[Unicode]
၁၀ ထဲက ၉ ကို အရင်နုတ်ပြီးမှ ၇ နဲ့ပေါင်းရမှာလား။ ဒါမှမဟုတ် ၁၇ ထဲက ၉ ကို တန်းနုတ်ရမှာလား။ ခေါင်းကုတ်လိုက်၊ လက်ချောင်းတွေ ထောင်လိုက် လုပ်နေသော သောင်ယံ့ပုခုံးကို စည်သူက ပေတံနှင့် တဖျတ်ဖျတ် လာရိုက်နေသည်။ စကားပြောချင်၍ ခေါ်နေမှန်း သိသော်လည်း ရှေ့က စာက အရေးကြီးသဖြင့် လှည့်မကြည့်ဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်၏။
"သောင်ယံ သောင်ယံ"
"ဘာလဲကွာ"
"အဲ့တစ်ယောက်က သင်္ချာ အရမ်းတော်တယ်လို့ ပြောတယ်ကွ။ သူ့အစ်ကိုအတန်းက သင်္ချာတွေတောင် သူက ရနေပြီတဲ့။"
"ဘယ်တစ်ယောက်လဲ"
"ဟိုခုံမှာလေ။ အသစ်ပြောင်းလာတဲ့ တစ်ယောက်။"
မျက်နှာခြင်းဆိုင်ခုံသို့ လှမ်းကြည့်လိုက်တော့ ခပ်ထောင်ထောင် ဆံပင်နှင့် ကောင်လေးက ရယ်ကာမောကာဖြင့် တစ်ခုခုကို ပြောနေသည်။ ဘေးနားက လူတွေကလည်း သူပြောတာကို သဘောကျဟန်နှင့် တဟီးဟီး၊ တဟားဟား လိုက်ရယ်နေကြသည်။
"ဒီနေ့ကျတော့ ရုပ်က တစ်မျိုးပါလား"
အော်တိုမှတ်ချက်ပေးမိလျှင် စည်သူက အံ့ဩသွားသော မျက်လုံးများဖြင့်။
"ဟမ်။ မင်းက သူနဲ့ သိလို့လား။"
"မသိပါဘူး။ စကား မများနဲ့ကွာ စည်သူ။ ဒီမှာ တွက်မရတဲ့ အထဲ။"
"မင်းသာ တွက်မရနေ။ သူက သွားပြပြီးသွားပြီကွ။"
"အဲ့ဒါဘာဖြစ်လဲ။ သူ့ဘာသူ ပြပြ၊ မပြပြ။"
စိတ်တိုတိုနှင့် မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်တော့ ထိုကောင်လေးကလည်း သူတို့ဘက်သို့ ကြည့်နေသည်။ သူခိုး လူမိသွားသဖြင့် ခေါင်းကို ပြန်ငုံ့ထားလိုက်ပြီး လက်ချောင်းတွေကိုသာ ချိုးနေလိုက်မိ၏။
•
ပိန်နေသော ဘီးလေးကို လက်နှင့် ထပ်ညှစ်လိုက်တော့ ပိုမိုကာ ချိုင့်၀င်သွားသဖြင့် နှုတ်ခမ်း ထော်သွားမိသည်။ မနက်က စီးလာတုန်းကတောင် အကောင်း၊ အခု ကျောင်းဆင်းတော့ ပေါက်နေသည်။
"ကော်ဖီဆို ဂျာဗာ။ ကော်ဖီဆို ဂျာဗာ။ ကော်ဖီဆို ဂျာ...ဗာ...။"
"ဟော ဘီးပေါက်တာလား သူငယ်ချင်း"
စိတ်တိုတိုဖြင့် စက်ဘီးကို တွန်းကာ လျှောက်လာစဉ်မှာပင် သောင်ယံ့ အနားသို့ စက်ဘီးတစ်စီးက ကျွီခနဲ ဘရိတ်အုပ်ကာ ရပ်လိုက်သလို မေးသံလည်း ထွက်လာခဲ့သည်။
"ကိုမြတ် သွားနှင့်။ သား သူနဲ့ ပြန်ခဲ့မယ်။"
ဘေးအိမ်မှ ထိုကောင်လေးက သူ့အစ်ကိုကို လွယ်အိတ်တွေ ပေးလိုက်ပြီးနောက် စွန်တစ်ခုနှင့် သောင်ယံ့ ဘေးနားသို့ လျှောက်လာသည်။
"မင်းတစ်ယောက်တည်း ပြန်ရမှာ မလား။ ငါ အတူတူ လိုက်ပေးမယ်လေ။"
"ကျေးဇူးပဲ"
တစ်ယောက်တည်း မပြန်ချင် ဖြစ်နေတုန်း ရောက်လာသဖြင့် ခပ်တိုးတိုး ဆိုလိုက်တော့ မျက်လုံးတွေ ပိတ်အောင် ရယ်ပြသည်။
"နာမည် ဘယ်လိုခေါ်လဲ"
"သောင်ယံဦး"
"ဪ ငါ့နာမည်က လွမ်းလတ်နောင်။ ကိုလတ်လို့ ခေါ်လို့ရတယ်။"
"ကိုလတ်"
"အင်း။ လွမ်းလတ်နောင်လို့ မခေါ်နဲ့။ ကိုလတ်လို့ ခေါ်မှ ရင်းနှီးတယ်လို့ ငါက ခံစားရတာ။ ကိုကြီးနာမည်က ကိုမြတ် ငါက ကိုလတ်လေ။ မင်းက ငါတို့အိမ်ဘေးမှာ နေတာမလား။"
"ဟုတ်တယ်"
"နောက်နေ့ကျ ကျောင်း အတူတူ သွားရအောင်။ ဝူး...ဝူး...ဝူး"
