ကိုကို့အနားနေပါလား♥(Complete)
By hmue1357
278K 23.1K 746
Wang Yibo💚🦁 အချိန်တန်အိမ်ပြန်မဲ့ ဧည့်သည်ဆိုပေမဲ့ ပြန်မလွှတ်ချင်တော့လို့ ကိုကို့အနားမှာပဲနေပါလား ကျန့်ကျန့်... More
🍎1
🍎2
🍎3
🍎4
🍎5
🍎6
🍎7
🍎8
🍎9
🍎10
🍎11
🍎12
🍎13
🍎14
🍎15
🍎16
🍎17
🍎18
🍎20
🍎21
🍎22
🍎23
🍎24
Hello
🍎25
🍎26
🍎27
🍎28
🍎29
🍎30
🍎31
🍎32
🍎33(final)
hello
🍎19
7.7K 937 44
By hmue1357
ကိုကို့အနားနေပေးပါလား
Part-19
စတော်ဘယ်ရီသီးကြိုက်တဲ့ ကောင်လေးရဲ့
နှုတ်‌ခမ်းလေးက စတော်ဘယ်ရီ‌သီးလေးလိုပင်
ချဉ်ချိုလေးဖစ်နေသည်မို့ ရိပေါ် ဘယ်လောက်တောင် ပျော်ဝင်မိနေလဲ သူကိုယ်တိုင်တောင်
သတိမထားမိပေ။
လက်သေးသေးနဲ့ မျက်နှာ‌ကို လာကိုင်ကာ
သူလေးကပါ အနမ်းတွေထဲ ပျော်ဝင်နေပေးသေးသည်။
ရိပေါ် ရှောင်ကျန့်ရဲ့ ခါးလေးကို ပိုတင်းကျပ်
စွာ ဖက်တွယ်ရင်း လည်တိုင်လေးကို ဆင်းမိတော့
"ဟင့်အင်း ကိုကို တော်ပီနော်
ဒီလောက်နီးကပ်နေသည့်အနေအထားမှာ ရိပေါ်ရဲ့ အောက်ပိုင်းတသစ်နေရာက အခြေနေက
ရှောင်ကျန့်ကို လန့်စေသည်။
"ဆောရီး က်ိုကို အရမ်းနမ်းမိသွားလား
"အင်း နည်းနည်း
ကျန့်ကျန့် အဖြေပေးပီမို့ ကိုကို မျက်လုံးခွဲစိတ်ရမယ်နော်
"အင်း
အဖြေကို ကျေနပ်ပုံနှင့် ပြုံးပြလာသည့် ယုန်ပေါက်လေး။
"ဒါပေမဲ့ ကိုကို မျက်လုံးပြန်ကောင်းလဲ ကျန့်ကျန့်
က အနားမှာနေပေးမယ်ဆိုမှ‌ေနာ်။ကိုကို လက်ထပ်မယ် ကျန့်ကျန့်ကို။ဘယ်လိုလဲ
"ဟို...
"အငြင်းဝါကျ ကိုကို မလိုချင်ဘူး
Apple နဲ့ ကိစ္စကိုလဲ ကိုကို ဖြေရှင်းလိုက်မယ်
"အဲ့..အဲ့လောက်အမြန်ကြီးမလိုပါဘူး
အခုမှ ချစ်သူဖစ်တာ ခဏလောက် တိတ်တိတ်လေး တွဲကြမလား ။
ရိပေါ် မှုန်သုန်ကာ သူ့ကောင်လေးကို ကြည့်မိတယ်။အခု ဝမ်ရိပေါ်ဆိုတဲ့ ငါက silentတွဲခံနေရတာလား။ငိုရမလို ရယ်ရမလိုပင် ရိပေါ်ဖစ်နေသည်။
ရှောင်ကျန့်လဲ သူ့ကို ကြည့်နေတဲ့ ရိပေါ်ကြောင့်
အနည်းငယ် ရှိန်သွားတယ်။ရုတ်တရတ် ရိပေါ်
မျက်နှာ ကပ်လိုက်ပီး ရိပေါ်ရဲ့ မျက်လုံးတွေကို
ကြည့်ကာ
"ကိုကို ...ကိုကို့ မျက်လုံးတွေကလေ မြင်နေရသလိုပဲ ။တစ်ခါတစ်လေ ကိုကိုကြည့်နေတာ မြင်ရတဲ့သူလိုပဲ
