အစိမ်းရင့်ရောင် စာမျက်နှာ { C...

Oleh Nova_Danica

54.5K 5.2K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... Lebih Banyak

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Do you wanna save me? 3

879 105 6
Oleh Nova_Danica

[Unicode]

"သား။ သားလေး ကြောက်နေလား။"

ဝေ့လည်နေသော ပုံရိပ်များ၊ အသံများကြားထဲတွင် ပေါ်ပေါက်လာသော ချစ်မြတ်နိုးမှု တစ်စိတ်တစ်ပိုင်း။

"မေမေ။ မေမေလား။"

"ဟုတ်တယ် သားလေး။ မေမေပါ။ ဖေဖေလည်း အနားမှာ ရှိတယ်။ သား စကားပြောချင်လား။"

‌ခေါင်းခါပြလိုက်သည့် မရှေးမနှောင်းမှာ မေမေက လက်ကို လာရောက်ဆုပ်ကိုင်ပေးသည်။

ကြာခဲ့ပြီ။ မေမေ့ရဲ့ ဒီအငွေ့အသက်ကနေ ဝေးနေခဲ့တာ တော်တော် ကြာခဲ့ပြီ။

"ခွဲခန်းထဲ ၀င်ရ‌ပါတော့မယ်။ လူနာရှင်တွေ အပြင်က စောင့်နေပေးပါ။"

လူက ဝေဝါးနေသော်လည်း စင်ပေါ်မှာတင်၍ တရွေ့ရွေ့ ခေါ်လာသည်ကိုတော့ သိနေသည်။ ဆေးနံ့တွေ ပြင်းထန်နေသော အခန်းထဲ ရောက်လာချိန်တွင် မေမေ့၏ နွေးထွေးသော လက်များနှင့် ဝေးကွာသွားရ၏။

သိပ်မကြာခင်မှာပင် ထိုစင်က ရပ်သွားပြီး အသံဩဇာကောင်းသော ဆရာ၀န်၏ 'ထုံ‌ဆေးပေးမယ်' ဟူသော အသံက ထွက်ပေါ်လာသည်။ ထိုအသံ ထွက်လာပြီး သိပ်မကြာခင်မှာပင် လောကကြီးနှင့် ခေတ္တ အဆက်အသွယ် ပြတ်သွားတော့၏။

"သစ္စာပန်းတွေရဲ့ အဓိပ္ပာယ်က ဘာလဲ ဦး"

သစ္စာပန်းစည်းကြီးအား ကိုင်ထားသော လတ်က သောင်ယံ့ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာပြီးနောက် မေးနေကျ မေးခွန်းကို မေးပြန်လေသည်။

"သစ္စာပန်းရဲ့ အဓိပ္ပာယ်က အရူးအမူးစွဲလမ်းခြင်း၊ သစ္စာရှိခြင်း၊ သတိရခြင်းလေ"

"ဦး မသိသေးတဲ့ သစ္စာပန်းရဲ့ အဓိပ္ပာယ်တစ်ခု ရှိသေးတယ်"

လတ်က ပြုံးနေသည် မှန်သော်လည်း ထိုအရာတွေက အပြုံး မမည်ပါ။ ဆွေးမြေ့နေတာနှင့်ပဲ တူနေသည်။ လတ်မျက်၀န်းမှာ မျက်ရည်တွေက ဝဲနေပြီး နီးနီးလေး ဖြစ်သော်လည်း ထိုမျက်နှာဆီ လက်လှမ်းလို့ မမှီ။

"သစ္စာပန်း အပေးခံရတဲ့သူရဲ့ နှလုံးသားကို ပေးတဲ့သူက အချစ်တွေနဲ့ ထိုးစိုက်မယ်တဲ့။ ပြီးတော့ သစ္စာပန်းရဲ့ပုံက ဓားနဲ့တူတယ်နော် ဦး။"

