๐™ƒ๐™š ๐˜ฝ๐™š๐™›๐™ค๐™ง๐™š ๐™ˆ๐™š {Comp...

By Iris_Choi

307K 25.5K 2.9K

- "I am not the one you love But I am the one who loves you" - ... More

(( 1 ))
(( 2 ))
(( 3 ))
(( 4 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 10 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
(( 23 ))
(( 24 ))
(( 25 ))
(( 26 ))
(( 27 ))
(( 28 )) - Final
Extra ๐Ÿ’œ

(( 18 ))

7.9K 759 79
By Iris_Choi

Unicode

စံအိမ်ကနေထွက်လာခဲ့ပြီးနောက် မောင်နှမနှစ်ယောက်အရင်ကနေခဲ့သည့် ခေါင်မိုးထပ်အိမ်လေးသို့ပြန်ရောက်လာခဲ့ပြန်သည်။ သို့သော်အခုတစ်ခေါက်ဤအိမ်လေးသို့ပြန်လာရတာ ပေါ့ပါးပျော်ရွှင်မနေသလိုနွေးထွေးလုံခြုံမှုရှိသည်လို့လည်းမခံစားရတော့။

Taehyungငယ်ငယ်ကတည်းကကြီးပြင်းလာသည့်နေရာလေးမလို့ လူမနေဖြစ်တော့တာတောင်Jeon...အာ... Jungkookကလူလွှတ်ပြီးအမြဲသန့်ရှင်းခိုင်းနေကျမလို့ ဖုန်ထူထပ်မှာတွေမပူရအချိန်မရွေးလူနေလို့ရနိုင်သည်။

ထိုလူသားအကြောင်းတွေးမိလိုက်သည်နှင့် မျက်ရည်တို့ကမထိန်းနိုင်။ နှလုံးသားတစ်ခုလုံးပေါက်ထွက်မတတ်နာကြင်ရပါသည်။

Noonaကတော့အရိပ်အခြေသိနေသည်လား လိမ္မာတယ်ပဲဆိုရမလားမသိ။ အရင်လိုတဂျီဂျီနဲ့ဂျီမကျတော့ပဲ သူ့ဘာသာတစ်နေရာတွင်သူ့အရုပ်လေးတွေဖြင့်ကုပ်ကုပ်လေးငြိမ်ထိုင်ဆော့နေကာ တချက်တချက်သူ့အားလှမ်းလှမ်းကြည့်နေသည်။

ဦးနှောက်တစ်ခုလုံးနှောက်ကျိနေသလို ရင်ဘတ်တစ်ခုလုံးလဲဟင်းလင်းပြင်ကြီးထဲရောက်နေသလို အသိစိတ်တို့လဲရှိမနေနိုင်တော့။ ဘာတွေးလို့တွေးရမှန်းမသိတော့သလို ဘာဆက်လုပ်လို့လုပ်ရမယ်မှန်းလဲမသိတော့။

အမုန်းတွေ အချစ်တွေ ခွင့်လွှတ်မှုတွေ နာကြင်မှုတွေအကုန်ရောထွေးနေကာဘာမှမစဉ်းစားနိုင်။  စံအိမ်ကထွက်လာကတည်းကတောက်လျှောက်ငိုနေမိတာ။ အိမ်ရောက်တော့လည်း Noon​aကိုအာရုံမစိုက်နိုင်။  အရင်ကနေခဲ့သည့်အခန်းငယ်လေးထဲကကုတင်လေးပေါ်တွင် ခွေခွေလေးအိပ်စက်ပြီးတော့သာအနားယူချင်မိသည်။

ကျုံ့ကျုံ့ကလေးလှဲကာမျက်လုံးစုံမှိတ်မိတော့ ညတိုင်းခိုဝင်အိပ်စက်ခဲ့ဖူးသည့် နွေးထွေးလုံခြုံမှုတွေပေးခဲ့သည့်ရင်ခွင်တစ်ခု၏ပိုင်ရှင်ကအတွေးအာရုံတို့တွင်ဝင်ရောက်လာသည်။

"အင့်....ဟင့်အင်း ....Jeonထင်လို့ပါ... ဟုတ်တယ်Jeonထင်ခဲ့လို့ပါ..."

ဖော်ပြလို့မရသည့်နာကြင်မှုနှင့်အတူ ရင်ဘတ်ထဲစို့နင့်မှုတို့ကဘာကြောင့်ဖြစ်မှန်းမသိ။ ခွေခွေလေးလှဲအိပ်နေရာမှ ကျုံ့သထက်ကျုံ့လိုက်ရက်းကွေးကွေးကလေးကြိတ်ငိုမိပြန်သည်။

သူဘာကြောင့်များမရိပ်ခဲ့မိရတာပါလိမ့်??

မိမိချစ်သူJeonမဟုတ်ဘူးဆိုတာကိုတောင်မသိပဲ ထိုလူသားဆီကလိုအပ်သည်ထက်ပိုခဲ့သော အချစ်တွေကိုခံယူခဲ့မိသည်။ ပျော်ဝင်မိခဲ့သည်။ နှလုံးသားချင်းရော ခန္ဓာကိုယ်ချင်းရောရင်းနှီးခဲ့ကြသည်။ ထိုလူသားဆီမှာ Taehyungအရာရာကျရှုံးခဲ့ရပါသည်။

Jeonသေသွားခဲ့တာတောင်မသိပဲ...Jeonမဟုတ်တဲ့ထိုလူသားကို နှလုံးရောဘဝတစ်ခုလုံးရောပုံအပ်မိခဲ့သည်။ သူလောက်မိုက်မဲတဲ့လူ နုံချာတုံးအလွန်းသည့်သူကမ္ဘာပေါ်တွင်မရှိလောက်တော့။

တကယ်ကိုထိုလူသားရဲ့အလိမ်အညာတွေကြားထဲမှာပျော်ပျော်ကြီးသာယာနေခဲ့မိသည်။ မိမိချစ်သူလို့အထင်မမှားရအောင်ကို ထိုလူသားဟာမိမိစိတ်နှလုံးအစုံကိုပြုစားထားခဲ့သည်။

မင်းဟန်ဆောင်ကောင်းလွန်းတယ်Jungkook။ မင်းအရမ်းတော်ခဲ့တယ်။ ငါ့နှလုံးသား ငါ့ဘဝကိုပြောင်းပြန်လှန်အောင် တကယ်ကိုမင်းတစ်ယောက်တည်းလုပ်ခဲ့တာပဲ။

မင်းငါ့ကိုချစ်တယ်ဆိုတာ ဒီလိုပုံစံတွေလားJungkook?? ဒီလိုငါ့ဘဝကိုပြဿနာမျိုးစုံဖန်တီးပြီးတော့မှ ချစ်တယ်ဆိုတာတွေလားJungkook...

