သူကြီးကတော်(BL)

By HotMontSanePaung

803K 68.9K 2.4K

Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and... More

ကြိုတင်ပန်ကြားခြင်း
အခန်း - ၁
အခန်း -၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း -၁၆
အခန်း -၁၇
အခန်း -၁၈
အခန်း - ၁၉
အခန်း - ၂၁
အခန်း-၂၂
အခန်း - ၂၃
အခန်း -၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇(ဇာတ်သိမ်းပိုင်း)
Extra -1
Extra - 2
~ကျေးဇူးတင်လွှာ~
Special Extra
Final Extra
ပြန်ဖျက်မှာပါ
စာအုပ်စာအုပ်
Bookie
စာအုပ်
B

အခန်း - ၂၀

19.9K 2K 59
By HotMontSanePaung

Unicode

" သားရေ သားလေး....သားလေးရေ ...သား "

ဒေါ်လှရီ ‌ထမင်းချက်ရာမှထပြီး အခုထက်ထိအိပ်မက်ကမ္ဘာထဲလည်နေသော ပစ်တိုင်းထောင်အား နှိုးရလေသည်။မနေ့ကမေသော့် မင်္ဂလာဆောင်မို့ ညကျမှပြန်လာသောကြောင့် နည်းနည်းလေးနောက်ကျမှနှိုးမည်ဟု စိတ်ကူးထားသော်လည်းယခုကမှု နေဖင်ထိုးတော့မည် မထသေးပေ။

ဒီကောင်လေး အခုတလော ခြေလှမ်းတွေပျက်နေပါရော့လား။မနေ့ကလဲခြေခေါက်တယ်ဆိုပြီး အမြဲတကျက်ကျက်ဖြစ်နေတတ်သည့် ဘုန်းမြတ်ကပင် ချီလာရသည်အထိ။ငါထင်နေတယ် ငါထင်နေတယ်။

ဗေဒင်ဆရာကြီးဆီ သွားပြီးကတည်းကဒေါ်လှရီ မိမိ၏သားအခြေအနေအား လေ့လာသုံးသပ်မိသည်။ဆံပင်ဝဲဝဲ၊ရွှေအဆင်းဝင်းဝါနေသောအသားအရေ၊မိန်ကလေးများထက်ပင်ပုသောအရပ်၊ အရပ်ပုတိုင်းပစ်တိုင်းထောင်လိုမျိုး နွဲ့လျနေရမည်ဟု မဆိုလိုပေ။ပစ်တိုင်းထောင်ကိုယ်တိုင်ကိုယ်က နုနုလေးမို့ပင်။ငယ်ဘဝကတည်းက အနေအထိုင်မှာလည်း မိန်းကလေးထက်ပင် ပိရိသေးသည်။မျက်တောင်လေးများကလည်းကော့စင်းကာ မျက်လွှာချထားလျှင် မျက်လုံးလေးများမှိတ်ထားသကဲ့သို့ပင်။

တစ်ဖက်အခန်းတွင်းရှိပစ်တိုင်းထောင်မှာတော့။

" အင်း ကို ဘုန်း ရင်ခွင်ကြီးကအကျယ်ကြီးပဲ။ဟိဟိ နွေးနေတာပဲ။ဗိုက်ကလည်းကြွက်သားတွေနဲ့ တင်းရင်းနေတာပဲ။နွေးနေတာပဲ ဟင့်! ဖက်ထား။ဖက်ထားပေး အင်း ဖက်ထားပေးလို့ ကို ဘုန်း မလွှတ်နဲ့ဗျာ။ ဖက်ထားပေးလို့ ကိုဘုန်းမကောင်းဘူး ဟင့် ! "

" သားရေ... သားလေး သားလေးရေ သား "

" ဟဲ့ပစ်တိုင်းထောင် ! "

ဝုန်း !!!!!

