အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

58.9K 5.5K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Love ya boy...

1.8K 132 57
By Nova_Danica

[Unicode]

"ဘယ်...ဘယ်သူလဲ"

အသံရှင်အား လှည့်ကြည့်စေချင်သလို၊ လှည့်လည်း လှည့်မကြည့်စေချင်သဖြင့် ရင်က တဆတ်ဆတ် တုန်လာသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် လက်တွေကို ဖိညှစ်ကာ နေစဉ်မှာပင် ထိုသူကလည်း မတ်တပ်ထရပ်လိုက်သည်။

အရပ်။ သူ့ထက် ခေါင်းတစ်လုံးမျှ ပိုရှည်နေသော အရပ်ကြောင့် စိတ်ထဲ၌ကား ဝေခွဲမရ ဖြစ်သွားမိ၏။

လတ်။ လတ်နှင့် သူက အရပ် သိပ်မကွာပါ။ ဒါဆို မိုးဝေလား။ မိုးဝေကို သူ မမြင်ဖူးသဖြင့် အရပ် ဘယ်လောက်ရှည်လဲ မသိ။

"ငါ့ကို တွေ့ဖို့လာတာ ဆိုရင် ဒီဘက်လှည့်ကြည့်သင့်တယ် မထင်ဘူးလား"

"..........."

ကျောခိုင်းနေသူက လှည့်မလာသေး။ သောင်ယံ သိချင်လွန်း၍ လက်ချောင်းတွေကိုပါ ဆုပ်လိုက်မိသည်။

"ဟိတ်။ မင်းကို ငါပြောနေတယ်လေ။"

"ကိုယ်လာ‌တွေ့တာ ဟုတ်လို့လား၊ ဦးဘာသာ ရောက်လာတာမဟုတ်ဘူးလား"

ရယ်မြူးရိပ် သမ်းနေသော အသံပိုင်ရှင်က 'ဦး' ဟု ခေါ်လိုက်ချိန်တွင်‌တော့ ဒူးတွေက အလိုလို ညွတ်ကျသွားရသည်။ ဒီလူ၊ ဒီလူက သေချာပေါက် နှစ်ယောက် မရှိသည့် 'လတ်'။

"ကိုယ့်ရဲ့ 'ဦး' လေး။ မတွေ့ရတာ အတော်ကြာပြီ။"

လက်ဆန့်တန်းကာ ကြိုနေသော သူ၏ ရင်ခွင်ဆီ အပြေးလေး ၀င်မိချိန်တွင် အနှစ်နှစ်၊ အလလက လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သော အမုန်း၊ အလွမ်း၊ အချစ်၊ နာကျည်းခြင်း၊ မျှော်လင့်စောင့်စားခြင်းတို့သည် လေပြည်ညင်းနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားရတော့သည်။

"မင်း။ ဘာလို့။ မင်း။"

တစ်ရှိန်ထိုး သွန်ကျလာသော မျက်ရည်တို့နှင့်အတူ လတ်၏ ကျောကုန်းအား အကြိမ်ကြိမ် ထုနှက်မိသည်။ သူ တစ်ချက်ထုလိုက်တိုင်းမှာ လတ်ကလည်း ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လာ၏။

"ကိုယ် တောင်း ပန် ပါ တယ်။ ကိုယ် ဦးကို ဦးကို မေ့နေ မိခဲ့လို့ တောင်း ပန် ပါတယ်။"

အသံလှိုင်းများမှာ တုန်ယင်လျက်။ ကျောကုန်းပေါ် ကျလာသော မျက်ရည်စက်များကလည်း မိုးသည်းထန်စွာ ရွာနေသည့်နှယ်။ ရင်ချင်း အပ်ထားသဖြင့် လှိုက်ကာ လှိုက်ကာ တက်လာသော လတ်၏ ရင်ထဲတွင် ဘယ်လောက်အထိ ခံစားနေရမလဲ ခန့်မှန်းမိရသည်။

"အဲဒီကိစ္စကြီး ပြီးသွားတော့ ကိုယ့်ခေါင်းကို ထိခိုက်မိလို့ ခွဲစိတ်ခဲ့ရတယ်။ တစ်အိမ်သားလုံးကို မှတ်၊ မှတ်မိပေမဲ့ ဦး တစ်ယောက်တည်းကိုပဲ ကွက်ပြီး ကိုယ် မေ့နေခဲ့တာ။ ဦးကို ဘာလို့များ။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင်နေခဲ့တာ။"

ရှိုက်ကာ ရှိုက်ကာ ငိုနေသော လတ်က ပီဘိ ကလေးငယ်လေး တစ်ယောက်သဖွယ်။ အတားအဆီးမဲ့စွာ ကျနေသော မျက်ရည်တို့ကို သောင်ယံ့ လက်တွေက အလျင်မှီအောင် သုတ်မပေးနိုင်‌တော့။

မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကာကိုင်။ တောင်းပန်စကားကိုသာ အကြိမ်ကြိမ် ရွတ်ဆိုနေသော မျက်နှာလေးကြောင့် နှလုံးသားလေးက မီးနှင့်တွေ့သော ‌ဖယောင်းနှယ် ပျော့ပြောင်းနေခဲ့ပြီး ဖြစ်သည်။

"ဦးကို ဒီလိုဘ၀မျိုး နဲ့ ထား၊ ထားခဲ့ပြီး ကိုယ်ကတော့ စကော်လာ တက်ပြီး ပျော်ပျော်ရွှင်ရွှင် နေခဲ့၊ နေခဲ့လို့ ဦးကို ကိုယ် တောင်းပန်"

"တောင်းပန်ပါတယ်။ ဒီလောက် ကြာမှ လာခဲ့မိလို့။ ဒီလောက် အကြာကြီး မေ့နေခဲ့မိလို့။ ဦးကို ကိုယ် တောင်းပန်ပါတယ်။ ကိုယ်က ကတိတွေကို အမြဲ ဖျက်ခဲ့တာ မဟုတ်လားဟင်။ ဦးကို အမြဲ ဒီလိုတွေ ပြောပြီး ထားခဲ့တာ မဟုတ်လားဟင်။"

"ဦး ကိုယ့်ကို မုန်းလား။ မုန်းနေပြီလား။"

