: 22

6.6K 682 16
                                    



Unicode


"ရိပေါ်နဲ့ ကျင်းကျင်းတို့ တွဲနေကြပြီ"

အတန်းခေါင်းဆောင်လာပြောတဲ့စကားအဆုံး ကျန့်ကျန့် ချောက်အနက်ကြီးထဲပြုတ်ကျသွားသလို မိုက်ခနဲဖြစ်သွားတယ် ။

အိပေါ်ကမိမိအပေါ်မှာ ဒီလောက်ထိ မရက်စက်လောက်ပါဘူးလို့ဆုတောင်းပေမယ့်
မိုးနတ်မင်းက ဒီတစ်ခါတော့ ကျန့်ကျန့်ကို မျက်နှာသာမပေးခဲ့ဘူး ။
အတန်းထဲကို လက်ချင်းချိတ်ပြီးဝင်လာတဲ့ ရိပေါ်နဲ့ကျင်းကျင်းပုံရိပ်ဟာ ကျန့်ကျန့်မျက်လုံးရှေ့တည့်တည့်ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတော့တယ် ။

သူများနဲ့အသားချင်းထိတာမကြိုက်တဲ့ရိပေါ်က ကျင်းကျင်းလက်တွဲထားတာကိုကျတော့ ငြိမ်ခံနေတယ် ။ ကျန့်ကျန့်တစ်ယောက်တည်းကိုပဲ သူ့အနားမှာထားပါမယ်ဆိုတဲ့ရိပေါ်က ကျန့်ကျန့်ထိုင်နေကျနေရာမှာ ကျင်းကျင်းကို အစားထိုးလိုက်ပြီဖြစ်တယ် ။

"ငါ့မှာ မင်းတစ်ယောက်ပဲရှိတာ ~"
"ကျင်းကျင်းကို ငါက ခေါင်းထဲတောင်ရှိတာမဟုတ်ဘူး~"
"ငါက ဘယ်သူကိုမှ ဂရုစိုက်မှာ မဟုတ်လို့ မင်းစိတ်မပူလို့ရတယ်~"

တစ်ချိန်ကပြောခဲ့တဲ့စကားတွေကြားတွေကို ပြန်ကြားယောင်တဲ့အခါ ကျန့်ကျန့် ရင်ဘတ်ထဲ ဆို့နစ်လာရတယ် ။

အချစ်ဦးမို့လို့ မင်းကို အများကြီးမျှော်လင့်ခဲ့မိတယ် အိပေါ် ။
မင်း gay တွေမုန်းတယ်ဆိုလို့ ငါစည်းမကျော်မိအောင် သတိထားပြီး နေပေးခဲ့တယ် ။
မဖြစ်နိုင်မှန်းသိပေမယ့် ငယ်ငယ်က သံယောဇဉ်ကိုထောက်ပြီး မင်းငါ့ကို ဂရုစိုက်နေသေးတာပဲဆိုပြီး ဖြေသိမ့်ခဲ့တယ် ။

ငါ ရင်တွေမနာဘူးထင်နေလား ရိပေါ် ။
ငါရော မင်းကို ရှောင်နေရတာ ပျော်နေတယ်လို့ မင်းထင်နေလား ။
မင်းက ဒီလောက်ထိ ရက်စက်မှဖြစ်မှာလား ။

"ကျန့်ကျန့် ! မင်းငိုနေတာလား"

သတိမထားမိလိုက်ခင်မှာပင် ကျန့်ကျန့်ပါးပြင်ပေါ်မှာ အတောမသတ်နိုင်တဲ့ မျက်ရည်စီးကြောင်းနှစ်ခုက နေရာယူထားပြီးဖြစ်တယ် ။

"ငါ .. ငါ ဒီနေ့ အိမ်ပြန်နားချင်တယ်"

"ဟင် .. နေမကောင်းဘူးလား ကျန့်ကျန့်"

Wine (Completed)Where stories live. Discover now