ရင်ထဲက မှူး/ရင္ထဲက မႉး

By KYWAY7

147K 9.1K 61

မှူးကို လှည့်စားဖို့ မကြိုးစားနဲ့ မောင် နောင်တအကြီးကြီးရစေရမယ် မႉးကို လွည့္စားဖို႔ မႀကိဳးစားနဲ႕ ေမာင္ ေနာင္တအ... More

အပိုင်း( ၁ )
အပိုင်း( ၂ )
အပိုင်း( ၃ )
အပိုင်း( ၄ )
အပိုင်း( ၅ )
အပိုင်း( ၆ )
အပိုင်း( ၇ )
အပိုင်း( ၈ )
အပိုင်း( ၉ )
အပိုင်း( ၁၀ )
အပိုင်း( ၁၁ )
အပိုင်း( ၁၂ )
အပိုင်း( ၁၃ )
အပိုင်း( ၁၄ )
အပိုင်း( ၁၅ )
အပိုင်း( ၁၆ )
အပိုင်း( ၁၇ )
အပိုင်း( ၁၈ )
အပိုင်း( ၁၉ )
အပိုင်း( ၂၀ )
အပိုင်း( ၂၁ )
အပိုင်း( ၂၂ )
အပိုင်း( ၂၃ )
အပိုင်း( ၂၄ )
အပိုင်း( ၂၆ )
အပိုင်း( ၂၇ )
အပိုင်း( ၂၈ )
အပိုင်း( ၂၉ )
ep30
အပိုင်း( ၃၁) Final
Book order

အပိုင်း( ၂၅ )

3.9K 240 0
By KYWAY7


နက်မှောင်တောက်ပသော ဆံနွယ်ရှည်သည် ဖြန့်ချလိုက်ချိန်မှာ လှုပ်ခါတုန်ရီသွားသည်။ သွင်ရိပ် ထိုဆံပင်ရှည်ကို လက်ဖြင့် တယုတယကိုင်၍ ညင်ညင်သာသာ ခေါင်းဖြီးပေးနေမိသည်။ မှန်ထဲမှ မမပုံရိပ်ကို လှမ်းကြည့်မိသည်။ မမက ပိုးသားညအိပ်ဂါဝန်ရှည် လက်တစ်လုံးကြိုးကို ဝတ်ထားပြီး ကျော့ရှင်းနေသည်။ ပန်းရောင်အပြင်ထပ်အနွေးထည်ပါးလေးကို ထပ်ဝတ်ထားသဖြင့် အသားမပေါ်သလို အမြင်လည်း မရိုင်းပေ။ မျက်နှာလေးမှာ ပန်းရောင်သမ်းနေသည်။
"မမက ဆံပင်ရှည်တွေကို အကြာကြီးထိမ်းသိမ်းထားနိုင်တာ သိပ်တော်တာပဲ၊ သွင်ရိပ်ဆို ပခုံးကျော်ပြီဆိုတာနဲ့ အလိုလိုညှပ်ပစ်ချင်လာရော ဒါတောင် သွင်ရိပ်ဆံပင်က မမဆံပင်လို မထူလို့”
သွင်ရိပ် မမဆံပင်ကို အသာကိုင်၍ အားပါးတရ နမ်းရှိုက်လိုက်သည်။ ပြီးတော့ ဘီးကို မှန်တင်ခုံပေါ် ချ၍ နောက်ဘက်မှ မမလည်တိုင်ကို သိုင်းဖက်လိုက်သည်။ မမက မှန်ထဲမှ မျက်မှောင်ကြုတ်ကြည့်နေသဖြင့် သွင်ရိပ်ပြုံး၍ မမနားရွက်ဖျားလေးကို သွားဖြင့် တတိတိကိုက်ကာ စနောက်လိုက်သည်။
“ဘယ်လိုဖြစ်နေတာလဲကွာ၊ ယားကျိကျိနဲ့ မနေတတ်ဘူးလို့ သွင်ရိပ်နော်”
မမက ခေါင်းရမ်းကာ ရုန်းနေသဖြင့် သွင်ရိပ်အတင်းဖက်ထားရင်း လည်တိုင်ကို မာကင်ရာ အမှတ်အသားများပေါ်အောင် တိုးဝေ့ နမ်းရှိုက်လိုက်သည်။
"မလုပ်နဲ့၊ စိတ်ဆိုးမှာနော်၊ ယားတယ်ဆို ကြွက်ဖြူလေး မဆိုးနဲ့ကွာ စကားနားထောင်စမ်းဆို”
သွင်ရိပ် တခစ်ခစ်ရယ်ရင်း ရပ်လိုက်ကာ မှန်ထဲရှိ မမမျက်နှာလေးကို ကြည့်မိသည်။ သွင်ရိပ် မမကို သွင်ရိပ်ဘက် လှည့်ထိုင်စေလိုက်တော့ မမက ဘာလဲဟူသည့်သဘောဖြင့် မျက်ခုံးပင့်ပြသည်။ သွင်ရိပ်က ဘောင်းဘီတိုဝတ်ထားသဖြင့် ပေါ့ပေါ့ပါးပါးပင် မမပေါင်ပေါ် ခွထိုင်ချလိုက်သည်။ မမက သွင်ရိပ်လက်မောင်းကို ကိုင်၍ မော့ကြည့်သဖြင့် သွင်ရိပ် မမပခုံးပေါ် လက်လေးယှက်တင်ထားမိသည်။
“ဒီမှာ ဘာလဲ သိလားမမ”
သွင်ရိပ် လက်ထပ်စာချုပ်နှစ်စောင်ကို လှမ်းယူ၍ မမကို ပြလိုက်သည်။ မမက မျက််လုံးဖြင့်သာ ဖျတ်ခနဲ ကြည့်၍ ကိုင်တောင် မကိုင်ပေ။ သွင်ရိပ် စာချုပ်နှစ်စောင်ကို အလည်တည့်တည့်မှ အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်ပြီး လေပေါ် ဝဲမြှောက်လိုက်သည်။ စက္ကူစုတ်တို့မှာ သွင်ရိပ်တို့ပေါ် ကျဆင်းလာ၏။
