๐—›๐—ฒ๐—ฎ๐—ฑ ๐—ข๐˜ƒ๐—ฒ๐—ฟ ๐—›๐—ฒ๐—ฒ๐—น๐˜€

By --Alcohol--

2.8K 354 49

//๐–ถ๐—๐–พ๐—‡ ๐–ธ๐—ˆ๐—Ž ๐– ๐—‹๐–พ ๐–ต๐–พ๐—‹๐—’ ๐–ฌ๐—Ž๐–ผ๐— ๐–จ๐—‡ ๐–ซ๐—ˆ๐—๐–พ ๐–ถ๐—‚๐—๐— ๐–ธ๐—ˆ๐—Ž๐—‹ ๐–ก๐–พ๐—Œ๐—๐–ฟ๐—‹๐—‚๐–พ๐—‡๐–ฝ'๐—Œ ๐–ก๐—‹๐—ˆ๐—๐—... More

โ€ข2โ€ข
โ€ข3โ€ข
๐—›๐—ฒ๐—ฎ๐—ฑ ๐—ข๐˜ƒ๐—ฒ๐—ฟ ๐—›๐—ฒ๐—ฒ๐—น๐˜€

โ€ข1โ€ข

1.1K 105 10
By --Alcohol--

*ဖြန်း*

ကိုယ့်ပါးကိုယ် သတိပေးပြီးရိုက်လိုက်ခြင်း။
နာလိုက်တာ!

ဒါအိမ်မက်မဟုတ်လား။
အိမ်မက်လို့တစ်ယောက်ယောက်လာပြောစမ်းပါ။

Taerae က အခုထိ သူ့လက်ရှိအခြေအနေကို သူမယုံနိုင်သေးဘူး။နေရင်ထိုင်ရင်း ရည်းစားတစ်ယောက်ကောက်ရတော့မှာမလား။

နေဦး! ကောက်ရတာလို့ပြောမှာထက်
ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလို့ပြောရင်မှန်မည်။

ပိုတိကျအောင်ပြောရင် အဲ့ရည်းစားက အတုအယောင်!

နက်နဲအောင်ပြောရမယ်ဆိုရင် အဲ့အတုအယောင်ရည်းစားက Taeraeရဲ့ ညီအရင်းခေါက်ခေါက်ရဲ့ best friend ။

အို ဘုရားသခင် ကျွန်တော့်ရဲ့ ကံကြမ္မာက ဇောက်ထိုးတွေဖြစ်ကုန်ပြီလား။

ဘာလို့အဲ့လောက် ရုပ်ရှင်ဆန်နေရတာလဲ၊ ဝတ္တုဆန်နေရတာလဲ။

မဟုတ်မှလွဲ...သူ systemလောကထဲရောက်လာတာတော့မဟုတ်ဘူးမလား။

Taeraeရဲ့ ညီက Gyuvin
Gyuvinရဲ့ သူငယ်ချင်းကRicky

ကိုယ့်ညီသူငယ်ချင်း က ကိုယ်ညီပဲပေါ့ဆိုပြီး သဘောထားတာပါ ...တကယ်။
Rickyကလဲ Taeraeကို အစ်ကိုတစ်ယောက်လိုပဲသဘောထားတာပါ။

အခုတော့ နှစ်ယောက်လုံးက မျက်နှာပူစရာတွေဖြစ်ကုန်ပြီ။

"Taerae မင်း ဘာလို့ ကူညီဖို့ လက်ခံလိုက်တာလဲ"

Taeraeက သူ့ခေါင်းသူ ထုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရုံကလဲ အခြားမရှိတော့။

ဖြစ်ပုံက ဒီလို။
တစ်နေ့ အိမ်မှာGyuvinအပါအဝင်လူကြီးတွေ မရှိတုန်း Rickyက Taeraeတ်ို့အိမ်ကိုရောက်လာခဲ့တယ်။

ထုံစံအတိုင်း Gyuvinနဲ့လာတွေ့ပါတယ်ပေါ့...အဲ့သည်လိုထင်ပြီးတော့တောင် ကိုယ်တိုင် သော့ဖွင့်ပြီး

"Gyuvinအိမ်မှာမရှိဘူး! မင့် မပြောထားဘူးလား.."