သူ့ဘာသူ အဆိုပြု၊ သူ့ဘာသူ ထောက်ခံရင်း စက္ကူစွန်လေးအားလည်း လေထဲသို့ ပစ်လွှတ်လိုက်သေးသည်။ မာနကြီးသည် ထင်ခဲ့သော်လည်း ခုကျ သဘောကောင်းသည်ဟု စိတ်ထဲက ပြောင်းလဲ မှတ်ချက် ပေးလိုက်မိ၏။
"မင်းက သင်္ချာတော်တယ်လို့ ကြားတယ်"
"သင်္ချာ ? ဘယ်သူ ပြောတာလဲ။"
"ကြားတာပဲ။ မင်းအစ်ကိုရဲ့အတန်းကဟာတွေတောင် ရနေပြီတဲ့။"
"လျှောက်ပြောနေတာပါကွာ ဟားဟား။ ငါ ဟိုနေ့က ကိုမြတ်စာအုပ်နဲ့ ငါ့စာအုပ် မှားပြီး ယူလာမိတာ။ အဲ့ဒါနဲ့ ကိုမြတ်အခန်းဆီ သွားပေးတော့ သူများတွေက တစ်မျိုးထင်သွားတာ နေမှာပေါ့။"
ကိုလတ်၏ ဖြေနေပုံက ဘာမှ ဂရုမစိုက်သည့် ဟန်ပန်နှင့်။ လွတ်လွတ်လပ်လပ်။ ပေါ့ပေါ့ပါးပါး။
"တကယ် မတော်ဘူးပေါ့"
"မတော်ပါဘူး။ ဘာဖြစ်လို့လဲ။"
"ဘာမဖြစ်ပါဘူး။ မေးကြည့်တာ။"
အခုမှ စိတ်ချမ်းသာစွာဖြင့် ရယ်မောလိုက်တော့ သောင်ယံ့အား နားမလည်ဟန်ဖြင့် ပြူးကြည့်သည်။ ထို့နောက်တွင်တော့ စိတ်ထဲ မထားတော့သလို သူ့စွန်ကိုသာ လွှတ်လိုက်၊ ကောက်လိုက် လုပ်နေတော့၏။
•
"ဒေါက် ဒေါက်"
"အစ်ကို။ ထမင်းစားတော့ မလား။"
ပြတင်းပေါက်ပေါင်ပေါ်၌ မေးတင်၍ အတိတ်ဆီ အလည် သွားနေစဉ်မှာပင် မရင်းနှီးသေးသော အသံတစ်ခုက ထွက်လာသည်။ ထိုအခါမှ မောင်မိုး ပြန်သွားပြီကို သတိပြန်ရသွားရ၏။
"အင်း"
"ကျွန်တော့်အင်္ကျီကို ကိုင်လိုက်လို့အဆင်ပြေလား"
အနားနားသို့ ရောက်လာသော အသံကြောင့် နည်းနည်း အဆင်မပြေ ဖြစ်သွားပုံကို သိဟန်ဖြင့် လက်ထဲသို့ အင်္ကျီအနားစကို ထိုးထည့်ပေးသည်။
စားပွဲခုံ ရှိရာသို့ တန်းတန်းမတ်မတ် သွားကာ ထိုင်ချပြီးနောက်တွင် သောင်ယံ့ ညာဘက်လက်ထဲကို ဇွန်းတစ်ချောင်းက အလိုလို ရောက်လာသည်။
ထမင်းကို ပုံမှန်လူလို ခပ်စားဖို့ အဆင်မပြေသောကြောင့် ဇွန်းထဲသို့ ထမင်းနှင့် ဟင်းကို တစ်ခါတည်း ထည့်ပေးရသည်။ ရေသောက်ချင်လျှင် လက်ထဲသို့ ရေခွက်ကို အဆင်သင့် ထည့်ပေးရသည်။ ရေချိုးချင်လျှင်လည်း ကန်နားသို့ ခေါ်သွားပေးရသည်။
ထိုသို့ အရာရာမှာ သူတစ်ပါးအား အားကိုးနေရသော ဘ၀ကြီးထဲတွင် ဆက်လက် ရှင်သန်လိုစိတ်က တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်းနှင့် နည်းပါးလာခဲ့၏။ မဟုတ်သေး။ သောင်ယံ့မှာ တကယ်တော့ ရှင်သန်လိုစိတ်ပင် မရှိတော့။ ကိုမာ ဝင်နေသူများက ကိုယ်သေ၍ စိတ်ရှင်နေလျှင် သူကတော့ စိတ်သေ၍ ကိုယ်ရှင်နေသူတစ်ဦးသာ။
"အစ်ကို အဆင်ပြေလား။ ကျွန်တော်ချက်တာ စားမကောင်းလို့လား။"
မောင်မိုးအစ်ကိုက သူ့မျက်နှာကို ထိုင်ဖတ်နေခဲ့သလားပင်။ အိပ်ငိုက်သွားတိုင်း နှိုးနေကျ အတန်းပိုင် ဆရာမလို အသိလွတ်သွားတိုင်း မေးနေတော့သည်။
"အင်။ ကောင်း...ကောင်းပါတယ်။"
"ကောင်းရင် အစ်ကို များများစား။ ကျွန်တော့်ကို ညီလေးလိုပဲ သဘောထားပါ။"
"မိုး...ဝေ။ ဟုတ်တယ်နော်။"
"ဟုတ်ပါတယ်"
"မောင်မိုးမှာ အစ်ကိုရှိမှန်း မသိခဲ့ဘူး။ ဘွဲ့ရပြီးပြီလား။"
"ဟုတ်ကဲ့ အစ်ကို။ ကျွန်တော်နဲ့ အစ်ကို အသက် အတူတူလောက်ပဲ ရှိမယ် ထင်ပါတယ်။"
"ဪ..."
