𝗛𝗲𝗮𝗱 𝗢𝘃𝗲𝗿 𝗛𝗲𝗲𝗹𝘀

By --Alcohol--

2.8K 354 49

//𝖶𝗁𝖾𝗇 𝖸𝗈𝗎 𝖠𝗋𝖾 𝖵𝖾𝗋𝗒 𝖬𝗎𝖼𝗁 𝖨𝗇 𝖫𝗈𝗏𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎𝗋 𝖡𝖾𝗌𝗍𝖿𝗋𝗂𝖾𝗇𝖽'𝗌 𝖡𝗋𝗈𝗍𝗁... More

•1•
•3•
𝗛𝗲𝗮𝗱 𝗢𝘃𝗲𝗿 𝗛𝗲𝗲𝗹𝘀

•2•

614 82 5
By --Alcohol--



ဒီနေ့တစ်မနက်လုံး အားရတယ်ကိုမရှိ။
ပြဿနာက ဟိုRickyပေါ့!

Rickyက Taeraeကို အပြင်သွားဖို့လာခေါ်သည်။Taeraeကမသွားချင်။

မသွားချင်ဘူး ပျင်းတယ်လို့ ညက ဖုန်းဆက်ပြောပြီးသား။

အဲ့ဒါကို အိမ်အထိလာခေါ်တော့ Taeraeမှာ ပြူးပြူးပြဲပြဲ။

အရင်ကဆို ကိစ္စမရှိဘူးလေ။

မသိရင် အပြင်မထွက်ချင်တဲ့ရည်းစား၊ စိတ်ကောက်နေတဲ့ရည်းစားကို အိမ်ထိ လာခေါ်နေသလိုလို။

အခုကကျ Rickyနဲ့က ရည်းစား...အဲ..ဟန်ဆောင်ရည်းစား။

Rickyနဲ့တော့ခက်ပြီ။
ဒင်းက အခန်းထဲထိတောင်ပိုးစိုးပိုက်နက်နဲ့ ဝင်လာသေးတာ။

ကုတင်ပေါ်မှာ အီလေးဆွဲပြီး ကန့်လန့်ဖြတ်အိပ်နေတဲ့ Taeraeရဲ့ခြေထောက်ကိုဆွဲပြီး တစ်ဆာဆာလုပ်နေတာ။

"လာပါကိုကိုရယ် shopping ထွက်
ရအောင်"

"ဟာ...မသွားဘူး အပြင်မှာ အေးကအေးနဲ့..သွားချင် Gyuvinကိုခေါ်သွား..."

Taeraeက ခေါင်းမာသည်။

"ကိုကို့ညီက ဒီအချိန် အိပ်ရာကထလို့လားပြော!"

ဟုတ်တော့လဲဟုတ်သည်။
Gyuvinက နေ့နဲ့ညတောင်မှားနေတာ။

အကယ်၍ Rickyခေါ်တဲ့နောက်လိုက်သွားမယ်ဆိုရင် ရေကချိုးရဦးမည်။ ရေချိုးရင် အအေးကပတ်ပြီးနှာကချေဦးမည်။ အဲ့တော့ နိုးပါ။

"ငါမသွားချင်ဘူးလို့ဆိုနေမှ"

Taeraeက အီလေးဆွဲနေတဲ့အသံကိုမှ ဆောင့်ဆောင့်အောင်အောင်ပြောလိုက်ပေမဲ့ Rickyကိုအသဲယားစေသွားတယ်ထင်တယ်။

"အွီး...ကိုကိုက ချစ်ဖို့ကောင်းလိုက်တာ"

Rickyရဲ့စကားကြောင့်Taeraeသူ့ခြေထောက်နဲ့လှမ်းကန်ဖို့ကြိုးစားလိုက်သည်။

"သေချင်လို့လား...မင်းက ဟန်ဆောင်ရည်းစားနော်! "

