြင်းကမှ သူ့နှလုံးသားထဲတွင်ရှိနေသော လစ်ဟာမှုအားကွက်လပ်ဖြည့်ပေးနိုင်ပြီး သူ့အတွက် လုံခြုံစိတ်ချရတဲ့ခံစားချက်ကို ရပေ၏။

ဟင်းချက်ခြင်းတွင် သူ့မှာမွေးရာပါကောင်းမွန်တဲ့စွမ်း​ဆောင်ရည်ရှိလေသည်။

နှမြောစရာကောင်းသည်မှာ အလျင်ဘဝတုန်းက သူ့တွင် သူငယ်ချင်း များများစားစား မရှိခဲ့သည့်အပြင် သူ့ကိုယ်သူ သင့်တင့်​ကောင်းမွန်သည့်ခန္ဓာကိုယ်အချိုးအစားထိန်းသိမ်းရမည်ဖြစ်တာကြောင့် သူ့ရဲ့တဖက်ကမ်းလွန်အောင်ကောင်းသည့် ဟင်းချက်စွမ်းရည်မှာ လုံးဝအလဟသ ဖြစ်ခဲ့ရပေ၏။

အရိုးသားဆုံးပြောရမည်ဆိုလျှင် သူသည်ကျောက်ချင်းယွမ်တောင်းဆိုမှုအား အတန်ငယ်ဝမ်းသာသွားတယ်ဆိုရမည်။

ဘာပဲပြောပြော တစုံတယောက်က သူကိုယ်တိုင်လုပ်ပေးထားတဲ့ ဟင်းလျာတွေကို တောင်းဆိုတာ.. သုံးဆောင်ပေးတာက တကယ့်ကို ဝမ်းမြောက်စရာကိစ္စပင်။

“ဒါ…ဒါကောင်းတာပေါ့!”

ကျောက်ချင်းယွမ်မှာ တံတွေးတွေအခါခါပြန်မျိုချနေမိသည်။

သူ​ဟာ “The line of Life and Death” ဇာတ်ကားအတွက် ဝိတ်လျော့နေရချိန်ဖြစ်သည်။

သူ့ခမျာ နံရိုးကင်ဆိုတာကို စားတောင်မစားရသေး အသံကြားယုံနဲ့ သွားရည်တမြားမြားဖြစ်လို့နေချေပြီ။

“ဒါဆို ငါမင်းနဲ့ရိုက်ကွင်းမှာဆုံမယ်”

ထိုသို့ပြောပြီးတာနှင့် ယွီချင့်ဟွမ်မှာဖုန်းချရန်ပြင်လိုက်သော်လည်း ကျောက်ချင်းယွမ်က သူ့အားတားလိုက်၏။

“နေဦး! ဘယ်အချိန်လောက်ရောက်မှာလဲ? ငါမင်းကို အပေါက်ဝမှာလာကြိုမယ်လေ”

သူ့ကိုကြိုမယ်? သေချာပေါက်နံရိုးကင်ကိုလာကြိုမှာများ.. သို့သော်လည်း ယွီချင့်ဟွမ်က သူစကားအပေါ် အယုံအကြည်မရှိစွာဖြင့်

“၈ နာရီလောက်ပေါ့”

“အိုကေ နက်ဖြန်တွေ့ကြမယ်..”

လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကပဲ ယွီချင့်ဟွမ်မှာ သူ့ရေခဲသေတ္တာထဲသို့ စားစရာသောက်စရာ အစုံအလင်ဝယ်ခြမ်းထည့်ခဲ့ပြီးဖြစ်သည်။

ထို့အတွက်ကြောင့် ပါဝင်ပစ္စည်းပစ္စယများကို သွား​ရောက်ဝယ်ယူရန် မလိုတော့ပေ။

ဒီတခေါက်က သူပြန်လည်မွေးဖွားပြီးချိန်ကစလို့ ပထမဆုံးအကြိမ်ချက်ပြုတ်ခြင်းဖြစ်သည့်အ​လျောက် သူ့မှာအထူးတလည်စိတ်လှုပ်ရှားနေမိ၏။

ကွာလတီကောင်းမွန်သောနံရိုးကို အရွယ်အစားတူညီစွာ လှီးဖြတ်ထားလိုက်ပြီး အရသာမှုန့်တွေနှင့် နယ်နှပ်ထားကာ အကင်စက်ထဲထည့်ကင်ထားလိုက်ပြီးရင် ပျားရည်၊သံပရာ၊ပဲငံပြာရည်အကြည်၊ဟင်းချက်ဝိုင်တို့ဖြင့် ဘာဘီကျူးဆော့စ်ကိုလုပ်ထားကာ အကင်ဖိုထဲရှိ နံရိုးများစတင်တရှဲရှဲမြည်လာသည်နှင့် မျက်နှာပြင်ပေါ်သို့ ဆော့စ်ကိုသုတ်လိမ်းပေးလိုက်ပြီး ဟိုဘက်လှန်ဒီဘက်လှန်ဖြင့် ဆက်တိုက်ကင်ပေးနေသည်။

သေးငယ်သော်လည်း သပ်ရပ်သန့်ရှင်းနေသည့် မီးဖိုချောင်တွင် အကင်စက်ကထွက်လာသော နွေးထွေးသည့် မီးရောင်ခပ်ပျပျမှာ ယွီချင့်ဟွမ်မျက်နာနုနုထပ် ရောင်ပြန်ဟပ်နေပြီး လိုက်ဖက်ညီပနံသင့်လှသော မြင်ကွင်းတခုဖြစ်လို့နေချေ၏။

အကင်စက်ကိုဖွင့်လိုက်တာနှင့်တပြိုင်နက် ကြိုင်လှိုင်သင်းပျံ့နေသော ဘာဘီကျူးရနံ့မှာ မီးဖိုချောင်တခုလုံးကို ချက်ချင်းလက်ငင်း နေရာယူလို့သွားတော့သည်။

နံရိုးမှာ အနေတော်လေးကင်ပြီးဖြစ်ကာ နူးနူးအိအိ.. အရည်ရွှမ်းကာနီမြန်းနေပြီး တပ်မက်ဖွယ်အတိဖြစ်နေသည်။ ကြည့်နေယုံမျှနှင့်ကို သရေတများများဖြစ်လာစေသည်အထိပင်။

တခုတည်းသောမပြည့်စုံမှုကတော့ သူ အလွန်အကျွံ လုပ်ထားမိခြင်းပင်။ သို့သော်လည်း ထိုနေရာတွင် လူတွေအများအပြားရှိနေလောက်သည်။

ကျောက်ချင်းယွမ်မှ တခြားသူတွေနှင့်အတူ မျှဝေစားလို့ရ၏။ ထို့ကြောင့်သာပဲ ဒီအချက်ကိုသာ ထည့်တွက်မည်ဆိုရင် ဒီပမာဏက အနေတော်အိုကေပင်။

ယွီချင့်ဟွမ်မှာ အပူခံထမင်းဘူးယူကာ နံရိုးတွေကို အစီအရီထည့်လိုက်ပြီး နောက်တနေ့ နံနက်စောစောရောက်လျှင် ရိုက်ကွင်းနေရာသို့ ယူ​ဆောင်သွားလေတော့သည်။

ယွီရှင်းမှာမက်မွန်ရွာမှာပဲရှိနေသေးသည်။ ထိုလူတွေနှင့် စီစဉ်စရာရှိတာတွေ မပြီးပြတ်သေးပုံရသည်။ ထိုကြောင့် ယွီချင့်ဟွမ်မှာ ရိုက်ကွင်းသို့တယောက်တည်းသာ ​ရောက်လာရတော့သည်။

နောက်လိုက်ခြွေရံသင်းပင်းတွေ ဝန်းရံနေသည့် တခြားအနုပညာရှင်များနှင့်နှိုင်းယှဉ်ပါက သူ့ပုံစံမှာ မျက်နှာမွဲတယောက်ပုံပေါက်လို့နေချေသည်။

ဘယ်လိုတောင်ကြည့်ကောင်းလိုက်တဲ့မြင်ကွင်းလဲ!