အသက် အတူတူ၊ ဘွဲ့ရဟူသော စကားလုံးများကြောင့် သောင်ယံ့စိတ်မှာ ပြန်လည်ဖိစီးသွား၏။
"ငါ့နားမှာ နေရရင်တော့ သာမန်ထက် မင်း နှစ်ဆ ပိုပင်ပန်းလိမ့်မယ်"
"ရပါတယ် အစ်ကို။ ကျွန်တော်အဆင်ပြေပါတယ်။"
သောင်ယံကသာ စကားလုံးတိုင်းကို လေးလေးအေးအေး ပြောနေသော်လည်း မိုးဝေ၏ အသံက တက်တက်ကြွကြွ။ အရင်လူတွေလည်း ရောက်ခါစက ဒီလိုပင်။ နောက်တော့မှ မနေနိုင်ပါဘူးဆိုကာ ထွက်ပြေးကုန်ကြတာ။
"ကျွန်တော် သွားသိမ်းပြီးရင် ပြန်လာခဲ့မယ်နော်။ ခဏစောင့်။"
မောင်မိုး ပြန်သွားသော တစ်ပတ်ခန့်အတွင်းမှာ ဆက်ဆံရေးက နည်းနည်းတော့ တိုးတက်လာသော်လည်း တစ်ရင်းတစ်နှီးကြီးတော့ မဟုတ်သေး။
မောင်မိုးနှင့် မိုးဝေက အနည်းငယ်တော့ ကွဲပြားသည်။ မောင်မိုးက အလိုက်သိသည်။ သူ့မျက်ရိပ်မျက်ကဲကို အကဲခပ်တတ်သည်။ မိုးဝေကကျ ခုမှ ရောက်လာလို့ ထင့်။ သူပြောမှ နားလည်သည်။ သို့သော်လည်း သူ မပျင်းအောင်တော့ နည်းလမ်းပေါင်းစုံနှင့် လုပ်တတ်သည်။
တုတ်ကောက်ကို ထောက်ကာ ထလိုက်ချိန်တွင် လက်တစ်ဖက်ကို မိုးဝေက လာကိုင်ပေးသဖြင့် အနည်းငယ် တွန့်သွားမိရသည်။ ခုထက်ထိ သူဟာ နေသားမကျ။
"ထမင်းစားပြီးရင် အပြင်မှာလမ်းလျှောက်ပေးရတယ်လို့ ညီလေးက ပြောထားလို့"
မိုးဝေက လုပ်သင့်လုပ်ထိုက်သည်ကို လုပ်တာ ဖြစ်သလို သူ့အနေနဲ့ကလည်း ဒီလို ကိုင်ထားမှ အဆင်ပြေမည် ဖြစ်သဖြင့် ပြန်ငြိမ်နေလိုက်၏။
"အစ်ကို သိလား။ ကျွန်တော်တို့ အခုရပ်နေတာ အိမ်ထဲကို ၀င်တဲ့ လမ်းပေါ်မှာ။"
"ခြံစည်းရိုးက ဝါးတွေနဲ့ ကာထားတာ အစ်ကိုရဲ့။ ဘယ်ဘက်ခြမ်းမှာ ပိန္နဲပင်နဲ့ မာလကာပင်တွေ ရှိတယ်။ အဲ့အပင်အောက်မှာ အနားယူဖို့ ကွပ်ပျစ်လေးလည်း ရှိတယ်။ အဲ ညာဘက်မှာကျတော့ ညီလေးက စိုက်ခင်းတွေ စိုက်ထားတယ်။ ပန်းပင်တွေလည်း ရှိတယ်။"
သူ့ကို ပြောပြနေတာလား၊ သူ့ဟာသူပဲ သရုပ်ဖော်နေသလား မသိ။ အာရုံထဲတွင်တော့ ကိုယ့်အိမ် အခြေအနေကို အနည်းငယ် ခန့်မှန်းမိသလို ရှိသွား၏။
"အစ်ကို ကွပ်ပျစ်ပေါ်မှာ ထိုင်ချင်လား"
"............"
ဘာမှ မပြောရသေးခင်မှာပင် ဆွဲခေါ်သွားပြီးနောက် ကွပ်ပျစ်ပေါ်သို့ ထိုင်ချခိုင်းသည်။ ပုံမှန်ဆို သောင်ယံက စိတ်ကုန်လွန်းသဖြင့် အပြင် မထွက်တတ်။ တစ်နေ့ပြီး တစ်နေ့ကို အခန်းတွင်းမှာသာ ပျင်းပျင်းရိရိ ကုန်ဆုံးတတ်သည်။ ခု အပြင်ထွက်လာတော့လည်း သိပ်မဆိုးလှ။ ကွပ်ပျစ်က ဝါးကို ခင်းထားသဖြင့် အေးနေပြီး လေလေးကလည်း အနည်းငယ် တိုက်နေလေသည်။
"အစ်ကို စားချင်တာရှိရင် ပြောနော်။ ကျွန်တော် ချက်ကျွေးမယ်။ ထမင်းနဲ့ဟင်းတင် မဟုတ်ဘူး။ တခြား အပြင်အစားအစာလည်း ကျွန်တော် လုပ်တတ်တယ်။"
"မင်း အဆင်ပြေမှ ချက်ပါ။ ငါက ဘာဖြစ်ဖြစ် စားပါတယ်။"
"ဘယ်ဟုတ်ပါ့မလဲ အစ်ကိုရဲ့။ လူဆိုတာ တစ်နေ့တစ်နေ့ ဒါပဲ စားနေရင် ပျင်းနေမှာပေါ့။ အပြောင်းအလဲလေး ဘာလေးလည်း လုပ်သင့်တယ်။"