"ကိုယ်ရော ဦးရဲ့ ရင်ဘတ်ကို ဓားတွေနဲ့များ ထိုးစိုက်မိခဲ့သလား။ ကံကြမ္မာရဲ့ ကစားကွက်ကြောင့် ကိုယ်တို့ ဝေးသွားတဲ့အခါမှာ ဦး ကိုယ့်အပေါ်မှာ ယုံကြည်သေးရဲ့လား ဟင်၊ ဦး။"

သောင်ယံ ဘယ်လို တုံ့ပြန်ရမယ်မှန်း မသိ။ ဝေ့သီလာသော မျက်ရည်တို့နှင့်အတူ မမြင်ရတာ ကြာသည့် သူကိုသာ ငေးကြည့်နေမိသည်။

"အစ်ကို။ ပြန်လည် ရုန်းထနိုင်ဖို့ ခွန်အားတွေ ပေးခဲ့တာက ကျွန်တော််လေ။ အစ်ကို ကျွန်တော့်ကို ထားသွားမှာလား။"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် နောက်လှည့် ကြည့်မိတော့ မိုးဝေက သူ့ဆီလာဖို့ လက်ယပ်ပြသည်။ မိုးဝေ အရပ်အမောင်းက လတ်နှင့် မတိမ်းမယိမ်း။ မျက်နှာကို သိပ်မမြင်ရသော်လည်း မိုးဝေမှန်းတော့ သိနေသည်။

"ကိုယ်တို့ ဘယ်လောက်အထိ ချစ်ခဲ့သလဲ ဦး"

"ကျွန်တော်တို့ ဘယ်လောက်အထိ တစ်ယောက်အပေါ် တစ်ယောက် မှီတွယ်ခဲ့ကြသလဲ အစ်ကို"

"ငါ...၊ ငါ..."

သူနိုင်၊ ကိုယ်နိုင် ပြောနေကြသော ဘယ်ညာ နှစ်ဖက်ကို ငေးကြည့်ရင်း သောင်ယံမှာ ခြေလှမ်းတို့ ရွှေ့လျားမရဘဲ တုံ့နေတော့သည်။

"သားလေး ဖေဖေတို့နဲ့ နေမှာလား။ သူတို့နောက် လိုက်သွားမှာလား။"

တစ်ခါ နူးညံ့စွာ၊ ချိုသာစွာ ပြုံးပြနေသော ဖေဖေနှင့် မေမေကလည်း သူ့အနောက်မှာ ရပ်ကာ ခေါ်လာပြန်သည်။

"သားလေး မေမေ့ဆီ လာမယ်မလား။ အရင်လို မေမေတို့ မိသားစု ပျော်ပျော်ရွှင်ရွှင် ပြန်နေကြမယ်လေ။"

သောင်ယံ ခြေလှမ်းက ထိုဘက်ဆီ ဦးတည်မည် ပြင်လိုက်၏။

"ဦး။ ကိုယ့်ဆီ လာပါ။"

"အစ်ကို။ ကျွန်တော် ဒီနေရာက စောင့်နေမယ်နော်။"

ဟန့်တားလိုက်‌သော စကားနှစ်ခွန်းက တစ်ဖက်တစ်ချက်ဆီက ထပ်ထွက်လာသည်။

"သားလေး။ မေမေ့ သားလေး။"

သုံးဖက်သုံးတန်က ခေါ်နေသော အသံများမှာ နားထဲတွင် တိုးလိုက်ကျယ်လိုက်နှင့် ကြားနေရသည်။ ဖိအား မဟုတ်သော်လည်း သုံးယောက်စလုံးဟာ...။ ဘယ်သူ့ကို ရွေးချယ်ရမလဲ သောင်ယံ မသိတော့။

ခြေလှမ်းများအား အယောင်ယောင် အမှားမှား လှမ်းလိုက်ချိန်တွင် ရှေ့ကနေ ဘွားခနဲ ပေါ်လာသော ကားတစ်စီးက အရှိန်ပြင်းပြင်းနှင့် တည့်တည့်မတ်မတ် ၀င်တိုက်လိုက်သည်။ မှန်ကွဲစတွေက ကျဲပြန့်လာပြီးနောက် မြင်ကွင်းအားလုံး သွေးရောင် လွှမ်းသွားသည့်အချိန်တွင် ထိတ်လန့်စွာနှင့် အော်ဟစ်လိုက်မိသည်။

"အား..."

