[Unicode]
ချူယွီရဲ့ ဆိုးယုတ်ပြီး ခြိမ်းခြောက်မှုဆန်တဲ့စကားတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ ရှဲ့ရှီးက စိတ်သက်သာရာရပြီး ကြက်သီးတွေကို တိတ်ဆိတ်စွာ ပွတ်သပ်လိုက်တယ်။
သူက သူ့ဆရာသခင်ကို ဘာတစ်ခုမှ ပြန်ပြောဖို့ မရည်ရွယ်ထားတဲ့အတွက် ခေါင်းညိတ်ပြလိုက်ပြီး ချူယွီပြောတာကို လက်ခံလိုက်တယ်။
ဒီလို နာခံတတ်ပြီး နှင်းဆီရောင် အသားအရေလေးနဲ့ မျက်ရည်တွေ ဝဲတဲတဲ မျက်လုံးလေးနဲ့ ကောင်ငယ်လေးကို ကြည့်ရင်း သူ့ရဲ့ မကောင်းဆိုးဝါးဆန်တဲ့ လက်တွေက ကောင်လေးကို ထိကိုင်ဖို့ တွန်းအားပေးမှုကို ချုပ်တည်းနေရတယ်။
အဲတာဇာတ်လိုက်..ဇာတ်လိုက်..ဇာတ်လိုက်..
အနာဂတ် ညီအစ်ကိုလေး..အနာဂတ်ရွှေပေါင်ကြီး..အနာဂတ် အာမခံလမ်းကြောင်းလေး...
သူက သူ့နှလုံးသားထဲက အဲဒီအတွေးတွေကို နှိုင်းဆချင့်ချိန်ပြီး မြူးထူးတက်ကြွစွာ အပြင်ထွက်သွားခဲ့တယ်။
ရှဲ့ရှီးက အခုမှ စိတ်သက်သာရာရသွားတယ်။ သူ့ရဲ့ စိုးရိမ်သောကတွေ တစ်ဖြည်းဖြည်းလုံးပါးသွားပြီးနောက် သူ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တစ်ခုခု ကွဲပြားနေသလို ခံစားရတယ်။သူ့ရဲ့
စိတ်ပျက်ဖွယ် ခန္ဓာကိုယ်ကြီးက အနှစ်သာရမဲ့ပြီး အခွံဖြစ်နေခဲ့တာ ကြာပြီ။ အခုတော့ သူ့ခန္ဓာကိုယ်ထဲမှာ မမျှော်လင့်ထားတဲ့ ဝိညာဉ်စွမ်းအားတစ်ခု လှည့်ပတ်နေတယ်။
သူက အချိန်အတော်ကြာ စိတ်လွင့်နေခဲ့တယ်။
သူရဲ့ စိတ်တွေကို ပြန်စုစည်းလိုက်တဲ့အခါမှာ သူ့ရဲ့ အရင်က ထုံနေတဲ့ လက်တွေ ခြေထောက်တွေက အိပ်ပျော်ပြီးတဲ့နောက်မှာ ရုတ်တရက် ခေတ္တလောက် စူးအောင့်လာခဲ့တယ်။ သူ ချက်ချင်းပဲ တရားထိုင်လိုက်ပြီး သူ အလွတ်ရပေမဲ့ ဘယ်တော့မှ အသုံးမပြုရသေးတဲ့ ချီစွမ်းအင် လှည့်ပတ်ခြင်းကို စတင် ကျင့်ကြံလိုက်တယ်။
သူက သူ့ရဲ့ ခန္ဓာကိုယ်က ချီတွေကို ခုနစ်ကြိမ်ခုနစ်ခါ လှည့်ပတ်စေလိုက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရေပူစမ်းထဲမှာ စိမ်နေသလို အတော်ကို သက်တောင့်သက်သာ ရှိလာတယ်။
ရှဲ့ရှီးက လေပူတွေကို မှုတ်ထုတ်ရင်း စိတ်ကျေနပ်စွာနဲ့ သက်ပြင်းချလိုက်တယ်။ ထို့နောက် သူက သူ့ရဲ့ လက်တွေကို ငုံ့ကြည့်လိုက်တယ်။
သူ ကျင့်ကြံနိုင်ပြီ!
ဒီနေ့မတိုင်ခင်က သူ့ခန္ဓာကိုယ်လမ်းကြောင်းထဲက ချီစွမ်းအင်စီးဆင်းမှုကို ပိတ်ဆို့ထားတဲ့ အရာတစ်ခုခု ရှိနေတယ်လို့ သူ အမြဲတမ်းခံစားရတယ်။ ယခုတော့ အဲဲ့အတားအဆီးက ကျိုးပျက်သွားပြီး နည်းနည်းကျင့်ကြံလိုက်ရုံနဲ့ သူ့စွမ်းအင်တွေကို နှစ်ဆ တိုးစေတယ်။
ဘာတွေဖြစ်သွားတာလဲ??
ရှဲ့ရှီးက အချိန်အတော်ကြာ မျက်မှောင်ကြုပ်ရင်း အတွေးထဲမှာ နစ်မြှုပ်နေခဲ့တယ်။ ချူယွီ သူ့ကို အသီးစားစေခဲ့တုန်းက သူ သတိမေ့တာကို
ရုတ်တရက် မှတ်မိလိုက်တယ်။ ကြည့်ရတာ အဲဒီ အဆိပ်ရှိတဲ့ အသီးကို စားပြီးနောက်မှာတော့ သူခန္ဓာကိုယ်က အတားအဆီးကနေ လွတ်မြောက်သွားသလိုပဲ.....
ချူယွီက သူ့ကို ကူညီတာလား??
ကြက်သီးတွေ နောက်တစ်ခေါက်ပြန်ထလာခဲ့တယ်။ သူ အိပ်ရာက ခုန်ထွက်လိုက်ပြီးတာနဲ့ ရှဲ့ရှီးမျက်နှာက ရုပ်ဆိုးသွားခဲ့တယ်။ သူ့အိပ်ရာဘေးက အဖြူရောင်ဝတ်စုံကို မြင်သွားပြီး မဝတ်ခင် ဂရုတစိုက် စစ်ဆေးလိုက်သေးတယ်။
ချူယွီက သူ့ကို ဘာလို့ ကူညီတာလဲ??
လွန်ခဲ့တဲ့သုံးနှစ်တုန်းကတော့ သူ့ကို မညှာမတာ အနိုင်ကျင့် အနှိပ်စက်ဆုံးသူက ချူယွီလေ!!
ချူယွီက သူ့ကို သတ်တောင်သတ်ပစ်ချင်ခဲ့တာ!
ရှဲ့ရှီးမျက်နှာက မတင်မကျ ဖြစ်နေတယ်။
ယခုချိန်မှာ သူက ကျင့်ကြံနိုင်နေပြီ ဖြစ်တယ်။ သူ အောင်မြင်မှုအချို့ ရပြီးတာနဲ့ သူကို နှိပ်စက်ခဲ့တဲ့သူတွေကို နောင်တရအောင် လုပ်မယ်။
သူ့အခန်းထဲမှာ ထိုင်နေရင်းကပင် ချူယွီရုတ်တရက် နှာချေလိုက်တယ်။
"ထူးဆန်းလိုက်တာ။ ကျင့်ကြံခြင်းက အအေးမိနိုင်လို့လား?" ချူယွီက သူ့နှာခေါင်းကို ပွတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
သူ တရားထိုင်နေရင်း ချူယွီ ရုတ်တရက် သူ negative commentတွေ ရရှိခဲ့တာကို သတိရလိုက်တယ်။ သူ အလျင်အမြန်ပဲ Systemကိုမေးလိုက်တယ် "007ရေ ငါ့မှာ အမှတ်ဘယ်လောက်ရှိသေးတာလဲ?"
