[Unicode]
အဌားကားပေါ်တွင် ယွီချင့်ဟွမ်မှ ဟော်ချွီအား မေးမြန်းလိုက်သည်မှာ
“မင်းဘာစားချင်လဲ...ဂွမ်ဒေါင်းအစားအစာ... စီချွမ်အစားအစာလား ဒါမှမဟုတ် အရှေ့တောင်အာရှ အစားအစာလား..ငါက အကုန်အဆင်ပြေတယ်.. မင်းကြိုက်တာတခုရွေး”
ဟော်ချွီသည် သူ၏နက်မှောင်နေသည့်မျက်လုံးများဖြင့်ရှေ့တူရူကိုသာစိုက်ကြည့်နေပြီး နေရာမှာတင်တောင့်တောင့်မတ်မတ်ကြီးထိုင်လို့နေလေသည်။
သူဘာတွေတွေးနေတယ်ဆိုတာ မည်သူကမျှမသိနိုင်ပေ။ သူဟာယွီချင့်ဟွမ်စကားလုံးတိုင်းကိုလည်း တုံ့ပြန်ဖြေကြားခြင်းအလျဥ်းမရှိဖြစ်နေ၏။
ထို့ကြောင့် ယွီချင့်ဟွမ်မှာ မနေသာတော့ဘဲ သူ့လက်မောင်းကိုလက်ချောင်းလေးဖြင့် သွားထိုးလိုက်တော့ကာ
“ဟေး ငါဒီမှာ မင်းကိုစကားပြောနေတယ်လေ...”
ဟော်ချွီမှာ ယုန်သူငယ်လေးတကောင်လို လန့်ဖျန့်သွား၏။ သူ၏တောင့်တင်းနေတဲ့ ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး မျက်တောင်ထူထူလေးတွေ
လှုပ်ခတ်လာလို့ အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ချင့်..ချင့်ဟွမ်.”
“မင်းအဆင်ပြေရဲ့လား?”
ယွီချင့်ဟွမ်မှာသူ့အနားယိမ်းယိုင်တိုးကပ်သွားပြီး
သူစိုက်ကြည့်နေသည့် အရပ်မျက်နှာကိုလိုက်လံကြည့်ရှုလိုက်သော်လည်း တစ်မူထူးခြားနေတာ ဘာတခုမှမတွေ့ရပေ။
ထို့နောက်တွင် သူကခေါင်းကိုမော့လို့ ဟော်ချွီကို ကြည့်လိုက်ပြီး
“မင်းဘာလို့ အရမ်းစိတ်လှုပ်ရှားနေပုံပေါက်နေရတာလဲ?”
ယခုချိန်မှာဆောင်းလလယ်ဖြစ်သည်။ ရာသီဥတုမှာတိမ်ထူထပ်ပြီးစွတ်စိုအေးစိမ့်နေသော်လည်း ယွီချင့်ဟွမ်မှာ နေလုံးလေးတစင်းကဲ့သို့ ဖြစ်နေတော့သည်။
သူ၏ဝင်သက်ထွက်သက်လေးများက ဟော်ချွီမျက်နှာပေါ်ကို နွေးထွေးညင်သာစွာ ရိုက်ခတ်နေပုံမှာ နုနယ်လှသော လက်ဖဝါးသေးသေးလေးတခုဖြင့် သူ့နှလုံးသားကို ယားကျိကျိဖြစ်စေအောင်လုပ်နေသလိုပင်။
ယွီချင့်ဟွမ်သူ့ကိုစိုက်ကြည့်နေကြောင်းသတိထားမိလိုက်သောအခါ မွှန်ထူလို့သွားရရင်း ဟော်ချွီမျက်နှာမှာ ချက်ချင်းကိုရဲတက်လာပြီး အထစ်အထစ်
ပြောလိုက်တာက
“ငါ...ငါ စိတ်လှုပ်ရှားမနေပါဘူး..”
အို ဘုရားသခင်! သူဘာတွေ ဖြစ်နေပါလိမ့်?
သူ့နှလုံးက အရမ်းကိုအခုန်မြန်နေတယ်...
ယွီချင့်ဟွမ်အား တချက်ခိုးကြည့်လိုက်ယုံနှင့် သူ့တကိုယ်လုံး ပူပြင်းတောက်လောင်လာတယ်လို့ ခံစားနေရတယ်...
သူ့...သူ့မှာများ “ယွီချင့်ဟွမ်အား ကြည့်ရှုလို့မရပါ...” ဆိုတဲ့ ရောဂါများ ဖြစ်နေပြီလား?
ဒါပေမယ့် ချင့်ဟွမ်က သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းလေ..သူ သူ့ကို မကြည့်ပဲဘယ်လိုနေနိုင်မှာလဲ?
ဟော်ချွီမှာ စိတ်တုန်လှုပ်ခြောက်ခြားစွာဖြင့် သူနှုတ်ခမ်းကိုသူ တင်းတင်းစေ့ပိတ်လို့ ငိုတော့မလိုဖြစ်နေချေပြီ။
“မင်း နေမကောင်းဘူးလား?”
သူ၏မျက်နှာနီရဲရဲကိုကြည့်လို့ ယွီချင့်ဟွမ်မှာ သူဖျားများနေတာလားဟူ၍ လန့်ဖျန့်သွားတော့သည်။
ထို့ကြောင့် အနားတိုးကပ်လို့ ဟော်ချွီ၏နဖူးပြင်ထပ်လက်ကိုတင်လိုက်၏။ ပြီးရင်တော့ သူဟာအပူရှိန်ကြောင့် ချက်ချင်းပဲ လန့်ဖျန့်သွားမိတော့ကာ
“မင်းဖျားနေတယ်!”
“အာ? အို..”
ဟော်ချွီက နားဝေတိမ်တောင်ဖြင့် ခေါင်းကိုညိတ်လို့ တွေးမိလိုက်တာက
ကြည့်ရတာငါဖျားနေတာပေါ့...ဒါဖြင့် ဒီလိုထူးခြားဆန်းကြယ်တဲ့ခံစားချက်တွေ ပေါ်လာတာအံသြစရာမဟုတ်တော့ဘူးပဲ...
“ဆေးရုံကို သွားရအောင်”
ပြောနေရင်းနှင့် ယွီချင့်ဟွမ်မှာအနီးစပ်ဆုံးဆေးရုံရှိသည့်နေရာကို ဖုန်းမြေပုံကနေဖွင့်ရှာကြည့်နေလေပြီ။
အဲ့ဒီအချိန်မှာပဲ ဟော်ချွီကသူ့လက်အားလာဆွဲ၏။
ယွီချင့်ဟွမ်နှင့်ရင်းနှီးကျွမ်းဝင်သည့်အထိအတွေ့လေးတွေရှိလာတိုင်း ဟော်ချွီခမျာ ယုန်တကောင် သူ့ရင်ဘတ်ထဲ ခုန်ဆွခုန်ဆွ,ကစုန်ပေါက်နေသည့်အလား.. သူ့နှလုံးသားမှာလည်မျိုတွင် တစ်ဆို့ခုန်နေသည့်အလား အသက်ရှုမဝဖြစ်နေတော့သည်။
အကြိမ်တချို့လောက် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လိုက်ပြီးလျှင် သူကသတ္တိလေးအနည်းငယ်
စုစည်းယူလို့မောင်းတင်ပြောလိုက်တာက
“ဒါပေမယ့်...မင်းပြောတော့ ငါတို့ညစာသွားစားကြမယ်ဆို...”
ယွီချင့်ဟွမ်မှာ ကြောင်အမ်းသွားရ၏။
“မင်း ဗိုက်ဆာနေတာလား? ငါနောက်မှ စားစရာတခုခုဝယ်ပေးမယ်..လောလောဆယ်တော့ ဆေးရုံကို အရင် သွားရအောင်..”
သူတကိုယ်လုံး မီးလိုပူခြစ်တောက်နေတာတောင် သူကအစားစားဖို့မမေ့သေးဘူး...ဝိုး သူကတကယ့် အစားပုပ်လေးပဲ...!
“မဟုတ်ဘူး!”
ဟော်ချွီက အမောတကောပြောလိုက်သည်။
သူက ခေါင်းကိုအကြိတ်အနယ်ခါလို့ အလေးအနက် ပြောလိုက်တာက
“ညစာ အရင်စားမယ်..”
သူက ချင့်ဟွမ်နဲ့ညစာစားဖို့ သဘောတူထားပြီးပြီ... သူ့ကိုစောင့်ဆိုင်းစေဖို့မကောင်းဘူး..
ယွီချင့်ဟွမ်, "...”
သူက ဟော်ချွီကို နားချသိမ်းသွင်းဖို့ ကြိုးစားနေရ၏။
“မင်း အခုနေမကောင်းဖြစ်နေတယ်.. အစားစားချင်စိတ်လဲရှိမှာမဟုတ်ဘူး..အခုချိန် ညစာသွားစားရင်တောင် အများကြီးစားနိုင်မှာ မဟုတ်ဘူး..ဒါကြောင့်..”
ယွီချင့်ဟွမ်မှ “ဆေးရုံအရင်သွားရအောင်လို့..” ဆက်မပြောရသေးခင်မှာပင် ဟော်ချွီက ခိုင်မာပြတ်သားစွာဖြင့် စကားစကိုဖြတ်လိုက်ကာ
“ငါ့မှာ အစားစားချင်စိတ်ရှိပါတယ်...ငါအများကြီး စားနိုင်တယ်”
ယွီချင့်ဟွမ်, “...”
ယွီချင့်ဟွမ်မှာ သူ့အားနားချသိမ်းသွင်းလို့မရတော့သည့်အတွက်ကြောင့် မတက်သာတော့ပဲ
“အိုကေ အိုကေ မင်းအများကြီးစားနိုင်တယ်..ခုပဲသွားစားရအောင်” လို့သာပြောလိုက်နိုင်တော့၏။
သူ ထို့သိုပြောလိုက်တာကြားလိုက်တာနှင့် ဟော်ချွီ၏ မျက်တောင်ဖျားလေးများမှာ အတန်ငယ်တဖျပ်ဖျပ်ခတ်လို့ ရှက်ပြုံးတခုနှင့်အတူနောက်ဆုံးမှာပြုံးရွှင်သွားရတော့သည်။
အမှန်တကယ်တော့ ယွီချင့်ဟွမ်မှာ စီချွမ်ဟင်းလျာ ခပ်စပ်စပ်တွေကို နှစ်ခြိုက်သည်။
သို့သော်လည်း ဟော်ချွီမှာ ဖျားနေသည်ဖြစ်တာကြောင့် ဒီလိုအရသာပြင်းတဲ့အစားအစာတွေစားဖို့ ခေါ်မသွားရဲပေ။
ထို့ကြောင့် သူက ဆန်ပြုတ်ဆိုင်တခုကိုသာ ရွေးချယ်လိုက်တော့သည်။
သူဟာ ခိုသားဆန်ပြုတ်နှင့်ဝိတ်တာညွန်းသောအထူးအစားအစာတချို့ကို မှာယူလိုက်၏။ စက္ကန့်ပိုင်းလောက်တွေးလိုက်ပြီးသောအခါ သူသည် ခုံးကင်တယောက်စာကိုပါ ထပ်မှာလိုက်ပြန်သည်။
စားပွဲများ မှာပြီးချိန်မှာ သူကတည်ကြည်လေးနက်စွာဖြင့် ဟော်ချွီအား သတိပေးလိုက်၏။
“မင်းဒီပွဲကိုတော့စားလို့မရဘူးနော်.. ကြားလား?
