Wine (Completed)

Par okipuy

284K 25.8K 749

#Yizhan fiction #okipuy 9th December , 2020 ~ 1st May , 2021 Plus

: 01
: 02
: 03
: 04
: 05
: 06
: 07
: 08
: 09
: 10
: 11
: 12
: 13
: 14
: 15
: 16
: 17
: 18
: 19
: 20
: 22
: 23
: 24
: 25
: 26
: 27
: 28
: 29
: 30
: 31
: 32
: 33
: 34
: 35 [Final]
Book cover !

: 21

6.4K 657 12
Par okipuy

Unicode

ကျွီ ~

ပြတင်းပေါက်တံခါးကနေ ခြေသံဖော့ပြီး ဝင်ခဲ့တော့ အထဲမှာ အိပ်ပျော်နေသူက တုပ်တုပ်တောင်မလှုပ် ။ အခန်းနံရံက နာရီကို မော့ကြည့်လိုက်တော့ ညလယ် ၂ နာရီတောင်ရှိနေပြီ ။ ရိပေါ် သက်ပြင်းမောကြီးချလိုက်ရင်း ကုတင်ပေါ်က ကိုယ်လုံးငယ်နားပိုတိုးသွားလိုက်တယ် ။

ညနေက စကားများပြီးကတည်းက ရိပေါ်ရင်တွေနာနေတာ သေတော့မလိုပဲ ။ ဒေါသနဲ့ဆောင့်ဆွဲလိုက်တဲ့လက်မောင်းလေးတွေ အရမ်းများနာနေမလားဆိုပြီး ကိုယ့်ကိုယ်ကိုလဲ အပြစ်တင်လို့မဆုံး ။ ဒါကြောင့် အိပ်လို့မရမယ့်အတူတူဆိုပြီး ဝရံတာကနေ ကျန့်ကျန့် အခန်းဘက်ကို ကူးလာတာဖြစ်တယ် ။

ညမီးအိမ်မှိန်မှိန်အောက်က အိပ်မောကျနေတဲ့ ပုံရိပ်လေးက ထွေးပွေ့ချင်စရာအပြည့် ။ ခပ်မို့မို့မျက်ခွံလေးတွေကစလို့ ပါးပြင်အိအိလေးတွေတစ်ဆုံး အနမ်းဖွဖွစွန့်ကြဲလိုက်ချင်ပေမယ့် ကျန့်ကျန့်နိုးသွားမှာကြောက်လို့ ဘေးနားမှာသာ ရိပေါ် အသာဝင်လှဲလိုက်တယ် ။

အိပ်ပျော်နေသူက အိပ်မက်လှလှလေး မက်နေခဲ့ပုံပါပဲ ။ နှုတ်ခမ်းရဲရဲလေးက အနည်းငယ် ပြုံးယောင်သမ်းချင်နေပြီး မျက်နာနုနုလေးက ကြည်ကြည်လင်လင် ။
အနီးကပ်မြင်နေရတဲ့ ပါးပြင်အိအိလေးကို ရိပေါ်လက်နဲ့အသာထိတွေ့လိုက်တော့ အထိအတွေ့လေးက နူးညံ့အိစက်နေတယ် ။
ရိပေါ်တစ်ချက်ပြုံးမိသွားရင်း နောက်ဆုံးမနေနိုင်တော့တာမို့ ထိုပါးပြင်လေးတွေကို ငုံ့ပြီး အကြိမ်ကြိမ်နမ်းမိတော့တယ် ။

နှုတ်ခမ်းရဲရဲလေးကလွဲလို့ မျက်နှာတစ်ပြင်လုံးကို ရိပေါ်ကျေနပ်လောက်အောင် အနမ်းတွေပေးပြီးမှ ကျန့်ကျန့်ဘေးမှာ ခပ်သာသာလေး ပြန်လှဲအိပ်လိုက်တယ် ။ ပြီးတာနဲ့ ကိုယ်လုံးနွေးနွေးအိအိလေးကို ရင်ခွင်ထဲသွင်းလိုက်တော့ အိပ်မက်ယောင်နေသူက အလိုက်သင့်တိုးလာရှာတယ် ။