"သိပါတယ်ကိုကိုရဲ့ ပါးပါးတို့ရှေ့ရောက်ရင် ဟန်ဆောင်တာချောမွတ်နေရအောင်ပါ"

Taeraeက မနိုင်ဟန် ခေါင်းခါလိုက်သည်။

နေပါဦး...အပြင်ခေါ်တဲ့ကိစ္စက အခုထိ လိုရင်းကိုမရောက်နိုင်။
ဘာကိစ္စလာခေါ်တာတုန်း။

"မေးပါရစေဦး Shopping ထွက်တာ မင်းဟာမင်းထွက်လေ ဘာလို့ ငါ့လာခေါ်နေတာလဲ မလိုက်ဘူး"

"အယ်! ကိုကိုမေ့နေတာတော့မဟုတ်ပါဘူးနော် မနက်ဖြန် ကျွန်တော့်မိဘတွေကိုသွားတွေ့ရမယ်လေ၊လိုအပ်တာတွေဝယ်မှရမှာပေါ့"

အဲ့တော့မှ Taeraeကိုယ့်နဖူးကိုယ်
ရိုက်မိတော့သည်။ Rickyက ကိုယ့်ရဲ့ ဟန်ဆောင်ရည်းစားဆိုတာကိုပဲ ခေါင်းထဲ ရိုက်သွင်းထားတာ ၊ဟန်ဆောင်ရည်းစားအိမ်ကိုပါ လိုက်ပြီးလိမ်ပေးရမယ်ဆိုတာ မေ့နေတာ ကျန်း!

"Ricky!!ငါမေးဖို့"

"မေးလေ.."

"မင်းရည်းစားကငါပါဆိုတာကို ပြောထားလား"

"အင်းပြောထားတယ်..."

"အဲ..အဲ့တော့ သူတို့ဘာပြောလဲဟင်..မလန့်သွားကြဘူးလား"

Taeraeက လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
နှလုံးခုန်သံက တစ်ဒိတ်ဒိတ်။
အနည်းငယ်ပြူးကျယ်နေတဲ့မျက်ဝန်းက ပေကလပ်ပေကလပ်။

"ပထမတော့လန့်သွားတာပေါ့၊ နောက်တော့ အိမ်ခေါ်လာတဲ့ ကျွန်တော်လဲပြောလိုက်တာပေါ့၊ ပါးပါးတို့ မခေါ်လာခိုင်းလဲ အစတည်းက ကိုကို့ကို ခေါ်လာပြီး မိတ်ဆက်ဖို့တွေးထားပြီးသားလို့"

"ဘုရားရေ!မင်းဟာလေ"

Taeraeက သူ့ရင်ဘတ်သူဖိလိုက်၏။
ဒီကောင်Rickyမွှေတဲ့မီးက တော်တော်ကြောက်ဖို့ကောင်းနေပြီ။
အဲ့မီးစက Taeraeကိုလာမစင်ဖို့မျှော်လင့်တယ်။

Shopping mallက ဆိုင်တွေထဲ တစ်ဆိုင်ပြီး တစ်ဆိုင် ဝင်လိုက်ထွက်လိုက်နဲ့ Taeraeက သူ့ခြေထောက်ကိုတောင် သနားလာပြီ။

နေကာမျက်မှန်ကြီးတပ်ပြီး အင်္ကျီတွေလိုက်ကြည့်နေတဲ့ RickyကိုTaeraeမျက်မှောင်ကုတ်ကြည့်လိုက်၏။

"ဒီလောက်မဲမှောင်နေတာကို အင်္ကျီဘယ်လိုကြည့်နေမှန်းမသိဘူး!"

