ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

By Ice_berry_

669K 121K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-11

9.1K 1.8K 217
By Ice_berry_

[Unicode]

အင်တာဗျူးကောင်မလေးမှာမတက်သာဘဲ သူမမျက်နှာအားပြန်ပွတ်သပ်​နေပြီး သူဘာတွေများပြောမိလိုက်လဲ ပြန်လည်တွေးတောနေမိကာ အမှားတစ်စုံတရာများလုပ်လိုက်မိလေသလား ပြန်လည်ဆန်းစစ်နေရရှာသည်။

ဘာပဲဖြစ်ဖြစ်ငါကအရင်လိုလှမြဲလှဆဲပဲ.. ပြီးရင် National TV အတွက်အလုပ်လုပ်​နေတာလေ.. ဘယ်နေရာကမှားယွင်းနိုင်မှာလဲ? ဒါမှမဟုတ်ရင် ဒီလူက သူပြောတာကိုများကောင်းကောင်းမကြား လိုက်လို့များလားဟူ၍ တွေးမိလိုက်တော့သည်။

ထို့နောက် သူမသည်ချောင်းတချက်အသာလေးဟန့်လိုက်ကာ မျက်နှာပြောင်ပြောင် ခေါင်းမာမာနှင့်ပင် ထပ်မံမေးလိုက်ပြန်၏။

“ဟိုင်း... ကိုလူချောရေ အင်တာဗျူးလေးများလုပ်လို့ရမလား?”

​ကြောင်တိ​ကြောင်ကြားတိတ်ဆိတ်ငြိမ်သက်မှုအပြီးမှာ တဖက်လူသည် သူမအားအေးတိအေးစက် ခပ်ချောချောမျက်နှာဘေးတိုက်ဖြင့်သာ တုံ့ပြန်လေသည်။

ယခုအချိန်မှာတော့ကောင်မလေးမှာ အလွန်တရာရှက်အမ်းသွားမိပြီး ဒီအရာမှာတိုက်ရိုက်ထုတ်လွှင့်နေခြင်းမဟုတ်တာကိုပဲ ကျိတ်ဝမ်းသာနေရတော့သည်။ သို့မဟုတ်ပါက တနိုင်ငံလုံးက သူမကိုဟာသကြီးတခုလို မြင်နေရှာတော့မည်ဖြစ်၏။

စိတ်ပျက်လက်ပျက်ဖြင့် သူမကမိုက်ခရိုဖုန်းအား ရုတ်သိမ်းလိုက်တော့ကာ အဖွဲ့သားများကို တပ်ဆုတ်ခွာဖို့ အချက်ပြမယ်လုပ်တုန်းမှာပဲ အင်တာဗျုးသမားကောင်လေးတယောက်က သူမနောက်သို့ ခုန်ထွက်လာပြီး မိုက်ခရိုဖုန်းအားတက်တက်ကြွကြွနှင့် ဆွဲယူသွားတော့ကာ တဖက်သို့သွားပြီး ​​ဟော်ချွီအား မေးမြန်းပြန်တော့သည်။

“လူချောလေး အင်တာဗျူးဖြေဖို့ ဘာလို့ငြင်းဆန်တာလဲဆိုတာသိခွင့်ရှိမလား?”

အင်တာဗျူးကောင်လေးက မျက်စိလျင်လျင်ဖြင့် ​ဟော်ချွီထံမှ ပေါက်ကွဲထွက်လုနီးနီး အခြေအနေကို အာရုံခံမိသည့်အတွက်ကြောင့် အလိုလိုသိစိတ်ဖြင့် အပြေးအလွှားရှေ့တက်လာခြင်းဖြစ်ပေ၏။

သို့သော်လည်း ​ဟော်ချွီမှာ သူ့အားမသိကျိုးကျွန်ပြုထား၏။ သူသည်နှုတ်ခမ်းကိုဖွဖွကိုက်လိုက်ပြီး မျက်မှောင်ကြုံ့လို့ နောက်ဆုတ်သွားလေသည်။

အင်တာဗျူးကောင်လေး, “….”

သူက စွံအနားမကြားသူများလား?

အင်တာဗျူးကောင်လေးက သူ့အားစူးစမ်းလေ့လာသည့်မျက်လုံးများဖြင့်အကဲဖြတ်နေစဉ် ရုတ်တရက်တွေ့လိုက်တာကတော့ ​ဟော်ချွီမှာရှေ့တလှမ်းပြန်တိုးလာပြီး သူမူလကရပ်နေသည့်နေရာသို့ ပြန်ရောက်သွားသည်ကိုပင်။

အင်တာဗျူးကောင်လေးက အပျော်လွန်သွားလေတော့ကာ သူရဲ့ဆွဲဆောင်မှုတွေကပဲ ​ဟော်ချွီနှုတ်ခမ်းကိုဖွင့်ဟလာစေတော့မည် ထင်မှတ်သွားတော့၏။

ထို့ကြောင့် သူက အလောတကြီးရှေ့တက်သွားကာ စကားပြောမယ်ကြံလိုက်စဉ်မှာပဲ ​ဟော်ချွီကသူ၏ ခေါင်းကိုတဖန်ပြန်လှည့်လို့သွားတာကို တွေ့လိုက်ရတော့၏။

အင်တာဗျူးကောင်လေး, “...” 

သူ့မှာအင်မတန်နာကျင်ကြေကွဲထိရှသွားရရှာသည်..

​ဟော်ချွီမှာချဉ်းကပ်ဖို့ အလွန်ခဲယဉ်းကြောင်း နားလည်သွားသည့်အတွက်ကြောင့် သူကတွန့်ဆုတ်ဆုတ်နှင့်ပဲ အင်တာဗျူးကိုလက်လျှော့လိုက်ရတော့ကာ ပစ္စည်းတွေသိမ်းလို့ထွက်ခွာရန်ပြင်ဆင်နေပြီး ဒီပရိုဂရမ်လွှင့်ချိန်ရောက်ရင် ယခုအပိုင်းကို Post Credits ဆင်းစ်အနေနှင့်ပဲ ပြမယ်လို့တွေး​တောနေ၏။

သူ​နောက်ပြန်လှည့်လာချိန်မှာပဲ ချောကလက်ပူပူလေးတခွက်ဖြင့် သုတ်တီးသုတ်ပျာရောက်လာသည့် ယွီချင့်ဟွမ်အား အမှတ်မထင်မြင်တွေ့လိုက်ရတော့သည်။ သူမျက်လုံးများမှာ ချက်ချင်းကို
ဘလင်းဘလင်းတောက်ပလို့သွားချေ၏။

ဒီနေ့ ငါထီများထိုးခဲ့သေးလား? ဘယ်လိုလုပ်ပြီး
ဒီလောက်ချောခန့်သန့်နေတဲ့ မျက်နှာကိုဖြတ်သွားဖြတ်လာထဲတန်းတွေ့လိုက်ရတာလဲ? ကြည့်ရတာ
ဒီနေ့အတွက် ဘုရားသခင်က သူ့အားကောင်းချီး ပေးနေသလိုတောင် ထင်မြင်လာရသည်။

အင်တာဗျူးကောင်လေးမှာ တိုးတိုးကျိတ်ကျိတ်
စိတ်​တွေခုန်သွားရပြီး မိုက်ကရိုဖုန်းကိုင်ထားသည့် လက်အားပင့်မြှောက်လိုက်လေတော့၏။

သို့သော်လည်း သူ​တောင်ဘာမှမပြောရသေး သူ့ခမျာအားကြီးနှင့်တွန်းဖယ်ခြင်းခံလိုက်ရပေ၏။

သူကိုယ့်သူတည်ငြိမ်သွားအောင်ပြန်လုပ်ယူပြီးခါမှ ဘယ်ကအရိုင်းအစိုင်းလဲကွဆိုပြီး စိတ်ဆိုးမာန်ဆိုးနှင့် ခေါင်းကိုမော့ကာရှာဖွေစဉ် သူ၏မျက်လုံးများက အေးစက်စက်တေမိမင်းသားလေး ​ဟော်ချွီကိုတွေ့လိုက်ရတော့၏။

ထိုအချိန်မှာတော့ ​ဟော်ချွီသည် လှမ်းလာနေသည့် လူကိုပြုံးပြနေကာ

“ချင့်ဟွမ် မင်းပြန်လာပြီ..”

ပရိုဂရမ်အဖွဲ့သားတိုင်းကတော့ ထိုလူမှာ အ,အလေးတယောက်မဟုတ်မှန်းတွေ့ရှိသွားလို့ အံဖွယ်သရဲ​တွေဖြစ်ကုန်၏!

ထို့နောက်တွင် အကုန်လုံးမှာဒေါသခိုးတွေတ​​ဝေဝေဖြစ်လာရတော့သည်။

ဒီလူက အအ,တ​ယောက်မဟုတ်ဘူးဆိုလဲ ဘာလို့ငြင်းဆန်တာမျိုးကိုတောင် သူတို့ကိုအရေးအရာလုပ်ပြန်မ​ဖြေပေးနိုင်ရတာလဲ!

ပရိုဂရမ်အဖွဲ့သားတွေ၏အမျက်ဒေါသကို သတိမမူမိပါဘဲ ဟော်ချွီသည် ယွီချင့်ဟွမ်ကပေးအပ်လာသည့် ချောကလက်ပူပူလေးကို ဝမ်းမြောက်ဝမ်းသာ လက်ခံယူလိုက်ပြီး သောက်ရန်လုပ်​နေစဉ် အခက်အခဲတချို့ရင်ဆိုင်လိုက်ရ​ပေ၏။

သူဟာ သောက်စရာဘူးအဖုံးကာဗာလေးကို လက်မနှင့်လက်ညှိး လက်သည်းနဲ့ဖိဆိတ်ကာ ဆန့်ကျင်ဘက်သို့ဆွဲခွာသွားဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေသော်လည်း အဖုံးကတော့နေမြဲနေဆဲအတိုင်းပင်။

သူ့ခွန်အားတွေဘယ်လိုထုတ်ပါ​​စေ ထို
ပလက်စတစ်ဘူးအခွံကိုဆွဲခွာလို့မရဖြစ်နေချေ၏။

ခုလိုဆောင်းရာသီလလယ်ကြီးမှာတောင် ​ဟော်ချွီခမျာ ချွေး​တွေတပြိုက်ပြိုက်နဲ့ ခြေကုန်လက်ပမ်းကျနေရှာရတော့သည်။

“ပိုက်နဲ့တိုက်ရိုက်သာဖောက်လိုက်” ယွီချင့်ဟွမ်က ပြောကြားလာ၏။

"ဖောက်?" ​

ဟော်ချွီမှာ ပိုက်ကိုကြောင်စီစီကြည့်လို့ ဘာလုပ်လို့ဘာကိုင်ရမယ်မသိဖြစ်နေ​ချေ၏။

ယွီချင့်ဟွမ်မှာ သူ၏ကိုးယိုးကားယားနိုင်သောပုံစံကို ကြည့်မ​နေနိုင်တော့ပဲ သူ၏ခွက်ကိုဆွဲယူလိုက်ပြီး ပိုက်ဖြင့်ချက်ချင်းဖောက်​ပေးလိုက်ကာ သူ့ကိုပြန်ပေးလိုက်တော့သည်။

“ဖြေးဖြေးသောက်...ပူတယ်..”