အပေါက်ဝတွင် နံနက်စောစောစီးစီး စောင့်ဆိုင်းလို့နေသည့် ကျောက်ချင်းယွမ်မှာ ယွီချင့်ဟွမ်ရောက်လာလာချင်း လှမ်းမြင်လိုက်ရသည်။

ဘာကြောင့်မှန်းမသိ ပထမတော့ သူက နံရိုးကင်ကို လှမ်းမေးတော့မလို့ပင်။

သို့သော် သူ့ပါးစပ်ကထွက်လာသည့်စကားကတော့

“ဘာလို့တယောက်တည်းလာရတာလဲ? မင်းရဲ့အေးဂျင့်ကော? ဘာပဲ​ပြော​ပြော ဒါမင်းရဲ့ပထမဆုံး ပွဲဦးထွက်ဇာတ်ကားလေ..ဘာလို့တယောက်မှ လိုက်မပို့ရတာလဲ?”

သူက ကုမ္ပဏီမှာ လစ်လျူရှုခံထားရတာများလား?
ဒါကိုတွေးမိတော့ ကျောက်ချင်းယွမ်၏မျက်နှာမှာ ချက်ချင်းကို မနှစ်မြို့သောအမူအရာပေါက်သွားရသည်။

သူ့အတွေးတွေကို ဖောက်ထွင်းမြင်လိုက်ရသော ယွီချင့်ဟွမ်မှာ နွေးထွေးမှုရေစီးကြောင်းလေးကို ရင်ဘတ်ထဲခံစားလိုက်ရသည်။

နေ့လည်စာထမင်းဘူးကို သူ့အားကမ်းပေးလိုက်ပြီးသည်နှင့် သူတို့ဟာ အတူတကွအထဲဝင်သွားကြလေသည်။

“ငါ့အေးဂျင့်က ငါ့အတွက်တနေနေရာသွားပေး​​နေလို့ပါ”

“ငါသိသားပဲ ..မင်းကဒီလောက်တော့နုံချာမနေပါဘူးဆိုတာ..”

ကျောက်ချင်းယွမ်က သူလက်များကို ယွီချင့်ဟွမ် ပခုံးပေါ်သို့ တင်လိုက်ရင်း ပြုံးကာရယ်ကာဖြင့် ခြေလှမ်းတွေ အရှိန်တင်လိုက်ကာ

“လာ မြန်မြန်လေး..ငါသူတို့ကို မိုက်ခရိုဝေ့ယူလာခိုင်းထားတယ်..”

ယွီချင့်ဟွမ်မှာတော့ နှုတ်ခမ်းများတွန့်သွားရရင်း သူက နံရိုးကင်လေးစားဖို့အတွက်နဲ့ မိုက်ခရိုဝေ့ဖ်ကိုတောင် ဝယ်လိုက်သေးတယ်ပေါ့? ဒါက တကယ့်ကို လူချမ်းသာတွေရဲ့ ဓ​လေ့စရိုက်ပဲ ဖြစ်ကမယ်...

အခုချိန်မှာ တနှစ်တာ၏အအေးဆုံး အချိန်ကာလဖြစ်သည်။ နေ့လည်စာဘူးထဲရှိ နံရိုးများမှာ မအေးခဲနေသော်လည်း ယွီချင့်ဟွမ်မှာ အများကြီးယူလာခဲ့သည်ဖြစ်တာကြောင့် နှံ့နှံ့စပ်စပ်လေး အပူမရောက်မှာ စိုးရိမ်သည့်အတွက် ၈ မိနစ်လောက် နွှေးထားခဲ့သည်။

သို့သော်လည်း ကျောက်ချင်းယွမ်မှာ စိတ်မြန်လက်မြန်ဖြစ်သည့်အ​လျောက် ၅ မိနစ်သာသာလေးမှာတင် နောက်ထပ်မစောင့်နိုင်တော့ပဲ မိုက်ခရိုဝေ့ဖ်ကိုဆွဲဖွင့်ကာ နံရိုးများကိုယူထုတ်ချေတော့သည်။

ထူးကဲလှသည့်ရနံ့မှာ ချက်ချင်းမွှေးကြိုင်သင်းပျံ့သွားရရင်း ကျောက်ချင်းယွမ်ကို သရေတမြားမြား ဖြစ်လို့လာစေသည်။

သူက လက်ချောင်းနှစ်ချောင်းနှင့် ကိုင်တွယ်ယူလိုက်ရင်း ပါးစပ်ထဲတခါတည်းထိုးထည့်လိုက်၏။

အထူးတလည်​ကောင်းမွန်သည့် ဘာဘီကျူးအရသာမှာ သူ၏လျှာပေါ်တွင် စွဲထင်သွားရရင်း ခံတွင်းတခုလုံးသို့ ပျံနှံ့လို့သွားချေတော့သည်။

သူ့ပါးစပ်မှာ အပူလောင်သွားရသော်လည်း ကျောက်ချင်းယွမ်မှာ ထိုအရာကို ပြန်လည်ထွေးထုတ်ဖို့ စိတ်ကူးမရှိပေ။

ပထမတခု​တောင်စားလို့မကုန်​သေး သူ့လက်များမှာ နောက်တခုသို့​​ရောက်လို့နေချေပြီ။

ထိုအတောအတွင်း သူကယွီချင့်ဟွမ်ဆီ နောက်လက်တဖက်ဖြင့် လက်မထောင်ပြလိုက်ရင်း

“ဟီး ဟီး ဒါက သေလောက်အောင် အရသာရှိတယ်ကွ!”

“ဘာက ဒီလောက်မွှေးနေတာလဲ?”

အသံခပ်ကြမ်းကြမ်းတခုက ကျောဘက်ကနေ ရုတ်တရက်ပေါ်ထွက်လို့လာချေသည်။

လျိူကျားအန့်မှာ အနံ့နောက်သို့ခြေရာကောက်ရင်း သူတို့ထံရောက်လာခြင်းဖြစ်ပေ၏။

ကျောက်ချင်းယွမ်လက်ထဲမှထမင်းဘူးကို မြင်လိုက်သော် သူ့မျက်လုံးများက ဝင်းဝင်းတောက်ပသွားရ၏။

“မင်း နံရိုးတွေဘယ်ကရလာတာလဲ? လာစမ်းပါ ... ငါ့ကို နည်းနည်းကျွေးဦး!”

သူတို့ရိုက်ကွင်းနေရာမှာ လူသူအရောက်အပေါက်နည်းသည့် ဝေးလံခေါင်ဖျားသောနေရာဖြစ်ပေသည်။

အနီးတဝိုက်တွင် စားသောက်ဆိုင်မပြောနဲ့.. ငှက်တကောင်တလေ မြင်ရဖို့တောင် ခဲယဉ်းလှ​​ပေ၏။

လျိူကျားအန့်မှာ ဒီအတောအတွင်း ဝိတ်အတော်လေးကျသွားချေသည်။

အခုလိုချိန်မှာ အသားမြင်လိုက်ရသော် သူ့ပုံရိပ်?
အသားနဲ့တူတူ ပျောက်ကွယ်လို့သွားချေပြီ!

သူက ကျောက်ချင်းယွမ်ဆီသို့ ခြေကုန်သုတ်ကာ သူ၏ထမင်းဘူးကို အလစ်သုတ်လိုက်​​ချေတော့သည်။

ကျောက်ချင်းယွမ်မှာတော့ မျက်လုံးထဲတွင် မျက်ရည်များပြည့်လျှံလာအောင် ငို​တော့မလိုဖြစ်နေ​ချေပြီ။

“ချင့်ဟွမ်က ကျွန်တော့်အတွက်လုပ်ပေးထားတာ!”

“ကပ်စေးမနဲစမ်းပါနဲ့..သူ့ကို နောက်တခေါက်ထပ်လုပ်ပေးဖို့တောင်းဆိုလို့ရတာပဲ..”

တချက်ရှောင်တိမ်းလိုက်ရင်း လျိုကျားအန့်မှာ ကျောက်ချင်းယွမ်လက်ထဲက လွတ်မြောက်လို့သွားကာ နံရိုးကင်နှစ်ခုကို  သူ့ပါးစပ်ထဲသို့ တခါတည်း သွတ်ထည့်လိုက်သည်။

“တော်လောက်ပြီ တော်လောက်ပြီ!”

ကျောက်ချင်းယွမ်နှလုံးသားလေးမှာတော့ သွေးစက်စက်ယိုလို့နေချေပြီ။

ပြန်ဆွဲလုယူဖို့ သူကြံရွယ်နေစဥ်မှာပဲ လူအုပ်ကြီးတအုပ်မှာ သားကောင်တွေ့လိုက်တဲ့ မြေခွေးအလား အုပ်လိုက် ဒီနေရာသို့ပြေးချလာတော့သည်။

“ခင်ဗျား ဘာတွေစားနေတာလဲ လျိူ? လာစမ်းပါ .. နည်းနည်းလောက်မျှပါဦး!”