Taeraeက တစ်ကိုယ်ကြား မကျေမချမ်း ညည်းတွားလိုက်ပြီး ဆိုင်မှာ ချထားတဲ့ဆိုဖာပေါ်မှာ ဇိမ်ရှိရှိဝင်ထိုင်ပစ်လိုက်တယ်။

Rickyက​တော့ အင်္ကျီတွေတစ်ထည်ပြီး တစ်ထည် ကိုလှန်လှောရွေးနေတာ။
အရောင်းစာရင်းမလေး လက်ထဲမှာလဲ ရွေးပြီးသားအင်္ကျီတွေ။

သူ့မိဘအိမ်သူသွားမှာကို Fashion showအတွက် Milanသွားရမယ်များထင်နေသလား။

ဘေးက စားပွဲပုလေးပေါ်မှာတင်ထားတဲ့ မဂ္ဂဇင်းကို ဖတ်ဖို့အလုပ် Rickyကအနားရောက်လာပြီး

"ကိုကို ဒါလေးဝတ်ကြည့်လိုက်နော်"

ကိုကိုဆိုတဲ့ အခေါ်အဝေါ်ကြောင့် အစမ်းဝတ်ကြည့်ဖို့ အင်္ကျီတွေ သယ်လာပေးတဲ့ မိန်းကလေးမျက်နှာက ပြုံးစိပြုံးစိဖြစ်သွား၏။

Taeraeက Rickyလက်​မောင်းကို တစ်ချက်ထုရိုက်ပြီး နား အနားကပ်ပြော၏။

"ဒီမှာ မင်းမားမားတို့ရှိနေတာမဟုတ်ဘူး..ကိုကိုလို့ လာတပ်မခေါ်နဲ့ ဆွဲထိုးလိုက်ရ"

RickyကိုTaeraeက နူတ်ခမ်းတစ်ထော်ထော်ဖြင့်ဘာတွေပြောနေမှန်းမသိတဲ့ပုံစံကြောင့် Taeraeကစိတ်ကောက်နေပုံရသည်ဟု အရောင်းစာရင်းမလေးက ထင်သွားပုံရတယ်။ဒါကြောင့်မို့ ပိုတောင်ပြုံးစိစိဖြစ်သွားရတာ။

Rickyက ရှက်ပြီးနေရခက်နေတဲ့Taeraeကို စကြည့်ချင်လာသည်။

"လာပါ ကိုကိုရယ်..စိတ်မကောက်နဲ့တော့နော်.."

"Ricky Shen!!!!"

Taeraeရဲ့အသံဟာ ဟိန်းသွားလို့အခြားစျေးဝယ်သူတွေပါလှည့်ကြည့်လာတယ်။

Rickyခင်ဗျာ စတောင် စရသေးတာမဟုတ်။ အော်ထုတ်လိုက်တဲ့Taeraeကြောင့် နားတောင်ပိတ်
လိုက်ရတဲ့အဖြစ်။

Taeraeက ရှက်ယမ်းယမ်းကာ Ricky လက်ထဲက အင်္ကျီကိုဆောင့်ဆောင့်အောင့်အောင့်ဆွဲယူပြီး မျက်စောင်းတောင်ထိုးသွားသေးတယ်။

Rickyဘေးမှာ ဝတ်ရမယ့်အဝတ်တွေလက်ထဲအပြည့်တွေသယ်ထားတဲ့ အရောင်းစာရင်းမ​လေးက လဲ အယောင်ယောင် အနနဖြင့် Taeraeနောက်ကိုလိုက်သွားတော့သည်။

Rickyကတော့ Taeraeကိုစလိုက်ရလို့ အပျော်လွန်နေရင်းကျန်ခဲ့တယ်။

Fitting roomကနေထွက်လာတဲ့Taeraeက င်္အကျီအဖြူရောင်နဲ့ပိုထင်းထွက်နေတာကြောင့် Rickyက တစ်ဝိုးဝိုးဖြင့် လက်ခုတ်တီးလိုက်သည်။

"ကိုကိုနဲ့ အရမ်းလိုက်! ဒါလေးပါထပ်ဝတ်ကြည့်ပါဦး"

"ဒါလေးရော..."