အငမ်းမရ မေးနေသည်က ကန္တာရကို ဖြတ်ပြေး၍ ရေဆာနေခဲ့သူလို။ မျှော်လင့်ခြင်းတို့ ပြည့်ဝနေသော မျက်ဝန်းအိမ်တို့မှာ သောင်ယံ့ကို ဒုတိယမ္ပိ၊ တတိယမ္ပိ၊ ဧကဒသမယမ္ပိမက ကျဆုံးစေပါ၏။

"မုန်းနေရင် မင်း ဖက်တာကို ခံနေပါဦးမလား အရူးကောင်‌ရယ်"

ပြန်သာ တွေ့ခဲ့လျှင် ဘယ်လိုဘယ်ပုံ ပြောပါမည်ဟု တွေးထားခဲ့သမျှက အခုတော့ အားလုံး ကွဲလွဲလျက်။ ကြီးတောင့်ကြီးမား ကလေးကိုသာ ပွေ့ဖက်ကာ အချိန် အကြာကြီး ချော့မြူနေရတော့ ခြေထောက်တွေပါ တဖြည်းဖြည်းနှင့် နာလာရသည်။

မျက်နှာက အနည်းငယ် ရှုံ့သွားတော့ လတ်က သူ့လက်ကို ဆွဲကာ ခုံတန်းရှည်ပေါ်သို့ ထိုင်ချပစ်၏။

"ခြေထောက် နာသွားပြီလားဟင်။ ကိုယ် အရမ်း ဖိမိလိုက်တယ် ထင်တယ်။"

ခြေကျင်း၀တ်ဆီ လက်များ ရောက်လာချိန်တွင် သူ မျက်နှာညိုတိုင်း ပျာယာခတ်တတ်သည့် လတ်ပုံစံက မပြောင်းလဲစွာ ပြန်ပေါ်လာသည်။ ငေးကြည့်တာ မြင်လျှင် ပြန်ပြုံးပြသော Eye smile လေးကလည်း ရာမညဆောင်ရှေ့က အပြုံးကဲ့သို့ လတ်ဆတ်နေတုန်းပင်။

"ကိုယ်က ဦးကို မချစ်တော့လို့ မလာခဲ့တာလို့ ဦး ထင်နေတာလား"

နှုတ်ခမ်းကို ဖိကိုက်ကာ ခေါင်းညိတ်ပြလိုက်တော့ လက်ကို ဆွဲယူကာ ရင်ဘတ်အပေါ်သို့ ဖိကပ်လိုက်သည်။

"ဦးအတွက်မှ မဟုတ်ရင် ဒီနှလုံးခုန်သံက ဘယ်သူ့အတွက်မှ မဖြစ်စေရဘူး"

မျက်လုံးတွေက တဖျတ်ဖျတ် တောက်လျက်။ ခေါင်းကို မော့ကာ ရင်ဘတ်ကို အကြိမ်ကြိမ် ပုတ်ပြရင်း ဆိုသည်။ အချစ်မှာ အရူးအမူး စွဲလမ်း‌နေသော ဆယ်ကျော်သက်လေးလို လတ်က ပြန်ဖြစ်သွားတော့ နှုတ်ခမ်းကို ဖွင့်ဟကာ ရယ်လိုက်မိ၏။

လိုနေခဲ့တာ ဒါလေး။ သုံးနှစ်ကျော်ကျော်မှာ လိုအပ်နေခဲ့သည်က ဒီလို ကလေးဆန်ဆန် အပြုအမူလေး။ စိတ်အား ထက်သန်သော အပြုံးလေး။ ထိုအရာများနှင့် ဆန့်ကျင်စွာ ကြီးကြီးကျယ်ကျယ် ပြောတတ်သော စကားလေး။

"ဦးက ကိုယ်ပြောတာ မယုံတော့ဘူးလားဟင်"

ချက်ချင်း မျက်နှာထားက ငယ်သွားပြီး စိုက်ကြည့်သည်။ ရောက်လာကတည်းက သောင်ယံကချည်းပဲ ချော့နေရသည်ပါလား။

"မဟုတ်ပါဘူး။ ခုန လတ်ပုံစံ၊ လတ်ပုံစံက အရမ်း ချစ်ဖို့ကောင်းနေလို့။"

"ဦးကလည်း ပိုပြီးတော့ ချောလာတယ်"

နဖူးကို လျင်မြန်စွာ အနမ်းတစ်ပွင့် လာခြွေလိုက်ပြီး ရှက်ကိုးရှက်ကန်းနှင့် ရယ်ပြသည်။ ထို့နောက် ရင်ခွင်ထဲသို့ တစ်ဖန် ပြန်လည်ထည့်ကာ ထွေးပွေ့ပြန်၏။

ယစ်ယစ်မူးမူးနှင့် သောင်ယံလည်း ပြန်လည် ဖက်တွယ်လိုက်မိသည်။ လွမ်းနေခဲ့ရသည်မှာ အသားကုန် မဟုတ်ပါလား။ ဒီရင်ခွင်မှာ ခိုနားချင်မိသည်က ဘဝတစ်လျှောက်လုံး မဟုတ်ပါလား။ လတ်သာ မရှိလျှင် ကျန်တာက ဘဝ မဟုတ်။

"လတ်ကို ပြောစရာတစ်ခု ရှိတယ်။ ငါ ၀န်မခံလိုက်ရင် နောင်တရနေလိမ့်မယ် ထင်တယ်။"

စိတ်လှုပ်ရှားစွာ ဆိုလိုက်တော့ လတ်က တော်တော်ကြာ အသံတိတ်သွားသည်။ ခဏအကြာမှ ခပ်လေးလေးနှင့် ပြန်ထွက်လာ၏။

"မိုးဝေ အကြောင်းလား"

ဖျော့သွားသော အသံရှိန်ကြောင့် မော့ကြည့်ချင်သော်လည်း ခေါင်းမှာ ရင်ဘတ်ထဲ မြုပ်‌အောင် ထည့်ထားခံနေရသဖြင့် အင်္ကျီကိုသာ မြင်နေရသည်။

"အင်း။ မိုးဝေက ငါ့ကို ပုံမှန် ပြန်ဖြစ်လာအောင် အများကြီး ကူညီပေးခဲ့တာ။"

"ဦး သူ့ကို ချစ်လား"

"ဟင်။ ချစ်တယ်တော့လည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း..."

သောင်ယံ မရှင်းပြတတ်။ သောင်ယံ့လိုလူက ဒီအရာကျမှ မရှင်းပြတတ်တော့။

"အားနာနေတယ်။ မတော်တဆ ပြန်တွေ့မိခဲ့ရင်။"

နှုတ်ခမ်းကို ပိတ်ကာ နမ်းလိုက်သောကြောင့် ပြောလက်စ စကားက ပြတ်သွားသည်။ အချိန် အတော်ကြာ ခွဲခွာ နာကျင်ရပြီးမှ ပြန်လည် ဆုံတွေ့ရသောကြောင့် လတ်၏ အနမ်းတွေက နက်ရှိုင်းနေခဲ့သလို သူသည်လည်း လတ်အောက်တော့ မလျော့ခဲ့ပါချေ။

ရင်ထဲမှာ သစ္စာပန်း ရောင်စုံတွေ ပွင့်ခဲ့ပြီ။ စံကားဝါရနံ့တွေလည်း အရပ်ရှစ်မျက်နှာထံ ကြိုင်သင်းခဲ့ပါပြီ။

လက်ကလေးတွေက ရင်ဘတ်ကို လာထိ၍ လွှတ်ပေးလိုက်တော့ ငွေရောင်အမျှင်တွေက နှစ်ယောက်ကြားမှာ တန်းသွားသည်။ ရဲတက်နေသော ဦး၏ မျက်နှာလေးက ဘယ်အချိန် ကြည့်ကြည့် မြတ်နိုးကြင်နာရသည်ပင်။

( မုန်းမုန်း မေ့မေ့၊ မုန်းမေ့ပြီလားလို့ မေးချင်တယ် ××× မုန်းမုန်း မေ့မေ့၊ မုန်းမေ့ပြီလားလို့ မေးချင်တယ် )

ဦး မျက်၀န်းလေးတွေက ဝိုင်းသွားပြီး နှုတ်ခမ်းလေးက တစ်စုံတစ်ခုကို ပြောချင်ဟန်ဖြင့် တုန်လာသည်။ မယုံနိုင်သလို၊ အံ့ဩသလို။ ခံစားချက်ပေါင်းစုံ ပြည့်နှက်နေလျက်။

"ဒီသီချင်းက..."

"အစ်ကို။ ကျွန်တော့်ကို မှတ်မိရဲ့လား။"

"မိုးဝေ။ မင်း။"

"အစ်ကို"

နားနားသို့ ကပ်ကာ တိုးဖွဖွ ထပ်ခေါ်လိုက်လျှင် မျက်နှာက ပိုမိုကာ ရဲသွားသည်။ ထို့အတူ လက်သီးများကလည်း ရင်ဘတ်ပေါ် အဆက်မပြတ် ကျရောက်လာတော့၏။ ရှက်နေပုံလေးကပင် လွမ်းလတ်နောင် ရူးသွားဖို့ ထိုက်တန်ပါသည်။

"တစ်ချိန်လုံး မင်းငါ့ကို အရူး လုပ်နေခဲ့တာပေါ့လေ"

"ကိုယ်ထင်တာက ဦး ကိုယ့်ကို မုန်းနေမယ်လို့။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း မိတ်မဆက်ရဲခဲ့ဘူး။ အတူနေနေတဲ့ အချိန်တွေမှာ ဦး ကိုယ့်ကို ရိပ်မိ မသွားအောင် သေလုမျောပါး ကြိုးစားခဲ့ရတာ။ ဦးရဲ့ ပုံစံကို ထိုင်ကြည့်ပြီး ဒီရင်ဘတ်ထဲက သေမလောက် နာကျင်ခဲ့ရတာ။"

"ဦး ဖြစ်ခဲ့သမျှက ကိုယ့်ကြောင့်မို့ မုန်းတယ်။ ဦးက ကိုယ့်ကို ဆက်ပြီး ချစ်နေသေးလို့လည်း မုန်းတယ်။ ကိုယ်ကိုယ်တိုင်ပေမဲ့ ကိုယ်မဟုတ်ဘဲ တခြားသူအဖြစ် ဟန်ဆောင်ထားတဲ့ လူကို ဦးချစ်မိသွားမှာကိုလည်း မုန်းတယ်။"

ပြောရင်း ငိုမိပြန်သည်။ ဦးနဲ့ဆို သူက အငိုလွယ်ပြီးသား။ သူကိုယ်တိုင်နှင့်တောင်မှ ဦးကို သူ သဘောမတူနိုင်ပါ။

"ငါ ငိုဖို့လည်း ချန်ပါဦး"

ဦးက ဒီလိုပြောတော့လည်း ပြန်ရယ်မိရပြန်သည်။ နှုတ်ခမ်းဖျားလေးကို တစ်ချက် နမ်းလိုက်မိ၏။

"ကိုယ် ပြောသားပဲ။ ဦးက ကိုယ့်ကို အမြဲ ပြုံးပြနေပေး။ ကိုယ့်ဝေဒနာတွေ သက်သာစေဖို့ ဦးကတော့ အမြဲပြုံးပြနေပေးလို့။"

"အဲ့ဒါဆို ငါက သွားတွေ အအေးပတ်ကုန်မှာပေါ့။ သွားတိုက်ဆေး ကြော်ငြာတာလည်း မဟုတ်။ ဘာလို့ ၂၄ နာရီ ပြုံးနေရမှာလဲ။"

"အဲ့တော့လည်း လွမ်းလတ်နောင်တံဆိပ် သွားတိုက်ဆေးပေါ့။ ကြော်ငြာခကတော့ ကိုယ့်ကို။"

"အပိုအကဲတွေ"

"ကိုယ်စိုးရိမ်နေပေမဲ့ ဦးက ဘာမှလည်း မရိပ်မိဘူး။ အဲ့ဒါကြောင့် ကောင်းတာ တစ်ခုက။"

စကားရပ်ကာ ဦးမျက်နှာကို ကြည့်လိုက်တော့ ဘာဆက်ပြောမလဲ သိချင်ဟန်ဖြင့် မျက်လုံးလေးက လက်နေသည်။

"ဦးနဲ့ skinship များများ လုပ်ရတာပေါ့။ အဟင်း။ ဦးရေချိုးနေရင်တောင် ကိုယ်က ချောင်းကြည့်ခဲ့သေးတာ။"

"မင်း။ နှာဘူးကောင်။"

"ယောက်ျားတွေက နှာဘူးနဲ့ ဂန်ဒူး တစ်ခုခုပဲတဲ့။ ကိုယ့်လို နှစ်မျိုးလုံး ပြည့်စုံတဲ့ ယောက်ျားကို ဦး ဘယ်နားသွားရှာမလဲ။ ပြော။"

"ယောက်ျားမှ မဟုတ်တာ။ လိပ်ကြီး။"

ဦးက မျက်စောင်းထိုးလုနီးပါး ပြောကာ တစ်ဖက်သို့ လှည့်သွားလေသည်။ တခြမ်း ပေါ်‌နေသော ပါးပြင်လေးကို တဖွဖွ လိုက်နမ်းလိုက်မိ၏။

"ကိုယ် တစ်ခုတော့ ၀မ်းနည်းတယ်နော်။ ဒီလောက် ချစ်တတ်တဲ့ လွမ်းလတ်နောင်နီးနီး မိုးဝေက အမှတ်ရသွားတယ် ဆိုတော့။"

"ငါ သူ့ကို မချစ်ပါဘူးဆို"

"နည်းနည်းတော့ စိတ်ယိုင်သွားတယ် မလား"

"..........."

နှုတ်ခမ်းလေးကို ဖိကိုက်ကာ မျက်နှာလေးက မှုန်သွားတော့ ပျာပျာသလဲ ပွေ့ဖက်ကာ တောင်းပန်လိုက်ရသည်။

"ကိုယ်က စတာပါ အချစ်ရာ။ မိုးဝေဖြစ်ဖြစ်၊ လတ်ဖြစ်ဖြစ် ကိုယ်တစ်ယောက်တည်းပဲလေ။ ဦး ဘယ်သူ့ကိုပဲ ချစ်ချစ်ပါ။ ဘယ်ဘဝမှာ ဖြစ်ဖြစ် ကိုယ့်ကိုပဲ ချစ်နေပေးလို့ ကျေနပ်တယ်။"

"ချစ်တယ် ဦး။ ပြီးတော့ ကတိပေးတယ်။ ဒီကမ္ဘာမြေ တည်ရှိနေသရွေ့။ လူဖြစ်ရတဲ့ သက်တမ်းတစ်လျှောက်လုံး။ ရုပ်ဆင်းအင်္ဂါ၊ ပုံပန်းသဏ္ဌာန်တွေ ဘယ်လိုဘယ်ပုံ ပြောင်းလဲပါစေ။ မင်း တစ်ယောက်ကိုတော့ ကိုယ့်နှလုံးသားက အမြဲတမ်း မှတ်မိမယ်။ မှတ်မိပါ့မယ်လို့်။"

ကမ်းစပ်က သောင်ယံရှိရာသို့ ကျီဆယ်ကာ အပြေးလာတတ်သော ရေလှိုင်းတို့သည် တစ်ကြိမ် လာပြီးလျှင် ပျောက်ကွယ်သွားမြဲ ဖြစ်သော်လည်း
သောင်ယံငယ်ကတော့ ထိုရေလှိုင်းတို့အလာကို စောင့်ဆိုင်းစမြဲ ဖြစ်သည်။

သို့သော် မဏ္ဍိုင်တစ်ခုလို မပျောက်ပျက်ပါဟု ကတိပေးခဲ့သည့် တစ်စုံတစ်ခုသော ရေလှိုင်းငယ်‌လေးကတော့ သောင်ယံဦးဆီ အရောက်ပြန်လာခဲ့ပါ၏။

မေတ္တာနယ်ပယ်တွင် မြတ်နိုးသူတို့၏ အချစ်မဏ္ဍိုင်ကို ဘယ်သူ ကိုင်လှုပ်လို့ ပြိုလဲပါ‌တော့နိုင်။ ။

-The End-

A/N - "စိမ်း"က ဖန်တီးခဲ့သမျှထဲမှာ တကယ်ကို သဘောအကျဆုံးနဲ့ အကျေနပ်ဆုံးဇာတ်လမ်းပါ။ ဒါကြောင့် ဒီဇာတ်လမ်းကို တင်တဲ့တစ်လျှောက်လုံးမှာ အသိချင်ဆုံးက စာဖတ်သူတွေရဲ့ လတ်နဲ့ သောင်ယံအပေါ်မှာ ထားတဲ့ ခံစားချက်ပဲ။ "စိမ်း" ကို လှလှပပလေး အဆုံးသတ်ပြီး ပျော်ရွှင်ချင်တာ လီယွန့်ရဲ့ ဆန္ဒပါ။ အခုတော့ မိုးမခအိပ်မက်တွေ ဖြစ်ကုန်ပြီ။

ဒါပေမယ့်လည်း အားလုံးရဲ့စိတ်ကို နားလည်တာမို့လို့ ဖိုက်တင်းပါ။ အတူတူ တိုက်ထုတ်ပြီး ကျော်လွှားကြမယ်နော် 👊။ ဘေးကင်းကြပါစေ၊ ပျော်ရွှင်ကြပါစေ။

March 13, 2021

[Zawgyi]

"ဘယ္...ဘယ္သူလဲ"

အသံရွင္အား လွည့္ၾကည့္ေစခ်င္သလို၊ လွည့္လည္း လွည့္မၾကည့္ေစခ်င္သျဖင့္ ရင္က တဆတ္ဆတ္ တုန္လာသည္။ စိတ္လႈပ္ရွားလြန္းသျဖင့္ လက္ေတြကို ဖိညွစ္ကာ ေနစဥ္မွာပင္ ထိုသူကလည္း မတ္တပ္ထရပ္လိုက္သည္။

အရပ္။ သူ႕ထက္ ေခါင္းတစ္လုံးမွ် ပိုရွည္ေနေသာ အရပ္ေၾကာင့္ စိတ္ထဲ၌ကား ေဝခြဲမရ ျဖစ္သြားမိ၏။

လတ္။ လတ္ႏွင့္ သူက အရပ္ သိပ္မကြာပါ။ ဒါဆို မိုးေဝလား။ မိုးေဝကို သူ မျမင္ဖူးသျဖင့္ အရပ္ ဘယ္ေလာက္ရွည္လဲ မသိ။

"ငါ့ကို ေတြ႕ဖို႔လာတာ ဆိုရင္ ဒီဘက္လွည့္ၾကည့္သင့္တယ္ မထင္ဘူးလား"

"..........."

ေက်ာခိုင္းေနသူက လွည့္မလာေသး။ ေသာင္ယံ သိခ်င္လြန္း၍ လက္ေခ်ာင္းေတြကိုပါ ဆုပ္လိုက္မိသည္။

"ဟိတ္။ မင္းကို ငါေျပာေနတယ္ေလ။"

"ကိုယ္လာ‌ေတြ႕တာ ဟုတ္လို႔လား၊ ဦးဘာသာ ေရာက္လာတာမဟုတ္ဘူးလား"

ရယ္ျမဴးရိပ္ သမ္းေနေသာ အသံပိုင္ရွင္က 'ဦး' ဟု ေခၚလိုက္ခ်ိန္တြင္‌ေတာ့ ဒူးေတြက အလိုလို ၫြတ္က်သြားရသည္။ ဒီလူ၊ ဒီလူက ေသခ်ာေပါက္ ႏွစ္ေယာက္ မရွိသည့္ 'လတ္'။

"ကိုယ့္ရဲ႕ 'ဦး' ေလး။ မေတြ႕ရတာ အေတာ္ၾကာၿပီ။"

လက္ဆန႔္တန္းကာ ႀကိဳေနေသာ သူ၏ ရင္ခြင္ဆီ အေျပးေလး ၀င္မိခ်ိန္တြင္ အႏွစ္ႏွစ္၊ အလလက လိပ္ခဲတည္းလည္း ျဖစ္ေနခဲ့ေသာ အမုန္း၊ အလြမ္း၊ အခ်စ္၊ နာက်ည္းျခင္း၊ ေမွ်ာ္လင့္ေစာင့္စားျခင္းတို႔သည္ ေလျပည္ညင္းႏွင့္အတူ လြင့္ပါးေပ်ာက္ကြယ္သြားရေတာ့သည္။

"မင္း။ ဘာလို႔။ မင္း။"

တစ္ရွိန္ထိုး သြန္က်လာေသာ မ်က္ရည္တို႔ႏွင့္အတူ လတ္၏ ေက်ာကုန္းအား အႀကိမ္ႀကိမ္ ထုႏွက္မိသည္။ သူ တစ္ခ်က္ထုလိုက္တိုင္းမွာ လတ္ကလည္း ပိုမိုတင္းၾကပ္စြာ ေပြ႕ဖက္လာ၏။

"ကိုယ္ ေတာင္း ပန္ ပါ တယ္။ ကိုယ္ ဦးကို ဦးကို ေမ့ေန မိခဲ့လို႔ ေတာင္း ပန္ ပါတယ္။"

အသံလွိုင္းမ်ားမွာ တုန္ယင္လ်က္။ ေက်ာကုန္းေပၚ က်လာေသာ မ်က္ရည္စက္မ်ားကလည္း မိုးသည္းထန္စြာ ႐ြာေနသည့္ႏွယ္။ ရင္ခ်င္း အပ္ထားသျဖင့္ လွိုက္ကာ လွိုက္ကာ တက္လာေသာ လတ္၏ ရင္ထဲတြင္ ဘယ္ေလာက္အထိ ခံစားေနရမလဲ ခန႔္မွန္းမိရသည္။

"အဲဒီကိစၥႀကီး ၿပီးသြားေတာ့ ကိုယ့္ေခါင္းကို ထိခိုက္မိလို႔ ခြဲစိတ္ခဲ့ရတယ္။ တစ္အိမ္သားလုံးကို မွတ္၊ မွတ္မိေပမဲ့ ဦး တစ္ေယာက္တည္းကိုပဲ ကြက္ၿပီး ကိုယ္ ေမ့ေနခဲ့တာ။ ဦးကို ဘာလို႔မ်ား။ ကိုယ့္ကိုယ္ကိုယ္ အရမ္း အျပစ္တင္ေနခဲ့တာ။"

ရွိုက္ကာ ရွိုက္ကာ ငိုေနေသာ လတ္က ပီဘိ ကေလးငယ္ေလး တစ္ေယာက္သဖြယ္။ အတားအဆီးမဲ့စြာ က်ေနေသာ မ်က္ရည္တို႔ကို ေသာင္ယံ့ လက္ေတြက အလ်င္မွီေအာင္ သုတ္မေပးနိုင္‌ေတာ့။

မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ အုပ္ကာကိုင္။ ေတာင္းပန္စကားကိုသာ အႀကိမ္ႀကိမ္ ႐ြတ္ဆိုေနေသာ မ်က္ႏွာေလးေၾကာင့္ ႏွလုံးသားေလးက မီးႏွင့္ေတြ႕ေသာ ‌ဖေယာင္းႏွယ္ ေပ်ာ့ေျပာင္းေနခဲ့ၿပီး ျဖစ္သည္။

"ဦးကို ဒီလိုဘ၀မ်ိဳး နဲ႕ ထား၊ ထားခဲ့ၿပီး ကိုယ္ကေတာ့ စေကာ္လာ တက္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနခဲ့၊ ေနခဲ့လို႔ ဦးကို ကိုယ္ ေတာင္းပန္"

"ေတာင္းပန္ပါတယ္။ ဒီေလာက္ ၾကာမွ လာခဲ့မိလို႔။ ဒီေလာက္ အၾကာႀကီး ေမ့ေနခဲ့မိလို႔။ ဦးကို ကိုယ္ ေတာင္းပန္ပါတယ္။ ကိုယ္က ကတိေတြကို အၿမဲ ဖ်က္ခဲ့တာ မဟုတ္လားဟင္။ ဦးကို အၿမဲ ဒီလိုေတြ ေျပာၿပီး ထားခဲ့တာ မဟုတ္လားဟင္။"

"ဦး ကိုယ့္ကို မုန္းလား။ မုန္းေနၿပီလား။"

အငမ္းမရ ေမးေနသည္က ကႏၲာရကို ျဖတ္ေျပး၍ ေရဆာေနခဲ့သူလို။ ေမွ်ာ္လင့္ျခင္းတို႔ ျပည့္ဝေနေသာ မ်က္ဝန္းအိမ္တို႔မွာ ေသာင္ယံ့ကို ဒုတိယမၸိ၊ တတိယမၸိ၊ ဧကဒသမယမၸိမက က်ဆဳံးေစပါ၏။

"မုန္းေနရင္ မင္း ဖက္တာကို ခံေနပါဦးမလား အ႐ူးေကာင္‌ရယ္"

ျပန္သာ ေတြ႕ခဲ့လွ်င္ ဘယ္လိုဘယ္ပုံ ေျပာပါမည္ဟု ေတြးထားခဲ့သမွ်က အခုေတာ့ အားလုံး ကြဲလြဲလ်က္။ ႀကီးေတာင့္ႀကီးမား ကေလးကိုသာ ေပြ႕ဖက္ကာ အခ်ိန္ အၾကာႀကီး ေခ်ာ့ျမဴေနရေတာ့ ေျခေထာက္ေတြပါ တျဖည္းျဖည္းႏွင့္ နာလာရသည္။

မ်က္ႏွာက အနည္းငယ္ ရႈံ႕သြားေတာ့ လတ္က သူ႕လက္ကို ဆြဲကာ ခုံတန္းရွည္ေပၚသို႔ ထိုင္ခ်ပစ္၏။

"ေျခေထာက္ နာသြားၿပီလားဟင္။ ကိုယ္ အရမ္း ဖိမိလိုက္တယ္ ထင္တယ္။"

ေျခက်င္း၀တ္ဆီ လက္မ်ား ေရာက္လာခ်ိန္တြင္ သူ မ်က္ႏွာညိုတိုင္း ပ်ာယာခတ္တတ္သည့္ လတ္ပုံစံက မေျပာင္းလဲစြာ ျပန္ေပၚလာသည္။ ေငးၾကည့္တာ ျမင္လွ်င္ ျပန္ၿပဳံးျပေသာ Eye smile ေလးကလည္း ရာမညေဆာင္ေရွ႕က အၿပဳံးကဲ့သို႔ လတ္ဆတ္ေနတုန္းပင္။

"ကိုယ္က ဦးကို မခ်စ္ေတာ့လို႔ မလာခဲ့တာလို႔ ဦး ထင္ေနတာလား"

ႏႈတ္ခမ္းကို ဖိကိုက္ကာ ေခါင္းညိတ္ျပလိုက္ေတာ့ လက္ကို ဆြဲယူကာ ရင္ဘတ္အေပၚသို႔ ဖိကပ္လိုက္သည္။

"ဦးအတြက္မွ မဟုတ္ရင္ ဒီႏွလုံးခုန္သံက ဘယ္သူ႕အတြက္မွ မျဖစ္ေစရဘူး"

မ်က္လုံးေတြက တဖ်တ္ဖ်တ္ ေတာက္လ်က္။ ေခါင္းကို ေမာ့ကာ ရင္ဘတ္ကို အႀကိမ္ႀကိမ္ ပုတ္ျပရင္း ဆိုသည္။ အခ်စ္မွာ အ႐ူးအမူး စြဲလမ္း‌ေနေသာ ဆယ္ေက်ာ္သက္ေလးလို လတ္က ျပန္ျဖစ္သြားေတာ့ ႏႈတ္ခမ္းကို ဖြင့္ဟကာ ရယ္လိုက္မိ၏။

လိုေနခဲ့တာ ဒါေလး။ သုံးႏွစ္ေက်ာ္ေက်ာ္မွာ လိုအပ္ေနခဲ့သည္က ဒီလို ကေလးဆန္ဆန္ အျပဳအမူေလး။ စိတ္အား ထက္သန္ေသာ အၿပဳံးေလး။ ထိုအရာမ်ားႏွင့္ ဆန႔္က်င္စြာ ႀကီးႀကီးက်ယ္က်ယ္ ေျပာတတ္ေသာ စကားေလး။

"ဦးက ကိုယ္ေျပာတာ မယုံေတာ့ဘူးလားဟင္"

ခ်က္ခ်င္း မ်က္ႏွာထားက ငယ္သြားၿပီး စိုက္ၾကည့္သည္။ ေရာက္လာကတည္းက ေသာင္ယံကခ်ည္းပဲ ေခ်ာ့ေနရသည္ပါလား။

"မဟုတ္ပါဘူး။ ခုန လတ္ပုံစံ၊ လတ္ပုံစံက အရမ္း ခ်စ္ဖို႔ေကာင္းေနလို႔။"

"ဦးကလည္း ပိုၿပီးေတာ့ ေခ်ာလာတယ္"

နဖူးကို လ်င္ျမန္စြာ အနမ္းတစ္ပြင့္ လာေႁခြလိုက္ၿပီး ရွက္ကိုးရွက္ကန္းႏွင့္ ရယ္ျပသည္။ ထို႔ေနာက္ ရင္ခြင္ထဲသို႔ တစ္ဖန္ ျပန္လည္ထည့္ကာ ေထြးေပြ႕ျပန္၏။

ယစ္ယစ္မူးမူးႏွင့္ ေသာင္ယံလည္း ျပန္လည္ ဖက္တြယ္လိုက္မိသည္။ လြမ္းေနခဲ့ရသည္မွာ အသားကုန္ မဟုတ္ပါလား။ ဒီရင္ခြင္မွာ ခိုနားခ်င္မိသည္က ဘဝတစ္ေလွ်ာက္လုံး မဟုတ္ပါလား။ လတ္သာ မရွိလွ်င္ က်န္တာက ဘဝ မဟုတ္။

"လတ္ကို ေျပာစရာတစ္ခု ရွိတယ္။ ငါ ၀န္မခံလိုက္ရင္ ေနာင္တရေနလိမ့္မယ္ ထင္တယ္။"

စိတ္လႈပ္ရွားစြာ ဆိုလိုက္ေတာ့ လတ္က ေတာ္ေတာ္ၾကာ အသံတိတ္သြားသည္။ ခဏအၾကာမွ ခပ္ေလးေလးႏွင့္ ျပန္ထြက္လာ၏။

"မိုးေဝ အေၾကာင္းလား"

ေဖ်ာ့သြားေသာ အသံရွိန္ေၾကာင့္ ေမာ့ၾကည့္ခ်င္ေသာ္လည္း ေခါင္းမွာ ရင္ဘတ္ထဲ ျမဳပ္‌ေအာင္ ထည့္ထားခံေနရသျဖင့္ အကၤ်ီကိုသာ ျမင္ေနရသည္။

"အင္း။ မိုးေဝက ငါ့ကို ပုံမွန္ ျပန္ျဖစ္လာေအာင္ အမ်ားႀကီး ကူညီေပးခဲ့တာ။"

"ဦး သူ႕ကို ခ်စ္လား"

"ဟင္။ ခ်စ္တယ္ေတာ့လည္း မဟုတ္ဘူး။ ဒါေပမဲ့လည္း..."

ေသာင္ယံ မရွင္းျပတတ္။ ေသာင္ယံ့လိုလူက ဒီအရာက်မွ မရွင္းျပတတ္ေတာ့။

"အားနာေနတယ္။ မေတာ္တဆ ျပန္ေတြ႕မိခဲ့ရင္။"

ႏႈတ္ခမ္းကို ပိတ္ကာ နမ္းလိုက္ေသာေၾကာင့္ ေျပာလက္စ စကားက ျပတ္သြားသည္။ အခ်ိန္ အေတာ္ၾကာ ခြဲခြာ နာက်င္ရၿပီးမွ ျပန္လည္ ဆုံေတြ႕ရေသာေၾကာင့္ လတ္၏ အနမ္းေတြက နက္ရွိုင္းေနခဲ့သလို သူသည္လည္း လတ္ေအာက္ေတာ့ မေလ်ာ့ခဲ့ပါေခ်။

ရင္ထဲမွာ သစၥာပန္း ေရာင္စုံေတြ ပြင့္ခဲ့ၿပီ။ စံကားဝါရနံ႕ေတြလည္း အရပ္ရွစ္မ်က္ႏွာထံ ႀကိဳင္သင္းခဲ့ပါၿပီ။

လက္ကေလးေတြက ရင္ဘတ္ကို လာထိ၍ လႊတ္ေပးလိုက္ေတာ့ ေငြေရာင္အမွ်င္ေတြက ႏွစ္ေယာက္ၾကားမွာ တန္းသြားသည္။ ရဲတက္ေနေသာ ဦး၏ မ်က္ႏွာေလးက ဘယ္အခ်ိန္ ၾကည့္ၾကည့္ ျမတ္နိုးၾကင္နာရသည္ပင္။

( မုန္းမုန္း ေမ့ေမ့၊ မုန္းေမ့ၿပီလားလို႔ ေမးခ်င္တယ္ ××× မုန္းမုန္း ေမ့ေမ့၊ မုန္းေမ့ၿပီလားလို႔ ေမးခ်င္တယ္ )

ဦး မ်က္၀န္းေလးေတြက ဝိုင္းသြားၿပီး ႏႈတ္ခမ္းေလးက တစ္စုံတစ္ခုကို ေျပာခ်င္ဟန္ျဖင့္ တုန္လာသည္။ မယုံနိုင္သလို၊ အံ့ဩသလို။ ခံစားခ်က္ေပါင္းစုံ ျပည့္ႏွက္ေနလ်က္။

"ဒီသီခ်င္းက..."

"အစ္ကို။ ကြၽန္ေတာ့္ကို မွတ္မိရဲ႕လား။"

"မိုးေဝ။ မင္း။"

"အစ္ကို"

နားနားသို႔ ကပ္ကာ တိုးဖြဖြ ထပ္ေခၚလိုက္လွ်င္ မ်က္ႏွာက ပိုမိုကာ ရဲသြားသည္။ ထို႔အတူ လက္သီးမ်ားကလည္း ရင္ဘတ္ေပၚ အဆက္မျပတ္ က်ေရာက္လာေတာ့၏။ ရွက္ေနပုံေလးကပင္ လြမ္းလတ္ေနာင္ ႐ူးသြားဖို႔ ထိုက္တန္ပါသည္။

"တစ္ခ်ိန္လုံး မင္းငါ့ကို အ႐ူး လုပ္ေနခဲ့တာေပါ့ေလ"

"ကိုယ္ထင္တာက ဦး ကိုယ့္ကို မုန္းေနမယ္လို႔။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အမွန္အတိုင္း မိတ္မဆက္ရဲခဲ့ဘူး။ အတူေနေနတဲ့ အခ်ိန္ေတြမွာ ဦး ကိုယ့္ကို ရိပ္မိ မသြားေအာင္ ေသလုေမ်ာပါး ႀကိဳးစားခဲ့ရတာ။ ဦးရဲ႕ ပုံစံကို ထိုင္ၾကည့္ၿပီး ဒီရင္ဘတ္ထဲက ေသမေလာက္ နာက်င္ခဲ့ရတာ။"

"ဦး ျဖစ္ခဲ့သမွ်က ကိုယ့္ေၾကာင့္မို႔ မုန္းတယ္။ ဦးက ကိုယ့္ကို ဆက္ၿပီး ခ်စ္ေနေသးလို႔လည္း မုန္းတယ္။ ကိုယ္ကိုယ္တိုင္ေပမဲ့ ကိုယ္မဟုတ္ဘဲ တျခားသူအျဖစ္ ဟန္ေဆာင္ထားတဲ့ လူကို ဦးခ်စ္မိသြားမွာကိုလည္း မုန္းတယ္။"

ေျပာရင္း ငိုမိျပန္သည္။ ဦးနဲ႕ဆို သူက အငိုလြယ္ၿပီးသား။ သူကိုယ္တိုင္ႏွင့္ေတာင္မွ ဦးကို သူ သေဘာမတူနိုင္ပါ။

"ငါ ငိုဖို႔လည္း ခ်န္ပါဦး"

ဦးက ဒီလိုေျပာေတာ့လည္း ျပန္ရယ္မိရျပန္သည္။ ႏႈတ္ခမ္းဖ်ားေလးကို တစ္ခ်က္ နမ္းလိုက္မိ၏။

"ကိုယ္ ေျပာသားပဲ။ ဦးက ကိုယ့္ကို အၿမဲ ၿပဳံးျပေနေပး။ ကိုယ့္ေဝဒနာေတြ သက္သာေစဖို႔ ဦးကေတာ့ အၿမဲၿပဳံးျပေနေပးလို႔။"

"အဲ့ဒါဆို ငါက သြားေတြ အေအးပတ္ကုန္မွာေပါ့။ သြားတိုက္ေဆး ေၾကာ္ျငာတာလည္း မဟုတ္။ ဘာလို႔ ၂၄ နာရီ ၿပဳံးေနရမွာလဲ။"

"အဲ့ေတာ့လည္း လြမ္းလတ္ေနာင္တံဆိပ္ သြားတိုက္ေဆးေပါ့။ ေၾကာ္ျငာခကေတာ့ ကိုယ့္ကို။"

"အပိုအကဲေတြ"

"ကိုယ္စိုးရိမ္ေနေပမဲ့ ဦးက ဘာမွလည္း မရိပ္မိဘူး။ အဲ့ဒါေၾကာင့္ ေကာင္းတာ တစ္ခုက။"

စကားရပ္ကာ ဦးမ်က္ႏွာကို ၾကည့္လိုက္ေတာ့ ဘာဆက္ေျပာမလဲ သိခ်င္ဟန္ျဖင့္ မ်က္လုံးေလးက လက္ေနသည္။

"ဦးနဲ႕ skinship မ်ားမ်ား လုပ္ရတာေပါ့။ အဟင္း။ ဦးေရခ်ိဳးေနရင္ေတာင္ ကိုယ္က ေခ်ာင္းၾကည့္ခဲ့ေသးတာ။"

"မင္း။ ႏွာဘူးေကာင္။"

"ေယာက္်ားေတြက ႏွာဘူးနဲ႕ ဂန္ဒူး တစ္ခုခုပဲတဲ့။ ကိုယ့္လို ႏွစ္မ်ိဳးလုံး ျပည့္စုံတဲ့ ေယာက္်ားကို ဦး ဘယ္နားသြားရွာမလဲ။ ေျပာ။"

"ေယာက္်ားမွ မဟုတ္တာ။ လိပ္ႀကီး။"

ဦးက မ်က္ေစာင္းထိုးလုနီးပါး ေျပာကာ တစ္ဖက္သို႔ လွည့္သြားေလသည္။ တျခမ္း ေပၚ‌ေနေသာ ပါးျပင္ေလးကို တဖြဖြ လိုက္နမ္းလိုက္မိ၏။

"ကိုယ္ တစ္ခုေတာ့ ၀မ္းနည္းတယ္ေနာ္။ ဒီေလာက္ ခ်စ္တတ္တဲ့ လြမ္းလတ္ေနာင္နီးနီး မိုးေဝက အမွတ္ရသြားတယ္ ဆိုေတာ့။"

"ငါ သူ႕ကို မခ်စ္ပါဘူးဆို"

"နည္းနည္းေတာ့ စိတ္ယိုင္သြားတယ္ မလား"

"..........."

ႏႈတ္ခမ္းေလးကို ဖိကိုက္ကာ မ်က္ႏွာေလးက မႈန္သြားေတာ့ ပ်ာပ်ာသလဲ ေပြ႕ဖက္ကာ ေတာင္းပန္လိုက္ရသည္။

"ကိုယ္က စတာပါ အခ်စ္ရာ။ မိုးေဝျဖစ္ျဖစ္၊ လတ္ျဖစ္ျဖစ္ ကိုယ္တစ္ေယာက္တည္းပဲေလ။ ဦး ဘယ္သူ႕ကိုပဲ ခ်စ္ခ်စ္ပါ။ ဘယ္ဘဝမွာ ျဖစ္ျဖစ္ ကိုယ့္ကိုပဲ ခ်စ္ေနေပးလို႔ ေက်နပ္တယ္။"

"ခ်စ္တယ္ ဦး။ ၿပီးေတာ့ ကတိေပးတယ္။ ဒီကမာၻေျမ တည္ရွိေနသေ႐ြ႕။ လူျဖစ္ရတဲ့ သက္တမ္းတစ္ေလွ်ာက္လုံး။ ႐ုပ္ဆင္းအဂၤါ၊ ပုံပန္းသဏၭာန္ေတြ ဘယ္လိုဘယ္ပုံ ေျပာင္းလဲပါေစ။ မင္း တစ္ေယာက္ကိုေတာ့ ကိုယ့္ႏွလုံးသားက အၿမဲတမ္း မွတ္မိမယ္။ မွတ္မိပါ့မယ္လို႔္။"

ကမ္းစပ္က ေသာင္ယံရွိရာသို႔ က်ီဆယ္ကာ အေျပးလာတတ္ေသာ ေရလွိုင္းတို႔သည္ တစ္ႀကိမ္ လာၿပီးလွ်င္ ေပ်ာက္ကြယ္သြားၿမဲ ျဖစ္ေသာ္လည္း
ေသာင္ယံငယ္ကေတာ့ ထိုေရလွိုင္းတို႔အလာကို ေစာင့္ဆိုင္းစၿမဲ ျဖစ္သည္။

သို႔ေသာ္ မ႑ိဳင္တစ္ခုလို မေပ်ာက္ပ်က္ပါဟု ကတိေပးခဲ့သည့္ တစ္စုံတစ္ခုေသာ ေရလွိုင္းငယ္‌ေလးကေတာ့ ေသာင္ယံဦးဆီ အေရာက္ျပန္လာခဲ့ပါ၏။

ေမတၱာနယ္ပယ္တြင္ ျမတ္နိုးသူတို႔၏ အခ်စ္မ႑ိဳင္ကို ဘယ္သူ ကိုင္လႈပ္လို႔ ၿပိဳလဲပါ‌ေတာ့နိုင္။ ။

-The End-

A/N - "စိမ္း"က ဖန္တီးခဲ့သမွ်ထဲမွာ တကယ္ကို သေဘာအက်ဆဳံးနဲ႕ အေက်နပ္ဆုံးဇာတ္လမ္းပါ။ ဒါေၾကာင့္ ဒီဇာတ္လမ္းကို တင္တဲ့တစ္ေလွ်ာက္လုံးမွာ အသိခ်င္ဆုံးက စာဖတ္သူေတြရဲ႕ လတ္နဲ႕ ေသာင္ယံအေပၚမွာ ထားတဲ့ ခံစားခ်က္ပဲ။ "စိမ္း" ကို လွလွပပေလး အဆုံးသတ္ၿပီး ေပ်ာ္႐ႊင္ခ်င္တာ လီယြန႔္ရဲ႕ ဆႏၵပါ။ အခုေတာ့ မိုးမခအိပ္မက္ေတြ ျဖစ္ကုန္ၿပီ။

ဒါေပမယ့္လည္း အားလုံးရဲ႕စိတ္ကို နားလည္တာမို႔လို႔ ဖိုက္တင္းပါ။ အတူတူ တိုက္ထုတ္ၿပီး ေက်ာ္လႊားၾကမယ္ေနာ္ 👊။ ေဘးကင္းၾကပါေစ၊ ေပ်ာ္႐ႊင္ၾကပါေစ။

March 13, 2021

Continue Reading

You'll Also Like

4.3M 280K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
1.5M 242K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသားဆိုး အေယာင္ေဆာင္) / (ကျောင်းသားဆိုး အယေ...
134K 12K 114
Published : 07.12.21 Genres : Slice of life, Romance, Drama Love stayed away for years. And when Love finally reappeared, I barely recognized him. Lo...
195K 19.9K 26
Junior ​ေလး Zhang Yixing?နဲ႔... Junior​ေလးကိုCrush​ေနတဲ့SeniorႀကီးKim Jun Myeon?