(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

709K 152K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်

4.3K 937 121
By Xiao_Yiii

Unicode

အခန်း(၂၅၂)
 နှစ်ယောက်တည်းစကားပြောမယ်

ယန်ထျန်းဟန်မှာရုတ်တရက်ကြီးသူ့မူလဇစ်မြစ်ကိုသိသွားရတဲ့အပြင်သူ့မိဘနှစ်ပါးရဲ့အချစ်အမုန်းဆက်ဆံရေးကိုလေ့လာလိုက်ရသည်။ဒါ့အပြင်လူအများကြီးကလည်းသူ့ကိုအမဲလိုက်သလိုလိုက်နေကြောင်းကြားသွားခဲ့ရပြန်သည်။ထို့ကြောင့်သူ့မှာသဘာဝကျကျပင်စိတ်အခြေအနေမကောင်းဖြစ်နေပြီးစိုးရိမ်ပူပန်မှုနှင့်ကြောက်လန့်မှုကိုခံစားနေရသည်။

သူကြောက်တာကအနှေးနဲ့အမြန်တစ်နေ့နေ့မှာလင်ရွှမ်းဇီကိုသူနဲ့အတူဆွဲချမိသွားမှာကိုပဲ

သူက'ကောင်းကင်ဘုံရဲ့တာအိုသည်မျှတပေလိမ့်မည်၊သို့သော်အပြစ်ကျူးလွန်သူများကတော့လွတ်လိမ့်မည်မဟုတ်'ဆိုသည့်အတိုင်းတစ်နေ့မှာသူနဲ့လင်ရွှမ်းဇီတို့သူ့ရဲ့သွေးကြောင့်အတင်းအကြပ်ခွဲခံရပြီးဒီလိုမျိုးအတူတကွပျော်ပျော်ရွှင်ရွှင်မနေနိုင်တော့မှာကိုလည်းစိုးရိမ်မိရပြန်သည်။

ယန်ထျန်းဟန်က,ငိုယိုပြီးကလေးဆန်စွာပြုမူပြောဆိုနေသော်လည်းတကယ်တမ်းသူ့စိတ်နှလုံးသားထဲမှာတော့သူ့ရဲ့ကိုယ်ပိုင်အတွေးအမြင်နှင့်ယုံကြည်မှုများရှိသည်။

သူကလိမ္မာပါးနပ်တဲ့သူတစ်ယောက်လို့လင်ကျန်တစ်ခါကပြောဘူးသည်။ဒီကလေးကပေါက်စလေးအရွယ်လောက်ကတည်းကအမြဲတမ်းဉာဏ်ကောင်းခဲ့တာဖြစ်၏။

ယန်ထျန်းဟန်ကဖုန်ကျင်းယွီရှေ့မှာရပ်လိုက်၍ခေါင်းကိုငုံကာဖီးနစ်ပေါက်လေးအားငုံ့ကြည့်လိုက်သည်။

"အကိုကြီး,ကျွန်တော်မောက်မောက်နဲ့နှစ်ယောက်တည်းစကားပြောလို့ရမလား?"

လင်ရွှမ်းဇီကဖုန်ကျင်းယွီကိုတစ်ချက်စောင်းကြည့်လိုက်ပြီးခေါင်းညိတ်ပြလိုက်သည်။

"အကိုကြီးအခန်းထဲမှာပဲစောင့်နေလိုက်မယ်"

"ဟုတ်" ယန်ထျန်းဟန်ကလင်ရွှမ်းဇီကိုပြန်လှည့်ပြီးပြုံးပြလိုက်သေးသည်။

လင်ရွှမ်းဇီရဲ့မျက်လုံးများကတော့နူးညံ့လို့နေ၏။ "အများကြီးစိတ်ပူမနေနဲ့"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြသည်။

လင်ရွှမ်းဇီထွက်သွားပြီးနောက်မှာဖုန်ကျင်းယွီကသူ့လည်ချောင်းကိုရှင်းပြီးသူ့ရဲ့အကောင်ပေါက်အသံလေးနဲ့ပြောလာသည် "အဲ့ဒါက-"

"ဒီကိစ္စတွေငါ့အကိုကြီးကိုပြောပြဖို့မင်းကိုဘယ်သူကခွင့်ပေးလိုက်လို့လဲ?ငါကစေတန်နတ်ဆိုးနော်;မင်းစိတ်ထဲမှာငါကသက်ရောက်မှုတွေကိုမသိဘူးများထင်နေလို့ငါ့အကိုကြီးကိုသတိသွားပေးလိုက်တာလား?"

ယန်ထျန်းဟန်ကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်ရင်းသူ့အကြည့်ကတော့ရေခဲလိုအေးစက်နေသည်။သူကဖုန်ကျင်းယွီရဲ့ခပ်တုတ်တုတ်ကိုယ်လေးကိုဆွဲယူလိုက်၍သူ့လက်ထဲကိုင်ထားလိုက်ပြီးသူ့လက်ချောင်းနှစ်ချောင်းဖြင့်ဖုန်ကျင်းယွီရဲ့လည်ပင်းပုတိုလေးကိုညှစ်လိုက်လေသည်။

ဖုန်ကျင်းယွီမှာကြောက်လန့်တကြားဖြစ်သွားရသည်။သူကအတောင်ပံကိုခတ်လိုက်ချင်သော်လည်းယန်ထျန်းဟန်ရဲ့အင်အားကသာမာန်မဟုတ်ပေ။သူ့မှာလည်ပင်းအစ်ပြီးသေတော့မတတ်ပင်။

ဖုန်ကျင်းယွီကသာမာန်ငှက်တစ်ကောင်မဟုတ်ချေ။ထို့ကြောင့်သဘာဝကျကျပင်တစ်စုံတစ်ယောက်ကသူ့ကိုလည်ပင်းညှစ်တာလောက်နဲ့ပြန်မကိုက်ဘူးဖြစ်၏။သို့သော်ယန်ထျန်းဟန်ကတော့ဆိုးသွမ်းသောသတ်ဖြတ်ခြင်း၏ရည်ရွယ်ချက်နှင့်အန္တရာယ်ကိုရှင်းရှင်းလင်းလင်းနားလည်စေသည်။

ဖုန်ကျင်းယွီကအလျင်အမြန်ပဲပြောလိုက်သည်။

"မင်းကစေတန်နတ်ဆိုးဆိုတာဟိုးတုန်းကတည်းကမင်းအကိုကြီးကသိပြီးသားဟ-အွတ်"  ပြောရင်းဖြင့်ချောင်းပါတစ်ဟွတ်ဟွတ်ဆိုးသွားရသည်။

မိုးနတ်မင်းရေ,တစ်ယောက်ယောက်သနားစရာဖီးနစ်လေးကိုသတ်တော့မယ်!ဒီညီအစ်ကိုနှစ်ယောက်ကတကယ့်ကိုညီအစ်ကိုတွေပဲ,ငါ့ကိုလည်ပင်းညှစ်တဲ့လှုပ်ရှားမှုကတောင်တစ်ပုံစံတည်းပဲဟ!

ယန်ထျန်းဟန်ကအေးစက်စက်ရယ်လိုက်ပြီးသူ့ရဲ့ညှစ်အားကိုအနည်းငယ်ဖြေလျော့ပေးလိုက်သည်။

"ငါကစေတန်နတ်ဆိုးဆိုတာသူသိနေတယ်ဆိုတာငါသိပြီးသား....ငါကဘယ်လိုလူမျိုးလည်းဆိုတာကိုပါဟိုးတုန်းကတည်းကငါ့ကိုယ်ငါသိတယ်ဒါပေမဲ့ငါ့အကိုကြီးကအားလုံးကိုမသိချင်ယောင်ဆောင်ပြီးတစ်ခါမှထုတ်မပြောခဲ့ဘူး....သူကငါ့ကိုဒီလိုပြဿနာတွေအတွက်နဲ့စိတ်ပူမနေစေချင်တာ....အခုတော့မင်းကငါ,ကိုယ့်ဇစ်မြစ်ကိုသိနေတယ်ဆိုတဲ့အကြောင်းသူသိသွားအောင်လုပ်လိုက်တယ်....သူသေချာပေါက်ငါဝမ်းနည်းပြီးကြေကွဲနေတယ်လို့တွေးနေတော့မှာပြီးတော့ငါ့ထက်တောင်ပိုပြီးစိတ်ပူပန်နေဦးမယ်"

ယန်ထျန်းဟန်မှာတကယ်ပဲဒီအာချောင်လှတဲ့ငှက်ပေါက်ကိုသတ်ပစ်ချင်နေတာဖြစ်သည်။

သူနတ်ဆိုးအတတ်ကိုကျင့်ကြံနေကြောင်းလင်ရွှမ်းဇီသိပြီးကတည်းကရှိသမျှအသက်ကယ်မှော်ရတနာတွေအားလုံးကိုယန်ထျန်းဟန်တစ်ယောက်တည်းပေါ်မှာပုံအပ်ပစ်သည်။နောက်ပိုင်းမှာယန်ထျန်းဟန်ကစေတန်နတ်ဆိုးပါဖြစ်နေကြောင်းသိသွားတော့လည်းနေ့တိုင်းညတိုင်းစိတ်ပူနေခဲ့တာကြောင့်ကောင်းကောင်းတောင်အိပ်မပျော်ဖြစ်ခဲ့ရပြန်သည်။သူကသူ့ကျင့်ကြံရေးကိုတိုးတက်အောင်နဲ့သူ့ဆက်သွယ်ရေးကွန်ယက်ကျယ်ပြန့်လာအောင်ပါသူ့ကိုယ်သူအတင်းအကြပ်ဖိအားပေးခဲ့သည်။နေ့တိုင်းညအတိုင်းလည်းအနားမယူပဲမှော်ရတနာများသန့်စင်ခဲ့ပြီးတစ်နေ့နေ့ယန်ထျန်းဟန်ရဲ့အကြောင်းတွေအကုန်ပေါ်သွားရင်သူ့အနေနဲ့ကူကယ်ရာမဲ့ပြီးယန်ထျန်းဟန်အနိုင်ကျင့်ခံရမည်အားမကာကွယ်နိုင်မှာစိုးရိမ်ကြောက်လန့်နေခဲ့သည်။

