ဆန်းဆန်းကြီး system

By thethmue1005

1M 122K 6.7K

ကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့ More

ဆန်းဆန်းကြီး system
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.18
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
New Fic
One shot
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Arc 5.19
Arc 5.20
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.12
Arc 6.13

Arc 4.17

9K 1.1K 50
By thethmue1005

"မလိမ်နဲ့ မင်းးးက ငါရဲ့ယွန်းဆန်းမဟုတ်ဘူး "

အသံမာမာနဲ့ ထပ်မေးလာတဲ့ ချာဆူမင်
သူတို့ဘက်က အစစအရာရာ သံသယမဖြစ်အောင် အချိန်ယူပြီး စီစဥ်ခဲ့ရတာတောင် တစ်ချက်လေးလွဲမှားမှုမှာ အကုန်ပျက်စီးကုန်တယ်
သခင်သာသိရင်တော့ စိတ်ဆိုးနေတော့မှာပဲ
နေ့ညမပျက် ချွဲယွန်းဆန်းရဲ့ အမူအရာတွေ ကို သခင်ကိုယ်တိုင် ခိုးရိုက်ထားတဲ့
နှစ်နှစ်စာ vd လေးတွေ ထဲကနေ တစ်လလုံး
လေ့လာခိုင်းထားတာတွေ အလကားဖြစ်ကုန်ပြီလားဆိုပြီးတော့ပေါ့

ပြီးတော့ ကျနော်ကိုယ်တိုင်ကလည်း ချာဆူမင်ကို လွယ်လွယ်နဲ့ အလျှော့ပေးလိုက်ချင်နေပြီ ချာဆူမင်နားမှာနေရတာ မ​ပျော်ဘူးသခင်
ဒီရက်ပိုင်းတွေမှာ သခင့်ကိုပဲ သေမလောက်သတိရနေတယ်
ကျနော့အတွက်မဟုတ်မှန်းသိတဲ့ အစားထိုးခံရတဲ့ အနမ်းတွေကိုလည်း လွမ်းနေတယ် သခင်
ယွန်းဆန်းဆိုတဲ့ ကောင်လေးကတော့ကံကောင်းပါတယ် သခင့်ရဲ့ သည်းသည်းလှုပ်ချစ်ခြင်းခံရတယ် ကျနော်လည်း သူ့လို
ရုပမျိုးရနေပြီလေ
သခင်အစားထိုးချစ်ပေးလိုက်ပါလားလို့
​တောင်းဆိုရင် လောဘများကြီးသွားမလား

သခင့်ကို သစ္စာမဖောက်ချင်ပေမယ့်
သခင့်အနားမှာ အရင်တိုင်း အစားထိုးခံလေးအဖြစ်ပြန်နေချင်​တယ်
ချာဆူမင်ကို အသုံးချပြီး လက်ရှိ သခင့်ဘေး
က ကံကောင်းတဲ့လူသားကို ဖယ်ထုတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး
ဒါကြောင့် အမှန်တိုင်းပဲ ထုတ်ပြောဖို့ ဆုံးဖြတ်ခဲ့တယ်

"ကျနော်က ဆောင်းဟို ပါ ချာဆူမင်ထင်သလို ချွဲယွန်းဆန်းမဟုတ်ပါဘူး "

ထင်တဲ့အတိုင်း ဝန်ခံလာပေမယ့်
အံ့သြ​နေရဆဲ ဒါဆို သူ့ရဲ့ ကလေးပိစိက ဘယ်ရောက်သွားတာလည်း
အန္တရာယ်များဖြစ်နေမလား

"ယွန်းဆန်း ဘယ်မှာလဲ
မင်းကရော ဘာရည်ရွယ်ချက်နဲ့ ဟန်ဆောင်ရတာလဲ မင်းတို့ ငါ့ကလေးကို ဘာလုပ်ထားလဲ အခုပြော!!"