မုန်းတယ်....မရေရာတဲ့အကြောင်းပြချက်တွေပေမဲ့ ငါမင်းကိုမုန်းတယ်Jungkook...

-
-
-
-
-
-
-
-

အုံ့မှိုင်းနေသည့်ကောင်းကင်ကြီးသည် မကြာခင်မိုးများရွာသွန်းတော့မည့်ဟန်တွင်ရှိသည်။ လေအေးတို့ကလည်းတဖြူးဖြူးတိုက်ခတ်နေတာကြောင့် လက်ထဲတွင်ကိုင်လာသည့်ပန်းစည်းထဲကပွင့်ဖတ်တို့ပင်တလွင့်လွင့်။

မို့မောက်နေသည့်မြေပုံပေါ်တွင် မြက်ခင်းစိမ်းစိမ်းတို့ကနေရာယူလျက်ကြည့်ကောင်းစွာရှိနေသည်။ လက်ထဲမှပန်းစည်းအဖြူလေးကို မြေပုံဘေးကနာမည်ထိုးထားသည့်အုတ်ခုံလေးပေါ်တွင်တင်လိုက်ရင်း သူပါဒူးထောက်ချမိတော့သည်။

'Jeon Jungkook' ဆိုပြီထိုးထွင်းထားသည့်အုတ်ဂူကလေး။

တကယ်ဆိုသူမှမဟုတ်ပါလေ။

"Hyung...ကျွန်တော်ရောက်ပြီ"

ပြောရင်းနှင့်ပင်မျက်ရည်တို့ကမထိန်းနိုင်စွာစတင်ကျဆင်းလာသည်။

မြေပုံလေးဘေးတွင်ဒူးထောက်လျက် ရင်ဘတ်အစုံကိုလက်ဖြင့်ဖိကာတင်းကြပ်စို့နင့်ကိုထိန်းချုပ်ထားရသည်။

"ကျွန်တော် ... ကျွန်တော်တောင်းပန်ပါတယ်  Hyungနေရာမှာနေပြီး Taehyungကိုအဆုံးထိပျော်ရွှင်အောင်မထားပေးနိုင်ခဲ့လို့.... Hyungကိုယ်တိုင်ဝတ်ပေးခဲ့တဲ့ဒီလက်စွပ်ရဲ့ပိုင်ရှင်နေရာကိုမထိန်းသိမ်းနိုင်ခဲ့လို့တောင်းပန်ပါတယ် ... အင့်... ကျွန်တော် ...ကျွန်တော်အရမ်းပင်ပန်းနေပြီHyung..."

ငိုကြွေးခြင်းဆိုတာJungkookဘဝအတွက် အရှုံးတစ်ခုလို့အမြဲသတ်မှတ်ခဲ့သည့်ကိစ္စတစ်ခု။ အခုတော့သူငိုကြွေးနေရပြီ။ အချစ်တစ်ခုကြောင့် အရှုံးဒဏ်က်ုအလူးအလိမ့်ခံစားနေရပြီဖြစ်သည်။

"Hyungရဲ့ချစ်သူကို ပိုင်ဆိုင်ထားခဲ့မိလို့တောင်းပန်ပါတယ်...Hyungရဲ့သက်ဆိုင်သူဖြစ်သွားခဲ့တာတောင် ကျွန်တော့်ရဲ့အချစ်တွေကိုမရပ်တန့်နိုင်ခဲ့ဘူး...Hyungတောင်တစ်ခါမှမပိုင်ဆိုင်လိုက်ရတဲ့သူ့ကို ကျွန်တော်ကပဲသိမ်းပိုက်နေမိခဲ့လို့လဲတောင်းပန်ပါတယ် ... အတတ်နိုင်ဆုံးသူ့ကိုမထိတွေ့မိအောင် ထိန်းပေမဲ့ အဲ့နေ့ကသူ့ကိုချစ်တဲ့စိတ်တွေကို မထိန်းချုပ်နိုင်ခဲ့တာမလို့ကျွန်တော်စိတ်လိုလက်ရပြုမှုခဲ့မိတဲ့အတွက်လည်း နောက်ဘဝကျရင်ကျိန်းသေပေါက်ဒူးထောက်ပြီးတောင်းပန်ပါ့မယ်Hyung..."

Jungkookရဲ့ရှိုက်ကြီးတငင်ငိုကြွေးသံတို့ကို Taehyungခပ်လှမ်းလှမ်းအကွယ်တစ်နေရာကနေနားစွင့်ကာစောင့်ကြည့်နေမိသည်။ သူကိုယ်တိုင်လည်းမျက်ရည်တွေကျဆင်းလျက်။

ရက်အတော်ကြာအိမ်တွင်းအောင်းပြီးငိုကြွေးနေခဲ့မိတာမလို့ ဒီနေ့တစ်ရက်တော့Jeonဆီလာတွေ့ကာတောင်းပန်ပြီးခွင့်လွှတ်မှုတောင်းခံရင်းနဲ့လည်းငိုကြွေးခဲ့ပြန်သည်။ ပြန်မည်အပြု Jeonမြေပုံအုတ်ဂူလေးဆီသို့ တစ်စုံတစ်ယောက်ရောက်လာသည်ကိုတွေ့တော့ မျက်နှာချင်းမဆိုင်ချင်တာကြောင့်သစ်ပင်အကွယ်တစ်နေရာတွင်ဝင်ကွယ်နေခြင်းဖြစ်သည်။

နင့်သည်းစွာငိုကြွေးနေသည့် Jungkookပုံစံဟာသူတစ်ခါမှမတွေ့ခဲ့ဖူးသည်မလို့ ထိုလူသားမျက်ရည်တွေကိုကြည့်ရင်းနှလုံးသားတစ်ခုလုံးကပိုနာကြင်လာရသည်။

'မသိတော့ဘူး... မင်းကအမြဲငါ့ကိုရှုပ်ထွေးစေတယ်...'