“ကိုရဲရင့်နဲ့သွင်ရိပ်က ဘာမှမဆိုင်တော့ဘူး၊ သွင်ရိပ်က အခု မမအပိုင်ပဲ”
“မာမီက သွင်ရိပ်ကို ဘာပြောသေးလဲ”
‘’ဘာမှမပြောပါဘူး၊ သွင်ရိပ် ညတိုင်း မမနဲ့ လာအိပ်တာလဲ သိတယ်၊ ဒီစာချုပ်ကိုလဲ ဖြဲချင်ဖြဲလိုက်တဲ့၊ မာမီက ထင်သလောက် မဆိုးပါဘူး၊ သွင်ရိပ်ကို အကောင်းမြင်ပေးတယ်၊ မမနဲ့လဲ သဘောတူလာသလိုပဲ”
မမက ခပ်လေးလေးပြုံး၍ သွင်ရိပ်ပါးနှစ်ဖက်ကို ဆွဲလာသည်။
“ဒီလိုကျတော့ ရှင်လေးက နေတတ်စားတတ်သားပဲ၊ ယောက္ခမနဲ့တည့်အောင် ပေါင်းတတ်နေရော”
သွင်ရိပ် တဟီးဟီးပြုံးနေစဥ် မမဖုန်းတွင် SMSဝင်လာသဖြင့် မမက လှမ်းယူသည်။ ပြီးတော့ SMSအပြန်အလှန်ပို့နေ၏။ သွင်ရိပ် မမဖုန်းမျက်နှာပြင်ကို အတင်းလိုက်ကြည့်ရင်း စပ်စုရသည်။
‘’ဘယ်သူလဲမမ၊ အရေးကြီးကိစ္စလားဟင်’’
“ရဲရင့်အကြောင်း အရေးကြီးကိစ္စပြောစရာရှိလို့တဲ့၊ ဘယ်သူလဲတော့ မမ,မသိဘူး၊ ဖုန်းဆက်ကြည့်ဦးမယ်”
မမက ဖုန်းဆက်ရန် လုပ်နေသဖြင့် သွင်ရိပ် မမပေါင်ပေါ်မှ ဆင်းလိုက်သည်။ တစ်ဖက်မှ ဖုန်းမကိုင်ပါ။ မမက ဖုန်းသရဲဖြစ်မည်ဟု သတ်မှတ်ကာ အိပ်ရန် ပြင်နေသဖြင့် သွင်ရိပ်စဥ်းစားနေမိတော့သည်။
~
"Morning''
တိတ်ဆိတ်နေသောမနက်စာဝိုင်းတွင် ဦးမင်းသော်၏ဩရှရှအသံမှာ ဖြိုခွင်းဝင်ရောက်လာသည်။ သွင်ရိပ်က ဦးမင်းသော်၏ဝှီးချဲကို တွန်းလာကာ စားပွဲထိပ်တွင် နေရာချပေးနေသည်။ မှူး ကော်ဖီခရားယူကာ ခွက်ထဲ ထည့်ပေးတော့ သွင်ရိပ်က တားသည်။
"သွင်ရိပ်လုပ်လိုက်ပါ့မယ်မမ၊ အေးဆေးထိုင်နော်”
မှူးခေါင်းညိတ်ကာ ခုံ၌ ပြန်ထိုင်လိုက်သည်။ သွင်ရိပ်က ယောက္ခအချစ်ခံရဖို့ နာမည်ကောင်းယူနေသဖြင့် မှူးမသိမသာပြုံးလိုက်သည်။ မနက်စာဝိုင်းတွင် ရဲရင့်က အတော်မျက်နှာပျက်နေသည်။ မှူးနှင့်သွင်ရိပ်အကြောင်း သိထားပြီး၍ ရဲရင့်က မျက်နှာမထားတတ်အောင်ဖြစ်နေလည်း မှူးဂရုမစိုက်ပါ။
"တစ်ယောက်မှ စကားမပြောကြပါလားကွာ၊ ရန်ဖြစ်ထားကြတဲ့အတိုင်းပါလား”
"ဖြစ်စရာလားကိုသော်ရယ်၊ ကလေးတွေမှ မဟုတ်ဘဲ ကဲ ရှမ်းခေါက်ဆွဲများများစား ကိုသော့်ချွေးမလေးရှယ်ချက်ထားတာ၊ လက်ရာလေးမဆိုးဘူးကွယ်”
မာမီက ဒက်ဒီသံသယမဝင်အောင် ဖြီးဖြန်းပြောနေသဖြင့် မှူး သွင်ရိပ်ကို လှမ်းကြည့်လိုက်တော့ သွင်ရိပ်က ဘာမှမဖြစ်သည့်အတိုင်း ရယ်ပြနေသေးသည်။ ကလေးလေးကဲ့သို့ အပြစ်ကင်းပြီး ဘာမှတွေးပုံလည်းမရပါ။ မှူးအနားတွင် နေရလျှင် ပျော်နေပြီး ဘာမှစိတ်ဝင်စားပုံမရ။
"ဒက်ဒီ ဒီနေ့ ကုမ္ပဏီမှာ အစည်းအဝေးရှိလို့ ကျွန်တော် သွားနှင့်တော့မယ်”
"မနက်စာတော့ ကုန်အောင် စားသွားလေသား၊ တော်ကြာ အလုပ်လုပ်ရင်း ဗိုက်ဆာနေမှာပေါ့''
သားဗိုက်ဆာနေမည်ကို စိတ်ပူပေးနေသောဒက်ဒီ့ကို ကြည့်ပြီး မှူး အံ့ဩသည်။ ဒက်ဒီက သားဆက်ကို ဤလိုချစ်ပေးဂရုစိုက်ပေးစိတ်ပူပေးခဲ့ပါလျှင် ဟူသည့်အတွေးဝင်လာတော့ မှူးရင်ထဲ လှိုင်းထန်နေအောင် ဝမ်းနည်းရသည်။