"ဒါလေးပါ"

Fitting roomထဲဝင်လိုက်ထွက်လိုက်နဲ့က နာရီဝက်ကျော်ကျော်။

အင်္ကျီချောင်တာရော ကျပ်နေတာရောပါ ကိုယ်တိုင်စိစစ်နေတဲ့Rickyက မသိရင် Taeraeရဲ့ မွေးမိခင်လိုလို..။

"အိုခေ....ဒါတွေအကုန်ယူမယ်အမ!"

ဘုရားရေ...Taeraeက မျက်လုံးမျက်စံပြူးကုန်ပြီ! လက်ကလဲ အငြင်းသဘောဖြင့်တစ်ခါခါ။

ဒါတွေအကုန်လုံးဝယ်မလို့လား။Ricky Shenရူးသွားတာပဲဖြစ်ရမယ်။

"ဟ အများကြီးဘာလုပ်မှာလဲ"

"ကိုကိုနဲ့ အကုန်လိုက်တယ်လေ..ယူစမ်းပါဗျာ"

အောင်မယ်...ဒင်းက ။ မသိရင် သူဝယ်ပေးမှာကျလို့ အကုန်လိုက်တယ်ပြောနေတာ။

ဝယ်မှဝယ် Taeraeက တစ်ထည်တည်းဝယ်မှာပေါ့လို့!! အလကားနေRickyဆီ မလိုအပ်ပဲ အင်္ကျီဖိုးပြန်ပေးနေရဦးမယ်။

"တစ်ထည်ဆိုရင်ရပြီလေ ဒီလောက်အင်္ကျီအများကြီး ငါဘယ်မှာသွားဝတ်ရမှာလဲ.."

"ကျွန်တော်နဲ့ ဒိတ်ရင် ဝတ်လေ"

ဒီကောင်လေးကတော့မပြောရဲတာကိုမရှိဘူး။

"ပိုက်ဆံမပါဘူး တစ်ထည်ပဲဝယ်မှာ"

"ဟော်...ကျွန်တော်ဝယ်ပေးနေတာလေ ကိုကိုကလဲ..."

Taeraeနားကြားမှားတာတော့မဟုတ်ဘူး။ Rickyက အတည်ပေါက်မျက်နှာထားနဲ့ကိုပြောနေတာ။

အင်္ကျီက တစ်ထည် ၊နှစ်ထည်တောင်မဟုတ်။ အနည်းဆုံးဆယ်ထည်လောက်ရှိမလား။

"ကောင်းပြီလေ မင်းဝယ်ပေးတော့လဲ ယူရမှာပေါ့..ပြီးမှ ပိုက်ဆံလာမတောင်းနဲ့နော်..ငါ့မှာမရှိဘူး"

"ပေးပြီးသားကို ပြန်လဲ မတောင်းတတ်ပါဘူးနော် ဟွန်း"

စကားရပ်ပြောနေကြတဲ့သူတို့နှစ်ယောက်ကို အရောင်းစာရင်းမလေးက ရပ်စောင့်ပေးနေရတဲ့ အဖြစ်။

ထိုမိန်းကလေးက ချောင်းအသာဟမ့်ကာ သတိပေးသလိုပြုမူလိုက်တော့မှ RickyရောTaeraeရော အားနာတဲ့အပြုံးဖြင့် ရယ်ပြလိုက်၏။

ငွေရှင်းတော့Rickyက သူ့black cardကို ထုတ်ပေးလိုက်သည်။

ဒီကောင်..အိမ်စီးပွါးရေးအခြေနေမကောင်းတာကိုတောင်မှ သူ့ကို အင်္ကျီတွေအများကြီးလာဝယ်ပေးနေနိုင်သေးတယ်။

အင်း...တွေးကြည့်တော့ ယုတ္တိရှိသလိုလိုနဲ့ မရှိပြန်။

သို့ပေမဲ့ ဟန်ဆောင်းရည်းစားအဖြစ်လက်ခံလိုက်မှတော့ Rickyက ကောင်းပေးတာ မဆန်း။

င်္အကျီအထုတ်တွေကိုတစ်ယောက်တည်း မနိုင်မနင်းသယ်မယ် တစ်ကဲကဲလုပ်နေတဲ့Rickyကို Taeraeကစိတ်မရှည်။