007လေးရဲ့ တက်ကြွအားရတဲ့ အသံက သူ့နားထဲဝင်လာတယ်။ "သင်က ဒီနေ့ negative commentပေါင်း၁၄ခု ရခဲ့တယ်။ အဲတော့ ၂၈မှတ်နုတ် လိုက်ပြီး သင့်ရဲ့ လက်ရှိအမှတ်က ၇၂မှတ်။ "
ချူယွီက အမှတ်ကို စိုက်ကြည့်ရင်း မူးဝေသွားပြီး သူ့ရင်ထဲမှာ နာကျင်သွားရတယ်။
*****
ဒုတိယနေ့ မနက်စောစော မှာ လုချင်းအန် ပြန်လာခဲ့တယ်။
ကျောက်ရှားမှာ ထျန်းယွမ်ဂိုဏ်းက ဦးဆောင်တဲ့ အဖွဲ့ကြီး သုံးခုရှိတယ်။ ဂိုဏ်းထဲမှာ အမတဂူ ကိုယ်စီနဲ့ အကြီးအကဲခုနစ်ယောက်ရှိတယ်။ဒီကမ္ဘာက စိတ်ဝိညာဉ်ဂူတွေက ပုန်းကွယ်နေပြီး မမြင်နိုင်ပေမဲ့ လှပတဲ့နေရာတွေ ဖြစ်တယ်။
လုချင်းအန်နဲ့ သူ့တပည့်သားတွေက ဓားသိုင်းကျင့်နည်းကို လိုက်နာကြပြီး ဓားသိုင်းပညာကို ကျင့်ကြံကြတယ်။ ယွမ်ချန်းတောင်က
ချူယွီနဲ့ အခြားတပည့်တွေက ဓားပျံသိုင်းကို မကျွမ်းကျင်ကြသေးဘူး။ လုချင်းအန် အဝေးကနေ ပျံလာတာကို ကြည့်နေရင်း စောင့်မျှော်နေတဲ့
တပည့်အများစုမှာ ရိုသေလေးစားပြီး အားကျလာကြတယ်။ Qi Qi အလေးပြုလိုက်တယ် "ဆရာသခင်၊ ဂိုဏ်းမှ ကြိုဆိုပါတယ်။ "
[T/N:Qi Qi ဆိုတဲ့အဓိပ္ပာယ်ကိုရှာမတွေ့ဘူးရယ် ]
ချူယွီကရှေ့မှာ ရပ်ပြီး ဈေးပေါသော ဆရာသခင်ကို ဂရုတစိုက် ကြည့်လိုက်တယ်။
လုချင်းအန်က မူလချူယွီရဲ့မှတ်ဉာဏ်တွေထဲကနဲ့ အတူတူပဲ။ သူ့မျက်နှာက တည်ကြည်ပြီး သူ့အဖြူရောင်ဝတ်စုံက လေထဲမှာ လွင့်မျောနေတယ် ပြီးတော့ သူက အမတအရှင်တစ်ယောက်ရဲ့ ပန်းချီကားတစ်ချပ်နဲ့ တူတယ်။ တစ်စုံတစ်ယောက်က သေသေချာချာကြည့်မယ်ဆိုရင် လုချင်းအန်က အလွန် ချောမောခံ့ညားပြီး သိမ်မွေ့ပုံရှိတာကို သတိပြုမိလိမ့်မယ်။သူ့ရဲ့ရင့်ကျက်နေတဲ့ မျက်လုံးတွေကိုသာ လျစ်လျူရှုလိုက်ရင် သူက အဆင့်အတန်းမြင့်တဲ့ မိသားစုက သခင်လေးတစ်ယောက်လိုပဲ။
ဒါပေမဲ့ တကယ် လုချင်းအန်က အသက် ၂၀၀ကျော်နေပြီ။
လုချင်းအန်ရဲ့ ဝတ်ရုံလက်တွေက လွင့်မျောနေပြီး အေးစက်တည်ငြိမ်တဲ့ မျက်နှာနဲ့ မြေပြင်ပေါ်သို့ သက်ဆင်းလာတယ်။ သူ့ရဲ့ တပည့်တွေကို ကြည့်လိုက်ရင်း ခေါင်းညိတ်ပြလိုက်တယ်။
ပြီးတော့ သူ့မျက်လုံးက ချူယွီဆီရောက်လာပြီးပြောလိုက်တယ် "ယွီအာ, မင်းအတွက်ခက်ခဲစေခဲ့ပြီ။"
တုန်လှုပ်စွာနဲ့ ချူယွီခန္ဓာကိုယ် တုန်ရင်သွားတယ်။
ယွီအာ , ယွီအာ , ယွီအာ .....
¶'အာ'ဆိုတဲ့ အသုံးက 'သား'လို့ဆိုလိုတာဖြစ်ပြီး လူကြီးတွေက လူငယ်လေးတစ်ယောက် အထူးသဖြင့် ကလေးတစ်ယောက်ကို ခေါ်တဲ့ နောက်တက်ဆွဲအသုံးဖြစ်တယ်။ အရင်းဆုံးသူငယ်ချင်းတွေမှာလည်းတစ်ခါတစ်လေ သုံးကြတယ်။ အဲတာကို ချစ်ဖို့ကောင်းတယ်လို့ မှတ်ယူလို့ရပြီး ချစ်ခင်ကြင်နာမှု အသုံးအနှုန်းဖြစ်တယ်¶
သူ အဲလိုခေါ်ခံရမှာကို သိပေမဲ့ သူ ကြက်သီး
ထလာတာကိုတော့ မထိန်းနိုင်သေးပေ။
လုချင်းအန် :: "အာ" ချူယွီနောက်က ရှဲ့ရှီးရှိတဲ့ နေရာကို ကြည့်ရင်း လုချင်းအန်ရဲ့ မျက်လုံးထဲမှာ သနားတဲ့ အရိပ်အရောင်တွေ ဖြတ်ပြေးသွားတယ်။ "ရှီးအာ "
ရှဲ့ရှီးကရှေ့တက်ရင်း "ဒီတပည့်က ဆရာသခင်ကို နှုတ်ခွန်းဆက်သပါတယ်။"
အနောက်ဖက်က တပည့်တွေက ဇောချွေးပြန်လာပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်ရှုပ်ထွေးစွာကြည့်လိုက်တယ်။ သူတို့ Xie Xiတစ်ခုခုပြောလိုက်မှာကို အလွန်ကြောက်နေကြတယ်။
လုချင်းအန်က ရှဲ့ရှီးရပ်နေတဲ့ နေရာဆီ လျှောက်သွားပြီး သူ့တပည့်ရဲ့ ပုခုံးလေးကို ကိုင်လိုက်တယ်။ အချိန်အကြာကြီး သူ အံ့အားသင့်ပြီးနောက် သူ ပြုံးလိုက်ပေမဲ့ ဘာမှတော့ မဆိုလိုက်ပေ။
ချူယွီက အခွင့်အရေးကို ယူပြီး စကားပြောလိုက်တယ် "ဆရာသခင်, ဂိုဏ်းချုပ်ဆရာဦးလေးက နှုတ်ဆက်စကားကို မနေ့က ပို့ထားပြီး
သူနဲ့ ကိစ္စဆွေးနွေးရန် ပင်းယွမ်တောင်ဆီ လာဖို့ ဖိတ်ကြားထားပါတယ်။"
လုချင်းအန်က ခေါင်းညိတ်ပြီး ချူယွီဆီ အကြည့်ပို့ရင်း "ယွီအာ, ငါနဲ့လိုက်ခဲ့။"
သူ ပြောပြီးနောက် လုချင်းအန် နဲ့ ချူယွီတို့
ပင်းယွမ်တောင်သို့ ဓားပျံစီးရင်း ချက်ချင်း ထွက်သွားကြတယ်။ ဆရာသခင် ထွက်သွားတာမြင်မှ တပည့်များက ရှဲ့ရှီးနောက်ကျောကို ကြည့်ရင်း လေသံတိုးတိုးဖြင့် အတင်းစပြောတော့တယ်။
"ဘာလို့ ဆရာသခင်က ပြုံးနေတာလဲ?"
"ငါ ထင်တာ ဆရာသခင်က အံ့အားသင့်နေပုံရတယ်။ ဒါမှမဟုတ် အဲအမှိုက်ကောင်က သုံးနှစ်လုံး ဘာကျင့်ကြံမှုမှ မလုပ်နိုင်တာနဲ့ ပတ်သက်ပြီး လှောင်ချင်နေတာလည်း ဖြစ်နိုင်တာပဲလေ?"
"ဆရာသခင်က ဘယ်လိုလူမျိုးလဲ? သူက ပြက်ချော်ချော် နိုင်ပါ့မလား?"
"ဒါဆို ဆရာသခင်က ဘာလို့ပြုံးနေတာလဲ"
ရှဲ့ရှီးက အရည်မရအဖက်မရတွေ ပြောနေတဲ့
တပည့်တွေကို အေးစက်စွာ စိုက်ကြည့် ပြီး ချူယွီရဲ့ခြံဝင်းဘက်ကို ပြန်သွားခဲ့တယ်။
လူစုကြီးက သူ့ကို အပြစ်မပြောဘဲ မနေနိုင်ကြပေ။
"မင်းကဘာလို့ မာနတွေကြီးပြနေတာလဲ? ဆရာသခင် ပြန်လာတာနဲ့ပဲ!!"
"သူကများ ငါတို့ကို အဲလိုကြည့်ရဲသေးတယ်။ နောက်တစ်ကြိမ်ကျရင် မျက်လုံးကန်းအောင်လုပ်ပစ်မယ်!!! "
"သူက ကျင့်တောင်မကျင့်ကြံနိုင်ပဲနဲ့များ!ဒီလို အသုံးမကျတဲ့ အမှိုက်က ဆရာသခင် လမ်းဘေးက ကောက်လာတဲ့ နံနံစော်စော် သူတောင်းစားသာသာပဲ! ဒီမှာ နေတာ နှစ်ကြာလာတာတောင် အရမ်း စိတ်ပျက်စရာကောင်းနေတုန်းပဲ!! "
" ဖွီ , စိတ်ကြီးဝင်နေတာ၊ သူက အစ်ကိုကြီး ခြံဝန်းထဲမှာ နေရမယ်လို့ တကယ်ထင်နေတာလား? သူပြန်များမွေးဖွားလာတာလား?"