"အပြောင်းအလဲ ? အပြောင်းအလဲတွေပေါ်မှာ ငါ စိတ်မပါတော့တာ ကြာပြီ။ ငါက ဘာမှ အသုံးမ၀င်တဲ့သူပဲ။ သူများတွေ အပေါ်မှာ ကြေးများပြီး ဒုက္ခ မပေးချင်ဘူး။"
"အစ်ကိုက အတွေးများနေပါပြီ။ လူဆိုတာ သူ့နေရာနဲ့သူ အသုံး၀င်ပါတယ်ဗျ။"
"ကဲ ဒါဆို မင်း ပြောကြည့်စမ်းပါ။ ငါအခု ဘယ်နေရာမှာများ အသုံး၀င်နေသလဲ။"
မဲ့ပြုံးပြုံးကာ မေးလိုက်တော့ မိုးဝေအသံက တိတ်သွား၏။ သောင်ယံကတော့ အနာဟောင်းများ ပြန်ပေါ်လာရသည်။ တခြားသူတွေက အသုံး၀င်နေနိုင်ရင်တောင် သူကတော့ ထိုကဲ့သို့ ဘ၀မျိုး မဟုတ်။ သူ့ဘ၀မှာ ဆုံးရှုံးခဲ့ရတာတွေ များသည်မို့ အသုံး၀င်ချင်စိတ်လည်း မရှိတော့။ မြန်မြန်သာ ဒီဘ၀ကြီး အဆုံးသတ်သွားဖို့ မျှော်လင့်မိသည်။
"အစ်ကို ဒီနေရာမှာ အေးအေးဆေးဆေး ထိုင်နေဦး။ ကျွန်တော် အပင်တွေ ရေသွားလောင်းလိုက်ဦးမယ်။"
မိုးဝေက စိတ်ညစ်သွားပုံ ရလေသည်။ ချက်ချင်းလက်ငင်း သူ့အနားမှ ပျောက်သွား၏။ ထိုအခါမှ သူ ထပ်ပြီး လူတွေကို ပြဿနာရှာမိမှန်း သတိထားမိသွားရသည်။
ပင်စည်ကို ခပ်လျော့လျော့ မှီလိုက်လျှင် လက်ခုံပေါ်သို့ အရာလေးတစ်ခုက တောက်ခနဲ ပြုတ်ကျလာသည်။ စမ်းသပ်ကြည့်လိုက်တော့ ပိန္နဲသီးသေးသေးလေး ဖြစ်နေ၏။ အဖုအထစ် မရှိသေးဘဲ ချောနေသော အသီးလေးကို ကိုင်ကြည့်ကာ လူတွေ ငယ်ဘ၀တုန်းကလည်း ဒီလိုပါပဲလားဟု တွေးမိသွားရသည်။
စားမယ်၊ သွားမယ်၊ အိပ်မယ်၊ ငိုမယ်သာ သိသော ကလေးဘ၀သည် ဖြူစင်သည်၊ သန့်ရှင်းသည်။ ဒုက္ခ ဟူသည်ကို နားမလည်သောအချိန်မို့ အရာရာတိုင်းက ပျော်စရာ ကောင်းနေခဲ့သည်။ ပိန္နဲသီးကင်းလေးကဲ့သို့ ဘဝတစ်လျှောက်ဟာ ဖြောင့်ဖြူးနေခဲ့သည်။
သို့သော် တဖြည်းဖြည်း အသက်ကြီးလာ၍ လောကနိယာမတွေကို ခံစားတတ်သော အချိန် ရောက်လာသည့် အခါတွင်တော့ ဘ၀ဟူသည် ပိန္နဲသီးတင်မက ဒူးရင်းသီးကဲ့သို့ပင် ဆူးချွန်တို့ဖြင့် ဖုထစ်ကာ မာကျောနေခဲ့သည်။
"အစ်ကိုရေ။ ဒီကိုက်လန်တွေက ကြော်စားလို့ ရပြီဗျ။ နုနေတာပဲ။ ကိုင်ကြည့်ကြည့်။"
မိုးဝေက သူ ထင်သလို စိတ်ကုန်သေးပုံ မပေါ်။ အနားသို့ အော်ဟစ်ကာရောက်လာပြီး လက်ထဲသို့ အရွက်တွေကို ထည့်ပေးသည်။ ထိပ်ဖျားလေးကို စမ်းကာ ချိုးကြည့်လိုက်တော့ လွယ်လင့်တကူပင် ကျိုးသွား၍ နုထွေးနေမှန်း သိလိုက်၏။
"အပင်တွေက ထွားသားပဲ"
"အဲ့ဒါ ကျွန်တော့်ကြောင့်ပေါ့ဗျ။ အစ်ကို ရေချိုးတော့။ ပြီးရင် အရွက်ကြော် ကောင်းကောင်းလေး ကြော်ကျွေးမယ်။"
ရေချိုးတော့ဟု ဆိုခြင်း၌ သူ့မှာ ငြင်းခွင့်မရှိ။ ဒီကောင်လေးက တစ်ခါတလေ သူ့အပေါ် ပိုင်စိုးပိုင်နင်းနှင့် ဆက်ဆံတတ်သည်။
ဥပမာ ထမင်း တစ်ပန်းကန် ကုန်အောင်စားရမယ်၊ ည ဘယ်နှစ်နာရီ အိပ်ရမယ်၊ မြေကြီးကို ထိကာ လမ်းလျှောက်ရမယ် စသဖြင့် စုံတကာစိ။ ဒီအလုပ် မလုပ်ခင်က တစ်နေရာရာမှာ မန်နေဂျာလုပ်ခဲ့သလားဟုပင် စိတ်ပေါက်ပေါက်နှင့် တွေးမိရသည်။
TBC...
[Zawgyi]
၁၀ ထဲက ၉ ကို အရင္ႏုတ္ၿပီးမွ ၇ နဲ႕ေပါင္းရမွာလား။ ဒါမွမဟုတ္ ၁၇ ထဲက ၉ ကို တန္းႏုတ္ရမွာလား။ ေခါင္းကုတ္လိုက္၊ လက္ေခ်ာင္းေတြ ေထာင္လိုက္ လုပ္ေနေသာ ေသာင္ယံ့ပုခုံးကို စည္သူက ေပတံႏွင့္ တဖ်တ္ဖ်တ္ လာရိုက္ေနသည္။ စကားေျပာခ်င္၍ ေခၚေနမွန္း သိေသာ္လည္း ေရွ႕က စာက အေရးႀကီးသျဖင့္ လွည့္မၾကည့္ဘဲ ေခါင္းကိုသာ ငုံ႕ထားလိုက္၏။
"ေသာင္ယံ ေသာင္ယံ"
"ဘာလဲကြာ"
"အဲ့တစ္ေယာက္က သခၤ်ာ အရမ္းေတာ္တယ္လို႔ ေျပာတယ္ကြ။ သူ႕အစ္ကိုအတန္းက သခၤ်ာေတြေတာင္ သူက ရေနၿပီတဲ့။"
"ဘယ္တစ္ေယာက္လဲ"
"ဟိုခုံမွာေလ။ အသစ္ေျပာင္းလာတဲ့ တစ္ေယာက္။"
မ်က္ႏွာျခင္းဆိုင္ခုံသို႔ လွမ္းၾကည့္လိုက္ေတာ့ ခပ္ေထာင္ေထာင္ ဆံပင္ႏွင့္ ေကာင္ေလးက ရယ္ကာေမာကာျဖင့္ တစ္ခုခုကို ေျပာေနသည္။ ေဘးနားက လူေတြကလည္း သူေျပာတာကို သေဘာက်ဟန္ႏွင့္ တဟီးဟီး၊ တဟားဟား လိုက္ရယ္ေနၾကသည္။
"ဒီေန႕က်ေတာ့ ႐ုပ္က တစ္မ်ိဳးပါလား"
ေအာ္တိုမွတ္ခ်က္ေပးမိလွ်င္ စည္သူက အံ့ဩသြားေသာ မ်က္လုံးမ်ားျဖင့္။
"ဟမ္။ မင္းက သူနဲ႕ သိလို႔လား။"
"မသိပါဘူး။ စကား မမ်ားနဲ႕ကြာ စည္သူ။ ဒီမွာ တြက္မရတဲ့ အထဲ။"
"မင္းသာ တြက္မရေန။ သူက သြားျပၿပီးသြားၿပီကြ။"
"အဲ့ဒါဘာျဖစ္လဲ။ သူ႕ဘာသူ ျပျပ၊ မျပျပ။"
စိတ္တိုတိုႏွင့္ မ်က္ေမွာင္ၾကဳတ္ကာ လွမ္းၾကည့္လိုက္ေတာ့ ထိုေကာင္ေလးကလည္း သူတို႔ဘက္သို႔ ၾကည့္ေနသည္။ သူခိုး လူမိသြားသျဖင့္ ေခါင္းကို ျပန္ငုံ႕ထားလိုက္ၿပီး လက္ေခ်ာင္းေတြကိုသာ ခ်ိဳးေနလိုက္မိ၏။
•
ပိန္ေနေသာ ဘီးေလးကို လက္ႏွင့္ ထပ္ညွစ္လိုက္ေတာ့ ပိုမိုကာ ခ်ိဳင့္၀င္သြားသျဖင့္ ႏႈတ္ခမ္း ေထာ္သြားမိသည္။ မနက္က စီးလာတုန္းကေတာင္ အေကာင္း၊ အခု ေက်ာင္းဆင္းေတာ့ ေပါက္ေနသည္။
"ေကာ္ဖီဆို ဂ်ာဗာ။ ေကာ္ဖီဆို ဂ်ာဗာ။ ေကာ္ဖီဆို ဂ်ာ...ဗာ...။"
"ေဟာ ဘီးေပါက္တာလား သူငယ္ခ်င္း"
စိတ္တိုတိုျဖင့္ စက္ဘီးကို တြန္းကာ ေလွ်ာက္လာစဥ္မွာပင္ ေသာင္ယံ့ အနားသို႔ စက္ဘီးတစ္စီးက ကြၽီခနဲ ဘရိတ္အုပ္ကာ ရပ္လိုက္သလို ေမးသံလည္း ထြက္လာခဲ့သည္။
"ကိုျမတ္ သြားႏွင့္။ သား သူနဲ႕ ျပန္ခဲ့မယ္။"
ေဘးအိမ္မွ ထိုေကာင္ေလးက သူ႕အစ္ကိုကို လြယ္အိတ္ေတြ ေပးလိုက္ၿပီးေနာက္ စြန္တစ္ခုႏွင့္ ေသာင္ယံ့ ေဘးနားသို႔ ေလွ်ာက္လာသည္။
"မင္းတစ္ေယာက္တည္း ျပန္ရမွာ မလား။ ငါ အတူတူ လိုက္ေပးမယ္ေလ။"
"ေက်းဇူးပဲ"
တစ္ေယာက္တည္း မျပန္ခ်င္ ျဖစ္ေနတုန္း ေရာက္လာသျဖင့္ ခပ္တိုးတိုး ဆိုလိုက္ေတာ့ မ်က္လုံးေတြ ပိတ္ေအာင္ ရယ္ျပသည္။
"နာမည္ ဘယ္လိုေခၚလဲ"
"ေသာင္ယံဦး"
"ဪ ငါ့နာမည္က လြမ္းလတ္ေနာင္။ ကိုလတ္လို႔ ေခၚလို႔ရတယ္။"
"ကိုလတ္"
"အင္း။ လြမ္းလတ္ေနာင္လို႔ မေခၚနဲ႕။ ကိုလတ္လို႔ ေခၚမွ ရင္းႏွီးတယ္လို႔ ငါက ခံစားရတာ။ ကိုႀကီးနာမည္က ကိုျမတ္ ငါက ကိုလတ္ေလ။ မင္းက ငါတို႔အိမ္ေဘးမွာ ေနတာမလား။"
"ဟုတ္တယ္"
"ေနာက္ေန႕က် ေက်ာင္း အတူတူ သြားရေအာင္။ ဝူး...ဝူး...ဝူး"
သူ႕ဘာသူ အဆိုျပဳ၊ သူ႕ဘာသူ ေထာက္ခံရင္း စကၠဴစြန္ေလးအားလည္း ေလထဲသို႔ ပစ္လႊတ္လိုက္ေသးသည္။ မာနႀကီးသည္ ထင္ခဲ့ေသာ္လည္း ခုက် သေဘာေကာင္းသည္ဟု စိတ္ထဲက ေျပာင္းလဲ မွတ္ခ်က္ ေပးလိုက္မိ၏။
"မင္းက သခၤ်ာေတာ္တယ္လို႔ ၾကားတယ္"
"သခၤ်ာ ? ဘယ္သူ ေျပာတာလဲ။"
"ၾကားတာပဲ။ မင္းအစ္ကိုရဲ႕အတန္းကဟာေတြေတာင္ ရေနၿပီတဲ့။"
"ေလွ်ာက္ေျပာေနတာပါကြာ ဟားဟား။ ငါ ဟိုေန႕က ကိုျမတ္စာအုပ္နဲ႕ ငါ့စာအုပ္ မွားၿပီး ယူလာမိတာ။ အဲ့ဒါနဲ႕ ကိုျမတ္အခန္းဆီ သြားေပးေတာ့ သူမ်ားေတြက တစ္မ်ိဳးထင္သြားတာ ေနမွာေပါ့။"
ကိုလတ္၏ ေျဖေနပုံက ဘာမွ ဂ႐ုမစိုက္သည့္ ဟန္ပန္ႏွင့္။ လြတ္လြတ္လပ္လပ္။ ေပါ့ေပါ့ပါးပါး။
"တကယ္ မေတာ္ဘူးေပါ့"
"မေတာ္ပါဘူး။ ဘာျဖစ္လို႔လဲ။"
"ဘာမျဖစ္ပါဘူး။ ေမးၾကည့္တာ။"
အခုမွ စိတ္ခ်မ္းသာစြာျဖင့္ ရယ္ေမာလိုက္ေတာ့ ေသာင္ယံ့အား နားမလည္ဟန္ျဖင့္ ျပဴးၾကည့္သည္။ ထို႔ေနာက္တြင္ေတာ့ စိတ္ထဲ မထားေတာ့သလို သူ႕စြန္ကိုသာ လႊတ္လိုက္၊ ေကာက္လိုက္ လုပ္ေနေတာ့၏။
•
"ေဒါက္ ေဒါက္"
"အစ္ကို။ ထမင္းစားေတာ့ မလား။"
ျပတင္းေပါက္ေပါင္ေပၚ၌ ေမးတင္၍ အတိတ္ဆီ အလည္ သြားေနစဥ္မွာပင္ မရင္းႏွီးေသးေသာ အသံတစ္ခုက ထြက္လာသည္။ ထိုအခါမွ ေမာင္မိုး ျပန္သြားၿပီကို သတိျပန္ရသြားရ၏။
"အင္း"
"ကြၽန္ေတာ့္အကၤ်ီကို ကိုင္လိုက္လို႔အဆင္ေျပလား"
အနားနားသို႔ ေရာက္လာေသာ အသံေၾကာင့္ နည္းနည္း အဆင္မေျပ ျဖစ္သြားပုံကို သိဟန္ျဖင့္ လက္ထဲသို႔ အကၤ်ီအနားစကို ထိုးထည့္ေပးသည္။
စားပြဲခုံ ရွိရာသို႔ တန္းတန္းမတ္မတ္ သြားကာ ထိုင္ခ်ၿပီးေနာက္တြင္ ေသာင္ယံ့ ညာဘက္လက္ထဲကို ဇြန္းတစ္ေခ်ာင္းက အလိုလို ေရာက္လာသည္။
ထမင္းကို ပုံမွန္လူလို ခပ္စားဖို႔ အဆင္မေျပေသာေၾကာင့္ ဇြန္းထဲသို႔ ထမင္းႏွင့္ ဟင္းကို တစ္ခါတည္း ထည့္ေပးရသည္။ ေရေသာက္ခ်င္လွ်င္ လက္ထဲသို႔ ေရခြက္ကို အဆင္သင့္ ထည့္ေပးရသည္။ ေရခ်ိဳးခ်င္လွ်င္လည္း ကန္နားသို႔ ေခၚသြားေပးရသည္။
ထိုသို႔ အရာရာမွာ သူတစ္ပါးအား အားကိုးေနရေသာ ဘ၀ႀကီးထဲတြင္ ဆက္လက္ ရွင္သန္လိုစိတ္က တစ္ေန႕ထက္တစ္ေန႕ တျဖည္းျဖည္းႏွင့္ နည္းပါးလာခဲ့၏။ မဟုတ္ေသး။ ေသာင္ယံ့မွာ တကယ္ေတာ့ ရွင္သန္လိုစိတ္ပင္ မရွိေတာ့။ ကိုမာ ဝင္ေနသူမ်ားက ကိုယ္ေသ၍ စိတ္ရွင္ေနလွ်င္ သူကေတာ့ စိတ္ေသ၍ ကိုယ္ရွင္ေနသူတစ္ဦးသာ။
"အစ္ကို အဆင္ေျပလား။ ကြၽန္ေတာ္ခ်က္တာ စားမေကာင္းလို႔လား။"
ေမာင္မိုးအစ္ကိုက သူ႕မ်က္ႏွာကို ထိုင္ဖတ္ေနခဲ့သလားပင္။ အိပ္ငိုက္သြားတိုင္း ႏွိုးေနက် အတန္းပိုင္ ဆရာမလို အသိလြတ္သြားတိုင္း ေမးေနေတာ့သည္။
"အင္။ ေကာင္း...ေကာင္းပါတယ္။"
"ေကာင္းရင္ အစ္ကို မ်ားမ်ားစား။ ကြၽန္ေတာ့္ကို ညီေလးလိုပဲ သေဘာထားပါ။"
"မိုး...ေဝ။ ဟုတ္တယ္ေနာ္။"
"ဟုတ္ပါတယ္"
"ေမာင္မိုးမွာ အစ္ကိုရွိမွန္း မသိခဲ့ဘူး။ ဘြဲ႕ရၿပီးၿပီလား။"
"ဟုတ္ကဲ့ အစ္ကို။ ကြၽန္ေတာ္နဲ႕ အစ္ကို အသက္ အတူတူေလာက္ပဲ ရွိမယ္ ထင္ပါတယ္။"
"ဪ..."