ရိပေါ်ရဲ့ ငယ်ဘဝအိပ်မက်တွေထဲကစလို့ အခုထိ စိုးမိုးထားဆဲဖြစ်တဲ့ မြတ်နိုးရသူ ကျန့်ကျန့်
ထိုသူရဲ့ အိပ်မက်ထဲမှာရော ရိပေါ်ပါဝင်နိုင်မလား သိချင်လှပါရဲ့

~~~~~~~~~~~~~~~~~~~~~~~~~~


ကျန့်ကျန့် မျက်လုံးနှစ်လုံးပွင့်တာနဲ့ ပထမဆုံး ခံစားရတာ နောက်ကျောဘက်ဆီက ရိပေါ်ရဲ့နွေးထွေးမှု ။ သဘောတကျပြုံးရင်း ရင်ခွင်ထဲတိုးမလို့ လုပ်ပြီးခါမှ တစ်ယောက်သောသူအကြောင်း ကျန့်ကျန့် ခေါင်းထဲဖြတ်ခနဲ သတိရလိုက်တယ် ။

အိပေါ်က gay ကို မုန်းတယ် ။

စိတ်ဓာတ်ကျစွာနဲ့ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း ခါးနားမှာရစ်ပတ်ထားတဲ့ သန်မာတဲ့ လက်တစ်စုံကို ကျန့်ကျန့် ဖြုတ်ချလိုက်တယ် ။ မင်းက gay ကိုမုန်းတယ်ဆိုမှတော့ ငါက ဘာကို မျှော်လင့်နေရဦးမှာလဲ အိပေါ် ။ မင်းမကြိုက်တာတွေ ငါတတ်နိုင်သလောက် ရှောင်ပေးမယ် ။ အဲ့အရာထဲမှာ ငါကိုယ်တိုင်ရဲ့ဖြစ်တည်မှုပါနေရင်တောင်မှပေါ့ ။

မနေ့ညကတစ်ယောက်တစ်ခွန်းစကားများရင်းအော်ငိုမိသွားတာမို့ လောလောဆယ် ကျန့်ကျန့်မျက်နှာနည်းနည်းပူနေမိတယ် ။ ဒါကြောင့် အိပေါ်မနိုးခင်ကျောင်းအရင်သွားရမယ် ။ မဟုတ်ရင် ရိပေါ်ကို ဘယ်လိုဖြေရှင်းချက်ပေးရမလဲ မစဉ်းစားရသေးဘူး ။

အတွေးနဲ့အတူမြန်မြန်မတ်တပ်ရပ်လိုက်ပေမယ့် အနောက်ကဆွဲဖက်လိုက်တဲ့အားတစ်စုံကြောင့် မွေ့ယာပေါ်ပြန်လဲကျသွားရတယ် ။

"လွှတ်"

"ဘယ်သူလဲ"

"လွှတ်စမ်းအိပေါ်"

"ငါမေးတာဖြေ ။ ဘယ်သူလဲ ။ မင်းဘယ်ကောင်ကိုကြိုက်နေတာလဲ"

ရှိသမျှအားအကုန်သုံးလို့ တွန့်လိမ်ကာရုန်းကြည့်ပေမယ့် ရိပေါ်လက်ကဘယ်လိုမှမလွတ်ဘူး ။ အားကစားမလိုက်စားတဲ့ကျန့်ကျန့်က သူ့ထက်လူကောင်ကြီးတဲ့ရိပေါ်ကို ဘယ်လိုနိုင်ပါ့မလဲ ။

"မင်း ဖယ်စမ်း ! "

"ကျန့်ကျန့်"

"ဖယ်"

"ငါတောင်းပန်တယ် ။ ငါဘာမှားလို့လဲ "

"......."

"ငါ့အပေါ်မပြောင်းလဲသွားပါနဲ့"

"......."

"ငါ မခံနိုင်သေးဘူး ကျန့်ကျန့်"

ရိပေါ်ရဲ့ ကြေကွဲအက်ရှနေတဲ့စကားအဆုံးမှာ ရုန်းနေတဲ့ကျန့်ကျန့်ကငြိမ်သွားတယ်။
ရိပေါ်ကတော့ အနောက်ကနေ ကျန့်ကျန့်တစ်ကိုယ်လုံးကို သိုင်းပြီးတင်းတင်းဖက်ထားတယ် ။

အခန်းကျဉ်းကျဉ်းထဲ တိတ်ဆိတ်သွားတဲ့အခြေအနေကြောင့် နှစ်ယောက်ရဲ့အသက်ရှုံသံမျှင်းမျှင်းကပင် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ် ။

ရိပေါ်ရဲ့ နင့်နင့်နဲနဲစကားတွေဟာ
ကျန့်ကျန့်ရင်ဘတ်ကို ထိုးခွဲနေသလိုပဲ ။
မချော့ခင်ကပျော့ချင်နေတယ့်ကျန့်ကျန့်က နောက်ဆုံးတော့လဲ ဒီလူကို လျစ်လျူမရှုနိုင်ပြန်ဘူး ။

ဘာပဲဖြစ်ဖြစ် ရိပေါ်က သူ့ကိုအခုထိ ဂရုစိုက်သေးတာပဲ ။
သူနာကျင်ရလဲ ဘာအရေးလဲ ။

~~~~~~~~~~~~~~~~~~~~~~~~~


ကျောင်းနားက ကော်ဖီဆိုင်အသေးလေးမှာ ကျောင်းဝတ်စုံနဲ့ အထက်တန်းကျောင်းသားနှစ်ယောက် ။

တစ်ယောက်နဲ့တစ်ယောက် စူးစိုက်ကြည့်နေကြပုံဟာ ဘေးကလူတွေကိုတောင် အရှိန်အဝါတစ်ခုရှိနေစေတယ် ။

"ဆိုတော့ ....."

"........."

"မင်း ကျန့်ကျန့်ကိုချစ်နေတာငါသိထားတယ်"

ကျိုးဟန်ရဲ့စကားကို ရိပေါ်က ဟက်ခနဲပြက်ရယ်ပြုတယ် ။ သဘောကတော့ အခုချိန်မှသိရလောက်အောင် တုံးသလားဟူ၍ပင် ။

"ငါလဲ ကျန့်ကျန့်ကို သေလောက်အောင်ချစ်တယ်ဆိုတာ မင်းသိရင်ကောင်းမယ်"

ကျိုးဟန်က အလျှော့ပေးတတ်တဲ့လူစားဖြစ်ပေမယ့် ထိုအထဲမှာ ကျန့်ကျန့်ကိုချစ်တဲ့အချစ်တွေတော့မပါခဲ့ဘူး ။ သူလဲအချစ်အတွက် ယှဉ်ပြိုင်ကြည့်ချင်တယ် ။ နောက်ဆုံး သူ့အနေနဲ့အရွေးမခံရရင်တောင် ကျန့်ကျန့်ရွေးချယ်တဲ့သူဟာ ရိပေါ်မဖြစ်စေချင်ဘူး ။ အနေနီးလို့သံယောဇဉ်တွယ်တယ်ဆိုတဲ့စကားနဲ့ရိပေါ်သူ့ကို အနိုင်ပိုင်းလိုက်မှာ စိုးတယ် ။

"ဒါပေမယ့် ... "

"........"