“နံရိုး! နံရိုး ! လာစမ်း ခင်ဗျားတယောက်တည်း အကုန်စားလို့ ဖြစ်ချေမလား!”

“ကောင်းလိုက်တဲ့အနံ့လေး! ငါဟိုနားလေးကတင် ရနေတာ! လာစမ်း ငါ့ကိုတခုကျွေး”
......

အကြံပေးဆရာ ဇာတ်ညွန်းရေးဆရာ ပရိုဂျူဆာ အားလုံးက အလွန်ဆာလောင်မွတ်သိပ်နေသော ဝံပုလွေအုပ်ကြီးလို ရုတ်တရက် ရှေ့ကိုတိုးဝှေ့​ရောက်လာကြသည်။

ကျောက်ချင်းယွမ် အသိစိတ်ပြန်ဝင်ချိန်ရောက်သောအခါမှာတော့ ထမင်းဘူးလေးမှာ ပြောင်သလင်းခါလို့နေချေပြီ ဖြစ်သည်။

သူ့ထမင်းဘူးအလွတ်လေးကို မြင်လိုက်တာနှင့် ကျောက်ချင်းယွမ်မှာ အမုန်းတရားတွေ ပြည့်လျှံနေသော မျက်ဝန်းများဖြင့် သူ့အစာကို ဓါးပြတိုက်လုယူသွားသော ထိုသူများကို ပိုက်စေ့တိုက် လိုက်လံကြည့်ရှုလို့နေချေသည်။

ခုချိန်မှာ​​တော့ ထိုလူတွေဟာ သူတို့မှာ အကောင်းဆုံးသရုပ်ဆောင်ဆုရှင်ဆီကနေ အစာကို လုယူစားသောက်သွားမိတယ်ဆိုတာကို သဘောပေါက်သွားချေပြီ ဖြစ်သည်။

သူ့တို့မှာ ကမန်းကတန်းထွက်ပြေးသွားကြပြီး ထမင်းဘူးအလွတ်လေးကို ငိုင်ကြည့်နေသည့် ကျောက်ချင်းယွမ်ကို တယောက်တည်း ထားပစ်ထားခဲ့ချေသည်။

သူ၏ပါပီမျက်လုံးများကို မြင်လိုက်သော် ယွီချင့်ဟွမ်နှလုံးသားမှာ ချက်ချင်းနူးညံ့ပျော့ပျောင်းသွားရ၏။

သူ့နားကပ်သွားပြီး နောက်တခေါက်ထပ်ချက်ပေးမယ်လို့ ပြောမည်လုပ်စဉ်မှာပဲ တစုံတယောက်က သူ၏လက်ကို နောက်ကနေ ဖမ်းဆွဲလိုက်လေ၏။

နောက်ပြန်လှည့်ကြည့်လိုက်သော် ပါးသိုင်းမွှေးများနှင့် လူအိုကြီးတယောက်က သူ့အား ဝံပုလွေမှ သားကောင်ငယ်လေးကို ကြည့်​နေသည့်အလား စူးစူးဝါးဝါးကြည့်လို့နေကာ

“မင်းက ယွီချင့်ဟွမ်လား? မင်းငါ့ကို နေ့လည်စာလေး နှစ်ခါလောက်လုပ်ကျွေးရင် ငါမင်းကို အဓိကသရုပ်ဆောင်အနေနဲ့ အထူးသီးသန့် ဇာတ်ညွှန်းရေးပေးမယ်...ဘယ်လိုသဘောရလဲ?”

ထိုသူမှာ ရာဇဝင်တွင်သည့် ဇာတ်ညွှန်းရေးဆရာ စန်းဖေ့ယုံဖြစ်ကာ ခေါင်းကြောမာကာ တမူထူးခြားသည့် စိတ်နေစိတ်ထားရှိသူဖြစ်ပြီး ပိုက်ဆံဘယ်လောက်ပုံပေးပေး ဘယ်အနုပညာရှင်အတွက်မှ ဇာတ်ညွှန်း ရေးမပေးခဲ့သောသူ ဖြစ်လို့နေချေ၏။

ယွီချင့်ဟွမ်, “….”

နေ့လည်စာလေး၂နပ်လောက်နဲ့ သူ့ကို အဓိကသရုပ်ဆောင်အနေထားပြီး စန်းဖေ့ယုံကိုယ်တိုင်
ရေးပေးမယ့် ဇာတ်ညွှန်းလဲရမယ်?

ဒါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်!
.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,

T/N>>> ကြားထဲမှာ အပ်ဒိတ်အရမ်းကြာသွားလို့တောင်းပန်ပါတယ်နော် ဒီလို အချိန်ကာလကြီးမှာ အားလုံးစိတ်ပြေလက်ပျောက်ဖြစ်စေဖို့ အပ်ဒိတ်လေးတွေ မှန်မှန်ပြန်တင်ပေးတော့မယ်ရှင်....

အားလုံးပဲဂရုစိုက်ကြပါ တို့တွေအောင်ပွဲနဲ့ နီးကပ်နေပါပြီ ဖိုက်တင်း.....

View ,vote ,comment ,follower လေးတွေ ပေးတဲ့ တယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ် ❤

☆☆☆☆☆☆☆☆☆☆☆

[Zawgyi]

ေက်ာက္ခ်င္းယြမ္၏  Weibo ကို အၾကမ္းဖ်င္း ၾကည့္ၿပီးခ်ိန္မွာေတာ့ ယြီခ်င့္ဟြမ္မွာ …. ျဖင့္သာ ရက္ပလိုင္းျပန္လိုက္၏။

ေက်ာက္ခ်င္းယြမ္ေက်းဇူးျဖင့္ ယြီခ်င့္ဟြမ္၏ ေျပာင္သလင္းခါေနေသာ Weibo အေကာင့္ေလးမွာ ခုခ်ိန္တြင္ follower ေတြ ရာေထာင္ခ်ီ ျဖစ္လို႔လာခဲ့​ေလၿပီ။

ဒီအပ္ဒိတ္အသစ္ထြက္လာတာနဲ႔အမွ် သူ႔မွာ မ်က္လုံးျပဴးမ်က္ဆံျပဴး စိတ္အားထက္သန္တက္ႂကြေနၾကတဲ့ follower ဆီကေန ခ်က္ခ်င္းလက္ငင္း စာေတြတပုံတပင္ႀကီး ရလို႔ေနသည္။

[ဝိုး! ေနာက္ဆုံးမွာ အပ္ဒိတ္အသစ္ေလး လာၿပီ!   ….. ေလးပဲျဖစ္ေပမယ့္လို႔ေပါ့..]

[ဟဟဟ! ခ်င့္ဟြမ္ကေစာက္ရမ္း​ေဂၚတာပဲ… ခ်င္းယြမ္ေတာ့ စိတ္တိုလြန္းလို႔ ခုန္ေပါက္ေနေလာက္ၿပီ]

[ေကာင္းတယ္ သားႀကီး, မင္းက ငါ့အာ႐ုံကို ေအာင္ေအာင္ျမင္ျမင္ ဆြဲေဆာင္ႏိုင္ခဲ့ၿပီ]

[ဒီခ်င့္ဟြမ္က ဘယ္လိုလူမ်ိဴးဆိုတာကို သိခ်င္လိုက္တာ]

......

အင္တာနက္သုံးစြဲသူေတြၾကား ယြီခ်င့္ဟြမ္၏ သတင္းအသစ္ေၾကာင့္ အာလူးဖုတ္အတင္းတုတ္စရာရလို႔ေနခ်ိန္မွာပဲ အလ်င္က ယြီခ်င့္ဟြမ္ရဲ႕ဓါတ္ပုံတင္ခဲ့တဲ့ ဘေလာ့ကာမွ အပ္ဒိတ္အသစ္႐ုတ္တရက္ေကာက္တင္လိုက္ျပန္တယ္...

[အိုး! ဒီယြီခ်င့္ဟြမ္နဲ႔ငါ့စီနီယာနဲ႔က စတိုင္ကအစ
တေထရာတည္း...ငါသုံးသပ္ၾကည့္ရသေလာက္ေတာ့ ဒါသူျဖစ္ႏိုင္တယ္...]