ထို့နောက်Jungkookကမျက်ရည်စအချို့ကိုသုတ်လျက် အသက်မဲ့နေသည့်မျက်ဝန်းတို့ဖြင့်Jeonရဲ့အုတ်ဂူကိုစိုက်ကြည့်နေပြန်သည်။

"အဟက်... အရာအားလုံးဖြေရှင်းပြီးသွားရင် ကျွန်တော်တို့အက်ဆီးဒင့်ကိစ္စတွေရောအကုန်စုံစမ်းပြီးဖြေရှင်းပြီးတဲ့တစ်နေ့ကျရင် သေချာပေါက်သူ့ကိုပျော်ရွှင်အောင်ထားပါ့မယ် "

သူ့ကိုဆိုတော့ Taehyungကိုရည်ညွှန်းသည်ထင်သည်။ Taehyungလှမ်းကြည့်လိုက်ရင်း Jungkookဘာကိုပြောချင်တာလဲဆိုတာစဉ်းစားနေမိသည်။

သူ့ကိုပျော်ရွှင်အောင်ထားမယ်... ?? အဟက်... ။သူ့အတွက်ပျော်ရွှင်စရာတွေကကျန်သေးလို့လား??

"တကယ်ပဲ... တကယ်ပဲဘာလို့သေသွားတဲ့သူကကျွန်တော်မဖြစ်ခဲ့တာလဲ?? Taeပြောသလို ကျွန်တော်ကသေသွားခဲ့ရမှာကို မဟုတ်ရင်အားလုံးခံစားနေကြရမှာမဟုတ်ဘူးနော် .... တကယ်ပါ အရာအားလုံးပြီးဆုံးသွားတဲ့အချိန်ကျရင်Hyungနောက်ကိုသေချာပေါက်လိုက်ခဲ့ပါ့မယ် ...."

-
-
-
-
-
-

ကားပါကင်ကိုရောက်တော့ သူ့ကားနားတွင်ရပ်စောင့်နေသည့်Taehyung။ မတွေ့ခဲ့တာရက်အတော်ရှိပြီမလို့ လွမ်းဆွတ်နေခဲ့ရသည့်မျက်နှာကလေး။ မတွေ့ရသည့်ရက်ပိုင်းအတွင်း မျက်နှာလေးတွေချောင်ကျသွားသည်မှာသိသိသာသာပင်မလို့ စိတ်မကောင်းဖြစ်ရပါသည်။

အချိန်မှန်ရောအိပ်ရဲ့လား? အစားရောပုံမှန်စားဖြစ်ရဲ့လား?? ဒီပုံစံတိုင်းသာဆိုပိန်ကျသွားတော့မှာပဲ။

"ငါJeonဆီလာတာ ... မင်းကားကိုတွေ့လို့ တစ်ခါတည်းပြောစရာရှိတယ် ရှင်းစရာရှိတာတွေရှင်းရမယ်မဟုတ်လား?"

ချစ်ရသူဟာ ထုံးစံအတိုင်းမျက်နှာတည်ဖြင့်ခပ်ပြတ်ပြတ်စကားစပြောလာသည်။ ဟုတ်သားပဲ သူကJeonအဖြစ်နဲ့နေနေတာမှမဟုတ်တော့တာ။ ဘာတွေမျှော်လင့်နေမိတာလဲ??

"အင်း ... အရင်ဆုံးတစ်နေရာမှာသွားပြောမလား??"

"ရတယ်လေ ... ငါ့ကားနောက်ကနေလိုက်ခဲ့လိုက် တစ်နေရာမှာသွားပြောကြတာပေါ့"

ဤသို့ဖြင့်ကော်ဖီဆိုင်တစ်ခုသို့ရောက်လာကြသည်။

​waiterကိုမှာတော့ Taehyungအတွက်Taehyungအကြိုက်နို့များများနှင့်Latteတစ်ခွက်ကိုမှာပေးရင်း သူကတော့ရေတစ်ခွက်သာမှာသည်။

အလိုက်သတိနှင့် Taehyungတောင်ဘာမှမပြောရအောင်Taehyungအကြောင်းကိုTaehyungထက်ပိုသိနေသည့် ထိုလူသားကြောင့်Taehyungစိတ်ထဲမွန်းကြပ်ရပါသည်။ ထိုလူသားသည်မိမိနှင့်ပက်သက်သမျှအကုန်လုံးကိုလွှမ်းမိုးထားသလိုခံစားရစေသည်။

ကော်ဖီခွက်နှင့် ရေတစ်ခွက်ရောက်လာသည်အထိနှစ်ယောက်စလုံးဘာစကားမှမဆိုဖြစ်ကြသေး။ ဆိုင်အပြင်ဖက်တွင်မိုးစက်တို့ကလည်း တဖျောက်က်ဖျောက်ကျဆင်းနေကြလေပြီ။

ဖြေရှင်းစရာတွေအများကြီးရှိနေကြပေမဲ့ တစ်ယောက်မျက်နှာတစ်ယောက်တွေ့ကြရချိန်တွင်တော့ ဘယ်ကနေစပြောလို့စပြောရမှန်းမသိတော့။ ကိုယ့်ဖက်ကစကားမစမိသလို သူ့ဖက်ကလဲစမပြော။ နှစ်ယောက်သား ဆိုင်အပြင်ဖက်ကမှန်ကိုလာစင်နေသည့်မိုးဖွဲလေးတွေကိုသာအကြောင်းမဲ့ငေးမောကြည့်နေမိကြသည်။

ထိုစဉ်ဆိုင်အတွင်းမှခပ်တိုးတိုးလေးထွက်လာသည့်သီချင်းသံလေးကြောင့် သတိဝင်ကာJungkookသူ့ရဲ့အကြည့်တွေကိုTaeဆီသို့ပြန်ပို့မိသည်၊ ကြင်နာသူလေးကတော့ မိုးစက်လေးတွေကိုငေးမောနေဆဲ။

🎶🎶

** သတိရလို့ မျက်စိမှိတ်လိုက်တယ်ဆိုရင်တောင်

မင်းပုံရိပ်လေးကိုမြင်ယောင်လာတယ်

မင်းကငါ့အတွက်မေ့ပျောက်ဖို့ကြိုးစားလေ ပိုပြီးစဉ်းစားမိလေဖြစ်ရတဲ့သူမျိုးပဲ

သူတကယ်ရောက်လာမှာမဟုတ်ခဲ့ပေမဲ့လည်း

ငါ့ဆီကိုတစ်နေ့တော့ရောက်လာမှာပါလို့

ငါ့နှလုံးသားကိုနာကြင်စွာလိမ်နေမိပြန်တယ်

မင်းကငါ့ကိုအမြဲစောင့်ဆိုင်းနေရစေမဲ့သူမျိုးပါပဲ

မင်းကိုချစ်မိသွားတဲ့အပြစ်
မင်းကိုအလွန်အကြူးချစ်မိသွားတဲ့အပြစ်တွေကြောင့်
မင်းကြောင့်သာ အဲ့အပြစ်တွေကြောင့်သာ
မင်းကိုစောင့်မျှော်နေရတဲ့ ဝေဒနာတွေခံစားခဲ့ရတာ