"ကျန့်ကျန့် ကြိုက်နေတဲ့တစ်ယောက်ကို ငါသိထားတယ်"

ထိုစကားကြားတဲ့အခါ ရိပေါ်က မယုံနိုင်တဲ့ပုံနဲ့ စူးစူးရဲရဲကြည့်လာခဲ့တယ် ။

"အဲ့လိုပေါက်ကရစကားတွေကိုငါယုံမယ်ထင်နေလား"

"ငါ့မှာ ဓာတ်ပုံရှိတယ် ။ ဟိုတစ်လောကမှ ကျောင်းကိုပါလာတဲ့ကျန့်ကျန့်ဒိုင်ယာရီထဲမှာ အမှတ်မထင်ငါတွေ့ခဲ့တာ"

"........"

"ငါ ဓာတ်ပုံရိုက်ထားတယ်အဲ့စာမျက်နှာကို"

ရိပေါ်ခေါင်းကိုအဆက်မပြတ်အလုပ်ပေးလိုက်တော့ ခရီးကပြန်ရောက်ပြီးနောက်ပိုင်း ကျောင်းကို ဒိုင်ယာရီထည့်ထည့်လာတတ်တဲ့ ကျန့်ကျန့်ရဲ့ပုံရိပ်ကို ပြန်အမှတ်ရသွားမိတယ် ။

"ဘယ်သူလဲ"

"........."

"ဘယ်သူလဲလို့ မင်းကိုမေးနေတယ် ဟျောင့် ! "

တစ်သက်လုံးမြင်ဖူးသမျှထဲမှာ ဒီတစ်ခေါက်မြင်ရတဲ့ ကျိုးဟန်ရဲ့အပြုံးဟာ သောက်မြင်ကပ်စရာအကောင်းဆုံးပဲ ။ စိတ်ရှိတဲ့အတိုင်းဆွဲထိုးလိုက်ချင်ပေမယ့် ခဏတော့သည်းခံထားရဦးမယ် ။ ကျန့်ကျန့်ကြိုက်နေတဲ့တစ်ယောက်ကို ရိပေါ် သိကိုသိရမှဖြစ်မယ် ။

"ဆန္ဒမစောစမ်းနဲ့ ရိပေါ် ။ ငါမင်းကို ပြောပြမှာပါ"

"ပြော ! အခုပြော ! "

"ငါ့အမက မင်းကို စိတ်ဝင်စားနေတာသိတယ်ဟုတ် ? "

ကျိုးဟန်မှာ သေချာပေါက်အကြံအစည်တစ်ခုရှိနေခဲ့တယ် ။ စားပွဲခုံကို တတောက်တောက်ခေါက်နေတဲ့ သူ့ရဲ့လက်တွေက ကစားပွဲလှလှတစ်ခုကို စောင့်ကြည့်ရတော့မည်ဟန် တက်ကြွနေတယ် ။

"ဘာလိုချင်တာလဲ"

ရိပေါ်ဟာ ခေတဲ့သူမဟုတ် ။
ကျိုးဟန်ရဲ့ဆိုလိုရင်းကို သဘောပေါက်တယ် ။
လောကမှာ အပေးအယူဆိုတာရှိမြဲမဟုတ်ပါလား ။ ကျိုးဟန် အလွယ်တကူ ပြောပြလိုက်ရင်တောင် ရိပေါ်အနေနဲ့ ပို၍သံသယဝင်နိုင်ဦးမယ်ဖြစ်တယ် ။

"အင်း .. ။ တစ်လ"

"........"

"ငါ့အမနဲ့ တစ်လတွဲပေး"

"ဘာ !! ဟျောင့် !! "

"ဘာလဲ ? မလုပ်နိုင်ဘူးလား"

ဒေါသအရှိန်နဲ့ဆုပ်ထားမိတဲ့ရိပေါ်လက်သီးဟာ အကြောစိမ်းများပင် ထောင်လုမတတ် ။

ရိပေါ်အနေနဲ့ဆိုရင် သည်လို ပေါကြောင်ကြောင်ကမ်းလှမ်းချက်လောက်ကို အရေးစိုက်နေမည်မဟုတ် ။

ကျန့်ကျန့်ကို တိုက်ရိုက်မေးရင်မေး ။
မမေးရင် ကျန့်ကျန့် ဒိုင်ယာရီကို ခိုးဖတ်ကြည့်လိုက်ရန် အလွယ်လေးပင် ။

သို့သော် ခက်သည်က ကျန့်ကျန့်သည် ခေါင်းမာသည့် ကောင်လေးဖြစ်တယ် ။ ရိပေါ်ဘယ်လောက်မေးမေး ကျန့်ကျန့်နှုတ်က သူကြိုက်နေသည်ဆိုတဲ့ လူရဲ့နာမည်ထွက်မလာခဲ့ ။