အသက္ အတူတူ၊ ဘြဲ႕ရဟူေသာ စကားလုံးမ်ားေၾကာင့္ ေသာင္ယံ့စိတ္မွာ ျပန္လည္ဖိစီးသြား၏။
"ငါ့နားမွာ ေနရရင္ေတာ့ သာမန္ထက္ မင္း ႏွစ္ဆ ပိုပင္ပန္းလိမ့္မယ္"
"ရပါတယ္ အစ္ကို။ ကြၽန္ေတာ္အဆင္ေျပပါတယ္။"
ေသာင္ယံကသာ စကားလုံးတိုင္းကို ေလးေလးေအးေအး ေျပာေနေသာ္လည္း မိုးေဝ၏ အသံက တက္တက္ႂကြႂကြ။ အရင္လူေတြလည္း ေရာက္ခါစက ဒီလိုပင္။ ေနာက္ေတာ့မွ မေနနိုင္ပါဘူးဆိုကာ ထြက္ေျပးကုန္ၾကတာ။
"ကြၽန္ေတာ္ သြားသိမ္းၿပီးရင္ ျပန္လာခဲ့မယ္ေနာ္။ ခဏေစာင့္။"
ေမာင္မိုး ျပန္သြားေသာ တစ္ပတ္ခန႔္အတြင္းမွာ ဆက္ဆံေရးက နည္းနည္းေတာ့ တိုးတက္လာေသာ္လည္း တစ္ရင္းတစ္ႏွီးႀကီးေတာ့ မဟုတ္ေသး။
ေမာင္မိုးႏွင့္ မိုးေဝက အနည္းငယ္ေတာ့ ကြဲျပားသည္။ ေမာင္မိုးက အလိုက္သိသည္။ သူ႕မ်က္ရိပ္မ်က္ကဲကို အကဲခပ္တတ္သည္။ မိုးေဝကက် ခုမွ ေရာက္လာလို႔ ထင့္။ သူေျပာမွ နားလည္သည္။ သို႔ေသာ္လည္း သူ မပ်င္းေအာင္ေတာ့ နည္းလမ္းေပါင္းစုံႏွင့္ လုပ္တတ္သည္။
တုတ္ေကာက္ကို ေထာက္ကာ ထလိုက္ခ်ိန္တြင္ လက္တစ္ဖက္ကို မိုးေဝက လာကိုင္ေပးသျဖင့္ အနည္းငယ္ တြန႔္သြားမိရသည္။ ခုထက္ထိ သူဟာ ေနသားမက်။
"ထမင္းစားၿပီးရင္ အျပင္မွာလမ္းေလွ်ာက္ေပးရတယ္လို႔ ညီေလးက ေျပာထားလို႔"
မိုးေဝက လုပ္သင့္လုပ္ထိုက္သည္ကို လုပ္တာ ျဖစ္သလို သူ႕အေနနဲ႕ကလည္း ဒီလို ကိုင္ထားမွ အဆင္ေျပမည္ ျဖစ္သျဖင့္ ျပန္ၿငိမ္ေနလိုက္၏။
"အစ္ကို သိလား။ ကြၽန္ေတာ္တို႔ အခုရပ္ေနတာ အိမ္ထဲကို ၀င္တဲ့ လမ္းေပၚမွာ။"
"ၿခံစည္းရိုးက ဝါးေတြနဲ႕ ကာထားတာ အစ္ကိုရဲ႕။ ဘယ္ဘက္ျခမ္းမွာ ပိႏၷဲပင္နဲ႕ မာလကာပင္ေတြ ရွိတယ္။ အဲ့အပင္ေအာက္မွာ အနားယူဖို႔ ကြပ္ပ်စ္ေလးလည္း ရွိတယ္။ အဲ ညာဘက္မွာက်ေတာ့ ညီေလးက စိုက္ခင္းေတြ စိုက္ထားတယ္။ ပန္းပင္ေတြလည္း ရွိတယ္။"
သူ႕ကို ေျပာျပေနတာလား၊ သူ႕ဟာသူပဲ သ႐ုပ္ေဖာ္ေနသလား မသိ။ အာ႐ုံထဲတြင္ေတာ့ ကိုယ့္အိမ္ အေျခအေနကို အနည္းငယ္ ခန႔္မွန္းမိသလို ရွိသြား၏။
"အစ္ကို ကြပ္ပ်စ္ေပၚမွာ ထိုင္ခ်င္လား"
"............"
ဘာမွ မေျပာရေသးခင္မွာပင္ ဆြဲေခၚသြားၿပီးေနာက္ ကြပ္ပ်စ္ေပၚသို႔ ထိုင္ခ်ခိဳင္းသည္။ ပုံမွန္ဆို ေသာင္ယံက စိတ္ကုန္လြန္းသျဖင့္ အျပင္ မထြက္တတ္။ တစ္ေန႕ၿပီး တစ္ေန႕ကို အခန္းတြင္းမွာသာ ပ်င္းပ်င္းရိရိ ကုန္ဆုံးတတ္သည္။ ခု အျပင္ထြက္လာေတာ့လည္း သိပ္မဆိုးလွ။ ကြပ္ပ်စ္က ဝါးကို ခင္းထားသျဖင့္ ေအးေနၿပီး ေလေလးကလည္း အနည္းငယ္ တိုက္ေနေလသည္။
"အစ္ကို စားခ်င္တာရွိရင္ ေျပာေနာ္။ ကြၽန္ေတာ္ ခ်က္ေကြၽးမယ္။ ထမင္းနဲ႕ဟင္းတင္ မဟုတ္ဘူး။ တျခား အျပင္အစားအစာလည္း ကြၽန္ေတာ္ လုပ္တတ္တယ္။"
"မင္း အဆင္ေျပမွ ခ်က္ပါ။ ငါက ဘာျဖစ္ျဖစ္ စားပါတယ္။"
"ဘယ္ဟုတ္ပါ့မလဲ အစ္ကိုရဲ႕။ လူဆိုတာ တစ္ေန႕တစ္ေန႕ ဒါပဲ စားေနရင္ ပ်င္းေနမွာေပါ့။ အေျပာင္းအလဲေလး ဘာေလးလည္း လုပ္သင့္တယ္။"