“ကျွန်တော် ရုံးရောက်မှ ကော်ဖီဖြစ်ဖြစ် သောက်လိုက်ပါ့မယ်ဒက်ဒီ’’
“သွင်ရိပ်လဲ သစ်ခွခြံသွားရမယ်မလား၊ သားက တစ်ခါတည်း ခေါ်သွားပြီး ခြံထဲ လိုက်ပို့ပေး”
“သွင်ရိပ်ကိုတော့ မှူးပဲ ပို့ပေးလိုက်မယ်ဒက်ဒီ၊ ရဲရင့် မင်းအစည်းအဝေးရှိတယ်ဆို သွားတော့လေ”
သွင်ရိပ်က မျက်နှာအရိပ်အကဲကြည့်ကာ လိုက်ရမလား ဗျာများနေသဖြင့် မှူးဝင်တားလိုက်သည်။ ရဲရင့်က ဘာပြဿနာမှမရှာဘဲ ထွက်သွား၏။
"မှူး ဒက်ဒီ့ကို အခန်းထဲပို့ပေး၊ မှူးနဲ့ အေးဆေးပြောစရာရှိတယ်ကွယ်”
မှူး သွင်ရိပ်ကို စောင့်နေရန် မျက်ရိပ်ပြကာ ဒက်ဒီ့ဝှီးချဲတွန်း၍ အခန်းထဲသို့ ခေါ်လာခဲ့သည်။ အခန်းထဲရောက်တော့ လိုက်ကာဖွင့်ကာ ဒက်ဒီသောက်ရမည့်ဆေးယူပေးသည်။ ဖန်ခွက်ထဲ ရေဖြည့်ထည့်ကာ ပေးသည်။ ဒက်ဒီ့ကို ဆေးတိုက်ပြီးတော့ ကုလားထိုင်တွင် မှူးဝင်ထိုင်လိုက်သည်။
"ဒက်ဒီနေမကောင်းဖြစ်ပြီးနောက်ပိုင်း သားဆက်အကြောင်းကို အများကြီးတွေးဖြစ်တယ်မှူး၊ ဒက်ဒီကိုယ်တိုင် ဒုက္ခိတဘဝရောက်တော့မှ မှူးတို့မောင်နှမကို အိမ်ထဲ ပိတ်လှောင်ခဲ့မိတာတွေအတွက် ဒက်ဒီ အရမ်းစိတ်မကောင်းဖြစ်မိတယ်၊ နောင်တလဲ ရတယ်၊ မှူးကို အားနာတယ်၊ ဒက်ဒီ့အတ္တတစ်ခုတည်းအတွက်နဲ့ မလုပ်သင့်တာ လုပ်ခဲ့မိတယ်ကွာ၊ ဒက်ဒီတောင်းပန်ပါတယ်မှူး”
ဒက်ဒီက ယူကြုံးမရပြောတော့ မှူး မျက်ဝန်းအိမ်တွင် မျက်ရည်တို့ ရစ်ဝိုင်းလာသည်။ မကျမိအောင် ခပ်မြန်မြန်စိတ်တင်းရင်း အံကြိတ်ထားမိသည်။
"ဒက်ဒီ သားလေးအတွက် ဘုန်းကြီးကျောင်းမှာ အလှူလေးတစ်ခုလုပ်ပြီး အမျှဝေပေးချင်တယ်၊ ပြီးတော့ သားလေးနာမည်ကိုလည်း ပြန်ယူပေးချင်တယ်၊ ရဲရင့်ကိုလည်း သူ့နာမည်နဲ့ပဲ နေစေရင် မကောင်းဘူးလား၊ မှူးဘယ်လိုသဘောရလဲ၊ ဒက်ဒီ မှူးဆန္ဒကို သိချင်တယ်ကွယ်”
ဒက်ဒီက မှူးကို တိုင်ပင်သည့်သဘောဖြင့် မေးနေ၍ အံ့ဩရသည်။
"ရဲရင့်အဆင်ပြေပါ့မလား၊ သူ့ကို ဒါရိုက်တာအဖွဲ့ဝင်တွေ ရှယ်ယာရှင်တွေက လက်မခံကြရင်ရော''
"မှူးမာမီနဲ့ ရတဲ့ကလေးမဟုတ်ပေမဲ့ ရဲရင့်က ဒက်ဒီသားပါ၊ အတင်းအဖျင်းတော့ ခဏပြောနေနိုင်ပေမဲ့ ရဲရင့်သာ အရည်အချင်းရှိရင် အားလုံးက လက်ခံကြမှာပါ''
မှူးပြုံး၍ ဒက်ဒီ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ မှူး ဒက်ဒီ့ကို သိပ်ကျေးဇူးတင်တယ်၊ သားဆက်အတွက် အခုလိုမျိုးတွေးပေးဖို့ သိပ်မျော်လင့်ခဲ့တာ၊ သားဆက်က ဒက်ဒီအသိအမှတ်ပြုခံရတာသိရင် အရမ်းပျော်မှာ သေချာတယ်''
ဒက်ဒီက မှူးကို ပွေ့ဖက်ရန် လက်ကမ်းလာသဖြင့် မှူး ဒက်ဒီ့ကို ကျေးဇူးတင်စွာ ဖက်လိုက်သည်။ မှူးဘဝ၌ ဒက်ဒီတို့မာမီတို့ မှူးကို မချစ်ချင်နေ ဂရုမစိုက်ချင်နေ မှူးမောင်လေးကိုတော့ သားအဖြစ် အသိအမှတ်ပြုပေးရန် သိပ်စိတ်အားထက်သန်ခဲ့သည်။ မှူး၏အကြီးမားဆုံးဆန္ဒလေးဖြစ်၏။
~