“အိုကေ..” ​

ဟော်ချွီမှာနာခံလိုက်နာစွာဖြင့် ခေါင်းကိုညိတ်လို့ ထင်ထားတဲ့အတိုင်း နည်းနည်းချင်းစီတစ်ငုံချင်းသောက်လို့နေ၏။

ပရိုဂရမ်အဖွဲ့သားတွေကတော့ ဒီအသက်အရွယ်တိုင်​အောင် Milk Tea ကိုဘယ်လိုသောက်ရလဲဆိုတာ မသိသေးတဲ့သူရှိပါသေးသလားဟု အံ့ဩမင်တက်နေရတော့ချေ၏။

ဘယ်လိုတောင်ငကြောင်လဲ!

ဒီပုံစံအတိုင်းသာဆို သူတို့အ​နေနဲ့ ဒီလူထူးဆန်းဆီက ခုထပ်ထိစကားပြန်ပြန်မရ​သေးတာက အတိုင်းအတာတခုထိ မထူးဆန်း​တော့​သည်ပဲ...

ကိစ္စတွေဖြေရှင်းပြီးသွားခါမှ ယွီချင့်ဟွမ်သည်ပရိုဂရမ်အဖွဲ့သားတွေရဲ့ တည်ရှိမှုကိုသတိပြုမိလိုက်တော့သည်။

“မင်းတို့က...”

ပရိုဂရမ်အဖွဲ့သားတွေခမျာပျော်လွန်းလို့ ငိုချမိမတက် ဖြစ်သွားရလေသည်။ နောက်ဆုံးမှာတော့ နှစ်ယောက်ထဲကတယောက်တော့ အဖက်လုပ်ချေပြီ!

သူတို့မှာလူတွေအများကြီးကို အင်တာဗျူးခဲ့ဖူးသော်လည်း သူတို့အား  'လေ' ကဲ့သို့သာ သဘောထားနေသည့်သူတွေကိုဆုံတွေ့ခြင်းက​တော့ ဒါပထမဆုံးဖြစ်ချေ၏။

ပါးနပ်တဲ့အင်တာဗျူးကောင်လေးတယောက်က အခွင့်အရေးကိုမြင်လိုက်သည်နှင့် တပြိုင်နက် အလောတကြီးရှေ့တက်လာကာ ပြောလိုက်သည်။

“ကျွန်တော်တို့က နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနရဲ့ “Young People Want High”  ပရိုဂရမ်အဖွဲ့သားတွေပါ ခင်ဗျာ၊ ခင်ဗျားတို့ နှစ်ယောက်ကို အင်တာဗျူးလေးလုပ်ချင်လို့၊ အဆင်ပြေနိုင်မလား?”

ယွီချင့်ဟွမ်, “…”

သူဟာ အစားလေးစားဖို့ထွက်လာယုံလေးကို အရင်ဘဝတုန်းက နာမည်ကြီး​ကျော်ကြားခဲ့တဲ့ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနရဲ့ Varity Show တခုအင်တာဗျူးနဲ့မှ လာတိုးရတယ်! ဒီဘဝမှာ သူဘယ်လိုတောင် ကံကောင်းရတာလဲ!

သူသည် သူ့ပုံရိပ်ကို ရုပ်သံလွှင့်ဌာနရဲ့ Varity Show မှာ ဖြတ်သွားဖြတ်လာအနေဖြင့်တောင် ချမပြချင်ပေ။

ထို့ကြောင့် သူ့နံဘေးက ​ဟော်ချွီကိုရှေ့သို့တွန်းပို့လိုက်ပြီး ပြောလိုက်တာက

“သူ့ကိုဗျုး...”

ချောကလက် Milk Tea ​တခွက်ကို လေးနက်တည်ကြည်စွာသောက်သုံးနေသည့် ​ဟော်ချွီခမျာ တုံဏိဘာဝေမျက်နှာဖြင့် ရုတ်တရက်ဆိုသလို ယွီချင့်ဟွမ်၏ ရှေ့သို့တွန်းပို့ခြင်းခံလိုက်ရပေ၏။

“ငါ့ကိုမကြည့်နဲ့ .. ကင်မရာကိုကြည့်ပြီး သူတို့မေးတာကို တည်တည်တံ့တံ့ဖြေပေးလိုက်”

ယွီချင့်ဟွမ်ကဟော်ချွီ၏ပခုံးအား အသာပုတ်လို့ ပြောလိုက်သည်။

ချင့်ဟွမ်က သူ့အားမေးခွန်းတွေကို တည်တည် ကြည်ကြည်ဖြေပေးဖို့ပြောလာတယ်!

​ဟော်ချွီမှာအချိုရည်ဘူးကို အောက်ချထားလိုက်ပြီး အင်တာဗျူးသမားအား လေးနက်တည်ကြည်သည့် နားဆင်သူတယောက်ဟန်ဖြင့် ကြည့်နေလိုက်၏။

အင်တာဗျူးသမားက သဘောခွေ့သွားရရင်း မြန်မြန်ဆန်ဆန်မေးလိုက်တာက

“ကျေးဇူးပြုပြီး မင်းရဲ့လက်ရှိအလုပ်အကိုင်လေး ပြောပေးပါဦး..”

“ဟွာတအဆင့်မြင့်သုတေသနတက္ကသိုလ်က ပရော်ဖက်ဆာပါ”

အင်တာဗျူးသမားမှာမမျှော်လင့်ထားသည့် အဖြေကြောင့် ဆွံ့အကြောင်တောင်သွားတော့သည်။

ပရော်ဖက်ဆာ?  အဆင့်မြင့်သုတေသနတက္ကသိုလ်?
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!

သူရဲ့ထင်မြင်ချက်မှာတော့ ပရော်ဖက်ဆာတွေဆိုတာ ယေဘူယျအားဖြင့် အသက် ၅၀ ကျော် ၆၀ ကျော် အရွယ်တွေသာ ဖြစ်တယ်.... ဒါပေမယ့် ဒီလူချောက ကြည့်လိုက်ယုံနှင့် အသက် ၃၀ အောက်လို့ ထင်ရတာပဲ!

သူက မျက်လုံးများကိုကစားလိုက်ပြီး ​ဟော်ချွီ၏ စကားအပေါ် အယုံအကြည်မရှိစွာဖြင့် မေးလိုက်တာက

“မင်း သုတေသနအကြောင်းအရာကဘာလဲ?”

သူ၏ပြောင်မြောက်လှတဲ့မေးခွန်းအပေါ် ကင်မရာရှေ့ဝယ် ဟော်ချွီတယောက်မ​ဖြေနိုင်​လောက်မှာကို
မြင်ချင်တာမအောင့်နိုင်တော့ပေ။

ချီး.. ငါတော့တနိုင်ငံလုံးရှေ့ မင်းမျက်နှာဘယ်လိုပျက်ရမလဲဆိုတာ မြင်ချင်သေးတယ်....

​ဟော်ချွီက မနားတန်းအဖြေပေးလိုက်သည်မှာ

“Subatomic particles တွေက mass mechanism ဘယ်လိုရလာသလဲဆိုတာပဲ...”

အင်တာဗျူးသမား, “…”

ဘာကြီး? သူက စာလုံးတလုံးချင်းစီတိုင်းကို နားလည်နိုင်သော်လည်း စာကြောင်းလိုက်ပေါင်းလိုက်သောအခါ ဦးနှောက်ခြောက်သွားရတော့တယ်?

အင်တာဗျူးသမားတွေးမိလိုက်သည်မှာ
တစုံတယောက်အနေနဲ့  ဒီလိုလေလုံးထွားဟန်များနိုင်ဖို့ဆိုတာ တကယ်မလွယ်လှဘူး...

အင်တာဗျူးသမားက ချက်ချင်းပဲ အကြောင်းအရာခေါင်းစီးကို ပြောင်းလိုက်တော့သည်။

“မင်း လက်ရှိအလုပ်နဲ့နေထိုင်မှုဘဝမှာ အခက်အခဲတစုံတရာများရှိလား?”

ဒီမေးခွန်းကိုကြားလိုက်စဉ်မှာတော့ ​ဟော်ချွီသည် တံတွေးတချက်မြိုချလိုက်ကာ ယွီချင့်ဟွမ်ဆီသို့ မသိမသာအကြည့်တချက်​ရောက်သွား၏။

လိမ်တာမကောင်းဘူးဆိုတာသူသိတယ်၊ ဒါပေမယ့်လို့ ချင့်ဟွမ်ကြားပြီးစိတ်ဆိုးသွားမှာကိုလည်း သူက ထိတ်လန့်လို့နေတယ်..

“ဘာများလဲ?”

သူ့အကြည့်အားသတိပြုမိသွားသည့် ယွီချင့်ဟွမ်မှာ ပြောင်ချော်ချော်ပြုံးလို့ သူအားမရိုးမဖြောင့်မျက်လုံးတွေမှိတ်ပြနေ၏။

“လာစမ်းပါ…ဘယ်လိုပုန်းလျှိုးကွယ်လျှိုးလျို့ဝှက်ချက်တွေများလဲ?”

​ဟော်ချွီကသူ့စကားနောက်ကွယ်ကဆိုလိုရင်းကို
မဖမ်းဆုပ်လိုက်မိဘဲ အလျင်စကားအတိုင်းကိုသာ အတည်ယူလိုက်ချေတော့၏။

ချင့်ဟွမ်က သူ့ကိုဖြေပေးလိုက်လို့ပြောထားမှတော့ မကွယ်မဝှက်အမှန်အတိုင်းပြောရတော့မှာပေါ့...

“ကျွန်တော်ရွှေငါးနှစ်ကောင်လိုချင်တာ..ဒါပေမယ့် ချင့်ဟွမ်က တကောင်ဝယ်ပေးမယ်လို့ပဲ ကတိပေးထားတယ်”

ယွီချင့်ဟွမ်နှင့်အင်တာဗျူးသမား, “...”