Weibo Hot Search ထဲမွာ မၾကာေသးခင္ရက္ပိုင္းကမွ ေရာက္ထားသူတေယာက္အေနနဲ႔ ဒီလူက ခုခ်ိန္မွာ မီးေရာင္ေအာက္တြင္ ရွိလို႔ေနသည္။

သူ႔ရဲ႕သတင္းအသစ္က Weibo တခြင္ၿပဲၿပဲစင္ ဗုံးကြဲသလို ျဖစ္လို႔သြားေစ၏။

[ဒါဆို ဒီယြီခ်င့္ဟြမ္က ဟြာတကၠသိုလ္က ေက်ာင္းယူနီေဖာင္းနဲ႔ ခ်စ္စရာေကာင္ေလးေပါ့?]

[အိုးမိုင္ေဂါ့! ငါသူ႔ကိုမမွတ္မိလိုက္ဘူး! ငါ ခ်က္ခ်င္းပဲ သူ႔ကို follow လိုက္ေတာ့မယ္!]

[ငါ့ရဲ႕စိတ္ကူးယဥ္အမ်ိဴးသားေလာင္းေလးက ဒီေလာက္ ခ်စ္ဖို႔ေကာင္းတာေတာင္ လူမသိသူမသိ ခပ္လ်ိဳလ်ိဳ​ေလး ​ေနေနလိုက္ေသးတယ္...ဘာလို႔ သူ႔ပုံကို ပ႐ိုဖိုင္ေလးေတာင္မွ မထားရတာလဲ? ဘာလို႔  Avatar ႀကီးထားတားရတာတုန္း?]

T/N>>> Avatar ဆိုတာက ​account တခုဖြင့္ရင္ေအာ္တို​ေ႐ြးလို႔ရတဲ့ပုံ​ေလး​ေတြ​ေပါ့..ကိုယ့္ပုံမတင္ခ်င္တဲ့သူ​ေတြအတြက္..

[အာ:! ငါက ခ်င္းယြမ္ရဲ႕အမာခံဖန္ႀကီးေနာ္! ခုေတာ့ ငါသူ႔ကို ​ေသာက္ရမ္းမနာလိုျဖစ္ေနၿပီ…ငါ့ကိုလည္း ခ်င့္ဟြမ္က အလိုအေလ်ာက္စာျပန္စနစ္လုပ္ေပးေစခ်င္တယ္]

[ထစမ္း ေတာ္ေတာ္ေတာင္ေနာက္က်ေနၿပီ… ဒီမွာလာၿပီး ေန႔ခင္းေၾကာင္ေတာင္စိတ္ကူးယဥ္အိပ္မက္ေတြ မက္မေနစမ္းနဲ႔]
.....

ဒီအပ္ဒိတ္အသစ္ေၾကာင့္သာပဲ ဒီအတင္းတုတ္ေလဖုတ္ အင္တာနက္သုံးစြဲသူေတြမွာ ယြီခ်င့္ဟြမ္ဟာ မည္သူမည္ဝါျဖစ္ေၾကာင္း ခ်က္ခ်င္းအတည္ျပဳသြားႏိုင္ခဲ့သည္။

မၾကာခင္မွာပဲ ယြီခ်င့္ဟြမ္၏ ေက်ာင္းေနဖက္သူငယ္ခ်င္းေတြက သူ၏ရမွတ္မွတ္တမ္းေတြ သူေက်ာင္းတြင္ရခဲ့သမွ်ဆုေတြကိုပါ ေဖာ္ထုတ္ခဲ့ျခင္းေၾကာင့္ အုတ္ေအာ္ေသာင္းတင္းေတြ ျဖစ္ကုန္ၾကရ၏။

တစ္ႏိုင္ငံလုံးတြင္ပထမေနရာရပ္တည္ေနေသာ ဟြာတကၠသိုလ္မွာ သူကဖိုင္နယ္တိုင္းတြင္ ၄ ႏွစ္တိုင္တိုင္ ပထမေနရာကိုခ်ိတ္ႏိုင္ခဲ့သည္။ ၿပီးရင္လဲ စေကာလားရွစ္ေတြ အၿမဲရယူႏိုင္ခဲ့၏။

ထို႔အျပင္ ၿပိဳင္ပြဲတိုင္းမွာသူရခဲ့ဖူးတဲ့ေအာင္ပြဲခံဒိုင္းဆုေတြဟာဆိုရင္ျဖင့္ ေသေလာက္ေအာင္မ်ားျပားခဲ့တာပင္! ဒီသူကၿဂိဳလ္သားမ်ားလား?

ထိုအတင္းတုတ္ေလဖုတ္ အင္တာနက္သုံးစြဲသူေတြမွာ ယြီခ်င့္ဟြမ္အေပၚ အေတာ္ေလး စိတ္ဝင္တစား ရွိၾကသည္။

တစ္ေန႔လည္ခင္းေလးႏွင့္ကို သူ႔ follower အေရအတြက္မွာတသန္းျပည့္သြားခဲ့ၿပီး အြန္လိုင္းဆယ္လီတေယာက္ႏွင့္ ႏႈိင္းယွဥ္ရသေလာက္နီးနီး ျဖစ္လို႔သြားေခ်၏။

ယြီခ်င့္ဟြမ္မွာ ပါးစပ္အ​ေဟာင္းသား ျဖစ္သြားရေလသည္။ သူဟာခုခ်ိန္မွာ သူ႔ကိုယ္သူစိတ္ဝင္စားဖြယ္မရွိ ပ်င္းရိၿငီး​ေငြ႕စရာအေကာင္းဆုံးပုံစံအေနနဲ႔ ခ်ျပထားတာျဖစ္သည္။ သူ႔မွာ ပုံတစ္ပုံ​ေတာင္ တင္ထားျခင္း မရွိေသးတာပင္။

ဒါကိုဘာလို႔ follower ေတြအရမ္းမ်ားေနရတာပါလိမ့္? ဒါႀကီးက ႐ူးသြပ္ခ်င္စရာပဲ!

သူဟာ စိတ္ပ်က္လက္ပ်က္နဲ႔ ဖုန္းကိုအိပ္ရာေပၚပစ္တင္လိုက္ကာ ဒီလူေတြက သူ႔အေပၚ ခဏတျဖဳတ္ စပ္စုစိတ္ဝင္စားျခင္းသာျဖစ္ၿပီး ရက္ပိုင္းေလးအတြင္းမွာအာ႐ုံမစိုက္ေတာ့ပဲ unfollow ျပန္လုပ္သြားဖို႔ကိုသာ ေမွ်ာ္လင့္မိေတာ့သည္။

႐ုတ္တရက္ဆိုသလိုတုန္ခါမႈတခုက သူ႔အေတြးကို ၾကားျဖတ္ေႏွာက္ယွက္ဝင္လာသည္။

သူက ဖုန္းကိုယူၾကည့္လိုက္ေသာ္ ထင္ထားတဲ့အတိုင္း ေက်ာက္ခ်င္းယြမ္ျဖစ္လို႔ေနတာကို ေတြ႕ရသည္။ ဒီလူ ၾကာၾကာမ​ေအာင့္ထားႏိုင္ဘူးဆိုတာ သူသိေန၏။

“ယြီခ်င့္ဟြမ္!”

ေက်ာက္ခ်င္းယြမ္၏ ႀကိမ္းေမာင္းေအာ္ဟစ္သံက တဖက္ျခမ္းကေန ၾကားရလို႔ေနသည္။

“မင္း ေနာက္ဆုံးေတာ့ ငါ့ဖုန္းကိုကိုင္ၿပီေပါ့ေလ..!”

“မင္း ငါ့ကိုတခါေခၚထားၿပီးၿပီးမဟုတ္ဘူးလား?”

ယြီခ်င့္ဟြမ္က အသက္မပါသလို​ေလသံနဲ႔ဆိုလိုက္၏။

ထို႔ေနာက္ TV ကို ဖြင့္လိုက္ေသာ္ ထုတ္လႊင့္ျပသေနသည္က ေက်ာက္ခ်င္းယြမ္၏အင္တာဗ်ဴးအစီအစဥ္ျဖစ္လို႔ေနသည္။

စိတ္လႈပ္ရွားေအာ္ဟစ္ဆူညံေနေသာ ပရိသတ္အုပ္လိုက္ႀကီးအလည္တြင္ ေက်ာက္ခ်င္းယြမ္၏ခံစားခ်က္မပါေသာမ်က္ႏွာမွာ စိတ္အာ႐ုံကို အျပည့္အဝ ဆြဲေဆာင္ထားႏိုင္၏။

သူ႔ကို႔အျပင္မွာ မသိတဲ့သူေတြကေတာ့ သူက တကယ့္ကို သာမာန္လူတေယာက္လို႔ ထင္မွတ္စရာရွိသည္။

“ဒါ လိုရင္းမဟုတ္ေသးဘူး”

ေက်ာက္ခ်င္းယြမ္က သူ႔စကားလုံးေတြေၾကာင့္ နင္လို႔သြားရရင္း ျပန္လည္ေမးခြန္းထုတ္လိုက္သည္။

“ငါ့ကို ဘာလို႔ကစားသြားရတာလဲ? မင္းက ငါနဲ႔ အတင္းတူတူတုတ္မယ္.. အခ်ိန္ျဖဳန္းမယ္ သေဘာတူထားၿပီးေတာ့? မင္းေျပာေတာ့ ငါတို႔က သူငယ္ခ်င္းေတြဆို...လူလိမ္!”