"ဆရာသခင် ပြန်သွားတဲ့ထိ စောင့်ကြဦး၊ နောက်တော့ ငါတို့ အဲကောင်လေးကို ကြည့်ကောင်းအောင် လုပ်ပစ်မယ်!!"
"မင်းအများကြီး ပြောပြီးပြီ။ ရှဲ့ရှီးသာ မင်းလုပ်ခဲ့တဲ့ အကြောင်းတွေကို ဆရာသခင်ကိုသာ တစ်ခုခုပြောလိုက်ရင် မင်း ယွမ်ချန်းတောင်မှာ နေရမှာမဟုတ်တော့ဘူး။"
လူတိုင်းက Qi Qiပြောသလို အရှိန်လျော့ပြီး တပည့်အားလုံး နာခံစွာနဲ့ ပါးစပ်ပိတ်သွားခဲ့တယ်။ နှစ်ယောက်စီ သုံးယောက်စီ စုရင်း တောထဲကို ကျင့်ကြံဖို့ ဝင်သွားခဲ့တယ်။
ထျန်းယွမ်ဂိုဏ်းမှာ စုစုပေါင်း တောင်ခုနစ်လုံးရှိတယ်။ တစ်လုံးစီမှာ အကြီးအကဲတစ်ယောက် အုပ်ချုပ်တယ်။ ထျန်းယွမ်တောင်များထဲကအဓိကတောင်ဖြစ်တဲ့ ပင်းယွမ်တောင်က ဂိုဏ်းချုပ်နေထိုင်ရာ တောင်ဖြစ်တယ်။
တောင်ပေါ်မှာ သန့်ရှင်းလတ်ဆတ်တဲ့ ရေထဲရောက်နေသလို ခံစားမှုမျိုးပေးတဲ့ အခုံးပုံစံ ကြီးမြတ်တဲ့ ခန်းမကြီးတစ်ခု ရှိတယ်။အဲ့တာက အကြီးအကဲတွေ ဆွေးနွေးဆောင်ဖြစ်တယ်။
လုချင်းအန်က ချူယွီကို ဦးဆောင်ရင်း အခြားအကြီးအကဲတွေ စောင့်ဆိုင်းနေတဲ့ ခန်းမထဲ ဝင်သွားလိုက်တယ်။
အင်အားအရဆိုလျှင် လုချင်းအန်က ဂိုဏ်းချုပ် စုန့်ယွမ်ကျိုးကို ကောင်းကောင်းယှဉ်နိုင်တယ်။ လုချင်းအန် ခန်းမထဲ ဝင်လာတဲ့အခါ ခန်းမနှစ်ဖက်လုံးမှာ ထိုင်နေတဲ့ အကြီးအကဲတွေက ပြုံးပြီး နှုတ်ဆက်ဖို့ သူတို့လက်တွေကို လက်ခုပ်ပုံလုပ်လိုက်တယ်။
လုချင်းအန်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်ပြီး ဂိုဏ်းချုပ်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ချူယွီကတော့ ပညာရှိစွာနဲ့ လုချင်းအန်နောက်မှာ တိတ်တဆိတ် ရပ်နေလိုက်တယ်။
မူလချူယွီက အင်မတန် မြင့်မြတ်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ပုံစံကို လုချင်းအန်ဆီက အတုခိုးထားတာပဲ!
ခန်းမအလယ်က ဂိုဏ်းချုပ်ထိုင်ခုံမှာ ထိုင်နေတဲ့ စုန့်ယွမ်ကျိုးက ပြုံးရင်း ပြောလိုက်တယ်။ "အကြီးအကဲ ညီငယ်လေးလု , ငါတို့မတွေ့ရတာ သုံးနှစ်တောင် ကြာပြီ။ ဝီရိယရှိရှိ တရားကျင့်နေတာပဲဖြစ်ရမယ်။"
လုချင်းအန် က မယုတ်မလွန်အမူအရာနဲ့ပဲ မျက်ခုံးပင့်ပြလိုက်တယ်။
စုန့်ယွမ်ကျိုးက ဥပေက္ခာပြုခံရပေမဲ့ သူ စိတ်ကသိကအောင့် မဖြစ်ခဲ့ဘူး။ သူက ခန်းမထဲကို ဝေ့ကြည့်လိုက်ပြီး "ဒီနေ့ ငါ အကြီးအကဲတွေကို ဆင့်ခေါ်ရတဲ့ အကြောင်းကတော့ ငါတို့တွေ
တိုင်ပင်စရာ ရှိလို့ပါ.."
"ကျွန်တော် ဂိုဏ်းချုပ်ကို အဓိက အချက်ကို မြန်မြန်ပြောဖို့ တောင်းဆိုချင်ပါတယ်။ " အကြီးအကဲတစ်ယောက်က စိတ်မရှည်ဖြစ်နေပြီး
ဆက်လက် မခန့်မှန်းချင်ဖြစ်နေတယ်။
စုန့်ယွမ်ကျိုးက ကျက်သရေရှိရှိနဲ့ ပြောလိုက်တယ် "အကြီးအကဲတွေ လူသားစားတဲ့ နတ်ဆိုးဝိညာဉ်ပိုးကောင်တွေကို မှတ်မိတယ်မလား?"
လုချင်းအန်က ဘေးကိုကိုင်းပြီး "နတ်ဆိုးဝိညာဉ်ပိုးကောင်တွေ အားလုံးကို လွန်ခဲ့တဲ့ ဆယ်နှစ်ကပဲ အမြစ်ပြတ် သုတ်သင်လိုက်ပြီ မဟုတ်ဘူးလား?"
"မကြာသေးခင်ကပဲ နယ်စပ်ဒေသက ကျောက်ရှားနယ်မြေမှာ ပိုးကောင်တွေလက္ခဏာ တွေ့ရတယ်။" စုန့်ယွမ်ကျိုးက ခေါင်းကိုခါလိုက်ရင်း "ပိုးကောင်တွေရဲ့ ကျန်နေတဲ့ဥတွေ ရှိသေးတယ်။ မင်းတို့သိတဲ့အတိုင်း သူတို့ သားမပေါက်ခင်အထိ ဥတွေကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းမတွေ့ဘူးလေ။ ငါတို့ ဒီသုံးနှစ်မှာ သတင်းအသစ်တွေ ရထားတယ်။ ဥတွေက အကောင်ပေါက်လာပြီး လူ့အသက်အများကြီးကို ထိခိုက်စေခဲ့တယ်။"
"ဂိုဏ်းချုပ်က ဘာကိုဆိုလိုတာလဲ?"
"ဒီသုံးနှစ်မှာ အမတဓားသိုင်း ညီလာခံ ကိုကျင်းပလိမ့်မယ်။ တပည့်တွေရဲ့ နောက်မျိုးဆက်မှာ တပည့်တွေ ချို့တဲ့နေပြီ။ အမတ ဓားသိုင်းညီလာခံမှာ ပါဝင်မယ့် သူတွေကို အနိုင်ယူကောင်းယူနိုင်လိမ့်မယ်။ ငါ တောင်းဆိုချင်တာက
ဥတွေ ပေါက်လာတဲ့အခါ အကြီးအကဲတွေက အယုံကြည်ရဆုံး တပည့်တစ်ယောက်ကို တိုက်ပွဲအတွေ့အကြုံရဖို့နဲ့ ဥတွေကို နှိမ်နင်းဖို့ စေလွှတ်စေချင်တယ်။ "
သားလောင်းတွေက အရွယ်ရောက်ပြီးသားပိုးမွှားတွေလို အန္တရာယ်မများပေမဲ့လည်း သူတို့က ဒုက္ခပေးနေဆဲဖြစ်ပြီး တပည့်ငယ်လေးတွေအတွက် အန္တရာယ် များနိုင်တယ်။
အကြီးအကဲတွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်နေပေမဲ့ ချက်ချင်း ကတိမပေးနိုင်ခဲ့ဘူး။
လုချင်းအန်က ချူယွီရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်ရင်း " ယွီအာ၊ မင်းသွားရဲလား? "
ဆရာသခင်,ဆရာ့မျက်လုံးတွေက အရမ်းစူးရှနေမှတော့ ဘယ်သူက မသွားဘူးလို့ ပြောမှာလဲ!!