အမှန်းတိုင်းဖြေခါမှ အော်ဟစ်သောင်းကျန်းနေတဲ့ ချာဆူမင်ကို နည်းနည်းတော့သနားမိသား သူလည်း သူချစ်တဲ့သူကို စိတ်ပူရှာမှာပဲလေ

"မစိုးရိမ်ပါနဲ့ ချာဆူမင် ခများကောင်လေး အန္တရာယ်ကင်းပါတယ်
သခင်က သူ့ကိုသိပ်ချစ်တာလေ
ထိခိုက်အောင်​လုပ်မှာမဟုတ်ပါဘူး "

အသက်မပါတဲ့ အပြုံးတွေနဲ့ ခနှဲ့နေတဲ့ကောင်လေးက သူကိုယ်တိုင်လည်း အလိုကျတဲ့ပုံမပေါ်ဘူး
နောက်ပီး ကလေးပိစိအန္တရာယ်ကင်းတာသေချာရင်တောင် ကိုယ့်ရင်ခွင်မှာမဟုတ်ရင် စိတ်မချနိုင်ဘူး

"ဘယ်သူလဲ မင်းရဲ့သခင်က "

"ခများသိပါတယ် ယူဂျယ်အင်လေ
ခင်များကောင်လေးနားပဲ တစ်ချိန်လုံးကပ်နေတဲ့သူလေ မရိပ်မိဘူးလား
ဒီရက်ပိုင်း ပျောက်နေတယ်ဆို​တာ
အင်းပေါ့လေ ကျနော်က ချွဲယွန်းဆန်းအစစ်မှမဟုတ်တာ ကျနော့နားဘယ်ကပ်ပါ့မလဲ "

ဟုတ်တယ် ဆူမင်သတိထားမိတာပေါ့
ဒီရက်တွေမှာအဲ့တယောက်ကို မတွေ့မိဘူး
အထူးတလည်ထည့်မစဥ်းစားမိတာ ဆူမင်ရဲ့အမှား အန္တရာယ်များ​တဲ့ကောင်လေးမှန်းသိထားရဲ့နဲ့
အခုတော့ ကလေးပိစိကို သူ့​ဆီက သေချာစီစဥ်ပြီး ခိုးယူသွားခဲ့တာပဲ
ယူအိမ်တော်ကလူတွေကောင်းကျိုးမပေးဘူး
ခနလေး မျက်ကွယ်ပြုမိတာနဲ့
သူ့အသည်းအသက်ကို လာထိတော့​တာပဲ
လွန်ခဲ့တဲ့ နှစ်နှစ်က ယူဂျယ်မင်း
အခုယူဂျယ်အင်
တကယ်လျှော့ပေါ့ပေးလို့မရတဲ့ လူတွေပဲ

"သူရှိတဲ့ နေရာမင်းသိတယ်မလား "

.......

ရှောင်းကျန့် ဂျယ်အင်နဲ့အတူ
ကွန်ဒိုကိုပြန်လာတော့ ရောက်နေနှင့် လူနှစ်ယောက်ကြောင့် အတော်လေးအံ့သြသွားတယ် တစ်ယောက်က သူချစ်ရတဲ့ ရိပေါ် နောက်တစ်ယောက်က သူနဲ့တစ်ပုံစံတည်း
အဝတ်အစားတွေ​ပါတူနေတဲ့ တစ်ယောက်
ဘယ်လိုသိပြီးရောက်လာကြတာလဲ
ယူဂျယ်အင်ရဲ့မျက်နှာကို ကြည့်တော့ အတော်လေးတင်းသွားပုံ
စိတ်တိုလွန်းလို့ မျက်နှာကြီးပါရဲတက်လာပြီး

"ငါ့ကို သစ္စာဖောက်လိုက်တယ်ပေါ့လေ "

ဆူမင်ဘေးက တစ်ယောက်ကို ကြည့်ကာ
မယုံနိုင်သလိုမေးလိုက်တဲ့ ဂျယ်အင်

"ကျနော့်ကို သခင့်အ​နားမှာပဲ ပေးနေပါ "

"အကြောင်းပြချက်က ငါ့အနားနေချင်လို့ပေါ့ တောက်စ်!!!!
အခုမှရတဲ့ ငါ့ရဲ့ ပျော်ရွှင်မှုတွေက
ဘာမဟုတ်တဲ့မင်းက ဖျက်စီးလိုက်တယ်ပေါ့လေ "