" အမလေး အမေ့ "

ဒေါ်လှရီ အပြင်ဘက်က ခေါ်နှိုးနေသည်မှာ တစ်ရွာလုံးကြားတော့မည်။ပစ်တိုင်ထောင်အခုထက်ထိ မကြာသေးပေ။ သားလေး ခေါ်ပြီးနှိုးလို့ မထမှတော့ နာမည်အရင်းခေါ်ရသည်။နာမည်အရင်းခေါ်မှပဲ အသံကြားရဝော့သည်။

" နိုးရင်ထတော့ နေကနင့်ဖင်ခေါင်းထဲဝင်တော့မယ် ကြားလား။ "

" ဟုတ်____ကဲ့ "

ပစ်တိုင်းထောင် ယောင်နနနှင့်သာ " ဟုတ်ကဲ့ " ဟုသာပြောလိုက်ရသော်လည်း အခုထက်ထိနိုးသလား။အိပ်နေတုံးလားဆိုတာ မကွဲပေ။ခုနကထက်ထိသူ့ကို ကိုဘုန်းကဖက်ထားတာမဟုတ်ဘူးလား။မဟုတ်မှ သူအိပ်မက်မက်နေတာများလား။

ဟိဟိ အိပ်မက်ထဲတောင်ပါလာတယ်ဆိုတော့ ဒီလူကြီးကို သူတော်တော်လေးကိုပဲ မရတော့ဘူး။

တင်ပလ္လင်ခွေလျက်သား ထိုင်နေရာမှ ဒူးနှစ်ဖက်အား လှုပ်လိုက်ရင်း ပါးနှစ်ဖက်အားလက်ဖြင့်ကိုင်ထားသည်။အိပ်မက်ထဲ၌ ဟိဟိ ဟိဟိ ဟိဟိ ပျော်စရာကြီး။ပျော်လွန်းလို့ မေ‌မေတံခါးကိုခေါက်ပြီးနှိုးတာတောင်မနိုးတာကို။

နံနက်စောစောစီးစီး အယ်မဟုတ်တာနေ့လည်တောင်ရောက်တော့မယ်ဟ။

ခြုံထားသောစောင်အား သပ်သပ်ရပ်ရပ်ခေါက်ရင်း ။မျက်နှာသစ်ရန် အိမ်နောက်ဖေးသို့ထသွားတော့သည်။

" မေ့ ဘာဟင်းချက်လဲ။ "

" သားကြိုက်တဲ့ ကြက်ချဉ်စပ်လေ။ဟင်းဝါလေးချက်ထားပေးတယ်သားရဲ့။ မနေ့ကခြေခေါက်တာ သက်သာလားသား "

" အင်းသက်သာပါတယ် မေမေရဲ့ ဟီး "

" မဟီးနဲ့ လာထိုင်ဦး။ မေသော့်‌မင်္ဂလာဆောင် ရှိလို့ သား လူကြီးတွေကိုလိုက်မကန်တော့ရသေးဘူးဟုတ်။ပြီးရင်ရေမိုးချိုး အဝတ်စားလဲပြီး လူကြီးတွေကိုသွားကန်တော့လိုက်ကြားလား။နောက်ကျရင်အားနာစရာကြီးကွယ်။ဘွားမေကိုတော့ ကြီးမြနဲ့ပဲကန်တော့ပစ္စည်းတွေထည့်ပေးလိုက်တယ်။မအားဘူးလေ အမေတို့လည်း။ "

" ဟုတ်ဟုတ် "

" ဟဲ့ ကောင်လေး။ကောက်ညင်းပေါင်းတွေသိပ်မစားနဲ့ အပူကန်နေမယ်ကြားလား "

" အင်းပါ မေကလည်း "

ပစ်တိုင်းထောင် လေးတိလေးကန်နှင့်ပြောလိုက်သောကြောင့် ဒေါ်လှရီ ခေါင်းကိုခွပ်ခနဲခေါက်ကာ

" အိပ်ယာထ မျက်စိနှစ်လုံးပွင့်တာနဲ့ ပျင်းနေတာပဲလူကြည့်တော့ ငယ်ငယ့်လေးရှိသေးတယ်။ "