"ဟုတ်လား သူကျွန်တော့်ကို ဘာမှမပြောဘူးရော်"

"အွန်း..မနက်ကတည်းက အဲ့ကောင် မေမေတို့နဲ့ပွဲရုံကိုလိုက်သွားတာ ခဏနေ ပြန်ရောက်တော့မှာပါ ထိုင်ဦးလေ"

Taeraeက ခြံတံခါးကိုတောင် သော့ပြန်ခတ်ပြီး Rickyနဲ့အတူ ဘေးတိုက် ကပ်လျှောက်ကာ အိမ်ထဲဝင်လိုက်တယ်။

အနည်းငယ် မောနေတဲ့Rickyပုံစံကြောင့်

"ရေခဲသေတ္တာထဲမှာ နို့စတော်ဘယ်ရီရှိတယ် သောက်မလား..ဒါမှမဟုတ် အခြားဟာသောက်မလား"

အရင်တုန်းကဆို Rickyအိမ်လာပြီဆိုရင် အမြဲနို့စတော်ဘယ်ရီ သောက်နေကျ။
အဲ့တော့Taeraeတို့အိမ်ရဲ့ ရေခဲသေတ္တာမှာ နို့စတော်ဘယ်ရီဗူးအကတ်လိုက်က မပြတ်ရှိနေတာ။

ဒါပေမဲ့ အခုRickyပုံစံက သူကြိုက်တဲ့န်ို့စတော်ဘယ်ရီ ကို သောက်ရတော့မယ်ဆိုပြီး အကြည့်တွေက ဘလင်းဘလင်းဖြစ်မနေ။

သောက်ဖို့ထက် အခြားကိစ္စတစ်ခုကို အာရုံရောက်နေသလိုမျိုးဖြစ်နေတာကြောင့် Taeraeက မေးခွန်းထုတ်မေးလိုက်တယ်။

"Ricky!!ကိစ္စ တစ်ခုခုရှိလို့လား...ဘာလဲ စာမေးပွဲကျတာတော့မဟုတ်ပါဘူးနော်"

"ဟာ..မဟုတ်ပါဘူး..ကျမှ ကျ Gyuvinကျမှာ"

"အေးနော်"

Ricky ရဲ့ အငြှောင့်ကို Taeraeက ခေါင်းတစ်ညိမ့်ညိမ့်ထောက်ခံနေတာကြည့်ဦး!
Gyuvinသာရှိရင်တော့ ဆွေ့ဆွေ့ခုန်နေဦးမယ်။

"ဟူး...တကယ်တော့လေ ကျွန်တော့်မှာအခက်ရှိနေတယ်"

"ဟေ ဘာအခက်ခဲလဲ..အိမ်က မုန့်ဖိုးမပေးလို့လား.."

"မုန့်ဖိုးမဟုတ်ဘူးဗျ..ကျွန်တော်လေ သိပ်စိတ်ညစ်တာပဲ"

Rickyမျက်နှာပေးက စျေးဦးမပေါက်တဲ့ စျေးသည်လ်ိုဖြစ်သွားပြီး သိန်းတစ်သောင်းအကြွေးပိနေတဲ့ ရုပ်မျိုးဖြစ်သွားရ၏။

"Rickyပြောပြမှ အစ်ကိုလဲ ကူသင့်တာကူရမှာပေါ့"

"တကယ်ပြောတာလားဟင်"

Rickyက အခုမှ ရွှေထုတ်တွေ့လိုက်ရတဲ့မျက်နှာထားမျိုးနဲ့ Taeraeရဲ့ လက်ကို အားကိုးတစ်ကြီး လှမ်းကိုင်တော့!
လန့်သွားတာပဲ ဒီကလေးနှယ်။

ဘယ်လိုအခက်ခဲမျိုးတွေရှိနေလို့ အခုမှ ပြောရတာပါလိမ့်နော်။

"ကျွန်တော့်ရည်းစားလုပ်ပေးရမယ်!"

"ဘာ. ..."

"တကယ်ပြောနေတာ...ကျွန်တော့်ရည်းစားလုပ်ပေးရမယ်"

"မင်းအခု ငါ့ကို လာနောက်နေတာလား Ricky! မင်းအခက်ခဲက ငါက မင်းရည်းစားလုပ်ပေးရမယ်ဆိုတာ ဘာဆိုင်လို့လဲ...ငါနဲ့ ငါ့crushလိုပဲ ဘာမှလဲ မဆိုင်ဘူး...Ricky Shen မင်း နေ့ခင်းကြောင်တောင်ကြီး အိပ်ချင်မူးတူးနဲ့ ငါ့အိမ်ရောက်လာတာတော့မဟုတ်ဘူးနော် နှိုးထတော့...."

Taeraeက အပြူးပြူးအပြဲပြဲဖြင့် သူ့လက်တွေကို Rickyဆုပ်ကိုင်ထားတဲ့လက်တွေကြားကနေရုန်းထွက်လိုက်တယ်။

ပြီး...ဆိုဖာပေါ်ကနေ ထပြီး Rickyကို လက်ညှိုးတစ်ထိုးထိုးနဲ့ အဆက်မပြော ပွါးတော့တာပါပဲ။

"စိတ်ထိန်းပါဦး...ကျွန်တော်ပြောတာကို အရင်နားထောင်ပါဦး"

မိုးတို့ မတ်တပ်ဖြစ်နေတဲ့ Taeraeကို Ricky က လက်ကနေဆွဲပြီး ဆိုဖာပေါ်မှာ ပြန်ထိုင်ခိုင်းလိုက်ရတယ်။

"တကယ်တော့လေ...အမှန်တိုင်းပြောရရင်"

Rickyရဲ့မျက်နှာဟာ တကယ်ပဲပူပင်သောကရောက်နေဟန်။

"Umm ?"

TaeraeကRickyစကားကို ဆက်ပြောဖို့ ထောက်ပေး၏။

"ကျွန်တော့်အိမ်က စီးပွါးရေးအခြေနေမဟန်တာ ဟိုကောင်Gyuvinဆီက ကြားမိမှာပါ..."

Rickyက သက်ပြင်းချလိုက်တယ်။
Taerae သူ့ရဲ့memoryတွေကိုပြန်စဉ်းစားလိုက်ရတယ်။

ဘာလို့လဲဆိုတော့ Gyuvinက အိမ်မှာဆို Rickyအကြောင်းကိုဆိုရင် ချီးပါ သေးပေါက်အစ ပြောပြလို့လေ။

Rickyက အရမ်းစိတ်ထားကောင်းတာ၊ အရမ်းလဲ ဂရုစိုက်တတ်တာလေး ဘာလေး။

Gyuvinဟိုတစ်ပတ်ကပြောပြတာကိုမှတ်မိပြီ!
Ricky ပါးပါးရဲ့ကုမ္ပဏီက အခြေနေမဟန်ဘူးဆိုလား! ဒေဝါလီခံရတော့မယ့်အခြေနေတောင်ရှိတယ်ဆိုပဲ!

အဲ့တုန်းက Taeraeတို့တစ်အိမ်လုံးRickyကိုသနားကြတာ။

ကဲ..ထားပါတော့ ဒါက...အဲ့ကိစ္စနဲ့ အခုကိစ္စက ဘာဆိုင်လို့တုန်း။

"အဲ့ဒါလေ..ပါးပါးကလေ ကျွန်တော့်ကို အိမ်ထောင်ချပေးတော့မှာ...ချမ်းသာတဲ့ အိမ်ကနဲ့"

"ဟေ...မင်းက ငယ်ငယ်လေးရှိသေးတာကို"

"အဲ့ဒါပြောတာပေါ့..ပိုဆိုးတာက တစ်ဖက်က အသက်၄၀နားကပ်နေတဲ့ အမျိုးသမီးဗျာ"

"ဟင်..."