အချင်းချင်း စကားအချေအတင်ဖြစ်နေပုံ အရရှောင်းကျန့် ရိပ်စားမိလိုက်ပြီ ​
သူနဲ့တူတဲ့ ကောင်လေးက ယူဂျယ်အင်ကို
သဘောကျ​နေကြောင်းကိုပေါ့

ရှောင်းကျန့်သူ့အတွေးနဲ့သူ ကျေနပ်နေချိန်
လက်ကိုလာဆွဲသူက ကိုကို ဆူမင်
ယူဂျယ်အင်ကတော့ မကျေနပ်မှုတွေ အထင်သား

"ယွန်းဆန်းကလေးလေး ကိုယ်ပြောထားတာတွေ မေ့ပစ်တော့မလို့လား "

ဖြစ်ပေါ်နေတဲ့ဒေါသတို့ကို ဖုံးကွယ်ပြီး ဟန်လုပ်ပြုံးကာ ခြိမ်း​ခြောက်နေပုံပေါ်တဲ့ ယူဂျယ်အင်ကြောင့် ဆူမင် သူ့ကလေးပိစိရဲ့မျက်နှာလေးကို အသာအယာကိုင်ကာ

"ကြောက်ဖို့မလိုဘူးနော် ကလေးပိစိ ကိုကို့ယုံနော် သူကလေးကိုဘာနဲ့ ခြိမ်းခြောက်ထားလဲ ကိုယ့်ကိုပြောလို့ရတယ် "

"ကြောက်ပါဘူး ကျနော်က ယောက်ျားလေးပဲဟာ "

ကိုကိုဆူမင်ရဲ့အပြောတွေက ရှောင်းကျန့်လေးကိုလုံခြုံနွေးထွေးတယ်ဆိုပေမယ့်
မကျေနပ်ချက်ကလည်းရှိသေးတယ်
သူမဟုတ်တဲ့ တခြားတယောက်ကို အနမ်းပေးထားတဲ့ ကိုကိုက ကန့်လန့်အပြောတွေနဲ့ပဲ ထိုက်တန်တယ်

"ဒီမှာဂျယ်အင် သူလေးကိုပဲ ကောင်းကောင်းဂရုစိုက်ပေးလိုက်ပါ ဂျယ်အင်ရဲ့ အချစ်တွေက ဒီကောင်လေးနဲ့ ပိုပြီးထိုက်တန်ပါတယ်

လာသွားမယ်ကိုကို "

ပြောချင်ရာ​ပြောပြီး ချာဆူမင်လက်ကို ဆွဲကာ ထွက်သွားတဲ့ ကလေးလေးကိုကြည့် ပြီး
ယူဂျယ်အင်အနေနဲ့ အခန်းထဲမှာ သောင်းကျန်းရင်း ကျန်ရစ်ခဲ့တယ်
လွယ်လွယ်နဲ့ အလျှော့ပေးရအောင်
ယွန်းဆန်းကို ချစ်တဲ့ အချစ်တွေက တန်ဖိုးမဲ့မနေဘူး
ခုတော့ အခန်းထဲမှာကျန်ခဲ့တဲ့ လူနဲ့ အရင်ရှင်းရမယ်

ဆောင်းဟိုရဲ့ ရင်ဘတ်အကျီစကို ဆွဲပြီး မျက်နှာကို သုံးချက်လောက် ဆင့်ထိုးလိုက်ချင်ပေမယ့်
မလုပ်ရက်ပြန် ချစ်ရတဲ့ကလေးလေးနဲ့ တူနေတဲ့ မျက်နှာကို ဘယ်လိုထိရက်မှာလဲ

"ဆောင်းဟို မင်းအမှား အတွက် ပြန်ပြီးပေးဆပ်ရမယ် "

"ကျနော်တော့ မထင်ဘူး သခင်
သစ္စာဖောက်တဲ့ အကျိုးရလာဒ်က သခင့်ကိုပိုင်ဆိုင်ခွင့်ရမယ်တဲ့
အကိုဆူမင် ကတိပေးသွားတယ် "

