ရင်ထဲက မှူး/ရင္ထဲက မႉး

By KYWAY7

148K 9.1K 61

မှူးကို လှည့်စားဖို့ မကြိုးစားနဲ့ မောင် နောင်တအကြီးကြီးရစေရမယ် မႉးကို လွည့္စားဖို႔ မႀကိဳးစားနဲ႕ ေမာင္ ေနာင္တအ... More

အပိုင်း( ၁ )
အပိုင်း( ၂ )
အပိုင်း( ၃ )
အပိုင်း( ၄ )
အပိုင်း( ၅ )
အပိုင်း( ၆ )
အပိုင်း( ၇ )
အပိုင်း( ၈ )
အပိုင်း( ၉ )
အပိုင်း( ၁၀ )
အပိုင်း( ၁၁ )
အပိုင်း( ၁၂ )
အပိုင်း( ၁၄ )
အပိုင်း( ၁၅ )
အပိုင်း( ၁၆ )
အပိုင်း( ၁၇ )
အပိုင်း( ၁၈ )
အပိုင်း( ၁၉ )
အပိုင်း( ၂၀ )
အပိုင်း( ၂၁ )
အပိုင်း( ၂၂ )
အပိုင်း( ၂၃ )
အပိုင်း( ၂၄ )
အပိုင်း( ၂၅ )
အပိုင်း( ၂၆ )
အပိုင်း( ၂၇ )
အပိုင်း( ၂၈ )
အပိုင်း( ၂၉ )
ep30
အပိုင်း( ၃၁) Final
Book order

အပိုင်း( ၁၃ )

3.8K 275 0
By KYWAY7

Super market၌ တကူးတက ရှာဝယ်ထားသည့် ရောင်စုံစက္ကူရွက်များ၊ ဖန်ဘူးကြီးတစ်လုံးကို ပိုက်၍ သွင်ရိပ် ကားပေါ်မှ ဆင်းလာသည်။ သွင်ရိပ်၏ခြေလှမ်းတို့မှာ တက်ကြွနေတော့၏။ အစ်မယမင်းက ထမင်းဘူးခြင်းဆွဲကာ ဆေးရုံအဝ၌ သွင်ရိပ်ကို ရပ်စောင့်နေသည်။ ထိုကြောင့် သွင်ရိပ် အမြန်ပြေးသွားလိုက်သည်။


"ဖြည်းဖြည်းလာလို့ရပါတယ်သွင်ရိပ်ရဲ့၊ ဒါတွေ ဘာလုပ်ဖို့လဲ၊ သွင်ရိပ်ာကစားဖို့လား''


အစ်မယမင်းက သွင်ရိပ်လက်ထဲမှ ပစ္စည်းများကို ကြည့်ပြီး နားမလည်ဖြစ်နေသည်။ သွင်ရိပ် ဆေးရုံ၌ လူနာစောင့်ရင်း ပျင်းလာလျှင် ကစားရန် ထင်နေ၏။


"သွင်ရိပ်ဆော့ဖို့မဟုတ်ပါဘူး၊ မမမှူးအတွက်ပါ''


" မှူးက စက္ကူခေါက်တာ ဝါသနာပါတယ်လို့ အစ်မလဲ မကြားမိပါဘူး၊ မှူးအတွက် စိတ်ရှုပ်စရာဖြစ်နေမယ်"


"သွင်ရိပ်က မမမှူးပျင်းနေမှာစိုးလို့လေ၊ ငုတ်တုတ်ထိုင်ပြီး ဝမ်းနည်းနေမဲ့အစား လုပ်စရာတစ်ခုခုရတော့ အာရုံစူးစိုက်မှုရတာပေါ့၊ မမမှူးလဲ စိတ်သက်သာရာရမလားလို့ပါ"


မယမင်းက ခေါင်းညိတ်နားထောင်ပြီး သွင်ရိပ်ကို စူးစမ်းသလို ကြည့်လာသည်။


"သွင်ရိပ်ကြည့်ရတာမှူးကိုအရမ်းဂရုစိုက်သလိုပဲ၊မနေ့ညကလဲဆေးရုံဘယ်တော့သွားမှာလဲလို့ပဲ မေးနေတာ၊ ည အိပ်လို့ရောပျော်ရဲ့လား"


မယမင်းစကားကြောင့် သွင်ရိပ်ရှက်ကာ သွားဖြီးပြမိသည်။ သွင်ရိပ်ကိုယ်တိုင်က ဆေးရုံလာချင်လွန်း၍ ခဏခဏမေးမိ၍ အကဲပိုသလိုဖြစ်သွားမိသည်။ မယမင်းပင် ရိပ်မိကုန်ပြီ။


"ဟို ဒီတိုင်း သွင်ရိပ်က''


အစ်မယမင်းက သွင်ရိပ်ကို ကြည့်ကာ ခပ်ဟဟရယ်လေသည်။ မယမင်းဖုန်းဝင်လာသဖြင့် သွင်ရိပ်မှာ ဖြေရခက်နေရာမှ လွတ်သွားသလို စိတ်အေးသွားသည်။


"ခဏနော်ညီမလေး၊ အစ်မဖုန်းသွားပြောလိုက်ဦးမယ်''


မယမင်းက ဖုန်းပြောရန် ခပ်လှမ်းလှမ်းသို့ ထွက်သွားသည်။ မယမင်းမှာ တစ်ခုခုအမြန်လိုနေပုံရ၍ သွင်ရိပ်ရပ်ကြည့်ရင်း စိတ်ပူနေမိသည်။ မယမင်းက လျင်စလိုနေပုံဖြင့် ပြန်ရောက်လာ၏။


"သွင်ရိပ်ရေ အစ်မကိစ္စရှိလို့ အိမ်ပြန်မှဖြစ်မယ်၊ မှူးကို ဝင်မတွေ့နိုင်တော့ဘူး၊ သွင်ရိပ် ထမင်းဘူးယူသွားလိုက်နော်''


မယမင်းက ထမင်းဘူးခြင်းကို ထိုးပေးနေသဖြင့် သွင်ရိပ် အမြန်လှမ်းယူလိုက်သည်။


"ဘာပြဿနာဖြစ်လို့လဲဟင်၊ သွင်ရိပ်ဘာကူညီပေးရမလဲ"


"ရတယ်ညီမလေး၊ အလုပ်ကိစ္စပါ၊ အမေတို့ပုံနှိပ်တိုက်မှာ ပြဿနာလေးနည်းနည်းရှိလို့ အစ်မသွားရှင်းဦးမယ်၊ သွင်ရိပ်က မှူးကိုသာ ကူညီပေးလိုက်နော်၊ အစ်မသွားပြီ''


မယမင်းက အလျင်စလိုထွက်သွား၏။ သွင်ရိပ် ခဏရပ်ကြည့်၍ ဓာတ်လှေကားဆီသို့ လျှောက်လာခဲ့သည်။ ပြီးတော့ ဓာတ်လှေကားဖြင့် မမမှူးရှိသော အလွှာသို့ တက်လာခဲ့သည်။ မမအခန်းရှေ့၌ ရပ်စောင့်နေသောလူနှစ်ယောက်က သွင်ရိပ်ကို ပေးမဝင်ဘဲ တားနေကြလေသည်။


"သွင်ရိပ်က ဒီကို လာနေကျလေဦးတို့ရဲ့၊ ထမင်းဘူးလာပို့တာပ


ထိုလူနှစ်ဦးက သွင်ရိပ်လက်ထဲမှ ပစ္စည်းများကို ကြည့်ကာ အခန်းတံခါးဖွင့်ပေးသည်။ သွင်ရိပ်လည်း မျက်နှာငယ်လေးဖြင့် ကျေးဇူးတင်ကြောင်းပြောပြီး အခန်းထဲ ခပ်သွက်သွက်ဝင်လာခဲ့သည်။ အခန်းထဲရှိ ကုတင်ပေါ်တွင် မမမမှူးမရှိနေပေ။ ကုတင်ဘေးရှိ စားပွဲဝိုင်းပေါ်၌ စားစရာများအပြည့် စုံလင်စွာ ခင်းကျင်းထားသည်။ နည်းနည်းလေးတောင်မှ တို့ထိထားပုံမရ။ သွင်ရိပ် လက်ထဲမှ ပစ္စည်းများကို စားပွဲပေါ် ပြေးထား၍ မမကို အလောတကြီးရှာဖွေမိသည်။ ဤအခန်းမှာ VVIPမို့ ရေချိုးခန်း၊ အိမ်သာ တွဲလျက် ပါပြီးသားဖြစ်သည်။ သွင်ရိပ် အလောကြီးစွာ ရေချိုးခန်းတံခါးဆွဲဖွင့်လိုက်တော့ ရင်ထဲ နစ်ခနဲ ဖြစ်သွားသည်။ မမမှူးက ရေပန်းအောက်တွင် ငုတ်တုတ်ထိုင်နေ၏။ မမက အလန့်တကြား မော့ကြည့်လာပြီး အကြည့်တို့မှာ ရန်လိုနေသည်။


"မင်း ဘာလုပ်တာလဲ၊ ပြန်ပိတ်စမ်း"


သွင်ရိပ် ရေပန်းပြေးပိတ်၍ မမရှေ့ ထိုင်ချလိုက်သည်။


"မမခြေထောက်ရေစိုရင် ဒဏ်ရာက ပိုဆိုးလာမှာပေါ့၊ ဆရာဝန်ကြီးက မမကို မှာထားတယ်လေ၊ ရေချိုးချင်တယ်ဆိုရင် သူနာပြုဖြစ်ဖြစ်အကူအညီတောင်းပါလားမမရဲ့၊ မဟုတ်ရင်လဲ သွင်ရိပ်ကို စောင့်ပါလားမမရဲ့၊ သွင်ရိပ် မမကို ရေပတ်တိုက်မှပေါ့၊ ဘာလို့ဒီလိုလုပ်ရတာလဲမမရယ်"


