CLOVER - Volume.1 {Completed}

By LilacYoung

171K 20.6K 1.6K

Jeon Jung Kook x Kim Tae Hyung x Min Yoon Gi ~ 𝑰 𝑳𝑢𝑽𝑬 𝑯𝑰𝑺 𝑬𝑴𝑢𝑻𝑰𝑢𝑡𝑳𝑬𝑺𝑺 𝑬𝒀𝑬𝑺 ~ ~π‘«π’“π’‚π’Ž... More

πŸ€.Clover
πŸ€1.Clover
πŸ€2.Clover
πŸ€3.Clover
πŸ€4.Clover
πŸ€5.Clover
πŸ€7.Clover
πŸ€8.Clover
πŸ€9.Clover
πŸ€10.Clover
πŸ€11.Clover
πŸ€12.Clover
πŸ€13.Clover
πŸ€14.Clover
πŸ€15.Clover
πŸ€16.Clover
πŸ€17.Clover
πŸ€18.Clover
πŸ€19.Clover
πŸ€20.Clover
πŸ€21.Clover
πŸ€22.Clover
πŸ€23.Clover
πŸ€24.Clover
πŸ€25.Clover
πŸ€26.Clover
πŸ€27.Clover
πŸ€28.Clover
πŸ€29.Clover
πŸ€30.Clover
πŸ€31.Clover
πŸ€32.Clover
πŸ€33.Clover
πŸ€34.Clover
πŸ€35.Clover
πŸ€36.Clover
πŸ€37.Clover
πŸ€38.Clover
πŸ€39.Clover
πŸ€40.Clover
πŸ€41.Clover
πŸ€42.Clover
πŸ€43.Clover
πŸ€44.Clover
πŸ€45.Clover
πŸ€46.Clover
πŸ€47.Clover
πŸ€48.Clover
πŸ€49.Clover
πŸ€50.Clover
πŸ€FINALπŸ€
πŸ€CloverπŸ€
πŸ€Volume 2 UpdateπŸ€

πŸ€6.Clover

3.6K 531 23
By LilacYoung

Unicode

အချိန်အတော်ကြာ စာရေးပြီးတော့ နာရီကြည့်လိုက်တော့ ညနေ‌တောင်စောင်းပြီ။ ထယ့်ကိုတောင် နေ့လည်ဆေး မတိုက်လိုက်ရဘူး။

ဈာန်ဝင်သွားရင် အရာအားလုံးကို မေးသွားတတ်တာ ကောင်းတဲ့အကျင့် မဟုတ်မှန်းသိပါရဲ့နဲ့ မပြင်နိုင်ပြန်ဘူး။

ဟိုကောင်လေး ဒီအချိန်အထိ အိပ်နေတာတော့ မဟုတ်လောက်ပါဘူးနော် လို့တွေးကာဖြင့် ထယ့်အခန်းရှေ့ကို ရောက်လာခဲ့သည်။

တံခါးခေါက်လိုက်တော့ ဝင်ခဲ့ဆိုသည့် အသံလေးကြောင့် ဖွင့်ကာပင် ဝင်လာခဲ့တော့ မှန်ရှေ့မှာရပ်ကာဖြင့် သေချာပြင်ဆင်နေသော ထယ်။ ကြည့်ရတာ ဆိုင်ကိုသွားတော့မယ်ပုံပဲ။

' လက်ကသက်သာပြီလား '

' နည်းနည်းတော့ နာနေသေးတယ် '

အင်္ကျီကိုလည်း ကိုယ်တိုင်ဝတ်နေပုံထောက်ရင် လက်က အဆင်ပြေနေပုံရသည်ကြောင့် မေးလိုက်တော့ မှန်ရှေ့မှာထိုင်ကာဖြင့် ခေါင်းဖြီးဖို့ ပြင်နေသည့် ထယ်။

' ငါလုပ်ပေးမယ် '

ထယ့်လက်ထဲက ဘီးကိုယူကာဖြင့် ဆံနွယ်ပျော့ပျော့လေးတွေကို သေချာဖြီးပေးမိသည်။

အပြာရင့်ရောင်ဖဲသား ရှပ်လက်ရှည်ကို အနက်ရောင်ဘောင်းဘီရှည်နဲ့ ဝတ်ဆင်ထားသည့် ထယ်။

အပေါ်ကြယ်သီး တစ်လုံးလောက်ကို ဖြုတ်ထားသည်ကြောင့် လည်ပင်းသားဖွေးဖွေးကို မြင်နေရယုံတင်မကပဲ ရင်ဘတ်ကိုပါ မြင်နေရသေးသည်။ ဒီပုံစံနဲ့ဆို ထယ့်ကို ဟိုကောင်နဲ့ ကျနော်လုံးဝစိတ်မချပါ။

' ဆိုင်သွားတော့မလို့လား '

' အင်း '

' ငါရောလိုက်မယ် '

' လိုက်ချင်လိုက်လေ ငါခဏနေသွားတော့မှာ '

' ခဏစောင့် အပေါ်ဖုံးအင်္ကျီဝတ်ပြီး ထွက်ခဲ့မယ် '

ထယ်ကခေါင်းညှိတ်သည်မို့ ကျနော်အခန်းပြင်ကို ထွက်ကာဖြင့် ဗီရိုထဲက မိုးပြာရောင်အပေါ်ဖုံး ရှပ်တစ်ထည် ယူကာဖြင့် ကောက်ဝတ်လိုက်သည်။

' အာ..နမ်ကလဲ။ အခုလာတော့မှာပါ '

ထယ့်အသံကြားသည်မို့ ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ထိုင်ကာဖြင့် ကင်နမ်ဆိုသည့် ကောင်နဲ့ဖုန်းပြောနေပုံပဲ။

စိတ်မကြည်သော်လည်း မနှောက်ယှက်ချင်တာကြောင့် ဖိနပ်စင်နားမှာ ထိုင်ကာဖြင့် ဖိနပ်ကြိုးကိုသာ အငြိုးဖြင့် ချည်နေမိသည်။

' အခုမှအိမ်ကနေထွက်မှာ လွမ်းလည်းခဏစောင့်ပေါ့ကွာ.. '

ရယ်သံလေးတွေပါ ပါနေသည်မို့ လှည့်ကြည့်လိုက်တော့ အတောက်ပဆုံးပြုံးနေတာပါလား..

တောက်ပပေမယ့် ကိုယ်နဲ့မဆိုင်သည်မို့ သိပ်သဘောမကျချင်..။

' ထယ် သွားရအောင်လေ '

လေသံဖျော့ဖျော့ဖြင့်ပြောသည်မို့ ထယ်ကကျနော့်ဘက်လှည့်ကာ လက်ပြကာဖြင့် ခဏလေးလို့ပြောသည်။

' ကားပေါ်ကစောင့်နေမယ် ပြီးရင်ဆင်းလာခဲ့တော့ '

တံခါးမပိတ်ခင် ချစ်တယ် ဆိုသည့် စကားသံလေးကို ကြားလိုက်ရသေးတာကြောင့် သက်ပြင်းဖွဖွ ချကာဖြင့် ကားထားရာ နေရာကိုသာ တစ်လှမ်းချင်း လျှောက်လိုက်သည်။

ကားထိုင်ခုံပေါ် ခေါင်းမှီကာဖြင့် မျက်လုံးတွေကို မှိတ်ထားမိသည်။

မျက်လုံးတွေကို ခဏမှိတ်ထားလိုက်ရင် အကြောက်တရားတွေက ကင်းလွတ်သွားလိမ့်မယ်လို့ တစ်စုံတစ်ယောက်က နှစ်သိမ့်ပေးဖူးတယ်။

ဒီအချိန်မှာတော့ အဲ့စကားက မမှန်ဘူးပဲ။ အခုချိန်ထိ ကြောက်နေမိတယ်..။

သိပ်မကြာဘူး ကားပေါ်ရောက်လာသည့် ထယ်။ မျက်လုံးတွေ မှိတ်ထားတာတောင် မင်းရနံ့လေးကို သိနေတဲ့ ငါစိတ်တွေက သိပ်ကိုထူးဆန်းတာပဲ။

ဘာအသံကိုမှ မကြားရသည်ကြောင့် မျက်လုံးတွေကို ဖွင့်ကြည့်တော့ ကျနော့်ကိုသာ မေးထောက်ကြည့်နေသည့် ထယ်..။