ဒါ ဘယ်လိုစောင်ပြသနာအမျိုးအစားလဲဟ?!

ယွီချင့်ဟွမ်ကသူ့နဖူးသူပွတ်လိုက်ကာ

“ထားလိုက်ပါတော့ ငါ မင်းအလိုရှိသလောက်ဝယ်ပေးပါ့မယ်”

​ဟော်ချွီ၏ မျက်လုံးများမှာ အံဩတုန်လှုပ်စွာဖြင့် ပြူးကျယ်လာပြီး  “တကယ်?”

“ကဲ မင်းအဖြေကိုပြန်ပြောင်းလိုက်တော့ ...” ယွီချင့်ဟွမ်ကပြောလိုက်တော့သည်။

​ဟော်ချွီ, “ဒါဖြင့်ရင် ခုဘာပြသနာမှမရှိတော့ဘူး”

အင်တာဗျူးသမား, “...”

ကျေးဇူးပြုပြီး မင်းတို့နှစ်ယောက် ငါ့ကိုအဖက်လေးလုပ်ကြည့်ပေးကြပါဦးလား? ငါက အစီအစဉ်တင်ဆက်သူနော်! ငါ နောက်ထပ်သည်းညည်းမခံနိုင်တော့ဘူး!

အင်တာဗျူးသမားတော့ ကိစ္စကိုမြန်မြန်လက်စသပ်ပြီး ဒင်းတို့နှစ်ယောက်ဝေးရာနေဖို့ကိုသာ ဆုံးဖြတ်လိုက်တော့၏။

သူကအပြုံးတစကိုညှစ်ထုတ်လိုက်ပြီး

“နောက်ဆုံးမေးခွန်း...အစောတုန်းက ငါတို့ကိုဘာလို့ လစ်လျူရှုထားရတာလဲ?”

သူဒါကိုမေးပြီးတာနဲ့ ပရိုဂရမ်အဖွဲ့သားတိုင်းရဲ့
နားတွေကစွင့်ကားလာကြတော့သည်။

“အာ” ​

ဟော်ချွီက မျက်နှာပေါ်တွင် ရိုးစင်းနုံအသည့် အမူအရာဖြင့် ယွီချင့်ဟွမ်ကိုတချက်ကြည့်လိုက်ကာ

“ချင့်ဟွမ်ထွက်မသွားခင်က လူစိမ်းတွေနဲ့ စကားမပြောရဘူးမှာသွားလို့...”

ပရိုဂရမ်အဖွဲ့သားအားလုံး, “….”

မင်းကသူ့ဘာဘီအရုပ်လေးလား? ဘာလို့တအား​​တွေ နာခံလိုက်နာနေရတာလဲ?

အစီအစဉ်တင်ဆက်သူက ပုံမှန်မဟုတ်တာတခုကို အနံ့ခံမိသွားလို့ ထပ်မံမေးလာ၏။

“မင်းနဲ့သူက ဘယ်လိုဆက်ဆံရေးမျိုးလဲ?”

​ဟော်ချွီက သူ့အားအဓိပ္ပါယ်ဖော်ရန်ခက်ခဲသည့် အကြည့်တချက်ပေးလိုက်ပြီး

“ခုနက နောက်ဆုံးမေးခွန်းလို့မင်းပြောလိုက်သလားလို့?”

အစီအစဉ်တင်ဆက်သူ, “….”

မင်းက နောက်ဆုံးမှာ ဉာဏ်လေးနည်းနည်းရှိလာပြီပေါ့! ဒါပေမယ့်လည်း ခုချိန်ကလိမ္မာပါးနပ်ပြနေရမယ့် အချိန်မဟုတ်သေးဘူးဟ!

ပရိုဂရမ်အဖွဲ့သားတွေက စိတ်လက်မသာစွာ ထွက်ခွာသွားကြတော့သည်။ ယွီချင့်ဟွမ်မှာ ​ဟော်ချွီအတွက် ရွှေငါးနှစ်ကောင်ဝယ်ပေးပြီးတာနဲ့ သူ့အားအိမ်ပြန်လိုက်ပို့၏။

“ငါ ဒီရက်ပိုင်း မင်းနဲ့တွေ့နိုင်ဦးမှာမဟုတ်သေးဘူး”

ယွီချင့်ဟွမ်က ကားထဲမှာ ​ဟော်ချွီကိုပြောပြလိုက်သည်။

“ငါ မနက်ဖြန်ရိုက်ကွင်းသွားရ​တော့မှာ၊ မင်း ပျင်းနေရင် ငါ့ကိုစာပို့လို့ရတယ်၊ ငါအချိန်ရရင်စာပြန်လိုက်မယ်”

ချင့်ဟွမ်ကိုနောက်ရက်တွေမတွေ့နိုင်ဘူးကြားလိုက်တာနဲ့ ​ဟော်ချွီတယောက်မှာ ချက်ချင်းပဲမချင့်မရဲ စိတ်ညစ်ညူးသွားရတော့၏။

သူနှုတ်ခမ်းသူကိုက်လို့ သတိထားမေးလိုက်တာက

“ငါ မင်းကိုလာတွေ့လို့ရမလား?”

ယွီချင့်ဟွမ်ကခေါင်းကိုခါပြလိုက်ပြီး

“ဇာတ်ကားအဖွဲ့ဝင်တိုင်းက ရိုက်ကူးရေးမှာ လျို့ဝှက်ထားရမှာ”

“ကောင်းပါပြီ”

​ဟော်ချွီက စိတ်ပျက်လက်ပျက်နှင့် ခေါင်းကိုညိတ်ပြလိုက်ပြီး ယနေ့သာသာယာယာကြည်ကြည်လင်လင်ရှိနေခဲ့သောစိတ်အခြေအနေလေးမှာ ချက်ချင်းလက်ငင်းကို ပျောက်ရှသွားတော့၏။

“ကလေးမဆန်စမ်းပါနဲ့ကွာ”

ယွီချင့်ဟွမ်က သူ့မျက်နှာလေးအားအပြုံးလေးနှင့် ဆွဲလိမ်လိုက်ကာ

“ငါမင်းကိုမေ့မထားပါဘူး ဘော်ဒါလေးရ”

​ဟော်ချွီသည် ခေါင်းကိုရုတ်တရက်မော့လိုက်ရင်း

“ဒါဆို ငါ့ကိုမလိမ်ရဘူးနော်”

ယွီချင့်ဟွမ်ကအပြုံးဖြင့် ပြန်ပြောလိုက်သည်မှာ

“ငါမလုပ်ပါဘူး ကတိပေးတယ်”

သူတို့နှစ်ယောက်စကားပြောနေစဉ်မှာပဲ ယွီချင့်ဟွမ်ဖုန်းထဲမှာ ဗုံးကျဲသလိုစာတွေဝင်နေလေ၏။

ကျောက်ချင်းယွမ်,  [မင်း ဘာလုပ်နေလဲ ချင့်ဟွမ်]

ကျောက်ချင်းယွမ်,  [ဘယ်အချိန်လောက် ရိုက်ကူးရေးအဖွဲ့ထဲရောက်မလဲ ငါမင်းကိုလာခေါ်မယ်!]

ကျောက်ချင်းယွမ်,   [အိုး ငါမအောင့်ထားနိုင်တော့ဘူး…မင်းကိုပေါက်ကွဲစရာသတင်းထူးလေးပြောပြရဦးမယ်! ဝမ်ချန်ချန်မှာကလေးရှိတယ် မင်းသိလား? သူ့ကလေးက ၃ နှစ်တောင်ရှိသွားပြီဆိုပဲ! သူက အင်တာဗျူးတိုင်းမှာကျ ကျမအပျိုပါလို့ အချိန်တိုင်းပြောနေပြီးတော့...]

ကျောက်ချင်းယွမ်,  [မင်းဘာတွေလုပ်နေလဲ ငါ့ကို နည်းနည်းလောက်အဖတ်လေးလုပ်ပါဦးဟ…]

.....

“သူကဘယ်သူလဲ?”

​ဟော်ချွီမှာသူ့နှလုံးသားထဲရုတ်တရက်မသက်မသာခံစားလာရသည်။

သူ့မှာတော့သူငယ်ချင်းကောင်းဆိုလို့ ချင့်ဟွမ်တစ် ယောက်သာရှိတာ၊ သို့​ပေမယ့် ချင့်ဟွမ်မှာတော့ သူ့အပြင် အများကြီးရှိပုံရတယ်...

“ကြက်တူရွေး”

ယွီချင့်ဟွမ်က ​ဟော်ချွီ၏စိတ်နေစိတ်ထား မူမမှန်နေတာကို သတိမမူမိဘဲ နောက်နောက်ပြောင်ပြောင် ပြန်ဖြေလိုက်၏။

ကြည့်ရပုံမှာ သူရဲ့မျက်ကွယ်ပြုလစ်လျူရှုထားခြင်းက ကျောက်ချင်းယွမ်အ​ပေါ် အကျိုးသက်ရောက်မှု
မရှိပါပဲ တဖက်လူကစာ​တွေမနားမ​နေပို့နိုင်သေးသည်။

ယွီချင့်ဟွမ်ကအလိုအလျောက်ပြန်စာပို့သည့် စနစ်ကိုဖွင့်လိုက်ကာ “နောက်ပြီးတော့ကော?”ကို ထည့်လိုက်ရင်း ဝင်လာသမျှစာတွေကို မနှောက်ယှက်ရလို့ (Noti Off လိုက်တဲ့သဘော)ရွေးလိုက်တော့သည်။

ကျောက်ချင်းယွမ်, [ဝမ်ချန်ချန်ရဲ့ချစ်သူအနေနဲ့ သရုပ်ဆောင်ရမှာတွေးမိလိုက်ယုံနဲ့ အန်ချင်လာတယ်!]

ယွီချင့်ဟွမ်, [နောက်ပြီးတော့ကော?]

ကျောက်ချင်းယွမ်, [မင်း နောက်ဆုံးတော့ငါ့ကို စာပြန်ပြီ! ငါလန့်တာက ငါနဲ့သူ့ကြားထဲက ဆက်ဆံ​ရေးကို မဟုတ်တရုတ်တွေ သူလျှောက်ဖြန့်မှာကိုပဲ!]

ယွီချင့်ဟွမ်, [နောက်ပြီးတော့ကော?]

ကျောက်ချင်းယွမ်, [အင်း မင်းကအသစ်ဆိုတော့ ဒီလို အနုပညာလောကရဲ့ဖုံးကွယ်နေတဲ့ နည်းဥပဒေသတွေ နားလည်သေးမှာမဟုတ်တာ ငါနားလည်ပါတယ်၊ ငါသာတကယ်လို့ ဒီကောလဟလတွေထဲ ထောင်ချောက်မိသွားရင်တော့ လုံးလုံးကိုနားကားမှာ! ဝမ်ချန်ချန်နဲ့ပတ်သက်တာ ဘာတခုမှမလိုချင်ဘူး!]

ယွီချင့်ဟွမ်. [နောက်ပြီးတော့ကော?]

.....

ကျောက်ချင်းယွမ်မှာ ချင့်ဟွမ်ရဲ့တသပ်မတ်တည်းဖြစ်နေသည့်ပြန်စာကို နဝေတိမ်တောင်ဖြစ်နေသော် လည်း စကားပြန်လေးရနေသရွေ့တော့ သူမှာစကားလေးဆက်လို့ရ​​နေသေးသည်။

သူကဖုန်းကိုကိုင်လို့ ယွီချင့်ဟွမ်၏အလိုအလျောက် စကားပြန်ဖြင့် တနေ့လည်ခင်းလုံးဝမ်းသာအားရ စကားတွေပြောလို့နေ၏။

ကျောက်ချင်းယွမ်အေးဂျင့်မှာ ထူးဆန်းတယ်ထင်ပြီး သူ့ဖုန်းကိုလှမ်းယူကြည့်လိုက်ပြီး​နောက် ကျောက်ချင်းယွမ်အား စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့အရူးအနှမ်းတယောက်လို ကြည့်လိုက်၏။

“မင်းကငတုံးလား? ဒါကအလိုအလျောက် စာပြန်စနစ်ကြီးလေ!”

“ဘာ”
ကျောင်ချင်းယွမ်မှာ ကြက်သေသေသွားရ၏။

ပြောရမယ်ဆို ချင့်ဟွမ်က သူ့ကိုအဖတ်မလုပ်ယုံသာမက အလိုအလျောက်စာပြန်စနစ်နဲ့ လှည့်စားလိုက် သေးတယ်ပေါ့?

ကျောက်ချင်းယွမ်မှာဒေါသပုန်တွေထတော့တယ်!

သူ့လို ဥစ္စာပေါ ရုပ်ချော ဆွဲဆောင်မှု ရှိလှတဲ့ အကောင်းဆုံးဇာတ်ဆောင်ဆုရှင်က စကားပြောဖို့ တောင်းဆိုတာကို သူကအဖတ်မလုပ်ယုံသာမက စာအော်တိုပြန်စနစ်ကြီးနဲ့ပါ ဂျင်းထည့်ထားလိုက်သေးတယ်! ဒါကို သူဘယ်လိုသည်းညည်းခံရမလဲ?

စိတ်တိုနေသည့်ကျောက်ချင်းယွမ်မှာ သူတို့ အပြန်အလှန်ပြောထားသည့် အကြောင်းအရာထဲကတချို့ကို Screenshots ရိုက်လို့ ယွီချင့်ဟွမ်ကို Tag တွဲပြီး Weibo မှာ တင်လိုက်တော့သည်။

ကျောက်ချင်းယွမ်, [ဘယ်မှာလဲ မင်းရဲ့လူသားဆိုင်ရာကျင့်ဝတ်တွေ? ငါ့မှာတော့ တနေ့ခင်းလုံ
စာအော်တိုပြန်စနစ်ကြီးနဲ့ နှစ်ပါးသွားလိုက်ရတယ်! မင်း ဘယ်လိုတောင်လုပ်ရက်တာလဲ?] [ပုံ  ပုံ  ပုံ]

ကျောက်ချင်းယွမ်က အမြဲဆိုသလို အေးတိအေးစက်နဲ့ နှုတ်နည်းသောပုံရိပ်ကိုသာ လူထုကြားထဲချပြဖူးတာဖြစ်ပေသည်။

သူ့အလျင်က ပို့စ်တွေမှာဆိုရင်ခံစားချက်မပါသလိုစာအချို့နဲ့သာဖြစ်၏။

ဒါကြောင့်သာပဲ ဒီတခုတင်လိုက်တာနဲ့  Weibo ကဖန်တွေကြားထဲ အကျိတ်အနယ်ဆွေးနွေးမှုတွေကို တဟုန်ထိုးတက်သွားစေသည်။

[ဒါက ဘာလဲ? LoL စောက်ရမ်းအူပေါက်တယ်ဟ…]

[ဒါလေးက ငါသိတဲ့ ချင်းယွမ်ကော ဟုတ်သေးရဲ့လား?  စိတ်ဆိုးနေတဲ့ ဟက်စကီးပေါက်လေးကို မြင်နေရသလိုပဲ…]

[ဟဲဟဲ ငါနင့်ကို သဘောတူတယ် ငါပြောချင်တာလည်း ဒါပဲ... ရှင် တသက်လုံးထိန်းသိမ်းလာတဲ့ ပုံရိပ်လေးတော့ဂျောင်းရှာပြီ ….ရှင့်အေးဂျင့်ကော သိသေးရဲ့လား?]

[ရယ်ရတာမျက်ရည်တောင်ထွက်တယ်၊ ငါထင်တာတော့ ချင့်ဟွမ်လုပ်တာ ဘာမှမမှားဘူး... ပြသနာက ရှင်ကိုကသိပ်ပိန်းနေတာ...]

[ချင့်ဟွမ်ဆိုတာဘယ်သူလဲ စိတ်ဝင်စားနေတာ ငါတယောက်တည်းလား? သူက ချင်းယွမ်ရဲ့အာရုံကို တောင်အရယူနိုင်ပြီး သူ့ Weibo မှာတောင် ပါအောင်လုပ်နိုင်တယ်ဆိုကတည်းက သရဲတ​စ္ဆေပဲဖြစ်ရမယ်...]

[စောင့်နေဦး.. ငါသူ့ရဲ့နောက်ခံအချက်အလက်မှန်ကို ရအောင် ရှာပြမယ်]

......

ရလဒ်ကတော့ ယွီချင့်ဟွမ်နှင့်ကျောက်ချင်းယွမ်တို့ နှစ်ယောက်သားအကြောင်းအရာမှာ Weibo Trend ထဲ အသစ်တဖန်ထမ်မံ​ဝင်ရောက်လာပြန်တော့သည်။

#ယွီချင့်ဟွမ်အား ရှာနေသည်#
#ကျောက်ချင်းယွမ်,ယွီချင့်ဟွမ်, နောက်ပြီးရင်ကော#

ယွီချင့်ဟွမ်ကတော့ Weibo ကို ဖွင့်လိုက်ပြီးပြီးချင်း ထိတ်လန့်တုန်လှုပ်သွားရတော့သည်။

ဒါဖြင့် ကျောက်ချင်းယွမ်ကိုတနေ့ခင်းလုံးစာအော်တိုပြန်စနစ်ကြီးနဲ့နှစ်ပါးသွားခိုင်းလိုက်မိတာနဲ့ တဖက်က သူ့ကို Hot Search ထဲ နှစ်ခါတောင်ပါခိုင်းလိုက်တယ်ပေါ့?

အင်း သူကတကယ့်ကိုအငြိုးအတေးကြီးတာပါ့လား..
.,.,.,.,.,.,.,.,.,.,.,.,.,.,

T/N >>> တိုင်းရေးပြည်ရေးအခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပါပဲ...ဒါပေမယ့်အားတင်းထားကြပါ အမှောင်တွေပြီးရင်အလင်းရောင်ကပြန်လာစမြဲပါပဲ 💪

☆☆☆☆☆☆☆☆☆☆☆

[Zawgyi]

အင္တာဗ်ဴးေကာင္မေလးမွာမတက္သာဘဲ သူမမ်က္ႏွာအားျပန္ပြတ္သပ္​ေနၿပီး သူဘာေတြမ်ားေျပာမိလိုက္လဲ ျပန္လည္ေတြးေတာေနမိကာ အမွားတစ္စုံတရာမ်ားလုပ္လိုက္မိေလသလား ျပန္လည္ဆန္းစစ္ေနရရွာသည္။

ဘာပဲျဖစ္ျဖစ္ငါကအရင္လိုလွၿမဲလွဆဲပဲ.. ၿပီးရင္ National TV အတြက္အလုပ္လုပ္​ေနတာေလ.. ဘယ္ေနရာကမွားယြင္းႏိုင္မွာလဲ? ဒါမွမဟုတ္ရင္ ဒီလူက သူေျပာတာကိုမ်ားေကာင္းေကာင္းမၾကား လိုက္လို႔မ်ားလားဟူ၍ ေတြးမိလိုက္ေတာ့သည္။

ထို႔ေနာက္ သူမသည္ေခ်ာင္းတခ်က္အသာေလးဟန႔္လိုက္ကာ မ်က္ႏွာေျပာင္ေျပာင္ ေခါင္းမာမာႏွင့္ပင္ ထပ္မံေမးလိုက္ျပန္၏။

“ဟိုင္း... ကိုလူေခ်ာေရ အင္တာဗ်ဴးေလးမ်ားလုပ္လို႔ရမလား?”

​ေၾကာင္တိ​ေၾကာင္ၾကားတိတ္ဆိတ္ၿငိမ္သက္မႈအၿပီးမွာ တဖက္လူသည္ သူမအားေအးတိေအးစက္ ခပ္ေခ်ာေခ်ာမ်က္ႏွာေဘးတိုက္ျဖင့္သာ တုံ႔ျပန္ေလသည္။

ယခုအခ်ိန္မွာေတာ့ေကာင္မေလးမွာ အလြန္တရာရွက္အမ္းသြားမိၿပီး ဒီအရာမွာတိုက္႐ိုက္ထုတ္လႊင့္ေနျခင္းမဟုတ္တာကိုပဲ က်ိတ္ဝမ္းသာေနရေတာ့သည္။ သို႔မဟုတ္ပါက တႏိုင္ငံလုံးက သူမကိုဟာသႀကီးတခုလို ျမင္ေနရွာေတာ့မည္ျဖစ္၏။

စိတ္ပ်က္လက္ပ်က္ျဖင့္ သူမကမိုက္ခ႐ိုဖုန္းအား ႐ုတ္သိမ္းလိုက္ေတာ့ကာ အဖြဲ႕သားမ်ားကို တပ္ဆုတ္ခြာဖို႔ အခ်က္ျပမယ္လုပ္တုန္းမွာပဲ အင္တာဗ်ဳးသမားေကာင္ေလးတေယာက္က သူမေနာက္သို႔ ခုန္ထြက္လာၿပီး မိုက္ခ႐ိုဖုန္းအားတက္တက္ႂကြႂကြႏွင့္ ဆြဲယူသြားေတာ့ကာ တဖက္သို႔သြားၿပီး ​​ေဟာ္ခြၽီအား ေမးျမန္းျပန္ေတာ့သည္။

“လူေခ်ာေလး အင္တာဗ်ဴးေျဖဖို႔ ဘာလို႔ျငင္းဆန္တာလဲဆိုတာသိခြင့္ရွိမလား?”

အင္တာဗ်ဴးေကာင္ေလးက မ်က္စိလ်င္လ်င္ျဖင့္ ​ေဟာ္ခြၽီထံမွ ေပါက္ကြဲထြက္လုနီးနီး အေျခအေနကို အာ႐ုံခံမိသည့္အတြက္ေၾကာင့္ အလိုလိုသိစိတ္ျဖင့္ အေျပးအလႊားေရွ႕တက္လာျခင္းျဖစ္ေပ၏။

သို႔ေသာ္လည္း ​ေဟာ္ခြၽီမွာ သူ႔အားမသိက်ိဳးကြၽန္ျပဳထား၏။ သူသည္ႏႈတ္ခမ္းကိုဖြဖြကိုက္လိုက္ၿပီး မ်က္ေမွာင္ႀကဳံ႕လို႔ ေနာက္ဆုတ္သြားေလသည္။

အင္တာဗ်ဴးေကာင္ေလး, “….”

သူက စြံအနားမၾကားသူမ်ားလား?

အင္တာဗ်ဴးေကာင္ေလးက သူ႔အားစူးစမ္းေလ့လာသည့္မ်က္လုံးမ်ားျဖင့္အကဲျဖတ္ေနစဥ္ ႐ုတ္တရက္ေတြ႕လိုက္တာကေတာ့ ​ေဟာ္ခြၽီမွာေရွ႕တလွမ္းျပန္တိုးလာၿပီး သူမူလကရပ္ေနသည့္ေနရာသို႔ ျပန္ေရာက္သြားသည္ကိုပင္။

အင္တာဗ်ဴးေကာင္ေလးက အေပ်ာ္လြန္သြားေလေတာ့ကာ သူရဲ႕ဆြဲေဆာင္မႈေတြကပဲ ​ေဟာ္ခြၽီႏႈတ္ခမ္းကိုဖြင့္ဟလာေစေတာ့မည္ ထင္မွတ္သြားေတာ့၏။

ထို႔ေၾကာင့္ သူက အေလာတႀကီးေရွ႕တက္သြားကာ စကားေျပာမယ္ႀကံလိုက္စဥ္မွာပဲ ​ေဟာ္ခြၽီကသူ၏ ေခါင္းကိုတဖန္ျပန္လွည့္လို႔သြားတာကို ေတြ႕လိုက္ရေတာ့၏။

အင္တာဗ်ဴးေကာင္ေလး, “...” 

သူ႔မွာအင္မတန္နာက်င္ေၾကကြဲထိရွသြားရရွာသည္..

​ေဟာ္ခြၽီမွာခ်ဥ္းကပ္ဖို႔ အလြန္ခဲယဥ္းေၾကာင္း နားလည္သြားသည့္အတြက္ေၾကာင့္ သူကတြန႔္ဆုတ္ဆုတ္ႏွင့္ပဲ အင္တာဗ်ဴးကိုလက္ေလွ်ာ့လိုက္ရေတာ့ကာ ပစၥည္းေတြသိမ္းလို႔ထြက္ခြာရန္ျပင္ဆင္ေနၿပီး ဒီပ႐ိုဂရမ္လႊင့္ခ်ိန္ေရာက္ရင္ ယခုအပိုင္းကို Post Credits ဆင္းစ္အေနႏွင့္ပဲ ျပမယ္လို႔ေတြး​ေတာေန၏။

သူ​ေနာက္ျပန္လွည့္လာခ်ိန္မွာပဲ ေခ်ာကလက္ပူပူေလးတခြက္ျဖင့္ သုတ္တီးသုတ္ပ်ာေရာက္လာသည့္ ယြီခ်င့္ဟြမ္အား အမွတ္မထင္ျမင္ေတြ႕လိုက္ရေတာ့သည္။ သူမ်က္လုံးမ်ားမွာ ခ်က္ခ်င္းကို
ဘလင္းဘလင္းေတာက္ပလို႔သြားေခ်၏။

ဒီေန႔ ငါထီမ်ားထိုးခဲ့ေသးလား? ဘယ္လိုလုပ္ၿပီး
ဒီေလာက္ေခ်ာခန႔္သန႔္ေနတဲ့ မ်က္ႏွာကိုျဖတ္သြားျဖတ္လာထဲတန္းေတြ႕လိုက္ရတာလဲ? ၾကည့္ရတာ
ဒီေန႔အတြက္ ဘုရားသခင္က သူ႔အားေကာင္းခ်ီး ေပးေနသလိုေတာင္ ထင္ျမင္လာရသည္။

အင္တာဗ်ဴးေကာင္ေလးမွာ တိုးတိုးက်ိတ္က်ိတ္
စိတ္​ေတြခုန္သြားရၿပီး မိုက္က႐ိုဖုန္းကိုင္ထားသည့္ လက္အားပင့္ေျမႇာက္လိုက္ေလေတာ့၏။

သို႔ေသာ္လည္း သူ​ေတာင္ဘာမွမေျပာရေသး သူ႔ခမ်ာအားႀကီးႏွင့္တြန္းဖယ္ျခင္းခံလိုက္ရေပ၏။

သူကိုယ့္သူတည္ၿငိမ္သြားေအာင္ျပန္လုပ္ယူၿပီးခါမွ ဘယ္ကအ႐ိုင္းအစိုင္းလဲကြဆိုၿပီး စိတ္ဆိုးမာန္ဆိုးႏွင့္ ေခါင္းကိုေမာ့ကာရွာေဖြစဥ္ သူ၏မ်က္လုံးမ်ားက ေအးစက္စက္ေတမိမင္းသားေလး ​ေဟာ္ခြၽီကိုေတြ႕လိုက္ရေတာ့၏။

ထိုအခ်ိန္မွာေတာ့ ​ေဟာ္ခြၽီသည္ လွမ္းလာေနသည့္ လူကိုၿပဳံးျပေနကာ

“ခ်င့္ဟြမ္ မင္းျပန္လာၿပီ..”

ပ႐ိုဂရမ္အဖြဲ႕သားတိုင္းကေတာ့ ထိုလူမွာ အ,အေလးတေယာက္မဟုတ္မွန္းေတြ႕ရွိသြားလို႔ အံဖြယ္သရဲ​ေတြျဖစ္ကုန္၏!

ထို႔ေနာက္တြင္ အကုန္လုံးမွာေဒါသခိုးေတြတ​​ေဝေဝျဖစ္လာရေတာ့သည္။

ဒီလူက အအ,တ​ေယာက္မဟုတ္ဘူးဆိုလဲ ဘာလို႔ျငင္းဆန္တာမ်ိဳးကိုေတာင္ သူတို႔ကိုအေရးအရာလုပ္ျပန္မ​ေျဖေပးႏိုင္ရတာလဲ!

ပ႐ိုဂရမ္အဖြဲ႕သားေတြ၏အမ်က္ေဒါသကို သတိမမူမိပါဘဲ ေဟာ္ခြၽီသည္ ယြီခ်င့္ဟြမ္ကေပးအပ္လာသည့္ ေခ်ာကလက္ပူပူေလးကို ဝမ္းေျမာက္ဝမ္းသာ လက္ခံယူလိုက္ၿပီး ေသာက္ရန္လုပ္​ေနစဥ္ အခက္အခဲတခ်ိဳ႕ရင္ဆိုင္လိုက္ရ​ေပ၏။

သူဟာ ေသာက္စရာဘူးအဖုံးကာဗာေလးကို လက္မႏွင့္လက္ညႇိး လက္သည္းနဲ႔ဖိဆိတ္ကာ ဆန႔္က်င္ဘက္သို႔ဆြဲခြာသြားဖို႔ အားသြန္ခြန္စိုက္ႀကိဳးပမ္းေနေသာ္လည္း အဖုံးကေတာ့ေနၿမဲေနဆဲအတိုင္းပင္။

သူ႔ခြန္အားေတြဘယ္လိုထုတ္ပါ​​ေစ ထို
ပလက္စတစ္ဘူးအခြံကိုဆြဲခြာလို႔မရျဖစ္ေနေခ်၏။

ခုလိုေဆာင္းရာသီလလယ္ႀကီးမွာေတာင္ ​ေဟာ္ခြၽီခမ်ာ ေခြၽး​ေတြတၿပိဳက္ၿပိဳက္နဲ႔ ေျခကုန္လက္ပမ္းက်ေနရွာရေတာ့သည္။

“ပိုက္နဲ႔တိုက္႐ိုက္သာေဖာက္လိုက္” ယြီခ်င့္ဟြမ္က ေျပာၾကားလာ၏။

"ေဖာက္?" ​

ေဟာ္ခြၽီမွာ ပိုက္ကိုေၾကာင္စီစီၾကည့္လို႔ ဘာလုပ္လို႔ဘာကိုင္ရမယ္မသိျဖစ္ေန​ေခ်၏။

ယြီခ်င့္ဟြမ္မွာ သူ၏ကိုးယိုးကားယားႏိုင္ေသာပုံစံကို ၾကည့္မ​ေနႏိုင္ေတာ့ပဲ သူ၏ခြက္ကိုဆြဲယူလိုက္ၿပီး ပိုက္ျဖင့္ခ်က္ခ်င္းေဖာက္​ေပးလိုက္ကာ သူ႔ကိုျပန္ေပးလိုက္ေတာ့သည္။

“ေျဖးေျဖးေသာက္...ပူတယ္..”

“အိုေက..” ​

ေဟာ္ခြၽီမွာနာခံလိုက္နာစြာျဖင့္ ေခါင္းကိုညိတ္လို႔ ထင္ထားတဲ့အတိုင္း နည္းနည္းခ်င္းစီတစ္ငုံခ်င္းေသာက္လို႔ေန၏။

ပ႐ိုဂရမ္အဖြဲ႕သားေတြကေတာ့ ဒီအသက္အ႐ြယ္တိုင္​ေအာင္ Milk Tea ကိုဘယ္လိုေသာက္ရလဲဆိုတာ မသိေသးတဲ့သူရွိပါေသးသလားဟု အံ့ဩမင္တက္ေနရေတာ့ေခ်၏။

ဘယ္လိုေတာင္ငေၾကာင္လဲ!

ဒီပုံစံအတိုင္းသာဆို သူတို႔အ​ေနနဲ႔ ဒီလူထူးဆန္းဆီက ခုထပ္ထိစကားျပန္ျပန္မရ​ေသးတာက အတိုင္းအတာတခုထိ မထူးဆန္း​ေတာ့​သည္ပဲ...

ကိစၥေတြေျဖရွင္းၿပီးသြားခါမွ ယြီခ်င့္ဟြမ္သည္ပ႐ိုဂရမ္အဖြဲ႕သားေတြရဲ႕ တည္ရွိမႈကိုသတိျပဳမိလိုက္ေတာ့သည္။

“မင္းတို႔က...”

ပ႐ိုဂရမ္အဖြဲ႕သားေတြခမ်ာေပ်ာ္လြန္းလို႔ ငိုခ်မိမတက္ ျဖစ္သြားရေလသည္။ ေနာက္ဆုံးမွာေတာ့ ႏွစ္ေယာက္ထဲကတေယာက္ေတာ့ အဖက္လုပ္ေခ်ၿပီ!

သူတို႔မွာလူေတြအမ်ားႀကီးကို အင္တာဗ်ဴးခဲ့ဖူးေသာ္လည္း သူတို႔အား  'ေလ' ကဲ့သို႔သာ သေဘာထားေနသည့္သူေတြကိုဆုံေတြ႕ျခင္းက​ေတာ့ ဒါပထမဆုံးျဖစ္ေခ်၏။

ပါးနပ္တဲ့အင္တာဗ်ဴးေကာင္ေလးတေယာက္က အခြင့္အေရးကိုျမင္လိုက္သည္ႏွင့္ တၿပိဳင္နက္ အေလာတႀကီးေရွ႕တက္လာကာ ေျပာလိုက္သည္။

“ကြၽန္ေတာ္တို႔က ႏိုင္ငံပိုင္႐ုပ္သံလႊင့္ဌာနရဲ႕ “Young People Want High”  ပ႐ိုဂရမ္အဖြဲ႕သားေတြပါ ခင္ဗ်ာ၊ ခင္ဗ်ားတို႔ ႏွစ္ေယာက္ကို အင္တာဗ်ဴးေလးလုပ္ခ်င္လို႔၊ အဆင္ေျပႏိုင္မလား?”

ယြီခ်င့္ဟြမ္, “…”

သူဟာ အစားေလးစားဖို႔ထြက္လာယုံေလးကို အရင္ဘဝတုန္းက နာမည္ႀကီး​ေက်ာ္ၾကားခဲ့တဲ့ ႏိုင္ငံပိုင္႐ုပ္သံလႊင့္ဌာနရဲ႕ Varity Show တခုအင္တာဗ်ဴးနဲ႔မွ လာတိုးရတယ္! ဒီဘဝမွာ သူဘယ္လိုေတာင္ ကံေကာင္းရတာလဲ!

သူသည္ သူ႔ပုံရိပ္ကို ႐ုပ္သံလႊင့္ဌာနရဲ႕ Varity Show မွာ ျဖတ္သြားျဖတ္လာအေနျဖင့္ေတာင္ ခ်မျပခ်င္ေပ။

ထို႔ေၾကာင့္ သူ႔နံေဘးက ​ေဟာ္ခြၽီကိုေရွ႕သို႔တြန္းပို႔လိုက္ၿပီး ေျပာလိုက္တာက

“သူ႔ကိုဗ်ဳး...”

ေခ်ာကလက္ Milk Tea ​တခြက္ကို ေလးနက္တည္ၾကည္စြာေသာက္သုံးေနသည့္ ​ေဟာ္ခြၽီခမ်ာ တုံဏိဘာေဝမ်က္ႏွာျဖင့္ ႐ုတ္တရက္ဆိုသလို ယြီခ်င့္ဟြမ္၏ ေရွ႕သို႔တြန္းပို႔ျခင္းခံလိုက္ရေပ၏။

“ငါ့ကိုမၾကည့္နဲ႔ .. ကင္မရာကိုၾကည့္ၿပီး သူတို႔ေမးတာကို တည္တည္တံ့တံ့ေျဖေပးလိုက္”

ယြီခ်င့္ဟြမ္ကေဟာ္ခြၽီ၏ပခုံးအား အသာပုတ္လို႔ ေျပာလိုက္သည္။

ခ်င့္ဟြမ္က သူ႔အားေမးခြန္းေတြကို တည္တည္ ၾကည္ၾကည္ေျဖေပးဖို႔ေျပာလာတယ္!

​ေဟာ္ခြၽီမွာအခ်ိဳရည္ဘူးကို ေအာက္ခ်ထားလိုက္ၿပီး အင္တာဗ်ဴးသမားအား ေလးနက္တည္ၾကည္သည့္ နားဆင္သူတေယာက္ဟန္ျဖင့္ ၾကည့္ေနလိုက္၏။

အင္တာဗ်ဴးသမားက သေဘာေခြ႕သြားရရင္း ျမန္ျမန္ဆန္ဆန္ေမးလိုက္တာက

“ေက်းဇူးျပဳၿပီး မင္းရဲ႕လက္ရွိအလုပ္အကိုင္ေလး ေျပာေပးပါဦး..”

“ဟြာတအဆင့္ျမင့္သုေတသနတကၠသိုလ္က ပေရာ္ဖက္ဆာပါ”

အင္တာဗ်ဴးသမားမွာမေမွ်ာ္လင့္ထားသည့္ အေျဖေၾကာင့္ ဆြံ႕အေၾကာင္ေတာင္သြားေတာ့သည္။

ပေရာ္ဖက္ဆာ?  အဆင့္ျမင့္သုေတသနတကၠသိုလ္?
ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ!

သူရဲ႕ထင္ျမင္ခ်က္မွာေတာ့ ပေရာ္ဖက္ဆာေတြဆိုတာ ေယဘူယ်အားျဖင့္ အသက္ ၅၀ ေက်ာ္ ၆၀ ေက်ာ္ အ႐ြယ္ေတြသာ ျဖစ္တယ္.... ဒါေပမယ့္ ဒီလူေခ်ာက ၾကည့္လိုက္ယုံႏွင့္ အသက္ ၃၀ ေအာက္လို႔ ထင္ရတာပဲ!

သူက မ်က္လုံးမ်ားကိုကစားလိုက္ၿပီး ​ေဟာ္ခြၽီ၏ စကားအေပၚ အယုံအၾကည္မရွိစြာျဖင့္ ေမးလိုက္တာက

“မင္း သုေတသနအေၾကာင္းအရာကဘာလဲ?”

သူ၏ေျပာင္ေျမာက္လွတဲ့ေမးခြန္းအေပၚ ကင္မရာေရွ႕ဝယ္ ေဟာ္ခြၽီတေယာက္မ​ေျဖႏိုင္​ေလာက္မွာကို
ျမင္ခ်င္တာမေအာင့္ႏိုင္ေတာ့ေပ။

ခ်ီး.. ငါေတာ့တႏိုင္ငံလုံးေရွ႕ မင္းမ်က္ႏွာဘယ္လိုပ်က္ရမလဲဆိုတာ ျမင္ခ်င္ေသးတယ္....

​ေဟာ္ခြၽီက မနားတန္းအေျဖေပးလိုက္သည္မွာ

“Subatomic particles ေတြက mass mechanism ဘယ္လိုရလာသလဲဆိုတာပဲ...”

အင္တာဗ်ဴးသမား, “…”

ဘာႀကီး? သူက စာလုံးတလုံးခ်င္းစီတိုင္းကို နားလည္ႏိုင္ေသာ္လည္း စာေၾကာင္းလိုက္ေပါင္းလိုက္ေသာအခါ ဦးေႏွာက္ေျခာက္သြားရေတာ့တယ္?

အင္တာဗ်ဴးသမားေတြးမိလိုက္သည္မွာ
တစုံတေယာက္အေနနဲ႔  ဒီလိုေလလုံးထြားဟန္မ်ားႏိုင္ဖို႔ဆိုတာ တကယ္မလြယ္လွဘူး...

အင္တာဗ်ဴးသမားက ခ်က္ခ်င္းပဲ အေၾကာင္းအရာေခါင္းစီးကို ေျပာင္းလိုက္ေတာ့သည္။

“မင္း လက္ရွိအလုပ္နဲ႔ေနထိုင္မႈဘဝမွာ အခက္အခဲတစုံတရာမ်ားရွိလား?”

ဒီေမးခြန္းကိုၾကားလိုက္စဥ္မွာေတာ့ ​ေဟာ္ခြၽီသည္ တံေတြးတခ်က္ၿမိဳခ်လိုက္ကာ ယြီခ်င့္ဟြမ္ဆီသို႔ မသိမသာအၾကည့္တခ်က္​ေရာက္သြား၏။

လိမ္တာမေကာင္းဘူးဆိုတာသူသိတယ္၊ ဒါေပမယ့္လို႔ ခ်င့္ဟြမ္ၾကားၿပီးစိတ္ဆိုးသြားမွာကိုလည္း သူက ထိတ္လန္႔လို႔ေနတယ္..

“ဘာမ်ားလဲ?”

သူ႔အၾကည့္အားသတိျပဳမိသြားသည့္ ယြီခ်င့္ဟြမ္မွာ ေျပာင္ေခ်ာ္ေခ်ာ္ၿပဳံးလို႔ သူအားမ႐ိုးမေျဖာင့္မ်က္လုံးေတြမွိတ္ျပေန၏။

“လာစမ္းပါ…ဘယ္လိုပုန္းလွ်ိဳးကြယ္လွ်ိဳးလ်ိဳ႕ဝွက္ခ်က္ေတြမ်ားလဲ?”

​ေဟာ္ခြၽီကသူ႔စကားေနာက္ကြယ္ကဆိုလိုရင္းကို
မဖမ္းဆုပ္လိုက္မိဘဲ အလ်င္စကားအတိုင္းကိုသာ အတည္ယူလိုက္ေခ်ေတာ့၏။

ခ်င့္ဟြမ္က သူ႔ကိုေျဖေပးလိုက္လို႔ေျပာထားမွေတာ့ မကြယ္မဝွက္အမွန္အတိုင္းေျပာရေတာ့မွာေပါ့...