ဖျားနေတဲ့သူက ပင်လယ်စာမစားသင့်ဘူး..”
သူဟာ ဟော်ချွီနှင့်တူတူ အေးအတူပူအမျှလိုက်စားပေးဖို့ပါပဲ...သို့သော်လည်း နောက်ဆုံးမှာ ပင်လယ်စာတွေရဲ့ဆွဲဆောင်မှုကို ကြံ့ကြံ့မခံနိုင်ဘဲ လက်လျှော့လိုက်ရတော့၏...
“သိပါပြီ.”
ဟော်ချွီမှာ ဘာကြောင့်ဆိုတာကို နားမလည်သော်လည်း ချင့်ဟွမ်ပြောသမျှက ကျိုးကြောင်း ဆီလျော်တယ်လို့ ခိုင်ခိုင်မာမာယုံကြည်ထားလေသည်။
သူ၏အလွန်အကျူးနာခံလိုက်နာမှုက ယွီချင့်ဟွမ်အား အနည်းငယ်စိတ်မသိုးမသန့်ဖြစ်သွားစေသည်။
တခါတရံကျတော့လည်း အလွန်အကျူးသိတက်လိမ္မာတဲ့ ကလေးတယောက်ကဝန်ထုပ်ဝန်ပိုးတခု ဖြစ်စေသည်ပဲ။
ဒီနေ့ကအလုပ်ဖွင့်ရက်ဖြစ်သည့်အတွက် ဆိုင်ထဲတွင် ဧည်သည်များသိပ်မရှိပေ။ ထို့ကြောင့်ဟင်းပွဲတွေက ခပ်မြန်မြန်ရောက်လာကြ၏။
အရင်ဘဝတုန်းကဆိုရင် ယွီချင့်ဟွမ်မှာဒီဆိုင်ရဲ့ ဆန်ပြုတ်ကိုကြိုက်နှစ်သက်ခဲ့သည်။ နှမြောစရာကောင်းတာက သူကအရမ်းကိုနာမည်ကြီးကျော်ကြားသည့်အတွက် အပြင်ထွက်အစားသွားစားတိုင်း ဆိုင်တွေကိုအထူးတလည်ဂရုတစိုက်ရွေးချယ်ရသည်။
ထို့ကြောင့် သူဘယ်လောက်ပဲလာခဲ့ချင်ပေမယ့် သူအတွက်ထပ်လာဖို့အခွင့်အရေးမရှိခဲ့ပေ။
ထိုအချိန်တုန်းက သူ့တွင်ကျော်ကြားမှု.. ငွေကြေး..ဂုဏ်အရှိန်အဝါအကုန်ရှိလေသည်။ သို့သော်လည်း သူနှစ်ခြိုက်ရတဲ့ဆန်ပြုတ်လေးတောင် မစားနိုင်ခဲ့ပေ။
ဒါကြောင့် ယခုဘဝမှာတော့ ဒီလိုစိတ်ပျက်သနားစရာကောင်းလှတဲ့ဘဝမျိုးမှာ လုံးဝမနေလိုတော့ပေ....
မွှေးကြိုင်သင်းပျံ့နေတဲ့ ဆန်ပြုတ်တဇွန်းကို ပျော်ပျော်ကြီး ပါးစပ်ထဲခပ်ထည့်လို့ ယွီချင့်ဟွမ်က မျက်လုံးများမှေးစင်းကာ ကြည်နူးနှစ်သိမ့်လို့နေသည်။
လွတ်လပ်ပေါ့ပါးမှုတွေအပြည့်နဲ့ဘဝမျိုးမှာ နေနိုင်တာက သူပြန်လည်မွေးဖွားလာရခြင်းထဲ ရရှိခဲ့တဲ့အကောင်းဆုံးလက်ဆောင်မွန်တခုပင်..
နှမြောစရာကောင်းသည်မှာ လွတ်လပ်မှုအရသာလေးကို အပြည့်အဝမသုံးဆောင်ရသေးခင်မှာပဲ ထူးဆန်းတဲ့အသံတခုက ကြားဝင်နှောက်ယှက်ခြင်း ခံလိုက်ရပေ၏။
အသံကြားရာနောက်လိုက်ကြည့်မိတော့ ယွီချင့်ဟွမ်မှာ လုံးဝကိုကျောက်ရုပ်ဖြစ်သွားချေတော့သည်။
ဟော်ချွီမှာ ခရမ်းသီးမီးကင်ကိုညှပ်ယူဖို့ ကြိုးစားနေ၏။ သနားစရာကောင်းတာက သူ့လက်ချောင်းတွေမှာတောင့်တင်းနေတာပင်။
သူ့ကိုကြည့်ရသည်မှာ နိုင်ငံခြားသားတယောက် 'တူ' ပထမဆုံးစကိုင်နေသလား ထင်မှတ်ရ၏။ ညှပ်မိဖို့ နေနေသာသာ သူဟာ ထိုအရာကို ဇကာပေါက်တောင်ဖြစ်စေတော့မည်။
ပြီးရင်သူ၏သံတူနှင့်ကြွေပန်းကန်ထိခတ်နေရာမှ သွားကျိန်းစေသည့်အသံကလည်း တချွင်ချွင်တချွမ်ချွမ် ထွက်ပေါ်နေသေးသည်။
ဟော်ချွီမျက်နှာမှာ နီရဲတောက်နေချေ၏။ ချင့်ဟွမ်မှာ ဒါကသူအရမ်းနေမကောင်းဖြစ်နေလို့ပဲလား.. အရမ်းစိတ်လှုပ်ရှားနေလို့ပဲလားဆိုတာ ဝေခွဲမရနိုင်ပေ။
ဟော်ချွီမှာနှုတ်ခမ်းကိုခပ်တင်းတင်းစေ့လို့ ခရမ်းသီးမီးကင်ကို သူ၏သဘာဝရန်သူတော်ကြီးအလား စူးစူးဝါးဝါးကြည့်လို့နေချေသည်။
ကြည့်ရတာ ဒါကိုသူ့ပါးစပ်ထဲမသွင်းနိုင်သေးသရွေ့လက်လျှော့အရှုံးပေးမည့်ဟန်လုံးဝမရှိပေ။
ယွီချင့်ဟွမ်; “…”
ဒီတယောက်က ဒီအရွယ်အထိ ဘယ်လိုများ လုံလုံခြုံခြုံ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပါလိမ့်?
သူက လူမသိသူမသိမျက်လုံးတွေကိုကစားလိုက်ကာ ခရမ်းသီးကင်တဖဲ့ကို ဟော်ချွီပန်းကန်ထဲသို့ ယူထည့်ပေးလိုက်တော့၏။
“စား...”
ဟော်ချွီမှ ခရမ်းသီးကို အလွန်တည်ကြည်လေးနက်စွာ စားသောက်နေတာကြည့်ပြီး သူမနေနိုင်ပဲမေးမိလိုက်တာက
“မင်း အိမ်မှာ ခါတိုင်းဘယ်လိုစားလဲ..?”
ကြည့်ရပုံမှာ ဟော်ချွီက 'တူ' တောင်ကောင်းကောင်းကိုင်တက်ပုံမရပေ.. ဒါဖြင့်ရင် သူ့မိသားစုကသူ့ကိုအစာကျွေးဖို့ တယောက်ယောက်ကိုများအထူးသီးသန့် ခန့်ထားတာလား?
“..?..”
ဟော်ချွီ၏ မျက်ဝန်းနက်နက်မှာ မရေမရာနဝေတိမ် တောင်ဖြစ်လို့နေပြီး မေးခွန်းတွေအပြည့်ဖြင့် ခေါင်းကိုမော့လာပြီးတွေးတောနေ၏။
ချင့်ဟွမ်ပြောတာ ဘာကိုဆိုလိုပါလိမ့်...ငါအမြဲဒီလိုစားနေကျပဲကို...
ယွီချင့်ဟွမ်က သူ့နဖူးသူပွတ်လို့ ဟော်ချွီနားလည်စေဖို့ပိုလွယ်ကူတဲ့နည်းကိုရွေးလိုက်သည်။
“ငါပြောတာက တကယ်လို့ အိမ်မှာခရမ်းသီးစားတယ်ထား...မင်း ဘယ်လိုယူလဲ?”
ဟော်ချွီမှာ ထိုမေးခွန်းကို နှိုက်နှိုက်ချွတ်ချွတ် တွေးတောနေတော့သည်။
သို့သော်လည်း သူအိမ်မှာ အရင်တုန်းက ခရမ်းသီးဘယ်လိုစားခဲ့တယ်ဆိုတာကို လုံးဝအစဖော်လို့မရ ဖြစ်နေချေတော့၏။
ဒါကြောင့်မို့ အပြစ်ကင်းစင်လှသည့်ခွေးပေါက်လေးတကောင်ကဲ့သို့သာ သူ့အားကြည့်လို့နေပြီး
“ငါ ဒီလိုပဲစားလိုက်တာပဲ..”
“ထားလိုက်ပါတော့…”
ယွီချင့်ဟွမ်က ဘဲကင်ကိုတူဖြင့်ယူလို့ သူ့အား ထည့်ပေးလိုက်ပြီး ဒီအကြောင်းအရာနှင့် ပတ်သက်လို့ လုံးလုံးလျားလျားလက်မြှောက်အရှုံးပေးလိုက်တော့သည်။
“စား..”
သူတို့ ဗိုက်ပြည့်သွားကာမှ ဆေးရုံသို့ သွားနိုင်မှာ....
