๐—›๐—ฒ๐—ฎ๐—ฑ ๐—ข๐˜ƒ๐—ฒ๐—ฟ ๐—›๐—ฒ๐—ฒ๐—น๐˜€

Door --Alcohol--

2.9K 354 49

//๐–ถ๐—๐–พ๐—‡ ๐–ธ๐—ˆ๐—Ž ๐– ๐—‹๐–พ ๐–ต๐–พ๐—‹๐—’ ๐–ฌ๐—Ž๐–ผ๐— ๐–จ๐—‡ ๐–ซ๐—ˆ๐—๐–พ ๐–ถ๐—‚๐—๐— ๐–ธ๐—ˆ๐—Ž๐—‹ ๐–ก๐–พ๐—Œ๐—๐–ฟ๐—‹๐—‚๐–พ๐—‡๐–ฝ'๐—Œ ๐–ก๐—‹๐—ˆ๐—๐—... Meer

โ€ข1โ€ข
โ€ข2โ€ข
โ€ข3โ€ข

๐—›๐—ฒ๐—ฎ๐—ฑ ๐—ข๐˜ƒ๐—ฒ๐—ฟ ๐—›๐—ฒ๐—ฒ๐—น๐˜€

591 77 17
Door --Alcohol--

အချပ်ပို ~

လွန်ခဲ့သော  နှစ် New Year အပြီး တစ်လအကြာ

"ဟေ့ကောင်...ဂယူဘင်း "

"ဘာတုန်း"

"မင်းအစ်ကို မှာ ရည်းစားရှိလား"

"ရုတ်တရက်ကြီး ဘာတွေလာမေးနေတာလဲ"

"မင်းအစ်ကို ကို ငါလိုက်တော့မှာမို့"

"ဘာ...."

___________

"မား...တစ်ခုလောက်ကူညီ"

"ထူးထူးဆန်းဆန်း ဘာကို ကူညီရမှာလဲ မုန့်ဖိုးပေးခိုင်းမှာတော့မဟုတ်ဘူးလား"

"လိုချင်တာရှိရင် အသံကိုက"

ဒါက သတင်းစာဖတ်နေတဲ့ ပါးပါးက လှမ်းဟောက်၏။

"မား တို့ရာ...ဒီလ အဆင့်ကောင်းအောင်ထပ်လုပ်ပေးမယ်..အဲ့ဒါကြောင့် တစ်ခုပဲကူညီ..."

"ဘာတုန်းကွ"

"ဘာများလဲ ငါ့သားရယ် လန့်လိုက်တာ"

Rickyက တစ်ချက်ရယ်မော၏။ နူတ်ခမ်းကို လျှာဖြင့်သပ်ကာ ချောင်းဟမ့်ပြီးမှ

"ကျွန်တော် ကျွန်တော့် သူငယ်ချင်းရဲ့အစ်ကို ကို့လိုက်တော့မှာမို့"

____________

"မင်းလဲ ကူညီစမ်း..Kim Gyuvin"

"ဟ ရူးနေလား..ဘယ်လိုလုပ် သူငယ်ချင်းနဲ့ အစ်ကို ကို အောင်သွယ်ပေးရမှာလဲ...နိုး.."

တစ်သက်လုံးမတည့်တဲ့ အစ်ကို ကို အခုမှ ချစ်ပြနေတဲ့ ကောင်ကြောင့်Ricky အမြင်ကတ်လာပြီ။

နောက်ဆုံး လက်နက်အနေနဲ့ ထုတ်သုံးဖို့ အချိန်ကြပြီလေ!

Rickyက Gyuvinရှေ့မှာသူ့ရဲ့ ဘဏ်ကဒ်ကို ဝေ့ ပြလိုက်သည်။

Ricky က အောင်နိုင်သူ တစ်ယောက်လို မျက်ခုံးပင့်လျက်

"ကဒ်ကိုတစ်ပတ် ငှါးမယ် ဝယ်ချင်တာ ဝယ်"

"ဟီး ယောက်ဖ..ပြော ဘယ်လိုကူညီရမလဲ"

"ကြိုက်သလိုသာ ကူညီ...ငါနဲ့ မင့်အစ်ကို နဲ့ ရည်းစားဖြစ်ရင်ပြီးရော"

Gyuvinပေးတဲ့အကြံအရ အကြံပေးချက်ကို သဘောကြပေမဲ့ Ricky က စိုးရိမ်နေ၏။

"အဆင်ပြေပါ့မလား" မေးတော့ Gyuvinက

"ငါ့အစ်ကိုက တုံးတာမို့လို့ အဆင်ပြေတယ် အဲ့နည်းလမ်းနဲ့သာလုပ်" တဲ့။

_______________

"Rickyတို့ အိမ်ကလေ စီးပွါရေးအခြေနေမဟန်ဘူးတဲ့.."

Taeraeတို့တစ်မိသားစုလုံးက အာမေဋိတ်အသံတွေထွက်ကုန်၏။ Gyuvinက မေမေ့ပန်းကန်ထဲ အသားတုံး ထည့်ပေးရင်း ဆက်ပြောသည်။

"Rickyက အရမ်းသနားဖို့ကောင်းတာ...သူ့ခင်ဗျာ...ထမင်းတောင် စားမဝင်ဘူးတဲ့..."

"ဟင် အဲ့တော့ သူအဆင်ပြေပါ့မလား..."

Taeraeကမေးတော့ Gyuvinက

"မသိဘူးလေ အဲ့ဒါသူ့ကိစ္စပဲကို..."

Gyuvinက ပုခုံးတွန့်ပြီးဖြေတော့ Taeraeက စိတ်ကုန်နေတဲ့ အကြည့်နဲ့ကြည့်၏။

"Rickyကို သနားနေတာလား သနားနေရင် အိမ်ခေါ်ထားလိုက်လေ.." လို့ အပြောခံရတဲ့အခါ Taerae က

"ပိုက်ဆံ ကျိကျိတက်ချမ်းသာနေရင် ခေါ်ထားလိုက်တယ်"

_____________

လွန်ခဲ့သော နှစ် New Year ည

New Year ညမှာ အကင်နှင့်ဟော့ပေါ့လုပ်စားကြမယ်ဟု တေးထားတာကြောင့် Taeraeနှင့်Gyuvin ..ညီအစ်ကို နှစ်ယောက် ခေါင်မိုးထပ်အပေါ်ကို အိုးတွေ ပန်းကန်တွေ သယ်ရင်း အလုပ်ရှုပ်နေကြသည်။

Gyuvinက Rickyကိုပါ ခေါ်ထားတာကြောင့် ဟော့ပေါ့အိုးအတွက် ဒီမနက်လေးတင်  Taeraeက လမ်းထပ်က မားကတ်မှာ သွားဝယ်ခဲ့ပြီးသား။

Taeraeတို့မေမေကလဲ Rickyမလာသေးတာကြောင့် သူ့သားGyuvinကိုမေးတော့၏။

"ဟဲ့ သား...Rickyလေးက  လာမယ်ဆိုပြီး မရောက်လာသေးပါလား"

"အော...ခဏက ဖုန်းဆက်တယ် သူ သောက်စရာတွေ ဝင်ဝယ်နေလို့တဲ့"

"ဟယ် အားနာစရာကြီး သူ့ကိုမပြောလိုက်ဘူးလား..အိမ်မှာလဲ သောက်စရာတွေရှိနေတာကို"

မေမေက Rickyကို အားနာနေဟန် ဖြစ်ပေမဲ့ Taeraeက စစနောက်နောက်ဖြင့်

"မေမေရယ် ဂယူဘင်း သူငယ်ချင်း အဲ့ကောင်လေးက ပိုက်ဆံအိတ်ထဲ ပိုက်ဆံရှိရင် မနေတတ်လို့နေမှာပေါ့"

ထိုအချိန်မှာပဲ ခြံရှေ့ကို Rickyရဲ့ကားက ရောက်လာသည်။
ကားဟွန်းတီးလိုက်တာကြောင့် Gyuvinက ခေါင်မိုးထပ်က ဝရံတာကနေ လှမ်းအော်တော့သည်။

"ဟေ့ကောင် နွား...ဇွတ်တီးမနေနဲ့ ခြံသော့ပစ်ချပေးမယ်"

Ricky က သူ့ကားကို ဂယူဘင်းတို့ ခြံရှေ့မှာပဲ ထိုးရင်း ကားပေါ်က ဆင်းလိုက်တယ်။

Gyuvinပစ်ချပေးတဲ့သော့ကိုဖမ်းရင်း ခြံသော့ကို ဖွင့်ပြီး ဝင်လာတယ်။ ခေါင်မိုးထပ်ကိုတက်သွားတော့ ဟော့ပေါ့ အနံ့တွေက နှာခေါင်းထိပ်နားတောင် လာကျီစယ်နေပြီ။

Rickyက လက်ထဲက ဝိုင်ပုလင်းတွေကို Gyuvinဖေဖေကို ကမ်းပေးလိုက်၏။

"ကျေးဇူးကွာ နောက်တစ်ခါဘာမှမဝယ်လာနဲ့"

"ရပါတယ်ဗျ"

Rickyက ဝင်ထိုင်လိုက်ရင်း ဘာရယ််မဟုတ် Taeraeကို ကြည့်မိလိုက်၏။

ညအိပ်ဝတ်စုံ အနီရဲရဲတောက်ဝမ်းဆက် ကိုမှ ခပ်ပါးပါလေးကိုဝတ်ထားတယ်။

မကြာသေးခင်ကမှ လျှော်ထားပုံရတဲ့ ခေါင်းမှ စတော်ဘယ်ရီအနံ့လိုမျိုး သင်းကနဲရလိုက်တာကြောင့် Rickyပြုံးလိုက်မိတယ်။

အင်း...သူ ဒီအစ်ကို ကို Gyuvinအိမ်လာတိုင်းတွေ့နေကျပေမဲ့ သိပ်ပြီးမရင်းနှီးတာတော့အမှန်။

ဒါပေမဲ့ သူ့ကို ဆိုအမြဲ ပြုံးပြတတ်ပြီး သူကြိုက်တတ်တဲ့ စတော်ဘယ်ရီနို့ကိုလဲ အိမ်လာတိုင်း အမြဲတိုက်၏။

ခပ်ဖွဖွရယ်ပြလိုက်တော့ Taeraeက ဟော့ပေါ့ များများထည့်စားလို့ ကပ်ပြောသည်။

Gyuvinနှင့်Taeraeကအမြဲမတည့်တာကြောင့် Taeraeက Rickyကိုပိုခင်သည်ဟု ဒီစကားကို Ricky ကGyuvinဆီက ကြားဖူးတယ်။

သူ Taeraeကိုတော့ တစ်ကယ်ခင်၏။

စကား တစ်ပြောပြောနဲ့ အချိန်ဟာ ဘယ်လိုကုန်သွားမှန်းမသိ။

Countdown စတော့မှပဲ အကုန်လုံးက ပြိုင်တူရေတွက်ရင်း 'Happy New Year' ဆိုပြီး အော်လိုက်ကြသည်။

Happy New Yearလို့ အော်အပြီး Taeraeက ခပ်လောလောဖြင့် အိမ်အောက်ကိုပြေးဆင်းသွားတာကြောင့် အကုန်လုံးက မနိုင်ဟန် ခေါင်းခါကြသည်။ Rickyကလွဲရင်ပေါ့။

Rickyက နားမလည်ဟန် Gyuvinကို ကပ်တိုးလေး မေး၏။

"မင်းအစ်ကို ဘာလို့ပြေးသွားတာလဲ"

"အဲ့ဒါ သူ မီးဖိုချောင်ထဲက စပျစ်သီးကို ယူပြီး ခုံအောက်မှာ သွားစားတာ"

Rickyကြောင်သွား၏။

"ကျစ်..မင်းမသိဘူးလား...အဲ့လိုလုပ်ရင် ရည်းစားရတယ်တဲ့..."

"ဟုတ်လား...အစ်ကိုက ရည်းစားလိုချင်လို့တဲ့လား"

"သိပါဘူး..သူ့ခရက်ရှ်နဲ့ ရည်းစားဖြစ်ချင်လို့နေမှာပေါ့၊လိုင်းပေါ်မှာသူများပြောတဲ့အတိုင်း လိုက်လုပ်တာလေ မနက်တည်းက စားပွဲအောက်မှာ စပျစ်သီးစားဖို့တက်ကြွနေတာ အမေတောင် မနိုင်လို့ လွှတ်ထားတာ"

"အော ဟော်!"

"အေးဆို မင်းတောင် ဒီလိုအံ့ဩနေတာ..ငါဆိုစဉ်းစားကြည့်! မင်းပြောကြည့်စမ်း Ricky Shen! ငါ့အစ်ကိုလောက် တုံးတာ ငါ့အစ်ကိုပဲရှိတယ်...သူ့ကို ဘယ်သူကကြိုက်မှာလဲ ဒီလောက် တုံးတာ"

"အနာဂတ်ကိုပြောလို့မှမရတာ..."

"သူ ဆုတောင်းမယ့် ဆုတောင်းကလဲ သူ့ကိုအရမ်းချစ်တဲ့သူနဲ့ပဲရည်းစားဖြစ်ရပါစေတဲ့ဟေး"

"ဒါနဲ့ အဲ့နည်းက တစ်ကယ်ရည်းစားရလို့လား..မင်းအစ်ကိုက တစ်မျိုးပဲ"

"သူတုံးလို့ ယုံတာလေ..သူဟို စီနီယာမိန်းကလေးကို ကြိုက်ရင် ကိုယ့်ဟာကိုယ်ကြိုးစားပေါ့ ဘယ်နှယ့်....ခုံအောက် စပျစ်သီးစားရုံနဲ့ ရည်းစားရဦးမယ် ဆုတောင်းလေ ဆုတောင်း ဟိုစီနီယာကဖြင့် သူ့ကိုခေါင်းထဲတောင် မရှိပဲကို"

Gyuvinက ရှုံ့မဲ့စွာပြောတော့ Rickyက ကြိတ်ရယ်၏။

"ငါ့အထင် မင်းအစ်ကို ရည်းစားရတော့မယ်ထင်တယ်"

•Head Over Heels•
The End

Ga verder met lezen

Dit interesseert je vast

1.9K 195 8
แ€กแ€แ€ปแ€…แ€บแ€”แ€พแ€„แ€ทแ€บ แ€›แ€ฐแ€ธแ€žแ€ฝแ€•แ€บแ€แ€ผแ€„แ€บแ€ธ
2.3M 118K 65
โ†ณ โ [ INSANITY ] โž โ” yandere alastor x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, (y/n) dies and for some strange reason, reincarnates as a ...
661K 14.7K 42
In wich a one night stand turns out to be a lot more than that.
1M 56K 36
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...