ထို့နောက် လက်ဖျောက်တစ်ချက်အတီးမှာ ရောက်လာတဲ့ ခပ်တောင့်တောင့် လူကြီးလေးယောက် တနည်းပြောရရင် ချာဆူမင်ရဲ့ ကိုယ်ရံတော်တွေ
ယူဂျယ်အင်ကို သေချာဖမ်းချုပ် ပေးသွားတယ်

"ဒီနေ့တော့ကြိုးလေးတွေ​နဲ့ ခနနေပေးပါအုံးသခင် မနက်ဖြန်ကျရင်  ကျနော်တို့နှစ်ယောက်ရဲ့ မဂ်လာပွဲလေ
သခင့်မိဘတွေကိုယ်တိုင်လိုလိုလားလားနဲ့ စီစဥ်ပေးတဲ့ ပွဲမျိုးဖြစ်စေရမယ်လို့
အကိုဆူမင်ကတိပေးသွားတယ် "

လွယ်လွယ်နဲ့တော့ သခင့်နေရာကို ဘယ်ပြောထွက်ခဲ့ပါ့မလဲ
​တောင်းဆိုချက်တွေတော့ ရှိခဲ့သေးတာပေါ့

Flash back

"သူရှိတဲ့ နေရာမင်းသိတယ်မလား "

"သိတာပေါ့ ချာဆူမင်
ဒါပေမယ့် အပေးအယူတော့ ရှိရ​မယ် "

"လိုချင်တာပြော "

"ယူဂျယ်အင်ကို တသက်လုံးပိုင်ဆိုင်ခွင့်ရအောင်ကူညီပေး "

"ဘယ်လိုကူညီရမလဲ "

"လွယ်ပါတယ် ယူဂျယ်အင် သူ့မိဘအင်အားတွေကြောင့်သာ ဆိုးချင်တိုင်းဆိုးလို့ရနေတာ
ကျနော်ကသာ သူ့မိဘတွေ လိုလိုချင်ချင်နဲ့ ပေးစားတဲ့လူဆို သခင်ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး
အဲ့အတွက် သခင့်မိဘတွေကိုဖိအားပေးဖို့
အာဏာတွေက ချာလုပ်ငန်းစုလက်ထဲမှာရှိပါတယ် ကျနော့ကို ကူညီပေးပါ "

"လက်ခံတယ် "

လက်ခံရ​ခြင်းအကြောင်းကလည်းရှင်း​ပါတယ် ယူဂျယ်အင်ကို အပြစ်ပေးဖို့နဲ့
သူ့ကလေးပိစိကို ထပ်မနှောက်ယှက်စေဖို့ပဲ

"ဒါဆို ကျနော်ကိုယ်တိုင်ပဲ သခင်ရှိတဲ့ နေရာကိုလိုက်ပို့မယ် ကျနော်တို့နှစ်ယောက်ရဲ့ Weddingကို မနက်ဖြန်ပဲ စီစဥ်ပေးပါ "

သခင့်အကြောင်း အတော်များများကို နားလည်ထားတဲ့ ဆောင်းဟိုက လည်း
ဉာဏ်များတဲ့ သခင်ကို တစ်ရက်တာထိန်းချုပ်နိုင်ဖို့ ချုပ်နှောင်ထားဖို့ပဲ ရွေးချယ်လိုက်တယ်

Flash back End

🐰Xiao Paing 🐰

🐇Zawgyi🐇

"မလိမ္နဲ႕ မင္းးးက ငါရဲ႕ယြန္းဆန္းမဟုတ္ဘူး "

အသံမာမာနဲ႕ ထပ္ေမးလာတဲ့ ခ်ာဆူမင္
သူတို႔ဘက္က အစစအရာရာ သံသယမျဖစ္ေအာင္ အခ်ိန္ယူၿပီး စီစဥ္ခဲ့ရတာေတာင္ တစ္ခ်က္ေလးလြဲမွားမႈမွာ အကုန္ပ်က္စီးကုန္တယ္
သခင္သာသိရင္ေတာ့ စိတ္ဆိုးေနေတာ့မွာပဲ
ေန႕ညမပ်က္ ခြၽဲယြန္းဆန္းရဲ႕ အမူအရာေတြ ကို သခင္ကိုယ္တိုင္ ခိုးရိုက္ထားတဲ့
ႏွစ္ႏွစ္စာ vd ေလးေတြ ထဲကေန တစ္လလုံး
ေလ့လာခိုင္းထားတာေတြ အလကားျဖစ္ကုန္ၿပီလားဆိုၿပီးေတာ့ေပါ့

