(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

710K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(248) - သေတာတောင်နောင်တမရဘူး

4.3K 941 51
By Xiao_Yiii

Unicode

အခန်း(၂၄၈) - သေတာတောင်နောင်တမရဘူး

ပိုင်သခင်မကမာနကြီးပြီးထောင်လွှားတတ်သောအမျိုးသမီးတစ်ယောက်ဖြစ်သည်။သူမနဲ့လင်ကျန်ကအမြဲတမ်းအငြင်းပွားမှုများရှိနေတာကြောင့်သူမနဲ့သူကသွေးကြွေးတွေရှိနေတာကကြိုးကြောင်းဆီလျော်တဲ့အပြင်လင်ရွှမ်းဇီကရောဘယ်လောက်များအပြစ်ကင်းစင်လို့လဲ?

သူကနည်းနည်းပိုသာတဲ့ပါရမီရှင်တစ်ယောက်ဖြစ်တာသက်သက်နဲ့မိသားစုဆီကကြွယ်ဝတဲ့အရင်းအမြစ်တွေအများကြီးရရှိတယ်။ဒါပေမဲ့ဒါဟာလင်မိသားစုရဲ့ခေါင်းဆောင်ပိုင်းကချမှတ်တဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့်အင်အားကြီးသူကသာအုပ်ချုပ်တဲ့ကမ္ဘာ့ဥပဒေဖြစ်နေတာ

ပိုင်သခင်မကအပြုံးတစ်ခုနှင့်ထိုင်ချလိုက်ပြီးအေးစက်နေတဲ့လက်ဖက်ရည်တစ်ငုံကိုသောက်လိုက်သည်။သူမရဲ့မျက်လုံးများကလျို့ဝှက်စွာတောက်ပနေရင်းဖြင့်ရယ်မောလိုက်၏။

"အဲ့ဒါအားလုံးလင်ရွှမ်းဇီဆိုတဲ့မကောင်းဆိုးဝါးကြောင့်စတင်ခဲ့တာ"

"မကောင်းဆိုးဝါး?"

"အဲ့ဒီလိုကိစ္စတွေကသားမသိတာပိုကောင်းတယ်" ပိုင်သခင်မကသူမရဲ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။

"သားသိဖို့လိုတာကလင်ရွှမ်းဇီဟာယောကျားတစ်ယောက်ရဲ့ဗိုက်ကိုလက်သည်းနဲ့ခွဲထုတ်ပြီးထွက်လာတဲ့မကောင်းဆိုးဝါးဆိုတာကိုပဲ...သူ့တည်ရှိမှုကိုကကောင်းကင်ဘုံရဲ့သဘာဝတရားကြီးကိုလွန်ဆန်နေတာ"

လင်ဇီဂျီရဲ့မျက်နှာကရုတ်တရက်ပြောင်းလဲသွားခဲ့ပြီးထိတ်လန့်သွားခဲ့သည်။

"သူ့အမေကယောကျာ်းလေးလား?ဒါက...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"

"သူကယောကျာ်းလေးတစ်ယောက်ဖြစ်ရုံတင်ဘယ်ကမလဲငါတို့နှစ်ယောက်လုံးသူ့ကိုသိတယ်" ပိုင်သခင်မကသူမရဲ့နှုတ်ခမ်းများကိုကွေးညွတ်လိုက်ပြီးသူမရဲ့မျက်လုံးများကတော့ရွံရှာမှုများဖြင့်ပြည့်နှက်နေသည်။

"အမျိုးသားတစ်ယောက်က,ကလေးမွေးတယ်ဆိုတာကောင်းကင်ဘုံကိုဆန့်ကျင်တာပဲ..ယင်နဲ့ယန်ကလည်းမညီမျှဘူးဖြစ်သွားရတော့ကောင်းကင်ဘုံကနေပြီးသတိပေးချက်အနေနဲ့ပေးခဲ့တာလင်ရွှမ်းဇီရဲ့မွှေးဖွားလာမှုကချင်မြို့တော်တစ်ခုလုံးတောင်ပရမ်းပတာဖြစ်သွားရတယ်အဲ့ဒီအချိန်တုန်းကသားကအရမ်းငယ်သေးတော့ကမ္ဘာကြီးအကြောင်းကိုဘာမှမသိခဲ့ရဘူး...ဒါပေမဲ့မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့အမေတို့ကတော့ဘယ်လောက်တောင်ကြောက်စရာကောင်းပြီးမနှစ်မြို့စရာကောင်းလဲဆိုတာသိခဲ့ရတယ်...လင်ရွှမ်းဇီကိုသတ်ပစ်လိုက်ရမှာ....ဒါပေမဲ့ဆုမိုဆိုတဲ့အဲ့ဒီအရူးကလင်ကျန်နဲ့လင်ရွှမ်းဇီဆီမှာသာမတော်တဆမှုတစ်ခုခုတွေ့ကြုံခဲ့ရင်လင်အိမ်တော်တစ်ခုလုံးကိုသူတို့နဲ့အတူမြေမြှုပ်ပစ်မယ်လို့ပြောလာတယ်လေ..မဟုတ်ရင်လင်ရွှမ်းဇီကဒီနေ့ထိရှင်သန်နိုင်မယ်လို့ထင်လို့လား?"

လင်ဇီဂျီမှာပိုပြီးနားထောင်မိလေလေပိုပြီးကြောက်ရွံ့မှုကိုခံစားရလေဖြစ်လာသည်။ထိုကဲ့သို့သောအရာမျိုးကိုသူဘယ်တုန်းကမှမကြားဘူးခဲ့ပေ။သူကလင်ရွှမ်းဇီထက်နှစ်အနည်းငယ်ပိုကြီးတာကြောင့်သူ့ဝမ်းကွဲမွေးဖွားလာတုန်းကပိုင်သခင်မပြောခဲ့တဲ့အခြေအနေများကိုမှတ်မိရမှာဖြစ်သော်လည်းသူ့မှာလုံးဝထင်မြင်ချက်ရှိမနေဘူးဖြစ်သည်။

လင်ဇီဂျီကဂရုတစိုက်မေးလိုက်သည်။

"ဘာလို့ကျွန်တော်အဲ့ဒီအကြောင်းတွေကိုတစ်ခါမှမကြားဘူးတာလဲ?"

ပိုင်သခင်မကသူ့ကိုတစ်ချက်ကြည့်လိုက်သည်။

"လင်ကျန်ကလင်ရွှမ်းဇီကိုမွေးခဲ့တာ..အဲ့ဒါကလင်မိသားစုရဲ့ရှက်ရွံ့ဖွယ်ရာပဲလေ..ထပ်ပေါင်းပြောရရင်လင်မိသားစုခေါင်းဆောင်ကလည်းအဲ့ဒီအကြောင်းသိတဲ့သူတိုင်းကိုမပြောဖို့တားမြစ်ထားတယ်...ဘာများပိုရှိဦးမှာလဲအကယ်၍ငါကတစ်ခုခုပြောခဲ့ရင်တောင်လူအနည်းငယ်ပဲယုံကြည်လိမ့်မယ်"

လိင်တူတာအိုအဖော်ကတံခါးပိတ်ထားတဲ့နောက်ကွယ်မှာမကြာခဏဖြစ်ပွားတတ်သော်လည်းထိုကဲ့သို့သောကလေးမျိုးရှိသည့်အိမ်တော်များကထိတ်လန့်မိဆဲဖြစ်ပြီးအဲ့ဒါကိုကောင်းကင်ဘုံအားဆန့်ကျင်သည်ဟုခေါ်ဆိုကြမြဲဖြစ်သည်။

လိင်တူစုံတွဲထဲတွင်အကျော်ကြားဆုံးဖြစ်သည့်ယွမ်ကျုံးနဲ့ဆုမိုတို့မှာလည်းတူညီစွာသားတစ်ယောက်ရှိသော်လည်းယွမ်ထျန်းဝမ်ကတကယ်တော့သူတို့နဲ့သွေးနှောခြင်းမရှိပေ။

ယွမ်ထျန်းဝမ်ကပြစ်မျိုးမှဲ့မထင်အလှတစ်ပါးဟုခေါ်တွင်သည့်ယွမ်ကျုံးရဲ့ပထမဇနီးသည်မှမွေးဖွားခဲ့ခြင်းဖြစ်သည်။သူမကတံခါးပိတ်တရားကျင့်နေခဲ့ပြီးတစ်ခြားသူများရှေ့သို့ထွက်လာခဲသည်။ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ယွမ်ကျုံးကကျော်ကြားတဲ့ပလေးဘွိုင်းတစ်ယောက်ဖြစ်သည်။သူ့ဆီမှာဘယ်လောက်တောင်နီးစပ်တဲ့အမျိုးသမီးမိတ်ဆွေများရှိခဲ့လဲမသိသော်လည်းသူ့ဇနီးကိုလက်ထပ်ယူပြီးနောက်မှာတော့သူ့ကိုကြည့်ရတာလုံးဝခြားနားတဲ့သူတစ်ယောက်ကဲ့သို့ဖြစ်သွားခဲ့၏။နေ့တိုင်းသူကသူ့ဇနီးသည်ကိုသာအဖော်ပြုပေးခဲ့သည်။သူ့မိတ်ဆွေများနဲ့ခရီးထွက်ရင်တောင်သူ့စကားများထဲမှာ'ငါ့မိန်းမ'ဆိုတဲ့စကားနှစ်လုံးကလွတ်တာကိုမရှိခဲ့ပေ။

တိုက်ကြီးငါးတိုက်လုံးတွင်ခင်ပွန်းဖြစ်သူထံမှစိတ်ရင်းမှန်ဖြင့်ဆက်ဆံခံခဲ့ရသောယွမ်ကျုံးရဲ့ဇနီးသည်အား,အားကျတဲ့သူပင်အများအပြားရှိ၏။

သို့သော်သူမကတော့ကံမကောင်းတဲ့အမျိုးသမီးတစ်ယောက်ပင်။ယွမ်ထျန်းဝမ်ကိုမွေးဖွားပြီးပြီးခြင်းမှာပဲသူမသည်ချီစွမ်းအင်၏အားကောင်းသောစုပ်ယူမှုကြောင့်ညှိုးနွမ်းပျက်စီးသောအရိုးစုဘဝသို့ရောက်ရှိပြီးသေဆုံးခဲ့ရသည်။

သိပ်မကြာခင်ယွမ်ကျုံးကသူ့အိမ်မှစိတ်သက်သာရာရရန်ထွက်ခွာခိုက်ပန်းပင်လယ်ထဲသို့မတော်တဆရောက်ခဲ့ပြီးလိပ်ပြာများဖြင့်ကခုန်နေသည့်ဆုမိုနှင့်တွေ့ဆုံခဲ့သည်။ထိုအချိန်မှစ၍ယွမ်ကျုံးသည်အချစ်မှာနောက်တစ်ဖန်ကျရှုံးခဲ့ပြန်၏။

ဆုမိုသည်လည်းထူးဆန်းသောသူတစ်ယောက်ဖြစ်သည်။ယွမ်မိသားစုနဲ့လက်ထပ်နိုင်ရန်အတွက်သူနဲ့ရှီချီဆုမိသားစုရဲ့ဆက်သွယ်မှုအားလုံးကိုဖြတ်တောက်ခဲ့ယုံသာမကယွမ်ထျန်းဝမ်အားလည်းသူ့ကိုယ်ပိုင်သားတစ်ယောက်ကဲ့သို့သတ်မှတ်ခဲ့သည်။သူသည်နေရာတိုင်းကလူများနဲ့အတူမျက်နှာသာရရန်ပြုလုပ်ခဲ့သည့်အပြင်သူ့ရဲ့ငယ်ရွယ်စဉ်အိမ်မက်တစ်ခုဖြစ်သည့်'တိုက်ကြီးငါးတိုက်လုံးသို့ခရီးသွားခြင်း'ဆိုသည့်အိမ်မက်ကိုပါဖျက်ဆီးခဲ့ကာချစ်ခြင်းများအဖြစ်ပြောင်းလဲခဲ့သည်။

တစ်ချို့ပြောကြသည်မှာတော့ယွမ်ကျုံရဲ့ချစ်ခင်နှစ်သက်ခြင်းကိုဆုမိုရရှိခဲ့ခြင်းသည်သူကယွမ်ကျုံရဲ့ပထမဇနီးနှင့်ဆင်တူနေသောကြောင့်ဟု.....ဆုမိုသည်ယွမ်ကျုံ၏နှလုံးသားထဲမှအစားထိုးတစ်ခုသက်သက်သာဟု...

တစ်ချို့ဆိုရင်ဆုမိုကယွမ်ကျုံကိုအစောကြီးတကည်းကချစ်ခင်နေခဲ့တာကြောင့်ယွမ်ကျုံရဲ့ပထမဇနီးအားမွေးဖွားရင်းသေဆုံးစေပြီးတိတ်တဆိတ်သတ်ခဲ့ကာသူနဲ့ယွမ်ကျုံနဲ့ထိုပန်းပင်လယ်ထဲမှာတွေ့ဆုံမိကြဖို့ကိုလည်းကြိုတင်စီစဉ်ထားခြင်းဖြစ်သည်ဟုပြောကြသေးသည်။

ထိုကောလဟာလတွေကြားတိုင်းလည်းဆုမိုကသူတို့ကိုရယ်မောခြင်းသာပြုလုပ်ခဲ့ပြီးသူတို့နဲ့မငြင်းဆိုခဲ့ချေ။

ယွမ်ထျန်းဝမ်သည်လည်းဆုမိုအပေါ်မှာရှေ့တင်ရောနောက်ကွယ်မှာပါလေးစားပြီးကြင်နာသည်။

သို့သော်ဘယ်လိုပဲဖြစ်နေပါစေသူကအမျိုးသားနှစ်ယောက်ကမွေးဖွားလာခြင်းတော့မဟုတ်ပေ။တိုက်ကြီးငါးတိုက်လုံးတွင်အမျိုးသားတစ်ယောက်က,ကလေးမွေးဖွားခြင်းသည်ရံဖန်ရံခါကြားဘူးပေမယ့်မင်းမျိုးမင်းနွယ်တော်ဝင်မိသားစုများကြားထဲမှာတော့တစ်ခါဘူးမှပင်မကြားဘူးကြဘူးဖြစ်သည်။အဲ့ဒါကမိသားစုအတွက်မပျော်ရွှင်မှုနှင့်ဘေးအန္တာရယ်ကိုဆောင်ကျဉ်းလာသည့်လက္ခဏာဟုသတ်မှတ်ကြသည်။

လင်ကျန်ကလင်ရွှမ်းဇီကိုမွေးခဲ့သည်။မိသားစုရဲ့မျက်နှာနဲ့သြဇာအာဏာကိုကာကွယ်နိုင်ရန်အတွက်အကြီးအကဲတွေကဘယ်လိုများဒီလိုစကားမျိုးအပြင်ထုတ်ပြောခွင့်ပြုခဲ့ပါ့မလဲ?

ပိုင်သခင်မကထိတ်လန့်နေဆဲဖြစ်သည့်လင်ဇီဂျီကိုနက်နက်ရှိုင်းရှိင်းစိုက်ကြည့်လိုက်သည်။

"ငါပထမတော့နင့်ကိုမပြောဘူးလို့ပဲဒါပေမဲ့နင်ကအခုလင်ရွှမ်းဇီကြောင့်စိတ်ရှုပ်ထွေးနေတော့ငါ့မှာရွေးချယ်စရာမရှိတော့ဘူး...လင်ရွှမ်းဇီရဲ့မွေးဖွားလာမှုကလင်မိသားစုအတွက်ရောဂါဆိုးတွေဆောင်ယူလာတာ..အကယ်၍သူသာလင်မိသားစုရဲ့နောက်တက်မယ့်ခေါင်းဆောင်ဖြစ်သွားရင်ကောင်းကင်ဘုံကသဘောမတူမှာကိုပဲငါစိုးရိမ်တာ"

လင်ဇီဂျီသည်ငေါင်တောင်တောင်ဖြစ်နေသည်။အချိန်တော်တော်လေးကြာမှသာသူကပြောလာ၏။

"ကျွန်တော်စဉ်းစားလိုက်ဦးမယ်...အမေကျွန်တော်အရင်သွားနှင့်မယ်နော်"

ပိုင်သခင်မကခေါင်းညိတ်ပြလိုက်ပြီးအနည်းငယ်စိတ်သက်သာရာရသွားသည် "သွားလေ"

လင်ဇီဂျီထွက်သွားပြီးနောက်တတိယအကြီးအကဲဝင်လာသည်။

ပိုင်သခင်မကထရပ်လိုက်ပြီးသူ့ကိုကြိုဆိုလိုက်ကာစိုးရိမ်ပူပန်စွာဖြင့်ပြောသည်။

"ဒီတစ်ခေါက်ဇီဂျီကလင်ရွှမ်းဇီဆီကဦးနှောက်ဆေးခံလိုက်ရပြီ...အဲ့ဒါကျွန်မရဲ့ထိန်းချုပ်မှုအောက်ကလွတ်သွားမှာစိုးတယ်"

တတိယအကြီးအကဲကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။

"လင်ရွှမ်းဇီကတကယ့်ကိုကံကောင်းလွန်းတယ်..မမျှော်လင့်ပဲသူကမိသားစုတစ်ရာစုဝေးပွဲကိုသွားလိုက်ရုံနဲ့အာကာသအဆင့်ဆေးလုံးကိုပါရယူနိုင်ခဲ့တယ်ဆိုတော့"

ပိုင်သခင်မကစိတ်ပူနေမိသည်။သူမကလင်ရွှမ်းဇီကိုမုန်းတီးသော်လည်းသူကကြောက်စရာကောင်းတယ်ဆိုတာကိုတော့သူမလက်ခံရပေမည်။

"လင်ရွှမ်းဇီကပါရမီကြီးတယ်ပြီးတော့ဓားကျင့်ကြံမှုမှာလည်းထူးချွန်တယ်"

ပိုင်သခင်မကစိတ်ပျက်လက်ပျက်ဖြင့်ဆက်ပြောသည်။ 

"အခုသူကအာဏာပါရလာပြီဆိုတော့ကျွန်မတို့သူ့ကိုအလွယ်တကူကျော်ဖြတ်နိုင်မှာမဟုတ်တော့ဘူး"

တတိယအကြီးအကဲကအေးစက်စွာပြန်ဖြေလေသည်။

"ဘာကိုကြောက်နေတာလဲ?သူကဒီအတိုင်းကောင်ငယ်လေးတစ်ယောက်သာသာပဲရှိတာ..သူ့ကျင့်ကြံမှုကလည်းအရင်လိုကောင်းတော့တာမဟုတ်ဘူးဘာမှကြောက်နေစရာကိုမရှိတာ"

ပိုင်သခင်မကအသက်ကိုပြင်းပြင်းရှုပြီးပြန်ပြောသည်။

"အဲ့ဒီကောင်လေးကပိုပိုပြီးနားမလည်နိုင်စရာကောင်းလာပြီ..အကယ်၍သူသာနက်ရှိုင်းကောင်းကင်ဂိုဏ်းကိုပြန်သွားမယ်ဆိုရင်သေချာပေါက်လူသိများထင်ပေါ်အောင်ပြန်လုပ်နိုင်လိမ့်မယ်...မိသားစုတစ်ရာစုဝေးပွဲမှာအောင်မြင်အောင်လုပ်နိုင်ခဲ့လို့သြဇာအာဏာရှိမိသားစုကလူတွေနဲ့မိတ်ဆွေဖွဲ့နိုင်ခဲ့တာကိုထည့်မပြောနဲ့ဦး...အထူးသဖြင့်ပိုင်—"

ပိုင်သခင်မကထိုအကြောင်းကိုရောက်သောအခါဘာမှမတတ်နိုင်ပဲမုန်းတီးမှုသာတိုးပွားလာရသည်။

"ပိုင်မိသားစုကတစ်စုံတစ်ယောက်ကိုပို့ပြီးကျွန်မကိုလင်ရွှမ်းဇီနဲ့မိတ်ဆွေဖွဲ့ထားဖို့သတိလှမ်းပေးလိုက်တယ်...ဒီလောက်နှစ်တွေအကြာကြီးပိုင်မိသားစုကကျွန်မကိုမျက်ကွယ်ပြုထားခဲ့တာကိုအခုတော့ကျွန်မကိုလာပြီးလင်ရွှမ်းဇီစိတ်ကျေနပ်အောင်လုပ်ခိုင်းဖို့မျက်နှာရှိသေးတယ်ပေါ့လေ?"

ပိုင်သခင်မရဲ့လက်ကဒေါသကြောင့်တုန်ယင်နေသည့်ကိုတတိယအကြီးအကဲမြင်သောအခါသူ့နှလုံးသားကနူးညံ့သွားရသည်။

"လင်ရွှမ်းဇီဆီမှာစုတ်တံနှစ်ခုရှိနေတာဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ငါတို့ကလည်းကိုယ်ပိုင်လျို့ဝှက်ချက်မရှိတာမှမဟုတ်တာ...ငါ့အလောင်းရုပ်သေးကပြီးခါနီးနေပြီ,မကြာခင်ချင်မြို့တစ်ခုလုံးငါတို့လက်ထဲရောက်တော့မှာပဲလေ...အဲ့ဒီအချိန်ရောက်ရင်လင်ရွှမ်းဇီလိုလူတစ်ယောက်လောက်ကဘာများလုပ်နိုင်မှာမို့လို့လဲ?"

ပိုင်သခင်မကထိုအကြောင်းကိုကြားသည့်အခါသူမရဲ့မျက်နှာကအနည်းငယ်စိတ်သက်သာရာရသွားသော်လည်းစိတ်တော့ပူနေမိသေးသည်။

"ဘယ်လိုပဲဖြစ်ဖြစ်...အလောင်းရုပ်သေးကတစ်ရုပ်ပဲရှိတာလေ...ပထမအကြီးအကဲကိုအနိုင်မယူနိုင်လောက်ဘူး"

တတိယအကြီးအကဲကအထင်အမြင်သေးဟန်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။

"ပထမအကြီးအကဲကအစောကြီးကတည်းကသေသွားပြီ!"

"ဘာ?" ပိုင်သခင်မရဲ့မျက်လုံးများပြူးကျယ်သွားရ၏။

*****

နက်ရှိုင်းကောင်းကင်ဂိုဏ်းသို့မဝင်ရောက်ခင်တစ်လကျော်ကြာလိုသေးသည်။ဒီလအတွင်းပဉ္စမအကြီးအကဲနဲ့အတူဧည့်သည်များလက်ခံပြီးဂုဏ်ပြုစကားဆိုခြင်းကလွဲရင်လင်ရွှမ်းဇီကသူ့ကိုယ်သူအခန်းထဲပိတ်ထား၍မှော်လက်နက်များထွင်းထုနိုင်ရန်တံခါးပိတ်တရားကျင့်ခြင်းကိုပြုလုပ်၍သူ့ရဲ့ဓားကိုလည်းလေ့ကျင့်နေသည်။သို့သော်သူကအရမ်းကြီးအလျင်မလိုဘူးဖြစ်သည်။

ဓားကျင့်ကြံခြင်းကဓားမရှိပဲမဖြစ်နိုင်ပေ။သူ့ဆီမှာကလေးဘဝကတည်းကဇီဂဲဓားရှိခဲ့တာကြောင့်အကယ်၍သူအဲ့ဒါကိုအသုံးမပြုနိုင်ဘူးဆိုရင်လင်ရွှမ်းဇီကတစ်ခြားဓားများနဲ့ကျင့်ကြံချင်စိတ်လည်းမရှိဘူးဖြစ်နေသည်။

သွမ့်ယွီယန်ကတော့ယန်ထျန်းဟန်အတွက်အဂ္ဂီရတ်မီးဖိုပို့ပေးပြီးကတည်းကသိပ်မပေါ်လာချေ။သို့သော်သွမ့်ယွီယန်ကအခုတလောကြက်တိုက်ပွဲတွေခွေးတိုက်ပွဲတွေကိုသွားနေပြီးအမျိုးသားများကိုလှည့်စားပြီးအမျိုးသမီးများကိုထိန်းချုပ်နေတာကြောင့်ချင်မြို့တော်ထဲကလက်မထပ်ရသေးသည့်ကောင်လေးများကောင်မလေးများအတွက်နောက်တစ်ဖန်ထပ်ပြီးအန္တာရယ်တွေ့ကြုံရသလိုခံစားနေကြရသည်ဟုတော့ကြားနေရသည်။သူတို့ကထိုအနိုင်ကျင့်တတ်သူရဲ့အာရုံကိုဆွဲဆောင်မိပြီးတန်ဖိုးမရှိဖြစ်သွားကြရမည်ကိုစိုးရွံ့နေကြ၏။

လင်ရွှမ်းဇီကမှော်ကိရိယာတော်တော်များများကိုထွင်းထုပြီးနောက်သူနဲ့ယန်ထျန်းဟန်တို့ကစာတိုက်သို့သွားပြီးသူတို့ဆီပို့ဆောင်ပေးလိုက်သည်။

သူထွင်းထုသည့်မှော်လက်နက်အများစုကအထက်တန်းအဆင့်များဖြစ်ကြပြီးသူတို့ထဲကအနည်းငယ်ကထိပ်တန်းအဆင့်များဖြစ်ကြသည်။အကြောင်းအရင်းကတော့သူ့ရဲ့တကယ့်အဆင့်အမှန်ကိုမထုတ်ဖော်ချင်ဘူးပြီးတော့ထိပ်တန်းအဆင့်ကိရိယာတွေအလွန်များနေခြင်းကသံသယများစွာဖြစ်စေနိုင်သည်။

အားပိုင်နဲ့ဟူပိုတို့ကိုလည်းလင်ရွှမ်းဇီကနတ်ဆိုးသားရဲထိန်းကျောင်းသို့နောက်တစ်ဖန်ပို့လိုက်သည်။သားပေါက်လေးများကပထမဆုံးအကြိမ်ကလိုရှက်တာတွေကူကယ်ရာမဲ့တာတွေမခံစားကြရတော့ပဲအကယ်ဒမီသို့ပြောင်းရွှေ့သွားကြသည်။သူတို့ဘယ်ပဲသွားပါစေနတ်ဆိုးသားရဲတွေကနောက်ဆုတ်ကြတယ်၊ကြက်တွေကထပျံကြပြီးခွေးများကထခုန်ကြလေတယ်...သားရဲထိန်းနှစ်ယောက်ဖြစ်တဲ့ချင်းယွဲ့ကောနဲ့ရွှေရောင်ကျားသစ်တို့သည်လည်းခါးသက်တဲ့အမူအယာများပြသကြသည်။

သို့သော်လင်ရွှမ်းဇီကသူတို့ကိုပိုက်ဆံလုံလုံလောက်လောက်ပေးလိုက်ပြီး'အတင်းအဓ္ဓမ,မလုပ်မီသံတမာန်ရေးရာကိုအရင်ကျင့်သုံးခြင်း'ဆိုသည့်အဓိပ္ပါယ်အားရှင်းရှင်းလင်းလင်းဖော်ပြခဲ့၏။သူတို့အနေနဲ့အခုချိန်မှာထိုပဒေသရာဇ်သေးသေးလေးနှစ်ကောင်ကိုလက်ခံယုံသာရှိတော့သည်။

ထိုအချိန်မှာယန်ထျန်းဟန်ကတော့အဂ္ဂီရတ်ပညာအားလေ့ကျင့်ဖို့မစဉ်းစားပေ။အဲ့ဒီအစားမိုင်ငါးဆယ်အကွာအဝေးက Mass Grave Ridgeသချိုၤင်းသို့သာညတိုင်းသွားပြီးလင်းချီဂုနဲ့အတူအင်ပါယာအလောင်းနည်းစနစ်နှင့်ယင်မီးလျှံလက်ဝါးကိုသာလေ့ကျင့်နေခဲ့သည်။ညလယ်လောက်မှာလကယင်စွမ်းအင်များနှင့်ပြည့်နှက်နေသည်။ထို့ကြောင့်တစ်နေကုန်ခြောက်သွေ့နေခဲ့သည့်ယန်ထျန်းဟန်ကိုယ်ထဲကယင်ချီစွမ်းအင်များကရေလိုစီးဆင်းနေသည်။

လပိုင်းအတွင်းယန်ထျန်းဟန်ရဲ့ကျင့်ကြံဆင့်ကခုန်ပေါက်တိုးတက်ခဲ့ပြီးအခုဆိုသူကအခြေတည်အဆင့်ဒုတိယအလွှာသို့ပင်ရောက်နေခဲ့ပြီ။

ထိုညမှာကောင်းကင်ယံကမှောင်နေပြီးလရောင်ကမှိုင်းနေသည်။ကောင်းကင်ပေါ်မှာကြယ်တစ်လုံးတစ်လေပင်ရှိမနေပဲမည်ဟီးနေသည့်လေပြင်းသာရှိနေသည်။လူသေကောင်များနဲ့အရိုးများသည်လည်းတောင်တစ်ပြင်လုံးမှာနှေးကွေးစွာရပ်နေကြ၏။အကယ်၍ဒီမြင်ကွင်းကိုတစ်စုံတစ်ယောက်ကသာမြင်သွားမယ်ဆိုရင်သူတို့သေချာပေါက်ကြောက်ရွံ့ပြီးချက်ချင်းမေ့လဲသွားလိမ့်မည်။

ဖုန်ကျင်းယွီကတော့သစ်ပင်တစ်ပင်ရဲ့အမြင့်ဆုံးအကိုင်းအခတ်တစ်ခုမှာနားနေရင်းထိုမြင်ကွင်းကိုကြည့်ရန်ဆုံးဖြတ်ထားသည်။သူ့မျက်လုံးများထဲမှာမုန်တိုင်းထန်သောပင်လယ်တစ်ခုကဲ့သို့အရိပ်အယောင်တစ်ချို့ဖြတ်ပြေးသွားခဲ့သော်လည်းအလျင်အမြန်ပင်ပျောက်ကွယ်သွားသည်။

ယင်မီးလျှံလက်ဝါးကတစ်ချက်ရိုက်လိုက်ပြီးအလောင်းကောင်တော်တော်များများပြာအဖြစ်လောင်ကျွမ်းသွားသည်။

လင်းချီဂုကယန်ထျန်းဟန်ရဲ့လှုပ်ရှားမှုများအတိုင်းလိုက်လုပ်ကာသူ့လက်များကိုအတူတကွခေါက်လိုက်ပြီးလျို့ဝှက်လက်စည်းတံဆိပ်တစ်ခုကိုပုံဖော်လိုက်သည်။သူ့ခန္တာကိုယ်ကလူသေကောင်များကြားထဲတွင်လျှပ်စီးကဲ့သို့လှုပ်ရှားနေသည်။ခဏအတွင်းပင်ခန္တာကိုယ်များအားလုံးကအလောင်းခြောက်များအသွင်စုပ်ယူခံလိုက်ရကာတစ်ယောက်ပြီးတစ်ယောက်အရိုးစုများအဖြစ်ပြောင်းလဲသွား၍ဖြောင့်တန်းစွာရပ်နေကြသည်မှာရုပ်သေးစစ်တပ်ကြီးတစ်ခုလိုပင်။

လင်းချီဂုကရှေ့ဆုံးမှာမတ်တပ်ရပ်နေပြီးသူ့ရဲ့နီရဲနေသောမျက်လုံးများကမသိနိုင်သည့်မိုးကုတ်စက်ဝိုင်းတစ်နေရာသို့ကြည့်နေသည်။သူကမမြင်ရသည့်တစ်စုံတစ်ခုအားကိုင်ဆောင်ထားသကဲ့သို့သူ့ညာဘက်လက်ကိုမြှောက်လိုက်သည်။အဆိုပါအမူအယာကထူးဆန်းပြီးအေးစက်သည့်ရုပ်ပုံကိုပေးစွမ်းနေ၏။

ယန်ထျန်းဟန်ကသူ့လက်ကိုကြည့်လိုက်ပြီးလင်းချီဂုကိုမျက်လုံးတောက်တောက်လေးများဖြင့်ပြန်ကြည့်လိုက်သည်။သူကကြည်ညိုလေးစားမှုပြည့်နှက်နေသည့်မျက်နှာဖြင့်သူ့ရင်ဘက်လေးအားဖိလိုက်လေသည်။

"ခန့်ညားလိုက်တာ!"

ဖုန်ကျင်းယွီကသစ်ကိုင်းထက်မှပျံဆင်းလာပြီးယန်ထျန်းဟန်ပုခုံးပေါ်နားကာသက်ပြင်းချသည်။

"လင်းချီဂုကအရင်တုန်းကဆိုရင်စစ်တပ်ကိုအုပ်ချုပ်တဲ့စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့တာလေ..အကယ်၍သူကအခုချိန်မှာအလောင်းရုပ်သေးတစ်ခုဖြစ်နေပြီဆိုရင်တောင်နောင်တမရပဲသေလိမ့်မယ်...ဟား,သူသစ္စာရှိခဲ့တဲ့မင်းသားကဘာများကောင်းလို့လဲ?ဘယ်အရာကသူ့ကိုဒီလောက်ထိချစ်ခင်တွယ်တာစေခဲ့တာလဲ?အကယ်၍အဲ့ဒါငါသာဆိုရင်အင်အားအကောင်းဆုံးလူကိုပဲလက်အောက်ခံမယ်"

ယန်ထျန်းဟန်ကသူ့လက်ကိုမြှောက်ပြီးငှက်ရဲ့အမွှေးလေးများကိုထိကာပြန်ပြောသည်။

"အားဂုကူညီချင်ခဲ့တဲ့မင်းသားကဘယ်သူလဲ?"

ဖုန်ကျင်းယွီကပြန်ဖြေသည်။

"နယ်မြေကြီးကိုးခုကချန်ယွမ်မင်းဆက်ရဲ့တတိယဆက်ခံသူ"

"သူ့ကိုနာကျင်စေခဲ့သူတွေကရော?"

"ချန်ယွမ်မင်းဆက်ရဲ့အရင်ကသတ္တမမြောက်ဆက်ခံသူ" ဖုန်ကျင်းယွီကရပ်လိုက်ပြီးမှဆက်ပြောသည်။

"ဒါမှမဟုတ်သူ့ကိုအခုဆိုအိမ်ရှေ့စံမင်းသားလို့ခေါ်ရမလား...တကယ်တော့သူကပထမဆက်ဆံသူအစောကြီးကတည်းကဖြစ်သွားပြီ"

........................................

Translator's Note

ရွှမ်းဇီရဲ့အဖေကသူ့ကိုမွေးခဲ့တဲ့အမေပါ။တကယ်တော့အရင်ကလည်းပြန်ဖြေပေးခဲ့ဘူးပါတယ်ဒီဝတ္တုက ယောကျာ်းလေးတွေပါကလေးမွေးနိုင်တဲ့ပုံစံမျိုးမဟုတ်ပါဘူးသူကသာမာန်အတိုင်းပဲမိန်းကလေးကပဲကိုယ်ဝန်ဆောင်ကလေးမွေးနိုင်တာပါ။ဒါပေမဲ့တစ်ချို့သောထူးခြားတဲ့အကြောင်းအရင်းတစ်ချို့ကြောင့်ယောကျာ်းလေးကိုယ်ဝန်ဆောင်နိုင်သွားတာပေါ့...နောက်ပိုင်းမှာဘာလို့လဲဆိုတဲ့အကြောင်းအရင်းလာပါလိမ့်မယ်နော်အခုတော့မပြောပြသေးဘူး။

ဆုမိုတို့အကြောင်းကလည်းမြှုပ်ကွက်လေးတွေရှိနေပါသေးတယ်...stay turn ပါ

........................................

Next Episode

အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း

........................................
Zawgyi

အခန္း(၂၄၈) - ေသတာေတာင္ေနာင္တမရဘူး

ပိုင္သခင္မကမာနႀကီးၿပီးေထာင္လႊားတတ္ေသာအမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။သူမနဲ႔လင္က်န္ကအၿမဲတမ္းအျငင္းပြားမႈမ်ားရွိေနတာေၾကာင့္သူမနဲ႔သူကေသြးေႂကြးေတြရွိေနတာကႀကိဳးေၾကာင္းဆီေလ်ာ္တဲ့အျပင္လင္ရႊမ္းဇီကေရာဘယ္ေလာက္မ်ားအျပစ္ကင္းစင္လို႔လဲ?

သူကနည္းနည္းပိုသာတဲ့ပါရမီရွင္တစ္ေယာက္ျဖစ္တာသက္သက္နဲ႔မိသားစုဆီကႂကြယ္ဝတဲ့အရင္းအျမစ္ေတြအမ်ားႀကီးရရွိတယ္။ဒါေပမဲ့ဒါဟာလင္မိသားစုရဲ႔ေခါင္းေဆာင္ပိုင္းကခ်မွတ္တဲ့ဆံုးျဖတ္ခ်က္ျဖစ္တာေၾကာင့္အင္အားႀကီးသူကသာအုပ္ခ်ဳပ္တဲ့ကမာၻ႔ဥပေဒျဖစ္ေနတာ

ပိုင္သခင္မကအျပံဳးတစ္ခုႏွင့္ထိုင္ခ်လိုက္ၿပီးေအးစက္ေနတဲ့လက္ဖက္ရည္တစ္ငံုကိုေသာက္လိုက္သည္။သူမရဲ႔မ်က္လံုးမ်ားကလ်ိဳ႔ဝွက္စြာေတာက္ပေနရင္းျဖင့္ရယ္ေမာလိုက္၏။

"အဲ့ဒါအားလံုးလင္ရႊမ္းဇီဆိုတဲ့မေကာင္းဆိုးဝါးေၾကာင့္စတင္ခဲ့တာ"

"မေကာင္းဆိုးဝါး?"

"အဲ့ဒီလိုကိစၥေတြကသားမသိတာပိုေကာင္းတယ္" ပိုင္သခင္မကသူမရဲ႔မ်က္လံုးမ်ားကိုက်ဥ္းေျမာင္းလိုက္သည္။

"သားသိဖို႔လိုတာကလင္ရႊမ္းဇီဟာေယာက်ားတစ္ေယာက္ရဲ႔ဗိုက္ကိုလက္သည္းနဲ႔ခြဲထုတ္ၿပီးထြက္လာတဲ့မေကာင္းဆိုးဝါးဆိုတာကိုပဲ...သူ႔တည္ရွိမႈကိုကေကာင္းကင္ဘံုရဲ႔သဘာဝတရားႀကီးကိုလြန္ဆန္ေနတာ"

လင္ဇီဂ်ီရဲ႔မ်က္ႏွာက႐ုတ္တရက္ေျပာင္းလဲသြားခဲ့ၿပီးထိတ္လန္႔သြားခဲ့သည္။

"သူ႔အေမကေယာက်ာ္းေလးလား?ဒါက...ဒါကဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?!"

"သူကေယာက်ာ္းေလးတစ္ေယာက္ျဖစ္ရံုတင္ဘယ္ကမလဲငါတို႔ႏွစ္ေယာက္လံုးသူ႔ကိုသိတယ္" ပိုင္သခင္မကသူမရဲ႔ႏႈတ္ခမ္းမ်ားကိုေကြးၫြတ္လိုက္ၿပီးသူမရဲ႔မ်က္လံုးမ်ားကေတာ့ရြံရွာမႈမ်ားျဖင့္ျပည့္ႏွက္ေနသည္။

"အမ်ိဳးသားတစ္ေယာက္က,ကေလးေမြးတယ္ဆိုတာေကာင္းကင္ဘံုကိုဆန္႔က်င္တာပဲ..ယင္နဲ႔ယန္ကလည္းမညီမွ်ဘူးျဖစ္သြားရေတာ့ေကာင္းကင္ဘံုကေနၿပီးသတိေပးခ်က္အေနနဲ႔ေပးခဲ့တာလင္ရႊမ္းဇီရဲ႔ေမႊးဖြားလာမႈကခ်င္ၿမိဳ႔ေတာ္တစ္ခုလံုးေတာင္ပရမ္းပတာျဖစ္သြားရတယ္အဲ့ဒီအခ်ိန္တုန္းကသားကအရမ္းငယ္ေသးေတာ့ကမာၻႀကီးအေၾကာင္းကိုဘာမွမသိခဲ့ရဘူး...ဒါေပမဲ့မ်က္ျမင္ကိုယ္ေတြ႕ေတြ႕ခဲ့ရတဲ့အေမတို႔ကေတာ့ဘယ္ေလာက္ေတာင္ေၾကာက္စရာေကာင္းၿပီးမႏွစ္ၿမိဳ႔စရာေကာင္းလဲဆိုတာသိခဲ့ရတယ္...လင္ရႊမ္းဇီကိုသတ္ပစ္လိုက္ရမွာ....ဒါေပမဲ့ဆုမိုဆိုတဲ့အဲ့ဒီအ႐ူးကလင္က်န္နဲ႔လင္ရႊမ္းဇီဆီမွာသာမေတာ္တဆမႈတစ္ခုခုေတြ႕ၾကံဳခဲ့ရင္လင္အိမ္ေတာ္တစ္ခုလံုးကိုသူတို႔နဲ႔အတူေျမႁမွဳပ္ပစ္မယ္လို႔ေျပာလာတယ္ေလ..မဟုတ္ရင္လင္ရႊမ္းဇီကဒီေန႔ထိရွင္သန္ႏိုင္မယ္လို႔ထင္လို႔လား?"

လင္ဇီဂ်ီမွာပိုၿပီးနားေထာင္မိေလေလပိုၿပီးေၾကာက္ရြံ႔မႈကိုခံစားရေလျဖစ္လာသည္။ထိုကဲ့သို႔ေသာအရာမ်ိဳးကိုသူဘယ္တုန္းကမွမၾကားဘူးခဲ့ေပ။သူကလင္ရႊမ္းဇီထက္ႏွစ္အနည္းငယ္ပိုႀကီးတာေၾကာင့္သူ႔ဝမ္းကြဲေမြးဖြားလာတုန္းကပိုင္သခင္မေျပာခဲ့တဲ့အေျခအေနမ်ားကိုမွတ္မိရမွာျဖစ္ေသာ္လည္းသူ႔မွာလံုးဝထင္ျမင္ခ်က္ရွိမေနဘူးျဖစ္သည္။

လင္ဇီဂ်ီကဂ႐ုတစိုက္ေမးလိုက္သည္။

"ဘာလို႔ကၽြန္ေတာ္အဲ့ဒီအေၾကာင္းေတြကိုတစ္ခါမွမၾကားဘူးတာလဲ?"

ပိုင္သခင္မကသူ႔ကိုတစ္ခ်က္ၾကည့္လိုက္သည္။

"လင္က်န္ကလင္ရႊမ္းဇီကိုေမြးခဲ့တာ..အဲ့ဒါကလင္မိသားစုရဲ႔ရွက္ရြံ႔ဖြယ္ရာပဲေလ..ထပ္ေပါင္းေျပာရရင္လင္မိသားစုေခါင္းေဆာင္ကလည္းအဲ့ဒီအေၾကာင္းသိတဲ့သူတိုင္းကိုမေျပာဖို႔တားျမစ္ထားတယ္...ဘာမ်ားပိုရွိဦးမွာလဲအကယ္၍ငါကတစ္ခုခုေျပာခဲ့ရင္ေတာင္လူအနည္းငယ္ပဲယံုၾကည္လိမ့္မယ္"

လိင္တူတာအိုအေဖာ္ကတံခါးပိတ္ထားတဲ့ေနာက္ကြယ္မွာမၾကာခဏျဖစ္ပြားတတ္ေသာ္လည္းထိုကဲ့သို႔ေသာကေလးမ်ိဳးရွိသည့္အိမ္ေတာ္မ်ားကထိတ္လန္႔မိဆဲျဖစ္ၿပီးအဲ့ဒါကိုေကာင္းကင္ဘံုအားဆန္႔က်င္သည္ဟုေခၚဆိုၾကၿမဲျဖစ္သည္။

လိင္တူစံုတြဲထဲတြင္အေက်ာ္ၾကားဆံုးျဖစ္သည့္ယြမ္က်ံဳးနဲ႔ဆုမိုတို႔မွာလည္းတူညီစြာသားတစ္ေယာက္ရွိေသာ္လည္းယြမ္ထ်န္းဝမ္ကတကယ္ေတာ့သူတို႔နဲ႔ေသြးေႏွာျခင္းမရွိေပ။

ယြမ္ထ်န္းဝမ္ကျပစ္မ်ိဳးမွဲ႔မထင္အလွတစ္ပါးဟုေခၚတြင္သည့္ယြမ္က်ံဳးရဲ႔ပထမဇနီးသည္မွေမြးဖြားခဲ့ျခင္းျဖစ္သည္။သူမကတံခါးပိတ္တရားက်င့္ေနခဲ့ၿပီးတစ္ျခားသူမ်ားေရွ႕သို႔ထြက္လာခဲသည္။ဆယ္ေက်ာ္သက္တစ္ေယာက္အေနနဲ႔ယြမ္က်ံဳးကေက်ာ္ၾကားတဲ့ပေလးဘြိဳင္းတစ္ေယာက္ျဖစ္သည္။သူ႔ဆီမွာဘယ္ေလာက္ေတာင္နီးစပ္တဲ့အမ်ိဳးသမီးမိတ္ေဆြမ်ားရွိခဲ့လဲမသိေသာ္လည္းသူ႔ဇနီးကိုလက္ထပ္ယူၿပီးေနာက္မွာေတာ့သူ႔ကိုၾကည့္ရတာလံုးဝျခားနားတဲ့သူတစ္ေယာက္ကဲ့သို႔ျဖစ္သြားခဲ့၏။ေန႔တိုင္းသူကသူ႔ဇနီးသည္ကိုသာအေဖာ္ျပဳေပးခဲ့သည္။သူ႔မိတ္ေဆြမ်ားနဲ႔ခရီးထြက္ရင္ေတာင္သူ႔စကားမ်ားထဲမွာ'ငါ့မိန္းမ'ဆိုတဲ့စကားႏွစ္လံုးကလြတ္တာကိုမရွိခဲ့ေပ။

တိုက္ႀကီးငါးတိုက္လံုးတြင္ခင္ပြန္းျဖစ္သူထံမွစိတ္ရင္းမွန္ျဖင့္ဆက္ဆံခံခဲ့ရေသာယြမ္က်ံဳးရဲ႔ဇနီးသည္အား,အားက်တဲ့သူပင္အမ်ားအျပားရွိ၏။

သို႔ေသာ္သူမကေတာ့ကံမေကာင္းတဲ့အမ်ိဳးသမီးတစ္ေယာက္ပင္။ယြမ္ထ်န္းဝမ္ကိုေမြးဖြားၿပီးၿပီးျခင္းမွာပဲသူမသည္ခ်ီစြမ္းအင္၏အားေကာင္းေသာစုပ္ယူမႈေၾကာင့္ၫွိဳးႏြမ္းပ်က္စီးေသာအ႐ိုးစုဘဝသို႔ေရာက္ရွိၿပီးေသဆံုးခဲ့ရသည္။

သိပ္မၾကာခင္ယြမ္က်ံဳးကသူ႔အိမ္မွစိတ္သက္သာရာရရန္ထြက္ခြာခိုက္ပန္းပင္လယ္ထဲသို႔မေတာ္တဆေရာက္ခဲ့ၿပီးလိပ္ျပာမ်ားျဖင့္ကခုန္ေနသည့္ဆုမိုႏွင့္ေတြ႕ဆံုခဲ့သည္။ထိုအခ်ိန္မွစ၍ယြမ္က်ံဳးသည္အခ်စ္မွာေနာက္တစ္ဖန္က်ရွံဳးခဲ့ျပန္၏။

ဆုမိုသည္လည္းထူးဆန္းေသာသူတစ္ေယာက္ျဖစ္သည္။ယြမ္မိသားစုနဲ႔လက္ထပ္ႏိုင္ရန္အတြက္သူနဲ႔ရွီခ်ီဆုမိသားစုရဲ႔ဆက္သြယ္မႈအားလံုးကိုျဖတ္ေတာက္ခဲ့ယံုသာမကယြမ္ထ်န္းဝမ္အားလည္းသူ႔ကိုယ္ပိုင္သားတစ္ေယာက္ကဲ့သို႔သတ္မွတ္ခဲ့သည္။သူသည္ေနရာတိုင္းကလူမ်ားနဲ႔အတူမ်က္ႏွာသာရရန္ျပဳလုပ္ခဲ့သည့္အျပင္သူ႔ရဲ႔ငယ္ရြယ္စဥ္အိမ္မက္တစ္ခုျဖစ္သည့္'တိုက္ႀကီးငါးတိုက္လံုးသို႔ခရီးသြားျခင္း'ဆိုသည့္အိမ္မက္ကိုပါဖ်က္ဆီးခဲ့ကာခ်စ္ျခင္းမ်ားအျဖစ္ေျပာင္းလဲခဲ့သည္။

တစ္ခ်ိဳ႔ေျပာၾကသည္မွာေတာ့ယြမ္က်ံဳရဲ႔ခ်စ္ခင္ႏွစ္သက္ျခင္းကိုဆုမိုရရွိခဲ့ျခင္းသည္သူကယြမ္က်ံဳရဲ႔ပထမဇနီးႏွင့္ဆင္တူေနေသာေၾကာင့္ဟု.....ဆုမိုသည္ယြမ္က်ံဳ၏ႏွလံုးသားထဲမွအစားထိုးတစ္ခုသက္သက္သာဟု...

တစ္ခ်ိဳ႔ဆိုရင္ဆုမိုကယြမ္က်ံဳကိုအေစာႀကီးတကည္းကခ်စ္ခင္ေနခဲ့တာေၾကာင့္ယြမ္က်ံဳရဲ႔ပထမဇနီးအားေမြးဖြားရင္းေသဆံုးေစၿပီးတိတ္တဆိတ္သတ္ခဲ့ကာသူနဲ႔ယြမ္က်ံဳနဲ႔ထိုပန္းပင္လယ္ထဲမွာေတြ႕ဆံုမိၾကဖို႔ကိုလည္းႀကိဳတင္စီစဥ္ထားျခင္းျဖစ္သည္ဟုေျပာၾကေသးသည္။

ထိုေကာလဟာလေတြၾကားတိုင္းလည္းဆုမိုကသူတို႔ကိုရယ္ေမာျခင္းသာျပဳလုပ္ခဲ့ၿပီးသူတို႔နဲ႔မျငင္းဆိုခဲ့ေခ်။

ယြမ္ထ်န္းဝမ္သည္လည္းဆုမိုအေပၚမွာေရွ႕တင္ေရာေနာက္ကြယ္မွာပါေလးစားၿပီးၾကင္နာသည္။

သို႔ေသာ္ဘယ္လိုပဲျဖစ္ေနပါေစသူကအမ်ိဳးသားႏွစ္ေယာက္ကေမြးဖြားလာျခင္းေတာ့မဟုတ္ေပ။တိုက္ႀကီးငါးတိုက္လံုးတြင္အမ်ိဳးသားတစ္ေယာက္က,ကေလးေမြးဖြားျခင္းသည္ရံဖန္ရံခါၾကားဘူးေပမယ့္မင္းမ်ိဳးမင္းႏြယ္ေတာ္ဝင္မိသားစုမ်ားၾကားထဲမွာေတာ့တစ္ခါဘူးမွပင္မၾကားဘူးၾကဘူးျဖစ္သည္။အဲ့ဒါကမိသားစုအတြက္မေပ်ာ္ရႊင္မႈႏွင့္ေဘးအႏာၱရယ္ကိုေဆာင္က်ဥ္းလာသည့္လကၡဏာဟုသတ္မွတ္ၾကသည္။

လင္က်န္ကလင္ရႊမ္းဇီကိုေမြးခဲ့သည္။မိသားစုရဲ႔မ်က္ႏွာနဲ႔ၾသဇာအာဏာကိုကာကြယ္ႏိုင္ရန္အတြက္အႀကီးအကဲေတြကဘယ္လိုမ်ားဒီလိုစကားမ်ိဳးအျပင္ထုတ္ေျပာခြင့္ျပဳခဲ့ပါ့မလဲ?

ပိုင္သခင္မကထိတ္လန္႔ေနဆဲျဖစ္သည့္လင္ဇီဂ်ီကိုနက္နက္႐ွိဳင္းရွိင္းစိုက္ၾကည့္လိုက္သည္။

"ငါပထမေတာ့နင့္ကိုမေျပာဘူးလို႔ပဲဒါေပမဲ့နင္ကအခုလင္ရႊမ္းဇီေၾကာင့္စိတ္ရႈပ္ေထြးေနေတာ့ငါ့မွာေရြးခ်ယ္စရာမရွိေတာ့ဘူး...လင္ရႊမ္းဇီရဲ႔ေမြးဖြားလာမႈကလင္မိသားစုအတြက္ေရာဂါဆိုးေတြေဆာင္ယူလာတာ..အကယ္၍သူသာလင္မိသားစုရဲ႔ေနာက္တက္မယ့္ေခါင္းေဆာင္ျဖစ္သြားရင္ေကာင္းကင္ဘံုကသေဘာမတူမွာကိုပဲငါစိုးရိမ္တာ"

လင္ဇီဂ်ီသည္ေငါင္ေတာင္ေတာင္ျဖစ္ေနသည္။အခ်ိန္ေတာ္ေတာ္ေလးၾကာမွသာသူကေျပာလာ၏။

"ကၽြန္ေတာ္စဥ္းစားလိုက္ဦးမယ္...အေမကၽြန္ေတာ္အရင္သြားႏွင့္မယ္ေနာ္"

ပိုင္သခင္မကေခါင္းညိတ္ျပလိုက္ၿပီးအနည္းငယ္စိတ္သက္သာရာရသြားသည္ "သြားေလ"

လင္ဇီဂ်ီထြက္သြားၿပီးေနာက္တတိယအႀကီးအကဲဝင္လာသည္။

ပိုင္သခင္မကထရပ္လိုက္ၿပီးသူ႔ကိုႀကိဳဆိုလိုက္ကာစိုးရိမ္ပူပန္စြာျဖင့္ေျပာသည္။

"ဒီတစ္ေခါက္ဇီဂ်ီကလင္ရႊမ္းဇီဆီကဦးေႏွာက္ေဆးခံလိုက္ရၿပီ...အဲ့ဒါကၽြန္မရဲ႔ထိန္းခ်ဳပ္မႈေအာက္ကလြတ္သြားမွာစိုးတယ္"

တတိယအႀကီးအကဲကသူ႔မ်က္လံုးမ်ားကိုက်ဥ္းေျမာင္းလိုက္သည္။

"လင္ရႊမ္းဇီကတကယ့္ကိုကံေကာင္းလြန္းတယ္..မေမွ်ာ္လင့္ပဲသူကမိသားစုတစ္ရာစုေဝးပြဲကိုသြားလိုက္ရံုနဲ႔အာကာသအဆင့္ေဆးလံုးကိုပါရယူႏိုင္ခ့ဲတယ္ဆိုေတာ့"

ပိုင္သခင္မကစိတ္ပူေနမိသည္။သူမကလင္ရႊမ္းဇီကိုမုန္းတီးေသာ္လည္းသူကေၾကာက္စရာေကာင္းတယ္ဆိုတာကိုေတာ့သူမလက္ခံရေပမည္။

"လင္ရႊမ္းဇီကပါရမီႀကီးတယ္ၿပီးေတာ့ဓားက်င့္ၾကံမႈမွာလည္းထူးခၽြန္တယ္"

ပိုင္သခင္မကစိတ္ပ်က္လက္ပ်က္ျဖင့္ဆက္ေျပာသည္။ 

"အခုသူကအာဏာပါရလာၿပီဆိုေတာ့ကၽြန္မတို႔သူ႔ကိုအလြယ္တကူေက်ာ္ျဖတ္ႏိုင္မွာမဟုတ္ေတာ့ဘူး"

တတိယအႀကီးအကဲကေအးစက္စြာျပန္ေျဖေလသည္။

"ဘာကိုေၾကာက္ေနတာလဲ?သူကဒီအတိုင္းေကာင္ငယ္ေလးတစ္ေယာက္သာသာပဲရွိတာ..သူ႔က်င့္ၾကံမႈကလည္းအရင္လိုေကာင္းေတာ့တာမဟုတ္ဘူးဘာမွေၾကာက္ေနစရာကိုမရွိတာ"

ပိုင္သခင္မကအသက္ကိုျပင္းျပင္းရွဳၿပီးျပန္ေျပာသည္။

"အဲ့ဒီေကာင္ေလးကပိုပိုၿပီးနားမလည္ႏိုင္စရာေကာင္းလာၿပီ..အကယ္၍သူသာနက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကိုျပန္သြားမယ္ဆိုရင္ေသခ်ာေပါက္လူသိမ်ားထင္ေပၚေအာင္ျပန္လုပ္ႏိုင္လိမ့္မယ္...မိသားစုတစ္ရာစုေဝးပြဲမွာေအာင္ျမင္ေအာင္လုပ္ႏိုင္ခဲ့လို႔ၾသဇာအာဏာရွိမိသားစုကလူေတြနဲ႔မိတ္ေဆြဖြဲ႔ႏိုင္ခဲ့တာကိုထည့္မေျပာနဲ႔ဦး...အထူးသျဖင့္ပိုင္—"

ပိုင္သခင္မကထိုအေၾကာင္းကိုေရာက္ေသာအခါဘာမွမတတ္ႏိုင္ပဲမုန္းတီးမႈသာတိုးပြားလာရသည္။

"ပိုင္မိသားစုကတစ္စံုတစ္ေယာက္ကိုပို႔ၿပီးကၽြန္မကိုလင္ရႊမ္းဇီနဲ႔မိတ္ေဆြဖြဲ႔ထားဖို႔သတိလွမ္းေပးလိုက္တယ္...ဒီေလာက္ႏွစ္ေတြအၾကာႀကီးပိုင္မိသားစုကကၽြန္မကိုမ်က္ကြယ္ျပဳထားခဲ့တာကိုအခုေတာ့ကၽြန္မကိုလာၿပီးလင္ရႊမ္းဇီစိတ္ေက်နပ္ေအာင္လုပ္ခိုင္းဖို႔မ်က္ႏွာရွိေသးတယ္ေပါ့ေလ?"