"သားလေး"

"မေမေ။ မေမေ။"

"မေမေ ရှိတယ် သား။ ဒီနေရာမှာ အားလုံး ရှိတယ်။"

အေးစက်စက် တစ်ရှူးစက မျက်နှာကိုလာထိသည်မှာ မေမေ သူ့နဖူးက ချွေးတွေကို လာသုတ်ပေးခြင်း ဖြစ်မည်။ ငေးမိငေးရာ ငေးကာ မေးခွန်းထုတ်လိုက်မိ၏။

"အားလုံး ?"

"လူနာ ကြည့်ရတာတော့ ဒီနေ့အခြေအနေ ကောင်းပုံပဲ"

ဆရာဝန် ရောက်လာပုံဖြင့် မေမေက ဘေးဖယ်ပေးသည်။ အနီးမှာ တစ်စုံတစ်ယောက် လာရပ်၍ လေတိုးသည်ကိုလည်း ခံစားမိလိုက်၏။

"ညီလေး။ စိတ်ထဲမှာ ဘယ်လိုနေလဲ။ အေးအေး သက်သာ ရှိရဲ့လား။"

"ဟို ကျွန်တော်။ စိတ်လှုပ်ရှားနေတယ်။"

"ဒါမျိုးက လူတိုင်းနီးပါး ဖြစ်တတ်ပါတယ်။ ကဲ ကျွန်တော် ပတ်တီး ဖြည်လိုက်တော့မယ်နော်။ ချက်ချင်းကြီးတော့ မျက်လုံး မဖွင့်လိုက်နဲ့။"

တစ်လွှာချင်း ခွာချနေသော ပတ်တီးက တစ်ထပ်ပြီး တစ်ထပ် လျော့လာချိန်တွင် ရင်ခုန်နှုန်းကလည်း နှစ်ဆ မြန်လာသည်။ အေးစက်စက် လက်ချောင်းတွေနှင့် မေမေ့ကို လိုက်စမ်းတော့ မေမေက လာရောက် အုပ်ကိုင် ပေးထားသည်။

"ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဖွင့်နော်"

မျက်လုံးထဲသို့ အလင်းတွေက ၀င်လာပြီးနောက်တွင် အရောင် အမျိုးမျိုးပြောင်းလဲသွားပြီး ပုံရိပ်တွေက တဖြည်းဖြည်းချင်း ပေါ်လာသည်။

လက်ပိုက်ကာ ကြည့်နေသော ဆရာ၀န်နှင့် သူ့ဘေးနားက နာ့စ်နှစ်ယောက်ကို မြင်ရပြီးနောက် မေမေ့ဘက်သို့ ခေါင်းကို လှည့်လိုက်မိသည်။ အရင်လို ချောမောနေဆဲ ဖြစ်သော မေမေက မျက်နှာအောက်ပိုင်းကို လက်ဝါးဖြင့် အုပ်ထားပြီး ဖေဖေကတော့ ၀မ်းသာသော မျက်၀န်းများဖြင့် ငေးကြည့်နေ၏။

"သား မြင်ရပြီ မေမေ။ မေမေ့မျက်နှာကို သား မြင်ရတယ်။"

ဝမ်းသာအားရ ပြောလိုက်ပြီးနောက်တွင် "အားလုံး" ဟူသော စကားရပ်ကို လိုက်လံရှာဖွေလိုက်မိသည်။ တစ်ယောက်၊ နှစ်ယောက်။ အင်း ဖေဖေရယ်၊ မေမေရယ်။ မေမေ ပြောသည်က သူတို့မိသားစုဝင် အားလုံးကိုပဲတဲ့လား။

"Congratulations ဗျာ။ ညီလေး သောင်ယံဦး။ မင်းရဲ့ စစ်မှန်တဲ့ ကမ္ဘာကနေ ကြိုဆိုလိုက်ပါတယ်။"