"မသိရင် ငါကပဲအနိုင်ကျင့်သလိုလိုနဲ့..ပေး ငါ့တစ်ဝက်"

Taeraeက Rickyလက်ထဲက အထုတ်တစ်ဝက်ကို လွှဲပြောင်းယူလိုက်တယ်။

"ပြန်ကြတော့မလား"

"ကိုကိုကလဲ လောလိုက်တာ အိမ်ကမထွက်ပြေးပါဘူး...တစ်ခုခုဝင်စားဦးမယ်လေ"

"အယ်..စားရဦးမှာလား.."

"ကိုကိုက ငပျင်းလေး"

"ဒီနေ့တစ်နေ့လုံး ကုတင်ပေါ်မှာပဲ လှဲချင်နေတာ..အေးတော့ပိုဆိုး"

Taeraeက ကိုယ်ကို ကျုံ့လိုက်ပြီး ခုန်ဆွခုန်ဆွလုပ်လိုက်သည်။

ဆောင်းရာသီကာလဆိုတော့ ပိုလို့တောင် လေတိုးသေးတယ်။

"ကိုကိုအေးနေတော့ နွေးသွားအောင် ဟော့ပေါ့စားကြမလား"

တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်ရပ်လိုက်မိတဲ့ မျက်စောင်းထိုးနေရာမှာ ဟော့ပေါ့ဆိုင်ရှိနေတာ။

"အော...စားကြမယ်လေ..ငါဝယ်ကျွေးပါ့မယ်"

Taeraeက ဆရာကြီးတစ်ယောက်လိုမျက်ခုံးပင့်ပြတယ်။ပြီး..ရှေ့ကနေ ဦးဆောင်ပြီး ဟော့ပေါ့ဆိုင်ထဲဝင်သွားတာမို့ Rickyက အပြေးလိုက်ဝင်သွားရသည်။

"မှာချင်တဲ့အသားမှာလိုက်နော်....အင်း ..ဘာစားရင်ကောင်းမလဲ"

Taeraeက မီနူးစာရွက်ကို အနီးကပ်ဖတ်ရင်း Rickyကိုလှမ်းပြောပေမဲ့Rickyဆီမှာအာရုံရှိမနေ။

သူသိတာ သူဟော့ပေါ့စားရတော့ဖို့ပဲ။
မနက်ကတည်း ဘာမှမယ်မယ်ရရစားရသေးတာမဟုတ်ဘူးမလား။

"ဟင်းရည်က တုံယမ်း မာလာ၊ အချဉ်ကို အရမ်းစပ်တာလေးလုပ်ပေးပါ...Rickyမင်းရော ဟင်းရည်က ဘာယူမှာတုန်း"

Taeraeက စားပွဲထိုးကိုတစ်လှည့်၊ Rickyကိုလှမ်းပြောတော့ Rickyက

"ကိုကိုနဲ့ တူတူပဲ...တုံယမ်းမာလာ..."

"အိုခေ..အာ့ဆို ဟင်းရည်နှစ်အိုးလုံးက တုံယမ်းမာလာနော်...မှာထားတဲ့ဟာတွေပဲအရင်ချပေးပါ..."

"ဟုတ်ကဲ့ပါခင်ဗျ"

စားပွဲထိုးက အော်ဒါကောက်ပြီးထွက်သွားတာနဲ့Rickyက

"ကိုကို ကိုကို..."

"ဘာတုန်း..."

"ကိုကို့ပါးချ်ိုင့်က ပိုခွက်လာသလားလို့"

"ဘယ်ကသာ အရင်အတိုင်းပဲလေ..."