လင်ရွှမ်းဇီကအဲ့ဒါတွေအားလုံးကိုထုတ်မပြောခဲ့ပေမယ့်ယန်ထျန်းဟန်ကတော့အရာအကုန်လုံးကိုသူ့မျက်လုံးနဲ့မြင်ခဲ့ပြီးသူ့နှလုံးသားထဲမှာသိမ်းဆည်းထားသည်။

သူကအရမ်းကြီးနုံအနေတာမဟုတ်သလိုအရမ်းကြီးရိုးရှင်းနေတဲ့သူလည်းမဟုတ်ပေ။သူ့ရဲ့နုံအမှု၊လစ်လျူရှုမှုနဲ့ကလေးဆန်မှုအားလုံးကလင်ရွှမ်းဇီရဲ့မျက်နှာကိုထောက်ပြီးတမင်ရည်ရွယ်ပြသခြင်းများသာဖြစ်သည်။သေချာပေါက်အဲ့ဒီထဲမှာသူလင်ရွှမ်းဇီကိုတွေ့တိုင်းကိုယ်ကိုကိုယ်မထိန်းချုပ်နိုင်ပဲပြုမူပြောဆိုခဲ့တဲ့စိတ်ရင်းမှန်တွေလည်းပါတာပေါ့

လင်ရွှမ်းဇီကသူ့အတွက်အရာအားလုံးကိုခံယူပေးထားသည်။သူ့ကိုလင်ရွှမ်းဇီကိုင်ထားပေးတဲ့ကောင်းကင်ကြီးအောက်မှာသာလုံလုံခြုံခြုံနဲ့စိတ်ပူပန်မှုတစ်ခုတစ်လေမရှိသောလွတ်လပ်တဲ့ဘဝကိုခံစားစေချင်သည်။မူလကတော့ယန်ထျန်းဟန်ကအရာအားလုံးကိုမသိမတတ်သလိုဟန်မဆောင်ချင်သော်လည်းသူသေချာဂရုတစိုက်စမ်းစစ်ကြည့်ပြီးနောက်မှာသူဘာမှမသိဘာမှမစဉ်းစားပဲနေခြင်းကသာလင်ရွှမ်းဇီကိုပိုပြီးစိတ်သက်တောင့်သက်သာဖြစ်စေမှန်းသိသွားရသည်။

ထို့ကြောင့်လည်းယန်ထျန်းဟန်ကဘာကိုမှသိပ်မသိပဲအလိုလိုက်ခံရခြင်းကိုဂုဏ်ယူဝံ့ကြွားတတ်တဲ့ယန်ထျန်းဟန်အနေနဲ့သာဆက်ရှိနေခဲ့သည်။

ဒါပေမဲ့ဒီတစ်ယူသန်ပြီးတုံးအတဲ့ငှက်အစုတ်ပလုပ်ကလင်ရွှမ်းဇီကိုအရာအားလုံးထုတ်ပြောလိုက်ပြီးသူ့အတွက်ပိုပြီးကြီးတဲ့ဝန်ထုတ်ဝန်ပိုးကိုပေးလိုက်သေးတယ်။ဒါဟာယန်ထျန်းဟန်ကိုအတော်လေးဒေါသထွက်စေပြီးသူ့မျက်လုံးတွေကိုတောင်လှိမ့်မိတော့မယ်!

ဖုန်ကျင်းယွီရဲ့မျက်နှာသည်လည်းအံ့အားသင့်ခြင်းများ,ကြောင်တောင်တောင်ဖြစ်သွားခြင်းများနှင့်ပြည့်နှက်သွားရသည်။

သူဘယ်လိုများဒီလောက်ရက်တွေကြာသွားတာတောင်မမြင်ခဲ့ရတာလဲ?ယန်ထျန်းဟန်ရဲ့ဒီလိုမျိုးရိုးရှင်း၊အပြစ်မရှိပဲအတော်လေးနုံအတဲ့အခွံအောက်မှာဒီလိုလှည့်ကွက်တွေနဲ့ပြည့်နေတဲ့စိတ်နှလုံးမဲနက်တဲ့သူရှိနေတယ်ဆိုတာကို!

ဖုန်ကျင်းယွီကအနက်ရောင်အခိုးအငွေ့များထွက်လာသည့်ယန်ထျန်းဟန်ကိုကြည့်ပြီးတုန်ယင်နေသည့်အသံဖြင့်ပြောလာသည်။

"အကယ်၍,အကယ်၍မင်းသာငါ့ကိုမင်းကအပေါ်ယံကမြင်ရသလိုမျိုးအတီးအတပုံမဟုတ်ဘူးဆိုတာစောစောပြောခဲ့ရင်ငါ....ဒီဘုရင်ကသေချာပေါက်ဒုတိယအကောင်းဆုံးကိုရွေးချယ်ပြီးမူလကတည်းကကိစ္စအားလုံးရဲ့အပြင်ဘက်မှာရှိနေသင့်တဲ့လင်ရွှမ်းဇီကိုရှာခဲ့မှာမဟုတ်ဘူး"

"အဲ့ဒါကြောင့်လည်းငါသည်းမခံနိုင်တာပေါ့မင်းရဲ့အမွှေးကိုနှုတ်ပြီးမင်းကိုကင်ပစ်လိုက်ချင်တယ်"

ယန်ထျန်းဟန်ကဖုန်ကျင်းယွီကိုမျက်စောင်းထိုးပြီးမှလွှတ်ပေးလိုက်ကာဆူလိုက်သည်။

"ဒါပေမဲ့ငါသတိပေးထားမယ်နော်အကယ်၍သာအနာဂတ်မှာငါ့အကိုကြီးကိုပေါက်ကရတွေလျှောက်ပြောရဲသေးတယ်ဆိုရင်ငါသေချာပေါက်အခွင့်အရေးရှာပြီးမင်းကိုကင်ပစ်မှာ"

ဖုန်ကျင်းယွီကအလျင်အမြန်ပင်သဘောတူကြောင်းခေါင်းညိတ်ပြသည်။

ကင်တာအဆင်ပြေတယ်,ကင်တာအဆင်ပြေတယ်....ဘယ်လိုပဲဖြစ်ဖြစ်သူမကြောက်ဆုံးအရာကအကင်ခံရမှာကိုပဲ

ကနဦးထိတ်လန့်မှုပြီးနောက်မှာဖုန်ကျင်းယွီသည်လည်းယန်ထျန်းဟန်နဲ့ပတ်သတ်ပြီးကြောက်လန့်မှုလျော့နည်းသွားသည်။

အဲ့ဒီအစားဒီကလေးကအတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့တွေးမိ၏။ထို့ကြောင့်သူကအတောင်ပံကိုခတ်လိုက်ရင်းယန်ထျန်းဟန်ပုခုံးပေါ်မှာနားကာသူ့ကိုမျက်လုံးပင့်ပြသည်။

"ကောင်စုတ်လေး,လင်ရွှမ်းဇီရှေ့မှာတစ်နေကုန်အရူးတစ်ယောက်လိုဟန်ဆောင်နေတဲ့အပြင်ဒီဘုရင်ကိုပါအရူးလုပ်လိုက်သေးတယ်...မင်းကတကယ်ကြီးအံ့သြဖို့ကောင်းတာပဲနော်"

ယန်ထျန်းဟန်ကတော့ထိုင်ခုံမှာဒေါသတကြီးထိုင်နေရင်းသူ့အကိုကြီးကိုဘယ်လိုစိတ်သက်သာအောင်လုပ်ပေးရမလဲဆိုတာအားစူပုတ်ပုတ်နဲ့တွေးနေသည်။

ဖုန်ကျင်းယွီကတော့သူ့စကားကိုဆက်ပြောသည်။

"တစ်ခုပဲ,မင်းရဲ့အကြောင်းနဲ့ပတ်သတ်ပြီးမင်းဘာတွေးသလဲ?"

"ငါကဘာတွေးရမှာလဲ?" ယန်ထျန်းဟန်ကစိတ်အခြေအနေမကောင်းစွာပြန်ဖြေသည်

"ငါကအိမ်ရှေ့စံရဲ့နေရာအတွက်တိုက်ခိုက်ဖို့ကိုစိတ်မဝင်စားသလိုအဲ့ဒီကလူတွေကိုသွားသတ်ချင်စိတ်လည်းမရှိဘူးငါကဒီအတိုင်းသာမာန်လူတစ်ယောက်လိုအကိုကြီးနဲ့အတူတူနေချင်တာတစ်ခုပဲ...အဲ့ဒါကလွဲရင်ငါလိုချင်တာတစ်ခုမှမရှိဘူး"

ဖုန်ကျင်းယွီကယန်ထျန်းဟန်မျက်နှာအားအတောင်ပံတစ်ဖက်ဖြင့်ရိုက်လိုက်ပြီးဒီမသန့်စင်တဲ့သံကိုသံမဏိမြန်မြန်မဖြစ်စေနိုင်သည်အားမုန်းတီးမိနေသည်။

"မင်းကငတုံးလား?ငါတောင်ဒီနေရာကိုရှာတွေ့နိုင်တာတစ်ခြားသူတွေရှာတွေ့နိုင်ဖို့ဘယ်လောက်ပဲကြာမယ်ထင်လဲ?ငါမင်းကိုရိုးရိုးသားသားပဲပြောမယ်,မင်းအနေနဲ့နယ်မြေကြီးကိုးခုရဲ့ပလ္လင်လုပွဲကနေဖယ်ခွာနေဖို့လုံးဝမဖြစ်နိုင်တော့ဘူး...အကယ်၍မင်းတစ်ခြားသူတွေကိုမသတ်ဘူးဆိုရင်တစ်ခြားသူတွေကတော့မင်းလုပ်နိုင်တဲ့အန္တာရယ်တွေကိုတွေးပြီးမင်းကိုသတ်ဖို့နည်းလမ်းရှာကြမှာပဲ...မိုက်မဲတဲ့ကလေးလေး,အဲ့ဒါကိုနည်းနည်းပိုပြီးဂရုစိုက်စမ်းပါဟ"