ရေစက်ခွက်လေးကိုင်ထားသော မှူးလက်တို့မှာ အနည်းငယ်တုန်နေသည်။ သာဓုခေါ်သံအဆုံး၌ မှူးပါးပြင်သို့ မျက်ရည်တစ်စက်မှာ ပေါက်ခနဲ ကြွေကျလာသည်။ သားဆက်အတွက် သာဓုခေါ်ကာ ဆုတောင်းပေးရင်း တရားနာပြီးသွားသည်။ မှူးတို့ သံဃာတော်များကို ဆွမ်းကပ်သည်။ အလှူငွေနှင့် သင်္ကန်းများ ကပ်သည်။ အားလုံးပြီးတော့ မှူး ကျောင်းအောက်သို့ ဆင်းလာသည်။ ရဲရင့်က ကျောင်းလှေကားခြေရင်း၌ ကောင်မလေးတစ်ဦးနှင့် စကားရပ်ပြောနေသည်။ ရဲရင့်က မှူးကို မြင်တော့ ကျောင်းပေါ် တက်လာ၏။ မှူးလည်း ထမင်းစားဆောင်ဘက်သို့ ထွက်လာခဲ့သည်။
သွင်ရိပ်က ထမင်းစားဆောင်၌ ဧည့်သည်များကို ဧည့်ခံကျွေးမွေးနေသည်။ ဟင်းအလိုက်များ ကူထည့်ပေးနေသဖြင့် မှူးပြုံးလိုက်သည်။
"အစ်မတေးယစ်မှူး ခဏလောက်ပါရှင်”
မိန်းကလေးတစ်ဦးက မှူးကို လာခေါ်သည်။ ခုနက ရဲရင့်နှင့် စကားပြောနေသောကောင်မလေးဖြစ်၏။
"ဟိုနေ့ညတုန်းက အစ်မကို စာပို့တာ ညီမပါ၊ အစ်မမှတ်မိလား”
ထိုမိန်းကလေးမှာ ရိုးရိုးယဥ်ယဥ်ဝတ်ထားသည်။ စကားပြောပုံမှာလည်း ယဥ်ကျေးသည်။ မိန်းမလည်များကဲ့သို့ ဟော့ဟော့ဒိုင်းဒိုင်းမရှိသဖြင့် မှူးအကဲခတ်နေမိသည်။
"အစ်မကို ပြောစရာရှိတယ်၊ ညီမကို အချိန်နည်းနည်းလောက်ပေးပါလားရှင်”
"ပြောလေ၊ ဘာပြောမှာလဲ”
"ဒီနေရာမှာက ပြောဖို့ သိပ်အဆင်မပြေတော့ လူရှင်းတဲ့နေရာ ဟိုနားလေးမှာ သွားပြောကြမလား”
မိန်းကလေးက လူရှင်းသည့်ဘက်သို့ သွားရန် ခေါ်သဖြင့် စေတီတော်ဘက်သို့ မှူးတို့ ထွက်လာကြသည်။ လေတဖြူးဖြူးတိုက်နေပြီး ခေါင်းလောင်းသံမှာ သာယာနေသည်။ မိန်းကလေးက အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။ စိတ်လှုပ်ရှားနေဟန် လက်နှစ်ဖက်မှာ အချင်းချင်းဆုပ်ကိုင်ထားသည်။
"ညီမနာမည်က ဆင့်ဆင့်မိုးပါ၊ အရင်က အစ်မတို့ကုမ္ပဏီမှာ စာရင်းကိုင်လုပ်ဖူးတယ်၊ အခုတော့ အလုပ်ရှာနေတုန်းပါပဲရှင်”
"ကိုရဲနဲ့ညီမက ချစ်သူတွေဖြစ်ခဲ့တယ်၊ ညီီမတို့က အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ၊ လက်ထပ်ဖို့ထိ ဆုံးဖြတ်ထားကြတယ်၊ ဒါပေမဲ့ သူက ရုတ်တရက်ကြီး အခြားကောင်မလေးနဲ့ လက်ထပ်ရမယ်ဆိုပြီး ညီမကို အဆက်ဖြတ်သွားတာ၊ သူပြောတာက သူ အဲဒီမိန်းကလေးကို လက်ထပ်မှ သူ ကုမ္ပဏီမှာ ရာထူးအာဏာအခြေတကျရပ်တည်နိုင်မှာတဲ့''
မှူး ထိုမိန်းကလေးကို ကြည့်လိုက်တော့ မှူးမျက်နှာကို မကြည့်ရဲဘဲ ခေါင်းငုံ့နေသည်။
"ကိုရဲက လက်ထပ်ပြီးဖြစ်လို့ ညီမမပတ်သက်ဘဲနေဖို့ ဆုံးဖြတ်ထားပြီးသားပါ၊ ဒါပေမဲ့ မဖြစ်မနေ ပတ်သက်ရမဲ့အကြောင်းရှိလာတော့ ညီမအခုလို ပြောပြနေရတာ၊ ညီမမှာ ကိုရဲနဲ့ ရတဲ့ကိုယ်ဝန်ရှိနေပြီ''
မှူး အလန့်တကြား လှည့်ကြည့်လိုက်သည်။ ဆင့်ဆင့်မိုးက မှူးကို လက်အုပ်ချီ တောင်းပန်လာ၏။
"ညီမတောင်းပန်ပါတယ်၊ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ အဖေမရှိဘဲ ကလေးမွေးဖို့က ဘယ်လိုမှမဖြစ်နိုင်လို့ပါ၊ ညီမ တကယ်ဘာဆက်လုပ်ရမယ်မှန်းမသိဘူး၊ ညီမကို ကူညီပါနော်''
"ရဲရင့်သိပြီးသွားပြီလား”