" မေကလည်း "

" စား စားတော့ သွက်သွက်စား ထမင်းစားချိန်နဲ့တိုက်နေအုံးမယ် "

✓✓✓✓✓

" ကြီးသီရေ မမသော် သားလာတယ်ဗျို့ ! "

ပစ်တိုင်းထောင် အထုပ်တွေဆွဲပြီး အိမ်ရှေ့ကွပ်ပျစ်ပေါ်သို့ရောက်သည်နှင့်တပြိုင်နက် ကိုဘုန်းကြားအောင်တမင်တကာ အော်လိုက်ခြင်းဖြစ်၏။ကိုဘုန်းနာမည်မပါပင်မဲ့လည်း သူထိပ်ဆုံးကထွက်လာမှာသေချာတယ် ဟီဟီး။

ဟော ကြည့်မျက်စိရှေ့၌ တရိပ်ရိပ်နှင့်ထိုလူသား အရိပ်လေးနဲ့တင်တော်တော် လေးကိုကြည့်ကောင်းတာပဲ။

" ဟီး ကိုဘုန်း ရှူးးတိုးတိုး ကြီးသီတို့ကော ဘယ်သွားလဲ။ "

အိမ်ရှေ့ကွပ်ပျစ်၌ အကြမ်းရည်သောက်ရန် အိမ်ပေါ်မှအဆင်း မိမိ၏ကလေးအားတွေ့လေသည်။သနပ်ခါးအဖွေးသားနှင့် ရေချိုးလာသည်ထင် ဆံပင်ဖျားတချို့ ရေစိုနေသည်။ပုဆိုးရှည်ရှည်နှင့် တစ်ဖက်ကလည်းမုန့်ထုပ်တွေနဲ့။သူကလေးကပဲ စခေါ်ပြီးကိုယ့်ကို လက်ညှိုးလေးပါးစပ်နဲ့ထိပြီး " ရှူး တိုးတိုး " တဲ့လား။အသည်းယားစရာလေးကွာ။

ကန်တော့ဖို့လာတာနဲ့တူတယ်။

" ကလေး ဘာလာလုပ်တာတုံး။ "

" ဟိဟိ မေမေကကြီးသီတို့ ဘဘကြီးတို့ကို ကန်တော့ခိုင်းလို့လေ။ရေမိုးချိုးပြီး ထွက်လာတာ။ "

" ဖေဖေတို့မေမေတို့က အိမ်မှာမရှိဘူးကလေးရဲ့။မမသော်တို့နဲ့ ရွာဦးဘုန်းကြီးကျောင်းဆီသွားတယ်။ဘုန်းဘုန်းကိုကန်တော့ဖို့တဲ့ ကိုယ်ကအစောကတည်းက ကန့်တော့ပြီးသားလေ။အိမ်မှာလည်းအစောင့်မရှိမှာစိုးလို့ နေခဲ့လိုက်တာမှန်သွားပြီထင်တယ်။မေမေတို့ကအခုလေးတင်ထွက်သွားတာ။ ပြန်လာဖို့ကလိုသေးတယ်။ "

ဟွန့် စကားကိုအေးအေးဆေးဆေးမပြောဘဲ ခါးအားလာပွတ်ပြီး မထိတထိနှင့်။

" စောင့်မယ်လေ။ဒါဆိုလည်း လက်ဖက်သုပ်ကျွေး။ "

" လက်ဖက်သုပ်တော့မကျွေးဘူး။ကိုယ်မှမသုပ်တတ်တာ တခြား ဟာတော့ ကျွေးမယ်။စား မ လား "

" အား ကိုဘုန်းနော် လူလည်ကြီး "

" စတာပါကလေးရဲ့ လာအိမ်ပေါ်တက်ခဲ့။ ခြံထဲမှာဆို လူမြင်တယ် "

" အာ မဟုတ်တာတွေမပြောနဲ့ "

" စတာ လာလာ "