ယန်ထျန်းဟန်ကအစောပိုင်းတုန်းကအထင်ကြီးစရာကောင်းလောက်အောင်လုပ်ပြလိုက်သော်လည်းတကယ်တမ်းသူ့စိတ်ကတော့ကလေးတစ်ယောက်ပဲဖြစ်နေသေးသည်။သူ့အကိုကြီးနဲ့ပတ်သတ်လာရင်သူ့ပင်ကိုယ်စရိုက်တစ်ခုလုံးပြောင်းလဲသွားပုံပေါ်ပေမယ့်အဲ့ဒါကလွဲရင်ယန်ထျန်းဟန်မှာတစ်ခြားကိစ္စတွေအတွက်အင်အားမရှိသေးပေ။

ယန်ထျန်းဟန်သည်တုန်လှုပ်ခြောက်ခြားသွားပြီးသူ့ရှေ့မှာတောင်ပံတစ်ဖြတ်ဖြတ်ခတ်၍မျက်စိနောက်အောင်လုပ်နေသောဖုန်ကျင်းယွီအားစားပွဲခုံပေါ်ရိုက်ထုတ်လိုက်ကာဝမ်းပမ်းတနည်းသက်ပြင်းချသည်။

"အကယ်၍စစ်သည်တော်တွေရောက်လာရင်စစ်သူကြီးနဲ့ကာ;အကယ်၍ရေလာရင်မြေကြီးနဲ့ကာတဲ့....သူတို့ငါ့ကိုပြဿနာမရှာရင်ငါလည်းသူတို့ကိုပြဿနာရှာမှာမဟုတ်ဘူး...ငါအဲ့ဒါကိုသိနေတော့ရောဘာလုပ်နိုင်မှာမို့လို့လဲ?ငါကတစ်ညတည်းနဲ့ဦးတည်ဘက်လေးဘက်လုံးကလူတိုင်းကိုသတ်ဖြတ်ပစ်နိုင်တဲ့အင်အားကြီးလူဖြစ်လာနိုင်တယ်လို့ပြောချင်နေတာလား?"

ဖုန်ကျင်းယွီကယန်ထျန်းဟန်အားမျက်လုံးတောက်တောက်လေးဖြင့်လှမ်းကြည့်သည်။

"အဲ့ဒါမဖြစ်နိုင်တာတော့မဟုတ်ဘူး...ပြီးတော့လည်းမင်းကစေတန်နတ်ဆိုးပဲလေ...မင်းရဲ့ကိုယ်ထဲကစည်းတံဆိပ်ပျက်ပျယ်သွားတာနဲ့မင်းရဲ့ပင်ကိုယ်ပါရမီစွမ်းရည်ကိုရရှိနိုင်လိမ့်မယ်...အဲ့ဒီအချိန်ရောက်လာရင်တစ်နေ့ကိုမိုင်တစ်သောင်းနှုန်းနဲ့ကျင့်ကြံဆင့်မြင်လာဖို့ဆိုတာဘာမှကိုမဟုတ်ဘူး!"

"မင်းဘယ်လိုလုပ်စေတန်နတ်ဆိုးအနွယ်တွေနဲ့ပတ်သတ်တဲ့ကိစ္စတွေကိုဒီလောက်အများကြီးသိနေတာလဲ?" ယန်ထျန်းဟန်ကဖုန်ကျင်းယွီအားသံသယဖြင့်စိုက်ကြည့်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်မင်းပါးပါးနဲ့ငါကမိတ်ဆွေတွေလို့သတ်မှတ်လို့ရတာပဲဟာ" ဖုန်ကျင်းယွီကသူ့ရင်ဘက်လေးအားဂုဏ်ယူဝံ့ကြွားစွာကော့လိုက်သည်။

"မင်းရဲ့ပါးပါး,စေတန်နတ်ဆိုးအသျှင်ယိုမင်းကစေတန်နတ်ဆိုးတွေနဲ့ပတ်သတ်တဲ့လျို့ဝှက်ချက်ကိုတစ်ခါတုန်းကပြောပြဘူးတယ်...အကယ်၍မင်းသိချင်တယ်ဆိုရင်ငါအဲ့ဒါတွေကိုမှတ်မိတဲ့အခါကျပြောပြနိုင်တယ်"

ယန်ထျန်းဟန်ရဲ့အကြည့်ကနက်ရှိုင်းသွားသည့်။

"ငါ့ပါးပါးကဘယ်လိုလူမျိုးလဲ?"

ဖုန်ကျင်းယွီကမျက်တောင်ခတ်လိုက်သည် "ကြီးမြတ်တဲ့အလှလေး"

ယန်ထျန်းဟန်, "..."

ဖုန်ကျင်းယွီကပြုံးသည်။

"မင်းရဲ့ပါးပါးကတင်အလှလေးမဟုတ်ဘူးမင်းအဖေကလည်းနယ်မြေကြီးကိုးခုလုံးကအသိအမှတ်ပြုထားရတဲ့အလှလေးပဲ...မဟုတ်ရင်ဘယ်လိုလုပ်များမင်းပါးပါးကမင်းအဖေလိုသွေးအေးပြီးခံစားချက်မဲ့၊အကြံအစည်များတဲ့သူမျိုးကိုသဘောကျသွားမှာလဲ"

ယန်ထျန်းဟန်ကသက်ပြင်းချပြီးနှုတ်ခမ်းဆူလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ်သူတို့နှစ်ယောက်လုံးဘယ်သူကမှကျွန်တော့အကိုကြီးလောက်မကောင်းဘူး"

"အဲ့ဒါတော့အမှန်ပဲ" ဖုန်ကျင်းယွီကခေါင်းညိတ်လိုက်ပြီးသူ့မေးစေ့သူကိုင်လိုက်သည်။

"လင်ရွှမ်းဇီကနယ်မြေကြီးကိုးခုမှာရှိမနေတာကံကောင်းသွားတယ်...အကယ်၍သူသာတစ်နေ့နယ်မြေကြီးကိုးခုမှာပေါ်လာရင်သူ့မျက်နှာတစ်ခုတည်းနဲ့တင်အင်အားစုအမျိုးမျိုးကြားကိုအငြင်းပွားမှုတွေအများကြီးဖြစ်သွားစေလိမ့်မယ်"

နယ်မြေကြီးကိုးခုမှထိုကျင့်ကြံသူများအားလုံးသည်သြဇာရောအာဏာပါရှိကြသည်။ထိုအကြောင်းအရင်းအားများပြားလှသောဝိဉာဉ်ချီကြွယ်ဝမှုနှင့်ပေါင်းစပ်လိုက်သည့်အခါမှာတော့ဆိုလိုတာကသူတို့သည်အလွယ်တကူကျင့်ကြံနိုင်ပြီးရှည်လျားလှသည့်ဘဝသက်တမ်းကိုရရှိကြသည်။နှစ်ပေါင်းများစွာအမတအဖြစ်ကျင့်ကြံတဲ့အချိန်အတိုင်းအတာအရှည်ကြီးမှာသူတို့အနေနဲ့ပြဿနာတစ်ခုတစ်လေမကြုံတွေ့ရရင်သူတို့ရဲ့အချိန်တွေကပျင်းရိငြီးငွေ့စရာကောင်းပြီးသူတို့နှလုံးသားကတော့ဗလာသာဖြစ်ကြရမှာဖြစ်၏။

ထို့ကြောင့်အလှသစ်လေးတစ်ပါးပေါ်လာတိုင်းထိုပုဂ္ဂိုလ်ကအတိုင်းအတာတစ်ခုထိအပြိုင်အဆိုင်အလိုက်ခံရမှာဖြစ်သည်။အလှလေးကိုပိုင်ဆိုင်ရတာကလည်းအနိုင်ရရှိနည်းကိုပြသသည့်နည်းတစ်ခုပဲဟုသတ်မှတ်ထားကြသည့်လူငယ်များလည်းအများအပြားရှိနေသေးသည်ပင်။

ထိုစကားများကိုယန်ထျန်းဟန်ကြားသောအခါထိုသို့သောမြင်ကွင်းမျိုးသူယခင်ကမမြင်ဘူးသော်လည်းသူ့နှလုံးသားကတော့အထိတ်တလန့်ဖြင့်နိုးနိုးကြားကြားဖြစ်သွားသည်။

ယန်ထျန်းဟန်ကအတော်လေးစိတ်သောကရောက်နေသည့်ပုံစံဖြင့်ပြောလာသည်။

"ငါတကယ်ပဲငါ့အကိုကြီးကိုဖွက်ထားလိုက်ချင်တယ်အဲ့ဒါမှသူ့ကိုဘယ်သူမှမကြံစည်နိုင်တော့မှာ"

ဖုန်ကျင်းယွီကဖျောင်းဖျသည်။

"မင်းရဲ့စဉ်းစားပုံစဉ်းစားနည်းမှားနေတယ်;တကယ်ကမင်းပိုပြီးသန်မာလာအောင်သာကြိုးစားရမှာ...အဲ့ဒါမှဘယ်သူမှလင်ရွှမ်းဇီကိုမကြံစည်ရဲကြတော့မှာ"

ယန်ထျန်းဟန်ကဆိုင်းငံ့သွားပြီးမှဖုန်ကျင်းယွီပြောသောစကားကအကျိုးအကြောင်းသင့်သည်ဟုစဉ်းစားလိုက်သည်။

"ဒါပေမဲ့မင်းကသူ့ထက်ပိုဆိုးဝါးတဲ့နေရာအနေအထားမှာရှိနေတယ်" ဖုန်ကျင်းယွီကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီးယန်ထျန်းဟန်အားခြုံငုံကြည့်လိုက်သည်။

"မင်းကထူးခြားလှတဲ့မီးဖိုကြီးဆိုတာကိုမေ့မနေနဲ့ဦး....အဲ့ဒါကကျင့်ကြံသူတွေအတွက်တော့လှပတဲ့မျက်နှာလေးထက်စာရင်ပိုပြီးဆွဲဆောင်အားကောင်းတယ်"

ယန်ထျန်းဟန်ကမျက်မှောင်ကျုံ့လိုက်ပြီးရှားရှားပါးပါးရွံရှာတဲ့အမူအယာကိုထုတ်ပြလာ၏။

"အကယ်၍တစ်ယောက်ယောက်သာငါ့ကိုအတင်းအကြပ်လုပ်ရင်အဲ့ဒီလူအတွက်အောင်မြင်စေတာထက်သေပဲသေပစ်လိုက်မယ်" ယန်ထျန်းဟန်ကရက်ရက်စက်စက်ပြောလေသည်။

ဖုန်ကျင်းယွီကလျှာကိုသာကိုက်လိုက်သည်။

"အဲ့ဒီအချိန်ရောက်ရင်မင်းစိတ်ကျေနပ်သလိုလုပ်နိုင်မယ့်အခွင့်အရေးမရှိမှာပဲစိုးမိတယ်...မင်းကဝယ်လိုအားမြင့်တဲ့အရသာရှိတဲ့ကိတ်တစ်လုံးပဲလေ"

ယန်ထျန်းဟန်ကသူ့ကိုပေစောင်းစောင်းစိုက်ကြည့်လိုက်သည်။

"ဘာလဲ,မင်းကရောငါ့အပေါ်မှာစိတ်တစ်ခုခုရှိနေတာလား?"

ဖုန်ကျင်းယွီသည်မျက်လုံးများသာလှည့်မိတော့သည်။

"အနည်းဆုံးတော့ဒီဘုရင်ကမိတ်ဖက်ဖြစ်မယ့်သူရဲ့ရုပ်ရည်ကိုဂရုစိုက်တယ်....ငါကမင်းအကိုကြီးအပေါ်မှာတောင်ပိုပြီးစိတ်ရှိလိမ့်ဦးမယ်"

ယန်ထျန်းဟန်, "..."

ဖုန်ကျင်းယွီသည်ရုတ်တရက်သူ့လည်ပင်းအေးလာသလိုခံစားလိုက်ရသည်။

ယန်ထျန်းဟန်ကဖုန်ကျင်းယွီအားအန္တာရယ်ရှိစွာစိုက်ကြည့်လိုက်သည်။

"အကယ်၍မင်းငါ့အကိုကြီးအပေါ်မှာစိတ်တစ်ခုခုရှိနေတယ်ဆိုရင်ငါမင်းရဲ့ငှက်ပိစိလေးကိုဖြတ်ပစ်လိုက်မယ်"

ဖုန်ကျင်းယွီမှာဒေါသတကြီးအော်ဟစ်တော့သည်။

"အဲ့ဒါငှက်အကြီးကြီးကွ!မင်းကမှငှက်ပိစိလေး,မင်းတို့တစ်မိသားစုလုံးကသာငှက်ပိစိလေး!"

ယန်ထျန်းဟန်ထံတွင်ဖုန်ကျင်းယွီအားပြန်လှောင်ပြောင်နိုင်မည့်အင်အားမရှိပေ။သူ့နားထင်လေးသူနှိပ်ရင်းစိတ်ဖိစီးမှုကိုဖြေလျော့နေရသည်။

"မင်းကအခုလင်းချီဂုကိုအလောင်းရုပ်သေးအဖြစ်ပြောင်းလိုက်ပြီး《ယင်မီးတောက်လက်ဝါး》ကိုလေ့ကျင့်နေတယ်ဆိုတော့ငါထင်တာမင်းကိုလမ်းပြပေးမယ့်နတ်ဆိုးအတတ်ပညာရှင်တစ်ယောက်ရှိနေတယ်ထင်တယ်..." ဖုန်ကျင်းယွီကအတိအကျကိုပြောလာသည်။

ယန်ထျန်းဟန်ကရုတ်တရက်ဖုန်ကျင်းယွီအားမျက်လုံးများမှေးကျဉ်း၍ကြည့်လိုက်၏

ဖုန်ကျင်းယွီကပျင်းရိစွာသန်းဝေလိုက်ရင်းကလေးသံလေးနှင့်ပြောလေသည်

"မင်းစိတ်လှုပ်ရှားနေစရာမလိုသလိုငါကမင်းဆီကနေသတင်းတွေရဖို့ကြိုးစားနေတယ်ဆိုပြီးလည်းသံသယဝင်စရာမလိုဘူး...ပြီးတော့လည်းဒီဘုရင်ကအတွေ့အကြုံရင့်ကျက်ပြီးအသိပညာပြည့်ဝတယ်အဲ့ဒါကြောင့်မင်းလိုတောသားနဲ့တော့လုံးဝကိုခြားနားပြီးသားပဲ....《ယင်မီးတောက်လက်ဝါး》ပဲဖြစ်ဖြစ် 《အင်ပါယာအလောင်းနည်းပညာ》ပဲဖြစ်ဖြစ်ဘယ်တစ်ခုမှတိုက်ကြီးငါးတိုက်မှာပေါ်လာနိုင်တဲ့ကျင့်ကြံရေးနည်းလမ်းမျိုးတွေမဟုတ်ဘူး.....ပြီးတော့လည်းနတ်ဆိုးကျင့်ကြံသူကလွဲရင်ဘယ်သူကမှမင်းကိုဒီလိုကျင့်ကြံရေးနည်းလမ်းမျိုးလာပေးမှာမဟုတ်ဘူး..ဟုတ်တယ်မှတ်လား?"

ယန်ထျန်းဟန်ကခဏမျှတွန့်ဆုတ်နေပြီးမှဖြေးညှင်းစွာခေါင်းညိတ်ပြလာသည်။

ဖုန်ကျင်းယွီရဲ့ရွှေရောင်မျက်ဝန်းများထဲတွင်ကခုန်နေသည့်မီးလျှံတစ်ခုပေါ်ပေါက်လာ၏။သူကစိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်လိုက်သည်။

"အဲ့ဒီနတ်ဆိုးကျင့်ကြံသူပဲဖြစ်ဖြစ်နတ်ဆိုးပဲဖြစ်ဖြစ်နောက်တစ်ခေါက်မင်းသူ့ကိုတွေ့ရင်မေးကြည့်လိုက်မင်းပါးပါးကိုသိလားလို့....အဲ့ဒီအမှောင်ထဲကနေမင်းကိုကူညီနေတဲ့မိတ်ဆွေကမင်းပါးပါးကမင်းကိုလမ်းညွှန်ပေးနိုင်အောင်လွှတ်ပေးထားတဲ့သူလို့ငါသံသယရှိတယ်"

ထိုစကားကိုကြားသောအခါထူးဆန်းတဲ့ခံစားချက်တစ်ခုကယန်ထျန်းဟန်ရဲ့နှလုံးသားထဲစီးဝင်လာသည်။သူသည်လည်းသူ့ရဲ့မိဘအရင်းတွေကိုမျှော်လင့်ကြည့်ခဲ့ဘူးသည်။သို့သော်နှစ်ပေါင်းများစွာကြာသည်အထိလင်ကျန်တစ်ယောက်တည်းကသာသူ့ကိုအဆုံးမသတ်နိုင်တဲ့ဖခင်ချစ်ခြင်းမျိုးပေးခဲ့သည်ပင်။ထို့ကြောင့်အခုချိန်မှာတော့တစ်စုံတစ်ယောက်ကသူ့မိဘတွေအကြောင်းပြောလာပြီးထိုကဲ့သို့လျို့ဝှက်ချက်မျိုးပြောပြလာတာတောင်ယန်ထျန်းဟန်ကတော့သူ့ရဲ့ထိုမိဘအရင်းများအားတစ်နည်းနည်းနဲ့တွန်းဖယ်ချင်နေမိသည်—အထူးသဖြင့်သူ့ရဲ့အဖေလို့ခေါ်တဲ့ဘုရင်ကို...

...............................

T/N - E-Tran ရေးထားတာက father နဲ့ dad လို့ရေးထားပြီး father ကအဖေကိုညွှန်းထားပါတယ်။ Dad ကတော့အမေပါ။ဒါပေမယ့်ပြန်တော့ အဖေနဲ့ဖေဖေက ဖတ်ရရှုပ်မှာစိုးလို့ အမေကို ပါးပါးလို့ပဲပြန်လိုက်ပါတယ်။ ပိုကောင်းတာရှိရင် recom ပေးပါနော်။

27.2.2021

Next Episode

နေရာလေးခု

...............................
Zawgyi

အခန္း(၂၅၂)
ႏွစ္ေယာက္တည္းစကားေျပာမယ္

ယန္ထ်န္းဟန္မွာရုတ္တရက္ျကီးသူ႔မူလဇစ္ျမစ္ကိုသိသြားရတဲ့အျပင္သူ႔မိဘနွစ္ပါးရဲ႔အခ်စ္အမုန္းဆက္ဆံေရးကိုေလ့လာလိုက္ရသည္။ဒါ့အျပင္လူအမ်ားျကီးကလည္းသူ႔ကိုအမဲလိုက္သလိုလိုက္ေနေျကာင္းျကားသြားခဲ့ရျပန္သည္။ထို႔ေျကာင့္သူ႔မွာသဘာဝက်က်ပင္စိတ္အေျခအေနမေကာင္းျဖစ္ေနျပီးစိုးရိမ္ပူပန္မွုနွင့္ေျကာက္လန္႔မွုကိုခံစားေနရသည္။

သူေျကာက္တာကအေနွးနဲ႔အျမန္တစ္ေန႔ေန႔မွာလင္ရႊမ္းဇီကိုသူနဲ႔အတူဆြဲခ်မိသြားမွာကိုပဲ

သူက'ေကာင္းကင္ဘုံရဲ႔တာအိုသည္မွ်တေပလိမ့္မည္၊သို႔ေသာ္အျပစ္က်ဴးလြန္သူမ်ားကေတာ့လြတ္လိမ့္မည္မဟုတ္'ဆုိသည့္အတိုင္းတစ္ေန႔မွာသူနဲ႔လင္ရႊမ္းဇီတို႔သူ႔ရဲ႔ေသြးေျကာင့္အတင္းအျကပ္ခြဲခံရျပီးဒီလိုမ်ိဳးအတူတကြေပ်ာ္ေပ်ာ္ရႊင္ရႊင္မေနနုိင္ေတာ့မွာကိုလည္းစိုးရိမ္မိရျပန္သည္။

ယန္ထ်န္းဟန္က,ငိုယိုျပီးကေလးဆန္စြာျပဳမူေျပာဆုိေနေသာ္လည္းတကယ္တမ္းသူ႔စိတ္နွလံုးသားထဲမွာေတာ့သူ႔ရဲ႔ကိုယ္ပိုင္အေတြးအျမင္နွင့္ယံုျကည္မွုမ်ားရွိသည္။

သူကလိမၼာပါးနပ္တဲ့သူတစ္ေယာက္လို႔လင္က်န္တစ္ခါကေျပာဘူးသည္။ဒီကေလးကေပါက္စေလးအရြယ္ေလာက္ကတည္းကအျမဲတမ္းဉာဏ္ေကာင္းခဲ့တာျဖစ္၏။

ယန္ထ်န္းဟန္ကဖုန္က်င္းယြီေရွ႔မွာရပ္လိုက္၍ေခါင္းကိုငံုကာဖီးနစ္ေပါက္ေလးအားငံု႔ျကည့္လိုက္သည္။

"အကိုျကီး,က်ြန္ေတာ္ေမာက္ေမာက္နဲ႔နွစ္ေယာက္တည္းစကားေျပာလို႔ရမလား?"

လင္ရႊမ္းဇီကဖုန္က်င္းယြီကိုတစ္ခ်က္ေစာင္းၾကည့္လိုက္ၿပီးေခါင္းညိတ္ျပလိုက္သည္။

"အကိုႀကီးအခန္းထဲမွာပဲေစာင့္ေနလိုက္မယ္"

"ဟုတ္" ယန္ထ်န္းဟန္ကလင္ရႊမ္းဇီကိုျပန္လွည့္ၿပီးျပံဳးျပလိုက္ေသးသည္။

လင္ရႊမ္းဇီရဲ႔မ်က္လံုးမ်ားကေတာ့ႏူးညံ့လို႔ေန၏။ "အမ်ားႀကီးစိတ္ပူမေနနဲ႔"

ယန္ထ်န္းဟန္ကေခါင္းညိတ္ျပသည္။

လင္ရႊမ္းဇီထြက္သြားၿပီးေနာက္မွာဖုန္က်င္းယြီကသူ႔လည္ေခ်ာင္းကိုရွင္းၿပီးသူ႔ရဲ႔အေကာင္ေပါက္အသံေလးနဲ႔ေျပာလာသည္ "အဲ့ဒါက-"

"ဒီကိစၥေတြငါ့အကိုႀကီးကိုေျပာျပဖို႔မင္းကိုဘယ္သူကခြင့္ေပးလိုက္လို႔လဲ?ငါကေစတန္နတ္ဆိုးေနာ္;မင္းစိတ္ထဲမွာငါကသက္ေရာက္မႈေတြကိုမသိဘူးမ်ားထင္ေနလို႔ငါ့အကိုႀကီးကိုသတိသြားေပးလိုက္တာလား?"

ယန္ထ်န္းဟန္ကသူ႔မ်က္လံုးမ်ားကိုက်ဥ္းေျမာင္းလိုက္ရင္းသူ႔အၾကည့္ကေတာ့ေရခဲလိုေအးစက္ေနသည္။သူကဖုန္က်င္းယြီရဲ႔ခပ္တုတ္တုတ္ကိုယ္ေလးကိုဆြဲယူလိုက္၍သူ႔လက္ထဲကိုင္ထားလိုက္ၿပီးသူ႔လက္ေခ်ာင္းႏွစ္ေခ်ာင္းျဖင့္ဖုန္က်င္းယြီရဲ႔လည္ပင္းပုတိုေလးကိုၫွစ္လိုက္ေလသည္။

ဖုန္က်င္းယြီမွာေၾကာက္လန္႔တၾကားျဖစ္သြားရသည္။သူကအေတာင္ပံကိုခတ္လိုက္ခ်င္ေသာ္လည္းယန္ထ်န္းဟန္ရဲ႔အင္အားကသာမာန္မဟုတ္ေပ။သူ႔မွာလည္ပင္းအစ္ၿပီးေသေတာ့မတတ္ပင္။

ဖုန္က်င္းယြီကသာမာန္ငွက္တစ္ေကာင္မဟုတ္ေခ်။ထို႔ေၾကာင့္သဘာဝက်က်ပင္တစ္စံုတစ္ေယာက္ကသူ႔ကိုလည္ပင္းၫွစ္တာေလာက္နဲ႔ျပန္မကိုက္ဘူးျဖစ္၏။သို႔ေသာ္ယန္ထ်န္းဟန္ကေတာ့ဆိုးသြမ္းေသာသတ္ျဖတ္ျခင္း၏ရည္႐ြယ္ခ်က္ႏွင့္အႏၲရာယ္ကိုရွင္းရွင္းလင္းလင္းနားလည္ေစသည္။

ဖုန္က်င္းယြီကအလ်င္အျမန္ပဲေျပာလိုက္သည္။

"မင္းကေစတန္နတ္ဆိုးဆိုတာဟိုးတုန္းကတည္းကမင္းအကိုႀကီးကသိၿပီးသားဟ-အြတ္"  ေျပာရင္းျဖင့္ေခ်ာင္းပါတစ္ဟြတ္ဟြတ္ဆိုးသြားရသည္။

မိုးနတ္မင္းေရ,တစ္ေယာက္ေယာက္သနားစရာဖီးနစ္ေလးကိုသတ္ေတာ့မယ္!ဒီညီအစ္ကိုႏွစ္ေယာက္ကတကယ့္ကိုညီအစ္ကိုေတြပဲ,ငါ့ကိုလည္ပင္းၫွစ္တဲ့လႈပ္ရွားမႈကေတာင္တစ္ပံုစံတည္းပဲဟ!

ယန္ထ်န္းဟန္ကေအးစက္စက္ရယ္လိုက္ၿပီးသူ႔ရဲ႔ၫွစ္အားကိုအနည္းငယ္ေျဖေလ်ာ့ေပးလိုက္သည္။

"ငါကေစတန္နတ္ဆိုးဆိုတာသူသိေနတယ္ဆိုတာငါသိၿပီးသား....ငါကဘယ္လိုလူမ်ိဳးလည္းဆိုတာကိုပါဟိုးတုန္းကတည္းကငါ့ကိုယ္ငါသိတယ္ဒါေပမဲ့ငါ့အကိုႀကီးကအားလံုးကိုမသိခ်င္ေယာင္ေဆာင္ၿပီးတစ္ခါမွထုတ္မေျပာခဲ့ဘူး....သူကငါ့ကိုဒီလိုျပႆနာေတြအတြက္နဲ႔စိတ္ပူမေနေစခ်င္တာ....အခုေတာ့မင္းကငါ,ကိုယ့္ဇစ္ျမစ္ကိုသိေနတယ္ဆိုတဲ့အေၾကာင္းသူသိသြားေအာင္လုပ္လိုက္တယ္....သူေသခ်ာေပါက္ငါဝမ္းနည္းၿပီးေၾကကြဲေနတယ္လို႔ေတြးေနေတာ့မွာၿပီးေတာ့ငါ့ထက္ေတာင္ပိုၿပီးစိတ္ပူပန္ေနဦးမယ္"

ယန္ထ်န္းဟန္မွာတကယ္ပဲဒီအာေခ်ာင္လွတဲ့ငွက္ေပါက္ကိုသတ္ပစ္ခ်င္ေနတာျဖစ္သည္။

သူနတ္ဆိုးအတတ္ကိုက်င့္ၾကံေနေၾကာင္းလင္ရႊမ္းဇီသိၿပီးကတည္းကရွိသမွ်အသက္ကယ္ေမွာ္ရတနာေတြအားလံုးကိုယန္ထ်န္းဟန္တစ္ေယာက္တည္းေပၚမွာပံုအပ္ပစ္သည္။ေနာက္ပိုင္းမွာယန္ထ်န္းဟန္ကေစတန္နတ္ဆိုးပါျဖစ္ေနေၾကာင္းသိသြားေတာ့လည္းေန႔တိုင္းညတိုင္းစိတ္ပူေနခဲ့တာေၾကာင့္ေကာင္းေကာင္းေတာင္အိပ္မေပ်ာ္ျဖစ္ခဲ့ရျပန္သည္။သူကသူ႔က်င့္ၾကံေရးကိုတိုးတက္ေအာင္နဲ႔သူ႔ဆက္သြယ္ေရးကြန္ယက္က်ယ္ျပန္႔လာေအာင္ပါသူ႔ကိုယ္သူအတင္းအၾကပ္ဖိအားေပးခဲ့သည္။ေန႔တိုင္းညအတိုင္းလည္းအနားမယူပဲေမွာ္ရတနာမ်ားသန္႔စင္ခဲ့ၿပီးတစ္ေန႔ေန႔ယန္ထ်န္းဟန္ရဲ႔အေၾကာင္းေတြအကုန္ေပၚသြားရင္သူ႔အေနနဲ႔ကူကယ္ရာမဲ့ၿပီးယန္ထ်န္းဟန္အႏိုင္က်င့္ခံရမည္အားမကာကြယ္ႏိုင္မွာစိုးရိမ္ေၾကာက္လန္႔ေနခဲ့သည္။

လင္ရႊမ္းဇီကအဲ့ဒါေတြအားလံုးကိုထုတ္မေျပာခဲ့ေပမယ့္ယန္ထ်န္းဟန္ကေတာ့အရာအကုန္လံုးကိုသူ႔မ်က္လံုးနဲ႔ျမင္ခဲ့ၿပီးသူ႔ႏွလံုးသားထဲမွာသိမ္းဆည္းထားသည္။

သူကအရမ္းႀကီးနံုအေနတာမဟုတ္သလိုအရမ္းႀကီး႐ိုးရွင္းေနတဲ့သူလည္းမဟုတ္ေပ။သူ႔ရဲ႔နံုအမႈ၊လစ္လ်ဴရွဳမႈနဲ႔ကေလးဆန္မႈအားလံုးကလင္ရႊမ္းဇီရဲ႔မ်က္ႏွာကိုေထာက္ၿပီးတမင္ရည္ရြယ္ျပသျခင္းမ်ားသာျဖစ္သည္။ေသခ်ာေပါက္အဲ့ဒီထဲမွာသူလင္ရႊမ္းဇီကိုေတြ႕တိုင္းကိုယ္ကိုကိုယ္မထိန္းခ်ဳပ္ႏိုင္ပဲျပဳမူေျပာဆိုခဲ့တဲ့စိတ္ရင္းမွန္ေတြလည္းပါတာေပါ့

လင္ရႊမ္းဇီကသူ႔အတြက္အရာအားလံုးကိုခံယူေပးထားသည္။သူ႔ကိုလင္ရႊမ္းဇီကိုင္ထားေပးတဲ့ေကာင္းကင္ႀကီးေအာက္မွာသာလံုလံုျခံဳျခံဳနဲ႔စိတ္ပူပန္မႈတစ္ခုတစ္ေလမရွိေသာလြတ္လပ္တဲ့ဘဝကိုခံစားေစခ်င္သည္။မူလကေတာ့ယန္ထ်န္းဟန္ကအရာအားလံုးကိုမသိမတတ္သလိုဟန္မေဆာင္ခ်င္ေသာ္လည္းသူေသခ်ာဂ႐ုတစိုက္စမ္းစစ္ၾကည့္ၿပီးေနာက္မွာသူဘာမွမသိဘာမွမစဥ္းစားပဲေနျခင္းကသာလင္ရႊမ္းဇီကိုပိုၿပီးစိတ္သက္ေတာင့္သက္သာျဖစ္ေစမွန္းသိသြားရသည္။

ထို႔ေၾကာင့္လည္းယန္ထ်န္းဟန္ကဘာကိုမွသိပ္မသိပဲအလိုလိုက္ခံရျခင္းကိုဂုဏ္ယူဝံ့ႂကြားတတ္တဲ့ယန္ထ်န္းဟန္အေနနဲ႔သာဆက္ရွိေနခဲ့သည္။

ဒါေပမဲ့ဒီတစ္ယူသန္ၿပီးတံုးအတဲ့ငွက္အစုတ္ပလုပ္ကလင္ရႊမ္းဇီကိုအရာအားလံုးထုတ္ေျပာလိုက္ၿပီးသူ႔အတြက္ပိုၿပီးႀကီးတဲ့ဝန္ထုတ္ဝန္ပိုးကိုေပးလိုက္ေသးတယ္။ဒါဟာယန္ထ်န္းဟန္ကိုအေတာ္ေလးေဒါသထြက္ေစၿပီးသူ႔မ်က္လံုးေတြကိုေတာင္လွိမ့္မိေတာ့မယ္!

ဖုန္က်င္းယြီရဲ႔မ်က္ႏွာသည္လည္းအံ့အားသင့္ျခင္းမ်ား,ေၾကာင္ေတာင္ေတာင္ျဖစ္သြားျခင္းမ်ားႏွင့္ျပည့္ႏွက္သြားရသည္။

သူဘယ္လိုမ်ားဒီေလာက္ရက္ေတြၾကာသြားတာေတာင္မျမင္ခဲ့ရတာလဲ?ယန္ထ်န္းဟန္ရဲ႕ဒီလိုမ်ိဳး႐ိုးရွင္း၊အျပစ္မရွိပဲအေတာ္ေလးႏုံအတဲ့အခြံေအာက္မွာဒီလိုလွည့္ကြက္ေတြနဲ႔ျပည့္ေနတဲ့စိတ္ႏွလံုးမဲနက္တဲ့သူရွိေနတယ္ဆိုတာကို!

ဖုန္က်င္းယြီကအနက္ေရာင္အခိုးအေငြ႕မ်ားထြက္လာသည့္ယန္ထ်န္းဟန္ကိုၾကည့္ၿပီးတုန္ယင္ေနသည့္အသံျဖင့္ေျပာလာသည္။

"အကယ္၍,အကယ္၍မင္းသာငါ့ကိုမင္းကအေပၚယံကျမင္ရသလိုမ်ိဳးအတီးအတပံုမဟုတ္ဘူးဆိုတာေစာေစာေျပာခဲ့ရင္ငါ....ဒီဘုရင္ကေသခ်ာေပါက္ဒုတိယအေကာင္းဆံုးကိုေရြးခ်ယ္ၿပီးမူလကတည္းကကိစၥအားလံုးရဲ႔အျပင္ဘက္မွာရွိေနသင့္တဲ့လင္ရႊမ္းဇီကိုရွာခဲ့မွာမဟုတ္ဘူး"

"အဲ့ဒါေၾကာင့္လည္းငါသည္းမခံႏိုင္တာေပါ့မင္းရဲ႔အေမႊးကိုႏႈတ္ၿပီးမင္းကိုကင္ပစ္လိုက္ခ်င္တယ္"

ယန္ထ်န္းဟန္ကဖုန္က်င္းယြီကိုမ်က္ေစာင္းထိုးၿပီးမွလႊတ္ေပးလိုက္ကာဆူလိုက္သည္။

"ဒါေပမဲ့ငါသတိေပးထားမယ္ေနာ္အကယ္၍သာအနာဂတ္မွာငါ့အကိုႀကီးကိုေပါက္ကရေတြေလွ်ာက္ေျပာရဲေသးတယ္ဆိုရင္ငါေသခ်ာေပါက္အခြင့္အေရးရွာၿပီးမင္းကိုကင္ပစ္မွာ"

ဖုန္က်င္းယြီကအလ်င္အျမန္ပင္သေဘာတူေၾကာင္းေခါင္းညိတ္ျပသည္။

ကင္တာအဆင္ေျပတယ္,ကင္တာအဆင္ေျပတယ္....ဘယ္လိုပဲျဖစ္ျဖစ္သူမေၾကာက္ဆံုးအရာကအကင္ခံရမွာကိုပဲ

ကနဦးထိတ္လန္႔မႈၿပီးေနာက္မွာဖုန္က်င္းယြီသည္လည္းယန္ထ်န္းဟန္နဲ႔ပတ္သတ္ၿပီးေၾကာက္လန္႔မႈေလ်ာ့နည္းသြားသည္။

အဲ့ဒီအစားဒီကေလးကအေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ေတြးမိ၏။ထို႔ေၾကာင့္သူကအေတာင္ပံကိုခတ္လိုက္ရင္းယန္ထ်န္းဟန္ပုခံုးေပၚမွာနားကာသူ႔ကိုမ်က္လံုးပင့္ျပသည္။

"ေကာင္စုတ္ေလး,လင္ရႊမ္းဇီေရွ႕မွာတစ္ေနကုန္အ႐ူးတစ္ေယာက္လိုဟန္ေဆာင္ေနတဲ့အျပင္ဒီဘုရင္ကိုပါအ႐ူးလုပ္လိုက္ေသးတယ္...မင္းကတကယ္ႀကီးအံ့ၾသဖို႔ေကာင္းတာပဲေနာ္"

ယန္ထ်န္းဟန္ကေတာ့ထိုင္ခံုမွာေဒါသတႀကီးထိုင္ေနရင္းသူ႔အကိုႀကီးကိုဘယ္လိုစိတ္သက္သာေအာင္လုပ္ေပးရမလဲဆိုတာအားစူပုတ္ပုတ္နဲ႔ေတြးေနသည္။

ဖုန္က်င္းယြီကေတာ့သူ႔စကားကိုဆက္ေျပာသည္။

"တစ္ခုပဲ,မင္းရဲ႔အေၾကာင္းနဲ႔ပတ္သတ္ၿပီးမင္းဘာေတြးသလဲ?"

"ငါကဘာေတြးရမွာလဲ?" ယန္ထ်န္းဟန္ကစိတ္အေျခအေနမေကာင္းစြာျပန္ေျဖသည္

"ငါကအိမ္ေရွ႕စံရဲ႔ေနရာအတြက္တိုက္ခိုက္ဖို႔ကိုစိတ္မဝင္စားသလိုအဲ့ဒီကလူေတြကိုသြားသတ္ခ်င္စိတ္လည္းမရွိဘူးငါကဒီအတိုင္းသာမာန္လူတစ္ေယာက္လိုအကိုႀကီးနဲ႔အတူတူေနခ်င္တာတစ္ခုပဲ...အဲ့ဒါကလြဲရင္ငါလိုခ်င္တာတစ္ခုမွမရွိဘူး"

ဖုန္က်င္းယြီကယန္ထ်န္းဟန္မ်က္ႏွာအားအေတာင္ပံတစ္ဖက္ျဖင့္႐ိုက္လိုက္ၿပီးဒီမသန္႔စင္တဲ့သံကိုသံမဏိျမန္ျမန္မျဖစ္ေစႏိုင္သည္အားမုန္းတီးမိေနသည္။

"မင္းကငတံုးလား?ငါေတာင္ဒီေနရာကိုရွာေတြ႕ႏိုင္တာတစ္ျခားသူေတြရွာေတြ႕ႏိုင္ဖို႔ဘယ္ေလာက္ပဲၾကာမယ္ထင္လဲ?ငါမင္းကို႐ိုး႐ိုးသားသားပဲေျပာမယ္,မင္းအေနနဲ႔နယ္ေျမႀကီးကိုးခုရဲ႔ပလႅင္လုပြဲကေနဖယ္ခြာေနဖို႔လံုးဝမျဖစ္ႏိုင္ေတာ့ဘူး...အကယ္၍မင္းတစ္ျခားသူေတြကိုမသတ္ဘူးဆိုရင္တစ္ျခားသူေတြကေတာ့မင္းလုပ္ႏိုင္တဲ့အႏာၱရယ္ေတြကိုေတြးၿပီးမင္းကိုသတ္ဖို႔နည္းလမ္းရွာၾကမွာပဲ...မိုက္မဲတဲ့ကေလးေလး,အဲ့ဒါကိုနည္းနည္းပိုၿပီးဂ႐ုစိုက္စမ္းပါဟ"

ယန္ထ်န္းဟန္ကအေစာပိုင္းတုန္းကအထင္ႀကီးစရာေကာင္းေလာက္ေအာင္လုပ္ျပလိုက္ေသာ္လည္းတကယ္တမ္းသူ႔စိတ္ကေတာ့ကေလးတစ္ေယာက္ပဲျဖစ္ေနေသးသည္။သူ႔အကိုႀကီးနဲ႔ပတ္သတ္လာရင္သူ႔ပင္ကိုယ္စ႐ိုက္တစ္ခုလံုးေျပာင္းလဲသြားပံုေပၚေပမယ့္အဲ့ဒါကလြဲရင္ယန္ထ်န္းဟန္မွာတစ္ျခားကိစၥေတြအတြက္အင္အားမရွိေသးေပ။

ယန္ထ်န္းဟန္သည္တုန္လႈပ္ေျခာက္ျခားသြားၿပီးသူ႔ေရွ႕မွာေတာင္ပံတစ္ျဖတ္ျဖတ္ခတ္၍မ်က္စိေနာက္ေအာင္လုပ္ေနေသာဖုန္က်င္းယြီအားစားပြဲခံုေပၚ႐ိုက္ထုတ္လိုက္ကာဝမ္းပမ္းတနည္းသက္ျပင္းခ်သည္။

"အကယ္၍စစ္သည္ေတာ္ေတြေရာက္လာရင္စစ္သူႀကီးနဲ႔ကာ;အကယ္၍ေရလာရင္ေျမႀကီးနဲ႔ကာတဲ့....သူတို႔ငါ့ကိုျပႆနာမရွာရင္ငါလည္းသူတို႔ကိုျပႆနာရွာမွာမဟုတ္ဘူး...ငါအဲ့ဒါကိုသိေနေတာ့ေရာဘာလုပ္ႏိုင္မွာမို႔လို႔လဲ?ငါကတစ္ညတည္းနဲ႔ဦးတည္ဘက္ေလးဘက္လံုးကလူတိုင္းကိုသတ္ျဖတ္ပစ္ႏိုင္တဲ့အင္အားႀကီးလူျဖစ္လာႏိုင္တယ္လို႔ေျပာခ်င္ေနတာလား?"

ဖုန္က်င္းယြီကယန္ထ်န္းဟန္အားမ်က္လံုးေတာက္ေတာက္ေလးျဖင့္လွမ္းၾကည့္သည္။

"အဲ့ဒါမျဖစ္ႏိုင္တာေတာ့မဟုတ္ဘူး...ၿပီးေတာ့လည္းမင္းကေစတန္နတ္ဆိုးပဲေလ...မင္းရဲ႔ကိုယ္ထဲကစည္းတံဆိပ္ပ်က္ပ်ယ္သြားတာနဲ႔မင္းရဲ႔ပင္ကိုယ္ပါရမီစြမ္းရည္ကိုရရွိႏိုင္လိမ့္မယ္...အဲ့ဒီအခ်ိန္ေရာက္လာရင္တစ္ေန႔ကိုမိုင္တစ္ေသာင္းႏႈန္းနဲ႔က်င့္ၾကံဆင့္ျမင္လာဖို႔ဆိုတာဘာမွကိုမဟုတ္ဘူး!"

"မင္းဘယ္လိုလုပ္ေစတန္နတ္ဆိုးအႏြယ္ေတြနဲ႔ပတ္သတ္တဲ့ကိစၥေတြကိုဒီေလာက္အမ်ားႀကီးသိေနတာလဲ?" ယန္ထ်န္းဟန္ကဖုန္က်င္းယြီအားသံသယျဖင့္စိုက္ၾကည့္သည္။

"ဘယ္လိုပဲျဖစ္ျဖစ္မင္းပါးပါးနဲ႔ငါကမိတ္ေဆြေတြလို႔သတ္မွတ္လို႔ရတာပဲဟာ" ဖုန္က်င္းယြီကသူ႔ရင္ဘက္ေလးအားဂုဏ္ယူဝံ့ႂကြားစြာေကာ့လိုက္သည္။

"မင္းရဲ႔ပါးပါး,ေစတန္နတ္ဆိုးအသွ်င္ယိုမင္းကေစတန္နတ္ဆိုးေတြနဲ႔ပတ္သတ္တဲ့လ်ိဳ႔ဝွက္ခ်က္ကိုတစ္ခါတုန္းကေျပာျပဘူးတယ္...အကယ္၍မင္းသိခ်င္တယ္ဆိုရင္ငါအဲ့ဒါေတြကိုမွတ္မိတဲ့အခါက်ေျပာျပႏိုင္တယ္"

ယန္ထ်န္းဟန္ရဲ႔အၾကည့္ကနက္႐ွိဳင္းသြားသည့္။

"ငါ့ပါးပါးကဘယ္လိုလူမ်ိဳးလဲ?"

ဖုန္က်င္းယြီကမ်က္ေတာင္ခတ္လိုက္သည္ "ႀကီးျမတ္တဲ့အလွေလး"

ယန္ထ်န္းဟန္, "..."

ဖုန္က်င္းယြီကျပံဳးသည္။

"မင္းရဲ႔ပါးပါးကတင္အလွေလးမဟုတ္ဘူးမင္းအေဖကလည္းနယ္ေျမႀကီးကိုးခုလံုးကအသိအမွတ္ျပဳထားရတဲ့အလွေလးပဲ...မဟုတ္ရင္ဘယ္လိုလုပ္မ်ားမင္းပါးပါးကမင္းအေဖလိုေသြးေအးၿပီးခံစားခ်က္မဲ့၊အၾကံအစည္မ်ားတဲ့သူမ်ိဳးကိုသေဘာက်သြားမွာလဲ"

ယန္ထ်န္းဟန္ကသက္ျပင္းခ်ၿပီးႏႈတ္ခမ္းဆူေလသည္။

"ဘယ္လိုပဲျဖစ္ျဖစ္သူတို႔ႏွစ္ေယာက္လံုးဘယ္သူကမွကၽြန္ေတာ့အကိုႀကီးေလာက္မေကာင္းဘူး"

"အဲ့ဒါေတာ့အမွန္ပဲ" ဖုန္က်င္းယြီကေခါင္းညိတ္လိုက္ၿပီးသူ႔ေမးေစ့သူကိုင္လိုက္သည္။

"လင္ရႊမ္းဇီကနယ္ေျမႀကီးကိုးခုမွာရွိမေနတာကံေကာင္းသြားတယ္...အကယ္၍သူသာတစ္ေန႔နယ္ေျမႀကီးကိုးခုမွာေပၚလာရင္သူ႔မ်က္ႏွာတစ္ခုတည္းနဲ႔တင္အင္အားစုအမ်ိဳးမ်ိဳးၾကားကိုအျငင္းပြားမႈေတြအမ်ားႀကီးျဖစ္သြားေစလိမ့္မယ္"

နယ္ေျမႀကီးကိုးခုမွထိုက်င့္ၾကံသူမ်ားအားလံုးသည္ၾသဇာေရာအာဏာပါရွိၾကသည္။ထိုအေၾကာင္းအရင္းအားမ်ားျပားလွေသာဝိဉာဥ္ခ်ီႂကြယ္ဝမႈႏွင့္ေပါင္းစပ္လိုက္သည့္အခါမွာေတာ့ဆိုလိုတာကသူတို႔သည္အလြယ္တကူက်င့္ၾကံႏိုင္ၿပီးရွည္လ်ားလွသည့္ဘဝသက္တမ္းကိုရရွိၾကသည္။ႏွစ္ေပါင္းမ်ားစြာအမတအျဖစ္က်င့္ၾကံတဲ့အခ်ိန္အတိုင္းအတာအရွည္ႀကီးမွာသူတို႔အေနနဲ႔ျပႆနာတစ္ခုတစ္ေလမၾကံဳေတြ႕ရရင္သူတို႔ရဲ႔အခ်ိန္ေတြကပ်င္းရိၿငီးေငြ႕စရာေကာင္းၿပီးသူတို႔ႏွလံုးသားကေတာ့ဗလာသာျဖစ္ၾကရမွာျဖစ္၏။

ထို႔ေၾကာင့္အလွသစ္ေလးတစ္ပါးေပၚလာတိုင္းထိုပုဂၢိဳလ္ကအတိုင္းအတာတစ္ခုထိအျပဳိင္အဆိုင္အလိုက္ခံရမွာျဖစ္သည္။အလွေလးကိုပိုင္ဆိုင္ရတာကလည္းအႏိုင္ရရွိနည္းကိုျပသသည့္နည္းတစ္ခုပဲဟုသတ္မွတ္ထားၾကသည့္လူငယ္မ်ားလည္းအမ်ားအျပားရွိေနေသးသည္ပင္။

ထိုစကားမ်ားကိုယန္ထ်န္းဟန္ၾကားေသာအခါထိုသို႔ေသာျမင္ကြင္းမ်ိဳးသူယခင္ကမျမင္ဘူးေသာ္လည္းသူ႔ႏွလံုးသားကေတာ့အထိတ္တလန္႔ျဖင့္ႏိုးႏိုးၾကားၾကားျဖစ္သြားသည္။

ယန္ထ်န္းဟန္ကအေတာ္ေလးစိတ္ေသာကေရာက္ေနသည့္ပံုစံျဖင့္ေျပာလာသည္။

"ငါတကယ္ပဲငါ့အကိုႀကီးကိုဖြက္ထားလိုက္ခ်င္တယ္အဲ့ဒါမွသူ႔ကိုဘယ္သူမွမၾကံစည္ႏိုင္ေတာ့မွာ"

ဖုန္က်င္းယြီကေဖ်ာင္းဖ်သည္။

"မင္းရဲ႔စဥ္းစားပံုစဥ္းစားနည္းမွားေနတယ္;တကယ္ကမင္းပိုၿပီးသန္မာလာေအာင္သာႀကိဳးစားရမွာ...အဲ့ဒါမွဘယ္သူမွလင္ရႊမ္းဇီကိုမၾကံစည္ရဲၾကေတာ့မွာ"

ယန္ထ်န္းဟန္ကဆိုင္းငံ့သြားၿပီးမွဖုန္က်င္းယြီေျပာေသာစကားကအက်ိဳးအေၾကာင္းသင့္သည္ဟုစဥ္းစားလိုက္သည္။

"ဒါေပမဲ့မင္းကသူ႔ထက္ပိုဆိုးဝါးတဲ့ေနရာအေနအထားမွာရွိေနတယ္" ဖုန္က်င္းယြီကသူ႔မ်က္လံုးမ်ားကိုက်ဥ္းေျမာင္းလိုက္ၿပီးယန္ထ်န္းဟန္အားျခံဳငံုၾကည့္လိုက္သည္။

"မင္းကထူးျခားလွတဲ့မီးဖိုႀကီးဆိုတာကိုေမ့မေနနဲ႔ဦး....အဲ့ဒါကက်င့္ၾကံသူေတြအတြက္ေတာ့လွပတဲ့မ်က္ႏွာေလးထက္စာရင္ပိုၿပီးဆြဲေဆာင္အားေကာင္းတယ္"

ယန္ထ်န္းဟန္ကမ်က္ေမွာင္က်ံဳ႔လိုက္ၿပီးရွားရွားပါးပါးရြံရွာတဲ့အမူအယာကိုထုတ္ျပလာ၏။

"အကယ္၍တစ္ေယာက္ေယာက္သာငါ့ကိုအတင္းအၾကပ္လုပ္ရင္အဲ့ဒီလူအတြက္ေအာင္ျမင္ေစတာထက္ေသပဲေသပစ္လိုက္မယ္" ယန္ထ်န္းဟန္ကရက္ရက္စက္စက္ေျပာေလသည္။

ဖုန္က်င္းယြီကလွ်ာကိုသာကိုက္လိုက္သည္။

"အဲ့ဒီအခ်ိန္ေရာက္ရင္မင္းစိတ္ေက်နပ္သလိုလုပ္ႏိုင္မယ့္အခြင့္အေရးမရွိမွာပဲစိုးမိတယ္...မင္းကဝယ္လိုအားျမင့္တဲ့အရသာရွိတဲ့ကိတ္တစ္လုံးပဲေလ"

ယန္ထ်န္းဟန္ကသူ႔ကိုေပေစာင္းေစာင္းစိုက္ၾကည့္လိုက္သည္။

"ဘာလဲ,မင္းကေရာငါ့အေပၚမွာစိတ္တစ္ခုခုရွိေနတာလား?"

ဖုန္က်င္းယြီသည္မ်က္လံုးမ်ားသာလွည့္မိေတာ့သည္။

"အနည္းဆံုးေတာ့ဒီဘုရင္ကမိတ္ဖက္ျဖစ္မယ့္သူရဲ႔႐ုပ္ရည္ကိုဂ႐ုစိုက္တယ္....ငါကမင္းအကိုႀကီးအေပၚမွာေတာင္ပိုၿပီးစိတ္ရွိလိမ့္ဦးမယ္"

ယန္ထ်န္းဟန္, "..."

ဖုန္က်င္းယြီသည္႐ုတ္တရက္သူ႔လည္ပင္းေအးလာသလိုခံစားလိုက္ရသည္။

ယန္ထ်န္းဟန္ကဖုန္က်င္းယြီအားအႏာၱရယ္ရွိစြာစိုက္ၾကည့္လိုက္သည္။

"အကယ္၍မင္းငါ့အကိုႀကီးအေပၚမွာစိတ္တစ္ခုခုရွိေနတယ္ဆိုရင္ငါမင္းရဲ႔ငွက္ပိစိေလးကိုျဖတ္ပစ္လိုက္မယ္"

ဖုန္က်င္းယြီမွာေဒါသတႀကီးေအာ္ဟစ္ေတာ့သည္။

"အဲ့ဒါငွက္အႀကီးႀကီးကြ!မင္းကမွငွက္ပိစိေလး,မင္းတို႔တစ္မိသားစုလံုးကသာငွက္ပိစိေလး!"

ယန္ထ်န္းဟန္ထံတြင္ဖုန္က်င္းယြီအားျပန္ေလွာင္ေျပာင္ႏိုင္မည့္အင္အားမရွိေပ။သူ႔နားထင္ေလးသူႏွိပ္ရင္းစိတ္ဖိစီးမႈကိုေျဖေလ်ာ့ေနရသည္။

"မင္းကအခုလင္းခ်ီဂုကိုအေလာင္း႐ုပ္ေသးအျဖစ္ေျပာင္းလိုက္ၿပီး《ယင္မီးေတာက္လက္ဝါး》ကိုေလ့က်င့္ေနတယ္ဆိုေတာ့ငါထင္တာမင္းကိုလမ္းျပေပးမယ့္နတ္ဆိုးအတတ္ပညာရွင္တစ္ေယာက္ရွိေနတယ္ထင္တယ္..." ဖုန္က်င္းယြီကအတိအက်ကိုေျပာလာသည္။

ယန္ထ်န္းဟန္က႐ုတ္တရက္ဖုန္က်င္းယြီအားမ်က္လံုးမ်ားေမွးက်ဥ္း၍ၾကည့္လိုက္၏

ဖုန္က်င္းယြီကပ်င္းရိစြာသန္းေဝလိုက္ရင္းကေလးသံေလးႏွင့္ေျပာေလသည္

"မင္းစိတ္လႈပ္ရွားေနစရာမလိုသလိုငါကမင္းဆီကေနသတင္းေတြရဖို႔ႀကိဳးစားေနတယ္ဆိုၿပီးလည္းသံသယဝင္စရာမလိုဘူး...ၿပီးေတာ့လည္းဒီဘုရင္ကအေတြ႕အၾကံဳရင့္က်က္ၿပီးအသိပညာျပည့္ဝတယ္အဲ့ဒါေၾကာင့္မင္းလိုေတာသားနဲ႔ေတာ့လံုးဝကိုျခားနားၿပီးသားပဲ....《ယင္မီးေတာက္လက္ဝါး》ပဲျဖစ္ျဖစ္ 《အင္ပါယာအေလာင္းနည္းပညာ》ပဲျဖစ္ျဖစ္ဘယ္တစ္ခုမွတိုက္ႀကီးငါးတိုက္မွာေပၚလာႏိုင္တဲ့က်င့္ၾကံေရးနည္းလမ္းမ်ိဳးေတြမဟုတ္ဘူး.....ၿပီးေတာ့လည္းနတ္ဆိုးက်င့္ၾကံသူကလြဲရင္ဘယ္သူကမွမင္းကိုဒီလိုက်င့္ၾကံေရးနည္းလမ္းမ်ိဳးလာေပးမွာမဟုတ္ဘူး..ဟုတ္တယ္မွတ္လား?"

ယန္ထ်န္းဟန္ကခဏမွ်တြန္႔ဆုတ္ေနၿပီးမွေျဖးၫွင္းစြာေခါင္းညိတ္ျပလာသည္။

ဖုန္က်င္းယြီရဲ႔ေရႊေရာင္မ်က္ဝန္းမ်ားထဲတြင္ကခုန္ေနသည့္မီးလွ်ံတစ္ခုေပၚေပါက္လာ၏။သူကစိတ္လႈပ္ရွားစြာျဖင့္ေအာ္ဟစ္လိုက္သည္။

"အဲ့ဒီနတ္ဆိုးက်င့္ၾကံသူပဲျဖစ္ျဖစ္နတ္ဆိုးပဲျဖစ္ျဖစ္ေနာက္တစ္ေခါက္မင္းသူ႔ကိုေတြ႕ရင္ေမးၾကည့္လိုက္မင္းပါးပါးကိုသိလားလို႔....အဲ့ဒီအေမွာင္ထဲကေနမင္းကိုကူညီေနတဲ့မိတ္ေဆြကမင္းပါးပါးကမင္းကိုလမ္းၫႊန္ေပးႏိုင္ေအာင္လႊတ္ေပးထားတဲ့သူလို႔ငါသံသယရွိတယ္"

ထိုစကားကိုၾကားေသာအခါထူးဆန္းတဲ့ခံစားခ်က္တစ္ခုကယန္ထ်န္းဟန္ရဲ႔ႏွလံုးသားထဲစီးဝင္လာသည္။သူသည္လည္းသူ႔ရဲ႔မိဘအရင္းေတြကိုေမွ်ာ္လင့္ၾကည့္ခဲ့ဘူးသည္။သို႔ေသာ္ႏွစ္ေပါင္းမ်ားစြာၾကာသည္အထိလင္က်န္တစ္ေယာက္တည္းကသာသူ႔ကိုအဆံုးမသတ္ႏိုင္တဲ့ဖခင္ခ်စ္ျခင္းမ်ိဳးေပးခဲ့သည္ပင္။ထို႔ေၾကာင့္အခုခ်ိန္မွာေတာ့တစ္စံုတစ္ေယာက္ကသူ႔မိဘေတြအေၾကာင္းေျပာလာၿပီးထိုကဲ့သို႔လ်ိဳ႔ဝွက္ခ်က္မ်ိဳးေျပာျပလာတာေတာင္ယန္ထ်န္းဟန္ကေတာ့သူ႔ရဲ႔ထိုမိဘအရင္းမ်ားအားတစ္နည္းနည္းနဲ႔တြန္းဖယ္ခ်င္ေနမိသည္—အထူးသျဖင့္သူ႔ရဲ႔အေဖလို႔ေခၚတဲ့ဘုရင္ကို...

...............................
T/N - E-Tran ေရးထားတာက father နဲ႔ dad လို႔ေရးထားၿပီး father ကအေဖကိုညႊန္းထားပါတယ္။ Dad ကေတာ့အေမပါ။ဒါေပမယ့္ျပန္ေတာ့ အေဖနဲ႔ေဖေဖက ဖတ္ရရႈပ္မွာစိုးလို႔ အေမကို ပါးပါးလို႔ပဲျပန္လိုက္ပါတယ္။ ပိုေကာင္းတာရွိရင္ recom ေပးပါေနာ္။

27.2.2021

Next Episode

ေနရာေလးခု

...............................

Continue Reading

You'll Also Like

477K 72.1K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...
637K 128K 199
Author - Yu Xiao Lan Shan Pairing - Zhao Yue x Wen Liu Nian - Shang YunZe x Mu QingShan
1.8K 189 2
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - My wife is straight Original Autho...
205K 13K 37
My priority /property/privacy