ချူယွီက သူ့သေခြင်းအတွက် သူ့ခေါင်းကိုညိတ်လိုက်ကာ 'မသွားရဲဘူး'ဆိုတဲ့ စကားကို ပြန်မျိုချလိုက်တယ်။
လုချင်းအန်က ကျေကျေနပ်နပ် ပြုံးခဲ့ပြီး ရှေ့ပြန်လှည့်သွားခဲ့တယ်။ "သုံးနှစ်ပြည့်ရင် ငါ့ရဲ့ တပည့်ကြီး က နတ်ဆိုးပိုးမွှားတွေကို နှိမ်နင်းဖို့ သွားလိမ့်မယ်။"
စုန့်ယွမ်ကျိုးက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်တယ်။
တစ်ယောက်က လက်ခံတာနဲ့ အခြားအကြီးအကဲတွေကလည်း သူတို့ရဲ့ ထူးချွန်တဲ့တပည့်တွေကို ပို့ပေးဖို့ ကတိပြုလိုက်တယ်။
ချူယွီရဲ့ နှလုံးသားလေးက မျက်ရည်တွေနဲ့ ပြည့်နေပြီ။ ဒီသုံးနှစ်မှာ ကောင်းကောင်းကျင့်ကြံရလိမ့်မယ်။ မဟုတ်ရင် သူ သေကောင်းသေသွားလိမ့်မယ်။
စဉ်းစားကြည့်တော့ ဝတ္ထုထဲမှာ ချူယွီက နတ်ဆိုးပိုးမွှားတွေကို ချေမှုန်းဖို့ သွားခဲ့ပေမဲ့ ဇာတ်လိုက်ကတော့ မသွားခဲ့။ စကားလုံးအချို့ကလွဲပြီး ဖြစ်စဉ်ကို အသေအချာ မဖော်ပြထားဘူး။
အဲတာကြောင့် နတ်ဆိုးပိုးကောင်တွေနဲ့ ပတ်သက်ပြီး ကိုးကားစရာ မရှိသလောက်ပဲ။
မူလချူယွီက အဲခရီးကို သွားခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုနဲ့ ပြန်လာခဲ့တယ်။ သူက အမတဓားသိုင်း ညီလာခံမှာ ပါဝင် ယှဉ်ပြိုင်ပေမဲ့ သူ့ပြိုင်ဘက်ကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရတယ်။ အခြားတစ်ဖက်မှာတော့ ဇာတ်လိုက်ကလည်း ညီလာခံကို တက်ရောက်ခဲ့ပြီး မူလချူယွီကို သွေးသုံးလီတာလောက် အန်အောင်လုပ်ခဲ့ပြီး ထင်ပေါ်ကျော်ကြားမှုနဲ့အတူ ဂုဏ်တက်ခဲ့တယ်။
သူတို့ ခန်းမထဲက ထွက်လာတော့ ချူယွီမျက်နှာက တည်ငြိမ်နေပေမဲ့ သူ့နှလုံးသားကတော့ ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ပြည့်နေတယ်။
လုချင်းအန်က ချူယွီနဲ့အတူ သူ့ဓားပျံဖြင့် ပျံသွားခဲ့တယ်။ သူတို့လေထဲမှာ ပျံနေစဉ် သူကရုတ်တရက် "ယွီအာ, ဒုတိယ တပည့်လေးရဲ့ အဟန့်အတားက ကျိုးပျက်သွားပြီ။ ငါ အရပ်လေးမျက်နှာကို လှည့်လည်သွားလာစဉ်မှာ ငါ့စိတ်တွေကလည်း ယခု သက်တောင့်သက်သာ ရှိလာတယ်။ "
ချူယွီက ရိုရိုသေသေနဲ့"ဟုတ်ကဲ့" လို့ပြောလိုက်တယ်။
"ဒီဆရာသခင် သွားရင် မင်းက ရှီးအာကျင့်ကြံမှုရဲ့ လမ်းပြသူ ဖြစ်လာလိမ့်မယ်။"
ချူယွီက ကတိပေးလိုက်ပေမဲ့ သူ့စိတ်ထဲမှာ လျို့ဝှက်စွာ ညည်းညူနေတယ်။ မူလချူယွီက ဆရာရဲ့ စကားတွေကို နားမကြားသလို လုပ်ပြီး ရှဲ့ရှီးကို ဆက်လက် အထင်အမြင် သေးနေခဲ့တယ်။ ရှဲ့ရှီးက ယခု ကျင့်ကြံနိုင်နေပြီ ဖြစ်တဲ့အတွက် အခြားတပည့်တွေအနေနဲ့ သူ့ကိုအနိုင်ကျင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။သူတို့က ရှဲ့ရှီးကို အထင်သေးမှုတွေ ဖော်ပြခဲ့ပေမဲ့ သူက အပြည့်အဝ ခြားနားသွားပြီ။
သို့သော်လည်း သူက မူလချူယွီ မဟုတ်ဘူးလေ။ ဒီချူယွီက ကောင်ငယ်လေးကို ကောင်းကောင်းဂရုစိုက်ပေးမယ်။ ဒီလူရဲ့ အသိအမှတ်ပြု ဂုဏ်ယူမှုကို ငြင်းပယ်ဖို့မတတ်နိုင်စေရဘူး။
ညက တိတ်ဆိတ်နေတယ်။ ချူယွီက ဘေးခန်းက တံခါးကို ညင်သာစွာ တွန်းဖွင့် လိုက်ပြီး
ခိုးကြောင်ခိုးဝှက် အထဲကိုဝင်လာခဲ့တယ်။ ရှဲ့ရှီးက တစ်နေ့လုံး ကျင့်ကြံနေခဲ့ပြီး အခုတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တယ်။
ချူယွီက သတိကြီးကြီးနဲ့ အိပ်ရာဘေးကို ရွေ့လာပြီး အိပ်ရာခင်းစောင်ကို ဆွဲချလိုက်တယ်။
ရှဲ့ရှီးရဲ့ဝတ်စုံကို ဖွင့်ကာ သေးငယ်ဖြူဖွေးတဲ့ရင်ဘတ်လေးကို ကြည့်လိုက်တယ်။ သူ့လက်ချောင်းတွေကို ဖိချလိုက်တယ်။ အဲ့အသားအရေလေးက ကျောက်စိမ်းနွေးနွေးလေးကို ထိနေရသလိုပဲ။
System ကနေ notiတက်လာခဲ့တယ် "သင့်မှာ commentအသစ်တစ်ခုရှိပါတယ်။"
ချူယွီကြည့်ခဲ့တယ်....
[ စာဖတ်သူ v587 :: ဒီငလူးကောင်ကတော့!!! အစ်ကိုကြီးက gayလား!? လခွမ်းထဲမှ ညဉ့်နက်ချိန်မှာ သူက ကောင်လေးရဲ့ ရင်ဘတ်ကိုထိဖို့ အဝတ်အစားတွေကို မမျှော်လင့်ဘဲ ချွတ်နေတယ်!!! -2]
ချူယွီ :: "....."
ခဏလေးနေကြပါဦး!!!!
ငါပြောတာ နားထောင်ကြ!!!
-----------
[Zawgyi]
ခ်ူယြီရဲ့ ဆိုးယုတ္ၿပီး ၿခိမ္းေျခာက္မႈဆန္တဲ့စကားေတြကို နားေထာင္ၿပီးတဲ့ေနာက္မွာေတာ့ ရွဲ႔ရွီးက စိတ္သက္သာရာရၿပီး ၾကက္သီးေတြကို တိတ္ဆိတ္စြာ ပြတ္သပ္လိုက္တယ္။
သူက သူ႔ဆရာသခင္ကို ဘာတစ္ခုမွ ျပန္ေျပာဖို႔ မရည္ရြယ္ထားတဲ့အတြက္ ေခါင္းညိတ္ျပလိုက္ၿပီး ခ်ူယြီေျပာတာကို လက္ခံလိုက္တယ္။
ဒီလို နာခံတတ္ၿပီး ႏွင္းဆီေရာင္ အသားအေရေလးနဲ႔ မ်က္ရည္ေတြ ဝဲတဲတဲ မ်က္လံုးေလးနဲ႔ ေကာင္ငယ္ေလးကို ၾကၫ့္ရင္း သူ႔ရဲ့ မေကာင္းဆိုးဝါးဆန္တဲ့ လက္ေတြက ေကာင္ေလးကို ထိကိုင္ဖို႔ တြန္းအားေပးမႈကို ခ်ဳပ္တည္းေနရတယ္။
အဲတာဇာတ္လိုက္..ဇာတ္လိုက္..ဇာတ္လိုက္..
အနာဂတ္ ညီအစ္ကိုေလး..အနာဂတ္ေရႊေပါင္ႀကီး..အနာဂတ္ အာမခံလမ္းေၾကာင္းေလး...