"အဟမ်း ပေါက်ကရတွေ အိပ်တော့ လာ
"ဟမ် ဘယ်ကိုလာရမှာလဲ
"ကိုကို့ဘေးကို လာအိပ်လေ
"ကိုကို!!! မအိပ်ပါဘူး ကျန့်ကျန့် အခန်းထဲ ပြန်အိပ်မှာ ဖယ်ပေး
ရှက်သွား‌ေသာကောင်လေးက ကုတင်ပေါ် ဆင်းပြေးလေသည်။ထိုကောင်လေး လက်ကို
ရိပေါ်  အလွှတ်မပေးပဲ ဆွဲယူကာ ခါးကနေ လှမ်းဖက်လေတော့ ကျောပြင်လေးက ရင်ခွင်ထဲ ရောက်လာသည်။
"ကိုကို အသားယူတာ များနေပီနော် ဖယ်တော့
ကျန့်ကျန့် မနေတတ်တော့ဘူး
အဖြေပေးတာ မှားပီထင်ပါတယ်
"ဟာကွာ လျှောက်ပြောမနေနဲ့ လွှတ်ပေးရင်ပီးရောမလား။ပြောစရာကျန်သေးလို့ ခဏခေါ်ထားတာကို။
"ဆန်းကျယ်လိုက်တာ အ့လို ဖက်ပီး ခေါ်ထားလို့ရလား
"အင်း ကျန့်ကျန့် မို့ ရတယ်
"တော်ပီလို့ ဖယ် ပေးတော့ လို့။စိတ်ညစ်လာပီ
"Ok ok ငိုတော့မငိုပါနဲ့။တစ်ပတ်ပဲနော်
ရိပေါ် လွှတ်ပေးလိုက်တော့ ရိပေါ်ကို မျက်နှာချင်းဆိုင်းကာ ကြည့်ကာ ရှောင်ကျန့်မေး‌သည်။
ဘာကို တစ်ပတ်လဲ။တစ်ပတ်ပဲ တွဲမှာလား။
"ဘာ..ဘာကိုလဲဟင်
"Silent ကိစ္စ ။တစ်ပတ်ပြည့်တာနဲ့ အကုန်လုံးကိုပြောပြမှာ။တစ်ခါထဲ appleကိစ္စပါ ဖြတ်မှာ
"တစ်ပတ်ကတော့
"သွားတော့ အိပ်တော့ တစ်နေ့လုံးပင်ပန်းထားတာမလား
"ကိုကို
"ဒီမှာ ကိုကိုနဲ့ ဖက်ပီး အိပ်ချင်လိုလား
"ဟမ် မဟုတ်ပါဘူး သွားပီနော်
ရိပေါ် ပြောလိုက်တော့မှ ကြောက်ပီးပြေးသွားတဲ့အလည်လေး။ဘဝကလဲ သူနဲ့မှကိုယ်က  silentအတွဲခံရမယ်တဲ့။ဟိုကောင်တွေသာ ဒီကိစ္စသိရင် လှောင်မှာ
မြင်ယောင်မိတယ်။ကိုကို ချစ်မှန်းသိလို့ မင်းအရမ်းဆိုးတယ် ကျန့်ကျန့်ရယ်။
__________
___________
Wang group
"ညီမ အတွင်းရေးမှူး အခန်းက အတွင်းရေးမှူး
ကျန်ချန်း နဲ့တွေ့ချင်လို့ပါ
"ကြိုချိန်းထားလားရှင်
"အယ် အဲ့လိုတော့
"ကော ဘယ်လာတာလဲ
ဝမ်ချောင် အလုပ်ကိစ္စနဲ့ အပြင်လာရင်း ထမင်းစားချိန်မို့ ထမင်းဝယ်ကျွေးမယ်ပြောဖူးတဲ့
ကျန်ချန်းကို သတိရကာ Wang group ကို လာခဲ့သည်။ကြိုမချိန်းထားတာကြောင့် တွေ့ရဖို့တော့ မမျှော်လင့်ပေမဲ့ပေါ့။
"အကြွေးလာယူတာ
"ဗျာ
"ကိုယ့်ကို ထမင်းကျွေးမယ်ဆို ကိုယ် ဗိုက်ဆာလို့