ပြောရင်း သူ့လက်အားဆွဲကာ အိမ်ပေါ်ရှိသူ့အခန်းထဲသို့ဆွဲခေါ်သွားသော ကိုဘုန်းအားပစ်တိုင်းထောင် အနောက်ကနေရိုက်ချင်လာသည်။နေ့ခင်းကြောင်တောင်ဘာတွေတွေးနေလဲမသိ လူဆိုးကြီး။

___________________________________________

မုန့်စိမ်းပေါင်း  -

မင်္ဂလာပါ။ဟီးဟီး ... တန်းလန်းကြီးနော်။စာကိုပြောတာပါ။ပြောစရာလေးရှိပါတယ်။ဟိုနေ့က comment တွေ reply ပြန်ပါတယ်။အတွေ့ချင်ဆုံး comment လေးကိုတွေ့လိုက်ရပါတယ်။

" နန္ဒကို ကျမယူမယ် " တဲ့။သိပ်တော့ မမှတ်မိပါဘူး။အဲ့ဒီ စကားကိုမြင်ချင်တာကြာပါပြီ။‌ment တဲ့သူများ‌ကိုလည်းကျေးဇူးတင်ပါတယ်။နောက်နောင်လည်းများများလေး မန့်ပေးကြပါလို့။

နောက်တစ်ခုက မုန့်စိမ်းပေါင်းက ပျော်နေလို့စာရေးတာလားဆိုတော့ မဟုတ်ပါဘူး။မပျော်ပါဘူး။ဒါပေမဲ့ ကိုယ်တောင်စိတ်ညစ်နေတာ သူများတွေလည်းစိတ်ညစ်မှာပဲလေ။ညဖက်စာဖတ်ရင်တော့ စိတ်ညစ်တာလေးတွေခဏပဲဖြစ်ဖြစ်ပျောက်သွားစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ ကြိုးစားပြီးရေးပေးထားတာပါ။fic ရဲ့အရသာလေးလည်းမပျက်အောင် စိတ်နှစ်ပြီးရေးထားတာပါ။ပေါ့ပျက်ပျက်ရေးတယ်လို့မထင်စေချင်ပါဘူး။
Votes & comments တွေအတွက်လည်းကျေးဇူးတင်ပါတယ်။နောက်လည်းပေးပေးကြပါဦးလို့။>//<

Sharing is caring နော်။Fic လေးကိုသဘောကျရင် လက်တို့ပေးကြပါဦး။(ပေါင်းပေါင်းလုပ်ခိုင်းတာတွေအရမ်းများတာပဲနော် 😁) ကိုယ်လည်းWPBLFW ကို join ထားတာဆိုတော့လေ။comment မှာထိုင်ခံ မန့်ပေးတဲ့သူကိုတွေ့တယ်သိလား။မန့်ပေးတဲ့ မမလား၊ညီမလေးလားမသိပေမယ့်ကျေးဇူးတင်ပါတယ်လို့ 🙆🏻‍♀️💙။ မွမွပါ 😘

စာဖတ်ရှူသူလူကြီးမင်းလေးတို့ကိုကျေးဇူးတင်ပါတယ်။ ><

                             ချစ်တဲ့ ပေါင်းပေါင်း ~v~ 
___________________________________________

Zawgyi

" သားေရ သားေလး....သားေလးေရ ...သား "

ေဒၚလွရီ ‌ထမင္းခ်က္ရာမွထၿပီး အခုထက္ထိအိပ္မက္ကမ႓ာထဲလည္ေနေသာ ပစ္တိုင္းေထာင္အား ႏိႈးရေလသည္။မေန႔ကေမေသာ့္ မဂၤလာေဆာင္မို႔ ညက်မွျပန္လာေသာေၾကာင့္ နည္းနည္းေလးေနာက္က်မွႏိႈးမည္ဟု စိတ္ကူးထားေသာ္လည္းယခုကမႈ ေနဖင္ထိုးေတာ့မည္ မထေသးေပ။