ထို့အတူ ကျန့်ကျန့်ဒိုင်ယာရီခိုးဖတ်ရန်ဆိုသည်မှာလဲ ပို၍ပင် မဖြစ်နိုင်သည့်ကိစ္စဖြစ်တယ် ။
ငယ်စဉ်ထဲက ရိပေါ်နဲ့ကျန့်ကျန့် ကတိအပြန်အလှန်ထားခဲ့ဖူးတယ် ။ ဘာပဲဖြစ်နေနေ တစ်ယောက် ဒိုင်ယာရီကို နောက်တစ်ယောက်က လုံးဝမထိဖို့ ။
ဆိုတော့
ရိပေါ်အနေနဲ့ ကျန့်ကျန့်နဲ့အတူ ထားရှိဖူးတဲ့ကတိဟူသမျှကို ဖောက်ဖျက်ရန် စိတ်ကူးပင်မရှိ။

ဤသည်ကို ကျိုးဟန်ကလဲ ရိပ်မိပုံရ၏ ။
ဘာလို့ဆို ငယ်စဉ်အခါက ကျန့်ကျန့်ဆိုသည်မှာ ရိပေါ်နဲ့သူ ဘာလုပ်လုပ် တစ်ခြားသူတွေကိုပါ ကြွားဝါတတ်တဲ့ ငကြွားလေးမဟုတ်ပါလား ။

"ဘယ်လိုလဲ ရိပေါ် ? "

"........."

"........."

"မင်း စကားမတည်လို့တော့ မရဘူး"

ရုတ်တရက်ဆိုသလို ရိပေါ်ဟာ အသံဖမ်းထားတဲ့ record ကိုထောင်ပြရင်း မဲ့ပြုံးပြုံးတဲ့အခါ ကျိုးဟန်က အတန်ငယ်လန့်သွားတဲ့ပုံစံပြတယ် ။ သို့သော် ခဏအတွင်းမှာပဲ သူ့အမူအရာကိုပြန်ထိန်းလိုက်နိုင်တယ်။

"ကျန့်ကျန့်က ဘာကိုအမုန်းဆုံးလဲသိလား"

"........."

"သူ့ ဒိုင်ယာရီ ယူဖတ်တဲ့သူတွေကိုပဲ"

"........"

ရိပေါ်ရဲ့ အေးစက်စက်စကားတွေကြောင့် ကျိုးဟန်က မျက်နှာပျက်သထက်ပျက်လာတယ် ။
နောက်ဆုံးမှာတော့ သူဟာ ခက်ခက်ခဲခဲ ညှိနှိုင်းလာခဲ့တယ် ။

"ကောင်းပြီ ။ ငါ့စကားတည်စေရမယ်"

"........."

"တစ်ခုပဲ ။ မင်းနဲ့ငါ အပေးအယူကိစ္စကို ကျန့်ကျန့် မသိစေနဲ့"

"........"

"အထူးသဖြင့် မင်းကိုယ်တိုင်က ငါ့အမကို သဘောကျလို့တွဲတယ်ဆိုတဲ့ပုံပဲ ကျန့်ကျန့်အနေနဲ့မြင်စေချင်တယ်"

ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ ။
အထူးသဖြင့် ပြေလည်ခါစ ဆက်ဆံရေးမျိုးနဲ့ သူတို့နှစ်ယောက်အကြား ကျင်းကျင်းဝင်လာခဲ့ရင် ကျန့်ကျန့်က လက်ခံမည်တဲ့လား ။
ရိပေါ်ဟာ အလေးအနက်တွေးတောပေမယ့် တစ်ခါလောက်လဲ မိုက်ရူးရဲဆန်ကြည့်ချင်ပါသေးရဲ့ ။

မသိစိတ်ရဲ့အတ္တအရ ကျန့်ကျန့် သဝန်တိုတတ်တာကို ရိပေါ်အနေနဲ့ လက်တွေ့ကြုံတွေ့ဖူးခဲ့ပြီးသားဖြစ်တယ် ။


တကယ်ချစ်တဲ့သူက သဝန်တိုရင် အရမ်းသိသာလွယ်တယ်တဲ့ ရိပေါ် မိုက်ရူးရဲဆန်စွာ စမ်းသပ်ကြည့်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်