မင်းကိုပိုချစ်မိတဲ့အပြစ်
မင်းကိုအလွန်အကြူးလွမ်းနေမိခဲ့တဲ့အပြစ်တွေကြောင့်
မင်းကြောင့်သာ အဲ့အပြစ်တွေကြောင့်သာ
မျက်ရည်တွေရဲ့နှိပ်စက်တဲ့ ဒဏ်တွေခံစားနေခဲ့ရတာ

🎵🎵

ခပ်ဆွေးဆွေးထွက်လာသည့် သီချင်းသံကြောင့်Jungkookမျက်ဝန်းထဲတွင်မျက်ရည်တို့ပင်ပြန်ပြီးဖွဲ့သီချင်သွားသည်။

သူ့ခံစားချက်တို့နှင့်တိုက်ဆိုင်လွန်းနေပါရောလား။

တကယ်လည်း သူအပြစ်တွေပါပဲ။

Kim Taehyungကိုအများကြီးချစ်မိခဲ့တဲ့အပြစ်တွေပေါ့။

"ကွာရှင်းကြမယ် ....ငါတို့"

Taehyungဆီမှပထမဆုံးထွက်လာသည့် စကား။

မျှော်လင့်ထားပြီးသားစကားပေမဲ့ တကယ်ကြားလိုက်ရပြန်တော့လည်း ခံစားရတာမသက်သာ။ လက်သီးတင်းတင်းဆုပ်ထားမိသည်။

"အင်း... သေချာပေါက်အဲ့လိုဖြစ်စေရမှာမလို့ အချိန်တစ်ခုလောက်ထိတော့စောင့်ပေးလို့ရမလားTae?? ငါ ..."

"ပြောလို့ပြီးပြီ ... လက်မှတ်ထိုးပြီးပို့လိုက်မယ် "

ထထွက်သွားသည့်ကျောပြင်ငယ်ဟာ နောက်ဆုံးအချိန်ထိအခုထိသူ့ကိုလစ်လျူရှုဆဲ။ ကျောခိုင်းထားမြဲဖြစ်သည်။

လက်မလွှတ်ချင်ဘူး။ မဆုံးရှုံးချင်ဘူးလေ။

မင်းကိုဒီဘဝမှာတော့ မပိုင်ဆိုင်ရတော့ဘူးထင်ပါတယ်

ဟုတ်သားပဲ ...အစကတည်းကမင်းကငါ့အပိုင့်မှမဟုတ်ခဲ့တာ...

နောက်ဘဝဆိုတာမျိုး ထပ်ရှိလာခဲ့ရင်တောင် ဖူးစားရှင်အသစ်နဲ့မဆုံစည်းချင်ဘူး။ Taehyung မင်းနဲ့ပဲထပ်ပြီးဆုံစည်းချင်တာ။ အဲ့အခါကျရင်တော့ ငါ့ကိုချစ်ပေးပါ ငါ့ကိုပဲရွေးချယ်ပေးပါငါ့ကောင်လေးရေ

-
-
-
-
-
-
-
TBC
With Love💜
||Tae_For_Jeon
Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N - ကင်ထယ်လုံးလေးအတွက် နောင်တတွေမကြာမီလာတော့မည်။ 👀
Recommended Song 🎧


-
-
-
-
-
-
Zawgyi

စံအိမ္ကေနထြက္လာခဲ့ၿပီးေနာက္ ေမာင္ႏွမႏွစ္ေယာက္အရင္ကေနခဲ့သည့္ ေခါင္မိုးထပ္အိမ္ေလးသို႔ျပန္ေရာက္လာခဲ့ျပန္သည္။ သို႔ေသာ္အခုတစ္ေခါက္ဤအိမ္ေလးသို႔ျပန္လာရတာ ေပါ့ပါးေပ်ာ္ရႊင္မေနသလိုေႏြးေထြးလုံျခဳံမႈရွိသည္လို႔လည္းမခံစားရေတာ့။

Taehyungငယ္ငယ္ကတည္းကႀကီးျပင္းလာသည့္ေနရာေလးမလို႔ လူမေနျဖစ္ေတာ့တာေတာင္Jeon...အာ... Jungkookကလူလႊတ္ၿပီးအျမဲသန႔္ရွင္းခိုင္းေနက်မလို႔ ဖုန္ထူထပ္မွာေတြမပူရအခ်ိန္မေရြးလူေနလို႔ရနိုင္သည္။

ထိုလူသားအေၾကာင္းေတြးမိလိုက္သည္ႏွင့္ မ်က္ရည္တို႔ကမထိန္းနိုင္။ ႏွလုံးသားတစ္ခုလုံးေပါက္ထြက္မတတ္နာၾကင္ရပါသည္။

Noonaကေတာ့အရိပ္အေျခသိေနသည္လား လိမၼာတယ္ပဲဆိုရမလားမသိ။ အရင္လိုတဂ်ီဂ်ီနဲ႔ဂ်ီမက်ေတာ့ပဲ သူ႔ဘာသာတစ္ေနရာတြင္သူ႔အ႐ုပ္ေလးေတြျဖင့္ကုပ္ကုပ္ေလးၿငိမ္ထိုင္ေဆာ့ေနကာ တခ်က္တခ်က္သူ႔အားလွမ္းလွမ္းၾကည့္ေနသည္။

ဦးေႏွာက္တစ္ခုလုံးေႏွာက္က်ိေနသလို ရင္ဘတ္တစ္ခုလုံးလဲဟင္းလင္းျပင္ႀကီးထဲေရာက္ေနသလို အသိစိတ္တို႔လဲရွိမေနနိုင္ေတာ့။ ဘာေတြးလို႔ေတြးရမွန္းမသိေတာ့သလို ဘာဆက္လုပ္လို႔လုပ္ရမယ္မွန္းလဲမသိေတာ့။