“ကြၽန္ေတာ္ေ႐ႊငါးႏွစ္ေကာင္လိုခ်င္တာ..ဒါေပမယ့္ ခ်င့္ဟြမ္က တေကာင္ဝယ္ေပးမယ္လို႔ပဲ ကတိေပးထားတယ္”

ယြီခ်င့္ဟြမ္ႏွင့္အင္တာဗ်ဴးသမား, “...”

ဒါ ဘယ္လိုေစာင္ျပသနာအမ်ိဳးအစားလဲဟ?!

ယြီခ်င့္ဟြမ္ကသူ႔နဖူးသူပြတ္လိုက္ကာ

“ထားလိုက္ပါေတာ့ ငါ မင္းအလိုရွိသေလာက္ဝယ္ေပးပါ့မယ္”

​ေဟာ္ခြၽီ၏ မ်က္လုံးမ်ားမွာ အံဩတုန္လႈပ္စြာျဖင့္ ျပဴးက်ယ္လာၿပီး  “တကယ္?”

“ကဲ မင္းအေျဖကိုျပန္ေျပာင္းလိုက္ေတာ့ ...” ယြီခ်င့္ဟြမ္ကေျပာလိုက္ေတာ့သည္။

​ေဟာ္ခြၽီ, “ဒါျဖင့္ရင္ ခုဘာျပသနာမွမရွိေတာ့ဘူး”

အင္တာဗ်ဴးသမား, “...”

ေက်းဇူးျပဳၿပီး မင္းတို႔ႏွစ္ေယာက္ ငါ့ကိုအဖက္ေလးလုပ္ၾကည့္ေပးၾကပါဦးလား? ငါက အစီအစဥ္တင္ဆက္သူေနာ္! ငါ ေနာက္ထပ္သည္းညည္းမခံႏိုင္ေတာ့ဘူး!

အင္တာဗ်ဴးသမားေတာ့ ကိစၥကိုျမန္ျမန္လက္စသပ္ၿပီး ဒင္းတို႔ႏွစ္ေယာက္ေဝးရာေနဖို႔ကိုသာ ဆုံးျဖတ္လိုက္ေတာ့၏။

သူကအၿပဳံးတစကိုညႇစ္ထုတ္လိုက္ၿပီး

“ေနာက္ဆုံးေမးခြန္း...အေစာတုန္းက ငါတို႔ကိုဘာလို႔ လစ္လ်ဴရႈထားရတာလဲ?”

သူဒါကိုေမးၿပီးတာနဲ႔ ပ႐ိုဂရမ္အဖြဲ႕သားတိုင္းရဲ႕
နားေတြကစြင့္ကားလာၾကေတာ့သည္။

“အာ” ​

ေဟာ္ခြၽီက မ်က္ႏွာေပၚတြင္ ႐ိုးစင္းႏုံအသည့္ အမူအရာျဖင့္ ယြီခ်င့္ဟြမ္ကိုတခ်က္ၾကည့္လိုက္ကာ

“ခ်င့္ဟြမ္ထြက္မသြားခင္က လူစိမ္းေတြနဲ႔ စကားမေျပာရဘူးမွာသြားလို႔...”

ပ႐ိုဂရမ္အဖြဲ႕သားအားလုံး, “….”

မင္းကသူ႔ဘာဘီအ႐ုပ္ေလးလား? ဘာလို႔တအား​​ေတြ နာခံလိုက္နာေနရတာလဲ?

အစီအစဥ္တင္ဆက္သူက ပုံမွန္မဟုတ္တာတခုကို အနံ႔ခံမိသြားလို႔ ထပ္မံေမးလာ၏။

“မင္းနဲ႔သူက ဘယ္လိုဆက္ဆံေရးမ်ိဳးလဲ?”

​ေဟာ္ခြၽီက သူ႔အားအဓိပၸါယ္ေဖာ္ရန္ခက္ခဲသည့္ အၾကည့္တခ်က္ေပးလိုက္ၿပီး

“ခုနက ေနာက္ဆုံးေမးခြန္းလို႔မင္းေျပာလိုက္သလားလို႔?”

အစီအစဥ္တင္ဆက္သူ, “….”

မင္းက ေနာက္ဆုံးမွာ ဉာဏ္ေလးနည္းနည္းရွိလာၿပီေပါ့! ဒါေပမယ့္လည္း ခုခ်ိန္ကလိမၼာပါးနပ္ျပေနရမယ့္ အခ်ိန္မဟုတ္ေသးဘူးဟ!

ပ႐ိုဂရမ္အဖြဲ႕သားေတြက စိတ္လက္မသာစြာ ထြက္ခြာသြားၾကေတာ့သည္။ ယြီခ်င့္ဟြမ္မွာ ​ေဟာ္ခြၽီအတြက္ ေ႐ႊငါးႏွစ္ေကာင္ဝယ္ေပးၿပီးတာနဲ႔ သူ႔အားအိမ္ျပန္လိုက္ပို႔၏။

“ငါ ဒီရက္ပိုင္း မင္းနဲ႔ေတြ႕ႏိုင္ဦးမွာမဟုတ္ေသးဘူး”

ယြီခ်င့္ဟြမ္က ကားထဲမွာ ​ေဟာ္ခြၽီကိုေျပာျပလိုက္သည္။

“ငါ မနက္ျဖန္႐ိုက္ကြင္းသြားရ​ေတာ့မွာ၊ မင္း ပ်င္းေနရင္ ငါ့ကိုစာပို႔လို႔ရတယ္၊ ငါအခ်ိန္ရရင္စာျပန္လိုက္မယ္”

ခ်င့္ဟြမ္ကိုေနာက္ရက္ေတြမေတြ႕ႏိုင္ဘူးၾကားလိုက္တာနဲ႔ ​ေဟာ္ခြၽီတေယာက္မွာ ခ်က္ခ်င္းပဲမခ်င့္မရဲ စိတ္ညစ္ညဴးသြားရေတာ့၏။

သူႏႈတ္ခမ္းသူကိုက္လို႔ သတိထားေမးလိုက္တာက

“ငါ မင္းကိုလာေတြ႕လို႔ရမလား?”

ယြီခ်င့္ဟြမ္ကေခါင္းကိုခါျပလိုက္ၿပီး

“ဇာတ္ကားအဖြဲ႕ဝင္တိုင္းက ႐ိုက္ကူးေရးမွာ လ်ိဳ႕ဝွက္ထားရမွာ”

“ေကာင္းပါၿပီ”

​ေဟာ္ခြၽီက စိတ္ပ်က္လက္ပ်က္ႏွင့္ ေခါင္းကိုညိတ္ျပလိုက္ၿပီး ယေန႔သာသာယာယာၾကည္ၾကည္လင္လင္ရွိေနခဲ့ေသာစိတ္အေျခအေနေလးမွာ ခ်က္ခ်င္းလက္ငင္းကို ေပ်ာက္ရွသြားေတာ့၏။

“ကေလးမဆန္စမ္းပါနဲ႔ကြာ”

ယြီခ်င့္ဟြမ္က သူ႔မ်က္ႏွာေလးအားအၿပဳံးေလးႏွင့္ ဆြဲလိမ္လိုက္ကာ

“ငါမင္းကိုေမ့မထားပါဘူး ေဘာ္ဒါေလးရ”

​ေဟာ္ခြၽီသည္ ေခါင္းကို႐ုတ္တရက္ေမာ့လိုက္ရင္း

“ဒါဆို ငါ့ကိုမလိမ္ရဘူးေနာ္”

ယြီခ်င့္ဟြမ္ကအၿပဳံးျဖင့္ ျပန္ေျပာလိုက္သည္မွာ

“ငါမလုပ္ပါဘူး ကတိေပးတယ္”

သူတို႔ႏွစ္ေယာက္စကားေျပာေနစဥ္မွာပဲ ယြီခ်င့္ဟြမ္ဖုန္းထဲမွာ ဗုံးက်ဲသလိုစာေတြဝင္ေနေလ၏။

ေက်ာက္ခ်င္းယြမ္,  [မင္း ဘာလုပ္ေနလဲ ခ်င့္ဟြမ္]

ေက်ာက္ခ်င္းယြမ္,  [ဘယ္အခ်ိန္ေလာက္ ႐ိုက္ကူးေရးအဖြဲ႕ထဲေရာက္မလဲ ငါမင္းကိုလာေခၚမယ္!]

ေက်ာက္ခ်င္းယြမ္,   [အိုး ငါမေအာင့္ထားႏိုင္ေတာ့ဘူး…မင္းကိုေပါက္ကြဲစရာသတင္းထူးေလးေျပာျပရဦးမယ္! ဝမ္ခ်န္ခ်န္မွာကေလးရွိတယ္ မင္းသိလား? သူ႔ကေလးက ၃ ႏွစ္ေတာင္ရွိသြားၿပီဆိုပဲ! သူက အင္တာဗ်ဴးတိုင္းမွာက် က်မအပ်ိဳပါလို႔ အခ်ိန္တိုင္းေျပာေနၿပီးေတာ့...]

ေက်ာက္ခ်င္းယြမ္,  [မင္းဘာေတြလုပ္ေနလဲ ငါ့ကို နည္းနည္းေလာက္အဖတ္ေလးလုပ္ပါဦးဟ…]

.....

“သူကဘယ္သူလဲ?”

​ေဟာ္ခြၽီမွာသူ႔ႏွလုံးသားထဲ႐ုတ္တရက္မသက္မသာခံစားလာရသည္။

သူ႔မွာေတာ့သူငယ္ခ်င္းေကာင္းဆိုလို႔ ခ်င့္ဟြမ္တစ္ ေယာက္သာရွိတာ၊ သို႔​ေပမယ့္ ခ်င့္ဟြမ္မွာေတာ့ သူ႔အျပင္ အမ်ားႀကီးရွိပုံရတယ္...

“ၾကက္တူေ႐ြး”

ယြီခ်င့္ဟြမ္က ​ေဟာ္ခြၽီ၏စိတ္ေနစိတ္ထား မူမမွန္ေနတာကို သတိမမူမိဘဲ ေနာက္ေနာက္ေျပာင္ေျပာင္ ျပန္ေျဖလိုက္၏။

ၾကည့္ရပုံမွာ သူရဲ႕မ်က္ကြယ္ျပဳလစ္လ်ဴရႈထားျခင္းက ေက်ာက္ခ်င္းယြမ္အ​ေပၚ အက်ိဳးသက္ေရာက္မႈ
မရွိပါပဲ တဖက္လူကစာ​ေတြမနားမ​ေနပို႔ႏိုင္ေသးသည္။

ယြီခ်င့္ဟြမ္ကအလိုအေလ်ာက္ျပန္စာပို႔သည့္ စနစ္ကိုဖြင့္လိုက္ကာ “ေနာက္ၿပီးေတာ့ေကာ?”ကို ထည့္လိုက္ရင္း ဝင္လာသမွ်စာေတြကို မေႏွာက္ယွက္ရလို႔ (Noti Off လိုက္တဲ့သေဘာ)ေ႐ြးလိုက္ေတာ့သည္။

ေက်ာက္ခ်င္းယြမ္, [ဝမ္ခ်န္ခ်န္ရဲ႕ခ်စ္သူအေနနဲ႔ သ႐ုပ္ေဆာင္ရမွာေတြးမိလိုက္ယုံနဲ႔ အန္ခ်င္လာတယ္!]