“အွန်း”
ယွီချင့်ဟွမ်၏ဟင်းပွဲရှေ့ရောက်ဝန်ဆောင်မှုကိုထပ်မံရရှိသွားသော ဟော်ချွီမှာ ပြုံးရွင်စွာဖြင့် ခေါင်းကို အစွမ်းကုန်ညိတ်နေလေ၏။
သူတို့စားကောင်းသောက်ဖွယ်တွေ အပီတွယ်နေချိန်မှာပဲ ဟော်ညီအကိုနှစ်ယောက်ခမျာတော့ ကားထဲတွင် ကျပ်ညပ်နေကာ သူတို့လက်ထဲက ယွီချင့်ဟွမ်၏နောက်ကြောင်းကို စုံစမ်းထောက်လှမ်းထားသည့် အဖြေစာရွက်ကိုဖတ်လို့နေသည်။
“ဒီကောင့်ဘဝက နုံချာလိုက်တာ”
စက္ကန့်အနည်းငယ်လောက်ငြိမ်သက်နေပြီးသော် အရင်ဦးဆုံးဖတ်လို့ပြီးသွားသည့် ဟော်ယုံမှနှုတ်ခမ်းများဖွင့်ဟဆိုလာ၏။
ယွီချင့်ဟွမ်ကိုရွာတရွာမှာမွေးကာ သူမိဘတွေက သူငယ်ငယ်လေးမှာပဲဆုံးသွားကြတယ်...ဒါပေမယ့်လို့ အကောင်းဆုံးတက္ကသိုလ်ကို တက်ရောက်နိုင်ခဲ့တယ်...ဒါတင်မကသေးဘူး.. ဒီလူ.. ငယ်ငယ်ကတည်းက ဆင်းရဲမွဲတေတဲ့သူက... ထီပေါက်လို့ရလာတဲ့ငွေတဝက်ကျော်ကျော်ကို သူ့ဇာတိမြေ အတွက် လှူဒါန်းခဲ့သေးတယ်...
“စကားပြောဆင်ခြင်စမ်း သား!”
ဟော်ယုံပြောပြီးပြီးချင်းမှာပဲ မဒမ်ဟော်က သူမသား ခေါင်းနောက်ကိုပိတ်တီးထည့်လိုက်၏။
သူမဟာသုံးစားလို့မရတဲ့ ဒီသားနှစ်ကောင်ကို တွေ့တိုင်းဒေါကန်လာရ၏။ သူတို့အနုပညာဖျော်ဖြေရေး ကုမ္ပဏီဖွင့်တာ သူမလက်ခံပေးလို့ရသည်။
သို့သော်လည်း သူတို့က အဲ့လောကက ဆံပင်ဆေးဆိုးတာမျိုး ညဇီးကွက်လိုလို နိုက်အောက်ထွက်တဲ့ မကောင်းတဲ့အတက်မျိုးတွေကိုပါ သင်ယူတက်မြောက်လာ၏။
“ချင့်ဟွမ်ကို ကြည့်စမ်း..အရည်အချင်းလဲရှိ လိမ္မာရေးချားလဲရှိလိုက်တာ..”
မဒမ်ဟော်မှာယွီချင့်ဟွမ်ပုံအားကြည့်လို့နေပြီး မရပ်မနားချီးကျူးလိုက်မိတော့သည်။
“ငါကတော့ သူ့ကိုသားအဖြစ်တောင် မွေးစားလိုက်ချင်သေးတယ် .. မင်းက သူ့ကိုသွားပုတ်လေလွင့်တွေပြောရက်တယ်ပေါ့လေ? မင်း..ကောင်စုတ်လေး”
မဒမ်ဟော်က ဟော်ယုံ၏နဖူးကိုထိုးလိုက်ကာ
“မင်းအကြောင်းတွေ ငါဘာဖွလိုက်ရမလဲ?”
ဟော်ယုံက သူ့အမေ၏ထိုးနှက်မှုဒဏ်ကို မခံနိုင်တော့ဘဲ ရှောင်တိမ်းလိုက်မိတော့သည်။
သူမပဲ အစက C-list Star သာသာပဲ မဟုတ်လားဆိုနေသေးတယ်..အခုကျ သူမက ယွီချင့်ဟွမ်ကို မြင်လိုက်တာနဲ့ လေသံတွေချက်ချင်းပြောင်းပြီး သူတို့ကိုတောင်ပြန်ဆူနေသေးတယ်..
ပုတ်သင်ညိုတောင် သူမလောက်အရောင်ပြောင်းမြန်မယ်မထင်ဘူး...!
သူတို့ကို ညီငယ်လေးလောက်မတော်ဘူးဆိုပြီး သူမတွေးတာကို စိတ်မရှိပေ။ သို့သော်လည်း အခုက အပြင်လူတယောက်နဲ့တောင် သူတို့ကယှဉ်မရဖြစ်နေပြီ? ဘယ်လိုတောင်လား?
“မင်းက ခုထိအထွန့်တက်ချင်သေးတာလား?”
သူမသား၏ မကျေမချမ်းပုံစံအားကြည့်လို့ မဒမ်ဟော်က မေးကိုပင့်တင်ကာ သရော်တော်တော်လေသံဖြင့် မေးလိုက်သည်။
ဖခင်၏အကြည့်စူးစူးကြီး သူ့ခန္ဓာကိုယ်ပေါ်တွင်
လာရောက်စူးစိုက်နေသလို ရုတ်ချည်းခံစားလိုက်ရသည့် ဟော်ယုံမှာ တကိုယ်လုံးတောင့်တင်းသွားရပြီး ချက်ချင်းပဲလက်မြှောက်အလျှော့ပေးလိုက်တော့သည်။
“မဟုတ်ဘူး.. မဟုတ်ပါဘူး...မားမားပြောသမျှက အမှန်တွေချည်းပါပဲ...”
မဒမ်ဟော်က သူတို့အားပြူးကျယ်နေသည့် မျက်ဝန်းအစုံဖြင့်စိုက်ကြည့်လိုက်ပြီး
“ဘာလို့ ခုထိ အိမ်ကိုမမောင်းသေးတာလဲ? အရှက်တရားမရှိသေးဘူးလား?”
ဟော်ယုံ; “ဟုတ်ပါပြီ”
မဒမ်ဟော်မှ နောက်ဆက်တွဲဆက်ပြောလိုက်တာက
“ငါပြောမယ် ချင့်ဟွမ်ကမင်းကုမ္ပဏီလက်အောက်ကလူဆိုရင် သူ့ကိုကောင်းကောင်းလေး ဂရုစိုက်ပေးလိုက်နော်...ဟိုနေ့ကသာ တကယ်လို့များ ဟော်ချွီကို သူအိမ်ပြန်မပို့ပေးခဲ့ရင် အခြေအနေတွေဘယ်လိုဆိုးဆိုးရွားရွားဖြစ်လာနိုင်တယ် သိတယ်မလား?”
“အင်း ကျွန်တော်သိပါတယ်”
ဟော်ယုံက သူ့အမေကို နောက်ကြည့်မှန်ကနေ ကြည့်ပြီးပြောလိုက်သည်။
“ကျွန်တော်ကတိပေးပါတယ် သူ့ကိုအကောင်းဆုံးတွေပဲပေးမယ်ဆိုတာ အိုကေလား?”
မဒမ်ဟော်က ဟွန်းခနဲ နှုာမှုတ်လိုက်ရင်း
“ဒီလိုမှပေါ့”
သူတို့ကအချိန်ကိုက်လေးပဲပြန်သွားကြတာဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယွီချင့်ဟွမ်နှင့်ဟော်ချွီတို့မှာ ယခုလေးတင်စားသောက်ပြီးစီးလို့ သွားပြီဖြစ်၏။
မြေပုံအရဆိုရင်တော့ အနီးအနားမှာ ပန်းတွေ ငှက်တွေ အင်းဆက်တွေနဲ့ ငါးရောင်းတဲ့ ဈေးရှိတယ်ဆိုပဲ... ဆောင်းတွင်းမှာ ငါးရောင်းကြလား ငါတော့မသိဘူး..”
ယွီချင့်ဟွမ်က ဖုန်းကိုဖယ်လိုက်ကာ ဟော်ချွီအား ပြောလိုက်၏။
အခုနလေးတင်မှာပဲ သူတို့ကအခန်းလေးထဲထိုင်လို့နေသည်။ အခန်းအလှဆင်ရာမှာအထူးတော်သည့် ဆိုင်ပိုင်ရှင်သူဌေးက အရောင်စုံရွှေငါးကန်ကို ထောင့်တနေရာမှာ ချထား၏။
ဟော်ချွီမျက်လုံးတွေမှာ ထိုအရာကနေမရွေ့တော့ပြီဖြစ်လို့ ယွီချင့်ဟွမ်က သူ့အားတကောင်ဝယ်ပေးမယ်လို့ကတိကဝတ်ပြုလိုက်ရပေ၏။
“အင်း” ဟော်ချွီက သူရောက်ဖူးသလိုလိုပုံစံနဲ့
ခိုင်ခိုင်မာမာအဖြေတခုပေးလိုက်သည်။
ယွီချင့်ဟွမ်ကလမ်းညွှန်အတိုင်း ကားလမ်းကိုဖြတ်ကူးလိုက်သည်။ လမ်းတဝက်ရောက်ခါမှ ဟော်ချွီမှာ နေရာမှာတင် ကြောင်စီစီ ငူငူငေါင်ငေါင်ကြီး ဖားတကောင်ကဲ့သို့ရပ်လို့နေတာကို တွေ့လိုက်ရ၏။
သူသည် ထိုခါမှ ဒီကောင်လေး ကားလမ်းမကူးတတ်တာကို အမှတ်ရသွားသည်။ ထို့ကြောင့် သူသည် ချက်ချင်းပဲနောက်ပြန်လှည့်ပြီး သူအားဆွဲခေါ်လိုက်ကာ
“ငါတော့ မင်းကိုအတော်လေးလန့်နေပါပြီ...”
သူက ဟော်ချွီမှာဘာလို့ခုချိန်ထိ လမ်းမကူးနိုင်တာလဲဆိုတာနားမလည်နိုင်ပေ။ သူ့ဘာသာတယောက်တည်းမကူးတက်ဘူးဆိုရင်တောင်မှ သူရှိနေသည့်အတွက်ကြောင့် သူ့နောက်ကအသာလေး လျှောက်လိုက်လာလို့ရသည်လေ..
ဟော်ချွီမှာ ထိုစကားကိုကြားလိုက်ရစဥ် ချက်ချင်းကို တုန်လှုပ်ခြောက်ခြားသွားရကာ ယွီချင့်ဟွမ်အကျီ ထောင့်စွန်းနားလေးကို လှမ်းဆွဲလိုက်မိပြီး ကိုးရိုးကားယားပြောလိုက်မိတာက
“ချင့်ဟွမ် ငါ့ကို့မလန့်ပါနဲ့"
သူဟာတခြားသူတွေနဲ့မတူကွဲပြားနေတာ သူကိုယ့်သူ လဲသိပါသည်။ သို့သော် အရင်တုန်းကတော့ တခြားလူတွေရဲ့ သူ့အပေါ်အမြင်ကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ဘူးပေ။
အခုချိန်မှာ ချင့်ဟွမ်က သူလန့်တယ်ဆိုပြီး ပြောလာတာကို ကြားလိုက်ရစဉ် ရုတ်တရက်ဆိုသလို သူ့နှလုံးသားကခပ်ပြင်းပြင်းခုန်လို့သွားပြီး
သူ့ရင်ဘတ်ထဲတွင် နှိုင်းယှဥ်ဖော်ပြခြင်းငှာမစွမ်းသာသည့် နာကျင်မှုတမျိုးကို ခံစားမိလိုက်တော့သည်။
ဟော်ချွီမှာဇဝေဇဝါဖြင့် သူ့ရင်ဘတ်ကိုပြန်ထိလိုက်ကာ ငါတော်တော်နေမကောင်းဖြစ်နေတာပဲ...
ယွီချင့်ဟွမ်ဟာ သူ့နှုတ်ခမ်းသူပြန်ရိုက်လိုက်ရင်း နဖူးပြင်ကိုလက်နဲ့ပွတ်လို့
“ငါ မလန့်ပါဘူး..”
ဟော်ချွီ၏ သံသယမျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရချိန်မှာတော့ သူထပ်ဖြည့်လိုက်တာက
“ငါမင်းကို နည်းနည်းလေးမှမလန့်ပါဘူး..”
ဟော်ချွီမှရင်တုန်စရာတခုခုပြောလာမှာကို စိုးထိတ်သည့်အတွက် သူကရှေ့နားလေးမှာရှိနေသော နို့လက်ဖက်ရည်ဆိုင်ကိုညွှန်ပြကာ ပြောလိုက်သည်။
“ငါ မင်းကိုသောက်စရာပူပူလေးဝယ်တိုက်မယ်..မင်းဒီမှာရပ်နေမလှုပ်နဲ့ တခြားသူတွေနဲ့မှလည်း စကားမပြောနဲ့ ဟုတ်လား?”
“ဟုတ်ပြီ”
ဟော်ချွီမှာ သူ့ဘောင်းဘီချုပ်ရိုးခေါက်ရာလေးဘေးမှာ လက်တင်းတင်းဆုပ်ထားလို့ သူ့ခေါင်းကို ကြက်ကလေးတကောင်ဆန်စေ့ကောက်သလို တညိတ်ညိတ်လုပ်နေတော့သည်။
“တယောက်တည်း ဘယ်မှလျှောက်မသွားနဲ့...”
“အိုကေ”
ယွီချင့်ဟွမ်မှာ အတန်ငယ်စိတ်အေးသွားရကာ သောက်စရာဝယ်ဖို့ ထွက်သွားလေတော့သည်။
ယွီချင့်ဟွမ်ဆိုင်ထဲဝင်သွားချိန်လေးတင်မှာပဲ ကင်မရာကိုင်ထားတဲ့လူတအုပ်ကြီးက ဟော်ချွီထံ ဉီးတည်ပြေးလာလေတော့သည်။
ထိုအရာမှာ National TV Station တခုကနေ ထုတ်လွှင့်မည့်ဖျော်ဖြေရေးအစီအစဉ်အသစ်တခု ဖြစ်ချေ၏။ အစီအစဉ်၏ အစိတ်အပိုင်းတခုက လမ်းမပေါ်ကဖြတ်သွားဖြတ်လာတွေကိုအင်တာဗျူးလုပ်ခြင်းပင်။
ဟော်ချွီမှာ ချောမောခန်ညားပြီးအရပ်ရှည်ကာ လူအများကြားထဲ ထင်းလင်းထွက်နေသည်။ ထိုကြောင့် သူတို့က ချက်ချင်းပဲသူ့အားပစ်မှတ်ထားလိုက်တော့သည်။
National TV Station မှာ တသီးတခြား အဆင့်အတန်းရပ်တည်မှုရှိသော်လည်း သူ့ပရိုဂရမ်အများစုမှာ တည်ကြည်လေးနက်လှသည့် ပျင်းရိစရာကောင်းသည့်အရာတွေ ဖြစ်တာကြောင့် လူငယ်တွေအတွက်တော့ အရသာမတွေ့နိုင်ပေ။
အသစ်ခန့်ထားတဲ့ဒါရိုက်တာမှာ ရည်မှန်းချက်ကြီးသည့်အလျောက် လူငယ်တွေကို အဓိကပစ်မှတ် ထားသည့် Variety Show အသစ်ကို စတင်လွှင့်ဖို့ ကြံစည်ဆုံးဖြတ်တော့သည်။
National TV Station အတွက်တော့ ဟစ်ဖြစ်သွားလေပြီး သေချာပေါက်ကို ကြည့်ရှုသူလူအများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဒီပရိုဂရမ်ထုတ်လွှင့်ပြီးပြီးချင်းမှာပဲ နိုင်ငံတဝန်းကို အပီအပြင်သိမ်းပိုက်နိုင်ခဲ့သည်။
Season 1 မပြီးသေးခင်မှာတောင် လူအများက Season 2 လွှင့်ဖို့ Weibo မှာ အသည်းအသန် တိုက်တွန်းနေကြတော့သည်။
ပရိုဂရမ်အဖွဲ့သားများက ဟော်ချွီရှေ့မှာရပ်နေပြီး အင်တာဗျူးမေးသူက သူ့ရှေ့မှာမိုက်ခရိုဖုန်းထိုးပေးကာ
“ဟယ်လို ကိုလူချောလေး ကျွန်မတို့တွေက National TV program “Young People want High” ကပါ...ကျွန်မတို့ ရှင့်ကို အင်တာဗျူးလေး လုပ်လို့ရမလား?”
အင်တာဗျူးမေးသည့်ကောင်မလေးမှာ လှပကျက်သရေရှိပြီး ချစ်စဖွယ်အသံလေးနှင့် ဖြစ်သည်။ အပြုံးချိုချိုလေးထပ်ပေါင်းထားလိုက်သောအခါ သူမကိုငြင်းဆန်နိုင်မည့်သူ ရှိအံ့မထင်ပေ။
သူမမှာ ယုံကြည်ချက်ရှိရှိ ဟော်ချွီအဖြေစကားကိုစောင့်ဆိုင်းနေစဉ် သူကရုတ်တရက်ဆိုသလို အေးတိအေးစက်မျက်ဝန်းများဖြင့် မျက်နှာကို တခြားတဖက်ဆီသို့ လွှဲဖယ်သွားလေတော့သည်။
ချင့်ဟွမ်က သူ့ကိုသူစိမ်းတွေနဲ့ စကားမပြောနဲ့လို့ မှာခဲ့တယ်...ဒါကြောင့် သူ သူ့စကားကို နားထောင်ရမယ်..!
အင်တာဗျူးကောင်မလေး “...”
အခြားအဖွဲ့သားများ “….”
သူတို့ပုံစံက အရမ်းများကြောက်စရာကောင်းနေလား?? သူတို့မျက်နှာတွေက မကောင်းဆိုးရွားပုံများ
ပေါက်နေလို့လား??? ဘာတွေဖြစ်နေတာပါလိမ့်? ဒွိဟ ဖြစ်နေ.....
.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.
T/N>>> ဟော်ချွီပြောတဲ့ ငါ့ကိုမလန့်ပါနဲ့ ဆိုတဲဲ့နား တို့လည်း သိပ်နားမလည်ချင်ဘူးရယ် Etran မှာ အဲ့တိုင်းပဲရေးထားတာဆိုတော့
တရုတ်စာတက်ရင်တော့ နှစ်ခုခွ နားလည်အောင်လုပ်လို့ရပေမယ့် တရုတ်စာမတက်တော့ Etran အတိုင်းသာ ပြန်လိုက်တော့တယ် မှားနေတာရှိရင် အကြံလာပေးလို့ရပါတယ်နော်....
Edit>> mtl လေးဖတ်ပီး ဆီလျော်အောင် ပြန်ပြင်ပေးထားတယ်နော် ဖလုတို့
☆☆☆☆☆☆☆☆☆☆☆
[Zawgyi]
အဌားကားေပၚတြင္ ယြီခ်င့္ဟြမ္မွ ေဟာ္ခြၽီအား ေမးျမန္းလိုက္သည္မွာ
“မင္းဘာစားခ်င္လဲ...ဂြမ္ေဒါင္းအစားအစာ... စီခြၽမ္အစားအစာလား ဒါမွမဟုတ္ အေရွ႕ေတာင္အာရွ အစားအစာလား..ငါက အကုန္အဆင္ေျပတယ္.. မင္းႀကိဳက္တာတခုေ႐ြး”
ေဟာ္ခြၽီသည္ သူ၏နက္ေမွာင္ေနသည့္မ်က္လုံးမ်ားျဖင့္ေရွ႕တူ႐ူကိုသာစိုက္ၾကည့္ေနၿပီး ေနရာမွာတင္ေတာင့္ေတာင့္မတ္မတ္ႀကီးထိုင္လို႔ေနေလသည္။
သူဘာေတြေတြးေနတယ္ဆိုတာ မည္သူကမွ်မသိႏိုင္ေပ။ သူဟာယြီခ်င့္ဟြမ္စကားလုံးတိုင္းကိုလည္း တုံ႔ျပန္ေျဖၾကားျခင္းအလ်ဥ္းမရွိျဖစ္ေန၏။
ထို႔ေၾကာင့္ ယြီခ်င့္ဟြမ္မွာ မေနသာေတာ့ဘဲ သူ႔လက္ေမာင္းကိုလက္ေခ်ာင္းေလးျဖင့္ သြားထိုးလိုက္ေတာ့ကာ
“ေဟး ငါဒီမွာ မင္းကိုစကားေျပာေနတယ္ေလ...”
ေဟာ္ခြၽီမွာ ယုန္သူငယ္ေလးတေကာင္လို လန႔္ဖ်န႔္သြား၏။ သူ၏ေတာင့္တင္းေနတဲ့ ခႏၶာကိုယ္မွာ တုန္ယင္လာၿပီး မ်က္ေတာင္ထူထူေလးေတြ
လႈပ္ခတ္လာလို႔ အထစ္ထစ္အေငါ့ေငါ့ျဖင့္
“ခ်င့္..ခ်င့္ဟြမ္.”
“မင္းအဆင္ေျပရဲ႕လား?”
ယြီခ်င့္ဟြမ္မွာသူ႔အနားယိမ္းယိုင္တိုးကပ္သြားၿပီး
သူစိုက္ၾကည့္ေနသည့္ အရပ္မ်က္ႏွာကိုလိုက္လံၾကည့္ရႈလိုက္ေသာ္လည္း တစ္မူထူးျခားေနတာ ဘာတခုမွမေတြ႕ရေပ။
ထို႔ေနာက္တြင္ သူကေခါင္းကိုေမာ့လို႔ ေဟာ္ခြၽီကို ၾကည့္လိုက္ၿပီး
“မင္းဘာလို႔ အရမ္းစိတ္လႈပ္ရွားေနပုံေပါက္ေနရတာလဲ?”