အမုန္းေတြ အခ်စ္ေတြ ခြင့္လႊတ္မႈေတြ နာၾကင္မႈေတြအကုန္ေရာေထြးေနကာဘာမွမစဥ္းစားနိုင္။  စံအိမ္ကထြက္လာကတည္းကေတာက္ေလၽွာက္ငိုေနမိတာ။ အိမ္ေရာက္ေတာ့လည္း Noon​aကိုအာ႐ုံမစိုက္နိုင္။  အရင္ကေနခဲ့သည့္အခန္းငယ္ေလးထဲကကုတင္ေလးေပၚတြင္ ေခြေခြေလးအိပ္စက္ၿပီးေတာ့သာအနားယူခ်င္မိသည္။

က်ဳံ႕က်ဳံ႕ကေလးလွဲကာမ်က္လုံးစုံမွိတ္မိေတာ့ ညတိုင္းခိုဝင္အိပ္စက္ခဲ့ဖူးသည့္ ေႏြးေထြးလုံျခဳံမႈေတြေပးခဲ့သည့္ရင္ခြင္တစ္ခု၏ပိုင္ရွင္ကအေတြးအာ႐ုံတို႔တြင္ဝင္ေရာက္လာသည္။

"အင့္....ဟင့္အင္း ....Jeonထင္လို႔ပါ... ဟုတ္တယ္Jeonထင္ခဲ့လို႔ပါ..."

ေဖာ္ျပလို႔မရသည့္နာၾကင္မႈႏွင့္အတူ ရင္ဘတ္ထဲစို႔နင့္မႈတို႔ကဘာေၾကာင့္ျဖစ္မွန္းမသိ။ ေခြေခြေလးလွဲအိပ္ေနရာမွ က်ဳံ႕သထက္က်ဳံ႕လိုက္ရက္းေကြးေကြးကေလးႀကိတ္ငိုမိျပန္သည္။

သူဘာေၾကာင့္မ်ားမရိပ္ခဲ့မိရတာပါလိမ့္??

မိမိခ်စ္သူJeonမဟုတ္ဘူးဆိုတာကိုေတာင္မသိပဲ ထိုလူသားဆီကလိုအပ္သည္ထက္ပိုခဲ့ေသာ အခ်စ္ေတြကိုခံယူခဲ့မိသည္။ ေပ်ာ္ဝင္မိခဲ့သည္။ ႏွလုံးသားခ်င္းေရာ ခႏၶာကိုယ္ခ်င္းေရာရင္းႏွီးခဲ့ၾကသည္။ ထိုလူသားဆီမွာ Taehyungအရာရာက်ရႈံးခဲ့ရပါသည္။

Jeonေသသြားခဲ့တာေတာင္မသိပဲ...Jeonမဟုတ္တဲ့ထိုလူသားကို ႏွလုံးေရာဘဝတစ္ခုလုံးေရာပုံအပ္မိခဲ့သည္။ သူေလာက္မိုက္မဲတဲ့လူ ႏုံခ်ာတုံးအလြန္းသည့္သူကမၻာေပၚတြင္မရွိေလာက္ေတာ့။

တကယ္ကိုထိုလူသားရဲ့အလိမ္အညာေတြၾကားထဲမွာေပ်ာ္ေပ်ာ္ႀကီးသာယာေနခဲ့မိသည္။ မိမိခ်စ္သူလို႔အထင္မမွားရေအာင္ကို ထိုလူသားဟာမိမိစိတ္ႏွလုံးအစုံကိုျပဳစားထားခဲ့သည္။

မင္းဟန္ေဆာင္ေကာင္းလြန္းတယ္Jungkook။ မင္းအရမ္းေတာ္ခဲ့တယ္။ ငါ့ႏွလုံးသား ငါ့ဘဝကိုေျပာင္းျပန္လွန္ေအာင္ တကယ္ကိုမင္းတစ္ေယာက္တည္းလုပ္ခဲ့တာပဲ။

မင္းငါ့ကိုခ်စ္တယ္ဆိုတာ ဒီလိုပုံစံေတြလားJungkook?? ဒီလိုငါ့ဘဝကိုျပႆနာမ်ိဳးစုံဖန္တီးၿပီးေတာ့မွ ခ်စ္တယ္ဆိုတာေတြလားJungkook...

မုန္းတယ္....မေရရာတဲ့အေၾကာင္းျပခ်က္ေတြေပမဲ့ ငါမင္းကိုမုန္းတယ္Jungkook...

-
-
-
-
-
-
-
-

အုံ႔မွိုင္းေနသည့္ေကာင္းကင္ႀကီးသည္ မၾကာခင္မိုးမ်ားရြာသြန္းေတာ့မည့္ဟန္တြင္ရွိသည္။ ေလေအးတို႔ကလည္းတျဖဴးျဖဴးတိုက္ခတ္ေနတာေၾကာင့္ လက္ထဲတြင္ကိုင္လာသည့္ပန္းစည္းထဲကပြင့္ဖတ္တို႔ပင္တလြင့္လြင့္။

မို႔ေမာက္ေနသည့္ေျမပုံေပၚတြင္ ျမက္ခင္းစိမ္းစိမ္းတို႔ကေနရာယူလ်က္ၾကည့္ေကာင္းစြာရွိေနသည္။ လက္ထဲမွပန္းစည္းအျဖဴေလးကို ေျမပုံေဘးကနာမည္ထိုးထားသည့္အုတ္ခုံေလးေပၚတြင္တင္လိုက္ရင္း သူပါဒူးေထာက္ခ်မိေတာ့သည္။

'Jeon Jungkook' ဆိုၿပီထိုးထြင္းထားသည့္အုတ္ဂူကေလး။

တကယ္ဆိုသူမွမဟုတ္ပါေလ။

"Hyung...ကၽြန္ေတာ္ေရာက္ၿပီ"

ေျပာရင္းႏွင့္ပင္မ်က္ရည္တို႔ကမထိန္းနိုင္စြာစတင္က်ဆင္းလာသည္။

ေျမပုံေလးေဘးတြင္ဒူးေထာက္လ်က္ ရင္ဘတ္အစုံကိုလက္ျဖင့္ဖိကာတင္းၾကပ္စို႔နင့္ကိုထိန္းခ်ဳပ္ထားရသည္။

"ကၽြန္ေတာ္ ... ကၽြန္ေတာ္ေတာင္းပန္ပါတယ္  Hyungေနရာမွာေနၿပီး Taehyungကိုအဆုံးထိေပ်ာ္ရႊင္ေအာင္မထားေပးနိုင္ခဲ့လို႔.... Hyungကိုယ္တိုင္ဝတ္ေပးခဲ့တဲ့ဒီလက္စြပ္ရဲ့ပိုင္ရွင္ေနရာကိုမထိန္းသိမ္းနိုင္ခဲ့လို႔ေတာင္းပန္ပါတယ္ ... အင့္... ကၽြန္ေတာ္ ...ကၽြန္ေတာ္အရမ္းပင္ပန္းေနၿပီHyung..."

