ကိုကို့အနားနေပါလား
Part -12ကျန်ချန်းနဲ့ မနက်၁ဝနာရီလောက်တည်းကတွေ့
ရှောင်ကျန့်ဝမ်အိမ်တော် ပြန်ရောက်တော့
ည၇နာရီ ဖြစ်နေပီ။ကျန်ချန်းသည် ရှောင်ကျန့်
ကို ဝမ်အိမ်တော်ရှေ့ထိ သေသေချာချာလိုက်ပို့
ပေးပီးမှ ပြန်သည်။ကျန်ချန်းပေးလိုက်တဲ့ အထုပ်တွေကို ဆွဲက အိမ်ထဲဝင်လာသည့် ရှောင်ကျန့်ကတော့ အိမ်ထဲကနေ ဒေါသရိပ်တွေနဲ့ ကြည့်နေတဲ့ ရိပေါ်ကို မမြင်ပဲ အိမ်ထဲကိုဝင်လာခဲ့သည်။"အန်တီဝေ...
အိမ်ထဲဝင်လာတော့ ဘယ်သူမှမတွေ့လို့ အန်တီဝေ့ကိုခေါ်လေတော့ မီးဖိုချောင်ထဲက ထွက်လာသည်။
"ကျန့်ကျန့်ရယ် နောက်ကျလိုက်တာ
ရှောင်ကျန့် နာရီကိုလှမ်းကြည့်တော့ ၇နာရီ စွန်းစွန်း ဖစ်နေပီ။စိတ်ထဲတွင်တော့ နောက်ကျတဲ့အချိန်ရယ်လို့ မခံစားမိ။
"နည်းနည်းလေးပါ သူငယ်ချင်းက မတွေ့တာကြာနေတော့ ပြောစရာတွေကမကုန်ဘူးဖစ်နေလို့..
ဦးလေးဝမ် ပြန်ရောက်ပီလား ဟင်"သခင်ကြီး က ခရီးသွားရတယ် မနက်ဖြန်ည
လောက်မှ ပြန်ရောက်မယ် ကျန်ကျန့်လေး"အော်... မနက်ကတောင် မကြားမိဘူး...
ကိုကိုရော.. ညစာစားပီးပီလား"မစားရသေးဘူး...နေ့ခင်းတုန်းကလည်း
ဆင်းလာတာ မတွေ့ဘူး"ဟင်...ဟုတ်လား..ကိုကိုကတော့ ကျန့်ကျန့်
မရှိတာနဲ့ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူး
ကျန့်ကျန့် ကိုကို့ကို ထမင်းစားဖို့ သွားခေါ်လိုက်မယ်...."အေးအေး...အန်တီဝေ့ကို လိုရင်ခေါ်နော်
"ရပါတယ် အန်တီဝေ နားလိုက်တော့လေ
ခေါင်းငြိမ့်ပြကာ အန်တီဝေက ထွက်သွားလေတော့ ထမင်းမစားတဲ့ ကလေးကြီးကို ထမင်းကျွေးဖို့ အထုပ်တွေကို အခန်းထဲထည့်ကာ
သွားခေါ်ရတော့သည်။ကိုကို့အခန်းထဲ တံခါးခေါက်တော့ ဘာအသံမှ
ပြန်မပြုလို့ ဝင်ကြည့်တော့ အပြင်ပြတင်းပေါက်
ဘက် ခါးထောက်ရပ်နေသည့် ကိုကို။အသံမပြုလို့ အိပ်နေတယ် ထင်တာ အိပ်လဲမအိပ်နေပဲ
ဘာမှအသံမပေးဘူး။
သူအခန်းထဲ ရောက်နေတဲ့ထိ ရိပေါ်က လှည့်မ
ကြည့်သေး တော့ ကျန့်ကျန့် အသံပြုလိုက်သည်။
ŞİMDİ OKUDUĞUN
ကိုကို့အနားနေပါလား♥(Complete)
Hayran KurguWang Yibo💚🦁 အချိန်တန်အိမ်ပြန်မဲ့ ဧည့်သည်ဆိုပေမဲ့ ပြန်မလွှတ်ချင်တော့လို့ ကိုကို့အနားမှာပဲနေပါလား ကျန့်ကျန့်ရယ် Xiao Zhan♥🐰 ထာဝရအချစ်က ကျန့်ကျန့်အတွက်ဆိုပီးတော့ အနားမှာနေပါ ပြောနေသေးလား .... ဒီက ခဏအလည်လာတဲ့ ဧည့်သည်လေးကလည်း မပြန်ချင်ပါဘူး ကိုကိုရ...