ခဏတျဖဳတ္​​ေလာက္ တိတ္ဆိတ္ၿငိမ္သက္သြားၿပီးေနာက္ ယြီခ်င့္ဟြမ္ကေျပာလိုက္၏။

“ငါ မထင္ထားဘူးေလ မင္းခုမွသိလိမ့္မယ္လို႔.. တကယ္လို႔မ်ား တေယာက္ေယာက္က ​သကၤတ​ေတာင္မကြဲတဲ့ တသတ္မတ္တည္းျဖစ္ေနတဲ့ စာႀကီးနဲ႔ ေတာက္ေလ်ာက္စာျပန္ေနရင္ သာမာန္လူဆို စကားနည္းနည္းေလာက္ေျပာၿပီးတာနဲ႔ တန္းသိသြားရမွာမဟုတ္ဘူးလား?”

ေက်ာက္ခ်င္းယြမ္က ေအာ္တိုရက္ပလိုင္းႀကီးနဲ႔ တေန႔ခင္းလုံးခ်က္ေနတာ ဘယ္လိုေတာင္တုံးအရတာလဲ!

ေက်ာက္ခ်င္းယြမ္, “....”

ယြီခ်င့္ဟြမ္က သူ႔အားေလွာင္ေျပာင္သေရာ္လို႔ေနတာ သူသိေနတယ္.. သူ႔ကို ငတုံး,အ႐ူး တခုခုလို႔ဆိုလိုခ်င္ေနတာ သူ​ေသခ်ာ​ေပါက္အာ႐ုံရလို႔ေနတယ္!

သို႔ေသာ္လည္း သူ႔မွာယြီခ်င့္ဟြမ္ႏွင့္ အခ်င္းမ်ားျငင္းခုန္ဖို႔သတၱိမရွိ ျဖစ္လို႔ေနသည္။

ထို႔ေၾကာင့္သာပဲ သူကလူၾကမ္းႀကီးတေယာက္လို ဟန္လုပ္ယူကာ

“ဘာပဲေျပာေျပာဒါမင္းအမွားပဲ...မင္းေၾကာင့္ ငါ့ follower ေတြဆီမွာ ငါအရွက္တကြဲအက်ိဳးနည္း ျဖစ္ခဲ့ရတယ္..သူတို႔က ငါ့ပုံရိပ္ေလးလုံးလုံး ပ်က္ျပားသြားၿပီဆိုေနၾကေသး...မင္း ငါ့ကို အေႂကြးတင္သြားၿပီ! ငါ့ကိုေတာင္းပန္ရမယ္!”

ယြီခ်င့္ဟြမ္, “…”

ယြီခ်င့္ဟြမ္; "ဒါ ဘာျဖစ္လို႔လဲဆိုရင္ မင္းက screenshot ေတြကို weibo မွာ သြားတင္တာကိုး”

ေက်ာက္ခ်င္းယြမ္. “!!!”

ဒါႀကီးက ဟုတ္သလိုလိုရွိသား...ေနပါဦး! ဒါက အေၾကာင္းရင္းမဟုတ္ဘူးေလ! အေၾကာင္းရင္းက ယြီခ်င့္ဟြမ္ သူ႔ကိုေတာင္းပန္ရမယ္!

“ဘယ္လိုပဲျဖစ္ျဖစ္ မင္းက ဒါေတြအားလုံးကိုစတင္ခဲ့တဲ့သူပဲ”

“ေကာင္းပါၿပီ...အခု ငါမင္းကိုဘယ္လိုနည္းနဲ႔ ျပန္ေတာင္းပန္ေပးရမလဲ? မင္းကို ညစာလိုက္ေကြၽးရမလား?”

ေက်ာက္ခ်င္းယြမ္လို IQ ငါးႏွစ္သားကေလးေလာက္သာရွိေသာသူႏွင့္ ယြီခ်င့္ဟြမ္မွာ ဆက္လက္ျငင္းခုန္လိုျခင္းမရွိတာေၾကာင့္ လက္ေျမႇာက္လိုက္ေတာ့၏။

“ငါ့ကို ညစာလိုက္ေကြၽးခ်င္သူေတြတပုံႀကီး ရွိေနေသးတယ္”

ေက်ာက္ခ်င္းယြမ္က သ​ေရာ္​ေတာ္​ေတာ္ဆိုလိုက္၏။
သူကမ်က္လုံးမ်ားကို​ေစြ​ေစာင္းကစားလိုက္ကာ ခ်က္ခ်င္းပဲအႀကံတခုရသြားေတာ့သည္။

“မင္း ငါ့အတြက္ကိုယ္တိုင္ခ်က္ေကြၽးရမယ္..”

အဆင့္အတန္းျမင့္မားကာ ႂကြယ္ဝခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္သခင္ေလးျဖစ္သည့္အေလ်ာက္ ေက်ာက္ခ်င္းယြမ္စဥ္းစားမိလိုက္သည္မွာ ကမာၻေပၚမွာ ဟင္းခ်က္တက္သူအနည္းငယ္သာ ရွိ​ေပ၏။

ထို႔အတြက္ေၾကာင့္ ဒီအရာကယြီခ်င့္ဟြမ္အေပၚစိန္ေခၚမႈႀကီးႀကီးမားမားျဖစ္သြားလိမ့္မည္ဟု သူက ​ေအာင့္​ေမ့​ေနေပသည္။

“ကိစၥမရွိဘူး”

ယြီခ်င့္ဟြမ္က တုံ႔ဆိုင္းျခင္းမရွိ သေဘာတူလိုက္ေသာအခါ ေက်ာက္ခ်င္းယြမ္ကို ေက်ာက္႐ုပ္ျဖစ္သြားေစသည္။

“ငါ မင္းကိုေျပာမယ္ေနာ္... အျပင္စာေတြ ဝယ္ေကြၽးလို႔ မရဘူးေနာ္...အကူမပါရဘူး မင္းဘာသာတစ္ေယာက္တည္းလုပ္ရမွာ!”

“ငါသိပါတယ္”

ယြီခ်င့္ဟြမ္က ဆိုလိုက္ရင္း အပူေပးစက္ကိုဖြင့္လိုက္၏။ ထို႔ေနာက္တြင္ လက္မ်ားကိုေႏြးလာေအာင္ အပူေပးလိုက္ရင္း ေမးလိုက္သည္။

“မင္းဘာစားခ်င္လဲ? နံ႐ိုးကင္ဆိုဘယ္လိုသေဘာရလဲ? “

ယြီခ်င့္ဟြမ္၏ အႀကီးမားဆုံးဝါသနာေတြထဲကတစ္ခုမွာ ဟင္းခ်က္တာျဖစ္ေပသည္။ သူငယ္ငယ္႐ြယ္႐ြယ္ႏွင့္ မိဘမ်ားဆုံးပါးကုန္ၾက၍လား မေျပာတက္ေပ။

လူႀကီးသူမေတြက သူ႔ကိုအေကာင္းဆုံးဂ႐ုစိုက္ခဲ့ေသာ္လည္း သူ႔တြင္လုံၿခဳံေႏြးေထၢးမႈ လစ္ဟာေနရဆဲျဖစ္သည္။

ဗလာက်င္းေနေသာေရခဲေသတၱာထဲကို ပစၥည္းပစၥယ မ်ိဴးစုံသြတ္သြင္းၿပီး ထိုအရာမ်ားႏွင့္အရသာရွိတာ​ေလးေတြလုပ္စားရျခင္းကမွ သူ႔ႏွလုံးသားထဲတြင္ရွိေနေသာ လစ္ဟာမႈအားကြက္လပ္ျဖည့္ေပးႏိုင္ၿပီး သူ႔အတြက္ လုံၿခဳံစိတ္ခ်ရတဲ့ခံစားခ်က္ကို ရေပ၏။