*ဟမ် သူ့လို သူဌေးက ထမင်းစားဖို့ လူလာရှာတာလား။ထားပါလေ ကျွေးမယ်ပြောထားတာ အမြန်ဝယ်ကျွေးပီးရင် ပီးတာပါပဲ။*
"ဟုတ် ခဏနော် ကော အစ်ကိုစစ်ကျွေးကို
သွားပြောလိုက်ဦးမယ်
"Ok အမြန်တော့လာနော် ကိုယ် ဗိုက်ဆာနေပီ
ခေါင်းငြိမ့်ပြပီး ထွက်သွားတဲ့ ကျန်ချန်းကို
စောင့်ရင်း စားသောက်ဆိုင် ကောင်းကောင်းတစ်ခုကို ဝမ်ချောင်ရှာနေသည်။
--
--
--
Grace restaurant
ဝမ်ချောင် ကားရပ်လိုက်တဲ့ ဆိုင်ကို ကြည့်ပီး
ကျန်ချန်း ချွေးပါပြန်လာသည်။သူကအခုမှ အစမ်းခန့် ဝန်ထမ်းမို့ ထင်သလောက်လစာကမရသေးပေ။3လပြည့်မှ လစာပြည့်မှီအောင်ရပေမည်။အိမ်ကလဲ ငှားနေရသည်မို့ လက်ထဲ ပိုက်ဆံက သိပ်မကျန်။အခု ဝမ်ချောင်ဝင်လာသည့် ဆိုင်ကလည်း ပါတဲ့ပိုက်ဆံ လောက်ပါ့မလား
တွေးကာ ဖျားပါဖျားချင်လာသည်။
Bookingကြိုလုပ်ထားသည်မို့ အစားသောက်တွေကပါ အဆင်သင့် စားပွဲဝိုင်း ကို ဝင်ထိုင်းရင်း ကျန်ချန်းကို ကြည့်ပီး ဝမ်ချောင် ပြုံးစိစိဖစ်နေသည်။ဒါတွေကို သူရှင်းရမယ် ထင်နေပေမဲ့
ကိုယ်က သူ့ကို ဝယ်ကျွေးချင်လို့ တမင်ခေါ်လာခြင်း။စားပွဲဝိုင်းကို ကြည့်လိုက် သူ့ပိုက်ဆံအိတ်လေး ကြည့်လိုက်နဲ့ တကယ့်ကို ငိုတော့မဲ့ရုပ်လေး။
"ကော ဒါ.....ဒါတွေက ကုန်ပါ့မလား
"ကုန်ပါတယ် နှစ်ယောက်စာလေ။မကြိုက်လို့လား။
"ကောပြောတော့ ဈေးနည်းတာ စားမှာဆို
"အခုဈေးနည်းတာစားတာလေ။ကိုယ်က hotel
ကမှာစားတာများတယ် အခု မင်းဝယ်ကျွေးမယ်ဆိုလို့ ဈေးသက်သာတာစားပေးတာ
*ကျန်ချန်း ဘာစကားမှ ထပ်မပြောနိုင်တော့ပေ။
သေချာတာတော့ စစ်ကျွေး ဆီက ပိုက်ဆံချေးရ‌တော့မှာတော့ သေချာသည်။
ကိုယ်ကသာ မျိုမကျတာ သူက စားတောင်စားနေပီ။မဖစ်ဘူး ပိုက်ဆံရှင်းရတော့မှာ တီးပစ်မယ်။*
"လာ ကိုယ် ပုစွန် အခွံခွာပေးမယ် အမြီးနားက အခွံကို ချန်ထား။ပီးရင် အ့အမြီးနားကကိုင်ပီးဆော့စ်နဲ့တို့စား။စားလို့ကောင်းလား
"ဟုတ် စားလို့ကောင်းတယ် ကျန့်ကျန့်ကိုတောင်
သတိရလာပီ ။ကျန့်ကျန့်က ပင်လယ်စာ သိပ်ကြိုက်တာ
ပလုတ်ပလောင်း စားနေရင်း သူငယ်ချင်းကိုပါ
သတိရနေတဲ့ ကျန်ချန်းကို ကြည့်ပီး ဝမ်ချောင်ပြုံးမိသည်။
"အဲ့ဒါဆို ပြန်ရင် ကျန့်ကျန့်ကို ဝင်ပို့မယ်လေ။