ဘာဖြစ်ပြန်တာလဲ ထယ်။

ကျနော့်ကြောင့် နောက်ကျတယ်ဖြစ်မှာ စိုးတာကြောင့် ထိုင်ခါးပတ်ကို ပတ်ကာဖြင့် ကားစီရာတိုင်ပေါ် လက်အတင်

' မျက်နှာလည်းမကောင်းဘူး ဂျွန်။ ဘာဖြစ်နေတာလဲ '

သိရဲ့နဲ့မေးနေသည့် မင်းနှုတ်ခမ်းတွေက ရက်စက်လွန်းတယ်..။

' နည်းနည်းစိတ်ရှုပ်နေလို့ပါ '

မင်းဆိုတဲ့ ထောင်ခြောက်ထဲကို ငါဟာအလိုလိုကျပြီးသားပေမယ့် ရုန်းထွက်ချင်ယောင်ဆောင်မိသည်။ အဲ့ဒါမှ မင်းဒီထက်ပိုပြီး ငါ့နှလုံးသားကို မကစားနိုင်မှာ..။

' ငါ့ကြောင့်လား။ သဝန်တိုနေတာမလား ? ဟုတ်တယ်မလား ? ခ်ခ် '

တခ်ခ်ရယ်ကာဖြင့် ပြောလာသည့် ထယ့်ကိုခေါင်းသာခါလိုက်မိသည်။ ဘာမှဆက်ပြောစရာမှမလိုတော့တာ..။

ဆိုင်ကိုရောက်တော့ အားလုံးတောင် ပြင်ဆင်လို့ပြီးနေပြီပဲ..။ အပြင်အဆင်က ခမ်းနားပြီး မိုက်သည်မို့ ထယ့်မျက်နှာက တစ်ချက်ပြုံးသွားသည်။

နောက်တော့ လိုအပ်တာတွေ ပြင်ဆင်ပြီး ကျနော့်နားကိုလာထိုင်သည်။ မျက်လုံးတွေကတော့ ဟိုကြည့်သည်ကြည့်ဖြင့် တစ်စုံတစ်ယောက်ကို ရှာနေဟန်။

ဘယ်သူ့ကိုရှာနေလဲ သိနေတာကြောင့် ဘာစကားမှမပြောမိ။ ဖုန်းကိုသာ ထိုင်ကလိနေလိုက်သည်။

' ဂျွန် တစ်ခုခုစားမလား ဒါမှမဟုတ် ဝိုင်တစ်ခွက်လောက်သောက်မလား '

' စောသေးတယ် ထယ်။ ပါတီပြီးတဲ့အချိန်ထိ ငါပြန်မှာမဟုတ်ဘူး မင်းနဲ့အတူတူပြန်မှာ '

' ပြီးရောလေ.. '

..ဒီဒီဒီဒီ..

ဖုန်းသံထားလေ့မရှိသည့် ထယ့်ဖုန်းက စားပွဲပေါ်မှာ တဒီဒီဖြင့် မြည်လာသည်ကြောင့် မျက်လုံးတွေက ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်မိတော့ နမ် ဆိုသည့် နာမည်တစ်လုံးသာ။

' နမ် မင်းပြောတော့ ငါ့ကိုစောင့်နေတာဆို '

တစ်ဖက်ကရယ်သံကိုတောင် ဖုန်းထဲကတစ်ဆင့် ကျနော်ဘေးကနေ ကြားလိုက်မိပါရဲ့..။

သိပ်မကြာဘူး ထယ်ကအပြင်ကိုထွက်သွားတာကြောင့် မျက်လုံးတွေက သူ့နောက်ကပ်ပါသွားသေးတာ။ ရလိုက်တာကတော့ ဖြောင့်တန်းတန်း မျက်ခုံးတွေကို တွန့်ချိုးစေတာပါပဲ။

' အကို တစ်ယောက်ထဲလား။ မလာတာတောင်ကြာပြီနော်။ ညီ့ကိုမှတ်မိလား '

ဘေးနားရောက်လာသည့် ကောင်လေးတစ်ယောက်။

တစ်ယောက်ထဲလားဆိုသည့် အမေးကိုတွေးကြည့်တော့ အင်းတစ်ယောက်ထဲလို့ ပြောလို့ရပြန်သည်။ မှတ်မိလားဆိုတော့ ချစ်စရာကောင်လေးတစ်ယောက်ဆိုပေမယ့် သေချာသည်က ကျနော်တကယ်ကို မမှတ်မိပါ။

' နာမည်လေးထပ်ပြောကြည့်လေ.. ပြန်မှတ်မိနိုင်မလားလို့ '

' အဲ့ဒါဆိုမမှတ်မိဘူးပေါ့။ '

ကော့နေသည့် မျက်တောင်လေးတွေက ပုတ်ခတ်ပုတ်ခတ်ဖြင့် သိပ်လှသလို ဖြူဖွေးဖွေး အသားအရေနဲ့ သေးသွယ်သည့် ခန္ဓာကိုယ်ကလည်း ဆွဲဆောင်မှုရှိသည်။ ကော်ဖီရောင် ဆံပင်လေးတွေအောက်က မျက်လုံးလေးတွေကလည်း လှသည်။

သို့သော် အလှတရားဆိုတာကို သူကလွဲလို့ တခြားသူအပေါ် မခံစားတတ်သည့် ကျနော်ဟာ ဝတ္တုတွေရေးတိုင်း သူ့ကိုသာ ရည်ရွယ်လျက် ရေးသားခဲ့သည်။

နှလုံးသားကဖော်ကျူးသည့် သူ့အတွက်အချစ်ကဗျာတွေကို စာသားတွေအဖြစ် ရေးချလိုက်တော့ စာဖတ်သူတွေက သိပ်ကြိုက်တာပဲတဲ့..။

အတွေးတွေကို ခဏရပ်ကာဖြင့် ရှေ့ကကောင်လေးကို အာရုံစိုက်လိုက်သည်။

' အင်း မမှတ်မိဘူး။ ကိုယ့်ကိုတစ်ခါလောက်ထပ်ပြောပေးလေ အဲ့ဒါဆို တစ်သက်လုံးမှတ်ထားပေးမယ် '

မျက်ထောင့်မှအရိပ်ကလေးကြောင့် ဘေးနားမှာ လာထိုင်သည့် ကောင်လေးနဲ့နီးကပ်အောင် ထိုင်လိုက်ရင်း နီးနီးကပ်ကပ် အနေအထားဖြင့် မေးလိုက်သည်။

နည်းနည်းလေးပဲဖြစ်ဖြစ် မင်းစိတ်လေးကို ခလောက်ဆန်စေချင်သည် ထယ်။

ပင်လယ်ပြင်ကို လေပြေသွေးသလောက်ပါပဲ..။

' ကျနော့်နာမည်က '

' ဂျီယွန်း.. '

ကျနော့်ရှေ့ကကောင်လေးက ပြုံးကာဖြင့် ပြောမလို့ရှိသေး အရိပ်ငယ်ဟာ ကျနော်ဘေးကို ရောက်လာခဲ့ပြီ။

ထယ်နှုတ်က ထွက်လာသည့် နာမည်ကြားမှ မျက်စိရှေ့က ကောင်လေးကို ပြန်မှတ်မိတော့သည်။

' ဟုတ် အစ်ကို '

' ပါတီကလည်းစတော့မှာဆိုတော့ ပြင်စရာရှိတာ သွားပြင်တော့လေ။ ဂျွန့်ကိုသူ့ဘာသူနေပါစေ ဂျွန်ကအဲ့လိုမျိုးတွေစိတ်မဝင်စားဘူး '

ထယ်ကထိုသို့ပြောလိုက်တော့ ဂျီယွန်းက ကျနော့်ကိုပြုံးပြကာဖြင့် ထွက်သွားသည်။ ကြည့်မိတော့ ထယ့်အပြင် အနောက်က ပါလာသည့် ကင်နမ်ဆိုသည့် ကောင်ကြောင့် ကျနော်ထိုနေရာက ထွက်ကာဖြင့် Bar မှာသာ သွားထိုင်နေလိုက်သည်။