"ဟင့်အင်း၊ ညီမ ဒီအကြောင်း အစ်မကို အရင်ဆုံးပြောပြတာပါ၊ ကိုရဲမသိသေးဘူး၊ ညီမပြောလိုက်ရင် ညီမကလေးကို ဖျက်ချခိုင်းမှာ စိတ်ပူမိတယ်''
မှူး ဆင့်ဆင့်မိုး၏ဗိုက်ကို လှမ်းကြည့်၍ မည်သို့လုပ်ရမလဲ စဥ်းစားနေမိတော့သည်။
====
ဆက်ရန်။
#ကြွေ

နက္ေမွာင္ေတာက္ပေသာ ဆံႏြယ္ရွည္သည္ ျဖန့္ခ်လိဳက္ခ်ိန္မွာ လႈပ္ခါတုန္ရီသြားသည္။ သြင္ရိပ္ ထိုဆံပင္ရွည္ကို လက္ျဖင့္ တယုတယကိုင္၍ ညင္ညင္သာသာ ေခါင္းၿဖီးေပးေနမိသည္။ မွန္ထဲမွ မမပုံရိပ္ကို လွမ္းၾကည့္မိသည္။ မမက ပိုးသားညအိပ္ဂါဝန္ရွည္ လက္တစ္လုံးႀကိဳးကို ဝတ္ထားၿပီး ေက်ာ့ရွင္းေနသည္။ ပန္းေရာင္အျပင္ထပ္အႏြေးထည္ပါးေလးကို ထပ္ဝတ္ထားသျဖင့္ အသားမေပၚသလို အျမင္လည္း မရိုင္းေပ။ မ်က္ႏွာေလးမွာ ပန္းေရာင္သမ္းေနသည္။
"မမက ဆံပင္ရွည္ေတြကို အၾကာႀကီးထိမ္းသိမ္းထားနိုင္တာ သိပ္ေတာ္တာပဲ၊ သြင္ရိပ္ဆို ပခုံးေက်ာ္ၿပီဆိုတာနဲ႕ အလိုလိုညွပ္ပစ္ခ်င္လာေရာ ဒါေတာင္ သြင္ရိပ္ဆံပင္က မမဆံပင္လို မထူလို႔”
သြင္ရိပ္ မမဆံပင္ကို အသာကိုင္၍ အားပါးတရ နမ္းရွိုက္လိုက္သည္။ ၿပီးေတာ့ ဘီးကို မွန္တင္ခုံေပၚ ခ်၍ ေနာက္ဘက္မွ မမလည္တိုင္ကို သိုင္းဖက္လိုက္သည္။ မမက မွန္ထဲမွ မ်က္ေမွာင္ၾကဳတ္ၾကည့္ေနသျဖင့္ သြင္ရိပ္ၿပဳံး၍ မမနား႐ြက္ဖ်ားေလးကို သြားျဖင့္ တတိတိကိုက္ကာ စေနာက္လိုက္သည္။
“ဘယ္လိုျဖစ္ေနတာလဲကြာ၊ ယားက်ိက်ိနဲ႕ မေနတတ္ဘူးလို႔ သြင္ရိပ္ေနာ္”
မမက ေခါင္းရမ္းကာ ႐ုန္းေနသျဖင့္ သြင္ရိပ္အတင္းဖက္ထားရင္း လည္တိုင္ကို မာကင္ရာ အမွတ္အသားမ်ားေပၚေအာင္ တိုးေဝ့ နမ္းရွိုက္လိုက္သည္။
"မလုပ္နဲ႕၊ စိတ္ဆိုးမွာေနာ္၊ ယားတယ္ဆို ႂကြက္ျဖဴေလး မဆိုးနဲ႕ကြာ စကားနားေထာင္စမ္းဆို”
သြင္ရိပ္ တခစ္ခစ္ရယ္ရင္း ရပ္လိုက္ကာ မွန္ထဲရွိ မမမ်က္ႏွာေလးကို ၾကည့္မိသည္။ သြင္ရိပ္ မမကို သြင္ရိပ္ဘက္ လွည့္ထိုင္ေစလိုက္ေတာ့ မမက ဘာလဲဟူသည့္သေဘာျဖင့္ မ်က္ခုံးပင့္ျပသည္။ သြင္ရိပ္က ေဘာင္းဘီတိုဝတ္ထားသျဖင့္ ေပါ့ေပါ့ပါးပါးပင္ မမေပါင္ေပၚ ခြထိုင္ခ်လိဳက္သည္။ မမက သြင္ရိပ္လက္ေမာင္းကို ကိုင္၍ ေမာ့ၾကည့္သျဖင့္ သြင္ရိပ္ မမပခုံးေပၚ လက္ေလးယွက္တင္ထားမိသည္။
“ဒီမွာ ဘာလဲ သိလားမမ”
သြင္ရိပ္ လက္ထပ္စာခ်ဳပ္ႏွစ္ေစာင္ကို လွမ္းယူ၍ မမကို ျပလိုက္သည္။ မမက မ်က္္လုံးျဖင့္သာ ဖ်တ္ခနဲ ၾကည့္၍ ကိုင္ေတာင္ မကိုင္ေပ။ သြင္ရိပ္ စာခ်ဳပ္ႏွစ္ေစာင္ကို အလည္တည့္တည့္မွ အပိုင္းပိုင္း ဆုတ္ၿဖဲပစ္လိုက္ၿပီး ေလေပၚ ဝဲျမႇောက္လိုက္သည္။ စကၠဴစုတ္တို႔မွာ သြင္ရိပ္တို႔ေပၚ က်ဆင္းလာ၏။
“ကိုရဲရင့္နဲ႕သြင္ရိပ္က ဘာမွမဆိုင္ေတာ့ဘူး၊ သြင္ရိပ္က အခု မမအပိုင္ပဲ”
“မာမီက သြင္ရိပ္ကို ဘာေျပာေသးလဲ”
‘’ဘာမွမေျပာပါဘူး၊ သြင္ရိပ္ ညတိုင္း မမနဲ႕ လာအိပ္တာလဲ သိတယ္၊ ဒီစာခ်ဳပ္ကိုလဲ ၿဖဲခ်င္ၿဖဲလိုက္တဲ့၊ မာမီက ထင္သေလာက္ မဆိုးပါဘူး၊ သြင္ရိပ္ကို အေကာင္းျမင္ေပးတယ္၊ မမနဲ႕လဲ သေဘာတူလာသလိုပဲ”
မမက ခပ္ေလးေလးၿပဳံး၍ သြင္ရိပ္ပါးႏွစ္ဖက္ကို ဆြဲလာသည္။