ဟင္းခ်က္ျခင္းတြင္ သူ႔မွာေမြးရာပါေကာင္းမြန္တဲ့စြမ္း​ေဆာင္ရည္ရွိေလသည္။

ႏွေျမာစရာေကာင္းသည္မွာ အလ်င္ဘဝတုန္းက သူ႔တြင္ သူငယ္ခ်င္း မ်ားမ်ားစားစား မရွိခဲ့သည့္အျပင္ သူ႔ကိုယ္သူ သင့္တင့္​ေကာင္းမြန္သည့္ခႏၶာကိုယ္အခ်ိဳးအစားထိန္းသိမ္းရမည္ျဖစ္တာေၾကာင့္ သူ႔ရဲ႕တဖက္ကမ္းလြန္ေအာင္ေကာင္းသည့္ ဟင္းခ်က္စြမ္းရည္မွာ လုံးဝအလဟသ ျဖစ္ခဲ့ရေပ၏။

အ႐ိုးသားဆုံးေျပာရမည္ဆိုလွ်င္ သူသည္ေက်ာက္ခ်င္းယြမ္ေတာင္းဆိုမႈအား အတန္ငယ္ဝမ္းသာသြားတယ္ဆိုရမည္။

ဘာပဲေျပာေျပာ တစုံတေယာက္က သူကိုယ္တိုင္လုပ္ေပးထားတဲ့ ဟင္းလ်ာေတြကို ေတာင္းဆိုတာ.. သုံးေဆာင္ေပးတာက တကယ့္ကို ဝမ္းေျမာက္စရာကိစၥပင္။

“ဒါ…ဒါေကာင္းတာေပါ့!”

ေက်ာက္ခ်င္းယြမ္မွာ တံေတြးေတြအခါခါျပန္မ်ိဳခ်ေနမိသည္။

သူ​ဟာ “The line of Life and Death” ဇာတ္ကားအတြက္ ဝိတ္ေလ်ာ့ေနရခ်ိန္ျဖစ္သည္။

သူ႔ခမ်ာ နံ႐ိုးကင္ဆိုတာကို စားေတာင္မစားရေသး အသံၾကားယုံနဲ႔ သြားရည္တျမားျမားျဖစ္လို႔ေနေခ်ၿပီ။

“ဒါဆို ငါမင္းနဲ႔႐ိုက္ကြင္းမွာဆုံမယ္”

ထိုသို႔ေျပာၿပီးတာႏွင့္ ယြီခ်င့္ဟြမ္မွာဖုန္းခ်ရန္ျပင္လိုက္ေသာ္လည္း ေက်ာက္ခ်င္းယြမ္က သူ႔အားတားလိုက္၏။

“ေနဦး! ဘယ္အခ်ိန္ေလာက္ေရာက္မွာလဲ? ငါမင္းကို အေပါက္ဝမွာလာႀကိဳမယ္ေလ”

သူ႔ကိုႀကိဳမယ္? ေသခ်ာေပါက္နံ႐ိုးကင္ကိုလာႀကိဳမွာမ်ား.. သို႔ေသာ္လည္း ယြီခ်င့္ဟြမ္က သူစကားအေပၚ အယုံအၾကည္မရွိစြာျဖင့္

“၈ နာရီေလာက္ေပါ့”

“အိုေက နက္ျဖန္ေတြ႕ၾကမယ္..”

လြန္ခဲ့တဲ့ရက္အနည္းငယ္ေလာက္ကပဲ ယြီခ်င့္ဟြမ္မွာ သူ႔ေရခဲေသတၱာထဲသို႔ စားစရာေသာက္စရာ အစုံအလင္ဝယ္ျခမ္းထည့္ခဲ့ၿပီးျဖစ္သည္။

ထို႔အတြက္ေၾကာင့္ ပါဝင္ပစၥည္းပစၥယမ်ားကို သြား​ေရာက္ဝယ္ယူရန္ မလိုေတာ့ေပ။

ဒီတေခါက္က သူျပန္လည္ေမြးဖြားၿပီးခ်ိန္ကစလို႔ ပထမဆုံးအႀကိမ္ခ်က္ျပဳတ္ျခင္းျဖစ္သည့္အ​ေလ်ာက္ သူ႔မွာအထူးတလည္စိတ္လႈပ္ရွားေနမိ၏။

ကြာလတီေကာင္းမြန္ေသာနံ႐ိုးကို အ႐ြယ္အစားတူညီစြာ လွီးျဖတ္ထားလိုက္ၿပီး အရသာမႈန႔္ေတြႏွင့္ နယ္ႏွပ္ထားကာ အကင္စက္ထဲထည့္ကင္ထားလိုက္ၿပီးရင္ ပ်ားရည္၊သံပရာ၊ပဲငံျပာရည္အၾကည္၊ဟင္းခ်က္ဝိုင္တို႔ျဖင့္ ဘာဘီက်ဴးေဆာ့စ္ကိုလုပ္ထားကာ အကင္ဖိုထဲရွိ နံ႐ိုးမ်ားစတင္တရွဲရွဲျမည္လာသည္ႏွင့္ မ်က္ႏွာျပင္ေပၚသို႔ ေဆာ့စ္ကိုသုတ္လိမ္းေပးလိုက္ၿပီး ဟိုဘက္လွန္ဒီဘက္လွန္ျဖင့္ ဆက္တိုက္ကင္ေပးေနသည္။

ေသးငယ္ေသာ္လည္း သပ္ရပ္သန႔္ရွင္းေနသည့္ မီးဖိုေခ်ာင္တြင္ အကင္စက္ကထြက္လာေသာ ေႏြးေထြးသည့္ မီးေရာင္ခပ္ပ်ပ်မွာ ယြီခ်င့္ဟြမ္မ်က္နာႏုႏုထပ္ ေရာင္ျပန္ဟပ္ေနၿပီး လိုက္ဖက္ညီပနံသင့္လွေသာ ျမင္ကြင္းတခုျဖစ္လို႔ေနေခ်၏။

အကင္စက္ကိုဖြင့္လိုက္တာႏွင့္တၿပိဳင္နက္ ႀကိဳင္လႈိင္သင္းပ်ံ႕ေနေသာ ဘာဘီက်ဴးရနံ႔မွာ မီးဖိုေခ်ာင္တခုလုံးကို ခ်က္ခ်င္းလက္ငင္း ေနရာယူလို႔သြားေတာ့သည္။

နံ႐ိုးမွာ အေနေတာ္ေလးကင္ၿပီးျဖစ္ကာ ႏူးႏူးအိအိ.. အရည္႐ႊမ္းကာနီျမန္းေနၿပီး တပ္မက္ဖြယ္အတိျဖစ္ေနသည္။ ၾကည့္ေနယုံမွ်ႏွင့္ကို သေရတမ်ားမ်ားျဖစ္လာေစသည္အထိပင္။

တခုတည္းေသာမျပည့္စုံမႈကေတာ့ သူ အလြန္အကြၽံ လုပ္ထားမိျခင္းပင္။ သို႔ေသာ္လည္း ထိုေနရာတြင္ လူေတြအမ်ားအျပားရွိေနေလာက္သည္။

ေက်ာက္ခ်င္းယြမ္မွ တျခားသူေတြႏွင့္အတူ မွ်ေဝစားလို႔ရ၏။ ထို႔ေၾကာင့္သာပဲ ဒီအခ်က္ကိုသာ ထည့္တြက္မည္ဆိုရင္ ဒီပမာဏက အေနေတာ္အိုေကပင္။

ယြီခ်င့္ဟြမ္မွာ အပူခံထမင္းဘူးယူကာ နံ႐ိုးေတြကို အစီအရီထည့္လိုက္ၿပီး ေနာက္တေန႔ နံနက္ေစာေစာေရာက္လွ်င္ ႐ိုက္ကြင္းေနရာသို႔ ယူ​ေဆာင္သြားေလေတာ့သည္။

ယြီရွင္းမွာမက္မြန္႐ြာမွာပဲရွိေနေသးသည္။ ထိုလူေတြႏွင့္ စီစဥ္စရာရွိတာေတြ မၿပီးျပတ္ေသးပုံရသည္။ ထိုေၾကာင့္ ယြီခ်င့္ဟြမ္မွာ ႐ိုက္ကြင္းသို႔တေယာက္တည္းသာ ​ေရာက္လာရေတာ့သည္။

ေနာက္လိုက္ေႁခြရံသင္းပင္းေတြ ဝန္းရံေနသည့္ တျခားအႏုပညာရွင္မ်ားႏွင့္ႏႈိင္းယွဥ္ပါက သူ႔ပုံစံမွာ မ်က္ႏွာမြဲတေယာက္ပုံေပါက္လို႔ေနေခ်သည္။

ဘယ္လိုေတာင္ၾကည့္ေကာင္းလိုက္တဲ့ျမင္ကြင္းလဲ!