ၿပီးေတာ့ က်ေနာ္ကိုယ္တိုင္ကလည္း ခ်ာဆူမင္ကို လြယ္လြယ္နဲ႕ အေလွ်ာ့ေပးလိုက္ခ်င္ေနၿပီ ခ်ာဆူမင္နားမွာေနရတာ မ​ေပ်ာ္ဘူးသခင္
ဒီရက္ပိုင္းေတြမွာ သခင့္ကိုပဲ ေသမေလာက္သတိရေနတယ္
က်ေနာ့အတြက္မဟုတ္မွန္းသိတဲ့ အစားထိုးခံရတဲ့ အနမ္းေတြကိုလည္း လြမ္းေနတယ္ သခင္
ယြန္းဆန္းဆိုတဲ့ ေကာင္ေလးကေတာ့ကံေကာင္းပါတယ္ သခင့္ရဲ႕ သည္းသည္းလႈပ္ခ်စ္ျခင္းခံရတယ္ က်ေနာ္လည္း သူ႕လို
႐ုပမ်ိဳးရေနၿပီေလ
သခင္အစားထိုးခ်စ္ေပးလိုက္ပါလားလို႔
​ေတာင္းဆိုရင္ ေလာဘမ်ားႀကီးသြားမလား

သခင့္ကို သစၥာမေဖာက္ခ်င္ေပမယ့္
သခင့္အနားမွာ အရင္တိုင္း အစားထိုးခံေလးအျဖစ္ျပန္ေနခ်င္​တယ္
ခ်ာဆူမင္ကို အသုံးခ်ၿပီး လက္ရွိ သခင့္ေဘး
က ကံေကာင္းတဲ့လူသားကို ဖယ္ထုတ္နိုင္မယ့္ အခြင့္အေရးကို လက္လႊတ္မခံနိုင္ဘူး
ဒါေၾကာင့္ အမွန္တိုင္းပဲ ထုတ္ေျပာဖို႔ ဆုံးျဖတ္ခဲ့တယ္

"က်ေနာ္က ေဆာင္းဟို ပါ ခ်ာဆူမင္ထင္သလို ခြၽဲယြန္းဆန္းမဟုတ္ပါဘူး "

ထင္တဲ့အတိုင္း ဝန္ခံလာေပမယ့္
အံ့ၾသ​ေနရဆဲ ဒါဆို သူ႕ရဲ႕ ကေလးပိစိက ဘယ္ေရာက္သြားတာလည္း
အႏၱရာယ္မ်ားျဖစ္ေနမလား

"ယြန္းဆန္း ဘယ္မွာလဲ
မင္းကေရာ ဘာရည္႐ြယ္ခ်က္နဲ႕ ဟန္ေဆာင္ရတာလဲ မင္းတို႔ ငါ့ကေလးကို ဘာလုပ္ထားလဲ အခုေျပာ!!"

အမွန္းတိုင္းေျဖခါမွ ေအာ္ဟစ္ေသာင္းက်န္းေနတဲ့ ခ်ာဆူမင္ကို နည္းနည္းေတာ့သနားမိသား သူလည္း သူခ်စ္တဲ့သူကို စိတ္ပူရွာမွာပဲေလ

"မစိုးရိမ္ပါနဲ႕ ခ်ာဆူမင္ ခမ်ားေကာင္ေလး အႏၱရာယ္ကင္းပါတယ္
သခင္က သူ႕ကိုသိပ္ခ်စ္တာေလ
ထိခိုက္ေအာင္​လုပ္မွာမဟုတ္ပါဘူး "

အသက္မပါတဲ့ အၿပဳံးေတြနဲ႕ ခႏွဲ႕ေနတဲ့ေကာင္ေလးက သူကိုယ္တိုင္လည္း အလိုက်တဲ့ပုံမေပၚဘူး
ေနာက္ပီး ကေလးပိစိအႏၱရာယ္ကင္းတာေသခ်ာရင္ေတာင္ ကိုယ့္ရင္ခြင္မွာမဟုတ္ရင္ စိတ္မခ်နိဳင္ဘူး