“ဒီလိုက်ေတာ့ ရွင္ေလးက ေနတတ္စားတတ္သားပဲ၊ ေယာကၡမနဲ႕တည့္ေအာင္ ေပါင္းတတ္ေနေရာ”
သြင္ရိပ္ တဟီးဟီးၿပဳံးေနစဥ္ မမဖုန္းတြင္ SMSဝင္လာသျဖင့္ မမက လွမ္းယူသည္။ ၿပီးေတာ့ SMSအျပန္အလွန္ပို႔ေန၏။ သြင္ရိပ္ မမဖုန္းမ်က္ႏွာျပင္ကို အတင္းလိုက္ၾကည့္ရင္း စပ္စုရသည္။
‘’ဘယ္သူလဲမမ၊ အေရးႀကီးကိစၥလားဟင္’’
“ရဲရင့္အေၾကာင္း အေရးႀကီးကိစၥေျပာစရာရွိလို႔တဲ့၊ ဘယ္သူလဲေတာ့ မမ,မသိဘူး၊ ဖုန္းဆက္ၾကည့္ဦးမယ္”
မမက ဖုန္းဆက္ရန္ လုပ္ေနသျဖင့္ သြင္ရိပ္ မမေပါင္ေပၚမွ ဆင္းလိုက္သည္။ တစ္ဖက္မွ ဖုန္းမကိုင္ပါ။ မမက ဖုန္းသရဲျဖစ္မည္ဟု သတ္မွတ္ကာ အိပ္ရန္ ျပင္ေနသျဖင့္ သြင္ရိပ္စဥ္းစားေနမိေတာ့သည္။
~
"Morning''
တိတ္ဆိတ္ေနေသာမနက္စာဝိုင္းတြင္ ဦးမင္းေသာ္၏ဩရွရွအသံမွာ ၿဖိဳခြင္းဝင္ေရာက္လာသည္။ သြင္ရိပ္က ဦးမင္းေသာ္၏ဝွီးခ်ဲကို တြန္းလာကာ စားပြဲထိပ္တြင္ ေနရာခ်ေပးေနသည္။ မႉး ေကာ္ဖီခရားယူကာ ခြက္ထဲ ထည့္ေပးေတာ့ သြင္ရိပ္က တားသည္။
"သြင္ရိပ္လုပ္လိုက္ပါ့မယ္မမ၊ ေအးေဆးထိုင္ေနာ္”
မႉးေခါင္းညိတ္ကာ ခုံ၌ ျပန္ထိုင္လိုက္သည္။ သြင္ရိပ္က ေယာကၡအခ်စ္ခံရဖို႔ နာမည္ေကာင္းယူေနသျဖင့္ မႉးမသိမသာၿပဳံးလိုက္သည္။ မနက္စာဝိုင္းတြင္ ရဲရင့္က အေတာ္မ်က္ႏွာပ်က္ေနသည္။ မႉးႏွင့္သြင္ရိပ္အေၾကာင္း သိထားၿပီး၍ ရဲရင့္က မ်က္ႏွာမထားတတ္ေအာင္ျဖစ္ေနလည္း မႉးဂ႐ုမစိုက္ပါ။
"တစ္ေယာက္မွ စကားမေျပာၾကပါလားကြာ၊ ရန္ျဖစ္ထားၾကတဲ့အတိုင္းပါလား”
"ျဖစ္စရာလားကိုေသာ္ရယ္၊ ကေလးေတြမွ မဟုတ္ဘဲ ကဲ ရွမ္းေခါက္ဆြဲမ်ားမ်ားစား ကိုေသာ့္ေခြၽးမေလးရွယ္ခ်က္ထားတာ၊ လက္ရာေလးမဆိုးဘူးကြယ္”
မာမီက ဒက္ဒီသံသယမဝင္ေအာင္ ၿဖီးျဖန္းေျပာေနသျဖင့္ မႉး သြင္ရိပ္ကို လွမ္းၾကည့္လိုက္ေတာ့ သြင္ရိပ္က ဘာမွမျဖစ္သည့္အတိုင္း ရယ္ျပေနေသးသည္။ ကေလးေလးကဲ့သို႔ အျပစ္ကင္းၿပီး ဘာမွေတြးပုံလည္းမရပါ။ မႉးအနားတြင္ ေနရလွ်င္ ေပ်ာ္ေနၿပီး ဘာမွစိတ္ဝင္စားပုံမရ။
"ဒက္ဒီ ဒီေန႕ ကုမၸဏီမွာ အစည္းအေဝးရွိလို႔ ကြၽန္ေတာ္ သြားႏွင့္ေတာ့မယ္”
"မနက္စာေတာ့ ကုန္ေအာင္ စားသြားေလသား၊ ေတာ္ၾကာ အလုပ္လုပ္ရင္း ဗိုက္ဆာေနမွာေပါ့''
သားဗိုက္ဆာေနမည္ကို စိတ္ပူေပးေနေသာဒက္ဒီ့ကို ၾကည့္ၿပီး မႉး အံ့ဩသည္။ ဒက္ဒီက သားဆက္ကို ဤလိုခ်စ္ေပးဂ႐ုစိုက္ေပးစိတ္ပူေပးခဲ့ပါလွ်င္ ဟူသည့္အေတြးဝင္လာေတာ့ မႉးရင္ထဲ လွိုင္းထန္ေနေအာင္ ဝမ္းနည္းရသည္။
“ကြၽန္ေတာ္ ႐ုံးေရာက္မွ ေကာ္ဖီျဖစ္ျဖစ္ ေသာက္လိုက္ပါ့မယ္ဒက္ဒီ’’
“သြင္ရိပ္လဲ သစ္ခြၿခံသြားရမယ္မလား၊ သားက တစ္ခါတည္း ေခၚသြားၿပီး ၿခံထဲ လိုက္ပို႔ေပး”
“သြင္ရိပ္ကိုေတာ့ မႉးပဲ ပို႔ေပးလိုက္မယ္ဒက္ဒီ၊ ရဲရင့္ မင္းအစည္းအေဝးရွိတယ္ဆို သြားေတာ့ေလ”
သြင္ရိပ္က မ်က္ႏွာအရိပ္အကဲၾကည့္ကာ လိုက္ရမလား ဗ်ာမ်ားေနသျဖင့္ မႉးဝင္တားလိုက္သည္။ ရဲရင့္က ဘာျပႆနာမွမရွာဘဲ ထြက္သြား၏။
"မႉး ဒက္ဒီ့ကို အခန္းထဲပို႔ေပး၊ မႉးနဲ႕ ေအးေဆးေျပာစရာရွိတယ္ကြယ္”