ဘုရားရေ! Taeraeရဲ့မျက်လုံးဟာ တော်တော်ပြူးကျယ်သွားတာ။

"ပါးပါးတို့ကုမ္ပဏီက မဟန်လို့ ငွေလိုနေတာ သားတစ်ယောက်အနေနဲ့ သိတာပေါ့၊ဒါပေမဲ့ စဉ်းစားကြည့်ဦးလေ...တစ်ခါမှ ရည်းစားမထားဖူးတဲ့ကျွန်တော်..ပြီးတော့ လူပျို..တန်းပြီး အိမ်ထောင်ပြုရမှာ..ပိုဆိုးတာက အဲ့အမျိုးသမီးက မားမားအသက်နဲ့တောင်မတိမ်းမယိမ်း"

Rickyက သူ့ဘဝသူ စိတ်ပျက်ဟန် ၊ ပြီးတော့ ပါးစပ်ရှေ့မှာလက်နှစ်ဖက်စုချွန်တဲ့ပုံသဏ္ဍာန်အုပ်လိုက်တယ်။

"ပါးတို့ မားတို့က ဘာနေနေ အတင်းပေးစားမယ့်သဘောရှိတယ်"

*ဟူး..*

သက်ပြင်းခဏခဏချနေတာကိုလဲ အပြစ်မတင်ရက်တော့။

"ဒီတစ်ပတ်တနင်္ဂနွေနေ့ အဲ့အန်တီကြီးနဲ့ မင်္ဂလာကိစ္စပြောရတော့မှာ...လုပ်ပါ hyung....ကျွန်တော့်ကိုကူညီပေးပါဦး...အခုတောင် ကျွန်တော် ပါးပါးနဲ့ရန်ဖြစ်ပြီး ထွက်ခဲ့တာ"

Taeraeလဲ ဟူးကနဲ လေပူမှုတ်ထုတ်ရင်း နားထင်ကို လက်ညှိုးဖြင့်ကုတ်လ်ိုက်၏။

"အခုတောင် ကျွန်တော့်မှာ ချစ်သူရှိလို့ လုံးဝ လက်မထပ်နိုင်ဘူးလို့ပြောခဲ့ရတာ..."

"...."

"အဲ့ဒါ Hyungကူညီပေးမှရမယ်...နော် နော် လုပ်ပါ...ကျွန်တော့်ဟန်ဆောင်ရည်းစားလေးလုပ်ပေးပါနော်...အလွန်ဆုံးတစ်လပါပဲ...ပြီးတာနဲ့ပျက်သွားပြီလို့ လိမ်လို့ရတယ်..."

"...."

Taeraeက အခုထိ ခေါင်းကုတ်ဆဲ။

"ကူညီပါနော် Hyung...Hyungမကယ်ရင် ကျွန်တော် ကျွန်တော့် မားမားအရွယ် မိန်းမကို လက်ထပ်ရတော့မှာ...တစ်ခါလောက်ပဲကူညီပေးပါနော်"

Rickyက Taeraeရဲ့ လက်လေးကို အုပ်ကာ ဆွဲပြီး ပြိုတော့မလိုမျက်နှာဖြင့် တောင်းဆိုနေ၏။ပြီးတော့ လက်အုပ်တောင်ချီလိုက်သေးတယ်။

ထိုအခါ Taeraeဟာ ခေါင်းညိမ့်လိုက်ရပါတော့သည်။

တစ်ခါလောက်ပဲ ကူညီပေးကြည့်ရအောင်ပါ။
Rickyသနားပါတယ်​လေ...

ဖြစ်စဉ်ကတော့ အဲ့သည်လိုဖြစ်၏။

"အား...ငါဘာလို့ လက်ခံလိုက်တာလဲ! ကူညီပေးတာကထားပါတော့ ဖေဖေတို့ မေမေတို့သိသွားရင် ငါပြဿနာတက်သွားန်ိုင်တယ်မဟုတ်ဘူးလား...
ဘာလို့ သူများမိသားစုကိစ္စထဲ သွားရှုပ်တာလဲဆိုပြီး...ဟူး..သိသွားရင်တော့လား..ငါတော့သေပြီ မုန့်ဖိုးတော့ အဖျက်မခံရလောက်ဘူးမလား...Kim Taeraeဘဝကလဲ ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်း"

Taeraeက ကုတင်ပေါ် မှာ ကန့်လန့် အိပ်ပြီး မကျေနပ် လျှောက်ရွတ်နေတယ်။

ကိစ္စမရှိပါဘူး! Rickyနဲ့ အတူတူတစ်လလောက်အပြင်သွားပြလိုက်ရုံပဲပေါ့...ဟုတ်တယ်မလား။

ညနေတုန်းက သူRickyကို ကူညီမယ်ဆိုပြီး သဘောတူလိုက်တုန်းက Rickyပြောလိုက်တာ ဘာတဲ့!!!

"ကျေးဇူးနော် ကိုကို" တဲ့။

ဗုဒ္ဓေါ!!!!!!

Continue Reading

You'll Also Like

21.3K 1.2K 12
โ only one shots โ fluff and angst only โ boy x boy (no reader pov) โ written in BURMESE
3K 328 7
แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€ทแ€บแ€€แ€ญแ€ฏ แ€žแ€˜แ€ฑแ€ฌแ€€แ€ปแ€แ€šแ€บแ€•แ€ผแ€ฑแ€ฌแ€•แ€ผแ€ฎแ€ธ แ€•แ€ผแ€ญแ€ฏแ€„แ€บแ€œแ€ญแ€ฏแ€€แ€บแ€€แ€ผแ€›แ€„แ€บแ€ธ แ€žแ€ฐแ€แ€ญแ€ฏแ€ทแ€กแ€แ€ปแ€„แ€บแ€ธแ€แ€ปแ€„แ€บแ€ธแ€•แ€ผแ€”แ€บแ€€แ€ผแ€ญแ€ฏแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ปแ€žแ€ฑแ€ธแ€›แ€ฒแ€ทแ€œแ€ฌแ€ธแ€—แ€ปแ€ฌ....แ‹
4.4K 593 13
"แ€กแ€ฒแ€’แ€ฎ แ€•แ€แ€บแ€แ€บแ€žแ€แ€„แ€บแ€œแ€ฑแ€ธแ€€ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€˜แ€šแ€บแ€œแ€ญแ€ฏแ€•แ€แ€บแ€žแ€€แ€บแ€”แ€ฑแ€แ€ฌแ€œแ€ฒ แ€€แ€ปแ€”แ€บแ€ธแ€Ÿแ€ฌแ€กแ€ญแ€ฏ!" "แ€žแ€ฐแ€€ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€ท...แ€แ€„แ€บแ€•แ€ฝแ€”แ€บแ€ธแ€•แ€ซ"
4.5K 709 19
แ€™แ€„แ€บแ€ธแ€€ แ€”แ€ฑแ€€แ€ผแ€ฌแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€œแ€ญแ€ฏ แ€€แ€ถแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€™แ€พแ€ฏแ€กแ€•แ€ผแ€Šแ€ทแ€บแ€”แ€ฒแ€ท แ€กแ€™แ€ผแ€ฒแ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฝแ€พแ€„แ€บแ€”แ€ฑแ€›แ€„แ€บแ€žแ€ญแ€•แ€บแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€™แ€šแ€บ _ Shen _