ယခုခ်ိန္မွာေဆာင္းလလယ္ျဖစ္သည္။ ရာသီဥတုမွာတိမ္ထူထပ္ၿပီးစြတ္စိုေအးစိမ့္ေနေသာ္လည္း ယြီခ်င့္ဟြမ္မွာ ေနလုံးေလးတစင္းကဲ့သို႔ ျဖစ္ေနေတာ့သည္။
သူ၏ဝင္သက္ထြက္သက္ေလးမ်ားက ေဟာ္ခြၽီမ်က္ႏွာေပၚကို ေႏြးေထြးညင္သာစြာ ႐ိုက္ခတ္ေနပုံမွာ ႏုနယ္လွေသာ လက္ဖဝါးေသးေသးေလးတခုျဖင့္ သူ႔ႏွလုံးသားကို ယားက်ိက်ိျဖစ္ေစေအာင္လုပ္ေနသလိုပင္။
ယြီခ်င့္ဟြမ္သူ႔ကိုစိုက္ၾကည့္ေနေၾကာင္းသတိထားမိလိုက္ေသာအခါ မႊန္ထူလို႔သြားရရင္း ေဟာ္ခြၽီမ်က္ႏွာမွာ ခ်က္ခ်င္းကိုရဲတက္လာၿပီး အထစ္အထစ္
ေျပာလိုက္တာက
“ငါ...ငါ စိတ္လႈပ္ရွားမေနပါဘူး..”
အို ဘုရားသခင္! သူဘာေတြ ျဖစ္ေနပါလိမ့္?
သူ႔ႏွလုံးက အရမ္းကိုအခုန္ျမန္ေနတယ္...
ယြီခ်င့္ဟြမ္အား တခ်က္ခိုးၾကည့္လိုက္ယုံႏွင့္ သူ႔တကိုယ္လုံး ပူျပင္းေတာက္ေလာင္လာတယ္လို႔ ခံစားေနရတယ္...
သူ႔...သူ႔မွာမ်ား “ယြီခ်င့္ဟြမ္အား ၾကည့္ရႈလို႔မရပါ...” ဆိုတဲ့ ေရာဂါမ်ား ျဖစ္ေနၿပီလား?
ဒါေပမယ့္ ခ်င့္ဟြမ္က သူ႔ရဲ႕ အေကာင္းဆုံးသူငယ္ခ်င္းေလ..သူ သူ႔ကို မၾကည့္ပဲဘယ္လိုေနႏိုင္မွာလဲ?
ေဟာ္ခြၽီမွာ စိတ္တုန္လႈပ္ေျခာက္ျခားစြာျဖင့္ သူႏႈတ္ခမ္းကိုသူ တင္းတင္းေစ့ပိတ္လို႔ ငိုေတာ့မလိုျဖစ္ေနေခ်ၿပီ။
“မင္း ေနမေကာင္းဘူးလား?”
သူ၏မ်က္ႏွာနီရဲရဲကိုၾကည့္လို႔ ယြီခ်င့္ဟြမ္မွာ သူဖ်ားမ်ားေနတာလားဟူ၍ လန႔္ဖ်န႔္သြားေတာ့သည္။
ထို႔ေၾကာင့္ အနားတိုးကပ္လို႔ ေဟာ္ခြၽီ၏နဖူးျပင္ထပ္လက္ကိုတင္လိုက္၏။ ၿပီးရင္ေတာ့ သူဟာအပူရွိန္ေၾကာင့္ ခ်က္ခ်င္းပဲ လန႔္ဖ်န႔္သြားမိေတာ့ကာ
“မင္းဖ်ားေနတယ္!”
“အာ? အို..”
ေဟာ္ခြၽီက နားေဝတိမ္ေတာင္ျဖင့္ ေခါင္းကိုညိတ္လို႔ ေတြးမိလိုက္တာက
ၾကည့္ရတာငါဖ်ားေနတာေပါ့...ဒါျဖင့္ ဒီလိုထူးျခားဆန္းၾကယ္တဲ့ခံစားခ်က္ေတြ ေပၚလာတာအံၾသစရာမဟုတ္ေတာ့ဘူးပဲ...
“ေဆး႐ုံကို သြားရေအာင္”
ေျပာေနရင္းႏွင့္ ယြီခ်င့္ဟြမ္မွာအနီးစပ္ဆုံးေဆး႐ုံရွိသည့္ေနရာကို ဖုန္းေျမပုံကေနဖြင့္ရွာၾကည့္ေနေလၿပီ။
အဲ့ဒီအခ်ိန္မွာပဲ ေဟာ္ခြၽီကသူ႔လက္အားလာဆြဲ၏။
ယြီခ်င့္ဟြမ္ႏွင့္ရင္းႏွီးကြၽမ္းဝင္သည့္အထိအေတြ႕ေလးေတြရွိလာတိုင္း ေဟာ္ခြၽီခမ်ာ ယုန္တေကာင္ သူ႔ရင္ဘတ္ထဲ ခုန္ဆြခုန္ဆြ,ကစုန္ေပါက္ေနသည့္အလား.. သူ႔ႏွလုံးသားမွာလည္မ်ိဳတြင္ တစ္ဆို႔ခုန္ေနသည့္အလား အသက္ရႈမဝျဖစ္ေနေတာ့သည္။
အႀကိမ္တခ်ိဳ႕ေလာက္ အသက္ကိုျပင္းျပင္းရႉသြင္းရႉထုတ္လိုက္ၿပီးလွ်င္ သူကသတၱိေလးအနည္းငယ္
စုစည္းယူလို႔ေမာင္းတင္ေျပာလိုက္တာက
“ဒါေပမယ့္...မင္းေျပာေတာ့ ငါတို႔ညစာသြားစားၾကမယ္ဆို...”
ယြီခ်င့္ဟြမ္မွာ ေၾကာင္အမ္းသြားရ၏။
“မင္း ဗိုက္ဆာေနတာလား? ငါေနာက္မွ စားစရာတခုခုဝယ္ေပးမယ္..ေလာေလာဆယ္ေတာ့ ေဆး႐ုံကို အရင္ သြားရေအာင္..”
သူတကိုယ္လုံး မီးလိုပူျခစ္ေတာက္ေနတာေတာင္ သူကအစားစားဖို႔မေမ့ေသးဘူး...ဝိုး သူကတကယ့္ အစားပုပ္ေလးပဲ...!
“မဟုတ္ဘူး!”
ေဟာ္ခြၽီက အေမာတေကာေျပာလိုက္သည္။
သူက ေခါင္းကိုအႀကိတ္အနယ္ခါလို႔ အေလးအနက္ ေျပာလိုက္တာက
“ညစာ အရင္စားမယ္..”
သူက ခ်င့္ဟြမ္နဲ႔ညစာစားဖို႔ သေဘာတူထားၿပီးၿပီ... သူ႔ကိုေစာင့္ဆိုင္းေစဖို႔မေကာင္းဘူး..
ယြီခ်င့္ဟြမ္, "...”
သူက ေဟာ္ခြၽီကို နားခ်သိမ္းသြင္းဖို႔ ႀကိဳးစားေနရ၏။
“မင္း အခုေနမေကာင္းျဖစ္ေနတယ္.. အစားစားခ်င္စိတ္လဲရွိမွာမဟုတ္ဘူး..အခုခ်ိန္ ညစာသြားစားရင္ေတာင္ အမ်ားႀကီးစားႏိုင္မွာ မဟုတ္ဘူး..ဒါေၾကာင့္..”
ယြီခ်င့္ဟြမ္မွ “ေဆး႐ုံအရင္သြားရေအာင္လို႔..” ဆက္မေျပာရေသးခင္မွာပင္ ေဟာ္ခြၽီက ခိုင္မာျပတ္သားစြာျဖင့္ စကားစကိုျဖတ္လိုက္ကာ
“ငါ့မွာ အစားစားခ်င္စိတ္ရွိပါတယ္...ငါအမ်ားႀကီး စားႏိုင္တယ္”
ယြီခ်င့္ဟြမ္, “...”
ယြီခ်င့္ဟြမ္မွာ သူ႔အားနားခ်သိမ္းသြင္းလို႔မရေတာ့သည့္အတြက္ေၾကာင့္ မတက္သာေတာ့ပဲ
“အိုေက အိုေက မင္းအမ်ားႀကီးစားႏိုင္တယ္..ခုပဲသြားစားရေအာင္” လို႔သာေျပာလိုက္ႏိုင္ေတာ့၏။
သူ ထို႔သိုေျပာလိုက္တာၾကားလိုက္တာႏွင့္ ေဟာ္ခြၽီ၏ မ်က္ေတာင္ဖ်ားေလးမ်ားမွာ အတန္ငယ္တဖ်ပ္ဖ်ပ္ခတ္လို႔ ရွက္ၿပဳံးတခုႏွင့္အတူေနာက္ဆုံးမွာၿပဳံး႐ႊင္သြားရေတာ့သည္။
အမွန္တကယ္ေတာ့ ယြီခ်င့္ဟြမ္မွာ စီခြၽမ္ဟင္းလ်ာ ခပ္စပ္စပ္ေတြကို ႏွစ္ၿခိဳက္သည္။
သို႔ေသာ္လည္း ေဟာ္ခြၽီမွာ ဖ်ားေနသည္ျဖစ္တာေၾကာင့္ ဒီလိုအရသာျပင္းတဲ့အစားအစာေတြစားဖို႔ ေခၚမသြားရဲေပ။
ထို႔ေၾကာင့္ သူက ဆန္ျပဳတ္ဆိုင္တခုကိုသာ ေ႐ြးခ်ယ္လိုက္ေတာ့သည္။
သူဟာ ခိုသားဆန္ျပဳတ္ႏွင့္ဝိတ္တာၫြန္းေသာအထူးအစားအစာတခ်ိဳ႕ကို မွာယူလိုက္၏။ စကၠန႔္ပိုင္းေလာက္ေတြးလိုက္ၿပီးေသာအခါ သူသည္ ခုံးကင္တေယာက္စာကိုပါ ထပ္မွာလိုက္ျပန္သည္။
စားပြဲမ်ား မွာၿပီးခ်ိန္မွာ သူကတည္ၾကည္ေလးနက္စြာျဖင့္ ေဟာ္ခြၽီအား သတိေပးလိုက္၏။
“မင္းဒီပြဲကိုေတာ့စားလို႔မရဘူးေနာ္.. ၾကားလား?