မႉး သြင္ရိပ္ကို ေစာင့္ေနရန္ မ်က္ရိပ္ျပကာ ဒက္ဒီ့ဝွီးခ်ဲတြန္း၍ အခန္းထဲသို႔ ေခၚလာခဲ့သည္။ အခန္းထဲေရာက္ေတာ့ လိုက္ကာဖြင့္ကာ ဒက္ဒီေသာက္ရမည့္ေဆးယူေပးသည္။ ဖန္ခြက္ထဲ ေရျဖည့္ထည့္ကာ ေပးသည္။ ဒက္ဒီ့ကို ေဆးတိုက္ၿပီးေတာ့ ကုလားထိုင္တြင္ မႉးဝင္ထိုင္လိုက္သည္။
"ဒက္ဒီေနမေကာင္းျဖစ္ၿပီးေနာက္ပိုင္း သားဆက္အေၾကာင္းကို အမ်ားႀကီးေတြးျဖစ္တယ္မႉး၊ ဒက္ဒီကိုယ္တိုင္ ဒုကၡိတဘဝေရာက္ေတာ့မွ မႉးတို႔ေမာင္ႏွမကို အိမ္ထဲ ပိတ္ေလွာင္ခဲ့မိတာေတြအတြက္ ဒက္ဒီ အရမ္းစိတ္မေကာင္းျဖစ္မိတယ္၊ ေနာင္တလဲ ရတယ္၊ မႉးကို အားနာတယ္၊ ဒက္ဒီ့အတၱတစ္ခုတည္းအတြက္နဲ႕ မလုပ္သင့္တာ လုပ္ခဲ့မိတယ္ကြာ၊ ဒက္ဒီေတာင္းပန္ပါတယ္မႉး”
ဒက္ဒီက ယူႀကဳံးမရေျပာေတာ့ မႉး မ်က္ဝန္းအိမ္တြင္ မ်က္ရည္တို႔ ရစ္ဝိုင္းလာသည္။ မက်မိေအာင္ ခပ္ျမန္ျမန္စိတ္တင္းရင္း အံႀကိတ္ထားမိသည္။
"ဒက္ဒီ သားေလးအတြက္ ဘုန္းႀကီးေက်ာင္းမွာ အလႉေလးတစ္ခုလုပ္ၿပီး အမွ်ေဝေပးခ်င္တယ္၊ ၿပီးေတာ့ သားေလးနာမည္ကိုလည္း ျပန္ယူေပးခ်င္တယ္၊ ရဲရင့္ကိုလည္း သူ႕နာမည္နဲ႕ပဲ ေနေစရင္ မေကာင္းဘူးလား၊ မႉးဘယ္လိုသေဘာရလဲ၊ ဒက္ဒီ မႉးဆႏၵကို သိခ်င္တယ္ကြယ္”
ဒက္ဒီက မႉးကို တိုင္ပင္သည့္သေဘာျဖင့္ ေမးေန၍ အံ့ဩရသည္။
"ရဲရင့္အဆင္ေျပပါ့မလား၊ သူ႕ကို ဒါရိုက္တာအဖြဲ႕ဝင္ေတြ ရွယ္ယာရွင္ေတြက လက္မခံၾကရင္ေရာ''
"မႉးမာမီနဲ႕ ရတဲ့ကေလးမဟုတ္ေပမဲ့ ရဲရင့္က ဒက္ဒီသားပါ၊ အတင္းအဖ်င္းေတာ့ ခဏေျပာေနနိုင္ေပမဲ့ ရဲရင့္သာ အရည္အခ်င္းရွိရင္ အားလုံးက လက္ခံၾကမွာပါ''
မႉးၿပဳံး၍ ဒက္ဒီ့လက္ကို ဆုပ္ကိုင္လိုက္သည္။
"ေက်းဇူးတင္ပါတယ္၊ မႉး ဒက္ဒီ့ကို သိပ္ေက်းဇူးတင္တယ္၊ သားဆက္အတြက္ အခုလိုမ်ိဳးေတြးေပးဖို႔ သိပ္ေမ်ာ္လင့္ခဲ့တာ၊ သားဆက္က ဒက္ဒီအသိအမွတ္ျပဳခံရတာသိရင္ အရမ္းေပ်ာ္မွာ ေသခ်ာတယ္''
ဒက္ဒီက မႉးကို ေပြ႕ဖက္ရန္ လက္ကမ္းလာသျဖင့္ မႉး ဒက္ဒီ့ကို ေက်းဇူးတင္စြာ ဖက္လိုက္သည္။ မႉးဘဝ၌ ဒက္ဒီတို႔မာမီတို႔ မႉးကို မခ်စ္ခ်င္ေန ဂ႐ုမစိုက္ခ်င္ေန မႉးေမာင္ေလးကိုေတာ့ သားအျဖစ္ အသိအမွတ္ျပဳေပးရန္ သိပ္စိတ္အားထက္သန္ခဲ့သည္။ မႉး၏အႀကီးမားဆုံးဆႏၵေလးျဖစ္၏။
~
ေရစက္ခြက္ေလးကိုင္ထားေသာ မႉးလက္တို႔မွာ အနည္းငယ္တုန္ေနသည္။ သာဓုေခၚသံအဆုံး၌ မႉးပါးျပင္သို႔ မ်က္ရည္တစ္စက္မွာ ေပါက္ခနဲ ေႂကြက်လာသည္။ သားဆက္အတြက္ သာဓုေခၚကာ ဆုေတာင္းေပးရင္း တရားနာၿပီးသြားသည္။ မႉးတို႔ သံဃာေတာ္မ်ားကို ဆြမ္းကပ္သည္။ အလႉေငြႏွင့္ သကၤန္းမ်ား ကပ္သည္။ အားလုံးၿပီးေတာ့ မႉး ေက်ာင္းေအာက္သို႔ ဆင္းလာသည္။ ရဲရင့္က ေက်ာင္းေလွကားေျခရင္း၌ ေကာင္မေလးတစ္ဦးႏွင့္ စကားရပ္ေျပာေနသည္။ ရဲရင့္က မႉးကို ျမင္ေတာ့ ေက်ာင္းေပၚ တက္လာ၏။ မႉးလည္း ထမင္းစားေဆာင္ဘက္သို႔ ထြက္လာခဲ့သည္။
သြင္ရိပ္က ထမင္းစားေဆာင္၌ ဧည့္သည္မ်ားကို ဧည့္ခံေကြၽးေမြးေနသည္။ ဟင္းအလိုက္မ်ား ကူထည့္ေပးေနသျဖင့္ မႉးၿပဳံးလိုက္သည္။
"အစ္မေတးယစ္မႉး ခဏေလာက္ပါရွင္”