အေပါက္ဝတြင္ နံနက္ေစာေစာစီးစီး ေစာင့္ဆိုင္းလို႔ေနသည့္ ေက်ာက္ခ်င္းယြမ္မွာ ယြီခ်င့္ဟြမ္ေရာက္လာလာခ်င္း လွမ္းျမင္လိုက္ရသည္။

ဘာေၾကာင့္မွန္းမသိ ပထမေတာ့ သူက နံ႐ိုးကင္ကို လွမ္းေမးေတာ့မလို႔ပင္။

သို႔ေသာ္ သူ႔ပါးစပ္ကထြက္လာသည့္စကားကေတာ့

“ဘာလို႔တေယာက္တည္းလာရတာလဲ? မင္းရဲ႕ေအးဂ်င့္ေကာ? ဘာပဲ​ေျပာ​ေျပာ ဒါမင္းရဲ႕ပထမဆုံး ပြဲဦးထြက္ဇာတ္ကားေလ..ဘာလို႔တေယာက္မွ လိုက္မပို႔ရတာလဲ?”

သူက ကုမၸဏီမွာ လစ္လ်ဴရႈခံထားရတာမ်ားလား?
ဒါကိုေတြးမိေတာ့ ေက်ာက္ခ်င္းယြမ္၏မ်က္ႏွာမွာ ခ်က္ခ်င္းကို မႏွစ္ၿမိဳ႕ေသာအမူအရာေပါက္သြားရသည္။

သူ႔အေတြးေတြကို ေဖာက္ထြင္းျမင္လိုက္ရေသာ ယြီခ်င့္ဟြမ္မွာ ေႏြးေထြးမႈေရစီးေၾကာင္းေလးကို ရင္ဘတ္ထဲခံစားလိုက္ရသည္။

ေန႔လည္စာထမင္းဘူးကို သူ႔အားကမ္းေပးလိုက္ၿပီးသည္ႏွင့္ သူတို႔ဟာ အတူတကြအထဲဝင္သြားၾကေလသည္။

“ငါ့ေအးဂ်င့္က ငါ့အတြက္တေနေနရာသြားေပး​​ေနလို႔ပါ”

“ငါသိသားပဲ ..မင္းကဒီေလာက္ေတာ့ႏုံခ်ာမေနပါဘူးဆိုတာ..”

ေက်ာက္ခ်င္းယြမ္က သူလက္မ်ားကို ယြီခ်င့္ဟြမ္ ပခုံးေပၚသို႔ တင္လိုက္ရင္း ၿပဳံးကာရယ္ကာျဖင့္ ေျခလွမ္းေတြ အရွိန္တင္လိုက္ကာ

“လာ ျမန္ျမန္ေလး..ငါသူတို႔ကို မိုက္ခ႐ိုေဝ့ယူလာခိုင္းထားတယ္..”

ယြီခ်င့္ဟြမ္မွာေတာ့ ႏႈတ္ခမ္းမ်ားတြန႔္သြားရရင္း သူက နံ႐ိုးကင္ေလးစားဖို႔အတြက္နဲ႔ မိုက္ခ႐ိုေဝ့ဖ္ကိုေတာင္ ဝယ္လိုက္ေသးတယ္ေပါ့? ဒါက တကယ့္ကို လူခ်မ္းသာေတြရဲ႕ ဓ​ေလ့စ႐ိုက္ပဲ ျဖစ္ကမယ္...

အခုခ်ိန္မွာ တႏွစ္တာ၏အေအးဆုံး အခ်ိန္ကာလျဖစ္သည္။ ေန႔လည္စာဘူးထဲရွိ နံ႐ိုးမ်ားမွာ မေအးခဲေနေသာ္လည္း ယြီခ်င့္ဟြမ္မွာ အမ်ားႀကီးယူလာခဲ့သည္ျဖစ္တာေၾကာင့္ ႏွံ႔ႏွံ႔စပ္စပ္ေလး အပူမေရာက္မွာ စိုးရိမ္သည့္အတြက္ ၈ မိနစ္ေလာက္ ေႏႊးထားခဲ့သည္။

သို႔ေသာ္လည္း ေက်ာက္ခ်င္းယြမ္မွာ စိတ္ျမန္လက္ျမန္ျဖစ္သည့္အ​ေလ်ာက္ ၅ မိနစ္သာသာေလးမွာတင္ ေနာက္ထပ္မေစာင့္ႏိုင္ေတာ့ပဲ မိုက္ခ႐ိုေဝ့ဖ္ကိုဆြဲဖြင့္ကာ နံ႐ိုးမ်ားကိုယူထုတ္ေခ်ေတာ့သည္။

ထူးကဲလွသည့္ရနံ႔မွာ ခ်က္ခ်င္းေမႊးႀကိဳင္သင္းပ်ံ႕သြားရရင္း ေက်ာက္ခ်င္းယြမ္ကို သေရတျမားျမား ျဖစ္လို႔လာေစသည္။

သူက လက္ေခ်ာင္းႏွစ္ေခ်ာင္းႏွင့္ ကိုင္တြယ္ယူလိုက္ရင္း ပါးစပ္ထဲတခါတည္းထိုးထည့္လိုက္၏။

အထူးတလည္​ေကာင္းမြန္သည့္ ဘာဘီက်ဴးအရသာမွာ သူ၏လွ်ာေပၚတြင္ စြဲထင္သြားရရင္း ခံတြင္းတခုလုံးသို႔ ပ်ံႏွံ႔လို႔သြားေခ်ေတာ့သည္။

သူ႔ပါးစပ္မွာ အပူေလာင္သြားရေသာ္လည္း ေက်ာက္ခ်င္းယြမ္မွာ ထိုအရာကို ျပန္လည္ေထြးထုတ္ဖို႔ စိတ္ကူးမရွိေပ။

ပထမတခု​ေတာင္စားလို႔မကုန္​ေသး သူ႔လက္မ်ားမွာ ေနာက္တခုသို႔​​ေရာက္လို႔ေနေခ်ၿပီ။

ထိုအေတာအတြင္း သူကယြီခ်င့္ဟြမ္ဆီ ေနာက္လက္တဖက္ျဖင့္ လက္မေထာင္ျပလိုက္ရင္း

“ဟီး ဟီး ဒါက ေသေလာက္ေအာင္ အရသာရွိတယ္ကြ!”

“ဘာက ဒီေလာက္ေမႊးေနတာလဲ?”

အသံခပ္ၾကမ္းၾကမ္းတခုက ေက်ာဘက္ကေန ႐ုတ္တရက္ေပၚထြက္လို႔လာေခ်သည္။

လ်ိဴက်ားအန႔္မွာ အနံ႔ေနာက္သို႔ေျခရာေကာက္ရင္း သူတို႔ထံေရာက္လာျခင္းျဖစ္ေပ၏။

ေက်ာက္ခ်င္းယြမ္လက္ထဲမွထမင္းဘူးကို ျမင္လိုက္ေသာ္ သူ႔မ်က္လုံးမ်ားက ဝင္းဝင္းေတာက္ပသြားရ၏။

“မင္း နံ႐ိုးေတြဘယ္ကရလာတာလဲ? လာစမ္းပါ ... ငါ့ကို နည္းနည္းေကြၽးဦး!”

သူတို႔႐ိုက္ကြင္းေနရာမွာ လူသူအေရာက္အေပါက္နည္းသည့္ ေဝးလံေခါင္ဖ်ားေသာေနရာျဖစ္ေပသည္။

အနီးတဝိုက္တြင္ စားေသာက္ဆိုင္မေျပာနဲ႔.. ငွက္တေကာင္တေလ ျမင္ရဖို႔ေတာင္ ခဲယဥ္းလွ​​ေပ၏။

လ်ိဴက်ားအန႔္မွာ ဒီအေတာအတြင္း ဝိတ္အေတာ္ေလးက်သြားေခ်သည္။

အခုလိုခ်ိန္မွာ အသားျမင္လိုက္ရေသာ္ သူ႔ပုံရိပ္?
အသားနဲ႔တူတူ ေပ်ာက္ကြယ္လို႔သြားေခ်ၿပီ!