ဖ်ားေနတဲ့သူက ပင္လယ္စာမစားသင့္ဘူး..”
သူဟာ ေဟာ္ခြၽီႏွင့္တူတူ ေအးအတူပူအမွ်လိုက္စားေပးဖို႔ပါပဲ...သို႔ေသာ္လည္း ေနာက္ဆုံးမွာ ပင္လယ္စာေတြရဲ႕ဆြဲေဆာင္မႈကို ႀကံ့ႀကံ့မခံႏိုင္ဘဲ လက္ေလွ်ာ့လိုက္ရေတာ့၏...
“သိပါၿပီ.”
ေဟာ္ခြၽီမွာ ဘာေၾကာင့္ဆိုတာကို နားမလည္ေသာ္လည္း ခ်င့္ဟြမ္ေျပာသမွ်က က်ိဳးေၾကာင္း ဆီေလ်ာ္တယ္လို႔ ခိုင္ခိုင္မာမာယုံၾကည္ထားေလသည္။
သူ၏အလြန္အက်ဴးနာခံလိုက္နာမႈက ယြီခ်င့္ဟြမ္အား အနည္းငယ္စိတ္မသိုးမသန႔္ျဖစ္သြားေစသည္။
တခါတရံက်ေတာ့လည္း အလြန္အက်ဴးသိတက္လိမၼာတဲ့ ကေလးတေယာက္ကဝန္ထုပ္ဝန္ပိုးတခု ျဖစ္ေစသည္ပဲ။
ဒီေန႔ကအလုပ္ဖြင့္ရက္ျဖစ္သည့္အတြက္ ဆိုင္ထဲတြင္ ဧည္သည္မ်ားသိပ္မရွိေပ။ ထို႔ေၾကာင့္ဟင္းပြဲေတြက ခပ္ျမန္ျမန္ေရာက္လာၾက၏။
အရင္ဘဝတုန္းကဆိုရင္ ယြီခ်င့္ဟြမ္မွာဒီဆိုင္ရဲ႕ ဆန္ျပဳတ္ကိုႀကိဳက္ႏွစ္သက္ခဲ့သည္။ ႏွေျမာစရာေကာင္းတာက သူကအရမ္းကိုနာမည္ႀကီးေက်ာ္ၾကားသည့္အတြက္ အျပင္ထြက္အစားသြားစားတိုင္း ဆိုင္ေတြကိုအထူးတလည္ဂ႐ုတစိုက္ေ႐ြးခ်ယ္ရသည္။
ထို႔ေၾကာင့္ သူဘယ္ေလာက္ပဲလာခဲ့ခ်င္ေပမယ့္ သူအတြက္ထပ္လာဖို႔အခြင့္အေရးမရွိခဲ့ေပ။
ထိုအခ်ိန္တုန္းက သူ႔တြင္ေက်ာ္ၾကားမႈ.. ေငြေၾကး..ဂုဏ္အရွိန္အဝါအကုန္ရွိေလသည္။ သို႔ေသာ္လည္း သူႏွစ္ၿခိဳက္ရတဲ့ဆန္ျပဳတ္ေလးေတာင္ မစားႏိုင္ခဲ့ေပ။
ဒါေၾကာင့္ ယခုဘဝမွာေတာ့ ဒီလိုစိတ္ပ်က္သနားစရာေကာင္းလွတဲ့ဘဝမ်ိဳးမွာ လုံးဝမေနလိုေတာ့ေပ....
ေမႊးႀကိဳင္သင္းပ်ံ႕ေနတဲ့ ဆန္ျပဳတ္တဇြန္းကို ေပ်ာ္ေပ်ာ္ႀကီး ပါးစပ္ထဲခပ္ထည့္လို႔ ယြီခ်င့္ဟြမ္က မ်က္လုံးမ်ားေမွးစင္းကာ ၾကည္ႏူးႏွစ္သိမ့္လို႔ေနသည္။
လြတ္လပ္ေပါ့ပါးမႈေတြအျပည့္နဲ႔ဘဝမ်ိဳးမွာ ေနႏိုင္တာက သူျပန္လည္ေမြးဖြားလာရျခင္းထဲ ရရွိခဲ့တဲ့အေကာင္းဆုံးလက္ေဆာင္မြန္တခုပင္..
ႏွေျမာစရာေကာင္းသည္မွာ လြတ္လပ္မႈအရသာေလးကို အျပည့္အဝမသုံးေဆာင္ရေသးခင္မွာပဲ ထူးဆန္းတဲ့အသံတခုက ၾကားဝင္ေႏွာက္ယွက္ျခင္း ခံလိုက္ရေပ၏။
အသံၾကားရာေနာက္လိုက္ၾကည့္မိေတာ့ ယြီခ်င့္ဟြမ္မွာ လုံးဝကိုေက်ာက္႐ုပ္ျဖစ္သြားေခ်ေတာ့သည္။
ေဟာ္ခြၽီမွာ ခရမ္းသီးမီးကင္ကိုညႇပ္ယူဖို႔ ႀကိဳးစားေန၏။ သနားစရာေကာင္းတာက သူ႔လက္ေခ်ာင္းေတြမွာေတာင့္တင္းေနတာပင္။
သူ႔ကိုၾကည့္ရသည္မွာ ႏိုင္ငံျခားသားတေယာက္ 'တူ' ပထမဆုံးစကိုင္ေနသလား ထင္မွတ္ရ၏။ ညႇပ္မိဖို႔ ေနေနသာသာ သူဟာ ထိုအရာကို ဇကာေပါက္ေတာင္ျဖစ္ေစေတာ့မည္။
ၿပီးရင္သူ၏သံတူႏွင့္ေႂကြပန္းကန္ထိခတ္ေနရာမွ သြားက်ိန္းေစသည့္အသံကလည္း တခြၽင္ခြၽင္တခြၽမ္ခြၽမ္ ထြက္ေပၚေနေသးသည္။
ေဟာ္ခြၽီမ်က္ႏွာမွာ နီရဲေတာက္ေနေခ်၏။ ခ်င့္ဟြမ္မွာ ဒါကသူအရမ္းေနမေကာင္းျဖစ္ေနလို႔ပဲလား.. အရမ္းစိတ္လႈပ္ရွားေနလို႔ပဲလားဆိုတာ ေဝခြဲမရႏိုင္ေပ။
ေဟာ္ခြၽီမွာႏႈတ္ခမ္းကိုခပ္တင္းတင္းေစ့လို႔ ခရမ္းသီးမီးကင္ကို သူ၏သဘာဝရန္သူေတာ္ႀကီးအလား စူးစူးဝါးဝါးၾကည့္လို႔ေနေခ်သည္။
ၾကည့္ရတာ ဒါကိုသူ႔ပါးစပ္ထဲမသြင္းႏိုင္ေသးသေ႐ြ႕လက္ေလွ်ာ့အရႈံးေပးမည့္ဟန္လုံးဝမရွိေပ။
ယြီခ်င့္ဟြမ္; “…”
ဒီတေယာက္က ဒီအ႐ြယ္အထိ ဘယ္လိုမ်ား လုံလုံၿခဳံၿခဳံ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာပါလိမ့္?
သူက လူမသိသူမသိမ်က္လုံးေတြကိုကစားလိုက္ကာ ခရမ္းသီးကင္တဖဲ့ကို ေဟာ္ခြၽီပန္းကန္ထဲသို႔ ယူထည့္ေပးလိုက္ေတာ့၏။
“စား...”
ေဟာ္ခြၽီမွ ခရမ္းသီးကို အလြန္တည္ၾကည္ေလးနက္စြာ စားေသာက္ေနတာၾကည့္ၿပီး သူမေနႏိုင္ပဲေမးမိလိုက္တာက
“မင္း အိမ္မွာ ခါတိုင္းဘယ္လိုစားလဲ..?”
ၾကည့္ရပုံမွာ ေဟာ္ခြၽီက 'တူ' ေတာင္ေကာင္းေကာင္းကိုင္တက္ပုံမရေပ.. ဒါျဖင့္ရင္ သူ႔မိသားစုကသူ႔ကိုအစာေကြၽးဖို႔ တေယာက္ေယာက္ကိုမ်ားအထူးသီးသန္႔ ခန႔္ထားတာလား?
“..?..”
ေဟာ္ခြၽီ၏ မ်က္ဝန္းနက္နက္မွာ မေရမရာနေဝတိမ္ ေတာင္ျဖစ္လို႔ေနၿပီး ေမးခြန္းေတြအျပည့္ျဖင့္ ေခါင္းကိုေမာ့လာၿပီးေတြးေတာေန၏။
ခ်င့္ဟြမ္ေျပာတာ ဘာကိုဆိုလိုပါလိမ့္...ငါအၿမဲဒီလိုစားေနက်ပဲကို...
ယြီခ်င့္ဟြမ္က သူ႔နဖူးသူပြတ္လို႔ ေဟာ္ခြၽီနားလည္ေစဖို႔ပိုလြယ္ကူတဲ့နည္းကိုေ႐ြးလိုက္သည္။
“ငါေျပာတာက တကယ္လို႔ အိမ္မွာခရမ္းသီးစားတယ္ထား...မင္း ဘယ္လိုယူလဲ?”
ေဟာ္ခြၽီမွာ ထိုေမးခြန္းကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ ေတြးေတာေနေတာ့သည္။
သို႔ေသာ္လည္း သူအိမ္မွာ အရင္တုန္းက ခရမ္းသီးဘယ္လိုစားခဲ့တယ္ဆိုတာကို လုံးဝအစေဖာ္လို႔မရ ျဖစ္ေနေခ်ေတာ့၏။
ဒါေၾကာင့္မို႔ အျပစ္ကင္းစင္လွသည့္ေခြးေပါက္ေလးတေကာင္ကဲ့သို႔သာ သူ႔အားၾကည့္လို႔ေနၿပီး
“ငါ ဒီလိုပဲစားလိုက္တာပဲ..”
“ထားလိုက္ပါေတာ့…”
ယြီခ်င့္ဟြမ္က ဘဲကင္ကိုတူျဖင့္ယူလို႔ သူ႔အား ထည့္ေပးလိုက္ၿပီး ဒီအေၾကာင္းအရာႏွင့္ ပတ္သက္လို႔ လုံးလုံးလ်ားလ်ားလက္ေျမႇာက္အရႈံးေပးလိုက္ေတာ့သည္။
“စား..”
သူတို႔ ဗိုက္ျပည့္သြားကာမွ ေဆး႐ုံသို႔ သြားႏိုင္မွာ....
“အြန္း”
ယြီခ်င့္ဟြမ္၏ဟင္းပြဲေရွ႕ေရာက္ဝန္ေဆာင္မႈကိုထပ္မံရရွိသြားေသာ ေဟာ္ခြၽီမွာ ၿပဳံး႐ြင္စြာျဖင့္ ေခါင္းကို အစြမ္းကုန္ညိတ္ေနေလ၏။
သူတို႔စားေကာင္းေသာက္ဖြယ္ေတြ အပီတြယ္ေနခ်ိန္မွာပဲ ေဟာ္ညီအကိုႏွစ္ေယာက္ခမ်ာေတာ့ ကားထဲတြင္ က်ပ္ညပ္ေနကာ သူတို႔လက္ထဲက ယြီခ်င့္ဟြမ္၏ေနာက္ေၾကာင္းကို စုံစမ္းေထာက္လွမ္းထားသည့္ အေျဖစာ႐ြက္ကိုဖတ္လို႔ေနသည္။
“ဒီေကာင့္ဘဝက ႏုံခ်ာလိုက္တာ”
စကၠန႔္အနည္းငယ္ေလာက္ၿငိမ္သက္ေနၿပီးေသာ္ အရင္ဦးဆုံးဖတ္လို႔ၿပီးသြားသည့္ ေဟာ္ယုံမွႏႈတ္ခမ္းမ်ားဖြင့္ဟဆိုလာ၏။
ယြီခ်င့္ဟြမ္ကို႐ြာတ႐ြာမွာေမြးကာ သူမိဘေတြက သူငယ္ငယ္ေလးမွာပဲဆုံးသြားၾကတယ္...ဒါေပမယ့္လို႔ အေကာင္းဆုံးတကၠသိုလ္ကို တက္ေရာက္ႏိုင္ခဲ့တယ္...ဒါတင္မကေသးဘူး.. ဒီလူ.. ငယ္ငယ္ကတည္းက ဆင္းရဲမြဲေတတဲ့သူက... ထီေပါက္လို႔ရလာတဲ့ေငြတဝက္ေက်ာ္ေက်ာ္ကို သူ႔ဇာတိေျမ အတြက္ လႉဒါန္းခဲ့ေသးတယ္...
“စကားေျပာဆင္ျခင္စမ္း သား!”
ေဟာ္ယုံေျပာၿပီးၿပီးခ်င္းမွာပဲ မဒမ္ေဟာ္က သူမသား ေခါင္းေနာက္ကိုပိတ္တီးထည့္လိုက္၏။
သူမဟာသုံးစားလို႔မရတဲ့ ဒီသားႏွစ္ေကာင္ကို ေတြ႕တိုင္းေဒါကန္လာရ၏။ သူတို႔အႏုပညာေဖ်ာ္ေျဖေရး ကုမၸဏီဖြင့္တာ သူမလက္ခံေပးလို႔ရသည္။
သို႔ေသာ္လည္း သူတို႔က အဲ့ေလာကက ဆံပင္ေဆးဆိုးတာမ်ိဳး ညဇီးကြက္လိုလို ႏိုက္ေအာက္ထြက္တဲ့ မေကာင္းတဲ့အတက္မ်ိဳးေတြကိုပါ သင္ယူတက္ေျမာက္လာ၏။
“ခ်င့္ဟြမ္ကို ၾကည့္စမ္း..အရည္အခ်င္းလဲရွိ လိမၼာေရးခ်ားလဲရွိလိုက္တာ..”
မဒမ္ေဟာ္မွာယြီခ်င့္ဟြမ္ပုံအားၾကည့္လို႔ေနၿပီး မရပ္မနားခ်ီးက်ဴးလိုက္မိေတာ့သည္။
“ငါကေတာ့ သူ႔ကိုသားအျဖစ္ေတာင္ ေမြးစားလိုက္ခ်င္ေသးတယ္ .. မင္းက သူ႔ကိုသြားပုတ္ေလလြင့္ေတြေျပာရက္တယ္ေပါ့ေလ? မင္း..ေကာင္စုတ္ေလး”
မဒမ္ေဟာ္က ေဟာ္ယုံ၏နဖူးကိုထိုးလိုက္ကာ
“မင္းအေၾကာင္းေတြ ငါဘာဖြလိုက္ရမလဲ?”
ေဟာ္ယုံက သူ႔အေမ၏ထိုးႏွက္မႈဒဏ္ကို မခံႏိုင္ေတာ့ဘဲ ေရွာင္တိမ္းလိုက္မိေတာ့သည္။
သူမပဲ အစက C-list Star သာသာပဲ မဟုတ္လားဆိုေနေသးတယ္..အခုက် သူမက ယြီခ်င့္ဟြမ္ကို ျမင္လိုက္တာနဲ႔ ေလသံေတြခ်က္ခ်င္းေျပာင္းၿပီး သူတို႔ကိုေတာင္ျပန္ဆူေနေသးတယ္..
ပုတ္သင္ညိဳေတာင္ သူမေလာက္အေရာင္ေျပာင္းျမန္မယ္မထင္ဘူး...!
သူတို႔ကို ညီငယ္ေလးေလာက္မေတာ္ဘူးဆိုၿပီး သူမေတြးတာကို စိတ္မရွိေပ။ သို႔ေသာ္လည္း အခုက အျပင္လူတေယာက္နဲ႔ေတာင္ သူတို႔ကယွဥ္မရျဖစ္ေနၿပီ? ဘယ္လိုေတာင္လား?
“မင္းက ခုထိအထြန႔္တက္ခ်င္ေသးတာလား?”
သူမသား၏ မေက်မခ်မ္းပုံစံအားၾကည့္လို႔ မဒမ္ေဟာ္က ေမးကိုပင့္တင္ကာ သေရာ္ေတာ္ေတာ္ေလသံျဖင့္ ေမးလိုက္သည္။
ဖခင္၏အၾကည့္စူးစူးႀကီး သူ႔ခႏၶာကိုယ္ေပၚတြင္
လာေရာက္စူးစိုက္ေနသလို ႐ုတ္ခ်ည္းခံစားလိုက္ရသည့္ ေဟာ္ယုံမွာ တကိုယ္လုံးေတာင့္တင္းသြားရၿပီး ခ်က္ခ်င္းပဲလက္ေျမႇာက္အေလွ်ာ့ေပးလိုက္ေတာ့သည္။
“မဟုတ္ဘူး.. မဟုတ္ပါဘူး...မားမားေျပာသမွ်က အမွန္ေတြခ်ည္းပါပဲ...”
မဒမ္ေဟာ္က သူတို႔အားျပဴးက်ယ္ေနသည့္ မ်က္ဝန္းအစုံျဖင့္စိုက္ၾကည့္လိုက္ၿပီး
“ဘာလို႔ ခုထိ အိမ္ကိုမေမာင္းေသးတာလဲ? အရွက္တရားမရွိေသးဘူးလား?”
ေဟာ္ယုံ; “ဟုတ္ပါၿပီ”
မဒမ္ေဟာ္မွ ေနာက္ဆက္တြဲဆက္ေျပာလိုက္တာက
“ငါေျပာမယ္ ခ်င့္ဟြမ္ကမင္းကုမၸဏီလက္ေအာက္ကလူဆိုရင္ သူ႔ကိုေကာင္းေကာင္းေလး ဂ႐ုစိုက္ေပးလိုက္ေနာ္...ဟိုေန႔ကသာ တကယ္လို႔မ်ား ေဟာ္ခြၽီကို သူအိမ္ျပန္မပို႔ေပးခဲ့ရင္ အေျခအေနေတြဘယ္လိုဆိုးဆိုး႐ြား႐ြားျဖစ္လာႏိုင္တယ္ သိတယ္မလား?”
“အင္း ကြၽန္ေတာ္သိပါတယ္”
ေဟာ္ယုံက သူ႔အေမကို ေနာက္ၾကည့္မွန္ကေန ၾကည့္ၿပီးေျပာလိုက္သည္။
“ကြၽန္ေတာ္ကတိေပးပါတယ္ သူ႔ကိုအေကာင္းဆုံးေတြပဲေပးမယ္ဆိုတာ အိုေကလား?”
မဒမ္ေဟာ္က ဟြန္းခနဲ ႏႈာမႈတ္လိုက္ရင္း
“ဒီလိုမွေပါ့”
သူတို႔ကအခ်ိန္ကိုက္ေလးပဲျပန္သြားၾကတာျဖစ္ေပသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယြီခ်င့္ဟြမ္ႏွင့္ေဟာ္ခြၽီတို႔မွာ ယခုေလးတင္စားေသာက္ၿပီးစီးလို႔ သြားၿပီျဖစ္၏။
ေျမပုံအရဆိုရင္ေတာ့ အနီးအနားမွာ ပန္းေတြ ငွက္ေတြ အင္းဆက္ေတြနဲ႔ ငါးေရာင္းတဲ့ ေဈးရွိတယ္ဆိုပဲ... ေဆာင္းတြင္းမွာ ငါးေရာင္းၾကလား ငါေတာ့မသိဘူး..”
ယြီခ်င့္ဟြမ္က ဖုန္းကိုဖယ္လိုက္ကာ ေဟာ္ခြၽီအား ေျပာလိုက္၏။
အခုနေလးတင္မွာပဲ သူတို႔ကအခန္းေလးထဲထိုင္လို႔ေနသည္။ အခန္းအလွဆင္ရာမွာအထူးေတာ္သည့္ ဆိုင္ပိုင္ရွင္သူေဌးက အေရာင္စုံေ႐ႊငါးကန္ကို ေထာင့္တေနရာမွာ ခ်ထား၏။
ေဟာ္ခြၽီမ်က္လုံးေတြမွာ ထိုအရာကေနမေ႐ြ႕ေတာ့ၿပီျဖစ္လို႔ ယြီခ်င့္ဟြမ္က သူ႔အားတေကာင္ဝယ္ေပးမယ္လို႔ကတိကဝတ္ျပဳလိုက္ရေပ၏။
“အင္း” ေဟာ္ခြၽီက သူေရာက္ဖူးသလိုလိုပုံစံနဲ႔
ခိုင္ခိုင္မာမာအေျဖတခုေပးလိုက္သည္။
ယြီခ်င့္ဟြမ္ကလမ္းၫႊန္အတိုင္း ကားလမ္းကိုျဖတ္ကူးလိုက္သည္။ လမ္းတဝက္ေရာက္ခါမွ ေဟာ္ခြၽီမွာ ေနရာမွာတင္ ေၾကာင္စီစီ ငူငူေငါင္ေငါင္ႀကီး ဖားတေကာင္ကဲ့သို႔ရပ္လို႔ေနတာကို ေတြ႕လိုက္ရ၏။
သူသည္ ထိုခါမွ ဒီေကာင္ေလး ကားလမ္းမကူးတတ္တာကို အမွတ္ရသြားသည္။ ထို႔ေၾကာင့္ သူသည္ ခ်က္ခ်င္းပဲေနာက္ျပန္လွည့္ၿပီး သူအားဆြဲေခၚလိုက္ကာ
“ငါေတာ့ မင္းကိုအေတာ္ေလးလန္႔ေနပါၿပီ...”