ငိုေႂကြးျခင္းဆိုတာJungkookဘဝအတြက္ အရႈံးတစ္ခုလို႔အျမဲသတ္မွတ္ခဲ့သည့္ကိစၥတစ္ခု။ အခုေတာ့သူငိုေႂကြးေနရၿပီ။ အခ်စ္တစ္ခုေၾကာင့္ အရႈံးဒဏ္က္ုအလူးအလိမ့္ခံစားေနရၿပီျဖစ္သည္။

"Hyungရဲ့ခ်စ္သူကို ပိုင္ဆိုင္ထားခဲ့မိလို႔ေတာင္းပန္ပါတယ္...Hyungရဲ့သက္ဆိုင္သူျဖစ္သြားခဲ့တာေတာင္ ကၽြန္ေတာ့္ရဲ့အခ်စ္ေတြကိုမရပ္တန႔္နိုင္ခဲ့ဘူး...Hyungေတာင္တစ္ခါမွမပိုင္ဆိုင္လိုက္ရတဲ့သူ႔ကို ကၽြန္ေတာ္ကပဲသိမ္းပိုက္ေနမိခဲ့လို႔လဲေတာင္းပန္ပါတယ္ ... အတတ္နိုင္ဆုံးသူ႔ကိုမထိေတြ႕မိေအာင္ ထိန္းေပမဲ့ အဲ့ေန႔ကသူ႔ကိုခ်စ္တဲ့စိတ္ေတြကို မထိန္းခ်ဳပ္နိုင္ခဲ့တာမလို႔ကၽြန္ေတာ္စိတ္လိုလက္ရျပဳမႈခဲ့မိတဲ့အတြက္လည္း ေနာက္ဘဝက်ရင္က်ိန္းေသေပါက္ဒူးေထာက္ၿပီးေတာင္းပန္ပါ့မယ္Hyung..."

Jungkookရဲ့ရွိုက္ႀကီးတငင္ငိုေႂကြးသံတို႔ကို Taehyungခပ္လွမ္းလွမ္းအကြယ္တစ္ေနရာကေနနားစြင့္ကာေစာင့္ၾကည့္ေနမိသည္။ သူကိုယ္တိုင္လည္းမ်က္ရည္ေတြက်ဆင္းလ်က္။

ရက္အေတာ္ၾကာအိမ္တြင္းေအာင္းၿပီးငိုေႂကြးေနခဲ့မိတာမလို႔ ဒီေန႔တစ္ရက္ေတာ့Jeonဆီလာေတြ႕ကာေတာင္းပန္ၿပီးခြင့္လႊတ္မႈေတာင္းခံရင္းနဲ႔လည္းငိုေႂကြးခဲ့ျပန္သည္။ ျပန္မည္အျပဳ Jeonေျမပုံအုတ္ဂူေလးဆီသို႔ တစ္စုံတစ္ေယာက္ေရာက္လာသည္ကိုေတြ႕ေတာ့ မ်က္ႏွာခ်င္းမဆိုင္ခ်င္တာေၾကာင့္သစ္ပင္အကြယ္တစ္ေနရာတြင္ဝင္ကြယ္ေနျခင္းျဖစ္သည္။

နင့္သည္းစြာငိုေႂကြးေနသည့္ Jungkookပုံစံဟာသူတစ္ခါမွမေတြ႕ခဲ့ဖူးသည္မလို႔ ထိုလူသားမ်က္ရည္ေတြကိုၾကည့္ရင္းႏွလုံးသားတစ္ခုလုံးကပိုနာၾကင္လာရသည္။

'မသိေတာ့ဘူး... မင္းကအျမဲငါ့ကိုရႈပ္ေထြးေစတယ္...'

ထို႔ေနာက္Jungkookကမ်က္ရည္စအခ်ိဳ႕ကိုသုတ္လ်က္ အသက္မဲ့ေနသည့္မ်က္ဝန္းတို႔ျဖင့္Jeonရဲ့အုတ္ဂူကိုစိုက္ၾကည့္ေနျပန္သည္။

"အဟက္... အရာအားလုံးေျဖရွင္းၿပီးသြားရင္ ကၽြန္ေတာ္တို႔အက္ဆီးဒင့္ကိစၥေတြေရာအကုန္စုံစမ္းၿပီးေျဖရွင္းၿပီးတဲ့တစ္ေန႔က်ရင္ ေသခ်ာေပါက္သူ႔ကိုေပ်ာ္ရႊင္ေအာင္ထားပါ့မယ္ "

သူ႔ကိုဆိုေတာ့ Taehyungကိုရည္ညႊန္းသည္ထင္သည္။ Taehyungလွမ္းၾကည့္လိုက္ရင္း Jungkookဘာကိုေျပာခ်င္တာလဲဆိုတာစဥ္းစားေနမိသည္။

သူ႔ကိုေပ်ာ္ရႊင္ေအာင္ထားမယ္... ?? အဟက္... ။သူ႔အတြက္ေပ်ာ္ရႊင္စရာေတြကက်န္ေသးလို႔လား??

"တကယ္ပဲ... တကယ္ပဲဘာလို႔ေသသြားတဲ့သူကကၽြန္ေတာ္မျဖစ္ခဲ့တာလဲ?? Taeေျပာသလို ကၽြန္ေတာ္ကေသသြားခဲ့ရမွာကို မဟုတ္ရင္အားလုံးခံစားေနၾကရမွာမဟုတ္ဘူးေနာ္ .... တကယ္ပါ အရာအားလုံးၿပီးဆုံးသြားတဲ့အခ်ိန္က်ရင္Hyungေနာက္ကိုေသခ်ာေပါက္လိုက္ခဲ့ပါ့မယ္ ...."