ဂျွန်ထွက်သွားသည်ကြောင့် ထယ်ဆိုဖာပေါ်မှာသာ ထိုင်ကာဖြင့် မျက်နှာကိုသက်ချလိုက်သည်။

မကြာသေးခင်ကမှ နမ်နဲ့စကားများထားသည်ကို ဆိုင်ထဲပြန်ဝင်လာတော့ ဂျွန့်ကိုဟိုကောင်လေးနဲ့ မြင်လိုက်ရတော့ မကြည်သည့် စိတ်ကပိုလို့ပင် နောက်လာရသည်။

ဒါတောင်ကောင်းကောင်းမနေရ။ ခါးတွေကို ကိုင်လာကာဖြင့် အလိုက်မသိစွာပင် အနားကိုကပ်လာသည့် နမ့်ကြောင့် စိတ်ရှိတိုင်းသာဆို ပေါက်ကွဲလိုက်ချင်သည်။ ထိန်းထားရသည်မှာ ထိုသူက နမ်ဖြစ်နေလို့သာ..။

' ဟူးး..။ နမ် ငါစိတ်မကြည်လို့ ငါ့ကိုမနှောက်ယှက်ပါနဲ့ '

' ကိုယ်ကမင်းအတွက်အနှောက်အယှက်လား အချစ် ဟမ်.. '

' ဘယ်သူနဲ့မှစကားမပြောချင်လို့ ခဏလောက်ငြိမ်ငြိမ်လေးနေပေးပါ။ ငါတောင်းဆိုနေတာ နမ် '

' ဟုတ်ပြီလေ ကိုယ်သန့်စင်ခန်းသွားလိုက်အုန်းမယ် '

ထွက်သွားသည့် ကျောပြင်ကိုကြည့်ကာပင် တောက်တစ်ချက်ခေါက်လိုက်မိသည်။ နောက်တော့ သတိရလိုက်တာက ဟိုကောင်လေး..။

' ဒုန်း !!! '

ကျောပြင်နုနုကို ဆွဲကာဖြင့် သံဗီရိုထံ ကိုင်ပေါက်လိုက်သည်ကြောင့် ဂျီယွန်းမျက်နှာဟာ ရှုံမဲ့သွားရသည်။ နာကျင်သည်မဟုတ်ပေမယ့် လန့်သွားသည်ကြောင့် သူရှေ့တည့်တည့်က လူကိုကြည့်မိတော့

' အစ်ကို.. ဘာဖြစ်လို့လဲ။ ကျနော့်ကိုဘာလို့ဒီလိုလုပ်တာလဲ '

' ဂျွန့်နားကိုမကပ်နဲ့။ မင်းကြိုက်တဲ့ သူဌေးကိုပြော စီစဉ်ပေးမယ် '

အနည်းငယ်အံဩပေမယ့်လည်း ဘာလို့လဲဆိုသည့် အကြောင်းကိုတော့ သူမမေးဖြစ်ပါ။ ဂျွန်ဆိုတာ အစ်ကိုနဲ့ အရမ်းရင်းနှီးတာမလား။

အလိုက်သင့် ခေါင်းငြိမ့်လိုက်တော့မှ အစ်ကိုက

' နောက်တစ်ခါ ဂျွန့်နားကိုသူမခေါ်ဘဲ ဘယ်တော့မှသွားမကပ်နဲ့ '

သတိပေးစကားက သိပ်မမာကြောသော်လည်း ကြောက်မိသည့် စိတ်တွေကြောင့် ခေါင်းကိုသာ ညှိတ်လိုက်သည်။

အစ်ကိုထွက်သွားမှ ရင်ဘတ်ဖိကာ သက်ပြင်းချနိုင်သူ။

' အချစ်..။ ကိုယ့်သူငယ်ချင်းတွေရောက်လာပြီ မင်းနဲ့မိတ်ဆက်ပေးမယ် '

နားနေခန်းထဲကလည်း ပြန်ထွက်လာရော နမ်ကအနားကို ရောက်လာတာကြောင့် သက်ပြင်းတော့ ချဖြစ်အောင် ချလိုက်မိသေးသည်။

နဂိုထဲက နမ်ကသူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတာကြောင့် ခေါင်းညှိတ်ကာပင် သူ့သူငယ်ချင်းတွေရှိရာ အခန်းကိုလိုက်လာခဲ့သည်။

အခုမှသူ့ကိုယ်တိုင် ပြင်ခိုင်းထားသည့် အခန်းအပြင်အဆင်က မျက်စိနောက်စရာကောင်းနေသလိုပဲ။ နမ်ကလက်ကိုဆွဲကာဖြင့် ဆိုဖာမှာ ထိုင်ခိုင်းသည်။

' အားလုံးပဲ ဒါငါ့ချစ်သူ ကင်ထယ်ဟျောင်းတဲ့ '

' မင်းကတကယ်ချစ်စရာလေးကိုရထားတာပဲ နမ်။ ငါတို့တောင် အားကျလာပြီ '

မပြုံးချင်သော်လည်း ယဉ်ကျေးမှုအရ ပြန်ပြုံးပြကာဖြင့် ငြိမ်နေလိုက်သည်။

' နမ်။ မင်း အိမ်ဂျယ်နဲ့တွေ့ပြီးပြီလား '

တစ်ဖက်လူရဲ့စကားကြောင့် ကျနော့်ခါးပေါ်က နမ့်လက်တွေက ပြုတ်ကျသွားသည်။

' ဘာကိစ္စ သူ့အကြောင်းကပါလာတာလဲ '

နမ်ကိုကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေပုံပေါ်သည်မို့ ပြုံးလိုက်မိသည်။ အိမ်ဂျယ်ဆိုတာ နမ်ရှုပ်နေသည့် ကောင်မလေးဖြစ်မယ်။

' ငါသူ့ကိုဖိတ်ထားတယ် မကြာခင်ရောက်လာလိမ့်မယ် '

တစ်ဖက်လူစကားကြောင့် နမ့်မျက်ခုံးတွေက တွန့်ချိုးကာဖြင့် စိတ်ရှုပ်ထွေးသွားတာတော့ သိပ်သိသာသည်။ ဒေါသထွက်သင့်ပေမယ့် ကျနော့်စိတ်က ထူးဆန်းစွာပင် ပျော်နေမိသည်။

သိပ်မကြာပါဘူး အိမ်ဂျယ်ဆိုသည့် မိန်းကလေးက ရောက်လာသည်ကြောင့် နမ်ဟာ ရှေ့မှာရှိနေသည့် အရက်ပြင်းပြင်းတစ်ခွက်ကို တစ်ခါထဲမော့ချလိုက်သည်။ မသိချင်ယောင်ဆောင်နေသည့် ကျနော့်ကို နမ်ကလျော့တွက်ထားပုံရသည်မို့ ပိုလို့ပင် ပြုံးလိုက်သည်။

အမှန်တော့ ညနေကစကားများထားတာနဲ့ပတ်သတ်ပြီး ကျနော့်နမ့်ကိုမကြည်ပါ။ ကျနော့်ကို လက်နဲ့ရွယ်လိုက်သည်ကြောင့် ပိုလို့ပင် မကြည်ပါ။

မသိချင်ယောင်ဆောင်ကာဖြင့် နမ်သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေချိန်မှာပဲ ဘယ်တုန်းကထွက်သွားမှန်းမသိတဲ့ နမ်နှင့် အိမ်ဂျယ်မည်သည့် မိန်ကလေး..။

ဘယ်ရမလဲဆိုသည့် အတွေးနဲ့အတူ အပြင်ကိုထွက်လာခဲ့သည်။ တော်တော်ရှာပြီးနောက် တွေ့လိုက်ရသည့် ပျော်ရွှင်စရာမြင်ကွင်း..။

ထိုမိန်းကလေးကို ဖက်ထားသည့် နမ်က ကောင်ကောင်းစွပ်စွဲလို့ရမည့် အပြုအမူမျိုးကို ပြုနေသည်မဟုတ်ပေမယ့်လဲ ကျနော်ကကင်ထယ်ဟျောင်း ဖြစ်တာကြောင့် ခြေလှမ်းတွေက နမ်နဲ့ ထိုမိန်းကလေးဆီ..။