#okipuy



~~~~~~~~~~~~~~~~~~~~~~~~

Zawgyi

ကြၽီ ~

ျပတင္းေပါက္တံခါးကေန ေျခသံေဖာ့ၿပီး ဝင္ခဲ့ေတာ့ အထဲမွာ အိပ္ေပ်ာ္ေနသူက တုပ္တုပ္ေတာင္မလႈပ္ ။ အခန္းနံရံက နာရီကို ေမာ့ၾကည့္လိုက္ေတာ့ ညလယ္ ၂ နာရီေတာင္ရွိေနၿပီ ။ ရိေပၚ သက္ျပင္းေမာႀကီးခ်လိုက္ရင္း ကုတင္ေပၚက ကိုယ္လုံးငယ္နားပိုတိုးသြားလိုက္တယ္ ။

ညေနက စကားမ်ားၿပီးကတည္းက ရိေပၚရင္ေတြနာေနတာ ေသေတာ့မလိုပဲ ။ ေဒါသနဲ႔ေဆာင့္ဆြဲလိုက္တဲ့လက္ေမာင္းေလးေတြ အရမ္းမ်ားနာေနမလားဆိုၿပီး ကိုယ့္ကိုယ္ကိုလဲ အျပစ္တင္လို႔မဆုံး ။ ဒါေၾကာင့္ အိပ္လို႔မရမယ့္အတူတူဆိုၿပီး ဝရံတာကေန က်န္႔က်န္႔ အခန္းဘက္ကို ကူးလာတာျဖစ္တယ္ ။

ညမီးအိမ္မွိန္မွိန္ေအာက္က အိပ္ေမာက်ေနတဲ့ ပုံရိပ္ေလးက ေထြးေပြ႕ခ်င္စရာအျပည့္ ။ ခပ္မို႔မို႔မ်က္ခြံေလးေတြကစလို႔ ပါးျပင္အိအိေလးေတြတစ္ဆုံး အနမ္းဖြဖြစြန္႔ႀကဲလိုက္ခ်င္ေပမယ့္ က်န္႔က်န္႔ႏိုးသြားမွာေၾကာက္လို႔ ေဘးနားမွာသာ ရိေပၚ အသာဝင္လွဲလိုက္တယ္ ။

အိပ္ေပ်ာ္ေနသူက အိပ္မက္လွလွေလး မက္ေနခဲ့ပုံပါပဲ ။ ႏႈတ္ခမ္းရဲရဲေလးက အနည္းငယ္ ၿပဳံးေယာင္သမ္းခ်င္ေနၿပီး မ်က္နာႏုႏုေလးက ၾကည္ၾကည္လင္လင္ ။
အနီးကပ္ျမင္ေနရတဲ့ ပါးျပင္အိအိေလးကို ရိေပၚလက္နဲ႔အသာထိေတြ႕လိုက္ေတာ့ အထိအေတြ႕ေလးက ႏူးညံ့အိစက္ေနတယ္ ။
ရိေပၚတစ္ခ်က္ၿပဳံးမိသြားရင္း ေနာက္ဆုံးမေနႏိုင္ေတာ့တာမို႔ ထိုပါးျပင္ေလးေတြကို ငုံ႔ၿပီး အႀကိမ္ႀကိမ္နမ္းမိေတာ့တယ္ ။

ႏႈတ္ခမ္းရဲရဲေလးကလြဲလို႔ မ်က္ႏွာတစ္ျပင္လုံးကို ရိေပၚေက်နပ္ေလာက္ေအာင္ အနမ္းေတြေပးၿပီးမွ က်န္႔က်န္႔ေဘးမွာ ခပ္သာသာေလး ျပန္လွဲအိပ္လိုက္တယ္ ။ ၿပီးတာနဲ႔ ကိုယ္လုံးေႏြးေႏြးအိအိေလးကို ရင္ခြင္ထဲသြင္းလိုက္ေတာ့ အိပ္မက္ေယာင္ေနသူက အလိုက္သင့္တိုးလာရွာတယ္ ။

ရိေပၚရဲ႕ ငယ္ဘဝအိပ္မက္ေတြထဲကစလို႔ အခုထိ စိုးမိုးထားဆဲျဖစ္တဲ့ ျမတ္ႏိုးရသူ က်န္႔က်န္႔
ထိုသူရဲ႕ အိပ္မက္ထဲမွာေရာ ရိေပၚပါဝင္ႏိုင္မလား သိခ်င္လွပါရဲ႕

~~~~~~~~~~~~~~~~~~~~~~~~~~


က်န္႔က်န္႔ မ်က္လုံးႏွစ္လုံးပြင့္တာနဲ႔ ပထမဆုံး ခံစားရတာ ေနာက္ေက်ာဘက္ဆီက ရိေပၚရဲ႕ေႏြးေထြးမႈ ။ သေဘာတက်ၿပဳံးရင္း ရင္ခြင္ထဲတိုးမလို႔ လုပ္ၿပီးခါမွ တစ္ေယာက္ေသာသူအေၾကာင္း က်န္႔က်န္႔ ေခါင္းထဲျဖတ္ခနဲ သတိရလိုက္တယ္ ။

အိေပၚက gay ကို မုန္းတယ္ ။

စိတ္ဓာတ္က်စြာနဲ႔ခပ္ယဲ့ယဲ့ၿပဳံးလိုက္ရင္း ခါးနားမွာရစ္ပတ္ထားတဲ့ သန္မာတဲ့ လက္တစ္စုံကို က်န္႔က်န္႔ ျဖဳတ္ခ်လိုက္တယ္ ။ မင္းက gay ကိုမုန္းတယ္ဆိုမွေတာ့ ငါက ဘာကို ေမွ်ာ္လင့္ေနရဦးမွာလဲ အိေပၚ ။ မင္းမႀကိဳက္တာေတြ ငါတတ္ႏိုင္သေလာက္ ေရွာင္ေပးမယ္ ။ အဲ့အရာထဲမွာ ငါကိုယ္တိုင္ရဲ႕ျဖစ္တည္မႈပါေနရင္ေတာင္မွေပါ့ ။