"ဘယ်သူ့အကူအညီမှ မယူချင်လို့လေ၊ တို့က ရေချိုးချင်တာ အိမ်သာတက်တာကအစ တခြားသူကို


အကူညီတောင်းနေရမှာလား၊ ဘာလို့လဲ၊ ကိုယ့်ဟာကိုယ်မလုပ်နိုင်ဘူးထင်လို့လား၊ မလုပ်နိုင်ဘူးထင်ရင် ဖြစ်အောင် လုပ်ပြမယ်၊ တို့ကို သနားသလို လာမကြည့်နဲ့"


မမက မျက်နှာရေသပ်ချရင်း နာကျင်စွာ ပြောနေ၏။ ရေစက်အချို့နှင့်အတူ မမမျက်ရည်တို့ တွဲလဲခိုပါဝင်နေမလား သံသယဝင်မိ၏။ မမလို သိပ်မာနကြီးသည့် မိန်းမမျိုးမှာမှ ဤလိုအခြေအနေကြုံရသည်။ သူ လိုအပ်နေသမျှအား တခြားသူကို အကူအညီတောင်းရန် မမ၏မာနက လုံးဝခွင့်ပြုမှာမဟုတ်ပေ။


သွင်ရိပ် မမခံစားချက်ကို အပြည့်အဝနားလည်သည်။ တခြားသူရှေ့၌ ကျောက်သားပမာ မာကျောချင်ယောင်ဆောင်ထားသော်လည်း မမမှာ အားငယ်စိတ်ဝင်နေတတ်သည်။


"ရေစိုဝတ်တွေနဲ့ အကြာကြီးနေရင် မမနေမကောင်းဖြစ်လိမ့်မယ်၊ ထရအောင်နော်"


သွင်ရိပ် အပေါ်မှ လက်တန်းတွင် တင်ထားသော bathrodeအဖြူကို လှမ်းယူ၍ ပခုံးပေါ် တင်လိုက်သည်။ မမက နံရံကို လက်ထောက်ရင်း ဘယ်ခြေထောက်ကို အားပြုကာ ထရပ်ရန် ကြိုးစားလေသည်။ မမကို ကူပေးချင်သော်လည်း သွင်ရိပ်လက်မလှမ်းခဲ့ပါ။ တခြားသူ အကူညီမယူချင်ဘူးဟု မမကိုယ်တိုင်ပြောပြီးပြီမို့ မမကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာပဲ မြင်ချင်မိသည်။


"အ"


မမက ညာဘက်ခြေထောက်ကို အားပြုမိကာ နာကျင်သွား၏။ လဲကျမလိုဖြစ်သွားတော့ သွင်ရိပ် စိုးရိမ်တကြီး လှမ်းဖက်လိုက်သည်။ မမ၏ရေစိုနေသော ခန္ဓာကိုယ်မှ အေးစက်စက်အထိအတွေ့သည် သွင်ရိပ်အသားစိုင်နှင့် ထိကာ အေးခနဲဖြစ်သွားသည်။ သွင်ရိပ်၏နှာတံမှာ မမလည်တိုင်ကို တိုးဝေ့မိသွား၏။ ဆေးရုံ၌ နေရသော်လည်း မမ၏ကိုယ်သင်းရနံ့မှာ သင်းပျံ့ပျံ့လေးမို့ သွင်ရိပ်ပြုံးမိသွားသည်။ မမက သွင်ရိပ်ခါးကို ဖက်ထားရင်း လက်သည်းဖြင့် ဆိတ်လိုက်သဖြင့် သွင်ရိပ် အားခနဲအော်လိုက်သည်။ မမကို အတင်းအကြပ်ကြီးဖက်ထားမိရာမှ ကိုယ်ကို အနည်းငယ်ခွာပြီး မမမျက်နှာကို ကြည့်တော့ မမမျက်နှာက ပုံမှန်ထက်ပိုပြီးခပ်ရဲရဲဖြစ်နေကာ မျက်ခုံးတို့ တွန့်ချိုးထား၏။ မမက သွင်ရိပ်ပခုံးပေါ်မှ bathrodeကို ဆွဲယူလိုက်သည်။


"အပြင်မှာစောင့်နေ၊ အဝတ်လဲမလို့''


"ဖြစ်ပါ့မလားမမရဲ့၊ ခုနကလို လဲကျရင် ဘယ်လိုလုပ်မလဲ၊ သွင်ရိပ် လဲပေးမယ်လေ''


မမက မျက်စောင်းလှမ်းထိုးတော့ သွင်ရိပ် အထွန့်မတက်ရဲတော့ဘဲ ရေချိုးခန်းပြင်သို့ ထွက်ကာ တံခါးပိတ်ပေးလိုက်သည်။ အထဲမှ အသံကို စိုးရိမ်စွာ နားစွင့်နေမိ၏။ ခဏကြာတော့ အထဲမှ ထိခိုက်မိသံကြားသဖြင့် သွင်ရိပ် တံခါးကို ဆွဲဖွင့်လိုက်မိသည်။ မမက bathrodeဝတ်ထားလျက် ရေချိုးခန်းကြမ်းပြင်၌ လဲကျနေလေသည်။ သွင်ရိပ် မမကို မနိုင်တနိုင်ပြေးထူကာ ရေချိုးခန်းထဲမှ ကပျာကယာ တွဲလာတော့ မမက သွင်ရိပ်လက်မောင်းကို ထုလေသည်။


"အဟင်း...ခြေထောက်နာတယ်၊ မင်း တို့ကို သေအောင် သတ်နေတာလား၊ နာတယ်လို့"


လမ်းတစ်ဝက်၌ ကို့ရို့ကားယားအခြေအနေမို့ လွတ်ချလျှင် မမပိုနာနိုင်သည်။ ထိုကြောင့် မမကို ပွေ့ချီမတတ် တွဲခေါ်လာရင်း ကုတင်ပေါ်၌ ထိုင်စေလိုက်သည်။


မမက ညာဘက်ခြေထောက်ကို အသာထိကိုင်၍ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း နာကျင်မှုကို အောင့်အီးသည်းခံနေလေသည်။ အသည်းခိုက်မတတ်နာကျင်နေပုံရ၏။ မမအင်္ကျီ ကြိုးမချည်သေးတော့ သွင်ရိပ် ငုံ့ကာ လက်လှမ်းသည်။ မမက သွင်ရိပ်လက်ကို ဆတ်ခနဲရိုက်ချကာ သူ့ဟာသူချည်နေလေသည်။


နက်မှောင်တောက်ပပြီး ရှည်လျားလှသည့်ဆံနွယ်ရှည်မှာ ရေစိုကာ ကြမ်းပြင်ပေါ်သို့ တစ်စက်စက်ကျနေ၏။ သွင်ရိပ် ပဝါပြေးယူကာ မမဆံပင်ကို ရေသုတ်ပေးလိုက်သည်။ မမက အောက်နှုတ်ခမ်းဖိကိုက်ကာ ခဏငြိမ်နေ၏။ ပြီးတော့ သွင်ရိပ်လက်ထဲမှ ပဝါဆွဲယူကာ မမဘာသာ ရေဆက်သုတ်နေသဖြင့် သက်ပြင်းကြိတ်ချမိသည်။


"ပတ်တီးရေစိုသွားတော့ ဆေးထည့်ပြီး အသစ်လဲရမယ်ထင်တယ်၊ သွင်ရိပ် ဆရာဝန်ကြီးကို သွားခေါ်လိုက်ရမလားဟင်"


မမက သွင်ရိပ်ကို ဂရုမစိုက်ဘဲ စူပုပ်ပုပ်ဖြင့် ဆံပင်ရေသုတ်နေသည်မို့ ပြုံးမိသွားသည်။ စိတ်ကောက်နေသလို အပြုအမူမျိုးမို့ မမက အတော်ချစ်ဖို့ကောင်းနေ၏။ ခဏကြာတော့ သူနာပြုရောက်လာကာ မမ၏ခြေထောက်ဒဏ်ရာကို ဆေးထည့် ပတ်တီးစည်းပေးသွားလေသည်။ သူနာပြုက နောက်တစ်ကြိမ် ရေမစိုစေရန် မှာသွားသည်။ သွင်ရိပ်စကားမှန်တယ်ဟူသောအကြည့်ဖြင့် ကြည့်မိတော့ မမက နေ့လယ်စာစားရင်း မျက်စောင်းထထိုးသည်။ ပြီးတော့ ကုတင်ပေါ်၌ မျက်လုံးမှိတ်ကာ အိပ်နေသည်။


သွင်ရိပ် ဆိုဖာရှည်၌ ထိုင်၍ ရောင်စုံစက္ကူနှင့်ဖန်ပုလင်းဖွင့်ကာ ကြယ်ပုံခေါက်နေမိသည်။ ကြယ်ပုံခေါက်ရင်း ဘာမှမလိမ်းခြယ်ထားသည့် မမ၏သဘာဝမျက်နှာကို ခိုးကြည့်မိသည်။ အစက်အပျောက်အဖုအထစ်မရှိိ။ နေမထိလေမထိထားသလို နုဖတ်ဝင်းမွတ်နေသဖြင့် အသားအရေမှာ သူဌေးသမီးမှန်း သိပ်သိသာ၏။ နေပူထဲ ပြေးလွှားခဲ့ရသည့် သွင်ရိပ်တို့လိုလူတန်းစားနှင့် ယှဥ်စရာမရှိ။ မျက်နှာမပြောနှင့်။ မမှူး၏လက်ချောင်းလေးတွေကအစ အလုပ်ကြမ်းမလုပ်ဖူး၍ အိစက်သွယ်လျနေသည်။


"ဒီလိုမျိုး လူကို မလွဲတမ်းစိုက်ကြည့်နေတာက အနှောက်အယှက်ဖြစ်တယ်''


မမက ရုတ်တရက် သွင်ရိပ်ဘက်ခေါင်းလှည့်လာတော့ လန့်ကာ စက္ကူရွက်လေး ပြဲသွားသည်။ သူခိုးလူမိသွားတော့ မမကို သွားဖြီးပြီးရယ်ပြမိသည်။


"မင်းနဲ့နေ့သစ်ကို ကွဲအောင် လုပ်ခဲ့လို့ တို့ကိုပြန်ပြီးလက်စားချေမလို့ ဒီလိုဂရုစိုက်ပြနေတာလား"


မမစကားကြောင့် သွင်ရိပ်စိတ်မကောင်းဖြစ်မိသွားသည်။ ခေါက်လက်စ ရောင်စုံစက္ကူရွက်လေးကို ရပ်၍ မမကို အလေးအနက်ကြည့်လိုက်သည်။


"လက်စားချေစရာအကြောင်းမရှိပါဘူး၊ ဘာလို့ဆို ကိုကိုနဲ့သွင်ရိပ်ကြားမှာ ၅၂၈မေတ္တာပဲ ရှိတာမို့ပါ၊ တကယ်တော့ ကိုကိုလက်ထပ်ခဲ့ရတာက သွင်ရိပ်ကြောင့်ပါ၊ သွင်ရိပ်ရဲ့မိသားစုပြဿနာတွေကြောင့် သွင်ရိပ်ဒုက္ခရောက်နေလို့ အခက်အခဲကူညီပေးဖို့ ကိုကိုက လက်ထပ်ခဲ့တာပါ၊ ကိုကိုက မမကို အရမ်းချစ်တာပါ၊ ဒါကို သွင်ရိပ်ကောင်းကောင်းသိတယ်"


မမက ခပ်မဲ့မဲ့ပြုံးသည်။ မမမျက်နှာ၌ နာကြည်းမှုများ ထင်းနေ၏။


"သစ္စာဖောက်ခဲ့တာက ပြောင်းလဲမှာမဟုတ်ဘူး၊ သူကိုက တို့ကို အနိုင်နဲ့ပိုင်းချင်လို့ တို့မာနကို ထိပါးချင်လို့ လုပ်ခဲ့တာ၊ သူပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့မယ်ဆိုရင် တို့လက်မခံပေးဘဲနေမှာမို့လား၊ တို့အမုန်းဆုံးအလုပ်ကို သူလုပ်ခဲ့တာ၊ တို့ဒုက္ခိတဘဝရောက်ရတာလည်း သူ့ကြောင့်ပဲ၊ သူ့ကို မုန်းတယ်"


"မမုန်းပါနဲ့မမရယ်၊ ကိုကို့ကို ပြန်လက်ခံပေးပါလား၊ မမသာ လက်ခံမယ်ဆိုရင် ကိုကိုအရမ်းပျော်မှာ"


"နေ့သစ်နဲ့ အောင်သွယ်ပေးဖို့လာခဲ့တာလား၊ တို့ကလေ ပြတ်ပြီးသားဖိနပ်ကို ဘယ်တော့မှပြင်ပြီးပြန်မစီးဘူး၊ မရှိရင် ခြေဗလာနဲ့ သွားလိုက်မယ်၊ မင်းရှင်းလား"


မမက သွင်ရိပ်ကို ရန်လိုနေတော့ ငိုချင်သွားမိသည်။ မမက သိပ်သွေးအေးလွန်းသည်။ ကိုကို့ကို ချစ်နေသေးရင်တောင် မာနကြောင့် ဘယ်တော့မှပြန်လက်ခံမည်မဟုတ်သောလူစားမျိုး။ သွင်ရိပ်ကြောင့်မို့ ဤပြဿနာများ အစပြုခဲ့သဖြင့် အားလုံးပြန်ပျော်ရွှင်စေချင်ခဲ့သည်။


"မင်း နေ့သစ်ကို ချစ်နေတာမဟုတ်ရင် ဘာလို့ သူ့အတွက် ပြောပေးနေရတာလဲ''


မမက သွင်ရိပ်ကို မယုံသင်္ကာမေးလေတော့ သွင်ရိပ် သက်ပြင်းချလိုက်သည်။


"ကိုကိုနဲ့မမက တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ချစ်ကြတယ်လေ၊ နားလည်မှုလွဲပြီး နှစ်ယောက်လုံးဝမ်းနည်းနေတာမျိုးမဖြစ်စေချင်လို့ပါ''


သွင်ရိပ်စကားကြားတော့ မမက ခပ်မဲ့မဲ့ပြုံးလေသည်။


"တို့ နေ့သစ်အပေါ်မှာ ခံစားချက်မရှိတော့ဘူးဆိုရင်ရော မင်းဆက်လုပ်ဦးမှာလား"


သွင်ရိပ် နှုတ်ဆိတ်နေမိသည်။ ခေါင်းငုံ့ထားရာမှ မျက်ခွံပစ်ကြည့်တော့ မမက သွင်ရိပ်ကို ရှုတည်တည် စိုက်ကြည့်နေ၏။ သွင်ရိပ် ရောင်စုံစက္ကူထုပ်နှင့်ဖန်ပုလင်းဘူးကို မမဆီသို့ သွား၍ မဝံ့မရဲပေးလိုက်သည်။ မမက သွင်ရိပ်စိတ်ကို ဖတ်နေသလို မျက်လုံးကို စိုက်ကြည့်နေရင်းမှ ရောင်စုံစက္ကူရွက်ကို အကြည့်ပို့သွားသည်။ ပြီးတော့ လှမ်းမယူဘဲ အတန်ကြာစိုက်ကြည့်နေ၏။ ပြီးမှ စကားတစ်ခွန်းထုတ်ပြောလာသည်။


"မမ သွင်ရိပ်ကို ဌက်ရုပ်ပုံခေါက်ပြမယ်"


မမမှူးက ရောင်စုံစက္ကူနှင့်ဖန်ပုလင်းဘူးကို လှမ်းယူ၍ အမှတ်မထင် စကားအချို့ပြောလာသဖြင့် အံ့ဩမိသည်။ မမက ခပ်ပြုံးပြုံးဖြင့် ဌက်ပုံခေါက်ပြနေ၍ သွင်ရိပ် ဘေးမှ ရပ်ကြည့်နေမိသည်။ မမမျက်နှာကို လှမ်းကြည့်တော့ ဌက်ရုပ်လေး၌ စိတ်နှစ်ထားပုံမှာ အလွန်သဘောကျစရာကောင်းနေ၏။


"ရော့...သွင်ရိပ်အတွက် ဌက်ရုပ်လေး"


မမက ဖြန့်လိုက်သည့် သွင်ရိပ်လက်ဖဝါးထဲ ဌက်ရုပ်လေးထည့်ပေးလာသည်။ သွင်ရိပ် သဘောကျစွာ တစိမ့်စိမ်ကြည့်ရင်း ပြုံးမိသည်။ သွင်ရိပ်တို့ အကြည့်ချင်းဆုံ၍ အပြုံးချင်းဖလှယ်ချိန် တဒင်္ဂလေးသည် အလွန်တန်ဖိုးရှိလွန်း၍ အကြိမ်ကြိမ်မြတ်နိုးမိသည်။ အခါခါသဘောကျမိသည်။


မြင့်လွန်းတဲ့ပန်းမို့ မလှမ်းရဲခဲ့ပါဘူး။ တန်ဖိုးကြီးလွန်းတဲ့ပန်းမို့ ပန်ဆင်ဖို့မထိုက်တန်ပါဘူး။ မာနကြီးလွန်းတဲ့ပန်းမို့ သိက္ခာညှိုးနွမ်းအောင် မလုပ်ရဲပါဘူး။ ဒီတိုင်း ပင်မြင့်ထက်မှာ တစ်ပွင့်တည်းစံမြန်းနေတာလေးက ပိုလှပြီး ဂုဏ်ရှိပါတယ်။


~


ရောင်စုံစက္ကူရွက်လေးများကို ဌက်ရုပ်ခေါက်ရင်း ဖန်ပုလင်းထဲသို့ ထည့်လိုက်သည်။ မှူး ဌက်ကလေးတွေ ခေါက်ထားသည်မှာ ဖန်ပုလင်းအနည်းငယ်တော့ ပြည့်သွားပြီ။ အခုရေ ငါးရာကျော်သာ ရှိသေးသည်မို့ ဆက်ခေါက်နေမိသည်။ တစ်ထောင်ပြည့်ဖို့ တစ်သောင်းပြည့်ဖို့ အများကြီး ဆက်ခေါက်ရဦးမည်။


ဆေးရုံ၌ နေရသော ရက်တို့မှာလည်း တစ်လကျော်ကြာမြင့်လာပြီး ဒုက္ခိတဘဝကိုတောင် နေသားကျလာသလိုရှိလာသည်။ ဘာရယ်မဟုတ် လောကကြီးကို ခပ်ဟဟရယ်မောမိသည်။ ပါးပေါ်၌ မျက်ရည်တို့မှာ စီးကျနေ၏။ မှူး မျက်ရည်သုတ်ကာ ကြီးကြီးမြကို ကြည့်လိုက်တော့ ဆိုဖာရှည်ပေါ် မှီထိုင်ရင်း ငိုက်မျည်းနေလေသည်။


မှူး ဝှီးချဲဘီးကို ကိုယ်တိုင်လှည့်ရင်း ကုတင်ဘေး၌ စောင်ကို မမှီတမှီဆွဲယူလိုက်သည်။ ကြီးကြီးမြကို စောင်ခြုံပေးလိုက်သည်။ ပြီးနောက် ဝှီးချဲဘီးကို လက်ဖြင့် လှည့်ရင်း မှန်ပြတင်းပေါက်ဆီသို့ လာကာ လိုက်ကာစကို အနည်းငယ်ဖယ်လိုက်သည်။ ကောင်းကင်ထက်၌ လခြမ်းကွေးမှာ လှလွန်း၏။ ကြယ်ကလေးများမှာ လင်းလိုက်မှိန်လိုက်။ မှူး ငေးကြည့်ရင်း ပြုံးနေမိသည်။


~


ထမင်းဘူးကို စားချင်စဖွယ်ဖြစ်စေရန် လှပသေသပ်စွာ ပြင်ဆင်ပြီးတော့ စားပွဲပေါ်တင်ကာ ရေချိုးရန် သွင်ရိပ် ပြေးထွက်လာခဲ့သည်။ ရေအမြန်ချိုး၍ ပေါ့ပေါ့ပါးပါး ဒူးဖုံးဂါဝန်အဝါနုရောင်လေးဝတ်ပြီး ဧည့်ခန်း၌ မယမင်းကို ထိုင်စောင့်နေမိသည်။ လက်ပတ်နာရီကို တကြည့်ကြည့်ဖြင့် မမမှူးဆီသို့ သွားရန် သွင်ရိပ် နေ့စဥ် ဂဏှာမငြိမ်ဖြစ်နေကျဖြစ်၏။ ရေချိုးခန်း၌ ချော်လဲနေမလား တစ်ခုခုအခက်တွေ့နေမလား အမြဲစိတ်ပူနေမိသည်။


ထိုနေ့မှ မယမင်းသည် မနက်ကတည်းမှ သားနှစ်ယောက်လုံးခေါ်၍ ထွက်သွားသည်။ သွင်ရိပ် အိမ်ရှေ့သို့ ပြေးထွက်ရင်း လာမည့်လမ်း၌ ကြိုစောင့်နေမိသည်။ ခြံရှေ့မှ ကားဖြတ်သွားတိုင်း လိုက်ကြည့်ရသည်မှာအမော။ ထိုစဥ် ရင်းနှီးနေသော ကားဖြူလေးတစ်စီးမှာ သွင်ရိပ်ရှေ့ လာရပ်သည်။ သွင်ရိပ် အံအားသင့်စွာ ကြည့်နေမိ၏။


"ကိုကို''


ကိုကိုက ကားပေါ်မှ အလောတကြီးပြေးဆင်းလာပြီး သွင်ရိပ်ပခုံးကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လာသည်။


"မှူး ဘယ်မှာလဲ၊ မင်းသိတယ်မဟုတ်လား၊ မင်း မှူးကို ဘယ်မှာ ဝှက်ထားတာလဲသွင်ရိပ်''


သွင်ရိပ် ကိုကို့ကို အူကြောင်ကြောင် မော့ကြည့်မိသည်။


"မမမှူးက ဆေးရုံမှာလေကိုကိုရဲ့"


ကိုကိုက သွင်ရိပ်ပခုံးကို လွတ်ပေးပြီး ဆံပင်တိုကို စိတ်ရှုပ်စွာ ထိုးဖွနေလေသည်။


"မရှိဘူး၊ မှူး ဆေးရုံမှာ မရှိတော့ဘူး"


"ဆေးရုံမှာ မနေချင်လို့ အိမ်ဆင်းသွားတာဖြစ်နိုင်တာပဲကိုကို၊ သွင်ရိပ်တို့ အိမ်လိုက်သွားကြည့်ရင် ဘယ်လိုလဲဟင်"


ကိုကိုက ခေါင်းညိတ်စဥ်းစားရင်း ကားတံခါးကို အလောတကြီးဆွဲဖွင့်နေသည်။ သွင်ရိပ် ကိုကို့လက်ကို ဖမ်းဆွဲလိုက်မိသည်။


"ကိုကို သွင်ရိပ်လဲ လိုက်ခဲ့မယ်နော်၊ သွင်ရိပ် မမကို စိတ်ပူလို့ပါ''


ကိုကိုက ခေါင်းညိတ်ပြတော့ သွင်ရိပ် ကားပေါ်အမြန်တက်ကာ ထိုင်ခုံခါးပတ်ပတ်လိုက်သည်။ ကားမှာ အရှိန်ပြင်းစွာ မောင်းထွက်သွား၏။ ကားမှာ နန်းတော်သဖွယ် ကျယ်ဝန်းလှသည့် ခြံတစ်ခြံရှေ့၌ ထိုးရပ်သွားသည်။ ခြံရှေ့၌ သီရိမြုံစံအိမ်ဟု ခမ်းနားလှသည့် စာတန်းမှာ လက်ရာမြောက်စွာ ရေးထား၏။


ကိုကိုက ကားပေါ်မှ ပြေးဆင်းကာ လူခေါ်ဘဲလ်ကို အဆက်မပြတ်နှိပ်သည်။ သွင်ရိပ် ဘေးတွင် ရပ်၍ ခြံထဲ၌ လူတွေ့လိုတွေ့ငြား တံခါးကြားမှ လိုက်ကြည့်နေမိသည်။ အချိန်အတော်ကြာမှ သပ်ရပ်စွာ ဝတ်ထားသော ဦးလေးတစ်ဦးမှာ တံခါးလာဖွင့်သည်။ ဤဦးလေးကို သွပ်ရိပ်သိပါသည်။ ဆေးရုံသို့ မကြာမကြာလာတတ်သည့် ဦးလေးထွန်းဆိုသောလူကြီးဖြစ်သည်။


"ငါ့တူမတို့ ဘာကိစ္စများရှိလို့ပါလဲကွယ်''


"ဦးလေး ကျွန်တော်တို့ မှူးနဲ့တွေ့ချင်လို့ပါဗျာ၊ ကူညီပါဦး"


ဦးလေးထွန်းက သိသာစွာ မျက်နှာပျက်နေသည်။ ပြီးတော့ ပင့်သက်ရှိုက်၏။


"မှူး ဒီမှာ မရှိပါဘူးကွယ်''


"မမမှူးက ဆေးရုံမှာလဲ မရှိ ဒီမှာလဲ မရှိရင် ဘယ်မှာလဲဟင်၊ ဦးလေးထွန်းသိတယ်မလား၊ သွင်ရိပ်တို့ကို ပြောပြပါနော်၊ မမကို အရမ်းတွေ့ချင်လို့ပါ"


"မှူး နိုင်ငံခြားမှာ ဆေးသွားကုဖို့ ပြင်ဆင်နေတာ ကြာပါပြီကွယ်၊ မှူးကို မေ့ပစ်လိုက်ကြဖို့ ဦးလေးအကြံပေးပါရစေ၊ မှူးက ပြန်လာဖို့ သိပ်မသေချာတော့ပါဘူး၊ ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့ မှူးရဲ့စိတ်ရင်းကို တူမလေးတို့ နားလည်နိုင်မှာပါ"


"မှူး အခုထိ မသွားရသေးဘူးမလား၊ အခု ဘယ်မှာလဲဗျ"


''ဦးလေးထပ်မသိတော့ပါဘူး၊ မှူးက သိုသိုဝှက်ဝှက်နဲ့ သူ့စိတ်တိုင်းကျ ဆုံးဖြတ်ခဲ့တာမို့ပါ"


ဦးလေးထွန်းက လူဝင်ပေါက်တံခါးဆွဲပိတ်ကာ ထွက်သွားသည်။ မမျှော်လင့်ထားသည့်အရာများမို့ လက်ခံရန် ခက်ခဲပြီး အလွန်နာကျင်ရသည်။ မမမှူးကို ထပ်မတွေ့နိုင်တော့ဟူသောအကြောင်းအရာမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး ဘာမှ လုပ်ချင်စိတ်မရှိတော့ပေ။


"သွင်ရိပ်သိလား၊ မှူး ဒုက္ခိတဖြစ်ရတာ ကိုကို့ကြောင့်ပါ၊ ကိုကို စဉ်းစားဆင်ခြင်ဉာဏ်မဲ့လို့ ကိုကိုကြောင့်ပါကွာ၊ အားလုံးကိုကို့အမှားတွေပါ''


ကိုကိုက ယူကြုံးမရစွာပြောတော့ သွင်ရိပ် ဘာမှပြတ်မပြောနိုင်ဘဲ ငြိမ်သက်စွာ ငိုနေမိသည်။


===


ဆက်ရန်။
#ကြွေ

Super market၌ တကူးတက ရွာဝယ္ထားသည့္ ေရာင္စုံစကၠဴ႐ြက္မ်ား၊ ဖန္ဘူးႀကီးတစ္လုံးကို ပိုက္၍ သြင္ရိပ္ ကားေပၚမွ ဆင္းလာသည္။ သြင္ရိပ္၏ေျခလွမ္းတို႔မွာ တက္ႂကြေနေတာ့၏။ အစ္မယမင္းက ထမင္းဘူးျခင္းဆြဲကာ ေဆး႐ုံအဝ၌ သြင္ရိပ္ကို ရပ္ေစာင့္ေနသည္။ ထိုေၾကာင့္ သြင္ရိပ္ အျမန္ေျပးသြားလိုက္သည္။


"ျဖည္းျဖည္းလာလို႔ရပါတယ္သြင္ရိပ္ရဲ႕၊ ဒါေတြ ဘာလုပ္ဖို႔လဲ၊ သြင္ရိပ္ာကစားဖို႔လား''


အစ္မယမင္းက သြင္ရိပ္လက္ထဲမွ ပစၥည္းမ်ားကို ၾကည့္ၿပီး နားမလည္ျဖစ္ေနသည္။ သြင္ရိပ္ ေဆး႐ုံ၌ လူနာေစာင့္ရင္း ပ်င္းလာလွ်င္ ကစားရန္ ထင္ေန၏။


"သြင္ရိပ္ေဆာ့ဖို႔မဟုတ္ပါဘူး၊ မမမႉးအတြက္ပါ''


" မႉးက စကၠဴေခါက္တာ ဝါသနာပါတယ္လို႔ အစ္မလဲ မၾကားမိပါဘူး၊ မႉးအတြက္ စိတ္ရႈပ္စရာျဖစ္ေနမယ္"


"သြင္ရိပ္က မမမႉးပ်င္းေနမွာစိုးလို႔ေလ၊ ငုတ္တုတ္ထိုင္ၿပီး ဝမ္းနည္းေနမဲ့အစား လုပ္စရာတစ္ခုခုရေတာ့ အာ႐ုံစူးစိုက္မႈရတာေပါ့၊ မမမႉးလဲ စိတ္သက္သာရာရမလားလို႔ပါ"


မယမင္းက ေခါင္းညိတ္နားေထာင္ၿပီး သြင္ရိပ္ကို စူးစမ္းသလို ၾကည့္လာသည္။


"သြင္ရိပ္ၾကည့္ရတာမႉးကိုအရမ္းဂ႐ုစိုက္သလိုပဲ၊မေန႕ညကလဲေဆး႐ုံဘယ္ေတာ့သြားမွာလဲလို႔ပဲ ေမးေနတာ၊ ည အိပ္လို႔ေရာေပ်ာ္ရဲ႕လား"


မယမင္းစကားေၾကာင့္ သြင္ရိပ္ရွက္ကာ သြားၿဖီးျပမိသည္။ သြင္ရိပ္ကိုယ္တိုင္က ေဆး႐ုံလာခ်င္လြန္း၍ ခဏခဏေမးမိ၍ အကဲပိုသလိုျဖစ္သြားမိသည္။ မယမင္းပင္ ရိပ္မိကုန္ၿပီ။


"ဟို ဒီတိုင္း သြင္ရိပ္က''


အစ္မယမင္းက သြင္ရိပ္ကို ၾကည့္ကာ ခပ္ဟဟရယ္ေလသည္။ မယမင္းဖုန္းဝင္လာသျဖင့္ သြင္ရိပ္မွာ ေျဖရခက္ေနရာမွ လြတ္သြားသလို စိတ္ေအးသြားသည္။


"ခဏေနာ္ညီမေလး၊ အစ္မဖုန္းသြားေျပာလိုက္ဦးမယ္''


မယမင္းက ဖုန္းေျပာရန္ ခပ္လွမ္းလွမ္းသို႔ ထြက္သြားသည္။ မယမင္းမွာ တစ္ခုခုအျမန္လိုေနပုံရ၍ သြင္ရိပ္ရပ္ၾကည့္ရင္း စိတ္ပူေနမိသည္။ မယမင္းက လ်င္စလိုေနပုံျဖင့္ ျပန္ေရာက္လာ၏။


"သြင္ရိပ္ေရ အစ္မကိစၥရွိလို႔ အိမ္ျပန္မွျဖစ္မယ္၊ မႉးကို ဝင္မေတြ႕နိုင္ေတာ့ဘူး၊ သြင္ရိပ္ ထမင္းဘူးယူသြားလိုက္ေနာ္''


မယမင္းက ထမင္းဘူးျခင္းကို ထိုးေပးေနသျဖင့္ သြင္ရိပ္ အျမန္လွမ္းယူလိုက္သည္။


"ဘာျပႆနာျဖစ္လို႔လဲဟင္၊ သြင္ရိပ္ဘာကူညီေပးရမလဲ"


"ရတယ္ညီမေလး၊ အလုပ္ကိစၥပါ၊ အေမတို႔ပုံႏွိပ္တိုက္မွာ ျပႆနာေလးနည္းနည္းရွိလို႔ အစ္မသြားရွင္းဦးမယ္၊ သြင္ရိပ္က မႉးကိုသာ ကူညီေပးလိုက္ေနာ္၊ အစ္မသြားၿပီ''


မယမင္းက အလ်င္စလိုထြက္သြား၏။ သြင္ရိပ္ ခဏရပ္ၾကည့္၍ ဓာတ္ေလွကားဆီသို႔ ေလွ်ာက္လာခဲ့သည္။ ၿပီးေတာ့ ဓာတ္ေလွကားျဖင့္ မမမႉးရွိေသာ အလႊာသို႔ တက္လာခဲ့သည္။ မမအခန္းေရွ႕၌ ရပ္ေစာင့္ေနေသာလူႏွစ္ေယာက္က သြင္ရိပ္ကို ေပးမဝင္ဘဲ တားေနၾကေလသည္။


"သြင္ရိပ္က ဒီကို လာေနက်ေလဦးတို႔ရဲ႕၊ ထမင္းဘူးလာပို႔တာပ


ထိုလူႏွစ္ဦးက သြင္ရိပ္လက္ထဲမွ ပစၥည္းမ်ားကို ၾကည့္ကာ အခန္းတံခါးဖြင့္ေပးသည္။ သြင္ရိပ္လည္း မ်က္ႏွာငယ္ေလးျဖင့္ ေက်းဇူးတင္ေၾကာင္းေျပာၿပီး အခန္းထဲ ခပ္သြက္သြက္ဝင္လာခဲ့သည္။ အခန္းထဲရွိ ကုတင္ေပၚတြင္ မမမမႉးမရွိေနေပ။ ကုတင္ေဘးရွိ စားပြဲဝိုင္းေပၚ၌ စားစရာမ်ားအျပည့္ စုံလင္စြာ ခင္းက်င္းထားသည္။ နည္းနည္းေလးေတာင္မွ တို႔ထိထားပုံမရ။ သြင္ရိပ္ လက္ထဲမွ ပစၥည္းမ်ားကို စားပြဲေပၚ ေျပးထား၍ မမကို အေလာတႀကီးရွာေဖြမိသည္။ ဤအခန္းမွာ VVIPမို႔ ေရခ်ိဳးခန္း၊ အိမ္သာ တြဲလ်က္ ပါၿပီးသားျဖစ္သည္။ သြင္ရိပ္ အေလာႀကီးစြာ ေရခ်ိဳးခန္းတံခါးဆြဲဖြင့္လိုက္ေတာ့ ရင္ထဲ နစ္ခနဲ ျဖစ္သြားသည္။ မမမႉးက ေရပန္းေအာက္တြင္ ငုတ္တုတ္ထိုင္ေန၏။ မမက အလန့္တၾကား ေမာ့ၾကည့္လာၿပီး အၾကည့္တို႔မွာ ရန္လိုေနသည္။


"မင္း ဘာလုပ္တာလဲ၊ ျပန္ပိတ္စမ္း"


သြင္ရိပ္ ေရပန္းေျပးပိတ္၍ မမေရွ႕ ထိုင္ခ်လိဳက္သည္။


"မမေျခေထာက္ေရစိုရင္ ဒဏ္ရာက ပိုဆိုးလာမွာေပါ့၊ ဆရာဝန္ႀကီးက မမကို မွာထားတယ္ေလ၊ ေရခ်ိဳးခ်င္တယ္ဆိုရင္ သူနာျပဳျဖစ္ျဖစ္အကူအညီေတာင္းပါလားမမရဲ႕၊ မဟုတ္ရင္လဲ သြင္ရိပ္ကို ေစာင့္ပါလားမမရဲ႕၊ သြင္ရိပ္ မမကို ေရပတ္တိုက္မွေပါ့၊ ဘာလို႔ဒီလိုလုပ္ရတာလဲမမရယ္"


"ဘယ္သူ႕အကူအညီမွ မယူခ်င္လို႔ေလ၊ တို႔က ေရခ်ိဳးခ်င္တာ အိမ္သာတက္တာကအစ တျခားသူကို


အကူညီေတာင္းေနရမွာလား၊ ဘာလို႔လဲ၊ ကိုယ့္ဟာကိုယ္မလုပ္နိုင္ဘူးထင္လို႔လား၊ မလုပ္နိုင္ဘူးထင္ရင္ ျဖစ္ေအာင္ လုပ္ျပမယ္၊ တို႔ကို သနားသလို လာမၾကည့္နဲ႕"


မမက မ်က္ႏွာေရသပ္ခ်ရင္း နာက်င္စြာ ေျပာေန၏။ ေရစက္အခ်ိဳ႕ႏွင့္အတူ မမမ်က္ရည္တို႔ တြဲလဲခိုပါဝင္ေနမလား သံသယဝင္မိ၏။ မမလို သိပ္မာနႀကီးသည့္ မိန္းမမ်ိဳးမွာမွ ဤလိုအေျခအေနႀကဳံရသည္။ သူ လိုအပ္ေနသမွ်အား တျခားသူကို အကူအညီေတာင္းရန္ မမ၏မာနက လုံးဝခြင့္ျပဳမွာမဟုတ္ေပ။


သြင္ရိပ္ မမခံစားခ်က္ကို အျပည့္အဝနားလည္သည္။ တျခားသူေရွ႕၌ ေက်ာက္သားပမာ မာေက်ာခ်င္ေယာင္ေဆာင္ထားေသာ္လည္း မမမွာ အားငယ္စိတ္ဝင္ေနတတ္သည္။


"ေရစိုဝတ္ေတြနဲ႕ အၾကာႀကီးေနရင္ မမေနမေကာင္းျဖစ္လိမ့္မယ္၊ ထရေအာင္ေနာ္"


သြင္ရိပ္ အေပၚမွ လက္တန္းတြင္ တင္ထားေသာ bathrodeအျဖဴကို လွမ္းယူ၍ ပခုံးေပၚ တင္လိုက္သည္။ မမက နံရံကို လက္ေထာက္ရင္း ဘယ္ေျခေထာက္ကို အားျပဳကာ ထရပ္ရန္ ႀကိဳးစားေလသည္။ မမကို ကူေပးခ်င္ေသာ္လည္း သြင္ရိပ္လက္မလွမ္းခဲ့ပါ။ တျခားသူ အကူညီမယူခ်င္ဘူးဟု မမကိုယ္တိုင္ေျပာၿပီးၿပီမို႔ မမကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိေနတာပဲ ျမင္ခ်င္မိသည္။


"အ"


မမက ညာဘက္ေျခေထာက္ကို အားျပဳမိကာ နာက်င္သြား၏။ လဲက်မလိုျဖစ္သြားေတာ့ သြင္ရိပ္ စိုးရိမ္တႀကီး လွမ္းဖက္လိုက္သည္။ မမ၏ေရစိုေနေသာ ခႏၶာကိုယ္မွ ေအးစက္စက္အထိအေတြ႕သည္ သြင္ရိပ္အသားစိုင္ႏွင့္ ထိကာ ေအးခနဲျဖစ္သြားသည္။ သြင္ရိပ္၏ႏွာတံမွာ မမလည္တိုင္ကို တိုးေဝ့မိသြား၏။ ေဆး႐ုံ၌ ေနရေသာ္လည္း မမ၏ကိုယ္သင္းရနံ႕မွာ သင္းပ်ံ့ပ်ံ့ေလးမို႔ သြင္ရိပ္ၿပဳံးမိသြားသည္။ မမက သြင္ရိပ္ခါးကို ဖက္ထားရင္း လက္သည္းျဖင့္ ဆိတ္လိုက္သျဖင့္ သြင္ရိပ္ အားခနဲေအာ္လိုက္သည္။ မမကို အတင္းအၾကပ္ႀကီးဖက္ထားမိရာမွ ကိုယ္ကို အနည္းငယ္ခြာၿပီး မမမ်က္ႏွာကို ၾကည့္ေတာ့ မမမ်က္ႏွာက ပုံမွန္ထက္ပိုၿပီးခပ္ရဲရဲျဖစ္ေနကာ မ်က္ခုံးတို႔ တြန့္ခ်ိဳးထား၏။ မမက သြင္ရိပ္ပခုံးေပၚမွ bathrodeကို ဆြဲယူလိုက္သည္။


"အျပင္မွာေစာင့္ေန၊ အဝတ္လဲမလို႔''


"ျဖစ္ပါ့မလားမမရဲ႕၊ ခုနကလို လဲက်ရင္ ဘယ္လိုလုပ္မလဲ၊ သြင္ရိပ္ လဲေပးမယ္ေလ''


မမက မ်က္ေစာင္းလွမ္းထိုးေတာ့ သြင္ရိပ္ အထြန႔္မတက္ရဲေတာ့ဘဲ ေရခ်ိဳးခန္းျပင္သို႔ ထြက္ကာ တံခါးပိတ္ေပးလိုက္သည္။ အထဲမွ အသံကို စိုးရိမ္စြာ နားစြင့္ေနမိ၏။ ခဏၾကာေတာ့ အထဲမွ ထိခိုက္မိသံၾကားသျဖင့္ သြင္ရိပ္ တံခါးကို ဆြဲဖြင့္လိုက္မိသည္။ မမက bathrodeဝတ္ထားလ်က္ ေရခ်ိဳးခန္းၾကမ္းျပင္၌ လဲက်ေနေလသည္။ သြင္ရိပ္ မမကို မနိုင္တနိုင္ေျပးထူကာ ေရခ်ိဳးခန္းထဲမွ ကပ်ာကယာ တြဲလာေတာ့ မမက သြင္ရိပ္လက္ေမာင္းကို ထုေလသည္။


"အဟင္း...ေျခေထာက္နာတယ္၊ မင္း တို႔ကို ေသေအာင္ သတ္ေနတာလား၊ နာတယ္လို႔"


လမ္းတစ္ဝက္၌ ကို႔ရို႔ကားယားအေျခအေနမို႔ လြတ္ခ်လွ်င္ မမပိုနာနိုင္သည္။ ထိုေၾကာင့္ မမကို ေပြ႕ခ်ီမတတ္ တြဲေခၚလာရင္း ကုတင္ေပၚ၌ ထိုင္ေစလိုက္သည္။


မမက ညာဘက္ေျခေထာက္ကို အသာထိကိုင္၍ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ရင္း နာက်င္မႈကို ေအာင့္အီးသည္းခံေနေလသည္။ အသည္းခိုက္မတတ္နာက်င္ေနပုံရ၏။ မမအကၤ်ီ ႀကိဳးမခ်ည္ေသးေတာ့ သြင္ရိပ္ ငုံ႕ကာ လက္လွမ္းသည္။ မမက သြင္ရိပ္လက္ကို ဆတ္ခနဲရိုက္ခ်ကာ သူ႕ဟာသူခ်ည္ေနေလသည္။


နက္ေမွာင္ေတာက္ပၿပီး ရွည္လ်ားလွသည့္ဆံႏြယ္ရွည္မွာ ေရစိုကာ ၾကမ္းျပင္ေပၚသို႔ တစ္စက္စက္က်ေန၏။ သြင္ရိပ္ ပဝါေျပးယူကာ မမဆံပင္ကို ေရသုတ္ေပးလိုက္သည္။ မမက ေအာက္ႏႈတ္ခမ္းဖိကိုက္ကာ ခဏၿငိမ္ေန၏။ ၿပီးေတာ့ သြင္ရိပ္လက္ထဲမွ ပဝါဆြဲယူကာ မမဘာသာ ေရဆက္သုတ္ေနသျဖင့္ သက္ျပင္းႀကိတ္ခ်မိသည္။


"ပတ္တီးေရစိုသြားေတာ့ ေဆးထည့္ၿပီး အသစ္လဲရမယ္ထင္တယ္၊ သြင္ရိပ္ ဆရာဝန္ႀကီးကို သြားေခၚလိုက္ရမလားဟင္"


မမက သြင္ရိပ္ကို ဂ႐ုမစိုက္ဘဲ စူပုပ္ပုပ္ျဖင့္ ဆံပင္ေရသုတ္ေနသည္မို႔ ၿပဳံးမိသြားသည္။ စိတ္ေကာက္ေနသလို အျပဳအမူမ်ိဳးမို႔ မမက အေတာ္ခ်စ္ဖို႔ေကာင္းေန၏။ ခဏၾကာေတာ့ သူနာျပဳေရာက္လာကာ မမ၏ေျခေထာက္ဒဏ္ရာကို ေဆးထည့္ ပတ္တီးစည္းေပးသြားေလသည္။ သူနာျပဳက ေနာက္တစ္ႀကိမ္ ေရမစိုေစရန္ မွာသြားသည္။ သြင္ရိပ္စကားမွန္တယ္ဟူေသာအၾကည့္ျဖင့္ ၾကည့္မိေတာ့ မမက ေန႕လယ္စာစားရင္း မ်က္ေစာင္းထထိုးသည္။ ၿပီးေတာ့ ကုတင္ေပၚ၌ မ်က္လုံးမွိတ္ကာ အိပ္ေနသည္။


သြင္ရိပ္ ဆိုဖာရွည္၌ ထိုင္၍ ေရာင္စုံစကၠဴႏွင့္ဖန္ပုလင္းဖြင့္ကာ ၾကယ္ပုံေခါက္ေနမိသည္။ ၾကယ္ပုံေခါက္ရင္း ဘာမွမလိမ္းျခယ္ထားသည့္ မမ၏သဘာဝမ်က္ႏွာကို ခိုးၾကည့္မိသည္။ အစက္အေပ်ာက္အဖုအထစ္မရွိိ။ ေနမထိေလမထိထားသလို ႏုဖတ္ဝင္းမြတ္ေနသျဖင့္ အသားအေရမွာ သူေဌးသမီးမွန္း သိပ္သိသာ၏။ ေနပူထဲ ေျပးလႊားခဲ့ရသည့္ သြင္ရိပ္တို႔လိုလူတန္းစားႏွင့္ ယွဥ္စရာမရွိ။ မ်က္ႏွာမေျပာႏွင့္။ မမႉး၏လက္ေခ်ာင္းေလးေတြကအစ အလုပ္ၾကမ္းမလုပ္ဖူး၍ အိစက္သြယ္လ်ေနသည္။


"ဒီလိုမ်ိဳး လူကို မလြဲတမ္းစိုက္ၾကည့္ေနတာက အႏွောက္အယွက္ျဖစ္တယ္''


မမက ႐ုတ္တရက္ သြင္ရိပ္ဘက္ေခါင္းလွည့္လာေတာ့ လန့္ကာ စကၠဴ႐ြက္ေလး ၿပဲသြားသည္။ သူခိုးလူမိသြားေတာ့ မမကို သြားၿဖီးၿပီးရယ္ျပမိသည္။


"မင္းနဲ႕ေန႕သစ္ကို ကြဲေအာင္ လုပ္ခဲ့လို႔ တို႔ကိုျပန္ၿပီးလက္စားေခ်မလို႔ ဒီလိုဂ႐ုစိုက္ျပေနတာလား"


မမစကားေၾကာင့္ သြင္ရိပ္စိတ္မေကာင္းျဖစ္မိသြားသည္။ ေခါက္လက္စ ေရာင္စုံစကၠဴ႐ြက္ေလးကို ရပ္၍ မမကို အေလးအနက္ၾကည့္လိုက္သည္။


"လက္စားေခ်စရာအေၾကာင္းမရွိပါဘူး၊ ဘာလို႔ဆို ကိုကိုနဲ႕သြင္ရိပ္ၾကားမွာ ၅၂၈ေမတၱာပဲ ရွိတာမို႔ပါ၊ တကယ္ေတာ့ ကိုကိုလက္ထပ္ခဲ့ရတာက သြင္ရိပ္ေၾကာင့္ပါ၊ သြင္ရိပ္ရဲ႕မိသားစုျပႆနာေတြေၾကာင့္ သြင္ရိပ္ဒုကၡေရာက္ေနလို႔ အခက္အခဲကူညီေပးဖို႔ ကိုကိုက လက္ထပ္ခဲ့တာပါ၊ ကိုကိုက မမကို အရမ္းခ်စ္တာပါ၊ ဒါကို သြင္ရိပ္ေကာင္းေကာင္းသိတယ္"


မမက ခပ္မဲ့မဲ့ၿပဳံးသည္။ မမမ်က္ႏွာ၌ နာၾကည္းမႈမ်ား ထင္းေန၏။


"သစၥာေဖာက္ခဲ့တာက ေျပာင္းလဲမွာမဟုတ္ဘူး၊ သူကိုက တို႔ကို အနိုင္နဲ႕ပိုင္းခ်င္လို႔ တို႔မာနကို ထိပါးခ်င္လို႔ လုပ္ခဲ့တာ၊ သူပြင့္ပြင့္လင္းလင္းထုတ္ေျပာခဲ့မယ္ဆိုရင္ တို႔လက္မခံေပးဘဲေနမွာမို႔လား၊ တို႔အမုန္းဆုံးအလုပ္ကို သူလုပ္ခဲ့တာ၊ တို႔ဒုကၡိတဘဝေရာက္ရတာလည္း သူ႕ေၾကာင့္ပဲ၊ သူ႕ကို မုန္းတယ္"


"မမုန္းပါနဲ႕မမရယ္၊ ကိုကို႔ကို ျပန္လက္ခံေပးပါလား၊ မမသာ လက္ခံမယ္ဆိုရင္ ကိုကိုအရမ္းေပ်ာ္မွာ"


"ေန႕သစ္နဲ႕ ေအာင္သြယ္ေပးဖို႔လာခဲ့တာလား၊ တို႔ကေလ ျပတ္ၿပီးသားဖိနပ္ကို ဘယ္ေတာ့မွျပင္ၿပီးျပန္မစီးဘူး၊ မရွိရင္ ေျခဗလာနဲ႕ သြားလိုက္မယ္၊ မင္းရွင္းလား"


မမက သြင္ရိပ္ကို ရန္လိုေနေတာ့ ငိုခ်င္သြားမိသည္။ မမက သိပ္ေသြးေအးလြန္းသည္။ ကိုကို႔ကို ခ်စ္ေနေသးရင္ေတာင္ မာနေၾကာင့္ ဘယ္ေတာ့မွျပန္လက္ခံမည္မဟုတ္ေသာလူစားမ်ိဳး။ သြင္ရိပ္ေၾကာင့္မို႔ ဤျပႆနာမ်ား အစျပဳခဲ့သျဖင့္ အားလုံးျပန္ေပ်ာ္႐ႊင္ေစခ်င္ခဲ့သည္။


"မင္း ေန႕သစ္ကို ခ်စ္ေနတာမဟုတ္ရင္ ဘာလို႔ သူ႕အတြက္ ေျပာေပးေနရတာလဲ''


မမက သြင္ရိပ္ကို မယုံသကၤာေမးေလေတာ့ သြင္ရိပ္ သက္ျပင္းခ်လိဳက္သည္။


"ကိုကိုနဲ႕မမက တစ္ေယာက္ကိုတစ္ေယာက္အျပန္အလွန္ခ်စ္ၾကတယ္ေလ၊ နားလည္မႈလြဲၿပီး ႏွစ္ေယာက္လုံးဝမ္းနည္းေနတာမ်ိဳးမျဖစ္ေစခ်င္လို႔ပါ''


သြင္ရိပ္စကားၾကားေတာ့ မမက ခပ္မဲ့မဲ့ၿပဳံးေလသည္။


"တို႔ ေန႕သစ္အေပၚမွာ ခံစားခ်က္မရွိေတာ့ဘူးဆိုရင္ေရာ မင္းဆက္လုပ္ဦးမွာလား"


သြင္ရိပ္ ႏႈတ္ဆိတ္ေနမိသည္။ ေခါင္းငုံ႕ထားရာမွ မ်က္ခြံပစ္ၾကည့္ေတာ့ မမက သြင္ရိပ္ကို ရႈတည္တည္ စိုက္ၾကည့္ေန၏။ သြင္ရိပ္ ေရာင္စုံစကၠဴထုပ္ႏွင့္ဖန္ပုလင္းဘူးကို မမဆီသို႔ သြား၍ မဝံ့မရဲေပးလိုက္သည္။ မမက သြင္ရိပ္စိတ္ကို ဖတ္ေနသလို မ်က္လုံးကို စိုက္ၾကည့္ေနရင္းမွ ေရာင္စုံစကၠဴ႐ြက္ကို အၾကည့္ပို႔သြားသည္။ ၿပီးေတာ့ လွမ္းမယူဘဲ အတန္ၾကာစိုက္ၾကည့္ေန၏။ ၿပီးမွ စကားတစ္ခြန္းထုတ္ေျပာလာသည္။


"မမ သြင္ရိပ္ကို ဌက္႐ုပ္ပုံေခါက္ျပမယ္"


မမမႉးက ေရာင္စုံစကၠဴႏွင့္ဖန္ပုလင္းဘူးကို လွမ္းယူ၍ အမွတ္မထင္ စကားအခ်ိဳ႕ေျပာလာသျဖင့္ အံ့ဩမိသည္။ မမက ခပ္ၿပဳံးၿပဳံးျဖင့္ ဌက္ပုံေခါက္ျပေန၍ သြင္ရိပ္ ေဘးမွ ရပ္ၾကည့္ေနမိသည္။ မမမ်က္ႏွာကို လွမ္းၾကည့္ေတာ့ ဌက္႐ုပ္ေလး၌ စိတ္ႏွစ္ထားပုံမွာ အလြန္သေဘာက်စရာေကာင္းေန၏။


"ေရာ့...သြင္ရိပ္အတြက္ ဌက္႐ုပ္ေလး"


မမက ျဖန့္လိုက္သည့္ သြင္ရိပ္လက္ဖဝါးထဲ ဌက္႐ုပ္ေလးထည့္ေပးလာသည္။ သြင္ရိပ္ သေဘာက်စြာ တစိမ့္စိမ္ၾကည့္ရင္း ၿပဳံးမိသည္။ သြင္ရိပ္တို႔ အၾကည့္ခ်င္းဆုံ၍ အၿပဳံးခ်င္းဖလွယ္ခ်ိန္ တဒဂၤေလးသည္ အလြန္တန္ဖိုးရွိလြန္း၍ အႀကိမ္ႀကိမ္ျမတ္နိုးမိသည္။ အခါခါသေဘာက်မိသည္။


ျမင့္လြန္းတဲ့ပန္းမို႔ မလွမ္းရဲခဲ့ပါဘူး။ တန္ဖိုးႀကီးလြန္းတဲ့ပန္းမို႔ ပန္ဆင္ဖို႔မထိုက္တန္ပါဘူး။ မာနႀကီးလြန္းတဲ့ပန္းမို႔ သိကၡာညွိုးႏြမ္းေအာင္ မလုပ္ရဲပါဘူး။ ဒီတိုင္း ပင္ျမင့္ထက္မွာ တစ္ပြင့္တည္းစံျမန္းေနတာေလးက ပိုလွၿပီး ဂုဏ္ရွိပါတယ္။


~


ေရာင္စုံစကၠဴ႐ြက္ေလးမ်ားကို ဌက္႐ုပ္ေခါက္ရင္း ဖန္ပုလင္းထဲသို႔ ထည့္လိုက္သည္။ မႉး ဌက္ကေလးေတြ ေခါက္ထားသည္မွာ ဖန္ပုလင္းအနည္းငယ္ေတာ့ ျပည့္သြားၿပီ။ အခုေရ ငါးရာေက်ာ္သာ ရွိေသးသည္မို႔ ဆက္ေခါက္ေနမိသည္။ တစ္ေထာင္ျပည့္ဖို႔ တစ္ေသာင္းျပည့္ဖို႔ အမ်ားႀကီး ဆက္ေခါက္ရဦးမည္။


ေဆး႐ုံ၌ ေနရေသာ ရက္တို႔မွာလည္း တစ္လေက်ာ္ၾကာျမင့္လာၿပီး ဒုကၡိတဘဝကိုေတာင္ ေနသားက်လာသလိုရွိလာသည္။ ဘာရယ္မဟုတ္ ေလာကႀကီးကို ခပ္ဟဟရယ္ေမာမိသည္။ ပါးေပၚ၌ မ်က္ရည္တို႔မွာ စီးက်ေန၏။ မႉး မ်က္ရည္သုတ္ကာ ႀကီးႀကီးျမကို ၾကည့္လိုက္ေတာ့ ဆိုဖာရွည္ေပၚ မွီထိုင္ရင္း ငိုက္မ်ည္းေနေလသည္။


မႉး ဝွီးခ်ဲဘီးကို ကိုယ္တိုင္လွည့္ရင္း ကုတင္ေဘး၌ ေစာင္ကို မမွီတမွီဆြဲယူလိုက္သည္။ ႀကီးႀကီးျမကို ေစာင္ၿခဳံေပးလိုက္သည္။ ၿပီးေနာက္ ဝွီးခ်ဲဘီးကို လက္ျဖင့္ လွည့္ရင္း မွန္ျပတင္းေပါက္ဆီသို႔ လာကာ လိုက္ကာစကို အနည္းငယ္ဖယ္လိုက္သည္။ ေကာင္းကင္ထက္၌ လျခမ္းေကြးမွာ လွလြန္း၏။ ၾကယ္ကေလးမ်ားမွာ လင္းလိုက္မွိန္လိုက္။ မႉး ေငးၾကည့္ရင္း ၿပဳံးေနမိသည္။


~


ထမင္းဘူးကို စားခ်င္စဖြယ္ျဖစ္ေစရန္ လွပေသသပ္စြာ ျပင္ဆင္ၿပီးေတာ့ စားပြဲေပၚတင္ကာ ေရခ်ိဳးရန္ သြင္ရိပ္ ေျပးထြက္လာခဲ့သည္။ ေရအျမန္ခ်ိဳး၍ ေပါ့ေပါ့ပါးပါး ဒူးဖုံးဂါဝန္အဝါႏုေရာင္ေလးဝတ္ၿပီး ဧည့္ခန္း၌ မယမင္းကို ထိုင္ေစာင့္ေနမိသည္။ လက္ပတ္နာရီကို တၾကည့္ၾကည့္ျဖင့္ မမမႉးဆီသို႔ သြားရန္ သြင္ရိပ္ ေန႕စဥ္ ဂဏွာမၿငိမ္ျဖစ္ေနက်ျဖစ္၏။ ေရခ်ိဳးခန္း၌ ေခ်ာ္လဲေနမလား တစ္ခုခုအခက္ေတြ႕ေနမလား အၿမဲစိတ္ပူေနမိသည္။


ထိုေန႕မွ မယမင္းသည္ မနက္ကတည္းမွ သားႏွစ္ေယာက္လုံးေခၚ၍ ထြက္သြားသည္။ သြင္ရိပ္ အိမ္ေရွ႕သို႔ ေျပးထြက္ရင္း လာမည့္လမ္း၌ ႀကိဳေစာင့္ေနမိသည္။ ၿခံေရွ႕မွ ကားျဖတ္သြားတိုင္း လိုက္ၾကည့္ရသည္မွာအေမာ။ ထိုစဥ္ ရင္းႏွီးေနေသာ ကားျဖဴေလးတစ္စီးမွာ သြင္ရိပ္ေရွ႕ လာရပ္သည္။ သြင္ရိပ္ အံအားသင့္စြာ ၾကည့္ေနမိ၏။


"ကိုကို''


ကိုကိုက ကားေပၚမွ အေလာတႀကီးေျပးဆင္းလာၿပီး သြင္ရိပ္ပခုံးကို ၾကမ္းတမ္းစြာ ဆုပ္ကိုင္လာသည္။


"မႉး ဘယ္မွာလဲ၊ မင္းသိတယ္မဟုတ္လား၊ မင္း မႉးကို ဘယ္မွာ ဝွက္ထားတာလဲသြင္ရိပ္''


သြင္ရိပ္ ကိုကို႔ကို အူေၾကာင္ေၾကာင္ ေမာ့ၾကည့္မိသည္။


"မမမႉးက ေဆး႐ုံမွာေလကိုကိုရဲ႕"


ကိုကိုက သြင္ရိပ္ပခုံးကို လြတ္ေပးၿပီး ဆံပင္တိုကို စိတ္ရႈပ္စြာ ထိုးဖြေနေလသည္။


"မရွိဘူး၊ မႉး ေဆး႐ုံမွာ မရွိေတာ့ဘူး"


"ေဆး႐ုံမွာ မေနခ်င္လို႔ အိမ္ဆင္းသြားတာျဖစ္နိုင္တာပဲကိုကို၊ သြင္ရိပ္တို႔ အိမ္လိုက္သြားၾကည့္ရင္ ဘယ္လိုလဲဟင္"


ကိုကိုက ေခါင္းညိတ္စဥ္းစားရင္း ကားတံခါးကို အေလာတႀကီးဆြဲဖြင့္ေနသည္။ သြင္ရိပ္ ကိုကို႔လက္ကို ဖမ္းဆြဲလိုက္မိသည္။


"ကိုကို သြင္ရိပ္လဲ လိုက္ခဲ့မယ္ေနာ္၊ သြင္ရိပ္ မမကို စိတ္ပူလို႔ပါ''


ကိုကိုက ေခါင္းညိတ္ျပေတာ့ သြင္ရိပ္ ကားေပၚအျမန္တက္ကာ ထိုင္ခုံခါးပတ္ပတ္လိုက္သည္။ ကားမွာ အရွိန္ျပင္းစြာ ေမာင္းထြက္သြား၏။ ကားမွာ နန္းေတာ္သဖြယ္ က်ယ္ဝန္းလွသည့္ ၿခံတစ္ၿခံေရွ႕၌ ထိုးရပ္သြားသည္။ ၿခံေရွ႕၌ သီရိၿမဳံစံအိမ္ဟု ခမ္းနားလွသည့္ စာတန္းမွာ လက္ရာေျမာက္စြာ ေရးထား၏။


ကိုကိုက ကားေပၚမွ ေျပးဆင္းကာ လူေခၚဘဲလ္ကို အဆက္မျပတ္ႏွိပ္သည္။ သြင္ရိပ္ ေဘးတြင္ ရပ္၍ ၿခံထဲ၌ လူေတြ႕လိုေတြ႕ျငား တံခါးၾကားမွ လိုက္ၾကည့္ေနမိသည္။ အခ်ိန္အေတာ္ၾကာမွ သပ္ရပ္စြာ ဝတ္ထားေသာ ဦးေလးတစ္ဦးမွာ တံခါးလာဖြင့္သည္။ ဤဦးေလးကို သြပ္ရိပ္သိပါသည္။ ေဆး႐ုံသို႔ မၾကာမၾကာလာတတ္သည့္ ဦးေလးထြန္းဆိုေသာလူႀကီးျဖစ္သည္။


"ငါ့တူမတို႔ ဘာကိစၥမ်ားရွိလို႔ပါလဲကြယ္''


"ဦးေလး ကြၽန္ေတာ္တို႔ မႉးနဲ႕ေတြ႕ခ်င္လို႔ပါဗ်ာ၊ ကူညီပါဦး"


ဦးေလးထြန္းက သိသာစြာ မ်က္ႏွာပ်က္ေနသည္။ ၿပီးေတာ့ ပင့္သက္ရွိုက္၏။


"မႉး ဒီမွာ မရွိပါဘူးကြယ္''


"မမမႉးက ေဆး႐ုံမွာလဲ မရွိ ဒီမွာလဲ မရွိရင္ ဘယ္မွာလဲဟင္၊ ဦးေလးထြန္းသိတယ္မလား၊ သြင္ရိပ္တို႔ကို ေျပာျပပါေနာ္၊ မမကို အရမ္းေတြ႕ခ်င္လို႔ပါ"


"မႉး နိုင္ငံျခားမွာ ေဆးသြားကုဖို႔ ျပင္ဆင္ေနတာ ၾကာပါၿပီကြယ္၊ မႉးကို ေမ့ပစ္လိုက္ၾကဖို႔ ဦးေလးအႀကံေပးပါရေစ၊ မႉးက ျပန္လာဖို႔ သိပ္မေသခ်ာေတာ့ပါဘူး၊ ဘယ္သူ႕ကိုမွ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္တဲ့ မႉးရဲ႕စိတ္ရင္းကို တူမေလးတို႔ နားလည္နိုင္မွာပါ"


"မႉး အခုထိ မသြားရေသးဘူးမလား၊ အခု ဘယ္မွာလဲဗ်"


''ဦးေလးထပ္မသိေတာ့ပါဘူး၊ မႉးက သိုသိုဝွက္ဝွက္နဲ႕ သူ႕စိတ္တိုင္းက် ဆုံးျဖတ္ခဲ့တာမို႔ပါ"


ဦးေလးထြန္းက လူဝင္ေပါက္တံခါးဆြဲပိတ္ကာ ထြက္သြားသည္။ မေမွ်ာ္လင့္ထားသည့္အရာမ်ားမို႔ လက္ခံရန္ ခက္ခဲၿပီး အလြန္နာက်င္ရသည္။ မမမႉးကို ထပ္မေတြ႕နိုင္ေတာ့ဟူေသာအေၾကာင္းအရာမွာ အလြန္ဝမ္းနည္းဖြယ္ေကာင္းၿပီး ဘာမွ လုပ္ခ်င္စိတ္မရွိေတာ့ေပ။


"သြင္ရိပ္သိလား၊ မႉး ဒုကၡိတျဖစ္ရတာ ကိုကို႔ေၾကာင့္ပါ၊ ကိုကို စဥ္းစားဆင္ျခင္ဉာဏ္မဲ့လို႔ ကိုကိုေၾကာင့္ပါကြာ၊ အားလုံးကိုကို႔အမွားေတြပါ''


ကိုကိုက ယူႀကဳံးမရစြာေျပာေတာ့ သြင္ရိပ္ ဘာမွျပတ္မေျပာနိုင္ဘဲ ၿငိမ္သက္စြာ ငိုေနမိသည္။


===


ဆက္ရန္။
#ေႂကြ

Continue Reading

You'll Also Like

252K 14.9K 40
My priority /property/privacy
15.2K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
242K 31.7K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
104K 9.1K 25
ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ေကာ္ေတြပြင့္တာျမင္ေတာ့ ကံ့ေကာ္လွိုင္ဆိုတဲ့အမ်ိဳးသမီးတစ္ေယာက...