နမ့်ရင်ခွင်ထဲ မြုပ်နေသည့် မိန်းကလေးရဲ့ပုခုံးကို ပုတ်လိုက်တော့ ပြန်ကြည့်လာသည့် မျက်နှာနုနုလေးကို ကြည့်ကာ နည်းနည်းတော့သနားမိသား ဒါပေမယ့် ဘယ်တတ်နိုင်ပါ့။

' မင်းသူ့ကိုကြိုက်လား '

' သူကကျွန်မချစ်သူပဲ ဖြေစရာတောင်လိုမယ်မထင်ဘူး '

မျက်နှာပြောင်တိုက်ကာဖြင့် ပြောလာသည့် ထိုမိန်းကလေးကို ကြည့်ကာဖြင့် ဒေါသတောင် ထွက်လာရသည်။

' အဲ့ဒါဆိုလဲ မင်းပဲပြန်ယူလိုက်ပါ။ နမ့်ကိုငါပစ်လိုက်ပြီမို့လို့ '

' အချစ်။ မင်းအထင်လွဲနေတာ ကိုယ်ရှင်းပြပါ့မယ် '

ပြာပြာသလဲ ပြောလာသည့် နမ့်ကိုကြည့်ကာ တစ်ချက်မဲ့ပြုံးပြုံးကာဖြင့် ထွက်လာခဲ့တော့ နောက်ကနေ ဆက်လိုက်လာသည့် နမ်ဆိုသည့် ကျနော့်ရည်းစားဟောင်း။

ဖန်ကွဲစထိထားသည့် လက်ကို ချက်ချင်းလှမ်းဆွဲလိုက်သည်ကြောင့် အသည်းထဲထိ စိမ့်၍နာရသည်။ မင်တောင် ငါနာမှာစိုးလို့ ပတ်တီးကို သတိထားပြီးစည်းပေးခဲ့တာ ဂျွန်ကလည်း ဇွန်းမကိုင်နိုင်လို့ ဂရုတစိုက် ခွံကျွေးခဲ့တာကို အခုချစ်သူဖြစ်တဲ့သူက သတိမမူပဲ လှမ်းဆွဲလိုက်သည်တဲ့လား။

သိပ်ရယ်စရာကောင်းသည်။

' ဆောရီး အချစ် မင်းလက်ကဘာဖြစ်တာလဲ '

တစ်ချိန်လုံးအတူတူရှိနေတာကိုတောင် ကျနော့်လက်ဘာဖြစ်ထားလဲ သတိမထားရအောင် နမ်ကသိပ်စိတ်တိုဖို့ကောင်းသည်။

' ငါ့ကိုလွှတ် '

' မင်းအထင်လွဲနေတာပါ အချစ်ရာ..။ မင်းထင်သလို ကိုယ်ဖောက်ပြန်နေတာမဟုတ်ဘူး '

နမ့်စကားဆုံးတော့ ပြုံးလိုက်မိပါသည်။

' ဖောက်ပြန်လို့ရပါတယ်။ အဲ့လိုဆိုရင်တောင် ခွင့်လွှတ်လို့ရသေးတယ်။ ဒါပေမယ့် ငါအမုန်းဆုံးက ယောကျာ်းလေးဖြစ်တဲ့ ငါနဲ့တွဲပြီး ဖောက်ပြန်တဲ့သူက မိန်းကလေးဖြစ်နေတာကို ငါမုန်းတယ် နမ် '

' အချစ် '

' ဆက်လိုက်မလာနဲ့နော်။ ငါ့အပေါ်ခံစားချက်ရှိသေးရင်ပေါ့ '

ခပ်ပြက်ပြက်ပြောကာပင် မီးရောင်စုံတွေနဲ့ ကခုန်နေကြသည့် လူအုပ်ထဲ ဝင်လာလိုက်သည်။ အမှောင်ထဲ ထင်းနေသည်က မိုးပြာရောင် လက်ရှည်အင်္ကျီနဲ့ ဂျွန်။ လက်ရှည်အင်္ကျီကို လက်နားကကြယ်သီးကို ဖြုတ်ထားသည်ကြောင့် မြင်နေရသည့် အနက်ရောင် တက်တူးတွေ..။

အရက်ခွက်ကို ကိုင်ကာဖြင့် မသောက်ပဲ လှည့်တတ်သည်က ဂျွန့်အကျင့်တစ်ခုပင်။

အနောက်ကလိုက်ခေါ်နေသည့် နမ့်အသံကိုကြားတော့ ခြေလှမ်းတွေက ဂျွန့်ဆီလှမ်းရင်း ဂျွန့်လက်ကိုဆွဲကာဖြင့် အကွယ်တစ်နေရာကို ခေါ်လာခဲ့သည်။

ကြောင်တောင်တောင်ဖြင့် လိုက်လာသည့် ဂျွန်ကမျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့်သာ..

' ဘာဖြစ်လို့လဲ ပါတီကရောပြီးသွားပြီလား '

' မပြီးသေးဘူး။ မင်းငါ့ကိုစိတ်ဆိုးမှာလား '

' ဘာတွေဒုက္ခပေးအုန်းမလို့လဲ '

စကားတွေအရတော့ သိပ်မချိုသာလှပေမယ့် ဂျွန့်မျက်နှာလေးကတော့ ရွှင်ပြနေပါသည်။

' နမ်းချင်တယ်။ '

ထင်မထားသည့် ထယ့်စကားကို ဘာပြန်ပြောရမလဲ အတွေးနွံ့နစ်နေတုန်း တိုးကပ်လာသည့် မျက်နှာလေးနဲ့အတူ ကျနော့်နှုတ်ခမ်းတွေကို ထိကပ်လာသည့် အိစက်နေသည့် နှုတ်ခမ်းသားလေး။

အောက်နှုတ်ခမ်းသားကို နူးနူးညံ့ညံ့လေး ဆွဲယူနေသည်မို့ ကျနော့်လက်တွေ အနည်းငယ် တုန်ရီလာသည်။

သွယ်လျသည့် လက်ချောင်းလေးတွေက ကျနော့်လည်ပင်းတွေကို ကိုင်ကာဖြင့် ပိုမိုစုပ်ယူကာဖြင့် နမ်းလာသည့် ထယ့်နှုတ်ခမ်းသားများ..။

ချိုလွန်းသည့် နှုတ်ခမ်းပါးတွေဟာ စွဲလမ်းစေသည့် စီးကရက်တစ်လိပ်လို အန္တရာယ်များလှသည်ကြောင့် တွန်းလွှတ်ဖို့ စဉ်းစားမိသော်လည်း တိုးဝင်လာသည့် လျာဖျားနွေးနွေးကြောင့် မျက်လုံးတွေက ခွင့်ပြုချက်မတောင်းဘဲ မှိတ်ချသွားသည်။

တစ်ခါလောက်ပါပဲ..။ တစ်ခါလောက်ပဲ မင်းအလိုလိုက်မယ် ထယ်။

ငြိမ်နေတယ်ဆိုတာ မင်းကိုအလိုလိုက်နေတာပါ ထယ်..။

ငါမင်းအနမ်းတွေကို မကြိုက်ဘူး..။

အဲ့လိုလိမ်ချင်ပေမယ့် လိမ်မရတာတစ်ခုက မင်းနှုတ်ခမ်းတွေက တကယ်ချိုတယ်..။

Clover

Lilac Young

အားလုံးပဲ အစစအရာရာ ဂရုစိုက်ကြပါ။ အဆင်ပြေကြပါစေ။

Zawgyi

အခ်ိန္အေတာ္ၾကာ စာေရးၿပီးေတာ့ နာရီၾကည့္လိုက္ေတာ့ ညေန‌ေတာင္ေစာင္းၿပီ။ ထယ့္ကိုေတာင္ ေန႕လည္ေဆး မတိုက္လိုက္ရဘူး။

ဈာန္ဝင္သြားရင္ အရာအားလုံးကို ေမးသြားတတ္တာ ေကာင္းတဲ့အက်င့္ မဟုတ္မွန္းသိပါရဲ႕နဲ႕ မျပင္နိုင္ျပန္ဘူး။

ဟိုေကာင္ေလး ဒီအခ်ိန္အထိ အိပ္ေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ လို႔ေတြးကာျဖင့္ ထယ့္အခန္းေရွ႕ကို ေရာက္လာခဲ့သည္။