မေန႔ညကတစ္ေယာက္တစ္ခြန္းစကားမ်ားရင္းေအာ္ငိုမိသြားတာမို႔ ေလာေလာဆယ္ က်န္႔က်န္႔မ်က္ႏွာနည္းနည္းပူေနမိတယ္ ။ ဒါေၾကာင့္ အိေပၚမႏိုးခင္ေက်ာင္းအရင္သြားရမယ္ ။ မဟုတ္ရင္ ရိေပၚကို ဘယ္လိုေျဖရွင္းခ်က္ေပးရမလဲ မစဥ္းစားရေသးဘူး ။

အေတြးနဲ႔အတူျမန္ျမန္မတ္တပ္ရပ္လိုက္ေပမယ့္ အေနာက္ကဆြဲဖက္လိုက္တဲ့အားတစ္စုံေၾကာင့္ ေမြ႕ယာေပၚျပန္လဲက်သြားရတယ္ ။

"လႊတ္"

"ဘယ္သူလဲ"

"လႊတ္စမ္းအိေပၚ"

"ငါေမးတာေျဖ ။ ဘယ္သူလဲ ။ မင္းဘယ္ေကာင္ကိုႀကိဳက္ေနတာလဲ"

ရွိသမွ်အားအကုန္သုံးလို႔ တြန္႔လိမ္ကာ႐ုန္းၾကည့္ေပမယ့္ ရိေပၚလက္ကဘယ္လိုမွမလြတ္ဘူး ။ အားကစားမလိုက္စားတဲ့က်န္႔က်န္႔က သူ႔ထက္လူေကာင္ႀကီးတဲ့ရိေပၚကို ဘယ္လိုႏိုင္ပါ့မလဲ ။

"မင္း ဖယ္စမ္း ! "

"က်န္႔က်န္႔"

"ဖယ္"

"ငါေတာင္းပန္တယ္ ။ ငါဘာမွားလို႔လဲ "

"......."

"ငါ့အေပၚမေျပာင္းလဲသြားပါနဲ႔"

"......."

"ငါ မခံႏိုင္ေသးဘူး က်န္႔က်န္႔"

ရိေပၚရဲ႕ ေၾကကြဲအက္ရွေနတဲ့စကားအဆုံးမွာ ႐ုန္းေနတဲ့က်န္႔က်န္႔ကၿငိမ္သြားတယ္။
ရိေပၚကေတာ့ အေနာက္ကေန က်န္႔က်န္႔တစ္ကိုယ္လုံးကို သိုင္းၿပီးတင္းတင္းဖက္ထားတယ္ ။

အခန္းက်ဥ္းက်ဥ္းထဲ တိတ္ဆိတ္သြားတဲ့အေျခအေနေၾကာင့္ ႏွစ္ေယာက္ရဲ႕အသက္ရႈံသံမွ်င္းမွ်င္းကပင္ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာတယ္ ။

ရိေပၚရဲ႕ နင့္နင့္နဲနဲစကားေတြဟာ
က်န္႔က်န္႔ရင္ဘတ္ကို ထိုးခြဲေနသလိုပဲ ။
မေခ်ာ့ခင္ကေပ်ာ့ခ်င္ေနတယ့္က်န္႔က်န္႔က ေနာက္ဆုံးေတာ့လဲ ဒီလူကို လ်စ္လ်ဴမရႈႏိုင္ျပန္ဘူး ။