ဆရာ၀န်ကြီးက ဖေဖေ့ကို hand shake လုပ်နေစဉ်မှာပင် မေမေ့က သူ့ကို ပြေးဖက်သည်။ မေမေ့ကိုယ်ကို ပြန်ဖက်ထားရင်းမှ ပထမဆုံးအကြိမ် ပြုံးမိလိုက်၏။

သူ့လက်ချောင်းတွေကို သူ မြင်နေရပြီ။ ပြတင်းပေါက် အပြင်ဘက်က ကမ္ဘာကြီးကိုပါ မြင်နေရပြီ။ အရာအားလုံးကို သူ ပြန်မြင်ရလေပြီ။

"လူနာ သက်သာရင် ဆေးရုံက ဆင်းလို့ရပါပြီနော်"

ဆရာဝန်ကြီးနှင့် နာစ့်များက ပြုံးပြုံးရွှင်ရွှင်နှင့် အခန်းထဲက ပြန်ထွက်သွားသည်။

"သားလေး ဘာစားချင်လဲ။ မေမေ့ကိုပြော။ မေမေ ချက်ကျွေးမယ်။"

"သား။ ဖေဖေ မင်းကို မာန်မဲမိတာတွေအတွက် တောင်းပန်ပါတယ်။ အစားများများ စား။ အိပ်ရေး၀အောင် အိပ်ပြီး နေပြန်ကောင်းအောင် လုပ်တော့နော်။"

ပြောင်းလဲချင်တော့လည်း အားလုံး။ နှစ်ယောက်လုံးက ၀မ်းသာအယ်လဲ ဆိုကြတော့ မျက်ရည်ဝဲမိသည်။ သုံးလေးနှစ်သား အရွယ်က ဖေဖေနှင့် မေမေကြားမှာ ထိုင်ကာ ပုံပြင် နားထောင်ခဲ့သော ကလေးလေး ပြန်ဖြစ်သွားသည်ဟုပင် သူ့ကိုယ်သူ ထင်လိုက်မိ၏။

"မငိုနဲ့ သား။ သား နောက်ထပ် ပျော်စရာတွေပဲ ကြုံရတော့မှာမို့ ဒီမျက်လုံးလေးကို တန်ဖိုးထားနော်။"

မေမေ့ရင်ခွင်ထဲ တိုး၀င်မိတော့ မေမေက ပြန်ဖက်ထားသည်။ အတွဲလိုက် ဖြစ်နေသော သူတို့နှစ်ဦးကို ဖေဖေက ထပ်ဖက်လိုက်တော့ တြိဂံပုံ ဖြစ်သွား၏။

တြိဂံပုံက အမြဲမြံဆုံး ရုပ်၀တ္ထုအနေအထားဖြစ်ပြီးတော့ အင်အားကို ကိုယ်စားပြုသည်တဲ့လေ။

TBC...

[Zawgyi]

"သား။ သားေလး ေၾကာက္ေနလား။"

ေဝ့လည္ေနေသာ ပုံရိပ္မ်ား၊ အသံမ်ားၾကားထဲတြင္ ေပၚေပါက္လာေသာ ခ်စ္ျမတ္နိုးမႈ တစ္စိတ္တစ္ပိုင္း။

"ေမေမ။ ေမေမလား။"

"ဟုတ္တယ္ သားေလး။ ေမေမပါ။ ေဖေဖလည္း အနားမွာ ရွိတယ္။ သား စကားေျပာခ်င္လား။"

‌ေခါင္းခါျပလိုက္သည့္ မေရွးမေႏွာင္းမွာ ေမေမက လက္ကို လာေရာက္ဆုပ္ကိုင္ေပးသည္။

ၾကာခဲ့ၿပီ။ ေမေမ့ရဲ႕ ဒီအေငြ႕အသက္ကေန ေဝးေနခဲ့တာ ေတာ္ေတာ္ ၾကာခဲ့ၿပီ။

"ခြဲခန္းထဲ ၀င္ရ‌ပါေတာ့မယ္။ လူနာရွင္ေတြ အျပင္က ေစာင့္ေနေပးပါ။"