တံခါးေခါက္လိုက္ေတာ့ ဝင္ခဲ့ဆိုသည့္ အသံေလးေၾကာင့္ ဖြင့္ကာပင္ ဝင္လာခဲ့ေတာ့ မွန္ေရွ႕မွာရပ္ကာျဖင့္ ေသခ်ာျပင္ဆင္ေနေသာ ထယ္။ ၾကည့္ရတာ ဆိုင္ကိုသြားေတာ့မယ္ပုံပဲ။

' လက္ကသက္သာၿပီလား '

' နည္းနည္းေတာ့ နာေနေသးတယ္ '

အကၤ်ီကိုလည္း ကိုယ္တိုင္ဝတ္ေနပုံေထာက္ရင္ လက္က အဆင္ေျပေနပုံရသည္ေၾကာင့္ ေမးလိုက္ေတာ့ မွန္ေရွ႕မွာထိုင္ကာျဖင့္ ေခါင္းၿဖီးဖို႔ ျပင္ေနသည့္ ထယ္။

' ငါလုပ္ေပးမယ္ '

ထယ့္လက္ထဲက ဘီးကိုယူကာျဖင့္ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကို ေသခ်ာၿဖီးေပးမိသည္။

အျပာရင့္ေရာင္ဖဲသား ရွပ္လက္ရွည္ကို အနက္ေရာင္ေဘာင္းဘီရွည္နဲ႕ ဝတ္ဆင္ထားသည့္ ထယ္။

အေပၚၾကယ္သီး တစ္လုံးေလာက္ကို ျဖဳတ္ထားသည္ေၾကာင့္ လည္ပင္းသားေဖြးေဖြးကို ျမင္ေနရယုံတင္မကပဲ ရင္ဘတ္ကိုပါ ျမင္ေနရေသးသည္။ ဒီပုံစံနဲ႕ဆို ထယ့္ကို ဟိုေကာင္နဲ႕ က်ေနာ္လုံးဝစိတ္မခ်ပါ။

' ဆိုင္သြားေတာ့မလို႔လား '

' အင္း '

' ငါေရာလိုက္မယ္ '

' လိုက္ခ်င္လိုက္ေလ ငါခဏေနသြားေတာ့မွာ '

' ခဏေစာင့္ အေပၚဖုံးအကၤ်ီဝတ္ၿပီး ထြက္ခဲ့မယ္ '

ထယ္ကေခါင္းညွိတ္သည္မို႔ က်ေနာ္အခန္းျပင္ကို ထြက္ကာျဖင့္ ဗီရိုထဲက မိုးျပာေရာင္အေပၚဖုံး ရွပ္တစ္ထည္ ယူကာျဖင့္ ေကာက္ဝတ္လိုက္သည္။

' အာ..နမ္ကလဲ။ အခုလာေတာ့မွာပါ '

ထယ့္အသံၾကားသည္မို႔ ၾကည့္လိုက္ေတာ့ ဆိုဖာေပၚမွာ ထိုင္ကာျဖင့္ ကင္နမ္ဆိုသည့္ ေကာင္နဲ႕ဖုန္းေျပာေနပုံပဲ။

စိတ္မၾကည္ေသာ္လည္း မေႏွာက္ယွက္ခ်င္တာေၾကာင့္ ဖိနပ္စင္နားမွာ ထိုင္ကာျဖင့္ ဖိနပ္ႀကိဳးကိုသာ အၿငိဳးျဖင့္ ခ်ည္ေနမိသည္။

' အခုမွအိမ္ကေနထြက္မွာ လြမ္းလည္းခဏေစာင့္ေပါ့ကြာ.. '

ရယ္သံေလးေတြပါ ပါေနသည္မို႔ လွည့္ၾကည့္လိုက္ေတာ့ အေတာက္ပဆုံးၿပဳံးေနတာပါလား..

ေတာက္ပေပမယ့္ ကိုယ္နဲ႕မဆိုင္သည္မို႔ သိပ္သေဘာမက်ခ်င္..။

' ထယ္ သြားရေအာင္ေလ '

ေလသံေဖ်ာ့ေဖ်ာ့ျဖင့္ေျပာသည္မို႔ ထယ္ကက်ေနာ့္ဘက္လွည့္ကာ လက္ျပကာျဖင့္ ခဏေလးလို႔ေျပာသည္။

' ကားေပၚကေစာင့္ေနမယ္ ၿပီးရင္ဆင္းလာခဲ့ေတာ့ '

တံခါးမပိတ္ခင္ ခ်စ္တယ္ ဆိုသည့္ စကားသံေလးကို ၾကားလိုက္ရေသးတာေၾကာင့္ သက္ျပင္းဖြဖြ ခ်ကာျဖင့္ ကားထားရာ ေနရာကိုသာ တစ္လွမ္းခ်င္း ေလွ်ာက္လိုက္သည္။

ကားထိုင္ခုံေပၚ ေခါင္းမွီကာျဖင့္ မ်က္လုံးေတြကို မွိတ္ထားမိသည္။

မ်က္လုံးေတြကို ခဏမွိတ္ထားလိုက္ရင္ အေၾကာက္တရားေတြက ကင္းလြတ္သြားလိမ့္မယ္လို႔ တစ္စုံတစ္ေယာက္က ႏွစ္သိမ့္ေပးဖူးတယ္။

ဒီအခ်ိန္မွာေတာ့ အဲ့စကားက မမွန္ဘူးပဲ။ အခုခ်ိန္ထိ ေၾကာက္ေနမိတယ္..။

သိပ္မၾကာဘူး ကားေပၚေရာက္လာသည့္ ထယ္။ မ်က္လုံးေတြ မွိတ္ထားတာေတာင္ မင္းရနံ႕ေလးကို သိေနတဲ့ ငါစိတ္ေတြက သိပ္ကိုထူးဆန္းတာပဲ။

ဘာအသံကိုမွ မၾကားရသည္ေၾကာင့္ မ်က္လုံးေတြကို ဖြင့္ၾကည့္ေတာ့ က်ေနာ့္ကိုသာ ေမးေထာက္ၾကည့္ေနသည့္ ထယ္..။

ဘာျဖစ္ျပန္တာလဲ ထယ္။

က်ေနာ့္ေၾကာင့္ ေနာက္က်တယ္ျဖစ္မွာ စိုးတာေၾကာင့္ ထိုင္ခါးပတ္ကို ပတ္ကာျဖင့္ ကားစီရာတိုင္ေပၚ လက္အတင္

' မ်က္ႏွာလည္းမေကာင္းဘူး ဂြၽန္။ ဘာျဖစ္ေနတာလဲ '

သိရဲ႕နဲ႕ေမးေနသည့္ မင္းႏႈတ္ခမ္းေတြက ရက္စက္လြန္းတယ္..။

' နည္းနည္းစိတ္ရႈပ္ေနလို႔ပါ '

မင္းဆိုတဲ့ ေထာင္ေျခာက္ထဲကို ငါဟာအလိုလိုက်ၿပီးသားေပမယ့္ ႐ုန္းထြက္ခ်င္ေယာင္ေဆာင္မိသည္။ အဲ့ဒါမွ မင္းဒီထက္ပိုၿပီး ငါ့ႏွလုံးသားကို မကစားနိုင္မွာ..။

' ငါ့ေၾကာင့္လား။ သဝန္တိုေနတာမလား ? ဟုတ္တယ္မလား ? ခ္ခ္ '

တခ္ခ္ရယ္ကာျဖင့္ ေျပာလာသည့္ ထယ့္ကိုေခါင္းသာခါလိုက္မိသည္။ ဘာမွဆက္ေျပာစရာမွမလိုေတာ့တာ..။

ဆိုင္ကိုေရာက္ေတာ့ အားလုံးေတာင္ ျပင္ဆင္လို႔ၿပီးေနၿပီပဲ..။ အျပင္အဆင္က ခမ္းနားၿပီး မိုက္သည္မို႔ ထယ့္မ်က္ႏွာက တစ္ခ်က္ၿပဳံးသြားသည္။

ေနာက္ေတာ့ လိုအပ္တာေတြ ျပင္ဆင္ၿပီး က်ေနာ့္နားကိုလာထိုင္သည္။ မ်က္လုံးေတြကေတာ့ ဟိုၾကည့္သည္ၾကည့္ျဖင့္ တစ္စုံတစ္ေယာက္ကို ရွာေနဟန္။

ဘယ္သူ႕ကိုရွာေနလဲ သိေနတာေၾကာင့္ ဘာစကားမွမေျပာမိ။ ဖုန္းကိုသာ ထိုင္ကလိေနလိုက္သည္။

' ဂြၽန္ တစ္ခုခုစားမလား ဒါမွမဟုတ္ ဝိုင္တစ္ခြက္ေလာက္ေသာက္မလား '

' ေစာေသးတယ္ ထယ္။ ပါတီၿပီးတဲ့အခ်ိန္ထိ ငါျပန္မွာမဟုတ္ဘူး မင္းနဲ႕အတူတူျပန္မွာ '

' ၿပီးေရာေလ.. '

..ဒီဒီဒီဒီ..

ဖုန္းသံထားေလ့မရွိသည့္ ထယ့္ဖုန္းက စားပြဲေပၚမွာ တဒီဒီျဖင့္ ျမည္လာသည္ေၾကာင့္ မ်က္လုံးေတြက ဖုန္းမ်က္ႏွာျပင္ကို ၾကည့္လိုက္မိေတာ့ နမ္ ဆိုသည့္ နာမည္တစ္လုံးသာ။

' နမ္ မင္းေျပာေတာ့ ငါ့ကိုေစာင့္ေနတာဆို '

တစ္ဖက္ကရယ္သံကိုေတာင္ ဖုန္းထဲကတစ္ဆင့္ က်ေနာ္ေဘးကေန ၾကားလိုက္မိပါရဲ႕..။

သိပ္မၾကာဘူး ထယ္ကအျပင္ကိုထြက္သြားတာေၾကာင့္ မ်က္လုံးေတြက သူ႕ေနာက္ကပ္ပါသြားေသးတာ။ ရလိုက္တာကေတာ့ ေျဖာင့္တန္းတန္း မ်က္ခုံးေတြကို တြန႔္ခ်ိဳးေစတာပါပဲ။

' အကို တစ္ေယာက္ထဲလား။ မလာတာေတာင္ၾကာၿပီေနာ္။ ညီ့ကိုမွတ္မိလား '

ေဘးနားေရာက္လာသည့္ ေကာင္ေလးတစ္ေယာက္။

တစ္ေယာက္ထဲလားဆိုသည့္ အေမးကိုေတြးၾကည့္ေတာ့ အင္းတစ္ေယာက္ထဲလို႔ ေျပာလို႔ရျပန္သည္။ မွတ္မိလားဆိုေတာ့ ခ်စ္စရာေကာင္ေလးတစ္ေယာက္ဆိုေပမယ့္ ေသခ်ာသည္က က်ေနာ္တကယ္ကို မမွတ္မိပါ။

' နာမည္ေလးထပ္ေျပာၾကည့္ေလ.. ျပန္မွတ္မိနိုင္မလားလို႔ '

' အဲ့ဒါဆိုမမွတ္မိဘူးေပါ့။ '

ေကာ့ေနသည့္ မ်က္ေတာင္ေလးေတြက ပုတ္ခတ္ပုတ္ခတ္ျဖင့္ သိပ္လွသလို ျဖဴေဖြးေဖြး အသားအေရနဲ႕ ေသးသြယ္သည့္ ခႏၶာကိုယ္ကလည္း ဆြဲေဆာင္မႈရွိသည္။ ေကာ္ဖီေရာင္ ဆံပင္ေလးေတြေအာက္က မ်က္လုံးေလးေတြကလည္း လွသည္။

သို႔ေသာ္ အလွတရားဆိုတာကို သူကလြဲလို႔ တျခားသူအေပၚ မခံစားတတ္သည့္ က်ေနာ္ဟာ ဝတၱဳေတြေရးတိုင္း သူ႕ကိုသာ ရည္႐ြယ္လ်က္ ေရးသားခဲ့သည္။

ႏွလုံးသားကေဖာ္က်ဴးသည့္ သူ႕အတြက္အခ်စ္ကဗ်ာေတြကို စာသားေတြအျဖစ္ ေရးခ်လိဳက္ေတာ့ စာဖတ္သူေတြက သိပ္ႀကိဳက္တာပဲတဲ့..။

အေတြးေတြကို ခဏရပ္ကာျဖင့္ ေရွ႕ကေကာင္ေလးကို အာ႐ုံစိုက္လိုက္သည္။

' အင္း မမွတ္မိဘူး။ ကိုယ့္ကိုတစ္ခါေလာက္ထပ္ေျပာေပးေလ အဲ့ဒါဆို တစ္သက္လုံးမွတ္ထားေပးမယ္ '

မ်က္ေထာင့္မွအရိပ္ကေလးေၾကာင့္ ေဘးနားမွာ လာထိုင္သည့္ ေကာင္ေလးနဲ႕နီးကပ္ေအာင္ ထိုင္လိုက္ရင္း နီးနီးကပ္ကပ္ အေနအထားျဖင့္ ေမးလိုက္သည္။

နည္းနည္းေလးပဲျဖစ္ျဖစ္ မင္းစိတ္ေလးကို ခေလာက္ဆန္ေစခ်င္သည္ ထယ္။

ပင္လယ္ျပင္ကို ေလေျပေသြးသေလာက္ပါပဲ..။

' က်ေနာ့္နာမည္က '

' ဂ်ီယြန္း.. '

က်ေနာ့္ေရွ႕ကေကာင္ေလးက ၿပဳံးကာျဖင့္ ေျပာမလို႔ရွိေသး အရိပ္ငယ္ဟာ က်ေနာ္ေဘးကို ေရာက္လာခဲ့ၿပီ။

ထယ္ႏႈတ္က ထြက္လာသည့္ နာမည္ၾကားမွ မ်က္စိေရွ႕က ေကာင္ေလးကို ျပန္မွတ္မိေတာ့သည္။

' ဟုတ္ အစ္ကို '

' ပါတီကလည္းစေတာ့မွာဆိုေတာ့ ျပင္စရာရွိတာ သြားျပင္ေတာ့ေလ။ ဂြၽန႔္ကိုသူ႕ဘာသူေနပါေစ ဂြၽန္ကအဲ့လိုမ်ိဳးေတြစိတ္မဝင္စားဘူး '

ထယ္ကထိုသို႔ေျပာလိုက္ေတာ့ ဂ်ီယြန္းက က်ေနာ့္ကိုၿပဳံးျပကာျဖင့္ ထြက္သြားသည္။ ၾကည့္မိေတာ့ ထယ့္အျပင္ အေနာက္က ပါလာသည့္ ကင္နမ္ဆိုသည့္ ေကာင္ေၾကာင့္ က်ေနာ္ထိုေနရာက ထြက္ကာျဖင့္ Bar မွာသာ သြားထိုင္ေနလိုက္သည္။

ဂြၽန္ထြက္သြားသည္ေၾကာင့္ ထယ္ဆိုဖာေပၚမွာသာ ထိုင္ကာျဖင့္ မ်က္ႏွာကိုသက္ခ်လိဳက္သည္။

မၾကာေသးခင္ကမွ နမ္နဲ႕စကားမ်ားထားသည္ကို ဆိုင္ထဲျပန္ဝင္လာေတာ့ ဂြၽန့္ကိုဟိုေကာင္ေလးနဲ႕ ျမင္လိုက္ရေတာ့ မၾကည္သည့္ စိတ္ကပိုလို႔ပင္ ေနာက္လာရသည္။

ဒါေတာင္ေကာင္းေကာင္းမေနရ။ ခါးေတြကို ကိုင္လာကာျဖင့္ အလိုက္မသိစြာပင္ အနားကိုကပ္လာသည့္ နမ့္ေၾကာင့္ စိတ္ရွိတိုင္းသာဆို ေပါက္ကြဲလိုက္ခ်င္သည္။ ထိန္းထားရသည္မွာ ထိုသူက နမ္ျဖစ္ေနလို႔သာ..။

' ဟူးး..။ နမ္ ငါစိတ္မၾကည္လို႔ ငါ့ကိုမေႏွာက္ယွက္ပါနဲ႕ '

' ကိုယ္ကမင္းအတြက္အေႏွာက္အယွက္လား အခ်စ္ ဟမ္.. '

' ဘယ္သူနဲ႕မွစကားမေျပာခ်င္လို႔ ခဏေလာက္ၿငိမ္ၿငိမ္ေလးေနေပးပါ။ ငါေတာင္းဆိုေနတာ နမ္ '

' ဟုတ္ၿပီေလ ကိုယ္သန႔္စင္ခန္းသြားလိုက္အုန္းမယ္ '

ထြက္သြားသည့္ ေက်ာျပင္ကိုၾကည့္ကာပင္ ေတာက္တစ္ခ်က္ေခါက္လိုက္မိသည္။ ေနာက္ေတာ့ သတိရလိုက္တာက ဟိုေကာင္ေလး..။

' ဒုန္း !!! '

ေက်ာျပင္ႏုႏုကို ဆြဲကာျဖင့္ သံဗီရိုထံ ကိုင္ေပါက္လိုက္သည္ေၾကာင့္ ဂ်ီယြန္းမ်က္ႏွာဟာ ရႈံမဲ့သြားရသည္။ နာက်င္သည္မဟုတ္ေပမယ့္ လန႔္သြားသည္ေၾကာင့္ သူေရွ႕တည့္တည့္က လူကိုၾကည့္မိေတာ့

' အစ္ကို.. ဘာျဖစ္လို႔လဲ။ က်ေနာ့္ကိုဘာလို႔ဒီလိုလုပ္တာလဲ '

' ဂြၽန႔္နားကိုမကပ္နဲ႕။ မင္းႀကိဳက္တဲ့ သူေဌးကိုေျပာ စီစဥ္ေပးမယ္ '

အနည္းငယ္အံဩေပမယ့္လည္း ဘာလို႔လဲဆိုသည့္ အေၾကာင္းကိုေတာ့ သူမေမးျဖစ္ပါ။ ဂြၽန္ဆိုတာ အစ္ကိုနဲ႕ အရမ္းရင္းႏွီးတာမလား။

အလိုက္သင့္ ေခါင္းၿငိမ့္လိုက္ေတာ့မွ အစ္ကိုက

' ေနာက္တစ္ခါ ဂြၽန႔္နားကိုသူမေခၚဘဲ ဘယ္ေတာ့မွသြားမကပ္နဲ႕ '

သတိေပးစကားက သိပ္မမာေၾကာေသာ္လည္း ေၾကာက္မိသည့္ စိတ္ေတြေၾကာင့္ ေခါင္းကိုသာ ညွိတ္လိုက္သည္။

အစ္ကိုထြက္သြားမွ ရင္ဘတ္ဖိကာ သက္ျပင္းခ်နိဳင္သူ။

' အခ်စ္..။ ကိုယ့္သူငယ္ခ်င္းေတြေရာက္လာၿပီ မင္းနဲ႕မိတ္ဆက္ေပးမယ္ '

နားေနခန္းထဲကလည္း ျပန္ထြက္လာေရာ နမ္ကအနားကို ေရာက္လာတာေၾကာင့္ သက္ျပင္းေတာ့ ခ်ျဖစ္ေအာင္ ခ်လိဳက္မိေသးသည္။

နဂိုထဲက နမ္ကသူ႕သူငယ္ခ်င္းေတြနဲ႕ မိတ္ဆက္ေပးမယ္လို႔ ေျပာထားတာေၾကာင့္ ေခါင္းညွိတ္ကာပင္ သူ႕သူငယ္ခ်င္းေတြရွိရာ အခန္းကိုလိုက္လာခဲ့သည္။

အခုမွသူ႕ကိုယ္တိုင္ ျပင္ခိုင္းထားသည့္ အခန္းအျပင္အဆင္က မ်က္စိေနာက္စရာေကာင္းေနသလိုပဲ။ နမ္ကလက္ကိုဆြဲကာျဖင့္ ဆိုဖာမွာ ထိုင္ခိုင္းသည္။

' အားလုံးပဲ ဒါငါ့ခ်စ္သူ ကင္ထယ္ေဟ်ာင္းတဲ့ '

' မင္းကတကယ္ခ်စ္စရာေလးကိုရထားတာပဲ နမ္။ ငါတို႔ေတာင္ အားက်လာၿပီ '

မၿပဳံးခ်င္ေသာ္လည္း ယဥ္ေက်းမႈအရ ျပန္ၿပဳံးျပကာျဖင့္ ၿငိမ္ေနလိုက္သည္။

' နမ္။ မင္း အိမ္ဂ်ယ္နဲ႕ေတြ႕ၿပီးၿပီလား '

တစ္ဖက္လူရဲ႕စကားေၾကာင့္ က်ေနာ့္ခါးေပၚက နမ့္လက္ေတြက ျပဳတ္က်သြားသည္။

' ဘာကိစၥ သူ႕အေၾကာင္းကပါလာတာလဲ '

နမ္ကိုၾကည့္ရတာ တစ္ခုခုကို စိုးရိမ္ေနပုံေပၚသည္မို႔ ၿပဳံးလိုက္မိသည္။ အိမ္ဂ်ယ္ဆိုတာ နမ္ရႈပ္ေနသည့္ ေကာင္မေလးျဖစ္မယ္။

' ငါသူ႕ကိုဖိတ္ထားတယ္ မၾကာခင္ေရာက္လာလိမ့္မယ္ '

တစ္ဖက္လူစကားေၾကာင့္ နမ့္မ်က္ခုံးေတြက တြန႔္ခ်ိဳးကာျဖင့္ စိတ္ရႈပ္ေထြးသြားတာေတာ့ သိပ္သိသာသည္။ ေဒါသထြက္သင့္ေပမယ့္ က်ေနာ့္စိတ္က ထူးဆန္းစြာပင္ ေပ်ာ္ေနမိသည္။

သိပ္မၾကာပါဘူး အိမ္ဂ်ယ္ဆိုသည့္ မိန္းကေလးက ေရာက္လာသည္ေၾကာင့္ နမ္ဟာ ေရွ႕မွာရွိေနသည့္ အရက္ျပင္းျပင္းတစ္ခြက္ကို တစ္ခါထဲေမာ့ခ်လိဳက္သည္။ မသိခ်င္ေယာင္ေဆာင္ေနသည့္ က်ေနာ့္ကို နမ္ကေလ်ာ့တြက္ထားပုံရသည္မို႔ ပိုလို႔ပင္ ၿပဳံးလိုက္သည္။

အမွန္ေတာ့ ညေနကစကားမ်ားထားတာနဲ႕ပတ္သတ္ၿပီး က်ေနာ့္နမ့္ကိုမၾကည္ပါ။ က်ေနာ့္ကို လက္နဲ႕႐ြယ္လိုက္သည္ေၾကာင့္ ပိုလို႔ပင္ မၾကည္ပါ။

မသိခ်င္ေယာင္ေဆာင္ကာျဖင့္ နမ္သူငယ္ခ်င္းတစ္ေယာက္နဲ႕ စကားေျပာေနခ်ိန္မွာပဲ ဘယ္တုန္းကထြက္သြားမွန္းမသိတဲ့ နမ္ႏွင့္ အိမ္ဂ်ယ္မည္သည့္ မိန္ကေလး..။

ဘယ္ရမလဲဆိုသည့္ အေတြးနဲ႕အတူ အျပင္ကိုထြက္လာခဲ့သည္။ ေတာ္ေတာ္ရွာၿပီးေနာက္ ေတြ႕လိုက္ရသည့္ ေပ်ာ္႐ႊင္စရာျမင္ကြင္း..။

ထိုမိန္းကေလးကို ဖက္ထားသည့္ နမ္က ေကာင္ေကာင္းစြပ္စြဲလို႔ရမည့္ အျပဳအမူမ်ိဳးကို ျပဳေနသည္မဟုတ္ေပမယ့္လဲ က်ေနာ္ကကင္ထယ္ေဟ်ာင္း ျဖစ္တာေၾကာင့္ ေျခလွမ္းေတြက နမ္နဲ႕ ထိုမိန္းကေလးဆီ..။

နမ့္ရင္ခြင္ထဲ ျမဳပ္ေနသည့္ မိန္းကေလးရဲ႕ပုခုံးကို ပုတ္လိုက္ေတာ့ ျပန္ၾကည့္လာသည့္ မ်က္ႏွာႏုႏုေလးကို ၾကည့္ကာ နည္းနည္းေတာ့သနားမိသား ဒါေပမယ့္ ဘယ္တတ္နိုင္ပါ့။

' မင္းသူ႕ကိုႀကိဳက္လား '

' သူကကြၽန္မခ်စ္သူပဲ ေျဖစရာေတာင္လိုမယ္မထင္ဘူး '

မ်က္ႏွာေျပာင္တိုက္ကာျဖင့္ ေျပာလာသည့္ ထိုမိန္းကေလးကို ၾကည့္ကာျဖင့္ ေဒါသေတာင္ ထြက္လာရသည္။

' အဲ့ဒါဆိုလဲ မင္းပဲျပန္ယူလိုက္ပါ။ နမ့္ကိုငါပစ္လိုက္ၿပီမို႔လို႔ '

' အခ်စ္။ မင္းအထင္လြဲေနတာ ကိုယ္ရွင္းျပပါ့မယ္ '

ျပာျပာသလဲ ေျပာလာသည့္ နမ့္ကိုၾကည့္ကာ တစ္ခ်က္မဲ့ၿပဳံးၿပဳံးကာျဖင့္ ထြက္လာခဲ့ေတာ့ ေနာက္ကေန ဆက္လိုက္လာသည့္ နမ္ဆိုသည့္ က်ေနာ့္ရည္းစားေဟာင္း။

ဖန္ကြဲစထိထားသည့္ လက္ကို ခ်က္ခ်င္းလွမ္းဆြဲလိုက္သည္ေၾကာင့္ အသည္းထဲထိ စိမ့္၍နာရသည္။ မင္ေတာင္ ငါနာမွာစိုးလို႔ ပတ္တီးကို သတိထားၿပီးစည္းေပးခဲ့တာ ဂြၽန္ကလည္း ဇြန္းမကိုင္နိုင္လို႔ ဂ႐ုတစိုက္ ခြံေကြၽးခဲ့တာကို အခုခ်စ္သူျဖစ္တဲ့သူက သတိမမူပဲ လွမ္းဆြဲလိုက္သည္တဲ့လား။

သိပ္ရယ္စရာေကာင္းသည္။

' ေဆာရီး အခ်စ္ မင္းလက္ကဘာျဖစ္တာလဲ '

တစ္ခ်ိန္လုံးအတူတူရွိေနတာကိုေတာင္ က်ေနာ့္လက္ဘာျဖစ္ထားလဲ သတိမထားရေအာင္ နမ္ကသိပ္စိတ္တိုဖို႔ေကာင္းသည္။

' ငါ့ကိုလႊတ္ '

' မင္းအထင္လြဲေနတာပါ အခ်စ္ရာ..။ မင္းထင္သလို ကိုယ္ေဖာက္ျပန္ေနတာမဟုတ္ဘူး '

နမ့္စကားဆုံးေတာ့ ၿပဳံးလိုက္မိပါသည္။

' ေဖာက္ျပန္လို႔ရပါတယ္။ အဲ့လိုဆိုရင္ေတာင္ ခြင့္လႊတ္လို႔ရေသးတယ္။ ဒါေပမယ့္ ငါအမုန္းဆုံးက ေယာက်ာ္းေလးျဖစ္တဲ့ ငါနဲ႕တြဲၿပီး ေဖာက္ျပန္တဲ့သူက မိန္းကေလးျဖစ္ေနတာကို ငါမုန္းတယ္ နမ္ '

' အခ်စ္ '

' ဆက္လိုက္မလာနဲ႕ေနာ္။ ငါ့အေပၚခံစားခ်က္ရွိေသးရင္ေပါ့ '

ခပ္ျပက္ျပက္ေျပာကာပင္ မီးေရာင္စုံေတြနဲ႕ ကခုန္ေနၾကသည့္ လူအုပ္ထဲ ဝင္လာလိုက္သည္။ အေမွာင္ထဲ ထင္းေနသည္က မိုးျပာေရာင္ လက္ရွည္အကၤ်ီနဲ႕ ဂြၽန္။ လက္ရွည္အကၤ်ီကို လက္နားကၾကယ္သီးကို ျဖဳတ္ထားသည္ေၾကာင့္ ျမင္ေနရသည့္ အနက္ေရာင္ တက္တူးေတြ..။

အရက္ခြက္ကို ကိုင္ကာျဖင့္ မေသာက္ပဲ လွည့္တတ္သည္က ဂြၽန႔္အက်င့္တစ္ခုပင္။

အေနာက္ကလိုက္ေခၚေနသည့္ နမ့္အသံကိုၾကားေတာ့ ေျခလွမ္းေတြက ဂြၽန႔္ဆီလွမ္းရင္း ဂြၽန႔္လက္ကိုဆြဲကာျဖင့္ အကြယ္တစ္ေနရာကို ေခၚလာခဲ့သည္။

ေၾကာင္ေတာင္ေတာင္ျဖင့္ လိုက္လာသည့္ ဂြၽန္ကမ်က္လုံးေတြ ပုတ္ခတ္ပုတ္ခတ္ျဖင့္သာ..

' ဘာျဖစ္လို႔လဲ ပါတီကေရာၿပီးသြားၿပီလား '

' မၿပီးေသးဘူး။ မင္းငါ့ကိုစိတ္ဆိုးမွာလား '

' ဘာေတြဒုကၡေပးအုန္းမလို႔လဲ '

စကားေတြအရေတာ့ သိပ္မခ်ိဳသာလွေပမယ့္ ဂြၽန႔္မ်က္ႏွာေလးကေတာ့ ႐ႊင္ျပေနပါသည္။

' နမ္းခ်င္တယ္။ '

ထင္မထားသည့္ ထယ့္စကားကို ဘာျပန္ေျပာရမလဲ အေတြးႏြံ႕နစ္ေနတုန္း တိုးကပ္လာသည့္ မ်က္ႏွာေလးနဲ႕အတူ က်ေနာ့္ႏႈတ္ခမ္းေတြကို ထိကပ္လာသည့္ အိစက္ေနသည့္ ႏႈတ္ခမ္းသားေလး။

ေအာက္ႏႈတ္ခမ္းသားကို ႏူးႏူးညံ့ညံ့ေလး ဆြဲယူေနသည္မို႔ က်ေနာ့္လက္ေတြ အနည္းငယ္ တုန္ရီလာသည္။

သြယ္လ်သည့္ လက္ေခ်ာင္းေလးေတြက က်ေနာ့္လည္ပင္းေတြကို ကိုင္ကာျဖင့္ ပိုမိုစုပ္ယူကာျဖင့္ နမ္းလာသည့္ ထယ့္ႏႈတ္ခမ္းသားမ်ား..။

ခ်ိဳလြန္းသည့္ ႏႈတ္ခမ္းပါးေတြဟာ စြဲလမ္းေစသည့္ စီးကရက္တစ္လိပ္လို အႏၲရာယ္မ်ားလွသည္ေၾကာင့္ တြန္းလႊတ္ဖို႔ စဥ္းစားမိေသာ္လည္း တိုးဝင္လာသည့္ လ်ာဖ်ားေႏြးေႏြးေၾကာင့္ မ်က္လုံးေတြက ခြင့္ျပဳခ်က္မေတာင္းဘဲ မွိတ္ခ်သြားသည္။

တစ္ခါေလာက္ပါပဲ..။ တစ္ခါေလာက္ပဲ မင္းအလိုလိုက္မယ္ ထယ္။

ၿငိမ္ေနတယ္ဆိုတာ မင္းကိုအလိုလိုက္ေနတာပါ ထယ္..။

ငါမင္းအနမ္းေတြကို မႀကိဳက္ဘူး..။

အဲ့လိုလိမ္ခ်င္ေပမယ့္ လိမ္မရတာတစ္ခုက မင္းႏႈတ္ခမ္းေတြက တကယ္ခ်ိဳတယ္..။

Clover

Lilac Young

အားလုံးပဲ အစစအရာရာ ဂ႐ုစိုက္ၾကပါ။ အဆင္ေျပၾကပါေစ။

Continue Reading

You'll Also Like

206K 19.2K 27
You're my BELOVED one ~ #Taekook
4M 253K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.8M 161K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
40.7M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...