ပိုင္သခင္မရဲ႔လက္ကေဒါသေၾကာင့္တုန္ယင္ေနသည့္ကိုတတိယအႀကီးအကဲျမင္ေသာအခါသူ႔ႏွလံုးသားကႏူးညံ့သြားရသည္။

"လင္ရႊမ္းဇီဆီမွာစုတ္တံႏွစ္ခုရွိေနတာျဖစ္ရင္ျဖစ္မယ္ဒါေပမဲ့ငါတို႔ကလည္းကိုယ္ပိုင္လ်ိဳ႔ဝွက္ခ်က္မရွိတာမွမဟုတ္တာ...ငါ့အေလာင္း႐ုပ္ေသးကၿပီးခါနီးေနၿပီ,မၾကာခင္ခ်င္ၿမိဳ႔တစ္ခုလံုးငါတို႔လက္ထဲေရာက္ေတာ့မွာပဲေလ...အဲ့ဒီအခ်ိန္ေရာက္ရင္လင္ရႊမ္းဇီလိုလူတစ္ေယာက္ေလာက္ကဘာမ်ားလုပ္ႏိုင္မွာမို႔လို႔လဲ?"

ပိုင္သခင္မကထိုအေၾကာင္းကိုၾကားသည့္အခါသူမရဲ႔မ်က္ႏွာကအနည္းငယ္စိတ္သက္သာရာရသြားေသာ္လည္းစိတ္ေတာ့ပူေနမိေသးသည္။

"ဘယ္လိုပဲျဖစ္ျဖစ္...အေလာင္း႐ုပ္ေသးကတစ္႐ုပ္ပဲရွိတာေလ...ပထမအႀကီးအကဲကိုအႏိုင္မယူႏိုင္ေလာက္ဘူး"

တတိယအႀကီးအကဲကအထင္အျမင္ေသးဟန္ျဖင့္ႏွာေခါင္းရွံဳ႔လိုက္သည္။

"ပထမအႀကီးအကဲကအေစာႀကီးကတည္းကေသသြားၿပီ!"

"ဘာ?" ပိုင္သခင္မရဲ႔မ်က္လံုးမ်ားျပဴးက်ယ္သြားရ၏။

*****

နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းသို႔မဝင္ေရာက္ခင္တစ္လေက်ာ္ၾကာလိုေသးသည္။ဒီလအတြင္းပဥၥမအႀကီးအကဲနဲ႔အတူဧည့္သည္မ်ားလက္ခံၿပီးဂုဏ္ျပဳစကားဆိုျခင္းကလြဲရင္လင္ရႊမ္းဇီကသူ႔ကိုယ္သူအခန္းထဲပိတ္ထား၍ေမွာ္လက္နက္မ်ားထြင္းထုႏိုင္ရန္တံခါးပိတ္တရားက်င့္ျခင္းကိုျပဳလုပ္၍သူ႔ရဲ႔ဓားကိုလည္းေလ့က်င့္ေနသည္။သို႔ေသာ္သူကအရမ္းႀကီးအလ်င္မလိုဘူးျဖစ္သည္။

ဓားက်င့္ၾကံျခင္းကဓားမရွိပဲမျဖစ္ႏိုင္ေပ။သူ႔ဆီမွာကေလးဘဝကတည္းကဇီဂဲဓားရွိခဲ့တာေၾကာင့္အကယ္၍သူအဲ့ဒါကိုအသံုးမျပဳႏိုင္ဘူးဆိုရင္လင္ရႊမ္းဇီကတစ္ျခားဓားမ်ားနဲ႔က်င့္ၾကံခ်င္စိတ္လည္းမရွိဘူးျဖစ္ေနသည္။

သြမ့္ယြီယန္ကေတာ့ယန္ထ်န္းဟန္အတြက္အဂၢီရတ္မီးဖိုပို႔ေပးျပီးကတည္းကသိပ္မေပၚလာေခ်။သို႔ေသာ္သြမ့္ယြီယန္ကအခုတေလာၾကက္တိုက္ပြဲေတြေခြးတိုက္ပြဲေတြကိုသြားေနၿပီးအမ်ိဳးသားမ်ားကိုလွည့္စားၿပီးအမ်ိဳးသမီးမ်ားကိုထိန္းခ်ဳပ္ေနတာေၾကာင့္ခ်င္ၿမိဳ႔ေတာ္ထဲကလက္မထပ္ရေသးသည့္ေကာင္ေလးမ်ားေကာင္မေလးမ်ားအတြက္ေနာက္တစ္ဖန္ထပ္ၿပီးအႏာၱရယ္ေတြ႕ၾကံဳရသလိုခံစားေနၾကရသည္ဟုေတာ့ၾကားေနရသည္။သူတို႔ကထိုအႏိုင္က်င့္တတ္သူရဲ႔အာရံုကိုဆြဲေဆာင္မိၿပီးတန္ဖိုးမရွိျဖစ္သြားၾကရမည္ကိုစိုးရြံ႔ေနၾက၏။

လင္ရႊမ္းဇီကေမွာ္ကိရိယာေတာ္ေတာ္မ်ားမ်ားကိုထြင္းထုၿပီးေနာက္သူနဲ႔ယန္ထ်န္းဟန္တို႔ကစာတိုက္သို႔သြားၿပီးသူတို႔ဆီပို႔ေဆာင္ေပးလိုက္သည္။

သူထြင္းထုသည့္ေမွာ္လက္နက္အမ်ားစုကအထက္တန္းအဆင့္မ်ားျဖစ္ၾကၿပီးသူတို႔ထဲကအနည္းငယ္ကထိပ္တန္းအဆင့္မ်ားျဖစ္ၾကသည္။အေၾကာင္းအရင္းကေတာ့သူ႔ရဲ႔တကယ့္အဆင့္အမွန္ကိုမထုတ္ေဖာ္ခ်င္ဘူးၿပီးေတာ့ထိပ္တန္းအဆင့္ကိရိယာေတြအလြန္မ်ားေနျခင္းကသံသယမ်ားစြာျဖစ္ေစႏိုင္သည္။

အားပိုင္နဲ႔ဟူပိုတို႔ကိုလည္းလင္ရႊမ္းဇီကနတ္ဆိုးသားရဲထိန္းေက်ာင္းသို႔ေနာက္တစ္ဖန္ပို႔လိုက္သည္။သားေပါက္ေလးမ်ားကပထမဆံုးအႀကိမ္ကလိုရွက္တာေတြကူကယ္ရာမဲ့တာေတြမခံစားၾကရေတာ့ပဲအကယ္ဒမီသို႔ေျပာင္းေရႊ႕သြားၾကသည္။သူတို႔ဘယ္ပဲသြားပါေစနတ္ဆိုးသားရဲေတြကေနာက္ဆုတ္ၾကတယ္၊ၾကက္ေတြကထပ်ံၾကၿပီးေခြးမ်ားကထခုန္ၾကေလတယ္...သားရဲထိန္းႏွစ္ေယာက္ျဖစ္တဲ့ခ်င္းယြဲ႔ေကာနဲ႔ေရႊေရာင္က်ားသစ္တို႔သည္လည္းခါးသက္တဲ့အမူအယာမ်ားျပသၾကသည္။

သို႔ေသာ္လင္ရႊမ္းဇီကသူတို႔ကိုပိုက္ဆံလံုလံုေလာက္ေလာက္ေပးလိုက္ၿပီး'အတင္းအဓၶမ,မလုပ္မီသံတမာန္ေရးရာကိုအရင္က်င့္သံုးျခင္း'ဆိုသည့္အဓိပၸါယ္အားရွင္းရွင္းလင္းလင္းေဖာ္ျပခဲ့၏။သူတို႔အေနနဲ႔အခုခ်ိန္မွာထိုပေဒသရာဇ္ေသးေသးေလးႏွစ္ေကာင္ကိုလက္ခံယံုသာရွိေတာ့သည္။

ထိုအခ်ိန္မွာယန္ထ်န္းဟန္ကေတာ့အဂၢီရတ္ပညာအားေလ့က်င့္ဖို႔မစဥ္းစားေပ။အဲ့ဒီအစားမိုင္ငါးဆယ္အကြာအေဝးက Mass Grave Ridgeသခ်ိဳၤင္းသို႔သာညတိုင္းသြားၿပီးလင္းခ်ီဂုနဲ႔အတူအင္ပါယာအေလာင္းနည္းစနစ္ႏွင့္ယင္မီးလွ်ံလက္ဝါးကိုသာေလ့က်င့္ေနခဲ့သည္။ညလယ္ေလာက္မွာလကယင္စြမ္းအင္မ်ားႏွင့္ျပည့္ႏွက္ေနသည္။ထို႔ေၾကာင့္တစ္ေနကုန္ေျခာက္ေသြ႕ေနခဲ့သည့္ယန္ထ်န္းဟန္ကိုယ္ထဲကယင္ခ်ီစြမ္းအင္မ်ားကေရလိုစီးဆင္းေနသည္။

လပိုင္းအတြင္းယန္ထ်န္းဟန္ရဲ႔က်င့္ၾကံဆင့္ကခုန္ေပါက္တိုးတက္ခဲ့ၿပီးအခုဆိုသူကအေျခတည္အဆင့္ဒုတိယအလႊာသို႔ပင္ေရာက္ေနခဲ့ၿပီ။

ထိုညမွာေကာင္းကင္ယံကေမွာင္ေနၿပီးလေရာင္ကမွိုင္းေနသည္။ေကာင္းကင္ေပၚမွာၾကယ္တစ္လံုးတစ္ေလပင္ရွိမေနပဲမည္ဟီးေနသည့္ေလျပင္းသာရွိေနသည္။လူေသေကာင္မ်ားနဲ႔အ႐ိုးမ်ားသည္လည္းေတာင္တစ္ျပင္လံုးမွာေႏွးေကြးစြာရပ္ေနၾက၏။အကယ္၍ဒီျမင္ကြင္းကိုတစ္စံုတစ္ေယာက္ကသာျမင္သြားမယ္ဆိုရင္သူတို႔ေသခ်ာေပါက္ေၾကာက္ရြံ႔ၿပီးခ်က္ခ်င္းေမ့လဲသြားလိမ့္မည္။

ဖုန္က်င္းယြီကေတာ့သစ္ပင္တစ္ပင္ရဲ႔အျမင့္ဆံုးအကိုင္းအခတ္တစ္ခုမွာနားေနရင္းထိုျမင္ကြင္းကိုၾကည့္ရန္ဆံုးျဖတ္ထားသည္။သူ႔မ်က္လံုးမ်ားထဲမွာမုန္တိုင္းထန္ေသာပင္လယ္တစ္ခုကဲ့သို႔အရိပ္အေယာင္တစ္ခ်ိဳ႔ျဖတ္ေျပးသြားခဲ့ေသာ္လည္းအလ်င္အျမန္ပင္ေပ်ာက္ကြယ္သြားသည္။

ယင္မီးလွ်ံလက္ဝါးကတစ္ခ်က္႐ိုက္လိုက္ၿပီးအေလာင္းေကာင္ေတာ္ေတာ္မ်ားမ်ားျပာအျဖစ္ေလာင္ကၽြမ္းသြားသည္။

လင္းခ်ီဂုကယန္ထ်န္းဟန္ရဲ႔လွဳပ္ရွားမႈမ်ားအတိုင္းလိုက္လုပ္ကာသူ႔လက္မ်ားကိုအတူတကြေခါက္လိုက္ၿပီးလ်ိဳ႔ဝွက္လက္စည္းတံဆိပ္တစ္ခုကိုပံုေဖာ္လိုက္သည္။သူ႔ခႏာၱကိုယ္ကလူေသေကာင္မ်ားၾကားထဲတြင္လွ်ပ္စီးကဲ့သို႔လွဳပ္ရွားေနသည္။ခဏအတြင္းပင္ခႏာၱကိုယ္မ်ားအားလံုးကအေလာင္းေျခာက္မ်ားအသြင္စုပ္ယူခံလိုက္ရကာတစ္ေယာက္ၿပီးတစ္ေယာက္အ႐ိုးစုမ်ားအျဖစ္ေျပာင္းလဲသြား၍ေျဖာင့္တန္းစြာရပ္ေနၾကသည္မွာ႐ုပ္ေသးစစ္တပ္ႀကီးတစ္ခုလိုပင္။

လင္းခ်ီဂုကေရွ႕ဆံုးမွာမတ္တပ္ရပ္ေနၿပီးသူ႔ရဲ႔နီရဲေနေသာမ်က္လံုးမ်ားကမသိႏိုင္သည့္မိုးကုတ္စက္ဝိုင္းတစ္ေနရာသို႔ၾကည့္ေနသည္။သူကမျမင္ရသည့္တစ္စံုတစ္ခုအားကိုင္ေဆာင္ထားသကဲ့သို႔သူ႔ညာဘက္လက္ကိုေႁမွာက္လိုက္သည္။အဆိုပါအမူအယာကထူးဆန္းၿပီးေအးစက္သည့္႐ုပ္ပံုကိုေပးစြမ္းေန၏။

ယန္ထ်န္းဟန္ကသူ႔လက္ကိုၾကည့္လိုက္ၿပီးလင္းခ်ီဂုကိုမ်က္လံုးေတာက္ေတာက္ေလးမ်ားျဖင့္ျပန္ၾကည့္လိုက္သည္။သူကၾကည္ညိဳေလးစားမႈျပည့္ႏွက္ေနသည့္မ်က္ႏွာျဖင့္သူ႔ရင္ဘက္ေလးအားဖိလိုက္ေလသည္။

"ခန္႔ညားလိုက္တာ!"

ဖုန္က်င္းယြီကသစ္ကိုင္းထက္မွပ်ံဆင္းလာၿပီးယန္ထ်န္းဟန္ပုခံုးေပၚနားကာသက္ျပင္းခ်သည္။

"လင္းခ်ီဂုကအရင္တုန္းကဆိုရင္စစ္တပ္ကိုအုပ္ခ်ဳပ္တဲ့စစ္သူႀကီးတစ္ေယာက္ျဖစ္ခဲ့တာေလ..အကယ္၍သူကအခုခ်ိန္မွာအေလာင္း႐ုပ္ေသးတစ္ခုျဖစ္ေနၿပီဆိုရင္ေတာင္ေနာင္တမရပဲေသလိမ့္မယ္...ဟား,သူသစၥာရွိခဲ့တဲ့မင္းသားကဘာမ်ားေကာင္းလို႔လဲ?ဘယ္အရာကသူ႔ကိုဒီေလာက္ထိခ်စ္ခင္တြယ္တာေစခဲ့တာလဲ?အကယ္၍အဲ့ဒါငါသာဆိုရင္အင္အားအေကာင္းဆံုးလူကိုပဲလက္ေအာက္ခံမယ္"

ယန္ထ်န္းဟန္ကသူ႔လက္ကိုေႁမွာက္ၿပီးငွက္ရဲ႔အေမႊးေလးမ်ားကိုထိကာျပန္ေျပာသည္။

"အားဂုကူညီခ်င္ခဲ့တဲ့မင္းသားကဘယ္သူလဲ?"

ဖုန္က်င္းယြီကျပန္ေျဖသည္။

"နယ္ေျမႀကီးကိုးခုကခ်န္ယြမ္မင္းဆက္ရဲ႔တတိယဆက္ခံသူ"

"သူ႔ကိုနာက်င္ေစခဲ့သူေတြကေရာ?"

"ခ်န္ယြမ္မင္းဆက္ရဲ႔အရင္ကသတၱမေျမာက္ဆက္ခံသူ" ဖုန္က်င္းယြီကရပ္လိုက္ၿပီးမွဆက္ေျပာသည္။

"ဒါမွမဟုတ္သူ႔ကိုအခုဆိုအိမ္ေရွ႕စံမင္းသားလို႔ေခၚရမလား...တကယ္ေတာ့သူကပထမဆက္ဆံသူအေစာႀကီးကတည္းကျဖစ္သြားၿပီ"

........................................

Translator's Note

ရႊမ္းဇီရဲ႔အေဖကသူ႔ကိုေမြးခဲ့တဲ့အေမပါ။တကယ္ေတာ့အရင္ကလည္းျပန္ေျဖေပးခဲ့ဘူးပါတယ္ဒီဝတၱဳက ေယာက်ာ္းေလးေတြပါကေလးေမြးႏိုင္တဲ့ပံုစံမ်ိဳးမဟုတ္ပါဘူးသူကသာမာန္အတိုင္းပဲမိန္းကေလးကပဲကိုယ္ဝန္ေဆာင္ကေလးေမြးႏိုင္တာပါ။ဒါေပမဲ့တစ္ခ်ိဳ႔ေသာထူးျခားတဲ့အေၾကာင္းအရင္းတစ္ခ်ိဳ႔ေၾကာင့္ေယာက်ာ္းေလးကိုယ္ဝန္ေဆာင္ႏိုင္သြားတာေပါ့...ေနာက္ပိုင္းမွာဘာလို႔လဲဆိုတဲ့အေၾကာင္းအရင္းလာပါလိမ့္မယ္ေနာ္အခုေတာ့မေျပာျပေသးဘူး။

ဆုမိုတို႔အေၾကာင္းကလည္းႁမွဳပ္ကြက္ေလးေတြရွိေနပါေသးတယ္...stay turn ပါ

........................................

Next Episode

အိမ္ေရွ႕စံရာထူးအတြက္႐ုန္းကန္ျခင္း

........................................

Continue Reading

You'll Also Like

327K 53.8K 139
Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from...
365K 53.9K 75
Title - The Film Emperor Asks For Divorce Every Day 『影帝每天都想离婚[穿书] 』 Author - Lin Ang Si『林盎司』 Status in COO - 116 Chapters + 8 Extras Handsome and He...
1.4M 188K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
479K 72.2K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...