မိန္းကေလးတစ္ဦးက မႉးကို လာေခၚသည္။ ခုနက ရဲရင့္ႏွင့္ စကားေျပာေနေသာေကာင္မေလးျဖစ္၏။
"ဟိုေန႕ညတုန္းက အစ္မကို စာပို႔တာ ညီမပါ၊ အစ္မမွတ္မိလား”
ထိုမိန္းကေလးမွာ ရိုးရိုးယဥ္ယဥ္ဝတ္ထားသည္။ စကားေျပာပုံမွာလည္း ယဥ္ေက်းသည္။ မိန္းမလည္မ်ားကဲ့သို႔ ေဟာ့ေဟာ့ဒိုင္းဒိုင္းမရွိသျဖင့္ မႉးအကဲခတ္ေနမိသည္။
"အစ္မကို ေျပာစရာရွိတယ္၊ ညီမကို အခ်ိန္နည္းနည္းေလာက္ေပးပါလားရွင္”
"ေျပာေလ၊ ဘာေျပာမွာလဲ”
"ဒီေနရာမွာက ေျပာဖို႔ သိပ္အဆင္မေျပေတာ့ လူရွင္းတဲ့ေနရာ ဟိုနားေလးမွာ သြားေျပာၾကမလား”
မိန္းကေလးက လူရွင္းသည့္ဘက္သို႔ သြားရန္ ေခၚသျဖင့္ ေစတီေတာ္ဘက္သို႔ မႉးတို႔ ထြက္လာၾကသည္။ ေလတျဖဴးျဖဴးတိုက္ေနၿပီး ေခါင္းေလာင္းသံမွာ သာယာေနသည္။ မိန္းကေလးက အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေန၏။ စိတ္လႈပ္ရွားေနဟန္ လက္ႏွစ္ဖက္မွာ အခ်င္းခ်င္းဆုပ္ကိုင္ထားသည္။
"ညီမနာမည္က ဆင့္ဆင့္မိုးပါ၊ အရင္က အစ္မတို႔ကုမၸဏီမွာ စာရင္းကိုင္လုပ္ဖူးတယ္၊ အခုေတာ့ အလုပ္ရွာေနတုန္းပါပဲရွင္”
"ကိုရဲနဲ႕ညီမက ခ်စ္သူေတြျဖစ္ခဲ့တယ္၊ ညီီမတို႔က အရမ္းခ်စ္ၾကတဲ့ ခ်စ္သူေတြပါ၊ လက္ထပ္ဖို႔ထိ ဆုံးျဖတ္ထားၾကတယ္၊ ဒါေပမဲ့ သူက ႐ုတ္တရက္ႀကီး အျခားေကာင္မေလးနဲ႕ လက္ထပ္ရမယ္ဆိုၿပီး ညီမကို အဆက္ျဖတ္သြားတာ၊ သူေျပာတာက သူ အဲဒီမိန္းကေလးကို လက္ထပ္မွ သူ ကုမၸဏီမွာ ရာထူးအာဏာအေျခတက်ရပ္တည္နိုင္မွာတဲ့''
မႉး ထိုမိန္းကေလးကို ၾကည့္လိုက္ေတာ့ မႉးမ်က္ႏွာကို မၾကည့္ရဲဘဲ ေခါင္းငုံ႕ေနသည္။
"ကိုရဲက လက္ထပ္ၿပီးျဖစ္လို႔ ညီမမပတ္သက္ဘဲေနဖို႔ ဆုံးျဖတ္ထားၿပီးသားပါ၊ ဒါေပမဲ့ မျဖစ္မေန ပတ္သက္ရမဲ့အေၾကာင္းရွိလာေတာ့ ညီမအခုလို ေျပာျပေနရတာ၊ ညီမမွာ ကိုရဲနဲ႕ ရတဲ့ကိုယ္ဝန္ရွိေနၿပီ''
မႉး အလန႔္တၾကား လွည့္ၾကည့္လိုက္သည္။ ဆင့္ဆင့္မိုးက မႉးကို လက္အုပ္ခ်ီ ေတာင္းပန္လာ၏။
"ညီမေတာင္းပန္ပါတယ္၊ ျမန္မာမိန္းကေလးတစ္ေယာက္အေနနဲ႕ အေဖမရွိဘဲ ကေလးေမြးဖို႔က ဘယ္လိုမွမျဖစ္နိုင္လို႔ပါ၊ ညီမ တကယ္ဘာဆက္လုပ္ရမယ္မွန္းမသိဘူး၊ ညီမကို ကူညီပါေနာ္''
"ရဲရင့္သိၿပီးသြားၿပီလား”
"ဟင့္အင္း၊ ညီမ ဒီအေၾကာင္း အစ္မကို အရင္ဆုံးေျပာျပတာပါ၊ ကိုရဲမသိေသးဘူး၊ ညီမေျပာလိုက္ရင္ ညီမကေလးကို ဖ်က္ခ်ခိဳင္းမွာ စိတ္ပူမိတယ္''
မႉး ဆင့္ဆင့္မိုး၏ဗိုက္ကို လွမ္းၾကည့္၍ မည္သို႔လုပ္ရမလဲ စဥ္းစားေနမိေတာ့သည္။
====
ဆက္ရန္။
#ေႂကြ


Continue Reading

You'll Also Like

2.5M 92.2K 32
Dawn, a girl in her early twenties living in a poor neighborhood with her sick mother and teenage brother. Her father has abandoned them for a rich w...
404K 29.8K 33
PDF file available! including Extra 1+2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်း‌ကောင်းကော...
27.9K 2K 14
_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာ...