ဆန်းဆန်းကြီး system

By thethmue1005

1M 122K 6.7K

ကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့ More

ဆန်းဆန်းကြီး system
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
New Fic
One shot
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Arc 5.19
Arc 5.20
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.12
Arc 6.13

Arc 4.12

9.3K 1.1K 149
By thethmue1005

​ရှောင်းကျန့်လေးဘဝကြီးက သာယာသွားပြီလို့ ပြောလို့ရတယ်
ချစ်ရတဲ့ ရိပေါ်ကို ပြန်​ေတွ့တဲ့ အပြင် အခုချစ်သူတွေပါ ဖြစ်နေ​ကြပြီ
ရိပေါ်တစ်ဖြစ်လည်း အကိုဆူမင်ကရှောင်းကျန့်လေးကို အရမ်းဂရုစိုက်တယ်
ဆိုးသမျှသည်းခံပေးပြီး နည်းနည်းလေးတောင် မငြိုငြင်ဘူး
ရှောင်းကျန့်လေး ဆန္ဒအတိုင်း အကုန်လိုက်လုပ်ပေးတယ်
Dateမယ်ဆိုရင်လည်း အလုပ်ဘယ်လောက်အရေးကြီးကြီး ဖျက်ပစ်လိုက်ပြီး ရှောင်းကျန့်လေးကို သာဦးစားပေးတဲ့သူ
ညပိုင်းတွေဆို အရမ်းလွမ်းတယ် ကိုကို လို့ပဲ ရှိသေး အိမ်ရှေ့ရောက်လာပြီ
ဒီလောက်ချစ်ဖို့ ကောင်းတဲ့ ကိုကို ကို ရှောင်းကျန့်လေးကလည်း မချစ်ဘဲ နေပါ့မလား
တစ်ခါတစ်လေဆို မဟုတ်တာတွေ တွေးပြီးလောဘကြီးလာတတ်သေးတာ
ကိုကိုသာ ဒီကလေးပိစိကို မဟုတ်ဘဲ
တခြားသူကို အဲ့လို ဂရုစိုက်ပေးရင် ဘယ်လိုလုပ်မလဲ ​ဆိုတဲ့ မဟုတ်ကဟုတ်က အတွေးတွေနဲ့ပေါ့
ဒါပေမယ့်လည်း အဲ့အတွေးတွေက ကိုကိုနဲ့ အတူရှိချိန်ဆို ဝင်မလာတတ်ပါဘူး
ဘာလို့ဆို ကိုကို ဆူမင်က ချွဲယွန်းဆန်းဆိုတဲ့ ကလေးပိစိ လေးကိုပဲ သည်းသည်းလှုပ်ချစ်တာလေ
အပြင်မှာ dateတိုင်း ကလေးပိစိကို သူများတွေကြည့်မှာဆိုးလို့ ဆိုပြီး
သူ့Long coatကြီးနဲ့ အမြဲ လိုက်ကာနေရ​တာ အမော
အမှန်တော့ အပြင်သွားတိုင်း အစစ်မတွေ လိုက်ငမ်းနေတာ ချောမောခန့်ညားပြီး smartကျတဲ့ ကိုကို့ ကို ဆိုတာ
မသိရှာပါဘူး
ပိုင်ရှင်ရှိမှန်းသိအောင် အစစ်မတွေရှေ့ရောက်တိုင်း အာဘွားတောင်းတဲ့ ရှောင်းကျန့်လေးကြောင့်ဖြစ်မယ်
ကိုကိုဆူမင် ကိုယ်တိုင်ကလည်း
ကိုယ့်တစ်ယောက်တည်းအပေါ် အာရုံ ရှိတာကြောင့်လည်းပါတယ်

ပြီးတော့ ရှောင်းကျန့်လေး ဒီရက်ပိုင်း ပျော်ရွှင်နေရတဲ့ အကြောင်းနောက်တစ်ခုက
ယူဂျယ်အင် ပေါ်မလာတာ ကြောင့်ပေါ့
အရင်လိုတကောက်ကောက်မလိုက်တော့ပဲ
တစ်ပတ်တစ်ခါလောက်သာ မျက်နှာ မြင်ရတယ် ပြီးတော့ သံသယ ဖြစ်စရာ စကားတွေလည်းပြောသေးတာ

"ခဏလောက်တော့ ယွန်းဆန်းစိတ် ကြိုက် ပျော်ပျော်နေထား ပေါ့ "တဲ့
ယူဂျယ်အင်ကို သတိကြီးကြီးထားနေတဲ့ ရှောင်းကျန့် အတွက် ဒီစကားမှာ အန္တရာယ် အငွေ့အသက် ပါနေမှန်း သိတယ်

မနက်ဖြန်ဆို တစ်လတစ်ခါ သွားကြည့်နေကြ coma ဝင်နေတဲ့ ဇာတ်လိုက်ကြီးကို
ယူဂျယ်အင်နဲ့ သွားကြည့်ရဖို့ရှိတယ်
ခါတိုင်းဆို ကိုကို ဆူမင်ရောလိုက်ပါပေမယ့်
ဒီတခေါက် ကိုကိုက ခရီးသွားနေတာ ရက်ပိုင်းကြာအုံးမှာ
ရှောင်းကျန့်လေး ကိုကို့ အလုပ်ကို မနှောက်ယှက်ချင်တာကြောင့် မသွားတော့ဘူးလို့
ကတိပေးလိုက်တာ  ဒီတော​့မှ စိတ်ချလက်ချ သွားတဲ့ ကိုကိုက သူ့ကို ယူဂျယ်အင်နဲ့ ဘယ်နေရာမှ မသွားစေချင်ဘူး
ရှောင်းကျန်​့လည်း စိတ်လေးနေတာ မှန်ပေမယ့် မသွားလို့တော့ မဖြစ်ဘူး
ယူဂျယ်မင်း အခြေအနေ တိုးတက်နေပြီလို့
ဆေးရုံက ဖုန်း ဝင်ထားတယ်
ကိစ္စတော့ မရှိပါဘူး
ရှောင်းကျန့်မှာ xiao paing ရှိတယ်

.
.
.
.
.
.

ဆေးရုံကို ယူဂျယ်မင်းအခြေအနေ သွားကြည့်သည့်နေ့
ယူဂျယ်မင်း မျက်နှာမှာ သူမတူတဲ့ အပြုံးတစ်ခု အဓိပ္ပါယ်ဖော်ရခက်လွန်းသည်
အရာအားလုံး အ​ပိုင်ရတော့မယ့်ဆိုတဲ့ အသိက အပြုံးတွေကို အထိန်းချုပ်မဲ့စေသည်
အခုဆို လောကကြီးက သူ့planအတိုင်း
အသက်ဝင်ရတော့မယ်
ဒီအတွက် သူအောင့်အီးသည်းခံခဲ့ရတာ
လွယ်ကူတဲ့ အလုပ်မဟုတ်
ခုတော့ သည်းခံ နိုင်ခဲ့ခြင်းရဲ့ အကျိုးရလာဒ်ကို ကိုယ်တိုင်ခံစားရတော့မည်

time skip >>>>>>>

ယူဂျယ်မင်းကို ဆေးရုံကနေအခြေအနေကြည့်ပြီး ​ချွဲယွန်းဆန်း အင်းးးး ချွဲယွန်းဆန်းကို
အိမ်ပြန်ပို့ပေးချိန်
ချွဲအိမ်တော်ရှေ့ ကားရပ်ပြီး မှာလို့မဆုံးနိုင်တဲ့ ယူဂျယ်အင်

"မစိုးရိမ်ပါနဲ့  ဂျယ်အင်
အရာအားလုံး ဂျယ်အင်ဆန္ဒအတိုင်းပဲ ဖြစ်လာစေရပါမယ် "

ဂျယ်အင်ကျေကျေနပ်နပ်ပြုံးလိုက်ပြီး
မှဲ့နက်လေးရှိရာ နှုတ်ခမ်းပါးအောက် နမ်းရှိုက်လိုက်တယ်

"ကိုယ်မင်းကို ယုံတယ် ယွန်းဆန်း
မင်းက ကိုယ့်အတွက် ကံကောင်းချင်းတွေကိုပဲ ယူဆောင်လာပေးမယ်ဆိုတာ "

ဂျယ်အင်ရဲ့ စကားအဆုံး တစ်ချိန်လုံး
ပြုံးနေရာမှ မျက်နှာပျက်သွားတဲ့ ယွန်းဆန်းဆိုတဲ့ ကောင်လေးက

"နှစ်ယောက်တည်း ရှိတဲ့ အချိန်ဆို
baby လို့ပဲ ခေါ်ပေးလို့ မရဘူးလား "

"မဆိုးနဲ့ ယွန်းဆန်း"

ဂျယ်အင် စိတ်မရှည်စွာခေါင်းခါရင်း
သူသဘောကျတဲ့ ပါးဖောင်းဖောင်းလေးတွေကိုဖိဆွဲကာ ​ပြောတော့ ငြိမ်ကျ​သွားလေရဲ့

"အိမ်ထဲလိုက်ပို့မယ် စိတ်မလှုပ်ရှားနဲ့ "

"ဟုတ် "

ဂျယ်အင်ကားပေါ်ကာဆင်းကာ ယွန်းဆန်းလက်ကို ဆုပ်ကိုင်ပြီး အိမ်ထဲမဝင်ခင် ယွန်းဆန်းရဲ့ ခြေဆုံး ခေါင်းဆုံးသေချာကြည့်ပြီး
​ခေါင်းတငြိမ့်ငြိမ့်နဲ့
ပြည့်စုံတာထက်ကို ပိုလွန်းတယ်ယွန်းဆန်း

"​အန်တီရေ သားလာတယ် "

ချွဲအိမ်တော်ထဲ ဝင်ဝင်ချင်း သူလုပ်နေကျအတိုင်း ယွန်းဆန်းရဲ့ ဒေါ်လေးကို အော်ခေါ်တယ်

အဒေါ် ချွဲယွန်းအင်ကလည်း ရိုးရာမပျက်

"ခုတလော ဒီအဒေါ်အိုကြီးဆီ မရောက်လာပဲ ပစ်ထားတယ်နော် "

ဂျယ်အင်လည်း အဒေါ်ယွန်းအင်ကို ဖက်လိုက်ပြီး

"မဟုတ်ပါဘူး အန်တီရာ ဖြစ်နိုင်ရင် ဒီအိမ်က တောင်မပြန်ချင်ပါဘူး
စာကြိုးစားနေရလို့ပါ "

"ဒါဆိုလည်း ဒီမှာပဲ နေလိုက်တော့ "

ဒီလိုတော့မဖြစ်သေးဘူး ဂျယ်အင်ရဲ့ အိမ်မှာ အဖိုးတန်လေးရှိသေးတယ် ပစ်ထားလို့မရဘူး

"အခုတော့ မနေသေး​ဘူး အန်​တီလေးရေ နောက်များဆို နှင်ချလို့တောင် မဆင်းတော့ဘူးနော် "

ချွဲယွန်းအင် သူ့ကိုချွဲနေတဲ့ ဂျယ်အင်ကို
​ပြောနေတာနဲ့ပဲ သူ့တူလေးကိုတောင်မေ့တယ်

"သားငယ် ယွန်းဆန်း အပြင်က ပြန်လာတာ ရေမချိုးသေးဘဲ ဘာလုပ်နေတာလဲ "

"ဟုတ် အဒေါ် ဂျယ်အင်ရော အပေါ်လိုက်မလားလို့ စောင့်နေတာ "

"အမယ် ယွန်းဆန်း​တောင် ဂျယ်အင်လေးကို ဂရုစိုက်တတ်လာပြီပဲ
သွား သွား ဂျယ်အင်ရော အပေါ် လိုက်သွား "

ဂျယ်အင်ရဲ့ စိတ်ထဲမှာတော့
step 1 completed ဆိုပြီး ရေရွတ်လိုက်တယ်

.........

အလုပ်ကိစ္စနဲ့ ခရီးဝေးရောက်နေပေမယ့်
ဖုန်းကိုတကြည့်ကြည့်နဲ့ ချာဆူမင်ကြောင့်
လက်အောက်ငယ်သားတွေ ခမျာ
ထိုင်မရထရမရ
သူတို့တာဝန်က ဒီသခင်လေး ဆန္ဒရှိသမျှကို ဆောင်ရွက်ပေးရမှာ
သို့ပေမယ့် ဖုန်းကိုကြည့်ပြီး မျက်နှာလေး ညှိုးနေတဲ့ သူ့တို့ရဲ့ bossစိတ်ချမ်းသာအောင်တော့ ဘာ​လုပ်ပေးရမှန်း တကယ်မသိ

ဒီနေ့တစ်နေကုန် သူ့ကလေးပိစိဆီ ဖုန်းဆက်နေတာ call 100နဲ့အထက်ပဲ ဖုန်းက ပြန်မဖြေတာထက် ချချပစ်တာ
ကလေးပိစိ တစ်ခုခုကို စိတ်ကောက်နေတာလား စိတ်ထဲ မတင်မကျ
အလုပ်ကို ပစ်ပြီးပြန်သွားချင်ပေမယ့်
ပစ်ထားခဲ့လို့မရတဲ့ အလုပ်မျိုး
နစ်နာရင် သူတို့လို သူဌေးတွေထက် အလုပ်သမားတွေက ပိုပြီးနစ်နာနိုင်တာ မို့ မဖြစ်ပြန်

.............

"ယွန်းဆန်း ph မကိုင်ဘူးလား "

ရေချိုးခန်းထဲက ထွက်လာတဲ့ ယွန်းဆန်းက
သဘတ်လေးတစ်ထည်နဲ့ အပေါ်ပိုင်းဖြူဥဥ အ​သားအရေတို့က လစ်ဟာနေလျက်

"ကျနော် မပြောချင်ဘူးလေ "

"ကိုယ့်ပေါ်လာထိုင် "

ဂျယ်အင်ပြောသမျှ အကုန်လုပ်တဲ့ ယွန်းဆန်းက ဒီတစ်ခါလည်း ငြင်းဆန်ခြင်းမရှိ
သူထိုင်နေကြနေရာတစ်လို ဂျယ်အင်ရဲ့ ပေါင်ပေါ်ဘေးတစ်စောင်းလေး ထိုင်ပြီး
လက်တို့က လည်ပင်းမှာ ချိတ်တွယ်ထားလျက်

ထို့နောက် ဂျယ်အင် က ချာဆူမင်ခေါ်နေတဲ့ ဖုန်းကို ကိုင်ကာ speaker ဖွင့်လိုက်ပြီး
ယွန်းဆန်း​ကို ပြောဆိုတဲ့ သဘောနဲ့ ပေးလိုက်တယ်

📱ကိုကို့ ကလေးလေး စိတ်ဆိုးနေတာလား တစ်ခုခု ဖြစ်လို့ ဖုန်းမကိုင်တာလား
ကလေးလေး ကိုကို စိတ်ပူနေပြီ

ဖုန်းကိုင်ကိုင်ချင်းထွက်ပေါ်လာတဲ့ အသံတို့ကြောင့် ဂျယ်အင်ရဲ့ အားရကျေနပ်တဲ့ အပြုံးတွေ

ဆက်ရူးလိုက်အုံး ချာဆူမင်

🐰Xiao Paing 🐰

​ချောင်းရိုက်မယ်မလုပ်နဲ့နော် ပုန်းနေမှာ 😅

🐇Zawgyi🐇

ချစ်ရတဲ့ ရိပေါ်ကို ပြန်​တွေ့တဲ့ အပြင် အခုချစ်သူတွေပါ ဖြစ်နေ​ကြပြီ
မသိရှာပါဘူး



ကိစ္စတော့ မရှိပါဘူး

.
.
.
.
.
.

အသက်ဝင်ရတော့မယ်
လွယ်ကူတဲ့ အလုပ်မဟုတ်

time skip >>>>>>>







"မဆိုးနဲ့ ယွန်းဆန်း"



"ဟုတ် "


"​အန်တီရေ သားလာတယ် "





စာကြိုးစားနေရလို့ပါ "









.........

ထိုင်မရထရမရ


.............




"ကိုယ့်ပေါ်လာထိုင် "






🐰Xiao Paing 🐰


Continue Reading

You'll Also Like

48.7K 13K 47
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
97.5K 4.6K 44
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
97.9K 4.8K 25
ជាប្រលោមលោកខ្នាតខ្លី កំសត់ សើចសប្បាយ 18+
69K 15.8K 36
නිදුක් හාමු.........දන්නවද....හංසයෙක්ට ඉන්නෙ මුලු ජීවිත කාලෙටම එකම සහකාරයලු........ ම්න්......එතකොට....හංසකට ඉන්නෙ ජීවිත කාලෙටම මං විතරද?