လူက ေဝဝါးေနေသာ္လည္း စင္ေပၚမွာတင္၍ တေ႐ြ႕ေ႐ြ႕ ေခၚလာသည္ကိုေတာ့ သိေနသည္။ ေဆးနံ႕ေတြ ျပင္းထန္ေနေသာ အခန္းထဲ ေရာက္လာခ်ိန္တြင္ ေမေမ့၏ ေႏြးေထြးေသာ လက္မ်ားႏွင့္ ေဝးကြာသြားရ၏။

သိပ္မၾကာခင္မွာပင္ ထိုစင္က ရပ္သြားၿပီး အသံဩဇာေကာင္းေသာ ဆရာ၀န္၏ 'ထုံ‌ေဆးေပးမယ္' ဟူေသာ အသံက ထြက္ေပၚလာသည္။ ထိုအသံ ထြက္လာၿပီး သိပ္မၾကာခင္မွာပင္ ေလာကႀကီးႏွင့္ ေခတၱ အဆက္အသြယ္ ျပတ္သြားေတာ့၏။

"သစၥာပန္းေတြရဲ႕ အဓိပၸာယ္က ဘာလဲ ဦး"

သစၥာပန္းစည္းႀကီးအား ကိုင္ထားေသာ လတ္က ေသာင္ယံ့ေရွ႕သို႔ ျဖည္းျဖည္းခ်င္း လွမ္းလာၿပီးေနာက္ ေမးေနက် ေမးခြန္းကို ေမးျပန္ေလသည္။

"သစၥာပန္းရဲ႕ အဓိပၸာယ္က အ႐ူးအမူးစြဲလမ္းျခင္း၊ သစၥာရွိျခင္း၊ သတိရျခင္းေလ"

"ဦး မသိေသးတဲ့ သစၥာပန္းရဲ႕ အဓိပၸာယ္တစ္ခု ရွိေသးတယ္"

လတ္က ၿပဳံးေနသည္ မွန္ေသာ္လည္း ထိုအရာေတြက အၿပဳံး မမည္ပါ။ ေဆြးေျမ့ေနတာႏွင့္ပဲ တူေနသည္။ လတ္မ်က္၀န္းမွာ မ်က္ရည္ေတြက ဝဲေနၿပီး နီးနီးေလး ျဖစ္ေသာ္လည္း ထိုမ်က္ႏွာဆီ လက္လွမ္းလို႔ မမွီ။

"သစၥာပန္း အေပးခံရတဲ့သူရဲ႕ ႏွလုံးသားကို ေပးတဲ့သူက အခ်စ္ေတြနဲ႕ ထိုးစိုက္မယ္တဲ့။ ၿပီးေတာ့ သစၥာပန္းရဲ႕ပုံက ဓားနဲ႕တူတယ္ေနာ္ ဦး။"

"ကိုယ္ေရာ ဦးရဲ႕ ရင္ဘတ္ကို ဓားေတြနဲ႕မ်ား ထိုးစိုက္မိခဲ့သလား။ ကံၾကမၼာရဲ႕ ကစားကြက္ေၾကာင့္ ကိုယ္တို႔ ေဝးသြားတဲ့အခါမွာ ဦး ကိုယ့္အေပၚမွာ ယုံၾကည္ေသးရဲ႕လား ဟင္၊ ဦး။"

ေသာင္ယံ ဘယ္လို တုံ႕ျပန္ရမယ္မွန္း မသိ။ ေဝ့သီလာေသာ မ်က္ရည္တို႔ႏွင့္အတူ မျမင္ရတာ ၾကာသည့္ သူကိုသာ ေငးၾကည့္ေနမိသည္။

"အစ္ကို။ ျပန္လည္ ႐ုန္းထနိုင္ဖို႔ ခြန္အားေတြ ေပးခဲ့တာက ကြၽန္ေတာ္္ေလ။ အစ္ကို ကြၽန္ေတာ့္ကို ထားသြားမွာလား။"