"ဟုတ် ပိုက်ဆံမလောက်ရင် ကော ချေးထားပါနော်။လကုန်ရင် ပြန်ဆပ်ပါ့မယ်။အတိုးတော့ မယူနဲ့လေ
"ဟမ် အင်းပါ အင်းပါ
အခုလဲ ကိုယ်ဝယ်ကျွေးပါမယ်
ကျန်ချန်း မျက်လုံးထဲ ကြယ်လေးတွေ ဗလင်းဗလင်း ဖစ်သွားသည်။
"ကော တစ်ကယ်လား ကျေးဇူးပါ
"ကိုကို အသစ်တွေ့နေတာ ဒီတစ်ယောက်တော့
မဟုတ်ပါဘူးနော်
သူတို့ရဲ့ စားပွဲနား ရောက်လာသည့် မိန်းမလှလေးအား ကျန်ချန်းက မသိပေမဲ့ ဝမ်ချောင်က သိနေပုံပင်။သူမကို တစ်ချက်သာကြည့်ပီး ထမင်းအစားမပြတ်ပဲ ကျန်ချန်း ပန်းကန်ထဲ နောက်ထပ် ပုစွန်တစ်ကောင် ထည့်ပေးနေသေးသည်။
သူ့ကို အဖက်မလုပ်တဲ့ ဝမ်ချောင့်ကို ထိုမိန်းမလှလေး စိတ်တိုလာပုံပင်။
"ကိုကို မေရီ ပြောနေတယ်လေ။ဒါကြောင့်လားလို့။ဒီလိုကောင်လေးကြောင့် မေရီ့ကို လမ်းခွဲတာလား။မေရီတို့ ချစ်ခဲ့ကြတဲ့ အချိန်တွေကို စဉ်းစားပါဦး
"ဟာကွာ !!! မင်းထွက်သွားစမ်း လာမနွယ်နဲ့
မင်းနဲ့ငါ ပီးပီးသား။
"ကိုကို ဒီကောင်ကြောင့်လားလို့ သူက မေရီ
ဒုန်း
ဝမ်ချောင် စားပွဲခုံကို ဒေါသနဲ့ထုပီး သူမကို
ဒေါသတွေနဲ့ ကြည့်လိုက်သည်။သူမ ကအရမ်း
တွယ်ကပ်လွန်းသည်။လှတာပဲ ရှိတဲ့ ပက်ကျိမ။
"ထပ်ပြောမယ် မင်းသွားလိုက်တော့
ငါ့ ဒေါသက ထပ်ထိန်းထားနိုင်မယ်မထင်ဘူး
"တောက်စ်
ဒေါသထွက်ကာ ပြန်ထွက်သွားတဲ့ မေရီဆိုသူကို
ကြည့်ပီး ကျန်ချန်း အံ့ဩမိသည်။ဒီလောက်လှတဲ့
မိန်းခလေးကို အခုလို လူကြားထဲ ဝမ်ချောင်
ဘယ်လိုများ ပြောထွက်တာလဲ။ရည်စားတွေ
လမ်းခွဲရင် အ့လိုပဲလား။
"စားလေ ကျန်ချန်း တော်ပီလား
"အင်း အင်း
"လန့်သွားတာလား ကိုယ်နည်းနည်း စိတ်လွှတ်သွားတယ်။ကျန့်ကျန့် အတွက် မှာလေ
"ရတယ် မမှာတော့ဘူး။လစာ ထုတ်မှ ဆိုင်မှာပဲ
ဝယ်ကျွေးတော့မယ်။ထမင်းစားချိန်က ပြည့်နေပီ
ကျွန်တော် ပြန်တော့မယ်
"လိုက်ပို့ပေးမယ်
"ရပါတယ် နီးနီး
"ကိုယ် လိုက်ပို့ပေးမယ် ခဏစောင့် ဘေရှင်းလိုက်ဦးမယ်
စကားကို ဆုံးအောင်နားမထောင်ပဲ အေးစက်စက်
ပြောကာထထွက်သွားတဲ့ ဝမ်ချောင့်ကို ဘာမှ ထပ်မပြောတော့ပေ။ဟိုတစ်ယောက်က ဘာကြောင့် လက်ညိုးထိုးပီး စွတ်စွဲသွားလဲ မသိပေမဲ့
ဝမ်ချောင်နဲ့ သူ ထပ်မ‌တွေ့ချင်တော့ပေ။တွေ့စရာ