သူက သူ႔ႏွလံုးသားထဲက အဲဒီအေတြးေတြကို ႏိႈင္းဆခ်င့္ခ်ိန္ၿပီး ျမဴးထူးတက္ႂကြစြာ အျပင္ထြက္သြားခဲ့တယ္။
ရွဲ႔ရွီးက အခုမွ စိတ္သက္သာရာရသြားတယ္။ သူ႔ရဲ့ စိုးရိမ္ေသာကေတြ တစ္ျဖည္းျဖည္းလံုးပါးသြားၿပီးေနာက္ သူ႔ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး တစ္ခုခု ကြဲျပားေနသလို ခံစားရတယ္။သူ႔ရဲ့
စိတ္ပ်က္ဖြယ္ ခႏၶာကိုယ္ႀကီးက အႏွစ္သာရမဲ့ၿပီး အခြံျဖစ္ေနခဲ့တာ ၾကာၿပီ။ အခုေတာ့ သူ႔ခႏၶာကိုယ္ထဲမွာ မေမ်ွာ္လင့္ထားတဲ့ ဝိညာဉ္စြမ္းအားတစ္ခု လွၫ့္ပတ္ေနတယ္။
သူက အခ်ိန္အေတာ္ၾကာ စိတ္လြင့္ေနခဲ့တယ္။
သူရဲ့ စိတ္ေတြကို ျပန္စုစည္းလိုက္တဲ့အခါမွာ သူ႔ရဲ့ အရင္က ထံုေနတဲ့ လက္ေတြ ေျခေထာက္ေတြက အိပ္ေပ်ာ္ၿပီးတဲ့ေနာက္မွာ ရုတ္တရက္ ေခတၲေလာက္ စူးေအာင့္လာခဲ့တယ္။ သူ ခ်က္ခ်င္းပဲ တရားထိုင္လိုက္ၿပီး သူ အလြတ္ရေပမဲ့ ဘယ္ေတာ့မွ အသံုးမျပဳရေသးတဲ့ ခ်ီစြမ္းအင္ လွၫ့္ပတ္ျခင္းကို စတင္ က်င့္ႀကံလိုက္တယ္။
သူက သူ႔ရဲ့ ခႏၶာကိုယ္က ခ်ီေတြကို ခုနစ္ႀကိမ္ခုနစ္ခါ လွၫ့္ပတ္ေစလိုက္တယ္။ သူ႔ရဲ့ ခႏၶာကိုယ္တစ္ခုလံုး ေရပူစမ္းထဲမွာ စိမ္ေနသလို အေတာ္ကို သက္ေတာင့္သက္သာ ရိွလာတယ္။
ရွဲ႔ရွီးက ေလပူေတြကို မႈတ္ထုတ္ရင္း စိတ္ေက်နပ္စြာနဲ႔ သက္ျပင္းခ်လိုက္တယ္။ ထို႔ေနာက္ သူက သူ႔ရဲ့ လက္ေတြကို ငံု႔ၾကၫ့္လိုက္တယ္။
သူ က်င့္ႀကံႏိုင္ၿပီ!
ဒီေန့မတိုင္ခင္က သူ႔ခႏၶာကိုယ္လမ္းေၾကာင္းထဲက ခ်ီစြမ္းအင္စီးဆင္းမႈကို ပိတ္ဆို႔ထားတဲ့ အရာတစ္ခုခု ရိွေနတယ္လို႔ သူ အၿမဲတမ္းခံစားရတယ္။ ယခုေတာ့ အဲ့အတားအဆီးက က်ိဳးပ်က္သြားၿပီး နည္းနည္းက်င့္ႀကံလိုက္ရံုနဲ႔ သူ႔စြမ္းအင္ေတြကို ႏွစ္ဆ တိုးေစတယ္။
ဘာေတျြဖစ္သြားတာလဲ??
ရွဲ႔ရွီးက အခ်ိန္အေတာ္ၾကာ မ်က္ေမွာင္ၾကဳပ္ရင္း အေတြးထဲမွာ နစ္ျမႇဳပ္ေနခဲ့တယ္။ ခ်ူယြီ သူ႔ကို အသီးစားေစခဲ့တုန္းက သူ သတိေမ့တာကို
ရုတ္တရက္ မွတ္မိလိုက္တယ္။ ၾကၫ့္ရတာ အဲဒီ အဆိပ္ရိွတဲ့ အသီးကို စားၿပီးေနာက္မွာေတာ့ သူခႏၶာကိုယ္က အတားအဆီးကေန လြတ္ေျမာက္သြားသလိုပဲ.....
ခ်ူယြီက သူ႔ကို ကူညီတာလား??
ၾကက္သီးေတြ ေနာက္တစ္ေခါက္ျပန္ထလာခဲ့တယ္။ သူ အိပ္ရာက ခုန္ထြက္လိုက္ၿပီးတာနဲ႔ ရွဲ႔ရွီးမ်က္ႏွာက ရုပ္ဆိုးသြားခဲ့တယ္။ သူ႔အိပ္ရာေဘးက အျဖဴေရာင္ဝတ္စံုကို ျမင္သြားၿပီး မဝတ္ခင္ ဂရုတစိုက္ စစ္ေဆးလိုက္ေသးတယ္။
ခ်ူယြီက သူ႔ကို ဘာလို႔ ကူညီတာလဲ??
လြန္ခဲ့တဲ့သံုးႏွစ္တုန္းကေတာ့ သူ႔ကို မၫွာမတာ အႏိုင္က်င့္ အႏိွပ္စက္ဆံုးသူက ခ်ူယြီေလ!!
ခ်ူယြီက သူ႔ကို သတ္ေတာင္သတ္ပစ္ခ်င္ခဲ့တာ!
ရွဲ႔ရွီးမ်က္ႏွာက မတင္မက် ျဖစ္ေနတယ္။
ယခုခ်ိန္မွာ သူက က်င့္ႀကံႏိုင္ေနၿပီ ျဖစ္တယ္။ သူ ေအာင္ျမင္မႈအခ်ိဳ႕ ရၿပီးတာနဲ႔ သူကို ႏိွပ္စက္ခဲ့တဲ့သူေတြကို ေနာင္တရေအာင္ လုပ္မယ္။
သူ႔အခန္းထဲမွာ ထိုင္ေနရင္းကပင္ ခ်ူယြီရုတ္တရက္ ႏွာေခ်လိုက္တယ္။
"ထူးဆန္းလိုက္တာ။ က်င့္ႀကံျခင္းက အေအးမိႏိုင္လို႔လား?" ခ်ူယြီက သူ႔ႏွာေခါင္းကို ပြတ္ရင္း တိုးတိုးေလး ေရရြတ္လိုက္တယ္။
သူ တရားထိုင္ေနရင္း ခ်ူယြီ ရုတ္တရက္ သူ negative commentေတြ ရရိွခဲ့တာကို သတိရလိုက္တယ္။ သူ အလ်င္အျမန္ပဲ Systemကိုေမးလိုက္တယ္ "007ေရ ငါ့မွာ အမွတ္ဘယ္ေလာက္ရိွေသးတာလဲ?"