-
-
-
-
-
-

ကားပါကင္ကိုေရာက္ေတာ့ သူ႔ကားနားတြင္ရပ္ေစာင့္ေနသည့္Taehyung။ မေတြ႕ခဲ့တာရက္အေတာ္ရွိၿပီမလို႔ လြမ္းဆြတ္ေနခဲ့ရသည့္မ်က္ႏွာကေလး။ မေတြ႕ရသည့္ရက္ပိုင္းအတြင္း မ်က္ႏွာေလးေတြေခ်ာင္က်သြားသည္မွာသိသိသာသာပင္မလို႔ စိတ္မေကာင္းျဖစ္ရပါသည္။

အခ်ိန္မွန္ေရာအိပ္ရဲ့လား? အစားေရာပုံမွန္စားျဖစ္ရဲ့လား?? ဒီပုံစံတိုင္းသာဆိုပိန္က်သြားေတာ့မွာပဲ။

"ငါJeonဆီလာတာ ... မင္းကားကိုေတြ႕လို႔ တစ္ခါတည္းေျပာစရာရွိတယ္ ရွင္းစရာရွိတာေတြရွင္းရမယ္မဟုတ္လား?"

ခ်စ္ရသူဟာ ထုံးစံအတိုင္းမ်က္ႏွာတည္ျဖင့္ခပ္ျပတ္ျပတ္စကားစေျပာလာသည္။ ဟုတ္သားပဲ သူကJeonအျဖစ္နဲ႔ေနေနတာမွမဟုတ္ေတာ့တာ။ ဘာေတြေမၽွာ္လင့္ေနမိတာလဲ??

"အင္း ... အရင္ဆုံးတစ္ေနရာမွာသြားေျပာမလား??"

"ရတယ္ေလ ... ငါ့ကားေနာက္ကေနလိုက္ခဲ့လိုက္ တစ္ေနရာမွာသြားေျပာၾကတာေပါ့"

ဤသို႔ျဖင့္ေကာ္ဖီဆိုင္တစ္ခုသို႔ေရာက္လာၾကသည္။

​waiterကိုမွာေတာ့ Taehyungအတြက္Taehyungအႀကိဳက္နို႔မ်ားမ်ားႏွင့္Latteတစ္ခြက္ကိုမွာေပးရင္း သူကေတာ့ေရတစ္ခြက္သာမွာသည္။

အလိုက္သတိႏွင့္ Taehyungေတာင္ဘာမွမေျပာရေအာင္Taehyungအေၾကာင္းကိုTaehyungထက္ပိုသိေနသည့္ ထိုလူသားေၾကာင့္Taehyungစိတ္ထဲမြန္းၾကပ္ရပါသည္။ ထိုလူသားသည္မိမိႏွင့္ပက္သက္သမၽွအကုန္လုံးကိုလႊမ္းမိုးထားသလိုခံစားရေစသည္။

ေကာ္ဖီခြက္ႏွင့္ ေရတစ္ခြက္ေရာက္လာသည္အထိႏွစ္ေယာက္စလုံးဘာစကားမွမဆိုျဖစ္ၾကေသး။ ဆိုင္အျပင္ဖက္တြင္မိုးစက္တို႔ကလည္း တေဖ်ာက္က္ေဖ်ာက္က်ဆင္းေနၾကေလၿပီ။

ေျဖရွင္းစရာေတြအမ်ားႀကီးရွိေနၾကေပမဲ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ေတြ႕ၾကရခ်ိန္တြင္ေတာ့ ဘယ္ကေနစေျပာလို႔စေျပာရမွန္းမသိေတာ့။ ကိုယ့္ဖက္ကစကားမစမိသလို သူ႔ဖက္ကလဲစမေျပာ။ ႏွစ္ေယာက္သား ဆိုင္အျပင္ဖက္ကမွန္ကိုလာစင္ေနသည့္မိုးဖြဲေလးေတြကိုသာအေၾကာင္းမဲ့ေငးေမာၾကည့္ေနမိၾကသည္။

ထိုစဥ္ဆိုင္အတြင္းမွခပ္တိုးတိုးေလးထြက္လာသည့္သီခ်င္းသံေလးေၾကာင့္ သတိဝင္ကာJungkookသူ႔ရဲ့အၾကည့္ေတြကိုTaeဆီသို႔ျပန္ပို႔မိသည္၊ ၾကင္နာသူေလးကေတာ့ မိုးစက္ေလးေတြကိုေငးေမာေနဆဲ။

🎶🎶

** သတိရလို႔ မ်က္စိမွိတ္လိုက္တယ္ဆိုရင္ေတာင္

မင္းပုံရိပ္ေလးကိုျမင္ေယာင္လာတယ္

မင္းကငါ့အတြက္ေမ့ေပ်ာက္ဖို႔ႀကိဳးစားေလ ပိုၿပီးစဥ္းစားမိေလျဖစ္ရတဲ့သူမ်ိဳးပဲ

သူတကယ္ေရာက္လာမွာမဟုတ္ခဲ့ေပမဲ့လည္း

ငါ့ဆီကိုတစ္ေန႔ေတာ့ေရာက္လာမွာပါလို႔

ငါ့ႏွလုံးသားကိုနာၾကင္စြာလိမ္ေနမိျပန္တယ္

မင္းကငါ့ကိုအျမဲေစာင့္ဆိုင္းေနရေစမဲ့သူမ်ိဳးပါပဲ

မင္းကိုခ်စ္မိသြားတဲ့အျပစ္
မင္းကိုအလြန္အၾကဴးခ်စ္မိသြားတဲ့အျပစ္ေတြေၾကာင့္
မင္းေၾကာင့္သာ အဲ့အျပစ္ေတြေၾကာင့္သာ
မင္းကိုေစာင့္ေမၽွာ္ေနရတဲ့ ေဝဒနာေတြခံစားခဲ့ရတာ

မင္းကိုပိုခ်စ္မိတဲ့အျပစ္
မင္းကိုအလြန္အၾကဴးလြမ္းေနမိခဲ့တဲ့အျပစ္ေတြေၾကာင့္
မင္းေၾကာင့္သာ အဲ့အျပစ္ေတြေၾကာင့္သာ
မ်က္ရည္ေတြရဲ့ႏွိပ္စက္တဲ့ ဒဏ္ေတြခံစားေနခဲ့ရတာ

🎵🎵

ခပ္ေဆြးေဆြးထြက္လာသည့္ သီခ်င္းသံေၾကာင့္Jungkookမ်က္ဝန္းထဲတြင္မ်က္ရည္တို႔ပင္ျပန္ၿပီးဖြဲ႕သီခ်င္သြားသည္။

သူ႔ခံစားခ်က္တို႔ႏွင့္တိုက္ဆိုင္လြန္းေနပါေရာလား။

တကယ္လည္း သူအျပစ္ေတြပါပဲ။

Kim Taehyungကိုအမ်ားႀကီးခ်စ္မိခဲ့တဲ့အျပစ္ေတြေပါ့။

"ကြာရွင္းၾကမယ္ ....ငါတို႔"

Taehyungဆီမွပထမဆုံးထြက္လာသည့္ စကား။

ေမၽွာ္လင့္ထားၿပီးသားစကားေပမဲ့ တကယ္ၾကားလိုက္ရျပန္ေတာ့လည္း ခံစားရတာမသက္သာ။ လက္သီးတင္းတင္းဆုပ္ထားမိသည္။

"အင္း... ေသခ်ာေပါက္အဲ့လိုျဖစ္ေစရမွာမလို႔ အခ်ိန္တစ္ခုေလာက္ထိေတာ့ေစာင့္ေပးလို႔ရမလားTae?? ငါ ..."