သူက ေဟာ္ခြၽီမွာဘာလို႔ခုခ်ိန္ထိ လမ္းမကူးႏိုင္တာလဲဆိုတာနားမလည္ႏိုင္ေပ။ သူ႔ဘာသာတေယာက္တည္းမကူးတက္ဘူးဆိုရင္ေတာင္မွ သူရွိေနသည့္အတြက္ေၾကာင့္ သူ႔ေနာက္ကအသာေလး ေလွ်ာက္လိုက္လာလို႔ရသည္ေလ..
ေဟာ္ခြၽီမွာ ထိုစကားကိုၾကားလိုက္ရစဥ္ ခ်က္ခ်င္းကို တုန္လႈပ္ေျခာက္ျခားသြားရကာ ယြီခ်င့္ဟြမ္အက်ီ ေထာင့္စြန္းနားေလးကို လွမ္းဆြဲလိုက္မိၿပီး ကိုး႐ိုးကားယားေျပာလိုက္မိတာက
“ခ်င့္ဟြမ္ ငါ့ကို႔မလန္႔ပါနဲ႔"
သူဟာတျခားသူေတြနဲ႔မတူကြဲျပားေနတာ သူကိုယ့္သူ လဲသိပါသည္။ သို႔ေသာ္ အရင္တုန္းကေတာ့ တျခားလူေတြရဲ႕ သူ႔အေပၚအျမင္ကို ဘယ္ေသာအခါမွ ဂ႐ုမစိုက္ခဲ့ဘူးေပ။
အခုခ်ိန္မွာ ခ်င့္ဟြမ္က သူလန္႔တယ္ဆိုၿပီး ေျပာလာတာကို ၾကားလိုက္ရစဥ္ ႐ုတ္တရက္ဆိုသလို သူ႔ႏွလုံးသားကခပ္ျပင္းျပင္းခုန္လို႔သြားၿပီး
သူ႔ရင္ဘတ္ထဲတြင္ ႏႈိင္းယွဥ္ေဖာ္ျပျခင္းငွာမစြမ္းသာသည့္ နာက်င္မႈတမ်ိဳးကို ခံစားမိလိုက္ေတာ့သည္။
ေဟာ္ခြၽီမွာဇေဝဇဝါျဖင့္ သူ႔ရင္ဘတ္ကိုျပန္ထိလိုက္ကာ ငါေတာ္ေတာ္ေနမေကာင္းျဖစ္ေနတာပဲ...
ယြီခ်င့္ဟြမ္ဟာ သူ႔ႏႈတ္ခမ္းသူျပန္႐ိုက္လိုက္ရင္း နဖူးျပင္ကိုလက္နဲ႔ပြတ္လို႔
“ငါ မလန္႔ပါဘူး..”
ေဟာ္ခြၽီ၏ သံသယမ်က္ဝန္းမ်ားျဖင့္ ရင္ဆိုင္လိုက္ရခ်ိန္မွာေတာ့ သူထပ္ျဖည့္လိုက္တာက
“ငါမင္းကို နည္းနည္းေလးမွမလန္႔ပါဘူး..”
ေဟာ္ခြၽီမွရင္တုန္စရာတခုခုေျပာလာမွာကို စိုးထိတ္သည့္အတြက္ သူကေရွ႕နားေလးမွာရွိေနေသာ ႏို႔လက္ဖက္ရည္ဆိုင္ကိုၫႊန္ျပကာ ေျပာလိုက္သည္။
“ငါ မင္းကိုေသာက္စရာပူပူေလးဝယ္တိုက္မယ္..မင္းဒီမွာရပ္ေနမလႈပ္နဲ႔ တျခားသူေတြနဲ႔မွလည္း စကားမေျပာနဲ႔ ဟုတ္လား?”
“ဟုတ္ၿပီ”
ေဟာ္ခြၽီမွာ သူ႔ေဘာင္းဘီခ်ဳပ္႐ိုးေခါက္ရာေလးေဘးမွာ လက္တင္းတင္းဆုပ္ထားလို႔ သူ႔ေခါင္းကို ၾကက္ကေလးတေကာင္ဆန္ေစ့ေကာက္သလို တညိတ္ညိတ္လုပ္ေနေတာ့သည္။
“တေယာက္တည္း ဘယ္မွေလွ်ာက္မသြားနဲ႔...”
“အိုေက”
ယြီခ်င့္ဟြမ္မွာ အတန္ငယ္စိတ္ေအးသြားရကာ ေသာက္စရာဝယ္ဖို႔ ထြက္သြားေလေတာ့သည္။
ယြီခ်င့္ဟြမ္ဆိုင္ထဲဝင္သြားခ်ိန္ေလးတင္မွာပဲ ကင္မရာကိုင္ထားတဲ့လူတအုပ္ႀကီးက ေဟာ္ခြၽီထံ ဉီးတည္ေျပးလာေလေတာ့သည္။
ထိုအရာမွာ National TV Station တခုကေန ထုတ္လႊင့္မည့္ေဖ်ာ္ေျဖေရးအစီအစဥ္အသစ္တခု ျဖစ္ေခ်၏။ အစီအစဥ္၏ အစိတ္အပိုင္းတခုက လမ္းမေပၚကျဖတ္သြားျဖတ္လာေတြကိုအင္တာဗ်ဴးလုပ္ျခင္းပင္။
ေဟာ္ခြၽီမွာ ေခ်ာေမာခန္ညားၿပီးအရပ္ရွည္ကာ လူအမ်ားၾကားထဲ ထင္းလင္းထြက္ေနသည္။ ထိုေၾကာင့္ သူတို႔က ခ်က္ခ်င္းပဲသူ႔အားပစ္မွတ္ထားလိုက္ေတာ့သည္။
National TV Station မွာ တသီးတျခား အဆင့္အတန္းရပ္တည္မႈရွိေသာ္လည္း သူ႔ပ႐ိုဂရမ္အမ်ားစုမွာ တည္ၾကည္ေလးနက္လွသည့္ ပ်င္းရိစရာေကာင္းသည့္အရာေတြ ျဖစ္တာေၾကာင့္ လူငယ္ေတြအတြက္ေတာ့ အရသာမေတြ႕ႏိုင္ေပ။
အသစ္ခန႔္ထားတဲ့ဒါ႐ိုက္တာမွာ ရည္မွန္းခ်က္ႀကီးသည့္အေလ်ာက္ လူငယ္ေတြကို အဓိကပစ္မွတ္ ထားသည့္ Variety Show အသစ္ကို စတင္လႊင့္ဖို႔ ႀကံစည္ဆုံးျဖတ္ေတာ့သည္။
National TV Station အတြက္ေတာ့ ဟစ္ျဖစ္သြားေလၿပီး ေသခ်ာေပါက္ကို ၾကည့္ရႈသူလူအမ်ားကို ဆြဲေဆာင္ႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ ဒီပ႐ိုဂရမ္ထုတ္လႊင့္ၿပီးၿပီးခ်င္းမွာပဲ ႏိုင္ငံတဝန္းကို အပီအျပင္သိမ္းပိုက္ႏိုင္ခဲ့သည္။
Season 1 မၿပီးေသးခင္မွာေတာင္ လူအမ်ားက Season 2 လႊင့္ဖို႔ Weibo မွာ အသည္းအသန္ တိုက္တြန္းေနၾကေတာ့သည္။
ပ႐ိုဂရမ္အဖြဲ႕သားမ်ားက ေဟာ္ခြၽီေရွ႕မွာရပ္ေနၿပီး အင္တာဗ်ဴးေမးသူက သူ႔ေရွ႕မွာမိုက္ခ႐ိုဖုန္းထိုးေပးကာ
“ဟယ္လို ကိုလူေခ်ာေလး ကြၽန္မတို႔ေတြက National TV program “Young People want High” ကပါ...ကြၽန္မတို႔ ရွင့္ကို အင္တာဗ်ဴးေလး လုပ္လို႔ရမလား?”
အင္တာဗ်ဴးေမးသည့္ေကာင္မေလးမွာ လွပက်က္သေရရွိၿပီး ခ်စ္စဖြယ္အသံေလးႏွင့္ ျဖစ္သည္။ အၿပဳံးခ်ိဳခ်ိဳေလးထပ္ေပါင္းထားလိုက္ေသာအခါ သူမကိုျငင္းဆန္ႏိုင္မည့္သူ ရွိအံ့မထင္ေပ။
သူမမွာ ယုံၾကည္ခ်က္ရွိရွိ ေဟာ္ခြၽီအေျဖစကားကိုေစာင့္ဆိုင္းေနစဥ္ သူက႐ုတ္တရက္ဆိုသလို ေအးတိေအးစက္မ်က္ဝန္းမ်ားျဖင့္ မ်က္ႏွာကို တျခားတဖက္ဆီသို႔ လႊဲဖယ္သြားေလေတာ့သည္။
ခ်င့္ဟြမ္က သူ႔ကိုသူစိမ္းေတြနဲ႔ စကားမေျပာနဲ႔လို႔ မွာခဲ့တယ္...ဒါေၾကာင့္ သူ သူ႔စကားကို နားေထာင္ရမယ္..!
အင္တာဗ်ဴးေကာင္မေလး “...”
အျခားအဖြဲ႕သားမ်ား “….”
သူတို႔ပုံစံက အရမ္းမ်ားေၾကာက္စရာေကာင္းေနလား?? သူတို႔မ်က္ႏွာေတြက မေကာင္းဆိုး႐ြားပုံမ်ား
ေပါက္ေနလို႔လား??? ဘာေတြျဖစ္ေနတာပါလိမ့္? ဒြိဟ ျဖစ္ေန.....
.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.
T/N>>> ေဟာ္ခြၽီေျပာတဲ့ ငါ့ကိုမလန္႔ပါနဲ႔ ဆိုတဲဲ့နား တို႔လည္း သိပ္နားမလည္ခ်င္ဘူးရယ္ Etran မွာ အဲ့တိုင္းပဲေရးထားတာဆိုေတာ့
တ႐ုတ္စာတက္ရင္ေတာ့ ႏွစ္ခုခြ နားလည္ေအာင္လုပ္လို႔ရေပမယ့္ တ႐ုတ္စာမတက္ေတာ့ Etran အတိုင္းသာ ျပန္လိုက္ေတာ့တယ္ မွားေနတာရွိရင္ အႀကံလာေပးလို႔ရပါတယ္ေနာ္....
Edit>> mtl ေလးဖတ္ပီး ဆီေလ်ာ္ေအာင္ ျပန္ျပင္ေပးထားတယ္ေနာ္ ဖလုတို႔