"ဘယ္သူလဲ မင္းရဲ႕သခင္က "

"ခမ်ားသိပါတယ္ ယူဂ်ယ္အင္ေလ
ခင္မ်ားေကာင္ေလးနားပဲ တစ္ခ်ိန္လုံးကပ္ေနတဲ့သူေလ မရိပ္မိဘူးလား
ဒီရက္ပိုင္း ေပ်ာက္ေနတယ္ဆို​တာ
အင္းေပါ့ေလ က်ေနာ္က ခြၽဲယြန္းဆန္းအစစ္မွမဟုတ္တာ က်ေနာ့နားဘယ္ကပ္ပါ့မလဲ "

ဟုတ္တယ္ ဆူမင္သတိထားမိတာေပါ့
ဒီရက္ေတြမွာအဲ့တေယာက္ကို မေတြ႕မိဘူး
အထူးတလည္ထည့္မစဥ္းစားမိတာ ဆူမင္ရဲ႕အမွား အႏၱရာယ္မ်ား​တဲ့ေကာင္ေလးမွန္းသိထားရဲ႕နဲ႕
အခုေတာ့ ကေလးပိစိကို သူ႕​ဆီက ေသခ်ာစီစဥ္ၿပီး ခိုးယူသြားခဲ့တာပဲ
ယူအိမ္ေတာ္ကလူေတြေကာင္းက်ိဳးမေပးဘူး
ခနေလး မ်က္ကြယ္ျပဳမိတာနဲ႕
သူ႕အသည္းအသက္ကို လာထိေတာ့​တာပဲ
လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ယူဂ်ယ္မင္း
အခုယူဂ်ယ္အင္
တကယ္ေလွ်ာ့ေပါ့ေပးလို႔မရတဲ့ လူေတြပဲ

"သူရွိတဲ့ ေနရာမင္းသိတယ္မလား "

.......

ေရွာင္းက်န့္ ဂ်ယ္အင္နဲ႕အတူ
ကြန္ဒိုကိုျပန္လာေတာ့ ေရာက္ေနႏွင့္ လူႏွစ္ေယာက္ေၾကာင့္ အေတာ္ေလးအံ့ၾသသြားတယ္ တစ္ေယာက္က သူခ်စ္ရတဲ့ ရိေပၚ ေနာက္တစ္ေယာက္က သူနဲ႕တစ္ပုံစံတည္း
အဝတ္အစားေတြ​ပါတူေနတဲ့ တစ္ေယာက္
ဘယ္လိုသိၿပီးေရာက္လာၾကတာလဲ
ယူဂ်ယ္အင္ရဲ႕မ်က္ႏွာကို ၾကည့္ေတာ့ အေတာ္ေလးတင္းသြားပုံ
စိတ္တိုလြန္းလို႔ မ်က္ႏွာႀကီးပါရဲတက္လာၿပီး

"ငါ့ကို သစၥာေဖာက္လိုက္တယ္ေပါ့ေလ "

ဆူမင္ေဘးက တစ္ေယာက္ကို ၾကည့္ကာ
မယုံနိုင္သလိုေမးလိုက္တဲ့ ဂ်ယ္အင္

"က်ေနာ့္ကို သခင့္အ​နားမွာပဲ ေပးေနပါ "

"အေၾကာင္းျပခ်က္က ငါ့အနားေနခ်င္လို႔ေပါ့ ေတာက္စ္!!!!
အခုမွရတဲ့ ငါ့ရဲ႕ ေပ်ာ္႐ႊင္မႈေတြက
ဘာမဟုတ္တဲ့မင္းက ဖ်က္စီးလိုက္တယ္ေပါ့ေလ "

အခ်င္းခ်င္း စကားအေခ်အတင္ျဖစ္ေနပုံ အရေရွာင္းက်န့္ ရိပ္စားမိလိုက္ၿပီ ​
သူနဲ႕တူတဲ့ ေကာင္ေလးက ယူဂ်ယ္အင္ကို
သေဘာက်​ေနေၾကာင္းကိုေပါ့