ဘာပဲျဖစ္ျဖစ္ ရိေပၚက သူ႔ကိုအခုထိ ဂ႐ုစိုက္ေသးတာပဲ ။
သူနာက်င္ရလဲ ဘာအေရးလဲ ။

~~~~~~~~~~~~~~~~~~~~~~~~~


ေက်ာင္းနားက ေကာ္ဖီဆိုင္အေသးေလးမွာ ေက်ာင္းဝတ္စုံနဲ႔ အထက္တန္းေက်ာင္းသားႏွစ္ေယာက္ ။

တစ္ေယာက္နဲ႔တစ္ေယာက္ စူးစိုက္ၾကည့္ေနၾကပုံဟာ ေဘးကလူေတြကိုေတာင္ အရွိန္အဝါတစ္ခုရွိေနေစတယ္ ။

"ဆိုေတာ့ ....."

"........."

"မင္း က်န္႔က်န္႔ကိုခ်စ္ေနတာငါသိထားတယ္"

က်ိဳးဟန္ရဲ႕စကားကို ရိေပၚက ဟက္ခနဲျပက္ရယ္ျပဳတယ္ ။ သေဘာကေတာ့ အခုခ်ိန္မွသိရေလာက္ေအာင္ တုံးသလားဟူ၍ပင္ ။

"ငါလဲ က်န္႔က်န္႔ကို ေသေလာက္ေအာင္ခ်စ္တယ္ဆိုတာ မင္းသိရင္ေကာင္းမယ္"

က်ိဳးဟန္က အေလွ်ာ့ေပးတတ္တဲ့လူစားျဖစ္ေပမယ့္ ထိုအထဲမွာ က်န္႔က်န္႔ကိုခ်စ္တဲ့အခ်စ္ေတြေတာ့မပါခဲ့ဘူး ။ သူလဲအခ်စ္အတြက္ ယွဥ္ၿပိဳင္ၾကည့္ခ်င္တယ္ ။ ေနာက္ဆုံး သူ႔အေနနဲ႔အေ႐ြးမခံရရင္ေတာင္ က်န္႔က်န္႔ေ႐ြးခ်ယ္တဲ့သူဟာ ရိေပၚမျဖစ္ေစခ်င္ဘူး ။ အေနနီးလို႔သံေယာဇဥ္တြယ္တယ္ဆိုတဲ့စကားနဲ႔ရိေပၚသူ႔ကို အႏိုင္ပိုင္းလိုက္မွာ စိုးတယ္ ။

"ဒါေပမယ့္ ... "

"........"

"က်န္႔က်န္႔ ႀကိဳက္ေနတဲ့တစ္ေယာက္ကို ငါသိထားတယ္"

ထိုစကားၾကားတဲ့အခါ ရိေပၚက မယုံႏိုင္တဲ့ပုံနဲ႔ စူးစူးရဲရဲၾကည့္လာခဲ့တယ္ ။

"အဲ့လိုေပါက္ကရစကားေတြကိုငါယုံမယ္ထင္ေနလား"

"ငါ့မွာ ဓာတ္ပုံရွိတယ္ ။ ဟိုတစ္ေလာကမွ ေက်ာင္းကိုပါလာတဲ့က်န္႔က်န္႔ဒိုင္ယာရီထဲမွာ အမွတ္မထင္ငါေတြ႕ခဲ့တာ"

"........"

"ငါ ဓာတ္ပုံ႐ိုက္ထားတယ္အဲ့စာမ်က္ႏွာကို"

ရိေပၚေခါင္းကိုအဆက္မျပတ္အလုပ္ေပးလိုက္ေတာ့ ခရီးကျပန္ေရာက္ၿပီးေနာက္ပိုင္း ေက်ာင္းကို ဒိုင္ယာရီထည့္ထည့္လာတတ္တဲ့ က်န္႔က်န္႔ရဲ႕ပုံရိပ္ကို ျပန္အမွတ္ရသြားမိတယ္ ။

"ဘယ္သူလဲ"

"........."

"ဘယ္သူလဲလို႔ မင္းကိုေမးေနတယ္ ေဟ်ာင့္ ! "

တစ္သက္လုံးျမင္ဖူးသမွ်ထဲမွာ ဒီတစ္ေခါက္ျမင္ရတဲ့ က်ိဳးဟန္ရဲ႕အၿပဳံးဟာ ေသာက္ျမင္ကပ္စရာအေကာင္းဆုံးပဲ ။ စိတ္ရွိတဲ့အတိုင္းဆြဲထိုးလိုက္ခ်င္ေပမယ့္ ခဏေတာ့သည္းခံထားရဦးမယ္ ။ က်န္႔က်န္႔ႀကိဳက္ေနတဲ့တစ္ေယာက္ကို ရိေပၚ သိကိုသိရမွျဖစ္မယ္ ။

"ဆႏၵမေစာစမ္းနဲ႔ ရိေပၚ ။ ငါမင္းကို ေျပာျပမွာပါ"

"ေျပာ ! အခုေျပာ ! "

"ငါ့အမက မင္းကို စိတ္ဝင္စားေနတာသိတယ္ဟုတ္ ? "

က်ိဳးဟန္မွာ ေသခ်ာေပါက္အႀကံအစည္တစ္ခုရွိေနခဲ့တယ္ ။ စားပြဲခုံကို တေတာက္ေတာက္ေခါက္ေနတဲ့ သူ႔ရဲ႕လက္ေတြက ကစားပြဲလွလွတစ္ခုကို ေစာင့္ၾကည့္ရေတာ့မည္ဟန္ တက္ႂကြေနတယ္ ။

"ဘာလိုခ်င္တာလဲ"

ရိေပၚဟာ ေခတဲ့သူမဟုတ္ ။
က်ိဳးဟန္ရဲ႕ဆိုလိုရင္းကို သေဘာေပါက္တယ္ ။
ေလာကမွာ အေပးအယူဆိုတာရွိၿမဲမဟုတ္ပါလား ။ က်ိဳးဟန္ အလြယ္တကူ ေျပာျပလိုက္ရင္ေတာင္ ရိေပၚအေနနဲ႔ ပို၍သံသယဝင္ႏိုင္ဦးမယ္ျဖစ္တယ္ ။

"အင္း .. ။ တစ္လ"

"........"

"ငါ့အမနဲ႔ တစ္လတြဲေပး"

"ဘာ !! ေဟ်ာင့္ !! "

"ဘာလဲ ? မလုပ္ႏိုင္ဘူးလား"

ေဒါသအရွိန္နဲ႔ဆုပ္ထားမိတဲ့ရိေပၚလက္သီးဟာ အေၾကာစိမ္းမ်ားပင္ ေထာင္လုမတတ္ ။

ရိေပၚအေနနဲ႔ဆိုရင္ သည္လို ေပါေၾကာင္ေၾကာင္ကမ္းလွမ္းခ်က္ေလာက္ကို အေရးစိုက္ေနမည္မဟုတ္ ။