႐ုတ္တရက္ ထြက္ေပၚလာေသာ အသံေၾကာင့္ ေနာက္လွည့္ ၾကည့္မိေတာ့ မိုးေဝက သူ႕ဆီလာဖို႔ လက္ယပ္ျပသည္။ မိုးေဝ အရပ္အေမာင္းက လတ္ႏွင့္ မတိမ္းမယိမ္း။ မ်က္ႏွာကို သိပ္မျမင္ရေသာ္လည္း မိုးေဝမွန္းေတာ့ သိေနသည္။

"ကိုယ္တို႔ ဘယ္ေလာက္အထိ ခ်စ္ခဲ့သလဲ ဦး"

"ကြၽန္ေတာ္တို႔ ဘယ္ေလာက္အထိ တစ္ေယာက္အေပၚ တစ္ေယာက္ မွီတြယ္ခဲ့ၾကသလဲ အစ္ကို"

"ငါ...၊ ငါ..."

သူနိုင္၊ ကိုယ္နိုင္ ေျပာေနၾကေသာ ဘယ္ညာ ႏွစ္ဖက္ကို ေငးၾကည့္ရင္း ေသာင္ယံမွာ ေျခလွမ္းတို႔ ေ႐ႊ႕လ်ားမရဘဲ တုံ႕ေနေတာ့သည္။

"သားေလး ေဖေဖတို႔နဲ႕ ေနမွာလား။ သူတို႔ေနာက္ လိုက္သြားမွာလား။"

တစ္ခါ ႏူးညံ့စြာ၊ ခ်ိဳသာစြာ ၿပဳံးျပေနေသာ ေဖေဖႏွင့္ ေမေမကလည္း သူ႕အေနာက္မွာ ရပ္ကာ ေခၚလာျပန္သည္။

"သားေလး ေမေမ့ဆီ လာမယ္မလား။ အရင္လို ေမေမတို႔ မိသားစု ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျပန္ေနၾကမယ္ေလ။"

ေသာင္ယံ ေျခလွမ္းက ထိုဘက္ဆီ ဦးတည္မည္ ျပင္လိုက္၏။

"ဦး။ ကိုယ့္ဆီ လာပါ။"

"အစ္ကို။ ကြၽန္ေတာ္ ဒီေနရာက ေစာင့္ေနမယ္ေနာ္။"

ဟန႔္တားလိုက္‌ေသာ စကားႏွစ္ခြန္းက တစ္ဖက္တစ္ခ်က္ဆီက ထပ္ထြက္လာသည္။

"သားေလး။ ေမေမ့ သားေလး။"

သုံးဖက္သုံးတန္က ေခၚေနေသာ အသံမ်ားမွာ နားထဲတြင္ တိုးလိုက္က်ယ္လိုက္ႏွင့္ ၾကားေနရသည္။ ဖိအား မဟုတ္ေသာ္လည္း သုံးေယာက္စလုံးဟာ...။ ဘယ္သူ႕ကို ေ႐ြးခ်ယ္ရမလဲ ေသာင္ယံ မသိေတာ့။

ေျခလွမ္းမ်ားအား အေယာင္ေယာင္ အမွားမွား လွမ္းလိုက္ခ်ိန္တြင္ ေရွ႕ကေန ဘြားခနဲ ေပၚလာေသာ ကားတစ္စီးက အရွိန္ျပင္းျပင္းႏွင့္ တည့္တည့္မတ္မတ္ ၀င္တိုက္လိုက္သည္။ မွန္ကြဲစေတြက က်ဲျပန့္လာၿပီးေနာက္ ျမင္ကြင္းအားလုံး ေသြးေရာင္ လႊမ္းသြားသည့္အခ်ိန္တြင္ ထိတ္လန႔္စြာႏွင့္ ေအာ္ဟစ္လိုက္မိသည္။

"အား..."

"သားေလး"

"ေမေမ။ ေမေမ။"

"ေမေမ ရွိတယ္ သား။ ဒီေနရာမွာ အားလုံး ရွိတယ္။"

ေအးစက္စက္ တစ္ရႉးစက မ်က္ႏွာကိုလာထိသည္မွာ ေမေမ သူ႕နဖူးက ေခြၽးေတြကို လာသုတ္ေပးျခင္း ျဖစ္မည္။ ေငးမိေငးရာ ေငးကာ ေမးခြန္းထုတ္လိုက္မိ၏။

"အားလုံး ?"

"လူနာ ၾကည့္ရတာေတာ့ ဒီေန႕အေျခအေန ေကာင္းပုံပဲ"

ဆရာဝန္ ေရာက္လာပုံျဖင့္ ေမေမက ေဘးဖယ္ေပးသည္။ အနီးမွာ တစ္စုံတစ္ေယာက္ လာရပ္၍ ေလတိုးသည္ကိုလည္း ခံစားမိလိုက္၏။

"ညီေလး။ စိတ္ထဲမွာ ဘယ္လိုေနလဲ။ ေအးေအး သက္သာ ရွိရဲ႕လား။"

"ဟို ကြၽန္ေတာ္။ စိတ္လႈပ္ရွားေနတယ္။"

"ဒါမ်ိဳးက လူတိုင္းနီးပါး ျဖစ္တတ္ပါတယ္။ ကဲ ကြၽန္ေတာ္ ပတ္တီး ျဖည္လိုက္ေတာ့မယ္ေနာ္။ ခ်က္ခ်င္းႀကီးေတာ့ မ်က္လုံး မဖြင့္လိုက္နဲ႕။"

တစ္လႊာခ်င္း ခြာခ်ေနေသာ ပတ္တီးက တစ္ထပ္ၿပီး တစ္ထပ္ ေလ်ာ့လာခ်ိန္တြင္ ရင္ခုန္ႏႈန္းကလည္း ႏွစ္ဆ ျမန္လာသည္။ ေအးစက္စက္ လက္ေခ်ာင္းေတြႏွင့္ ေမေမ့ကို လိုက္စမ္းေတာ့ ေမေမက လာေရာက္ အုပ္ကိုင္ ေပးထားသည္။

"ျဖည္းျဖည္းခ်င္း ျဖည္းျဖည္းခ်င္း ဖြင့္ေနာ္"

မ်က္လုံးထဲသို႔ အလင္းေတြက ၀င္လာၿပီးေနာက္တြင္ အေရာင္ အမ်ိဳးမ်ိဳးေျပာင္းလဲသြားၿပီး ပုံရိပ္ေတြက တျဖည္းျဖည္းခ်င္း ေပၚလာသည္။

လက္ပိုက္ကာ ၾကည့္ေနေသာ ဆရာ၀န္ႏွင့္ သူ႕ေဘးနားက နာ့စ္ႏွစ္ေယာက္ကို ျမင္ရၿပီးေနာက္ ေမေမ့ဘက္သို႔ ေခါင္းကို လွည့္လိုက္မိသည္။ အရင္လို ေခ်ာေမာေနဆဲ ျဖစ္ေသာ ေမေမက မ်က္ႏွာေအာက္ပိုင္းကို လက္ဝါးျဖင့္ အုပ္ထားၿပီး ေဖေဖကေတာ့ ၀မ္းသာေသာ မ်က္၀န္းမ်ားျဖင့္ ေငးၾကည့္ေန၏။

"သား ျမင္ရၿပီ ေမေမ။ ေမေမ့မ်က္ႏွာကို သား ျမင္ရတယ္။"

ဝမ္းသာအားရ ေျပာလိုက္ၿပီးေနာက္တြင္ "အားလုံး" ဟူေသာ စကားရပ္ကို လိုက္လံရွာေဖြလိုက္မိသည္။ တစ္ေယာက္၊ ႏွစ္ေယာက္။ အင္း ေဖေဖရယ္၊ ေမေမရယ္။ ေမေမ ေျပာသည္က သူတို႔မိသားစုဝင္ အားလုံးကိုပဲတဲ့လား။

"Congratulations ဗ်ာ။ ညီေလး ေသာင္ယံဦး။ မင္းရဲ႕ စစ္မွန္တဲ့ ကမာၻကေန ႀကိဳဆိုလိုက္ပါတယ္။"