အကြောင်းလဲ မရှိတော့ဘူးမလား။
____________
____________
ဝမ်အိမ်တော်
"သား ကျန့်ကျန့် နဲ့ သားက ဘာလဲ
"ပါး သိနေတာလား
"ဆိုပါတော့။ဒါပေမဲ့ မဖစ်သင့်ဘူးနော်။
သူတို့က သဘောတူမှာ မဟုတ်ဘူး
အဲ့ကလေး အဲ့အိမ်မှာ ဘယ်လိုနေရလဲ သားသိတယ်မလား။
"ပါး ဘယ်လိုသိတာလဲ
"အင်း သိတယ် သားမျက်လုံးမြင်ရတာရောပဲ။မျက်လုံးကို မမြင်ချင်ယောင်ဆောင်ထားတာ
ဒီအဖေက မသိဘူး ထင်နေတယ်ပေါ့။
ဒေါ်‌ဝေ ကတောင်သိတာ ပါးက မသိစရာလား။
အခုလဲ ဟိုခလေးကို အနိုင်ကျင့်နေတာလား
"ဟာ မဟုတ်ရပါဘူး ပါးရယ်
သား ကျန့်ကျန့်ကို တကယ်ချစ်တာပါ။
မျက်လုံးကလဲ ကျန့်ကျန့် ထွက်သွားမှာ စိုးလို့
ထပ်ဟန်ဆောင်နေတာပါ။company နှစ်ပတ်လည်ကျရင် သား ကျန့်ကျန့်ကို လက်ထပ်ခွင့်တောင်းမယ်။မျက်လုံးကိစ္စလဲ အ့နေ့ အကုန်ရှင်းပြလိုက်ပါမယ်။apple ကိုတော့ ဒီကြားထဲ
သားပြောလိုက်ပါမယ်။
"သား ပျော်ရင် ပီးတာပါပဲ။ဒါပေမဲ့ ပါးကတော့
စဉ်းစားစေချင်တယ်။ယောကျာ်းလေးနှစ်ယောက် တည်ထောင်မဲ့ ဘဝကို။
"သား ကျန့်ကျန့် မဟုတ်ရင် မရတော့ဘူး
ပါး။သား နှလုံးသားကို သူယူသွားပီ။
ပါး ခွင့်ပြုပေးပါနော်
"ဟုတ်ပီ ဒါပေမဲ့ အတင်းကြပ် မလုပ်ရဘူး။
ကျန့်ကျန့် လက်ခံမှ ရှေ့ဆက်။
"ကျေးဇူး ပါး
"ဦးလေးဝမ်နဲ့ ကိုကို သရက်သီး စားဦး
ထမင်း စားပီး အချိုတည်းရအောင် ကျန့်ကျန့်
ခွဲလာပေးတယ်
သားအဖ နှစ်ယောက် စကားဝိုင်းထဲ ဝင်လာသူလေး။
"ဟေ စားရချင်သေး။ဒီနေ့ လက်ရာ ငါးပေါင်းက
ဘယ်သူ့လက်ရာလဲ
"ကျန့်ကျန့် ပေါ့ ။စားကောင်းလား ဦးလေးဝမ်
"ကောင်းပါ့ ဗျာ
ဗိုက်တင်းလွန်းလို့ ခြံထဲ လမ်းလျှောက်မှ ဖစ်မယ်ကွယ် ပီးမှစားမယ်
"ဟုတ် ဒါဆို ဖယ်ပေးထားမယ် ဦးလေးဝမ်
"အေးအေး
ရိပေါ် အဖေဖစ်သူ ထွက်သွားမှ ဘေးနား ထိုင်နေတဲ့ ရှောင်ကျန့်ကို ခါးကနေ ဆွဲကာ သူ့အနားကို
ဆွဲတော့သည်။နှစ်ယောက်ထိုင် ကျွန်းခုံလေးဖစ်တာကြောင့် ပ်ုလွယ်ကူသည်။
စွေ့ခနဲ ဖစ်သွားတဲ့ ရှောင်ကျန့် လန့်ကာ
"ကိုကို ပူရတဲ့ကြားထဲ ဘာဖစ်နေတာလဲ
"သရက်သီး ခွံပါဦး
"အင်း သရက်သီးကို အကြမ်းဖက်ပီး စားတာ
ကိုကို ပဲရှိတယ်။သူများမြင်ရင် ဘယ်လိုလုပ်မလဲ
"မြင်ပါစေ .......