007ေလးရဲ့ တက္ႂကြအားရတဲ့ အသံက သူ႔နားထဲဝင္လာတယ္။ "သင္က ဒီေန့ negative commentေပါင္း၁၄ခု ရခဲ့တယ္။ အဲေတာ့ ၂၈မွတ္ႏုတ္ လိုက္ၿပီး သင့္ရဲ့ လက္ရိွအမွတ္က ၇၂မွတ္။ "
ခ်ူယြီက အမွတ္ကို စိုက္ၾကၫ့္ရင္း မူးေဝသြားၿပီး သူ႔ရင္ထဲမွာ နာက်င္သြားရတယ္။
*****
ဒုတိယေန့ မနက္ေစာေစာ မွာ လုခ်င္းအန္ ျပန္လာခဲ့တယ္။
ေက်ာက္ရွားမွာ ထ်န္းယြမ္ဂိုဏ္းက ဦးေဆာင္တဲ့ အဖြဲ႔ႀကီး သံုးခုရိွတယ္။ ဂိုဏ္းထဲမွာ အမတဂူ ကိုယ္စီနဲ႔ အႀကီးအကဲခုနစ္ေယာက္ရိွတယ္။ဒီကမ႓ာက စိတ္ဝိညာဉ္ဂူေတြက ပုန္းကြယ္ေနၿပီး မျမင္ႏိုင္ေပမဲ့ လွပတဲ့ေနရာေတြ ျဖစ္တယ္။
လုခ်င္းအန္နဲ႔ သူ႔တပၫ့္သားေတြက ဓားသိုင္းက်င့္နည္းကို လိုက္နာၾကၿပီး ဓားသိုင္းပညာကို က်င့္ႀကံၾကတယ္။ ယြမ္ခ်န္းေတာင္က
ခ်ူယြီနဲ႔ အျခားတပၫ့္ေတြက ဓားပ်ံသိုင္းကို မကြၽမ္းက်င္ၾကေသးဘူး။ လုခ်င္းအန္ အေဝးကေန ပ်ံလာတာကို ၾကၫ့္ေနရင္း ေစာင့္ေမ်ွာ္ေနတဲ့
တပၫ့္အမ်ားစုမွာ ရိုေသေလးစားၿပီး အားက်လာၾကတယ္။ Qi Qi အေလးျပဳလိုက္တယ္ "ဆရာသခင္၊ ဂိုဏ္းမွ ႀကိဳဆိုပါတယ္။ "
[T/N:Qi Qi ဆိုတဲ့အဓိပၸာယ္ကိုရွာမေတြ့ဘူးရယ္ ]
ခ်ူယြီကေရ႔ွမွာ ရပ္ၿပီး ေဈးေပါေသာ ဆရာသခင္ကို ဂရုတစိုက္ ၾကၫ့္လိုက္တယ္။
လုခ်င္းအန္က မူလခ်ူယြီရဲ့မွတ္ဉာဏ္ေတြထဲကနဲ႔ အတူတူပဲ။ သူ႔မ်က္ႏွာက တည္ၾကည္ၿပီး သူ႔အျဖဴေရာင္ဝတ္စံုက ေလထဲမွာ လြင့္ေမ်ာေနတယ္ ၿပီးေတာ့ သူက အမတအရွင္တစ္ေယာက္ရဲ့ ပန္းခ်ီကားတစ္ခ်ပ္နဲ႔ တူတယ္။ တစ္စံုတစ္ေယာက္က ေသေသခ်ာခ်ာၾကၫ့္မယ္ဆိုရင္ လုခ်င္းအန္က အလြန္ ေခ်ာေမာခံ့ညားၿပီး သိမ္ေမြ့ပံုရိွတာကို သတိျပဳမိလိမ့္မယ္။သူ႔ရဲ့ရင့္က်က္ေနတဲ့ မ်က္လံုးေတြကိုသာ လ်စ္လ်ူရႈလိုက္ရင္ သူက အဆင့္အတန္းျမင့္တဲ့ မိသားစုက သခင္ေလးတစ္ေယာက္လိုပဲ။
ဒါေပမဲ့ တကယ္ လုခ်င္းအန္က အသက္ ၂၀၀ေက်ာ္ေနၿပီ။
လုခ်င္းအန္ရဲ့ ဝတ္ရံုလက္ေတြက လြင့္ေမ်ာေနၿပီး ေအးစက္တည္ၿငိမ္တဲ့ မ်က္ႏွာနဲ႔ ေျမျပင္ေပၚသို႔ သက္ဆင္းလာတယ္။ သူ႔ရဲ့ တပၫ့္ေတြကို ၾကၫ့္လိုက္ရင္း ေခါင္းညိတ္ျပလိုက္တယ္။
ၿပီးေတာ့ သူ႔မ်က္လံုးက ခ်ူယြီဆီေရာက္လာၿပီးေျပာလိုက္တယ္ "ယြီအာ, မင္းအတြက္ခက္ခဲေစခဲ့ၿပီ။"
တုန္လႈပ္စြာနဲ႔ ခ်ူယြီခႏၶာကိုယ္ တုန္ရင္သြားတယ္။
ယြီအာ , ယြီအာ , ယြီအာ .....
[ 'အာ'ဆိုတဲ့ အသံုးက 'သား'လို႔ဆိုလိုတာျဖစ္ၿပီး လူႀကီးေတြက လူငယ္ေလးတစ္ေယာက္ အထူးသျဖင့္ ကေလးတစ္ေယာက္ကို ေခၚတဲ့ ေနာက္တက္ဆြဲအသံုးျဖစ္တယ္။ အရင္းဆံုးသူငယ္ခ်င္းေတြမွာလည္းတစ္ခါတစ္ေလ သံုးၾကတယ္။ အဲတာကို ခ်စ္ဖို႔ေကာင္းတယ္လို႔ မွတ္ယူလို႔ရၿပီး ခ်စ္ခင္ၾကင္နာမႈ အသံုးအႏႈန္းျဖစ္တယ္ ]
သူ အဲလိုေခၚခံရမွာကို သိေပမဲ့ သူ ၾကက္သီး
ထလာတာကိုေတာ့ မထိန္းႏိုင္ေသးေပ။
လုခ်င္းအန္ :: "အာ" ခ်ူယြီေနာက္က ရွဲ႔ရွီးရိွတဲ့ ေနရာကို ၾကၫ့္ရင္း လုခ်င္းအန္ရဲ့ မ်က္လံုးထဲမွာ သနားတဲ့ အရိပ္အေရာင္ေတြ ျဖတ္ေျပးသြားတယ္။ "ရွီးအာ "
ရွဲ႔ရွီးကေရ႔ွတက္ရင္း "ဒီတပၫ့္က ဆရာသခင္ကို ႏႈတ္ခြန္းဆက္သပါတယ္။"
အေနာက္ဖက္က တပၫ့္ေတြက ေဇာေခြၽးျပန္လာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ရႈပ္ေထြးစြာၾကၫ့္လိုက္တယ္။ သူတို႔ Xie Xiတစ္ခုခုေျပာလိုက္မွာကို အလြန္ေၾကာက္ေနၾကတယ္။
လုခ်င္းအန္က ရွဲ႔ရွီးရပ္ေနတဲ့ ေနရာဆီ ေလ်ွာက္သြားၿပီး သူ႔တပၫ့္ရဲ့ ပုခံုးေလးကို ကိုင္လိုက္တယ္။ အခ်ိန္အၾကာႀကီး သူ အံ့အားသင့္ၿပီးေနာက္ သူ ၿပံဳးလိုက္ေပမဲ့ ဘာမွေတာ့ မဆိုလိုက္ေပ။
ခ်ူယြီက အခြင့္အေရးကို ယူၿပီး စကားေျပာလိုက္တယ္ "ဆရာသခင္, ဂိုဏ္းခ်ဳပ္ဆရာဦးေလးက ႏႈတ္ဆက္စကားကို မေန့က ပို႔ထားၿပီး
သူနဲ႔ ကိစၥေဆြးေနြးရန္ ပင္းယြမ္ေတာင္ဆီ လာဖို႔ ဖိတ္ၾကားထားပါတယ္။"
လုခ်င္းအန္က ေခါင္းညိတ္ၿပီး ခ်ူယြီဆီ အၾကၫ့္ပို႔ရင္း " ယြီအာ, ငါနဲ႔လိုက္ခဲ့။ "
သူ ေျပာၿပီးေနာက္ လုခ်င္းအန္ နဲ႔ ခ်ူယြီတို႔
ပင္းယြမ္ေတာင္သို႔ ဓားပ်ံစီးရင္း ခ်က္ခ်င္း ထြက္သြားၾကတယ္။ ဆရာသခင္ ထြက္သြားတာျမင္မွ တပၫ့္မ်ားက ရွဲ႔ရွီးေနာက္ေက်ာကို ၾကၫ့္ရင္း ေလသံတိုးတိုးျဖင့္ အတင္းစေျပာေတာ့တယ္။
"ဘာလို႔ ဆရာသခင္က ၿပံဳးေနတာလဲ?"
"ငါ ထင္တာ ဆရာသခင္က အံ့အားသင့္ေနပံုရတယ္။ ဒါမွမဟုတ္ အဲအမိႈက္ေကာင္က သံုးႏွစ္လံုး ဘာက်င့္ႀကံမႈမွ မလုပ္ႏိုင္တာနဲ႔ ပတ္သက္ၿပီး ေလွာင္ခ်င္ေနတာလည္း ျဖစ္ႏိုင္တာပဲေလ?"
"ဆရာသခင္က ဘယ္လိုလူမ်ိဳးလဲ? သူက ျပက္ေခ်ာ္ေခ်ာ္ ႏိုင္ပါ့မလား?"
"ဒါဆို ဆရာသခင္က ဘာလို႔ၿပံဳးေနတာလဲ"
ရွဲ႔ရွီးက အရည္မရအဖက္မရေတြ ေျပာေနတဲ့
တပၫ့္ေတြကို ေအးစက္စြာ စိုက္ၾကၫ့္ ၿပီး ခ်ူယြီရဲ့ၿခံဝင္းဘက္ကို ျပန္သြားခဲ့တယ္။
လူစုႀကီးက သူ႔ကို အျပစ္မေျပာဘဲ မေနႏိုင္ၾကေပ။
"မင္းကဘာလို႔ မာနေတြႀကီးျပေနတာလဲ?ဆရာ ျပန္လာတာနဲ႔ပဲ!!"
"သူကမ်ား ငါတို႔ကို အဲလိုၾကၫ့္ရဲေသးတယ္။ ေနာက္တစ္ႀကိမ္က်ရင္ မ်က္လံုးကန္းေအာင္လုပ္ပစ္မယ္!!! "
"သူက က်င့္ေတာင္မက်င့္ႀကံႏိုင္ပဲနဲ႔မ်ား!ဒီလို အသံုးမက်တဲ့ အမိႈက္က ဆရာသခင္ လမ္းေဘးက ေကာက္လာတဲ့ နံေစာ္ေနတဲ့ သူေတာင္းစားသာသာပဲ! ဒီမွာ ႏွစ္အနည္းငယ္ေနေနတာ အရမ္း စိတ္ပ်က္ဖို႔ေကာင္းတာပဲ!! "
" ဖြီ , စိတ္ႀကီးဝင္ေနတာ၊ သူက အစ္ကိုႀကီး ၿခံဝန္းထဲမွာ ေနရမယ္လို႔ တကယ္ထင္ေနတာလား? သူျပန္မ်ားေမြးဖြားလာတာလား?"