"ေျပာလို႔ၿပီးၿပီ ... လက္မွတ္ထိုးၿပီးပို႔လိုက္မယ္ "

ထထြက္သြားသည့္ေက်ာျပင္ငယ္ဟာ ေနာက္ဆုံးအခ်ိန္ထိအခုထိသူ႔ကိုလစ္လ်ဴရႈဆဲ။ ေက်ာခိုင္းထားျမဲျဖစ္သည္။

လက္မလႊတ္ခ်င္ဘူး။ မဆုံးရႈံးခ်င္ဘူးေလ။

မင္းကိုဒီဘဝမွာေတာ့ မပိုင္ဆိုင္ရေတာ့ဘူးထင္ပါတယ္

ဟုတ္သားပဲ ...အစကတည္းကမင္းကငါ့အပိုင့္မွမဟုတ္ခဲ့တာ...

ေနာက္ဘဝဆိုတာမ်ိဳး ထပ္ရွိလာခဲ့ရင္ေတာင္ ဖူးစားရွင္အသစ္နဲ႔မဆုံစည္းခ်င္ဘူး။ Taehyung မင္းနဲ႔ပဲထပ္ၿပီးဆုံစည္းခ်င္တာ။ အဲ့အခါက်ရင္ေတာ့ ငါ့ကိုခ်စ္ေပးပါ ငါ့ကိုပဲေရြးခ်ယ္ေပးပါငါ့ေကာင္ေလးေရ

-
-
-
-
-
-
-
TBC
With Love💜
||Tae_For_Jeon
Jeon_To_Tae||
*အေရးေတာ္ပုံ ေအာင္ရမည္*
A/N - ကင္ထယ္လုံးေလးအတြက္ ေနာင္တေတြမၾကာမီလာေတာ့မည္။ 👀
Recommended Song 🎧

Continue Reading

You'll Also Like

161K 13.9K 19
แ€กแ€แ€ญแ€แ€นแ€แ€ฏแ€”แ€นแ€ธแ€€ แ€™แ€€แ€ฌแ€€แ€ผแ€šแ€นแ€”แ€ญแ€ฏแ€„แ€นแ€แ€ฒแ€ทแ€แ€ฒแ€ท Taeแ€€แ€ญแ€ฏ แ€แ€ฏแ€˜แ€แ€™แ€ฝแ€ฌแ€ฑแ€แ€ฌแ€ท แ€€แ€ญแ€ฏแ€šแ€นแ€ทแ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€œแ€ฒแ€•แ€ฎแ€ธ แ€ฑแ€…แ€ฌแ€€แ€นแ€ฑแ€›แ€ฝแ€ฌแ€€แ€นแ€•แ€ซแ€ทแ€™แ€šแ€นแ€œแ€ญแ€ฏแ‚” แ€€แ€ญแ€ฏแ€šแ€นแ€ทแ€˜แ€แ€”แ€ฒแ‚”แ€‘แ€•แ€นแ€แ€ฐแ€€แ€แ€ญแ€ฑแ€•แ€ธแ€•แ€ซแ€แ€šแ€นTae #Jeon Jungkook แ€˜แ€šแ€นแ€˜แ€แ€ฑแ€แ€ผแ€•แ€ฒแ€ฑแ€›...
1.2M 54.5K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
10.9K 742 9
''แ€™แ€„แ€บแ€ธแ€€ แ€žแ€ญแ€•แ€บแ€†แ€ญแ€ฏแ€ธแ€แ€ฒแ€ท CEO แ€œแ€ฑแ€ธแ€•แ€ฒ Jungkook'' "แ€กแ€€แ€ญแ€ฏแ€ทแ€›แ€ฒแ€ทแ€กแ€œแ€พแ€€ แ€€แ€ปแ€”แ€ฑแ€ฌแ€บแ€ทแ€€แ€ญแ€ฏ แ€žแ€ญแ€•แ€บแ€†แ€ญแ€ฏแ€ธแ€กแ€ฑแ€ฌแ€„แ€บแ€œแ€ฏแ€•แ€บแ€แ€ฌแ€™แ€œแ€ญแ€ฏแ€ท แ€แ€›แ€ฌแ€ธแ€แ€ถแ€€ แ€กแ€€แ€ญแ€ฏแ€•แ€ฒ Kim Taehyung''
508K 40.3K 25
แฟแ€•แ€ญแ€ณแ€„แ€นแ€˜แ€€แ€นแ€€ แ€˜แ€šแ€นแ€ฑแ€แ€ฌแ€ทแ€™แ€ฝแ€แ€บแ€…แ€นแ€žแ€ฐแ€™แ€ปแ€–แ€…แ€นแ€”แ€ญแ€ฏแ€„แ€นแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ‚” แ€ฑแ‚‚แ€€แ€ผแ€ธแ€ฑแพแ€€แ€ฌแ€นแ€แ€ฒแ€ทแ€แ€ฒแ€ทแ€„แ€ซแ€€ แฟแ€•แ€ญแ€ณแ€„แ€นแ€˜แ€€แ€นแ€ปแ€–แ€…แ€นแ€แ€ฒแ€ทแ€™แ€„แ€นแ€ธแ€€แ€ญแ€ฏแ€•แ€ฒ แ€กแ€›แ€ฐแ€ธแ€กแ€™แ€ฐแ€ธแ€แ€บแ€…แ€นแ€ฑแ€”แ€แ€ฒแ€ทแฟแ€•แ€ฎ Tae # Jeon Jungkook แ€™แ€„แ€นแ€ธแ€€แ€ญแ€ฏแ€„แ€šแ€นแ€„แ€šแ€นแ€แ€Šแ€นแ€ธแ€€...