"ဟုတ်လား...အခုက မရယ်ပဲဒီတိုင်းနေရင်တောင် ပါးချိုင့်ရာကတော်တော်ထင်းနေတာ"

"ဟုတ်လား...ငါ့ပါးချိုင်းလေး အဖိုးတန်လေး"

Taeraeက ရယ်မောစွာ သူ့ပါးချိုင့်သူ ထိတွေ့လိုက်တယ်။

ဟော့ပေါ့စားရင်း မနက်ဖြန် Rickyမိဘတွေနဲ့တွေ့ရင် ဘယ်လိုဖြေရမလဲဆိုတာကို Taeraeကမေးနေသည်။

Rickyက တော့ပြောရှာတယ်။
ကိုကို စိတ်တိုင်းကျသာဖြေပါတဲ့။

"ရင်တုန်လိုက်တာ..."

Taeraeက ရှုံ့မဲ့စွာပြောတော့ Rickyက

"ကျွန်တော်ကရင်ခုန်နေတာ" တဲ့။

Taeraeက ဟင်းရည်းတစ်ဇွန်းကို အရမ်းမပူအောင်မှုတ်သောက်လိုက်သည်။ အပူသက်သာအောင် ကိုလာကိုတစ်ငုံယူသောက်ရင်း ဘာရယ်မဟုတ် အကြည့်တွေက ဆိုင်အပြင်ဘက်ကိုရောက်သွားတယ်။

Taeraeရဲ့မျက်ဝန်းက ဝမ်းနည်းမှုကိုဖော်ပြနေ၏။ မကြာပါ..မျက်ရည်ဥတွေခိုသိုင်းချင်လာပုံရတာကြောင့် နှာခေါင်းထိပ်က တစ်ရှုံ့ရှုံ့။

"ကိုကို..ဘာဖြစ်တာလဲ.."

Rickyက အပြင်ဘက်ငေးကြည့်နေတဲ့Taeraeကြောင့်လန့်သွားရတယ်။
Taeraeကြည့်တဲ့ နေရာကို လိုက်ကြည့်မိတော့ အရမ်းလှတဲ့ကောင်မလေးတစ်ယောက်က ကောင်လေးလက်ကိုချိတ်ပြီး milk teaဝယ်နေ၏။

Rickyထိုမိန်းကလေးကို ကောင်းစွာသိသည်။ နှစ်ယောက်မရှိတဲ့ Kim Taerae၏ သဘောကျနေရတဲ့သူပေါ့။

ကြည့်ရတာ လက်နှေးတဲ့Taeraeက ကျန်ခဲ့ပုံရတယ်။

Rickyက တစ်ရှူးတစ်ရွက်ကိုထုတ်ကာ ကမ်းပေး၏။

"ကိုကို မငိုပါနဲ့..."

Taeraeက ဟော့ပေါ့အိုးထဲက ကြာဇံဖတ်ကို ပြီးစလွယ် ခပ်ယူပြီး ပါးစပ်နားတေ့လိုက်တယ်။

ပြီးတော့Rickyကိုမော့မကြည့်ပဲ ဖြေတယ်။

"ဟော့ပေါ့က အရမ်းစပ်တာပဲ"တဲ့။

Continue Reading

You'll Also Like

2.3M 118K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
3.5K 138 18
"𝑨𝒏𝒅 𝒕𝒉𝒆 𝒔𝒘𝒆𝒆𝒕𝒆𝒔𝒕 𝒍𝒊𝒕𝒕𝒍𝒆 𝒂𝒏𝒈𝒆𝒍 𝒄𝒐𝒖𝒍𝒅𝒏'𝒕 𝒌𝒆𝒆𝒑 𝒉𝒆𝒓 𝒆𝒚𝒆𝒔 𝒐𝒇𝒇 𝒕𝒉𝒆 𝒅𝒆𝒗𝒊𝒍."
1.2M 47.4K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
37.1K 810 23
Y/n was just a regular girl chilling and doing research, until she meet h̶e̶r̶ ̶f̶a̶t̶h̶e̶r̶ a stranger, everything was chaos with the bad guys, that...