"ဆရာ ျပန္သြားတဲ့ထိ ေစာင့္ၾကဦး၊ ေနာက္ေတာ့ ငါတို႔ အဲေကာင္ေလးကို ၾကၫ့္ေကာင္းေအာင္ လုပ္ပစ္မယ္!!"
"မင္းအမ်ားႀကီး ေျပာၿပီးၿပီ။ ရွဲ႔ရွီးသာ မင္းလုပ္ခဲ့တဲ့ အေၾကာင္းေတြကို ဆရာသခင္ကိုသာ တစ္ခုခုေျပာလိုက္ရင္ မင္း ယြမ္ခ်န္းေတာင္မွာ ေနရမွာမဟုတ္ေတာ့ဘူး။"
လူတိုင္းက Qi Qiေျပာသလို အရိွန္ေလ်ာ့ၿပီး တပၫ့္အားလံုး နာခံစြာနဲ႔ ပါးစပ္ပိတ္သြားခဲ့တယ္။ ႏွစ္ေယာက္စီ သံုးေယာက္စီ စုရင္း ေတာထဲကို က်င့္ႀကံဖို႔ ဝင္သြားခဲ့တယ္။
ထ်န္းယြမ္ဂိုဏ္းမွာ စုစုေပါင္း ေတာင္ခုနစ္လံုးရိွတယ္။ တစ္လံုးစီမွာ အႀကီးအကဲတစ္ေယာက္ အုပ္ခ်ဳပ္တယ္။ ထ်န္းယြမ္ေတာင္မ်ားထဲကအဓိကေတာင္ျဖစ္တဲ့ ပင္းယြမ္ေတာင္က ဂိုဏ္းခ်ဳပ္ေနထိုင္ရာ ေတာင္ျဖစ္တယ္။
ေတာင္ေပၚမွာ သန႔္ရွင္းလတ္ဆတ္တဲ့ ေရထဲေရာက္ေနသလို ခံစားမႈမ်ိဳးေပးတဲ့ အခံုးပံုစံ ႀကီးျမတ္တဲ့ ခန္းမႀကီးတစ္ခု ရိွတယ္။အဲ့တာက အႀကီးအကဲေတြ ေဆြးေနြးေဆာင္ျဖစ္တယ္။
လုခ်င္းအန္က ခ်ူယြီကို ဦးေဆာင္ရင္း အျခားအႀကီးအကဲေတြ ေစာင့္ဆိုင္းေနတဲ့ ခန္းမထဲ ဝင္သြားလိုက္တယ္။
အင္အားအရဆိုလ်ွင္ လုခ်င္းအန္က ဂိုဏ္းခ်ဳပ္ စုန႔္ယြမ္က်ိဳးကို ေကာင္းေကာင္းယွဉ္ႏိုင္တယ္။ လုခ်င္းအန္ ခန္းမထဲ ဝင္လာတဲ့အခါ ခန္းမႏွစ္ဖက္လံုးမွာ ထိုင္ေနတဲ့ အႀကီးအကဲေတြက ၿပံဳးၿပီး ႏႈတ္ဆက္ဖို႔ သူတို႔လက္ေတြကို လက္ခုပ္ပံုလုပ္လိုက္တယ္။
လုခ်င္းအန္က ေခါင္းကို ျဖည္းျဖည္းခ်င္း ညိတ္ျပလိုက္ၿပီး ဂိုဏ္းခ်ဳပ္ေဘးမွာ ဝင္ထိုင္လိုက္တယ္။ ခ်ူယြီကေတာ့ ပညာရိွစြာနဲ႔ လုခ်င္းအန္ေနာက္မွာ တိတ္တဆိတ္ ရပ္ေနလိုက္တယ္။
မူလခ်ူယြီက အင္မတန္ ျမင့္ျမတ္ၿပီး စြဲမက္ဖြယ္ေကာင္းတဲ့ပံုစံကို လုခ်င္းအန္ဆီက အတုခိုးထားတာပဲ!
ခန္းမအလယ္က ဂိုဏ္းခ်ဳပ္ထိုင္ခံုမွာ ထိုင္ေနတဲ့ စုန႔္ယြမ္က်ိဳးက ၿပံဳးရင္း ေျပာလိုက္တယ္။ "အႀကီးအကဲ ညီငယ္ေလးလု , ငါတို႔မေတြ့ရတာ သံုးႏွစ္ေတာင္ ၾကာၿပီ။ ဝီရိယရိွရိွ တရားက်င့္ေနတာပဲျဖစ္ရမယ္။"
လုခ်င္းအန္ က မယုတ္မလြန္အမူအရာနဲ႔ပဲ မ်က္ခံုးပင့္ျပလိုက္တယ္။
စုန႔္ယြမ္က်ိဳးက ဥေပကၡာျပဳခံရေပမဲ့ သူ စိတ္ကသိကေအာင့္ မျဖစ္ခဲ့ဘူး။ သူက ခန္းမထဲကို ေဝ့ၾကၫ့္လိုက္ၿပီး "ဒီေန့ ငါ အႀကီးအကဲေတြကို ဆင့္ေခၚရတဲ့ အေၾကာင္းကေတာ့ ငါတို႔ေတြ
တိုင္ပင္စရာ ရိွလို႔ပါ.."
"ကြၽန္ေတာ္ ဂိုဏ္းခ်ဳပ္ကို အဓိက အခ်က္ကို ျမန္ျမန္ေျပာဖို႔ ေတာင္းဆိုခ်င္ပါတယ္။ " အႀကီးအကဲတစ္ေယာက္က စိတ္မရွည္ျဖစ္ေနၿပီး
ဆက္လက္ မခန႔္မွန္းခ်င္ျဖစ္ေနတယ္။
စုန္႔ယြမ္က်ိဳးက က်က္သေရရိွရိွနဲ႔ ေျပာလိုက္တယ္ "အႀကီးအကဲေတြ လူသားစားတဲ့ နတ္ဆိုးဝိညာဉ္ပိုးေကာင္ေတြကို မွတ္မိတယ္မလား?"
လုခ်င္းအန္က ေဘးကိုကိုင္းၿပီး "နတ္ဆိုးဝိညာဉ္ပိုးေကာင္ေတြ အားလံုးကို လြန္ခဲ့တဲ့ ဆယ္ႏွစ္ကပဲ အျမစ္ျပတ္ သုတ္သင္လိုက္ၿပီ မဟုတ္ဘူးလား?"
"မၾကာေသးခင္ကပဲ နယ္စပ္ေဒသက ေက်ာက္ရွားနယ္ေျမမွာ ပိုးေကာင္ေတြလကၡဏာ ေတြ့ရတယ္။" စုန႔္ယြမ္က်ိဳးက ေခါင္းကိုခါလိုက္ရင္း "ပိုးေကာင္ေတြရဲ့ က်န္ေနတဲ့ဥေတြ ရိွေသးတယ္။ မင္းတို႔သိတဲ့အတိုင္း သူတို႔ သားမေပါက္ခင္အထိ ဥေတြကို ဖ်က္ဆီးႏိုင္မယ့္ နည္းလမ္းမေတြ့ဘူးေလ။ ငါတို႔ ဒီသံုးႏွစ္မွာ သတင္းအသစ္ေတြ ရထားတယ္။ ဥေတြက အေကာင္ေပါက္လာၿပီး လူ႔အသက္အမ်ားႀကီးကို ထိခိုက္ေစခဲ့တယ္။"
"ဂိုဏ္းခ်ဳပ္က ဘာကိုဆိုလိုတာလဲ?"
"ဒီသံုးႏွစ္မွာ အမတဓားသိုင္း ညီလာခံ ကိုက်င္းပလိမ့္မယ္။ တပၫ့္ေတြရဲ့ ေနာက္မ်ိဳးဆက္မွာ တပၫ့္ေတြ ခ်ိဳ႕တဲ့ေနၿပီ။ အမတ ဓားသိုင္းညီလာခံမွာ ပါဝင္မယ့္ သူေတြကို အႏိုင္ယူေကာင္းယူႏိုင္လိမ့္မယ္။ ငါ ေတာင္းဆိုခ်င္တာက
ဥေတြ ေပါက္လာတဲ့အခါ အႀကီးအကဲေတြက အယံုၾကည္ရဆံုး တပၫ့္တစ္ေယာက္ကို တိုက္ပြဲအေတြ့အႀကံဳရဖို႔နဲ႔ ဥေတြကို ႏိွမ္နင္းဖို႔ ေစလႊတ္ေစခ်င္တယ္။ "
သားေလာင္းေတြက အရြယ္ေရာက္ၿပီးသားပိုးမႊားေတြလို အႏၲရာယ္မမ်ားေပမဲ့လည္း သူတို႔က ဒုကၡေပးေနဆဲျဖစ္ၿပီး တပၫ့္ငယ္ေလးေတြအတြက္ အႏၲရာယ္ မ်ားႏိုင္တယ္။
အႀကီးအကဲေတြက တစ္ေယာက္နဲ႔တစ္ေယာက္ၾကၫ့္ေနေပမဲ့ ခ်က္ခ်င္း ကတိမေပးႏိုင္ခဲ့ဘူး။
လုခ်င္းအန္က ခ်ူယြီရဲ့မ်က္လံုးေတြထဲကို စိုက္ၾကၫ့္ရင္း " ယြီအာ၊ မင္းသြားရဲလား? "
ဆရာသခင္,ဆရာ့မ်က္လံုးေတြက အရမ္းစူးရွေနမွေတာ့ ဘယ္သူက မသြားဘူးလို႔ ေျပာမွာလဲ!!