ေရွာင္းက်န့္သူ႕အေတြးနဲ႕သူ ေက်နပ္ေနခ်ိန္
လက္ကိုလာဆြဲသူက ကိုကို ဆူမင္
ယူဂ်ယ္အင္ကေတာ့ မေက်နပ္မႈေတြ အထင္သား

"ယြန္းဆန္းကေလးေလး ကိုယ္ေျပာထားတာေတြ ေမ့ပစ္ေတာ့မလို႔လား "

ျဖစ္ေပၚေနတဲ့ေဒါသတို႔ကို ဖုံးကြယ္ၿပီး ဟန္လုပ္ၿပဳံးကာ ၿခိမ္း​ေျခာက္ေနပုံေပၚတဲ့ ယူဂ်ယ္အင္ေၾကာင့္ ဆူမင္ သူ႕ကေလးပိစိရဲ႕မ်က္ႏွာေလးကို အသာအယာကိုင္ကာ

"ေၾကာက္ဖို႔မလိုဘူးေနာ္ ကေလးပိစိ ကိုကို႔ယုံေနာ္ သူကေလးကိုဘာနဲ႕ ၿခိမ္းေျခာက္ထားလဲ ကိုယ့္ကိုေျပာလို႔ရတယ္ "

"ေၾကာက္ပါဘူး က်ေနာ္က ေယာက္်ားေလးပဲဟာ "

ကိုကိုဆူမင္ရဲ႕အေျပာေတြက ေရွာင္းက်န့္ေလးကိုလုံၿခဳံႏြေးေထြးတယ္ဆိုေပမယ့္
မေက်နပ္ခ်က္ကလည္းရွိေသးတယ္
သူမဟုတ္တဲ့ တျခားတေယာက္ကို အနမ္းေပးထားတဲ့ ကိုကိုက ကန့္လန့္အေျပာေတြနဲ႕ပဲ ထိုက္တန္တယ္

"ဒီမွာဂ်ယ္အင္ သူေလးကိုပဲ ေကာင္းေကာင္းဂ႐ုစိုက္ေပးလိုက္ပါ ဂ်ယ္အင္ရဲ႕ အခ်စ္ေတြက ဒီေကာင္ေလးနဲ႕ ပိုၿပီးထိုက္တန္ပါတယ္

လာသြားမယ္ကိုကို "

ေျပာခ်င္ရာ​ေျပာၿပီး ခ်ာဆူမင္လက္ကို ဆြဲကာ ထြက္သြားတဲ့ ကေလးေလးကိုၾကည့္ ၿပီး
ယူဂ်ယ္အင္အေနနဲ႕ အခန္းထဲမွာ ေသာင္းက်န္းရင္း က်န္ရစ္ခဲ့တယ္
လြယ္လြယ္နဲ႕ အေလွ်ာ့ေပးရေအာင္
ယြန္းဆန္းကို ခ်စ္တဲ့ အခ်စ္ေတြက တန္ဖိုးမဲ့မေနဘူး
ခုေတာ့ အခန္းထဲမွာက်န္ခဲ့တဲ့ လူနဲ႕ အရင္ရွင္းရမယ္

ေဆာင္းဟိုရဲ႕ ရင္ဘတ္အက်ီစကို ဆြဲၿပီး မ်က္ႏွာကို သုံးခ်က္ေလာက္ ဆင့္ထိုးလိုက္ခ်င္ေပမယ့္
မလုပ္ရက္ျပန္ ခ်စ္ရတဲ့ကေလးေလးနဲ႕ တူေနတဲ့ မ်က္ႏွာကို ဘယ္လိုထိရက္မွာလဲ

"ေဆာင္းဟို မင္းအမွား အတြက္ ျပန္ၿပီးေပးဆပ္ရမယ္ "

"က်ေနာ္ေတာ့ မထင္ဘူး သခင္
သစၥာေဖာက္တဲ့ အက်ိဳးရလာဒ္က သခင့္ကိုပိုင္ဆိုင္ခြင့္ရမယ္တဲ့
အကိုဆူမင္ ကတိေပးသြားတယ္ "

ထို႔ေနာက္ လက္ေဖ်ာက္တစ္ခ်က္အတီးမွာ ေရာက္လာတဲ့ ခပ္ေတာင့္ေတာင့္ လူႀကီးေလးေယာက္ တနည္းေျပာရရင္ ခ်ာဆူမင္ရဲ႕ ကိုယ္ရံေတာ္ေတြ
ယူဂ်ယ္အင္ကို ေသခ်ာဖမ္းခ်ဳပ္ ေပးသြားတယ္

"ဒီေန႕ေတာ့ႀကိဳးေလးေတြ​နဲ႕ ခနေနေပးပါအုံးသခင္ မနက္ျဖန္က်ရင္  က်ေနာ္တို႔ႏွစ္ေယာက္ရဲ႕ မဂ္လာပြဲေလ
သခင့္မိဘေတြကိုယ္တိုင္လိုလိုလားလားနဲ႕ စီစဥ္ေပးတဲ့ ပြဲမ်ိဳးျဖစ္ေစရမယ္လို႔
အကိုဆူမင္ကတိေပးသြားတယ္ "

လြယ္လြယ္နဲ႕ေတာ့ သခင့္ေနရာကို ဘယ္ေျပာထြက္ခဲ့ပါ့မလဲ
​ေတာင္းဆိုခ်က္ေတြေတာ့ ရွိခဲ့ေသးတာေပါ့

Flash back

"သူရွိတဲ့ ေနရာမင္းသိတယ္မလား "

"သိတာေပါ့ ခ်ာဆူမင္
ဒါေပမယ့္ အေပးအယူေတာ့ ရွိရ​မယ္ "

"လိုခ်င္တာေျပာ "

"ယူဂ်ယ္အင္ကို တသက္လုံးပိုင္ဆိုင္ခြင့္ရေအာင္ကူညီေပး "

"ဘယ္လိုကူညီရမလဲ "

"လြယ္ပါတယ္ ယူဂ်ယ္အင္ သူ႕မိဘအင္အားေတြေၾကာင့္သာ ဆိုးခ်င္တိုင္းဆိုးလို႔ရေနတာ
က်ေနာ္ကသာ သူ႕မိဘေတြ လိုလိုခ်င္ခ်င္နဲ႕ ေပးစားတဲ့လူဆို သခင္ဘာမွ လုပ္နိုင္မွာမဟုတ္ဘူး
အဲ့အတြက္ သခင့္မိဘေတြကိုဖိအားေပးဖို႔
အာဏာေတြက ခ်ာလုပ္ငန္းစုလက္ထဲမွာရွိပါတယ္ က်ေနာ့ကို ကူညီေပးပါ "

"လက္ခံတယ္ "

လက္ခံရ​ျခင္းအေၾကာင္းကလည္းရွင္း​ပါတယ္ ယူဂ်ယ္အင္ကို အျပစ္ေပးဖို႔နဲ႕
သူ႕ကေလးပိစိကို ထပ္မႏွောက္ယွက္ေစဖို႔ပဲ

"ဒါဆို က်ေနာ္ကိုယ္တိုင္ပဲ သခင္ရွိတဲ့ ေနရာကိုလိုက္ပို႔မယ္ က်ေနာ္တို႔ႏွစ္ေယာက္ရဲ႕ Weddingကို မနက္ျဖန္ပဲ စီစဥ္ေပးပါ "

သခင့္အေၾကာင္း အေတာ္မ်ားမ်ားကို နားလည္ထားတဲ့ ေဆာင္းဟိုက လည္း
ဉာဏ္မ်ားတဲ့ သခင္ကို တစ္ရက္တာထိန္းခ်ဳပ္နိုင္ဖို႔ ခ်ဳပ္ႏွောင္ထားဖို႔ပဲ ေ႐ြးခ်ယ္လိုက္တယ္

Flash back End

🐰Xiao Paing 🐰

Continue Reading

You'll Also Like

28.1K 6.3K 37
tk sinhala
87.2K 5.5K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
61.5K 8.5K 32
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
97.7K 4.8K 25
ជាប្រលោមលោកខ្នាតខ្លី កំសត់ សើចសប្បាយ 18+