ဒီေကာင္ေလး အခုတေလာ ေျခလွမ္းေတြပ်က္ေနပါေရာ့လား။မေန႔ကလဲေျခေခါက္တယ္ဆိုၿပီး အၿမဲတက်က္က်က္ျဖစ္ေနတတ္သည့္ ဘုန္းျမတ္ကပင္ ခ်ီလာရသည္အထိ။ငါထင္ေနတယ္ ငါထင္ေနတယ္။

ေဗဒင္ဆရာႀကီးဆီ သြားၿပီးကတည္းကေဒၚလွရီ မိမိ၏သားအေျခအေနအား ေလ့လာသုံးသပ္မိသည္။ဆံပင္ဝဲဝဲ၊ေ႐ႊအဆင္းဝင္းဝါေနေသာအသားအေရ၊မိန္ကေလးမ်ားထက္ပင္ပုေသာအရပ္၊ အရပ္ပုတိုင္းပစ္တိုင္းေထာင္လိုမ်ိဳး ႏြဲ႕လ်ေနရမည္ဟု မဆိုလိုေပ။ပစ္တိုင္းေထာင္ကိုယ္တိုင္ကိုယ္က ႏုႏုေလးမို႔ပင္။ငယ္ဘဝကတည္းက အေနအထိုင္မွာလည္း မိန္းကေလးထက္ပင္ ပိရိေသးသည္။မ်က္ေတာင္ေလးမ်ားကလည္းေကာ့စင္းကာ မ်က္လႊာခ်ထားလွ်င္ မ်က္လုံးေလးမ်ားမွိတ္ထားသကဲ့သို႔ပင္။

တစ္ဖက္အခန္းတြင္း႐ွိပစ္တိုင္းေထာင္မွာေတာ့။

" အင္း ကို ဘုန္း ရင္ခြင္ႀကီးကအက်ယ္ႀကီးပဲ။ဟိဟိ ေႏြးေနတာပဲ။ဗိုက္ကလည္းႂကြက္သားေတြနဲ႔ တင္းရင္းေနတာပဲ။ေႏြးေနတာပဲ ဟင့္! ဖက္ထား။ဖက္ထားေပး အင္း ဖက္ထားေပးလို႔ ကို ဘုန္း မလႊတ္နဲ႔ဗ်ာ။ ဖက္ထားေပးလို႔ ကိုဘုန္းမေကာင္းဘူး ဟင့္ ! "

" သားေရ... သားေလး သားေလးေရ သား "

" ဟဲ့ပစ္တိုင္းေထာင္ ! "

ဝုန္း !!!!!

" အမေလး အေမ့ "

ေဒၚလွရီ အျပင္ဘက္က ေခၚႏိႈးေနသည္မွာ တစ္႐ြာလုံးၾကားေတာ့မည္။ပစ္တိုင္ေထာင္အခုထက္ထိ မၾကာေသးေပ။ သားေလး ေခၚၿပီးႏိႈးလို႔ မထမွေတာ့ နာမည္အရင္းေခၚရသည္။နာမည္အရင္းေခၚမွပဲ အသံၾကားရေဝာ့သည္။

" ႏိုးရင္ထေတာ့ ေနကနင့္ဖင္ေခါင္းထဲဝင္ေတာ့မယ္ ၾကားလား။ "

" ဟုတ္____ကဲ့ "

ပစ္တိုင္းေထာင္ ေယာင္နနႏွင့္သာ " ဟုတ္ကဲ့ " ဟုသာေျပာလိုက္ရေသာ္လည္း အခုထက္ထိႏိုးသလား။အိပ္ေနတုံးလားဆိုတာ မကြဲေပ။ခုနကထက္ထိသူ႕ကို ကိုဘုန္းကဖက္ထားတာမဟုတ္ဘူးလား။မဟုတ္မွ သူအိပ္မက္မက္ေနတာမ်ားလား။

ဟိဟိ အိပ္မက္ထဲေတာင္ပါလာတယ္ဆိုေတာ့ ဒီလူႀကီးကို သူေတာ္ေတာ္ေလးကိုပဲ မရေတာ့ဘူး။

တင္ပလႅင္ေခြလ်က္သား ထိုင္ေနရာမွ ဒူးႏွစ္ဖက္အား လႈပ္လိုက္ရင္း ပါးႏွစ္ဖက္အားလက္ျဖင့္ကိုင္ထားသည္။အိပ္မက္ထဲ၌ ဟိဟိ ဟိဟိ ဟိဟိ ေပ်ာ္စရာႀကီး။ေပ်ာ္လြန္းလို႔ ေမ‌ေမတံခါးကိုေခါက္ၿပီးႏိႈးတာေတာင္မႏိုးတာကို။

နံနက္ေစာေစာစီးစီး အယ္မဟုတ္တာေန႔လည္ေတာင္ေရာက္ေတာ့မယ္ဟ။

ျခဳံထားေသာေစာင္အား သပ္သပ္ရပ္ရပ္ေခါက္ရင္း ။မ်က္ႏွာသစ္ရန္ အိမ္ေနာက္ေဖးသို႔ထသြားေတာ့သည္။

" ေမ့ ဘာဟင္းခ်က္လဲ။ "

" သားႀကိဳက္တဲ့ ၾကက္ခ်ဥ္စပ္ေလ။ဟင္းဝါေလးခ်က္ထားေပးတယ္သားရဲ႕။ မေန႔ကေျခေခါက္တာ သက္သာလားသား "

" အင္းသက္သာပါတယ္ ေမေမရဲ႕ ဟီး "

" မဟီးနဲ႔ လာထိုင္ဦး။ ေမေသာ့္‌မဂၤလာေဆာင္ ႐ွိလို႔ သား လူႀကီးေတြကိုလိုက္မကန္ေတာ့ရေသးဘူးဟုတ္။ၿပီးရင္ေရမိုးခ်ိဳး အဝတ္စားလဲၿပီး လူႀကီးေတြကိုသြားကန္ေတာ့လိုက္ၾကားလား။ေနာက္က်ရင္အားနာစရာႀကီးကြယ္။ဘြားေမကိုေတာ့ ႀကီးျမနဲ႔ပဲကန္ေတာ့ပစၥည္းေတြထည့္ေပးလိုက္တယ္။မအားဘူးေလ အေမတို႔လည္း။ "

" ဟုတ္ဟုတ္ "

" ဟဲ့ ေကာင္ေလး။ေကာက္ညင္းေပါင္းေတြသိပ္မစားနဲ႔ အပူကန္ေနမယ္ၾကားလား "

" အင္းပါ ေမကလည္း "

ပစ္တိုင္းေထာင္ ေလးတိေလးကန္ႏွင့္ေျပာလိုက္ေသာေၾကာင့္ ေဒၚလွရီ ေခါင္းကိုခြပ္ခနဲေခါက္ကာ

" အိပ္ယာထ မ်က္စိႏွစ္လုံးပြင့္တာနဲ႔ ပ်င္းေနတာပဲလူၾကည့္ေတာ့ ငယ္ငယ့္ေလး႐ွိေသးတယ္။ "

" ေမကလည္း "

" စား စားေတာ့ သြက္သြက္စား ထမင္းစားခ်ိန္နဲ႔တိုက္ေနအုံးမယ္ "

✓✓✓✓✓

" ႀကီးသီေရ မမေသာ္ သားလာတယ္ဗ်ိဳ႕ ! "

ပစ္တိုင္းေထာင္ အထုပ္ေတြဆြဲၿပီး အိမ္ေ႐ွ႕ကြပ္ပ်စ္ေပၚသို႔ေရာက္သည္ႏွင့္တၿပိဳင္နက္ ကိုဘုန္းၾကားေအာင္တမင္တကာ ေအာ္လိုက္ျခင္းျဖစ္၏။ကိုဘုန္းနာမည္မပါပင္မဲ့လည္း သူထိပ္ဆုံးကထြက္လာမွာေသခ်ာတယ္ ဟီဟီး။

ေဟာ ၾကည့္မ်က္စိေ႐ွ႕၌ တရိပ္ရိပ္ႏွင့္ထိုလူသား အရိပ္ေလးနဲ႔တင္ေတာ္ေတာ္ ေလးကိုၾကည့္ေကာင္းတာပဲ။

" ဟီး ကိုဘုန္း ႐ွဴးးတိုးတိုး ႀကီးသီတို႔ေကာ ဘယ္သြားလဲ။ "

အိမ္ေ႐ွ႕ကြပ္ပ်စ္၌ အၾကမ္းရည္ေသာက္ရန္ အိမ္ေပၚမွအဆင္း မိမိ၏ကေလးအားေတြ႕ေလသည္။သနပ္ခါးအေဖြးသားႏွင့္ ေရခ်ိဳးလာသည္ထင္ ဆံပင္ဖ်ားတခ်ိဳ႕ ေရစိုေနသည္။ပုဆိုး႐ွည္႐ွည္ႏွင့္ တစ္ဖက္ကလည္းမုန္႔ထုပ္ေတြနဲ႔။သူကေလးကပဲ စေခၚၿပီးကိုယ့္ကို လက္ညိႇဳးေလးပါးစပ္နဲ႔ထိၿပီး " ႐ွဴး တိုးတိုး " တဲ့လား။အသည္းယားစရာေလးကြာ။

ကန္ေတာ့ဖို႔လာတာနဲ႔တူတယ္။

" ကေလး ဘာလာလုပ္တာတုံး။ "

" ဟိဟိ ေမေမကႀကီးသီတို႔ ဘဘႀကီးတို႔ကို ကန္ေတာ့ခိုင္းလို႔ေလ။ေရမိုးခ်ိဳးၿပီး ထြက္လာတာ။ "

" ေဖေဖတို႔ေမေမတို႔က အိမ္မွာမ႐ွိဘူးကေလးရဲ႕။မမေသာ္တို႔နဲ႔ ႐ြာဦးဘုန္းႀကီးေက်ာင္းဆီသြားတယ္။ဘုန္းဘုန္းကိုကန္ေတာ့ဖို႔တဲ့ ကိုယ္ကအေစာကတည္းက ကန္႔ေတာ့ၿပီးသားေလ။အိမ္မွာလည္းအေစာင့္မ႐ွိမွာစိုးလို႔ ေနခဲ့လိုက္တာမွန္သြားၿပီထင္တယ္။ေမေမတို႔ကအခုေလးတင္ထြက္သြားတာ။ ျပန္လာဖို႔ကလိုေသးတယ္။ "

ဟြန္႔ စကားကိုေအးေအးေဆးေဆးမေျပာဘဲ ခါးအားလာပြတ္ၿပီး မထိတထိႏွင့္။

" ေစာင့္မယ္ေလ။ဒါဆိုလည္း လက္ဖက္သုပ္ေကြၽး။ "

" လက္ဖက္သုပ္ေတာ့မေကြၽးဘူး။ကိုယ္မွမသုပ္တတ္တာ တျခား ဟာေတာ့ ေကြၽးမယ္။စား မ လား "

" အား ကိုဘုန္းေနာ္ လူလည္ႀကီး "

" စတာပါကေလးရဲ႕ လာအိမ္ေပၚတက္ခဲ့။ ျခံထဲမွာဆို လူျမင္တယ္ "

" အာ မဟုတ္တာေတြမေျပာနဲ႔ "

" စတာ လာလာ "

ေျပာရင္း သူ႕လက္အားဆြဲကာ အိမ္ေပၚ႐ွိသူ႕အခန္းထဲသို႔ဆြဲေခၚသြားေသာ ကိုဘုန္းအားပစ္တိုင္းေထာင္ အေနာက္ကေန႐ိုက္ခ်င္လာသည္။ေန႔ခင္းေၾကာင္ေတာင္ဘာေတြေတြးေနလဲမသိ လူဆိုးႀကီး။

___________________________________________

မုန္႔စိမ္းေပါင္း  -

မဂၤလာပါ။ဟီးဟီး ... တန္းလန္းႀကီးေနာ္။စာကိုေျပာတာပါ။ေျပာစရာေလး႐ွိပါတယ္။ဟိုေန႔က comment ေတြ reply ျပန္ပါတယ္။အေတြ႕ခ်င္ဆုံး comment ေလးကိုေတြ႕လိုက္ရပါတယ္။

" နႏၵကို က်မယူမယ္ " တဲ့။သိပ္ေတာ့ မမွတ္မိပါဘူး။အဲ့ဒီ စကားကိုျမင္ခ်င္တာၾကာပါၿပီ။‌ment တဲ့သူမ်ား‌ကိုလည္းေက်းဇူးတင္ပါတယ္။ေနာက္ေနာင္လည္းမ်ားမ်ားေလး မန္႔ေပးၾကပါလို႔။

ေနာက္တစ္ခုက မုန္႔စိမ္းေပါင္းက ေပ်ာ္ေနလို႔စာေရးတာလားဆိုေတာ့ မဟုတ္ပါဘူး။မေပ်ာ္ပါဘူး။ဒါေပမဲ့ ကိုယ္ေတာင္စိတ္ညစ္ေနတာ သူမ်ားေတြလည္းစိတ္ညစ္မွာပဲေလ။ညဖက္စာဖတ္ရင္ေတာ့ စိတ္ညစ္တာေလးေတြခဏပဲျဖစ္ျဖစ္ေပ်ာက္သြားေစခ်င္တဲ့ရည္႐ြယ္ခ်က္ေလးနဲ႔ ႀကိဳးစားၿပီးေရးေပးထားတာပါ။fic ရဲ႕အရသာေလးလည္းမပ်က္ေအာင္ စိတ္ႏွစ္ၿပီးေရးထားတာပါ။ေပါ့ပ်က္ပ်က္ေရးတယ္လို႔မထင္ေစခ်င္ပါဘူး။
Votes & comments ေတြအတြက္လည္းေက်းဇူးတင္ပါတယ္။ေနာက္လည္းေပးေပးၾကပါဦးလို႔။>//<

Sharing is caring ေနာ္။Fic ေလးကိုသေဘာက်ရင္ လက္တို႔ေပးၾကပါဦး။(ေပါင္းေပါင္းလုပ္ခိုင္းတာေတြအရမ္းမ်ားတာပဲေနာ္ 😁) ကိုယ္လည္းWPBLFW ကို join ထားတာဆိုေတာ့ေလ။comment မွာထိုင္ခံ မန္႔ေပးတဲ့သူကိုေတြ႕တယ္သိလား။မန္႔ေပးတဲ့ မမလား၊ညီမေလးလားမသိေပမယ့္ေက်းဇူးတင္ပါတယ္လို႔ 🙆🏻‍♀️💙။ မြမြပါ 😘

စာဖတ္႐ွဴသူလူႀကီးမင္းေလးတို႔ကိုေက်းဇူးတင္ပါတယ္။ ><

                             ခ်စ္တဲ့ ေပါင္းေပါင္း ~v~ 
___________________________________________











Continue Reading

You'll Also Like

63.6K 3.9K 33
Kay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^
35.5K 1.2K 27
ကိုကို ကြၽန္ေတာ့္ဘဝထဲက ထြက္ေျပးဖို႔မႀကိဳးစားနဲ႔. ကြၽန္ေတာ္ခင္ဗ်ားကိုဘယ္ေတာ့မွ လက္လႊတ္ေပးမွာမဟုတ္ဘူး ကိုကို႔ေမေမလိုခ်င္တဲ့ပိုက္ဆံကိုကြၽန္ေတာ္ေပးမယ္ ကိ...
Spring By BD

General Fiction

151K 5.3K 53
Request (One Shots)
285K 29.1K 64
ဗီလိန်ဆိုတဲ့ ဝေါဟာရကို သင်ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။