က်န္႔က်န္႔ကို တိုက္႐ိုက္ေမးရင္ေမး ။
မေမးရင္ က်န္႔က်န္႔ ဒိုင္ယာရီကို ခိုးဖတ္ၾကည့္လိုက္ရန္ အလြယ္ေလးပင္ ။

သို႔ေသာ္ ခက္သည္က က်န္႔က်န္႔သည္ ေခါင္းမာသည့္ ေကာင္ေလးျဖစ္တယ္ ။ ရိေပၚဘယ္ေလာက္ေမးေမး က်န္႔က်န္႔ႏႈတ္က သူႀကိဳက္ေနသည္ဆိုတဲ့ လူရဲ႕နာမည္ထြက္မလာခဲ့ ။

ထို႔အတူ က်န္႔က်န္႔ဒိုင္ယာရီခိုးဖတ္ရန္ဆိုသည္မွာလဲ ပို၍ပင္ မျဖစ္ႏိုင္သည့္ကိစၥျဖစ္တယ္ ။
ငယ္စဥ္ထဲက ရိေပၚနဲ႔က်န္႔က်န္႔ ကတိအျပန္အလွန္ထားခဲ့ဖူးတယ္ ။ ဘာပဲျဖစ္ေနေန တစ္ေယာက္ ဒိုင္ယာရီကို ေနာက္တစ္ေယာက္က လုံးဝမထိဖို႔ ။
ဆိုေတာ့
ရိေပၚအေနနဲ႔ က်န္႔က်န္႔နဲ႔အတူ ထားရွိဖူးတဲ့ကတိဟူသမွ်ကို ေဖာက္ဖ်က္ရန္ စိတ္ကူးပင္မရွိ။

ဤသည္ကို က်ိဳးဟန္ကလဲ ရိပ္မိပုံရ၏ ။
ဘာလို႔ဆို ငယ္စဥ္အခါက က်န္႔က်န္႔ဆိုသည္မွာ ရိေပၚနဲ႔သူ ဘာလုပ္လုပ္ တစ္ျခားသူေတြကိုပါ ႂကြားဝါတတ္တဲ့ ငႂကြားေလးမဟုတ္ပါလား ။

"ဘယ္လိုလဲ ရိေပၚ ? "

"........."

"........."

"မင္း စကားမတည္လို႔ေတာ့ မရဘူး"

႐ုတ္တရက္ဆိုသလို ရိေပၚဟာ အသံဖမ္းထားတဲ့ record ကိုေထာင္ျပရင္း မဲ့ၿပဳံးၿပဳံးတဲ့အခါ က်ိဳးဟန္က အတန္ငယ္လန္႔သြားတဲ့ပုံစံျပတယ္ ။ သို႔ေသာ္ ခဏအတြင္းမွာပဲ သူ႔အမူအရာကိုျပန္ထိန္းလိုက္ႏိုင္တယ္။

"က်န္႔က်န္႔က ဘာကိုအမုန္းဆုံးလဲသိလား"

"........."

"သူ႔ ဒိုင္ယာရီ ယူဖတ္တဲ့သူေတြကိုပဲ"

"........"

ရိေပၚရဲ႕ ေအးစက္စက္စကားေတြေၾကာင့္ က်ိဳးဟန္က မ်က္ႏွာပ်က္သထက္ပ်က္လာတယ္ ။
ေနာက္ဆုံးမွာေတာ့ သူဟာ ခက္ခက္ခဲခဲ ညႇိႏႈိင္းလာခဲ့တယ္ ။

"ေကာင္းၿပီ ။ ငါ့စကားတည္ေစရမယ္"

"........."

"တစ္ခုပဲ ။ မင္းနဲ႔ငါ အေပးအယူကိစၥကို က်န္႔က်န္႔ မသိေစနဲ႔"

"........"

"အထူးသျဖင့္ မင္းကိုယ္တိုင္က ငါ့အမကို သေဘာက်လို႔တြဲတယ္ဆိုတဲ့ပုံပဲ က်န္႔က်န္႔အေနနဲ႔ျမင္ေစခ်င္တယ္"

ဘယ္လိုျဖစ္ႏိုင္မွာတဲ့လဲ ။
အထူးသျဖင့္ ေျပလည္ခါစ ဆက္ဆံေရးမ်ိဳးနဲ႔ သူတို႔ႏွစ္ေယာက္အၾကား က်င္းက်င္းဝင္လာခဲ့ရင္ က်န္႔က်န္႔က လက္ခံမည္တဲ့လား ။
ရိေပၚဟာ အေလးအနက္ေတြးေတာေပမယ့္ တစ္ခါေလာက္လဲ မိုက္႐ူးရဲဆန္ၾကည့္ခ်င္ပါေသးရဲ႕ ။

မသိစိတ္ရဲ႕အတၱအရ က်န္႔က်န္႔ သဝန္တိုတတ္တာကို ရိေပၚအေနနဲ႔ လက္ေတြ႕ႀကဳံေတြ႕ဖူးခဲ့ၿပီးသားျဖစ္တယ္ ။


တကယ္ခ်စ္တဲ့သူက သဝန္တိုရင္ အရမ္းသိသာလြယ္တယ္တဲ့ ရိေပၚ မိုက္႐ူးရဲဆန္စြာ စမ္းသပ္ၾကည့္ဖို႔ အဆင္သင့္ျဖစ္ေနခဲ့တယ္



#okipuy



~~~~~~~~~~~~~~~~~~~~~~~~

Continuer la Lecture

Vous Aimerez Aussi

20.7K 3.4K 25
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
32.3K 2.7K 10
strawberries and cigarettes always taste like you... 🍓🚬 Start-1.1.2022 End-15.1.2022
97.3K 5.6K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
5.4K 603 8
You are the most precious thing from God. I wish you could be here in my arms. Merry Christmas Babe! KimZhangEXOL x ChocoBubbleSYH #25122020