ခ်ူယြီက သူ႔ေသျခင္းအတြက္ သူ႔ေခါင္းကိုညိတ္လိုက္ကာ 'မသြားရဲဘူး'ဆိုတဲ့ စကားကို ျပန္မ်ိဳခ်လိုက္တယ္။
လုခ်င္းအန္က ေက်ေက်နပ္နပ္ ၿပံဳးခဲ့ၿပီး ေရ႔ျွပန္လွၫ့္သြားခဲ့တယ္။ "သံုးႏွစ္ျပၫ့္ရင္ ငါ့ရဲ့ တပၫ့္ႀကီး က နတ္ဆိုးပိုးမႊားေတြကို ႏိွမ္နင္းဖို႔ သြားလိမ့္မယ္။"
စုန႔္ယြမ္က်ိဳးက ေပ်ာ္ရႊင္စြာ ေခါင္းညိတ္လိုက္တယ္။
တစ္ေယာက္က လက္ခံတာနဲ႔ အျခားအႀကီးအကဲေတြကလည္း သူတို႔ရဲ့ ထူးခြၽန္တဲ့တပၫ့္ေတြကို ပို႔ေပးဖို႔ ကတိျပဳလိုက္တယ္။
ခ်ူယြီရဲ့ ႏွလံုးသားေလးက မ်က္ရည္ေတြနဲ႔ ျပၫ့္ေနၿပီ။ ဒီသံုးႏွစ္မွာ ေကာင္းေကာင္းက်င့္ႀကံရလိမ့္မယ္။ မဟုတ္ရင္ သူ ေသေကာင္းေသသြားလိမ့္မယ္။
စဉ္းစားၾကၫ့္ေတာ့ ဝတၴုထဲမွာ ခ်ူယြီက နတ္ဆိုးပိုးမႊားေတြကို ေခ်မႈန္းဖို႔ သြားခဲ့ေပမဲ့ ဇာတ္လိုက္ကေတာ့ မသြားခဲ့။ စကားလံုးအခ်ိဳ႕ကလြဲၿပီး ျဖစ္စဉ္ကို အေသအခ်ာ မေဖာ္ျပထားဘူး။
အဲတာေၾကာင့္ နတ္ဆိုးပိုးေကာင္ေတြနဲ႔ ပတ္သက္ၿပီး ကိုးကားစရာ မရိွသေလာက္ပဲ။
မူလခ်ူယြီက အဲခရီးကို သြားခဲ့ၿပီး ျပင္းထန္တဲ့ ဒဏ္ရာတစ္ခုနဲ႔ ျပန္လာခဲ့တယ္။ သူက အမတဓားသိုင္း ညီလာခံမွာ ပါဝင္ ယွဉ္ၿပိဳင္ေပမဲ့ သူ႔ၿပိဳင္ဘက္ေၾကာင့္ အရွက္တကြဲ ျဖစ္ခဲ့ရတယ္။ အျခားတစ္ဖက္မွာေတာ့ ဇာတ္လိုက္ကလည္း ညီလာခံကို တက္ေရာက္ခဲ့ၿပီး မူလခ်ူယြီကို ေသြးသံုးလီတာေလာက္ အန္ေအာင္လုပ္ခဲ့ၿပီး ထင္ေပၚေက်ာ္ၾကားမႈနဲ႔အတူ ဂုဏ္တက္ခဲ့တယ္။
သူတို႔ ခန္းမထဲက ထြက္လာေတာ့ ခ်ူယြီမ်က္ႏွာက တည္ၿငိမ္ေနေပမဲ့ သူ႔ႏွလံုးသားကေတာ့ ရႈပ္ေထြးတဲ့ခံစားခ်က္ေတြနဲ႔ျပၫ့္ေနတယ္။
လုခ်င္းအန္က ခ်ူယြီနဲ႔အတူ သူ႔ဓားပ်ံျဖင့္ ပ်ံသြားခဲ့တယ္။ သူတို႔ေလထဲမွာ ပ်ံေနစဉ္ သူကရုတ္တရက္ "ယြီအာ, ဒုတိယ တပၫ့္ေလးရဲ့ အဟန႔္အတားက က်ိဳးပ်က္သြားၿပီ။ ငါ အရပ္ေလးမ်က္ႏွာကို လွၫ့္လည္သြားလာစဉ္မွာ ငါ့စိတ္ေတြကလည္း ယခု သက္ေတာင့္သက္သာ ရိွလာတယ္။ "
ခ်ူယြီက ရိုရိုေသေသနဲ႔"ဟုတ္ကဲ့" လို႔ေျပာလိုက္တယ္။
"ဒီဆရာသခင္ သြားရင္ မင္းက ရွီးအာက်င့္ႀကံမႈရဲ့ လမ္းျပသူ ျဖစ္လာလိမ့္မယ္။"
ခ်ူယြီက ကတိေပးလိုက္ေပမဲ့ သူ႔စိတ္ထဲမွာ လ်ိဳ႕ဝွက္စြာ ညည္းၫူေနတယ္။ မူလခ်ူယြီက ဆရာရဲ့ စကားေတြကို နားမၾကားသလို လုပ္ၿပီး ရွဲ႔ရွီးကို ဆက္လက္ အထင္အျမင္ ေသးေနခဲ့တယ္။ ရွဲ႔ရွီးက ယခု က်င့္ႀကံႏိုင္ေနၿပီ ျဖစ္တဲ့အတြက္ အျခားတပၫ့္ေတြအေနနဲ႔ သူ႔ကိုအႏိုင္က်င့္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။သူတို႔က ရွဲ႔ရွီးကို အထင္ေသးမႈေတြ ေဖာ္ျပခဲ့ေပမဲ့ သူက အျပၫ့္အဝ ျခားနားသြားၿပီ။
သို႔ေသာ္လည္း သူက မူလခ်ူယြီ မဟုတ္ဘူးေလ။ ဒီခ်ူယြီက ေကာင္ငယ္ေလးကို ေကာင္းေကာင္းဂရုစိုက္ေပးမယ္။ ဒီလူရဲ့ အသိအမွတ္ျပဳ ဂုဏ္ယူမႈကို ျငင္းပယ္ဖို႔မတတ္ႏိုင္ေစရဘူး။
ညက တိတ္ဆိတ္ေနတယ္။ ခ်ူယြီက ေဘးခန္းက တံခါးကို ညင္သာစြာ တြန္းဖြင့္ လိုက္ၿပီး
ခိုးေၾကာင္ခိုးဝွက္ အထဲကိုဝင္လာခဲ့တယ္။ ရွဲ႔ရွီးက တစ္ေန့လံုး က်င့္ႀကံေနခဲ့ၿပီး အခုေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနခဲ့တယ္။
ခ်ူယြီက သတိႀကီးႀကီးနဲ႔ အိပ္ရာေဘးကို ေရြ့လာၿပီး အိပ္ရာခင္းေစာင္ကို ဆြဲခ်လိုက္တယ္။
ရွဲ႔ရွီးရဲ့ဝတ္စံုကို ဖြင့္ကာ ေသးငယ္ျဖဴေဖြးတဲ့ရင္ဘတ္ေလးကို ၾကၫ့္လိုက္တယ္။ သူ႔လက္ေခ်ာင္းေတြကို ဖိခ်လိုက္တယ္။ အဲ့အသားအေရေလးက ေက်ာက္စိမ္းေနြးေနြးေလးကို ထိေနရသလိုပဲ။
System ကေန notiတက္လာခဲ့တယ္ "သင့္မွာ commentအသစ္တစ္ခုရိွပါတယ္။"
ခ်ူယြီၾကၫ့္ခဲ့တယ္....
[ စာဖတ္သူ v587 :: ဒီငလူးေကာင္ကေတာ့!!! အစ္ကိုႀကီးက gayလား!? လခြမ္းထဲမွ ညၪ့္နက္ခ်ိန္မွာ သူက ေကာင္ေလးရဲ့ ရင္ဘတ္ကိုထိဖို႔ အဝတ္အစားေတြကို မေမ်ွာ္လင့္ဘဲ ခြၽတ္ေနတယ္!!! -2]
ခ်ူယြီ :: "....."
ခဏေလးေနၾကပါဦး!!!!
ငါေျပာတာ နားေထာင္ၾက!!!
---------------