ယြီခ်င့္ဟြမ္, [ေနာက္ၿပီးေတာ့ေကာ?]

ေက်ာက္ခ်င္းယြမ္, [မင္း ေနာက္ဆုံးေတာ့ငါ့ကို စာျပန္ၿပီ! ငါလန႔္တာက ငါနဲ႔သူ႔ၾကားထဲက ဆက္ဆံ​ေရးကို မဟုတ္တ႐ုတ္ေတြ သူေလွ်ာက္ျဖန႔္မွာကိုပဲ!]

ယြီခ်င့္ဟြမ္, [ေနာက္ၿပီးေတာ့ေကာ?]

ေက်ာက္ခ်င္းယြမ္, [အင္း မင္းကအသစ္ဆိုေတာ့ ဒီလို အႏုပညာေလာကရဲ႕ဖုံးကြယ္ေနတဲ့ နည္းဥပေဒသေတြ နားလည္ေသးမွာမဟုတ္တာ ငါနားလည္ပါတယ္၊ ငါသာတကယ္လို႔ ဒီေကာလဟလေတြထဲ ေထာင္ေခ်ာက္မိသြားရင္ေတာ့ လုံးလုံးကိုနားကားမွာ! ဝမ္ခ်န္ခ်န္နဲ႔ပတ္သက္တာ ဘာတခုမွမလိုခ်င္ဘူး!]

ယြီခ်င့္ဟြမ္. [ေနာက္ၿပီးေတာ့ေကာ?]

.....

ေက်ာက္ခ်င္းယြမ္မွာ ခ်င့္ဟြမ္ရဲ႕တသပ္မတ္တည္းျဖစ္ေနသည့္ျပန္စာကို နေဝတိမ္ေတာင္ျဖစ္ေနေသာ္ လည္း စကားျပန္ေလးရေနသေ႐ြ႕ေတာ့ သူမွာစကားေလးဆက္လို႔ရ​​ေနေသးသည္။

သူကဖုန္းကိုကိုင္လို႔ ယြီခ်င့္ဟြမ္၏အလိုအေလ်ာက္ စကားျပန္ျဖင့္ တေန႔လည္ခင္းလုံးဝမ္းသာအားရ စကားေတြေျပာလို႔ေန၏။

ေက်ာက္ခ်င္းယြမ္ေအးဂ်င့္မွာ ထူးဆန္းတယ္ထင္ၿပီး သူ႔ဖုန္းကိုလွမ္းယူၾကည့္လိုက္ၿပီး​ေနာက္ ေက်ာက္ခ်င္းယြမ္အား စိတ္ပိုင္းဆိုင္ရာခ်ိဳ႕တဲ့ေနတဲ့အ႐ူးအႏွမ္းတေယာက္လို ၾကည့္လိုက္၏။

“မင္းကငတုံးလား? ဒါကအလိုအေလ်ာက္ စာျပန္စနစ္ႀကီးေလ!”

“ဘာ”
ေက်ာင္ခ်င္းယြမ္မွာ ၾကက္ေသေသသြားရ၏။

ေျပာရမယ္ဆို ခ်င့္ဟြမ္က သူ႔ကိုအဖတ္မလုပ္ယုံသာမက အလိုအေလ်ာက္စာျပန္စနစ္နဲ႔ လွည့္စားလိုက္ ေသးတယ္ေပါ့?

ေက်ာက္ခ်င္းယြမ္မွာေဒါသပုန္ေတြထေတာ့တယ္!

သူ႔လို ဥစၥာေပါ ႐ုပ္ေခ်ာ ဆြဲေဆာင္မႈ ရွိလွတဲ့ အေကာင္းဆုံးဇာတ္ေဆာင္ဆုရွင္က စကားေျပာဖို႔ ေတာင္းဆိုတာကို သူကအဖတ္မလုပ္ယုံသာမက စာေအာ္တိုျပန္စနစ္ႀကီးနဲ႔ပါ ဂ်င္းထည့္ထားလိုက္ေသးတယ္! ဒါကို သူဘယ္လိုသည္းညည္းခံရမလဲ?

စိတ္တိုေနသည့္ေက်ာက္ခ်င္းယြမ္မွာ သူတို႔ အျပန္အလွန္ေျပာထားသည့္ အေၾကာင္းအရာထဲကတခ်ိဳ႕ကို Screenshots ႐ိုက္လို႔ ယြီခ်င့္ဟြမ္ကို Tag တြဲၿပီး Weibo မွာ တင္လိုက္ေတာ့သည္။

ေက်ာက္ခ်င္းယြမ္, [ဘယ္မွာလဲ မင္းရဲ႕လူသားဆိုင္ရာက်င့္ဝတ္ေတြ? ငါ့မွာေတာ့ တေန႔ခင္းလုံ
စာေအာ္တိုျပန္စနစ္ႀကီးနဲ႔ ႏွစ္ပါးသြားလိုက္ရတယ္! မင္း ဘယ္လိုေတာင္လုပ္ရက္တာလဲ?] [ပုံ  ပုံ  ပုံ]

ေက်ာက္ခ်င္းယြမ္က အၿမဲဆိုသလို ေအးတိေအးစက္နဲ႔ ႏႈတ္နည္းေသာပုံရိပ္ကိုသာ လူထုၾကားထဲခ်ျပဖူးတာျဖစ္ေပသည္။

သူ႔အလ်င္က ပို႔စ္ေတြမွာဆိုရင္ခံစားခ်က္မပါသလိုစာအခ်ိဳ႕နဲ႔သာျဖစ္၏။

ဒါေၾကာင့္သာပဲ ဒီတခုတင္လိုက္တာနဲ႔  Weibo ကဖန္ေတြၾကားထဲ အက်ိတ္အနယ္ေဆြးေႏြးမႈေတြကို တဟုန္ထိုးတက္သြားေစသည္။

[ဒါက ဘာလဲ? LoL ေစာက္ရမ္းအူေပါက္တယ္ဟ…]

[ဒါေလးက ငါသိတဲ့ ခ်င္းယြမ္ေကာ ဟုတ္ေသးရဲ႕လား?  စိတ္ဆိုးေနတဲ့ ဟက္စကီးေပါက္ေလးကို ျမင္ေနရသလိုပဲ…]

[ဟဲဟဲ ငါနင့္ကို သေဘာတူတယ္ ငါေျပာခ်င္တာလည္း ဒါပဲ... ရွင္ တသက္လုံးထိန္းသိမ္းလာတဲ့ ပုံရိပ္ေလးေတာ့ေဂ်ာင္းရွာၿပီ ….ရွင့္ေအးဂ်င့္ေကာ သိေသးရဲ႕လား?]

[ရယ္ရတာမ်က္ရည္ေတာင္ထြက္တယ္၊ ငါထင္တာေတာ့ ခ်င့္ဟြမ္လုပ္တာ ဘာမွမမွားဘူး... ျပသနာက ရွင္ကိုကသိပ္ပိန္းေနတာ...]

[ခ်င့္ဟြမ္ဆိုတာဘယ္သူလဲ စိတ္ဝင္စားေနတာ ငါတေယာက္တည္းလား? သူက ခ်င္းယြမ္ရဲ႕အာ႐ုံကို ေတာင္အရယူႏိုင္ၿပီး သူ႔ Weibo မွာေတာင္ ပါေအာင္လုပ္ႏိုင္တယ္ဆိုကတည္းက သရဲတ​ေစၦပဲျဖစ္ရမယ္...]

[ေစာင့္ေနဦး.. ငါသူ႔ရဲ႕ေနာက္ခံအခ်က္အလက္မွန္ကို ရေအာင္ ရွာျပမယ္]

......

ရလဒ္ကေတာ့ ယြီခ်င့္ဟြမ္ႏွင့္ေက်ာက္ခ်င္းယြမ္တို႔ ႏွစ္ေယာက္သားအေၾကာင္းအရာမွာ Weibo Trend ထဲ အသစ္တဖန္ထမ္မံ​ဝင္ေရာက္လာျပန္ေတာ့သည္။

#ယြီခ်င့္ဟြမ္အား ရွာေနသည္#
#ေက်ာက္ခ်င္းယြမ္,ယြီခ်င့္ဟြမ္, ေနာက္ၿပီးရင္ေကာ#

ယြီခ်င့္ဟြမ္ကေတာ့ Weibo ကို ဖြင့္လိုက္ၿပီးၿပီးခ်င္း ထိတ္လန႔္တုန္လႈပ္သြားရေတာ့သည္။

ဒါျဖင့္ ေက်ာက္ခ်င္းယြမ္ကိုတေန႔ခင္းလုံးစာေအာ္တိုျပန္စနစ္ႀကီးနဲ႔ႏွစ္ပါးသြားခိုင္းလိုက္မိတာနဲ႔ တဖက္က သူ႔ကို Hot Search ထဲ ႏွစ္ခါေတာင္ပါခိုင္းလိုက္တယ္ေပါ့?

အင္း သူကတကယ့္ကိုအၿငိဳးအေတးႀကီးတာပါ့လား..
.,.,.,.,.,.,.,.,.,.,.,.,.,.,

T/N >>> တိုင္းေရးျပည္ေရးအေျခအေနကေတာ့ အားလုံးသိတဲ့အတိုင္းပါပဲ...ဒါေပမယ့္အားတင္းထားၾကပါ အေမွာင္ေတြၿပီးရင္အလင္းေရာင္ကျပန္လာစၿမဲပါပဲ 💪

Continue Reading

You'll Also Like

67.7K 11K 28
Tittle: 就算信息素是臭鸡蛋也想拥有爱情 Author : 星际火锅店 (Interstellar Hotpot Shop) English Translator : Mei (whimsical reads) Chapters : 25 Chapters + 2 Special stori...
604K 99.9K 66
Myanmar translation (ျမန္မာဘာသာျပန္) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61...
7.6K 644 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...