ဆရာ၀န္ႀကီးက ေဖေဖ့ကို hand shake လုပ္ေနစဥ္မွာပင္ ေမေမ့က သူ႕ကို ေျပးဖက္သည္။ ေမေမ့ကိုယ္ကို ျပန္ဖက္ထားရင္းမွ ပထမဆုံးအႀကိမ္ ၿပဳံးမိလိုက္၏။

သူ႕လက္ေခ်ာင္းေတြကို သူ ျမင္ေနရၿပီ။ ျပတင္းေပါက္ အျပင္ဘက္က ကမာၻႀကီးကိုပါ ျမင္ေနရၿပီ။ အရာအားလုံးကို သူ ျပန္ျမင္ရေလၿပီ။

"လူနာ သက္သာရင္ ေဆး႐ုံက ဆင္းလို႔ရပါၿပီေနာ္"

ဆရာဝန္ႀကီးႏွင့္ နာစ့္မ်ားက ၿပဳံးၿပဳံး႐ႊင္႐ႊင္ႏွင့္ အခန္းထဲက ျပန္ထြက္သြားသည္။

"သားေလး ဘာစားခ်င္လဲ။ ေမေမ့ကိုေျပာ။ ေမေမ ခ်က္ေကြၽးမယ္။"

"သား။ ေဖေဖ မင္းကို မာန္မဲမိတာေတြအတြက္ ေတာင္းပန္ပါတယ္။ အစားမ်ားမ်ား စား။ အိပ္ေရး၀ေအာင္ အိပ္ၿပီး ေနျပန္ေကာင္းေအာင္ လုပ္ေတာ့ေနာ္။"

ေျပာင္းလဲခ်င္ေတာ့လည္း အားလုံး။ ႏွစ္ေယာက္လုံးက ၀မ္းသာအယ္လဲ ဆိုၾကေတာ့ မ်က္ရည္ဝဲမိသည္။ သုံးေလးႏွစ္သား အ႐ြယ္က ေဖေဖႏွင့္ ေမေမၾကားမွာ ထိုင္ကာ ပုံျပင္ နားေထာင္ခဲ့ေသာ ကေလးေလး ျပန္ျဖစ္သြားသည္ဟုပင္ သူ႕ကိုယ္သူ ထင္လိုက္မိ၏။

"မငိုနဲ႕ သား။ သား ေနာက္ထပ္ ေပ်ာ္စရာေတြပဲ ႀကဳံရေတာ့မွာမို႔ ဒီမ်က္လုံးေလးကို တန္ဖိုးထားေနာ္။"

ေမေမ့ရင္ခြင္ထဲ တိုး၀င္မိေတာ့ ေမေမက ျပန္ဖက္ထားသည္။ အတြဲလိုက္ ျဖစ္ေနေသာ သူတို႔ႏွစ္ဦးကို ေဖေဖက ထပ္ဖက္လိုက္ေတာ့ ႀတိဂံပုံ ျဖစ္သြား၏။

ႀတိဂံပုံက အၿမဲၿမံဆုံး ႐ုပ္၀တၳဳအေနအထားျဖစ္ၿပီးေတာ့ အင္အားကို ကိုယ္စားျပဳသည္တဲ့ေလ။

TBC...

Lanjutkan Membaca

Kamu Akan Menyukai Ini

15.6K 726 9
- 𝘵𝘰 𝘵𝘩𝘦 𝘮𝘰𝘰𝘯 𝘢𝘯𝘥 𝘯𝘦𝘷𝘦𝘳 𝘣𝘢𝘤𝘬 -
407K 22.8K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
63.1K 6.2K 23
အခ်စ္ဆံုးသူငယ္ခ်င္းေတြဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ မင္းအနားမွာ ေနရလည္း ငါေက်နပ္ပါတယ္ ဒါေပမယ့္.... ငါ့ရဲ႕အခ်စ္က မင္းကို က်ိိ္န္စာသင့္ေစမယ္ဆိုရင္... မင္းရဲ႕အန...