"အေျပာင္းအလဲ ? အေျပာင္းအလဲေတြေပၚမွာ ငါ စိတ္မပါေတာ့တာ ၾကာၿပီ။ ငါက ဘာမွ အသုံးမ၀င္တဲ့သူပဲ။ သူမ်ားေတြ အေပၚမွာ ေၾကးမ်ားၿပီး ဒုကၡ မေပးခ်င္ဘူး။"
"အစ္ကိုက အေတြးမ်ားေနပါၿပီ။ လူဆိုတာ သူ႕ေနရာနဲ႕သူ အသုံး၀င္ပါတယ္ဗ်။"
"ကဲ ဒါဆို မင္း ေျပာၾကည့္စမ္းပါ။ ငါအခု ဘယ္ေနရာမွာမ်ား အသုံး၀င္ေနသလဲ။"
မဲ့ၿပဳံးၿပဳံးကာ ေမးလိုက္ေတာ့ မိုးေဝအသံက တိတ္သြား၏။ ေသာင္ယံကေတာ့ အနာေဟာင္းမ်ား ျပန္ေပၚလာရသည္။ တျခားသူေတြက အသုံး၀င္ေနနိုင္ရင္ေတာင္ သူကေတာ့ ထိုကဲ့သို႔ ဘ၀မ်ိဳး မဟုတ္။ သူ႕ဘ၀မွာ ဆုံးရႈံးခဲ့ရတာေတြ မ်ားသည္မို႔ အသုံး၀င္ခ်င္စိတ္လည္း မရွိေတာ့။ ျမန္ျမန္သာ ဒီဘ၀ႀကီး အဆုံးသတ္သြားဖို႔ ေမွ်ာ္လင့္မိသည္။
"အစ္ကို ဒီေနရာမွာ ေအးေအးေဆးေဆး ထိုင္ေနဦး။ ကြၽန္ေတာ္ အပင္ေတြ ေရသြားေလာင္းလိုက္ဦးမယ္။"
မိုးေဝက စိတ္ညစ္သြားပုံ ရေလသည္။ ခ်က္ခ်င္းလက္ငင္း သူ႕အနားမွ ေပ်ာက္သြား၏။ ထိုအခါမွ သူ ထပ္ၿပီး လူေတြကို ျပႆနာရွာမိမွန္း သတိထားမိသြားရသည္။
ပင္စည္ကို ခပ္ေလ်ာ့ေလ်ာ့ မွီလိုက္လွ်င္ လက္ခုံေပၚသို႔ အရာေလးတစ္ခုက ေတာက္ခနဲ ျပဳတ္က်လာသည္။ စမ္းသပ္ၾကည့္လိုက္ေတာ့ ပိႏၷဲသီးေသးေသးေလး ျဖစ္ေန၏။ အဖုအထစ္ မရွိေသးဘဲ ေခ်ာေနေသာ အသီးေလးကို ကိုင္ၾကည့္ကာ လူေတြ ငယ္ဘ၀တုန္းကလည္း ဒီလိုပါပဲလားဟု ေတြးမိသြားရသည္။
စားမယ္၊ သြားမယ္၊ အိပ္မယ္၊ ငိုမယ္သာ သိေသာ ကေလးဘ၀သည္ ျဖဴစင္သည္၊ သန႔္ရွင္းသည္။ ဒုကၡ ဟူသည္ကို နားမလည္ေသာအခ်ိန္မို႔ အရာရာတိုင္းက ေပ်ာ္စရာ ေကာင္းေနခဲ့သည္။ ပိႏၷဲသီးကင္းေလးကဲ့သို႔ ဘဝတစ္ေလွ်ာက္ဟာ ေျဖာင့္ျဖဴးေနခဲ့သည္။
သို႔ေသာ္ တျဖည္းျဖည္း အသက္ႀကီးလာ၍ ေလာကနိယာမေတြကို ခံစားတတ္ေသာ အခ်ိန္ ေရာက္လာသည့္ အခါတြင္ေတာ့ ဘ၀ဟူသည္ ပိႏၷဲသီးတင္မက ဒူးရင္းသီးကဲ့သို႔ပင္ ဆူးခြၽန္တို႔ျဖင့္ ဖုထစ္ကာ မာေက်ာေနခဲ့သည္။
"အစ္ကိုေရ။ ဒီကိုက္လန္ေတြက ေၾကာ္စားလို႔ ရၿပီဗ်။ ႏုေနတာပဲ။ ကိုင္ၾကည့္ၾကည့္။"
မိုးေဝက သူ ထင္သလို စိတ္ကုန္ေသးပုံ မေပၚ။ အနားသို႔ ေအာ္ဟစ္ကာေရာက္လာၿပီး လက္ထဲသို႔ အ႐ြက္ေတြကို ထည့္ေပးသည္။ ထိပ္ဖ်ားေလးကို စမ္းကာ ခ်ိဳးၾကည့္လိုက္ေတာ့ လြယ္လင့္တကူပင္ က်ိဳးသြား၍ ႏုေထြးေနမွန္း သိလိုက္၏။
"အပင္ေတြက ထြားသားပဲ"
"အဲ့ဒါ ကြၽန္ေတာ့္ေၾကာင့္ေပါ့ဗ်။ အစ္ကို ေရခ်ိဳးေတာ့။ ၿပီးရင္ အ႐ြက္ေၾကာ္ ေကာင္းေကာင္းေလး ေၾကာ္ေကြၽးမယ္။"
ေရခ်ိဳးေတာ့ဟု ဆိုျခင္း၌ သူ႕မွာ ျငင္းခြင့္မရွိ။ ဒီေကာင္ေလးက တစ္ခါတေလ သူ႕အေပၚ ပိုင္စိုးပိုင္နင္းႏွင့္ ဆက္ဆံတတ္သည္။
ဥပမာ ထမင္း တစ္ပန္းကန္ ကုန္ေအာင္စားရမယ္၊ ည ဘယ္ႏွစ္နာရီ အိပ္ရမယ္၊ ေျမႀကီးကို ထိကာ လမ္းေလွ်ာက္ရမယ္ စသျဖင့္ စုံတကာစိ။ ဒီအလုပ္ မလုပ္ခင္က တစ္ေနရာရာမွာ မန္ေနဂ်ာလုပ္ခဲ့သလားဟုပင္ စိတ္ေပါက္ေပါက္ႏွင့္ ေတြးမိရသည္။
TBC...