သူက ေက်ာက္ခ်င္းယြမ္ဆီသို႔ ေျခကုန္သုတ္ကာ သူ၏ထမင္းဘူးကို အလစ္သုတ္လိုက္​​ေခ်ေတာ့သည္။

ေက်ာက္ခ်င္းယြမ္မွာေတာ့ မ်က္လုံးထဲတြင္ မ်က္ရည္မ်ားျပည့္လွ်ံလာေအာင္ ငို​ေတာ့မလိုျဖစ္ေန​ေခ်ၿပီ။

“ခ်င့္ဟြမ္က ကြၽန္ေတာ့္အတြက္လုပ္ေပးထားတာ!”

“ကပ္ေစးမနဲစမ္းပါနဲ႔..သူ႔ကို ေနာက္တေခါက္ထပ္လုပ္ေပးဖို႔ေတာင္းဆိုလို႔ရတာပဲ..”

တခ်က္ေရွာင္တိမ္းလိုက္ရင္း လ်ိဳက်ားအန႔္မွာ ေက်ာက္ခ်င္းယြမ္လက္ထဲက လြတ္ေျမာက္လို႔သြားကာ နံ႐ိုးကင္ႏွစ္ခုကို  သူ႔ပါးစပ္ထဲသို႔ တခါတည္း သြတ္ထည့္လိုက္သည္။

“ေတာ္ေလာက္ၿပီ ေတာ္ေလာက္ၿပီ!”

ေက်ာက္ခ်င္းယြမ္ႏွလုံးသားေလးမွာေတာ့ ေသြးစက္စက္ယိုလို႔ေနေခ်ၿပီ။

ျပန္ဆြဲလုယူဖို႔ သူႀကံ႐ြယ္ေနစဥ္မွာပဲ လူအုပ္ႀကီးတအုပ္မွာ သားေကာင္ေတြ႕လိုက္တဲ့ ေျမေခြးအလား အုပ္လိုက္ ဒီေနရာသို႔ေျပးခ်လာေတာ့သည္။

“ခင္ဗ်ား ဘာေတြစားေနတာလဲ လ်ိဴ? လာစမ္းပါ .. နည္းနည္းေလာက္မွ်ပါဦး!”

“နံ႐ိုး! နံ႐ိုး ! လာစမ္း ခင္ဗ်ားတေယာက္တည္း အကုန္စားလို႔ ျဖစ္ေခ်မလား!”

“ေကာင္းလိုက္တဲ့အနံ႔ေလး! ငါဟိုနားေလးကတင္ ရေနတာ! လာစမ္း ငါ့ကိုတခုေကြၽး”
......

အႀကံေပးဆရာ ဇာတ္ၫြန္းေရးဆရာ ပ႐ိုဂ်ဴဆာ အားလုံးက အလြန္ဆာေလာင္မြတ္သိပ္ေနေသာ ဝံပုေလြအုပ္ႀကီးလို ႐ုတ္တရက္ ေရွ႕ကိုတိုးေဝွ႔​ေရာက္လာၾကသည္။

ေက်ာက္ခ်င္းယြမ္ အသိစိတ္ျပန္ဝင္ခ်ိန္ေရာက္ေသာအခါမွာေတာ့ ထမင္းဘူးေလးမွာ ေျပာင္သလင္းခါလို႔ေနေခ်ၿပီ ျဖစ္သည္။

သူ႔ထမင္းဘူးအလြတ္ေလးကို ျမင္လိုက္တာႏွင့္ ေက်ာက္ခ်င္းယြမ္မွာ အမုန္းတရားေတြ ျပည့္လွ်ံေနေသာ မ်က္ဝန္းမ်ားျဖင့္ သူ႔အစာကို ဓါးျပတိုက္လုယူသြားေသာ ထိုသူမ်ားကို ပိုက္ေစ့တိုက္ လိုက္လံၾကည့္ရႈလို႔ေနေခ်သည္။

ခုခ်ိန္မွာ​​ေတာ့ ထိုလူေတြဟာ သူတို႔မွာ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုရွင္ဆီကေန အစာကို လုယူစားေသာက္သြားမိတယ္ဆိုတာကို သေဘာေပါက္သြားေခ်ၿပီ ျဖစ္သည္။

သူ႔တို႔မွာ ကမန္းကတန္းထြက္ေျပးသြားၾကၿပီး ထမင္းဘူးအလြတ္ေလးကို ငိုင္ၾကည့္ေနသည့္ ေက်ာက္ခ်င္းယြမ္ကို တေယာက္တည္း ထားပစ္ထားခဲ့ေခ်သည္။

သူ၏ပါပီမ်က္လုံးမ်ားကို ျမင္လိုက္ေသာ္ ယြီခ်င့္ဟြမ္ႏွလုံးသားမွာ ခ်က္ခ်င္းႏူးညံ့ေပ်ာ့ေပ်ာင္းသြားရ၏။

သူ႔နားကပ္သြားၿပီး ေနာက္တေခါက္ထပ္ခ်က္ေပးမယ္လို႔ ေျပာမည္လုပ္စဥ္မွာပဲ တစုံတေယာက္က သူ၏လက္ကို ေနာက္ကေန ဖမ္းဆြဲလိုက္ေလ၏။

ေနာက္ျပန္လွည့္ၾကည့္လိုက္ေသာ္ ပါးသိုင္းေမႊးမ်ားႏွင့္ လူအိုႀကီးတေယာက္က သူ႔အား ဝံပုေလြမွ သားေကာင္ငယ္ေလးကို ၾကည့္​ေနသည့္အလား စူးစူးဝါးဝါးၾကည့္လို႔ေနကာ

“မင္းက ယြီခ်င့္ဟြမ္လား? မင္းငါ့ကို ေန႔လည္စာေလး ႏွစ္ခါေလာက္လုပ္ေကြၽးရင္ ငါမင္းကို အဓိကသ႐ုပ္ေဆာင္အေနနဲ႔ အထူးသီးသန႔္ ဇာတ္ၫႊန္းေရးေပးမယ္...ဘယ္လိုသေဘာရလဲ?”

ထိုသူမွာ ရာဇဝင္တြင္သည့္ ဇာတ္ၫႊန္းေရးဆရာ စန္းေဖ့ယုံျဖစ္ကာ ေခါင္းေၾကာမာကာ တမူထူးျခားသည့္ စိတ္ေနစိတ္ထားရွိသူျဖစ္ၿပီး ပိုက္ဆံဘယ္ေလာက္ပုံေပးေပး ဘယ္အႏုပညာရွင္အတြက္မွ ဇာတ္ၫႊန္း ေရးမေပးခဲ့ေသာသူ ျဖစ္လို႔ေနေခ်၏။

ယြီခ်င့္ဟြမ္, “….”

ေန႔လည္စာေလး၂နပ္ေလာက္နဲ႔ သူ႔ကို အဓိကသ႐ုပ္ေဆာင္အေနထားၿပီး စန္းေဖ့ယုံကိုယ္တိုင္
ေရးေပးမယ့္ ဇာတ္ၫႊန္းလဲရမယ္?

ဒါ အိပ္မက္မက္ေနတာပဲ ျဖစ္ရမယ္!
.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,

T/N>>> ၾကားထဲမွာ အပ္ဒိတ္အရမ္းၾကာသြားလို႔ေတာင္းပန္ပါတယ္ေနာ္ ဒီလို အခ်ိန္ကာလႀကီးမွာ အားလုံးစိတ္ေျပလက္ေပ်ာက္ျဖစ္ေစဖို႔ အပ္ဒိတ္ေလးေတြ မွန္မွန္ျပန္တင္ေပးေတာ့မယ္ရွင္....

အားလုံးပဲဂ႐ုစိုက္ၾကပါ တို႔ေတြေအာင္ပြဲနဲ႔ နီးကပ္ေနပါၿပီ ဖိုက္တင္း.....

View ,vote ,comment ,follower ေလးေတြ ေပးတဲ့ တေယာက္စီတိုင္းကို ေက်းဇူးတင္ပါတယ္ ❤

Continue Reading

You'll Also Like

1.4M 59.3K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
605K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
308K 34.9K 35
Title - A contractual marriage with the best leading actor Author - Gu Zheng (故筝) Genre- Comedy ,Drama ,Romance , Shounen Ai Slice of Life, Yaoi S...