မင်းက ကိုယ့်ကို အတည်မတွဲဖို့များ စဉ်းစားနေတာလား။
"ဟာ မဆိုင်တာ မပြောနဲ့နော်
မင်းလို့ သုံးပြန်ပီလား ဖယ်တော့ ဖယ်
"ဟေး စတာ စတာ ချစ်လို့ စတာ
"ဟာ ဘယ်လိုဖစ်နေတာလဲ အသံကလဲ ကျယ်လိုက်တာ ။ဖယ်ပေး ကိုကို့အနား မကပ်တော့ဘူး
လူကို အသားယူဖို့ပဲ ချောင်းနေတဲ့ လူလည်ကြီး
ဖယ် လို့
‌မလွှတ်ပေးလို့ ဗိုက်ကြောတွေကို ဆွဲတော့ မခံနိုင်တဲ့ အဆုံး ရိပေါ် လွှတ်ပေးလိုက်ရတော့သည်။
လွှတ်တာနဲ့ တကယ်အနား မကပ်တော့တဲ့ လူလည်လေး ကျန့်ကျန့်။သရက်သီး လဲ ထပ်မခွံတော့ပဲ အနားကပြေးတာမှ လစ်ခနဲ။
မျက်လုံးမြင်ရတာ ဝန်ခံပီးရင် ပြေးခွင့်ရှိဦးမလားကြည့်မယ် ယုန်ပေါက်လေး။
ချိုလား🥴
လက်ပြတ်တွေ က vote မပေးဘူး🙄
____________
____________
Zawgyi
Part-19
သတိမထားမိပေ။
"ဆောရီး ကိုကို အရမ်းနမ်းမိသွားလား
"အင်း နည်းနည်း
"အင်း
"ဟို...
ကြည့်ကာ
"ဟမ် ဘယ်ကိုလာရမှာလဲ
ရှက်သွား‌သောကောင်လေးက ကုတင်ပေါ် ဆင်းပြေးလေသည်။ထိုကောင်လေး လက်ကို
ဘာကို တစ်ပတ်လဲ။တစ်ပတ်ပဲ တွဲမှာလား။
"ဘာ..ဘာကိုလဲဟင်
"တစ်ပတ်ကတော့
"ကိုကို
__________
___________
Wang group
"အယ် အဲ့လိုတော့
"ကော ဘယ်လာတာလဲ
"အကြွေးလာယူတာ
"ဗျာ
သွားပြောလိုက်ဦးမယ်
--
--
--
Grace restaurant
"အခုဈေးနည်းတာစားတာလေ။ကိုယ်က hotel
"ဟမ် အင်းပါ အင်းပါ
မဟုတ်ပါဘူးနော်
မင်းနဲ့ငါ ပီးပီးသား။
ဒုန်း
တွယ်ကပ်လွန်းသည်။လှတာပဲ ရှိတဲ့ ပက်ကျိမ။
"တောက်စ်
"အင်း အင်း
"ရတယ် မမှာတော့ဘူး။လစာ ထုတ်မှ ဆိုင်မှာပဲ
"လိုက်ပို့ပေးမယ်
"ရပါတယ် နီးနီး
____________
____________
ဝမ်အိမ်တော်
"ပါး သိနေတာလား
"ပါး ဘယ်လိုသိတာလဲ
"ဟာ မဟုတ်ရပါဘူး ပါးရယ်
သားပြောလိုက်ပါမယ်။
"ကျေးဇူး ပါး
ခွဲလာပေးတယ်
ဘယ်သူ့လက်ရာလဲ
"ကောင်းပါ့ ဗျာ
"အေးအေး
"သရက်သီး ခွံပါဦး
"မြင်ပါစေ .......
ဖယ် လို့
ချိုလား🥴
____________
____________
Continue Reading
You'll Also Like
63.9K 3K 34
သုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION)
15.6K 1.4K 16
🍬BibleBuild🍬 {19.8.2022}
58K 7.7K 24
705K 31.4K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...